ONE Month
由 _Htoo-9597TK
89.3K 6.4K 946
[Uni & Zawgyi] Completed "ကျွန်တော့်ကိုတစ်လပဲအချိန်ပေးပါ..တစ်လအတွင်းမှလူကြီးကျွန်တော့်ကိုပြန်မချစ်လာခဲ့ရင်..က... 更多
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16[Final]
Part-1
15.2K 689 221
由 _Htoo-9597TK
[Uni]
Part-1
ဆိုးလ်မြို့ရဲ့ သူဌေးရပ်ကွက်တစ်ခု။ခြံကျယ်ကျယ်ရဲ့အလည်တည့်တည့်မှာ တည်ရှိနေတဲ့ ခေတ်မီအဆင့်မြင့်တိုက်အိမ်ကြီးတစ်လုံးဆီက စကားများသံတစ်ချို့ထွက်ပေါ်နေသည်။
'အမေရယ်...အဲ့ကိစ္စကအရမ်းကိုစောလွန်းပါသေးတယ်...ပြီးတော့ ..အရမ်းလဲကလေးဆန်တယ်..'
'ဘာကိုကလေးဆန်တာလဲ...အရွယ်ရောက်လို့အိမ်ထောင်ပြုတာ ကလေးဆန်တယ်လို့မခေါ်ပါဘူး  သားရယ်....'
'မဟုပ်သေးပါဘူးဗျာ..သားထက်၁၀နှစ်လောက်ငယ်တဲ့ ချာတိတ်တစ်ယောက်ကို သားဘယ်လိုလက်ထပ်ရမလဲ..ပြီးတော့အဲ့ချာတိတ်ကအသက်လဲပြည့်သေးတာမဟုပ်ဘူး...ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်ပါအုံးမယ်..'
'သားကိုလဲအမေတို့က အခုချက်ချင်းလက််ထပ်ဖို့ပြောနေတာမှမဟုပ်တာ...စေ့စပ်ထားဖို့ပဲတိုက်တွန်းနေတာလေ..လက်ထပ်တာကတော့ ငါ့သမက်လေးအသက်ပြည့်မှလက်ထပ်ကြပေါ့..'
'ကျစ်!!သမက်..အဲ့မှာကိုလွဲနေပါပြီအမေရယ်..Jeon လုပ်ငန်းစုရဲ့ CEOက သူ့ထက်အသက်၁၀လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့စေ့စပ်လိုက်တယ်ဆိုပြီး..သတင်းတွေထွက်ကုန်တော့မှာပေါ့...ဒါပေါ့သေးသေးကိစ္စမဟုပ်ဘူးအမေ...သားသိက္ခာတွေမြောင်းထဲရောက်ကုန်လိမ့်မယ်...'
Jeon Jungkook ဟာJeon Group ရဲ့ နောက်ဆုံးအမွေဆက်ဆံသူဖြစ်သည်။ မွေးချင်းညီအကိုသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး..Jeon Group ရဲ့ရှယ်ယာအားလုံးကို တာဝန်ယူအုပ်ချုပ်နေတဲ့ အရည်အချင်းရှိလူကြီးလူကောင်းတစ်ဦးလည်းဖြစ်သည်။ မွေးရာပါအားနည်းချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း။
'သားရယ်..အထူးအဆန်းလုပ်ပြီးပြောမနေပါနဲ့...အမေတို့ ဂျွန်မျိုးရိုးက ကင်မ်မျိုးရိုးကလူတွေနဲ့လက်ဆက်ရတာ ထုံးစံပဲလေ..သားအကိုကြီး..Namjoon လဲ ကင်မ်မျိုးရိုးက Jin လေးနဲ့ပဲ လက်ဆက်ခဲ့တာ ၊သားအကိုလတ် ..သားYoongiကလဲ အခုကင်မ်မျိုးရိုးက Jimin လေးနဲ့စေ့စပ်ထားပြီးပြီ..သားလဲကင်မ်မျိုးရိုးက ယောင်းလေးနဲ့ပဲစေ့စပ်ရမယ်...အမေဒါပဲပြောချင်တယ်..အမေပြောလို့မနိုင်ဘူးဆိုရင်တော့..သားအဖေကိုစစ်ကူတောင်းရမှာပဲ..'
'အမေနဲ့တော့ခက်ပြီဗျာ...ကျွန်တော်မှာ ကိုယ်ကြိုက်တဲ့လူ ကိုယ်ယူခွင့်မရှိဘူးလား...'
'မရှိဘူး..အမေတို့ပေးစားတဲ့ ယောင်းလေးနဲ့ပဲယူရမယ်..အမေစကားအကုန်ပြောပြီးပြီသား..အထွတ်တက်လို့ကတော့..အမေလို့ကိုလာမခေါ်နဲ့ ...သေတမ်းစာပါတစ်ခါထဲရေးပေးလိုက်မယ်'
Jeon Group ရဲ့သူဌေးမ ဂျောင်ဂုရဲ့မိခင်ဖြစ်သူဟာ စကားအကုန်ပြောပြီး..ရွှေရောင်လှေကားကိုနင်းကာ အိမ်ပေါ်တက်သွားသည်။သားသုံးယောက်လုံးလင်ပေးစားပြီး မျိုးရိုးအမွေဆက်ခံသူ ပြတ်တုန်းမဲ့ကိန်းကို မိခင်ဖြစ်သူက ဘာလို့အဲ့လောက်တက်ကြွနေမှန်း ဂျောင်ဂုတကယ်နားမလည်ပါ။
အသက်၂၇အရွယ် ဂျွန်ဂျောင်ဂုဟာ လက်ထပ်ရမဲ့အရွယ်ကိုကျော်လွန်နေပြီဖြစ်သော်လည်း..အချစ်ရေးကိုနည်းနည်းလေးမှစိတ်မဝင်စားတာကြောင့် အခုချိန်ထိတစ်ကိုယ်တည်းဖြစ်နေသည်။ ဂျောင်ဂုဟာ သူ့ကိုယ်သူ ဘယ်သူနဲ့မှမတန်ဘူးလို့ ယူဆထားပြီး သူဘဝရဲ့အချိန်တွေကိုလည်း  အချစ်ရေးကိစ္စကြောင့် အကုန်မခံဘူးဟု ဆိုလေ့ရှိသည်။ Jeon မိသားစုရဲ့ ထုံးတမ်းအစဉ်အလာအရကျင်းပရမည့် စေ့စပ်ပွဲအတွက်လဲ..တစ်စိုးတစ်စိမျှသဘောတွေ့ခြင်းမရှိတာကြောင့်..ထိုကိစ္စဆွေးနွေးကြတိုင်း..ယခုလိုသားအမိနှစ်ယောက်စကားများကြလေ့ရှိတော့သည်။
📞Suga Hyung!
📞အေ..စောစောစီးစီးဖုန်းဆက်လို့ပါလား...ဘာလဲ..အမေပွါးထားလို့လား..
📞သေချာတာပေါ့Hyungရယ်..Hyung ကဘယ်လိုသိတာလဲ
📞အမေကဒီမနက်breakfast စားနေကတည်းက မင်းစေ့စပ်ဖို့ကိစ္စ ငါတို့ညီအကိုနှစ်ယောက်ကို ကူပြီးဖြောင်းဖြခိုင်းနေတာ..အဲ့တာကြောင့်အဲ့ကိစ္စပဲဖြစ်မယ်လို့မှန်းကြည့်လိုက်တာလေ...
📞ကူညီပါအုံးHyung ရယ်..ကျွန်တော်ဘာလုပ်သင့်လဲ...
📞ဘားမှမလုပ်နဲ့...ထယ်ယောင်းနဲ့သွားတွေ့လိုက်
📞ထယ်ယောင်းဆိုတာ..
📞ကျစ်!!မင်းစေ့စပ်ရမယ့်ကောင်လေးလေကွာ..မင်းအဲ့ဒါလောက်တော့သိထားသင့်ပါတယ်..
📞ကျွန်တော်မှစိတ်မဝင်စားတာ Hyung ရယ်
📞ငါ့တုန်းကလဲအဲ့လိုပဲပြောခဲ့တာပါကွာ..မစေ့စပ်ချင်သေးပါဘူး..အေးဆေးပဲနေချင်ပါသေးတယ်ဆိုပြီးပြောခဲ့ပေမဲ့ Min လေးကိုတွေ့လိုက်ရတဲ့အချိန်မှာ..ငါ့အတွေးတွေအကုန်ပြောင်းသွားခဲ့တယ်..မင်းလဲငါ့လိုပဲဖြစ်လာမှာပါ..
📞ဟဟ..ကျွန်တော့်ကHyungတို့လိုဘယ်တော့မှဖြစ်လာမှာမဟုပ်ဘူး..ကျွန်တော့်ဘေးမှာ မော်ဒယ်တွေရော မင်းသမီးတွေပါ ဝိုင်းဝိုင်းလည်နေပေမယ့်..နည်းနည်းလေးတောင်စိတ်ဝင်စားခဲ့တဲ့တာမဟုပ်ဘူးဗျ..
📞မင်းထယ်ယောင်းကိုမတွေ့ဖူးသေးလို့ဖြစ်ပါလိမ့်မယ်...ထယ်ယောင်းကမှုံနေအောင်ချောတာနော်..ကြွေရုပ်လေးလိုပဲ...မင်းထယ်ယောင်းကိုမြင်လိုက်ရင် ကင်မ်Group ကယောကျာ်းလေးတိုင်းက ရူးခါနေအောင်ချောကြတယ်ဆိုတဲ့ သတင်းကိုမင်းယုံကြည်သွားလိမ့်မယ်
📞ကျွန်တော့်Hyungလို ရေခဲတုံးကြီးကတောင် အဲ့လောက်ချီးမွမ်းခန်းဖွင့်နေရင်..နဲနဲတော့စိတ်ဝင်စားသွားပြီ..
📞ငါပြောတာကိုမယုံနဲ့ လက်တွေ့သာသွားကြည့်လိုက်..
📞သူ့ကိုဘယ်မှာသွားတွေလို့ရမလဲ..
📞မင်းအခုရုံးသွားမှာမလား..ရုံးဆင်းချိန်ကျရင် ဆိုးလ်အထက်တန်းကျောင်းမှာ သွားတွေ့လိုက်..အဲ့မှာသူရှိတယ်
📞အိုကေပါ..အကြံညဏ်အတွက်ကျေးဇူးပဲHyung ..ဘိုင်ဘိုင်
တီ..တီ..
ဒီနေ့အတွက် ဂျောင်ဂုရဲ့ အလုပ်ချိန်တွေကသိပ်ပျင်းစရာကောင်းနေသည်။အလုပ်ဆင်းချိန်ထက် နာရီဝက်လောက်စောဆင်းပြီး နာမည်ကြီးနုင်ငံခြားထုတ် ကားအကောင်းစားကြီးကို ဆိုးလ်အထက်တန်းကျောင်းကြီးထံ ဦးတည်မောင်းနှင်ခဲ့သည်။
ကျောင်းဆင်းချိန်ဖြစ်တာကြောင့် ကျောင်းသားအမြောက်အများရှိနေပြီး ကျောင်းဝန်းထဲဝင်လာသော ကားနက်ကြီးအားတအံ့တစ်ဩကြည့်နေကြသည်။ သာမန်လူတစ်ယောက်က ဒီလိုကားမျိုးစီးမှာမဟုပ်တာကြောင့် ကားရော၊ကားထဲကလူကပါ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုအဖြစ်သတ်မှတ်ခံထားရသည်။
'ယောင်းကလဲကွာ...ဒီနေ့တစ်ရက်ပဲတစ်ယောက်တည်းပြန်လိုက်ပါနော်..မင် ယွန်းဂီနဲ့ချိန်းထားလို့ပါ..ဒီတစ်ရက်ပဲလေနော်..'
'မရဘူး...တစ်ရက်ပဲတစ်ရက်ပဲဆိုပြီး..များနေပြီ..ဒီနေ့တော့မရဘူး..'
'ယောင်းကလိမ္မာပါတယ်ကွာ...မင်က ယောင်းကြိုက်တဲ့မုန့်တွေအများကြီးဝယ်ကျွေးမယ်လေ..'
'No no လုံးဝဘဲ..မုန့်ကယောင်းဘာသာယောင်းဝယ်စားမယ်..မင်ကတော့ယောင်းနဲ့ ဒီနေ့အိမ်ပြန်ကိုပြန်ရမယ်'
သူ့ညီအဆိုးလေးက အရစ်သန်မှန်း Jimin သိပါသည်။အငယ်ဆုံး၊အထွေးဆုံးလေးမို့အလိုလိုက်ထားမိရာက ဒီလိုမျိုး Yoongi နဲ့ချစ်ခြင်းကိုခွဲမယ်မှန်းကြိုသိရင်..အလိုမလိုက်ခဲ့ပါဘူးလို့ တွေးမိသည်။သို့သော်လက်တွေ့မှာတော့..
'ဟုပ်ပါပြီယောင်းလေးရယ်..မင်မသွားတော့ဘူးဟုပ်ပြီလား..'
ဆံနွယ်ကောက်ကောက်ကို ထိုးဖွပြီးပြောလိုက်တော့ လေးထောင့်အပြုံးလေးပေါ်လာတဲ့အထိပြုံးပြပြီး..ကျေနပ်သွားလေသည်။
ထိုအပြုံးက Jimin ကိုရည်ရွယ်ပေမယ့် မထင်မှတ်ထားတဲ့လူတစ်ယောက်ကလဲ ထိုအပြုံးအားတစ်အံ့တစ်ဩဖြစ်မိနေသည်။အသက်၂၇နှစ်ပြည့်သည့်တိုင် ဒီလောက်ပြီးပြည့်စုံတဲ့အပြုံးမျိုး မတွေ့ဖူးခဲ့လို့လဲ မင်သက်သွားဟန်တူ၏။
'မင် ကအကောင်းဆုံးပဲ..လာအိမ်ပြန်ကြစို့..'
သူများအတွဲရဲ့ Dateကို ကြားဝင်ဖြတ်လိုက်ရလို့ အပျော်ကြီးပျော်နေတဲ့ ထယ်ယောင်းက ချက်ချင်းဆိုသလိုဝဋ်လည်တော့သည်။ လှေကားထစ်တွေကျော်ခွဆင်းမိရာမှ ဟန်ချက်ပျက်ပြီး လှဲကျသွားသည်။ အထစ်ထစ်ဖြစ်နေတဲ့ လှေကားထစ်တွေကြောင့် နှဖူးကွဲပြီးခြေကျိုးလက်ကျိုးဖြစ်ဖို့ရာသေချာနေပေမယ့် ထင်သလိုမဖြစ်ခဲ့တာကြောင့် ကံကြမ္မာကိုကျေးဇူးတင်ရမည်။
ပြိုကျလာသောခန္ဓာကိုယ်အား ခါးသွယ်သွယ်မှလက်လျှိုသွင်းကာ ဂျောင်ဂုအသာဖမ်းလိုက်သည်။ကြောက်လို့ဖြစ်မည် ရင်ခွင်ထဲကကောင်လေးက မျက်လုံးတွေကိုအတင်းမှိတ်ထားပြီး ဂျောင်ဂုအင်္ကျီကော်လံစအားလက်တွေဖြင့်ဆုပ်ချေထားသည်။
'ဟင့်🥺'
'ကောင်လေး..အဆင်ပြေရဲ့လား..'
'ယောင်းငယ်...ယောင်း...'
Jimin အသည်းအသန်ပြေးဆင်းလာပြီး ထယ်ယောင်းအားဂျောင်ဂုထံမှဆွဲခေါ်လိုက်သည်။ထိုအခါမှ ထယ်ယောင်းလန့်ပြီးမျက်လုံးတွေပြန်ပွင့်လာခဲ့သည်။
'ကူညီပေးတာကျေးဇူးတင်ပါတယ်..'
ကျေးဇူးတင်ကြောင်းJimin ပြောလိုက်တော့
'ရပါတယ်ခင်ဗျ..'
'ယောင်းငယ်..ဘာဖြစ်သွားသေးလဲ..ထိခိုက်မိသွားသေးလား..'
'အင်း..ခြေချင်းဝတ်ကနာတယ်...'
'ခြေထောက်ခေါက်သွားတာဖြစ်မယ်..ဆေးရုံသွားရအောင်..မင်အကိုကြီး Jinကိုဖုန်းဆက်လိုက်မယ်'
'ခနလေးပါ...ကိုယ့်နာမည်ဂျွန်ဂျောင်ဂုပါ..ထယ်ယောင်းနဲ့မိဘချင်းသဘောတူထားတဲ့တစ်ယောက်လေ..'
'အော်...Yoongiရဲ့ညီပေါ့..'
မိတ်ဆက်ပေးလိုက်တော့ မှတ်မိသွားဟန်တူသည့်Jiminအား ဂျောင်ဂုဆက်ပြီး
'ဟုပ်ကဲ့...ကျွန်တော့်မှာကားပါတယ်..ကျွန်တော့်ကားနဲ့ပဲဆေးရုံသွားကြတာရအောင်..ဒီအချိန်ဆို Jin Hyung လဲအလုပ်ဆင်းပြီးအိမ်ရောက်နေလောက်ရောပေါ့..'
'ဟုပ်တယ်..ယောင်းငယ်..ဂျောင်ဂုနဲ့ပဲဆေးရုံသွားရအောင်နော်...'
ထယ်ယောင်းကနောက်ဆုံးနှစ်အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး..ကျောင်းဆင်းချိန်ဆို Jimin နဲ့ Jin တို့က အလှည့်ကျ လာကြိုပေးလေ့ရှိသည်။Jimin ရော Jin ရောက ကုပ္ပဏီခွဲအသီးသီးဖြင့်အောင်မြင်နေတဲ့ စီးပွါးရေးပညာရှင်တွေဖြစ်လို့ မအားလပ်ကြပေမဲ့ တစ်ဦးတည်းသောညီလေးကိုတော့ အလွန့်အလွန်ဂရုစိုက်ထားကာ ပိုးမွေးသလိုမွေးထားကြသည်။ ဒီလောက်ထိဂရုစိုက်ပေးရေရင်းတောင် အငြိမ်မနေတတ်တဲ့ထယ်ယောင်းက တစ်ခုမဟုပ်တစ်ခုအမြဲလိုလိုဖြစ်တတ်လို့ 'အရှုပ်ထုပ်'လေးဟူသော နာမည်ပြောင်က ကင်မ်မျိုးရိုးစုတစ်စုလုံးတွင် နာမည်တွင်နေသေး၏။
'မင်...'
'ဟာ..Yoongi'
Jimin ဒီနေ့ Date မလုပ်ဖြစ်ကြောင်း စာမပို့ရသေးတာကြောင့် Yoongi မသိဘဲရောက်လာခြင်းဖြစ်သည်။
'ဟာ..ငါ့ညီကောရှိနေပါလား..ဒီနားမှာသုံးယောက်သားစုပြီးဘာလုပ်နေကြတာလဲ...'
'ဒီမှာလေgi ယောင်းငယ်ခြေထောက်ခေါက်သွားလို့...'
'ဟုပ်လား...အများကြီးထိခိုက်သွားသေးလား...ဆေးရုံသွားကြမယ်လေ..'
'ကျွန်တော်ထယ်ယောင်းကို ဆေးရုံသေချာပို့ပေးလိုက်ပါ့မယ် Hyung တို့က သွားDate ကြလေ'
ဂျောင်ဂုရဲ့ကမ်းလှမ်းချက်ကို Yoongi ကသဘောကျနေဟန်။ထယ်ယောင်းကတော့ ကလေးသာသာမို့ ဘားမှအဲ့လောက်ကြီးစိတ်ထဲမထားပေ။ခြေထောက်နာသွားလို့..ပြေးပြီးမဆော့နိုင်တော့မှာကိုပင်..စိတ်ပူ​နေသည်။
'မရဘူး..ယောင်းကို မင်စိတ်မချဘူး...ပြီးတော့ဒီနေ့က မင် ယောင်းကိုစောင့်ရှောက်ဖို့တာဝန်ကျတဲ့နေ့လေ..ယောင်းတစ်ခုခုဖြစ်သွားရင်...တစ်မျိုးလုံးက မင့်ကိုဝိုင်းဆူကြမှာ..'
'မင်ကလည်း..အခုယောင်းကိုဂရုစိုက်ပေးမဲ့သူနောက်တစ်ယောက်တိုးလာပြီလေကွာ..သူတို့အတွက်အချိန်မပေးသင့်ဘူးလား..'
Jimin ခနတာတွေဝေသွားသည်။ ဂျောင်ဂုဆိုတာလဲတစ်ခြားလူမဟုပ် ။ကိုးရီးယားရဲ့ Top-3 Jeon Group ကိုဦးစီးသူCEOဖြစ်သည်။ တိကျပြတ်သားပြီး အသေးစိတ်နိုင်တဲ့အရည်အချင်းတွေနဲ့ကျော်စောသူဖြစ်တာကြောင့်  ထယ်ယောင်းကိုစိတ်မချနိုင်စရာတော့မရှိပါ။ နောက်ပြီး ယောင်းငယ်အတွက်လဲ ရင်းနှီးသင့်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် ခွင့်ပြုပေးဖို့ဆုံးဖြတ်လိုက်သည်။
'ကယ်...ကောင်းပြီလေ။...ဂျောင်ဂု..မင်းငါ့ညီကိုစောင့်ရှောက်မယ်မလား..'
'ဟုပ်ကဲ့..'
Jimin က ဂျောင်ဂုနဲ့သက်တူရွယ်သူဖြစ်ပေမဲ့ ယောက်ဖဆိုတဲ့ဂုဏ်ကြောင့် ဂျောင်ဂုအားညီတစ်ယောက်လိုသာဆက်ဆံသည်။
'Hyungတို့ ပြောနေတာပြီးကြအုံးမှာလား...ကျွန်တော်ခြေထောက်ညောင်းလာပြီဗျ..'
ရုတ်တရက်ထယ်ယောင်းအား..ဂျောင်ဂုလှမ်းပွေ့လိုက်သည်။ မထင်မှတ်ထားတဲ့အပြုအမူကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်နေပြီး..ထယ်ယောင်းရဲ့ရင်ခုန်သံတွေကိုတောင် ကျယ်လောင်စွာကြားနေရသည်။
'တစ်မျိုးမထင်ပါနဲ့...ကောင်လေးညောင်းနေတယ်ဆိုလို့ပါ..'
ထိုမျှသာပြောပြီး ထယ်ယောင်းကိုပွေ့ကာ လှေကားထစ်တစ်ထစ်ခြင်းဆင်းလာခဲ့သည်။ ဂျောင်ဂုရဲ့အပြုအမူဟာ..ပတ်ဝန်းကျင်မှာရှိနေသမျှ လူတိုင်းအတွက် ကင်မ်ထယ်ယောင်းက ဂျွန်ဂျောင်ဂု အပိုင်ဖြစ်သည်ဟူ၍ တံဆိပ်နှိပ်လိုက်ခြင်းပေ။
ထယ်ယောင်းအား အနှစ်နှစ်အလလကြိတ်ကြိုက်လာခဲ့တဲ့ အပျို ၊လူပျို ကျောင်းသားတွေရဲ့မျက်နှာတွေဟာ မဲ့ပြုံးတွေပြည့်နှက်နေပြီး..ဒီလိုမြင်ကွင်းမျိုးကိုမှ အရသာခံကြည့်ချင်ပါတယ်ဆိုတဲ့ ဖူတိုရှီမတစ်သိုက်ကတော့ ပီတိဖြစ်နတဲ့မျက်နှာမျိုးတွေဖြင့်။ Jiminကိုယ်တိုင်က ဆွံ့အနေခဲ့တယ်။ စကားကိုခပ်ပြတ်ပြတ်သာ အပိုအလိုမရှိပြောတတ်ပြီး..ကိုယ်လုပ်ချင်တဲ့အရာကို ဘယ်သူ့ကိုမှဂရုမစိုက်ပဲ ထောင်ထောင်လွှားလွှားလုပ်တတ်သည့် ဂျောင်ဂုရဲ့အတွင်းစိတ်အား နားလည်သူYoongi ကတော့ ခပ်ပြုံးပြုံးအနေအထားဖြင့်သာ။
ဝိုင်းကြည့်နေကြတဲ့လူအုပ်ကြီးကိုဖြတ်ကာ ကားရှိရာသို့ခပ်တည်တည်ရောက်လာခဲ့သည်။
ရင်ခွင်ထဲက ကောင်လေးက ကျေနပ်နေသည့်အပြုံးများဖြင့်သူ့ကိုကြည့်နေသည်ကို ဂျောင်ဂုသိပါသည်။သို့သော် ဘားမှအထူးတစ်လည်မခံစားရ။
Auto System အသုံးပြုထားတဲ့ကားက အနားသို့ဂျောင်ဂုရောက်လာသည်နှင့် Lockတွေအကုန်ပွင့်သွားသည်။ထယ်ယောင်းအားကားရှေ့ခန်းမှာချပေးပြီး...
'ကိုယ်ခါးပတ်ပတ်ပေးမယ်နော်...'
'ဟုပ်..'
နီးကပ်နေတဲ့အနေအထားဖြင့် ခါးသိမ်သိမ်လေးအားခါးပတ်ပတ်ပေးသည်။ အနီးကပ်ကြည့်မိနေတာတောင် အပြစ်ပြောစရာမရှိ လှရက်နေတဲ့ ထယ်ယောင်းအား ဂျောင်ဂုအံ့ဩမိတာအမှန်။ယောကျာ်းလေးတစ်ယောက်ဖြစ်ပြီး အဲ့လောက်လှစရာလိုလို့လားဟူ၍လည်း တစ်ပြိုက်နက်တွေးမိသည်။
ပုံမှန်အနေအထားဖြင့်သာ..ကားမောင်းလာခဲ့သည်။ ကျောင်းဝန်းကြီးအားဖြတ်ပြီး နီးစပ်ရာဆေးရုံသို့မောင်းနှင်ခဲ့ပေမဲ့ ထိုကောင်လေး၏ လက်နှစ်ဖက်ကိုပွတ်သတ်ပြီး စိတ်လှုပ်ရှားနေတဲ့ အမူအယာကြောင့် ဂျောင်ဂုကားကိုလမ်းဘေးထိုးရပ်ကာ စကားပြောရန် အစချီလိုက်သည်။
'ကောင်လေးကိုယ့်ကိုပြောစရာရှိလို့လား..'
'ဟို..ဟို..'
'ကိုယ့်ကိုဘာပဲဖြစ်ဖြစ်ပြောလို့ရပါတယ်'
ထိုအခါမှစိတ်ချသွားဟန်ဖြင့် ကောင်လေးက
'ကျွန်တော့်ကိုဆေးရုံခေါ်မသွားပါနဲ့နော်...ကျွန်တော်ဆေးရုံမသွားချင်ဘူး...အိမ်ကိုပဲပို့ပေးပါ..အိမ်မှာမိသားစုဆရာဝန်နဲ့ပြလိုက်ပါ့မယ်..'
'ကောင်လေးကဘာလို့ ဆေးရုံမသွားချင်တာလဲ..'
'ကျွန်တော်ကြောက်လို့ပါ..ဆေးရုံက အရမ်းကြောက်ဖို့ကောင်းတယ်..ပျော်စရာလဲမရှိဘူး..'
ဆေးရုံမှာပျော်စရာမရှိဘူးလို့ ပြောနေတဲ့ကောင်လေးကြောင့် ဂျောင်ဂုပြုံးမိသွားသည်။ဒီကောင်လေးကစိတ်ဝင်စားစရာကောင်းသည်ဟုလည်း ကောက်ချက်ချမိပြန်သည်။
'ကောင်းပြီလေ..ကိုယ်ကောင်လေးကိုတစ်ခုမေးမယ်..အဲ့မေးခွန်းကိုဖြေနိုင်ရင်..ဆေးရုံမသွားတော့ဘူး..အိမ်ပဲပြန်ကြမယ်..ဘယ်လိုလဲ..'
'ရတယ်လေ..မေးခွန်းတွေဖြေတဲ့နေရာမှာကျွန်တော်ကအတော်ဆုံးပဲ..'
ကောင်လေးက ညာဖက်လက်မလေးကိုထောင်ပြကာ သူတော်ကြောင်းဂုဏ်ယူဝံ့ကြွားစွာပြောနေသည််။ ချစ်ဖို့ကောင်းတယ်။
'စကားမစပ် ကျွန်တော့်နာမည် ကောင်လေးမဟုပ်ပါဘူး...ကင်မ်ထယ်ယောင်းပါ...'
'အော်..ကိုယ်ကတစ်ခြားလူတွေခေါ်သလိုမျိုးကောင်လေးကိုမခေါ်ချင််လို့ပါ..'
'အင််း...ရပါတယ်လေ...လူကြီးကကျွန်တော်နဲ့စေ့စပ်မဲ့လူဆိုတော့..အခွင့်ထူးခံလူတန်းစားပေါ့..နားလည်ပေးလိုက်ပါမယ်..'
'ဟဟ..ကောင်လေးကအလည်လေးပဲ...ထားတော့ အခုကိုယ်မေးတာကိုပဲဖြေ..'
နားရွက်တွေကိုဖွက်ထားတဲ့ ဝက်ဝံပေါက်လေးက နားရွက်တွေထောင်လာပြီး သေချာနားစိုက်ထောင်နေသလိုမျိုး။မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်လည်းကျွန်တော့်ကိုကြည့်နေသေးသည်။မသိရင်ကျွန်တော်ပြောမဲ့စကားက သေရေးရှင်ရေးအရေးကြီးနေသလို သေချာလေးဂရုတစိုက်နားထောင်နေတာ။
'ကိုယ်တို့နှစ်ယောက်ကိစ္စကို ကောင်လေးလဲသိပြီးလောက်ရောပေါ့...ကောင်လေးကအရမ်းအသက်ငယ်သေးတော့ ကြီးနိုင်ငယ်ညှင်းလဲမလုပ်ချင်ဘူး..ဒါကြောင့်ဒီစေ့စပ်ပွဲကို ကောင်လေးသဘောမပါရင်..မလုပ်..'
'ကျွန်တော်လက်ခံပါတယ်...'
'.......'
'ဒီစေ့စပ်ပွဲကိုကျွန်တော်လက်ခံတယ်လို့..'
'ဒါဆိုကောင်လေးက ကိုယ့်ကိုသဘောကျတယ်ပေါ့..'
'ချစ်တယ်..'
'ဟာ....'
အံ့ဩသည့်အာမေဋိတ်သံရှည်ကြီးကို ဂျောင်ဂုအစွဲပြုသည်။သူ့ကိုယ်သူပြတ်သားလှပြီထင်ခဲ့တာ.. သူ့ထက်ပို၍ပြတ်သားနေသော ထယ်ယောင်းအား အံ့ဩမိသည်။
'ကောင်လေးကကိုယ့်ကိုဘယ်တုန်းကချစ်သွားတာလဲ..'
'ခုနလေးတင်ကမှ...'
'ကောင်လေး...ဒါကဘဝတစ်ခုလုံးစာအတွက်ဆုံးဖြတ်ချက်နော်..ကလေးကစားသလိုတွေးခေါ်လို့မရဘူး..'
'ကျွန်တော်သေချာစဉ်းစားပြီးမှာဖြေတာပါ..လူတစ်ယောက်ကိုချစ်မိဖို့အတွက် အချိန်၄စက္ကန့်လောက်ပဲလိုတာတဲ့...လူကြီးမကြားဖူးဖူးလား...'
'လေးစက္ကန့်စာအချစ်က...ဘယ်လောက်ထိကြာရှည်ခံမှာမို့လို့လဲ...ပြီးတော့ကောင်လေးအရွယ်ကစိတ်ကစားတတ်တဲ့၁၀ကျော်သက်အရွယ်ပဲရှိသေးတာလေ..'
လူကြီးပီပီရင့်ကျက်တဲ့အတွေးအခေါ်ဖြင့် ဂျောင်ဂုထယ်ယောင်းအားရှင်းပြသည်။
'လူကြီးကကျွန်တော့်အချစ်ကိုမယုံတာလား....ငယ်သေးတဲ့အချစ်မို့မလေးစားတာလားပြော..'
အကျိုးသင့်အကြောင်းသင့်ရှင်းပြပေမဲ့ ရန်ပြန်တွေ့လာတဲ့ကောင်လေးကြောင့် ဂျောင်ဂုလမ်းပျောက်တော့သည်။တစ်သက်လုံး လူကြီးလူကောင်းဆန်ဆန်ပြုမူလာတာဖြစ်လို့ မချော့တတ်တာက သူ့အမှားတော့မဟုပ်ပါ။စကားနားထောင်မည့်ပုံပေါ်ပေမဲ့ အလိုလိုက်ခံထားရတဲ့ထိုကောင်လေးက တစ်ဂျစ်ဂျစ်နဲ့ဆိုးချင်တဲ့ အရိပ်အယောင်တွေတွေ့နေရတာကြောင့် ပြောလက်စစကားအားအမြန်ပြင်ရတော့သည်။
'ကောင်လေးအချစ်ကိုမလေးစားလို့ပြောတာမဟုပ်ပါဘူး...လေးလဲလေးစားတယ်အလေးအနက်လဲထားတယ်..အလေးနက်ထားလို့ပဲကောင်လေးရဲ့ခံစားချက်တွေကိုမေးနေတာပေါ့..'
'အမ်..'
'ကိုယ်တို့မနက်ဖြန်လောက်Dateလုပ်ကြမလား...တစ်ယောက်အကြောင်းတစ်ယောက်သိအောင်ရင်းနှီးမှုယူတဲ့သဘောလေ..'
'အွန်း...လူကြီးသဘော'
'အင်း...ကိုယ်စီစဉ်လိုက်မယ်နော်..မနက်ဖြန်စနေဆိုတော့..ကျောင်းလဲပိတ်တယ်..ကောင်လေးသွားချင်တဲ့နေရာလိုက်ပို့ရင်းစကားပြောကြတာပေါ့..'
'ဟုပ်..အခုတော့အိမ်အမြန်ပြန်ရအောင်...ကျွန်တော့်ခြေထောက်ကနာလာသလိုပဲ..'
'အော်..ကိုယ်မေ့နေတာ..အခုအမြန်မောင်းပေးမယ်နော်..'
'ဟုပ်...'
ကျွန်တော်ကားမောင်းနေသည့်တစ်လျှောက်လုံး ထိုကောင်လေးက ဘေးခန်းမှထိုင်ကာ မေးလေးထောက်ပြီးကျွန်တော့်ကိုတစ်စိမ့်စိမ့်ကြည့်နေသည်။မနေတတ်ပေမဲ့ တားမြစ်လိုက်ပြန်ရင်လဲ  [ဘာလို့လဲ?] ဆိုတဲ့မေးခွန်းမျိုးတွေသုံးကာ ဂျီကြနိုင်တာကြောင့် အိမ်ရောက်တဲ့အထိဒီအတိုင်းသာမောင်းလာခဲ့လိုက်သည်။
{အချိန်တိုအတွင်းမှာပဲ ဒီကောင်လေးက ကျွန်တော့ကိုတော်တော်လေးသဘောကျနေပုံရသည်။}
[Zawgyi]
Part-1
'သားကိုလဲအမေတို့က အခုချက်ချင်းလက်ထပ်ဖို့ပြောနေတာမှမဟုပ်တာ...စေ့စပ်ထားဖို့ပဲတိုက်တွန်းနေတာလေ..လက်ထပ်တာကတော့ ငါ့သမက်လေးအသက်ပြည့်မှလက်ထပ်ကြပေါ့..'
📞Suga Hyung!
📞ထယ်ယောင်းဆိုတာ..
📞မင်းထယ်ယောင်းကိုမတွေဖူးသေးလို့ဖြစ်ပါလိမ့်မယ်...ထယ်ယောင်းကမှုံနေအောင်ချောတာနော်..ကြွေရုပ်လေးလိုပဲ...မင်းထယ်ယောင်းကိုမြင်လိုက်ရင် ကင်မ်Group ကယောကျာ်းလေးတိုင်းက ရူးခါနေအောင်ချောကြတယ်ဆိုတဲ့ သတင်းကိုမင်းယုံကြည်သွားလိမ့်မယ်
တီ..တီ..
'ဟင့်🥺'
'ယောင်းငယ်...ယောင်း...'
'ရပါတယ်ခင်ဗျ..'
'အော်...Yoongiရဲ့ညီပေါ့..'
'မင်...'
'ဟာ..Yoongi'
'ဟုပ်ကဲ့..'
'ဟုပ်..'
'ဟို..ဟို..'
'အော်..ကိုယ်ကတစ်ခြားလူတွေခေါ်သလိုမျိုးကောင်လေးကိုမခေါ်ချင်လို့ပါ..'
'အင်း...ရပါတယ်လေ...လူကြီးကကျွန်တော်နဲ့စေ့စပ်မဲ့လူဆိုတော့..အခွင့်ထူးခံလူတန်းစားပေါ့..နားလည်ပေးလိုက်ပါမယ်..'
'ကျွန်တော်လက်ခံပါတယ်...'
'ခင်ဗျာ..'
'ချစ်တယ်..'
'ဟာ....'
'ခုနလေးတင်ကမှ...'
'ကျွန်တော်သေချာစဉ်းစားပြီးမှာဖြေတာပါ..လူတစ်ယောက်ကိုချစ်မိဖို့အတွက် အချိန်၎စက္ကန့်လောက်ပဲလိုတာတဲ့...လူကြီးမကြားဖူးဖူးလား...'
'အမ်..'
'အွန်း...လူကြီးသဘော'
'ဟုပ်...'
繼續閱讀
You'll Also Like
203K 18.1K 24
အချစ်ဆိုတဲ့အရာကိုထူးဆန်းတယ်ဆိုပြီးထူးဆန်းစွာဖြစ်ပေါ်လာမယ့်အချစ်မျိုးကိုစိတ်ကူးထဲပုံဖော်နေမိတာ...... တကယ်လက်တွေ့ကြုံမှသိလိုက်ရတာက အချစ်ဆိုတာ ရိုးရိုးလ...
186K 16.4K 22
84.5K 6.8K 9
ပျော်ရွှင်မှု နွေးထွေးမှု ကြင်နာမှုတွေတဲ့ပေါင်းစည်းထားတဲ့ ဒီရင်ခွင်ဟာ တစ်သက်တာခိုနားဖို့သင့်တော်ပါတယ် .................... ပျော်ရွှင်မှု နွေးထွေးမှု ကြင်...
269K 6.5K 74
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်