Unicode
ဒီနေ့တော့ Jiminရဲ့ စိတ်တွေ အပြည့်အဝ ကြည်လင်မှု ရှိနေခဲ့သည်။ မနက်အစောထပြီး ပင်မဆိုင် Chimလေးဆီ ထွက်လာခဲ့ပြီးနောက် မီးဖိုဆောင်လေးထဲမှာ တစ်ယောက်တည်း ကိတ်မုန့်တွေကို စိတ်လိုလက်ရ ဖန်တီးနေခဲ့တယ်။ ဆိုင်ဖွင့်ဖို့ရာ အတော်လေး စောသေးတဲ့ အချိန်ဖြစ်တာမို့ ဝန်ထမ်းတွေလည်း တစ်ယောက်မှ ရှိမနေခဲ့။
စိတ်အာရုံက ကိုယ်တိုင်ပြင်ဆင်နေတဲ့ ကိတ်တွေဆီမှာပဲ ရှိနေခဲ့တော့ အချိန်တွေ ဘယ်လောက်ကြာသွားခဲ့လဲ မသိ..။ ဝန်ထမ်းတွေ ရောက်လာသံကြားမှ ရပ်တန့်ဖို့ သတိရလိုက်သည်။ သူစိတ်လိုလက်ရနဲ့ အနုစိတ်ဖန်တီးထားသော ကိတ်မုန့် ၅လုံးတောင် ရှိနေပြီပဲ။
ဒီနေ့အတွက်တော့ ဒါလေးတွေက Chimဆိုင်ရဲ့ Special Cakeလေးတွေ ဖြစ်မှာ အသေအချာပဲ။ ဆိုင်မှာ ဝယ်ယူအားပေးနေကြ ပုံမှန် Customerလေးတွေဆိုရင် Jiminကိုယ်တိုင် ပြုလုပ်ထားတဲ့ ကိတ်မျိုးရတဲ့နေ့ဆို ပိုလို့ ဝမ်းသာကြတယ်။ Jiminရဲ့ လက်ရာနဲ့ ဖန်တီးမှုက သူမတူအောင် ထူးကဲလှတာကိုး။
ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင် တိုးချဲ့လာပြီးနောက်၊ ဝန်ထမ်းအင်အားတွေလည်း တစ်စတစ်စ များလာခဲ့ပြီးနောက် Jimin ကိတ်မုန့်ဖုတ်တဲ့ နေ့တွေက နေ့တိုင်းမရှိတော့ပေ။
ဒါကြောင့် Jiminရဲ့ Special ကိတ် ရတဲ့နေ့နဲ့ တိုးတဲ့ Customerတွေက ပုံမှန်ထက် ဝယ်ယူအားပေးလေ့ ရှိကြတယ်။
ကိုယ်တိုင် စိတ်နှစ်ပြီး အသေအချာ ပြုလုပ်ထားတဲ့ လက်ရာလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ကောင်တာထဲ ထည့်ဖို့လုပ်နေတုန်း
"အဲ့ ကိတ် ယူမယ် ထည့်ပေး..."ဆိုတဲ့ ကြားဖူးနေကျ ရင်းနှီးပြီးသားဖြစ်တဲ့ အသံကြောင့် မော့ကြည့်လိုက်တဲ့အခါ ရင်ထဲရှိ မငြိမ်မသက် နှလုံးသားတစ်စုံက လှုပ်ခါသွားခဲ့တယ်။
အသံလေးကြားရုံနဲ့တင် ဘယ်သူဘယ်ဝါဆိုတာ မကြည့်လည်းပဲ Jiminအတပ်သိပြီးသားပါ။ အဲ့လောက်ထိ သူနဲ့ပတ်သတ်တဲ့ အရာရာတိုင်းကို Jiminရဲ့ နှလုံးသားက အမှတ်မရှိ မှတ်မိနေခဲ့တာ။ မေ့ပစ်ဖို့ အခါခါကြိုးစားတိုင်း ရင်ထဲကို ပိုတိုးလို့ရောက်ရှိလာခဲ့တဲ့ သူတစ်ဦးကို သူ့နှလုံးသားက အမှတ်သည်းမရှိ....။
"မရတော့ဘူး...အဲ့တာက ယူထားပြီးသား"
အသံခပ်မာမာနဲ့ပဲ ပြောပစ်လိုက်သည်။
Billရှင်းတဲ့ ကောင်တာမှာ ရှိနေတဲ့ ဝန်ထမ်းလေးတောင် ကြောင်တောင်တောင် လှည့်ကြည့်လာခဲ့တယ်။ တကယ်တော့ ကိတ်က ယူထားတဲ့သူ မရှိသေးဘူး မဟုတ်လား။
သူ..မလို့ တမင်ပြောပစ်လိုက်ခြင်း ဖြစ်သည်။
"မဖြစ်နိုင်တာ...ခုမှ ကောင်တာထဲ ထည့်မလို့ရှိသေးတာ မဟုတ်လား...
ကလေးဆန်မနေနဲ့ Ji"
ဟုတ်စ..။ သူက ကိုယ့်ကို ကလေးဆန်တယ်လို့ ပြောလိုက်တာပေါ့လေ။ ဆန်ချင်လည်း ဆန်ပါစေ။ကိုယ်စိတ်အားနှစ်ပြီး လုပ်ထားရတဲ့ ကိတ်ကို သူ့ကိုတော့ မရောင်းနိုင်ဘူးပဲ။
"ဘာကိစ္စ ငါက ကလေးဆန်ရမှာလဲ...စဥ်းစားပြော"
ဒါပဲ..။ Jiminကတော့ ဟုတ်နေလည်း ဗြောင်လိမ်ဗြောင်စားပဲ..။ မျက်နှာက ခပ်တည်တည်နဲ့ပဲ ပေါ်တင်လိမ်ညာပစ်လိုက်သည်။
"ကိုယ့်ကို မရောင်းချင်လို့ တမင်ပြောတာ သိနေတာပဲ...စဥ်းစားနေစရာကို မလိုဘူး"
သိရင်လည်း ဘာလို့လာပြောနေသေးလဲ။ သူ့ဘာသာ ဘယ်လောက်ပဲ သိနေပါစေ ကိုယ်ဝန်ခံချင်မှ ဖြစ်တာ။
"အော်..တအားတွေ လျှောက်တွေးတာပဲ..
ငါက တမင်ပြောတယ်ပဲ ရှိရသေးတယ်"
"ဟုတ်ပြီလေ..ထားတော့ ကိုယ်တခြားဟာပဲ ယူတော့မယ်"
"ယူပေါ့..."
တအားကို ဆက်ဆံရေး ချိုသာတဲ့ ဆိုင်ရှင်ပဲ။ ဒီလိုပုံမျိုးနဲ့တော့ စီးပွားဖြစ်အုန်းမယ်။ ဒါပေမယ့် အဲ့လိုဆက်ဆံတာက ကိုယ်တစ်ယောက်တည်းကိုပဲ ဆိုတာလည်း Jungkookသိနေခဲ့ပါတယ်။
ကောင်တာထဲရှိ တခြားကိတ်တစ်လုံးကို ရွေးပြီး Billရှင်းပြီးနောက် Jiminက ရှိမနေတော့ပေ။ ရုံးခန်းထဲ ရောက်သွားပြီနေမှာ..။ တကယ်တော့ သူကိုယ်တိုင်လည်း နားလည်ရခက်စွာနဲ့ Jiဆိုင်ကို ရောက်လာခဲ့တာပါ..။ သူ့စိတ်သူလည်း နားမလည်တော့ဘူး။
Jiကို တွေ့ချင်စိတ်နဲ့ တွေ့ရခဲ့သော်ဆိုပြီး ရောက်လာခဲ့တာ သူ့ဆန္ဒတွေ ပြည့်ဝခဲ့တယ်။ ကိတ်ကို အသေအချာ ကိုင်တွယ်ပြီး ကောင်တာထဲ ထည့်ဖို့ လုပ်နေတဲ့ နှင်းဖြူလုံးလေးကို ကြည့်ပြီး စိတ်ထဲမှာ ပျော်သွားသလိုလို ခံစားရတယ်။ ဘာကြောင့်မှန်း မသိပေမယ့်လို့ပေါ့..။ သူကတော့ ကိုယ့်ဆိုရင် ဘုကလန့်တိုက်ဖို့ပဲ စဥ်းစားနေတာ..။ အဲ့အပြောလေးတွေကိုပဲ မသိစိတ်က တောင့်တနေတာမျိုးများလား။
ဟိုနေ့က သူငယ်ချင်းတွေ တွေ့ကြတဲ့အချိန်တုန်းက Jiပါမလာခဲ့ဘူး။ Jiကို တွေ့ချင်နေခဲ့တာ..။ Taehyungနဲ့အတူ ပါမလာဘူးဆိုတာ သိရတော့ 'သူ့အသည်းလေးခေါ်နေပြီ'ဆိုတဲ့ အကြောင်းပြချက်နဲ့ လှည့်ထွက်ခဲ့လိုက်တာ..။
တကယ်တော့ သူထွက်လာခဲ့တာ Jiရှိတဲ့ နေရာလေးဆီကိုပါ..။ အခန်းမီးလည်း မှိတ်ထားတော့ Taehyungပြောသလို အိပ်နေပြီနေမှာ..။ အချိန်အတော်ကြာတဲ့ထိ ကြည့်နေခဲ့ပြီးမှ သူပြန်လာခဲ့လိုက်တာ..။
Jiရဲ့ ဒဏ်ရာတွေက ခုထိ အနည်ထိုင်သေးပုံ မပေါ်ဘူး..။ အဲ့ဒဏ်ရာတွေက ကိုယ့်ကြောင့်ဆိုတာလည်း Jungkookသိနေခဲ့ပါတယ်။ ဒါပေမယ့် Jiရယ်..မင်းကို အတ္တကြီးလွန်းတဲ့ သူမဖြစ်စေချင်ခဲ့တာ ကိုယ့်ရဲ့ စိတ်ရင်းအမှန်ပါ..။
မဟောင်းသေးတဲ့ အတိတ်တွေရဲ့ တစ်နေရာမှာတုန်းက ငါတို့တွေ တကယ်ပျော်ရွှင်ခဲ့ရဖူးတယ်လေ Ji...။
"Ji.. Taehyung.. Hoseok..အတန်းလစ်ရအောင်ကွာ.."
"ဒါပဲ..Jungkookတို့ စလာပြီ..အတန်းကဘယ်နရက်များ တက်ရသေးလို့ လစ်ဖို့ပြင်နေတာလဲ"
Hoseokပြောလိုက်တော့ Jungkookရဲ့ မျက်နှာ ရှုံ့တွသွားရသည်။ အရေးထဲ စာဂျပိုးက တရားလာပြနေသေး..။ သူတို့ ၄ယောက်ထဲမှာ Hoseokက စာအကြိုးစားဆုံးပဲ..။ တက္ကသိုလ် ပါမောက္ခရဲ့ သားလို့ မပြောရဘူး..စာတော့ အတော် စိတ်ဝင်စားတာပဲ။
Jiနဲ့Taehyungကတော့ ကျောင်းသားအလျှောက် အပီအပြင်ကဲတဲ့ထဲ ပါပါတယ်။ ခေါင်းဆောင်သူကတော့ ကျွန်တော် Jeon Jungkookပဲပေါ့။
ဒီထဲ Hoseokက တရားပြပြီး နားချပါများရင် Taehyungက မျက်စိသူငယ်နားသူငယ်နဲ့ Hoseokတရားထဲ ပါသွားပြီး အတန်းမှန်ဖြစ်သေးတယ်။ သူနဲ့ Jiကိုတော့ ဘယ်တရားမှ ပြလို့မရ။
အတန်းလစ်ဖို့ဆို Jiကလည်း နှစ်ခါမညှိရ...။ ဒါကြောင့် သူနဲ့ Jiရဲ့ ရင်းနှီးမှုက တစ်စတစ်စ ကြီးထွားလာခဲ့တာ နေမှာ..။
"Hoseok..မင်းမလိုက်ချင်နေကွာ.. နားချမနေနဲ့.."
"မလိုက်ပါဘူး...Taehyung မင်းလည်း အတန်းတက်နော် ပျက်တာများပြီ.."
Jungkookနဲ့ Jiminကိုမှ အားမနာ ပြောရက်လိုက်တာ..။ တကယ်ဆို အတန်းပျက်အများဆုံးက Jungkookနဲ့ Jiminရယ်ပါ။ Taehyungကဖြင့် သူ့ကောင်းမှုနဲ့ သိပ်တောင် ပျက်ရှာတာမဟုတ်ဘူး။ Hoseokကလည်း ဆွဲရတဲ့သူကိုပဲ ရအောင်ဆွဲတတ်တယ်။ Jungkookနဲ့ Jiminကိုတော့ ပြောမရမှန်းသိလို့ လက်လျော့ထားပုံပဲ။
"မလိုက်တော့ပါဘူးကွာ..Hoseokနဲ့ပဲ အတန်းတက်နေလိုက်တော့မယ်.."
ဒါပဲ...Taehyungတို့များ Jung Hoseokက တရား နှစ်ခါပြစရာတောင်မလိုဘူး ။ တန်း တရားပေါက်တဲ့လူမျိုး..။
"ပြီးရော..မလိုက်လည်း..Jiမင်းကတော့ လိုက်မှာမို့လား"
"မေးနေစရာ လိုသေးလို့လား ...."
"Taehyung..Roll Callအတွက်စိတ်ချမယ်နော်.."
"စိတ်ချပါ Jiminရာ.."
တော်တော် တရားတဲ့ကောင်တွေ..။ အတန်းကျ မတက်ချင်ဘူး Roll Callကျ ရချင်သေးတာ ငါသာဆို ထိုးပေးမနေဘူးလို့ စိတ်အချဥ်ပေါက်စွာ Hoseokကတော့ တွေးမိတယ်။ အတန်းစောင့်နတ်နဲ့များ ရန်ဖြစ်ထားသလား အောက်မေ့ရတယ် အဲ့ နှစ်ကောင်က..။ အတန်းကို တက်တယ်မရှိဘူး။
ကျောင်းသားဘဝ ကျောင်းလစ်ပြီး ပျော်စရာတွေလုပ်ဖြစ်ကြတယ် ...။ တွေ့ ဖူးတယ်မလား..။အဖွဲ့ထဲမှာ ဗရုတ်ကျမယ့်သူနဲ့ အတန်းမှန်တဲ့ စာဂျပိုးနဲ့ စသဖြင့် မျိုးစုံအောင်ပေါ့လေ။ ပြန်တွေးကြည့်တိုင်း ပျော်ရတာတော့ အမှန်ပဲ။ အတန်းလစ်ဖို့ဆို နှစ်ခါညှိစရာမလိုတဲ့ Jiကတော့ သူနဲ့အတွဲဆုံးဖြစ်ခဲ့တာပေါ့လေ..။
သိပ်ပျော်ခဲ့ရပါတယ် Ji...။မုန်တိုင်းတွေ မထန်ခင်တုန်းကပေါ့။
ငါတို့တွေ တကယ်ပဲ ပြန်အဆင်မပြေနိုင်တော့ဘူးလား Ji...။
အတိတ်က အတွေးတို့ကို ခဏရပ်ကာ..
ဘာပဲဖြစ်ဖြစ် Jiကို တွေ့လိုက်ရတဲ့အတွက် ဒီနေ့ သူပျော်နေမိပါသည်။ Jiဆိုသည်မှာ သူ့ကို မတွေ့အောင် ရှောင်ပုန်းလွန်းသူမဟုတ်ပါလား..။
ကိတ်မုန့်လေးကို ကိုင်ကာ ကားထဲဝင်သွားပြီးနောက်... တန်းမမောင်းဘဲ ကားထဲမှာ အတွေးများနေသူလေးကို ကားထွက်သွားသည်အထိ
Chimကိတ်မုန့်ဆိုင်ရဲ့ အပေါ်ထပ် ခန်းဆီးအဝါလေး နောက်ကွယ်ကနေ မမှိတ်မသုန် ရပ်ကြည့်နေသော သူလေး ရှိနေတာကိုတော့
ကားမောင်းထွက်သွားသူလေးက သိမယ်မထင်ပေ...
TBC🖤
2ရက်ခြားတစ်ခါ ပုံမှန်လေး upနိုင်ဖို့ Tryကြည့်ပါမယ်ရှင့်🙆♀️
Zawgyi
ဒီေန႕ေတာ့ Jiminရဲ႕ စိတ္ေတြ အျပည့္အဝ ၾကည္လင္မႈ ရွိေနခဲ့သည္။ မနက္အေစာထၿပီး ပင္မဆိုင္ Chimေလးဆီ ထြက္လာခဲ့ၿပီးေနာက္ မီးဖိုေဆာင္ေလးထဲမွာ တစ္ေယာက္တည္း ကိတ္မုန့္ေတြကို စိတ္လိုလက္ရ ဖန္တီးေနခဲ့တယ္။ ဆိုင္ဖြင့္ဖို႔ရာ အေတာ္ေလး ေစာေသးတဲ့ အခ်ိန္ျဖစ္တာမို႔ ဝန္ထမ္းေတြလည္း တစ္ေယာက္မွ ရွိမေနခဲ့။
စိတ္အာ႐ုံက ကိုယ္တိုင္ျပင္ဆင္ေနတဲ့ ကိတ္ေတြဆီမွာပဲ ရွိေနခဲ့ေတာ့ အခ်ိန္ေတြ ဘယ္ေလာက္ၾကာသြားခဲ့လဲ မသိ..။ ဝန္ထမ္းေတြ ေရာက္လာသံၾကားမွ ရပ္တန့္ဖို႔ သတိရလိုက္သည္။ သူစိတ္လိုလက္ရနဲ႕ အႏုစိတ္ဖန္တီးထားေသာ ကိတ္မုန့္ ၅လုံးေတာင္ ရွိေနၿပီပဲ။
ဒီေန႕အတြက္ေတာ့ ဒါေလးေတြက Chimဆိုင္ရဲ႕ Special Cakeေလးေတြ ျဖစ္မွာ အေသအခ်ာပဲ။ ဆိုင္မွာ ဝယ္ယူအားေပးေနၾက ပုံမွန္ Customerေလးေတြဆိုရင္ Jiminကိုယ္တိုင္ ျပဳလုပ္ထားတဲ့ ကိတ္မ်ိဳးရတဲ့ေန႕ဆို ပိုလို႔ ဝမ္းသာၾကတယ္။ Jiminရဲ႕ လက္ရာနဲ႕ ဖန္တီးမႈက သူမတူေအာင္ ထူးကဲလွတာကိုး။
ဆိုင္ေတြ တစ္ဆိုင္ၿပီး တစ္ဆိုင္ တိုးခ်ဲ့လာၿပီးေနာက္၊ ဝန္ထမ္းအင္အားေတြလည္း တစ္စတစ္စ မ်ားလာခဲ့ၿပီးေနာက္ Jimin ကိတ္မုန့္ဖုတ္တဲ့ ေန႕ေတြက ေန႕တိုင္းမရွိေတာ့ေပ။
ဒါေၾကာင့္ Jiminရဲ႕ Special ကိတ္ ရတဲ့ေန႕နဲ႕ တိုးတဲ့ Customerေတြက ပုံမွန္ထက္ ဝယ္ယူအားေပးေလ့ ရွိၾကတယ္။
ကိုယ္တိုင္ စိတ္ႏွစ္ၿပီး အေသအခ်ာ ျပဳလုပ္ထားတဲ့ လက္ရာေလးေတြကို ကိုယ္တိုင္ကိုယ္က် ေကာင္တာထဲ ထည့္ဖို႔လုပ္ေနတုန္း
"အဲ့ ကိတ္ ယူမယ္ ထည့္ေပး..."ဆိုတဲ့ ၾကားဖူးေနက် ရင္းႏွီးၿပီးသားျဖစ္တဲ့ အသံေၾကာင့္ ေမာ့ၾကည့္လိုက္တဲ့အခါ ရင္ထဲရွိ မၿငိမ္မသက္ ႏွလုံးသားတစ္စုံက လႈပ္ခါသြားခဲ့တယ္။
အသံေလးၾကား႐ုံနဲ႕တင္ ဘယ္သူဘယ္ဝါဆိုတာ မၾကည့္လည္းပဲ Jiminအတပ္သိၿပီးသားပါ။ အဲ့ေလာက္ထိ သူနဲ႕ပတ္သတ္တဲ့ အရာရာတိုင္းကို Jiminရဲ႕ ႏွလုံးသားက အမွတ္မရွိ မွတ္မိေနခဲ့တာ။ ေမ့ပစ္ဖို႔ အခါခါႀကိဳးစားတိုင္း ရင္ထဲကို ပိုတိုးလို႔ေရာက္ရွိလာခဲ့တဲ့ သူတစ္ဦးကို သူ႕ႏွလုံးသားက အမွတ္သည္းမရွိ....။
"မရေတာ့ဘူး...အဲ့တာက ယူထားၿပီးသား"
အသံခပ္မာမာနဲ႕ပဲ ေျပာပစ္လိုက္သည္။
Billရွင္းတဲ့ ေကာင္တာမွာ ရွိေနတဲ့ ဝန္ထမ္းေလးေတာင္ ေၾကာင္ေတာင္ေတာင္ လွည့္ၾကည့္လာခဲ့တယ္။ တကယ္ေတာ့ ကိတ္က ယူထားတဲ့သူ မရွိေသးဘူး မဟုတ္လား။
သူ..မလို႔ တမင္ေျပာပစ္လိုက္ျခင္း ျဖစ္သည္။
"မျဖစ္နိုင္တာ...ခုမွ ေကာင္တာထဲ ထည့္မလို႔ရွိေသးတာ မဟုတ္လား...
ကေလးဆန္မေနနဲ႕ Ji"
ဟုတ္စ..။ သူက ကိုယ့္ကို ကေလးဆန္တယ္လို႔ ေျပာလိုက္တာေပါ့ေလ။ ဆန္ခ်င္လည္း ဆန္ပါေစ။ကိုယ္စိတ္အားႏွစ္ၿပီး လုပ္ထားရတဲ့ ကိတ္ကို သူ႕ကိုေတာ့ မေရာင္းနိုင္ဘူးပဲ။
"ဘာကိစၥ ငါက ကေလးဆန္ရမွာလဲ...စဥ္းစားေျပာ"
ဒါပဲ..။ Jiminကေတာ့ ဟုတ္ေနလည္း ေျဗာင္လိမ္ေျဗာင္စားပဲ..။ မ်က္ႏွာက ခပ္တည္တည္နဲ႕ပဲ ေပၚတင္လိမ္ညာပစ္လိုက္သည္။
"ကိုယ့္ကို မေရာင္းခ်င္လို႔ တမင္ေျပာတာ သိေနတာပဲ...စဥ္းစားေနစရာကို မလိုဘူး"
သိရင္လည္း ဘာလို႔လာေျပာေနေသးလဲ။ သူ႕ဘာသာ ဘယ္ေလာက္ပဲ သိေနပါေစ ကိုယ္ဝန္ခံခ်င္မွ ျဖစ္တာ။
"ေအာ္..တအားေတြ ေလွ်ာက္ေတြးတာပဲ..
ငါက တမင္ေျပာတယ္ပဲ ရွိရေသးတယ္"
"ဟုတ္ၿပီေလ..ထားေတာ့ ကိုယ္တျခားဟာပဲ ယူေတာ့မယ္"
"ယူေပါ့..."
တအားကို ဆက္ဆံေရး ခ်ိဳသာတဲ့ ဆိုင္ရွင္ပဲ။ ဒီလိုပုံမ်ိဳးနဲ႕ေတာ့ စီးပြားျဖစ္အုန္းမယ္။ ဒါေပမယ့္ အဲ့လိုဆက္ဆံတာက ကိုယ္တစ္ေယာက္တည္းကိုပဲ ဆိုတာလည္း Jungkookသိေနခဲ့ပါတယ္။
ေကာင္တာထဲရွိ တျခားကိတ္တစ္လုံးကို ေ႐ြးၿပီး Billရွင္းၿပီးေနာက္ Jiminက ရွိမေနေတာ့ေပ။ ႐ုံးခန္းထဲ ေရာက္သြားၿပီေနမွာ..။ တကယ္ေတာ့ သူကိုယ္တိုင္လည္း နားလည္ရခက္စြာနဲ႕ Jiဆိုင္ကို ေရာက္လာခဲ့တာပါ..။ သူ႕စိတ္သူလည္း နားမလည္ေတာ့ဘူး။
Jiကို ေတြ႕ခ်င္စိတ္နဲ႕ ေတြ႕ရခဲ့ေသာ္ဆိုၿပီး ေရာက္လာခဲ့တာ သူ႕ဆႏၵေတြ ျပည့္ဝခဲ့တယ္။ ကိတ္ကို အေသအခ်ာ ကိုင္တြယ္ၿပီး ေကာင္တာထဲ ထည့္ဖို႔ လုပ္ေနတဲ့ ႏွင္းျဖဴလုံးေလးကို ၾကည့္ၿပီး စိတ္ထဲမွာ ေပ်ာ္သြားသလိုလို ခံစားရတယ္။ ဘာေၾကာင့္မွန္း မသိေပမယ့္လို႔ေပါ့..။ သူကေတာ့ ကိုယ့္ဆိုရင္ ဘုကလန့္တိုက္ဖို႔ပဲ စဥ္းစားေနတာ..။ အဲ့အေျပာေလးေတြကိုပဲ မသိစိတ္က ေတာင့္တေနတာမ်ိဳးမ်ားလား။
ဟိုေန႕က သူငယ္ခ်င္းေတြ ေတြ႕ၾကတဲ့အခ်ိန္တုန္းက Jiပါမလာခဲ့ဘူး။ Jiကို ေတြ႕ခ်င္ေနခဲ့တာ..။ Taehyungနဲ႕အတူ ပါမလာဘူးဆိုတာ သိရေတာ့ 'သူ႕အသည္းေလးေခၚေနၿပီ'ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႕ လွည့္ထြက္ခဲ့လိုက္တာ..။
တကယ္ေတာ့ သူထြက္လာခဲ့တာ Jiရွိတဲ့ ေနရာေလးဆီကိုပါ..။ အခန္းမီးလည္း မွိတ္ထားေတာ့ Taehyungေျပာသလို အိပ္ေနၿပီေနမွာ..။ အခ်ိန္အေတာ္ၾကာတဲ့ထိ ၾကည့္ေနခဲ့ၿပီးမွ သူျပန္လာခဲ့လိုက္တာ..။
Jiရဲ႕ ဒဏ္ရာေတြက ခုထိ အနည္ထိုင္ေသးပုံ မေပၚဘူး..။ အဲ့ဒဏ္ရာေတြက ကိုယ့္ေၾကာင့္ဆိုတာလည္း Jungkookသိေနခဲ့ပါတယ္။ ဒါေပမယ့္ Jiရယ္..မင္းကို အတၱႀကီးလြန္းတဲ့ သူမျဖစ္ေစခ်င္ခဲ့တာ ကိုယ့္ရဲ႕ စိတ္ရင္းအမွန္ပါ..။
မေဟာင္းေသးတဲ့ အတိတ္ေတြရဲ႕ တစ္ေနရာမွာတုန္းက ငါတို႔ေတြ တကယ္ေပ်ာ္႐ႊင္ခဲ့ရဖူးတယ္ေလ Ji...။
"Ji.. Taehyung.. Hoseok..အတန္းလစ္ရေအာင္ကြာ.."
"ဒါပဲ..Jungkookတို႔ စလာၿပီ..အတန္းကဘယ္နရက္မ်ား တက္ရေသးလို႔ လစ္ဖို႔ျပင္ေနတာလဲ"
Hoseokေျပာလိုက္ေတာ့ Jungkookရဲ႕ မ်က္ႏွာ ရႈံ႕တြသြားရသည္။ အေရးထဲ စာဂ်ပိဳးက တရားလာျပေနေသး..။ သူတို႔ ၄ေယာက္ထဲမွာ Hoseokက စာအႀကိဳးစားဆုံးပဲ..။ တကၠသိုလ္ ပါေမာကၡရဲ႕ သားလို႔ မေျပာရဘူး..စာေတာ့ အေတာ္ စိတ္ဝင္စားတာပဲ။
Jiနဲ႕Taehyungကေတာ့ ေက်ာင္းသားအေလွ်ာက္ အပီအျပင္ကဲတဲ့ထဲ ပါပါတယ္။ ေခါင္းေဆာင္သူကေတာ့ ကြၽန္ေတာ္ Jeon Jungkookပဲေပါ့။
ဒီထဲ Hoseokက တရားျပၿပီး နားခ်ပါမ်ားရင္ Taehyungက မ်က္စိသူငယ္နားသူငယ္နဲ႕ Hoseokတရားထဲ ပါသြားၿပီး အတန္းမွန္ျဖစ္ေသးတယ္။ သူနဲ႕ Jiကိုေတာ့ ဘယ္တရားမွ ျပလို႔မရ။
အတန္းလစ္ဖို႔ဆို Jiကလည္း ႏွစ္ခါမညွိရ...။ ဒါေၾကာင့္ သူနဲ႕ Jiရဲ႕ ရင္းႏွီးမႈက တစ္စတစ္စ ႀကီးထြားလာခဲ့တာ ေနမွာ..။
"Hoseok..မင္းမလိုက္ခ်င္ေနကြာ.. နားခ်မေနနဲ႕.."
"မလိုက္ပါဘူး...Taehyung မင္းလည္း အတန္းတက္ေနာ္ ပ်က္တာမ်ားၿပီ.."
Jungkookနဲ႕ Jiminကိုမွ အားမနာ ေျပာရက္လိုက္တာ..။ တကယ္ဆို အတန္းပ်က္အမ်ားဆုံးက Jungkookနဲ႕ Jiminရယ္ပါ။ Taehyungကျဖင့္ သူ႕ေကာင္းမႈနဲ႕ သိပ္ေတာင္ ပ်က္ရွာတာမဟုတ္ဘူး။ Hoseokကလည္း ဆြဲရတဲ့သူကိုပဲ ရေအာင္ဆြဲတတ္တယ္။ Jungkookနဲ႕ Jiminကိုေတာ့ ေျပာမရမွန္းသိလို႔ လက္ေလ်ာ့ထားပုံပဲ။
"မလိုက္ေတာ့ပါဘူးကြာ..Hoseokနဲ႕ပဲ အတန္းတက္ေနလိုက္ေတာ့မယ္.."
ဒါပဲ...Taehyungတို႔မ်ား Jung Hoseokက တရား ႏွစ္ခါျပစရာေတာင္မလိုဘူး ။ တန္း တရားေပါက္တဲ့လူမ်ိဳး..။
"ၿပီးေရာ..မလိုက္လည္း..Jiမင္းကေတာ့ လိုက္မွာမို႔လား"
"ေမးေနစရာ လိုေသးလို႔လား ...."
"Taehyung..Roll Callအတြက္စိတ္ခ်မယ္ေနာ္.."
"စိတ္ခ်ပါ Jiminရာ.."
ေတာ္ေတာ္ တရားတဲ့ေကာင္ေတြ..။ အတန္းက် မတက္ခ်င္ဘူး Roll Callက် ရခ်င္ေသးတာ ငါသာဆို ထိုးေပးမေနဘူးလို႔ စိတ္အခ်ဥ္ေပါက္စြာ Hoseokကေတာ့ ေတြးမိတယ္။ အတန္းေစာင့္နတ္နဲ႕မ်ား ရန္ျဖစ္ထားသလား ေအာက္ေမ့ရတယ္ အဲ့ ႏွစ္ေကာင္က..။ အတန္းကို တက္တယ္မရွိဘူး။
ေက်ာင္းသားဘဝ ေက်ာင္းလစ္ၿပီး ေပ်ာ္စရာေတြလုပ္ျဖစ္ၾကတယ္ ...။ ေတြ႕ ဖူးတယ္မလား..။အဖြဲ႕ထဲမွာ ဗ႐ုတ္က်မယ့္သူနဲ႕ အတန္းမွန္တဲ့ စာဂ်ပိဳးနဲ႕ စသျဖင့္ မ်ိဳးစုံေအာင္ေပါ့ေလ။ ျပန္ေတြးၾကည့္တိုင္း ေပ်ာ္ရတာေတာ့ အမွန္ပဲ။ အတန္းလစ္ဖို႔ဆို ႏွစ္ခါညွိစရာမလိုတဲ့ Jiကေတာ့ သူနဲ႕အတြဲဆုံးျဖစ္ခဲ့တာေပါ့ေလ..။
သိပ္ေပ်ာ္ခဲ့ရပါတယ္ Ji...။မုန္တိုင္းေတြ မထန္ခင္တုန္းကေပါ့။
ငါတို႔ေတြ တကယ္ပဲ ျပန္အဆင္မေျပနိုင္ေတာ့ဘူးလား Ji...။
အတိတ္က အေတြးတို႔ကို ခဏရပ္ကာ..
ဘာပဲျဖစ္ျဖစ္ Jiကို ေတြ႕လိုက္ရတဲ့အတြက္ ဒီေန႕ သူေပ်ာ္ေနမိပါသည္။ Jiဆိုသည္မွာ သူ႕ကို မေတြ႕ေအာင္ ေရွာင္ပုန္းလြန္းသူမဟုတ္ပါလား..။
ကိတ္မုန့္ေလးကို ကိုင္ကာ ကားထဲဝင္သြားၿပီးေနာက္... တန္းမေမာင္းဘဲ ကားထဲမွာ အေတြးမ်ားေနသူေလးကို ကားထြက္သြားသည္အထိ
Chimကိတ္မုန့္ဆိုင္ရဲ႕ အေပၚထပ္ ခန္းဆီးအဝါေလး ေနာက္ကြယ္ကေန မမွိတ္မသုန္ ရပ္ၾကည့္ေနေသာ သူေလး ရွိေနတာကိုေတာ့
ကားေမာင္းထြက္သြားသူေလးက သိမယ္မထင္ေပ...
TBC🖤
2ရက္ျခားတစ္ခါ ပုံမွန္ေလး upနိုင္ဖို႔ Tryၾကည့္ပါမယ္ရွင့္🙆♀️