HANARY(S1+S2)

By greyvictor25

6.6M 434K 73.9K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ep-31(Uni/Zg)

65.4K 4.8K 1.1K
By greyvictor25

ကျောင်းသွားကြိုမယ်ဆိုပီး ထွက်သွားတဲ့ ကိုကိုကြောင့် သူပြောတဲ့တစုံတယောက်ဆိုတာ ဘယ်သူလဲဆိုတာ သိချင်လာတယ်....အိမ်ကအလုပ်သမားတွေကို နည်းနည်းပါပါးစကားအစ်မေးကြည့်တော့ ယောကျ်ားလေးတယောက်ဖြစ်တဲ့အပြင် ဒီအိမ်မှာအလုပ်လုပ်နေတဲ့ အိမ်ဖော်ရဲ့တူလေးတဲ့လား Switzerlandတခွင်ပတ်ပီး တယောက်ပီးတယောက်နဲ့တွဲခဲ့တဲ့လူက ဘာမဟုတ်တဲ့ကောင်လေးတယောက်ကြောင့် ခြေငြိမ်သွားတာတော့ ရယ်စရာပင်...

ခြံ၀န်းထဲ၀င်လာတဲ့ ဟန်နရီရဲ့ ကားသံကိုကြားလိုက်ရတာကြောင့် အမ်မလီက ဟန်မပျက်ပင် လက်ပိုက်ကာ အပေါ်ထပ်ကနေစောင့်ကြည့်နေသည် ...လွန်းတာနေဆန်းဆိုတဲ့ ကောင်လေးကိုလဲ စူးစမ်းဖို့အသင့်ပင်

ကားထဲကစထွက်ထဲက ဟိုကောင်လေးရဲ့အိတ်တွေ ထမင်းချိုင့်တွေကို ကိုကိုကသယ်ပေးနေတာကြောင့် ဒေါသထွက်မိတာတော့အမှန်ပင်...ယောကျ်ားလေးတယောက်ဆိုပေမဲ့ ဖြူဖွေးပီးအသားအရည်လှတဲ့အပြင် သေးကွေးတဲ့ခန္ဓာကိုယ်လေးကြောင့် ကိုကို့အမြင်မှာချစ်စရာကောင်းနေလားတော့မသိပေမဲ့ ကိုယ့်အမြင်မှာတော့ အမြင်ကပ်စရာထက်ပိုမတွေ့...

" အဲ့တာ ဘာလုပ်နေတာလဲ အမ်မလီ "

" လီလီ ဒီအခန်းမှာနေမလို့ ဒီထဲက ပစ္စည်းတွေကို အလုပ်သမားတွေကိုရွှေ့ခိုင်းနေတာလေ ကိုကိုနဲ့ဘေးချင်းကပ်အခန်းမှာနေချင်လို့ "

" ဒါ မင်းရဲ့အခန်းမဟုတ်ဘူး လွန်းရဲ့အခန်း "

" အောက်ထပ်မှာလဲ အခန်းလွတ်တွေအများကြီးရှိတာပဲလေ နောက်ပီး ဒီကိစ္စအတွက် အန်တီ့ဆီက ခွင့်ပြုချက်ရပီးသွားပီ ကိုကို "

" ငါအဲ့တာတွေစိတ်မ၀င်စားဘူး ငါ့အိမ်မှာလာပီး ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါနဲ့ အမိန့်လာမပေးနဲ့ "

အပြန်အလှန်စကားများနေတဲ့ လူနှယောက်ကိုတော့ နားမလည်စွာနဲ့ လွန်းတယောက်ငေးကြည့်နေမိသည် သူကျောင်းကပြန်လာမှ အမ်မလီဆိုတဲ့အမျိုးသမီးကိုမြင်ဖူးတာကြောင့် ဟန်နရီနဲ့ဘယ်လိုပတ်သတ်လဲတော့သေချာမသိ...ဒါပေမဲ့ သေချာတာတခုကတော့ အရင်တခေါက်ကလို ဟန်နရီနဲ့လက်ထပ်ဖို့စီစဥ်ထားတဲ့မိန်းကလေးဆိုတာတော့ ကြည့်ရုံနဲ့သိနိုင်သည်

" ဒီကောင်လေးက ဒီအိမ်ရဲ့မိသားစု၀င်မှမဟုတ်တာ သူ့ဘာသာသူ အလုပ်သမားတွေနေတဲ့ အခန်းထဲမှာနေလို့ရတာပဲလေ ကိုကို "

" ရပါတယ်ဗျ ကျတော်အောက်ထပ်မှာပဲသွားနေပါ့မယ် "

ကြား၀င်ဖြတ်ပီး စကားဖြတ်ပြောလိုက်တဲ့ လွန်းကို ဟန်နရီမျက်မှောင်ကြုံ့ကာ စိုက်ကြည့်လိုက်သည်

" လွန်း ဘာမှမသိရင်၀င်မပါနဲ့ "

" ကျတော်အဆင်ပြေပါတယ် ဒီကအစ်မကိုသာ ဦးစားပေးလိုက်ပါ "

" လွန်းတာနေဆန်း!!!! မင်း ငါ့စိတ်ကိုစမ်းနေတာလား ပါးစပ်ပိတ်ပီး ငြိမ်ငြိမ်လေးနေ "

" မင်းကအခုမှရောက်လာတဲ့ ဧည့်သည်ဆိုတာမမေ့နဲ့ အမ်မလီ...လွန်းလွန်းက ဒီအခန်းကနေဖယ်ပေးစရာအကြောင်းမရှိဘူး "

" သား !!!"

အနောက်ကနေ ရုတ်တရက်လှမ်းခေါ်လိုက်တဲ့ဒေါ်ဆရီနာကြောင့် ဟန်နရီစိတ်ပိုရှုပ်သွားသည် ..အခုအခြေအနေက အများနဲ့တယောက် စကားနိုင်လုနေရသလိုဖြစ်နေပီလား?

" မာမီကိုယ်တိုင် ခွင့်ပြုပေးလိုက်တာသား...လွန်းလွန်းက အောက်ထပ်မှာသွားနေလို့ရတယ် "

" မရဘူး ကျတော်ခွင့်မပြုနိုင်ဘူး "

" ဟန်နရီ !! သားမာမီ့ကို စိတ်ဆင်းရဲအောင်လုပ်နေတာလား "

" ကြီးကြီးပြောတာကို လက်ခံလိုက်ပါ ကျတော်အောက်မှာပဲသွားနေပါ့မယ် "

အခြေအနေအရ အများနဲ့တယောက်ဖြစ်နေတာကြောင့် ဟန်နရီခဏငြိမ်သက်သွားသည်..တခုခုကိုစဥ်းစားနေပုံပေါက်ပေမဲ့ မျက်၀န်းတွေကတော့ အေးစက်စက်ပင်....

" ကောင်းပီလေ လွန်းတာနေဆန်းက ဒီအခန်းနဲ့မတန်ဘူး အဲ့တော့ဒီအခန်းမှာ မင်းနေလိုက်အမ်မလီ "

လိုချင်တဲ့အဖြေရသွားတာကြောင့် အမ်မလီမျက်နှာမှာတော့ သဘောကျမှုအပြည့်ပင်..ဒါ့အပြင် လွန်းတာနေဆန်းဆိုတဲ့ကောင်လေးကို အနိုင်ရလိုက်တာကြောင့် ပို၍ကျေနပ်သွားသည်

" အဲ့တော့ မင်းဒီညကစပီးတော့ အောက်ထပ်မှာပဲနေလိုက်တော့ ကောင်လေး "

" ဟုတ်ကဲ့ အစ်မ "

" နေအုံး!!! ငါ့စကားမဆုံးသေးဘူး "

အကုန်လုံးရဲ့အကြည့်က ရုတ်တရက် ထအော်လိုက်တဲ့ဟန်နရီ့ဆီသို့...

" လွန်းတာနေဆန်းက ဒီအခန်းနဲ့မတန်ဘူး  သူတန်တာ ငါ့အခန်းနဲ့ပဲတန်တယ် အဲ့တော့ လွန်းရဲ့ပစ္စည်းတွေကို ငါ့အခန်းထဲရွှေ့လိုက် ဖိုးစိန်"

ဟန်နရီရဲ့ တချက်လွှတ်အမိန့်ကို အလုပ်သမားတွေလဲမလွန်ဆန်နိုင်တာကြောင့် ပစ္စည်းတွေကို ဟန်နရီအခန်းထဲသို့ ရွှေ့ဖို့ပြင်လိုက်ကြသည် အမ်မလီမျက်နှာကတော့ ဆူပုတ်ကာ ဘယ်လိုအတိုက်အခံလုပ်ရမလဲ အကြံထုတ်နေတဲ့ပုံပင်

" သား!! မင်းဘာတွေလုပ်နေတာလဲ "

" မြင်တဲ့အတိုင်းပဲမာမီ သူကဒီအခန်းမှာသိပ်နေချင်နေတာဆိုတော့ လွန်းကို ကျတော့်အခန်းမှာပဲနေခိုင်းရလိမ့်မယ် "

" ဒါပေမဲ့..."

" ဒါပေမဲ့တွေလုပ်မနေနဲ့မာမီ ကျတော်စကားကိုပြန်ပြင်မပြောတတ်တာ မာမီလဲသိမှာပါ "

ဘေးနားမှာ ကြောင်တောင်တောင်လေးရပ်နေတဲ့ လွန်းရဲ့လက်ကို ဟန်နရီအမြန်လှမ်းဆွဲလိုက်ပီး သူ့အခန်းထဲခေါ်သွားဖို့ပြင်လိုက်သည်...အခန်းထဲမ၀င်ခင် အမ်မလီ့နားအနားကပ်ကာ တစုံတခုကိုပြောလိုက်တဲ့ပုံပင် အမ်မလီရဲ့မျက်နှာကတော့ ပေါက်ကွဲမတတ်အောင်ရဲတက်သွားသည်

" ဖြုတ်ဦးနှောက်လောက်နဲ့ ငါနဲ့လွန်းကိုခွဲချင်နေရင် ဒီအခန်းထဲမှာ ဖင်ထောင်ပီးဆုတောင်းနေလိုက် "

****
" ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ ကျတော်အောက်မှာပဲသွားနေမှာပါဆို "

" ကိုယ်စီစဥ်တာကိုပဲလက်ခံလိုက်  ဘာလို့လဲဆို မင်းကကိုယ့်အပိုင်မို့လို့ပဲ "

" ဒါပေမဲ့ ခင်ဗျားနဲ့ဟိုအစ်မနဲ့က..."

" အရေးမကြီးတာတွေကို ခေါင်းထဲထည့်ဖို့မစဥ်းစားနဲ့ အခုအ၀တ်အစားလဲပီး အောက်ထပ်မှာ ထမင်းသွားစားဖို့ပြင်တော့ "

" ရပါတယ် ကျတော်နောက်မှပဲ ကြီးကြီးထားနဲ့စားလိုက်ပါ့မယ် "

" ကိုယ်မကြိုက်တာအဲ့တာတွေပဲ.....တယောက်ယောက်က အဓိပ္ပာယ်မရှိတာတွေပြောလိုက်တာနဲ့ သိမ်ငယ်စိတ်တွေ၀င်သွားတတ်တဲ့ အချစ်ကိုလုံး၀မကြိုက်ဘူး...အချစ်သိထားဖို့က အိမ်ဖော်တယောက်ရဲ့ တူဖြစ်သွားတာနဲ့ အဆင့်အတန်းနိမ့်မသွားဘူး တချိန်ကျ ဟန်နရီရဲ့ လက်တွဲဖော်က လွန်းတာနေဆန်းပဲဖြစ်လာမှာဆိုတာ မြဲမြဲမှတ်ထား "

" ကျတော်က အကုန်လုံးကို ဒုက္ခပေးနေမိပီထင်တယ် "

ခေါင်းလေးငုံပီး မျက်ရည်လေးတွေ၀ဲတက်လာတဲ့ လွန်းကြောင့် ဟန်နရီပိုစိတ်ရှုပ်သွားသည်...ဒီကလေးက အရင်ထဲက စိတ်ခံစားချက်လွယ်ပီးအငိုသန်တဲ့ ကလေးတယောက်ပဲမှတ်လား

" ဘာလို့ အဲ့လိုအတွေးတွေ တွေးနေရတာလဲကွာ ကိုဘယ်လောက်ထိ အချစ်ကိုချစ်လဲဆိုတာသိတယ်မှတ်လား ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ ကိုယ့်ကိုပဲကြည့်ပေးရင်ရပီ "

" ကျတော် ဘာဆက်လုပ်ရမှန်းမသိတော့ဘူး "

" အချစ်ဆက်လုပ်ရမှာက ကိုယ့်ကိုပိုချစ်ပေးဖို့ပဲ...မငိုနဲ့တော့နော် ကိုယ်ဖက်ထားပေးမယ် "

(အင်း....ကျတော်လောဘတတ်မိတယ် ဖေကြီးကလောဘမထားဖို့အမြဲဆုံးမတတ်ပေမဲ့ ဒီလူရဲ့ရင်ခွင်ထဲမှာ ခို၀င်တဲ့သူက ကျတော်တယောက်ထဲဖြစ်ချင်တဲ့အထိ လောဘတတ်မိတယ် ကျတော့်လုပ်ရပ်တွေကမှန်ရဲ့လားမသိပေမဲ့ ကျတော်သူ့ကို လက်မလျှော့ချင်ဘူး
ဒါပေမဲ့ ကျတော်ကြောင့်တခြားသူတွေစိတ်ဆင်းရဲမှာကိုလဲ မလိုလား...ကျတော်ပဲ နောက်ဆုတ်ပေးလိုက်သင့်လား...)

****

" အကို !!!"

" ကျစ်....မင်းရောက်လာပြန်ပီလား "

" အကိုက clubကိုမလာတော့ ကျတော်ပဲအကို့ဆီလာရတာပေါ့ "

" ဒီတခါကကော အကြောင်းမရှိပဲ ငါ့ဆီရောက်လာတာလား "

" အခုတလော ကျတော့်မှာအလုပ်သိပ်မရှိဘူးလေ အဲ့တာကြောင့် အကို့ဆီတမင်လာခဲ့တာ "

" ဂေဟာကလူတွေမြင်ရင် ငါ့ကိုတမျိုးထင်ကုန်မယ် နောက်တခါမပြောမဆိုပဲနဲ့ မလာနဲ့ "

" အဲ့တာဆိုလဲ အကို့ဖုန်းနံပါတ်ကျတော့်ကိုပေးလိုက်လေ "

" ဖုန်းနံပါတ်လိုချင်ရင် ငါမေးတာဖြေရမယ် "

" အိုကေလေ ကြိုက်တာမေး "

" ဟန်နရီက companyကလုပ်ငန်းတွေအပြင် တခြားဘာအလုပ်တွေလုပ်သေးလဲဆိုတာငါသိချင်တယ် "

မာန်ဟိန်းကိုကိုရဲ့အမေးကြောင့် Samတယောက်မျက်နှာလွှဲကာ ချောင်းတချက်ဟန့်လိုက်သည်....

" အကိုက ဘာလို့သိချင်တာလဲ "

" ငါ့စိတ်ထဲ ဟန်နရီကို မသင်္ကာဖြစ်နေလို့ သူမှောင်ခိုလုပ်ငန်းတွေဘာတွေများ လုပ်နေသလားလို့ပါ "

" Bossက သူ့ရဲ့ပုံစံကြောင့် လူဆိုးတယောက်လိုဖြစ်နေတာပါ သူက လူဆိုးပုံစံစတိုင်ဖမ်းရတာကြိုက်တယ်လေ...တခြားမဟုတ်တာဘာမှမလုပ်ပါဘူး Bossကလူကောင်းတယောက်ပါပဲ "

" မင်းရဲ့ Bossကို တမင်သပ်သပ်ကာကွယ်ပီးပြောပေးနေတာလား "

" အကိုကတော်တော်စပ်စုတာပဲ တကယ်တော့ မှောင်ခိုလုပ်ငန်းလုပ်နေတာကျတော်ပါ "

" ဟင်...မင်းက ဘာမှောင်ခိုလုပ်ငန်းတွေလုပ်တာလဲ "

" အကို့ရဲ့ နှလုံးသားကို မှောင်ခိုနည်းနဲ့ခိုးယူတဲ့လုပ်ငန်းလေ "

" ကလေးဆန်တဲ့အတွေးတွေနဲ့ ငါ့ကိုလာမရောနဲ့ Sam... မင်းငါ့အပေါ်မရိုးသားရင် အခုထဲကငါနဲ့၀ေး၀ေးနေ "

" ကျတော်ကစတာပါဗျာ....ကျတော်က အကို့လို လူရိုးကြီးကိုကြိုက်စရာလား "

" မင်း!!!"

" စိတ်မဆိုးနဲ့နော် ဒါလဲစတာပဲ "

(မာန်ဟိန်းတယောက် ခေါင်းကိုခါကာ သက်ပြင်းများသာချမိသည် အခုခေတ်ကလေးတွေများ တကယ်မလွယ်တာပဲ )

တီ တီ တီ...

" အကို ကျတော် ခဏလောက်ဖုန်းသွားပြောလို့ရမလား "

" သွား "

(အရိုင်းအဆိုင်းတွေလို့ထင်ရပေမဲ့ သူများရှေ့ဖုန်းပြောချင်ရင် ခွင့်တောင်းတတ်တဲ့အကျင့်လေးတွေကတော့ ဟန်နရီနဲ့အတူတူပင်...
သေချာကြည့်ရင် Samရဲ့အပြုအမူတွေက ဟန်နရီနဲ့နည်းနည်းတူတတ်သည်...ဆရာနဲ့တပည့်အကျင့်ချင်းတူတောတော့ မထူးဆန်းပါဘူး ဒါပေမဲ့ ဟန်နရီဆိုတဲ့ကောင်ကတော့ အရိုင်းအဆိုင်းကောင်ပင် ဒါတောင် အဆိုးလေးက အဲ့ကောင်ကိုဘာကြည့်ပီး သဘောကျသွားမှန်းစဥ်းစားမရ )

( စကားအရှိန်ကောင်းနေခါမှ ၀င်လာတဲ့ Bossရဲ့ဖုန်းကြောင့်
အကို့ကိုခွင့်တောင်းပီး နေရာမှချက်ချင်းထကာ ဖုန်းကိုင်ဖို့ပြင်လိုက်သည် မကိုင်လို့လဲမရ...ဖုန်းကိုင်တာနောက်ကျတာနဲ့ မပြီးပြတ်နိုင်တဲ့မေးခွန်းတွေနဲ့ စစ်ဆေးလို့ ပီးမှာမဟုတ်..မသိရင် ကိုယ်ကပဲ သူ့ရည်းစားကျနေတာပဲ )

" Hello "

" ငါလက်လွန်သွားပီ Sam "

" ခင်ဗျာ!! "

" ရှိန်းခန့်ပိုင်လွှတ်ထားတဲ့ လူကို မင်းသူဌေးဘယ်မှာရှိလဲဆိုပီးနေရာမေးရင်းကနေ စိတ်မရှည်လို့ အပြတ်ရှင်းလိုက်တာ "

" Bossအခုဘယ်မှာလဲ "

" ငါမင်းကိုလိပ်စာပို့ပေးလိုက်မယ် အခုချက်ချင်းလိုက်လာခဲ့ "

" ဟုတ်ကဲ့ "

(သေချာပြန်စဥ်းစားကြည့်ရင် အကိုနဲ့တွေ့ပီး စကားတွေပြောဖို့ကြံတိုင်း ၀င်၀င်ရှုပ်တတ်တာ Bossတယောက်ထဲရှိသည်..မသိရင် တမင်သပ်သပ်များလုပ်နေသလားအောက်မေ့ရတယ် အဲ့လိုBossပုံစံနဲ့ ဟိုကောင်လေးနဲ့ကလုံး၀
မလိုက်ဖက်...အကိုနဲ့ကျတော်ကမှ လိုက်ဖက်အုံးမည် )

****
5.12.21
Grey

***
ကျောင်းသွားကြိုမယ်ဆိုပီး ထွက်သွားတဲ့ ကိုကိုကြောင့် သူပြောတဲ့တစုံတယောက်ဆိုတာ ဘယ်သူလဲဆိုတာ သိချင်လာတယ်....အိမ်ကအလုပ်သမားတွေကို နည်းနည်းပါပါးစကားအစ်မေးကြည့်တော့ ယောက်ျားလေးတယောက်ဖြစ်တဲ့အပြင် ဒီအိမ်မှာအလုပ်လုပ်နေတဲ့ အိမ်ဖော်ရဲ့တူလေးတဲ့လား Switzerlandတခွင်ပတ်ပီး တယောက်ပီးတယောက်နဲ့တွဲခဲ့တဲ့လူက ဘာမဟုတ်တဲ့ကောင်လေးတယောက်ကြောင့် ခြေငြိမ်သွားတာတော့ ရယ်စရာပင်...


ကားထဲကစထွက်ထဲက ဟိုကောင်လေးရဲ့အိတ်တွေ ထမင်းချိုင့်တွေကို ကိုကိုကသယ်ပေးနေတာကြောင့် ဒေါသထွက်မိတာတော့အမှန်ပင်...ယောက်ျားလေးတယောက်ဆိုပေမဲ့ ဖြူဖွေးပီးအသားအရည်လှတဲ့အပြင် သေးကွေးတဲ့ခန္ဓာကိုယ်လေးကြောင့် ကိုကို့အမြင်မှာချစ်စရာကောင်းနေလားတော့မသိပေမဲ့ ကိုယ့်အမြင်မှာတော့ အမြင်ကပ်စရာထက်ပိုမတွေ့...














" သား !!!"










" ဟုတ်ကဲ့ အစ်မ "







" ဒါပေမဲ့..."




****












****

" အကို !!!"








" အိုကေလေ ကြိုက်တာမေး "












" မင်း!!!"



တီ တီ တီ...


" သွား "



" Hello "

" ငါလက်လွန်သွားပီ Sam "

" ခင်ဗျာ!! "


" Bossအခုဘယ်မှာလဲ "


" ဟုတ်ကဲ့ "


****
5.12.21
Grey

***

Continue Reading

You'll Also Like

175K 13.2K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.1M 45.3K 57
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
654K 14.1K 46
အချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....
395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...