သောကမီးလျှံ

由 Ling____

137K 23.1K 2.1K

အဓိကဇာတ်ဆောင်များ : ရွှမ်းကျီး, ရှန့်လင်ယွမ်း 更多

Description and Synopsis
နိဒါန်း
အတွဲ(၁) အပိုင်း (၁)
(၂)
(၃-၁)
(၃-၂)
(၄)
(၅-၁)
(၅-၂)
(၆)
(၇)
(၈)
(၉)
(၁၀)
(၁၁)
(၁၂-၁)
(၁၂-၂)
(၁၃)
အတွဲ (၂) အပိုင်း(၁၄)
(၁၅)
(၁၆)
(၁၇-၁)
(၁၇-၂)
(၁၈)
(၁၉)
(၂၀)
(၂၁)
(၂၂)
(၂၃)
(၂၄)
(၂၅)
(၂၆)
(၂၇)
(၂၈)
(၂၉)
(၃၀)
(၃၁)
(၃၂)
(၃၃)
(၃၄)
(၃၅)
(၃၆)
(၃၇)
(၃၈)
(၃၉)
(၄၀)
(၄၁)
(၄၂-၁)
(၄၂-၂)
အတွဲ (၃) အပိုင်း (၄၃)
Announcement
(၄၄)
(၄၅)
(၄၆)
(၄၇)
(၄၈)
(၄၉)
(၅၀)
(၅၁)
(၅၂)
(၅၃)
(၅၄)
(၅၅)
(၅၆-၂)
(၅၇)
(၅၈)
(၅၉)
(၆၀)
(၆၁)
(၆၂)
(၆၃)
အတွဲ (၄) အခန်း (၆၄)
(၆၅)
(၆၆)
(၆၇)

(၅၆-၁)

1.1K 231 19
由 Ling____


“အဲဒီအချိန်တုန်းက လူနေမှုအသိုင်းအဝိုင်းက အဲ့လိုမျိုးပဲ။ အရင်ခေတ်တုန်းက မိန်းကလေးတွေဆိုရင် သူတို့ရဲ့ခြေထောက်တွေကိုကြပ်ထုပ်စည်းထားရတယ်လေ။ ဒါတွေအားလုံးက မြေရှင်ပဒေသရာဇ်ခေတ်လက်ကျန်က အသုံးမဝင်တော့တဲ့အမှိုက်လိုဓလေ့ထုံးတမ်းတွေပဲ။ အားလုံးက မလိုအပ်တာတွေကိုချန်ရစ်ထားခဲ့ကြဖို့ တစ်ညီတစ်ညာတည်းသဘောတူညီမှုပြုခဲ့ကြတာပေါ့”

ရေအောက်တွင်ရှိနေသည့် မြွေအရေခွံမှာ သတိလက်လွတ်ဖြင့် လေပူစီဖောင်းများကိုမှုတ်ထုတ်နေသည်။ သူ၏ဦးခေါင်းအား အပြင်သုံးလွှာ၊ အတွင်းသုံးလွှာထုပ်ပိုးထားရင်း အလွှာအထပ်ထပ်ရှိသော ပီကေတစ်ခုထံမှ ပူဖောင်းများထွက်လာအောင်မှုတ်နေသည့်နှယ်။

“ထပ်ပြောရရင် သူက အသက်ရှိစဉ်တုန်းက ယဉ်ကျေးပျူငှာဖော်ရွေပြီး စိတ်ကောင်းနှလုံးကောင်းရှိတဲ့လူငယ်လေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုဦးတော့၊ လူသား-မိစ္ဆာတစ်ယောက်ဖြစ်သွားတဲ့အချိန်မှာတော့ လူနဲ့မတူတဲ့ မကောင်းတဲ့ကောင်တစ်ကောင်ဖြစ်သွားမှာပဲလေ။ မင်းက သူ့ကို ဒီမိုကရေစီတို့၊ ငြိမ်းချမ်းရေးအကြောင်းတို့ကိုသွားပြောမလို့လား? ငါတို့လုပ်သမျှအရာအားလုံးဟာ ချိယွမ်းအတွက်ပဲ။ မြန်မြန်သွားရအောင်၊ ငါတို့လမ်းခရီးမှာ အချိန်တွေအများကြီးနှောင့်နှေးသွားခဲ့ပြီးပြီ”

ယန်းချိုးရှန်းမှာမူ စကားတစ်ခွန်းမှမပြောပေ။ ပိန်းပိတ်အောင်မှောင်မည်းနေသော ရေအောက်ထဲတွင် အေးစက်သောသလင်းကျောက်သားနံရံများထက်ပို၍ပင် အေးစက်လှသော သူ၏မျက်နှာအမူအရာကို မည်သူကမှ ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခြင်းမရှိပါချေ။

စတေးခံယဇ်ကောင်အဖြစ်မြှုပ်နှံခံထားရသော ကလေးအလောင်းများမှာမည်ရွေ့မည်မျှရှိကြောင်းမသိနိုင်ပေ။ မီတာ ၁၀၀ ခန့်အထိအတန်းလိုက်ရှိနေကြပြီး အဆုံးသတ်ကိုမမြင်ရပါချေ။ ဂူသင်္ချိုင်းလိုဏ်ခေါင်းမှာလည်း ကျဉ်းသထက်ကျဉ်းမြောင်းလာလေရာ သူတို့အုပ်စုမှာ မလွှဲသာမရှောင်သာဘဲ ဖြည်းဖြည်းချင်းတစ်ယောက်ချင်းသာ တန်းစီပြီးသွားရသည့်အဖြစ်သို့ရောက်ရှိသွားကြလေသည်။ မည်သူကမှ ဘေးတစ်ဖက်တစ်ချက်ဆီသို့လှည့်မကြည့်ရဲရှာဘဲ မိမိ၏အရှေ့တွင်ရှိနေသည့် လူ၏နောက်ကျောကိုသာလျှင်စိုက်ကြည့်နေကြရှာသည်။ ရှေ့ဆုံးမှဦးဆောင်သွားနေသော ရုပ်သေးရုပ်မိန်းမပျိုလေးမှာမူ စိုက်ကြည့်စရာနောက်ကျောပြင်မရှိရှာပေ။ သူမမှာ ရုပ်သေးရုပ်တစ်ရုပ်ဖြစ်သည့်တိုင် အလွန်တရာစိတ်လှုပ်ရှားနေသောကြောင့် စကားမရှိစကားရှာရင်းပြောဆိုနေတော့သည်။

“လူသား-မိစ္ဆာတွေနဲ့ပတ်သက်တဲ့ မှတ်တမ်းမှတ်ရာတွေက ချင်းဖျင်ပြည်နယ်ရဲ့ ရှေးဟောင်းပုရပိုက်တွေထဲမှာပဲရှိတော့တာ။ ကျွန်မက အရင်တုန်းက သူတို့တွေကို ဒဏ္ဍာရီပုံပြင်တွေလို့ပဲထင်နေခဲ့တာ”

“သူတို့က မကြာခင် ဒဏ္ဍာရီပုံပြင်တွေဖြစ်သွားကြတော့မှာပါ”

မျက်မမြင်လူကြီးကပြန်ဖြေလိုက်သည်။

“လူသား-မိစ္ဆာဆိုတာက သူအသက်ရှိစဉ်တုန်းက တမူသာလွန်ထူးခြားတဲ့စွမ်းရည်တွေကိုပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ရမယ်။ တွေ့ကရာလူတစ်ယောက်က လူသား-မိစ္ဆာတစ်ယောက်ဖြစ်လာနိုင်တာမဟုတ်ဘူးလေ။ ချိယွမ်းဟာ ချိပ်ပိတ်ခံထားရတာ နှစ်ပေါင်းသုံးထောင်လောက်ရှိသွားပြီ။ လူသားမျိုးနွယ်စုက ကမ္ဘာလောကကြီးတစ်ခုလုံးကိုပေါင်းစည်းစေခဲ့ပြီး ဝိညာဉ်စွမ်းအင်တွေဟာလည်း ခမ်းခြောက်သွားခဲ့ရတယ်။ တကယ်လို့ ဒီအသုံးမကျတဲ့နောက်မျိုးဆက်တွေကို အတိတ်ကာလကိုပြန်ပို့လိုက်ရင်တောင်မှ သူတို့က သာမန်ကျင့်ကြံသူတစ်ယောက်ရဲ့အဆင့်ကိုမီမှာမဟုတ်ဘူး။ လူသား-မိစ္ဆာတစ်ယောက်အဖြစ်ပျက်စီးသွားဖို့ဆိုရင် ပိုလို့တောင် အရည်အချင်းမရှိသေးတယ်။ ပိချွင်းရှန်းလို သွက်သွက်ခါအောင် ရူးသွပ်သွားတဲ့လူတစ်ယောက်တောင်မှပဲ နောက်ဆုံး ဟိုမရောက်သည်မရောက် ‘လူသားဖယောင်းတိုင်’ တစ်ခုပဲဖြစ်သွားခဲ့တာမလား? ချိယွမ်းမရှိဘဲနဲ့တော့ လူသား-မိစ္ဆာအသစ်တစ်ယောက်က ဒီကမ္ဘာလောကကြီးထဲကိုမွေးဖွားလာနိုင်တော့မှာမဟုတ်ဘူး။ ငါတို့တွေ အခုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ရှေးဟောင်းသမိုင်းမှတ်တမ်းတွေကိုအသုံးပြုပြီး အရင်တုန်းက လူသား-မိစ္ဆာတွေကိုပြန်ရှာဖွေကြဖို့ပဲတတ်နိုင်တယ်”

ရုပ်သေးရုပ်မိန်းမပျိုလေးက မေးမြန်းလိုက်သည်။

“အရှင်က ‘ချိယွမ်းကိုနောက်တစ်ကြိမ်မီးလောင်တိုက်သွင်းမယ်’ ဆိုတဲ့အကြောင်းကိုပဲ တစ်ချိန်လုံးပြောနေတာပဲ။ ဘယ်လိုမျိုးမီးလောင်တိုက်သွင်းမှာလဲ? အထဲကို ဗုံးတစ်လုံးပစ်သွင်းလိုက်ပြီး မီးတောင်ပေါက်ကွဲအောင်လုပ်သလိုမျိုးလား? ကျွန်မကြားလိုက်တာတော့ ယွဲ့သယ်ဘိုးဘိုးရဲ့တပည့်သားမြေးတွေက DCO က လက်နက်အသစ်တွေကိုခိုးထုတ်သွားတယ်တဲ့။ ရှင်က အဲဒီလူတွေနဲ့ အဆက်အသွယ်ရှိမှာပဲမဟုတ်ဘူးလား? အရှင်က ဒီလောက်တောင်အစွမ်းအစကြီးမားလှတာ၊ စိတ်စွမ်းအင်ထူးခြားပိုင်ရှင်တွေကိုစုစည်းပြီး လက်နက်စက်ရုံထဲက လက်နက်တွေကို ဘာဖြစ်လို့မခိုးတာလဲ? ဘာဖြစ်လို့ ဒီလိုမျိုးရှုပ်ထွေးတဲ့လမ်းကြောင်းကိုမှရွေးလုပ်ရတာလဲ?”

“မင်းက ယွိဘွားဘွားအနားမှာနေတဲ့သူဆိုတော့ ချင်းဖျင်ပြည်နယ်နဲ့ပတ်သက်တဲ့လျှို့ဝှက်ချက်တွေကိုသိထားမှာပဲ။ ဘာဖြစ်လို့ ဒီလို တုံးအတဲ့မေးခွန်းမျိုးကိုမေးရတာလဲ? မျိုးဆက်တစ်ဆက်နဲ့တစ်ဆက်ကြားမှာ ရိုးရာအစဉ်အလာတွေပြတ်တောက်သွားရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတာပါလား”

မျက်မမြင်လူကြီးက လှောင်သံစွက်လျက်ပြောလိုက်သည်။

“ချိယွမ်းမှာဖြစ်ပေါ်ခဲ့တဲ့ မီးတောင်လှုပ်ရှားမှုတွေက စွမ်းအင်တွေပေါက်ကွဲထွက်လာတာရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုလောက်ပဲ။ အဲဒါတွေကအပေါ်ယံပဲ။ ဘာနဲ့တူသလဲဆိုတော့ အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ဆောင်ချိန်မှာ သူတို့ရဲ့ဗိုက်ကဖောင်းကားလာသလိုမျိုးပဲပေါ့__ဒါပေမဲ့ မင်းက အစားအသောက်တွေကို ၂၀၀ *ကျင်းလောက်စားလိုက်လို့ မင်းရဲ့ဗိုက်ကဖောင်းကားလာရင်တောင် အဲဒီဗိုက်ထဲကနေ ကလေးတစ်ယောက်ထွက်လာအောင်မွေးလို့ရမှာတဲ့လား? ချိယွမ်းက အခုချိန်မှာ ရှေးဟောင်းသစ်တောအုပ်တစ်ခုဖြစ်နေပြီး အလျင်အမြန်ပူပြင်းခြောက်သွေ့လာနေတာကြောင့် သုံးနှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ်လောက် တောမီးလောင်မှုတွေဖြစ်တတ်တယ်။ ဒါပေမဲ့ တောမီးလောင်လို့ တစ်တောလုံးပြောင်သလင်းခါသွားရင်တောင် အဲဒါက သာမန်မီးပဲလေ။ ချိယွမ်းကို အစစ်အမှန်မီးလောင်တိုက်သွင်းချင်တယ်ဆိုရင် အဲဒီအချိန်တုန်းက လူသားဧကရာဇ်ချန်ရစ်ထားခဲ့တဲ့ မီးလျှံငှက်ချိပ်စည်းတွေကို ဖျက်ဆီးပစ်မှပဲရလိမ့်မယ်”

{*(ကျင်း/斤) ယူနစ်အတိုင်းအတာတစ်ခုပါ။ ၁ ကျင်း= ၅၀၀ ဂရမ်နဲ့တူညီပါတယ်}

“အဲဒါတော့ ကျွန်မသိတယ်”

ရုပ်သေးရုပ်မိန်းမပျိုလေးက ပြောလိုက်သည်။

“ချင်းဖျင်ပြည်နယ်ရဲ့မှတ်တမ်းတွေအရဆိုရင် လူသားဧကရာဇ်ရှန့်ရှောင်းဟာ မီးလျှံငှက်အရိုး (၃၆) ခုကိုသုံးပြီး ချိယွမ်းကိုချိပ်ပိတ်ခဲ့တယ်။ မီးတောက်တွေကိုငြှိမ်းသတ်ခဲ့ပြီး ကမ္ဘာလောကတစ်ခွင်ကိုအေးချမ်းစေခဲ့တယ်….”

“အဲဒီလိုတော့လည်းမဟုတ်ဘူး။ ချိယွမ်းချိပ်ပိတ်ခံလိုက်ရပြီးတဲ့နောက်မှာ ဥယျာဉ်ထဲမှာရှိတဲ့ ခြင်္သေ့၊ ကျား၊ ဝက်ဝံနဲ့ ဝံပုလွေတွေအားလုံးဟာ အပြတ်ရှင်းခံလိုက်ရပြီး အားနည်းတဲ့ကြက်ပေါက်လေးတွေပဲကျန်ခဲ့တယ်လေ။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်ကြမယ်ဆိုရင်တောင်မှ တစ်ယောက်ကိုတစ်ယောက် နှုတ်သီးနဲ့ဟိုဆိတ်သည်ဆိတ်လုပ်နေတာလောက်ပဲဖြစ်မှာ”

မြွေအရေခွံက ကြားဖြတ်ပြောလာသည်။

“အဲဒီခေတ်တုန်းက သိပ္ပံနဲ့နည်းပညာအဆင့်အတန်းက လူသားဧကရာဇ်ပိရှရဲ့ စိတ်ကူးစိတ်သန်းတွေလောက်အထိပဲ အကန့်အသတ်ရှိတာလေ။ ဘယ်သူသိနိုင်မှာလဲ? အဲဒီအားနည်းတဲ့ ပလီချောက်ချက်ကြက်ပေါက်လေးတွေက တစ်ယောက်နဲ့တစ်ယောက် ထိုးတာဆိတ်တာလောက်နဲ့တင်အားမရနိုင်ကြတော့ဘဲ အနုမြူလက်နက်တွေကိုတီထွင်လာကြလိမ့်မယ်လို့။ တကယ်လို့ အဲဒီလိုလက်နက်တစ်ခုကိုသာဖောက်ခွဲလိုက်လို့ကတော့ ကျစ်…အရင်တုန်းက ‘မိုးကြိုးသွား (၈၁) ချက်’ ထက်တောင် ပိုပြီးစွမ်းအားကြီးသွားလိမ့်မယ်”

ရုပ်သေးရုပ်မိန်းမပျိုလေးက စိတ်မပါ့တပါဖြင့် သံယောင်လိုက်ကာမေးမြန်းလိုက်သည်။

“အဲဒါက အမေမရှိတဲ့ကလေးတစ်ယောက်လိုပဲ၊ ပြောရရင် ဇာတ်လမ်းကအရှည်ကြီးပဲ”

မြွေအရေခွံက ပေါက်ပေါက်ဖောက်သည့်အလား သူ၏ပါးစပ်အတွင်းမှ ရှည်လျားသောစာတမ်းတစ်ခုအားရွတ်ဖတ်နေသည့်နှယ် သမိုင်းကြောင်းများကိုအစချီပြောကြားလာတော့သည်။

“ ချိယွမ်းရဲ့ မူလနာမည်က ‘နန်မင်တောင်ကြား’ လို့ခေါ်တယ်။ သမိုင်းမှတ်တမ်းတွေအရဆိုရင် အဲဒီတောင်ကြားက နတ်မီးလျှံငှက်တွေရဲ့အသိုက်အမြုံပဲ။ နန်မင်တောင်ကြားရဲ့ဘယ်ဘက်မှာ ငါတို့ရဲ့ဘိုးဘေးတွေဖြစ်တဲ့ မိစ္ဆာမျိုးနွယ်စုတွေနေထိုင်ကြတယ်။ ညာဘက်ကတော့ လူသားမျိုးနွယ်စုရဲ့နယ်မြေပေါ့။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် မိစ္ဆာမျိုးနွယ်စုနယ်မြေမှာရှိတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ စတင်ပြီးယုတ်လျော့နည်းပါးလာကြတယ်__မင်းသိတဲ့အတိုင်းပဲ၊ ငါတို့မိစ္ဆာတွေဆိုတာက သဘာဝဝိညာဉ်စွမ်းအင်တွေကိုအမှီပြုပြီးအသက်ရှင်ရတဲ့သတ္တဝါတွေပဲ။ သာမန်လူသားတွေလို မြေကြီးထဲက ကောက်ပဲသီးနှံတွေကိုတူးဆွစားသောက်ပြီးအသက်ရှင်နိုင်ကြသူတွေမဟုတ်ဘူးလေ။ ဝိညာဉ်စွမ်းအင်တွေယုတ်လျော့ပျောက်ကွယ်သွားတဲ့အခါ မိစ္ဆာပေါက်စလေးတွေဟာလည်း အသေမွေးဖွားလာရှာတယ်။ ငါတို့ဘိုးဘေးတွေဟာ သူတို့ရဲ့အိမ်ဟောင်းမှာဆက်ပြီးနေထိုင်လို့မရတော့ဘဲ အသက်ရှင်ရပ်တည်ဖို့အတွက် အပြင်ဘက်ကိုထွက်လာရတော့တယ်။ ဒါပေမဲ့ လူသားတွေက ငါတို့ကိုမကြိုဆိုခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အဲဒါက သူတို့ရဲ့ပိုင်နက်ပဲလေ။ ဆိုတော့ ငါတို့မျိုးနွယ်စုမှာ အမြီးကုပ်ပြီးနေရုံကလွဲလို့ တခြားနည်းလမ်းမရှိဘူးပေါ့။ နောက်တစ်လှမ်းဆုတ်ရင်း နောက်ထပ်တစ်လှမ်းဆုတ်ရင်းနဲ့ပေါ့။ မိစ္ဆာမျိုးနွယ်စုဟာ အသက်ရှင်သန်နိုင်ဖို့အတွက် လူသားတွေကို အလျှော့ပေးပြီးနေထိုင်ခဲ့ရတယ်….အဲဒီခေတ်တုန်းက ‘လမ်းဘေးဖျော်ဖြေပွဲ’ တွေ၊ ‘ဆပ်ကပ်ပွဲ’ တွေမှာ ငါတို့ရဲ့ဘိုးဘေးတွေဟာ အသုံးတော်ခံအဖြစ်ကပြတင်ဆက်ခဲ့ရတယ်။ ဒါပေမဲ့ အဲဒါလည်းမရဘူး။ ချီတိုင်းပြည်ရဲ့ ဧကရာဇ်ဖျင်ဟာ လူမဆန်တော့ဘူး။ သူက ပြင်ပမျိုးနွယ်စုတွေကိုသုတ်သင်ချေမှုန်းပစ်ဖို့အမိန့်ချမှတ်ခဲ့ပြီး အားနည်းပြီးအိုနာကျိုးကန်းဖြစ်နေတဲ့ ခိုကိုးရာမဲ့သူတွေကို အမြစ်ပြတ်နှိမ်နင်းချေမှုန်းခဲ့တယ်။ ငါတို့ရဲ့မိစ္ဆာဘုရင်ဖြစ်သူဟာလည်း အမျက်ဒေါသူပုန်ထသွားပြီးစစ်ကြေညာလိုက်တယ်။ မိစ္ဆာဘုရင်က နန်မင်တောင်ကြားကိုဖြတ်သန်းသွားချင်တယ်။ အတိအကျပြောရရင် မီးလျှံငှက်မျိုးနွယ်စုဟာ တကယ်တော့မိစ္ဆာမျိုးနွယ်ဝင်တွေပဲ။ ဒါပေမဲ့ အခြားတစ်ဖက်မှာရှိတဲ့ လူသားတွေက ဘုရားကျောင်းဆောင်တွေဆောက်လုပ်ပြီး သူတို့ကိုပူဇော်ပသပေးကြတယ်။ ဒီလိုနဲ့ အချိန်ကြာလာတော့ သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလို့အထင်ရောက်သွားကြပြီး အခြေအနေကိုထိန်းချုပ်ဖြေရှင်းဖို့ကြိုးစားလာတော့တယ်။ သူတို့ဘက်က အင်အားများတော့ ငါတို့ရဲ့ဘုရင်ဖြစ်သူကို လမ်းဆုံးကိုမရောက်ရောက်အောင်တွန်းပို့လိုက်သလိုဖြစ်သွားတော့တာပဲ___နောက်ဆုံး ငါတို့မိစ္ဆာဘုရင်က မီးလျှံငှက်တွေကိုတစ်ကောင်မကျန်အမြစ်ပြတ်သုတ်သင်ပစ်ခဲ့ပြီး နန်မင်တောင်ကြားကိုလွှဲပြောင်းအုပ်စိုးပြီး ‘ချိယွမ်း’ လို့နာမည်ပြောင်းပစ်ခဲ့တယ်။ အဲဒီအချိန်ရောက်မှပဲ သူတို့သိလိုက်ရတာက တကယ်တော့ ချိယွမ်းဟာ တိမ်မြှုပ်နေတဲ့ရတနာတစ်ပါးဖြစ်တယ်ဆိုတာကိုပဲ! အရင်တုန်းက မီးလျှံငှက်တွေရဲ့ဖိနှိပ်ထိန်းချုပ်ထားမှုကြောင့် ရေပူစမ်းထဲမှာ ဥတစ်လုံးကိုတောင်ကျက်အောင်ပြုတ်လို့မရတဲ့နေရာဟာ တကယ်တော့ ထူးခြားစွမ်းအင်တွေရဲ့ပင်မအရင်းအမြစ်နေရာတစ်ခုဖြစ်နေခဲ့တယ်လေ! မီးလျှံငှက်တွေက ဘာဖြစ်လို့ ချိယွမ်းကိုဖိနှိပ်ထားခဲ့တာလဲ? ဘာဖြစ်လို့လဲဆိုတော့ ချိယွမ်းမှာရှိတဲ့ ထူးခြားစွမ်းအင်တွေက လူသားတွေကလွဲရင် ကျန်တဲ့မျိုးနွယ်စုတိုင်းအတွက်အသုံးဝင်တဲ့စွမ်းအင်တွေဖြစ်နေလို့ပဲ။ လူသားတွေဟာ ဒွါရခုနစ်ပေါက်ပွင့်နေတဲ့ သတ္တဝါတွေမဟုတ်တဲ့အတွက် ကောင်းကင်နဲ့မြေကြီးနဲ့ ဆက်သွယ်နိုင်ခြင်းမရှိဘူး။ အိုင်း…ငါ့အမြင်တော့ အဲဒီလူသားလို့ခေါ်တဲ့ဟာတွေက မွေးရာပါချို့ယွင်းချက်ရှိတဲ့သတ္တဝါတွေပဲ။ သူတို့တွေက ကြက်တစ်ကောင်ကိုတောင်ဖမ်းချုပ်နိုင်တဲ့အင်အားမရှိပေမဲ့ အဆိပ်ရှိပြီး ကောက်ကျစ်စဉ်းလဲတဲ့သတ္တဝါတွေ။ အစောကြီးကတည်းက မျိုးသုဉ်းသွားသင့်တာ။ နှစ်ယောက်လောက်ကိုပဲ တိရစ္ဆာန်ရုံထဲမှာ ဓာတ်ပုံရိုက်ဖို့ချန်ထားသင့်တယ်။ ဒါပေမဲ့ မီးလျှံငှက်တွေက သူတို့ရဲ့ပူဇော်ပသထားတာတွေကိုစားသောက်ထားကြတာဆိုတော့ သူတို့ကိုဘယ်လိုလုပ်ပြီး မျိုးသုဉ်းခံပါ့မလဲ။ အဲဒီတစ်အုပ်စုကိုကာကွယ်ဖို့အတွက် မီးလျှံငှက်မျိုးနွယ်စုဟာ ချိယွမ်းကိုအတင်းအဓမ္မဖိနှိပ်ထားခဲ့ပြီး တခြားမျိုးနွယ်စုတွေကို လူသားမျိုးနွယ်စုနဲ့အဆင့်အတူတူဖြစ်သွားအောင်ဆွဲချခဲ့ကြတယ်။ အဲဒီဧရာမအနီရောင်ကြက်တူရွေးလိုကောင်တွေက ဒေါသထွက်စရာမကောင်းဘူးလား? နှမြောစရာကောင်းတာက လူလိမ်လူညာတစ်ယောက်ဖြစ်တဲ့ လူသားဧကရာဇ်နန်းတက်လာတဲ့နောက်ပိုင်းမှာ ဘာနတ်ဆရာမျိုးနွယ်စုရော၊ ကောင်းရှန်းမျိုးနွယ်စုရော…..သူတို့တွေအားလုံးဟာ အလိမ်ခံလိုက်ရပြီး  ရူးကြောင်ကြောင်နဲ့ သူ့နောက်ကိုလိုက်ခဲ့ကြတယ်။ သူ့ကိုစွမ်းအားတွေရရှိသွားစေပြီး ချိယွမ်းကိုပြန်လည်ချိပ်ပိတ်စေခဲ့တယ်။ မဟုတ်ရင် ဒီနေရာမှာရှိနေတဲ့လူအားလုံးက ဘာဖြစ်လို့သုံးစားမရတဲ့သူတွေချည်းဖြစ်နေရမှာလဲ? တကယ်လို့ ငါတို့ရဲ့မစ္စတာနျန်တစ်ယောက်သာ ခင်ဗျားရဲ့အရည်အချင်းနဲ့ ချိယွမ်းကိုချိပ်ပိတ်ထားတွေကိုဖျက်ဆီးနိုင်ခဲ့မယ်ဆိုရင် သတ္တုတောင်တန်းကြီးတွေတောင် ခင်ဗျားအတွက် ကစားစရာရွှံ့စေးသာသာလောက်ပဲဖြစ်သွားလိမ့်မယ်။ ခင်ဗျားတစ်ယောက်တည်းနဲ့ သံမဏိစက်ရုံပေါင်း အခု (၁၀၀) ကိုအစားထိုးနိုင်တယ်လေ…ဟား ဟား ဟား”

ယန်းချိုးရှန်းမှာ သူ့အားစကားပြန်ပြောလိုက်ပါက မိမိ၏အဆင့်အတန်းမှာ မူလထက် အဆင့်နှစ်ဆင့်လောက်နိမ့်ကျသွားမှာကိုစိုးရိမ်သည့်အလား သူက မကြားချင်ယောင်ဆောင်လိုက်ရင်း ခေါင်းပင်မော့မကြည့်ဘဲ အရှေ့သို့ဆက်လျှောက်သွား၏။

မျက်မမြင်လူကြီးက မြွေအရေခွံ၏ ရူးနှမ်းနှမ်းရယ်သံကိုဖြတ်တောက်ကာ စကားဆက်လိုက်သည်။

“လူသားဧကရာဇ်က မီးလျှံငှက်ချိပ်တံဆိပ်ကိုပြုလုပ်ခဲ့တဲ့အချိန်မှာ နောက်မျိုးဆက်လူသားတွေရဲ့လူဦးရေပမာဏနဲ့ စစ်ပွဲပမာဏတွေကိုထည့်မတွက်မိခဲ့တာပဲ။ ချိယွမ်းက  စွမ်းအင်စီးကြောင်းတွေစုဆုံရာအရပ်မှာရှိနေတာ။ ကမ္ဘာလောကကြီးထဲမှာ စစ်ပွဲကြီးတွေ ဒါမှမဟုတ် သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားဖြစ်ပေါ်လာချိန်တိုင်း အဲဒါတွေက ‘ကပ်ဘေးဆိုးကြီး’ တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ချိယွမ်းမှာလည်း အဲဒါတွေနဲ့အတူလိုက်ပြီးမငြိမ်မသက်ဖြစ်သွားတတ်တယ်။ တကယ်လို့ မင်း သမိုင်းမှတ်တမ်းတွေကို သေသေချာချာလေ့လာကြည့်လိုက်ရင် ထူးခြားစွမ်းရည်ပိုင်ရှင်တွေရဲ့မွေးဖွားနှုန်းဟာ အနိမ့်အမြင့်အတက်အကျရှိတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ သူတို့တွေရဲ့မွေးဖွားနှုန်းဟာ တည်ငြိမ်အေးချမ်းတဲ့ခေတ်ကာလမှာ အနည်းဆုံးဖြစ်ပြီး ပဋိပက္ခတွေဖြစ်ပွားတဲ့ခေတ်ကာလမှာ မွေးဖွားနှုန်းအများဆုံးပဲ။ အနီးစပ်ဆုံးဆိုရင် ၁၉၄၃ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားတဲ့အချိန်မှာ ထူးခြားစွမ်းရည်ပိုင်ရှင်တွေရဲ့မွေးဖွားနှုန်းဟာ ခေတ်သစ်သမိုင်းတစ်လျှောက်မှာ အမြင့်ဆုံးပဲ။ ဒါပေမဲ့ အခုခေတ်မှာအသက်ရှင်နေတဲ့ ထူးခြားစွမ်းရည်ပိုင်ရှင်တွေကိုမေးလိုက်ရင် ၁၉၄၄ ခုနှစ်မှာမွေးတဲ့သူတစ်ယောက်မှမရှိကြဘူး။ ရှိမယ်ဆိုရင်တောင် သေချာပေါက်အသက်အရွယ်ကြီးရင့်သွားကုန်ကြပြီ။ တစ်ကမ္ဘာလုံး နေရာအနှံ့လိုက်ရှာတာတောင် အဲဒီနှစ်မှာဖြစ်ပျက်ခဲ့တဲ့ ထူးခြားစွမ်းအင်ဖြစ်ရပ်မှတ်တမ်းတစ်ခုတလေကိုတောင်ရှာတွေ့နိုင်တော့မှာမဟုတ်ဘူး။ ယွိဘွားဘွားလို စီနီယာအိုကြီးတစ်ယောက်ကတော့ မှတ်မိကောင်းမှတ်မိနိုင်လိမ့်မယ်။ အဲဒီနှစ်မှာ ထူးခြားစွမ်းရည်ပိုင်ရှင်တွေရဲ့အရည်အချင်းဟာ နည်းနည်းလေးတောင်မတိုးတက်လာတဲ့အပြင် ဆုတ်ယုတ်တောင်ဆုတ်ယုတ်သွားကြသေးတယ်။ အသက်ကြီးပြီးခန္ဓာကိုယ်အားနည်းချိနဲ့နေတဲ့သူတချို့ဆိုရင် ဆက်ပြီးအသက်မရှင်နိုင်ကြတော့ဘူး။ ဒါပေမဲ့ အဲဒီနောက်ပိုင်းတော်တော်လေးကြာတော့မှ စစ်ပွဲကြီးက အဆုံးသတ်သွားတာလေ။ အဲဒါက ဘာကိုပြသနေလဲဆိုရင် ၁၉၄၄ ခုနှစ်မှာ ပြင်ပစွမ်းအားတစ်မျိုးမျိုးက ချိယွမ်းမှာမငြိမ်မသက်မှုတွေဖြစ်ပေါ်မလာအောင် အတင်းအဓမ္မဖိနှိပ်ထိန်းချုပ်ထားခဲ့တယ်ဆိုတာပဲ___သမိုင်းတစ်လျှောက်လုံးမှာ အဲဒီလိုတူညီတဲ့ဖြစ်ရပ်မျိုး (၃၅) ကြိမ်ဖြစ်ပျက်ခဲ့တယ်။ ငါဆိုလိုတဲ့အဓိပ္ပာယ်ကို မင်းနားလည်ရဲ့လား?”

(T/N

သူပြောတာကိုနားလည်ရဲ့လားမသိဘူး။ ထူးခြားစွမ်းရည်ပိုင်ရှင်တွေရဲ့မွေးဖွားနှုန်းဟာ ပဋိပက္ခအဖြစ်အပျက်တွေနဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့် စစ်ပွဲတွေဖြစ်နေတဲ့အချိန်ကာလအတွင်းမှာ သူတို့တွေရဲ့မွေးဖွားနှုန်းဟာအမြင့်ဆုံးရောက်နေကြပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၃ ခုနှစ်မှာ မွေးဖွားနှုန်းအမြင့်ဆုံးဖြစ်ပြီး နောက်တစ်နှစ် ၁၉၄၄ ခုနှစ်ရောက်တော့ မွေးတဲ့သူမရှိသလောက်နည်းပါးသွားခဲ့တာပါ။ ဒါက ဘာကိုပြသနေလဲဆိုရင် ထူးခြားစွမ်းရည်တွေအမြောက်အမြားပေါ်ထွက်လာတိုင်း အရာတစ်ခုခုက သူတို့တွေထကြွမလာနိုင်အောင် ပြန်ပြီးဖိနှိပ်ထိန်းချုပ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ အဲဒီထိန်းချုပ်ထားတဲ့အရာကဘာလဲဆိုရင် မီးချိပ်တံဆိပ်ပါပဲ။ ရှန့်လင်ယွမ်း ချိယွမ်းမှာ ပြုလုပ်ထားခဲ့တဲ့ မီးချိပ်တံဆိပ် ၃၆ ခုပါ။ ရှေ့အပိုင်းတွေမှာပြောခဲ့ဖူးပြီးသားဖြစ်ပေမဲ့ မေ့နေကြမှာစိုးလို့ ဒီအချက်ကိုလည်း ထပ်ပြီးရှင်းပြလိုက်မယ်နော်။ ရွှမ်းကျီးဟာ အဲဒီမီးချိပ်တံဆိပ်ထဲကနေ မွေးဖွားလာခဲ့တဲ့ နောက်ဆုံးသောမီးအစောင့်အရှောက်ပါ။ မှတ်ချက်- ဒါက အခုလက်ရှိသိထားရသလောက် သူ့အကြောင်းပေါ့နော်။ နောက်တစ်ပိုင်းမှာတော့ သူရဲ့တကယ့်အတိတ်ဘဝအကြောင်းကိုသိလာရပါလိမ့်မယ်)

ရုပ်သေးရုပ်မိန်းမပျိုလေးက အံ့အားသင့်စွာပြောလိုက်သည်။

“မီးလျှံငှက်ချိပ်တံဆိပ်တွေဟာ မီးလျှံငှက်အရိုး (၃၆) ချောင်းနဲ့ပြုလုပ်ထားတာပဲ။ ရှင်ဆိုလိုတဲ့သဘောက…”

“လွန်ခဲ့တဲ့လတ်တလောနှစ်ကာလတွေမှာ ‘ကပ်ဘေးဆိုးကြီး’ လို့ခေါ်ရလောက်တဲ့ ဘေးအန္တရာယ်တွေဖြစ်ပွားခဲ့တာမရှိဘူး။ ဒါပေမဲ့ ထူးခြားစွမ်းရည်ပိုင်ရှင်တွေမွေးဖွားနှုန်းကတော့ မြင့်သထက်မြင့်မားလာကြတယ်။ ဒါက လုံးဝကို မကြုံစဖူးတဲ့အဖြစ်ထူးမျိုးပဲ”

မျက်မမြင်လူကြီးက ပြောလာသည်။

“ဒါက ဘာကိုဆိုလိုသလဲဆိုရင် မီးလျှံငှက်ချိပ်တံဆိပ်ဟာ တစ်ခုတည်းပဲကျန်တော့တယ်ဆိုတာနဲ့ အဲဒီချိပ်ဟာလည်းဆက်ပြီးတောင့်ခံမထားနိုင်တော့ဘူးဆိုတဲ့သဘောပဲ။ ပြောရရင် ငါတို့က အချိန်ကောင်းနဲ့တည့်တည့်တိုးသွားကြတာပဲ”

မျက်မမြင်လူကြီးမှာ ဤအထိပြောပြီးချိန်၌ ရုတ်တရက်ပါးစပ်ပိတ်သွားသည်။ ၎င်းတို့မှာ ကျဉ်းမြောင်းသောဂူသင်္ချိုင်းလိုဏ်ခေါင်းလေး၏ အဆုံးသတ်သို့ရောက်ရှိသွားပြီဖြစ်ပြီး ရုတ်ချည်းပင် ဂူလမ်းကြောင်းမှာကျယ်ပြန့်သွား၏။ လမ်းဆုံးတွင် ဧရာမသလင်းကျောက်နံရံတစ်ချပ်ရှိနေသည်။

“ဒါက….”

လူတိုင်းလူတိုင်းသည်ကား ထိုအနားသို့တိုးကပ်သွားကြပြီး ရေသူမီးအိမ်များကိုမြှောက်ကိုင်လိုက်ကြသည်။ သလင်းကျောက်နံရံထဲတွင် သူတို့တွေ့လိုက်ရသည့်အရာမှာ အမျိုးသားအလောင်းတစ်လောင်းဖြစ်သည်။

အလှပြသထားသည့်နှယ်….။

ထိုအမျိုးသားအလောင်းမှာ အသက်ရှိနေဆဲဖြစ်သည့်အလား ကောင်းမွန်ပြည့်စုံစွာ ထိန်းသိမ်းခံထားရပြီး သူ၏မျက်တောင်မွေးတစ်ချောင်းချင်းစီကိုပင် ရေတွက်နိုင်သည်အထိ။

သူ၏ဝတ်စားဆင်ယင်ပုံမှာ သူနှင့်အတူမြှုပ်နှံခံထားရသော အခြားကလေးငယ်လေးများနှင့်မတူညီပေ။ ၎င်းမှာ တင်းကြပ်စွာရစ်ပတ်သိမ်းထုပ်ခံထားရပြီး ရှေးခေတ်အလယ်ပိုင်းမြေပြန့်လွင်ပြင်ဒေသရှိဝတ်ပုံစားပုံနှင့် ပို၍တူညီလှသည်။ အသက်အရွယ်အားဖြင့် အသက်သုံးဆယ်ခန့်ရှိပုံရသည်…..အမှန်တကယ်တမ်းတွင်မူ ထို့ထက်ပို၍ငယ်ကောင်းငယ်နိုင်သေးသည်။ အချိန်ကာလ၏တိုက်စားမှုကြောင့် အနည်းငယ်ပို၍အသက်ကြီးနေသယောင်ထင်ရခြင်းဖြစ်နိုင်သည်။ သူ့ဦးခေါင်းပေါ်ရှိဆံနွယ်များမှာမူ တစ်ချောင်းတလေမှပင် ဖြူဖွေးသွားခြင်းမရှိပေ။ နှုတ်ခမ်းထောင့်စွန်းများမှာ အောက်သို့အနည်းငယ်စိုက်ကျနေပြီး မျက်ခုံးနှစ်ဖက်ကြားတွင်မူ အရေးအကြောင်းများရှိလို့နေသည်။

အဆိုပါမျက်နှာမှာ အမှန်တကယ်ကိုပင် အသက်အရွယ်ကြီးရင့်နေပြီဟုပြော၍မရနိုင်သောမျက်နှာမျိုးဖြစ်သည်။ သို့သော်ငြား လောကဓံတရား၏ရိုက်ပုတ်ညှဉ်းဆဲမှုဒဏ်ကိုခံစားခဲ့ရသည့်အလား၊ သေဆုံးပြီးနောက်ပိုင်းမှာပင် စိုးရိမ်သောကပွားနေရှာသောအမူအရာမျိုးဖြစ်နေသည်။

“သူက….ဒီဂူသင်္ချိုင်းရဲ့အရှင်သခင်လား?”

“ဖြစ်နိုင်ပါတယ်….သူ့ခါးပတ်ကိုကြည့်လိုက်လေ”

မြွေအရေခွံက သူ့ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်ရေပူဖောင်းတစ်လွှာကိုထပ်ဖြည့်လိုက်ပြီးနောက် သတ္တိကိုစုစည်းကာ ရှေ့သို့တက်သွားပြီး ထိုလူ၏ခါးပတ်ပေါ်မှတံဆိပ်ပြားကို မီးအလင်းရောင်ဖြင့်ထွန်းကြည့်လိုက်သည်။

“ပြောစကားတွေအရဆိုရင် ကောင်းရှန်းဝေးယွင် အသက်ရှိစဉ်က လူသားဧကရာဇ်အနားမှာ ခစားဖို့အတွက် အစေခံတစ်ယောက်အဖြစ် ဆက်သခံလိုက်ရတယ်တဲ့…..ပြောရရင် ဓားစာခံတစ်ယောက်အနေနဲ့ပေါ့။ အဲဒီတံဆိပ်ပြားက လူသားဧကရာဇ်က သူ့ကို ကိုယ်တိုင်ကိုယ်ကျပေးအပ်ချီးမြှင့်ခဲ့တဲ့တံဆိပ်ပြား။ မဟာချီတိုင်းပြည်ကြီးရဲ့ တရားဝင်တံဆိပ်ပြားပဲ….ကျစ် ဒီလူက ငါ့စိတ်ကူးထဲမှာတွေးထားတဲ့ ပုံစံနဲ့မတူဘူးဖြစ်နေတယ်။ ကောင်းရှန်းမျိုးနွယ်စုရဲ့ တော်ဝင်မျိုးနွယ်တွေဆိုတာ ပြည်သူလူထုကိုခေါင်းပုံဖြတ်အမြတ်ထုတ်တတ်တဲ့ အထက်တန်းစားအလွှာတွေမဟုတ်ဘူးလား? ပြည်သူတွေရဲ့လုပ်အားတွေနဲ့စည်းစိမ်ချမ်းသာတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်ထားတဲ့ လူတန်းစားရဲ့မျက်နှာက ဘယ်လိုဖြစ်ပြီး အခုလိုမျိုးမသာမယာဖြစ်နေရတာလဲ?”

“မင်း သူနိုးထလာတဲ့အချိန်ကျရင် မေးကြည့်လိုက်လေ”

မျက်မမြင်လူကြီးက သူ့လက်ချောင်းများကိုသုံးကာ အချိန်ကိုတွက်ချက်လိုက်ပြီး လောဆော်လိုက်သည်။

“ငါတို့ ဒီလိုဏ်ခေါင်းထဲမှာပိတ်မိနေတာ အချိန်တစ်ရက်လောက်ကြာသွားပြီ။ ည (၁၁) နာရီမှာ ‘ကျီ’ အချိန်ကိုကူးပြောင်းတော့မယ်။ ငါတို့မြန်မြန်လုပ်ရမယ်။ အဲဒီအချိန်မတိုင်ခင်မှာ ပူဆွေးယဇ်ပူဇော်ပွဲယဇ်စာသားတွေကိုပြီးအောင်ရေးရမယ်__မစ္စတာနျန်…ခင်ဗျားအဆင်သင့်ဖြစ်ပြီလား?”

ယန်းချိုးရှန်း၏ပါးပြင်နှစ်ဖက်ပေါ်ရှိကြွက်သားများမှာ တောင့်တင်းသွား၏။

ရုပ်သေးမိန်းမပျိုလေးက မေးမြန်းလိုက်သည်။

“ရေအောက်မှာ ပူဆွေးယဇ်ပူဇော်ပွဲစာသားတွေကို ဘယ်လိုရေးမှာလဲ?”

မျက်မမြင်လူကြီးက သူ့ရင်ဘတ်အတွင်းမှ ဟောင်းနွမ်းနေသောသက်တမ်းရင့်ဓားတစ်ချောင်းကိုထုတ်ယူလိုက်သည်။ အဆိုပါဓားမှာ တစ်ကြိမ်တစ်ခါမှသွေးထားခြင်းမရှိခြင်းကြောင့်လော၊ သို့တည်းမဟုတ် သည်အတိုင်းသံချေးတက်သွားခြင်းကြောင့်လောမသိ၊ ဓားသွားပေါ်တွင်အညစ်အကြေးများပေကျံနေသည်။ ဓားနှောင့်ထက်ဝယ် ရှုပ်ထွေးပွေလီလှသောကမ္ဗည်းစာသားများကိုရေးထွင်းထား၏။ ကြည့်ရသည်မှာ ကမ္ဘာလှည့်ခရီးသည်များလည်ပတ်သွားလာသောနေရာများတွင် ရောင်းချသော အရည်အသွေးနိမ့်အမှတ်တရပစ္စည်းတစ်ခုပမာ။

သို့သော်ငြား မျက်မမြင်လူကြီးမှာ ထိုဓားအား အလွန်အမင်းကို တယုတယပွတ်သပ်နေပြီး ထို့နောက်တွင်မူ ယန်းချိုးရှန်းထံသို့ မပေးချင်ပေးချင်ဖြင့်လက်ဆင့်ကမ်းပေးလိုက်သည်။

“သတိထား၊ ဒါက ရှေးဟောင်းပစ္စည်းတစ်ခုပဲ။ ဒီဓားက အဲဒီခေတ်တုန်းက နာမည်ကြီးကောင်းရှန်းပန်းပဲဆရာကြီးတွေက ဓားပေါ်မှာ ကမ္ဗည်းစာတွေကိုရေးထွင်းတဲ့နေရာမှာအသုံးပြုခဲ့ကြတဲ့ဓားပဲ။ သူတို့ရေးထွင်းခဲ့တဲ့ကမ္ဗည်းစာတွေက လက်နက်ဝိညာဉ်တွေရဲ့အမည်နာမတွေပဲ။ အဲဒီကမ္ဗည်းစာတွေက လက်နက်ကိုယ်ထည်ပေါ်မှာထွင်းထားတဲ့ အဆင်သဏ္ဌာန်တွေဖြစ်ရုံမကဘဲ လက်နက်ဝိညာဉ်ရဲ့အသိစိတ်ပင်လယ်ထဲအထိတောင် အမှတ်အသားဖြစ်သွားကြတယ်။ ဒဏ္ဍာရီစကားတွေအရဆိုရင် သူက အသက်ဝိညာဉ်တွေကိုဆက်သွယ်ပေးနိုင်တယ်တဲ့။ ဒါကြောင့် သာမန်ပြည်သူတွေကတော့ အဲဒီပစ္စည်းကို ‘ရင်းမင်ကျင်း’ လို့ခေါ်ကြတယ်၊ အခု ဒီဓားက ကမ္ဘာပေါ်မှာ နောက်ဆုံးကျန်တဲ့ တစ်ချောင်းတည်းသောဓားပဲ”

အဆိုပါ ‘ရင်းမင်ကျင်း’ ဓားမှာ ယန်းချိုးရှန်း၏လက်ထဲသို့ရောက်သွားသည်နှင့်တစ်ပြိုင်နက် စတင်၍တုန်ခါလှုပ်ရှားလာတော့သည်။ ဓားနှောင့်ပေါ်၌ အပူဓာတ်များထွက်ပေါ်လာပြီး အနီးတစ်ဝိုက်တွင်ရှိသောပင်လယ်ရေများထံမှ သေးငယ်သောရေပူစီဖောင်းများပလုံစီထလာတော့သည်။ ဓားပေါ်ရှိသံချေးများမှာလည်း ကွာကျသွားကာ အေးစက်ပြီး လူကိုဖိအားပေးခြိမ်းခြောက်နိုင်သောဓားသွားတစ်ခုပေါ်ထွက်လာသည်။ ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာနေသောအငွေ့အသက်များသည်ကား သူတို့၏မျက်နှာထက်သို့ရိုက်ခတ်လာ၏။

မျက်မမြင်လူကြီးက သက်ပြင်းဖွဖွချလိုက်သည်။

“ခင်ဗျားကတော့ တကယ့်လူပါပဲ မစ္စတာနျန်…တခြားလူတွေဆိုရင် သူတို့ရဲ့သွေးကိုဘယ်နှကြိမ် ‘သန့်စင်သန့်စင်’ အဲဒီရှေးဟောင်းပစ္စည်းရဲ့အသိအမှတ်ပြုခြင်းကိုမခံရဘူး။ ခင်ဗျားကတော့ သဘာဝအတိုင်း ဓားရဲ့ဝိညာဉ်ကိုနိုးထလာအောင်လုပ်နိုင်ခဲ့တာပဲ။ ‘ရင်းမင်ကျင်း’ က ဒီလောက်တောင်စိတ်လှုပ်ရှားနေတာကလည်း မထူးဆန်းတော့ပါဘူး။ အရင်တုန်းက ဒီဓားက သတ္တုအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်ပေါင်းများစွာရဲ့လက်ထဲကိုရောက်ဖူးတယ်။ ဒါပေမဲ့ ဒီအဘိုးကြီးဆီက တစ်ခါလေးတောင်တုံ့ပြန်မှုထွက်ပေါ်မလာခဲ့ဘူး”

အနှီဓားမှာ အလွန်တရာစိတ်လှုပ်ရှားနေခြင်းဖြစ်နိုင်သည်။ ယန်းချိုးရှန်း၏လက်သည်ပင် ထိုဓားနှင့်အတူ လိုက်ပါ၍တဆတ်ဆတ်လှုပ်ယမ်းတုန်ခါနေတော့သည်။

“ငါနဲ့ မြွေအရေခွံနဲ့ ခင်ဗျားကို ကာကွယ်ပေးထားမယ်။ ပူဆွေးယဇ်ပူဇော်ပွဲစာသားရဲ့နောက်ဆုံးစုတ်ချက်တစ်ချက်က ‘ကျီ’ အချိန်ကိုကူးပြောင်းသွားတဲ့အချိန်အတိအကျမှာ အပြီးသတ်ရေးဆွဲရမှာ။ ယဇ်စာသားကိုရေးပြီးတာနဲ့ ခင်ဗျားနောက်ကိုအမြန်ပြန်ဆုတ်လိုက်တော့။ ငါနဲ့မြွေအရေခွံက အဲဒီအချိန်မှာ လိုအပ်တဲ့ တခြားယဇ်ပစ္စည်းနှစ်မျိုးကိုပစ်လွှတ်လိုက်မယ်”

မျက်မမြင်လူကြီးက သူ့ထံသို့ မြွေအရေခွံပစ်ပေးလိုက်သော ယဇ်ပစ္စည်းသေတ္တာတစ်လုံးကိုလှမ်းဖမ်းလိုက်သည်။ သူ့လက်ချောင်းများက အဆိုပါသေတ္တာပေါ်ရှိကုဒ်အမှတ်အသားများကိုထိတွေ့ပွတ်သပ်လိုက်ရုံဖြင့် တစ်ချက်တည်းသဘောပေါက်သွားသည်။ မြွေအရေခွံက သူ့ထံပေးလိုက်သောသေတ္တာမှာ ကလေးသွေးများထည့်ထားသောသေတ္တာပင်ဖြစ်သည်။ မြွေအရေခွံမှာ ဉာဏ်နီဉာဏ်နက်များပြီး သူရဲဘောကြောင်သူတစ်ဦးဖြစ်သည်။ အန္တရာယ်အငွေ့အသက်နည်းနည်းလေးရရုံမျှဖြင့် နောက်ပြန်လှည့်ပြေးမည့်သူမျိုးဖြစ်သည်။ သို့ဖြစ်ရာ ယခုလိုသေရေးရှင်ရေးအချိန်မျိုး၌ ၎င်းသည် လုံခြုံဘေးကင်းသောနည်းလမ်းတစ်ခုကို သူ့အတွက်သူချန်ထားပေလိမ့်မည်။

သို့သော်….ရှေးခေတ်ရှိ ကောင်းရှန်းလူသားများမှာ စည်းစိမ်ချမ်းသာ၊ ဓနဥစ္စာများကို အသက်တမျှတန်ဖိုးထားကြသူများဖြစ်သည်ဟုကြားဖူးသည်။ ထိုနှစ်ကာလများ၌ ကောင်းရှန်းဘုရင်ကြီးသည်ကား အသက်ပင်သေသေ သူနှစ်သက်တန်ဖိုးထားရသော ကျောက်စိမ်းဖြူနန်းတော်အား မခွဲနိုင်မခွာရက်နိုင်ဖြစ်ခဲ့တာဖြစ်သည်။ ထို့ကြောင့် ထိုနန်းတော်အတွင်း၌ပင် လူသားဧကရာဇ်၏ပိတ်လှောင်ဖမ်းချုပ်ခြင်းခံခဲ့ရပြီး နတ်ရွာစံသွားခဲ့ရလေသည်။ ဤဂူသင်္ချိုင်းထဲတွင်ရှိသော လူသား-မိစ္ဆာသည်လည်း မည်ကဲ့သို့သောယဇ်ပစ္စည်းအမျိုးအစားကို နှစ်သက်သဘောကျသလဲဆိုတာကို တပ်အပ်မပြောနိုင်သေးပါချေ။

မျက်မမြင်လူကြီးက အေးတိအေးစက်ရယ်မောလိုက်သည်။ သူက မြွေအရေခွံနှင့် ဖက်ပြိုင်ရန်ဖြစ်မနေတော့ဘဲ စကားဆက်လိုက်၏။

“လူသား-မိစ္ဆာဆိုတာ အသိဉာဏ်ရှိတဲ့သူပဲ။ သူနိုးထလာတဲ့အခါ သူ့ရဲ့ဇီဝိန်ခြွေမယ့် တိုက်ခိုက်မှုကိုတားဆီးနိုင်မယ်ဆိုရင် ငါတို့ သူနဲ့ဆွေးနွေးမှုတွေလုပ်လို့ရလိမ့်မယ်။  မစ္စတာနျန် ခင်ဗျား တွေဝေမနေနဲ့တော့။ ခင်ဗျားရဲ့ အဖြစ်ချင်ဆုံးဆန္ဒကိုသာစဉ်းစားထားပေတော့”

ပင်လယ်ရေပြင်ထဲတွင် သေးငယ်သောလှိုင်းတံပိုးငယ်များ စီးဆင်းလာသည်။ ယန်းချိုးရှန်း၏ရင်ဘတ်ပေါ်တွင်ချိတ်ဆွဲထားသောသတ္တုပြားလေးမှာ သူ့အရေပြားနှင့်ထိကပ်နေသောကြောင့် သူ့ထံမှအပူဓာတ်လေးများခပ်ရေးရေးထုတ်လွှတ်နေသယောင်။

သူက နောက်ထပ်စကားမဆိုတော့ဘဲ ရင်းမင်ကျင်းကို တင်းကြပ်စွာဆုပ်ကိုင်လိုက်ပြီးသော် အရှေ့ဘက်သို့ဖြည်းဖြည်းချင်းတိုးသွားလိုက်သည်။

ရင်းမင်ကျင်း၏ဓားသွားမှာ အလွန်တရာထက်ရှပြီး ရေစီးကြောင်းများကိုပင်ထိုးခွင်းဖြတ်တောက်နိုင်သည့်နှယ်။ ယန်းချိုးရှန်း၏မျက်လုံးတစ်စုံထဲတွင်မူ ရေဝဲဂယက်ငယ်လေးနှစ်ခုဖြစ်တည်နေသယောင်။ ပိုင်းခြားထားသော သလင်းကျောက်သားနံရံကိုထိုးဖောက်လျက်၊ နှစ်ပေါင်းသုံးထောင်တည်းဟူသောအချိန်ကာလကိုထိုးခွင်းဖြတ်သန်းလျက် ၎င်းသည်ကား အနှီအမျိုးသားအလောင်းနှင့်မျက်လုံးချင်းဆိုင်ကြည့်လိုက်၏။ ထို့နောက်တွင်မူ စိတ်ပိုင်းဖြတ်လိုက်ပြီး သူ့လက်ဖဝါးအား ဓားဖြင့်လှီးဖြတ်လိုက်လေတော့သည်။

လူက ရေအောက်ထဲတွင်ရှိနေသည့်တိုင် သူ၏သွေးများမှာမူ ရေစီးကြောင်းနှင့်အတူ စီးဆင်းမျောပါမသွားဘဲ တစ်ခုခုဖြင့်ဆွဲငင်ခံလိုက်ရသည့်နှယ် အဆိုပါသွေးများမှာ လျှပ်တစ်ပြက်အတွင်းမှာပင် ရင်းမင်ကျင်းဓားသွားပေါ်ရှိ အမြောင်းလေးများကြားထဲသို့အပြည့်အဝစီးဆင်းဝင်ရောက်သွား၏။ ဓားမှာပို၍ပင် လှုပ်ရှားတက်ကြွလာပြီး ဂူသင်္ချိုင်းတစ်ခုလုံးမှာလည်း နောက်မျိုးဆက်သစ်၏သွေးရနံ့တို့ကြောင့် တုန်ခါလှုပ်ယမ်းလာတော့သည်။ တစ်ချိန်တည်းမှာပင် ရှိရှိသမျှ ကလေးအလောင်းများအားလုံးမှာ မျက်လုံးများပွင့်လာကြသည်!

တစ်ဆက်တည်းမှာပင် ဂူပေါက်ဝဆီမှ တစ်စုံတစ်ယောက်၏အော်ဟစ်သံတစ်သံပျံ့လွင့်ထွက်ပေါ်လာသည်။

“ခေါင်းဆောင်ယန်း မလုပ်နဲ့!”

အသံလှိုင်းများမှာ ရေပူဖောင်းများအတွင်းမှ တိုက်ရိုက်ထွက်ပေါ်လာပြီး ပင်လယ်ရေများကိုတိုးဝင်တိုက်ကာ ယန်းချိုးရှန်းထံသို့ပျံ့လွင့်ရောက်ရှိလာကြသည်။ လေနတ်ဘုရားအဖွဲ့သားများ ရောက်ရှိလာကြလေပြီ!

သို့သော်ငြား အခါနှောင်းသွားပြီဖြစ်သည်။ သွေးများစွန်းထင်းသွားပြီဖြစ်သော ရင်းမင်ကျင်းဓားသည်ကား ပူဆွေးယဇ်ပူဇော်ပွဲ၏ ပထမဆုံးယဇ်စာသားစုတ်ချက်တစ်ချက်ကို ရေးဆွဲလိုက်ပြီဖြစ်သည်။

ဓားချက်ကျသွားသည့်နေရာတွင် ဧရာမလေပူဖောင်းတစ်လုံးဖြစ်ပေါ်လာကာ အပြင်ဘက်သို့ပြန့်ကားလာပြီးသော် ယန်းချိုးရှန်းနှင့် ကောင်းရှန်းမင်းသားတို့နှစ်ယောက်လုံးကို ရစ်ပတ်သိမ်းထုပ်လိုက်ပြီး ကျန်လူများအားလုံးနှင့်ကန့်သတ်ပိုင်းခြားထားလိုက်လေသည်။ ဝမ်ဇယ်က အရှေ့သို့တစ်ဟုန်ထိုးပြေးလာသော်ငြား လေပူဖောင်း၏ပြင်းထန်စွာရိုက်ထုတ်လိုက်ခြင်းကိုသာခံလိုက်ရသည်။

မျက်မမြင်လူကြီးက အေးတိအေးစက်လှောင်ရယ်လိုက်သည်။

“မင်းက ကိုယ့်ကိုယ်ကိုယ် ဘာကောင်ထင်နေလို့လဲ? ပူဆွေးယဇ်ပူဇော်ပွဲကို တားဆီးနိုင်မယ်လို့ထင်နေတာလား?”

ယန်းချိုးရှန်း၏လှုပ်ရှားမှုများမှာ တုံ့ခနဲရပ်တန့်သွားပြီးနောက် သူက ရုတ်ချည်းပင် နောက်ပြန်လှည့်ကြည့်လာသည်။ ကောင်းကင်ယံထက်သို့ထိုးတက်တော့မည့်အလား စူးရှတောက်ပလွန်းသော သွေးနီရောင်အလင်းတန်းများအောက်ဝယ် ၎င်းမှာ ဝမ်ဇယ်နှင့်အကြည့်ချင်းဆုံသွား၏။ အဆိုပါဓားဖြင့်ထွင်းဆစ်ထားသည့်ပမာ ချောမောလှပပြီးအေးစက်တောင့်တင်းနေသော မျက်နှာထက်ဝယ် မမျှော်လင့်ဘဲ အပြုံးရိပ်တစ်ခုဖြစ်တည်လာသည်။

ဝမ်ဇယ်မှာ ဒေါသထွက်လွန်းသဖြင့်ရူးသွားတော့မလိုပင်။

“ခင်ဗျားကပြုံးနိုင်သေးတယ်လား? ခင်ဗျားက အရူးတစ်ယောက်လား! ယန်းချိုးရှန်း! ဒါက ကျီးချွင်းဖြစ်ချင်တဲ့ပုံစံလား!”

ယန်းချိုးရှန်းက သူ့အားခေါင်းခါပြလိုက်သည်။ သူက မျက်မမြင်လူကြီးကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ရုတ်တရက် သတိပေးဟန်ဖြင့်မေးမြန်းလိုက်သည်။

“ချိယွမ်းဟာ ချိပ်ပိတ်ခံလိုက်ရတာကြောင့် ကမ္ဘာပေါ်မှာနောက်ထပ် လူသား-မိစ္ဆာတွေမရှိလာတော့ဘူးလို့ မင်းပြောခဲ့တယ်နော်၊ အဲဒီစကားကအလုံးစုံမမှန်ဘူး”

မျက်မမြင်လူကြီးမှာ ကြောင်တောင်တောင်ဖြစ်သွားသည်။

“ဘာ?”

“ဒီနှစ်ပိုင်းတွေမှာ ငါစုဆောင်းရရှိခဲ့တဲ့အချက်အလက်တွေအရဆိုရင် ဟိုးရှေးခေတ်ကတည်းက ‘မိစ္ဆာအတတ်ကျင့်ကြံသူ’ လို့ခေါ်တဲ့အသုံးအနှုန်းမျိုးပဲရှိတယ်။ မိစ္ဆာအတတ်ကျင့်ကြံသူတွေဟာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့တဲ့အခါကျရင် ‘လူသားဖယောင်းတိုင်’ ဖြစ်သွားတတ်ကြတယ်။ အဲဒီလူတွေကို ‘မိစ္ဆာ’ လို့မခေါ်ကြဘူး။ မိစ္ဆာဖြစ်သွားတဲ့သူတွေဆိုတာက မသေနိုင်တော့သလို ကောင်းကင်နဲ့မြေကြီးနဲ့အတူ တည်ရှိသွားကြတယ်။ ပြောရရင် သူတို့က ကမ္ဘာလောကကြီးရဲ့စည်းမျဉ်းတွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်သွားသလိုပဲ။ ရှေးခေတ်တုန်းက လူတွေကတော့ အဲဒါကို ‘ကံတရား’ နဲ့ ‘ကပ်ဘေးဆိုးကြီး’ လို့ခေါ်ကြတယ်။ ‘ကံတရား’ ပဲဖြစ်ဖြစ်၊ ‘ကပ်ဘေးဆိုးကြီး’ ပဲဖြစ်ဖြစ် အဲဒီနှစ်မျိုးလုံးဟာ အကန့်အသတ်ရှိတယ်။ ကမ္ဘာလောကကြီးပေါ်မှာ လက်ခံထားနိုင်တဲ့ လူသား-မိစ္ဆာအရေအတွက်ဟာလည်း အကန့်အသတ်ရှိတယ်။ မျိုးနွယ်စုတစ်စုစီတိုင်းမှာ တစ်ယောက်ပဲဖြစ်နိုင်တယ်__လူသားထဲမှာ တစ်ယောက်၊ နတ်ဆရာထဲမှာ တစ်ယောက်၊ ပြီးတော့ အခုကောင်းရှန်းမျိုးနွယ်ထဲမှာ တစ်ယောက်”

(T/N

ယန်းချိုးရှန်းဆိုလိုတဲ့အဓိပ္ပာယ်က ချိယွမ်းဟာချိပ်ပိတ်ခံထားရလို့ ကမ္ဘာပေါ်မှာ လူသား-မိစ္ဆာတွေနောက်ထပ်ထွက်ပေါ်မလာနိုင်တော့တာမဟုတ်ဘဲ လူသား-မိစ္ဆာတွေဟာ မျိုးနွယ်စုတစ်စုမှာ တစ်ယောက်တည်းပဲရှိနိုင်တယ်လို့ပြောချင်တာပါ)

ယန်းချိုးရှန်းက ပြုံးရယ်လိုက်သည်။ မီးခတ်ကျောက်တုံးများနှင့်တူသော သူ၏မျက်လုံးများထဲမှ မီးပွားအလင်းရောင်များလွင့်စင်ထွက်လာသည့်နှယ်။ သူ၏ကိုယ်တွင်း၌ အချိန်ကြာမြင့်စွာဖုံးကွယ်သိုဝှက်ထားရသော သူ၏ဝိညာဉ်သည်ကား လမ်းလျှောက်နေသောအလောင်းကောင်ပမာဖြစ်နေခဲ့သော သူ၏ခန္ဓာကိုယ်အား နောက်ဆုံးတွင်ပြန်လည်ထိန်းချုပ်နိုင်သွားသည့်အလား။

“တစ်ကောင်လျော့သွားတော့လည်း ပြဿနာတစ်ခုလျော့သွားတာပေါ့။ လမ်းပြပေးခဲ့တဲ့လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”

“မင်း ဘာလုပ်…..”

သူ့စကားမဆုံးလိုက်ခင်မှာပင် ယန်းချိုးရှန်းသည် သေးငယ်သောကြွေသေတ္တာဘူးလေးတစ်လုံးကိုထုတ်ယူလိုက်သည်__သူသည် ‘ကျန့်’ အဆိပ်များထည့်ထားသော အဆိုပါသေတ္တာဘူးလေးအား ကိုယ်နှင့်မကွာဆောင်ထားခဲ့တာဖြစ်သည်။ မျက်မမြင်လူကြီးတို့အုပ်စုသည်ကား ယန်းချိုးရှန်းမှာ ဂူသင်္ချိုင်းအရှင်သခင် လူသား-မိစ္ဆာဖြစ်သူအား ကျီးချွင်း၏ဓားသွားကိုပြန်လည်ပြုပြင်ပေးပါရန်တောင်းဆိုရန်အတွက်ဖြစ်လိမ့်မည်ဟု ထင်မှတ်နေကြသည့်အတွက် ထိုအရာကို သိပ်ပြီးဂရုမစိုက်ခဲ့ကြပါချေ။ ထိုအခိုက်မှာပင် ယန်းချိုးရှန်းက စိတ်ပိုင်းဖြတ်လိုက်ပြီး အနှီ ‘ကျန့်’ အဆိပ်သေတ္တာလေးအား သလင်းကျောက်နံရံထက်ဆီသို့ပစ်ပေါက်ကာ ပျက်စီးကြေမွသွားစေလိုက်သည်။ သူ၏နောက်ဆုံးသောထင်ယောင်ထင်မှားမျှော်လင့်ချက်များအား သူ့လက်ဖြင့်သူကိုယ်တိုင်ဖျက်ဆီးချေမွလိုက်သည့်နှယ်။ အဆုံးမရှိသောအမုန်းတရား အာဃာတများကိုထည့်သွင်းထားသည့် ရေသူအဆိပ်များမှာ လျှပ်တစ်ပြက်အတွင်းမှာပင် သလင်းကျောက်နံရံတစ်ခုလုံးအား သွေးနီရောင်များဖြင့်စွန်းထင်းပေကျံသွားစေတော့သည်။ ယန်းချိုးရှန်း၏လက်ထဲတွင်ရှိနေသော ရင်းမင်ကျင်းဓားမှာလည်း ရုတ်ချည်းပင်ဆန့်ထွက်ရှည်လျားလာကာ ကျောက်သားနံရံထက်သို့ထိတွေ့လိုက်ချိန်ဝယ် မီးတောက်မီးပွားများလွင့်စင်ထွက်လာပြီးသော် စုတ်ချက်အချို့ကိုရေးဆွဲနေတော့သည်။ သို့သော် ထိုစုတ်ချက်များသည် ပူဆွေးယဇ်ပူဇော်ပွဲနှင့်ပတ်သက်သောယဇ်စာသားများမဟုတ်ကြပါချေ။

ဝမ်ဇယ်သည် ယန်းချိုးရှန်းနှင့်အလွန်အင်မတန်ရင်းနှီးသူတစ်ဦးဖြစ်သည်။ ရင်းနှီးသည်မှ ယန်းချိုးရှန်းတစ်ယောက် ဓားတစ်ချက်ဝင့်လိုက်သည်နှင့် နောက်တစ်ဆင့်သူဘာဆက်လုပ်တော့မလဲဆိုတာကို သိနှင့်နေပြီးသားဖြစ်သည်အထိပင်။ ထိုအရာမှာ သတ္တုအမျိုးအစားထူးခြားစွမ်းရည်ပိုင်ရှင်များသာအသုံးပြုနိုင်သော မန္တန်အစီအရင်တစ်မျိုးဖြစ်သည်။ အချိန်တခဏအတွင်းမှာပင် လူတစ်ယောက်၏ကိုယ်ပေါ်တွင်ရှိသော စွမ်းအားများကိုဆွဲယူလိုက်ပြီး သူ့လက်ထဲရှိ သတ္တုပစ္စည်းများပေါ်တွင်ရှိသော Free Electron များကို အသစ်တဖန်ပြန်လည်ပျံ့နှံ့ဖြန့်ကျက်သွားစေကာ‌ အားကောင်းသောလျှပ်စစ်စက်ကွင်းတစ်ခုဖြစ်ပေါ်လာစေသည်။ အဆိုပါလျှပ်စစ်စက်ကွင်းမှာ အလွန်တရာသေးငယ်သောနေရာအတိုင်းအတာအတွင်းသို့ ထိုးခွင်းဖောက်ထွက်နိုင်စွမ်းရှိပြီး များသောအားဖြင့် ထိုအရာကို အန္တရာယ်ရှိသောအရာဝတ္ထုများအား မီးရှို့ဖောက်ခွဲပစ်သောနေရာ၌အသုံးပြုခြင်းဖြစ်သည်။

အထူးသဖြင့် အလုံပိတ်ဖြစ်နေသော ဤနေရာမျိုးတွင်ဖြစ်သည်!

လျှပ်တစ်ပြက်အတွင်းမှာပင် သူဘာလုပ်ချင်နေသလဲဆိုသည်ကို ဝမ်ဇယ်တစ်ယောက်သဘောပေါက်သွားရှာတော့သည်။ ၎င်းမှာ ထိတ်လန့်တုန်လှုပ်သွားလျက် ‘သွေးနီရောင်ဆိုးဆေး’ များနေရာအနှံ့စွန်းထင်းသွားသော ကျောက်သားနံရံအား မျက်လုံးအပြူးသားဖြင့်စိုက်ကြည့်နေမိလေသည်။

အဆိုပါ ‘ကျန့်’ ဟုခေါ်တွင်သောဆိုးဆေးများမှာ ချောမွေ့သောအဆီဓာတ်အာနိသင်ရှိပြီး လတ်ဆတ်သောအသွေးအသားတို့ကိုကြိုက်နှစ်သက်၏။ စက္ကူစ သို့မဟုတ် ပိတ်စသားတို့ဖြင့်ပိုင်းခြားထားလျှင်တောင်မှ ထိုအရာများထဲသို့လျင်မြန်စွာစိမ့်ဝင်သွားနိုင်စွမ်းရှိလေသည်။ ထိုအရာမှာ အလင်းရောင်နှင့်မီးကိုကြောက်၏။ အဘယ်ကြောင့်ဆိုသော် သူ့အထဲတွင်ပါဝင်သောအဆီဓာတ်မှာ မီးလောင်လွယ်သောကြောင့်ဖြစ်သည်။ ထို့ပြင် အဆိပ်ရှိသောရေသူသွေးများ၏ စွမ်းအင်သိပ်သည်းဆမှာလည်း အလွန်တရာမြင့်မားလှပေရာ မီးတစ်ချက်စွဲလောင်သွားသည်နှင့်တစ်ပြိုင်နက်  ချက်ချင်းဆိုသလိုပင်ပေါက်ကွဲမှုများဖြစ်ပေါ်သွားမည်ဖြစ်သည်။

ထိုအချိန်၌ပင် ပူဆွေးယဇ်ပူဇော်ပွဲကြောင့်ဖြစ်ပေါ်လာနှင့်ပြီးဖြစ်သော သူနှင့်အခြားလူများကို ပိုင်းခြားထားသည့်အကာအရံမှာလည်း တောင့်တင်းခိုင်မာလှသလို အလွယ်တကူမပေါက်ကွဲမပျက်စီးနိုင်ပါချေ။ သို့ဖြစ်ရာ ဤနေရာ၌ နံရံတစ်ပြင်လုံးအပြည့် ‘ကျန့်’ များစွန်းထင်းနေသောသလင်းကျောက်နံရံကြီးသာ မီးစွဲလောင်သွားမည်ဆိုပါက ကောင်းရှန်းမင်းသားမှာလည်း တစ်စစီဖြစ်သွားမည်ဖြစ်သည်!

(T/N

ဒီစာပိုဒ်ရဲ့ဆိုလိုရင်းကို မျက်စိလည်သွားမှာစိုးလို့ နည်းနည်းရှင်းပြမယ်နော်။ ဟိုးအပေါ်စာပိုဒ်တစ်ခုမှာပြောထားခဲ့တာ မှတ်မိသေးလားမသိဘူး။ ပူဆွေးယဇ်ပူဇော်ပွဲကိုဆင့်ခေါ်လိုက်မှုကြောင့် ယန်းချိုးရှန်းနဲ့ တခြားလူတွေရဲ့ကြားထဲမှာ ရေပူဖောင်းလိုမျိုး အကာအရံတစ်ခုဖြစ်ပေါ်သွားခဲ့ပါတယ်။  အဲဒီရေပူဖောင်းအကာအရံက ယန်းချိုးရှန်းနဲ့ သလင်းကျောက်နံရံကို ဝိုင်းပတ်ထားလိုက်တာမို့ အကာအရံရဲ့အတွင်းပိုင်းထဲမှာ သူရယ်၊ ကျောက်နံရံရယ်ပဲရှိနေတာပါ။ ဒါကြောင့် သူက ‘ကျန့်’ အဆိပ်တွေပေကျံနေတဲ့ နံရံကိုမီးရှို့ဖောက်ခွဲပစ်လိုက်မယ်ဆိုရင်တောင် အကာအရံအပြင်ဘက်မှာရှိနေတဲ့လူတွေကို ထိခိုက်သွားစေမှာမဟုတ်ဘဲ ကျောက်သားနံရံကြီးသာပေါက်ကွဲသွားမှာပါ)

လူသား-မိစ္ဆာများမှာ ကောင်းကင်၊ မြေကြီးနှင့် အတူယှဉ်တွဲတည်ရှိနေနိုင်သောစွမ်းအားမျိုးရှိသည့်တိုင်အောင် ‘ကောင်းကင်၊ မြေကြီးနှင့် လူသား’ တို့အုပ်စုထဲတွင် အဆင့်အနိမ့်ဆုံးသတ္တဝါဖြစ်ပြီး သူ့အား လက်ခံထားမည့်ခန္ဓာကိုယ်တစ်ခုလိုအပ်သည်။ လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်မှ လက်ရည်မြင့်ဆရာကြီးများ၏ အဆိုပါမိစ္ဆာသတ္တဝါကိုကိုင်တွယ်ဖြေရှင်းသည့်နည်းလမ်းမှာ သူတို့၏ခန္ဓာကိုယ်ကိုပါ တစ်ပါတည်းချိပ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာအသက်ဓာတ်များလွတ်ထွက်သွားပါက ၎င်းတို့အားပြန်လည်၍ဖမ်းချုပ်ထိန်းသိမ်းရန်ပို၍မလွယ်ကူသောကြောင့်ဖြစ်သည်။ သို့သော် ချိယွမ်းမှာ နှစ်ပေါင်းသုံးထောင်မျှဖိနှိပ်ခံထားရသောကြောင့် မိစ္ဆာစွမ်းအားကိုထိန်းသိမ်းလက်ခံထားနိုင်စွမ်းရှိသော လက်ခံကောင်ခန္ဓာကိုယ်အရေအတွက်မှာ လူသား-မိစ္ဆာများကိုယ်တိုင်ထက်ပင် ပို၍ယုတ်လျော့နည်းပါးသွားပြီဖြစ်သည်။

ထိုအရာကို တစ်စမကျန် ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပါက သူတို့သည်ကား ကောင်းရှန်းလူသား-မိစ္ဆာအကြောင်းကို စဉ်းစားနိုင်တော့မဟုတ်ပါချေ။

ကျီးချွင်းတစ်ယောက် ပင်လယ်အဆိပ်အတောက်များကူးစက်သွားစဉ်အခါက ယန်းချိုးရှန်းသည် မရေမတွက်နိုင်လောက်အောင်များပြားလှသော သုတေသနသတင်းအချက်အလက်များကို သဲကြီးမဲကြီးမွှေနှောက်ရှာဖွေခဲ့ဖူးသည်__ပင်လယ်အဆိပ်များနှင့်ပတ်သက်သောအကြောင်းအရာများ၊ ရှန့်ကျွန်းများနှင့်ပတ်သက်သောအချက်အလက်များ စသဖြင့်။

သို့သော် သူ ရှာဖွေလေလေ ပို၍သံသယဝင်လာရလေလေဖြစ်ခဲ့သည်။

ရှန့်ကျွန်းများဟူသည် ရှန့်ပိုးကောင်များဖြင့်ပြုလုပ်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရှန့်ပိုးကောင်များမှာ စက်ဆုပ်ရွံရှာစရာကောင်းသောသတ္တဝါများဖြစ်သော်ငြား ၎င်းတို့မှာ အလွန်တရာအကင်းပါးပြီး ‘သက်ရှိအငွေ့အသက်’ များကိုကြောက်ရွံ့ကြ၏။ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ငါးဖမ်းနယ်မြေများနှင့် အပျော်စီးသင်္ဘောများအများအပြားရှိကြလေရာ မကြာခဏဆိုသလို လူသားများနှင့်ပင်လယ်ရေသတ္တဝါများ၏ သက်ဝင်လှုပ်ရှားမှုများဖြင့်စည်ကားသိုက်မြိုက်နေလေ့ရှိသည်။ သို့ဖြစ်ရာ လူသားပိုင်နက်နယ်မြေအနားသို့ရောက်ပင်မရောက်နိုင်ခင်မှာပင် အဆိုပါရှန့်ပိုးကောင်များသည် ကြောက်လန့်တကြားဖြင့်အရပ်လေးမျက်နှာသို့ ကစဉ့်ကလျားထွက်ပြေးသွားကြမည်ဖြစ်ပြီး ရှန့်ကျွန်းမှာလည်း သူ့အလိုလိုပင် ပြိုကွဲပျက်စီးသွားမည်ဖြစ်သည်။ လုံးဝကို အနားသို့ကပ်လာနိုင်မည်မဟုတ်ပါချေ။

လူဦးရေထူထပ်သိပ်သည်းလှသော သူတို့မိခင်တိုင်းပြည်အတွင်း၌ပင်မဆိုထားဘိ၊ ဧရိယာကြီးမားကျယ်ပြန့်ပြီး လူဦးရေနည်းပါးသော တိုက်များအတွင်းမှာပင် ရှန့်ကျွန်းများသည် လူနေပိုင်နက်များအနီးသို့ကပ်လာသည့်ဖြစ်ရပ်မျိုးကို သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမှမကြားခဲ့ဖူးပါချေ။

ဤသို့ဆိုလျှင်…ကမ်းခြေအနားသို့ကပ်လာကြသော ရှန့်ကျွန်းများမှာ မည်သည့်နေရာမှရောက်ရှိလာကြပါသနည်း?

ယန်းချိုးရှန်းသည် လျှို့ဝှက်ကြံစည်ခြင်းသီအိုရီများကို အလွယ်တကူလက်ခံယုံကြည်တတ်သူမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မိမိမှာ သူများတကာက လျှို့ဝှက်ကြံစည်လောက်စရာမရှိသောလူတစ်ယောက်ဖြစ်သည်ဟု ကိုယ်တိုင်လည်းလက်ခံနားလည်ထားသောကြောင့်ဖြစ်သည်။ သူတို့မိသားစု၏သွေးများမှာ အတော်လေးကို သွေးနှောသွားပြီဖြစ်ပြီး သူ၏မိဘဆွေမျိုးအများစုသည် သာမန်လူသားများသာဖြစ်ကြသည်။ ဟိုဟိုသည်သည်လှုပ်ရှားသွားလာမှုများလည်း သိပ်မရှိကြပါချေ။ မိမိမှာလည်း လူအများနှင့်ပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူတစ်ဦးမဟုတ်သလို သူ၏အသက်မွေးလမ်းကြောင်းအတွင်း၌လည်း ကြီးကြီးမားမားစွမ်းဆောင်ချက်များရရှိရန်မဖြစ်နိုင်ပါချေ။ ထမင်းတစ်လုပ်စားရရန်အတွက် အသက်နှင့်ရင်းကာ လုပ်သင့်လုပ်ထိုက်သောအလုပ်တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခဲ့ခြင်းသာရှိသည်။ သူ၏ရာထူးမှာလည်း သည့်ထက်ပိုပြီးမြင့်တက်သွားစရာအကြောင်းမရှိတော့ပါချေ။

ကွင်းဆင်းဝန်ထမ်းများမှာ လုပ်ခလစာကောင်းသူများဖြစ်သဖြင့် သူသည်လည်း သက်တောင့်သက်သာဖြင့်အသက်ရှင်နေထိုင်နိုင်သော လူနေမှုဘဝကိုပိုင်ဆိုင်ထား၏။ သို့သော် အဆုံးတွင်မူ ထိုလစာမှာ သာမန်လစာပမာဏတစ်ခုသာဖြစ်နေဆဲဖြစ်ပြီး ‘ချမ်းသာကြွယ်ဝခြင်း’ ဟူသည့်စကားလုံးနှင့်တော့ ၎င်းမှာ အလှမ်းဝေးကွာနေဆဲဖြစ်သည်။

ငွေကြေးဥစ္စာမရှိ၊ ရာထူးအာဏာမရှိသောဘဝတွင် သူပိုင်ဆိုင်သည့်အရာဟူ၍ ကျီးချွင်းတစ်ဦးတည်းသာရှိခဲ့တာဖြစ်သည်။

သို့သော် သူ့အတွက် အဖိုးမဖြတ်နိုင်သောရတနာပစ္စည်းတစ်ခုဖြစ်သည့်ကျီးချွင်းသည် အခြားလူများအတွက်မူ မည်သို့သောအရာမျိုးဖြစ်ပါသနည်း?

၎င်းမှာ အရပ်မျက်နှာတစ်ဝှမ်း နာမည်ဂုဏ်သတင်းမွှေးပျံ့လှသော နာမည်ကြီးဓားဆယ်လက်ထဲတွင်မပါဝင်သလို မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းလာသော မိစ္ဆာဓားများကဲ့သို့လည်း ပြိုင်ဘက်ကင်း ထက်မြမှုတို့မရှိပါချေ။ ‘ရှေးဟောင်းဓား’ တစ်လက်ဖြစ်သော ကျီးချွင်းမှာ အလွန်တရာနူးညံ့သိမ်မွေ့လှပြီး ထက်မြမှုမရှိပေ။ ဓားပေါ်တွင် ဓားနာမည်နှင့်တူသော ကမ္ဗည်းစာမျိုးတောင်မှရှိမနေပေ။ အရည်အသွေးမပြည့်မီသော တစ်ဝက်တစ်ပျက်ပြုလုပ်ထားသည် ထုတ်ကုန်ပစ္စည်းတစ်ခုကဲ့သို့နှယ်။ ဓားဝိညာဉ်မှာ နှစ်ထောင်ပေါင်းများစွာအိပ်စက်နေခဲ့ပြီး သူ့လက်ထဲသို့ရောက်လာသောအချိန်မှပင် နိုးထလာခဲ့တာဖြစ်သည်။

လူကလည်း အရေးမပါသောလူတစ်ယောက်ဖြစ်ပြီး ဓားမှာလည်း အရေးမပါသောဓားတစ်လက်သာဖြစ်သည်။ သို့နှင့်တောင် မည်သူကများ ကလိမ်ကကျစ်ဉာဏ်နီဉာဏ်နက်ပေါင်းများစွာထုတ်ကာ ၎င်းအား အသုံးချချင်နေရပါသနည်း?

တစ်စုံတစ်ယောက်က သူ့အိမ်တံခါးပေါက်ဝသို့ရောက်ချလာပြီး ကျီးချွင်းအား ပြန်လည်ပြုပြင်ချင်သလားဟု မေးမြန်းမလာသေးခင်အချိန်အထိဖြစ်သည်။

ထိုအချိန်ရောက်သောအခါမှသာလျှင် သူသဘောပေါက်သွား၏။ ထိုသူများလိုအပ်နေသောအရာမှာ ယဇ်စာသားများကို ရေးဆွဲပေးနိုင်မည့် ကောင်းရှန်းမျိုးဆက်သစ်တစ်ယောက်ဖြစ်သည်။

ကျီးချွင်းမရှိတော့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော် တစ်စုံတစ်ယောက်ကတော့ သူ၏ကျိုးပဲ့နေသောအပိုင်းအစများအပေါ်တွင် အမြတ်ထုတ်ချင်နေတာဖြစ်သည်။ ယန်းချိုးရှန်းတွေးလိုက်သည်။ မိမိကဲ့သို့ ကွင်းဆင်းဝန်ထမ်းတဖြစ်လဲ ထူးခြားစွမ်းရည်ပိုင်ရှင်များမှာ တသွင်သွင်စီးဆင်းနေသောမြစ်ချောင်းများအတွင်းရှိ ရေစက်ရေပေါက်များပမာ DCO တွင်‌ ထောင်သောင်းမကရှိတာပဲဖြစ်သည်။ အကယ်၍ တစ်အုပ်စုသေဆုံးသွားပါကလည်း လူသစ်များထပ်မံ၍ဝင်ရောက်လာဦးမည်ဖြစ်သည်။ သို့သော် အဆိုပါ ‘ရှေးဟောင်းလူသား-မိစ္ဆာ’ ဟုခေါ်သောအရာမှာမူ ထိုကဲ့သို့မဟုတ်ပါချေ။ ၎င်းတို့မှာ လက်တစ်ဖက်စာပင်မပြည့်သောအရေအတွက်သာရှိပြီး အလွန်တရာအဖိုးအနဂ္ဃထိုက်တန်သောအရာမျိုးဖြစ်သည်။

သို့ဖြစ်ရာ သူ့လိုလူတစ်ယောက်ကို လူသား-မိစ္ဆာတစ်ယောက်နှင့် အလဲအလှယ်လုပ်ခြင်းသည်ကား လမ်းပေါ်တွင်နေရာအနှံ့ပြေးလွှားနေသော တက်စီတစ်စီးအား အရေအတွက်အကန့်အသတ်သာရှိသော ရှေးဟောင်းကားတစ်စီးနှင့် အလဲအလှယ်လုပ်ခြင်းနှင့်တူနေပေသည်။ မည်သို့ပင်ကြည့်ကြည့် တွက်ချေကိုက်သောအလုပ်မျိုးဖြစ်သည်။

မိမိသည် ဤကမ္ဘာလောကကြီးအတွင်းသို့ဝင်ရောက်လာခဲ့ဖူးပြီ။ ပျော်ရွှင်ခဲ့ဖူးပြီ။ သာယာပြည့်စုံသောဘဝမျိုးတွင်နေထိုင်ခဲ့ဖူးပြီ။

အသက်ရှင်သင့်သလောက်လည်း ရှင်ခဲ့ပြီးပြီ။

သည်နှစ်များအတွင်း သူစုံစမ်းရှာဖွေထားခဲ့သောအရာများကို သေသေချာချာသိမ်းဆည်းထားခဲ့ပြီးဖြစ်သည်။ သူ၏ယခင်တုန်းက လက်အောက်ငယ်သားဟောင်းများကလည်း သူ့ကိုအမှတ်တရရှိနေကြဆဲဖြစ်သည်။ ၎င်းတို့သည် သူချန်ရစ်ထားခဲ့သောသဲလွန်စများအတိုင်းစုံစမ်းကာ ဤနေရာအထိတိုင်အောင် သူ့နောက်သို့လိုက်လာနိုင်ခဲ့သည်ဆိုပါက သည်နောက်ပိုင်းတွင် သူချန်ရစ်ထားခဲ့သောပစ္စည်းများကိုလည်း ရှာတွေ့ကောင်းရှာတွေ့နိုင်ကြလိမ့်မည်။

ယန်းချိုးရှန်းသည် ရေသံများကိုကြားနေရသည်။ ပင်လယ်ပြင်ကြီး၏ဝမ်းနည်းပူဆွေးသောသက်ပြင်းချသံကိုကြားနေရသည်။ ကူယွဲ့ရှီး၏ဝမ်းနည်းတကြီးငိုကြွေးနေသံကိုကြားနေရသည်။ ဝမ်ဇယ်၏ဒေါသတကြီး အော်ဟစ်ဆဲဆိုသံများကိုကြားနေရသည်……သို့သော် ဆူညံပွက်လောရိုက်နေသောအသံဗလံများအကြားဝယ် သူ၏ကမ္ဘာမှာမူ တည်ငြိမ်အေးချမ်းလျက်ရှိနေသည်။ သူ၏လက်အစုံမှာလည်း ‘ထိုက်’ တောင်ကြီးပမာ တည်ငြိမ်မြဲမြံစွာရှိနေ၏။

လူတွေသေသွားပြီးရင် ဝိညာဉ်ဆိုတာ တကယ်ပဲရှိသလား?

အကယ်၍ သူသာ ထိုအကြောင်းကိုစောစောစီးစီးသိထားမည်ဆိုပါက သူ၏ယုံကြည်ကိုးကွယ်မှုများကို ပြောင်းလဲချင်သလိုစိတ်ကြိုက်ပြောင်းလဲပစ်လိုက်မည်ဖြစ်သည်။ ဤနည်းအားဖြင့် အနှီအသွေးအသားနှင့်ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်တစ်ခုရှိပါလားဟူ၍ မသေခင် သူ့ကိုယ်သူ ဖြေသိမ့်သွားနိုင်မည်ဖြစ်သည်။ အဆိုပါဝိညာဉ်သည်ကား ကောင်းကင်ဘုံထက်သို့တက်ရောက်သွားနိုင်သလို ငရဲဘုံသို့လည်းဆင်းသက်သွားနိုင်စွမ်းရှိပြီး သူပျောက်ဆုံးသွားခဲ့သောအရာများအားလုံးကို နောက်ထပ်တစ်ကြိမ် ပြန်လည်ရှာဖွေလိမ့်မည်ဖြစ်သည်။

“ယန်းချိုးရှန်း!”

ရင်းမင်ကျင်းသည် ကောင်းရှန်းမင်းသားအားချိပ်ပိတ်ထိန်းသိမ်းထားသော ကျောက်သားနံရံထက်ဝယ် ရင်းနှီးကျွမ်းဝင်နေသော အစီအရင်တစ်ခုကိုချန်ရစ်ခဲ့လေသည်။ ဝမ်ဇယ်မှာ အစောတုန်းကထက်ပင် ပို၍စူးရှပြတ်သားသော အသံကျယ်ကြီးဖြင့် အဆုတ်ကွဲလုမတတ်အော်ဟစ်လိုက်သည်။

“ခင်ဗျား ရူးနေလား!”

*********

Zawgyi

“အဲဒီအခ်ိန္တုန္းက လူေနမႈအသိုင္းအဝိုင္းက အဲ့လိုမ်ိဳးပဲ။ အရင္ေခတ္တုန္းက မိန္းကေလးေတြဆိုရင္ သူတို႔ရဲ႕ေျခေထာက္ေတြကိုၾကပ္ထုပ္စည္းထားရတယ္ေလ။ ဒါေတြအားလုံးက ေျမရွင္ပေဒသရာဇ္ေခတ္လက္က်န္က အသုံးမဝင္ေတာ့တဲ့အမွိုက္လိုဓေလ့ထုံးတမ္းေတြပဲ။ အားလုံးက မလိုအပ္တာေတြကိုခ်န္ရစ္ထားခဲ့ၾကဖို႔ တစ္ညီတစ္ညာတည္းသေဘာတူညီမႈျပဳခဲ့ၾကတာေပါ့”

ေရေအာက္တြင္ရွိေနသည့္ ေႁမြအေရခြံမွာ သတိလက္လြတ္ျဖင့္ ေလပူစီေဖာင္းမ်ားကိုမႈတ္ထုတ္ေနသည္။ သူ၏ဦးေခါင္းအား အျပင္သုံးလႊာ၊ အတြင္းသုံးလႊာထုပ္ပိုးထားရင္း အလႊာအထပ္ထပ္ရွိေသာ ပီေကတစ္ခုထံမွ ပူေဖာင္းမ်ားထြက္လာေအာင္မႈတ္ေနသည့္ႏွယ္။

“ထပ္ေျပာရရင္ သူက အသက္ရွိစဥ္တုန္းက ယဥ္ေက်းပ်ဴငွာေဖာ္ေ႐ြၿပီး စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့လူငယ္ေလးတစ္ေယာက္ျဖစ္ခဲ့တယ္ဆိုဦးေတာ့၊ လူသား-မိစာၦတစ္ေယာက္ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ လူနဲ႕မတူတဲ့ မေကာင္းတဲ့ေကာင္တစ္ေကာင္ျဖစ္သြားမွာပဲေလ။ မင္းက သူ႕ကို ဒီမိုကေရစီတို႔၊ ၿငိမ္းခ်မ္းေရးအေၾကာင္းတို႔ကိုသြားေျပာမလို႔လား? ငါတို႔လုပ္သမွ်အရာအားလုံးဟာ ခ်ိယြမ္းအတြက္ပဲ။ ျမန္ျမန္သြားရေအာင္၊ ငါတို႔လမ္းခရီးမွာ အခ်ိန္ေတြအမ်ားႀကီးေႏွာင့္ေႏွးသြားခဲ့ၿပီးၿပီ”

ယန္းခ်ိဳးရွန္းမွာမူ စကားတစ္ခြန္းမွမေျပာေပ။ ပိန္းပိတ္ေအာင္ေမွာင္မည္းေနေသာ ေရေအာက္ထဲတြင္ ေအးစက္ေသာသလင္းေက်ာက္သားနံရံမ်ားထက္ပို၍ပင္ ေအးစက္လွေသာ သူ၏မ်က္ႏွာအမူအရာကို မည္သူကမွ ရွင္းရွင္းလင္းလင္းေတြ႕ျမင္နိုင္ျခင္းမရွိပါေခ်။

စေတးခံယဇ္ေကာင္အျဖစ္ျမႇုပ္ႏွံခံထားရေသာ ကေလးအေလာင္းမ်ားမွာမည္ေ႐ြ႕မည္မွ်ရွိေၾကာင္းမသိနိုင္ေပ။ မီတာ ၁၀၀ ခန႔္အထိအတန္းလိုက္ရွိေနၾကၿပီး အဆုံးသတ္ကိုမျမင္ရပါေခ်။ ဂူသခၤ်ိဳင္းလိုဏ္ေခါင္းမွာလည္း က်ဥ္းသထက္က်ဥ္းေျမာင္းလာေလရာ သူတို႔အုပ္စုမွာ မလႊဲသာမေရွာင္သာဘဲ ျဖည္းျဖည္းခ်င္းတစ္ေယာက္ခ်င္းသာ တန္းစီၿပီးသြားရသည့္အျဖစ္သို႔ေရာက္ရွိသြားၾကေလသည္။ မည္သူကမွ ေဘးတစ္ဖက္တစ္ခ်က္ဆီသို႔လွည့္မၾကည့္ရဲရွာဘဲ မိမိ၏အေရွ႕တြင္ရွိေနသည့္ လူ၏ေနာက္ေက်ာကိုသာလွ်င္စိုက္ၾကည့္ေနၾကရွာသည္။ ေရွ႕ဆုံးမွဦးေဆာင္သြားေနေသာ ႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးမွာမူ စိုက္ၾကည့္စရာေနာက္ေက်ာျပင္မရွိရွာေပ။ သူမမွာ ႐ုပ္ေသး႐ုပ္တစ္႐ုပ္ျဖစ္သည့္တိုင္ အလြန္တရာစိတ္လႈပ္ရွားေနေသာေၾကာင့္ စကားမရွိစကားရွာရင္းေျပာဆိုေနေတာ့သည္။

“လူသား-မိစာၦေတြနဲ႕ပတ္သက္တဲ့ မွတ္တမ္းမွတ္ရာေတြက ခ်င္းဖ်င္ျပည္နယ္ရဲ႕ ေရွးေဟာင္းပုရပိုက္ေတြထဲမွာပဲရွိေတာ့တာ။ ကြၽန္မက အရင္တုန္းက သူတို႔ေတြကို ဒ႑ာရီပုံျပင္ေတြလို႔ပဲထင္ေနခဲ့တာ”

“သူတို႔က မၾကာခင္ ဒ႑ာရီပုံျပင္ေတြျဖစ္သြားၾကေတာ့မွာပါ”

မ်က္မျမင္လူႀကီးကျပန္ေျဖလိုက္သည္။

“လူသား-မိစာၦဆိုတာက သူအသက္ရွိစဥ္တုန္းက တမူသာလြန္ထူးျခားတဲ့စြမ္းရည္ေတြကိုပိုင္ဆိုင္ထားသူတစ္ေယာက္ပဲျဖစ္ရမယ္။ ေတြ႕ကရာလူတစ္ေယာက္က လူသား-မိစာၦတစ္ေယာက္ျဖစ္လာနိုင္တာမဟုတ္ဘူးေလ။ ခ်ိယြမ္းဟာ ခ်ိပ္ပိတ္ခံထားရတာ ႏွစ္ေပါင္းသုံးေထာင္ေလာက္ရွိသြားၿပီ။ လူသားမ်ိဳးႏြယ္စုက ကမာၻေလာကႀကီးတစ္ခုလုံးကိုေပါင္းစည္းေစခဲ့ၿပီး ဝိညာဥ္စြမ္းအင္ေတြဟာလည္း ခမ္းေျခာက္သြားခဲ့ရတယ္။ တကယ္လို႔ ဒီအသုံးမက်တဲ့ေနာက္မ်ိဳးဆက္ေတြကို အတိတ္ကာလကိုျပန္ပို႔လိုက္ရင္ေတာင္မွ သူတို႔က သာမန္က်င့္ႀကံသူတစ္ေယာက္ရဲ႕အဆင့္ကိုမီမွာမဟုတ္ဘူး။ လူသား-မိစာၦတစ္ေယာက္အျဖစ္ပ်က္စီးသြားဖို႔ဆိုရင္ ပိုလို႔ေတာင္ အရည္အခ်င္းမရွိေသးတယ္။ ပိခြၽင္းရွန္းလို သြက္သြက္ခါေအာင္ ႐ူးသြပ္သြားတဲ့လူတစ္ေယာက္ေတာင္မွပဲ ေနာက္ဆုံး ဟိုမေရာက္သည္မေရာက္ ‘လူသားဖေယာင္းတိုင္’ တစ္ခုပဲျဖစ္သြားခဲ့တာမလား? ခ်ိယြမ္းမရွိဘဲနဲ႕ေတာ့ လူသား-မိစာၦအသစ္တစ္ေယာက္က ဒီကမာၻေလာကႀကီးထဲကိုေမြးဖြားလာနိုင္ေတာ့မွာမဟုတ္ဘူး။ ငါတို႔ေတြ အခုလုပ္နိုင္တဲ့တစ္ခုတည္းေသာအရာက ေရွးေဟာင္းသမိုင္းမွတ္တမ္းေတြကိုအသုံးျပဳၿပီး အရင္တုန္းက လူသား-မိစာၦေတြကိုျပန္ရွာေဖြၾကဖို႔ပဲတတ္နိုင္တယ္”

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက ေမးျမန္းလိုက္သည္။

“အရွင္က ‘ခ်ိယြမ္းကိုေနာက္တစ္ႀကိမ္မီးေလာင္တိုက္သြင္းမယ္’ ဆိုတဲ့အေၾကာင္းကိုပဲ တစ္ခ်ိန္လုံးေျပာေနတာပဲ။ ဘယ္လိုမ်ိဳးမီးေလာင္တိုက္သြင္းမွာလဲ? အထဲကို ဗုံးတစ္လုံးပစ္သြင္းလိုက္ၿပီး မီးေတာင္ေပါက္ကြဲေအာင္လုပ္သလိုမ်ိဳးလား? ကြၽန္မၾကားလိုက္တာေတာ့ ယြဲ႕သယ္ဘိုးဘိုးရဲ႕တပည့္သားေျမးေတြက DCO က လက္နက္အသစ္ေတြကိုခိုးထုတ္သြားတယ္တဲ့။ ရွင္က အဲဒီလူေတြနဲ႕ အဆက္အသြယ္ရွိမွာပဲမဟုတ္ဘူးလား? အရွင္က ဒီေလာက္ေတာင္အစြမ္းအစႀကီးမားလွတာ၊ စိတ္စြမ္းအင္ထူးျခားပိုင္ရွင္ေတြကိုစုစည္းၿပီး လက္နက္စက္႐ုံထဲက လက္နက္ေတြကို ဘာျဖစ္လို႔မခိုးတာလဲ? ဘာျဖစ္လို႔ ဒီလိုမ်ိဳးရႈပ္ေထြးတဲ့လမ္းေၾကာင္းကိုမွေ႐ြးလုပ္ရတာလဲ?”

“မင္းက ယြိဘြားဘြားအနားမွာေနတဲ့သူဆိုေတာ့ ခ်င္းဖ်င္ျပည္နယ္နဲ႕ပတ္သက္တဲ့လွ်ို႔ဝွက္ခ်က္ေတြကိုသိထားမွာပဲ။ ဘာျဖစ္လို႔ ဒီလို တုံးအတဲ့ေမးခြန္းမ်ိဳးကိုေမးရတာလဲ? မ်ိဳးဆက္တစ္ဆက္နဲ႕တစ္ဆက္ၾကားမွာ ရိုးရာအစဥ္အလာေတြျပတ္ေတာက္သြားရင္ ဘယ္လိုျဖစ္သြားမလဲဆိုတာကို မ်က္ဝါးထင္ထင္ေတြ႕ျမင္လိုက္ရတာပါလား”

မ်က္မျမင္လူႀကီးက ေလွာင္သံစြက္လ်က္ေျပာလိုက္သည္။

“ခ်ိယြမ္းမွာျဖစ္ေပၚခဲ့တဲ့ မီးေတာင္လႈပ္ရွားမႈေတြက စြမ္းအင္ေတြေပါက္ကြဲထြက္လာတာရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုေလာက္ပဲ။ အဲဒါေတြကအေပၚယံပဲ။ ဘာနဲ႕တူသလဲဆိုေတာ့ အမ်ိဳးသမီးတစ္ေယာက္ကိုယ္ဝန္ေဆာင္ခ်ိန္မွာ သူတို႔ရဲ႕ဗိုက္ကေဖာင္းကားလာသလိုမ်ိဳးပဲေပါ့__ဒါေပမဲ့ မင္းက အစားအေသာက္ေတြကို ၂၀၀ *က်င္းေလာက္စားလိုက္လို႔ မင္းရဲ႕ဗိုက္ကေဖာင္းကားလာရင္ေတာင္ အဲဒီဗိုက္ထဲကေန ကေလးတစ္ေယာက္ထြက္လာေအာင္ေမြးလို႔ရမွာတဲ့လား? ခ်ိယြမ္းက အခုခ်ိန္မွာ ေရွးေဟာင္းသစ္ေတာအုပ္တစ္ခုျဖစ္ေနၿပီး အလ်င္အျမန္ပူျပင္းေျခာက္ေသြ႕လာေနတာေၾကာင့္ သုံးႏွစ္တစ္ႀကိမ္ ငါးႏွစ္တစ္ႀကိမ္ေလာက္ ေတာမီးေလာင္မႈေတြျဖစ္တတ္တယ္။ ဒါေပမဲ့ ေတာမီးေလာင္လို႔ တစ္ေတာလုံးေျပာင္သလင္းခါသြားရင္ေတာင္ အဲဒါက သာမန္မီးပဲေလ။ ခ်ိယြမ္းကို အစစ္အမွန္မီးေလာင္တိုက္သြင္းခ်င္တယ္ဆိုရင္ အဲဒီအခ်ိန္တုန္းက လူသားဧကရာဇ္ခ်န္ရစ္ထားခဲ့တဲ့ မီးလွ်ံငွက္ခ်ိပ္စည္းေတြကို ဖ်က္ဆီးပစ္မွပဲရလိမ့္မယ္”

{*(က်င္း/斤) ယူနစ္အတိုင္းအတာတစ္ခုပါ။ ၁ က်င္း= ၅၀၀ ဂရမ္နဲ႕တူညီပါတယ္}

“အဲဒါေတာ့ ကြၽန္မသိတယ္”

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက ေျပာလိုက္သည္။

“ခ်င္းဖ်င္ျပည္နယ္ရဲ႕မွတ္တမ္းေတြအရဆိုရင္ လူသားဧကရာဇ္ရွန႔္ေရွာင္းဟာ မီးလွ်ံငွက္အရိုး (၃၆) ခုကိုသုံးၿပီး ခ်ိယြမ္းကိုခ်ိပ္ပိတ္ခဲ့တယ္။ မီးေတာက္ေတြကိုျငႇိမ္းသတ္ခဲ့ၿပီး ကမာၻေလာကတစ္ခြင္ကိုေအးခ်မ္းေစခဲ့တယ္….”

“အဲဒီလိုေတာ့လည္းမဟုတ္ဘူး။ ခ်ိယြမ္းခ်ိပ္ပိတ္ခံလိုက္ရၿပီးတဲ့ေနာက္မွာ ဥယ်ာဥ္ထဲမွာရွိတဲ့ ျခေသၤ့၊ က်ား၊ ဝက္ဝံနဲ႕ ဝံပုေလြေတြအားလုံးဟာ အျပတ္ရွင္းခံလိုက္ရၿပီး အားနည္းတဲ့ၾကက္ေပါက္ေလးေတြပဲက်န္ခဲ့တယ္ေလ။ သူတို႔ေတြက တစ္ေယာက္နဲ႕တစ္ေယာက္ရန္ျဖစ္ၾကမယ္ဆိုရင္ေတာင္မွ တစ္ေယာက္ကိုတစ္ေယာက္ ႏႈတ္သီးနဲ႕ဟိုဆိတ္သည္ဆိတ္လုပ္ေနတာေလာက္ပဲျဖစ္မွာ”

ေႁမြအေရခြံက ၾကားျဖတ္ေျပာလာသည္။

“အဲဒီေခတ္တုန္းက သိပၸံနဲ႕နည္းပညာအဆင့္အတန္းက လူသားဧကရာဇ္ပိရွရဲ႕ စိတ္ကူးစိတ္သန္းေတြေလာက္အထိပဲ အကန႔္အသတ္ရွိတာေလ။ ဘယ္သူသိနိုင္မွာလဲ? အဲဒီအားနည္းတဲ့ ပလီေခ်ာက္ခ်က္ၾကက္ေပါက္ေလးေတြက တစ္ေယာက္နဲ႕တစ္ေယာက္ ထိုးတာဆိတ္တာေလာက္နဲ႕တင္အားမရနိုင္ၾကေတာ့ဘဲ အႏုျမဴလက္နက္ေတြကိုတီထြင္လာၾကလိမ့္မယ္လို႔။ တကယ္လို႔ အဲဒီလိုလက္နက္တစ္ခုကိုသာေဖာက္ခြဲလိုက္လို႔ကေတာ့ က်စ္…အရင္တုန္းက ‘မိုးႀကိဳးသြား (၈၁) ခ်က္’ ထက္ေတာင္ ပိုၿပီးစြမ္းအားႀကီးသြားလိမ့္မယ္”

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက စိတ္မပါ့တပါျဖင့္ သံေယာင္လိုက္ကာေမးျမန္းလိုက္သည္။

“အဲဒါက အေမမရွိတဲ့ကေလးတစ္ေယာက္လိုပဲ၊ ေျပာရရင္ ဇာတ္လမ္းကအရွည္ႀကီးပဲ”

ေႁမြအေရခြံက ေပါက္ေပါက္ေဖာက္သည့္အလား သူ၏ပါးစပ္အတြင္းမွ ရွည္လ်ားေသာစာတမ္းတစ္ခုအား႐ြတ္ဖတ္ေနသည့္ႏွယ္ သမိုင္းေၾကာင္းမ်ားကိုအစခ်ီေျပာၾကားလာေတာ့သည္။

“ ခ်ိယြမ္းရဲ႕ မူလနာမည္က ‘နန္မင္ေတာင္ၾကား’ လို႔ေခၚတယ္။ သမိုင္းမွတ္တမ္းေတြအရဆိုရင္ အဲဒီေတာင္ၾကားက နတ္မီးလွ်ံငွက္ေတြရဲ႕အသိုက္အၿမဳံပဲ။ နန္မင္ေတာင္ၾကားရဲ႕ဘယ္ဘက္မွာ ငါတို႔ရဲ႕ဘိုးေဘးေတြျဖစ္တဲ့ မိစာၦမ်ိဳးႏြယ္စုေတြေနထိုင္ၾကတယ္။ ညာဘက္ကေတာ့ လူသားမ်ိဳးႏြယ္စုရဲ႕နယ္ေျမေပါ့။ ရာသီဥတုေျပာင္းလဲမႈေတြေၾကာင့္ မိစာၦမ်ိဳးႏြယ္စုနယ္ေျမမွာရွိတဲ့ ဝိညာဥ္စြမ္းအင္ေတြဟာ စတင္ၿပီးယုတ္ေလ်ာ့နည္းပါးလာၾကတယ္__မင္းသိတဲ့အတိုင္းပဲ၊ ငါတို႔မိစာၦေတြဆိုတာက သဘာဝဝိညာဥ္စြမ္းအင္ေတြကိုအမွီျပဳၿပီးအသက္ရွင္ရတဲ့သတၱဝါေတြပဲ။ သာမန္လူသားေတြလို ေျမႀကီးထဲက ေကာက္ပဲသီးႏွံေတြကိုတူးဆြစားေသာက္ၿပီးအသက္ရွင္နိုင္ၾကသူေတြမဟုတ္ဘူးေလ။ ဝိညာဥ္စြမ္းအင္ေတြယုတ္ေလ်ာ့ေပ်ာက္ကြယ္သြားတဲ့အခါ မိစာၦေပါက္စေလးေတြဟာလည္း အေသေမြးဖြားလာရွာတယ္။ ငါတို႔ဘိုးေဘးေတြဟာ သူတို႔ရဲ႕အိမ္ေဟာင္းမွာဆက္ၿပီးေနထိုင္လို႔မရေတာ့ဘဲ အသက္ရွင္ရပ္တည္ဖို႔အတြက္ အျပင္ဘက္ကိုထြက္လာရေတာ့တယ္။ ဒါေပမဲ့ လူသားေတြက ငါတို႔ကိုမႀကိဳဆိုခဲ့ဘူး။ ဘာပဲျဖစ္ျဖစ္ အဲဒါက သူတို႔ရဲ႕ပိုင္နက္ပဲေလ။ ဆိုေတာ့ ငါတို႔မ်ိဳးႏြယ္စုမွာ အၿမီးကုပ္ၿပီးေန႐ုံကလြဲလို႔ တျခားနည္းလမ္းမရွိဘူးေပါ့။ ေနာက္တစ္လွမ္းဆုတ္ရင္း ေနာက္ထပ္တစ္လွမ္းဆုတ္ရင္းနဲ႕ေပါ့။ မိစာၦမ်ိဳးႏြယ္စုဟာ အသက္ရွင္သန္နိုင္ဖို႔အတြက္ လူသားေတြကို အေလွ်ာ့ေပးၿပီးေနထိုင္ခဲ့ရတယ္….အဲဒီေခတ္တုန္းက ‘လမ္းေဘးေဖ်ာ္ေျဖပြဲ’ ေတြ၊ ‘ဆပ္ကပ္ပြဲ’ ေတြမွာ ငါတို႔ရဲ႕ဘိုးေဘးေတြဟာ အသုံးေတာ္ခံအျဖစ္ကျပတင္ဆက္ခဲ့ရတယ္။ ဒါေပမဲ့ အဲဒါလည္းမရဘူး။ ခ်ီတိုင္းျပည္ရဲ႕ ဧကရာဇ္ဖ်င္ဟာ လူမဆန္ေတာ့ဘူး။ သူက ျပင္ပမ်ိဳးႏြယ္စုေတြကိုသုတ္သင္ေခ်မႈန္းပစ္ဖို႔အမိန႔္ခ်မွတ္ခဲ့ၿပီး အားနည္းၿပီးအိုနာက်ိဳးကန္းျဖစ္ေနတဲ့ ခိုကိုးရာမဲ့သူေတြကို အျမစ္ျပတ္ႏွိမ္နင္းေခ်မႈန္းခဲ့တယ္။ ငါတို႔ရဲ႕မိစာၦဘုရင္ျဖစ္သူဟာလည္း အမ်က္ေဒါသူပုန္ထသြားၿပီးစစ္ေၾကညာလိုက္တယ္။ မိစာၦဘုရင္က နန္မင္ေတာင္ၾကားကိုျဖတ္သန္းသြားခ်င္တယ္။ အတိအက်ေျပာရရင္ မီးလွ်ံငွက္မ်ိဳးႏြယ္စုဟာ တကယ္ေတာ့မိစာၦမ်ိဳးႏြယ္ဝင္ေတြပဲ။ ဒါေပမဲ့ အျခားတစ္ဖက္မွာရွိတဲ့ လူသားေတြက ဘုရားေက်ာင္းေဆာင္ေတြေဆာက္လုပ္ၿပီး သူတို႔ကိုပူေဇာ္ပသေပးၾကတယ္။ ဒီလိုနဲ႕ အခ်ိန္ၾကာလာေတာ့ သူတို႔ကိုယ္သူတို႔ နတ္ဘုရားေတြလို႔အထင္ေရာက္သြားၾကၿပီး အေျခအေနကိုထိန္းခ်ဳပ္ေျဖရွင္းဖို႔ႀကိဳးစားလာေတာ့တယ္။ သူတို႔ဘက္က အင္အားမ်ားေတာ့ ငါတို႔ရဲ႕ဘုရင္ျဖစ္သူကို လမ္းဆုံးကိုမေရာက္ေရာက္ေအာင္တြန္းပို႔လိုက္သလိုျဖစ္သြားေတာ့တာပဲ___ေနာက္ဆုံး ငါတို႔မိစာၦဘုရင္က မီးလွ်ံငွက္ေတြကိုတစ္ေကာင္မက်န္အျမစ္ျပတ္သုတ္သင္ပစ္ခဲ့ၿပီး နန္မင္ေတာင္ၾကားကိုလႊဲေျပာင္းအုပ္စိုးၿပီး ‘ခ်ိယြမ္း’ လို႔နာမည္ေျပာင္းပစ္ခဲ့တယ္။ အဲဒီအခ်ိန္ေရာက္မွပဲ သူတို႔သိလိုက္ရတာက တကယ္ေတာ့ ခ်ိယြမ္းဟာ တိမ္ျမႇုပ္ေနတဲ့ရတနာတစ္ပါးျဖစ္တယ္ဆိုတာကိုပဲ! အရင္တုန္းက မီးလွ်ံငွက္ေတြရဲ႕ဖိႏွိပ္ထိန္းခ်ဳပ္ထားမႈေၾကာင့္ ေရပူစမ္းထဲမွာ ဥတစ္လုံးကိုေတာင္က်က္ေအာင္ျပဳတ္လို႔မရတဲ့ေနရာဟာ တကယ္ေတာ့ ထူးျခားစြမ္းအင္ေတြရဲ႕ပင္မအရင္းအျမစ္ေနရာတစ္ခုျဖစ္ေနခဲ့တယ္ေလ! မီးလွ်ံငွက္ေတြက ဘာျဖစ္လို႔ ခ်ိယြမ္းကိုဖိႏွိပ္ထားခဲ့တာလဲ? ဘာျဖစ္လို႔လဲဆိုေတာ့ ခ်ိယြမ္းမွာရွိတဲ့ ထူးျခားစြမ္းအင္ေတြက လူသားေတြကလြဲရင္ က်န္တဲ့မ်ိဳးႏြယ္စုတိုင္းအတြက္အသုံးဝင္တဲ့စြမ္းအင္ေတြျဖစ္ေနလို႔ပဲ။ လူသားေတြဟာ ဒြါရခုနစ္ေပါက္ပြင့္ေနတဲ့ သတၱဝါေတြမဟုတ္တဲ့အတြက္ ေကာင္းကင္နဲ႕ေျမႀကီးနဲ႕ ဆက္သြယ္နိုင္ျခင္းမရွိဘူး။ အိုင္း…ငါ့အျမင္ေတာ့ အဲဒီလူသားလို႔ေခၚတဲ့ဟာေတြက ေမြးရာပါခ်ိဳ႕ယြင္းခ်က္ရွိတဲ့သတၱဝါေတြပဲ။ သူတို႔ေတြက ၾကက္တစ္ေကာင္ကိုေတာင္ဖမ္းခ်ဳပ္နိုင္တဲ့အင္အားမရွိေပမဲ့ အဆိပ္ရွိၿပီး ေကာက္က်စ္စဥ္းလဲတဲ့သတၱဝါေတြ။ အေစာႀကီးကတည္းက မ်ိဳးသုဥ္းသြားသင့္တာ။ ႏွစ္ေယာက္ေလာက္ကိုပဲ တိရစာၦန္႐ုံထဲမွာ ဓာတ္ပုံရိုက္ဖို႔ခ်န္ထားသင့္တယ္။ ဒါေပမဲ့ မီးလွ်ံငွက္ေတြက သူတို႔ရဲ႕ပူေဇာ္ပသထားတာေတြကိုစားေသာက္ထားၾကတာဆိုေတာ့ သူတို႔ကိုဘယ္လိုလုပ္ၿပီး မ်ိဳးသုဥ္းခံပါ့မလဲ။ အဲဒီတစ္အုပ္စုကိုကာကြယ္ဖို႔အတြက္ မီးလွ်ံငွက္မ်ိဳးႏြယ္စုဟာ ခ်ိယြမ္းကိုအတင္းအဓမၼဖိႏွိပ္ထားခဲ့ၿပီး တျခားမ်ိဳးႏြယ္စုေတြကို လူသားမ်ိဳးႏြယ္စုနဲ႕အဆင့္အတူတူျဖစ္သြားေအာင္ဆြဲခ်ခဲ့ၾကတယ္။ အဲဒီဧရာမအနီေရာင္ၾကက္တူေ႐ြးလိုေကာင္ေတြက ေဒါသထြက္စရာမေကာင္းဘူးလား? ႏွေျမာစရာေကာင္းတာက လူလိမ္လူညာတစ္ေယာက္ျဖစ္တဲ့ လူသားဧကရာဇ္နန္းတက္လာတဲ့ေနာက္ပိုင္းမွာ ဘာနတ္ဆရာမ်ိဳးႏြယ္စုေရာ၊ ေကာင္းရွန္းမ်ိဳးႏြယ္စုေရာ…..သူတို႔ေတြအားလုံးဟာ အလိမ္ခံလိုက္ရၿပီး  ႐ူးေၾကာင္ေၾကာင္နဲ႕ သူ႕ေနာက္ကိုလိုက္ခဲ့ၾကတယ္။ သူ႕ကိုစြမ္းအားေတြရရွိသြားေစၿပီး ခ်ိယြမ္းကိုျပန္လည္ခ်ိပ္ပိတ္ေစခဲ့တယ္။ မဟုတ္ရင္ ဒီေနရာမွာရွိေနတဲ့လူအားလုံးက ဘာျဖစ္လို႔သုံးစားမရတဲ့သူေတြခ်ည္းျဖစ္ေနရမွာလဲ? တကယ္လို႔ ငါတို႔ရဲ႕မစၥတာန်န္တစ္ေယာက္သာ ခင္ဗ်ားရဲ႕အရည္အခ်င္းနဲ႕ ခ်ိယြမ္းကိုခ်ိပ္ပိတ္ထားေတြကိုဖ်က္ဆီးနိုင္ခဲ့မယ္ဆိုရင္ သတၱဳေတာင္တန္းႀကီးေတြေတာင္ ခင္ဗ်ားအတြက္ ကစားစရာ႐ႊံ႕ေစးသာသာေလာက္ပဲျဖစ္သြားလိမ့္မယ္။ ခင္ဗ်ားတစ္ေယာက္တည္းနဲ႕ သံမဏိစက္႐ုံေပါင္း အခု (၁၀၀) ကိုအစားထိုးနိုင္တယ္ေလ…ဟား ဟား ဟား”

ယန္းခ်ိဳးရွန္းမွာ သူ႕အားစကားျပန္ေျပာလိုက္ပါက မိမိ၏အဆင့္အတန္းမွာ မူလထက္ အဆင့္ႏွစ္ဆင့္ေလာက္နိမ့္က်သြားမွာကိုစိုးရိမ္သည့္အလား သူက မၾကားခ်င္ေယာင္ေဆာင္လိုက္ရင္း ေခါင္းပင္ေမာ့မၾကည့္ဘဲ အေရွ႕သို႔ဆက္ေလွ်ာက္သြား၏။

မ်က္မျမင္လူႀကီးက ေႁမြအေရခြံ၏ ႐ူးႏွမ္းႏွမ္းရယ္သံကိုျဖတ္ေတာက္ကာ စကားဆက္လိုက္သည္။

“လူသားဧကရာဇ္က မီးလွ်ံငွက္ခ်ိပ္တံဆိပ္ကိုျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ ေနာက္မ်ိဳးဆက္လူသားေတြရဲ႕လူဦးေရပမာဏနဲ႕ စစ္ပြဲပမာဏေတြကိုထည့္မတြက္မိခဲ့တာပဲ။ ခ်ိယြမ္းက  စြမ္းအင္စီးေၾကာင္းေတြစုဆုံရာအရပ္မွာရွိေနတာ။ ကမာၻေလာကႀကီးထဲမွာ စစ္ပြဲႀကီးေတြ ဒါမွမဟုတ္ သဘာဝေဘးအႏၲရာယ္ႀကီးႀကီးမားမားျဖစ္ေပၚလာခ်ိန္တိုင္း အဲဒါေတြက ‘ကပ္ေဘးဆိုးႀကီး’ တစ္ခုအျဖစ္ေျပာင္းလဲသြားၿပီး ခ်ိယြမ္းမွာလည္း အဲဒါေတြနဲ႕အတူလိုက္ၿပီးမၿငိမ္မသက္ျဖစ္သြားတတ္တယ္။ တကယ္လို႔ မင္း သမိုင္းမွတ္တမ္းေတြကို ေသေသခ်ာခ်ာေလ့လာၾကည့္လိုက္ရင္ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြရဲ႕ေမြးဖြားႏႈန္းဟာ အနိမ့္အျမင့္အတက္အက်ရွိတယ္ဆိုတာကို ေတြ႕ရလိမ့္မယ္။ သူတို႔ေတြရဲ႕ေမြးဖြားႏႈန္းဟာ တည္ၿငိမ္ေအးခ်မ္းတဲ့ေခတ္ကာလမွာ အနည္းဆုံးျဖစ္ၿပီး ပဋိပကၡေတြျဖစ္ပြားတဲ့ေခတ္ကာလမွာ ေမြးဖြားႏႈန္းအမ်ားဆုံးပဲ။ အနီးစပ္ဆုံးဆိုရင္ ၁၉၄၃ ခုႏွစ္ ဒုတိယကမာၻစစ္ႀကီးျဖစ္ပြားတဲ့အခ်ိန္မွာ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြရဲ႕ေမြးဖြားႏႈန္းဟာ ေခတ္သစ္သမိုင္းတစ္ေလွ်ာက္မွာ အျမင့္ဆုံးပဲ။ ဒါေပမဲ့ အခုေခတ္မွာအသက္ရွင္ေနတဲ့ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြကိုေမးလိုက္ရင္ ၁၉၄၄ ခုႏွစ္မွာေမြးတဲ့သူတစ္ေယာက္မွမရွိၾကဘူး။ ရွိမယ္ဆိုရင္ေတာင္ ေသခ်ာေပါက္အသက္အ႐ြယ္ႀကီးရင့္သြားကုန္ၾကၿပီ။ တစ္ကမာၻလုံး ေနရာအႏွံ႕လိုက္ရွာတာေတာင္ အဲဒီႏွစ္မွာျဖစ္ပ်က္ခဲ့တဲ့ ထူးျခားစြမ္းအင္ျဖစ္ရပ္မွတ္တမ္းတစ္ခုတေလကိုေတာင္ရွာေတြ႕နိုင္ေတာ့မွာမဟုတ္ဘူး။ ယြိဘြားဘြားလို စီနီယာအိုႀကီးတစ္ေယာက္ကေတာ့ မွတ္မိေကာင္းမွတ္မိနိုင္လိမ့္မယ္။ အဲဒီႏွစ္မွာ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြရဲ႕အရည္အခ်င္းဟာ နည္းနည္းေလးေတာင္မတိုးတက္လာတဲ့အျပင္ ဆုတ္ယုတ္ေတာင္ဆုတ္ယုတ္သြားၾကေသးတယ္။ အသက္ႀကီးၿပီးခႏၶာကိုယ္အားနည္းခ်ိနဲ႕ေနတဲ့သူတခ်ိဳ႕ဆိုရင္ ဆက္ၿပီးအသက္မရွင္နိုင္ၾကေတာ့ဘူး။ ဒါေပမဲ့ အဲဒီေနာက္ပိုင္းေတာ္ေတာ္ေလးၾကာေတာ့မွ စစ္ပြဲႀကီးက အဆုံးသတ္သြားတာေလ။ အဲဒါက ဘာကိုျပသေနလဲဆိုရင္ ၁၉၄၄ ခုႏွစ္မွာ ျပင္ပစြမ္းအားတစ္မ်ိဳးမ်ိဳးက ခ်ိယြမ္းမွာမၿငိမ္မသက္မႈေတြျဖစ္ေပၚမလာေအာင္ အတင္းအဓမၼဖိႏွိပ္ထိန္းခ်ဳပ္ထားခဲ့တယ္ဆိုတာပဲ___သမိုင္းတစ္ေလွ်ာက္လုံးမွာ အဲဒီလိုတူညီတဲ့ျဖစ္ရပ္မ်ိဳး (၃၅) ႀကိမ္ျဖစ္ပ်က္ခဲ့တယ္။ ငါဆိုလိုတဲ့အဓိပၸာယ္ကို မင္းနားလည္ရဲ႕လား?”

(T/N

သူေျပာတာကိုနားလည္ရဲ႕လားမသိဘူး။ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြရဲ႕ေမြးဖြားႏႈန္းဟာ ပဋိပကၡအျဖစ္အပ်က္ေတြနဲ႕တိုက္ရိုက္အခ်ိဳးက်ပါတယ္။ ဒါေၾကာင့္ စစ္ပြဲေတြျဖစ္ေနတဲ့အခ်ိန္ကာလအတြင္းမွာ သူတို႔ေတြရဲ႕ေမြးဖြားႏႈန္းဟာအျမင့္ဆုံးေရာက္ေနၾကပါတယ္။ ဒါေပမဲ့ ဒုတိယကမာၻစစ္အတြင္း ၁၉၄၃ ခုႏွစ္မွာ ေမြးဖြားႏႈန္းအျမင့္ဆုံးျဖစ္ၿပီး ေနာက္တစ္ႏွစ္ ၁၉၄၄ ခုႏွစ္ေရာက္ေတာ့ ေမြးတဲ့သူမရွိသေလာက္နည္းပါးသြားခဲ့တာပါ။ ဒါက ဘာကိုျပသေနလဲဆိုရင္ ထူးျခားစြမ္းရည္ေတြအေျမာက္အျမားေပၚထြက္လာတိုင္း အရာတစ္ခုခုက သူတို႔ေတြထႂကြမလာနိုင္ေအာင္ ျပန္ၿပီးဖိႏွိပ္ထိန္းခ်ဳပ္ထားတယ္ဆိုတဲ့အဓိပၸာယ္ပါပဲ။ အဲဒီထိန္းခ်ဳပ္ထားတဲ့အရာကဘာလဲဆိုရင္ မီးခ်ိပ္တံဆိပ္ပါပဲ။ ရွန႔္လင္ယြမ္း ခ်ိယြမ္းမွာ ျပဳလုပ္ထားခဲ့တဲ့ မီးခ်ိပ္တံဆိပ္ ၃၆ ခုပါ။ ေရွ႕အပိုင္းေတြမွာေျပာခဲ့ဖူးၿပီးသားျဖစ္ေပမဲ့ ေမ့ေနၾကမွာစိုးလို႔ ဒီအခ်က္ကိုလည္း ထပ္ၿပီးရွင္းျပလိုက္မယ္ေနာ္။ ႐ႊမ္းက်ီးဟာ အဲဒီမီးခ်ိပ္တံဆိပ္ထဲကေန ေမြးဖြားလာခဲ့တဲ့ ေနာက္ဆုံးေသာမီးအေစာင့္အေရွာက္ပါ။ မွတ္ခ်က္- ဒါက အခုလက္ရွိသိထားရသေလာက္ သူ႕အေၾကာင္းေပါ့ေနာ္။ ေနာက္တစ္ပိုင္းမွာေတာ့ သူရဲ႕တကယ့္အတိတ္ဘဝအေၾကာင္းကိုသိလာရပါလိမ့္မယ္)

႐ုပ္ေသး႐ုပ္မိန္းမပ်ိဳေလးက အံ့အားသင့္စြာေျပာလိုက္သည္။

“မီးလွ်ံငွက္ခ်ိပ္တံဆိပ္ေတြဟာ မီးလွ်ံငွက္အရိုး (၃၆) ေခ်ာင္းနဲ႕ျပဳလုပ္ထားတာပဲ။ ရွင္ဆိုလိုတဲ့သေဘာက…”

“လြန္ခဲ့တဲ့လတ္တေလာႏွစ္ကာလေတြမွာ ‘ကပ္ေဘးဆိုးႀကီး’ လို႔ေခၚရေလာက္တဲ့ ေဘးအႏၲရာယ္ေတြျဖစ္ပြားခဲ့တာမရွိဘူး။ ဒါေပမဲ့ ထူးျခားစြမ္းရည္ပိုင္ရွင္ေတြေမြးဖြားႏႈန္းကေတာ့ ျမင့္သထက္ျမင့္မားလာၾကတယ္။ ဒါက လုံးဝကို မႀကဳံစဖူးတဲ့အျဖစ္ထူးမ်ိဳးပဲ”

မ်က္မျမင္လူႀကီးက ေျပာလာသည္။

“ဒါက ဘာကိုဆိုလိုသလဲဆိုရင္ မီးလွ်ံငွက္ခ်ိပ္တံဆိပ္ဟာ တစ္ခုတည္းပဲက်န္ေတာ့တယ္ဆိုတာနဲ႕ အဲဒီခ်ိပ္ဟာလည္းဆက္ၿပီးေတာင့္ခံမထားနိုင္ေတာ့ဘူးဆိုတဲ့သေဘာပဲ။ ေျပာရရင္ ငါတို႔က အခ်ိန္ေကာင္းနဲ႕တည့္တည့္တိုးသြားၾကတာပဲ”

မ်က္မျမင္လူႀကီးမွာ ဤအထိေျပာၿပီးခ်ိန္၌ ႐ုတ္တရက္ပါးစပ္ပိတ္သြားသည္။ ၎တို႔မွာ က်ဥ္းေျမာင္းေသာဂူသခၤ်ိဳင္းလိုဏ္ေခါင္းေလး၏ အဆုံးသတ္သို႔ေရာက္ရွိသြားၿပီျဖစ္ၿပီး ႐ုတ္ခ်ည္းပင္ ဂူလမ္းေၾကာင္းမွာက်ယ္ျပန႔္သြား၏။ လမ္းဆုံးတြင္ ဧရာမသလင္းေက်ာက္နံရံတစ္ခ်ပ္ရွိေနသည္။

“ဒါက….”

လူတိုင္းလူတိုင္းသည္ကား ထိုအနားသို႔တိုးကပ္သြားၾကၿပီး ေရသူမီးအိမ္မ်ားကိုျမႇောက္ကိုင္လိုက္ၾကသည္။ သလင္းေက်ာက္နံရံထဲတြင္ သူတို႔ေတြ႕လိုက္ရသည့္အရာမွာ အမ်ိဳးသားအေလာင္းတစ္ေလာင္းျဖစ္သည္။

အလွျပသထားသည့္ႏွယ္….။

ထိုအမ်ိဳးသားအေလာင္းမွာ အသက္ရွိေနဆဲျဖစ္သည့္အလား ေကာင္းမြန္ျပည့္စုံစြာ ထိန္းသိမ္းခံထားရၿပီး သူ၏မ်က္ေတာင္ေမြးတစ္ေခ်ာင္းခ်င္းစီကိုပင္ ေရတြက္နိုင္သည္အထိ။

သူ၏ဝတ္စားဆင္ယင္ပုံမွာ သူႏွင့္အတူျမႇုပ္ႏွံခံထားရေသာ အျခားကေလးငယ္ေလးမ်ားႏွင့္မတူညီေပ။ ၎မွာ တင္းၾကပ္စြာရစ္ပတ္သိမ္းထုပ္ခံထားရၿပီး ေရွးေခတ္အလယ္ပိုင္းေျမျပန႔္လြင္ျပင္ေဒသရွိဝတ္ပုံစားပုံႏွင့္ ပို၍တူညီလွသည္။ အသက္အ႐ြယ္အားျဖင့္ အသက္သုံးဆယ္ခန႔္ရွိပုံရသည္…..အမွန္တကယ္တမ္းတြင္မူ ထို႔ထက္ပို၍ငယ္ေကာင္းငယ္နိုင္ေသးသည္။ အခ်ိန္ကာလ၏တိုက္စားမႈေၾကာင့္ အနည္းငယ္ပို၍အသက္ႀကီးေနသေယာင္ထင္ရျခင္းျဖစ္နိုင္သည္။ သူ႕ဦးေခါင္းေပၚရွိဆံႏြယ္မ်ားမွာမူ တစ္ေခ်ာင္းတေလမွပင္ ျဖဴေဖြးသြားျခင္းမရွိေပ။ ႏႈတ္ခမ္းေထာင့္စြန္းမ်ားမွာ ေအာက္သို႔အနည္းငယ္စိုက္က်ေနၿပီး မ်က္ခုံးႏွစ္ဖက္ၾကားတြင္မူ အေရးအေၾကာင္းမ်ားရွိလို႔ေနသည္။

အဆိုပါမ်က္ႏွာမွာ အမွန္တကယ္ကိုပင္ အသက္အ႐ြယ္ႀကီးရင့္ေနၿပီဟုေျပာ၍မရနိုင္ေသာမ်က္ႏွာမ်ိဳးျဖစ္သည္။ သို႔ေသာ္ျငား ေလာကဓံတရား၏ရိုက္ပုတ္ညွဥ္းဆဲမႈဒဏ္ကိုခံစားခဲ့ရသည့္အလား၊ ေသဆုံးၿပီးေနာက္ပိုင္းမွာပင္ စိုးရိမ္ေသာကပြားေနရွာေသာအမူအရာမ်ိဳးျဖစ္ေနသည္။

“သူက….ဒီဂူသခၤ်ိဳင္းရဲ႕အရွင္သခင္လား?”

“ျဖစ္နိုင္ပါတယ္….သူ႕ခါးပတ္ကိုၾကည့္လိုက္ေလ”

ေႁမြအေရခြံက သူ႕ခႏၶာကိုယ္ေပၚတြင္ ေနာက္ထပ္ေရပူေဖာင္းတစ္လႊာကိုထပ္ျဖည့္လိုက္ၿပီးေနာက္ သတၱိကိုစုစည္းကာ ေရွ႕သို႔တက္သြားၿပီး ထိုလူ၏ခါးပတ္ေပၚမွတံဆိပ္ျပားကို မီးအလင္းေရာင္ျဖင့္ထြန္းၾကည့္လိုက္သည္။

“ေျပာစကားေတြအရဆိုရင္ ေကာင္းရွန္းေဝးယြင္ အသက္ရွိစဥ္က လူသားဧကရာဇ္အနားမွာ ခစားဖို႔အတြက္ အေစခံတစ္ေယာက္အျဖစ္ ဆက္သခံလိုက္ရတယ္တဲ့…..ေျပာရရင္ ဓားစာခံတစ္ေယာက္အေနနဲ႕ေပါ့။ အဲဒီတံဆိပ္ျပားက လူသားဧကရာဇ္က သူ႕ကို ကိုယ္တိုင္ကိုယ္က်ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့တံဆိပ္ျပား။ မဟာခ်ီတိုင္းျပည္ႀကီးရဲ႕ တရားဝင္တံဆိပ္ျပားပဲ….က်စ္ ဒီလူက ငါ့စိတ္ကူးထဲမွာေတြးထားတဲ့ ပုံစံနဲ႕မတူဘူးျဖစ္ေနတယ္။ ေကာင္းရွန္းမ်ိဳးႏြယ္စုရဲ႕ ေတာ္ဝင္မ်ိဳးႏြယ္ေတြဆိုတာ ျပည္သူလူထုကိုေခါင္းပုံျဖတ္အျမတ္ထုတ္တတ္တဲ့ အထက္တန္းစားအလႊာေတြမဟုတ္ဘူးလား? ျပည္သူေတြရဲ႕လုပ္အားေတြနဲ႕စည္းစိမ္ခ်မ္းသာေတြကို ဂုတ္ေသြးစုပ္အျမတ္ထုတ္ထားတဲ့ လူတန္းစားရဲ႕မ်က္ႏွာက ဘယ္လိုျဖစ္ၿပီး အခုလိုမ်ိဳးမသာမယာျဖစ္ေနရတာလဲ?”

“မင္း သူနိုးထလာတဲ့အခ်ိန္က်ရင္ ေမးၾကည့္လိုက္ေလ”

မ်က္မျမင္လူႀကီးက သူ႕လက္ေခ်ာင္းမ်ားကိုသုံးကာ အခ်ိန္ကိုတြက္ခ်က္လိုက္ၿပီး ေလာေဆာ္လိုက္သည္။

“ငါတို႔ ဒီလိုဏ္ေခါင္းထဲမွာပိတ္မိေနတာ အခ်ိန္တစ္ရက္ေလာက္ၾကာသြားၿပီ။ ည (၁၁) နာရီမွာ ‘က်ီ’ အခ်ိန္ကိုကူးေျပာင္းေတာ့မယ္။ ငါတို႔ျမန္ျမန္လုပ္ရမယ္။ အဲဒီအခ်ိန္မတိုင္ခင္မွာ ပူေဆြးယဇ္ပူေဇာ္ပြဲယဇ္စာသားေတြကိုၿပီးေအာင္ေရးရမယ္__မစၥတာန်န္…ခင္ဗ်ားအဆင္သင့္ျဖစ္ၿပီလား?”

ယန္းခ်ိဳးရွန္း၏ပါးျပင္ႏွစ္ဖက္ေပၚရွိႂကြက္သားမ်ားမွာ ေတာင့္တင္းသြား၏။

႐ုပ္ေသးမိန္းမပ်ိဳေလးက ေမးျမန္းလိုက္သည္။

“ေရေအာက္မွာ ပူေဆြးယဇ္ပူေဇာ္ပြဲစာသားေတြကို ဘယ္လိုေရးမွာလဲ?”

မ်က္မျမင္လူႀကီးက သူ႕ရင္ဘတ္အတြင္းမွ ေဟာင္းႏြမ္းေနေသာသက္တမ္းရင့္ဓားတစ္ေခ်ာင္းကိုထုတ္ယူလိုက္သည္။ အဆိုပါဓားမွာ တစ္ႀကိမ္တစ္ခါမွေသြးထားျခင္းမရွိျခင္းေၾကာင့္ေလာ၊ သို႔တည္းမဟုတ္ သည္အတိုင္းသံေခ်းတက္သြားျခင္းေၾကာင့္ေလာမသိ၊ ဓားသြားေပၚတြင္အညစ္အေၾကးမ်ားေပက်ံေနသည္။ ဓားေႏွာင့္ထက္ဝယ္ ရႈပ္ေထြးေပြလီလွေသာကမၺည္းစာသားမ်ားကိုေရးထြင္းထား၏။ ၾကည့္ရသည္မွာ ကမာၻလွည့္ခရီးသည္မ်ားလည္ပတ္သြားလာေသာေနရာမ်ားတြင္ ေရာင္းခ်ေသာ အရည္အေသြးနိမ့္အမွတ္တရပစၥည္းတစ္ခုပမာ။

သို႔ေသာ္ျငား မ်က္မျမင္လူႀကီးမွာ ထိုဓားအား အလြန္အမင္းကို တယုတယပြတ္သပ္ေနၿပီး ထို႔ေနာက္တြင္မူ ယန္းခ်ိဳးရွန္းထံသို႔ မေပးခ်င္ေပးခ်င္ျဖင့္လက္ဆင့္ကမ္းေပးလိုက္သည္။

“သတိထား၊ ဒါက ေရွးေဟာင္းပစၥည္းတစ္ခုပဲ။ ဒီဓားက အဲဒီေခတ္တုန္းက နာမည္ႀကီးေကာင္းရွန္းပန္းပဲဆရာႀကီးေတြက ဓားေပၚမွာ ကမၺည္းစာေတြကိုေရးထြင္းတဲ့ေနရာမွာအသုံးျပဳခဲ့ၾကတဲ့ဓားပဲ။ သူတို႔ေရးထြင္းခဲ့တဲ့ကမၺည္းစာေတြက လက္နက္ဝိညာဥ္ေတြရဲ႕အမည္နာမေတြပဲ။ အဲဒီကမၺည္းစာေတြက လက္နက္ကိုယ္ထည္ေပၚမွာထြင္းထားတဲ့ အဆင္သဏၭာန္ေတြျဖစ္႐ုံမကဘဲ လက္နက္ဝိညာဥ္ရဲ႕အသိစိတ္ပင္လယ္ထဲအထိေတာင္ အမွတ္အသားျဖစ္သြားၾကတယ္။ ဒ႑ာရီစကားေတြအရဆိုရင္ သူက အသက္ဝိညာဥ္ေတြကိုဆက္သြယ္ေပးနိုင္တယ္တဲ့။ ဒါေၾကာင့္ သာမန္ျပည္သူေတြကေတာ့ အဲဒီပစၥည္းကို ‘ရင္းမင္က်င္း’ လို႔ေခၚၾကတယ္၊ အခု ဒီဓားက ကမာၻေပၚမွာ ေနာက္ဆုံးက်န္တဲ့ တစ္ေခ်ာင္းတည္းေသာဓားပဲ”

အဆိုပါ ‘ရင္းမင္က်င္း’ ဓားမွာ ယန္းခ်ိဳးရွန္း၏လက္ထဲသို႔ေရာက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ စတင္၍တုန္ခါလႈပ္ရွားလာေတာ့သည္။ ဓားေႏွာင့္ေပၚ၌ အပူဓာတ္မ်ားထြက္ေပၚလာၿပီး အနီးတစ္ဝိုက္တြင္ရွိေသာပင္လယ္ေရမ်ားထံမွ ေသးငယ္ေသာေရပူစီေဖာင္းမ်ားပလုံစီထလာေတာ့သည္။ ဓားေပၚရွိသံေခ်းမ်ားမွာလည္း ကြာက်သြားကာ ေအးစက္ၿပီး လူကိုဖိအားေပးၿခိမ္းေျခာက္နိုင္ေသာဓားသြားတစ္ခုေပၚထြက္လာသည္။ ရက္စက္ၾကမ္းၾကဳတ္ၿပီး ေသြးဆာေနေသာအေငြ႕အသက္မ်ားသည္ကား သူတို႔၏မ်က္ႏွာထက္သို႔ရိုက္ခတ္လာ၏။

မ်က္မျမင္လူႀကီးက သက္ျပင္းဖြဖြခ်လိဳက္သည္။

“ခင္ဗ်ားကေတာ့ တကယ့္လူပါပဲ မစၥတာန်န္…တျခားလူေတြဆိုရင္ သူတို႔ရဲ႕ေသြးကိုဘယ္ႏွႀကိမ္ ‘သန႔္စင္သန႔္စင္’ အဲဒီေရွးေဟာင္းပစၥည္းရဲ႕အသိအမွတ္ျပဳျခင္းကိုမခံရဘူး။ ခင္ဗ်ားကေတာ့ သဘာဝအတိုင္း ဓားရဲ႕ဝိညာဥ္ကိုနိုးထလာေအာင္လုပ္နိုင္ခဲ့တာပဲ။ ‘ရင္းမင္က်င္း’ က ဒီေလာက္ေတာင္စိတ္လႈပ္ရွားေနတာကလည္း မထူးဆန္းေတာ့ပါဘူး။ အရင္တုန္းက ဒီဓားက သတၱဳအမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္ေပါင္းမ်ားစြာရဲ႕လက္ထဲကိုေရာက္ဖူးတယ္။ ဒါေပမဲ့ ဒီအဘိုးႀကီးဆီက တစ္ခါေလးေတာင္တုံ႕ျပန္မႈထြက္ေပၚမလာခဲ့ဘူး”

အႏွီဓားမွာ အလြန္တရာစိတ္လႈပ္ရွားေနျခင္းျဖစ္နိုင္သည္။ ယန္းခ်ိဳးရွန္း၏လက္သည္ပင္ ထိုဓားႏွင့္အတူ လိုက္ပါ၍တဆတ္ဆတ္လႈပ္ယမ္းတုန္ခါေနေတာ့သည္။

“ငါနဲ႕ ေႁမြအေရခြံနဲ႕ ခင္ဗ်ားကို ကာကြယ္ေပးထားမယ္။ ပူေဆြးယဇ္ပူေဇာ္ပြဲစာသားရဲ႕ေနာက္ဆုံးစုတ္ခ်က္တစ္ခ်က္က ‘က်ီ’ အခ်ိန္ကိုကူးေျပာင္းသြားတဲ့အခ်ိန္အတိအက်မွာ အၿပီးသတ္ေရးဆြဲရမွာ။ ယဇ္စာသားကိုေရးၿပီးတာနဲ႕ ခင္ဗ်ားေနာက္ကိုအျမန္ျပန္ဆုတ္လိုက္ေတာ့။ ငါနဲ႕ေႁမြအေရခြံက အဲဒီအခ်ိန္မွာ လိုအပ္တဲ့ တျခားယဇ္ပစၥည္းႏွစ္မ်ိဳးကိုပစ္လႊတ္လိုက္မယ္”

မ်က္မျမင္လူႀကီးက သူ႕ထံသို႔ ေႁမြအေရခြံပစ္ေပးလိုက္ေသာ ယဇ္ပစၥည္းေသတၱာတစ္လုံးကိုလွမ္းဖမ္းလိုက္သည္။ သူ႕လက္ေခ်ာင္းမ်ားက အဆိုပါေသတၱာေပၚရွိကုဒ္အမွတ္အသားမ်ားကိုထိေတြ႕ပြတ္သပ္လိုက္႐ုံျဖင့္ တစ္ခ်က္တည္းသေဘာေပါက္သြားသည္။ ေႁမြအေရခြံက သူ႕ထံေပးလိုက္ေသာေသတၱာမွာ ကေလးေသြးမ်ားထည့္ထားေသာေသတၱာပင္ျဖစ္သည္။ ေႁမြအေရခြံမွာ ဉာဏ္နီဉာဏ္နက္မ်ားၿပီး သူရဲေဘာေၾကာင္သူတစ္ဦးျဖစ္သည္။ အႏၲရာယ္အေငြ႕အသက္နည္းနည္းေလးရ႐ုံမွ်ျဖင့္ ေနာက္ျပန္လွည့္ေျပးမည့္သူမ်ိဳးျဖစ္သည္။ သို႔ျဖစ္ရာ ယခုလိုေသေရးရွင္ေရးအခ်ိန္မ်ိဳး၌ ၎သည္ လုံၿခဳံေဘးကင္းေသာနည္းလမ္းတစ္ခုကို သူ႕အတြက္သူခ်န္ထားေပလိမ့္မည္။

သို႔ေသာ္….ေရွးေခတ္ရွိ ေကာင္းရွန္းလူသားမ်ားမွာ စည္းစိမ္ခ်မ္းသာ၊ ဓနဥစၥာမ်ားကို အသက္တမွ်တန္ဖိုးထားၾကသူမ်ားျဖစ္သည္ဟုၾကားဖူးသည္။ ထိုႏွစ္ကာလမ်ား၌ ေကာင္းရွန္းဘုရင္ႀကီးသည္ကား အသက္ပင္ေသေသ သူႏွစ္သက္တန္ဖိုးထားရေသာ ေက်ာက္စိမ္းျဖဴနန္းေတာ္အား မခြဲနိုင္မခြာရက္နိုင္ျဖစ္ခဲ့တာျဖစ္သည္။ ထို႔ေၾကာင့္ ထိုနန္းေတာ္အတြင္း၌ပင္ လူသားဧကရာဇ္၏ပိတ္ေလွာင္ဖမ္းခ်ဳပ္ျခင္းခံခဲ့ရၿပီး နတ္႐ြာစံသြားခဲ့ရေလသည္။ ဤဂူသခၤ်ိဳင္းထဲတြင္ရွိေသာ လူသား-မိစာၦသည္လည္း မည္ကဲ့သို႔ေသာယဇ္ပစၥည္းအမ်ိဳးအစားကို ႏွစ္သက္သေဘာက်သလဲဆိုတာကို တပ္အပ္မေျပာနိုင္ေသးပါေခ်။

မ်က္မျမင္လူႀကီးက ေအးတိေအးစက္ရယ္ေမာလိုက္သည္။ သူက ေႁမြအေရခြံႏွင့္ ဖက္ၿပိဳင္ရန္ျဖစ္မေနေတာ့ဘဲ စကားဆက္လိုက္၏။

“လူသား-မိစာၦဆိုတာ အသိဉာဏ္ရွိတဲ့သူပဲ။ သူနိုးထလာတဲ့အခါ သူ႕ရဲ႕ဇီဝိန္ေႁခြမယ့္ တိုက္ခိုက္မႈကိုတားဆီးနိုင္မယ္ဆိုရင္ ငါတို႔ သူနဲ႕ေဆြးေႏြးမႈေတြလုပ္လို႔ရလိမ့္မယ္။  မစၥတာန်န္ ခင္ဗ်ား ေတြေဝမေနနဲ႕ေတာ့။ ခင္ဗ်ားရဲ႕ အျဖစ္ခ်င္ဆုံးဆႏၵကိုသာစဥ္းစားထားေပေတာ့”

ပင္လယ္ေရျပင္ထဲတြင္ ေသးငယ္ေသာလွိုင္းတံပိုးငယ္မ်ား စီးဆင္းလာသည္။ ယန္းခ်ိဳးရွန္း၏ရင္ဘတ္ေပၚတြင္ခ်ိတ္ဆြဲထားေသာသတၱဳျပားေလးမွာ သူ႕အေရျပားႏွင့္ထိကပ္ေနေသာေၾကာင့္ သူ႕ထံမွအပူဓာတ္ေလးမ်ားခပ္ေရးေရးထုတ္လႊတ္ေနသေယာင္။

သူက ေနာက္ထပ္စကားမဆိုေတာ့ဘဲ ရင္းမင္က်င္းကို တင္းၾကပ္စြာဆုပ္ကိုင္လိုက္ၿပီးေသာ္ အေရွ႕ဘက္သို႔ျဖည္းျဖည္းခ်င္းတိုးသြားလိုက္သည္။

ရင္းမင္က်င္း၏ဓားသြားမွာ အလြန္တရာထက္ရွၿပီး ေရစီးေၾကာင္းမ်ားကိုပင္ထိုးခြင္းျဖတ္ေတာက္နိုင္သည့္ႏွယ္။ ယန္းခ်ိဳးရွန္း၏မ်က္လုံးတစ္စုံထဲတြင္မူ ေရဝဲဂယက္ငယ္ေလးႏွစ္ခုျဖစ္တည္ေနသေယာင္။ ပိုင္းျခားထားေသာ သလင္းေက်ာက္သားနံရံကိုထိုးေဖာက္လ်က္၊ ႏွစ္ေပါင္းသုံးေထာင္တည္းဟူေသာအခ်ိန္ကာလကိုထိုးခြင္းျဖတ္သန္းလ်က္ ၎သည္ကား အႏွီအမ်ိဳးသားအေလာင္းႏွင့္မ်က္လုံးခ်င္းဆိုင္ၾကည့္လိုက္၏။ ထို႔ေနာက္တြင္မူ စိတ္ပိုင္းျဖတ္လိုက္ၿပီး သူ႕လက္ဖဝါးအား ဓားျဖင့္လွီးျဖတ္လိုက္ေလေတာ့သည္။

လူက ေရေအာက္ထဲတြင္ရွိေနသည့္တိုင္ သူ၏ေသြးမ်ားမွာမူ ေရစီးေၾကာင္းႏွင့္အတူ စီးဆင္းေမ်ာပါမသြားဘဲ တစ္ခုခုျဖင့္ဆြဲငင္ခံလိုက္ရသည့္ႏွယ္ အဆိုပါေသြးမ်ားမွာ လွ်ပ္တစ္ျပက္အတြင္းမွာပင္ ရင္းမင္က်င္းဓားသြားေပၚရွိ အေျမာင္းေလးမ်ားၾကားထဲသို႔အျပည့္အဝစီးဆင္းဝင္ေရာက္သြား၏။ ဓားမွာပို၍ပင္ လႈပ္ရွားတက္ႂကြလာၿပီး ဂူသခၤ်ိဳင္းတစ္ခုလုံးမွာလည္း ေနာက္မ်ိဳးဆက္သစ္၏ေသြးရနံ႕တို႔ေၾကာင့္ တုန္ခါလႈပ္ယမ္းလာေတာ့သည္။ တစ္ခ်ိန္တည္းမွာပင္ ရွိရွိသမွ် ကေလးအေလာင္းမ်ားအားလုံးမွာ မ်က္လုံးမ်ားပြင့္လာၾကသည္!

တစ္ဆက္တည္းမွာပင္ ဂူေပါက္ဝဆီမွ တစ္စုံတစ္ေယာက္၏ေအာ္ဟစ္သံတစ္သံပ်ံ့လြင့္ထြက္ေပၚလာသည္။

“ေခါင္းေဆာင္ယန္း မလုပ္နဲ႕!”

အသံလွိုင္းမ်ားမွာ ေရပူေဖာင္းမ်ားအတြင္းမွ တိုက္ရိုက္ထြက္ေပၚလာၿပီး ပင္လယ္ေရမ်ားကိုတိုးဝင္တိုက္ကာ ယန္းခ်ိဳးရွန္းထံသို႔ပ်ံ့လြင့္ေရာက္ရွိလာၾကသည္။ ေလနတ္ဘုရားအဖြဲ႕သားမ်ား ေရာက္ရွိလာၾကေလၿပီ!

သို႔ေသာ္ျငား အခါေႏွာင္းသြားၿပီျဖစ္သည္။ ေသြးမ်ားစြန္းထင္းသြားၿပီျဖစ္ေသာ ရင္းမင္က်င္းဓားသည္ကား ပူေဆြးယဇ္ပူေဇာ္ပြဲ၏ ပထမဆုံးယဇ္စာသားစုတ္ခ်က္တစ္ခ်က္ကို ေရးဆြဲလိုက္ၿပီျဖစ္သည္။

ဓားခ်က္က်သြားသည့္ေနရာတြင္ ဧရာမေလပူေဖာင္းတစ္လုံးျဖစ္ေပၚလာကာ အျပင္ဘက္သို႔ျပန႔္ကားလာၿပီးေသာ္ ယန္းခ်ိဳးရွန္းႏွင့္ ေကာင္းရွန္းမင္းသားတို႔ႏွစ္ေယာက္လုံးကို ရစ္ပတ္သိမ္းထုပ္လိုက္ၿပီး က်န္လူမ်ားအားလုံးႏွင့္ကန႔္သတ္ပိုင္းျခားထားလိုက္ေလသည္။ ဝမ္ဇယ္က အေရွ႕သို႔တစ္ဟုန္ထိုးေျပးလာေသာ္ျငား ေလပူေဖာင္း၏ျပင္းထန္စြာရိုက္ထုတ္လိုက္ျခင္းကိုသာခံလိုက္ရသည္။

မ်က္မျမင္လူႀကီးက ေအးတိေအးစက္ေလွာင္ရယ္လိုက္သည္။

“မင္းက ကိုယ့္ကိုယ္ကိုယ္ ဘာေကာင္ထင္ေနလို႔လဲ? ပူေဆြးယဇ္ပူေဇာ္ပြဲကို တားဆီးနိုင္မယ္လို႔ထင္ေနတာလား?”

ယန္းခ်ိဳးရွန္း၏လႈပ္ရွားမႈမ်ားမွာ တုံ႕ခနဲရပ္တန႔္သြားၿပီးေနာက္ သူက ႐ုတ္ခ်ည္းပင္ ေနာက္ျပန္လွည့္ၾကည့္လာသည္။ ေကာင္းကင္ယံထက္သို႔ထိုးတက္ေတာ့မည့္အလား စူးရွေတာက္ပလြန္းေသာ ေသြးနီေရာင္အလင္းတန္းမ်ားေအာက္ဝယ္ ၎မွာ ဝမ္ဇယ္ႏွင့္အၾကည့္ခ်င္းဆုံသြား၏။ အဆိုပါဓားျဖင့္ထြင္းဆစ္ထားသည့္ပမာ ေခ်ာေမာလွပၿပီးေအးစက္ေတာင့္တင္းေနေသာ မ်က္ႏွာထက္ဝယ္ မေမွ်ာ္လင့္ဘဲ အၿပဳံးရိပ္တစ္ခုျဖစ္တည္လာသည္။

ဝမ္ဇယ္မွာ ေဒါသထြက္လြန္းသျဖင့္႐ူးသြားေတာ့မလိုပင္။

“ခင္ဗ်ားကၿပဳံးနိုင္ေသးတယ္လား? ခင္ဗ်ားက အ႐ူးတစ္ေယာက္လား! ယန္းခ်ိဳးရွန္း! ဒါက က်ီးခြၽင္းျဖစ္ခ်င္တဲ့ပုံစံလား!”

ယန္းခ်ိဳးရွန္းက သူ႕အားေခါင္းခါျပလိုက္သည္။ သူက မ်က္မျမင္လူႀကီးကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ႐ုတ္တရက္ သတိေပးဟန္ျဖင့္ေမးျမန္းလိုက္သည္။

“ခ်ိယြမ္းဟာ ခ်ိပ္ပိတ္ခံလိုက္ရတာေၾကာင့္ ကမာၻေပၚမွာေနာက္ထပ္ လူသား-မိစာၦေတြမရွိလာေတာ့ဘူးလို႔ မင္းေျပာခဲ့တယ္ေနာ္၊ အဲဒီစကားကအလုံးစုံမမွန္ဘူး”

မ်က္မျမင္လူႀကီးမွာ ေၾကာင္ေတာင္ေတာင္ျဖစ္သြားသည္။

“ဘာ?”

“ဒီႏွစ္ပိုင္းေတြမွာ ငါစုေဆာင္းရရွိခဲ့တဲ့အခ်က္အလက္ေတြအရဆိုရင္ ဟိုးေရွးေခတ္ကတည္းက ‘မိစာၦအတတ္က်င့္ႀကံသူ’ လို႔ေခၚတဲ့အသုံးအႏႈန္းမ်ိဳးပဲရွိတယ္။ မိစာၦအတတ္က်င့္ႀကံသူေတြဟာ သူတို႔ကိုယ္သူတို႔ မထိန္းခ်ဳပ္နိုင္ေတာ့တဲ့အခါက်ရင္ ‘လူသားဖေယာင္းတိုင္’ ျဖစ္သြားတတ္ၾကတယ္။ အဲဒီလူေတြကို ‘မိစာၦ’ လို႔မေခၚၾကဘူး။ မိစာၦျဖစ္သြားတဲ့သူေတြဆိုတာက မေသနိုင္ေတာ့သလို ေကာင္းကင္နဲ႕ေျမႀကီးနဲ႕အတူ တည္ရွိသြားၾကတယ္။ ေျပာရရင္ သူတို႔က ကမာၻေလာကႀကီးရဲ႕စည္းမ်ဥ္းေတြထဲက တစ္စိတ္တစ္ပိုင္းျဖစ္သြားသလိုပဲ။ ေရွးေခတ္တုန္းက လူေတြကေတာ့ အဲဒါကို ‘ကံတရား’ နဲ႕ ‘ကပ္ေဘးဆိုးႀကီး’ လို႔ေခၚၾကတယ္။ ‘ကံတရား’ ပဲျဖစ္ျဖစ္၊ ‘ကပ္ေဘးဆိုးႀကီး’ ပဲျဖစ္ျဖစ္ အဲဒီႏွစ္မ်ိဳးလုံးဟာ အကန႔္အသတ္ရွိတယ္။ ကမာၻေလာကႀကီးေပၚမွာ လက္ခံထားနိုင္တဲ့ လူသား-မိစာၦအေရအတြက္ဟာလည္း အကန႔္အသတ္ရွိတယ္။ မ်ိဳးႏြယ္စုတစ္စုစီတိုင္းမွာ တစ္ေယာက္ပဲျဖစ္နိုင္တယ္__လူသားထဲမွာ တစ္ေယာက္၊ နတ္ဆရာထဲမွာ တစ္ေယာက္၊ ၿပီးေတာ့ အခုေကာင္းရွန္းမ်ိဳးႏြယ္ထဲမွာ တစ္ေယာက္”

(T/N

ယန္းခ်ိဳးရွန္းဆိုလိုတဲ့အဓိပၸာယ္က ခ်ိယြမ္းဟာခ်ိပ္ပိတ္ခံထားရလို႔ ကမာၻေပၚမွာ လူသား-မိစာၦေတြေနာက္ထပ္ထြက္ေပၚမလာနိုင္ေတာ့တာမဟုတ္ဘဲ လူသား-မိစာၦေတြဟာ မ်ိဳးႏြယ္စုတစ္စုမွာ တစ္ေယာက္တည္းပဲရွိနိုင္တယ္လို႔ေျပာခ်င္တာပါ)

ယန္းခ်ိဳးရွန္းက ၿပဳံးရယ္လိုက္သည္။ မီးခတ္ေက်ာက္တုံးမ်ားႏွင့္တူေသာ သူ၏မ်က္လုံးမ်ားထဲမွ မီးပြားအလင္းေရာင္မ်ားလြင့္စင္ထြက္လာသည့္ႏွယ္။ သူ၏ကိုယ္တြင္း၌ အခ်ိန္ၾကာျမင့္စြာဖုံးကြယ္သိုဝွက္ထားရေသာ သူ၏ဝိညာဥ္သည္ကား လမ္းေလွ်ာက္ေနေသာအေလာင္းေကာင္ပမာျဖစ္ေနခဲ့ေသာ သူ၏ခႏၶာကိုယ္အား ေနာက္ဆုံးတြင္ျပန္လည္ထိန္းခ်ဳပ္နိုင္သြားသည့္အလား။

“တစ္ေကာင္ေလ်ာ့သြားေတာ့လည္း ျပႆနာတစ္ခုေလ်ာ့သြားတာေပါ့။ လမ္းျပေပးခဲ့တဲ့လူႀကီးမင္းတို႔အားလုံးကို ေက်းဇူးတင္ပါတယ္”

“မင္း ဘာလုပ္…..”

သူ႕စကားမဆုံးလိုက္ခင္မွာပင္ ယန္းခ်ိဳးရွန္းသည္ ေသးငယ္ေသာေႂကြေသတၱာဘူးေလးတစ္လုံးကိုထုတ္ယူလိုက္သည္__သူသည္ ‘က်န႔္’ အဆိပ္မ်ားထည့္ထားေသာ အဆိုပါေသတၱာဘူးေလးအား ကိုယ္ႏွင့္မကြာေဆာင္ထားခဲ့တာျဖစ္သည္။ မ်က္မျမင္လူႀကီးတို႔အုပ္စုသည္ကား ယန္းခ်ိဳးရွန္းမွာ ဂူသခၤ်ိဳင္းအရွင္သခင္ လူသား-မိစာၦျဖစ္သူအား က်ီးခြၽင္း၏ဓားသြားကိုျပန္လည္ျပဳျပင္ေပးပါရန္ေတာင္းဆိုရန္အတြက္ျဖစ္လိမ့္မည္ဟု ထင္မွတ္ေနၾကသည့္အတြက္ ထိုအရာကို သိပ္ၿပီးဂ႐ုမစိုက္ခဲ့ၾကပါေခ်။ ထိုအခိုက္မွာပင္ ယန္းခ်ိဳးရွန္းက စိတ္ပိုင္းျဖတ္လိုက္ၿပီး အႏွီ ‘က်န႔္’ အဆိပ္ေသတၱာေလးအား သလင္းေက်ာက္နံရံထက္ဆီသို႔ပစ္ေပါက္ကာ ပ်က္စီးေၾကမြသြားေစလိုက္သည္။ သူ၏ေနာက္ဆုံးေသာထင္ေယာင္ထင္မွားေမွ်ာ္လင့္ခ်က္မ်ားအား သူ႕လက္ျဖင့္သူကိုယ္တိုင္ဖ်က္ဆီးေခ်မြလိုက္သည့္ႏွယ္။ အဆုံးမရွိေသာအမုန္းတရား အာဃာတမ်ားကိုထည့္သြင္းထားသည့္ ေရသူအဆိပ္မ်ားမွာ လွ်ပ္တစ္ျပက္အတြင္းမွာပင္ သလင္းေက်ာက္နံရံတစ္ခုလုံးအား ေသြးနီေရာင္မ်ားျဖင့္စြန္းထင္းေပက်ံသြားေစေတာ့သည္။ ယန္းခ်ိဳးရွန္း၏လက္ထဲတြင္ရွိေနေသာ ရင္းမင္က်င္းဓားမွာလည္း ႐ုတ္ခ်ည္းပင္ဆန႔္ထြက္ရွည္လ်ားလာကာ ေက်ာက္သားနံရံထက္သို႔ထိေတြ႕လိုက္ခ်ိန္ဝယ္ မီးေတာက္မီးပြားမ်ားလြင့္စင္ထြက္လာၿပီးေသာ္ စုတ္ခ်က္အခ်ိဳ႕ကိုေရးဆြဲေနေတာ့သည္။ သို႔ေသာ္ ထိုစုတ္ခ်က္မ်ားသည္ ပူေဆြးယဇ္ပူေဇာ္ပြဲႏွင့္ပတ္သက္ေသာယဇ္စာသားမ်ားမဟုတ္ၾကပါေခ်။

ဝမ္ဇယ္သည္ ယန္းခ်ိဳးရွန္းႏွင့္အလြန္အင္မတန္ရင္းႏွီးသူတစ္ဦးျဖစ္သည္။ ရင္းႏွီးသည္မွ ယန္းခ်ိဳးရွန္းတစ္ေယာက္ ဓားတစ္ခ်က္ဝင့္လိုက္သည္ႏွင့္ ေနာက္တစ္ဆင့္သူဘာဆက္လုပ္ေတာ့မလဲဆိုတာကို သိႏွင့္ေနၿပီးသားျဖစ္သည္အထိပင္။ ထိုအရာမွာ သတၱဳအမ်ိဳးအစားထူးျခားစြမ္းရည္ပိုင္ရွင္မ်ားသာအသုံးျပဳနိုင္ေသာ မႏၲန္အစီအရင္တစ္မ်ိဳးျဖစ္သည္။ အခ်ိန္တခဏအတြင္းမွာပင္ လူတစ္ေယာက္၏ကိုယ္ေပၚတြင္ရွိေသာ စြမ္းအားမ်ားကိုဆြဲယူလိုက္ၿပီး သူ႕လက္ထဲရွိ သတၱဳပစၥည္းမ်ားေပၚတြင္ရွိေသာ Free Electron မ်ားကို အသစ္တဖန္ျပန္လည္ပ်ံ့ႏွံ႕ျဖန႔္က်က္သြားေစကာ‌ အားေကာင္းေသာလွ်ပ္စစ္စက္ကြင္းတစ္ခုျဖစ္ေပၚလာေစသည္။ အဆိုပါလွ်ပ္စစ္စက္ကြင္းမွာ အလြန္တရာေသးငယ္ေသာေနရာအတိုင္းအတာအတြင္းသို႔ ထိုးခြင္းေဖာက္ထြက္နိုင္စြမ္းရွိၿပီး မ်ားေသာအားျဖင့္ ထိုအရာကို အႏၲရာယ္ရွိေသာအရာဝတၳဳမ်ားအား မီးရွို႔ေဖာက္ခြဲပစ္ေသာေနရာ၌အသုံးျပဳျခင္းျဖစ္သည္။

အထူးသျဖင့္ အလုံပိတ္ျဖစ္ေနေသာ ဤေနရာမ်ိဳးတြင္ျဖစ္သည္!

လွ်ပ္တစ္ျပက္အတြင္းမွာပင္ သူဘာလုပ္ခ်င္ေနသလဲဆိုသည္ကို ဝမ္ဇယ္တစ္ေယာက္သေဘာေပါက္သြားရွာေတာ့သည္။ ၎မွာ ထိတ္လန႔္တုန္လႈပ္သြားလ်က္ ‘ေသြးနီေရာင္ဆိုးေဆး’ မ်ားေနရာအႏွံ႕စြန္းထင္းသြားေသာ ေက်ာက္သားနံရံအား မ်က္လုံးအျပဴးသားျဖင့္စိုက္ၾကည့္ေနမိေလသည္။

အဆိုပါ ‘က်န႔္’ ဟုေခၚတြင္ေသာဆိုးေဆးမ်ားမွာ ေခ်ာေမြ႕ေသာအဆီဓာတ္အာနိသင္ရွိၿပီး လတ္ဆတ္ေသာအေသြးအသားတို႔ကိုႀကိဳက္ႏွစ္သက္၏။ စကၠဴစ သို႔မဟုတ္ ပိတ္စသားတို႔ျဖင့္ပိုင္းျခားထားလွ်င္ေတာင္မွ ထိုအရာမ်ားထဲသို႔လ်င္ျမန္စြာစိမ့္ဝင္သြားနိုင္စြမ္းရွိေလသည္။ ထိုအရာမွာ အလင္းေရာင္ႏွင့္မီးကိုေၾကာက္၏။ အဘယ္ေၾကာင့္ဆိုေသာ္ သူ႕အထဲတြင္ပါဝင္ေသာအဆီဓာတ္မွာ မီးေလာင္လြယ္ေသာေၾကာင့္ျဖစ္သည္။ ထို႔ျပင္ အဆိပ္ရွိေသာေရသူေသြးမ်ား၏ စြမ္းအင္သိပ္သည္းဆမွာလည္း အလြန္တရာျမင့္မားလွေပရာ မီးတစ္ခ်က္စြဲေလာင္သြားသည္ႏွင့္တစ္ၿပိဳင္နက္  ခ်က္ခ်င္းဆိုသလိုပင္ေပါက္ကြဲမႈမ်ားျဖစ္ေပၚသြားမည္ျဖစ္သည္။

ထိုအခ်ိန္၌ပင္ ပူေဆြးယဇ္ပူေဇာ္ပြဲေၾကာင့္ျဖစ္ေပၚလာႏွင့္ၿပီးျဖစ္ေသာ သူႏွင့္အျခားလူမ်ားကို ပိုင္းျခားထားသည့္အကာအရံမွာလည္း ေတာင့္တင္းခိုင္မာလွသလို အလြယ္တကူမေပါက္ကြဲမပ်က္စီးနိုင္ပါေခ်။ သို႔ျဖစ္ရာ ဤေနရာ၌ နံရံတစ္ျပင္လုံးအျပည့္ ‘က်န႔္’ မ်ားစြန္းထင္းေနေသာသလင္းေက်ာက္နံရံႀကီးသာ မီးစြဲေလာင္သြားမည္ဆိုပါက ေကာင္းရွန္းမင္းသားမွာလည္း တစ္စစီျဖစ္သြားမည္ျဖစ္သည္!

(T/N

ဒီစာပိုဒ္ရဲ႕ဆိုလိုရင္းကို မ်က္စိလည္သြားမွာစိုးလို႔ နည္းနည္းရွင္းျပမယ္ေနာ္။ ဟိုးအေပၚစာပိုဒ္တစ္ခုမွာေျပာထားခဲ့တာ မွတ္မိေသးလားမသိဘူး။ ပူေဆြးယဇ္ပူေဇာ္ပြဲကိုဆင့္ေခၚလိုက္မႈေၾကာင့္ ယန္းခ်ိဳးရွန္းနဲ႕ တျခားလူေတြရဲ႕ၾကားထဲမွာ ေရပူေဖာင္းလိုမ်ိဳး အကာအရံတစ္ခုျဖစ္ေပၚသြားခဲ့ပါတယ္။  အဲဒီေရပူေဖာင္းအကာအရံက ယန္းခ်ိဳးရွန္းနဲ႕ သလင္းေက်ာက္နံရံကို ဝိုင္းပတ္ထားလိုက္တာမို႔ အကာအရံရဲ႕အတြင္းပိုင္းထဲမွာ သူရယ္၊ ေက်ာက္နံရံရယ္ပဲရွိေနတာပါ။ ဒါေၾကာင့္ သူက ‘က်န႔္’ အဆိပ္ေတြေပက်ံေနတဲ့ နံရံကိုမီးရွို႔ေဖာက္ခြဲပစ္လိုက္မယ္ဆိုရင္ေတာင္ အကာအရံအျပင္ဘက္မွာရွိေနတဲ့လူေတြကို ထိခိုက္သြားေစမွာမဟုတ္ဘဲ ေက်ာက္သားနံရံႀကီးသာေပါက္ကြဲသြားမွာပါ)

လူသား-မိစာၦမ်ားမွာ ေကာင္းကင္၊ ေျမႀကီးႏွင့္ အတူယွဥ္တြဲတည္ရွိေနနိုင္ေသာစြမ္းအားမ်ိဳးရွိသည့္တိုင္ေအာင္ ‘ေကာင္းကင္၊ ေျမႀကီးႏွင့္ လူသား’ တို႔အုပ္စုထဲတြင္ အဆင့္အနိမ့္ဆုံးသတၱဝါျဖစ္ၿပီး သူ႕အား လက္ခံထားမည့္ခႏၶာကိုယ္တစ္ခုလိုအပ္သည္။ လြန္ခဲ့ေသာႏွစ္ေပါင္းသုံးေထာင္မွ လက္ရည္ျမင့္ဆရာႀကီးမ်ား၏ အဆိုပါမိစာၦသတၱဝါကိုကိုင္တြယ္ေျဖရွင္းသည့္နည္းလမ္းမွာ သူတို႔၏ခႏၶာကိုယ္ကိုပါ တစ္ပါတည္းခ်ိပ္ပိတ္ထားခဲ့ျခင္းျဖစ္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ မိစာၦအသက္ဓာတ္မ်ားလြတ္ထြက္သြားပါက ၎တို႔အားျပန္လည္၍ဖမ္းခ်ဳပ္ထိန္းသိမ္းရန္ပို၍မလြယ္ကူေသာေၾကာင့္ျဖစ္သည္။ သို႔ေသာ္ ခ်ိယြမ္းမွာ ႏွစ္ေပါင္းသုံးေထာင္မွ်ဖိႏွိပ္ခံထားရေသာေၾကာင့္ မိစာၦစြမ္းအားကိုထိန္းသိမ္းလက္ခံထားနိုင္စြမ္းရွိေသာ လက္ခံေကာင္ခႏၶာကိုယ္အေရအတြက္မွာ လူသား-မိစာၦမ်ားကိုယ္တိုင္ထက္ပင္ ပို၍ယုတ္ေလ်ာ့နည္းပါးသြားၿပီျဖစ္သည္။

ထိုအရာကို တစ္စမက်န္ ေဖာက္ခြဲဖ်က္ဆီးပစ္လိုက္ပါက သူတို႔သည္ကား ေကာင္းရွန္းလူသား-မိစာၦအေၾကာင္းကို စဥ္းစားနိုင္ေတာ့မဟုတ္ပါေခ်။

က်ီးခြၽင္းတစ္ေယာက္ ပင္လယ္အဆိပ္အေတာက္မ်ားကူးစက္သြားစဥ္အခါက ယန္းခ်ိဳးရွန္းသည္ မေရမတြက္နိုင္ေလာက္ေအာင္မ်ားျပားလွေသာ သုေတသနသတင္းအခ်က္အလက္မ်ားကို သဲႀကီးမဲႀကီးေမႊေႏွာက္ရွာေဖြခဲ့ဖူးသည္__ပင္လယ္အဆိပ္မ်ားႏွင့္ပတ္သက္ေသာအေၾကာင္းအရာမ်ား၊ ရွန႔္ကြၽန္းမ်ားႏွင့္ပတ္သက္ေသာအခ်က္အလက္မ်ား စသျဖင့္။

သို႔ေသာ္ သူ ရွာေဖြေလေလ ပို၍သံသယဝင္လာရေလေလျဖစ္ခဲ့သည္။

ရွန႔္ကြၽန္းမ်ားဟူသည္ ရွန႔္ပိုးေကာင္မ်ားျဖင့္ျပဳလုပ္ဖြဲ႕စည္းထားျခင္းျဖစ္သည္။ ရွန႔္ပိုးေကာင္မ်ားမွာ စက္ဆုပ္႐ြံရွာစရာေကာင္းေသာသတၱဝါမ်ားျဖစ္ေသာ္ျငား ၎တို႔မွာ အလြန္တရာအကင္းပါးၿပီး ‘သက္ရွိအေငြ႕အသက္’ မ်ားကိုေၾကာက္႐ြံ႕ၾက၏။ ပင္လယ္ကမ္းေျခတစ္ေလွ်ာက္တြင္ ငါးဖမ္းနယ္ေျမမ်ားႏွင့္ အေပ်ာ္စီးသေဘၤာမ်ားအမ်ားအျပားရွိၾကေလရာ မၾကာခဏဆိုသလို လူသားမ်ားႏွင့္ပင္လယ္ေရသတၱဝါမ်ား၏ သက္ဝင္လႈပ္ရွားမႈမ်ားျဖင့္စည္ကားသိုက္ၿမိဳက္ေနေလ့ရွိသည္။ သို႔ျဖစ္ရာ လူသားပိုင္နက္နယ္ေျမအနားသို႔ေရာက္ပင္မေရာက္နိုင္ခင္မွာပင္ အဆိုပါရွန႔္ပိုးေကာင္မ်ားသည္ ေၾကာက္လန႔္တၾကားျဖင့္အရပ္ေလးမ်က္ႏွာသို႔ ကစဉ့္ကလ်ားထြက္ေျပးသြားၾကမည္ျဖစ္ၿပီး ရွန႔္ကြၽန္းမွာလည္း သူ႕အလိုလိုပင္ ၿပိဳကြဲပ်က္စီးသြားမည္ျဖစ္သည္။ လုံးဝကို အနားသို႔ကပ္လာနိုင္မည္မဟုတ္ပါေခ်။

လူဦးေရထူထပ္သိပ္သည္းလွေသာ သူတို႔မိခင္တိုင္းျပည္အတြင္း၌ပင္မဆိုထားဘိ၊ ဧရိယာႀကီးမားက်ယ္ျပန႔္ၿပီး လူဦးေရနည္းပါးေသာ တိုက္မ်ားအတြင္းမွာပင္ ရွန႔္ကြၽန္းမ်ားသည္ လူေနပိုင္နက္မ်ားအနီးသို႔ကပ္လာသည့္ျဖစ္ရပ္မ်ိဳးကို သမိုင္းတစ္ေလွ်ာက္ တစ္ႀကိမ္တစ္ခါမွမၾကားခဲ့ဖူးပါေခ်။

ဤသို႔ဆိုလွ်င္…ကမ္းေျခအနားသို႔ကပ္လာၾကေသာ ရွန႔္ကြၽန္းမ်ားမွာ မည္သည့္ေနရာမွေရာက္ရွိလာၾကပါသနည္း?

ယန္းခ်ိဳးရွန္းသည္ လွ်ို႔ဝွက္ႀကံစည္ျခင္းသီအိုရီမ်ားကို အလြယ္တကူလက္ခံယုံၾကည္တတ္သူမဟုတ္ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိမွာ သူမ်ားတကာက လွ်ို႔ဝွက္ႀကံစည္ေလာက္စရာမရွိေသာလူတစ္ေယာက္ျဖစ္သည္ဟု ကိုယ္တိုင္လည္းလက္ခံနားလည္ထားေသာေၾကာင့္ျဖစ္သည္။ သူတို႔မိသားစု၏ေသြးမ်ားမွာ အေတာ္ေလးကို ေသြးေႏွာသြားၿပီျဖစ္ၿပီး သူ၏မိဘေဆြမ်ိဳးအမ်ားစုသည္ သာမန္လူသားမ်ားသာျဖစ္ၾကသည္။ ဟိုဟိုသည္သည္လႈပ္ရွားသြားလာမႈမ်ားလည္း သိပ္မရွိၾကပါေခ်။ မိမိမွာလည္း လူအမ်ားႏွင့္ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္သူတစ္ဦးမဟုတ္သလို သူ၏အသက္ေမြးလမ္းေၾကာင္းအတြင္း၌လည္း ႀကီးႀကီးမားမားစြမ္းေဆာင္ခ်က္မ်ားရရွိရန္မျဖစ္နိုင္ပါေခ်။ ထမင္းတစ္လုပ္စားရရန္အတြက္ အသက္ႏွင့္ရင္းကာ လုပ္သင့္လုပ္ထိုက္ေသာအလုပ္တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္ခဲ့ျခင္းသာရွိသည္။ သူ၏ရာထူးမွာလည္း သည့္ထက္ပိုၿပီးျမင့္တက္သြားစရာအေၾကာင္းမရွိေတာ့ပါေခ်။

ကြင္းဆင္းဝန္ထမ္းမ်ားမွာ လုပ္ခလစာေကာင္းသူမ်ားျဖစ္သျဖင့္ သူသည္လည္း သက္ေတာင့္သက္သာျဖင့္အသက္ရွင္ေနထိုင္နိုင္ေသာ လူေနမႈဘဝကိုပိုင္ဆိုင္ထား၏။ သို႔ေသာ္ အဆုံးတြင္မူ ထိုလစာမွာ သာမန္လစာပမာဏတစ္ခုသာျဖစ္ေနဆဲျဖစ္ၿပီး ‘ခ်မ္းသာႂကြယ္ဝျခင္း’ ဟူသည့္စကားလုံးႏွင့္ေတာ့ ၎မွာ အလွမ္းေဝးကြာေနဆဲျဖစ္သည္။

ေငြေၾကးဥစၥာမရွိ၊ ရာထူးအာဏာမရွိေသာဘဝတြင္ သူပိုင္ဆိုင္သည့္အရာဟူ၍ က်ီးခြၽင္းတစ္ဦးတည္းသာရွိခဲ့တာျဖစ္သည္။

သို႔ေသာ္ သူ႕အတြက္ အဖိုးမျဖတ္နိုင္ေသာရတနာပစၥည္းတစ္ခုျဖစ္သည့္က်ီးခြၽင္းသည္ အျခားလူမ်ားအတြက္မူ မည္သို႔ေသာအရာမ်ိဳးျဖစ္ပါသနည္း?

၎မွာ အရပ္မ်က္ႏွာတစ္ဝွမ္း နာမည္ဂုဏ္သတင္းေမႊးပ်ံ့လွေသာ နာမည္ႀကီးဓားဆယ္လက္ထဲတြင္မပါဝင္သလို မ်ိဳးဆက္အဆက္ဆက္လက္ဆင့္ကမ္းလာေသာ မိစာၦဓားမ်ားကဲ့သို႔လည္း ၿပိဳင္ဘက္ကင္း ထက္ျမမႈတို႔မရွိပါေခ်။ ‘ေရွးေဟာင္းဓား’ တစ္လက္ျဖစ္ေသာ က်ီးခြၽင္းမွာ အလြန္တရာႏူးညံ့သိမ္ေမြ႕လွၿပီး ထက္ျမမႈမရွိေပ။ ဓားေပၚတြင္ ဓားနာမည္ႏွင့္တူေသာ ကမၺည္းစာမ်ိဳးေတာင္မွရွိမေနေပ။ အရည္အေသြးမျပည့္မီေသာ တစ္ဝက္တစ္ပ်က္ျပဳလုပ္ထားသည္ ထုတ္ကုန္ပစၥည္းတစ္ခုကဲ့သို႔ႏွယ္။ ဓားဝိညာဥ္မွာ ႏွစ္ေထာင္ေပါင္းမ်ားစြာအိပ္စက္ေနခဲ့ၿပီး သူ႕လက္ထဲသို႔ေရာက္လာေသာအခ်ိန္မွပင္ နိုးထလာခဲ့တာျဖစ္သည္။

လူကလည္း အေရးမပါေသာလူတစ္ေယာက္ျဖစ္ၿပီး ဓားမွာလည္း အေရးမပါေသာဓားတစ္လက္သာျဖစ္သည္။ သို႔ႏွင့္ေတာင္ မည္သူကမ်ား ကလိမ္ကက်စ္ဉာဏ္နီဉာဏ္နက္ေပါင္းမ်ားစြာထုတ္ကာ ၎အား အသုံးခ်ခ်င္ေနရပါသနည္း?

တစ္စုံတစ္ေယာက္က သူ႕အိမ္တံခါးေပါက္ဝသို႔ေရာက္ခ်လာၿပီး က်ီးခြၽင္းအား ျပန္လည္ျပဳျပင္ခ်င္သလားဟု ေမးျမန္းမလာေသးခင္အခ်ိန္အထိျဖစ္သည္။

ထိုအခ်ိန္ေရာက္ေသာအခါမွသာလွ်င္ သူသေဘာေပါက္သြား၏။ ထိုသူမ်ားလိုအပ္ေနေသာအရာမွာ ယဇ္စာသားမ်ားကို ေရးဆြဲေပးနိုင္မည့္ ေကာင္းရွန္းမ်ိဳးဆက္သစ္တစ္ေယာက္ျဖစ္သည္။

က်ီးခြၽင္းမရွိေတာ့သည္မွာ အေတာ္ၾကာခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ တစ္စုံတစ္ေယာက္ကေတာ့ သူ၏က်ိဳးပဲ့ေနေသာအပိုင္းအစမ်ားအေပၚတြင္ အျမတ္ထုတ္ခ်င္ေနတာျဖစ္သည္။ ယန္းခ်ိဳးရွန္းေတြးလိုက္သည္။ မိမိကဲ့သို႔ ကြင္းဆင္းဝန္ထမ္းတျဖစ္လဲ ထူးျခားစြမ္းရည္ပိုင္ရွင္မ်ားမွာ တသြင္သြင္စီးဆင္းေနေသာျမစ္ေခ်ာင္းမ်ားအတြင္းရွိ ေရစက္ေရေပါက္မ်ားပမာ DCO တြင္‌ ေထာင္ေသာင္းမကရွိတာပဲျဖစ္သည္။ အကယ္၍ တစ္အုပ္စုေသဆုံးသြားပါကလည္း လူသစ္မ်ားထပ္မံ၍ဝင္ေရာက္လာဦးမည္ျဖစ္သည္။ သို႔ေသာ္ အဆိုပါ ‘ေရွးေဟာင္းလူသား-မိစာၦ’ ဟုေခၚေသာအရာမွာမူ ထိုကဲ့သို႔မဟုတ္ပါေခ်။ ၎တို႔မွာ လက္တစ္ဖက္စာပင္မျပည့္ေသာအေရအတြက္သာရွိၿပီး အလြန္တရာအဖိုးအနဂၣထိုက္တန္ေသာအရာမ်ိဳးျဖစ္သည္။

သို႔ျဖစ္ရာ သူ႕လိုလူတစ္ေယာက္ကို လူသား-မိစာၦတစ္ေယာက္ႏွင့္ အလဲအလွယ္လုပ္ျခင္းသည္ကား လမ္းေပၚတြင္ေနရာအႏွံ႕ေျပးလႊားေနေသာ တက္စီတစ္စီးအား အေရအတြက္အကန႔္အသတ္သာရွိေသာ ေရွးေဟာင္းကားတစ္စီးႏွင့္ အလဲအလွယ္လုပ္ျခင္းႏွင့္တူေနေပသည္။ မည္သို႔ပင္ၾကည့္ၾကည့္ တြက္ေခ်ကိဳက္ေသာအလုပ္မ်ိဳးျဖစ္သည္။

မိမိသည္ ဤကမာၻေလာကႀကီးအတြင္းသို႔ဝင္ေရာက္လာခဲ့ဖူးၿပီ။ ေပ်ာ္႐ႊင္ခဲ့ဖူးၿပီ။ သာယာျပည့္စုံေသာဘဝမ်ိဳးတြင္ေနထိုင္ခဲ့ဖူးၿပီ။

အသက္ရွင္သင့္သေလာက္လည္း ရွင္ခဲ့ၿပီးၿပီ။

သည္ႏွစ္မ်ားအတြင္း သူစုံစမ္းရွာေဖြထားခဲ့ေသာအရာမ်ားကို ေသေသခ်ာခ်ာသိမ္းဆည္းထားခဲ့ၿပီးျဖစ္သည္။ သူ၏ယခင္တုန္းက လက္ေအာက္ငယ္သားေဟာင္းမ်ားကလည္း သူ႕ကိုအမွတ္တရရွိေနၾကဆဲျဖစ္သည္။ ၎တို႔သည္ သူခ်န္ရစ္ထားခဲ့ေသာသဲလြန္စမ်ားအတိုင္းစုံစမ္းကာ ဤေနရာအထိတိုင္ေအာင္ သူ႕ေနာက္သို႔လိုက္လာနိုင္ခဲ့သည္ဆိုပါက သည္ေနာက္ပိုင္းတြင္ သူခ်န္ရစ္ထားခဲ့ေသာပစၥည္းမ်ားကိုလည္း ရွာေတြ႕ေကာင္းရွာေတြ႕နိုင္ၾကလိမ့္မည္။

ယန္းခ်ိဳးရွန္းသည္ ေရသံမ်ားကိုၾကားေနရသည္။ ပင္လယ္ျပင္ႀကီး၏ဝမ္းနည္းပူေဆြးေသာသက္ျပင္းခ်သံကိုၾကားေနရသည္။ ကူယြဲ႕ရွီး၏ဝမ္းနည္းတႀကီးငိုေႂကြးေနသံကိုၾကားေနရသည္။ ဝမ္ဇယ္၏ေဒါသတႀကီး ေအာ္ဟစ္ဆဲဆိုသံမ်ားကိုၾကားေနရသည္……သို႔ေသာ္ ဆူညံပြက္ေလာရိုက္ေနေသာအသံဗလံမ်ားအၾကားဝယ္ သူ၏ကမာၻမွာမူ တည္ၿငိမ္ေအးခ်မ္းလ်က္ရွိေနသည္။ သူ၏လက္အစုံမွာလည္း ‘ထိုက္’ ေတာင္ႀကီးပမာ တည္ၿငိမ္ၿမဲၿမံစြာရွိေန၏။

လူေတြေသသြားၿပီးရင္ ဝိညာဥ္ဆိုတာ တကယ္ပဲရွိသလား?

အကယ္၍ သူသာ ထိုအေၾကာင္းကိုေစာေစာစီးစီးသိထားမည္ဆိုပါက သူ၏ယုံၾကည္ကိုးကြယ္မႈမ်ားကို ေျပာင္းလဲခ်င္သလိုစိတ္ႀကိဳက္ေျပာင္းလဲပစ္လိုက္မည္ျဖစ္သည္။ ဤနည္းအားျဖင့္ အႏွီအေသြးအသားႏွင့္ခႏၶာကိုယ္ထဲတြင္ ဝိညာဥ္တစ္ခုရွိပါလားဟူ၍ မေသခင္ သူ႕ကိုယ္သူ ေျဖသိမ့္သြားနိုင္မည္ျဖစ္သည္။ အဆိုပါဝိညာဥ္သည္ကား ေကာင္းကင္ဘုံထက္သို႔တက္ေရာက္သြားနိုင္သလို ငရဲဘုံသို႔လည္းဆင္းသက္သြားနိုင္စြမ္းရွိၿပီး သူေပ်ာက္ဆုံးသြားခဲ့ေသာအရာမ်ားအားလုံးကို ေနာက္ထပ္တစ္ႀကိမ္ ျပန္လည္ရွာေဖြလိမ့္မည္ျဖစ္သည္။

“ယန္းခ်ိဳးရွန္း!”

ရင္းမင္က်င္းသည္ ေကာင္းရွန္းမင္းသားအားခ်ိပ္ပိတ္ထိန္းသိမ္းထားေသာ ေက်ာက္သားနံရံထက္ဝယ္ ရင္းႏွီးကြၽမ္းဝင္ေနေသာ အစီအရင္တစ္ခုကိုခ်န္ရစ္ခဲ့ေလသည္။ ဝမ္ဇယ္မွာ အေစာတုန္းကထက္ပင္ ပို၍စူးရွျပတ္သားေသာ အသံက်ယ္ႀကီးျဖင့္ အဆုတ္ကြဲလုမတတ္ေအာ္ဟစ္လိုက္သည္။

“ခင္ဗ်ား ႐ူးေနလား!”

繼續閱讀

You'll Also Like

707K 109K 161
This novel isn't mine and I just translate;it's fun translation. ဒါလေးကို ဘာသာပြန်တဲ့လူရှိလားရှာခဲ့ပေမယ့် မရှိဘူးထင်လို့ပါ၊ ပြန်ထားတဲ့လူရှိတယ်ဆိုရင်...
1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
677K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
3.5M 282K 89
|| Zaw & Uni || မေမ်ွာ္လင့္ထားေသာ အခ်စ္.... ဒါက fantasy အမိ်ဳးအစားေလးပါ။ Title မွာလိုမ်ိဳး ' မာနႀကီးတဲ့ကြၽန္ေတာ့္ ေယာက်ာ္းရဲ႕ကိုယ္ဝန္ရိွေနတယ္တဲ့ ' bl...