๐–ฃ๐—‚๐—†๐—‰๐—…๐–พ'๐—Œ @๐—๐—ฎ๐˜†๐˜„๐—ผ๐—ป

By Harorihi__

3.4K 453 57

๐–ถ๐—๐–พ๐—‹๐–พ ๐–บ๐—‹๐–พ ๐–ณ๐—๐–พ ๐– ๐–ฝ๐–ฝ๐—‚๐–ผ๐—๐—‚๐—ˆ๐—‡๐—Œ ๐—Œ๐—๐–บ๐—‹๐—? ๐–ถ๐—‚๐—Œ๐—๐—Œ ๐—๐—๐–บ๐— ๐–ณ๐—๐–พ ๐–ฆ๐—ˆ๐–ฝ ๐—‡๐–พ๐—€๐—…๐–พ๐–ผ๐—๐–พ๏ฟฝ... More

๐Ž๐ก, ๐‰๐ž๐ฌ๐ฎ๐ฌ !
๐๐จ๐ญ ๐€๐ง ๐€๐๐๐ข๐œ๐ญ๐ข๐จ๐ง , ๐€ ๐‹๐จ๐ฏ๐ž

๐–๐ก๐ž๐ซ๐ž ๐š๐ซ๐ž ๐ญ๐ก๐ž ๐€๐๐๐ข๐œ๐ญ๐ข๐จ๐ง๐ฌ ๐’๐ญ๐š๐ซ๐ญ?

1.9K 167 15
By Harorihi__

➪ 𝐓𝐡𝐞𝐬𝐞 𝐃𝐢𝐦𝐩𝐥𝐞𝐬 𝐀𝐫𝐞 𝐌𝐨𝐫𝐞 𝐀𝐝𝐝𝐢𝐜𝐭𝐞𝐝 𝐓𝐡𝐚𝐧 𝐓𝐡𝐞 𝐀𝐮𝐫𝐨𝐫𝐚𝐬.

• •

- UNICODE -

" မင်္ဂလာပါ သခင်လေး။ ကျွန်တော်က ဒီစံအိမ်တော်ကြီးရဲ့အိမ်ထိန်း ဂျိမ်းစ်ဝါ့ကာ ဖြစ်ပါတယ်။ "

လေးဆယ်ကျော်လို့ ငါးဆယ်နားကပ်နေပြီဖြစ်ပေမဲ့ ကြည့်ကောင်းလှသော ရုပ်ရည်ကို သူ၏အိုမင်းခြင်းအနည်းငယ်က တားဆီးနိုင်သည့်ပုံမပေါ်။ ပြုံးလိုက်တိုင်း ညာဘက်၌ ထင်းရင်းစွာ ပေါ်ထွက်လာသော ပါးချိုင့်ရှည်က တည်ကြည်ခြင်း၏ပြယုဂ်တစ်ခုလို။

" အိုဂျေး "

သူတို့သိပြီးသား အမည်နာမ။ ဖော်ရွေခြင်း ကင်းမဲ့ကြောင်း သတင်းသဲ့သဲ့ကြားထားကြပေမဲ့ လက်တွေ့ဆုံလိုက်ရမှ ယုံသွားကြတော့သည်။ အမည်အား ယတိပြတ် ပြောကာ မည်သည့်နှုတ်ဆက်စကားမှ ဆိုမနေတော့ဘဲ စံအိမ်တော်ထဲသို့ ဝင်သွားတဲ့ ဆယ်ကျော်သက် သခင်လေးက အရှိန်အဝါတွေတော့ မသေးပေ။

ခံစားချက် မရှိသလို ဟန်ဆောင်နေတဲ့ မျက်ဝန်းတွေထဲ၌ ကြောက်စိတ်တွေနဲ့ ဝမ်းနည်းစိတ်တွေကို အရှင်းသား မြင်နေရသည်။ အို ... ဘယ်အရာတွေကများ တောက်ပနေတဲ့ မျက်ဝန်းတစ်စုံကို ဤသို့ဖြစ်အောင် လုပ်ထားတာပါလိမ့်။ ဘုရားသခင် ပြောပြတော်မူပါ။

~°~°~

" လူကာ ! "

" လာပါပြီ ! "

" သခင်လေးက သွားမခေါ်သေးဘူးလား ? ညစာစားချိန်ရောက်ပြီလေ။ "

လူကာက ဆီမလိမ်းထားတာကြောင့် ခြောက်သွေ့ပြီး စုတ်ဖွာနေတဲ့ သူ့ဆံပင်တွေကို တဗြင်းဗြင်းကုပ်လျက် မှုန်ကုပ်နေသည့် မျက်နှာအမူအရာဖြင့် ပြန်ဖြေလာသည်။

" လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်ကတည်းက ဆက်တိုက်ခေါ်နေပေမဲ့ ဘာမှပြန်မပြောပါဘူး မစ္စတာဝါ့ကာ။ "

" ဟုတ်ပြီ၊ ငါသွားလိုက်မယ်။ "

လူကာကတော့ သူ့တာဝန်ကင်းသွားတာကြောင့် သက်ပြင်း ခပ်သဲ့သဲ့ချသည်။ နှစ်အနည်းငယ်ကျော်ကြာမှ သခင်ကြီးကိုယ်တိုင် ပစ်ထားခဲ့တဲ့ သည်စံအိမ်တော်သို့ ခြေချလာတဲ့ သခင်လေးဟာ မောက်မာနေတာလား။ စကားလည်း တစ်ခွန်းပြည့်အောင် မပြောသလို အခန်းထဲကလည်း မထွက်။ သခင်ကြီးရဲ့နောက်အိမ်ထောင်ကြောင့်လို့ သတင်းတွေ ထွက်လာပေမဲ့လည်း သူတို့ မသိသလို မေးလည်းမမေးရဲကြ။ အိမ်တော်ထိန်းကြီးက မဆိုင်တဲ့ ကိစ္စကို စပ်စုခြင်း ခွင့်မပြုထားဘူးလေ။

~°~°~

" ကျွန်တော်ပါ သခင်လေး။ ညစာစားဖို့အတွက် အဆင်သင့် ဖြစ်နေပါပြီဆိုတဲ့အကြောင်း လာပြောတာပါ။ "

တံခါးကို သုံးချက်ဆင့်ခေါက်ကာ ပြောလိုက်သော်လည်း အထဲမှ အသံပြန်လာခြင်း မရှိပေ။ လူမရှိတဲ့ အခန်းလိုမျိုး အပ်ကျသံတောင် မကြားရ။

" သခင်လေး သခင်လေး "

ဘယ်လောက် ခေါ်နေပါစေ။ လုံးဝ ပြန်သံမလာတာကြောင့် နောက်ဆုံးနည်းလမ်းဖြစ်တဲ့ သော့အပိုတစ်ချောင်းကို အိတ်ကပ်ထဲမှ ထုတ်လိုက်မိသည်။ စည်းကျော်တယ်ဆိုပြီး အပြစ်ပေးချင်လည်း ပေးပါစေ။ သခင်လေးကို မမြင်ရမချင်း စိတ်အေးနိုင်မှာမဟုတ်ဘူး။

" သခင်လေး "

မထင်မှတ်ထားတဲ့ မြင်ကွင်းကြောင့် ပြောစရာစကားတို့က ပျောက်ရှသွားရသည်။ တံခါးဖွင့်လိုက်တဲ့အခါ သည်လို မြင်တွေ့ရမယ်လို့ မထင်မိခဲ့ပါ။ အခန်းမီးကို အမှောင်ချပြီး နံရံမှာ ကုပ်ကုပ်လေး ထိုင်နေတဲ့ သခင်လေးရယ်။ ဝမ်းနည်းကြေကွဲနေတာတောင်မှ ဘာကြောင့် လူသိမခံချင်ရတာလဲ။

" သခင်လေးရယ် "

ဒူးနှစ်ဖက်ကြား ငိုက်စိုက်ချထားတဲ့ မျက်နှာလေးက တဖြည်းဖြည်း မော့လာတော့ ကြေကွဲနေတဲ့ မျက်လုံးလေးတွေက သနားစရာအတိ။

အိုကွယ် ~

" ကျွန်တော် ဒီကို ဘာလို့နောက်တစ်ကြိမ် ပြန်လာရတယ်ဆိုတာ သိတယ်မလား။ "

" သိပါတယ်၊ သခင်လေး။ "

ကွဲအက်နေတဲ့ အသံတို့က ဘယ်လောက်ထိ ပြိုလဲခြင်းကို မဖုံးနိုင်။ ဆယ်ကျော်သက် ကလေးရယ် ကြေကွဲပူဆွေးခြင်းတွေက ဤလူသားနဲ့မထိုက်တန်ပါဘူး။ အပြစ်တင်လို့လည်း မရပါဘူး။

" ညစာစားလို့ရပါပြီ သခင်လေး။ ညစာတော့ လာစားလိုက်ပါ။ "

" တစ်ညလောက် မစားလို့ သေမသွားပါဘူး။ ရင်ဘတ်ထဲကလည်း သေလောက်အောင် မနာကျင်ရပါဘူး။ "

ပြောချင်ရာပြောပြီးနောက် ခြောက်ကပ်စွာ ပေါ်ထွက်လာတဲ့ ရယ်သံ။ လူပျိုဖြစ်ခါစမို့ အသံသြသြရှရှက နားထောင်ကောင်းနေပေမဲ့ ဝမ်းနည်းပူဆွေးမှုတို့ကို အရှင်းသား ကြားနေရတာကြောင့် ကြားရသူအဖို့ပါ နာကျင်မိသည်။

~°~°~

" မြောက်ဘက်ပိုင်းစွန်းစွန်းက * ဘလဒ်ကာ့စ် *ဆီ မသွားဖို့တော့ မေတ္တာရပ်ခံပါရစေ သခင်လေး။ "

ထုံးစံအတိုင်း တုံ့ပြန်ခြင်း မရှိတဲ့ သခင်လေးက လက်စွဲတော် မိုက်ကီနဲ့အတူ ထွက်သွားသည်။ * ဘလဒ်ကာ့ *ဆီသို့ လက်တည့်စမ်းပြီး မသွားမိဖို့ပဲ ဆုတောင်းရမည်။ မလိုလားအပ်တဲ့ ကိစ္စတွေကို မဖြစ်စေလိုပါ။

" သခင်လေးက ငယ်ငယ်က ဒီလိုမဟုတ်ပါဘူး။ လူဆိုတာ အဲ့လိုပြောင်းလဲတတ်တာပဲလား။ "

တွေးတွေးဆဆဖြင့် ပြောလာတဲ့ မာရီ့ကို တစ်ချက်ကြည့်ပေးလိုက်တော့ ဆက်မပြောတော့ဘဲ ထွက်သွားသည်။

တကယ်တော့ မာရီပြောတာလည်း ငြင်းစရာမရှိ။ စံအိမ်တော်က ထွက်မသွားခင်အထိ သခင်လေးကို သူနဲ့မာရီက စောင့်ရှောက်ပေးခဲ့ရတာ။ နှစ်အတော်ကြာမှ တစ်ယောက်တည်း သည်နေရာသို့ ပြန်ရောက်လာခဲ့တဲ့ သခင်လေးက ကလေးဘဝတုန်းကနဲ့ လုံးဝ ပြောင်းလဲသွားတာကြောင့် သူတောင် အနည်းငယ် အံ့သြမိခဲ့ရသည် မဟုတ်လား။

မည်သို့ပင်ဖြစ်စေကာမူ သူတို့လိုလူတွေက မိမိသခင်တို့၏အကြောင်းကို အထင်အမြင်ဖြင့် မဝေဖန်သင့်ပါ။ အသေအချာ မသိပါဘဲ အထင်မစောသင့်ပါ။ နားစွန်နားဖျား ကြားထားရတဲ့ သတင်းတွေက ကောလဟာလတွေ မဟုတ်ဘဲ အမှန်တွေလို့လည်း မဆိုချင်ပါ။ သခင်လေးရဲ့စိတ်ကို သိတာမို့။ သခင်လေးကို ယုံကြည်တာမို့။

~°~°~

" ပျင်းစရာကြီးနော် မိုက်ကီ "

" ဝုတ် ! "

" ဟုတ်ပါပြီ၊ မင်းကြောင့် မပျင်းတော့ပါဘူး။ "

မိုက်ကီက သူ့ခေါင်းကို ရင်ဘတ်ဆီ တိုးဝှေ့လာတာကြောင့် စိတ်တိုင်းကျ ပွတ်သပ်ပေးလိုက်တော့ ဇိမ်ခံနေလေ၏။ တော်တော်အားကိုးရတဲ့ကောင်ကြီး။

" * ဘလဒ်ကာ့စ် *ဆိုတာ ဘာမလို့လဲ။ ဘာလို့ မသွားခိုင်းတာလဲ။ "

" ဝုတ် ! "

" ငါမသိလို့ မင်းကို မေးတာလေ။ မင်းလည်း မသိဘူးဆိုတော့ ကောင်းတာပေါ့။ "

မိုက်ကီက ထပ်ပြီး ဝုတ်မနေတော့ဘဲ တခြားဘက်သို့ လှည့်သွားသည်။ သူ့အတွေးတွေကလည်း တခြားစီသို့ ရောက်သွားတာကြောင့် ဖြစ်မည်။ မိုက်ကီက လွမ်းနေတာပဲ။ သူ့သခင်ကြီးကို လွမ်းနေတာ။ ထုတ်မပြောပေမဲ့၊ လွမ်းတဲ့ပုံ မပြပေမဲ့ မိုက်ကီ လွမ်းနေမှန်း သိသည်။ အင်းလေ၊ သူ့ထက်တောင် နှစ်ပေါင်းများစွာ အတူနေလာခဲ့တာပဲလေ။

" အဖေ့ကို လွမ်းနေတာလား မိုက်ကီ ? "

" ဝုတ် ! "

" အေးပါကွာ၊ ငါလည်း လွမ်းတယ်။ ဒါပေမဲ့ ငါတို့ပြန်လို့မဖြစ်ဘူး။ မင်းသိတယ်မလား။ ငါ မင်းကို လိုအပ်တယ်။ အဖေ့မှာ တခြားလူရှိနေပေမဲ့ ငါ့မှာက မင်းပဲရှိတာလေ မိုက်ကီရယ်။ "

မိုက်ကီက သူ့မျက်နှာကို လာလျက်သည်။ ထို့နောက် ပြုံးနေတဲ့ အိုဂျေး၏နဖူးကို သူ့နဖူးဖြင့် ကပ်ထားလေ၏။ ဝမ်းနည်းနေတဲ့ သခင့်ကို နှစ်သိမ့်ပေးနေတဲ့ အလိမ္မာလေး။

" ဆက်သွားကြရအောင်။ မရောက်တာလည်း ကြာတော့ ဘာတွေများ ပြောင်းလဲသွားလဲဆိုတာ လျှောက်ကြည့်ကြရအောင်။ "

" ဝုတ် ! "

~°~°~

" အော်ရိုရာတွေ သွားကြည့်ချင်သေးလား ? "

" တော်ပါပြီဟာ။ မနေ့ကတောင် လမ်းပျောက်သွားလို့ ငါနဲ့အယ်လီ ငိုတောင်ငိုမိတယ်။ ဒီလမ်းတွေက ကလေးဘဝကတည်းက သွားနေတာကို ဘယ်လိုဖြစ်လို့ မနေ့ကမှ ထူးထူးဆန်းဆန်း လမ်းပျောက်ကြတာလဲဆိုတာ မသိတော့ဘူး။ "

ကလေးနှစ်ယောက်ရဲ့စကားကြောင့် သူ့ခြေလှမ်းတို့က အရှေ့သို့ ဆက်မလျှောက်ဘဲ ရပ်လိုက်မိသည်။ တခြားကြောင့်တော့မဟုတ်။ အော်ရိုရာဆိုတဲ့ စကားလုံးကြောင့်သာ။

" ငါ့စိတ်ထင်လေ * ဘလဒ်ကာ့စ် *က အစွမ်းပြပြန်ပြီထင်တယ်။ "

" မဟုတ်တရုတ်တွေပြောပြန်ပြီ ! လူတွေကလေ သူ့ဘာသာနေတဲ့ * ဘလဒ်ကာ့စ် *ကို တော်တော်အပြစ်တင်ချင်နေကြတာပဲ။ ငါနဲ့အယ်လီ လမ်းပျောက်မလိုဖြစ်တာက သူ့ကြောင့် မဟုတ်ဘူးဆိုတာ ငါယုံတယ်။ "

ကောင်ကလေး၏စကားကို ခပ်စွာစွာ ငြင်းဆိုလာတဲ့ ကောင်မလေး။ * ဘလဒ်ကာ့စ် *က ဘာလဲ။ ဘာကြောင့် ခဏခဏ ကြားနေရတာလဲ။ လူတွေ ပါးစပ်ဖျားကြား ရေပန်းစားနေတဲ့ * ဘလဒ်ကာ့စ် *က လူလား။ ဘာလဲ။ ဒါပေမဲ့ သူ့စိတ်ထဲ ထို * ဘလဒ်ကာ့စ် * အကြောင်း မရှိ။ သူသိချင်တာက တခြားတစ်ခုပင်။

" ကောင်လေး "

အနားသို့ တိုးကပ်သွားကာ ခေါ်လိုက်တော့ ကလေးနှစ်ယောက်က အလန့်တကြားဖြင့် အနောက်ဆုတ်သွားသည်။

" မကြောက်ပါနဲ့။ မင်းတို့ကို ဘာမှမလုပ်ပါဘူး။ "

" မကြောက်ပါဘူး။ သခင်လေးကို မြင်လိုက်ရလို့ အံ့သြသွားလို့ပါ။ "

ကောင်မလေးက ဝင်ပြောတော့ ဂျေးရဲ့မျက်ခုံးတွေ ပင့်မိသွားသည်။ လက်နှစ်ဖက်ကို နောက်ပစ်လိုက်ပြီး ...

" သခင်လေးမှန်း ဘယ်လိုသိလဲပြောပါဦး။ "

" ဒီလို အဝတ်အစားကောင်းတွေနဲ့ရုပ်ရည်မျိုးက သခင်လေးဆိုတာ သက်သေပြနေတာပဲလေ။ မယုံမရှိပါနဲ့။ အပြောအဆိုကို နားထောင်လိုက်တာနဲ့တင် မျိုးရိုးကြီးကြီးကမှန်း သိတဲ့သူမို့ပါ။ "

အနောက်ကနေ ခပ်စိမ်းစိမ်း ကြည့်နေတဲ့ ကောင်လေးနဲ့ ဆန့်ကျင်စွာ စကားတတ်လှသော ကောင်မလေးကြောင့် ဒုတိမ္ပိ မျက်ခုံးပင့်လိုက်မိပြန်သည်။ ငယ်ပေမဲ့ မခေတဲ့ ကလေးမလေးပဲ။

" ဟုတ်ပါပြီ။ အစ်ကို့ကို တစ်ခုပြောပြပေးလို့ရမလား။ "

စံအိမ်တော်က လူတွေမြင်ပါက သူတို့သခင်လေး ဟုတ်ပါရဲ့လားလို့ တွေးမိကြနိုင်သည်။ သြသြရှရှ အသံက နူးညံ့လွန်းနေပြီး အကြည့်တွေကလည်း အသက်မဲ့မနေပေ။ သခင်လေးကပဲ မျက်နှာအမျိုးမျိုးကို ပိုင်ဆိုင်ထားတာလား။ လူတွေကပဲ တုံးအပြီး ဝေဖန်တတ်လွန်းတာလား။

" ဘာအကြောင်းလဲရှင့် ? "

" အော်ရိုရာတွေက ဘယ်နားမှာရှိတာလဲ။ အစ်ကိုက ဒီကိုရောက်တာ ရက်ပိုင်းပဲရှိသေးတော့ မသိလို့လေ။ ကူညီပြောပြပေးပါဦး။ "

ဂျေးရဲ့ချစ်စရာကောင်းသော အကြည့်တွေကို ကောင်မလေး လွန်ဆန်နိုင်မည်မထင်ပါ။

" ဒီကနေဆို သွားရတာ ဝေးလိမ့်မယ်။ လမ်းမမှားအောင်တော့ မြေပုံလေး ပေးလိုက်မယ်။ တခြားနိုင်ငံက ခရီးသွားတွေတောင်မှ ဟောဒီ မြေပုံသာ ပါသွားရင် အော်ရိုရာတွေဆီသွားဖို့ လမ်းညွှန်တောင် မလိုတော့ဘူး။ "

" ကျေးဇူးပါ၊ ကောင်မလေးလှလှလေးရေ။ "

ခေါင်းလေးကို ဖွဖွယယလေး ပုတ်လိုက်တော့ မညီမညာဖြစ်နေတဲ့ သွားလေးတွေ ပေါ်သည်အထိ ရယ်လာသည့် ကလေးမလေး။ ဆံပင်နီညိုရောင် ကောက်ကောက်လေးတွေက သူ(မ)နဲ့ပနံသင့်စွာ။ အနောက်က မျက်လုံးအပြာရောင်နဲ့ကောင်လေးကတော့ ဂျေးတို့ကို နှာခေါင်းရှုံ့လျက်သာ မိုက်တိမိုက်ကန်း အနေအထားဖြင့် အကဲခတ်နေ၏။

" တစ်ခုတော့ မှတ်ထားပါ။ အော်ရိုရာတွေက သူတို့ပေါ်ချင်တဲ့အချိန်မှ ပေါ်လာကြတာပါ။ ဒီနေ့ သွားစောင့်နေပေမဲ့လည်း မြင်ရဖို့ကို အာမ,မခံနိုင်ပါဘူးနော်။ ညဉ့်နက်ပိုင်း မရောက်လာဘဲ အာရုဏ်ဦးမှ ရောက်လာတာမျိုးလည်း ရှိသလို ရောက်လာချင်မှလည်း ရောက်လာမှာပါ။ "

တစ်ချိန်လုံး ငြိမ်နေတဲ့ကောင်လေးက ဝင်ပြောတော့ ဂျေး ခေါင်းသာညိတ်ပြလိုက်သည်။ ဘာကြောင့်မှန်းမသိ အော်ရိုရာတွေနဲ့ တွေ့ဆုံရမယ်လို့ ယုံကြည်မိနေသည်။ ကံတရားပေါ့လေ။ အခုတစ်ခေါက် မတွေ့တော့လည်း နောက်တစ်ခေါက်ပေါ့။

" ကူညီပေးတဲ့အတွက် လက်ဆောင် "

ပါလာတဲ့ မုန့်အချို့ကို ပေးလိုက်တော့ ကောင်မလေးသာမက ကောင်လေးရဲ့မျက်လုံးအပြာလေးတွေကပါ အရောင်တောက်လာသည်။ လက်တွေကို နွမ်းဟောင်းနေတဲ့ အင်္ကျီအနားစနဲ့သုတ်ကာ ပေးလိုက်သည့် တန်ဖိုးကြီး မုန့်တွေကို လက်ခံလာကြသည်။

" ကျေးဇူးတင်ပါတယ် သခင်လေး။ "

" ကျေးဇူးတင်ပါတယ်။ "

ရှေ့ဆင့်နောက်ဆင့် ဆိုလာကြတဲ့ ကျေးဇူးစကားတွေကို အပြုံးလှလှဖြင့် တုံ့ပြန်လိုက်ပြီးနောက် မိုက်ကီနဲ့အတူ အော်ရိုရာတွေ အလည်ရောက်လာမည့် နေရာဆီသို့ ဦးတည်လိုက်မိသည်။ မမြင်ရတာကြာပြီဖြစ်တဲ့ အော်ရိုရာတွေဆီ တတ်နိုင်သလောက် မြန်မြန်ရောက်ချင်လှပြီ။

" ဟိုသခင်လေး !
* ဘလဒ်ကာ့စ် *ဆီ မသွားမိဖို့လည်း မမေ့နဲ့ဦးနော်။ "

သူ ခပ်လှမ်းလှမ်းသို့ ရောက်တော့မှ အော်ပြောလာတဲ့ ကောင်လေး။ ကောင်မလေးကတော့ နောက်ကျောကို ရိုက်ပြီး မဟုတ်တာတွေ မပြောဖို့ ပြောနေလေရဲ့။

~°~°~

" မိုးတောင်ချုပ်ပြီ။ ရောက်ဖို့ကလည်း လိုသေးတယ်။ "

လမ်းတစ်ဖြတ်၌ ခဏနားနေရင်း ညည်းညူ မိတော့ မိုက်ကီက ကြည့်လာသည်။ အိမ်ထိန်းကြီးကို သွားပြောပြီး သူ့ပါခေါ်ကာ လိုအပ်တာ တချို့ကို ယူလာလိုက်ရမှာလို့ တွေးမိတဲ့အချိန်ကျ အတော်လေး နောက်ကျနေပြီ။ မတတ်နိုင်။ လမ်းတစ်ဝက်နီးပါး ရောက်နေမှတော့လည်း လှည့်မပြန်ချင်ပါ။ အားတင်းပြီး ဆက်သွားရုံပေါ့။

" ငါတို့ရောက်တဲ့အချိန်ကျ အော်ရိုရာတွေ ရှိနေပါ့ဦးမလားမသိဘူး။ စောစောထွက်လာပြီး ပြန်ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။ မဖြစ်ဘူး ! မြန်မြန်ထ မိုက်ကီ။ အားတင်းထားစမ်းပါ ငါ့ကောင်ကြီး။ "

ငပျင်းလေးက တအီအီဖြင့် ထလာသည်။ သူလည်း ဆက်နားချင်သေးပေမဲ့ တစ်လျှောက်လုံး အပင်ပန်းခံလာပြီးတော့မှ လွဲသွားတာမျိုးကို မလိုချင်။ ဖြစ်ချင်တာကို ရအောင်လုပ်နိုင်မှ စိတ်ကျေနပ်တတ်တဲ့ သူ့အဖို့ ယနေ့ရဲ့တားဂတ်က အော်ရိုရာတွေကို အနီးကပ် မြင်ရဖို့ပဲ။ နောက်တစ်ခေါက်ဆိုတာမျိုးကို မစောင့်ချင်ပါ။

~°~°~

" မဖြစ်ဘူး ! မြန်မြန်ပြေး !! "

ကြိုးလွှတ်ပေးလိုက်တာနဲ့ မိုက်ကီကလည်း ပြေးသလို သူကိုယ်တိုင်လည်း သုတ်ခြေတင်ပြီး စတင်ပြေးတော့သည်။ မဖြစ်ဘူး။ အလဟဿ အဖြစ်မခံနိုင်ဘူး။

အနားသို့ မရောက်ခင် မနီးမဝေးလောက်က မြင်နေရပြီဖြစ်တဲ့ အော်ရိုရာအလင်းတန်းတွေကြောင့် အသက်ရှူ တောင် မြန်လာမိသည်။ အော်ရာတွေက ပုံသေမရှိ။ သူတို့ လာချင်တဲ့အချိန် လာတတ်ပြီး ပြန်ချင်တဲ့အချိန် ပြန်သွားတတ်တာ။ အနီးသို့ မရောက်ခင်အချိန်အတွင်း ပြန်ပြေးသွားကြတာမျိုးကို ဂျေး လုံးဝ လက်မခံနိုင်ပါ။ ထို့ကြောင့် နည်းလမ်းက တစ်ခုပဲ ရှိသည်။ ပြေး !!

" ဝုတ် ဝုတ် ! "

" နောက်ဆုံးတော့ရောက်ပြီ !! "

မိုက်ကီရော သူပါ အပျော်လွန်ပြီး အော်ဟစ်နေကြမိသည်။ အပြေးကောင်းပေလို့ပေါ့။

" လှလိုက်တာ "

အရောင်စုံဖြင့် လှချင်တိုင်းလှနေတဲ့ အော်ရိုရာရယ်။ သဘောကျစရာ ကောင်းလွန်းလိုက်တာ။ ကြယ်တွေကိုလည်း မစွန့်လွှတ်နိုင်ဘူး။ အော်ရိုရာတွေကိုလည်း မြတ်နိုးပါသည်။

" ဘာလဲ ? "

ဘောင်းဘီအောက်ခြေစကို ပါးစပ်ဖြင့် ကိုက်ခဲကာ ဆွဲရမ်းလာတဲ့ မိုက်ကီကို မျက်မှောင်ကြုံ့ကာ မေးလိုက်သော်လည်း ဆွဲနေတုန်း။ ဆွဲခေါ်နေတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ သူ့ရင်အစုံဟာ အကြောင်းမဲ့ လှုပ်ခတ်သွားသည်။

ခပ်လှမ်းလှမ်းက သူဟာ အော်ရိုရာတွေနဲ့အပြိုင် တောက်ပနေပါလား။ မဟုတ်သေးဘူး။ သူက ပိုပြီးတောင် လင်းလက်တောက်ပနေတာပါလား။ နတ်သက်ကြွေလာတာလား။ ဆုတောင်းကောင်းခဲ့တာလား။

ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ခြေလှမ်းတွေက သူစိမ်းလူသားဆီသို့ ရောက်သွားပြီ။ မှိတ်ထားတဲ့ မျက်လုံးတွေရယ်၊ ကော့စင်းနေတဲ့ မျက်တောင်ရှည်တွေရယ်၊ လှပလွန်းတဲ့ နှာတံသွယ်သွယ်ရယ်၊ သပ်ရပ်လှသော နှုတ်ခမ်းပါးတစ်စုံနဲ့အတူ ထင်းရင်းနေတဲ့ ပါးချိုင့်နက်တွေရယ်။ အို ... တကယ်ကို နတ်သက်ကြွေလာတာပဲ။

မှောင်မည်းနေတဲ့ ကောင်းကင်ကြီးကို ကြယ်လတွေ၊ အော်ရိုရာတွေကပဲ တောက်ပစေတာ မဟုတ်မှန်း ဤလူသားအား မြင်တော့မှ သဘောပေါက်သွားတော့သည်။

" ကြည့်နေတာရပ်လိုက်တော့။ ငါချောတာ ငါသိတယ်။ "

ပခုံးကို တွန်းလာတာကြောင့် နီးကပ်နေတဲ့ သူ့ခြေလှမ်းတွေက အနောက်သို့ ယိုင်နဲ့သွားရသည်။ အိုဂျေးကို လက်ပါရဲတာ သည်လူသား ပထမဆုံးပဲ။

" ရိုင်းလိုက်တာ "

ဂျေးက ပြောတော့ ထိုလူသားက နှာခေါင်းရှုံ့သည်။

" မသိတဲ့ သူစိမ်းတစ်ယောက်ကို အခုလို အနီးကပ်ကြီး အသည်းအသန် ငေးနေတဲ့ မင်းက ပိုရိုင်းတယ်။ "

ဂျေး မငြင်းနိုင်။ ရယ်သံ ခပ်သဲ့သဲ့ကိုသာ ပြုလုပ်နိုင်သည်။ သူပြောတာလည်း ဟုတ်နေတာပဲလေ။ မသိတဲ့ သူစိမ်းတစ်ယောက်ကိုမှ အကြာကြီး ငေးနေမိတာပဲ။

" အလင်းတန်းတွေကို လာကြည့်တာမလား။ ငါ့ကို အငေးကောင်းနေတာနဲ့ ဟိုက နှုတ်ဆက်သွားပြီ။ "

သွားပါပြီ။ ခဏလေးပဲ မြင်လိုက်ရသည်။ အရှေ့က သက်ရှိအလင်းတန်းလေးကို ငေးကြည့်နေမိတာနဲ့ အော်ရိုရာတွေကိုတောင် မေ့သွားခဲ့ပြီ။ မတတ်နိုင်ဘူး။ သူက ဆွဲဆောင်လွန်းတာကိုး။

" နာမည်ဘယ်လိုခေါ်လဲ ? "

" ဟွန်း! ဆုတောင်းလေ။ "

ပြေးထွက်သွားဖို့ ဟန်ပြင်နေတဲ့ လူသားရဲ့လက်ကို အားပြင်းပြင်းနဲ့ ဆွဲထားလိုက်တော့ မျက်ခုံးထူထူနှစ်ဖက်က အလိုမကျစွာဖြင့် စုဆုံကြတော့မယောင်။ သည်လိုလည်း လှနေတာပဲ။ ဘုရားသခင် ဖန်ဆင်းထားတဲ့ အလှတရားတွေဟာ ဤလူသားဆီမှာပါလား။

" ငါ့မှာ နာမည်မရှိဘူး။ ရပြီလား ? "

ပြေးထွက်သွားပြီဖြစ်တဲ့ အရိပ်အယောင်လေးအား နောက်တစ်ကြိမ် ဆွဲဖမ်းထားမို့ မတွေးမိပါ။ မိုက်ကီကို ခေါ်ပြီး ထွက်ပြေးသွားရာနောက်သို့ ခြေလှမ်းကျဲကျဲတွေကို အသုံးပြုကာ လိုက်သွားမိသည်။ ကံမကုန်လျှင် ပြန်ဆုံမည်ဆိုတဲ့ စကားကို မလိုချင်။ ကံကုန်သွားလျှင်တောင်မှ ကံကြမ္မာကို ကိုယ်တိုင်ရေးဆွဲပြီး ဖန်တီးပစ်မှာမို့။

• •

: စွဲလမ်းခြင်းတို့ အဘယ်က အစပြုသလဲ ?

- ပါးချိုင့်နက်တွေ ပိုင်ဆိုင်ထားတဲ့ လူသားတစ်ဦးဆီမှ အစပြုပါသည်။ -

--

6,1,2022
💙

--

- ZAWGYI -

➪ 𝐓𝐡𝐞𝐬𝐞 𝐃𝐢𝐦𝐩𝐥𝐞𝐬 𝐀𝐫𝐞 𝐌𝐨𝐫𝐞 𝐀𝐝𝐝𝐢𝐜𝐭𝐞𝐝 𝐓𝐡𝐚𝐧 𝐓𝐡𝐞 𝐀𝐮𝐫𝐨𝐫𝐚𝐬.

• •

" မဂၤလာပါ သခင္ေလး။ ကြၽန္ေတာ္က ဒီစံအိမ္ေတာ္ႀကီးရဲ႕အိမ္ထိန္း ဂ်ိမ္းစ္ဝါ့ကာ ျဖစ္ပါတယ္။ "

ေလးဆယ္ေက်ာ္လို႔ ငါးဆယ္နားကပ္ေနၿပီျဖစ္ေပမဲ့ ၾကည့္ေကာင္းလွေသာ ရုပ္ရည္ကို သူ၏အိုမင္းျခင္းအနည္းငယ္က တားဆီးနိုင္သည့္ပံုမေပၚ။ ၿပံဳးလိုက္တိုင္း ညာဘက္၌ ထင္းရင္းစြာ ေပၚထြက္လာေသာ ပါးခ်ိဳင့္ရွည္က တည္ၾကည္ျခင္း၏ျပယုဂ္တစ္ခုလို။

" အိုေဂ်း "

သူတို႔သိၿပီးသား အမည္နာမ။ ေဖာ္ေ႐ြျခင္း ကင္းမဲ့ေၾကာင္း သတင္းသဲ့သဲ့ၾကားထားၾကေပမဲ့ လက္ေတြ႕ဆံုလိုက္ရမွ ယံုသြားၾကေတာ့သည္။ အမည္အား ယတိျပတ္ ေျပာကာ မည္သည့္ႏႈတ္ဆက္စကားမွ ဆိုမေနေတာ့ဘဲ စံအိမ္ေတာ္ထဲသို႔ ဝင္သြားတဲ့ ဆယ္ေက်ာ္သက္ သခင္ေလးက အရွိန္အဝါေတြေတာ့ မေသးေပ။

ခံစားခ်က္ မရွိသလို ဟန္ေဆာင္ေနတဲ့ မ်က္ဝန္းေတြထဲ၌ ေၾကာက္စိတ္ေတြနဲ႔ ဝမ္းနည္းစိတ္ေတြကို အရွင္းသား ျမင္ေနရသည္။ အို ... ဘယ္အရာေတြကမ်ား ေတာက္ပေနတဲ့ မ်က္ဝန္းတစ္စံုကို ဤသို႔ျဖစ္ေအာင္ လုပ္ထားတာပါလိမ့္။ ဘုရားသခင္ ေျပာျပေတာ္မူပါ။

~°~°~

" လူကာ ! "

" လာပါၿပီ ! "

" သခင္ေလးက သြားမေခၚေသးဘူးလား ? ညစာစားခ်ိန္ေရာက္ၿပီေလ။ "

လူကာက ဆီမလိမ္းထားတာေၾကာင့္ ေျခာက္ေသြ႕ၿပီး စုတ္ဖြာေနတဲ့ သူ႔ဆံပင္ေတြကို တျဗင္းျဗင္းကုပ္လ်က္ မႈန္ကုပ္ေနသည့္ မ်က္နွာအမူအရာျဖင့္ ျပန္ေျဖလာသည္။

" လြန္ခဲ့တဲ့ ဆယ္မိနစ္ေလာက္ကတည္းက ဆက္တိုက္ေခၚေနေပမဲ့ ဘာမွျပန္မေျပာပါဘူး မစၥတာဝါ့ကာ။ "

" ဟုတ္ၿပီ၊ ငါသြားလိုက္မယ္။ "

လူကာကေတာ့ သူ႔တာဝန္ကင္းသြားတာေၾကာင့္ သက္ျပင္း ခပ္သဲ့သဲ့ခ်သည္။ နွစ္အနည္းငယ္ေက်ာ္ၾကာမွ သခင္ႀကီးကိုယ္တိုင္ ပစ္ထားခဲ့တဲ့ သည္စံအိမ္ေတာ္သို႔ ေျခခ်လာတဲ့ သခင္ေလးဟာ ေမာက္မာေနတာလား။ စကားလည္း တစ္ခြန္းျပည့္ေအာင္ မေျပာသလို အခန္းထဲကလည္း မထြက္။ သခင္ႀကီးရဲ႕ေနာက္အိမ္ေထာင္ေၾကာင့္လို႔ သတင္းေတြ ထြက္လာေပမဲ့လည္း သူတို႔ မသိသလို ေမးလည္းမေမးရဲၾက။ အိမ္ေတာ္ထိန္းႀကီးက မဆိုင္တဲ့ ကိစၥကို စပ္စုျခင္း ခြင့္မျပဳထားဘူးေလ။

~°~°~

" ကြၽန္ေတာ္ပါ သခင္ေလး။ ညစာစားဖို႔အတြက္ အဆင္သင့္ ျဖစ္ေနပါၿပီဆိုတဲ့အေၾကာင္း လာေျပာတာပါ။ "

တံခါးကို သံုးခ်က္ဆင့္ေခါက္ကာ ေျပာလိုက္ေသာ္လည္း အထဲမွ အသံျပန္လာျခင္း မရွိေပ။ လူမရွိတဲ့ အခန္းလိုမ်ိဳး အပ္က်သံေတာင္ မၾကားရ။

" သခင္ေလး သခင္ေလး "

ဘယ္ေလာက္ ေခၚေနပါေစ။ လံုးဝ ျပန္သံမလာတာေၾကာင့္ ေနာက္ဆံုးနည္းလမ္းျဖစ္တဲ့ ေသာ့အပိုတစ္ေခ်ာင္းကို အိတ္ကပ္ထဲမွ ထုတ္လိုက္မိသည္။ စည္းေက်ာ္တယ္ဆိုၿပီး အျပစ္ေပးခ်င္လည္း ေပးပါေစ။ သခင္ေလးကို မျမင္ရမခ်င္း စိတ္ေအးနိုင္မွာမဟုတ္ဘူး။

" သခင္ေလး "

မထင္မွတ္ထားတဲ့ ျမင္ကြင္းေၾကာင့္ ေျပာစရာစကားတို႔က ေပ်ာက္ရွသြားရသည္။ တံခါးဖြင့္လိုက္တဲ့အခါ သည္လို ျမင္ေတြ႕ရမယ္လို႔ မထင္မိခဲ့ပါ။ အခန္းမီးကို အေမွာင္ခ်ၿပီး နံရံမွာ ကုပ္ကုပ္ေလး ထိုင္ေနတဲ့ သခင္ေလးရယ္။ ဝမ္းနည္းေၾကကြဲေနတာေတာင္မွ ဘာေၾကာင့္ လူသိမခံခ်င္ရတာလဲ။

" သခင္ေလးရယ္ "

ဒူးနွစ္ဖက္ၾကား ငိုက္စိုက္ခ်ထားတဲ့ မ်က္နွာေလးက တျဖည္းျဖည္း ေမာ့လာေတာ့ ေၾကကြဲေနတဲ့ မ်က္လံုးေလးေတြက သနားစရာအတိ။

အိုကြယ္ ~

" ကြၽန္ေတာ္ ဒီကို ဘာလို႔ေနာက္တစ္ႀကိမ္ ျပန္လာရတယ္ဆိုတာ သိတယ္မလား။ "

" သိပါတယ္၊ သခင္ေလး။ "

ကြဲအက္ေနတဲ့ အသံတို႔က ဘယ္ေလာက္ထိ ၿပိဳလဲျခင္းကို မဖံုးနိုင္။ ဆယ္ေက်ာ္သက္ ကေလးရယ္ ေၾကကြဲပူေဆြးျခင္းေတြက ဤလူသားနဲ႔မထိုက္တန္ပါဘူး။ အျပစ္တင္လို႔လည္း မရပါဘူး။

" ညစာစားလို႔ရပါၿပီ သခင္ေလး။ ညစာေတာ့ လာစားလိုက္ပါ။ "

" တစ္ညေလာက္ မစားလို႔ ေသမသြားပါဘူး။ ရင္ဘတ္ထဲကလည္း ေသေလာက္ေအာင္ မနာက်င္ရပါဘူး။ "

ေျပာခ်င္ရာေျပာၿပီးေနာက္ ေျခာက္ကပ္စြာ ေပၚထြက္လာတဲ့ ရယ္သံ။ လူပ်ိဳျဖစ္ခါစမို႔ အသံၾသၾသရွရွက နားေထာင္ေကာင္းေနေပမဲ့ ဝမ္းနည္းပူေဆြးမႈတို႔ကို အရွင္းသား ၾကားေနရတာေၾကာင့္ ၾကားရသူအဖို႔ပါ နာက်င္မိသည္။

~°~°~

" ေျမာက္ဘက္ပိုင္းစြန္းစြန္းက * ဘလဒ္ကာ့စ္ *ဆီ မသြားဖို႔ေတာ့ ေမတၱာရပ္ခံပါရေစ သခင္ေလး။ "

ထံုးစံအတိုင္း တံု႔ျပန္ျခင္း မရွိတဲ့ သခင္ေလးက လက္စြဲေတာ္ မိုက္ကီနဲ႔အတူ ထြက္သြားသည္။ * ဘလဒ္ကာ့ *ဆီသို႔ လက္တည့္စမ္းၿပီး မသြားမိဖို႔ပဲ ဆုေတာင္းရမည္။ မလိုလားအပ္တဲ့ ကိစၥေတြကို မျဖစ္ေစလိုပါ။

" သခင္ေလးက ငယ္ငယ္က ဒီလိုမဟုတ္ပါဘူး။ လူဆိုတာ အဲ့လိုေျပာင္းလဲတတ္တာပဲလား။ "

ေတြးေတြးဆဆျဖင့္ ေျပာလာတဲ့ မာရီ႕ကို တစ္ခ်က္ၾကည့္ေပးလိုက္ေတာ့ ဆက္မေျပာေတာ့ဘဲ ထြက္သြားသည္။

တကယ္ေတာ့ မာရီေျပာတာလည္း ျငင္းစရာမရွိ။ စံအိမ္ေတာ္က ထြက္မသြားခင္အထိ သခင္ေလးကို သူနဲ႔မာရီက ေစာင့္ေရွာက္ေပးခဲ့ရတာ။ နွစ္အေတာ္ၾကာမွ တစ္ေယာက္တည္း သည္ေနရာသို႔ ျပန္ေရာက္လာခဲ့တဲ့ သခင္ေလးက ကေလးဘဝတုန္းကနဲ႔ လံုးဝ ေျပာင္းလဲသြားတာေၾကာင့္ သူေတာင္ အနည္းငယ္ အံ့ၾသမိခဲ့ရသည္ မဟုတ္လား။

မည္သို႔ပင္ျဖစ္ေစကာမူ သူတို႔လိုလူေတြက မိမိသခင္တို႔၏အေၾကာင္းကို အထင္အျမင္ျဖင့္ မေဝဖန္သင့္ပါ။ အေသအခ်ာ မသိပါဘဲ အထင္မေစာသင့္ပါ။ နားစြန္နားဖ်ား ၾကားထားရတဲ့ သတင္းေတြက ေကာလဟာလေတြ မဟုတ္ဘဲ အမွန္ေတြလို႔လည္း မဆိုခ်င္ပါ။ သခင္ေလးရဲ႕စိတ္ကို သိတာမို႔။ သခင္ေလးကို ယံုၾကည္တာမို႔။

~°~°~

" ပ်င္းစရာႀကီးေနာ္ မိုက္ကီ "

" ဝုတ္ ! "

" ဟုတ္ပါၿပီ၊ မင္းေၾကာင့္ မပ်င္းေတာ့ပါဘူး။ "

မိုက္ကီက သူ႔ေခါင္းကို ရင္ဘတ္ဆီ တိုးေဝွ႔လာတာေၾကာင့္ စိတ္တိုင္းက် ပြတ္သပ္ေပးလိုက္ေတာ့ ဇိမ္ခံေနေလ၏။ ေတာ္ေတာ္အားကိုးရတဲ့ေကာင္ႀကီး။

" * ဘလဒ္ကာ့စ္ *ဆိုတာ ဘာမလို႔လဲ။ ဘာလို႔ မသြားခိုင္းတာလဲ။ "

" ဝုတ္ ! "

" ငါမသိလို႔ မင္းကို ေမးတာေလ။ မင္းလည္း မသိဘူးဆိုေတာ့ ေကာင္းတာေပါ့။ "

မိုက္ကီက ထပ္ၿပီး ဝုတ္မေနေတာ့ဘဲ တျခားဘက္သို႔ လွည့္သြားသည္။ သူ႔အေတြးေတြကလည္း တျခားစီသို႔ ေရာက္သြားတာေၾကာင့္ ျဖစ္မည္။ မိုက္ကီက လြမ္းေနတာပဲ။ သူ႔သခင္ႀကီးကို လြမ္းေနတာ။ ထုတ္မေျပာေပမဲ့၊ လြမ္းတဲ့ပံု မျပေပမဲ့ မိုက္ကီ လြမ္းေနမွန္း သိသည္။ အင္းေလ၊ သူ႔ထက္ေတာင္ နွစ္ေပါင္းမ်ားစြာ အတူေနလာခဲ့တာပဲေလ။

" အေဖ့ကို လြမ္းေနတာလား မိုက္ကီ ? "

" ဝုတ္ ! "

" ေအးပါကြာ၊ ငါလည္း လြမ္းတယ္။ ဒါေပမဲ့ ငါတို႔ျပန္လို႔မျဖစ္ဘူး။ မင္းသိတယ္မလား။ ငါ မင္းကို လိုအပ္တယ္။ အေဖ့မွာ တျခားလူရွိေနေပမဲ့ ငါ့မွာက မင္းပဲရွိတာေလ မိုက္ကီရယ္။ "

မိုက္ကီက သူ႔မ်က္နွာကို လာလ်က္သည္။ ထို႔ေနာက္ ၿပံဳးေနတဲ့ အိုေဂ်း၏နဖူးကို သူ႔နဖူးျဖင့္ ကပ္ထားေလ၏။ ဝမ္းနည္းေနတဲ့ သခင့္ကို နွစ္သိမ့္ေပးေနတဲ့ အလိမၼာေလး။

" ဆက္သြားၾကရေအာင္။ မေရာက္တာလည္း ၾကာေတာ့ ဘာေတြမ်ား ေျပာင္းလဲသြားလဲဆိုတာ ေလ်ွာက္ၾကည့္ၾကရေအာင္။ "

" ဝုတ္ ! "

~°~°~

" ေအာ္ရိုရာေတြ သြားၾကည့္ခ်င္ေသးလား ? "

" ေတာ္ပါၿပီဟာ။ မေန႔ကေတာင္ လမ္းေပ်ာက္သြားလို႔ ငါနဲ႔အယ္လီ ငိုေတာင္ငိုမိတယ္။ ဒီလမ္းေတြက ကေလးဘဝကတည္းက သြားေနတာကို ဘယ္လိုျဖစ္လို႔ မေန႔ကမွ ထူးထူးဆန္းဆန္း လမ္းေပ်ာက္ၾကတာလဲဆိုတာ မသိေတာ့ဘူး။ "

ကေလးနွစ္ေယာက္ရဲ႕စကားေၾကာင့္ သူ႔ေျခလွမ္းတို႔က အေရွ႕သို႔ ဆက္မေလ်ွာက္ဘဲ ရပ္လိုက္မိသည္။ တျခားေၾကာင့္ေတာ့မဟုတ္။ ေအာ္ရိုရာဆိုတဲ့ စကားလံုးေၾကာင့္သာ။

" ငါ့စိတ္ထင္ေလ * ဘလဒ္ကာ့စ္ *က အစြမ္းျပျပန္ၿပီထင္တယ္။ "

" မဟုတ္တရုတ္ေတြေျပာျပန္ၿပီ ! လူေတြကေလ သူ႔ဘာသာေနတဲ့ * ဘလဒ္ကာ့စ္ *ကို ေတာ္ေတာ္အျပစ္တင္ခ်င္ေနၾကတာပဲ။ ငါနဲ႔အယ္လီ လမ္းေပ်ာက္မလိုျဖစ္တာက သူ႔ေၾကာင့္ မဟုတ္ဘူးဆိုတာ ငါယံုတယ္။ "

ေကာင္ကေလး၏စကားကို ခပ္စြာစြာ ျငင္းဆိုလာတဲ့ ေကာင္မေလး။ * ဘလဒ္ကာ့စ္ *က ဘာလဲ။ ဘာေၾကာင့္ ခဏခဏ ၾကားေနရတာလဲ။ လူေတြ ပါးစပ္ဖ်ားၾကား ေရပန္းစားေနတဲ့ * ဘလဒ္ကာ့စ္ *က လူလား။ ဘာလဲ။ ဒါေပမဲ့ သူ႔စိတ္ထဲ ထို * ဘလဒ္ကာ့စ္ * အေၾကာင္း မရွိ။ သူသိခ်င္တာက တျခားတစ္ခုပင္။

" ေကာင္ေလး "

အနားသို႔ တိုးကပ္သြားကာ ေခၚလိုက္ေတာ့ ကေလးနွစ္ေယာက္က အလန္႔တၾကားျဖင့္ အေနာက္ဆုတ္သြားသည္။

" မေၾကာက္ပါနဲ႔။ မင္းတို႔ကို ဘာမွမလုပ္ပါဘူး။ "

" မေၾကာက္ပါဘူး။ သခင္ေလးကို ျမင္လိုက္ရလို႔ အံ့ၾသသြားလို႔ပါ။ "

ေကာင္မေလးက ဝင္ေျပာေတာ့ ေဂ်းရဲ႕မ်က္ခံုးေတြ ပင့္မိသြားသည္။ လက္နွစ္ဖက္ကို ေနာက္ပစ္လိုက္ၿပီး ...

" သခင္ေလးမွန္း ဘယ္လိုသိလဲေျပာပါဦး။ "

" ဒီလို အဝတ္အစားေကာင္းေတြနဲ႔ရုပ္ရည္မ်ိဳးက သခင္ေလးဆိုတာ သက္ေသျပေနတာပဲေလ။ မယံုမရွိပါနဲ႔။ အေျပာအဆိုကို နားေထာင္လိုက္တာနဲ႔တင္ မ်ိဳးရိုးႀကီးႀကီးကမွန္း သိတဲ့သူမို႔ပါ။ "

အေနာက္ကေန ခပ္စိမ္းစိမ္း ၾကည့္ေနတဲ့ ေကာင္ေလးနဲ႔ ဆန္႔က်င္စြာ စကားတတ္လွေသာ ေကာင္မေလးေၾကာင့္ ဒုတိမၸိ မ်က္ခံုးပင့္လိုက္မိျပန္သည္။ ငယ္ေပမဲ့ မေခတဲ့ ကေလးမေလးပဲ။

" ဟုတ္ပါၿပီ။ အစ္ကို႔ကို တစ္ခုေျပာျပေပးလို႔ရမလား။ "

စံအိမ္ေတာ္က လူေတြျမင္ပါက သူတို႔သခင္ေလး ဟုတ္ပါရဲ႕လားလို႔ ေတြးမိၾကနိုင္သည္။ ၾသၾသရွရွ အသံက ႏူးညံ့လြန္းေနၿပီး အၾကည့္ေတြကလည္း အသက္မဲ့မေနေပ။ သခင္ေလးကပဲ မ်က္နွာအမ်ိဳးမ်ိဳးကို ပိုင္ဆိုင္ထားတာလား။ လူေတြကပဲ တံုးအၿပီး ေဝဖန္တတ္လြန္းတာလား။

" ဘာအေၾကာင္းလဲရွင့္ ? "

" ေအာ္ရိုရာေတြက ဘယ္နားမွာရွိတာလဲ။ အစ္ကိုက ဒီကိုေရာက္တာ ရက္ပိုင္းပဲရွိေသးေတာ့ မသိလို႔ေလ။ ကူညီေျပာျပေပးပါဦး။ "

ေဂ်းရဲ႕ခ်စ္စရာေကာင္းေသာ အၾကည့္ေတြကို ေကာင္မေလး လြန္ဆန္နိုင္မည္မထင္ပါ။

" ဒီကေနဆို သြားရတာ ေဝးလိမ့္မယ္။ လမ္းမမွားေအာင္ေတာ့ ေျမပံုေလး ေပးလိုက္မယ္။ တျခားနိုင္ငံက ခရီးသြားေတြေတာင္မွ ေဟာဒီ ေျမပံုသာ ပါသြားရင္ ေအာ္ရိုရာေတြဆီသြားဖို႔ လမ္းညႊန္ေတာင္ မလိုေတာ့ဘူး။ "

" ေက်းဇူးပါ၊ ေကာင္မေလးလွလွေလးေရ။ "

ေခါင္းေလးကို ဖြဖြယယေလး ပုတ္လိုက္ေတာ့ မညီမညာျဖစ္ေနတဲ့ သြားေလးေတြ ေပၚသည္အထိ ရယ္လာသည့္ ကေလးမေလး။ ဆံပင္နီညိဳေရာင္ ေကာက္ေကာက္ေလးေတြက သူ(မ)နဲ႔ပနံသင့္စြာ။ အေနာက္က မ်က္လံုးအျပာေရာင္နဲ႔ေကာင္ေလးကေတာ့ ေဂ်းတို႔ကို ႏွာေခါင္းရႈံ႕လ်က္သာ မိုက္တိမိုက္ကန္း အေနအထားျဖင့္ အကဲခတ္ေန၏။

" တစ္ခုေတာ့ မွတ္ထားပါ။ ေအာ္ရိုရာေတြက သူတို႔ေပၚခ်င္တဲ့အခ်ိန္မွ ေပၚလာၾကတာပါ။ ဒီေန႔ သြားေစာင့္ေနေပမဲ့လည္း ျမင္ရဖို႔ကို အာမ,မခံနိုင္ပါဘူးေနာ္။ ညဥ့္နက္ပိုင္း မေရာက္လာဘဲ အာရုဏ္ဦးမွ ေရာက္လာတာမ်ိဳးလည္း ရွိသလို ေရာက္လာခ်င္မွလည္း ေရာက္လာမွာပါ။ "

တစ္ခ်ိန္လံုး ၿငိမ္ေနတဲ့ေကာင္ေလးက ဝင္ေျပာေတာ့ ေဂ်း ေခါင္းသာညိတ္ျပလိုက္သည္။ ဘာေၾကာင့္မွန္းမသိ ေအာ္ရိုရာေတြနဲ႔ ေတြ႕ဆံုရမယ္လို႔ ယံုၾကည္မိေနသည္။ ကံတရားေပါ့ေလ။ အခုတစ္ေခါက္ မေတြ႕ေတာ့လည္း ေနာက္တစ္ေခါက္ေပါ့။

" ကူညီေပးတဲ့အတြက္ လက္ေဆာင္ "

ပါလာတဲ့ မုန္႔အခ်ိဳ႕ကို ေပးလိုက္ေတာ့ ေကာင္မေလးသာမက ေကာင္ေလးရဲ႕မ်က္လံုးအျပာေလးေတြကပါ အေရာင္ေတာက္လာသည္။ လက္ေတြကို ႏြမ္းေဟာင္းေနတဲ့ အက်ၤ ီအနားစနဲ႔သုတ္ကာ ေပးလုိက္သည့္ တန္ဖိုးႀကီး မုန္႔ေတြကို လက္ခံလာၾကသည္။

" ေက်းဇူးတင္ပါတယ္ သခင္ေလး။ "

" ေက်းဇူးတင္ပါတယ္။ "

ေရွ႕ဆင့္ေနာက္ဆင့္ ဆိုလာၾကတဲ့ ေက်းဇူးစကားေတြကို အၿပံဳးလွလွျဖင့္ တံု႔ျပန္လိုက္ၿပီးေနာက္ မိုက္ကီနဲ႔အတူ ေအာ္ရိုရာေတြ အလည္ေရာက္လာမည့္ ေနရာဆီသို႔ ဦးတည္လိုက္မိသည္။ မျမင္ရတာၾကာၿပီျဖစ္တဲ့ ေအာ္ရိုရာေတြဆီ တတ္နိုင္သေလာက္ ျမန္ျမန္ေရာက္ခ်င္လွၿပီ။

" ဟိုသခင္ေလး !
* ဘလဒ္ကာ့စ္ *ဆီ မသြားမိဖို႔လည္း မေမ့နဲ႔ဦးေနာ္။ "

သူ ခပ္လွမ္းလွမ္းသို႔ ေရာက္ေတာ့မွ ေအာ္ေျပာလာတဲ့ ေကာင္ေလး။ ေကာင္မေလးကေတာ့ ေနာက္ေက်ာကို ရိုက္ၿပီး မဟုတ္တာေတြ မေျပာဖို႔ ေျပာေနေလရဲ႕။

~°~°~

" မိုးေတာင္ခ်ဳပ္ၿပီ။ ေရာက္ဖို႔ကလည္း လိုေသးတယ္။ "

လမ္းတစ္ျဖတ္၌ ခဏနားေနရင္း ညည္းညဴ မိေတာ့ မိုက္ကီက ၾကည့္လာသည္။ အိမ္ထိန္းႀကီးကို သြားေျပာၿပီး သူ႔ပါေခၚကာ လိုအပ္တာ တခ်ိဳ႕ကို ယူလာလိုက္ရမွာလို႔ ေတြးမိတဲ့အခ်ိန္က် အေတာ္ေလး ေနာက္က်ေနၿပီ။ မတတ္နိုင္။ လမ္းတစ္ဝက္နီးပါး ေရာက္ေနမွေတာ့လည္း လွည့္မျပန္ခ်င္ပါ။ အားတင္းၿပီး ဆက္သြားရံုေပါ့။

" ငါတို႔ေရာက္တဲ့အခ်ိန္က် ေအာ္ရိုရာေတြ ရွိေနပါ့ဦးမလားမသိဘူး။ ေစာေစာထြက္လာၿပီး ျပန္ေပ်ာက္သြားရင္ ဘယ္လိုလုပ္မလဲ။ မျဖစ္ဘူး ! ျမန္ျမန္ထ မိုက္ကီ။ အားတင္းထားစမ္းပါ ငါ့ေကာင္ႀကီး။ "

ငပ်င္းေလးက တအီအီျဖင့္ ထလာသည္။ သူလည္း ဆက္နားခ်င္ေသးေပမဲ့ တစ္ေလ်ွာက္လံုး အပင္ပန္းခံလာၿပီးေတာ့မွ လြဲသြားတာမ်ိဳးကို မလိုခ်င္။ ျဖစ္ခ်င္တာကို ရေအာင္လုပ္နိုင္မွ စိတ္ေက်နပ္တတ္တဲ့ သူ႔အဖို႔ ယေန႔ရဲ႕တားဂတ္က ေအာ္ရိုရာေတြကို အနီးကပ္ ျမင္ရဖို႔ပဲ။ ေနာက္တစ္ေခါက္ဆိုတာမ်ိဳးကို မေစာင့္ခ်င္ပါ။

~°~°~

" မျဖစ္ဘူး ! ျမန္ျမန္ေျပး !! "

ႀကိဳးလႊတ္ေပးလိုက္တာနဲ႔ မိုက္ကီကလည္း ေျပးသလို သူကိုယ္တိုင္လည္း သုတ္ေျခတင္ၿပီး စတင္ေျပးေတာ့သည္။ မျဖစ္ဘူး။ အလဟႆ အျဖစ္မခံနိုင္ဘူး။

အနားသို႔ မေရာက္ခင္ မနီးမေဝးေလာက္က ျမင္ေနရၿပီျဖစ္တဲ့ ေအာ္ရိုရာအလင္းတန္းေတြေၾကာင့္ အသက္ရွဴ ေတာင္ ျမန္လာမိသည္။ ေအာ္ရာေတြက ပံုေသမရွိ။ သူတို႔ လာခ်င္တဲ့အခ်ိန္ လာတတ္ၿပီး ျပန္ခ်င္တဲ့အခ်ိန္ ျပန္သြားတတ္တာ။ အနီးသို႔ မေရာက္ခင္အခ်ိန္အတြင္း ျပန္ေျပးသြားၾကတာမ်ိဳးကို ေဂ်း လံုးဝ လက္မခံနိုင္ပါ။ ထို႔ေၾကာင့္ နည္းလမ္းက တစ္ခုပဲ ရွိသည္။ ေျပး !!

" ဝုတ္ ဝုတ္ ! "

" ေနာက္ဆံုးေတာ့ေရာက္ၿပီ !! "

မိုက္ကီေရာ သူပါ အေပ်ာ္လြန္ၿပီး ေအာ္ဟစ္ေနၾကမိသည္။ အေျပးေကာင္းေပလို႔ေပါ့။

" လွလိုက္တာ "

အေရာင္စံုျဖင့္ လွခ်င္တိုင္းလွေနတဲ့ ေအာ္ရိုရာရယ္။ သေဘာက်စရာ ေကာင္းလြန္းလိုက္တာ။ ၾကယ္ေတြကိုလည္း မစြန္႔လႊတ္နိုင္ဘူး။ ေအာ္ရိုရာေတြကိုလည္း ျမတ္နိုးပါသည္။

" ဘာလဲ ? "

ေဘာင္းဘီေအာက္ေျခစကို ပါးစပ္ျဖင့္ ကိုက္ခဲကာ ဆြဲရမ္းလာတဲ့ မိုက္ကီကို မ်က္ေမွာင္ႀကံဳ႕ကာ ေမးလိုက္ေသာ္လည္း ဆြဲေနတုန္း။ ဆြဲေခၚေနတဲ့ ေနရာကို လွမ္းၾကည့္လိုက္ေတာ့ သူ႔ရင္အစံုဟာ အေၾကာင္းမဲ့ လႈပ္ခတ္သြားသည္။

ခပ္လွမ္းလွမ္းက သူဟာ ေအာ္ရိုရာေတြနဲ႔အၿပိဳင္ ေတာက္ပေနပါလား။ မဟုတ္ေသးဘူး။ သူက ပိုၿပီးေတာင္ လင္းလက္ေတာက္ပေနတာပါလား။ နတ္သက္ေႂကြလာတာလား။ ဆုေတာင္းေကာင္းခဲ့တာလား။

ကိုယ္တိုင္ေတာင္ မသိလိုက္ပါဘဲ ေျခလွမ္းေတြက သူစိမ္းလူသားဆီသို႔ ေရာက္သြားၿပီ။ မွိတ္ထားတဲ့ မ်က္လံုးေတြရယ္၊ ေကာ့စင္းေနတဲ့ မ်က္ေတာင္ရွည္ေတြရယ္၊ လွပလြန္းတဲ့ နွာတံသြယ္သြယ္ရယ္၊ သပ္ရပ္လွေသာ ႏႈတ္ခမ္းပါးတစ္စံုနဲ႔အတူ ထင္းရင္းေနတဲ့ ပါးခ်ိဳင့္နက္ေတြရယ္။ အို ... တကယ္ကို နတ္သက္ေႂကြလာတာပဲ။

ေမွာင္မည္းေနတဲ့ ေကာင္းကင္ႀကီးကို ၾကယ္လေတြ၊ ေအာ္ရိုရာေတြကပဲ ေတာက္ပေစတာ မဟုတ္မွန္း ဤလူသားအား ျမင္ေတာ့မွ သေဘာေပါက္သြားေတာ့သည္။

" ၾကည့္ေနတာရပ္လိုက္ေတာ့။ ငါေခ်ာတာ ငါသိတယ္။ "

ပခံုးကို တြန္းလာတာေၾကာင့္ နီးကပ္ေနတဲ့ သူ႔ေျခလွမ္းေတြက အေနာက္သို႔ ယိုင္နဲ႔သြားရသည္။ အိုေဂ်းကို လက္ပါရဲတာ သည္လူသား ပထမဆံုးပဲ။

" ရိုင္းလိုက္တာ "

ေဂ်းက ေျပာေတာ့ ထိုလူသားက ႏွာေခါင္းရႈံ႕သည္။

" မသိတဲ့ သူစိမ္းတစ္ေယာက္ကို အခုလို အနီးကပ္ႀကီး အသည္းအသန္ ေငးေနတဲ့ မင္းက ပိုရိုင္းတယ္။ "

ေဂ်း မျငင္းနိုင္။ ရယ္သံ ခပ္သဲ့သဲ့ကိုသာ ျပဳလုပ္နိုင္သည္။ သူေျပာတာလည္း ဟုတ္ေနတာပဲေလ။ မသိတဲ့ သူစိမ္းတစ္ေယာက္ကိုမွ အၾကာႀကီး ေငးေနမိတာပဲ။

" အလင္းတန္းေတြကို လာၾကည့္တာမလား။ ငါ့ကို အေငးေကာင္းေနတာနဲ႔ ဟိုက ႏႈတ္ဆက္သြားၿပီ။ "

သြားပါၿပီ။ ခဏေလးပဲ ျမင္လိုက္ရသည္။ အေရွ႕က သက္ရွိအလင္းတန္းေလးကို ေငးၾကည့္ေနမိတာနဲ႔ ေအာ္ရုိရာေတြကိုေတာင္ ေမ့သြားခဲ့ၿပီ။ မတတ္နိုင္ဘူး။ သူက ဆြဲေဆာင္လြန္းတာကိုး။

" နာမည္ဘယ္လိုေခၚလဲ ? "

" ဟြန္း! ဆုေတာင္းေလ။ "

ေျပးထြက္သြားဖို႔ ဟန္ျပင္ေနတဲ့ လူသားရဲ႕လက္ကို အားျပင္းျပင္းနဲ႔ ဆြဲထားလိုက္ေတာ့ မ်က္ခံုးထူထူနွစ္ဖက္က အလိုမက်စြာျဖင့္ စုဆံုၾကေတာ့မေယာင္။ သည္လိုလည္း လွေနတာပဲ။ ဘုရားသခင္ ဖန္ဆင္းထားတဲ့ အလွတရားေတြဟာ ဤလူသားဆီမွာပါလား။

" ငါ့မွာ နာမည္မရွိဘူး။ ရၿပီလား ? "

ေျပးထြက္သြားၿပီျဖစ္တဲ့ အရိပ္အေယာင္ေလးအား ေနာက္တစ္ႀကိမ္ ဆြဲဖမ္းထားမို႔ မေတြးမိပါ။ မိုက္ကီကို ေခၚျပီး ထြက္ေျပးသြားရာေနာက္သို႔ ေျခလွမ္းက်ဲက်ဲေတြကို အသံုးျပဳကာ လိုက္သြားမိသည္။ ကံမကုန္လ်ွင္ ျပန္ဆံုမည္ဆိုတဲ့ စကားကို မလိုခ်င္။ ကံကုန္သြားလ်ွင္ေတာင္မွ ကံၾကမၼာကို ကိုယ္တိုင္ေရးဆြဲၿပီး ဖန္တီးပစ္မွာမို႔။

• •

: စြဲလမ္းျခင္းတို႔ အဘယ္က အစျပဳသလဲ ?

- ပါးခ်ိဳင့္နက္ေတြ ပိုင္ဆိုင္ထားတဲ့ လူသားတစ္ဦးဆီမွ အစျပဳပါသည္။ -

--

6,1,2022
💙

--

Continue Reading

You'll Also Like

919K 21.1K 49
In wich a one night stand turns out to be a lot more than that.
68.9K 1.7K 27
the hufflepuff son of deatheaters and the boy who lived? this should be interesting. -tcddylupins 2021 ...
555K 8.5K 85
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
7.6K 493 5
แ€œแ€ฏแ€ถแ€ธแ€แ€™แ€แ€Šแ€ทแ€บแ€แ€ฒแ€ทแ€žแ€ฐแ‚แ€šแ€ฑแ€ฌแ€€แ€บ แ€แ€…แ€บแ€กแ€ญแ€™แ€บแ€แ€Šแ€บแ€ธแ€แ€ฐแ€แ€ฐแ€”แ€ฑแ€–แ€ญแ€ฏแ€ท แ€–แ€ผแ€…แ€บแ€œแ€ฌแ€แ€ฒแ€ทแ€กแ€แ€ซ........