Unicode
ငါ ပရော်ဖက်ဆာလင်းနဲ့ တွေ့ခဲတယ်။ နှစ်အတော်ကြာခွဲခွာပြီးတဲ့နောက်မှာ သူက ပိုတောင်မှ ချောမောပြီးတော့ ထက်မြက်လာတယ်။ ကျောင်းကုန်းဇီကြောင့် သူ မြို့ပြင်ကို ထွက်ပြေးခဲ့ပြီးနောက် သူ့ကံကြမ္မာကို ပြောင်းလဲပြီးတော့ သူ့ဘာသာသူ တစ်ခုခုကို ဖန်တီးခဲ့တာကို ပြောပြရင်း သူက ညင်သာစွာ ပြုံးပြတယ်။
ကျောင်းကုန်းဇီနဲ့ငါက မတူညီတဲ့လူနှစ်ယောက်ဖြစ်ကြောင်း, ပြီးတော့ အဲ့ဒီအရာတွေက ငါ ကျောင်းကုန်းဇီကိုလုပ်ခိုင်းခဲ့တာတွေမဟုတ်ကြောင်းကို သူ ပြောနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ ငါ့မှာသာ ပိုက်ဆံ, အချိန်နဲ့ စွမ်းအင်တွေ ရှိမယ်ဆိုရင် ချောကလက် စက်ရုံဖွင့်ခြင်းလိုမျိုး ငါလုပ်ချင်တဲ့အရာတွေကို လုပ်မယ်။ ကျောင်းကုန်းဇီကတော့ အရမ်းကို အသုံးအဖြုန်းကြီးတယ်လေ။
ပရော်ဖက်ဆာလင်းရဲ့စကားလမ်းကြောင်းက ပြောင်းလဲသွားပြီး သူက ငါ့ကို နောက်တစ်ကြိမ် ထပ်တောင်းပန်ကာ အဲ့အချိန်တုန်းက သူ ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားခဲ့ခြင်းမဟုတ်ကြောင်းနဲ့ ခံစားချက်တွေကို ထိန်းချုပ်ဖို့ခက်ခဲတာကြောင့် သူ ဘာမှမတတ်နိူင်ခဲ့ရုံသာဖြစ်ကြောင်း ပြောပြတယ်။
"အားလုံးက ပြီးသွားခဲ့ပြီ, ထပ်ပြောစရာမလိုတော့ပါဘူး"
ပရော်ဖက်ဆာလင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောတယ်, "မင်းရဲ့အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ ပွင့်လင်းတဲ့စိတ်ထားကို ငါ အရမ်းလေးစားတယ်, တစ်ချိန်တည်းမှာပဲ အဲ့ဒါက မင်းနဲ့ပတ်သက်ပြီးတော့ ချစ်စရာကောင်းဆုံးအပိုင်းလည်းဖြစ်ပေမယ့် အန္တရာယ်အရှိဆုံးအပိုင်းလို့လည်း ငါ နားလည်မိတယ်"
သူ ဘာတွေပြောနေလဲဆိုတာကိုတော့ ငါလည်းမသိဘူး။ သူက ငါ့ကို ထပ်ပြီးတော့ သွေးဆောင်ဖြားယောင်းဖို့ ကြိုးစားနေတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ဒီနေ့ကတော့ အတိတ်နဲ့ မတူဘူးလေ။ အခု ငါ့ရဲ့နှလုံးသားက ငါ့ရဲ့ချစ်လှစွာသော ကျင်းရှန့်နဲ့အတူရှိနေတယ်။ ပရော်ဖက်ဆာလင်းနဲ့ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် ပရော်ဖက်ဆာလင်းက စိတ်ဝင်စားဖို့ သိပ်မကောင်းဘူးလေ။ (သက်ပြင်းချလိုက်သံ) ကျင်းရှန့်က အရမ်းကို ပြတ်ပြတ်သားသားဖြစ်နေတာကတော့ ဆိုးတာပဲ။ ဒီနေ့ သူက ကျောင်းကုန်းဇီနဲ့ ထပ်ပြီး ချိန်းတွေ့နေတယ်။ ကျောင်းကုန်းဇီရဲ့အတွင်းရေးမှူးကတော့ ကျင်းရှန့်က ကျောင်းကုန်းဇီကို ငွေအမြောက်အမြားနဲ့ ထပ်မံလှည့်စားခဲ့တယ်လို့ ပြောပြတယ်။ ငါ ဒါကိုကြားတော့ အိတ်ကပ်ထဲက ဖျော်ဖြေပွဲလက်မှတ်ကို မဝံ့မရဲနဲ့ သွားထိလိုက်တယ်။ အဲ့တာက ပရော်ဖက်ဆာလင်းပါဝင်တဲ့ တီးဝိုင်းဖျော်ဖြေပွဲတစ်ခုလေ။ လက်မှတ်တွေက ရဖို့ခဲယဉ်းတယ်။ ကျင်းရှန့်က ငါ့ကို သူနဲ့အတူ ဖျော်ဖြေပွဲသွားကြည့်ရန် ဖိတ်ခေါ်ဖို့အတွက် လက်မှတ်တွေရဖို့ကို ပိုက်ဆံအများကြီးသုံးထားရမှာပဲ။
(သက်ပြင်းချလိုက်သံ)
ကျင်းရှန့်က အမှန်တကယ်ကို မြင်ရန် ခဲယဉ်းပြီး လူတွေကို အခက်အခဲဖြစ်စေတတ်တဲ့ မာရ်နတ်ငယ်လေးဖြစ်တယ်။
အရင်တုန်းက ပရော်ဖက်ဆာလင်းဟာ မျက်နှာမှာ ကျောင်းကုန်းဇီရဲ့ တဖြတ်ဖြတ်ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး အလုပ်ပြုတ်ကာ မြို့ထဲကနေ နှင်ထုတ်ခံခဲ့ရတယ်။ ဒီအတိုင်းဆို သူက အဲ့တာကို လွှတ်ပေးထားမှာမဟုတ်ဘူး။ သူ့ရဲ့ချိုမြိန်တဲ့အရာတွေက ငါ့ကို ဘာမှမသက်ရောက်ဘူးဆိုတာကို မြင်တော့ သူက မေးတယ်, "အခုတလော မင်း ဘယ်လိုနေလဲ"
"မဆိုးပါဘူး"
ပါမောက္ခလင်းက ခေါင်းယမ်းတယ်, "အရင်က မင်း နိုင်ငံရပ်ခြားကို သွားမယ်လို့ ငါထင်ခဲ့တာ, ဒါပေမယ့် အခုထိ မင်းက မသွားနိုင်သေးဘူး, မင်း တော်တော်လေး နောင်တရနေမှာပဲ"
အစက ငါ အသက်ဆယ်နှစ်ကျော်သွားရင် အသက်မရှင်နိုင်တော့ဘူးလို့ ထင်ခဲ့တာ။
အမှန်အတိုင်းပြောရရင် ပရော်ဖက်ဆာလင်းက ငါ့ရဲ့ဖြူစင်ရိုးသားတဲ့အချစ်ကို လှည့်စားခဲ့တယ်ဆိုတဲ့အချက်ကို ငါ အရမ်းစိတ်မ၀င်စားခဲ့တာတော့ အမှန်ပဲ။ အဲ့အပြင် ငါ့မှာ စစ်မှန်ပြီးတော့ ထက်သန်တဲ့အချစ်တွေ အများကြီးရှိခဲ့တယ်။ ဒါပေမယ့် သူက ငါ့အတွက် အရမ်းစိတ်ပူနေခဲ့တာ။ ငါ့စကားက ဘယ်လောက်ပဲမှန်နေပါစေ, သူက အဲ့တာကို အတုအယောင်လို့ပဲ ခံယူထားလိမ့်မယ်။
ပရော်ဖက်ဆာလင်းက ပြောတယ်, "မင်းကို ငါ ဖုန်းဆက်တုန်းက သူ မင်းရဲ့လွတ်လပ်မှုကို အရမ်းမလေးစားတာမျိုး မလုပ်သင့်ဘူးနော်, အိုး, ပြီးတော့ သူက အခု လူသိများနေတဲ့ ကျင်းရှန့်ကို အတော်လေး စွဲလမ်းနေပြီး ကျင်းရှန့်ကို နာမည်ကြီးဖြစ်အောင် ရုပ်ရှင်ကုမ္ပဏီတစ်ခု ဖွင့်ချင်နေတယ်လို့ ငါ ကြားတယ်, မင်းကော ကြားမိလား?"
ငါ ကြားတာပေါ့။ ကျောင်းကုန်းဇီက ကျင်းရှန့်ကို ခြိမ်းခြောက်ကာ အဲ့ရုပ်ရှင်ကုမ္ပဏီကို ဖွင့်လှစ်ပြီးတဲ့နောက် လူအများအပြားကို ထင်ရှားကျော်ကြားစေမယ်လို့ ပြောပြီး ကျင်းရှန့်ကိုလည်း အကောင်းဆုံးအပြုအမူကို လုပ်ဆောင်ဖို့ ပြောကြားခဲ့တယ်။ ကျောင်းကုန်းဇီက ငါ့ကိုလည်း ခြိမ်းခြောက်ပြီးတော့ ရုပ်ရှင်ကုမ္ပဏီကို ဖွင့်ပြီးရင် လူတော်တော်များများကို နာမည်ကြီးအောင် လုပ်ပေးမယ်လို့ ပြောပြီး ငါ့ကို အကောင်းဆုံးအပြုအမူဖြစ်အောင် လုပ်ဆောင်ဖို့အတွက် ပြောကြားခဲ့တယ်လေ။ ကျင်းရှန့် ငါ့ကို ရှိုးလက်မှတ်တွေ ပေးတုန်းက အတူတူ ရုပ်ရှင်ဇာတ်ညွှန်းရေးပြီး တစ်ယောက်နဲ့တစ်ယောက် အထောက်အပံ့ဖြစ်စေမလားလို့ မေးတယ်။
အင်း။
ငါ့ရဲ့အမူအရာက ရှုပ်ထွေးပြီးတော့ နည်းနည်းထူးဆန်းနေတာကြောင့် ပါမောက္ခလင်းက ထပ်မံရယ်မောပြီး ပြောတယ်, "စောနေသေးတာပဲ, မင်းကို ငါ့နေရာဆီ ခဏလာလည်ဖို့ ဖိတ်ခေါ်ရင်ကော ဘယ်လိုလဲ?"
ငါ မလိုအပ်ဘူးလို့ပဲ ပြောလိုက်ချင်ပါတယ်။
ပရော်ဖက်ဆာလင်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောတယ်, "မင်း အလျင်စလို ငြင်းစရာမလိုပါဘူး, ငါ့အိမ်မှာက ပိုင်ရှင်ရှိပြီးသားလေ, မင်းရဲ့ဥရောပဘဏ်က သံအမတ်ကြီးက အန်ဒရူးရဲ့ညီလေးနဲ့ စီးပွားရေးကိစ္စ ဆွေးနွေးချင်တယ်လို့ ငါကြားတယ်"
"ကျေးဇူးတင်ပါတယ်"
ပရော်ဖက်ဆာလင်းက ဆက်ပြောတယ်, "တကယ်တော့ ငါ မင်းအတွက် အချိန်အတော်ကြာ စိတ်မကောင်းဖြစ်ခဲ့ရသလို မင်းအပေါ် မှာ ကောင်းတဲ့ခံစားချက်တွေ ထားရှိခဲ့တာလည်း အမှန်ပဲ, ထုံးစံအတိုင်း ငါ မင်းကို လက်မလွှတ်ချင်ဘူးလို့ ခံစားရတယ်, ဒါပေမယ့် ဒါက မင်းအတွက် သိပ်ပြီးမတရားဘူးလေ, မင်း အပြင်ထွက်ပြီးတော့ ကမ္ဘာကြီးကိုကြည့်သင့်တယ်, အဲ့ဒါက မင်းရဲ့အိပ်မက်ပဲလေ"
ငါက ငါ့ရဲ့အိမ်မက်တွေကို သူသိထားတာထက် ပိုပြီးရှင်းရှင်းလင်းလင်းသိတယ်။
ပရော်ဖက်ဆာလင်းနဲ့ အန်ဒရူးညီငယ်လေးရဲ့နေ့စဉ်ဘဝက ချိုမြိန်သန့်ရှင်းပြီးတော့ တစ်ယောက်ကိုတစ်ယောက်လေးစားချစ်ခင်ကြကာ အခြားလူတွေကို မနာလိုဖြစ်စေတယ်ဆိုတာကို ငါ တွေ့လိုက်ရတယ်။
ငါနဲ့ တစ်ဖက်လူက ဝမ်းသာအားရစကားစမြည်ပြောဖြစ်ကြတယ်။ မကြာခင်မှာ ငါ ရာထူးတိုးပြီးတော့ လစာတိုးနိုင်မယ်လို့ခံစားရတယ်။ အဲ့ဒါပြီးတာနဲ့ ငါ ကြောင်လေးတစ်ကောင်ကို မွေးမြူနိုင်လိမ့်မယ်။ ဟမ်းက ငါနဲ့ မရင်းနှီးဘူး။ သူက ကျောင်းကုန်းဇီကို ပိုသဘောကျတယ်လေ။ ကျေးဇူးကန်းလိုက်တဲ့ ခွေးပဲ။ ကြောင်လေးတွေနဲ့ ခွေးတွေက မတူဘူး။ ငါက ငါ့ကို ချစ်ပြီးတော့ ငါ့အနား အမြဲကပ်တဲ့ ကြောင်လေးတစ်ကောင်ကို မွေးမြူပြီး ဟမ်းနဲ့ ကျောင်းကုန်းဇီကို သေအောင်လုပ်ပစ်မယ်။
အန်ဒရူးရဲ့ညီလေးက သူ့ကို တွန်မီလို့ ခေါ်ဖို့ ပြောတယ်။ သူနဲ့ငါက အထူးလိုက်ဖက်ညီတယ်လို့လည်း တွန်မီက ပြောတယ်။ အဲ့အပြင် သူက ကျောင်းကုန်းဇီနဲ့ငါ အတူနေထိုင်နေတယ်ဆိုတာကို သိပြီး ဥရောပဝိုင်တစ်ပုလင်းကို ထုတ်ကာ ညစာစားဖို့အတွက် ငါ့အိမ်ကို သွားချင်တယ်လို့ ပြောတယ်။
သူက အရမ်းစိတ်အားထက်သန်နေပြီး အဲ့ဒါကိုစောင့်မျှော်နေတာကြောင့် ကျိန်းသေပေါက် ငါ့ကို နက်နက်ရှိုင်းရှိုင်းချစ်မယ့် ငါ့ရဲ့ အနာဂတ်ကြောင်လေး, ရှားလော့ကြောင့်သာ ငါ သဘောတူနိုင်မှာပါ။ ကောင်းတဲ့အရာကတော့ ကျောင်းကုန်းဇီရဲ့လက်ထောက်က ဒီည ကျောင်းကုန်းဇီဟာ ကျင်းရှန့်နဲ့ စီးပွားရေးဆွေးနွေးဖို့အတွက် ကပွဲခန်းမကို သွားမယ်လို့ ငါ့ကို ပြောတယ်။
ငါ တွန်မီနဲ့ ပရော်ဖက်ဆာလင်းကို အိမ်ခေါ်လာပြီး ဟမ်းရဲ့ဒေါသတကြီးဟောင်သံကို ကြားလိုက်တဲ့အခါမှာ တစ်ခုခုတော့ မှားနေပြီလို့ ခံစားလိုက်ရတယ်။ ငါ တံခါးကိုဖွင့်လိုက်တော့ ငရုတ်ကောင်း, စမုန်နက်နဲ့ စမုန်စပါးတွေရဲ့တည်နေရာကို မထိန်းနိုင်အောင်ပဲ တွေးမိနေတယ်။
တွန်မီက ပြောတယ်, "ခွေးမွေးတာကတော့ ဒီလိုပါပဲ, ကျွန်တော့်မိဘတွေအိမ်မှာတော့ ခွေးတစ်ကောင်ရှိလို့ မကြာခဏ ရှုပ်ပွပြီး ဒုက္ခရောက်ရတယ်လေ"
ပုံမှန်အားဖြင့် ဟမ်းက ဒီလိုမဟုတ်ဘူး။ သူ ဗိုက်ဆာတဲ့အခါမှသာ ဒီလိုဖြစ်တာလေ။ ငါ ဒီမနက် တိုက်ခန်းက မထွက်ခင်မှာ ဟမ်းကိုအစာကျွေးဖို့ သတိရဖို့အတွက် ကျောင်းကုန်းဇီကို ပြောခဲ့တယ်။ သူက ပုံမှန်အားဖြင့်တော့ သတိရပါတယ်။ ဒီနေ့တော့ သူက ဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်မယ် ။
"အပြင်ထွက်ပြီးပဲ စားရအောင်လေ"
တွန်မီက သဘောတူလိုက်တယ်။
Zawgyi
ငါ ပေရာ္ဖက္ဆာလင္းနဲ႔ ေတြ႕ခဲတယ္။ ႏွစ္အေတာ္ၾကာခြဲခြာၿပီးတဲ့ေနာက္မွာ သူက ပိုေတာင္မွ ေခ်ာေမာၿပီးေတာ့ ထက္ျမက္လာတယ္။ ေက်ာင္းကုန္းဇီေၾကာင့္ သူ ၿမိဳ႕ျပင္ကို ထြက္ေျပးခဲ့ၿပီးေနာက္ သူ႕ကံၾကမၼာကို ေျပာင္းလဲၿပီးေတာ့ သူ႕ဘာသာသူ တစ္ခုခုကို ဖန္တီးခဲ့တာကို ေျပာျပရင္း သူက ညင္သာစြာ ျပဳံးျပတယ္။
ေက်ာင္းကုန္းဇီနဲ႔ငါက မတူညီတဲ့လူႏွစ္ေယာက္ျဖစ္ေၾကာင္း, ၿပီးေတာ့ အဲ့ဒီအရာေတြက ငါ ေက်ာင္းကုန္းဇီကိုလုပ္ခိုင္းခဲ့တာေတြမဟုတ္ေၾကာင္းကို သူ ေျပာႏိုင္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္။ ငါ့မွာသာ ပိုက္ဆံ, အခ်ိန္နဲ႔ စြမ္းအင္ေတြ ႐ွိမယ္ဆိုရင္ ေခ်ာကလက္ စက္႐ုံဖြင့္ျခင္းလိုမ်ိဳး ငါလုပ္ခ်င္တဲ့အရာေတြကို လုပ္မယ္။ ေက်ာင္းကုန္းဇီကေတာ့ အရမ္းကို အသုံးအျဖဳန္းႀကီးတယ္ေလ။
ပေရာ္ဖက္ဆာလင္းရဲ႕စကားလမ္းေၾကာင္းက ေျပာင္းလဲသြားၿပီး သူက ငါ့ကို ေနာက္တစ္ႀကိမ္ ထပ္ေတာင္းပန္ကာ အဲ့အခ်ိန္တုန္းက သူ ငါ့ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ လွည့္စားခဲ့ျခင္းမဟုတ္ေၾကာင္းနဲ႔ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ဖို႔ခက္ခဲတာေၾကာင့္ သူ ဘာမွမတတ္ႏိူင္ခဲ့႐ုံသာျဖစ္ေၾကာင္း ေျပာျပတယ္။
"အားလုံးက ၿပီးသြားခဲ့ၿပီ, ထပ္ေျပာစရာမလိုေတာ့ပါဘူး"
ပေရာ္ဖက္ဆာလင္းက ေပါ့ေပါ့ပါးပါး ျပဳံးလိုက္ၿပီး ေျပာတယ္, "မင္းရဲ႕အသက္အ႐ြယ္နဲ႔မလိုက္ဖက္တဲ့ ပြင့္လင္းတဲ့စိတ္ထားကို ငါ အရမ္းေလးစားတယ္, တစ္ခ်ိန္တည္းမွာပဲ အဲ့ဒါက မင္းနဲ႔ပတ္သက္ၿပီးေတာ့ ခ်စ္စရာေကာင္းဆုံးအပိုင္းလည္းျဖစ္ေပမယ့္ အႏၲရာယ္အ႐ွိဆုံးအပိုင္းလို႔လည္း ငါ နားလည္မိတယ္"
သူ ဘာေတြေျပာေနလဲဆိုတာကိုေတာ့ ငါလည္းမသိဘူး။ သူက ငါ့ကို ထပ္ၿပီးေတာ့ ေသြးေဆာင္ျဖားေယာင္းဖို႔ ႀကိဳးစားေနတာလည္း ျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ဒီေန႔ကေတာ့ အတိတ္နဲ႔ မတူဘူးေလ။ အခု ငါ့ရဲ႕ႏွလုံးသားက ငါ့ရဲ႕ခ်စ္လွစြာေသာ က်င္း႐ွန္႔နဲ႔အတူ႐ွိေနတယ္။ ပေရာ္ဖက္ဆာလင္းနဲ႔ ႏိႈင္းယွဥ္ၾကည့္ရမယ္ဆိုရင္ ပေရာ္ဖက္ဆာလင္းက စိတ္ဝင္စားဖို႔ သိပ္မေကာင္းဘူးေလ။ (သက္ျပင္းခ်လိုက္သံ) က်င္း႐ွန္႔က အရမ္းကို ျပတ္ျပတ္သားသားျဖစ္ေနတာကေတာ့ ဆိုးတာပဲ။ ဒီေန႔ သူက ေက်ာင္းကုန္းဇီနဲ႔ ထပ္ၿပီး ခ်ိန္းေတြ႕ေနတယ္။ ေက်ာင္းကုန္းဇီရဲ႕အတြင္းေရးမႉးကေတာ့ က်င္း႐ွန္႔က ေက်ာင္းကုန္းဇီကို ေငြအေျမာက္အျမားနဲ႔ ထပ္မံလွည့္စားခဲ့တယ္လို႔ ေျပာျပတယ္။ ငါ ဒါကိုၾကားေတာ့ အိတ္ကပ္ထဲက ေဖ်ာ္ေျဖပြဲလက္မွတ္ကို မဝံ့မရဲနဲ႔ သြားထိလိုက္တယ္။ အဲ့တာက ပေရာ္ဖက္ဆာလင္းပါဝင္တဲ့ တီးဝိုင္းေဖ်ာ္ေျဖပြဲတစ္ခုေလ။ လက္မွတ္ေတြက ရဖို႔ခဲယဥ္းတယ္။ က်င္း႐ွန္႔က ငါ့ကို သူနဲ႔အတူ ေဖ်ာ္ေျဖပြဲသြားၾကည့္ရန္ ဖိတ္ေခၚဖို႔အတြက္ လက္မွတ္ေတြရဖို႔ကို ပိုက္ဆံအမ်ားႀကီးသုံးထားရမွာပဲ။
(သက္ျပင္းခ်လိုက္သံ)
က်င္း႐ွန္႔က အမွန္တကယ္ကို ျမင္ရန္ ခဲယဥ္းၿပီး လူေတြကို အခက္အခဲျဖစ္ေစတတ္တဲ့ မာရ္နတ္ငယ္ေလးျဖစ္တယ္။
အရင္တုန္းက ပေရာ္ဖက္ဆာလင္းဟာ မ်က္ႏွာမွာ ေက်ာင္းကုန္းဇီရဲ႕ တျဖတ္ျဖတ္႐ိုက္ႏွက္ျခင္းကို ခံခဲ့ရၿပီး အလုပ္ျပဳတ္ကာ ၿမိဳ႕ထဲကေန ႏွင္ထုတ္ခံခဲ့ရတယ္။ ဒီအတိုင္းဆို သူက အဲ့တာကို လႊတ္ေပးထားမွာမဟုတ္ဘူး။ သူ႕ရဲ႕ခ်ိဳၿမိန္တဲ့အရာေတြက ငါ့ကို ဘာမွမသက္ေရာက္ဘူးဆိုတာကို ျမင္ေတာ့ သူက ေမးတယ္, "အခုတေလာ မင္း ဘယ္လိုေနလဲ"
"မဆိုးပါဘူး"
ပါေမာကၡလင္းက ေခါင္းယမ္းတယ္, "အရင္က မင္း ႏိုင္ငံရပ္ျခားကို သြားမယ္လို႔ ငါထင္ခဲ့တာ, ဒါေပမယ့္ အခုထိ မင္းက မသြားႏိုင္ေသးဘူး, မင္း ေတာ္ေတာ္ေလး ေနာင္တရေနမွာပဲ"
အစက ငါ အသက္ဆယ္ႏွစ္ေက်ာ္သြားရင္ အသက္မ႐ွင္ႏိုင္ေတာ့ဘူးလို႔ ထင္ခဲ့တာ။
အမွန္အတိုင္းေျပာရရင္ ပေရာ္ဖက္ဆာလင္းက ငါ့ရဲ႕ျဖဴစင္႐ိုးသားတဲ့အခ်စ္ကို လွည့္စားခဲ့တယ္ဆိုတဲ့အခ်က္ကို ငါ အရမ္းစိတ္မ၀င္စားခဲ့တာေတာ့ အမွန္ပဲ။ အဲ့အျပင္ ငါ့မွာ စစ္မွန္ၿပီးေတာ့ ထက္သန္တဲ့အခ်စ္ေတြ အမ်ားႀကီး႐ွိခဲ့တယ္။ ဒါေပမယ့္ သူက ငါ့အတြက္ အရမ္းစိတ္ပူေနခဲ့တာ။ ငါ့စကားက ဘယ္ေလာက္ပဲမွန္ေနပါေစ, သူက အဲ့တာကို အတုအေယာင္လို႔ပဲ ခံယူထားလိမ့္မယ္။
ပေရာ္ဖက္ဆာလင္းက ေျပာတယ္, "မင္းကို ငါ ဖုန္းဆက္တုန္းက သူ မင္းရဲ႕လြတ္လပ္မႈကို အရမ္းမေလးစားတာမ်ိဳး မလုပ္သင့္ဘူးေနာ္, အိုး, ၿပီးေတာ့ သူက အခု လူသိမ်ားေနတဲ့ က်င္း႐ွန္႔ကို အေတာ္ေလး စြဲလမ္းေနၿပီး က်င္း႐ွန္႔ကို နာမည္ႀကီးျဖစ္ေအာင္ ႐ုပ္႐ွင္ကုမၸဏီတစ္ခု ဖြင့္ခ်င္ေနတယ္လို႔ ငါ ၾကားတယ္, မင္းေကာ ၾကားမိလား?"
ငါ ၾကားတာေပါ့။ ေက်ာင္းကုန္းဇီက က်င္း႐ွန္႔ကို ၿခိမ္းေျခာက္ကာ အဲ့႐ုပ္႐ွင္ကုမၸဏီကို ဖြင့္လွစ္ၿပီးတဲ့ေနာက္ လူအမ်ားအျပားကို ထင္႐ွားေက်ာ္ၾကားေစမယ္လို႔ ေျပာၿပီး က်င္း႐ွန္႔ကိုလည္း အေကာင္းဆုံးအျပဳအမူကို လုပ္ေဆာင္ဖို႔ ေျပာၾကားခဲ့တယ္။ ေက်ာင္းကုန္းဇီက ငါ့ကိုလည္း ၿခိမ္းေျခာက္ၿပီးေတာ့ ႐ုပ္႐ွင္ကုမၸဏီကို ဖြင့္ၿပီးရင္ လူေတာ္ေတာ္မ်ားမ်ားကို နာမည္ႀကီးေအာင္ လုပ္ေပးမယ္လို႔ ေျပာၿပီး ငါ့ကို အေကာင္းဆုံးအျပဳအမူျဖစ္ေအာင္ လုပ္ေဆာင္ဖို႔အတြက္ ေျပာၾကားခဲ့တယ္ေလ။ က်င္း႐ွန္႔ ငါ့ကို ႐ိႈးလက္မွတ္ေတြ ေပးတုန္းက အတူတူ ႐ုပ္႐ွင္ဇာတ္ၫႊန္းေရးၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ အေထာက္အပံ့ျဖစ္ေစမလားလို႔ ေမးတယ္။
အင္း။
ငါ့ရဲ႕အမူအရာက ႐ႈပ္ေထြးၿပီးေတာ့ နည္းနည္းထူးဆန္းေနတာေၾကာင့္ ပါေမာကၡလင္းက ထပ္မံရယ္ေမာၿပီး ေျပာတယ္, "ေစာေနေသးတာပဲ, မင္းကို ငါ့ေနရာဆီ ခဏလာလည္ဖို႔ ဖိတ္ေခၚရင္ေကာ ဘယ္လိုလဲ?"
ငါ မလိုအပ္ဘူးလို႔ပဲ ေျပာလိုက္ခ်င္ပါတယ္။
ပေရာ္ဖက္ဆာလင္းက ေပါ့ေပါ့ပါးပါး ျပဳံးလိုက္ၿပီး ေျပာတယ္, "မင္း အလ်င္စလို ျငင္းစရာမလိုပါဘူး, ငါ့အိမ္မွာက ပိုင္႐ွင္႐ွိၿပီးသားေလ, မင္းရဲ႕ဥေရာပဘဏ္က သံအမတ္ႀကီးက အန္ဒ႐ူးရဲ႕ညီေလးနဲ႔ စီးပြားေရးကိစၥ ေဆြးေႏြးခ်င္တယ္လို႔ ငါၾကားတယ္"
"ေက်းဇူးတင္ပါတယ္"
ပေရာ္ဖက္ဆာလင္းက ဆက္ေျပာတယ္, "တကယ္ေတာ့ ငါ မင္းအတြက္ အခ်ိန္အေတာ္ၾကာ စိတ္မေကာင္းျဖစ္ခဲ့ရသလို မင္းအေပၚ မွာ ေကာင္းတဲ့ခံစားခ်က္ေတြ ထား႐ွိခဲ့တာလည္း အမွန္ပဲ, ထုံးစံအတိုင္း ငါ မင္းကို လက္မလႊတ္ခ်င္ဘူးလို႔ ခံစားရတယ္, ဒါေပမယ့္ ဒါက မင္းအတြက္ သိပ္ၿပီးမတရားဘူးေလ, မင္း အျပင္ထြက္ၿပီးေတာ့ ကမ႓ာႀကီးကိုၾကည့္သင့္တယ္, အဲ့ဒါက မင္းရဲ႕အိပ္မက္ပဲေလ"
ငါက ငါ့ရဲ႕အိမ္မက္ေတြကို သူသိထားတာထက္ ပိုၿပီး႐ွင္း႐ွင္းလင္းလင္းသိတယ္။
ပေရာ္ဖက္ဆာလင္းနဲ႔ အန္ဒ႐ူးညီငယ္ေလးရဲ႕ေန႔စဥ္ဘဝက ခ်ိဳၿမိန္သန္႔႐ွင္းၿပီးေတာ့ တစ္ေယာက္ကိုတစ္ေယာက္ေလးစားခ်စ္ခင္ၾကကာ အျခားလူေတြကို မနာလိုျဖစ္ေစတယ္ဆိုတာကို ငါ ေတြ႕လိုက္ရတယ္။
ငါနဲ႔ တစ္ဖက္လူက ဝမ္းသာအားရစကားစျမည္ေျပာျဖစ္ၾကတယ္။ မၾကာခင္မွာ ငါ ရာထူးတိုးၿပီးေတာ့ လစာတိုးႏိုင္မယ္လို႔ခံစားရတယ္။ အဲ့ဒါၿပီးတာနဲ႔ ငါ ေၾကာင္ေလးတစ္ေကာင္ကို ေမြးျမဴႏိုင္လိမ့္မယ္။ ဟမ္းက ငါနဲ႔ မရင္းႏွီးဘူး။ သူက ေက်ာင္းကုန္းဇီကို ပိုသေဘာက်တယ္ေလ။ ေက်းဇူးကန္းလိုက္တဲ့ ေခြးပဲ။ ေၾကာင္ေလးေတြနဲ႔ ေခြးေတြက မတူဘူး။ ငါက ငါ့ကို ခ်စ္ၿပီးေတာ့ ငါ့အနား အၿမဲကပ္တဲ့ ေၾကာင္ေလးတစ္ေကာင္ကို ေမြးျမဴၿပီး ဟမ္းနဲ႔ ေက်ာင္းကုန္းဇီကို ေသေအာင္လုပ္ပစ္မယ္။
အန္ဒ႐ူးရဲ႕ညီေလးက သူ႕ကို တြန္မီလို႔ ေခၚဖို႔ ေျပာတယ္။ သူနဲ႔ငါက အထူးလိုက္ဖက္ညီတယ္လို႔လည္း တြန္မီက ေျပာတယ္။ အဲ့အျပင္ သူက ေက်ာင္းကုန္းဇီနဲ႔ငါ အတူေနထိုင္ေနတယ္ဆိုတာကို သိၿပီး ဥေရာပဝိုင္တစ္ပုလင္းကို ထုတ္ကာ ညစာစားဖို႔အတြက္ ငါ့အိမ္ကို သြားခ်င္တယ္လို႔ ေျပာတယ္။
သူက အရမ္းစိတ္အားထက္သန္ေနၿပီး အဲ့ဒါကိုေစာင့္ေမွ်ာ္ေနတာေၾကာင့္ က်ိန္းေသေပါက္ ငါ့ကို နက္နက္႐ိႈင္း႐ိႈင္းခ်စ္မယ့္ ငါ့ရဲ႕ အနာဂတ္ေၾကာင္ေလး, ႐ွားေလာ့ေၾကာင့္သာ ငါ သေဘာတူႏိုင္မွာပါ။ ေကာင္းတဲ့အရာကေတာ့ ေက်ာင္းကုန္းဇီရဲ႕လက္ေထာက္က ဒီည ေက်ာင္းကုန္းဇီဟာ က်င္း႐ွန္႔နဲ႔ စီးပြားေရးေဆြးေႏြးဖို႔အတြက္ ကပြဲခန္းမကို သြားမယ္လို႔ ငါ့ကို ေျပာတယ္။
ငါ တြန္မီနဲ႔ ပေရာ္ဖက္ဆာလင္းကို အိမ္ေခၚလာၿပီး ဟမ္းရဲ႕ေဒါသတႀကီးေဟာင္သံကို ၾကားလိုက္တဲ့အခါမွာ တစ္ခုခုေတာ့ မွားေနၿပီလို႔ ခံစားလိုက္ရတယ္။ ငါ တံခါးကိုဖြင့္လိုက္ေတာ့ င႐ုတ္ေကာင္း, စမုန္နက္နဲ႔ စမုန္စပါးေတြရဲ႕တည္ေနရာကို မထိန္းႏိုင္ေအာင္ပဲ ေတြးမိေနတယ္။
တြန္မီက ေျပာတယ္, "ေခြးေမြးတာကေတာ့ ဒီလိုပါပဲ, ကြၽန္ေတာ့္မိဘေတြအိမ္မွာေတာ့ ေခြးတစ္ေကာင္႐ွိလို႔ မၾကာခဏ ႐ႈပ္ပြၿပီး ဒုကၡေရာက္ရတယ္ေလ"
ပုံမွန္အားျဖင့္ ဟမ္းက ဒီလိုမဟုတ္ဘူး။ သူ ဗိုက္ဆာတဲ့အခါမွသာ ဒီလိုျဖစ္တာေလ။ ငါ ဒီမနက္ တိုက္ခန္းက မထြက္ခင္မွာ ဟမ္းကိုအစာေကြၽးဖို႔ သတိရဖို႔အတြက္ ေက်ာင္းကုန္းဇီကို ေျပာခဲ့တယ္။ သူက ပုံမွန္အားျဖင့္ေတာ့ သတိရပါတယ္။ ဒီေန႔ေတာ့ သူက ဒါကို ရည္႐ြယ္ခ်က္႐ွိ႐ွိနဲ႔ လုပ္ခဲ့တာျဖစ္မယ္ ။
"အျပင္ထြက္ၿပီးပဲ စားရေအာင္ေလ"
တြန္မီက သေဘာတူလိုက္တယ္။