အော်သံကြောင့် ယင်ကျင်းရဲ့ အခန်းထဲအမြန်ဝင်သွားကြည့်လိုက်တဲ့အခါ ရုန်ယိက လက်သည်လီရဲ့လက်ကိုကိုင်ထားတာကိုသာတွေ့လိုက်ရသည်။
ရှင်းဟယ် မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
လက်သည်လီရဲ့မျက်နှာမှာလည်း မေးခွန်းများနဲ့ပြည့်နှက်နေ၏။
ရုန်ယိ သူ့နဖူးသူအုပ်ကိုင်လိုက်ပြီး
"မင်းတို့ သူ့ကို ကလေးမွေးမဲ့သူက ယောက်ျားတစ်ယောက်ဆိုတာ မပြောပြခဲ့ကြဘူးလား"
ယောက်ျားတွေအကုန်လုံးအခန်းထဲကနေထွက်သွားကြတဲ့အခါ လက်သည်လီက သူ့ရေမြွှာပေါက်နေပြီလား စစ်ဆေးကြည့်ရအောင်လို့ လက်ဆန့်ပြီး သူ့ခွကြားကိုလက်လှမ်းလာလေသည်။ ကံကောင်းလို့ သူအမြန်တားနိုင်ခဲ့တာဖြစ်သည်။
ယွီပင်းက တိုးတိုးလေးပြန်ပြောလာသည်။
"ဟင့်အင်း..မပြောခဲ့မိဘူးထင်တာဘဲ.."
အရမ်းအလျှင်လိုနေတာကြောင့် လူတစ်ယောက်ကလေးမွေးမလို့လို့သာ သူပြောခဲ့တာဖြစ်သည်။
ရုန်ယိ "......"
ယင်ကျင်းရဲ့ "......"
"အစ်မကြီး..ကလေးမွေးမဲ့သူက ယောက်ျားလေးပါ..မိန်းကလေးမဟုတ်ပါဘူး"
ရန်ချိုးရွှမ်က ဖြစ်နေတာတွေကိုအမြန်ရှင်းပြလိုက်သည်။
"အစ်မကြီးလက်ကိုကိုင်ထားတဲ့သူက ကျွန်မရဲ့သားပါ"
လက်သည်လီမှာ ထိတ်လန့်အံ့သြသွားရသည်။
"သူ...သူက..ယောက်ျားလေးလား"
"ဟုတ်ပါတယ်"
လက်သည်လီက အလောတကြီးပြောလာသည်။
"ကျွန်မ ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ ကလေးမမွေးပေးဖူးဘူးရှင့်..ကျွန်မဘယ်လိုလုပ်ရမယ်ဆိုတာလည်းမသိဘူး..အတွေ့အကြုံရှိတဲ့ တစ်ယောက်ကိုရှာလိုက်တာပိုကောင်းမယ်ထင်တယ်..ကျွန်မကိုခွင့်ပြုပါဦး"
သူမလှည့်ထွက်လိုက်တဲ့အချိန်မှာ သူမရှေ့ကနေ ယွီပင်းနဲ့ရှင်းဟယ်က ပိတ်ရပ်လာသည်။
သူတို့နှစ်ယောက်စလုံးက ရုပ်တည်ကြီးတွေဖြစ်နေတာကြောင့် သူတို့ သူမကိုနှုတ်ပိတ်တော့မယ်ထင်ပြီး တုန်ရီနေတဲ့အသံနဲ့မေးလိုက်သည်။
"ဘာ..ဘာလိုချင်လို့လဲ!"
ယွီပင်းက
"ကျွန်တော်တို့သခင်လေး ကလေးမမွေးပြီးမချင်း ခင်ဗျားထွက်သွားလို့မရသေးဘူး"
"ဒါပေမဲ့ ကျွန်မမှ ယောက်ျားတစ်ယောက်ကိုကလေးမမွေးပေးဖူးတာ..ကျွန်မကိုခေါ်ထားလို့ရော ဘာများအသုံးဝင်မှာမလို့လဲ"
"ခင်ဗျားနေနေရင် အသုံးဝင်ချင်ဝင်လာမှာပေါ့..ကျွန်တော်တို့သခင်လေး ကလေးမွေးဖွားပြီးတဲ့အထိအပြင်ဘက်မှာစောင့်နေပေးပါ..ခင်ဗျား ကူကူ မကူကူ ခင်ဗျားအတွက် အခကြေးငွေရမှာပါ"
ဘာမှလုပ်စရာမလိုဘဲ အခကြေးငွေရမယ်ဆိုတာကြားလိုက်တာနဲ့ လက်သည်လီက နေပေးဖို့ချက်ချင်းသဘောတူလိုက်တော့သည်။
ထို့နောက်မှာလည်း တစ်ယောက်ပြီးတစ်ယောက်နဲ့ လက်သည်အချို့ရောက်လာကြသည်။ သူတို့ကလည်း တစ်ခါမှ ယောက်ျားတစ်ယောက်ကိုကလေးမမွေးဖူးပေးကြတာကြောင့် အကုန်လုံးအပြင်ဘက်မှာစောင့်နေကြရသည်။ ပြီးနောက် အမျိုးသားသမားတော်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာပြန်လေသည်။ သူတို့အကုန်လုံးက ရုန်ယိရဲ့သွေးကြောကိုစမ်းသပ်ပြီးတာနဲ့ ကလေးကအနည်းငယ်အားနည်းနေသေးတာကြောင့် ရက်အနည်းငယ်နေမှသာ ကလေးမွေးဖွားနိုင်လိမ့်မယ်လို့ပြောသွားကြ၏။
သမားတော်တွေရဲ့စကားကိုကြားတဲ့အခါ ရှင်းဟယ်က အကြံပေးလာသည်။
"သခင်..သခင်လေးက နောက်ရက်အနည်းငယ်နေမှမွေးမယ်လို့ သမားတော်တွေကပြောသွားတယ်ဆိုတော့ ကျွန်တော်တို့ ယင်အိမ်တော်ကိုအရင်ပြန်လိုက်ကြရင်ရော...ပြီးခဲ့တဲ့အခေါက်က ရုန်ဟွမ်က သခင်လေးကိုကလေးမွေးပေးခဲ့တာဆိုတော့ သူ့မှာအတွေ့အကြုံရှိပြီးသားလေ"
ယင်ကျင်းရဲ့လည်း သဘောတူလိုက်၏။
"အင်း..မင်းပြောသလိုဘဲလုပ်ကြတာပေါ့"
အကယ်၍ ဒီကလေးထွက်မလာသေးပါက ရုန်ယိရဲ့အော်သံဟစ်သံတွေကြောင့် သူလည်းထိတ်လန့်နေရပေလိမ့်မည်။
ရန်ချိုးရွှမ် မတ်တပ်ထရပ်လိုက်သည်။
်"ငါလည်း မင်းတို့နဲ့အတူလိုက်ခဲ့မယ်"
"အမေ..အမေက ကျွန်တော်တို့နဲ့လိုက်ခဲ့ရင် လီယွိမြို့ကရောဘယ်လိုလုပ်မလဲ"
"ငါက ရက်လေးအနည်းငယ်ဘဲသွားမှာ..ဒီမြို့ကြီးပျက်စီးမသွားနိုင်ပါဘူး"
ရန်ချိုးရွှမ်က သူ့ကိုတွဲပြီး အခန်းထဲကထွက်စေကာ လှည်းေပါ်တက်ဖို့ကူညီပေးလိုက်သည်။
လှည်းက သူတို့အကုန်လုံးဝင်ဆံ့တဲ့အထိ ကျယ်ဝန်းနေတာတော်သေးသည်။
ရုန်ယိ ယင်ကျင်းရဲ့ကိုမေးလိုက်သည်။
"ခင်ဗျား အရင်ကတစ်ခါမှ ဓားပျံမစီးဖူးဘူးပြောခဲ့တယ်လေ..အဲ့တာ ခင်ဗျားမှာ ဒေါင်းဖြူရှိနေလို့ပေါ့ ဟုတ်လား"
ယင်ကျင်းရဲ့က 'အင်း' လို့သာ ပြန်ဖြေလာသည်။
"မနာလိုလိုက်တာနော်...ခင်ဗျားမှာကျတော့ ဒီလောက်လှတဲ့စီးတော်သားရဲရှိပြီး ခင်ဗျားနဲ့လည်းလုံးဝကိုလိုက်ဖက်သင့်လျော်တယ်...ကျွန်တော်လည်း ကိုယ်ပိုင်စီးတော်သားရဲလိုချင်လိုက်တာ..ဟမ့်!"
ထိုအကြောင်းကို ပုံဖော်ကြည့်လိုက်တာနဲ့ ရုန်ယိတော်တော်လေးကိုပျော်ရွှင်ကြည်နူးသွားရသည်။
"တော်တော်လေး ခန့်ညားထည်ဝါနေမှာဘဲ..."
ယင်ကျင်းရဲ့က မေးလိုက်၏။
"မင်းက ဘယ်လို စီးတော်သားရဲမျိုးကိုသဘောကျတာလဲ"
ခဏလောက်စဥ်းစားနေပြီးနောက် ရုန်ယိက ယင်ဖုန်းနဲ့ လန်လျှို့တို့ကိုခေါ်ထုတ်လိုက်သည်။
"ငါမင်းတို့ကို သွေးသားရဲကျေးရွာကိုပြန်ဖို့ အချိန်လဝက်ပေးမယ်..ပြီးရင် မင်းတို့ထက် ကျင့်ကြံဆင့်နိမ့်တဲ့ အပေါင်းအဖော်တွေကို ငါ့ကိုတွေ့ဖို့အတွက် ဟိုင်ရှန်းမြို့ကို ခေါ်လာခဲ့ပေး...အခြေအနေတစ်ခုတော့ရှိတယ်..သူတို့က သူတို့ဆန္ဒနဲ့သူတို့လာတာဖြစ်ပြီး မင်းတို့ရဲ့စကားကိုလည်းနားထောင်ရမယ်"
ယင်ဖုန်းက
"ကြောက်စရာလူသားကောင်..မင်းဘာလိုချင်နေပြန်တာလဲ!"
လန်လျှို့ကလည်း သုန်မှုန်စွာနဲ့မေးလာသည်။
"မကောင်းဆိုးဝါးလူသားကောင်...မင်းလက်တွေကို ငါ့အပေါင်းအဖော်တွေပေါ်မှာတောင်တင်ချင်နေသေးတာလားကွ!!"
ရုန်ယိကတော့ သာမန်ကာသျှံကာသာပြန်ပြောလိုက်သည်။
"ငါပြောပြီးသား..သူတို့သာ သူတို့ဆန္ဒနဲ့သူတို့ မင်းတို့နဲ့လိုက်လာချင်တယ်ဆိုရင် ငါကသူတို့ကိုမမျှမတဆက်ဆံမှာမဟုတ်ဘူး..ငါက သူတို့ကျင့်ကြံရေးကိူတိုးတက်ဖို့အတွက်ပါ နည်းလမ်းရှာပေးမယ်..ပြီးတော့ သူတို့ရဲ့ အသွင်ပြောင်းလဲမှုအဆင့်အတွက် မိုးကြိုးစမ်းသပ်မှုကိုလည်းဖြတ်ကျော်နိုင်စေရမယ်လို့ ငါအာမခံတယ်..အကယ်၍ သူတို့မပျော်တာ မနေချင်တာမျိုးရှိလာရင်လည်း သူတို့ထွက်သွားလို့ရတယ်..သူတို့သာငါ့အပေါ်သစ္စာရှိမယ်ဆိုရင်တော့ သူတို့အတွက်ကောင်းကျိုးတွေဘဲရမှာပေါ့"
ယင်ဖုန်းနဲ့ လန်လျှို့တို့မှာ အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။ ရုန်ယိနဲ့ အချိန်တစ်ခုလောက်အတူနေကြည့်ပြီးနောက်မှာ ရုန်ယိက ဘာမဟုတ်တဲ့သူလေးတစ်ယောက်မဟုတ်မှန်း သူတို့ပြောနိုင်သည်။ သူက သူ့ရဲ့ချီသန့်စင်အဆင့်၂ လေးနဲ့ သူတို့ကိုထိန်းချုပ်နိုင်ရုံသာမက အဆင့်နိမ့်ပါဝင်ပစ္စည်းတွေကိုသာသုံးပြီး ပိုကောင်းမွန်တဲ့ ကိရိယာတန်ဆာပလာတွေကိုလည်းသန့်စင်ပေးနိုင်လေသည်။ ဒါ့အပြင် မဟာယာနအဆင့်ကသူကိုတောင်မှ ထိခိုက်သွားအောင်လုပ်ခဲ့နိုင်၏။ သူနဲ့အဆင့်တူကသူတွေတစ်ယောက်မှ သူ့လိုမျိုးမလုပ်ဆောင်နိုင်ပေ။
အကယ်၍ သူတို့သာ သူတို့အပေါင်းအဖော်တွေကို ရုန်ယိဆီကိုခေါ်လာခဲ့ရင် သူတို့ကိုပိုစွမ်းအားကြီးလာအောင်လုပ်ပေးနိုင်မဲ့နည်းလမ်း သူ့ဆီမှာ တစ်ကယ်ရှိနေလိမ့်မည်။ ဒါပေမဲ့ မိစ္ဆာသားရဲမျိုးနွယ်တွေက လူသားတွေအပေါ်မှာ အမြဲတမ်းမကောင်းမြင်စိတ်သာရှိနေတာကို လူတိုင်းလည်းသိတာကြောင့် သူတို့က လာဖို့ကိုတော့ သဘောတူမှာမဟုတ်လောက်ပေ။
ခဏလောက်တုံ့ဆိုင်းနေပြီးနောက်မှာတော့ သားရဲနှစ်ကောင်က လှည်းထဲကနေပျံထွက်သွားတော့သည်။
"သူတို့ကို ခေါ်လာနိုင်မယ်လို့တော့ ငါတို့အာမမခံနိုင်ဘူး..ဒါပေမဲ့ ငါတို့ကြိုးစားကြည့်ပေးမယ်!"
သူမသားက အများကြီးပြောင်းလဲသွားခဲ့ပြီလို့ ရန်ချိုးရွှမ်ထင်သည်။ အခုဆို သူက ကိစ္စတွေကို သူ့ဘာသာသူတောင် စီစဥ်ဆောင်ရွက်နိုင်နေလေပြီ။ ဒါက သူ့မှာဝိညာဥ်သွေးကြောပိုင်ဆိုင်တယ်ဆိုတာသိလိုက်ရလို့ သူပိုပြီးယုံကြည်ချက်တွေရှိလာတာများလား...။
တောင်တောင်အီအီလျှောက်တွေးကြည့်ပြီးနောက် ဒါကသာအဖြစ်နိုင်ဆုံးဖြေရှင်းချက်အဖြစ် အဖြေထွက်လာလေသည်။
သူတို့ တည်းခိုဆောင်ကနေထွက်သွားတာနဲ့ ရန်ဝူရွှမ်နဲ့ နှစ်ကိုယ်တူကျင့်ကြံခဲ့တဲ့လူက နိမိတ်ဖတ်တွက်ချက်ကြည့်လိုက်ပြီးနောက် သူ့အစိအစဥ်တွေအကုန်ကျရှုံးသွားမှန်း သိရှိသွားရလေသည်။ ထိုသူမှာ ဒေါသတွေထွက်ကာ သူ့ရှေ့ကစားပွဲပေါ်က အရာမှန်သမျှကို ဖျက်စီးပစ်ပလိုက်၏။
"ဘာဖြစ်လို့လဲ"
ဝတ်စုံအပါးလေးတစ်လွှာသာလွှမ်းခြုံထားတဲ့ ရန်ဝူရွှမ်က ထိုလူ့ကိုနောက်မှဖက်ကာ မေးလိုက်သည်။
"ကျရှုံးသွားတယ်"
ထိုလူက မျက်လုံးတွေမှေးကျဥ်းလိုက်ပြီး
"ငါ့လူတွေ ရုန်ယိကိုမဖမ်းနိုင်ခဲ့ဘူး!"
ရန်ဝူရွှမ် အံ့အားသင့်သွားရသည်။
"ရှင့် နိမိတ်ဖတ်စွမ်းရည်က ပြိုင်ဘက်ကင်းဘဲကို..ဘယ်လိုလုပ်ကျရှုံးသွားရတာလဲ!!"
"ယင်ကျင်းရဲ့က ငါ့ထက်ကျင့်ကြံဆင့်မြင့်တယ်..ဒီ့အပြင် သူ့ထက်တောင်မှ ကျင့်ကြံဆင့်မြင့်သေးတဲ့ ကမ္ဘာမြေအဆင့်တစ္ဆေကျင့်ကြံသူတစ်ယောက်ကိုပါ လမ်းကနေခေါ်လာသေးတယ်..သူတို့နှစ်ယောက်ရှိနေတာကြောင့် ငါ့နိမိတ်ဖတ်တာတွေက အရင်ကလို အတိအကျမမှန်တော့တာမလို့ သူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုပြောနိုင်ဖို့ကခက်သွားပြီ..ဒါ့အပြင် ရုန်ယိရဲ့ကံကြမ္မာကလည်း ဖြေးဖြေးချင်းပြောင်းလဲနေတယ်..ဒါကြောင့် သူရဲ့အရာအားလုံးကို နိမိတ်ဖတ်ဟောနိုင်ဖို့က ခက်သွားတယ်..တစ်ခါတစ်လေ ကိစ္စတွေက သူ့အတွက်ကောင်းတဲ့အရာလား..ဆိုးတဲ့အရာလားဆိုတာတောင် ငါမမြင်နိုင်တော့ဘူး"
"အခုတစ်ခေါက်ကျရှုံးသွားတယ်ဆိုရင်လည်း...ကျွန်မတို့ နောက်ထပ်နောက်ထပ် ကြိုးစားလို့ရသေးတာဘဲလေ..တစ်နေ့နေ့တော့ သူ့ကိုဖမ်းမိမှာပေါ့"
"မင်းပြောတာမှန်တယ်"
ထိုလူက ရန်ဝူရွှမ်ရဲ့မေးစေ့လေးကို ဖွဖွလေးဆွဲဖြစ်လိုက်ပြီးနောက် သူ့ဝတ်စုံတွေကိုပြန်ဝတ်ဆင်နေရင်း ပြောလိုက်သည်။
"ငါပြန်သွားပြီးတော့ တစ်ချို့ဟောချက်တွေကို သေသေချာချာလေး ပြန်တွက်ချက်ကြည့်ဖို့လိုတယ်..သူတို့ကိုဘယ်နေရာကိုမှ လွတ်မြောက်ခွင့်မပေးနိုင်ဘူး"
ရန်ဝူရွှမ်က ပရော်ပရည်အပြုံးမျိုးပြုံးပြလိုက်ပြီး
"ဒါဆိုလည်း ကျွန်မရှင့်ကို အပြင်ဘက်ကိုလိုက်မပို့တော့ဘူးနော်"
"ငါ မင်းကို နောက်ရက်တွေမှလာတွေ့မယ်"
သူတို့က ရုန်ယိအပေါ်ထပ်ကြံစည်နေကြတဲ့အချိန် တစ်ဖက်မှာတော့ ရုန်ယိမှာ နောက်ထပ်တစ်ခါဗိုက်နာလာပြန်ပြီး အရင်အခေါက်တွေတုန်းကထက်ပင် ပိုပြင်းထန်လေသည်။
ရုန်ယိ ခက်ခက်ခဲခဲနဲ့ပြောလိုက်၏။
"ကလေးတွေအဖေ...ကလေး..ကလေးက ထွက်လာတော့မယ်ထင်တယ်.."
ယင်ကျင်းရဲ့ "......"
"ဒါက အရင်အခေါက်တွေကလိုမျိုး ဗိုက်နာတာဘဲဖြစ်မှာ..သည်းခံလိုက်နော်"
ရန်ချိုးရွှမ် သူ့ရဲ့လက်တွေကိုတင်းကြပ်စွာဆုပ်ကိုင်ပေးထားလိုက်သည်။
"သမားတော်တွေကလည်း သားက နောက်ရက်အနည်းငယ်လောက်မှမွေးမယ်လို့ပြောထားတာလေ"
ရုန်ယိလည်း ဒါက အရင်ကလိုမျိုး ဗိုက်နာတာလို့ဘဲထင်သည်။ ဒါပေမဲ့ တစ်နာရီလောက်ကြာသွားတာတောင် ကြီးမားလှတဲ့နာကျင်မှုကြီးကရှိနေဆဲပင်..သူ့ဗိုက်ကြီး ပေါက်ကွဲထွက်သွားတော့မယ်လို့တောင်ခံစားနေရလေသည်။
သူ့ဝတ်စုံကိုအမြန်ဖွင့်ပြီး ဗိုက်ကြီးကိုလှန်ကြည့်လိုက်တဲ့အခါ ဗိုက်ထဲက ကလေးလေးက အထဲကနေ ဗိုက်သားကို လက်လေးတွေရော ခြေလေးတွေရောနဲ့တွန်းနေတာကိုတွေ့လိုက်ရသည်။ မသိတဲ့လူဆိုရင် ကလေးက ထွက်လာတော့မယ်ဆိုပြီး ထိတ်လန့်သွားလောက်လေသည်။ သူက သူ့ရဲ့သေးငယ်တဲ့မျက်နှာလေးကို တစ်ခြားသူတွေတွေ့ရလောက်အောင် သူ့မျက်နှာလေးနဲ့ပါ ဗိုက်ကိုတွန်းနေလေသည်။
ယင်ကျင်းရဲ့ ရုန်ယိရှေ့မှာ အမြန်ထိုင်ချလိုက်ပြီး သူ့ဗိုက်ကိုစမ်းကြည့်လိုက်သည်။
ရန်ချိုးရွှမ်က အော်ပြောလိုက်၏။
"ကလေးက ဒီတစ်ခေါက်တော့ တစ်ကယ်ထွက်လာတော့မဲ့ပုံဘဲ!...လက်သည်နဲ့ သမားတော်တွေအမြန်သွားရှာကြပါဦး!!"
ဖုတ်ကောင်လေးက သိချင်စိတ်အပြည့်နဲ့ ရုန်ယိဘေးနားကိုပျံသန်းလာပြီး ဗိုက်ထဲက ကလေးလေးရဲ့မျက်နှာလေးကို သူ့လက်ချောင်းတွေတွေနဲ့ တို့ထိကြည့်လိုက်သည်။ ဗိုက်ထဲက ကလေးလေးကလည်း ဒါကိုခံစားသိရှိနိုင်ပုံရပြီး ပြန်လှဲသွားကာ ရုန်ယိရဲ့ဗိုက်ကိုသာ ခြေထောက်လေးတွေနဲ့ကန်နေလေတော့သည်။
ဖုတ်ကောင်လေးက တခစ်ခစ်ရယ်မောလိုက်သည်။ သူက ဗိုက်ထဲကအရာလေးက အရမ်းပျော်စရာကောင်းတယ်လို့ ထင်နေလေ၏။
အပြင်ဘက်မှာထိုင်နေတဲ့ ရှင်းဟယ်ရဲ့မျက်နှာမှာတော့ အချဥ်စားရသလိုရှုံ့မဲ့သွားတော့သည်။
"ကျွန်တော်တို့က အခု မြေရိုင်းဒေသရဲ့လေထဲမှာလေ..ဘယ်နေရာကနေ လက်သည်နဲ့ သမားတော်တွေသွားရှာရမလဲဗျာ..ဒီလိုဖြစ်မယ်မှန်းသာသိခဲ့ရင် အိမ်တော်ကိုအရင်ပြန်ဖို့ အကြံမပေးခဲ့ပါဘူး.."
"အာ့...အာ့.."
ရုန်ယိခမျာ သူသေတော့မယ်လို့တောင်ထင်နေလေပြီ။
"အရင်တစ်ခေါက်က ကလေးကိုသူဘယ်လိုမွေးပေးခဲ့တယ်ဆိုတာ ရုန်ဟွမ်မပြောဖူးဘူးလား!"
ရှင်းဟယ်က လှည်းကိုပျံသန်းနှုန်းမြှင့်ရင်း ပြန်ပြောလာသည်။
"သခင်လေးရဲ့ဗိုက်ကို ဓားနဲ့ခွဲပြီးတော့တဲ့"
ရုန်ယိ သူ့သိုလှောင်လက်စွပ်ထဲကနေ ဓားမြှောင်တစ်ချောင်းကို ချက်ချင်းထုတ်လိုက်ပြီး ရန်ချိုးရွှမ်လက်ထဲကိုထည့်ပေးလိုက်သည်။
"အမေ..ကျွန်တော့်ကို ကလေးထုတ်ပေး!"
ရန်ချိုးရွှမ် လက်တွေအမြန်ယမ်းခါလာသည်။
"မရဘူး..မရဘူး...ငါမလုပ်နိုင်ဘူး!"
သူမက လူတွေအမြောက်အများကို သတ်ဖြတ်ခဲ့ဖူးတာမှန်သော်လည်း သူမသားအပေါ်တော့ ဒီလိုကိစ္စမျိုးကိုမလုပ်နိုင်ပေ။
ဒီအခါ ရုန်ယိ ဓားမြှောင်ကို ယင်ကျင်းရဲ့လက်ထဲထိုးထည့်ပေးလိုက်သည်။
ယင်ကျင်းရဲ့မှာ တွန့်ဆုတ်နေပုံပေါ်ပေမဲ့ ကလေးကအရမ်းထွက်လာချင်နေပြီဆိုတာတွေ့တဲ့အခါ သူချက်ချင်းဘဲ ရုန်ယိလက်ထဲက ဓားမြှောင်ကိုယူလိုက်တော့သည်။
ဒီကျင့်ကြံရေးလောကကြီးတစ်ခုလုံးမှာ ကိုယ့်ကျင့်ကြံဖော်ကို ကိုယ်တိုင်ကလေးမွေးပေးရတဲ့ယောက်ျားက သူပထမဆုံးဘဲ ဖြစ်ပေလိမ့်မည်။
ရန်ချိုးရွှမ်က ရုန်ယိလက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားပေးလိုက်ပြီး
"ယိအာ..မကြောက်နဲ့နော်...စိတ်အေးအေးထား....အမေဒီမှာသားနဲ့အတူရှိတယ်.."
ရုန်ယိ မျက်ခုံးတွေတွန့်သွားရသည်။
"အမေ..အမေလုပ်တာ ကျွန်တော်နာနေပြီ..."
ရန်ချိုးရွှမ် သူမလက်တွေကိုအမြန်ဖြေလျှော့ပေးလိုက်၏။
"တောင်းပန်ပါတယ်..အမေလည်း အရမ်းကြောက်နေလို့.."
ထို့နောက် ရုန်ယိ တွန့်ဆုတ်နေဆဲဖြစ်သည့် ယင်ကျင်းရဲ့ဘက်ကိုလှည့်လိုက်သည်။
"ကလေးတွေအဖေ...ခင်ဗျားလက်တွေတုန်နေတယ် "
သေသေချာချာသာမကြည့်ခဲ့ရင် လှည်းကလှုပ်နေတာကြောင့် လက်တွေပါလိုက်လှုပ်နေတာလို့ဘဲ ထင်မိပေလိမ့်မည်။
"....."
ယင်ကျင်းရဲ့ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး
"မင်း စိတ်ထင်နေတာပါ"
ရုန်ယိ "....."
အဓိပ္ပာယ်မရှိတာ!!...သူ့လက်တွေတုန်နေတာ သိသာနေတဲ့ဟာကို...
ယင်ကျင်းရဲ့ ဓားမြှောင်ကို ရုန်ယိဗိုက်ပေါ်ကိုတင်လိုက်သည်။
ရုန်ယိ အမြန်ထအော်လိုက်၏။
"နေဦး!!!...."
ယင်ကျင်းရဲ့ "......"
"ဒီဓားမြှောင်က ပိုးမသတ်ရသေးဘူး!..အရင်ဆုံး မီးကင်ပြီး သန့်စင်လိုက်ဦးလေ!"
ယင်ကျင်းရဲ့ သူ့ဝိညာဥ်စွမ်းအားကိုသုံးပြီး ဓားကိုမီးကင်လိုက်ကာ ရုန်ယိဗိုက်ပေါ်ကိုထပ်တင်လိုက်သည်။
"နေဦး!!!"
ရုန်ယိ တံတွေးမြိုချလိုက်ကာ
"ကျွန်တော်နာတာကြောက်တယ်...ခင်ဗျားမှာ မနာအောင်လုပ်လို့ရတဲ့ဆေးမရှိဘူးလားဟင်"
ယင်ကျင်းရဲ့ "......"
ခုနက သူဒီလောက်နာကျင်နေတာကျတော့ ဘာနာကျင်တာသက်သာစေတဲ့ဆေးမှမတောင်းခဲ့ဘဲနဲ့...
ရန်ချိုးရွှမ်က ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲအမြန်ထည့်ပေးလိုက်သည်။
"ဒါက နာကျင်တာတွေကိုသက်သာစေတယ်"
ယင်ကျင်းရဲ့ နောက်တစ်ခါ ဓားမြှောင်ကို ရုန်ယိဗိုက်ပေါ်ကိုတင်လိုက်ပြန်သည်။
"နေဦး!!!"
ယင်ကျင်းရဲ့မှာ 'နေဦး' ပေါင်းများစွာကိုကြားပြီးတဲ့နောက်တော့ မျက်ဆံမလှန်ဘဲ မနေနိုင်တော့..။ သူသာ ဒီလိုဆက်အော်နေမယ်ဆိုရင် သူ့ရဲ့မနည်းတင်းထားရတဲ့စိတ်လည်းပြိုလဲပြီး ဒါကိုလုပ်နိုင်တော့မှာမဟုတ်တော့ပေ။
"ကလေးတွေအဖေ...ဂရုစိုက်နော်..အရမ်းနက်နက်ကြီးမခွဲလိုက်နဲ့ဦး..ကလေးကိုထိခိုက်သွားဦးမယ်"
"ကိုယ်သေချာဂရုစိုက်လိုက်မယ်"
သူတစ်ကယ်ကြီးလုပ်တော့မှာကို တွေ့တဲ့အခါ ရုန်ယိ ထပ်အော်လာပြန်လေသည်။
"နေဦး!!!"
ယင်ကျင်းရဲ့ "......"
"ကျွန်တော် အသက်ပြင်းပြင်းရှူပြီး စိတ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့လိုသေးတယ်"
ရုန်ယိ အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်ဆုံးတော့ သူ မိန်းမတစ်ယောက်လိုကလေးမွေးပေးရတော့မည်။ ဒါကြီးက အရမ်းရုတ်တရက်ဆန်ပြီး သူ့အတွက်လက်ခံလိုက်နိုင်ဖို့လည်း ခက်ခဲလှလေသည်။
"ကလေးတွေအဖေ..ခင်ဗျားလက်တွေ တုန်နေတယ်ထင်တယ်နော်"
ယင်ကျင်းရဲ့ သဘောတူတဲ့အသံနဲ့ပြန်ပြောလိုက်သည်။
"အဲ့တာ မင်းအရမ်းကြောက်နေလို့"
"ကျွန်တော်က ကလေးမွေးရတော့မှာလေ..ဘယ်လိုလုပ်မကြောက်ဘဲနေနိုင်မှာလဲဗျ!!...ခင်ဗျားပြောကြည့်လေ..ကျွန်တော်ဘယ်လိုလုပ်တည်တည်ငြိမ်ငြိမ်နဲ့နေနိုင်မှာလဲ!!"
ယင်ကျင်းရဲ့ "......"
ရန်ချိုးရွှမ် သူမရဲ့သားဖြစ်သူကို နှစ်သိမ့်ပေးဖို့ကြိုးစားလိုက်သည်။
"ယိအာ...မစိုးရိမ်နဲ့နော်..အမေ့မှာ အကောင်းဆုံးဆေးရှိတယ်..ကလေးထွက်လာပြီးတာနဲ့ အမေဆေးကို သားပေါ်ချက်ချင်းသုံးပေးမယ်..အမာရွတ်တောင်မကျန်စေရဘူး..အမေကတိပေးတယ်"
ရုန်ယိ ရေရွတ်လိုက်သည်။
"ဒီလောက်အစွမ်းထက်တဲ့ဆေးတွေရှိနေတဲ့အတွက် ဒီကျင့်ကြံရေးလောကကြီးကိုဘဲ ကျေးဇူးတင်သင့်လား..."
ရန်ချိုးရွှမ်က ယင်ကျင်းရဲ့ကိုပြောလိုက်သည်။
"မင်းလုပ်လို့ရပြီ"
ယင်ကျင်းရဲ့ ခေါင်းငြိမ့်လိုက်၏။
"နေဦး!!!"
ရုန်ယိစကားဆုံးသွားတာနဲ့ ရုတ်တရက် ဖုတ်ကောင်လေးက ယင်ကျင်းရဲ့လက်ထဲကဓားမြှောင်ကိုဆွဲယူသွားတော့သည်။
##
ကလေးကအခုထိထွက်မလာရသေးဘူးရှင်😂😂
နောက်အပိုင်းတော့တစ်ကယ်ထွက်လာတော့မှာပါ
မနက်ဖြန်အစောတင်ပေးမယ်နော်
အခုတော့ ပြီးတာနဲ့တင်ပေးလိုက်တာပါ🖤🖤
*************
Zawgyi
ေအာ္သံေၾကာင့္ ယင္က်င္းရဲ႕ အခန္းထဲအျမန္ဝင္သြားၾကည့္လိုက္တဲ့အခါ ႐ုန္ယိက လက္သည္လီရဲ႕လက္ကိုကိုင္ထားတာကိုသာေတြ႕လိုက္ရသည္။
ရွင္းဟယ္ မ်က္ေမွာင္ၾကဳတ္သြားၿပီး ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ"
လက္သည္လီရဲ႕မ်က္ႏွာမွာလည္း ေမးခြန္းမ်ားနဲ႕ျပည့္ႏွက္ေန၏။
႐ုန္ယိ သူ႕နဖူးသူအုပ္ကိုင္လိုက္ၿပီး
"မင္းတို႔ သူ႕ကို ကေလးေမြးမဲ့သူက ေယာက္်ားတစ္ေယာက္ဆိုတာ မေျပာျပခဲ့ၾကဘူးလား"
ေယာက္်ားေတြအကုန္လုံးအခန္းထဲကေနထြက္သြားၾကတဲ့အခါ လက္သည္လီက သူ႕ေရႁမႊာေပါက္ေနၿပီလား စစ္ေဆးၾကည့္ရေအာင္လို႔ လက္ဆန့္ၿပီး သူ႕ခြၾကားကိုလက္လွမ္းလာေလသည္။ ကံေကာင္းလို႔ သူအျမန္တားနိုင္ခဲ့တာျဖစ္သည္။
ယြီပင္းက တိုးတိုးေလးျပန္ေျပာလာသည္။
"ဟင့္အင္း..မေျပာခဲ့မိဘူးထင္တာဘဲ.."
အရမ္းအလွ်င္လိုေနတာေၾကာင့္ လူတစ္ေယာက္ကေလးေမြးမလို႔လို႔သာ သူေျပာခဲ့တာျဖစ္သည္။
႐ုန္ယိ "......"
ယင္က်င္းရဲ႕ "......"
"အစ္မႀကီး..ကေလးေမြးမဲ့သူက ေယာက္်ားေလးပါ..မိန္းကေလးမဟုတ္ပါဘူး"
ရန္ခ်ိဳး႐ႊမ္က ျဖစ္ေနတာေတြကိုအျမန္ရွင္းျပလိုက္သည္။
"အစ္မႀကီးလက္ကိုကိုင္ထားတဲ့သူက ကြၽန္မရဲ႕သားပါ"
လက္သည္လီမွာ ထိတ္လန့္အံ့ၾသသြားရသည္။
"သူ...သူက..ေယာက္်ားေလးလား"
"ဟုတ္ပါတယ္"
လက္သည္လီက အေလာတႀကီးေျပာလာသည္။
"ကြၽန္မ ေယာက္်ားတစ္ေယာက္ကို ဘယ္တုန္းကမွ ကေလးမေမြးေပးဖူးဘူးရွင့္..ကြၽန္မဘယ္လိုလုပ္ရမယ္ဆိုတာလည္းမသိဘူး..အေတြ႕အႀကဳံရွိတဲ့ တစ္ေယာက္ကိုရွာလိုက္တာပိုေကာင္းမယ္ထင္တယ္..ကြၽန္မကိုခြင့္ျပဳပါဦး"
သူမလွည့္ထြက္လိုက္တဲ့အခ်ိန္မွာ သူမေရွ႕ကေန ယြီပင္းနဲ႕ရွင္းဟယ္က ပိတ္ရပ္လာသည္။
သူတို႔ႏွစ္ေယာက္စလုံးက ႐ုပ္တည္ႀကီးေတြျဖစ္ေနတာေၾကာင့္ သူတို႔ သူမကိုႏႈတ္ပိတ္ေတာ့မယ္ထင္ၿပီး တုန္ရီေနတဲ့အသံနဲ႕ေမးလိုက္သည္။
"ဘာ..ဘာလိုခ်င္လို႔လဲ!"
ယြီပင္းက
"ကြၽန္ေတာ္တို႔သခင္ေလး ကေလးမေမြးၿပီးမခ်င္း ခင္ဗ်ားထြက္သြားလို႔မရေသးဘူး"
"ဒါေပမဲ့ ကြၽန္မမွ ေယာက္်ားတစ္ေယာက္ကိုကေလးမေမြးေပးဖူးတာ..ကြၽန္မကိုေခၚထားလို႔ေရာ ဘာမ်ားအသုံးဝင္မွာမလို႔လဲ"
"ခင္ဗ်ားေနေနရင္ အသုံးဝင္ခ်င္ဝင္လာမွာေပါ့..ကြၽန္ေတာ္တို႔သခင္ေလး ကေလးေမြးဖြားၿပီးတဲ့အထိအျပင္ဘက္မွာေစာင့္ေနေပးပါ..ခင္ဗ်ား ကူကူ မကူကူ ခင္ဗ်ားအတြက္ အခေၾကးေငြရမွာပါ"
ဘာမွလုပ္စရာမလိုဘဲ အခေၾကးေငြရမယ္ဆိုတာၾကားလိုက္တာနဲ႕ လက္သည္လီက ေနေပးဖို႔ခ်က္ခ်င္းသေဘာတူလိုက္ေတာ့သည္။
ထို႔ေနာက္မွာလည္း တစ္ေယာက္ၿပီးတစ္ေယာက္နဲ႕ လက္သည္အခ်ိဳ႕ေရာက္လာၾကသည္။ သူတို႔ကလည္း တစ္ခါမွ ေယာက္်ားတစ္ေယာက္ကိုကေလးမေမြးဖူးေပးၾကတာေၾကာင့္ အကုန္လုံးအျပင္ဘက္မွာေစာင့္ေနၾကရသည္။ ၿပီးေနာက္ အမ်ိဳးသားသမားေတာ္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေရာက္လာျပန္ေလသည္။ သူတို႔အကုန္လုံးက ႐ုန္ယိရဲ႕ေသြးေၾကာကိုစမ္းသပ္ၿပီးတာနဲ႕ ကေလးကအနည္းငယ္အားနည္းေနေသးတာေၾကာင့္ ရက္အနည္းငယ္ေနမွသာ ကေလးေမြးဖြားနိုင္လိမ့္မယ္လို႔ေျပာသြားၾက၏။
သမားေတာ္ေတြရဲ႕စကားကိုၾကားတဲ့အခါ ရွင္းဟယ္က အႀကံေပးလာသည္။
"သခင္..သခင္ေလးက ေနာက္ရက္အနည္းငယ္ေနမွေမြးမယ္လို႔ သမားေတာ္ေတြကေျပာသြားတယ္ဆိုေတာ့ ကြၽန္ေတာ္တို႔ ယင္အိမ္ေတာ္ကိုအရင္ျပန္လိုက္ၾကရင္ေရာ...ၿပီးခဲ့တဲ့အေခါက္က ႐ုန္ဟြမ္က သခင္ေလးကိုကေလးေမြးေပးခဲ့တာဆိုေတာ့ သူ႕မွာအေတြ႕အႀကဳံရွိၿပီးသားေလ"
ယင္က်င္းရဲ႕လည္း သေဘာတူလိုက္၏။
"အင္း..မင္းေျပာသလိုဘဲလုပ္ၾကတာေပါ့"
အကယ္၍ ဒီကေလးထြက္မလာေသးပါက ႐ုန္ယိရဲ႕ေအာ္သံဟစ္သံေတြေၾကာင့္ သူလည္းထိတ္လန့္ေနရေပလိမ့္မည္။
ရန္ခ်ိဳး႐ႊမ္ မတ္တပ္ထရပ္လိုက္သည္။
္"ငါလည္း မင္းတို႔နဲ႕အတူလိုက္ခဲ့မယ္"
"အေမ..အေမက ကြၽန္ေတာ္တို႔နဲ႕လိုက္ခဲ့ရင္ လီယြိၿမိဳ႕ကေရာဘယ္လိုလုပ္မလဲ"
"ငါက ရက္ေလးအနည္းငယ္ဘဲသြားမွာ..ဒီၿမိဳ႕ႀကီးပ်က္စီးမသြားနိုင္ပါဘူး"
ရန္ခ်ိဳး႐ႊမ္က သူ႕ကိုတြဲၿပီး အခန္းထဲကထြက္ေစကာ လွည္းေပါ်တက်ဖို့ကူညီပေးလိုက်သည်။
လွည္းက သူတို႔အကုန္လုံးဝင္ဆံ့တဲ့အထိ က်ယ္ဝန္းေနတာေတာ္ေသးသည္။
႐ုန္ယိ ယင္က်င္းရဲ႕ကိုေမးလိုက္သည္။
"ခင္ဗ်ား အရင္ကတစ္ခါမွ ဓားပ်ံမစီးဖူးဘူးေျပာခဲ့တယ္ေလ..အဲ့တာ ခင္ဗ်ားမွာ ေဒါင္းျဖဴရွိေနလို႔ေပါ့ ဟုတ္လား"
ယင္က်င္းရဲ႕က 'အင္း' လို႔သာ ျပန္ေျဖလာသည္။
"မနာလိုလိုက္တာေနာ္...ခင္ဗ်ားမွာက်ေတာ့ ဒီေလာက္လွတဲ့စီးေတာ္သားရဲရွိၿပီး ခင္ဗ်ားနဲ႕လည္းလုံးဝကိုလိုက္ဖက္သင့္ေလ်ာ္တယ္...ကြၽန္ေတာ္လည္း ကိုယ္ပိုင္စီးေတာ္သားရဲလိုခ်င္လိုက္တာ..ဟမ့္!"
ထိုအေၾကာင္းကို ပုံေဖာ္ၾကည့္လိုက္တာနဲ႕ ႐ုန္ယိေတာ္ေတာ္ေလးကိုေပ်ာ္႐ႊင္ၾကည္ႏူးသြားရသည္။
"ေတာ္ေတာ္ေလး ခန့္ညားထည္ဝါေနမွာဘဲ..."
ယင္က်င္းရဲ႕က ေမးလိုက္၏။
"မင္းက ဘယ္လို စီးေတာ္သားရဲမ်ိဳးကိုသေဘာက်တာလဲ"
ခဏေလာက္စဥ္းစားေနၿပီးေနာက္ ႐ုန္ယိက ယင္ဖုန္းနဲ႕ လန္လွ်ို႔တို႔ကိုေခၚထုတ္လိုက္သည္။
"ငါမင္းတို႔ကို ေသြးသားရဲေက်း႐ြာကိုျပန္ဖို႔ အခ်ိန္လဝက္ေပးမယ္..ၿပီးရင္ မင္းတို႔ထက္ က်င့္ႀကံဆင့္နိမ့္တဲ့ အေပါင္းအေဖာ္ေတြကို ငါ့ကိုေတြ႕ဖို႔အတြက္ ဟိုင္ရွန္းၿမိဳ႕ကို ေခၚလာခဲ့ေပး...အေျခအေနတစ္ခုေတာ့ရွိတယ္..သူတို႔က သူတို႔ဆႏၵနဲ႕သူတို႔လာတာျဖစ္ၿပီး မင္းတို႔ရဲ႕စကားကိုလည္းနားေထာင္ရမယ္"
ယင္ဖုန္းက
"ေၾကာက္စရာလူသားေကာင္..မင္းဘာလိုခ်င္ေနျပန္တာလဲ!"
လန္လွ်ို႔ကလည္း သုန္မႈန္စြာနဲ႕ေမးလာသည္။
"မေကာင္းဆိုးဝါးလူသားေကာင္...မင္းလက္ေတြကို ငါ့အေပါင္းအေဖာ္ေတြေပၚမွာေတာင္တင္ခ်င္ေနေသးတာလားကြ!!"
႐ုန္ယိကေတာ့ သာမန္ကာသွ်ံကာသာျပန္ေျပာလိုက္သည္။
"ငါေျပာၿပီးသား..သူတို႔သာ သူတို႔ဆႏၵနဲ႕သူတို႔ မင္းတို႔နဲ႕လိုက္လာခ်င္တယ္ဆိုရင္ ငါကသူတို႔ကိုမမွ်မတဆက္ဆံမွာမဟုတ္ဘူး..ငါက သူတို႔က်င့္ႀကံေရးကိူတိုးတက္ဖို႔အတြက္ပါ နည္းလမ္းရွာေပးမယ္..ၿပီးေတာ့ သူတို႔ရဲ႕ အသြင္ေျပာင္းလဲမႈအဆင့္အတြက္ မိုးႀကိဳးစမ္းသပ္မႈကိုလည္းျဖတ္ေက်ာ္နိုင္ေစရမယ္လို႔ ငါအာမခံတယ္..အကယ္၍ သူတို႔မေပ်ာ္တာ မေနခ်င္တာမ်ိဳးရွိလာရင္လည္း သူတို႔ထြက္သြားလို႔ရတယ္..သူတို႔သာငါ့အေပၚသစၥာရွိမယ္ဆိုရင္ေတာ့ သူတို႔အတြက္ေကာင္းက်ိဳးေတြဘဲရမွာေပါ့"
ယင္ဖုန္းနဲ႕ လန္လွ်ို႔တို႔မွာ အခ်င္းခ်င္းျပန္ၾကည့္လိုက္မိၾကသည္။ ႐ုန္ယိနဲ႕ အခ်ိန္တစ္ခုေလာက္အတူေနၾကည့္ၿပီးေနာက္မွာ ႐ုန္ယိက ဘာမဟုတ္တဲ့သူေလးတစ္ေယာက္မဟုတ္မွန္း သူတို႔ေျပာနိုင္သည္။ သူက သူ႕ရဲ႕ခ်ီသန့္စင္အဆင့္၂ ေလးနဲ႕ သူတို႔ကိုထိန္းခ်ဳပ္နိုင္႐ုံသာမက အဆင့္နိမ့္ပါဝင္ပစၥည္းေတြကိုသာသုံးၿပီး ပိုေကာင္းမြန္တဲ့ ကိရိယာတန္ဆာပလာေတြကိုလည္းသန့္စင္ေပးနိုင္ေလသည္။ ဒါ့အျပင္ မဟာယာနအဆင့္ကသူကိုေတာင္မွ ထိခိုက္သြားေအာင္လုပ္ခဲ့နိုင္၏။ သူနဲ႕အဆင့္တူကသူေတြတစ္ေယာက္မွ သူ႕လိုမ်ိဳးမလုပ္ေဆာင္နိုင္ေပ။
အကယ္၍ သူတို႔သာ သူတို႔အေပါင္းအေဖာ္ေတြကို ႐ုန္ယိဆီကိုေခၚလာခဲ့ရင္ သူတို႔ကိုပိုစြမ္းအားႀကီးလာေအာင္လုပ္ေပးနိုင္မဲ့နည္းလမ္း သူ႕ဆီမွာ တစ္ကယ္ရွိေနလိမ့္မည္။ ဒါေပမဲ့ မိစ္ဆာသားရဲမ်ိဳးႏြယ္ေတြက လူသားေတြအေပၚမွာ အၿမဲတမ္းမေကာင္းျမင္စိတ္သာရွိေနတာကို လူတိုင္းလည္းသိတာေၾကာင့္ သူတို႔က လာဖို႔ကိုေတာ့ သေဘာတူမွာမဟုတ္ေလာက္ေပ။
ခဏေလာက္တုံ႕ဆိုင္းေနၿပီးေနာက္မွာေတာ့ သားရဲႏွစ္ေကာင္က လွည္းထဲကေနပ်ံထြက္သြားေတာ့သည္။
"သူတို႔ကို ေခၚလာနိုင္မယ္လို႔ေတာ့ ငါတို႔အာမမခံနိုင္ဘူး..ဒါေပမဲ့ ငါတို႔ႀကိဳးစားၾကည့္ေပးမယ္!"
သူမသားက အမ်ားႀကီးေျပာင္းလဲသြားခဲ့ၿပီလို႔ ရန္ခ်ိဳး႐ႊမ္ထင္သည္။ အခုဆို သူက ကိစၥေတြကို သူ႕ဘာသာသူေတာင္ စီစဥ္ေဆာင္႐ြက္နိုင္ေနေလၿပီ။ ဒါက သူ႕မွာဝိညာဥ္ေသြးေၾကာပိုင္ဆိုင္တယ္ဆိုတာသိလိုက္ရလို႔ သူပိုၿပီးယုံၾကည္ခ်က္ေတြရွိလာတာမ်ားလား...။
ေတာင္ေတာင္အီအီေလွ်ာက္ေတြးၾကည့္ၿပီးေနာက္ ဒါကသာအျဖစ္နိုင္ဆုံးေျဖရွင္းခ်က္အျဖစ္ အေျဖထြက္လာေလသည္။
သူတို႔ တည္းခိုေဆာင္ကေနထြက္သြားတာနဲ႕ ရန္ဝူ႐ႊမ္နဲ႕ ႏွစ္ကိုယ္တူက်င့္ႀကံခဲ့တဲ့လူက နိမိတ္ဖတ္တြက္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူ႕အစိအစဥ္ေတြအကုန္က်ရႈံးသြားမွန္း သိရွိသြားရေလသည္။ ထိုသူမွာ ေဒါသေတြထြက္ကာ သူ႕ေရွ႕ကစားပြဲေပၚက အရာမွန္သမွ်ကို ဖ်က္စီးပစ္ပလိုက္၏။
"ဘာျဖစ္လို႔လဲ"
ဝတ္စုံအပါးေလးတစ္လႊာသာလႊမ္းၿခဳံထားတဲ့ ရန္ဝူ႐ႊမ္က ထိုလူ႕ကိုေနာက္မွဖက္ကာ ေမးလိုက္သည္။
"က်ရႈံးသြားတယ္"
ထိုလူက မ်က္လုံးေတြေမွးက်ဥ္းလိုက္ၿပီး
"ငါ့လူေတြ ႐ုန္ယိကိုမဖမ္းနိုင္ခဲ့ဘူး!"
ရန္ဝူ႐ႊမ္ အံ့အားသင့္သြားရသည္။
"ရွင့္ နိမိတ္ဖတ္စြမ္းရည္က ၿပိဳင္ဘက္ကင္းဘဲကို..ဘယ္လိုလုပ္က်ရႈံးသြားရတာလဲ!!"
"ယင္က်င္းရဲ႕က ငါ့ထက္က်င့္ႀကံဆင့္ျမင့္တယ္..ဒီ့အျပင္ သူ႕ထက္ေတာင္မွ က်င့္ႀကံဆင့္ျမင့္ေသးတဲ့ ကမၻာေျမအဆင့္တစ္ေဆက်င့္ႀကံသူတစ္ေယာက္ကိုပါ လမ္းကေနေခၚလာေသးတယ္..သူတို႔ႏွစ္ေယာက္ရွိေနတာေၾကာင့္ ငါ့နိမိတ္ဖတ္တာေတြက အရင္ကလို အတိအက်မမွန္ေတာ့တာမလို႔ သူတို႔ရဲ႕လႈပ္ရွားမႈတိုင္းကိုေျပာနိုင္ဖို႔ကခက္သြားၿပီ..ဒါ့အျပင္ ႐ုန္ယိရဲ႕ကံၾကမၼာကလည္း ေျဖးေျဖးခ်င္းေျပာင္းလဲေနတယ္..ဒါေၾကာင့္ သူရဲ႕အရာအားလုံးကို နိမိတ္ဖတ္ေဟာနိုင္ဖို႔က ခက္သြားတယ္..တစ္ခါတစ္ေလ ကိစၥေတြက သူ႕အတြက္ေကာင္းတဲ့အရာလား..ဆိုးတဲ့အရာလားဆိုတာေတာင္ ငါမျမင္နိုင္ေတာ့ဘူး"
"အခုတစ္ေခါက္က်ရႈံးသြားတယ္ဆိုရင္လည္း...ကြၽန္မတို႔ ေနာက္ထပ္ေနာက္ထပ္ ႀကိဳးစားလို႔ရေသးတာဘဲေလ..တစ္ေန႕ေန႕ေတာ့ သူ႕ကိုဖမ္းမိမွာေပါ့"
"မင္းေျပာတာမွန္တယ္"
ထိုလူက ရန္ဝူ႐ႊမ္ရဲ႕ေမးေစ့ေလးကို ဖြဖြေလးဆြဲျဖစ္လိုက္ၿပီးေနာက္ သူ႕ဝတ္စုံေတြကိုျပန္ဝတ္ဆင္ေနရင္း ေျပာလိုက္သည္။
"ငါျပန္သြားၿပီးေတာ့ တစ္ခ်ိဳ႕ေဟာခ်က္ေတြကို ေသေသခ်ာခ်ာေလး ျပန္တြက္ခ်က္ၾကည့္ဖို႔လိုတယ္..သူတို႔ကိုဘယ္ေနရာကိုမွ လြတ္ေျမာက္ခြင့္မေပးနိုင္ဘူး"
ရန္ဝူ႐ႊမ္က ပေရာ္ပရည္အၿပဳံးမ်ိဳးၿပဳံးျပလိုက္ၿပီး
"ဒါဆိုလည္း ကြၽန္မရွင့္ကို အျပင္ဘက္ကိုလိုက္မပို႔ေတာ့ဘူးေနာ္"
"ငါ မင္းကို ေနာက္ရက္ေတြမွလာေတြ႕မယ္"
သူတို႔က ႐ုန္ယိအေပၚထပ္ႀကံစည္ေနၾကတဲ့အခ်ိန္ တစ္ဖက္မွာေတာ့ ႐ုန္ယိမွာ ေနာက္ထပ္တစ္ခါဗိုက္နာလာျပန္ၿပီး အရင္အေခါက္ေတြတုန္းကထက္ပင္ ပိုျပင္းထန္ေလသည္။
႐ုန္ယိ ခက္ခက္ခဲခဲနဲ႕ေျပာလိုက္၏။
"ကေလးေတြအေဖ...ကေလး..ကေလးက ထြက္လာေတာ့မယ္ထင္တယ္.."
ယင္က်င္းရဲ႕ "......"
"ဒါက အရင္အေခါက္ေတြကလိုမ်ိဳး ဗိုက္နာတာဘဲျဖစ္မွာ..သည္းခံလိုက္ေနာ္"
ရန္ခ်ိဳး႐ႊမ္ သူ႕ရဲ႕လက္ေတြကိုတင္းၾကပ္စြာဆုပ္ကိုင္ေပးထားလိုက္သည္။
"သမားေတာ္ေတြကလည္း သားက ေနာက္ရက္အနည္းငယ္ေလာက္မွေမြးမယ္လို႔ေျပာထားတာေလ"
႐ုန္ယိလည္း ဒါက အရင္ကလိုမ်ိဳး ဗိုက္နာတာလို႔ဘဲထင္သည္။ ဒါေပမဲ့ တစ္နာရီေလာက္ၾကာသြားတာေတာင္ ႀကီးမားလွတဲ့နာက်င္မႈႀကီးကရွိေနဆဲပင္..သူ႕ဗိုက္ႀကီး ေပါက္ကြဲထြက္သြားေတာ့မယ္လို႔ေတာင္ခံစားေနရေလသည္။
သူ႕ဝတ္စုံကိုအျမန္ဖြင့္ၿပီး ဗိုက္ႀကီးကိုလွန္ၾကည့္လိုက္တဲ့အခါ ဗိုက္ထဲက ကေလးေလးက အထဲကေန ဗိုက္သားကို လက္ေလးေတြေရာ ေျခေလးေတြေရာနဲ႕တြန္းေနတာကိုေတြ႕လိုက္ရသည္။ မသိတဲ့လူဆိုရင္ ကေလးက ထြက္လာေတာ့မယ္ဆိုၿပီး ထိတ္လန့္သြားေလာက္ေလသည္။ သူက သူ႕ရဲ႕ေသးငယ္တဲ့မ်က္ႏွာေလးကို တစ္ျခားသူေတြေတြ႕ရေလာက္ေအာင္ သူ႕မ်က္ႏွာေလးနဲ႕ပါ ဗိုက္ကိုတြန္းေနေလသည္။
ယင္က်င္းရဲ႕ ႐ုန္ယိေရွ႕မွာ အျမန္ထိုင္ခ်လိဳက္ၿပီး သူ႕ဗိုက္ကိုစမ္းၾကည့္လိုက္သည္။
ရန္ခ်ိဳး႐ႊမ္က ေအာ္ေျပာလိုက္၏။
"ကေလးက ဒီတစ္ေခါက္ေတာ့ တစ္ကယ္ထြက္လာေတာ့မဲ့ပုံဘဲ!...လက္သည္နဲ႕ သမားေတာ္ေတြအျမန္သြားရွာၾကပါဦး!!"
ဖုတ္ေကာင္ေလးက သိခ်င္စိတ္အျပည့္နဲ႕ ႐ုန္ယိေဘးနားကိုပ်ံသန္းလာၿပီး ဗိုက္ထဲက ကေလးေလးရဲ႕မ်က္ႏွာေလးကို သူ႕လက္ေခ်ာင္းေတြေတြနဲ႕ တို႔ထိၾကည့္လိုက္သည္။ ဗိုက္ထဲက ကေလးေလးကလည္း ဒါကိုခံစားသိရွိနိုင္ပုံရၿပီး ျပန္လွဲသြားကာ ႐ုန္ယိရဲ႕ဗိုက္ကိုသာ ေျခေထာက္ေလးေတြနဲ႕ကန္ေနေလေတာ့သည္။
ဖုတ္ေကာင္ေလးက တခစ္ခစ္ရယ္ေမာလိုက္သည္။ သူက ဗိုက္ထဲကအရာေလးက အရမ္းေပ်ာ္စရာေကာင္းတယ္လို႔ ထင္ေနေလ၏။
အျပင္ဘက္မွာထိုင္ေနတဲ့ ရွင္းဟယ္ရဲ႕မ်က္ႏွာမွာေတာ့ အခ်ဥ္စားရသလိုရႈံ႕မဲ့သြားေတာ့သည္။
"ကြၽန္ေတာ္တို႔က အခု ေျမရိုင္းေဒသရဲ႕ေလထဲမွာေလ..ဘယ္ေနရာကေန လက္သည္နဲ႕ သမားေတာ္ေတြသြားရွာရမလဲဗ်ာ..ဒီလိုျဖစ္မယ္မွန္းသာသိခဲ့ရင္ အိမ္ေတာ္ကိုအရင္ျပန္ဖို႔ အႀကံမေပးခဲ့ပါဘူး.."
"အာ့...အာ့.."
႐ုန္ယိခမ်ာ သူေသေတာ့မယ္လို႔ေတာင္ထင္ေနေလၿပီ။
"အရင္တစ္ေခါက္က ကေလးကိုသူဘယ္လိုေမြးေပးခဲ့တယ္ဆိုတာ ႐ုန္ဟြမ္မေျပာဖူးဘူးလား!"
ရွင္းဟယ္က လွည္းကိုပ်ံသန္းႏႈန္းျမႇင့္ရင္း ျပန္ေျပာလာသည္။
"သခင္ေလးရဲ႕ဗိုက္ကို ဓားနဲ႕ခြဲၿပီးေတာ့တဲ့"
႐ုန္ယိ သူ႕သိုေလွာင္လက္စြပ္ထဲကေန ဓားျမႇောင္တစ္ေခ်ာင္းကို ခ်က္ခ်င္းထုတ္လိုက္ၿပီး ရန္ခ်ိဳး႐ႊမ္လက္ထဲကိုထည့္ေပးလိုက္သည္။
"အေမ..ကြၽန္ေတာ့္ကို ကေလးထုတ္ေပး!"
ရန္ခ်ိဳး႐ႊမ္ လက္ေတြအျမန္ယမ္းခါလာသည္။
"မရဘူး..မရဘူး...ငါမလုပ္နိုင္ဘူး!"
သူမက လူေတြအေျမာက္အမ်ားကို သတ္ျဖတ္ခဲ့ဖူးတာမွန္ေသာ္လည္း သူမသားအေပၚေတာ့ ဒီလိုကိစၥမ်ိဳးကိုမလုပ္နိုင္ေပ။
ဒီအခါ ႐ုန္ယိ ဓားျမႇောင္ကို ယင္က်င္းရဲ႕လက္ထဲထိုးထည့္ေပးလိုက္သည္။
ယင္က်င္းရဲ႕မွာ တြန့္ဆုတ္ေနပုံေပၚေပမဲ့ ကေလးကအရမ္းထြက္လာခ်င္ေနၿပီဆိုတာေတြ႕တဲ့အခါ သူခ်က္ခ်င္းဘဲ ႐ုန္ယိလက္ထဲက ဓားျမႇောင္ကိုယူလိုက္ေတာ့သည္။
ဒီက်င့္ႀကံေရးေလာကႀကီးတစ္ခုလုံးမွာ ကိုယ့္က်င့္ႀကံေဖာ္ကို ကိုယ္တိုင္ကေလးေမြးေပးရတဲ့ေယာက္်ားက သူပထမဆုံးဘဲ ျဖစ္ေပလိမ့္မည္။
ရန္ခ်ိဳး႐ႊမ္က ႐ုန္ယိလက္ကို တင္းၾကပ္စြာဆုပ္ကိုင္ထားေပးလိုက္ၿပီး
"ယိအာ..မေၾကာက္နဲ႕ေနာ္...စိတ္ေအးေအးထား....အေမဒီမွာသားနဲ႕အတူရွိတယ္.."
႐ုန္ယိ မ်က္ခုံးေတြတြန့္သြားရသည္။
"အေမ..အေမလုပ္တာ ကြၽန္ေတာ္နာေနၿပီ..."
ရန္ခ်ိဳး႐ႊမ္ သူမလက္ေတြကိုအျမန္ေျဖေလွ်ာ့ေပးလိုက္၏။
"ေတာင္းပန္ပါတယ္..အေမလည္း အရမ္းေၾကာက္ေနလို႔.."
ထို႔ေနာက္ ႐ုန္ယိ တြန့္ဆုတ္ေနဆဲျဖစ္သည့္ ယင္က်င္းရဲ႕ဘက္ကိုလွည့္လိုက္သည္။
"ကေလးေတြအေဖ...ခင္ဗ်ားလက္ေတြတုန္ေနတယ္ "
ေသေသခ်ာခ်ာသာမၾကည့္ခဲ့ရင္ လွည္းကလႈပ္ေနတာေၾကာင့္ လက္ေတြပါလိုက္လႈပ္ေနတာလို႔ဘဲ ထင္မိေပလိမ့္မည္။
"....."
ယင္က်င္းရဲ႕ သူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး
"မင္း စိတ္ထင္ေနတာပါ"
႐ုန္ယိ "....."
အဓိပၸာယ္မရွိတာ!!...သူ႕လက္ေတြတုန္ေနတာ သိသာေနတဲ့ဟာကို...
ယင္က်င္းရဲ႕ ဓားျမႇောင္ကို ႐ုန္ယိဗိုက္ေပၚကိုတင္လိုက္သည္။
႐ုန္ယိ အျမန္ထေအာ္လိုက္၏။
"ေနဦး!!!...."
ယင္က်င္းရဲ႕ "......"
"ဒီဓားျမႇောင္က ပိုးမသတ္ရေသးဘူး!..အရင္ဆုံး မီးကင္ၿပီး သန့္စင္လိုက္ဦးေလ!"
ယင္က်င္းရဲ႕ သူ႕ဝိညာဥ္စြမ္းအားကိုသုံးၿပီး ဓားကိုမီးကင္လိုက္ကာ ႐ုန္ယိဗိုက္ေပၚကိုထပ္တင္လိုက္သည္။
"ေနဦး!!!"
႐ုန္ယိ တံေတြးၿမိဳခ်လိဳက္ကာ
"ကြၽန္ေတာ္နာတာေၾကာက္တယ္...ခင္ဗ်ားမွာ မနာေအာင္လုပ္လို႔ရတဲ့ေဆးမရွိဘူးလားဟင္"
ယင္က်င္းရဲ႕ "......"
ခုနက သူဒီေလာက္နာက်င္ေနတာက်ေတာ့ ဘာနာက်င္တာသက္သာေစတဲ့ေဆးမွမေတာင္းခဲ့ဘဲနဲ႕...
ရန္ခ်ိဳး႐ႊမ္က ေဆးလုံးတစ္လုံးကို သူ႕ပါးစပ္ထဲအျမန္ထည့္ေပးလိုက္သည္။
"ဒါက နာက်င္တာေတြကိုသက္သာေစတယ္"
ယင္က်င္းရဲ႕ ေနာက္တစ္ခါ ဓားျမႇောင္ကို ႐ုန္ယိဗိုက္ေပၚကိုတင္လိုက္ျပန္သည္။
"ေနဦး!!!"
ယင္က်င္းရဲ႕မွာ 'ေနဦး' ေပါင္းမ်ားစြာကိုၾကားၿပီးတဲ့ေနာက္ေတာ့ မ်က္ဆံမလွန္ဘဲ မေနနိုင္ေတာ့..။ သူသာ ဒီလိုဆက္ေအာ္ေနမယ္ဆိုရင္ သူ႕ရဲ႕မနည္းတင္းထားရတဲ့စိတ္လည္းၿပိဳလဲၿပီး ဒါကိုလုပ္နိုင္ေတာ့မွာမဟုတ္ေတာ့ေပ။
"ကေလးေတြအေဖ...ဂ႐ုစိုက္ေနာ္..အရမ္းနက္နက္ႀကီးမခြဲလိုက္နဲ႕ဦး..ကေလးကိုထိခိုက္သြားဦးမယ္"
"ကိုယ္ေသခ်ာဂ႐ုစိုက္လိုက္မယ္"
သူတစ္ကယ္ႀကီးလုပ္ေတာ့မွာကို ေတြ႕တဲ့အခါ ႐ုန္ယိ ထပ္ေအာ္လာျပန္ေလသည္။
"ေနဦး!!!"
ယင္က်င္းရဲ႕ "......"
"ကြၽန္ေတာ္ အသက္ျပင္းျပင္းရႉၿပီး စိတ္ပိုင္းဆိုင္ရာျပင္ဆင္ဖို႔လိုေသးတယ္"
႐ုန္ယိ အႀကိမ္အနည္းငယ္ အသက္ျပင္းျပင္းရႉသြင္းလိုက္သည္။ ေနာက္ဆုံးေတာ့ သူ မိန္းမတစ္ေယာက္လိုကေလးေမြးေပးရေတာ့မည္။ ဒါႀကီးက အရမ္း႐ုတ္တရက္ဆန္ၿပီး သူ႕အတြက္လက္ခံလိုက္နိုင္ဖို႔လည္း ခက္ခဲလွေလသည္။
"ကေလးေတြအေဖ..ခင္ဗ်ားလက္ေတြ တုန္ေနတယ္ထင္တယ္ေနာ္"
ယင္က်င္းရဲ႕ သေဘာတူတဲ့အသံနဲ႕ျပန္ေျပာလိုက္သည္။
"အဲ့တာ မင္းအရမ္းေၾကာက္ေနလို႔"
"ကြၽန္ေတာ္က ကေလးေမြးရေတာ့မွာေလ..ဘယ္လိုလုပ္မေၾကာက္ဘဲေနနိုင္မွာလဲဗ်!!...ခင္ဗ်ားေျပာၾကည့္ေလ..ကြၽန္ေတာ္ဘယ္လိုလုပ္တည္တည္ၿငိမ္ၿငိမ္နဲ႕ေနနိုင္မွာလဲ!!"
ယင္က်င္းရဲ႕ "......"
ရန္ခ်ိဳး႐ႊမ္ သူမရဲ႕သားျဖစ္သူကို ႏွစ္သိမ့္ေပးဖို႔ႀကိဳးစားလိုက္သည္။
"ယိအာ...မစိုးရိမ္နဲ႕ေနာ္..အေမ့မွာ အေကာင္းဆုံးေဆးရွိတယ္..ကေလးထြက္လာၿပီးတာနဲ႕ အေမေဆးကို သားေပၚခ်က္ခ်င္းသုံးေပးမယ္..အမာ႐ြတ္ေတာင္မက်န္ေစရဘူး..အေမကတိေပးတယ္"
႐ုန္ယိ ေရ႐ြတ္လိုက္သည္။
"ဒီေလာက္အစြမ္းထက္တဲ့ေဆးေတြရွိေနတဲ့အတြက္ ဒီက်င့္ႀကံေရးေလာကႀကီးကိုဘဲ ေက်းဇူးတင္သင့္လား..."
ရန္ခ်ိဳး႐ႊမ္က ယင္က်င္းရဲ႕ကိုေျပာလိုက္သည္။
"မင္းလုပ္လို႔ရၿပီ"
ယင္က်င္းရဲ႕ ေခါင္းၿငိမ့္လိုက္၏။
"ေနဦး!!!"
႐ုန္ယိစကားဆုံးသြားတာနဲ႕ ႐ုတ္တရက္ ဖုတ္ေကာင္ေလးက ယင္က်င္းရဲ႕လက္ထဲကဓားျမႇောင္ကိုဆြဲယူသြားေတာ့သည္။
##
ကေလးကအခုထိထြက္မလာရေသးဘူးရွင္😂😂
ေနာက္အပိုင္းေတာ့တစ္ကယ္ထြက္လာေတာ့မွာပါ
မနက္ျဖန္အေစာတင္ေပးမယ္ေနာ္
အခုေတာ့ ၿပီးတာနဲ႕တင္ေပးလိုက္တာပါ🖤🖤
*************
3.1.2022