သူတို့သုံးယောက်သား ဖုတ်ကောင်လေးကို အံ့သြတကြီးနဲ့ကြည့်လိုက်မိကြသည်။
ဖုတ်ကောင်လေးက ထက်ရှတဲ့ဓားမြှောင်ကို အရုပ်တစ်ရုပ်လိုမျိုး လက်ထဲမှာလှည့်ပတ်ဆော့နေလေသည်။
ရုန်ယိမှာ တံတွေးမြိုချမိလိုက်၏။
"ကျန်း...ကျန်းမု..ဘာလုပ်နေတာလဲ"
ဖုတ်ကောင်လေးက သူ့ဗိုက်ကိုညွှန်ပြပြီး
"ထွက်...ထွက်...ထွက်.."
"သူထွက်လာတော့မယ်ဆိုတာသိပါတယ်...ဓားမြှောင်ကို အဖေ့ကိုပြန်ပေးလိုက်နော်..ဒီတော့မှ ကလေးလေးကမကြာခင်ထွက်လာနိုင်မှာ..လိမ္မာတယ်နော်..."
ဖုတ်ကောင်လေးက ရုန်ယိဗိုက်ကိုအရင်ကြည့်လိုက်ပြီးနောက် နာနာခံခံလေးနဲ့ ယင်ကျင်းရဲ့ဆီကို ဓားမြှောင်ပြန်ပေးလိုက်သည်။ ဒါပေမဲ့ ယင်ကျင်းရဲ့လှမ်းယူတော့မဲ့အချိန်မှာဘဲ သူက ရုတ်တရက်လှည့်ကာ ရုန်ယိဗိုက်ကိုလှမ်းခွဲလိုက်တာကြောင့် ပူတင်းနေတဲ့ဗိုက်ပေါ်မှာ သွေးစီးကြောင်းတစ်ခုက ချက်ချင်းဖြစ်ပေါ်လာတော့လေသည်။
ရန်ချိုးရွှမ် ထအော်မိသွားသည်။
"ဗိုက်ခွဲခံလိုက်ရပြီ!...ဗိုက်ပွင့်သွားပြီ!...အိုး..ဘုရားရေ!!.."
ရုတ်တရက် သွေးစီးကြောင်းက ထိုးခွဲခံလိုက်ရပြီး အထဲကနေ သွေးစွန်းနေတဲ့ လက်လေးတစ်ဖက်ထွက်လာလေသည်။
လူတိုင်း ထိတ်လန့်တကြီးဖြစ်သွားကြတော့သည်။
ရုန်ယိ သူ့ဘာသာရေရွတ်လိုက်မိ၏။
"ဒီလိုကြောက်စရာမြင်ကွင်းကြီးက တစ်ကယ်ကြီးကိုငါ့ဆီမှာဖြစ်နေတာဘဲဟ!"
ဖုတ်ကောင်လေးကတော့ တခစ်ခစ်ရယ်လိုက်ကာ ထိုလက်လေးကိုသူ့လက်လေးနဲ့ဆွဲကိုင်လိုက်လေသည်။
ရုန်ယိမှာ သူ ကလေးကိုတိုက်ရိုက်ကြီးဆွဲထုတ်လိုက်မှာစိုးတာကြောင့် အမြန်ပြောလိုက်သည်။
"နေဦး!!!"
သူ့စကားမဆုံးခင်မှာဘဲ ယင်ကျင်းရဲ့က ဓားရိုးနဲ့ သူ့ကိုသတိမေ့သွားအောင်ရိုက်ချလိုက်လေသည်။
သူသတိလစ်မသွားခင်တွေးနေမိတာကတော့ ကလေးမွေးနေတုန်း ကိုယ့်ကျင့်ကြံဖော်ရဲ့ သတိလစ်အောင်အရိုက်ခံလိုက်ရတဲ့ ကိုယ်ဝန်ဆောင်ယောက်ျားက သမိုင်းမှာ သူတစ်ယောက်ထဲသာရှိပေလိမ့်မည်ဟု...။
ရန်ချိုးရွှမ်က စိုးရိမ်တကြီးဖြစ်သွားကာ
"ကျင်းရဲ့...မင်းဘာလုပ်လိုက်တာလဲ!"
ယင်ကျင်းရဲ့ သူမကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး
"သူက သူ့ကိုယ်သူကလေးမွေးဖွားဖို့အသင့်ပြင်ပြီးတဲ့ပုံမပေါ်ဘူး..ဒါကြောင့် ဒီလိုမြင်ကွင်းမျိုးကိုသူမတွေ့တာပိုကောင်းလိမ့်မယ်"
ရန်ချိုးရွှမ်လည်း ဒါကဖြစ်သင့်တယ်လို့ထင်သည်။ အကယ်၍ ရုန်ယိသာ ဒီလိုမျိုး 'နေဦး' ဟု ဆက်အော်နေခဲ့ရင် ကလေးကသူ့ဘာသာသူထွက်လာပေတော့မည်။
သူမ ဗိုက်ထဲက လက်လေးကိုညျွန်ပြလိုက်ပြီး
"ငါတို့အခု ဘယ်လိုလုပ်ကြမလဲ"
ယင်ကျင်းရဲ့က ဖုတ်ကောင်လေးခွဲထားတာကိုပိုကျယ်အောင်လုပ်လိုက်သည်။
"ကလေးကို တိုက်ရိုက်ဘဲထုတ်ယူလိုက်ကြတာပေါ့"
သူ ဖုတ်ကောင်လေးကို ကလေးလက်လေးကိုလွှတ်ပေးဖို့ပြောလိုက်ပြီး ကလေးကို ဗိုက်ထဲကနေ ဖြေးဖြေးလေးဆွဲထုတ်လိုက်သည်။
ကလေးက သွေးတွေနဲ့ဖုံးလွှမ်းနေတာကြောင့် ရန်ချိုးရွှမ်က အမြန် ချက်ကြိုးကိုဖြတ်လိုက်ကာ ရုန်ယိဗိုက်ကို ဆေးနဲ့ပြန်ပိတ်လိုက်ပြီး ရှင်းဟယ်ကို လှမ်းပြောလိုက်သည်။
"ရှင်းဟယ်..အနီးနားမှာ ရေရှိတဲ့နေရာတွေ့မလားကြည့်ပါဦး...ကလေးနဲ့ ယိအာကို ရေနဲ့သန့်စင်ပေးဖို့လိုသေးတယ်"
ရှင်းဟယ်ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..ဒီကနေသိပ်မဝေးတဲ့နေရာမှာ ရေတံခွန်တစ်ခုတော့တွေ့ခဲ့တယ်..ကျွန်တော်တို့အဲ့မှာ ခဏလောက်အနားယူလို့ရတယ်"
ယင်ကျင်းရဲ့က ကလေးကိုချီထားတုန်းဖြစ်ကြောင်းတွေ့တဲ့အခါ ရန်ချိုးရွှမ်က ကလေးကိုလက်လွှဲယူလိုက်ပြီး
"ကလေးက အရမ်းသေးပြီး အရမ်းအားနည်းသေးတယ်..မင်း ဒီလိုမျိုးချီထားလို့မရဘူး..သိရဲ့လား"
သူမက နူးညံ့တဲ့ပုဝါစလေးကိုထုတ်ကာ ကလေးကိုသန့်ရှင်းအောင်သုတ်ပေးလိုက်သည်။
"သူက ယိအာ ငယ်ငယ်တုန်းကနဲ့တစ်ပုံစံတည်းဘဲ.."
သူမက အပြုံးလေးနဲ့ဆက်ပြောလိုက်သည်။
"ဒါပေမယ့် တစ်ကယ်တမ်းသူဗိုက်ထဲမှာနေခဲ့ရတဲ့အချိန်တွေအရဆို..အခု သူ့အသက်က သုံးနှစ်လောက်ဖြစ်နေရမှာ"
ယင်ကျင်းရဲ့လည်း ခေါင်းငြိမ့်လိုက်သည်။ သူက တစ်ကယ့်ကိုယင်ထောင်ရဲ့ အမြွှာညီလေးဘဲ..ရုပ်ကတစ်ပုံစံတည်းတူလေသည်။
ရန်ချိုးရွှမ်က ပြုံးပြီးမေးလိုက်သည်။
"မင်း ကလေးနာမည်ရောစဥ်းစားပြီးသွားပြီလား"
ယင်ကျင်းရဲ့ သူမရဲ့မေးခွန်းကြောင့် အကျပ်ရိုက်သွားရကာ ခဏလောက်စဥ်းစားလိုက်ပြီးမှ
"ယင်ဟွေ"
သူ ယင်ဟွေ့လို့ပေးချင်ပေမဲ့ ဟွေ့ဆိုတဲ့အသံက မိန်းမဆန်တာကြောင့် သူ ဟွေလို့ပြောင်းလိုက်တာဖြစ်လေသည်။
[##
悔 huǐ ဟွေ (နောင်တ)ပါ
晦 huì ဟွေ့ (ညခင်း ၊ အမှောင်)ပါ ]
ရန်ချိုးရွှမ်က ကလေးကိုချီထားရင်း တော်တော်လေးကိုပျော်ရွှင်ကြည်နူးနေလေသည်။
"ယင်ဟွေ...ယင်ဟွေ..ကောင်းလိုက်တဲ့နာမည်လေးဘဲ ဟုတ်တယ်မလား..ယင်ဟွေရေ..ငါကမင်းရဲ့အဘွားနော်..ဒီမျက်နှာကိုမှတ်ထားဦး.."
ယင်ကျင်းရဲ့က ထပ်ပြောလိုက်သည်။
"အိမ်ခေါ်နာမည်က ယင်စန်စန်"
ရန်ချိုးရွှမ် "......"
ဒါက ဘယ်လိုတောင် အဓိပ္ပာယ်မရှိတဲ့နာမည်ကြီးလဲ...
ယင်ကျင်းရဲ့က အသံတိမ်တိမ်နဲ့
"အဲ့တာ ခင်ဗျားရဲ့သား ပေးထားတာ"
ရန်ချိုးရွှမ် "......"
သူမသားက အခုထိနာမည်မပေးတတ်သေးဘူးဘဲ.. မှတ်မိပါသေးသည်...ယင်ထောင်မွေးတုန်းကလည်း သူမသားက မက်မွန်သီးဆိုတဲ့ ထောင်နဲ့ ယင်ထောင်လို့နာမည်ပေးခဲ့တာကို...နောက်တော့မှ သခင်မကြီးက ယင်ထောင်ရဲ့ ထောင်ကို ဓားအိမ်ဆိုတဲ့ထောင်ကို ပြောင်းပေးခဲ့ရတာ....
အဲ့အချိန်က သူမတော့ရှိမနေခဲ့ပေမယ့် ဒါတွေက သခင်မကြီးပြန်ပြောပြခဲ့တာဖြစ်လေသည်။
အခုလည်း သူမသားက သူ့သားကို ယင်စန်စန်လို့ နာမည်ပေးပြန်လေပြီ..သူ့ကျင့်ကြံဖော်က တစ္ဆေဆန်နေတာမလုံလောကျသေးဘူးလို့များထင်နေလို့လား.. သူ့သားကို ယင်စန်စန်လို့ နာမည်ပေးထားရအောင်....
[##
森 sēn စန် ဆိုတာ တစ္ဆေဆန်တယ် သုန်မှုန် အုံ့မှိုင်းနေတယ် ဆိုတဲ့အဓိပ္ပါယ်ပါ]
ဖုတ်ကောင်လေးက ကလေးလေးရှေ့ကို သိချင်စိတ်အပြည့်နဲ့ ပျံသန်းလာပြီး ကလေးရဲ့နူးညံ့နေတဲ့မျက်နှာသေးသေးလေးကို တို့ကြည့်လိုက်သည်။
ကလေးလေးက သူ့ကိုနည်းနည်းလောက်ကြည့်ပြီး တစ်ဖက်လှည့်ကာ သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။
ရန်ချိုးရွှမ် ထူးဆန်းသွားရသည်။
"ကလေးက ဘာလို့ငိုတာပြုတာမရှိရတာလဲမသိဘူး"
သူမက ကလေးရဲ့တင်ပါးလေးကို ခပ်စပ်စပ်လေးရိုက်ကြည့်လိုက်သည်။
ကလေးက သူမကို ကြီးမားလုံးဝန်းနေတဲ့ မျက်ဝန်းနက်ကလေးတစ်စုံနဲ့ ကြည့်လာပေမဲ့ ငိုတော့မငိုပေ။
ရန်ချိုးရွှမ် စိုးရိမ်သွား၏။
"ကလေးက အမြန်ထွက်လာရတော့..ပြဿနာတစ်ခုခုများရှိနေတာလား"
သူမက ကလေးကိုနောက်တစ်ကြိမ်ထပ်ရိုက်ကြည့်ဖို့လုပ်လိုက်သည်။
ဒါပေမဲ့ ဖုတ်ကောင်လေးက သူမလက်ကိုချက်ချင်းဆွဲဖမ်းလာသည်။
ရန်ချိုးရွှမ် သူ့ကို နားမလည်ဘဲ ကြည့်လိုက်ပြီး
"ဘာလို့လဲ"
"မလုပ်...မလုပ်...မလုပ်..."
ဖုတ်ကောင်လေးမှာ နောက်ဆုံးမှ စကားနောက်တစ်လုံးကို ခက်ခက်ခဲခဲနဲ့ပြောထွက်လာ၏။
"ရိုက်.."
ရန်ချိုးရွှမ်က ပြုံးပြီးမေးလိုက်သည်။
"မင်းက သူ့ကိုမရိုက်စေချင်တာပေါ့..ဟုတ်လား"
ဖုတ်ကောင်လေးက ခေါင်းလေးငြိမ့်ပြလာသည်။
အဲ့ဒီအချိန်မှာ အပြင်ဘက်က ရှင်းဟယ်က လှမ်းပြောလာသည်။
"မြို့သခင်မရန် မစိုးရိမ်ပါနဲ့...သခင်ငယ်လေးယင်ထောင်မွေးတုန်းကလည်း ဘယ်လောက်နာအောင်ရိုက်ရိုက်လုံးဝမငိုခဲ့ဘူးလို့ ရုန်စုပြောဖူးတယ်...ဒါပေမဲ့ အခု သူက တစ်ခြားကလေးတွေလိုမျိုး ပြေးပြေးလွှားလွှားနဲ့ ခုန်ပေါက်ကစားနေတာဘဲ...ခင်ဗျားလည်း သူ့ကိုသဘောကျမှာ သေချာတယ်"
"ငါ့မြေးလေးကို တွေ့ရဖို့တောင်မစောင့်နိုင်တော့ဘူး!"
လှည်းကရပ်သွားတဲ့အခါ အပြင်ဘက်ကနေ ရေစီးသံတွေကို သူတို့ကြားလိုက်ကြရသည်။
ရန်ချိုးရွှမ်က ကလေးကိုချီပြီး လှည်းထဲကနေထွက်ကာ ယင်ကျင်းရဲ့ကိုပြောလိုက်သည်။
"ကျင်းရဲ့..ငါ စန်စန်လေး ကို ရေထဲမှာသန့်ရှင်းပေးလိုက်မယ်"
"အင်း"
ယင်ကျင်းရဲ့ ရုန်ယိကို လှည်းထဲကနေချီထုတ်လိုက်ပြီး ရေတံခွန်ရဲ့ထောင့်တစ်နေရာကိုသွားကာ သူ့အဝတ်အစားတွေကိုချွတ်ပေးလိုက်ရင်းနဲ့ သူ့အကြည့်တွေက ရုန်ယိရဲ့လည်တိုင်ကနေပြီး ခြေဖျားထိ တဖြေးဖြေးရွေ့သွား၏။ ကလေးမွေးဖွားပြီးတာကြောင့် ရုန်ယိရဲ့ ဗိုက်က ပြန်ပြီးပြားချပ်သွားပေမဲ့ ပိုပြီးအားနည်းသွားလေသည်။ ဘာဘဲဖြစ်ဖြစ် ခန္ဓာကိုယ်ကတော့ တစ်ကယ့်ကို ကောင်းမွန်နေတုန်းဘဲ ဖြစ်လေသည်။
သူ ရုန်ယိကို ရေထဲချပေးလိုက်၏။
အေးစက်တဲ့ရေတွေနဲ့ထိတွေ့လိုက်ရတာကြောင့် ရုန်ယိတဖြေးဖြေးနဲ့သတိပြန်ရလာသည်။ ယင်ကျင်းရဲ့ကိုတွေ့လိုက်တဲ့အခါ သူသုန်မှုန်စွာနဲ့ပြောလိုက်လေသည်။
"အသက်ရှင်လာတဲ့တစ်လျှောက်လုံး လူတစ်ယောက်က ကလေးမွေးနေရင်းနဲ့ သတိလစ်အောင်အရိုက်ခံရတယ်ဆိုတာ တစ်ခါမှကိုမကြားခဲ့ဖူးဘူး "
ကလေးအကြောင်းပြောတော့မှ သူချက်ချင်းငုံ့ကြည့်လိုက်တဲ့အခါ သူကရေထဲမှာ ဘာအဝတ်အစားမှမပါဘဲလှဲလျောင်းနေတာဖြစ်မှန်းတွေ့လိုက်ရသည်။ သူချက်ချင်း ထထိုင်ကာ ဗိုက်ကိုထိလိုက်ပြီး
"အာ..ကလေးရော..ကလေးက အပြင်ရောက်သွားပြီလား!"
"အင်း"
ယင်ကျင်းရဲ့က သူ့သိုလှောင်လက်စွပ်ထဲကနေပြီး ရေခပ်တဲ့ခွက်လိုအရာမျိုးကိုထုတ်ယူလိုက်ကာ ရုန်ယိကိုရေလောင်းပြီးချိုးပေးလိုက်သည်။
"ဒါဆို ကလေးက ဒီလိုဘဲမွေးသွားပြီးပြီပေါ့"
ရုန်ယိ သူ့ကိုသူထင်ယောင်ထင်မှားဖြစ်နေတုန်းလို့သာ ထင်နေသည်။
"ကျွန်တော်ဘာမှလည်း မခံစားလိုက်ရဘူး"
သူက တီဗွီက ရုပ်ရှင်တွေမှာတွေ့ရသလိုမျိုး မနည်းအသက်လုရှူကာ ရှိသမျှအားအကုန်သုံးပြီး ကလေးထွက်လာအောင်လုပ်ရမယ်လို့ ထင်ထားခဲ့တာဖြစ်သည်။ ဒါပေမဲ့ တစ်ကယ့်လက်တွေ့ကတော့ လုံးဝကိုကွာခြားနေလေသည်။
"မင်း ဘာမှမခံစားလိုက်ရဘူး...!"
ယင်ကျင်းရဲ့က နှာခေါင်းရှုံ့လိုက်ကာ
"ဒါဆို ကလေးမွေးတုန်းက သေတော့မလို အော်ဟစ်ပြီး ဆူညံနေတာက ဘယ်သူလဲ!"
ရုန်ယိက ကလေးကိုသာအလျှင်စလိုတွေ့ချင်နေတာကြောင့် သူ့ကိုပြန်ငြင်းဖို့အတွက် အာရုံရှိမနေပေ။ သူ့ခန္ဓာကိုယ်ကိုအမြန်ခြောက်အောင်လုပ်ပြီး အဝတ်အစားတွေဝတ်ကာ ကလေးဆီကိုပြေးသွားလိုက်သည်။
ရုန်ယိလာနေတာတွေ့တဲ့အခါ ကလေးကိုရေချိုးပေးနေတဲ့ ရန်ချိုးရွှမ်က ကလေးကိုပြောလိုက်သည်။
"စန်စန်လေးရေ..ဘယ်သူလာနေလဲကြည့်လိုက်ပါဦး..မင်းရဲ့ နောက်ဖေဖေတစ်ယောက်လေ.."
နောက်ဖေဖေ ဆိုတာကိုကြားလိုက်တဲ့အခါ ယင်စန်စန်က မျက်လုံးလေးလှိမ့်လာကာ ရုန်ယိဘက်ကိုကြည့်လာပြီး သူ့ရဲ့လက်လေးနှစ်ဖက်ကို ပြုံးရွှင်စွာနဲ့ ဆန့်တန်းပေးလာသည်။
ရန်ချိုးရွှမ်က ထိုင်ချလာတဲ့ ရုန်ယိကို ပြောလိုက်သည်။
"မင်းတို့က တစ်ကယ့်ကို သားအဖတွေဘဲ..ခုနက ငါဘယ်လောက်မြှူမြှူ သူကတစ်ချက်ကလေးတောင် ပြုံးပြမလာဘူး..မင်းကိုလည်းတွေ့ရော သူက သူ့ဘာသာသူရယ်လာရော"
ရုန်ယိက
"အမေ သူ့ကိုဘာလို့ စန်စန်လေးလို့ခေါ်နေတာလဲ"
"အဲ့တာ မင်းပေးထားတဲ့အိမ်ခေါ်နာမည်မဟုတ်ဘူးလား"
"အိမ်ခေါ်နာမည်..ဒါဆို နာမည်အရင်းကရော.."
"ကျင်းရဲ့ပေးထားတာ ယင်ဟွေတဲ့....ဘာလို့ဆို မင်းပေးထားတဲ့နာမည်နဲ့သာဆိုလို့ကတော့ သူကြီးလာရင် သူများတွေဝိုင်းရယ်တာခံရတော့မှာဘဲ.."
ရုန်ယိက ယင်ကျင်းရဲ့ကိုစနောက်ခဲ့ရုံသာဖြစ်ပြီး ကလေးကို ယင်စန်စန်လို့ တစ်ကယ်ပေးဖို့မရည်ရွယ်ခဲ့ပေမယ့် မမျှော်လင့်ထားတာက ယင်ကျင်းရဲ့က ဒါကိုတစ်ကယ်ကြီးအတည်ယူသွားလေသည်။
"ယင်ဟွေ..အင်း..မဆိုးဘူး..မဆိုးဘူး.."
သူရေထဲက ကလေးလေးကိုလှမ်းကြည့်လိုက်သည်။
"သူက ချယ်ရီသီးလေးနဲ့ တစ်ပုံစံတည်းဘဲ..သူတို့နှစ်ယောက်သာ အတူမွေးလာခဲ့ရင် ကျွန်တော်တောင် ဘယ်သူက ဘယ်သူမှန်းပြောနိုင်မှာမဟုတ်တော့ဘူး"
သူစိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ဒီကလေးက သူနှစ်လလုံးလုံး လွယ်ထားခဲ့ရတဲ့ကလေးလေးဖြစ်၏။ သူ့ရဲ့ခံစားချက်တွေတစ်ကယ့်ကို ရှုပ်ထွေးနေလေသည်။
ရုန်ယိ ကလေးလေးရဲ့မျက်နှာကို လက်ချောင်းတွေနဲ့ တို့ထိကြည့်လိုက်လေသည်။
'ဖက်'
ရုတ်တရက် သူ့လက်ခုံကိုရိုက်ချခံလိုက်ရလေသည်။
ရုန်ယိမှာ အ့့ံအားသင့်သွားရကာ ခေါင်းမော့လိုက်ပြီး မေးလိုက်သည်။
"ကျန်းမု...ငါ့ကိုဘာလို့ရိုက်တာလဲ.."
ရန်ချိုးရွှမ်က ရယ်မောလိုက်ပြီး
"ကျန်းမုက စန်စန်လေးကို အရမ်းကာကွယ်ပေးလွန်းတာဘဲ..ခုနကတုန်းက ကလေးထွက်လာတုန်းက ငိုတာတွေဘာတွေမရှိတော့ ငါက ကလေးတင်ပါးလေးကို ရိုက်ကြည့်ဖို့လုပ်တာကို ကျန်းမုက ငါ့ကိုလာတားတယ်လေ.."
ရုန်ယိ သူ့ကိုချီးကျူးလိုက်သည်။
"မဆိုးဘူး...ဒီလောက်ငယ်ငယ်လေးနဲ့ သူ့ညီလေးကိုကာကွယ်ပေးရမယ်ဆိုတာ သိနေပြီ"
ဖုတ်ကောင်လေးက သူ့ဖေဖေကိုရိုက်လိုက်တာကို ယင်စန်စန်ကတွေ့လိုက်တဲ့အခါ ခက်ခက်ခဲခဲနဲ့ သူ့ခြေထောက်လေးကိုဆန့်ထုတ်ပြီး သူ့ကိုလှမ်းကန်ဖို့ကြိုးစားလိုက်သည်။
ရန်ချိုးရွှမ် ထပ်မံရယ်မောမိသွားပြန်သည်။
"တွေ့လား..မင်းရဲ့သားလေးက မင်းကိုကာကွယ်ပေးနေတာ.."
ရုန်ယိ သူ့သားကိုကြည့်ရင်း အရူးတစ်ယောက်လိုပြုံးလိုက်မိလေသည်။
ဒါကသူ့ရဲ့သားဘဲ!...
သူ ကလေးကိုအကြာကြီးကိုယ်ဝန်မလွယ်ခဲ့ရပေမယ့်...ကလေးကိုတော့ သူတစ်ကယ်မွေးပေးခဲ့လေသည်။ တစ်ကယ်အတည်ကြီးကို....။
ရုန်ယိ ခေါင်းမော့လိုက်ကာ သူတို့ဆီလျှောက်လာနေတဲ့ ယင်ကျင်းရဲ့ကိုပြုံးပြလိုက်သည်။
"ကလေးတွေအဖေ...ကြည့်ပါဦး..ဒါက ကျွန်တော်တို့သားတဲ့"
ယင်ကျင်းရဲ့လည်း ထိုင်ချလိုက်ကာ ကလေးရဲ့လက်သေးသေးလေးကိုကိုင်ကြည့်လိုက်ပြီး နှုတ်ခမ်းတွေကွေးတက်သွားသည်။ ဒါ သူရုန်ယိကိုတွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖေတစ်ယောက်ရဲ့ခံစားချက်ကိုရရှိတာဖြစ်သည်။ သူ့လက်တွေနဲ့ ကိုယ်တိုင်ကိုယ်ကျ မွေးထုတ်ပေးခဲ့ရတာကြောင့် ဒီလိုကွဲပြားခြားနားစွာခံစားနေရတာဖြစ်လိမ့်မည်။
ဘေးမှာရပ်နေတဲ့ ရှင်းဟယ်က ဒါကိုတွေ့တဲ့အခါ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကိုအမြန်ချရေးလိုက်ပြီး သခင်မကြီးဆီကိုသတင်းပို့လိုက်တော့သည်။
ကလေးလေးမွေးဖွားလာတာကြောင့် အရာရာကသစ်လွင်ဆန်းသစ်နေလေသည်။ ဟိုင်ရှန်းမြို့ကိုပြန်တဲ့လမ်းတစ်လျှောက်လုံး ကလေးလေးက အိပ်စက်အနားယူဖို့အတွက် သူ့မျက်လုံးလေးတွေကို လုံးဝမပိတ်ခဲ့ပေ။ သူက အရင်ဆုံး ရုန်ယိကို စူးစမ်းချင်စိတ်နဲ့ စိုက်ကြည့်နေပြီးနောက် ယင်ကျင်းရဲ့ကိုကြည့်သည်။ ထို့နောက် ရန်ချိုးရွှမ်နဲ့ ဖုတ်ကောင်လေးတို့ဘက်ကိုလှည့်ကြည့်သည်။
"ကလေးက အရမ်းချစ်စရာကောင်းတာဘဲ"
ရန်ချိုးရွှမ် မနေနိုင်တော့ဘဲ ကလေးမျက်နှာလေးကို ငုံ့နမ်းလိုက်သည်။
"ငိုလည်းမငိုဘူး...ဂျီလည်းမကျဘူး..ကျွေးတာမှန်သမျှလည်းအကုန်စားတယ်..ဒါပေမဲ့ သူက မကြာခဏတွေတွေလေးဖြစ်သွားတဲ့ပုံဘဲ..ငါတို့လုပ်သမျှကို ဘာအမူအယာမှပြမလာဘူး.."
ရန်ချိုးရွှမ် လုပ်တာတွေ့တဲ့အခါ ဖုတ်ကောင်လေးကလည်း သူမလုပ်သလိုမျိုး ကလေးလေးရဲ့မျက်နှာလေးကို ငုံ့နမ်းလိုက်လေသည်။
ရုန်ယိ ရယ်ချင်နေတဲ့ပုံနဲ့ ဖုတ်ကောင်လေးကိုကြည့်လိုက်၏။ ကြည့်ရတာ ဖုတ်ကောင်လေးက နောက်ဆုံးတော့ သူနဲ့ဆော့ကစားပေးနိုင်မယ့် သူ့အသက်အရွယ်လောက် ကလေးလေးတစ်ယောက်ရလာတာကြောင့် ကလေးနဲ့ အရမ်းရင်းနှီးနေတယ်လို့ခံစားနေရတာဖြစ်လိမ့်မည်။ သူတို့ဟိုင်ရှန်းမြို့ကို ပြန်ရောက်တဲ့အခါ ဖုတ်ကောင်လေးက ယင်ထောင်နဲ့ရော ဒီလိုရင်းနှီးကျွမ်းဝင်မှုရှိပါ့မလားတော့ ရုန်ယိလည်းမသိချေ။
ရုတ်တရက် သူ သူတို့နှစ်ယောက်ကို အမြန်ဆုံးတွေ့ဆုံစေချင်လာသည်။
နောက်တစ်နေ့ မနက်အစောမှာတော့ သူတို့တွေ ယင်အိမ်တော်ဂိတ်ဝရှေ့ကိုပြန်ရောက်လာခဲ့ကြလေပြီ။
ဖုတ်ကောင်လေးက ဘေးပတ်ပတ်လည်ကို စူးစမ်းချင်စိတ်နဲ့ လိုက်ကြည့်နေလေသည်။
ရုန်ယိ ကလေးကိုချီလိုက်ပြီး ဖုတ်ကောင်လေးကိုပါ လှမ်းပြောလိုက်သည်။
"ယင်စန်စန် ကျန်းမု..အခုကစပြီး ဒါမင်းတို့ရဲ့အိမ်ဘဲ..သိပြီလား.."
ရုန်ယိတို့တွေ ပြန်ရောက်လာကြတာတွေ့တဲ့အခါ အစောင့်တွေက စိတ်လှုပ်ရှားစွာနဲ့အော်ပြောလာသည်။
"သခင်နဲ့ သခင်လေးတို့ပြန်လာပြီ!...သခင်နဲ့ သခင်လေးတို့ပြန်လာပြီ!.."
ရှင်းဟယ်က အပြုံးလေးနဲ့ပြောလိုက်သည်။
"သခင်နဲ့ သခင်လေးတင်မဟုတ်ဘူး..ဒုတိယသခင်ငယ်လေးပါ ပြန်ရောက်လာတာ"
လူတိုင်း ကြက်သေသေသွားကြပေမဲ့ ရုန်ယိရဲ့လက်ထဲက ချယ်ရီသီးလေးနဲ့ ရုပ်ချင်းဆင်တူတဲ့ ကလေးငယ်လေးနဲ့ ရုန်ယိရဲ့ပြားချပ်နေတဲ့ ဗိုက်ကိုတစ်လှည့်စီကြည့်လိုက်ကြပြီးနောက် ကြီးမားလှတဲ့သတင်းကြီးကိုအတည်ပြုလိုက်နိုင်သွားတော့သည်။
ထို့နောက်မှာ အိမ်တော်ထဲကနေပြီး ယင်ထောင်ရဲ့စိတ်လှုပ်ရှားနေတဲ့အော်သံလေးထွက်ပေါ်လာ၏။
"ဖေဖေပြန်လာပြီ!!...ဖေဖေပြန်လာပြီ!!.."
##
နောက်ဆုံးတော့ ပေါက်စီလေးထွက်လာပါပြီ
အချေပေါက်စီလေးနော်😂
နောက်တစ်ပိုင်း ပြီးတာနဲ့ တင်ပေးပါ့မယ်🖤
************
Zawgyi
သူတို႔သုံးေယာက္သား ဖုတ္ေကာင္ေလးကို အံ့ၾသတႀကီးနဲ႕ၾကည့္လိုက္မိၾကသည္။
ဖုတ္ေကာင္ေလးက ထက္ရွတဲ့ဓားျမႇောင္ကို အ႐ုပ္တစ္႐ုပ္လိုမ်ိဳး လက္ထဲမွာလွည့္ပတ္ေဆာ့ေနေလသည္။
႐ုန္ယိမွာ တံေတြးၿမိဳခ်မိလိုက္၏။
"က်န္း...က်န္းမု..ဘာလုပ္ေနတာလဲ"
ဖုတ္ေကာင္ေလးက သူ႕ဗိုက္ကိုၫႊန္ျပၿပီး
"ထြက္...ထြက္...ထြက္.."
"သူထြက္လာေတာ့မယ္ဆိုတာသိပါတယ္...ဓားျမႇောင္ကို အေဖ့ကိုျပန္ေပးလိုက္ေနာ္..ဒီေတာ့မွ ကေလးေလးကမၾကာခင္ထြက္လာနိုင္မွာ..လိမၼာတယ္ေနာ္..."
ဖုတ္ေကာင္ေလးက ႐ုန္ယိဗိုက္ကိုအရင္ၾကည့္လိုက္ၿပီးေနာက္ နာနာခံခံေလးနဲ႕ ယင္က်င္းရဲ႕ဆီကို ဓားျမႇောင္ျပန္ေပးလိုက္သည္။ ဒါေပမဲ့ ယင္က်င္းရဲ႕လွမ္းယူေတာ့မဲ့အခ်ိန္မွာဘဲ သူက ႐ုတ္တရက္လွည့္ကာ ႐ုန္ယိဗိုက္ကိုလွမ္းခြဲလိုက္တာေၾကာင့္ ပူတင္းေနတဲ့ဗိုက္ေပၚမွာ ေသြးစီးေၾကာင္းတစ္ခုက ခ်က္ခ်င္းျဖစ္ေပၚလာေတာ့ေလသည္။
ရန္ခ်ိဳး႐ႊမ္ ထေအာ္မိသြားသည္။
"ဗိုက္ခြဲခံလိုက္ရၿပီ!...ဗိုက္ပြင့္သြားၿပီ!...အိုး..ဘုရားေရ!!.."
႐ုတ္တရက္ ေသြးစီးေၾကာင္းက ထိုးခြဲခံလိုက္ရၿပီး အထဲကေန ေသြးစြန္းေနတဲ့ လက္ေလးတစ္ဖက္ထြက္လာေလသည္။
လူတိုင္း ထိတ္လန့္တႀကီးျဖစ္သြားၾကေတာ့သည္။
႐ုန္ယိ သူ႕ဘာသာေရ႐ြတ္လိုက္မိ၏။
"ဒီလိုေၾကာက္စရာျမင္ကြင္းႀကီးက တစ္ကယ္ႀကီးကိုငါ့ဆီမွာျဖစ္ေနတာဘဲဟ!"
ဖုတ္ေကာင္ေလးကေတာ့ တခစ္ခစ္ရယ္လိုက္ကာ ထိုလက္ေလးကိုသူ႕လက္ေလးနဲ႕ဆြဲကိုင္လိုက္ေလသည္။
႐ုန္ယိမွာ သူ ကေလးကိုတိုက္ရိုက္ႀကီးဆြဲထုတ္လိုက္မွာစိုးတာေၾကာင့္ အျမန္ေျပာလိုက္သည္။
"ေနဦး!!!"
သူ႕စကားမဆုံးခင္မွာဘဲ ယင္က်င္းရဲ႕က ဓားရိုးနဲ႕ သူ႕ကိုသတိေမ့သြားေအာင္ရိုက္ခ်လိဳက္ေလသည္။
သူသတိလစ္မသြားခင္ေတြးေနမိတာကေတာ့ ကေလးေမြးေနတုန္း ကိုယ့္က်င့္ႀကံေဖာ္ရဲ႕ သတိလစ္ေအာင္အရိုက္ခံလိုက္ရတဲ့ ကိုယ္ဝန္ေဆာင္ေယာက္်ားက သမိုင္းမွာ သူတစ္ေယာက္ထဲသာရွိေပလိမ့္မည္ဟု...။
ရန္ခ်ိဳး႐ႊမ္က စိုးရိမ္တႀကီးျဖစ္သြားကာ
"က်င္းရဲ႕...မင္းဘာလုပ္လိုက္တာလဲ!"
ယင္က်င္းရဲ႕ သူမကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး
"သူက သူ႕ကိုယ္သူကေလးေမြးဖြားဖို႔အသင့္ျပင္ၿပီးတဲ့ပုံမေပၚဘူး..ဒါေၾကာင့္ ဒီလိုျမင္ကြင္းမ်ိဳးကိုသူမေတြ႕တာပိုေကာင္းလိမ့္မယ္"
ရန္ခ်ိဳး႐ႊမ္လည္း ဒါကျဖစ္သင့္တယ္လို႔ထင္သည္။ အကယ္၍ ႐ုန္ယိသာ ဒီလိုမ်ိဳး 'ေနဦး' ဟု ဆက္ေအာ္ေနခဲ့ရင္ ကေလးကသူ႕ဘာသာသူထြက္လာေပေတာ့မည္။
သူမ ဗိုက္ထဲက လက္ေလးကိုညြၽန္ျပလိုက္ၿပီး
"ငါတို႔အခု ဘယ္လိုလုပ္ၾကမလဲ"
ယင္က်င္းရဲ႕က ဖုတ္ေကာင္ေလးခြဲထားတာကိုပိုက်ယ္ေအာင္လုပ္လိုက္သည္။
"ကေလးကို တိုက္ရိုက္ဘဲထုတ္ယူလိုက္ၾကတာေပါ့"
သူ ဖုတ္ေကာင္ေလးကို ကေလးလက္ေလးကိုလႊတ္ေပးဖို႔ေျပာလိုက္ၿပီး ကေလးကို ဗိုက္ထဲကေန ေျဖးေျဖးေလးဆြဲထုတ္လိုက္သည္။
ကေလးက ေသြးေတြနဲ႕ဖုံးလႊမ္းေနတာေၾကာင့္ ရန္ခ်ိဳး႐ႊမ္က အျမန္ ခ်က္ႀကိဳးကိုျဖတ္လိုက္ကာ ႐ုန္ယိဗိုက္ကို ေဆးနဲ႕ျပန္ပိတ္လိုက္ၿပီး ရွင္းဟယ္ကို လွမ္းေျပာလိုက္သည္။
"ရွင္းဟယ္..အနီးနားမွာ ေရရွိတဲ့ေနရာေတြ႕မလားၾကည့္ပါဦး...ကေလးနဲ႕ ယိအာကို ေရနဲ႕သန့္စင္ေပးဖို႔လိုေသးတယ္"
ရွင္းဟယ္ျပန္ေျဖလိုက္သည္။
"ဟုတ္ကဲ့..ဒီကေနသိပ္မေဝးတဲ့ေနရာမွာ ေရတံခြန္တစ္ခုေတာ့ေတြ႕ခဲ့တယ္..ကြၽန္ေတာ္တို႔အဲ့မွာ ခဏေလာက္အနားယူလို႔ရတယ္"
ယင္က်င္းရဲ႕က ကေလးကိုခ်ီထားတုန္းျဖစ္ေၾကာင္းေတြ႕တဲ့အခါ ရန္ခ်ိဳး႐ႊမ္က ကေလးကိုလက္လႊဲယူလိုက္ၿပီး
"ကေလးက အရမ္းေသးၿပီး အရမ္းအားနည္းေသးတယ္..မင္း ဒီလိုမ်ိဳးခ်ီထားလို႔မရဘူး..သိရဲ႕လား"
သူမက ႏူးညံ့တဲ့ပုဝါစေလးကိုထုတ္ကာ ကေလးကိုသန့္ရွင္းေအာင္သုတ္ေပးလိုက္သည္။
"သူက ယိအာ ငယ္ငယ္တုန္းကနဲ႕တစ္ပုံစံတည္းဘဲ.."
သူမက အၿပဳံးေလးနဲ႕ဆက္ေျပာလိုက္သည္။
"ဒါေပမယ့္ တစ္ကယ္တမ္းသူဗိုက္ထဲမွာေနခဲ့ရတဲ့အခ်ိန္ေတြအရဆို..အခု သူ႕အသက္က သုံးႏွစ္ေလာက္ျဖစ္ေနရမွာ"
ယင္က်င္းရဲ႕လည္း ေခါင္းၿငိမ့္လိုက္သည္။ သူက တစ္ကယ့္ကိုယင္ေထာင္ရဲ႕ အႁမႊာညီေလးဘဲ..႐ုပ္ကတစ္ပုံစံတည္းတူေလသည္။
ရန္ခ်ိဳး႐ႊမ္က ၿပဳံးၿပီးေမးလိုက္သည္။
"မင္း ကေလးနာမည္ေရာစဥ္းစားၿပီးသြားၿပီလား"
ယင္က်င္းရဲ႕ သူမရဲ႕ေမးခြန္းေၾကာင့္ အက်ပ္ရိုက္သြားရကာ ခဏေလာက္စဥ္းစားလိုက္ၿပီးမွ
"ယင္ေဟြ"
သူ ယင္ေဟြ႕လို႔ေပးခ်င္ေပမဲ့ ေဟြ႕ဆိုတဲ့အသံက မိန္းမဆန္တာေၾကာင့္ သူ ေဟြလို႔ေျပာင္းလိုက္တာျဖစ္ေလသည္။
[##
悔 huǐ ေဟြ (ေနာင္တ)ပါ
晦 huì ေဟြ႕ (ညခင္း ၊ အေမွာင္)ပါ ]
ရန္ခ်ိဳး႐ႊမ္က ကေလးကိုခ်ီထားရင္း ေတာ္ေတာ္ေလးကိုေပ်ာ္႐ႊင္ၾကည္ႏူးေနေလသည္။
"ယင္ေဟြ...ယင္ေဟြ..ေကာင္းလိုက္တဲ့နာမည္ေလးဘဲ ဟုတ္တယ္မလား..ယင္ေဟြေရ..ငါကမင္းရဲ႕အဘြားေနာ္..ဒီမ်က္ႏွာကိုမွတ္ထားဦး.."
ယင္က်င္းရဲ႕က ထပ္ေျပာလိုက္သည္။
"အိမ္ေခၚနာမည္က ယင္စန္စန္"
ရန္ခ်ိဳး႐ႊမ္ "......"
ဒါက ဘယ္လိုေတာင္ အဓိပၸာယ္မရွိတဲ့နာမည္ႀကီးလဲ...
ယင္က်င္းရဲ႕က အသံတိမ္တိမ္နဲ႕
"အဲ့တာ ခင္ဗ်ားရဲ႕သား ေပးထားတာ"
ရန္ခ်ိဳး႐ႊမ္ "......"
သူမသားက အခုထိနာမည္မေပးတတ္ေသးဘူးဘဲ.. မွတ္မိပါေသးသည္...ယင္ေထာင္ေမြးတုန္းကလည္း သူမသားက မက္မြန္သီးဆိုတဲ့ ေထာင္နဲ႕ ယင္ေထာင္လို႔နာမည္ေပးခဲ့တာကို...ေနာက္ေတာ့မွ သခင္မႀကီးက ယင္ေထာင္ရဲ႕ ေထာင္ကို ဓားအိမ္ဆိုတဲ့ေထာင္ကို ေျပာင္းေပးခဲ့ရတာ....
အဲ့အခ်ိန္က သူမေတာ့ရွိမေနခဲ့ေပမယ့္ ဒါေတြက သခင္မႀကီးျပန္ေျပာျပခဲ့တာျဖစ္ေလသည္။
အခုလည္း သူမသားက သူ႕သားကို ယင္စန္စန္လို႔ နာမည္ေပးျပန္ေလၿပီ..သူ႕က်င့္ႀကံေဖာ္က တစ္ေဆဆန္ေနတာမလုံေလာက်ေသးဘူးလို႔မ်ားထင္ေနလို႔လား.. သူ႕သားကို ယင္စန္စန္လို႔ နာမည္ေပးထားရေအာင္....
[##
森 sēn စန္ ဆိုတာ တစ္ေဆဆန္တယ္ သုန္မႈန္ အုံ႕မွိုင္းေနတယ္ ဆိုတဲ့အဓိပ္ပါယ်ပါ]
ဖုတ္ေကာင္ေလးက ကေလးေလးေရွ႕ကို သိခ်င္စိတ္အျပည့္နဲ႕ ပ်ံသန္းလာၿပီး ကေလးရဲ႕ႏူးညံ့ေနတဲ့မ်က္ႏွာေသးေသးေလးကို တို႔ၾကည့္လိုက္သည္။
ကေလးေလးက သူ႕ကိုနည္းနည္းေလာက္ၾကည့္ၿပီး တစ္ဖက္လွည့္ကာ သူ႕ကို လ်စ္လ်ဴရႈထားလိုက္ေတာ့သည္။
ရန္ခ်ိဳး႐ႊမ္ ထူးဆန္းသြားရသည္။
"ကေလးက ဘာလို႔ငိုတာျပဳတာမရွိရတာလဲမသိဘူး"
သူမက ကေလးရဲ႕တင္ပါးေလးကို ခပ္စပ္စပ္ေလးရိုက္ၾကည့္လိုက္သည္။
ကေလးက သူမကို ႀကီးမားလုံးဝန္းေနတဲ့ မ်က္ဝန္းနက္ကေလးတစ္စုံနဲ႕ ၾကည့္လာေပမဲ့ ငိုေတာ့မငိုေပ။
ရန္ခ်ိဳး႐ႊမ္ စိုးရိမ္သြား၏။
"ကေလးက အျမန္ထြက္လာရေတာ့..ျပႆနာတစ္ခုခုမ်ားရွိေနတာလား"
သူမက ကေလးကိုေနာက္တစ္ႀကိမ္ထပ္ရိုက္ၾကည့္ဖို႔လုပ္လိုက္သည္။
ဒါေပမဲ့ ဖုတ္ေကာင္ေလးက သူမလက္ကိုခ်က္ခ်င္းဆြဲဖမ္းလာသည္။
ရန္ခ်ိဳး႐ႊမ္ သူ႕ကို နားမလည္ဘဲ ၾကည့္လိုက္ၿပီး
"ဘာလို႔လဲ"
"မလုပ္...မလုပ္...မလုပ္..."
ဖုတ္ေကာင္ေလးမွာ ေနာက္ဆုံးမွ စကားေနာက္တစ္လုံးကို ခက္ခက္ခဲခဲနဲ႕ေျပာထြက္လာ၏။
"ရိုက္.."
ရန္ခ်ိဳး႐ႊမ္က ၿပဳံးၿပီးေမးလိုက္သည္။
"မင္းက သူ႕ကိုမရိုက္ေစခ်င္တာေပါ့..ဟုတ္လား"
ဖုတ္ေကာင္ေလးက ေခါင္းေလးၿငိမ့္ျပလာသည္။
အဲ့ဒီအခ်ိန္မွာ အျပင္ဘက္က ရွင္းဟယ္က လွမ္းေျပာလာသည္။
"ၿမိဳ႕သခင္မရန္ မစိုးရိမ္ပါနဲ႕...သခင္ငယ္ေလးယင္ေထာင္ေမြးတုန္းကလည္း ဘယ္ေလာက္နာေအာင္ရိုက္ရိုက္လုံးဝမငိုခဲ့ဘူးလို႔ ႐ုန္စုေျပာဖူးတယ္...ဒါေပမဲ့ အခု သူက တစ္ျခားကေလးေတြလိုမ်ိဳး ေျပးေျပးလႊားလႊားနဲ႕ ခုန္ေပါက္ကစားေနတာဘဲ...ခင္ဗ်ားလည္း သူ႕ကိုသေဘာက်မွာ ေသခ်ာတယ္"
"ငါ့ေျမးေလးကို ေတြ႕ရဖို႔ေတာင္မေစာင့္နိုင္ေတာ့ဘူး!"
လွည္းကရပ္သြားတဲ့အခါ အျပင္ဘက္ကေန ေရစီးသံေတြကို သူတို႔ၾကားလိုက္ၾကရသည္။
ရန္ခ်ိဳး႐ႊမ္က ကေလးကိုခ်ီၿပီး လွည္းထဲကေနထြက္ကာ ယင္က်င္းရဲ႕ကိုေျပာလိုက္သည္။
"က်င္းရဲ႕..ငါ စန္စန္ေလး ကို ေရထဲမွာသန့္ရွင္းေပးလိုက္မယ္"
"အင္း"
ယင္က်င္းရဲ႕ ႐ုန္ယိကို လွည္းထဲကေနခ်ီထုတ္လိုက္ၿပီး ေရတံခြန္ရဲ႕ေထာင့္တစ္ေနရာကိုသြားကာ သူ႕အဝတ္အစားေတြကိုခြၽတ္ေပးလိုက္ရင္းနဲ႕ သူ႕အၾကည့္ေတြက ႐ုန္ယိရဲ႕လည္တိုင္ကေနၿပီး ေျခဖ်ားထိ တေျဖးေျဖးေ႐ြ႕သြား၏။ ကေလးေမြးဖြားၿပီးတာေၾကာင့္ ႐ုန္ယိရဲ႕ ဗိုက္က ျပန္ၿပီးျပားခ်ပ္သြားေပမဲ့ ပိုၿပီးအားနည္းသြားေလသည္။ ဘာဘဲျဖစ္ျဖစ္ ခႏၶာကိုယ္ကေတာ့ တစ္ကယ့္ကို ေကာင္းမြန္ေနတုန္းဘဲ ျဖစ္ေလသည္။
သူ ႐ုန္ယိကို ေရထဲခ်ေပးလိုက္၏။
ေအးစက္တဲ့ေရေတြနဲ႕ထိေတြ႕လိုက္ရတာေၾကာင့္ ႐ုန္ယိတေျဖးေျဖးနဲ႕သတိျပန္ရလာသည္။ ယင္က်င္းရဲ႕ကိုေတြ႕လိုက္တဲ့အခါ သူသုန္မႈန္စြာနဲ႕ေျပာလိုက္ေလသည္။
"အသက္ရွင္လာတဲ့တစ္ေလွ်ာက္လုံး လူတစ္ေယာက္က ကေလးေမြးေနရင္းနဲ႕ သတိလစ္ေအာင္အရိုက္ခံရတယ္ဆိုတာ တစ္ခါမွကိုမၾကားခဲ့ဖူးဘူး "
ကေလးအေၾကာင္းေျပာေတာ့မွ သူခ်က္ခ်င္းငုံ႕ၾကည့္လိုက္တဲ့အခါ သူကေရထဲမွာ ဘာအဝတ္အစားမွမပါဘဲလွဲေလ်ာင္းေနတာျဖစ္မွန္းေတြ႕လိုက္ရသည္။ သူခ်က္ခ်င္း ထထိုင္ကာ ဗိုက္ကိုထိလိုက္ၿပီး
"အာ..ကေလးေရာ..ကေလးက အျပင္ေရာက္သြားၿပီလား!"
"အင္း"
ယင္က်င္းရဲ႕က သူ႕သိုေလွာင္လက္စြပ္ထဲကေနၿပီး ေရခပ္တဲ့ခြက္လိုအရာမ်ိဳးကိုထုတ္ယူလိုက္ကာ ႐ုန္ယိကိုေရေလာင္းၿပီးခ်ိဳးေပးလိုက္သည္။
"ဒါဆို ကေလးက ဒီလိုဘဲေမြးသြားၿပီးၿပီေပါ့"
႐ုန္ယိ သူ႕ကိုသူထင္ေယာင္ထင္မွားျဖစ္ေနတုန္းလို႔သာ ထင္ေနသည္။
"ကြၽန္ေတာ္ဘာမွလည္း မခံစားလိုက္ရဘူး"
သူက တီဗြီက ႐ုပ္ရွင္ေတြမွာေတြ႕ရသလိုမ်ိဳး မနည္းအသက္လုရႉကာ ရွိသမွ်အားအကုန္သုံးၿပီး ကေလးထြက္လာေအာင္လုပ္ရမယ္လို႔ ထင္ထားခဲ့တာျဖစ္သည္။ ဒါေပမဲ့ တစ္ကယ့္လက္ေတြ႕ကေတာ့ လုံးဝကိုကြာျခားေနေလသည္။
"မင္း ဘာမွမခံစားလိုက္ရဘူး...!"
ယင္က်င္းရဲ႕က ႏွာေခါင္းရႈံ႕လိုက္ကာ
"ဒါဆို ကေလးေမြးတုန္းက ေသေတာ့မလို ေအာ္ဟစ္ၿပီး ဆူညံေနတာက ဘယ္သူလဲ!"
႐ုန္ယိက ကေလးကိုသာအလွ်င္စလိုေတြ႕ခ်င္ေနတာေၾကာင့္ သူ႕ကိုျပန္ျငင္းဖို႔အတြက္ အာ႐ုံရွိမေနေပ။ သူ႕ခႏၶာကိုယ္ကိုအျမန္ေျခာက္ေအာင္လုပ္ၿပီး အဝတ္အစားေတြဝတ္ကာ ကေလးဆီကိုေျပးသြားလိုက္သည္။
႐ုန္ယိလာေနတာေတြ႕တဲ့အခါ ကေလးကိုေရခ်ိဳးေပးေနတဲ့ ရန္ခ်ိဳး႐ႊမ္က ကေလးကိုေျပာလိုက္သည္။
"စန္စန္ေလးေရ..ဘယ္သူလာေနလဲၾကည့္လိုက္ပါဦး..မင္းရဲ႕ ေနာက္ေဖေဖတစ္ေယာက္ေလ.."
ေနာက္ေဖေဖ ဆိုတာကိုၾကားလိုက္တဲ့အခါ ယင္စန္စန္က မ်က္လုံးေလးလွိမ့္လာကာ ႐ုန္ယိဘက္ကိုၾကည့္လာၿပီး သူ႕ရဲ႕လက္ေလးႏွစ္ဖက္ကို ၿပဳံး႐ႊင္စြာနဲ႕ ဆန့္တန္းေပးလာသည္။
ရန္ခ်ိဳး႐ႊမ္က ထိုင္ခ်လာတဲ့ ႐ုန္ယိကို ေျပာလိုက္သည္။
"မင္းတို႔က တစ္ကယ့္ကို သားအဖေတြဘဲ..ခုနက ငါဘယ္ေလာက္ျမႇူျမႇူ သူကတစ္ခ်က္ကေလးေတာင္ ၿပဳံးျပမလာဘူး..မင္းကိုလည္းေတြ႕ေရာ သူက သူ႕ဘာသာသူရယ္လာေရာ"
႐ုန္ယိက
"အေမ သူ႕ကိုဘာလို႔ စန္စန္ေလးလို႔ေခၚေနတာလဲ"
"အဲ့တာ မင္းေပးထားတဲ့အိမ္ေခၚနာမည္မဟုတ္ဘူးလား"
"အိမ္ေခၚနာမည္..ဒါဆို နာမည္အရင္းကေရာ.."
"က်င္းရဲ႕ေပးထားတာ ယင္ေဟြတဲ့....ဘာလို႔ဆို မင္းေပးထားတဲ့နာမည္နဲ႕သာဆိုလို႔ကေတာ့ သူႀကီးလာရင္ သူမ်ားေတြဝိုင္းရယ္တာခံရေတာ့မွာဘဲ.."
႐ုန္ယိက ယင္က်င္းရဲ႕ကိုစေနာက္ခဲ့႐ုံသာျဖစ္ၿပီး ကေလးကို ယင္စန္စန္လို႔ တစ္ကယ္ေပးဖို႔မရည္႐ြယ္ခဲ့ေပမယ့္ မေမွ်ာ္လင့္ထားတာက ယင္က်င္းရဲ႕က ဒါကိုတစ္ကယ္ႀကီးအတည္ယူသြားေလသည္။
"ယင္ေဟြ..အင္း..မဆိုးဘူး..မဆိုးဘူး.."
သူေရထဲက ကေလးေလးကိုလွမ္းၾကည့္လိုက္သည္။
"သူက ခ်ယ္ရီသီးေလးနဲ႕ တစ္ပုံစံတည္းဘဲ..သူတို႔ႏွစ္ေယာက္သာ အတူေမြးလာခဲ့ရင္ ကြၽန္ေတာ္ေတာင္ ဘယ္သူက ဘယ္သူမွန္းေျပာနိုင္မွာမဟုတ္ေတာ့ဘူး"
သူစိတ္ထဲမွာ သက္ျပင္းခ်လိဳက္သည္။ ဒီကေလးက သူႏွစ္လလုံးလုံး လြယ္ထားခဲ့ရတဲ့ကေလးေလးျဖစ္၏။ သူ႕ရဲ႕ခံစားခ်က္ေတြတစ္ကယ့္ကို ရႈပ္ေထြးေနေလသည္။
႐ုန္ယိ ကေလးေလးရဲ႕မ်က္ႏွာကို လက္ေခ်ာင္းေတြနဲ႕ တို႔ထိၾကည့္လိုက္ေလသည္။
'ဖက္'
႐ုတ္တရက္ သူ႕လက္ခုံကိုရိုက္ခ်ခံလိုက္ရေလသည္။
႐ုန္ယိမွာ အ့့ံအားသင့္သြားရကာ ေခါင္းေမာ့လိုက္ၿပီး ေမးလိုက္သည္။
"က်န္းမု...ငါ့ကိုဘာလို႔ရိုက္တာလဲ.."
ရန္ခ်ိဳး႐ႊမ္က ရယ္ေမာလိုက္ၿပီး
"က်န္းမုက စန္စန္ေလးကို အရမ္းကာကြယ္ေပးလြန္းတာဘဲ..ခုနကတုန္းက ကေလးထြက္လာတုန္းက ငိုတာေတြဘာေတြမရွိေတာ့ ငါက ကေလးတင္ပါးေလးကို ရိုက္ၾကည့္ဖို႔လုပ္တာကို က်န္းမုက ငါ့ကိုလာတားတယ္ေလ.."
႐ုန္ယိ သူ႕ကိုခ်ီးက်ဴးလိုက္သည္။
"မဆိုးဘူး...ဒီေလာက္ငယ္ငယ္ေလးနဲ႕ သူ႕ညီေလးကိုကာကြယ္ေပးရမယ္ဆိုတာ သိေနၿပီ"
ဖုတ္ေကာင္ေလးက သူ႕ေဖေဖကိုရိုက္လိုက္တာကို ယင္စန္စန္ကေတြ႕လိုက္တဲ့အခါ ခက္ခက္ခဲခဲနဲ႕ သူ႕ေျခေထာက္ေလးကိုဆန့္ထုတ္ၿပီး သူ႕ကိုလွမ္းကန္ဖို႔ႀကိဳးစားလိုက္သည္။
ရန္ခ်ိဳး႐ႊမ္ ထပ္မံရယ္ေမာမိသြားျပန္သည္။
"ေတြ႕လား..မင္းရဲ႕သားေလးက မင္းကိုကာကြယ္ေပးေနတာ.."
႐ုန္ယိ သူ႕သားကိုၾကည့္ရင္း အ႐ူးတစ္ေယာက္လိုၿပဳံးလိုက္မိေလသည္။
ဒါကသူ႕ရဲ႕သားဘဲ!...
သူ ကေလးကိုအၾကာႀကီးကိုယ္ဝန္မလြယ္ခဲ့ရေပမယ့္...ကေလးကိုေတာ့ သူတစ္ကယ္ေမြးေပးခဲ့ေလသည္။ တစ္ကယ္အတည္ႀကီးကို....။
႐ုန္ယိ ေခါင္းေမာ့လိုက္ကာ သူတို႔ဆီေလွ်ာက္လာေနတဲ့ ယင္က်င္းရဲ႕ကိုၿပဳံးျပလိုက္သည္။
"ကေလးေတြအေဖ...ၾကည့္ပါဦး..ဒါက ကြၽန္ေတာ္တို႔သားတဲ့"
ယင္က်င္းရဲ႕လည္း ထိုင္ခ်လိဳက္ကာ ကေလးရဲ႕လက္ေသးေသးေလးကိုကိုင္ၾကည့္လိုက္ၿပီး ႏႈတ္ခမ္းေတြေကြးတက္သြားသည္။ ဒါ သူ႐ုန္ယိကိုေတြ႕ဆုံခဲ့ၿပီးေနာက္ပိုင္းမွာ ပထမဆုံးအႀကိမ္ အေဖတစ္ေယာက္ရဲ႕ခံစားခ်က္ကိုရရွိတာျဖစ္သည္။ သူ႕လက္ေတြနဲ႕ ကိုယ္တိုင္ကိုယ္က် ေမြးထုတ္ေပးခဲ့ရတာေၾကာင့္ ဒီလိုကြဲျပားျခားနားစြာခံစားေနရတာျဖစ္လိမ့္မည္။
ေဘးမွာရပ္ေနတဲ့ ရွင္းဟယ္က ဒါကိုေတြ႕တဲ့အခါ ဒီေန႕ျဖစ္ပ်က္ခဲ့တာေတြကိုအျမန္ခ်ေရးလိုက္ၿပီး သခင္မႀကီးဆီကိုသတင္းပို႔လိုက္ေတာ့သည္။
ကေလးေလးေမြးဖြားလာတာေၾကာင့္ အရာရာကသစ္လြင္ဆန္းသစ္ေနေလသည္။ ဟိုင္ရွန္းၿမိဳ႕ကိုျပန္တဲ့လမ္းတစ္ေလွ်ာက္လုံး ကေလးေလးက အိပ္စက္အနားယူဖို႔အတြက္ သူ႕မ်က္လုံးေလးေတြကို လုံးဝမပိတ္ခဲ့ေပ။ သူက အရင္ဆုံး ႐ုန္ယိကို စူးစမ္းခ်င္စိတ္နဲ႕ စိုက္ၾကည့္ေနၿပီးေနာက္ ယင္က်င္းရဲ႕ကိုၾကည့္သည္။ ထို႔ေနာက္ ရန္ခ်ိဳး႐ႊမ္နဲ႕ ဖုတ္ေကာင္ေလးတို႔ဘက္ကိုလွည့္ၾကည့္သည္။
"ကေလးက အရမ္းခ်စ္စရာေကာင္းတာဘဲ"
ရန္ခ်ိဳး႐ႊမ္ မေနနိုင္ေတာ့ဘဲ ကေလးမ်က္ႏွာေလးကို ငုံ႕နမ္းလိုက္သည္။
"ငိုလည္းမငိုဘူး...ဂ်ီလည္းမက်ဘဴး..ေကြၽးတာမွန္သမွ်လည္းအကုန္စားတယ္..ဒါေပမဲ့ သူက မၾကာခဏေတြေတြေလးျဖစ္သြားတဲ့ပုံဘဲ..ငါတို႔လုပ္သမွ်ကို ဘာအမူအယာမွျပမလာဘူး.."
ရန္ခ်ိဳး႐ႊမ္ လုပ္တာေတြ႕တဲ့အခါ ဖုတ္ေကာင္ေလးကလည္း သူမလုပ္သလိုမ်ိဳး ကေလးေလးရဲ႕မ်က္ႏွာေလးကို ငုံ႕နမ္းလိုက္ေလသည္။
႐ုန္ယိ ရယ္ခ်င္ေနတဲ့ပုံနဲ႕ ဖုတ္ေကာင္ေလးကိုၾကည့္လိုက္၏။ ၾကည့္ရတာ ဖုတ္ေကာင္ေလးက ေနာက္ဆုံးေတာ့ သူနဲ႕ေဆာ့ကစားေပးနိုင္မယ့္ သူ႕အသက္အ႐ြယ္ေလာက္ ကေလးေလးတစ္ေယာက္ရလာတာေၾကာင့္ ကေလးနဲ႕ အရမ္းရင္းႏွီးေနတယ္လို႔ခံစားေနရတာျဖစ္လိမ့္မည္။ သူတို႔ဟိုင္ရွန္းၿမိဳ႕ကို ျပန္ေရာက္တဲ့အခါ ဖုတ္ေကာင္ေလးက ယင္ေထာင္နဲ႕ေရာ ဒီလိုရင္းႏွီးကြၽမ္းဝင္မႈရွိပါ့မလားေတာ့ ႐ုန္ယိလည္းမသိေခ်။
႐ုတ္တရက္ သူ သူတို႔ႏွစ္ေယာက္ကို အျမန္ဆုံးေတြ႕ဆုံေစခ်င္လာသည္။
ေနာက္တစ္ေန႕ မနက္အေစာမွာေတာ့ သူတို႔ေတြ ယင္အိမ္ေတာ္ဂိတ္ဝေရွ႕ကိုျပန္ေရာက္လာခဲ့ၾကေလၿပီ။
ဖုတ္ေကာင္ေလးက ေဘးပတ္ပတ္လည္ကို စူးစမ္းခ်င္စိတ္နဲ႕ လိုက္ၾကည့္ေနေလသည္။
႐ုန္ယိ ကေလးကိုခ်ီလိုက္ၿပီး ဖုတ္ေကာင္ေလးကိုပါ လွမ္းေျပာလိုက္သည္။
"ယင္စန္စန္ က်န္းမု..အခုကစၿပီး ဒါမင္းတို႔ရဲ႕အိမ္ဘဲ..သိၿပီလား.."
႐ုန္ယိတို႔ေတြ ျပန္ေရာက္လာၾကတာေတြ႕တဲ့အခါ အေစာင့္ေတြက စိတ္လႈပ္ရွားစြာနဲ႕ေအာ္ေျပာလာသည္။
"သခင္နဲ႕ သခင္ေလးတို႔ျပန္လာၿပီ!...သခင္နဲ႕ သခင္ေလးတို႔ျပန္လာၿပီ!.."
ရွင္းဟယ္က အၿပဳံးေလးနဲ႕ေျပာလိုက္သည္။
"သခင္နဲ႕ သခင္ေလးတင္မဟုတ္ဘူး..ဒုတိယသခင္ငယ္ေလးပါ ျပန္ေရာက္လာတာ"
လူတိုင္း ၾကက္ေသေသသြားၾကေပမဲ့ ႐ုန္ယိရဲ႕လက္ထဲက ခ်ယ္ရီသီးေလးနဲ႕ ႐ုပ္ခ်င္းဆင္တူတဲ့ ကေလးငယ္ေလးနဲ႕ ႐ုန္ယိရဲ႕ျပားခ်ပ္ေနတဲ့ ဗိုက္ကိုတစ္လွည့္စီၾကည့္လိုက္ၾကၿပီးေနာက္ ႀကီးမားလွတဲ့သတင္းႀကီးကိုအတည္ျပဳလိုက္နိုင္သြားေတာ့သည္။
ထို႔ေနာက္မွာ အိမ္ေတာ္ထဲကေနၿပီး ယင္ေထာင္ရဲ႕စိတ္လႈပ္ရွားေနတဲ့ေအာ္သံေလးထြက္ေပၚလာ၏။
"ေဖေဖျပန္လာၿပီ!!...ေဖေဖျပန္လာၿပီ!!.."
##
ေနာက္ဆုံးေတာ့ ေပါက္စီေလးထြက္လာပါၿပီ
အေခ်ေပါက္စီေလးေနာ္😂
ေနာက္တစ္ပိုင္း ၿပီးတာနဲ႕ တင္ေပးပါ့မယ္🖤
************
4.1.2022