ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်

9.7K 1.6K 44
By Juliexin__

ဒါကိုကြားလိုက်တာနဲ့ ရုန်ယိမှာ သူ့မသိစိတ်အရ မကောင်းတာတစ်ခုခုဖြစ်လာတော့မယ်လို့ ထင်နေလေသည်။ မျှော်လင့်ထားတဲ့အတိုင်းဘဲ သူခန်းမထဲဝင်လိုက်တာနဲ့ အထင်သေးမှုအပြည့်နဲ့ပြောလာတဲ့ အသံတစ်သံကိုကြားလိုက်ရသည်။
"ငါ့ကို ဒီမှာလေးနာရီလောက်တောင်စောင့်ခိုင်းထားရလောက်တဲ့အထိ အရမ်းတွေဘဝင်မြင့်နေတာဘဲ...အစေခံတွေကို မင်းကိုသွားရှာဖို့ပြောတော့လည်း မင်းဘယ်သွားလဲဆိုတာသူတို့မသိပါဘူးတဲ့လေ...ဘယ်သူမှ ငါ့ကိုမျက်လုံးထဲမထည့်ထားကြဘူးဘဲ!"

ရုန်ယိ စကားပြောနေတဲ့လူကိုလှမ်းကြည့်လိုက်သည်။ ထိုသူက တင့်တယ်ကြော့ရှင်းတဲ့မျက်နှာ..အေးစက်နေတဲ့မျက်ခုံးတွေ ၊ ပါးနပ်ဉာဏ်များမှုတွေဖြတ်ပြေးနေတဲ့ မြေခွေးလိုဆွဲဆောင်မှုရှိတဲ့မျက်လုံးတစ်စုံရှိတဲ့ သတ်လက်ပိုင်းလူတစ်ယောက်ဖြစ်လေသည်။ နှုတ်ခမ်းထောင့်တွေကအောက်ကိုအနည်းငယ်ကွေးကျနေတဲ့ပုံက သူ့ကိုခက်ထန်တဲ့ပုံပေါ်နေစေသည်။ ဒီတော့ ဒီလူက မူလပိုင်ရှင်ရဲ့ အဘိုးပေါ့....။

သူ ထိုလူရှေ့ကိုလျှောက်သွားကာ ရိုရိုသေသေနဲ့ပြောလိုက်သည်။
"အဘိုးကို နှုတ်ဆက်ပါတယ်"

ရုန်လင်းရှုက အေးစက်စွာနှာခေါင်းရှုံ့ကာ
"မင်းမျက်လုံးထဲ ငါ့ကိုတော့မြင်သေးတယ်ပေါ့!"

ရုန်ယိ သူ့အကြည့်တွေထဲက ဒေါသတွေကိုလျစ်လျူရှုလိုက်ကာ ဘေးနားကခုံမှာဝင်ထိုင်လိုက်သည်။
"အဘိုး..အဘိုး ကျွန်တော့်ဆီကိုလာတွေ့တာ အဘိုးရဲ့တပည့်တွေသိလား"

"သူတို့ရဲ့ဆရာအနေနဲ့ ငါဘယ်သွားလဲဆိုတာ သူတို့ကိုပြောစရာလိုလို့လား!"

"ဒါဘဲလေ!...ဒီအိမ်တော်ရဲ့သခင်အနေနဲ့ ကျွန်တော်ဘယ်သွားလဲဆိုတာ အစေခံတွေကိုပြောသွားစရာလိုလို့လား..သူတို့သာ ကျွန်တော့်ကိုရှာတွေ့နိုင်ရင် ဒါသူတို့က ကျွန်တော့်ကိုစောင့်ကြည့်နေတာလို့ပြောနေတာဘဲ...ဒါဆို ကျွန်တော်သူတို့ကိုပြင်းပြင်းထန်ထန်ကိုအပြစ်ပေးသင့်တာပေါ့...အဘိုးရော ဘယ်လိုထင်လဲ"

ရုန်လင်းရှု "....."

ရုန်ယိက ဆက်ပြောလိုက်၏။
"ဟုတ်သားဘဲ..အဘိုး..ကျိုရွှီဂိုဏ်းက ရှေ့ဖြစ်ဟောတာသင်ပေးလား"

သူဘာလို့ ဒါကိုမေးလဲဆိုတာ ရုန်လင်းရှုမသိပေမဲ့ ပြန်တော့ဖြေပေးလိုက်သည်။
"ဒါကို တော်တော်ဝါသနာပါတဲ့သူတွေဘဲ သင်လေ့ရှိကြတယ်"

"အော...နှမြောစရာဘဲ..မဟုတ်ရင် ကျွန်တော်အဲ့တာကိုသင်ပြီး အဘိုး ဘယ်အချိန်ကျွန်တော့်ဆီလာမလဲဆိုတာတွက်ချက်ကြည့်လို့ရတယ်..ဒါမှ အချိန်အတိအကျပြန်လာရင်လာ မဟုတ်ရင် အိမ်မှာဘဲစောင့်နေပြီး အဘိုးကို ကြိုလို့ရမှာ..ဒါဆို အဘိုးလည်း ကျွန်တော့်ကိုနာရီနဲ့ချီပြီး စောင့်နေစရာမလိုတော့ဘူး...ဒီလိုဆိုရင်ရောဘယ်လိုလဲ!...အဘိုးနောက်တစ်ခါလာမယ်ဆိုရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး လာမယ့်အချိန်ပြောခိုင်းထားလိုက်လေ..ဒါဆို ကျွန်တော်စောင့်နေလို့ရတာပေါ့"

သူ့စကားတွေကြောင့် ခန်းမထဲကအစေခံတွေခမျာ...မထိန်းနိုင်တော့ဘဲ အော်ရယ်တော့မိလုနီးပါးပင်...။

ရုန်လင်းရှု မျက်လုံးတွေမှေးကျဥ်းလိုက်သည်။ သူ့မြေးက ဘယ်အချိန်တုန်းကတည်းက ဒီလောက်ထက်ရှတဲ့ပါးစပ်ရှိသွားရတာလဲ...။

ရုန်ယိက ဝမ်ချွမ်ကို အပြစ်ပြောလိုက်၏။
"ဝမ်ချွမ်...အဘိုးကို ဘယ်လိုဧည့်ခံထားတာလဲ!...သူဒေါသတွေထွက်နေတာမတွေ့ဘူးလား!..ဒါကိုဘာလို့ လက်ဖက်ရည်အပူကြီးနဲ့ဧည့်ခံထားရတာတုန်း..လက်ဖက်ရည်အေးတစ်ခွက်နဲ့လဲပေးလိုက်"

"ဟုတ်ကဲ့"
ဝမ်ချွမ်က ချက်ချင်းဘဲ လက်ဖက်ရည်အပူကို လက်ဖက်ရည်အေးတစ်ခွက်နဲ့လဲပေးလိုက်သည်။

ဘယ်သူကများ ဧည့်သည်ကို လက်ဖက်ရည်အေးနဲ့ဧည့်ခံလို့တုန်း...ပြီးတော့လည်း ဒါက သူ့အဘိုးကိုလေ..။
ရုန်လင်းရှုမှာ ဒေါသတွေ တငွေ့ငွေ့တောက်လောင်လာတော့သည်။ ဒါပေမဲ့ သူဒီကိုဘာလာလုပ်တာလဲဆိုတာ ပြန်သတိရလိုက်တာနဲ့ ဒီအချိန်က သူ့အတွက် အဘိုးတစ်ယောက်လိုလုပ်နေရမဲ့အချိန်မဟုတ်သေးဘူးဆိုတာ သူသိသည်။ ဒါ့အပြင် ဒီလိုအငယ်လေးတစ်ယောက်အတွက်နဲ့ သူဒေါသတွေထွက်ရပါကလည်း သူ့ရဲ့အဘိုးမဖြစ်ထိုက်ပေ။

သူ့ဒေါသတွေကိုဖိနှိပ်ကာ လက်ဖက်ရည်အေးတစ်ငုံသောက်ပြီး စိတ်တည်ငြိမ်သွားအောင်လုပ်လိုက်သည်။
"ဒါက လက်ဖက်ရည်အပူထက် အရသာပိုကောင်းတာဘဲ"

ရုန်ယိ မျက်ခုံးတွေပင့်လိုက်ပြီး
"အဘိုး..ဒီကိုဘာကိစ္စရှိလို့ရောက်လာတာလဲ မေးလို့ရမလား"

ရုန်လင်းရှုက ခန်းမထဲကအစေခံတွေကို ကြည့်လိုက်၏။

"မင်းတို့အကုန်သွားလို့ရပြီ"

"ဟုတ်ကဲ့"
ထို့နောက်လူတိုင်း ထွက်သွားကြတော့သည်။

ရုန်ယိ ရုန်လင်းရှုကိုပြောလိုက်သည်။
"အခု ပြောလို့ရပါပြီ"

ရုန်လင်းရှုက ရုန်ယိကိုခဏလောက်စိုက်ကြည့်နေလိုက်သည်။ သူ့ကိုယ်ပေါ်က ဝိညာဥ်စွမ်းအားတွေကို သတိပြုမိတဲ့အခါ သူအနည်းငယ်တော့ အံ့အားသင့်သွားသည်။ ရုန်ယိက ဝိညာဥ်သွေးကြောရှိတာစမ်းသပ်ပြီးသွားပြီလို့ သူကြားခဲ့ရပြီးပေမယ့်လည်း သူ့ကိုယ်တိုင်မြင်တွေ့ရတဲ့အချိန်မှာတော့ အံ့သြနေမိတုန်းဘဲဖြစ်လေသည်။ အသုံးမဝင်တဲ့အမှိုက်တစ်စလို့ သူယူဆခဲ့တဲ့မြေးက အခုချိန်မှာ ကျင့်ကြံနိုင်နေလေပြီ။ ဒါ့အပြင် သူက သန္ဒေပြောင်းမိုးကြိုးမီးတောက်ဝိညာဥ်သွေးကြောပိုင်ရှင်လည်းဖြစ်တာကြောင့် သူ့ကျင့်ကြံနှုန်းက သာမန်လူတွေထက်ကိုပိုပြီးမြန်ဆန်မှာသေချာသည်။ အနာဂတ်မှာ သူက မှော်လက်နက်တွေ ဆေးလုံးတွေကိုပါ သန့်စင်လာနိုင်ပေလိမ့်မည်။ သူ့မှာ ပါရမီရှင်တွေထဲက ပါရမီရှင်တစ်ယောက်ဖြစ်လာဖို့တောင် အလားအလာရှိသည်။

"မင်းဝိညာဥ်သွေးကြောကို ဘယ်တုန်းကရှာတွေ့ခဲ့တာလဲ"

"ပြီးခဲ့တဲ့နှစ်လလောက်ကပါ"

ရုန်လင်းရှုရဲ့ မေးခွန်းကရိုးရှင်းသည်။
ရုန်ယိရဲ့အဖြေကတော့ ပိုလို့တောင်ရိုးရှင်းသေးသည်။

သူ့မြေးက သူ့အပေါ်အေးစက်နေတာတွေ့တဲ့အခါ သူဘယ်လောက်ကြိုးစားကြိုးစား သူတို့နှစ်ယောက်ရင်းနှီးလာစေဖို့ရန်မှာ လုံးဝမဖြစ်နိုင်တော့တာကို ရုန်လင်းရှုရှင်းရှင်းလင်းလင်းသိသွားရသည်။ ဒါကြောင့် သူ့ကိုယ်သူနှိမ့်ချနေဖို့မလိုတော့ပေ။ ဒါပေမယ့်လည်း ဘယ်လိုဘဲဖြစ်ဖြစ် သူ့ကိုအသုံးချနိုင်မလားဆိုတာကိုတော့ သူကြိုးစားကြည့်ချင်သေးသည်။
"ဂိုဏ်းချုပ်က မင်းကိုစာရင်းလာသွင်းဖို့ လူလွှတ်ပြီးပြောခိုင်းလိုက်တယ်ဆို..ဘာလို့မသွားတာလဲ...မင်းက ကျင့်ကြံနိုင်နေပြီဆိုမှတော့ ဒီလိုအခွင့်အရေးကောင်းကြီးကို လက်လွတ်မခံသင့်ဘူး...မင်းရဲ့ ဝိညာဥ်သွေးကြောနဲ့သာဆိုရင် ဂိုဏ်းချုပ်ဖြစ်ဖြစ် အကြီးအကဲတွေရဲ့လက်အောက်မှာဘဲဖြစ်ဖြစ် မင်းသင်ကြားလို့ရတယ်..သူတို့ရဲ့လမ်းညွှန်မှုတွေနဲ့သာဆိုရင် မင်းတော်တော်များများကိုသင်ယူနိုင်မျာသေချာတယ်"

"ဒါပေမယ့် ကျွန်တော့်ကလေးတွေကိုစောင့်ရှောက်ဖို့ အိမ်မှာနေမှရမှာ"

သူ့စကားက ရုန်လင်းရှုကို ဒေါသတကြီးဖြစ်သွားစေသည်။
"မင်း ယောက်ျားတစ်ယောက်အနေနဲ့ ကျင့်ကြံရေးကိုဘဲ ပထမနေရာမှာထားသင့်တယ်!!...မင်းသာလုံလုံလောက်လောက်သန်မာလာရင် မင်းကလေးတွေကိုလည်း ကာကွယ်ပေးနိုင်မှာဘဲ..မင်းက သူတို့ကိုတောင်မကာကွယ်နိုင်ဘူးဆိုရင် သူတို့အဖေမဖြစ်ထိုက်တော့ဘူး!..ဒါ့အပြင် မင်းအိမ်တော်ထဲမှာ အစေခံတွေအများကြီးရှိနေတာမဟုတ်ဘူးလား..သူတို့ကိုဘာလုပ်ဖို့ထားထားတာလဲ!...သူတို့က မင်းအစား ကလေးတွေကိုတောင်မစောင့်ရှောက်ထားပေးနိုင်ဘူးလား..ဒါမှမဟုတ် ကလေးတွေက ကျင့်ကြံရေးထက်တောင်ပိုအရေးကြီးနေတာလား...ဟမ်!"

သူ့စကားအရှေ့ပိုင်းတွေက ရုန်ယိစိတ်ထဲတစ်ကယ်ထိသွားပေမယ့် နောက်ပိုင်းစကားတွေကတော့ ရုန်ယိကိုတစ်ကယ်တွေးတောသွားစေလေသည်။
"ကျွန်တော်သေချာပေါက်ကို ကျင့်ကြံရမှာပေါ့..ဒါပေမဲ့ ကျွန်တော် တံခါးပိတ်ကျင့်ကြံတာကနေထွက်လာတဲ့အခါ သူတို့အရွယ်ရောက်ပြီးသားဖြစ်နေမှာကို မတွေ့ချင်သလို..သူတို့က ကျွန်တော့်ကို လုံးဝသူစိမ်းတစ်ယောက်လို ကြည့်နေမှာမျိုးကိုလည်းမလိုချင်ဘူး"

ဒီအချက်နဲ့ပတ်သက်ပြီး ရုန်ယိမှာ နက်ရှိုင်းတဲ့ခံစားချက်တွေရှိနေသည်။ သူငယ်စဥ်က သူ့အဖေက သူ့အရွယ်ရောက်လာတာကိုမမြင်တွေ့လိုက်ရတာအတွက် အလွန်အမင်းကိုနောင်တရနေခဲ့သည်။ ကံကောင်းစွာနဲ့ နှစ်လေးအနည်းငယ်သာဖြစ်တာကြောင့် သူတို့ပြန်ပြီးရင်းနှီးသွားနိုင်ခဲ့သည်။ အကယ်၍ ဆယ်နှစ် နှစ်နှစ်ဆယ် ဖြစ်သွားပြီး ကလေးတွေအရွယ်ရောက်နေတဲ့အချိန်မှသာဆိုရင် သူတို့ရင်းနှီးနိုင်ဖို့က လုံးဝကိုမဖြစ်နိုင်တော့သလောက်ပင်။

သူ့စကားတွေက ရုန်လင်းရှုကို အခုလက်ရှိ သူနဲ့ သူ့သားသမီးတွေရဲ့ဆက်ဆံရေးကိုသတိပေးလိုက်သလိုဘဲဖြစ်သည်။ အချိန်အကြာကြီးတံခါးပိတ်ကျင့်ကြံတာတွေ တစ်ခြားအကြောင်းတွေကြောင့် အခုလက်ရှိမှာ သူတို့တွေက လုံးဝကိုသူစိမ်းပြင်ပြင်တွေဖြစ်နေကြလေသည်။

သူက မျက်ခုံးတွေတွန့်ကွေးနေရင်း ပြောလာသည်။
"အကယ်၍ မင်းကလေးတွေကိုစောင့်ရှောက်ဖို့လိုသေးတယ်ဆိုရင်တောင်မှ ကျိုရွှီဂိုဏ်းမှာ စာရင်းသွားသွင်းတာတို့ ဂိုဏ်းချုပ်ကို လူကိုယ်တိုင်သွားပြီးရှင်းပြတာတို့လုပ်လို့ရတာဘဲ..ဂိုဏ်းချုပ်က မင်းကိုတပည့်အဖြစ်လက်ခံပြီး ထျန်းရွှီတောင်ထိပ်ကို မင်းကိုပေးဖို့တောင်းဆိုနိုင်ရင်တော့ ပိုကောင်းတာပေါ့.. မင်းအဖေ နှစ်ပေါင်းများစွာ ကြိုးစားတည်ထောင်လာခဲ့တဲ့ တောင်ကို တစ်ခြားလူတစ်ယောက်ဆီပေးပစ်လိုက်မှာကိုတော့ မင်းလည်းမလိုချင်ဘူးမလား...မင်းကိုယ်တိုင် တောင်ထိပ်ကိုမစီမံချင်ရင်တောင်မှ မင်းရဲ့ဆရာတူအစ်ကိုကြီးဖြစ်ဖြစ် တစ်ခြားဂိုဏ်းတူမောင်နှမတွေကိုဘဲဖြစ်ဖြစ် လုပ်ပိုင်ခွင့်ပေးလိုက်လို့ရတာဘဲ...ထျန်းရွှီတောင်ထိပ်ကို တစ်ခြားလူဆီပေးလိုက်ပြီဆိုတာက မင်းအဖေလက်အောက်က တပည့်တွေအကုန်လုံး ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဘဲ..သူတို့ဘယ်ကိုသွားကြမလဲ....တစ်ခြားတစ်ယောက်ယောက်ရဲ့တပည့်သွားလုပ်ကြရမှာလား...ပြီးတော့ မင်းရဲ့ဆရာတူအစ်ကိုကြီးပိုင်ယွမ်ချန် သူက ရွှေအမြုတေအဆင့်ရောက်နေတာကြောင့် သူ့ကိုယ်ပိုင်တောင်ထိပ်တစ်ခုရနိုင်ဖို့အတွက် အရည်အချင်းပြည့်မှီနေပြီ..ဒါကြောင့် သူက တောင်ထိပ်ကိုတာဝန်ယူနိုင်တယ်...ဒီလိုဆို မင်းအဖေပြန်ရောက်လာခဲ့ရင်လည်း သူကပြန်ပေးနိုင်တယ်"

ရုန်ယိကတော့ ထျန်းရွှီတောင်ထိပ်ကို ဘယ်သူပိုင်ပိုင်ဂရုမစိုက်ပေ။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အသံတစ်သံက သူ့ကို ထျန်းရွှီတောင်ထိပ်ကိုရအောင်ယူရမယ်လို့ပြောနေလေသည်။

သူဘာမှမပြောလာတာကြောင့် ပိုင်ယွမ်ချန်ကြောင့် သူ့စိတ်ကိုပြောင်းလဲလိုက်ပြီလို့ ထင်သွားပြီး ရုန်လင်းရှုက ဆက်ပြောလာသည်။
"မင်းလည်း မင်းနဲ့ မင်းဆရာတူအစ်ကိုကြီးတို့ရဲ့အမှတ်တရတွေရှိနေတဲ့တောင်ထိပ်ကို တစ်ခြားတစ်ယောက်ဆီကိုမပေးချင်ဘူး..ဟုတ်တယ်မလား"

ရုန်ယိ စိတ်ထဲမှာတော့ မျက်ဆံလှန်လိုက်မိသည်။
သူ့မှာ ပိုင်ယွမ်ချန်နဲ့ပတ်သက်တဲ့ ဘာအမှတ်တရမှရှိမနေပါဘူးနော်...ဟုတ်ပြီလား..

"ဝိုး..ဘယ်သူရောက်လာလို့များ ငါ့သားက ကိုယ်တိုင်ကိုယ်ကျဧည့်ခံနေရတာလဲ သိချင်နေတာ.."
ရန်ချိုးရွှမ်က ယင်စန်စန်ကိုချီပြီး ဝင်လာလေသည်။
"ငါ အရမ်းသိချင်နေတာကြောင့်တစ်ချက်လာကြည့်လိုက်ကာ..လက်စသတ်တော့ ထိုက်ရွှီတောင်သခင်ဖြစ်နေတာကိုး...တွေ့ရတာဝမ်းသာပါရဲ့ရှင်"

အမှန်တော့ ရုန်လင်းရှုက သူမသားကို ဆိုးရွားတာတစ်ခုခုလုပ်လိုက်မှာစိုးတာကြောင့် သူမလာပြီး အခြေအနေတွေလာကြည့်တာဖြစ်လေသည်။

ထို့နောက် ရန်ချိုးရွှမ်က ရုန်လင်းရှုကိုကြည့်ရင်းပြောလိုက်သည်။
"စန်စန်လေးရေ..သူ့ကိုသေချာကြည့်ထားနော်...အဲ့လူက မကောင်းတဲ့လူဆိုးကြီး..နောက်ဆို သူ့ကိုတွေ့ရင် ဘာမှညှာတာနေစရာအကြောင်းမရှိဘူး..သိပြီလား...လာ..အရင်လေ့ကျင့်ကြည့်ရအောင်..သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်.."

ရုန်ယိ သူ့အတွက်တကူးတကလုပ်ပေးထားတဲ့ ချိုလိမ်လေးကိုစို့နေတဲ့ ယင်စန်စန်က ရုန်လင်းရှုကို ဒီအတိုင်းသာ လှမ်းကြည့်လိုက်သည်။ သူ့အကြည့်တွေက အထင်အမြင်သေးမှုတွေနဲ့ပြည့်နှက်နေတာကြောင့် ရန်ချိုးရွှမ်မှာ အော်ရယ်မိတော့သည်။ သူမမြေးလေးက အရမ်းချစ်စရာကောင်းတာဘဲ....။

ရုန်ယိလည်း မရယ်ဘဲမနေနိုင်တော့။ သူ့သားက ဒါတွေကို ဘယ်ကနေ သွားသင်လာခဲ့ရတာလဲ...။

ရုန်လင်းရှုမှာ အတော်လေးစိတ်တိုသွားရသည်။ ဒါက အခုမှမွေးလာတဲ့မွေးကင်းစလေးတဲ့လား..သူ့ကြည့်ရတာ ခြောက်လသားလောက်ဘဲရှိသေးတဲ့ပုံပေါ်နေပေမယ့် ဘယ်ရှုထောင့်ကဘဲကြည့်ကြည့် ဒီကလေးရဲ့မျက်လုံးထဲက အမူအယာတွေကတော့ ကျင့်ကြံဆင့်မြင့်မားလွန်းနေတဲ့ပုဂ္ဂိုလ်တစ်ယောက်က အခုမှစကျင့်ကြံမဲ့သူကို အထင်အမြင်သေးနေတဲ့ပုံဖြစ်နေလေသည်။

"ရန်ချိုးရွှမ်..မင်းကငါ့သားနဲ့မြေးကို ဖျက်ဆီးပစ်ပြီးပြီ..အခု ငါ့မြစ်ကိုပါဖျက်ဆီးချင်နေသေးတာလား.."

သူ့စကားတွေက ရန်ချိုးရွှမ်ရဲ့ အနာဟောင်းကိုသွားဆွလိုက်သလိုပင်..
"မြစ်!!...ဘယ်ကနေဘယ်လို ရှင့်ရဲ့မြစ်ဖြစ်သွားရတာလဲ!. .ယိအာရဲ့ဗိုက်ထဲက ကလေးတွေကို အရမ်းအရမ်းသတ်ပစ်ချင်နေကြတာကဘယ်သူလဲ ပြောစမ်းပါဦး!!..ဒါတောင် အခု ဒီနေရာမှာ သွေးသားတော်စပ်တာကိုလာပြောနေသေးတယ်..ရှင့်ကိုယ်ရှင် မရှက်ဘူးလား!!"

ရုန်လင်းရှုက မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ စကားများငြင်းခုန်နေရတာက သူ့ကိုယ်သူနှိမ့်ချလိုက်သလိုဖြစ်သွားလိမ့်မယ်လို့ထင်တာကြောင့် ရုန်ယိဘက်ကိုလှည့်ပြီးသာ ပြောလိုက်သည်။
"မနက်ဖြန် ကျိုရွှီဂိုဏ်းကိုလာခဲ့..ငါမင်းကို ဂိုဏ်းချုပ်နဲ့တွေ့ဖို့ခေါ်သွားပေးမယ်"

ထို့နောက် သူကလှည့်ထွက်သွားတော့သည်

ရန်ချိုးရွှမ်က နှာခေါင်းရှုံ့လိုက်သည်။
"..စန်စန်လေးကို သူ့မြစ်လို့သာပြောတာ..ပြီးတော့ ကလေးအတွက်ဘာလက်ဆောင်မှတော့ယူမလာဘူး..ဟမ့်!!"

ဝမ်ချွမ်က အထဲဝင်လာပြီး စားပွဲပေါ်က လက်ဆောင်တွေကိုညွှန်ပြလိုက်သည်။
"မြို့သခင်မရန်..သူက သခင်လေးရော သခင်ငယ်လေးသုံးယောက်အတွက်ပါ လက်ဆောင်တွေယူလာပါတယ်"

ရုန်ယိ မေးလိုက်၏။
"သုံးယောက်!!...ဒါဆို ကျန်းမုပါ ပါတာပေါ့!"

"ဟုတ်ပါတယ်"

"ကြည့်ရတာ သူက ကျွန်တော့်အကြောင်းတွေတော်တော်လေးသိထားပုံဘဲ...ကျွန်တော့်မှာ မွေးစားသားတစ်ယောက်ရှိနေတာတောင် သူသိတယ်ဆိုတော့!"

"သူ့မှာ တစ်ခြားရည်ရွယ်ချက်ရှိလိမ့်မယ်"
ရန်ချိုးရွှမ် ရုန်ယိကိုမေးလိုက်သည်။
"ယိအာ...သူဒီကို ဘာလာလုပ်တာလဲ"

ခဏလောက်စဥ်းစားကြည့်နေပြီးမှ ရုန်ယိပြောလိုက်၏။
"အပေါ်ယံမှာတော့ သူက ကျိုရွှီဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ကျွန်တော့်ဆရာဖြစ်စေချင်နေတာ..ဒါပေမဲ့ သူ့ရဲ့အဓိကရည်ရွယ်ချက်က ထျန်းရွှီတောင်ထိပ်ကို တစ်ခြားသူလက်ထဲရောက်သွားမှာကနေ ကာကွယ်ပေးစေချင်နေတာ"

ရန်ချိုးရွှမ် မျက်မှောင်တွေကြုတ်မိသွားသည်။

သူမ တစ်ခုခုပြောချင်နေတာ ရုန်ယိသတိပြုမိလိုက်တာကြောင့် သူမေးလိုက်သည်။
"အမေ...ဘာတွေစဥ်းစားနေတာလဲ"

"မင်းအဖေက ငါ့ရှေ့မှာ ထျန်းရွှီတောင်ထိပ်မှာ အရမ်းအရေးကြီးတဲ့အရာတစ်ခုရှိတယ်လို့  မတော်တဆနဲ့ တစ်ခါပြောဖူးတယ်..ဒါကြောင့် သူ ဒီတောင်ထိပ်ကိုကာကွယ်ရမယ် တစ်ခြားသူလက်ထဲကျရောက်သွားခွင့်မပေးနိုင်ဘူးတဲ့"

ရုန်ယိ ဇဝေဇဝါဖြစ်သွားရ၏။
"ဒါဆိုလည်းသူက ဘာလို့ထွက်သွားတဲ့အပြင် လူတစ်ယောက်နဲ့ သူပြန်မလာနိုင်ခဲ့ရင် ထျန်းရွှီတောင်ထိပ်ကို ဂိုဏ်းချုပ်စိတ်ကြိုက်စီစဥ်နိုင်ပါတယ်လို့ သတင်းစကားပါးလိုက်ရတာလဲ"

ရန်ချိုးရွှမ် မှတ်မိတာကတော့ ထျန်းရွှီတောင်ထိပ်က ရုန်ဝေ့ယိအတွက် အရမ်းအရမ်းအရေးကြီးလေသည်။ ဒါကြောင့် ထိုသတင်းစကားပြန်ပြောလာတဲ့သူရဲ့စကားတွေကို သူမကတော့မယုံကြည်ပေ။
"သူဘာလို့ထွက်သွားလဲတော့ငါမသိပေမဲ့ အဲ့သတင်းစကားပြန်ပြောတဲ့သူက လိမ်နေတာဆိုတာတော့ လုံးဝသေချာတယ်..တစ်ယောက်ယောက်က ထျန်းရွှီတောင်ထိပ်ကိုလိုချင်နေတာမလို့ ဒီလိုကိစ္စမျိုးဖြစ်လာအောင် စီစဥ်ထားတာဘဲဖြစ်လိမ့်မယ်"

ရုန်ယိလည်း ဒါကဖြစ်နိုင်ချေရှိတယ်လို့ထင်သည်။
"ဒါဆို အမေပြောချင်တာက ကျွန်တော် ထျန်းရွှီတောင်ထိပ်ကို ထိန်းသိမ်းသင့်တယ်လို့လား"

ရန်ချိုးရွှမ်က အရေးမပါတဲ့ပုံနဲ့ပြန်ပြောလာသည်။
"ဘာကအရမ်းအရေးကြီးနေတာလဲဆိုတာ ငါသိချင်နေရုံပါ"

"အမေ...အဘိုးကလည်း တောင်ထိပ်မှာ အရေးကြီးတဲ့လျှို့ဝှက်ချက်ရှိနေတာကို သိနေတာဖြစ်နိုင်လား"

"ဒါလည်းဖြစ်နိုင်တယ်..ဘာလျှို့ဝှက်ချက်ဘဲဖြစ်ဖြစ်..အရင်ဆုံး ထျန်းရွှီတောင်ကို ပြန်ထိန်းသိမ်းနိုင်အောင်လုပ်ထားတာပေါ့...တစ်ခြားဟာတွေကိုတော့ လျစ်လျူသာရှုထားလိုက်"

ရုန်ယိ ခေါင်းငြိမ့်လိုက်၏။
"ကျွန်တော် မနက်ဖြန် ဂိုဏ်းချုပ်နဲ့သွားတွေ့ပြီး တောင်ကိုထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးကြိုးစားခဲ့မယ်"

နောက်တစ်နေ့ မနက်အစောမှာတော့ အသစ်ဝယ်ထားတဲ့အိမ်ကို ပြန်ပြင်ဆင်တဲ့ကိစ္စတွေလုပ်ဖို့ ရုန်စုကိုလွှတ်လိုက်ပြီး သူကတော့ ပုချီကိုခေါ်ကာ ကျိုရွှီဂိုဏ်းကို ထွက်လာခဲ့လိုက်သည်။

##
ဒီနေ့တော့ တစ်ပိုင်းဘဲနော် 🖤🖤🖤

*************




Zawgyi





ဒါကိုၾကားလိုက္တာနဲ႕ ႐ုန္ယိမွာ သူ႕မသိစိတ္အရ မေကာင္းတာတစ္ခုခုျဖစ္လာေတာ့မယ္လို႔ ထင္ေနေလသည္။ ေမွ်ာ္လင့္ထားတဲ့အတိုင္းဘဲ သူခန္းမထဲဝင္လိုက္တာနဲ႕ အထင္ေသးမႈအျပည့္နဲ႕ေျပာလာတဲ့ အသံတစ္သံကိုၾကားလိုက္ရသည္။
"ငါ့ကို ဒီမွာေလးနာရီေလာက္ေတာင္ေစာင့္ခိုင္းထားရေလာက္တဲ့အထိ အရမ္းေတြဘဝင္ျမင့္ေနတာဘဲ...အေစခံေတြကို မင္းကိုသြားရွာဖို႔ေျပာေတာ့လည္း မင္းဘယ္သြားလဲဆိုတာသူတို႔မသိပါဘူးတဲ့ေလ...ဘယ္သူမွ ငါ့ကိုမ်က္လုံးထဲမထည့္ထားၾကဘူးဘဲ!"

႐ုန္ယိ စကားေျပာေနတဲ့လူကိုလွမ္းၾကည့္လိုက္သည္။ ထိုသူက တင့္တယ္ေၾကာ့ရွင္းတဲ့မ်က္ႏွာ..ေအးစက္ေနတဲ့မ်က္ခုံးေတြ ၊ ပါးနပ္ဉာဏ္မ်ားမႈေတြျဖတ္ေျပးေနတဲ့ ေျမေခြးလိုဆြဲေဆာင္မႈရွိတဲ့မ်က္လုံးတစ္စုံရွိတဲ့ သတ္လက္ပိုင္းလူတစ္ေယာက္ျဖစ္ေလသည္။ ႏႈတ္ခမ္းေထာင့္ေတြကေအာက္ကိုအနည္းငယ္ေကြးက်ေနတဲ့ပုံက သူ႕ကိုခက္ထန္တဲ့ပုံေပၚေနေစသည္။ ဒီေတာ့ ဒီလူက မူလပိုင္ရွင္ရဲ႕ အဘိုးေပါ့....။

သူ ထိုလူေရွ႕ကိုေလွ်ာက္သြားကာ ရိုရိုေသေသနဲ႕ေျပာလိုက္သည္။
"အဘိုးကို ႏႈတ္ဆက္ပါတယ္"

႐ုန္လင္းရႈက ေအးစက္စြာႏွာေခါင္းရႈံ႕ကာ
"မင္းမ်က္လုံးထဲ ငါ့ကိုေတာ့ျမင္ေသးတယ္ေပါ့!"

႐ုန္ယိ သူ႕အၾကည့္ေတြထဲက ေဒါသေတြကိုလ်စ္လ်ဴရႈလိုက္ကာ ေဘးနားကခုံမွာဝင္ထိုင္လိုက္သည္။
"အဘိုး..အဘိုး ကြၽန္ေတာ့္ဆီကိုလာေတြ႕တာ အဘိုးရဲ႕တပည့္ေတြသိလား"

"သူတို႔ရဲ႕ဆရာအေနနဲ႕ ငါဘယ္သြားလဲဆိုတာ သူတို႔ကိုေျပာစရာလိုလို႔လား!"

"ဒါဘဲေလ!...ဒီအိမ္ေတာ္ရဲ႕သခင္အေနနဲ႕ ကြၽန္ေတာ္ဘယ္သြားလဲဆိုတာ အေစခံေတြကိုေျပာသြားစရာလိုလို႔လား..သူတို႔သာ ကြၽန္ေတာ့္ကိုရွာေတြ႕နိုင္ရင္ ဒါသူတို႔က ကြၽန္ေတာ့္ကိုေစာင့္ၾကည့္ေနတာလို႔ေျပာေနတာဘဲ...ဒါဆို ကြၽန္ေတာ္သူတို႔ကိုျပင္းျပင္းထန္ထန္ကိုအျပစ္ေပးသင့္တာေပါ့...အဘိုးေရာ ဘယ္လိုထင္လဲ"

႐ုန္လင္းရႈ "....."

႐ုန္ယိက ဆက္ေျပာလိုက္၏။
"ဟုတ္သားဘဲ..အဘိုး..က်ိဳ႐ႊီဂိုဏ္းက ေရွ႕ျဖစ္ေဟာတာသင္ေပးလား"

သူဘာလို႔ ဒါကိုေမးလဲဆိုတာ ႐ုန္လင္းရႈမသိေပမဲ့ ျပန္ေတာ့ေျဖေပးလိုက္သည္။
"ဒါကို ေတာ္ေတာ္ဝါသနာပါတဲ့သူေတြဘဲ သင္ေလ့ရွိၾကတယ္"

"ေအာ...ႏွေျမာစရာဘဲ..မဟုတ္ရင္ ကြၽန္ေတာ္အဲ့တာကိုသင္ၿပီး အဘိုး ဘယ္အခ်ိန္ကြၽန္ေတာ့္ဆီလာမလဲဆိုတာတြက္ခ်က္ၾကည့္လို႔ရတယ္..ဒါမွ အခ်ိန္အတိအက်ျပန္လာရင္လာ မဟုတ္ရင္ အိမ္မွာဘဲေစာင့္ေနၿပီး အဘိုးကို ႀကိဳလို႔ရမွာ..ဒါဆို အဘိုးလည္း ကြၽန္ေတာ့္ကိုနာရီနဲ႕ခ်ီၿပီး ေစာင့္ေနစရာမလိုေတာ့ဘူး...ဒီလိုဆိုရင္ေရာဘယ္လိုလဲ!...အဘိုးေနာက္တစ္ခါလာမယ္ဆိုရင္ တစ္ေယာက္ေယာက္ကိုလႊတ္ၿပီး လာမယ့္အခ်ိန္ေျပာခိုင္းထားလိုက္ေလ..ဒါဆို ကြၽန္ေတာ္ေစာင့္ေနလို႔ရတာေပါ့"

သူ႕စကားေတြေၾကာင့္ ခန္းမထဲကအေစခံေတြခမ်ာ...မထိန္းနိုင္ေတာ့ဘဲ ေအာ္ရယ္ေတာ့မိလုနီးပါးပင္...။

႐ုန္လင္းရႈ မ်က္လုံးေတြေမွးက်ဥ္းလိုက္သည္။ သူ႕ေျမးက ဘယ္အခ်ိန္တုန္းကတည္းက ဒီေလာက္ထက္ရွတဲ့ပါးစပ္ရွိသြားရတာလဲ...။

႐ုန္ယိက ဝမ္ခြၽမ္ကို အျပစ္ေျပာလိုက္၏။
"ဝမ္ခြၽမ္...အဘိုးကို ဘယ္လိုဧည့္ခံထားတာလဲ!...သူေဒါသေတြထြက္ေနတာမေတြ႕ဘူးလား!..ဒါကိုဘာလို႔ လက္ဖက္ရည္အပူႀကီးနဲ႕ဧည့္ခံထားရတာတုန္း..လက္ဖက္ရည္ေအးတစ္ခြက္နဲ႕လဲေပးလိုက္"

"ဟုတ္ကဲ့"
ဝမ္ခြၽမ္က ခ်က္ခ်င္းဘဲ လက္ဖက္ရည္အပူကို လက္ဖက္ရည္ေအးတစ္ခြက္နဲ႕လဲေပးလိုက္သည္။

ဘယ္သူကမ်ား ဧည့္သည္ကို လက္ဖက္ရည္ေအးနဲ႕ဧည့္ခံလို႔တုန္း...ၿပီးေတာ့လည္း ဒါက သူ႕အဘိုးကိုေလ..။
႐ုန္လင္းရႈမွာ ေဒါသေတြ တေငြ႕ေငြ႕ေတာက္ေလာင္လာေတာ့သည္။ ဒါေပမဲ့ သူဒီကိုဘာလာလုပ္တာလဲဆိုတာ ျပန္သတိရလိုက္တာနဲ႕ ဒီအခ်ိန္က သူ႕အတြက္ အဘိုးတစ္ေယာက္လိုလုပ္ေနရမဲ့အခ်ိန္မဟုတ္ေသးဘူးဆိုတာ သူသိသည္။ ဒါ့အျပင္ ဒီလိုအငယ္ေလးတစ္ေယာက္အတြက္နဲ႕ သူေဒါသေတြထြက္ရပါကလည္း သူ႕ရဲ႕အဘိုးမျဖစ္ထိုက္ေပ။

သူ႕ေဒါသေတြကိုဖိႏွိပ္ကာ လက္ဖက္ရည္ေအးတစ္ငုံေသာက္ၿပီး စိတ္တည္ၿငိမ္သြားေအာင္လုပ္လိုက္သည္။
"ဒါက လက္ဖက္ရည္အပူထက္ အရသာပိုေကာင္းတာဘဲ"

႐ုန္ယိ မ်က္ခုံးေတြပင့္လိုက္ၿပီး
"အဘိုး..ဒီကိုဘာကိစၥရွိလို႔ေရာက္လာတာလဲ ေမးလို႔ရမလား"

႐ုန္လင္းရႈက ခန္းမထဲကအေစခံေတြကို ၾကည့္လိုက္၏။

"မင္းတို႔အကုန္သြားလို႔ရၿပီ"

"ဟုတ္ကဲ့"
ထို႔ေနာက္လူတိုင္း ထြက္သြားၾကေတာ့သည္။

႐ုန္ယိ ႐ုန္လင္းရႈကိုေျပာလိုက္သည္။
"အခု ေျပာလို႔ရပါၿပီ"

႐ုန္လင္းရႈက ႐ုန္ယိကိုခဏေလာက္စိုက္ၾကည့္ေနလိုက္သည္။ သူ႕ကိုယ္ေပၚက ဝိညာဥ္စြမ္းအားေတြကို သတိျပဳမိတဲ့အခါ သူအနည္းငယ္ေတာ့ အံ့အားသင့္သြားသည္။ ႐ုန္ယိက ဝိညာဥ္ေသြးေၾကာရွိတာစမ္းသပ္ၿပီးသြားၿပီလို႔ သူၾကားခဲ့ရၿပီးေပမယ့္လည္း သူ႕ကိုယ္တိုင္ျမင္ေတြ႕ရတဲ့အခ်ိန္မွာေတာ့ အံ့ၾသေနမိတုန္းဘဲျဖစ္ေလသည္။ အသုံးမဝင္တဲ့အမွိုက္တစ္စလို႔ သူယူဆခဲ့တဲ့ေျမးက အခုခ်ိန္မွာ က်င့္ႀကံနိုင္ေနေလၿပီ။ ဒါ့အျပင္ သူက သႏၵေေျပာင္းမိုးႀကိဳးမီးေတာက္ဝိညာဥ္ေသြးေၾကာပိုင္ရွင္လည္းျဖစ္တာေၾကာင့္ သူ႕က်င့္ႀကံႏႈန္းက သာမန္လူေတြထက္ကိုပိုၿပီးျမန္ဆန္မွာေသခ်ာသည္။ အနာဂတ္မွာ သူက ေမွာ္လက္နက္ေတြ ေဆးလုံးေတြကိုပါ သန့္စင္လာနိုင္ေပလိမ့္မည္။ သူ႕မွာ ပါရမီရွင္ေတြထဲက ပါရမီရွင္တစ္ေယာက္ျဖစ္လာဖို႔ေတာင္ အလားအလာရွိသည္။

"မင္းဝိညာဥ္ေသြးေၾကာကို ဘယ္တုန္းကရွာေတြ႕ခဲ့တာလဲ"

"ၿပီးခဲ့တဲ့ႏွစ္လေလာက္ကပါ"

႐ုန္လင္းရႈရဲ႕ ေမးခြန္းကရိုးရွင္းသည္။
႐ုန္ယိရဲ႕အေျဖကေတာ့ ပိုလို႔ေတာင္ရိုးရွင္းေသးသည္။

သူ႕ေျမးက သူ႕အေပၚေအးစက္ေနတာေတြ႕တဲ့အခါ သူဘယ္ေလာက္ႀကိဳးစားႀကိဳးစား သူတို႔ႏွစ္ေယာက္ရင္းႏွီးလာေစဖို႔ရန္မွာ လုံးဝမျဖစ္နိုင္ေတာ့တာကို ႐ုန္လင္းရႈရွင္းရွင္းလင္းလင္းသိသြားရသည္။ ဒါေၾကာင့္ သူ႕ကိုယ္သူႏွိမ့္ခ်ေနဖို႔မလိုေတာ့ေပ။ ဒါေပမယ့္လည္း ဘယ္လိုဘဲျဖစ္ျဖစ္ သူ႕ကိုအသုံးခ်နိဳင္မလားဆိုတာကိုေတာ့ သူႀကိဳးစားၾကည့္ခ်င္ေသးသည္။
"ဂိုဏ္းခ်ဳပ္က မင္းကိုစာရင္းလာသြင္းဖို႔ လူလႊတ္ၿပီးေျပာခိုင္းလိုက္တယ္ဆို..ဘာလို႔မသြားတာလဲ...မင္းက က်င့္ႀကံနိုင္ေနၿပီဆိုမွေတာ့ ဒီလိုအခြင့္အေရးေကာင္းႀကီးကို လက္လြတ္မခံသင့္ဘူး...မင္းရဲ႕ ဝိညာဥ္ေသြးေၾကာနဲ႕သာဆိုရင္ ဂိုဏ္းခ်ဳပ္ျဖစ္ျဖစ္ အႀကီးအကဲေတြရဲ႕လက္ေအာက္မွာဘဲျဖစ္ျဖစ္ မင္းသင္ၾကားလို႔ရတယ္..သူတို႔ရဲ႕လမ္းၫႊန္မႈေတြနဲ႕သာဆိုရင္ မင္းေတာ္ေတာ္မ်ားမ်ားကိုသင္ယူနိုင္မ်ာေသခ်ာတယ္"

"ဒါေပမယ့္ ကြၽန္ေတာ့္ကေလးေတြကိုေစာင့္ေရွာက္ဖို႔ အိမ္မွာေနမွရမွာ"

သူ႕စကားက ႐ုန္လင္းရႈကို ေဒါသတႀကီးျဖစ္သြားေစသည္။
"မင္း ေယာက္်ားတစ္ေယာက္အေနနဲ႕ က်င့္ႀကံေရးကိုဘဲ ပထမေနရာမွာထားသင့္တယ္!!...မင္းသာလုံလုံေလာက္ေလာက္သန္မာလာရင္ မင္းကေလးေတြကိုလည္း ကာကြယ္ေပးနိုင္မွာဘဲ..မင္းက သူတို႔ကိုေတာင္မကာကြယ္နိုင္ဘူးဆိုရင္ သူတို႔အေဖမျဖစ္ထိုက္ေတာ့ဘူး!..ဒါ့အျပင္ မင္းအိမ္ေတာ္ထဲမွာ အေစခံေတြအမ်ားႀကီးရွိေနတာမဟုတ္ဘူးလား..သူတို႔ကိုဘာလုပ္ဖို႔ထားထားတာလဲ!...သူတို႔က မင္းအစား ကေလးေတြကိုေတာင္မေစာင့္ေရွာက္ထားေပးနိုင္ဘူးလား..ဒါမွမဟုတ္ ကေလးေတြက က်င့္ႀကံေရးထက္ေတာင္ပိုအေရးႀကီးေနတာလား...ဟမ္!"

သူ႕စကားအေရွ႕ပိုင္းေတြက ႐ုန္ယိစိတ္ထဲတစ္ကယ္ထိသြားေပမယ့္ ေနာက္ပိုင္းစကားေတြကေတာ့ ႐ုန္ယိကိုတစ္ကယ္ေတြးေတာသြားေစေလသည္။
"ကြၽန္ေတာ္ေသခ်ာေပါက္ကို က်င့္ႀကံရမွာေပါ့..ဒါေပမဲ့ ကြၽန္ေတာ္ တံခါးပိတ္က်င့္ႀကံတာကေနထြက္လာတဲ့အခါ သူတို႔အ႐ြယ္ေရာက္ၿပီးသားျဖစ္ေနမွာကို မေတြ႕ခ်င္သလို..သူတို႔က ကြၽန္ေတာ့္ကို လုံးဝသူစိမ္းတစ္ေယာက္လို ၾကည့္ေနမွာမ်ိဳးကိုလည္းမလိုခ်င္ဘူး"

ဒီအခ်က္နဲ႕ပတ္သက္ၿပီး ႐ုန္ယိမွာ နက္ရွိုင္းတဲ့ခံစားခ်က္ေတြရွိေနသည္။ သူငယ္စဥ္က သူ႕အေဖက သူ႕အ႐ြယ္ေရာက္လာတာကိုမျမင္ေတြ႕လိုက္ရတာအတြက္ အလြန္အမင္းကိုေနာင္တရေနခဲ့သည္။ ကံေကာင္းစြာနဲ႕ ႏွစ္ေလးအနည္းငယ္သာျဖစ္တာေၾကာင့္ သူတို႔ျပန္ၿပီးရင္းႏွီးသြားနိုင္ခဲ့သည္။ အကယ္၍ ဆယ္ႏွစ္ ႏွစ္ႏွစ္ဆယ္ ျဖစ္သြားၿပီး ကေလးေတြအ႐ြယ္ေရာက္ေနတဲ့အခ်ိန္မွသာဆိုရင္ သူတို႔ရင္းႏွီးနိုင္ဖို႔က လုံးဝကိုမျဖစ္နိုင္ေတာ့သေလာက္ပင္။

သူ႕စကားေတြက ႐ုန္လင္းရႈကို အခုလက္ရွိ သူနဲ႕ သူ႕သားသမီးေတြရဲ႕ဆက္ဆံေရးကိုသတိေပးလိုက္သလိုဘဲျဖစ္သည္။ အခ်ိန္အၾကာႀကီးတံခါးပိတ္က်င့္ႀကံတာေတြ တစ္ျခားအေၾကာင္းေတြေၾကာင့္ အခုလက္ရွိမွာ သူတို႔ေတြက လုံးဝကိုသူစိမ္းျပင္ျပင္ေတြျဖစ္ေနၾကေလသည္။

သူက မ်က္ခုံးေတြတြန့္ေကြးေနရင္း ေျပာလာသည္။
"အကယ္၍ မင္းကေလးေတြကိုေစာင့္ေရွာက္ဖို႔လိုေသးတယ္ဆိုရင္ေတာင္မွ က်ိဳ႐ႊီဂိုဏ္းမွာ စာရင္းသြားသြင္းတာတို႔ ဂိုဏ္းခ်ဳပ္ကို လူကိုယ္တိုင္သြားၿပီးရွင္းျပတာတို႔လုပ္လို႔ရတာဘဲ..ဂိုဏ္းခ်ဳပ္က မင္းကိုတပည့္အျဖစ္လက္ခံၿပီး ထ်န္း႐ႊီေတာင္ထိပ္ကို မင္းကိုေပးဖို႔ေတာင္းဆိုနိုင္ရင္ေတာ့ ပိုေကာင္းတာေပါ့.. မင္းအေဖ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးစားတည္ေထာင္လာခဲ့တဲ့ ေတာင္ကို တစ္ျခားလူတစ္ေယာက္ဆီေပးပစ္လိုက္မွာကိုေတာ့ မင္းလည္းမလိုခ်င္ဘူးမလား...မင္းကိုယ္တိုင္ ေတာင္ထိပ္ကိုမစီမံခ်င္ရင္ေတာင္မွ မင္းရဲ႕ဆရာတူအစ္ကိုႀကီးျဖစ္ျဖစ္ တစ္ျခားဂိုဏ္းတူေမာင္ႏွမေတြကိုဘဲျဖစ္ျဖစ္ လုပ္ပိုင္ခြင့္ေပးလိုက္လို႔ရတာဘဲ...ထ်န္း႐ႊီေတာင္ထိပ္ကို တစ္ျခားလူဆီေပးလိုက္ၿပီဆိုတာက မင္းအေဖလက္ေအာက္က တပည့္ေတြအကုန္လုံး ထုတ္ပယ္ခံရေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ဘဲ..သူတို႔ဘယ္ကိုသြားၾကမလဲ....တစ္ျခားတစ္ေယာက္ေယာက္ရဲ႕တပည့္သြားလုပ္ၾကရမွာလား...ၿပီးေတာ့ မင္းရဲ႕ဆရာတူအစ္ကိုႀကီးပိုင္ယြမ္ခ်န္ သူက ေ႐ႊအျမဳေတအဆင့္ေရာက္ေနတာေၾကာင့္ သူ႕ကိုယ္ပိုင္ေတာင္ထိပ္တစ္ခုရနိုင္ဖို႔အတြက္ အရည္အခ်င္းျပည့္မွီေနၿပီ..ဒါေၾကာင့္ သူက ေတာင္ထိပ္ကိုတာဝန္ယူနိုင္တယ္...ဒီလိုဆို မင္းအေဖျပန္ေရာက္လာခဲ့ရင္လည္း သူကျပန္ေပးနိုင္တယ္"

႐ုန္ယိကေတာ့ ထ်န္း႐ႊီေတာင္ထိပ္ကို ဘယ္သူပိုင္ပိုင္ဂ႐ုမစိုက္ေပ။ ဒါေပမဲ့ သူ႕စိတ္ထဲမွာေတာ့ အသံတစ္သံက သူ႕ကို ထ်န္း႐ႊီေတာင္ထိပ္ကိုရေအာင္ယူရမယ္လို႔ေျပာေနေလသည္။

သူဘာမွမေျပာလာတာေၾကာင့္ ပိုင္ယြမ္ခ်န္ေၾကာင့္ သူ႕စိတ္ကိုေျပာင္းလဲလိုက္ၿပီလို႔ ထင္သြားၿပီး ႐ုန္လင္းရႈက ဆက္ေျပာလာသည္။
"မင္းလည္း မင္းနဲ႕ မင္းဆရာတူအစ္ကိုႀကီးတို႔ရဲ႕အမွတ္တရေတြရွိေနတဲ့ေတာင္ထိပ္ကို တစ္ျခားတစ္ေယာက္ဆီကိုမေပးခ်င္ဘူး..ဟုတ္တယ္မလား"

႐ုန္ယိ စိတ္ထဲမွာေတာ့ မ်က္ဆံလွန္လိုက္မိသည္။
သူ႕မွာ ပိုင္ယြမ္ခ်န္နဲ႕ပတ္သက္တဲ့ ဘာအမွတ္တရမွရွိမေနပါဘူးေနာ္...ဟုတ္ၿပီလား..

"ဝိုး..ဘယ္သူေရာက္လာလို႔မ်ား ငါ့သားက ကိုယ္တိုင္ကိုယ္က်ဧည့္ခံေနရတာလဲ သိခ်င္ေနတာ.."
ရန္ခ်ိဳး႐ႊမ္က ယင္စန္စန္ကိုခ်ီၿပီး ဝင္လာေလသည္။
"ငါ အရမ္းသိခ်င္ေနတာေၾကာင့္တစ္ခ်က္လာၾကည့္လိုက္ကာ..လက္စသတ္ေတာ့ ထိုက္႐ႊီေတာင္သခင္ျဖစ္ေနတာကိုး...ေတြ႕ရတာဝမ္းသာပါရဲ႕ရွင္"

အမွန္ေတာ့ ႐ုန္လင္းရႈက သူမသားကို ဆိုး႐ြားတာတစ္ခုခုလုပ္လိုက္မွာစိုးတာေၾကာင့္ သူမလာၿပီး အေျခအေနေတြလာၾကည့္တာျဖစ္ေလသည္။

ထို႔ေနာက္ ရန္ခ်ိဳး႐ႊမ္က ႐ုန္လင္းရႈကိုၾကည့္ရင္းေျပာလိုက္သည္။
"စန္စန္ေလးေရ..သူ႕ကိုေသခ်ာၾကည့္ထားေနာ္...အဲ့လူက မေကာင္းတဲ့လူဆိုးႀကီး..ေနာက္ဆို သူ႕ကိုေတြ႕ရင္ ဘာမွညွာတာေနစရာအေၾကာင္းမရွိဘူး..သိၿပီလား...လာ..အရင္ေလ့က်င့္ၾကည့္ရေအာင္..သူ႕ကိုအထင္အျမင္ေသးေနတဲ့အၾကည့္တစ္ခ်က္အရင္ေပးလိုက္.."

႐ုန္ယိ သူ႕အတြက္တကူးတကလုပ္ေပးထားတဲ့ ခ်ိဳလိမ္ေလးကိုစို႔ေနတဲ့ ယင္စန္စန္က ႐ုန္လင္းရႈကို ဒီအတိုင္းသာ လွမ္းၾကည့္လိုက္သည္။ သူ႕အၾကည့္ေတြက အထင္အျမင္ေသးမႈေတြနဲ႕ျပည့္ႏွက္ေနတာေၾကာင့္ ရန္ခ်ိဳး႐ႊမ္မွာ ေအာ္ရယ္မိေတာ့သည္။ သူမေျမးေလးက အရမ္းခ်စ္စရာေကာင္းတာဘဲ....။

႐ုန္ယိလည္း မရယ္ဘဲမေနနိုင္ေတာ့။ သူ႕သားက ဒါေတြကို ဘယ္ကေန သြားသင္လာခဲ့ရတာလဲ...။

႐ုန္လင္းရႈမွာ အေတာ္ေလးစိတ္တိုသြားရသည္။ ဒါက အခုမွေမြးလာတဲ့ေမြးကင္းစေလးတဲ့လား..သူ႕ၾကည့္ရတာ ေျခာက္လသားေလာက္ဘဲရွိေသးတဲ့ပုံေပၚေနေပမယ့္ ဘယ္ရႈေထာင့္ကဘဲၾကည့္ၾကည့္ ဒီကေလးရဲ႕မ်က္လုံးထဲက အမူအယာေတြကေတာ့ က်င့္ႀကံဆင့္ျမင့္မားလြန္းေနတဲ့ပုဂၢိုလ္တစ္ေယာက္က အခုမွစက်င့္ႀကံမဲ့သူကို အထင္အျမင္ေသးေနတဲ့ပုံျဖစ္ေနေလသည္။

"ရန္ခ်ိဳး႐ႊမ္..မင္းကငါ့သားနဲ႕ေျမးကို ဖ်က္ဆီးပစ္ၿပီးၿပီ..အခု ငါ့ျမစ္ကိုပါဖ်က္ဆီးခ်င္ေနေသးတာလား.."

သူ႕စကားေတြက ရန္ခ်ိဳး႐ႊမ္ရဲ႕ အနာေဟာင္းကိုသြားဆြလိုက္သလိုပင္..
"ျမစ္!!...ဘယ္ကေနဘယ္လို ရွင့္ရဲ႕ျမစ္ျဖစ္သြားရတာလဲ!. .ယိအာရဲ႕ဗိုက္ထဲက ကေလးေတြကို အရမ္းအရမ္းသတ္ပစ္ခ်င္ေနၾကတာကဘယ္သူလဲ ေျပာစမ္းပါဦး!!..ဒါေတာင္ အခု ဒီေနရာမွာ ေသြးသားေတာ္စပ္တာကိုလာေျပာေနေသးတယ္..ရွင့္ကိုယ္ရွင္ မရွက္ဘူးလား!!"

႐ုန္လင္းရႈက မိစ္ဆာက်င့္ႀကံသူတစ္ေယာက္နဲ႕ စကားမ်ားျငင္းခုန္ေနရတာက သူ႕ကိုယ္သူႏွိမ့္ခ်လိဳက္သလိုျဖစ္သြားလိမ့္မယ္လို႔ထင္တာေၾကာင့္ ႐ုန္ယိဘက္ကိုလွည့္ၿပီးသာ ေျပာလိုက္သည္။
"မနက္ျဖန္ က်ိဳ႐ႊီဂိုဏ္းကိုလာခဲ့..ငါမင္းကို ဂိုဏ္းခ်ဳပ္နဲ႕ေတြ႕ဖို႔ေခၚသြားေပးမယ္"

ထို႔ေနာက္ သူကလွည့္ထြက္သြားေတာ့သည္

ရန္ခ်ိဳး႐ႊမ္က ႏွာေခါင္းရႈံ႕လိုက္သည္။
"..စန္စန္ေလးကို သူ႕ျမစ္လို႔သာေျပာတာ..ၿပီးေတာ့ ကေလးအတြက္ဘာလက္ေဆာင္မွေတာ့ယူမလာဘူး..ဟမ့္!!"

ဝမ္ခြၽမ္က အထဲဝင္လာၿပီး စားပြဲေပၚက လက္ေဆာင္ေတြကိုၫႊန္ျပလိုက္သည္။
"ၿမိဳ႕သခင္မရန္..သူက သခင္ေလးေရာ သခင္ငယ္ေလးသုံးေယာက္အတြက္ပါ လက္ေဆာင္ေတြယူလာပါတယ္"

႐ုန္ယိ ေမးလိုက္၏။
"သုံးေယာက္!!...ဒါဆို က်န္းမုပါ ပါတာေပါ့!"

"ဟုတ္ပါတယ္"

"ၾကည့္ရတာ သူက ကြၽန္ေတာ့္အေၾကာင္းေတြေတာ္ေတာ္ေလးသိထားပုံဘဲ...ကြၽန္ေတာ့္မွာ ေမြးစားသားတစ္ေယာက္ရွိေနတာေတာင္ သူသိတယ္ဆိုေတာ့!"

"သူ႕မွာ တစ္ျခားရည္႐ြယ္ခ်က္ရွိလိမ့္မယ္"
ရန္ခ်ိဳး႐ႊမ္ ႐ုန္ယိကိုေမးလိုက္သည္။
"ယိအာ...သူဒီကို ဘာလာလုပ္တာလဲ"

ခဏေလာက္စဥ္းစားၾကည့္ေနၿပီးမွ ႐ုန္ယိေျပာလိုက္၏။
"အေပၚယံမွာေတာ့ သူက က်ိဳ႐ႊီဂိုဏ္းရဲ႕ ဂိုဏ္းခ်ဳပ္ကို ကြၽန္ေတာ့္ဆရာျဖစ္ေစခ်င္ေနတာ..ဒါေပမဲ့ သူ႕ရဲ႕အဓိကရည္႐ြယ္ခ်က္က ထ်န္း႐ႊီေတာင္ထိပ္ကို တစ္ျခားသူလက္ထဲေရာက္သြားမွာကေန ကာကြယ္ေပးေစခ်င္ေနတာ"

ရန္ခ်ိဳး႐ႊမ္ မ်က္ေမွာင္ေတြၾကဳတ္မိသြားသည္။

သူမ တစ္ခုခုေျပာခ်င္ေနတာ ႐ုန္ယိသတိျပဳမိလိုက္တာေၾကာင့္ သူေမးလိုက္သည္။
"အေမ...ဘာေတြစဥ္းစားေနတာလဲ"

"မင္းအေဖက ငါ့ေရွ႕မွာ ထ်န္း႐ႊီေတာင္ထိပ္မွာ အရမ္းအေရးႀကီးတဲ့အရာတစ္ခုရွိတယ္လို႔  မေတာ္တဆနဲ႕ တစ္ခါေျပာဖူးတယ္..ဒါေၾကာင့္ သူ ဒီေတာင္ထိပ္ကိုကာကြယ္ရမယ္ တစ္ျခားသူလက္ထဲက်ေရာက္သြားခြင့္မေပးနိုင္ဘူးတဲ့"

႐ုန္ယိ ဇေဝဇဝါျဖစ္သြားရ၏။
"ဒါဆိုလည္းသူက ဘာလို႔ထြက္သြားတဲ့အျပင္ လူတစ္ေယာက္နဲ႕ သူျပန္မလာနိုင္ခဲ့ရင္ ထ်န္း႐ႊီေတာင္ထိပ္ကို ဂိုဏ္းခ်ဳပ္စိတ္ႀကိဳက္စီစဥ္နိုင္ပါတယ္လို႔ သတင္းစကားပါးလိုက္ရတာလဲ"

ရန္ခ်ိဳး႐ႊမ္ မွတ္မိတာကေတာ့ ထ်န္း႐ႊီေတာင္ထိပ္က ႐ုန္ေဝ့ယိအတြက္ အရမ္းအရမ္းအေရးႀကီးေလသည္။ ဒါေၾကာင့္ ထိုသတင္းစကားျပန္ေျပာလာတဲ့သူရဲ႕စကားေတြကို သူမကေတာ့မယုံၾကည္ေပ။
"သူဘာလို႔ထြက္သြားလဲေတာ့ငါမသိေပမဲ့ အဲ့သတင္းစကားျပန္ေျပာတဲ့သူက လိမ္ေနတာဆိုတာေတာ့ လုံးဝေသခ်ာတယ္..တစ္ေယာက္ေယာက္က ထ်န္း႐ႊီေတာင္ထိပ္ကိုလိုခ်င္ေနတာမလို႔ ဒီလိုကိစၥမ်ိဳးျဖစ္လာေအာင္ စီစဥ္ထားတာဘဲျဖစ္လိမ့္မယ္"

႐ုန္ယိလည္း ဒါကျဖစ္နိုင္ေခ်ရွိတယ္လို႔ထင္သည္။
"ဒါဆို အေမေျပာခ်င္တာက ကြၽန္ေတာ္ ထ်န္း႐ႊီေတာင္ထိပ္ကို ထိန္းသိမ္းသင့္တယ္လို႔လား"

ရန္ခ်ိဳး႐ႊမ္က အေရးမပါတဲ့ပုံနဲ႕ျပန္ေျပာလာသည္။
"ဘာကအရမ္းအေရးႀကီးေနတာလဲဆိုတာ ငါသိခ်င္ေန႐ုံပါ"

"အေမ...အဘိုးကလည္း ေတာင္ထိပ္မွာ အေရးႀကီးတဲ့လွ်ို႔ဝွက္ခ်က္ရွိေနတာကို သိေနတာျဖစ္နိုင္လား"

"ဒါလည္းျဖစ္နိုင္တယ္..ဘာလွ်ို႔ဝွက္ခ်က္ဘဲျဖစ္ျဖစ္..အရင္ဆုံး ထ်န္း႐ႊီေတာင္ကို ျပန္ထိန္းသိမ္းနိုင္ေအာင္လုပ္ထားတာေပါ့...တစ္ျခားဟာေတြကိုေတာ့ လ်စ္လ်ဴသာရႈထားလိုက္"

႐ုန္ယိ ေခါင္းၿငိမ့္လိုက္၏။
"ကြၽန္ေတာ္ မနက္ျဖန္ ဂိုဏ္းခ်ဳပ္နဲ႕သြားေတြ႕ၿပီး ေတာင္ကိုထိန္းသိမ္းထားနိုင္ဖို႔ အေကာင္းဆုံးႀကိဳးစားခဲ့မယ္"

ေနာက္တစ္ေန႕ မနက္အေစာမွာေတာ့ အသစ္ဝယ္ထားတဲ့အိမ္ကို ျပန္ျပင္ဆင္တဲ့ကိစၥေတြလုပ္ဖို႔ ႐ုန္စုကိုလႊတ္လိုက္ၿပီး သူကေတာ့ ပုခ်ီကိုေခၚကာ က်ိဳ႐ႊီဂိုဏ္းကို ထြက္လာခဲ့လိုက္သည္။

##
ဒီေန႕ေတာ့ တစ္ပိုင္းဘဲေနာ္ 🖤🖤🖤

*************
7.1.2022

Continue Reading

You'll Also Like

220K 20.3K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...
91.6K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...
104K 12.9K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
5.1K 57 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...