Do you get Deja vu ?

By KaniD35

4.1K 317 6

မောင် က ကျွန်တော့်ကို ပုံဖော်ခဲ့တယ် သူမ တုန်းက အတိုင်း More

Do you get Deja vu?
zawgyi
zawgyi
Promotion 🌟

Do you get Deja vu ?

1.4K 148 4
By KaniD35


ဆောင်းဟွန်း
ကားရဲ့ ရေဒီယိုမှလာတဲ့သီချင်းအား
ဆိုကာ အိမ်ကို ပြန်လာခဲ့တယ်
ဟိုနေ့က ချောကလပ်ကိတ်ကြောင့်
အဆော စိတ်မကောင်းတာတွေ့တော့
ကျွန်တော်မနေနိုင်
အဆောကြိုက်တဲ့ စတော်ဘယ်ရီ ကိတ်လေးအား
လမ်းမှာ ဝင်ဝယ်ခဲ့တယ်
အိမ်ပြန်ရောက်လို့ သူဝယ်လာတဲ့
ကိတ်လေးတွေ့ရင် ပျော်သွားမယ့်
အဆော ရဲ့ မျက်နှာလေးအား
ပုံဖော်ကာ ကြည့်နူးနေရသေးတယ်

" အဆော မောင်ပြန်လာပြီ "

" ခွမ်းးးး "

ကျွန်တော် ဝင်လာတာတဲ့
ကျွန်တော့်ဘေးက နံရံကိုလာစင်တဲ့
ပန်းအိုးငယ်
ဘယ်သူလုပ်တာလဲ လှမ်းကြည့်လိုက်တော့
ဆိုဖာပေါ်မှာ ခရမ်းနုရောင်
အကျီကို ဝတ်ကာ
ထိုင်နေတဲ့ အဆော
ဂျုလစ်ပန်းငယ်ရဲ့
အပွင့်တွေကို တအိမ်လုံး ပြန့်ကြဲထားတဲ့
အနေအထားတစ်ခုမှာ
ဘာတွေ ဖြစ်နေတာလဲ ဆိုတော
သူမသိတော့ဘူး

နာကျည်းနေတဲ့ မျက်ဝန်းတွေ နဲ့
ကြည့်လာတဲ့ အဆောမျက်ဝန်းတွေကို
သူမခံစားနိုင်ပါ

" အဆော ဘာတွေဖြစ်နေတာလဲ "

" မကြားချင်ဘူး!!!!! 
အဆောလို့ မခေါ်နဲ့ မကြားချင်ဘူး!!
မောင်ဆိုတာတွေကော အဆော ဆိုတာကော !!"

ဆောနူ နားနှစ်ဖက်ကို ပိတ်ကာ
အော်နေတဲ့ အဆော ခန္ဓာကိုယ်လေးကို
သွားထိန်းဖို့ လုပ်တော့

" မလာနဲ့ ပတ်ဆောင်းဟွန်း
ငါ့နားကိုမလာနဲ့ မင်းခြေတစ်လှမ်းတိုးတာနဲ့
ငါ ငါ့ကို ငါ သတ်သေပစ်မှာ "

ဖောင်းအစ်နေတဲ့ မျက်လုံးတွေကို
ကြည့်ကာ ဆောင်းဟွန်းအနားကို
သွားချင်ပေမယ့် မသွားရဲ
တကယ် ဆောနူ ကို နားမလည်နိုင်တော့ပါ
မနက်ထိ အကောင်းရှိသေးတယ်
အိမ်ပြန်ရောက် ဒီလိုပုံစံနဲ့

" ဘာတွေဖြစ်နေတာလဲ  ကလေးရယ်
မောင့်ကိုပြောကလေး ငိုနေတာ မကြည့်ရက်ဘူး
လို့ မောင်တန်တန်ပြောထားတယ်လေ
ဒီမှာကြည့်ပါဦး စတော်ဘယ်ရီ ကိတ်လေ
ကလေး စားချင်တယ် ဆိုလို့ ဝယ်လာတာလေ "

" အီဆောနာ "

ကလေး သိသွားပြီ
သူ့ဘဝရဲ့ ထာဝရအနေနဲ့ လျှို့ဝှက်ထားချင်ခဲ့တဲ့
အကြောင်းတွေ ကလေးသိသွားပြီ
မဟုတ်ဘူးနော် ကလေးထင်သလိုတစ်ခုမှ
မဟုတ်ဘူး

" အညိုရောင် အဝတ်တွေ နှင်းဆီပန်းတွေ
ချောကလပ် တွေ မောင်ဆိုတဲ့ နာမ်စား
အဆော ဆိုတဲ့ နာမ်စား
ဒါတွေ အကုန်
ခင်ဗျား အစီစဉ်နဲ့လုပ်ခဲ့တာမလား 
ကင်ဆောနူဆိုတဲ့ မူပိုင်တွေ အားလုံးပျောက်သွားတဲ့အထိ
ကျကျနန ပုံဖော်ခဲ့တာပဲ
ဒီတောက်လျှောက်လဲ အဲ့မိန်းကလေးကိုပဲ
မြင်ယောင်ပြီး ကျွန်တော့်ကိုချစ်ခဲ့တာမလား
ဘာမှ နားမလည်တဲ့ ငတုံးငအ ဆိုပြီး
နောက်ကွယ်မှာ လှောင်နေတာမလား
ဘာလို့ အဲ့လောက်တောင် လုပ်ရက်ရတာလဲ
ကျွန်တော့်ကို မမြင်ဘူးလား
ဒီလောက်ချစ်ခဲ့တာလေ
အမေ တို့ သဘောမတူတဲ့ကြားထဲက
ခင်ဗျားကိုပဲ ရွေးချယ်တယ် ဆိုပြီး
အရာအားလုံး လက်လွှတ်ချလဲ့တဲ့
ကျွန်တော့်ကိုမမြင်ဘူးလား
ချစ်တယ် လို့ပြောတိုင်း
ခင်ဗျား အဲ့မိန်းကလေး‌ကို
ရည်ညွှန်းနေတာမလား ပြော ပြောစမ်းပါ "

ဆောင်းဟွန်းနဲ့သူ့ရဲ့ ဆက်ဆံရေးကို
အိမ်က သိတော့
သူတို့နှစ်ယောက်ကို သဘောမတူဘူးဆိုပြီး
ပြောခဲ့တယ် ခေါင်းမာပြီး
အချစ်ရူးရူးနေတဲ့ ကျွန်တော်က
ပတ်ဆောင်းဟွန်းဆိုတဲ့ လူသားကိုပဲ
ရွေးချယ်ခဲ့တယ်
အဲ့‌အနေနဲ့ ပြစ်ဒဏ်က
နောက်နေ့ သတင်းစာမှာ အမွှေဖြတ်ခြင်း
ကို လူသိရှင်ညား ခံခဲ့ရတာပဲ
ဒါပေမယ့် အဲ့အချိန်တုန်းက
ဒါတွေက သိပ်အရေးမကြီးဘူးလေ
ဆောင်းဟွန်း မျက်နှာ တစ်ကမ္ဘာ ဆိုပြီး
နေခဲ့တာ
အဲ့ကတည်း က အမေ‌တို့ပြောတာ နားထောင်ခဲ့ရင်
ဒီလို အဖြစ်မျိုးတွေ ဖြစ်မှာ မဟုတ်ဘူး

" ကွာရှင်းရအောင် ဆောင်းဟွန်း
ဒီလောက်နဲ့ပဲ ငါ့ကို လွှတ်ပေးပါတော့
ငါ ပင်ပန်းနေပြီ  "

" မဟုတ်ဘူး ကလေး
ကို ကလေးကိုတကယ်ချစ်ခဲ့တာ
ဟုတ်တယ် အစားထိုးလုပ်ယူခဲ့တာ
မှန်ပေမယ့် ကို ကလေးကို
တကယ် ချစ်မိသွားတာယုံပါ
မကွာရှင်းရအောင်လေနော်
ကို ကို့ကို ဒီတစ်ခါ တစ်ခါပဲ ခွင့်လွှတ်ပေးလေ
ကို အားလုံးကို ပြန်ပြင်မှာ
ကွာ မရှင်းပါနဲ့‌ ကလေးမရှိရင်မနေတက်လို့
တကယ် ချစ်တာပါကွာ
ကို ဒီလို တောင်းပန်ပါတယ်
မကွာရှင်းပါနဲ့ ကိုယ့်ကို
ဘာလုပ်မလဲ ရိုက်မလား လာရိုက်လိုက်
ဆူဆဲပလိုက် ဒါပေမယ့် မကွာရှင်းပါနဲ့ "

ဒူးထောက်ကာ လက်ဖဝါး နှစ်ဖက်ကို
ပွတ်ရင်း အသနား ခံနေတဲ့
ဆောင်းဟွန်းကိုကြည့်ရင်း
ဆောနူ ဂင်ကွဲမတက်ခံစားရတယ်
ဘယ်သူကကော ချစ်ရတဲ့သူ
ဒီလိုဖြစ်နေတာကို လက်ပိုက်ကြည့်နေနိုင်မှာလဲ
တဘက်မှာလည်း တစစီ ကွဲကြေသွားတဲ့
ယုံကြည့်ချက်တွေ

ခင်ဗျား နာကျင်ရလည်း မတက်နိုင်ဘူး
ကျွန်တော့်တို့ ဒီလို သံသရတွေနဲ့
ရှေ့မဆက်ကြရအောင်
ဟုတ်တယ် ဒီဆုံးဖြတ်ချက်အကောင်းဆုံးပဲ

" ထားမသွားပါနဲ့ တောင်းပန်ပါတယ်
ထားမသွားပါနဲ့ "

" ငါလက်မှတ်ထိုးထားတယ် ဆောင်းဟွန်း
ပြီးတော့ မင်းပေးထားတဲ့ အဆောဆိုတဲ့
လက်စွပ်လည်း ငါထားခဲ့တယ်
လက်ကျန်သံယောဇဉ် ‌ရှိသေးရင်
ငါ့နောက်လိုက်မလာပါနဲ့ "

ဒူးထောက်ငိုကြွေးနေတဲ့ချစ်ရတဲ့သူကို ကျော်လွန်ကာ ကျွန်တော်ဟာ
ခြေဦးတည့်ရာသို့








ဆောင်းဟွန်း ဆောနူထားသွားခဲ့သည့်
ထိုနေရာမှာ ဒူးထောက်လျက်ပင်
ရှိနေတုန်း

အီဆောနာ ဆိုသူမှာ
အထက်တန်း မှာစကာ တက္ကသိုလ်
နောက်ဆုံးနှစ်ထိတွဲခဲ့ကျွန်တော့်ရဲ့
အချစ်ဦး
လမ်းခွဲတာကို ခံလိုက်ရတော့
အရွှဲတိုက်ချင်စိတ်တွေကြောင့်
ကလေးကို တွဲခဲ့တယ်
စတွဲတဲ့ရက်မှာ တင် ကျွန်တော်က
အရာအားလုံး ဆောနာ နဲ့ တထပ်တည်းကျအောင်
လုပ်ခဲ့တယ်
ပထမက တော့ ဆောနာ များပြန်လာမလားဆိုတဲ့
အတွေးနဲ့ တွဲခဲ့ပေမယ့်
ဆောနာ က သူ့အဖေရဲ့ မွေးရပ်ဇာတိတရုတ်ကို
ထွက်သွားပြီး သူ့ကို အပြီးတိုင်ချန်ထားခဲ့တယ်
အဲ့အချိန်တုန်းက ဆောနာကို မမေ့သေးတာ
ကြောင့် ဘေးမှာ ရှိတဲ့ ဆောနူကို  ‌
တစနဲ့တစ ဆောနာ လို ဖြစ်အောင် လုပ်ခဲ့တယ်
ရိုးသားလွန်းတဲ့ကလေးငယ်က
ကျွန်တော့်သဘောအတိုင်း အရာအားလုံးကို
သဘောတူခဲ့တယ်
အချိန်ကြာလာတာနဲ့အမျှ ဆောနူ ‌အပေါ်
ကျွန်တော် စိတ်ရင်းအမှန်နဲ့ချစ်လာခဲ့တယ်

ဆက်တက်ကျနေတဲ့ မျက်ရည်တွေကို
သူ မသုတ်နိုင်တော့ဘူး
မင်းအပြစ်တွေ ဆောင်းဟွန်း မင်းအမှား
အားလုံး မင်းအမှား
တောင်းပန်ပါတယ် ကလေးရယ်
ကိုယ်မင်းကို နာကျင်အောင် လုပ်လိုက်မိပြီ
မင်းကိုတကယ်ချစ်ခဲ့တာတော့
ယုံပေးပါ
မနက်မိုးလင်းရင် ကလေးရဲ့မျက်နှာလေးကို
မမြင်ရဘဲ ထသွားရမယ့် နေရက်တွေ
ကလေးရဲ့ အသံဆာဆာလေးတွေ
ပါးဖို့ဖို့လေးတွေ
ကိုယ်ကြိုက်တက်တဲ့ ဟင်းတွေကို။
တကူးတက ချက်ပေးတဲ့အချိန်တွေ
ညတိုင်း အမြဲနားခိုခဲ့ရတဲ့ ရင်ခွင်ငယ်လေး
ဒါတွေ မရှိပဲ ကို ဘယ်လိုဖြတ်သန်းရမလဲ
မယုံနိုင်သေးဘူး
ကျေးဇူးပြပြီး ဒါတွေ အကုန်
အိမ်မက်ဖြစ်သွားပါစေ

ကလေးက ပြန်လာမှ သူ့ဆီ
ဟုတ်တယ် ကလေးပြန်လာမှာ
အခုက ခနစိတ်ဆိုးသွားတာ
ဟုတ်သားပဲ သူ ကိတ် ဝယ်လာတာ
သေချာလေးပြင်ထားရမယ်
အဲ့ဒါမှ ကလေးပြန်လာရင်
သူ့ကိုစိတ်ဆိုးပြေမှာ
သူ့ ကလေးက သူ့ကိုသိပ်ချစ်တာ
သူသိတာပေါ့

" မဟုတ်ဘူးးးး ကလေးကပြန်လာမှာ
ဟုတ်တယ်မလား!!? ဟုတ်တယ်မလား
ငါ့ ဆီ ပြန်လာမှာ!!!!! "
















" ဆောနူ မင်းအဲ့လိုပဲ နေတော့မှလား "

ကျွန်တော် ဆောင်းဟွန်း ဆီက ထွက်ပြေးလာတာ
ငါးလ ရှိပြီ
ခြေဆုံကန်ပြီးထွက်လာခဲ့တာကြောင့်
မိဘ အိမ်လည်း မျက်နှာပြောင်တက်
ပြန်မနေချင်ပါ
အဲ့ဒါကြောင့် အလယ်တန်းတည်း က
သူငယ်ချင်း ဖြစ်သူ ဂျောင်ဝန်းရဲ့
မွေးရပ်မြေကို ရောက်နေခြင်းပင်
မလွမ်းဘူးလား ဆိုတော့ လွမ်းတာပေါ့
စက္ကတိုင်းမှာ သူ့ကိုပဲ တန်းတနေမိတယ်
သို့သော် ရှေးလူကြီးတွေပြောခဲ့သလို
လွမ်းစရာရှိရင် နာစရာနဲ့ဖြေရမယ်မလား
ငိုမိပြန်ပြီ ပျော့ညံလိုက်တာ ကင်ဆောနူရယ်

" ဂျောင်ဝန်းး ငါ ငါ လေ လွမ်းတယ် "

" မငိုစမ်းပါနဲ့ ကွာ "

ဂျောင်းဝန်းက ကင်ချီနယ်နေတဲ့
လက်အိတ်ကို ချွတ်ကာ ကျွန်တော့်အား
ပွေ့ဖက်နှစ်သိမ့်သည်

" ငါ အချိန်တိုင်းလွမ်းနေတာ
ငါ ‌မကောင်းဘူးမလား ငါမပြတ်သားဘူးမလား "

" ဒီမှာ ဆောနူ မင်းလွမ်းလို့ရတယ်
မင်း ခံစားချက်ကို အရမ်း မထိန်းချုပ်နဲ့
အဲ့လို လုပ်ရင် ပိုဆိူးလိမ့်မယ်
မင်းလွမ်းတယ် မလား လွမ်းလိုက်
ငိုချင်တယ်မလား ငိုလိုက်
မင်းအနားမှာ ငါရှိတယ် "

" ကျေးဇူး ဂျောင်ဝန်း "

" ကျေးဇူးတင်ရင် ညနေကျ‌ရင်
ကင်ချီ ပိုနယ်ပေး "

ကျွန်တော်ငိုနေရင်းကနေ အနည်းငယ်ပြုံးမိတယ်
တော်ပါသေးရဲ့ သူ့မှာ ဂျောင်ဝန်းရှိနေလို့

















" သား မေမေ လာတယ် "

သူ့ရဲ့သားငယ်လေးဟာ ဝဋ်ကြွေးကြီးလိုက်တာ
ကိုယ့်ကို ချစ်တဲ့သူအပေါ် အပြစ်လုပ်မိလို့
ပြန်ခံစားနေရတာများလား
ဆောင်းဟွန်း ကို သေမင်းနှုတ်ခမ်းဝကနေ
ကယ်ထားတာ နှစ်ခါရှိပြီ
အဲ့နေ့ကသာ ငိုပြီးပြေးထွက်သွားတဲ့
ဆောနူ ကို စိတ်ပူပြီး မလိုက်သွားမိရင်
ဆောင်းဟွန်းရဲ့ အသက်ကို မှီလိုက်မှာမဟုတ်ဘူး
ငါးလ ရှိပြီ ထမင်းကောင်းကောင်း
မစား ဘယ်သူ့ကိုမှလည်း စကားမပြောပဲ
ဆောနူ ဆိုတဲ့ နံမည်လေးကို သာ
တသသ ခေါ်နေခဲ့တာ
သူမ လည်း တက်နိုင်သလောက်
ဆောနူလေးကိုရှာခဲ့‌ပေမယ့်
အပုန်းတော်တဲ့ သူကို ရှာဖို့ခက်တယ်လေ
တကယ်လို့များ ဆောနူကို တွေ့ခဲ့ရင်
သားကို ခွင့်လွှတ်ပေးဖို့
ဒီ အခြေအနေကနေ သား ကို ကယ်ပေးဖို့
သူမ ဒူးထောက်တောင်းဆိုရမယ် ဆိုရင် တောင်
လုပ်ဖို့ ဝန်မလေးပါ
ဆောနူ က ခွင့်မလွှတ်ဘူးဆိုလည်း
သူမ နားလည်ပါတယ် သားငယ်က မှားနေတဲ့သူလေ
သူမ လက်ခံရမှာပေါ့

အလင်းရောင်အနည်းငယ်သာ
ဖျာကျနေတဲ့ အခန်းရဲ့ ထောင်မှာ
ထိုင်နေတဲ့ ဆောင်းဟွန်း အား ကြည့်ကာ
တိတ်တဆိတ် မျက်ရည်ကျမိသည်
သားတို့ရဲ့ အချစ်စစ်သာမှန်ရင်
အရင်အချိန်တွေလို တစ်ခေါက်ပြ‌န်ရောက်ကြပါစေ

ပါးပြင်မှာ ကျနေတဲ့မျက်ရည်အား
လက်ဖမိုးဖြင့်သုတ်လိုက်ကာ

" သား ထမင်းစားရအောင်လေ "














‌သုံးလ ခန့်ကြာသော်

ဂျောင်ဝန်းတို့ မိသားစုက ကင်ချီ လုပ်ငန်းကို
ပိုပြီး တိုးချဲ့လာကြောင့်
မြို့က convenience တွေအထိပါ
အခုဆိုပို့နေရပြီ

သူလည်း အဲ့မှာပဲ အလုပ်လုပ်တယ် ဆိုပါတော့
အရာအားလုံး နေသားကျနေပါပြီ
နှလုံးသားနေရာက တောင်းဆိုနေတဲ့ အချက်
လေးက လွဲရင်ပေါ့

အခု မြို့ပေါ်တက်ပြီး
ကင်ချီ တွေကိုလိုက်ပို့နေတာ

ဆောနူ ကားနားမှာ ပို့ရင်း ရခဲ့တဲ့
ပိုက်ဆံတွေကို ရေတွက်နေ‌တုန်း
အရှေ့မှာလာရပ်တဲ့ ခြေတစ်စုံတော့
ကြည့်လိုက်တော့

" အမေ "

တချိန်က အမေ ခေါ်ခဲ့တဲ့ ထိုအမျိုးသမီး
မဟုတ်ဘူး အခု သူနဲ့ မဆိုင်မှာမဆိုင်တော့တာ

" ဟုတ်ပါ့မလား ဆိုပြီး
ဝေးကနေကြည့်နေတာ ဟုတ်နေတာပဲ
သား ဆောနူ "

သူ့ကိုတွေ့တာနဲ့ ငိုနေတဲ့ အမေအား ကြည့်ကာ
တစ်ချိန်က တော်ခဲ့ဖူးသံယောဇဉ်ကြောင့်
များလား မသိ သူဝမ်းနည်းတယ်

" သား ဆောနူ အမေပြောတာ သေချာနားထောင်ပေးပါ "

" ဆောင်းဟွန်းအကြောင်းဆို ကျွန်တော်
နားမထောင်ပါရစေနဲ့
ကျွန်တော့် ဘဝ က အခုမှ နေသားကျကာစပဲ
ရှိပါသေးတယ် အန်တီ "

" မဟုတ်ဘူး သားလေး
ဆောင်းဟွန်း လေး ရဲ့ အခြေအနေက ပုံမှန်
မဟုတ်တော့ဘူး ဟင့် "

လှည့်ပြန်ဖို့ လုပ်နေတဲ့
ခြေလှမ်းတွေဟာ ဘယ်လိုမှ ရှေ့မဆက်နိုင်
ပုံမုန်မဟုတ်ဘူး အဲ့တာဘာကိုပြောတာလဲ

" အန်တီ ဘာကို ဆိုလို.."

" သား ဆောင်းဟွန်းလေးကလေ သား
ထွက်သွားပြီး ကတည်းက
အခန်းပြင်လည်း မထွက်တော့ဘူး
ထမင်းလည်းကောင်းကောင်းမစားဘူး
သားချန်ခဲ့တဲ့ အကျီလေးတွေကို
ပိုက်ရင်း တချိန်လုံး ငိုနေတာ
တချိန်လုံး သားနံမည်ကိုပဲ ပြောနေတာ
အန်တီတကယ်ပြောတာ
သားက အခုထိ မသက်သာလာဘူး
ဆရာဝန်က ပြောတယ်
ဒါမျိုး ဆက်ဖြစ်နေမယ်ဆို
ကျန်းမာရေးထိခိုက်လိမ့်မယ်တဲ့
သားရယ် မျက်နှာပြောင်တိုက်တယ်ဆိုတာသိပေမယ့် ဆောင်းဟွန်းလေးကို တစ်ခါလောက်
ခွင့်လွှတ်ပေးလို့ မရဘူးလား
အန်တီ တောင်းပန်ပါတယ် ဟင့်
အမေတစ်ယောက်အနေနဲ့ ဆောင်းဟွန်း‌ေလးကို
ဒီလိုအခြေအနေနဲ့ မကြည့်ရက်တော့လို့ပါ ဟင့်
အန်တီပြောတာ မယုံဘူးဆိုရင်
သားရယ် တစ်ခါလောက် လာကြည့်ပါ "

" ခွင့်လွှတ်လိုက်ဖို့ဆိုတာ မလွယ်ဘူး
အန်တီ  ကျွန်တော့်ဘက်ကလည်း
ခံစားသင့်သ‌လောက် ခံစားခဲ့ရတာမို့
မဟုတ်ဘူး ခံစားနေရတုန်းပဲ
ပြီးတော့ ဘယ်လို ယုံကြည်မှု့နဲ့
ကျွန်တော်တို့က ရှေ့ဆက်ရမှာလဲ
သံသရ တွေနဲ့ ဆက်ချစ်နေကြမယ့်အစား
ဒီလို အခြေအနေက ပိုမကောင်းဘူးလား
ကျွန်တော်တို့ ဆက်ဆံရေးက
တစစ ကွဲသွားတဲ့ မှန်လိုပဲ
အရင်လို ပြန်မရနိုင်တော့ဘူး
အန်တီ ကို အားနာပေမယ့်
ကျွန်တော် သွားလိုက်ပါဦးမယ်
နောက်လည်း လမ်းမှာတွေ့ရင်
မသိချင်ယောင်ပဲ ဆောင်ပေးပါ
တောင်းဆိုတာ‌ပါ "

ချစ်ရတဲ့သူရဲ့ အခြေအနေတွေကို
ဒီထက်ပိုပြီး မကြားချင်တော့ဘူး
ဆောင်းဟွန်းရယ် မင်းကအရူးလား
ကိုယ့်ကိုကိုယ်ဂရုစိုက်မှပေါ့
















" အဲ့တော့ ဒီနေ့ မင်းက အဲ့အန်တီနဲ့ တွေ့ခဲ့တယ်ပေါ့ "

ဂျောင်ဝန်းအား
ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်သည်

" မင်း တစ်ခေါက်လောက်သွားတွေ့ကြည့်ပါလား
မင်းလည်းလွမ်းနေတာပဲလေ "

" ဒါပေမယ့် ... "

" မင်းတွေးနေတာ ငါသိတယ် ဆောနူ
ဒါပေမယ့် တချို့ ကိစ္စတွေက
ဒုတိယ အခွင့်အရေးဆိုတာ ပေးသင့်တယ်
ငါလည်း ပထမက မင်းကိူ အဲ့လူ တကယ်မချစ်ဘူး
ထင်နေတာ ဒါပေမယ့် ဒီလိုကြီး
ကြားရတော့ စိတ်မကောင်းဘူး
မင်းလည်း သွားချင်နေတယ်မလား
သွားတွေ့လိုက်ပါ ငါပြောတာ ယုံ "

ပြတင်ပေါက်ဘက်ကို မျက်နှာမူကာ
ဆောနူ နောက်ထပ် တစ်ခါ ထပ်တွေး
ရပြန်ပြီ









ပြန်ခြေမချဘူးလို့
သံထိပ်ထံ ချပြီးမှ နောက်တစ်ခါ ပြန်လာရတာ
အနည်းငယ်တော့ ရှက်ဖို့ကောင်းပါရဲ့
တချိန်က အိမ်လေး
ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေ
တူတူ မျှဝေခဲ့ကြတဲ့အိမ်လေးပေါ့
ဘေလ် မတီးပဲနဲ့ အိမ်ရှေ့မှ တွေတွေကြီး
ရပ်နေတာ တော်တော်ကြာပြီ
သူ တကယ်ပဲ ဒီလူကို နောက်တစ်ခေါက်
အခွင့်အရေး ထပ်ပေးရမှာလား




" တီးတောင် "

ဘေလ် တီးပြီးခနကြာတော့
တံခါးလာဖွင့်ပေးတဲ့ အန်တီ က
ကျွန်တော့်ကို မြင်တာနဲ့

" သားး သားတကယ်လာတယ်
ကျေးဇူးတင်ပါတယ် သား ရယ်
အန်တီတကယ်ကျေးဇူးတင်ပါတယ် "

လက်ကိုဆွဲကာ
ကျေးဇူးတင်စကားတွေ
ဆက်တိုက်ဆိုနေတဲ့ အန်တီအား
ကြည့်ကာ သနားမိသည်

" သူကော "

" ဆောင်းဟွန်းလေး က အပေါ်ထပ်မှာ "

အိမ်ထဲကို ဝင်တာနဲ့ အရင်နဲ့
မတူတဲ့ ခံစားချက်တွေ
တစ်ချိန်က ရင်းနီးနေခဲ့တဲ့
ပတ်ဝန်းကျင်ဖြစ်တာကြောင့်
အန်တီ ဦးဆောင် ခေါ်စရာ
မလိုပဲ သူဟာ ဆောင်းဟွန်းရဲ့
အခန်းကို ဦးတည်လာခဲ့တယ်

" ဝင်သွားလိုက်ပါ သား
ဆောင်းဟွန်းလေး စောင့်နေမှာ "

သက်ပြင်းအနည်းငယ် ချကာ
တံခါးအားဖွင့်လိုက်တော့

အဖြူရောင်အခန်းဟာ
အခု ခရမ်း‌နုရောင် အရောင်များနှင့်
ပြည့်နှက်နေတယ်
ပန်းအိုးထဲမှာ ထည့်ထားတာ
လန်းနေသေးတဲ့ ဂျုလစ် ပန်းငယ်

လှိုက်တက်လာတဲ့ ဝမ်နည်းခြင်းကြောင့်
မျက်ရည် ဆိုတာ တံခါးမရှိဓားမရှိ
ကျနေမိတယ်
ကျွန်တော်ဟာ တကယ်ပဲ ရက်စက်တဲ့သူ
တစ်ယောက်ဖြစ်နေပြီလား

နှစ်လှမ်း သုံးလှမ်းလောက် လှမ်းလိုက်တော့
ကုတင်ဘေးက ကြမ်းပြင်မှာ ထိုင်ကာ
ပြတင်းပေါက်အား ငေးကြည့်နေတဲ့
ဆောင်းဟွန်း တစ်ချိန်က ကျွန်တော့ရဲ့ခင်ပွန်းသည်

ပိန်သွားလိုက်တာ
ချောင်ကျသွားတဲ့မျက်နှာ
အကြိမ်ကြိမ် တင်းထားခဲ့တဲ့ မာန တွေ
ဟာ ဆောင်းဟွန်းရဲ့ပုံ မြင်တာနဲ့
အားလုံး ခဝါချ ။

ဘေးအား ပြေးသွားပြီး

" ကိုကို ကျွန်တော် လာတယ်လေ ဟင့် "

ပြတင်းပေါက်ကို စိုက်ကြည့်နေတဲ့
မျက်ဝန်းသေ တွေက ကျွန်တော်ဘက်လှည့်မလာ

" ကိုကို ဟင့် ကျွန်တော်ခေါ်နေတယ်လေ "

" တကယ် တကယ် ဆောနူလား "

အားနည်းနေတဲ့ အသံလေးက
ကျွန်တော့်နှလုံးသားကို ကိုင်လှုပ်နေတယ်
နာကျင်ရတယ်
ကိုယ်ချစ်ရတဲ့သူက
ကိုယ်ကြောင့် ဒီအခြေအနေကိုရောက်‌ေနတယ်
ဆိုတဲ့ အသိကြောင့် နာကျင်ရတယ်

" ကိုကို တကယ် ကျွန်တော် ပါ "

" ကလေး ကို‌ယ်လေ ကိုယ်လေ မင်းကို
တကယ်ချစ်ခဲ့တာပါ ကွာ
အရောင် ဟုတ်တယ် အရောင်လေးတွေ
‌ပြောင်း ထားတယ်
ဗီဒို ထဲမှာ လေ ကလေးကြိုက်တဲ့
အကျီတွေ အကုန် အမေကို
ဝယ်ခိုင်းထားတာ
ပြီးတော့  ဟုတ်တယ်
ဒီ မှ ဒီမှာကြည့်ပါဦး ဂျုလစ် ပန်းလေးလေ
ကိုကို ဝယ်ထားခိုင်းတာ
ပြီးတေယ့ ကလေး ဟို‌ "

" တော်ပါတော့ !!!!
ကိုကိုရယ် စိတ်ကိုထိန်းပါ
ကျွန်တော်ပြောတာ ‌နားထောင်နော်
စိတ်ထိန်းပါ ကိုကိုရယ် ဟင့် "

ဆောနူ ကိုကို့အား တင်းကြပ်အောင်
ဖက်ထားလိုက်သည်
ကျောပြင်အား ဖက်တွယ်လာပြီး
ရင်ဖက်တစ်နေရာ ဟာ စိုစိစိ
ဖြစ်လာတာကြောင့် ကိုကို ငိုနေတာ
ကျွန်တော်သိလိုက်တယ်

" ကိုကို မင်းကို တစ်ကယ်ချစ်တာပါ
ကလေးရယ် "

" ကျွန်တော် ယုံတယ်
ကိုကို က အားရှိအောင် အစားတွေ
အများကြီးစားရမယ်
အားလုံး ပုံမှန်ဖြစ်အောင်ပြန်လုပ်ရမယ်နော် "

" ထပ်ထွက်သွားဦးမှာ မို့လိူ့
မှာနေတာလား "

ရင်ခွင်ထဲမှ ခေါင်းလေး‌ထုတ်ကာ
မော့ကြည့်တဲ့ဆောင်းဟွန်း

သူကိုယ်တိုင်လည်း မျက်ရည်တွေဟာ
ပါးပြင်တစ်ခုလုံးစိုရွှဲလို့

" ကျွန်တော် တသက်လုံး ထွက်မသွား‌ေတာ့ဘူး
ကိုကို့ အနားမှာပဲ နေတော့မှာ "

" တကယ် တကယ်လား "

" အွင်းး တကယ် "

" စိတ်မဆိုးရဘူးနော် ကိုကို တစ်ခုပြောလို့ရလား "

" ဟုတ် "

" ကွာရှင်းစာချုပ်မှာ လက်မှတ်မထိုးရသေးဘူး
အဲ့လိုလုပ်လို့ စိတ်မဆိုးပါနဲ့‌
ကိုကို မင်းကို မစွန့်လွှတ်နိုင်လို့ပါ "

" ကိုကိုရယ် "

ဆောနူ ဘာစကားမှပင်ဆက်မပြောနိုင်တော့ပဲ
ဆောင်းဟွန်းအား ရင်ခွင်ထဲ တစ်ခါ ပြန်ထည့်ထားလိုက်သည်

" ချစ်တယ် ကလေး
မင်းဆိုတဲ့ဖြစ်တည်မှု့လေးကို
အဖြူစင်ဆုံးချစ်တာမို့ ကိုယ့်ကို ယုံပေးပါ "

" ကျွန်တော်လည်း ကိုကို့ ကို ချစ်တယ် "

















၅ နှစ်ခန့်ကြာသော်

















အခမ်းနားဆုံးပြင်ထားတဲ့
အဖြူရောင် မဂ်လာဆောင်ခန်းမ ကြီးထဲ

" ဟွန်းနူ ပါးပါးပြောထားတယ်လေ
လျှောက်မပြေးရဘူး လို့ "

‌ကောဇောခင်းနဲ့ ခလုပ်တိုက်ကာ
ချောလဲ သွားတဲ့
ဖြူဖြူ‌လုံးလုံး ချစ်စရာ‌ကလေးလေးအား
ဆူနေခြင်းပင်

ဟွန်းနူ အား အသာလေးထူပြီး
ပွစိပွစိ ပြောနေတဲ့ ဆောနူရဲ့
နောက်က ထွက်လာတဲ့ နူးညံတဲ့လေသံ

" ကလေးရယ် သားသားကို အရမ်းမဆူပါနဲ့ "

" ကိုကို အဲ့လို အရမ်းအလိုလိုက် လို့
ဟွန်းနူ က ကျွန်တော့် စကားဆိုနားမထောင်ဘူး
တကယ်ပဲ ဟွန့် နှစ်ယောက်လုံးနေခဲ့ကြ "

နှုတ်ခမ်းအား ဆူကာ
အရှေ့က ထွက်သွားရဲ့ ကလေးဆိုးလေးအား
ကြည့်ကာ ရီလိုက်ပြီး
ဟွန်းနူ အား ချီလိုက်သည်

" ဒယ်ဒီ ပါးပါး ချိတ်ကောက်
ဝါး တာလား "

" ဟုတ်တယ် နူးလေးရဲ့ ပါးပါး
စိတ်ကောက်သွားတာ "

" ဒါချို ဒယ်ဒီ က အားဝါးးတွေ
အများကြီး ပေးပြီး ချော့ရမှာပေါ့ ညော် "

" ဟဟ ဟုတ်တာပေါ့ အတက်လေး ရဲ့ "



ကိုကို နဲ့ အရားအားလုံး အဆင်ပြေပြီး
နှစ်နှစ်အကြာမှာ ဂေဟာ က ကလေးလေး
တစ်ယောက်ကို မွေးစားခဲ့တယ်
ဟွန်းနူ လေးက ဆောင်းဟွန်းနဲ့ကျွန်တော်နဲ့
သိပ်တူတာ
မျက်နှာ မှာ မှဲ့လေးလည်းပါတယ်လ
ရီလိုက်ရင်လည်း ပါးဖောင်းဖောင်းလေး
အခု ဂျောင်ဝန်းရဲ့ မဂ်လာပွဲကိုရောက်နေတာ
ဖူးစာ ဆိုတာ နည်းနည်းထူးဆန်းတယ်ဗျ
ဂျောင်ဝန်းက ကင်ချီလာမို့ရင်း
ဆိုးလ်ရောက်ရင်
ကျွန်တော့်အိမ်ဝင်လေ့ရှိတယ်
အဲ့တာကိုမြင်ပါများ ထင်ပါတယ်
အိမ်ဘေးက ဂျေးဆိုတဲ့ အမေရိကား
က ပြောင်းလာတဲ့ သူ က ကြိုက်တော်မူတယ်
ဂျောင်ဝန်းတစ်ယောက် အမေရိကားထိ
ကင်ချီ ဖြန့်တော့မယ် ထင်ပါတယ်
ဟား ဟား

" ကိုယ်တို့ တုန်း က ပန်းက ပိုကြီးတယ် နော် "

ဆောင်းဟွန်း ရဲ့ ‌ဗိုက်‌ အား ဖွဖွ လိမ်ဆွဲလိုက်ပြီး

" အ အ နာတယ် အိုကေ" မပြောတော့ဘူး "

သွားဖြီးကာ အချောသပ်နေတဲ့ ကိုကို့ကို
မျက်စောင်း ထိုးရင်း ပေါင်ပေါ်က
သားလေးအား ဖက်ထားလိုက်သည်

သတို့သား နှစ်ဦး အကြင်နာပေးနေတဲ့ အချိန်
လာစိုက်ကြည့်တဲ့ကိုကိုကြောင့်
သူများ လက်ဖျားတွေပါအေးလာသည်

" ကလေး ကိုကို မင်းကို သိပ်ချစ်တယ်
အရင်ကလည်း ချစ်တယ်
အခုလည်း ချစ်တယ်
နောင်လည်း ချစ်သွားမှာ အမြဲတမ်း "

" ကျွန်တော်လည်း ကိုကို့ ကို အရမ်းချစ်တယ် "








- The End -

Night blooming jasmine
ကို ပစ်ပြီး short တွေ
ချည်းရေးနေတာ စိတ်မဆိုးပါနဲ့
Mood ဝင်နေလို့ပါ

Thank you for giving your precious time ❤️




Continue Reading

You'll Also Like

19.7K 2.2K 25
Enhypen ရဲ့ တစ်နေ့တာတွေထဲက Jaywon crumbs လေးတွေကို imaginary သက်သက် plot လေးတွေနဲ့ အပိုင်းတိုတစ်ခန်းရပ်လေးတွေရေးသွားမှာဖြစ်ပါတယ်
1.3M 58.2K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
9.2K 757 27
ချစ်ခြင်းတရားအစပြုရာနေရာသည်တိမ်စိုင်နှင့်ဆင်တူသော ဂျယ်ယွန်းသာဖြစ်ပါကြောင်း။ - ပတ်ဂျေး JayJake Fanfiction (Unicode,Zawgyi)
2.7K 291 22
ပတ်ဂျေးချစ်တဲ့ပါးချိုင့်ကောင်လေးက ဂျစ်တူး၊ရစ်စိန်၊ ဖိုးကောက်၊ ငဆိုးလေး။