နာမည္မွားေနျခင္းအေပၚ စိတ္တိုေနသည့္ ႏိုရာကို စေနာက္ခ်င္ေသာ္လဲ ေ႐ွ႕ခန္းေနာက္ခန္းကဲြေနသည္က တစ္ေၾကာင္း၊သူေဌး ကုိယ္တုိင္ေမာင္းႏွင္မည့္ ကားျဖစ္ေနသည္ကတစ္ေၾကာင္းေၾကာင့္ ႏႈတ္ဆိတ္၍သာ လိုက္လာခဲ့သည္။ အိစက္ညက္ေညာၿပီး ေအးျမသင္းပ်ံ့ေနသည့္ ေနာက္ဆံုးေပၚ ကားႀကီးထဲအေနရခက္ေနေတာ့ စဝင္ဝင္ျခင္းကတည္းက ထိုင္ေနသည့္ပံုစံအတိုင္း Position ေျပာင္းလဲျခင္းမျပဳျဖစ္၊ ထိုအခ်ိန္မွာပင္ အေနာက္ခန္းဆီမွ Devin နဲ႔ ႏိုရာရဲ႕ စတင္စကားေျပာသံေတြကို ေကာင္းဆက္ႏွင့္Shane အသာနားစြင့္လာခဲ့သည္။
"ဟိုတခါေတြ႔ေတာ့ မိတ္ဆက္ခဲ့ေပမယ့္ အခုထပ္ၿပီးမိတ္ဆက္မယ္ေနာ္ ႏိုရာမင္းေမွာင္..."
"ဟုတ္ကဲ့...."
"ႏိုရာမင္းေမွာင္က အသက္ဘယ္ေလာက္႐ွိၿပီလဲ ။ အသက္ေမးရတာ႐ိုင္းမွန္းသိေပမယ့္....."
"ရပါတယ္ ကြၽန္ေတာ္ ၂၄ ပါ။ "
"Asian ထင္တယ္။ ကုိယ့္ကို Shane ေျပာျပတာေတာ့ ျမန္မာလူမ်ိဳးလို႔ေျပာဖူးတယ္။ ကုိယ္ကအဲ့ဒီႏုိင္ငံဘယ္မွာ႐ွိမွန္းမသိဘူး မင္းေမွာင္။"
နာမည္ကမွားေနဆဲအျပင္ မိမိႏုိင္ငံကိုပါတခါမွမၾကားဖူးဘူးဟုေျပာေနသည့္ ႏုိင္ငံႀကီးသားႀကီးေၾကာင့္ ႏိုရာ့မ်က္ႏွာက တင္းခနဲ။ ေက်ာကိုမတ္လိုက္ကာ Devin ႐ွိရာဘက္ဆတ္ခနဲ လွည့္လိုက္သည္ကို ေကာင္းဆက္ျမင္လိုက္ရသည္ႏွင့္တၿပိဳင္နက္ စကားအရာမွာ မည္သူမွယွဥ္မရသည့္ ႏိုရာ့စကားလံုးေတြထဲ သူေဌးရဲ႕သူငယ္ခ်င္းျဖစ္သူ Devin ခံရေတာ့မည္ကို သိေနသည္။
"ျမန္မာက Asian ႏုိင္ငံတႏုိင္ငံပဲ။ Thailand ကိုသိလား Mr Devin? "
"သိတာေပါ့ လည္ပတ္လို႔လဲေကာင္းတယ္ အစားအေသာက္စလို႔...."
"အဲ့ဒါေတြကစလို္႔ မိန္းကေလးေတြအထိ ေပါမ်ားၿပီး အလည္လာတဲ့အခ်ိန္ခဏ ယာယီမိန္းမအျဖစ္လဲ ဌားလို႔ရတဲ့ေနရာ၊ sexy bar,Gay bar ေတြကလဲ မျမင္ခ်င္မွအဆံုးဆိုေတာ့ အေပ်ာ္ႀကိဳက္တဲ့ Mr Devin လို သူေဌးေတြအတြြက္ တသက္မေမ့ႏိုင္စရာ ႏုိင္ငံေလးတႏုိင္ငံေပါ့။ "
"အဲ့ဒီလို မဟုတ္...."
"အေပ်ာ္ပါးေတြလြန္ၿပီး ကိုယ္ေရာက္႐ွိေနတဲ့ အဲ့ဒီႏုိင္ငံနဲ႔နယ္နမိတ္ထိစပ္ေနတဲ့ ႏုိင္ငံေတြကိုေတာင္ သတိမထားမိေလာက္ေအာင္ ဆြဲေဆာင္မႈအျပည့္႐ွိတဲ့ ႏုိင္ငံေလးေပါ့။ "
"ကုိယ္ကသူေဌးမဟုတ္ပါဘူး မင္းေမွာင္ရဲ႕....ဆရာဝန္ပါ။"
"အေပ်ာ္အပါးက အမ်ိဳးအစားခဲြမထားပါဘူး။ သူေဌးျဖစ္ျဖစ္၊ ဆင္းရဲသားျဖစ္ျဖစ္၊ ေနာက္ဆံုး...ဆ...ရာ...ဝန္ျဖစ္ျဖစ္ေပါ့။"
ဆရာဝန္ဆိုသည့္ေနာက္ဆံုးစကားလံုးက်မွ တလံုးခ်င္းပီပီသသ ရြတ္ၿပီး Devin မ်က္ႏွာကိုစိုက္ၾကည့္ေနသည့္ႏိုရာေၾကာင့္ Devin က စကားလမ္းေၾကာင္းလဲႊရန္ႀကိဳးစားသည္။သို႔ေသာ္ ေခ်ပျခင္းmood ဝင္သြားၿပီျဖစ္တဲ့ ႏိုရာ့က စကားလမ္းေၾကာင္းကိုအလဲႊမခံ၊ ျပန္ျပန္ဆဲြတင္သည္၊
"မင္းေမွာင္ေျပာတာလဲ မွန္ပါတယ္။ အခုေတာ့ျမန္မာႏုိင္ငံကို ကုိယ္သိသြားပါၿပီ။ ဒီေန႔ပဲြမ်ိဳးက အခုမွအလုပ္စဝင္တဲ့ နိုရာမင္းေမွာင္နဲ႔ေကာင္းဆက္ေဂ်ဒင္တို႔အတြက္ ပထမဆံုး ျဖစ္မယ္ထင္တယ္ေနာ္။ "
"အာဆီယံဆယ္ႏုိင္ငံကိုသိလား Mr Devin?"
"သိေတာ့သိေပမယ့္ အကုန္မမွတ္မိဘူး။အဲ့ဒါေၾကာင့္ ျမန္မာကို သတိမထားမိလိုက္တာ။"
"ဟုတ္လား အဲ့ဒါေၾကာင့္ကြၽန္ေတာ့္အေမေျပာတာမွန္ေနတာ ။"
"မင္းေမွာင္အေမက ဘာေျပာလို႔လဲ..."
"ႏုိင္ငံႀကီးႏုိင္ငံကလူေတြ၊ ဥပမာ one of the powerful countries over the world ျဖစ္တဲ့ အေမရိကန္လို ႏုိင္ငံႀကီးကသူေတြက ဗဟုသုတေနရာမွာေတာ့ Zero ပဲတဲ့..."
"ဟင္..."
"အာဆီယံဆယ္ႏုိင္ငံလဲအလြတ္မရ၊ တုိက္ျကီးဘယ္ႏွစ္တုိက္႐ွိမွန္းလဲ သိပံုမရ၊ ဘယ္ႏိုင္ငံရဲ႕ဘာသာစကားက ဘယ္လိုေလးဆိုတာလဲ မေလ့လာ၊ English စကားသည္သာ ကိုးကြယ္ရာ၊အားထားရာ ငါတို႔ဟဲ့ ကမၻာနံပါတ္၁ ဘာသာစကားကိုသံုးႏႈန္းသူဆိုၿပီး ေသြးနားထင္ေရာက္ၾကေတာ့လဲ ေလ့လာမႈမွာလစ္ဟင္းတာ အျပစ္ေတာ့လဲမေျပာလိုပါဘူး။ အသီးဆိုလဲ နဂါးေမာက္သီးလဲမသိ၊ ဒူးရင္းသီးလဲမသိ၊ မင္းဂြတ္သီးလဲမသိ..စားလဲစားဖူးမွာမဟုတ္ဘူး။"
"အဲ့ဒါက်ေတာ့ ကုိယ္တို႔ေတြမွာ အလုပ္မ်ားေနတာနဲ႔ပဲ အလုပ္သြား၊အိမ္ျပန္စတာေတြနဲ႔ပဲ အခ်ိန္ကုန္ေနျဖစ္ေတာ့..."
"အင္းေပါ့ ဟုတ္မွာပါ။ အေမေျပာသလို ငါက အင္အားႀကီးႏုိင္ငံကလူဆိုၿပီး ဘဝင္ေတြတက္ေဆာင့္ေလေလ၊ ဗဟုသုတနည္းပါးလာေလေလ ဆိုသလိုေပါ့။"
"............."
"ၿပီးေတာ့ ကြၽန္ေတာ့္ကိုႏိုရာလို႔ေခၚလို႔ရပါတယ္။ အျပည့္အစံုမွေခၚခ်င္တာဆိုရင္လဲ မင္းေမာင္ကိုပီသေအာင္ေခၚေပးပါလား။ Mr Devin ရဲ႕သူငယ္ခ်င္း ကြၽန္ေတာ့္တို႔ရဲ႕သူေဌးေတာင္ ပီသတယ္။"
"အိုေက ဒါဆို ကုိယ့္ကို အသံထြက္ျပ၊ ကိုယ္လိုက္ေခၚၾကည့္မယ္။"
"မင္း....ေမာင္"
"မင္း....ေမွာင္.."
"ေမွာင္ မဟုတ္ဘူး။ ႏႈတ္ခမ္းကိုအေပၚေအာက္ဖိထိၿပီးမွ ျပန္လႊတ္လိုက္တဲ့ အသံမ်ိဳး။ ျပန္ေခၚၾကည့္ပါဦး"
"မင္း......ေမ်ာင္"
"ႏိုး!! ေမာင္..ေမာင္!!.ေတာ္ပါၿပီ ႏိုရာလို႔ပဲေခၚပါေတာ့.."
"ျမန္မာနာမည္ဆိုေတာ့ ကုိယ္ေခၚရခက္တာပါ မင္း...အဲ..ႏိုရာ။ အသံထြက္ေလးနည္းနည္းမွားတာ ဘာမွျဖစ္မသြားဘူးမဟုတ္လား။"
"ဒါဆို ကြၽန္ေတာ္က Mr Devin (ဒယ္ဗင္) အစား ကိုဒယ္ဖင္လို႔ေခၚလို႔ရမလား။"
"ကုိဒယ္ဖင္? အဲ့ဒါကကုိယ့္နာမည္ပဲလား"
Devin ဆိုသူအေပၚတရစပ္ေခ်ပကတည္းက ရယ္ခ်င္ေနသည့္စိတ္ကို နာမည္အသံထြက္သင္ေတာ့ ေအာက္ႏႈတ္ခမ္းကိုအတင္းဖိကိုက္ထားၿပီး မရယ္မိေအာင္ထိန္းထားရသည္။သို႔ေသာ္ "ကိုဒယ္ဖင္" ဆိုသည့္ေနရာအေရာက္မွာေတာ့ ေကာင္းဆက္ အသံထြက္ကာရယ္မိသြားေတာ့သည္။ လွည့္ၾကည့္လာသည့္ Olivier Shane ေၾကာင့္ ရယ္ေမာျခင္းကိုထိန္းေနေပမယ့္ ေနာက္ၾကည့္မွန္မွျမင္ေနရသည့္ ႏိုရာရဲ႕ေအာင္ႏုိင္သူအျပံဳး၊ အေခၚခံရသည့္နာမည္ရဲ႕အဓိပၸယ္ကိုမသိေသာ္ျငား မေကာင္းဘူးဆိုတာေတာ့ရိပ္မိေနဟန္ျဖင့္ ဟိုဟိုဒီဒီၾကည့္ေနသည့္ Devin ေၾကာင့္ ပိုပို၍ရယ္ခ်င္လာရသည္။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ကားေပၚစတက္ကတည္းက လမ္းတဝက္က်ိဳးတဲ့အထိ position တမ်ိဳးတည္းသာထိုင္ေနၿပီး စိတ္က်ဥ္းၾကပ္ေနပံုရတဲ့ ေကာင္းဆက္နဲ႔ႏိုရာကို Shane သတိထားမိေနခဲ့ေပမယ့္ ထုတ္မေမးျဖစ္ခဲ့ေပ။ ခဏမ်ွအၾကာ Devin နဲ႔ႏိုရာရဲ႕ အျပန္အလွန္စကားေျပာသံေတြၾကားရေတာ့ နားစြင့္ေနရာက နာမည္တခုရဲ႕ေနာက္မွာ ထရယ္သည့္ေကာင္းဆက္ႏွင့္ ႏိုရာေၾကာင့္ ထိုနာမည္ရဲ႕အဓိပၸယ္ကို Shane ပါသိခ်င္လာသည္။
"ကုိဒယ္ဖင္..ဆိုတာ ဘယ္လိုအဓိပၸယ္ရလဲ"?
မည္သူ႔ရယ္လို႔မရည္ရြယ္ပဲ ေမးလိုက္ေသာ္ျငား အေ႐ွ႕ခန္းမွာအတူတူ႐ွိေနသည့္ ေကာင္းဆက္ကဝင္ေျဖေပးလာသည္။
"ကြၽန္ေတာ္တို႔ျမန္မာမွာ အသက္၃၀ အရြယ္ေယာက္က်ားေလးဆိုရင္ နာမည္ေ႐ွ႕မွာ "ကို" လို႔တပ္ေခၚေလ့႐ွိတယ္။ ယဥ္ေက်းမႈအရေပါ့ ဒီမွာဆိုရင္ေတာ့ Mr တပ္ေခၚသလိုမ်ိဳး။"
"ဒယ္ဖင္ကေရာ"?
"ဒယ္ဖင္က....အင္း.....ဒယ္ဖင္က ေျပာရမယ္ဆိုရင္ Devin ကို ျမန္မာမႈျပဳၿပီးေခၚထားသလိုပါပဲ။ထူးထူးဆန္းဆန္းအဓိပၸယ္မ႐ွိပါဘူး။"
ထို႔သို႔ဆိုေသာ္လည္း တကယ္တမ္းေတာ့မဟုတ္ေၾကာင္း ရယ္ခ်င္ေနဆဲအမူအရာေတြနဲ႔ ေကာင္းဆက္တို႔ႏွစ္ေယာက္ကသက္ေသပင္။ ထပ္မေမးေတာ့ပဲ နာမည္ေ႐ွ႕မွာ"ကို" တပ္ေခၚသည္ဆိုတာကို သတိရသြားကာ
"ကိုေကာင္းဆက္ေဂ်ဒင္"
ဟု ေခၚလိုက္ေတာ့ အံ့ျသသြားဟန္ လွည့္ၾကည့္လာၿပီး တဆက္တည္းမွာပင္ သေဘာက်သြားပံုရၿပီးျပံဳးလိုက္သည္မွာ ႏႈတ္ခမ္းေဘးအခြက္ကေလးေပၚလာသည့္အထိ။ ထို႔ေနာက္...
"ကြၽန္ေတာ့္ကိုက်ေတာ့ "ကို" တပ္မေခၚလဲရပါတယ္ Mr Shane ။ ေကာင္းဆက္ ျဖစ္ျဖစ္၊ ေဂ်ဒင္ျဖစ္ျဖစ္ေခၚပါ။ ဒါနဲ႔ Mr Shane? ျမန္မာႏုိင္ငံကိုသိလား..."
"သိပါတယ္။တခါေရာက္ဖူးတယ္။ Transit စီးတာ အခ်ိန္အရမ္းဟေနလို႔ ေလဆိပ္ကေနထြက္ၿပီး ၂ေနရာလည္ခဲ့တယ္။ ေရႊတိဂံုဘုရားနဲ႔ ေစ်းတခု..နာမည္ကုိယ္ေမ့သြားၿပီး ေဆာရီး..."
"ဗိုလ္ခ်ဳပ္ေစ်းလား..."
"အာ ဟုတ္တယ္ဟုတ္တယ္။ ထပ္သြားလည္မို႔ေတြးထားတယ္။ ပုဂံကိုလဲသြားခ်င္တယ္၊ Mandalay ကိုေရာ၊ Inlay ကိုေရာ။ အရင္ကေတြးထားတာက သြားတဲ့အခါက်ရင္ Travel Agent နဲ႔ခ်ိတ္မယ္ေပါ့။ အခုေတာ့ေကာင္းဆက္နဲ႔ႏိုရာေရာက္လာၿပီဆိုေတာ့ ကိုယ္သြားတဲ့အခါ ခရီးသြားအၾကံေပးအျဖစ္ လိုက္ခဲ့ေပးႏုိင္မလား? Devin ပါေခၚလိုက္မယ္"
သူ႔ႏုိင္ငံကိုလည္ခ်င္သည္၊သြားခ်င္သည္ သေဘာက်သည္ဟု ေျပာလိုက္ေတာ့ ေကာင္းဆက္မ်က္ႏွာမွာ အျပံဳးေတြကေဝဆာေနသည္။ ထိုသို႔ေသာအျပံဳးေတြေဝဆာတုိင္း ေပၚေပၚလာတတ္သည့္ ႏႈတ္ခမ္းေထာင့္ကအခြက္ကေလးနဲ႔ ၾကည္လက္သြားတတ္သည့္ စိမ္းဖန္႔ဖန္႔မ်က္လံုးတစ္စံုကို Shane မွာလဲ ေငးခနဲ။ ထိုမ်ွမကေသး ေခါင္းညိမ့္ျပတုိင္း ေဝ့ဝဲသြားတတ္သည့္ ဆံပင္နက္ေမွာင္ေမွာင္ေလးေတြကိုလဲ သေဘာက်လြန္းလို႔ တေမ့တေမာ့ၾကည့္ေနတတ္မိသည္။
"ဗုဒၶဘာသာထြန္းကားတဲ့ႏုိင္ငံဆိုေပမယ့္ ေကာင္းဆက္ရဲ႕ဖခင္က အေမရိကန္လူမ်ိဳး ခရစ္ယာန္ဘာသာဝင္ျဖစ္မယ္ထင္တယ္။ ေကာင္းဆက္ဘယ္ဘာသာကိုးကြယ္လဲ?"
"အေဖက လြတ္လပ္စြာကုိးကြယ္ခြင့္ေပးထားလို႔ ကြၽန္ေတာ္ကမိခင္ရဲ႕ကုိးကြယ္ယံုၾကည္မႈဘက္ကို ယူခဲ့ပါတယ္။"
"ဗုဒၶဘာသာေပါ့။ ကုိယ္က ခရစ္ယာန္ဘာသာဝင္.."
"ကြၽန္ေတာ္သိပါတယ္။ "
"ေကာင္းဆက္မွာယံုၾကည္ကိုးကြယ္မႈနဲ့ ပတ္သတ္ၿပီး ကန္႔သတ္တာမ်ိဳး႐ွိလား။ ဥပမာေပါ့ တခ်ိန္က်အိမ္ေထာင္ျပဳတဲ့အခါ ဘာသာတူမွ လက္ထပ္ခ်င္တယ္ဆိုတာမ်ိဳး..."
"ကြၽန္ေတာ့္မိခင္နဲ႔ဖခင္ကိုက မတူညီတဲ့ဘာသာဝင္ေတြျဖစ္ၿပီး နားလည္မႈနဲ႔တည္ေဆာက္ထားခဲ့ၾကတဲ့ အိမ္ေထာင္ေရးဆိုေတာ့ ကြၽန္ေတာ္ကလဲ Open minded ပါ Mr Shane။ ကြၽန္ေတာ္ကခ်စ္ရင္၊ ကြၽန္ေတာ့္အေပၚလဲတကယ္စစ္မွန္ရင္ တဖက္သူက ဘယ္ဘာသာကိုကိုးကြယ္ကိုးကြယ္၊ သူရဲ႕ျဖစ္တည္မႈက ကြၽန္ေတာ္နဲ႔တူေနရင္ေတာင္ စစ္မွန္ရင္ေရြးခ်ယ္ျဖစ္မယ္ထင္ပါတယ္။"
"လိင္တူကိုေျပာတာလား ေကာင္းဆက္။"
"Mr Shane ကေတာ့ ဘယ္လိုျမင္မလဲမသိေပမယ့္ ကြၽန္ေတာ့္အတြက္ကေတာ့ က်ား/မ ခ်စ္ျခင္းမွျဖစ္သင့္တယ္ဆိုတာထက္ တသက္တာလံုးေအးအတူ၊ပူအမ်ွ႐ွိေနေပးမယ္ဆို႐င္ က်ား၊က်ားျခင္း မ၊မျခင္းလဲ ခ်စ္ခင္စံုမက္လို႔ရတယ္လို႔ယူဆထားပါတယ္။"
ေကာင္းဆက္က Shane တမ်ိဳးျမင္မည္စိုး၍ အသည္းအသန္႐ွင္းျပေန႐ွာၿပီး Shane အေပ်ာ္လြန္ေနတာေတာ့ သိမည္မဟုတ္။ မိမိရဲ႕စိတ္ကိုမိမိျပန္လည္ဆန္းစစ္မရေသးေသာ္လည္း ေကာင္းဆက္အေပၚမွာ စိတ္႐ွိေနတာေတာ့ဝန္ခံရေပမည္။
"ဟိုတခါလာတုန္းက Devin ကသာ ႏိုရာနဲ႔မိတ္ဆက္သြားေပမယ့္ က်န္သူေတြမပါလို႔ ထပ္မိတ္ဆက္ေပးမယ္ေနာ္။ Devin? သူက ေကာင္းဆက္ေဂ်ဒင္တဲ့ အေမရိကန္-ျမန္မာကျပားေလး company မွာေတာ့ Testing Room မွာအလုပ္လုပ္တယ္။ ေကာင္းဆက္ေဂ်ဒင္? သူက ကုိယ့္သူငယ္ခ်င္း Devin Jacob တဲ့။ ဆရာဝန္ပါ"
"ဟုတ္ကဲ့ ေတြ႔ရတာဝမ္းသာပါတယ္ Mr Devin Jacob။"
"ေတြ႔ရတာဝမ္းသာတယ္ေနာ္ ေကာင္းဆက္။ ေနထိုင္မေကာင္းျဖစ္ရင္လာခဲ့ပါ။ အလကားကုေပးမယ္.."
"Devin! ဘာေတြေျပာေနတာလဲ"
"အယူမသီးစမ္းပါနဲ႔ Shane ။ ငါေျပာတုိင္းျဖစ္ရင္ ငါ့ေဆးရံုမွာလူေတြျပည့္ေနမွာပဲ"
"အဲ့ဒီေတာ့မင္းေျပာခ်င္တာ လူေတြကိုေနမေကာင္းျဖစ္ပါေစလို႔ မင္းအျမဲဆုေတာင္းေနတယ္ေပါ့။ ေျပာမရဘူး ငါပါ ပါရင္ပါမွာ"
တိတ္ဆိတ္ေနခဲ့သည့္ ကားေလးထဲမွာ ခဏတာေတာ့ ရယ္သံေတြနဲ႔ဆူညံေနခဲ့ၿပီး သိပ္မၾကာခင္မွာပဲ ဦးတည္ခဲ့ရာေနရာသို႔ေရာက္လာခဲ့သည္။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
တစ္သက္နဲ႔တစ္ကိုယ္ ဒီလိုပဲြမ်ိဳးတက္တာ ပထမဆံုးအႀကိမ္မို႔ ျမင္ျမင္သမ်ွက ေငးစရာေတြခ်ည္းပင္။ သူေဌးနဲ႔သူ႔သူငယ္ခ်င္းေနာက္ ေကာင္းဆက္တို႔လိုက္ဝင္လာရာက အထဲေရာက္ေတာ့ပို၍ပင္ ႐ွိန္သြားရသည္။ မီးဆိုင္းေတြ၊မီးအလွေတြျဖင့္ တန္ဆာဆင္ထားၿပီး စားပဲြဝိုင္းေတြအျပင္ ပ႐ိုဂ်က္တာကလဲ ခန္းလံုးျပည့္႐ွိေနၿပီး Stage စင္ေလးတခုလဲ ျပဳလုပ္ထားသည္။ ခန္းမရဲ႕ဘယ္ဘက္ေထာင့္မွာ ဘူေဖးလ္ စားႏုိင္ရန္ခင္းက်င္းထားၿပီး တူညီဝတ္စံုျဖင့္ ဗန္းေလးေတြေျမႇာက္ကိုင္ကာ ဟိုဟိုဒီဒီ သြားလာေနသည့္ Waiter, Waitress ေလးမ်ားကလဲ အမ်ားအျပား။
"ေကာင္းဆက္နဲ႔ႏိုရာ? ဟိုဘက္ေထာင့္မွာ ဘူေဖးလ္ခင္းထားတယ္။ ႀကိဳက္ႏွစ္သက္ရာထည့္ယူၿပီး No (2) VIP ဝိုင္းမွာသြားထိုင္စားလို႔ရတယ္ေနာ္။"
"ဟုတ္ကဲ့...."
"ဘူေဖးလ္မွမဟုတ္ဘူး ေသာက္ခ်င္ရင္လဲေသာက္လို႔ရတယ္။ သူတုိ႔ဆီကယူလိုက္ရံုပဲေနာ္။ ကုိယ္စကားခဏသြားေျပာလိုက္ဦးမယ္။ ၿပီးမွလာခဲ့မယ္။"
ေျပာေျပာဆိုဆို Mr Shane က သူ႔သူငယ္ခ်င္းနဲ႔အတူ အျခားေသာလုပ္ငန္း႐ွင္းမ်ားရပ္ေနရာေနရာဆီ ထြက္သြားသည္။ ဖန္ခြက္ေလးထဲမွာ ေရာင္စံုအရည္မ်ားထဲမွ တခြက္ကိုေကာင္းဆက္လွမ္းဆဲြၿပီးေနာက္
"ဒါဘာလဲ ႏိုရာ"
"ငါ ဘယ္သိမလဲ"
"အရက္ေတြလား"?
"ေအာ္ မသိပါဘူးဆို။ ႐ူးေနလို႔ထပ္ခါထပ္ခါေမးေနတာလား"
ခဏမ်ွဟိုေလ်ွာက္ဒီေလ်ွာက္ ေလ်ွာက္ၿပီးေနာက္ ေနရာခ်ထားေပးရာ VIP ဝိုင္းမွာထိုင္လိုက္ၿပီး အစားအေသာက္တခ်ိဳ႕စားေသာက္ေနစဥ္ Mr Shane ႏွင့္ သူ႔သူငယ္ခ်င္းပါ ျပန္ေရာက္လာသည္။ ပ႐ိုဂ်က္တာကေနျပေနတဲ့ universe ဂိမ္းအပါအဝင္ က်န္ဂိမ္းမ်ားရဲ႕ အစအဆံုးကစားျပထားမႈေတြကို ကစားေပးသူနာမည္နဲ႔တကြ ျပထားသည္။ လူေတြအမ်ားႀကီးလာတဲ့ဒီပဲြမွာ ေဆာ့ရခက္တယ္လို႔ Testing အဖဲြ႔ေတြၾကားနာမည္ႀကီးေနတဲ့ ဂိမ္းကို ၿပီးေအာင္ကစားေပးႏုိင္သူ Testing player..
"Kaung Sett Jayden"
ဆိုတဲ့ နာမည္ေလးကို တပ္ၿပီး လႊင့္ထားတဲ့ဗီဒီယိုၾကည့္ရတာ ကုိယ့္ဘာသာၾကည္ႏူးေနသလိုလို။ သို႔ႏွင့္ ပဲြၿပီးခါနီးၿပီမို႔ Mr Shane ကျပန္ရန္အခ်က္ျပလာၿပီး ဝင္ေပါက္ဆီသို႔ ျပန္ေလ်ွာက္လာစဥ္မွာပင္
"Shane!! "
ေခၚသံနဲ႔အတူ အနားကိုေစြ႔ခနဲေရာက္လာသူတစ္ဦး၊ ထိုသူကိုျမင္သည္ႏွင့္ Olivier Shane မွာလဲ ျပံဳးရႊင္လို႔သြားသည္။ ထိုသူက Shane ပခံုးကိုပုတ္ကာ
"မင္းလဲလာတာလား။ ငါမေတြ႔လိုက္ဘူး"
"ေအး ငါတို႔ဂိမ္းလည္းပါတယ္ Launch လုပ္တဲ့အထဲ"
"ေအာ္ ဒီညီေလးလား။ ခုနက ကစားျပထားတာ.."
"ဟုတ္တယ္ ေကာင္းဆက္? သူက Behalf က CEO ေလ"
Olivier Shane ႏႈတ္ဆက္ေပးလာသည့္ လူက ျပံဳက္ကမ္းလာေတာ့ ေကာင္းဆက္မွာ ျပန္ျပံဳးျပလိုက္ေပမယ့္ကမ္းလာသည့္လက္ကိုေတာ့ ဆုပ္ကိုင္ရန္တြန္႔ဆုတ္ေနခဲ့သည္။ သို႔ေသာ္လဲ မျဖစ္မေနမို႔ ျပန္လည္ဆုပ္ကိုင္လုဆဲဆဲမွာပင္ Shane က ထိုလူရဲ႕လက္ကို ျဖတ္ဝင္ဆုပ္ကိုက္လိုက္ၿပီးေနာက္...
"လာကြာ Kelvin ဓာတ္ပံုသြား႐ိုက္ရေအာင္ မေတြ႔တာၾကာၿပီ။ Devin လဲ လာ။ ႏိုရာက ငါတုိ႔ကို ဓာတ္ပံု႐ိုက္ေပးပါ"
ဟုဆိုကာ ေခၚထုတ္သြားတာေၾကာင့္ ေကာင္းဆက္လက္ကေလထဲမွာ တန္းလန္းႀကီးက်န္ေနခဲ့ရသည္။ ေလထဲ လက္တန္းလန္းနဲ႕က်န္ခဲ့သည့္ ေကာင္းဆက္ကို ႏိုရာက Shane တို႔ေနာက္ ေျပးလိုက္သြားခ်ိန္မွ ျပန္ရုတ္လိုက္ရန္ျပင္လိုက္သည့္ ေကာင္းဆက္လက္ကို တစံုတေယာက္က ဖ်တ္ခနဲဆုပ္ကိုင္လာခဲ့သည္။
လန္႕ဖ်န္႕ကာထိုသူကို လွည့္ၾကည့္ၿပီးေနာက္ ျပံဳးရယ္ျပေနကာ လက္ကိုျမဲျမံစြာဆုပ္ကိုင္ထားသည့္ လူတစ္ေယာက္၊ အျခား Company က ဝန္ထမ္းျဖစ္ပံုရၿပီး ေကာင္းဆက္တို႔လို Test လုပ္ေပးရတဲ့သူေတြပဲထင္သည္။ အတင္းရုန္းထြက္ေနတဲ့လက္ကို ထိုေကာင္ေလးက ျမဲျမံစြာဆုပ္ထားဆဲ
"Mr Jayden? Mr Jayden ခုန Game ကို အျပီးထိ ကစားေပးနိုင္တဲ့ တေယာက္မဟုတ္လား။ ကၽြန္ေတာ္တို႕အဖဲြ႕ ကစားေနၾကည့္တာၾကာျပီ။ ဘယ္လိုမွ မဂိမ္းခဲ့ဘူး။ ေနာက္ေတာ့ ကၽြန္ေတာ္တို႕လည္း Company ေျပာင္းခဲ့ၾကတာ။ တကယ္ေလးစားတယ္ဗ်ာ အဲ့ဒီဂိမ္းကေလ...."
အဲ့ဒီေကာင္ေလး ေျပာေနတဲ့ စကားလံုးေတြကို ေကာင္းဆက္ မၾကားေတာ့ ၊ ျမင္လဲမျမင္ေတာ့။ သူျမင္တာ ခန္းမက်ယ္ၾကီးထဲက လူတစ္ေယာက္မွာ မီးဆိုင္းေအာက္မွာ ပိေနကာ၊ မီးဆိုင္းကေနစင္ထြက္တဲ့ ဖန္စေတြေၾကာင့္ လူေတာ္ေတာ္မ်ားမ်ားလဲ ေတာ္ေတာ္မ်ားမ်ားလဲ ေသြးသံတရဲရဲ၊ ျမင္လာသည့္ျမင္ကြင္းထဲမွာ လက္ဆဲြႏႈတ္ဆက္ေနသည့္ေကာင္ေလးကို မီးဆိုင္းႀကီးပိလာသည့္အခိုက္အတန္႔ ခႏၶာကိုယ္ထဲ ခၽြန္ထြက္တဲ့အရာ၀ထၳဳေတြ ခ်က္ခ်င္းထိုးစိုက္၀င္လာသလို ခံစားခ်က္က နာက်င္လြန္းလွသည္မို႕ မတ္တပ္ေကာင္းေကာင္းမရပ္နိုင္ေတာ့။ ယိုင္ဆင္းလာျပီး လက္ေတြ တဆတ္ဆတ္တုန္လာတဲ့ ေကာင္းဆက္ကို ထိုေကာင္ေလးက ၾကည့္ေနရင္းက..
"Mr Jayden ဘာျဖစ္တာလဲ"
ထပ္တူနာက်င္ရသည့္ ေဝဒနာခံစားေနရေပမယ့္ ျမင္ကြင္းကေတာ့ လက္ရွိကာလကို ျပန္ေရာက္လာခဲ့သည္။ ထိုေတာ့မွ အေ႐ွ႕မွာရပ္ေနသည့္ ထိုေကာင္ေလး ၀တ္စားထားတဲ့ အ၀တ္အစားကို ေကာင္းဆက္တခ်က္ၾကည့္ျပီးေနာက္ ခန္းမရဲ႕ေခါင္မိုးကို ေမာ့္ၾကည့္လိုက္စဥ္မွာ လွပ၀ံ့ႂကြားစြားျဖင့္ ရွိေနတဲ့ မီးဆိုင္းၾကီး...နွလံုးေသြးေတြေတာင္ ရပ္တန္႕သြားခဲ့သလိုပင္။
*ဘုရားေရ ဒီျဖစ္ရပ္က စကၠန္႔ပိုင္းအတြင္းျဖစ္ေတာ့မယ္...*
ေကာင္းဆက္ရဲ႕ထူးဆန္းေနသည့္ အျပဳအမူေၾကာင့္ ထိုေကာင္ေလးက ဆက္မေျပာေတာ့ပဲ လွည့္ထြက္သြားခဲ့ၿပီ။ သူ လွမ္းဆဲြလိုက္ေပမယ့့္္ နာလြန္းလို႔ အသက္ေတာင္ မရမကရွုေနရတာမို႔ မမိလိုက္ေပ။ ေနရာမွာပင္ ေကာင္းဆက္ 1မိနစ္ခန္႕ အခ်ိန္ယူလိုက္ျပီးတဲ့ေနာက္မွာ ေဝဒနာကသက္သာလာၿပီမို႔ ခပ္ျမန္ျမန္ပင္ ခုနကေကာင္ေလးကိုလိုက္႐ွာေနရသည္။
မီးဆိုင္းတည့္တည့္ေအာက္မွာ မတ္တပ္ရပ္ရင္း ဖုန္းေျပာေနတဲ့ ထိုေကာင္ေလးက သူ႔ဆီက်ေရာက္ေတာ့မည့္ ကံၾကမၼာဆိုးကို မသိ႐ွာ။ တစံုတခုျပဳတ္ထြက္သံေၾကာင့္ အသံကုန္ လွမ္းေအာ္ရင္း တဟုန္ထိုးေျပးသြားလိုက္ေပမယ့္ ၀ုန္းခနဲအသံၾကီးနဲ႕အတူ ျပဳတ္က်လာေသာ မီးဆိုင္းၾကီးက ေကာင္းဆက္ရဲ႕ေအာ္သံေၾကာင့္ လွည့္ၾကည့္လိုက္တဲ့ ထိုေကာင္ေလးဆီသို႕။
သြားျပီ! အခ်ိန္မမွီေတာ့ဘူးဟု ေတြးမိလိုက္တာနဲ႕အတူ ေခါင္းေလးမွလဲြျပီး လူခႏၶာကုိယ္တခုလံုး မီးဆိုင္းေအာက္ပိေနတဲ့ ခုနကေကာင္ေလးနဲ႕မွာ ခရမ္းခ်ဥ္သီးကိုဖိေခ်ထားသည့္အလား ေသြးမ်ားက ျမင္မေကာင္ေအာက္ျပန္က်ဲ့ေနၿပီး ႏွာေခါင္းေပါက္၊ပါးစပ္ပါမက်န္ ေသြးတရေဟာထြက္ေနတာ ဆန္႔ငင္ဆန္႔ငင္ျဖစ္ေန႐ွာသည္။ ထိုအတူဖန္ေတြျ႔ဖင္ ျပဳလုပ္ထားသည္မီးဆိုင္းျဖစ္လို႔ ျပဳတ္က်သည့္အ႐ွိန္ကေနလြင့္ထြက္လာသည့္ အစေတြကလဲ ေဘးဘီယာမွာ႐ွိေနသည့္ လူေတြထံသို႔စိုက္ဝင္ကုန္တာေၾကာင့္ ေအာ္ဟစ္ၿငီးတြားသံေတြက ကမၻာပ်က္သည့္ႏွယ္။
ငါလူတေယာက္ကို အခ်ိန္မွီ မကယ္တင္နိုင္ျပန္ဘူး ဟူေသာအသိျဖင့္ ေကာင္းဆက္ရဲ႕မ်က္လံုးထဲ မ်က္ရည္စေတြ တဲြခိုလာခဲ့သည္။ အဲ့ဒီေကာင္ေလးကို ေနာက္ဆံုးအေနနဲ႕ လုပ္ေပးနိုင္တာက နာက်င္မွုသက္သာစြာျဖင့္ ထြက္ခြာသြားေစဖို႔ပင္။ ထို႔ေၾကာင့္ ညင္သာစြာထြက္ခြာႏိုင္ရန္ သူရဲ႕နာက်င္မႈေဝဒနာေတြကို လဲႊယူေပးမည္ဟု ဆံုးျဖတ္ကာ ေျခလွမ္းထပ္လွမ္းဖို႕ ၾကံရြယ္လိုက္သည့္ခဏ၊
မီးဆိုင္းကို ခ်ိတ္တြယ္ထားသည့္ဂ်ိတ္ႀကီးကပါ မီးဆိုင္းေပၚျပဳတ္က်လာကာ ေကာင္းဆက္ဆီကို ဖန္စအခၽြန္အရွည္တခုက စင္ထြက္ျပီးေျပး၀င္လာသည့္ခဏ၊ ထိုခဏမွာ ေကာင္းဆက္တစ္ေယာက္ သူ႔ကံၾကမၼာကို စတင္သတိထားမိေတာ့သည္။ သူမ်ားကံၾကမၼာကို ျမင္နိုင္တဲ့သူက သူ႔ရဲ႕ေသျခင္းကံျကမၼာကိုက်ေတာ့ မျမင္နိုင္ခဲ့ဘူး။ ဒီေန႕က ငါေသရမယ့္ေန႕လားဟုေတြးရင္း ေရွာင္ခ်ိန္မမွီလိုက္တာေၾကာင့္ မ်က္လံုးေတြသာ စံုမွိတ္လိုက္ေတာ့သည္။
5300 words
Unicode
နာမည်မှားနေခြင်းအပေါ် စိတ်တိုနေသည့် နိုရာကို စနောက်ချင်သော်လဲ ရှေ့ခန်းနောက်ခန်းကွဲနေသည်က တစ်ကြောင်း၊သူဌေး ကိုယ်တိုင်မောင်းနှင်မည့် ကားဖြစ်နေသည်ကတစ်ကြောင်းကြောင့် နှုတ်ဆိတ်၍သာ လိုက်လာခဲ့သည်။ အိစက်ညက်ညောပြီး အေးမြသင်းပျံ့နေသည့် နောက်ဆုံးပေါ် ကားကြီးထဲအနေရခက်နေတော့ စဝင်ဝင်ခြင်းကတည်းက ထိုင်နေသည့်ပုံစံအတိုင်း Position ပြောင်းလဲခြင်းမပြုဖြစ်၊ ထိုအချိန်မှာပင် အနောက်ခန်းဆီမှ Devin နဲ့ နိုရာရဲ့ စတင်စကားပြောသံတွေကို ကောင်းဆက်နှင့်Shane အသာနားစွင့်လာခဲ့သည်။
"ဟိုတခါတွေ့တော့ မိတ်ဆက်ခဲ့ပေမယ့် အခုထပ်ပြီးမိတ်ဆက်မယ်နော် နိုရာမင်းမှောင်..."
"ဟုတ်ကဲ့...."
"နိုရာမင်းမှောင်က အသက်ဘယ်လောက်ရှိပြီလဲ ။ အသက်မေးရတာရိုင်းမှန်းသိပေမယ့်....."
"ရပါတယ် ကျွန်တော် ၂၄ ပါ။ "
"Asian ထင်တယ်။ ကိုယ့်ကို Shane ပြောပြတာတော့ မြန်မာလူမျိုးလို့ပြောဖူးတယ်။ ကိုယ်ကအဲ့ဒီနိုင်ငံဘယ်မှာရှိမှန်းမသိဘူး မင်းမှောင်။"
နာမည်ကမှားနေဆဲအပြင် မိမိနိုင်ငံကိုပါတခါမှမကြားဖူးဘူးဟုပြောနေသည့် နိုင်ငံကြီးသားကြီးကြောင့် နိုရာ့မျက်နှာက တင်းခနဲ။ ကျောကိုမတ်လိုက်ကာ Devin ရှိရာဘက်ဆတ်ခနဲ လှည့်လိုက်သည်ကို ကောင်းဆက်မြင်လိုက်ရသည်နှင့်တပြိုင်နက် စကားအရာမှာ မည်သူမှယှဉ်မရသည့် နိုရာ့စကားလုံးတွေထဲ သူဌေးရဲ့သူငယ်ချင်းဖြစ်သူ Devin ခံရတော့မည်ကို သိနေသည်။
"မြန်မာက Asian နိုင်ငံတနိုင်ငံပဲ။ Thailand ကိုသိလား Mr Devin? "
"သိတာပေါ့ လည်ပတ်လို့လဲကောင်းတယ် အစားအသောက်စလို့...."
"အဲ့ဒါတွေကစလို့် မိန်းကလေးတွေအထိ ပေါများပြီး အလည်လာတဲ့အချိန်ခဏ ယာယီမိန်းမအဖြစ်လဲ ဌားလို့ရတဲ့နေရာ၊ sexy bar,Gay bar တွေကလဲ မမြင်ချင်မှအဆုံးဆိုတော့ အပျော်ကြိုက်တဲ့ Mr Devin လို သူဌေးတွေအတွက် တသက်မမေ့နိုင်စရာ နိုင်ငံလေးတနိုင်ငံပေါ့။ "
"အဲ့ဒီလို မဟုတ်...."
"အပျော်ပါးတွေလွန်ပြီး ကိုယ်ရောက်ရှိနေတဲ့ အဲ့ဒီနိုင်ငံနဲ့နယ်နမိတ်ထိစပ်နေတဲ့ နိုင်ငံတွေကိုတောင် သတိမထားမိလောက်အောင် ဆွဲဆောင်မှုအပြည့်ရှိတဲ့ နိုင်ငံလေးပေါ့။ "
"ကိုယ်ကသူဌေးမဟုတ်ပါဘူး မင်းမှောင်ရဲ့....ဆရာဝန်ပါ။"
"အပျော်အပါးက အမျိုးအစားခွဲမထားပါဘူး။ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ်၊ နောက်ဆုံး...ဆ...ရာ...ဝန်ဖြစ်ဖြစ်ပေါ့။"
ဆရာဝန်ဆိုသည့်နောက်ဆုံးစကားလုံးကျမှ တလုံးချင်းပီပီသသ ရွတ်ပြီး Devin မျက်နှာကိုစိုက်ကြည့်နေသည့်နိုရာကြောင့် Devin က စကားလမ်းကြောင်းလွဲှရန်ကြိုးစားသည်။သို့သော် ချေပခြင်းmood ဝင်သွားပြီဖြစ်တဲ့ နိုရာ့က စကားလမ်းကြောင်းကိုအလွဲှမခံ၊ ပြန်ပြန်ဆွဲတင်သည်၊
"မင်းမှောင်ပြောတာလဲ မှန်ပါတယ်။ အခုတော့မြန်မာနိုင်ငံကို ကိုယ်သိသွားပါပြီ။ ဒီနေ့ပွဲမျိုးက အခုမှအလုပ်စဝင္တဲ့ နိုရာမင်းမှောင်နဲ့ကောင်းဆက်ဂျေဒင်တို့အတွက် ပထမဆုံး ဖြစ်မယ်ထင်တယ်နော်။ "
"အာဆီယံဆယ်နိုင်ငံကိုသိလား Mr Devin?"
"သိတော့သိပေမယ့် အကုန်မမှတ်မိဘူး။အဲ့ဒါကြောင့် မြန်မာကို သတိမထားမိလိုက်တာ။"
"ဟုတ်လား အဲ့ဒါကြောင့်ကျွန်တော့်အမေပြောတာမှန်နေတာ ။"
"မင်းမှောင်အမေက ဘာပြောလို့လဲ..."
"နိုင်ငံကြီးနိုင်ငံကလူတွေ၊ ဥပမာ one of the powerful countries over the world ဖြစ်တဲ့ အမေရိကန်လို နိုင်ငံကြီးကသူတွေက ဗဟုသုတနေရာမှာတော့ Zero ပဲတဲ့..."
"ဟင်..."
"အာဆီယံဆယ်နိုင်ငံလဲအလွတ်မရ၊ တိုက်ကြီးဘယ်နှစ်တိုက်ရှိမှန်းလဲ သိပုံမရ၊ ဘယ်နိုင်ငံရဲ့ဘာသာစကားက ဘယ်လိုလေးဆိုတာလဲ မလေ့လာ၊ English စကားသည်သာ ကိုးကွယ်ရာ၊အားထားရာ ငါတို့ဟဲ့ ကမ္ဘာနံပါတ်၁ ဘာသာစကားကိုသုံးနှုန်းသူဆိုပြီး သွေးနားထင်ရောက်ကြတော့လဲ လေ့လာမှုမှာလစ်ဟင်းတာ အပြစ်တော့လဲမပြောလိုပါဘူး။ အသီးဆိုလဲ နဂါးမောက်သီးလဲမသိ၊ ဒူးရင်းသီးလဲမသိ၊ မင်းဂွတ်သီးလဲမသိ..စားလဲစားဖူးမှာမဟုတ်ဘူး။"
"အဲ့ဒါကျတော့ ကိုယ်တို့တွေမှာ အလုပ်များနေတာနဲ့ပဲ အလုပ်သွား၊အိမ်ပြန်စတာတွေနဲ့ပဲ အချိန်ကုန်နေဖြစ်တော့..."
"အင်းပေါ့ ဟုတ်မှာပါ။ အမေပြောသလို ငါက အင်အားကြီးနိုင်ငံကလူဆိုပြီး ဘဝင်တွေတက်ဆောင့်လေလေ၊ ဗဟုသုတနည်းပါးလာလေလေ ဆိုသလိုပေါ့။"
"............."
"ပြီးတော့ ကျွန်တော့်ကိုနိုရာလို့ခေါ်လို့ရပါတယ်။ အပြည့်အစုံမှခေါ်ချင်တာဆိုရင်လဲ မင်းမောင်ကိုပီသအောင်ခေါ်ပေးပါလား။ Mr Devin ရဲ့သူငယ်ချင်း ကျွန်တော့်တို့ရဲ့သူဌေးတောင် ပီသတယ်။"
"အိုကေ ဒါဆို ကိုယ့်ကို အသံထွက်ပြ၊ ကိုယ်လိုက်ခေါ်ကြည့်မယ်။"
"မင်း....မောင်"
"မင်း....မှောင်.."
"မှောင် မဟုတ်ဘူး။ နှုတ်ခမ်းကိုအပေါ်အောက်ဖိထိပြီးမှ ပြန်လွှတ်လိုက်တဲ့ အသံမျိုး။ ပြန်ခေါ်ကြည့်ပါဦး"
"မင်း......မျောင်"
"နိုး!! မောင်..မောင်!!.တော်ပါပြီ နိုရာလို့ပဲခေါ်ပါတော့.."
"မြန်မာနာမည်ဆိုတော့ ကိုယ်ခေါ်ရခက်တာပါ မင်း...အဲ..နိုရာ။ အသံထွက်လေးနည်းနည်းမှားတာ ဘာမှဖြစ်မသွားဘူးမဟုတ်လား။"
"ဒါဆို ကျွန်တော်က Mr Devin (ဒယ်ဗင်) အစား ကိုဒယ်ဖင်လို့ခေါ်လို့ရမလား။"
"ကိုဒယ်ဖင်? အဲ့ဒါကကိုယ့်နာမည်ပဲလား"
Devin ဆိုသူအပေါ်တရစပ်ချေပကတည်းက ရယ်ချင်နေသည့်စိတ်ကို နာမည်အသံထွက်သင်တော့ အောက်နှုတ်ခမ်းကိုအတင်းဖိကိုက်ထားပြီး မရယ်မိအောင်ထိန်းထားရသည်။သို့သော် "ကိုဒယ်ဖင်" ဆိုသည့်နေရာအရောက်မှာတော့ ကောင်းဆက် အသံထွက်ကာရယ်မိသွားတော့သည်။ လှည့်ကြည့်လာသည့် Olivier Shane ကြောင့် ရယ်မောခြင်းကိုထိန်းနေပေမယ့် နောက်ကြည့်မှန်မှမြင်နေရသည့် နိုရာရဲ့အောင်နိုင်သူအပြုံး၊ အခေါ်ခံရသည့်နာမည်ရဲ့အဓိပ္ပယ်ကိုမသိသော်ငြား မကောင်းဘူးဆိုတာတော့ရိပ်မိနေဟန်ဖြင့် ဟိုဟိုဒီဒီကြည့်နေသည့် Devin ကြောင့် ပိုပို၍ရယ်ချင်လာရသည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ကားပေါ်စတက်ကတည်းက လမ်းတဝက်ကျိုးတဲ့အထိ position တမျိုးတည်းသာထိုင်နေပြီး စိတ်ကျဉ်းကြပ်နေပုံရတဲ့ ကောင်းဆက်နဲ့နိုရာကို Shane သတိထားမိနေခဲ့ပေမယ့် ထုတ်မမေးဖြစ်ခဲ့ပေ။ ခဏမျှအကြာ Devin နဲ့နိုရာရဲ့ အပြန်အလှန်စကားပြောသံတွေကြားရတော့ နားစွင့်နေရာက နာမည်တခုရဲ့နောက်မှာ ထရယ်သည့်ကောင်းဆက်နှင့် နိုရာကြောင့် ထိုနာမည်ရဲ့အဓိပ္ပယ်ကို Shane ပါသိချင်လာသည်။
"ကိုဒယ်ဖင်..ဆိုတာ ဘယ်လိုအဓိပ္ပယ်ရလဲ"?
မည်သူ့ရယ်လို့မရည်ရွယ်ပဲ မေးလိုက်သော်ငြား အရှေ့ခန်းမှာအတူတူရှိနေသည့် ကောင်းဆက်ကဝင်ဖြေပေးလာသည်။
"ကျွန်တော်တို့မြန်မာမှာ အသက်၃၀ အရွယ်ယောက်ကျားလေးဆိုရင် နာမည်ရှေ့မှာ "ကို" လို့တပ်ခေါ်လေ့ရှိတယ်။ ယဉ်ကျေးမှုအရပေါ့ ဒီမှာဆိုရင်တော့ Mr တပ်ခေါ်သလိုမျိုး။"
"ဒယ်ဖင်ကရော"?
"ဒယ်ဖင်က....အင်း.....ဒယ်ဖင်က ပြောရမယ်ဆိုရင် Devin ကို မြန်မာမှုပြုပြီးခေါ်ထားသလိုပါပဲ။ထူးထူးဆန်းဆန်းအဓိပ္ပယ်မရှိပါဘူး။"
ထို့သို့ဆိုသော်လည်း တကယ်တမ်းတော့မဟုတ်ကြောင်း ရယ်ချင်နေဆဲအမူအရာတွေနဲ့ ကောင်းဆက်တို့နှစ်ယောက်ကသက်သေပင်။ ထပ်မမေးတော့ပဲ နာမည်ရှေ့မှာ"ကို" တပ်ခေါ်သည်ဆိုတာကို သတိရသွားကာ
"ကိုကောင်းဆက်ဂျေဒင်"
ဟု ခေါ်လိုက်တော့ အံ့သြသွားဟန် လှည့်ကြည့်လာပြီး တဆက်တည်းမှာပင် သဘောကျသွားပုံရပြီးပြုံးလိုက်သည်မှာ နှုတ်ခမ်းဘေးအခွက်ကလေးပေါ်လာသည့်အထိ။ ထို့နောက်...
"ကျွန်တော့်ကိုကျတော့ "ကို" တပ်မခေါ်လဲရပါတယ် Mr Shane ။ ကောင်းဆက် ဖြစ်ဖြစ်၊ ဂျေဒင်ဖြစ်ဖြစ်ခေါ်ပါ။
ဒါနဲ့ Mr Shane? မြန်မာနိုင်ငံကိုသိလား..."
"သိပါတယ်။တခါရောက်ဖူးတယ်။ Transit စီးတာ အချိန်အရမ်းဟနေလို့ လေဆိပ်ကနေထွက်ပြီး ၂နေရာလည်ခဲ့တယ်။ ရွှေတိဂုံဘုရားနဲ့ ဈေးတခု..နာမည်ကိုယ်မေ့သွားပြီး ဆောရီး..."
"ဗိုလ်ချုပ်ဈေးလား..."
"အာ ဟုတ်တယ်ဟုတ်တယ်။ ထပ်သွားလည်မို့တွေးထားတယ်။ ပုဂံကိုလဲသွားချင်တယ်၊ Mandalay ကိုရော၊ Inlay ကိုရော။ အရင်ကတွေးထားတာက သွားတဲ့အခါကျရင် Travel Agent နဲ့ချိတ်မယ်ပေါ့။ အခုတော့ကောင်းဆက်နဲ့နိုရာရောက်လာပြီဆိုတော့ ကိုယ်သွားတဲ့အခါ ခရီးသွားအကြံပေးအဖြစ် လိုက်ခဲ့ပေးနိုင်မလား? Devin ပါခေါ်လိုက်မယ်"
သူ့နိုင်ငံကိုလည်ချင်သည်၊သွားချင်သည် သဘောကျသည်ဟု ပြောလိုက်တော့ ကောင်းဆက်မျက်နှာမှာ အပြုံးတွေကဝေဆာနေသည်။ ထိုသို့သောအပြုံးတွေဝေဆာတိုင်း ပေါ်ပေါ်လာတတ်သည့် နှုတ်ခမ်းထောင့်ကအခွက်ကလေးနဲ့ ကြည်လက်သွားတတ်သည့် စိမ်းဖန့်ဖန့်မျက်လုံးတစ်စုံကို Shane မှာလဲ ငေးခနဲ။ ထိုမျှမကသေး ခေါင်းညိမ့်ပြတိုင်း ဝေ့ဝဲသွားတတ်သည့် ဆံပင်နက်မှောင်မှောင်လေးတွေကိုလဲ သဘောကျလွန်းလို့ တမေ့တမော့ကြည့်နေတတ်မိသည်။
"ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုပေမယ့် ကောင်းဆက်ရဲ့ဖခင်က အမေရိကန်လူမျိုး ခရစ်ယာန်ဘာသာဝင်ဖြစ်မယ်ထင်တယ်။ ကောင်းဆက်ဘယ်ဘာသာကိုးကွယ်လဲ?"
"အဖေက လွတ်လပ်စွာကိုးကွယ်ခွင့်ပေးထားလို့ ကျွန်တော်ကမိခင်ရဲ့ကိုးကွယ်ယုံကြည်မှုဘက်ကို ယူခဲ့ပါတယ်။"
"ဗုဒ္ဓဘာသာပေါ့။ ကိုယ်က ခရစ်ယာန်ဘာသာဝင်.."
"ကျွန်တော်သိပါတယ်။ "
"ကောင်းဆက်မှာယုံကြည်ကိုးကွယ်မှုနဲ့ ပတ်သတ်ပြီး ကန့်သတ်တာမျိုးရှိလား။ ဥပမာပေါ့ တချိန်ကျအိမ်ထောင်ပြုတဲ့အခါ ဘာသာတူမှ လက်ထပ်ချင်တယ်ဆိုတာမျိုး..."
"ကျွန်တော့်မိခင်နဲ့ဖခင်ကိုက မတူညီတဲ့ဘာသာဝင်တွေဖြစ်ပြီး နားလည်မှုနဲ့တည်ဆောက်ထားခဲ့ကြတဲ့ အိမ်ထောင်ရေးဆိုတော့ ကျွန်တော်ကလဲ Open minded ပါ Mr Shane။ ကျွန်တော်ကချစ်ရင်၊ ကျွန်တော့်အပေါ်လဲတကယ်စစ်မှန်ရင် တဖက်သူက ဘယ်ဘာသာကိုကိုးကွယ်ကိုးကွယ်၊ သူရဲ့ဖြစ်တည်မှုက ကျွန်တော်နဲ့တူနေရင်တောင် စစ်မှန်ရင်ရွေးချယ်ဖြစ်မယ်ထင်ပါတယ်။"
"လိင်တူကိုပြောတာလား ကောင်းဆက်။"
"Mr Shane ကတော့ ဘယ်လိုမြင်မလဲမသိပေမယ့် ကျွန်တော့်အတွက်ကတော့ ကျား/မ ချစ်ခြင်းမှဖြစ်သင့်တယ်ဆိုတာထက် တသက်တာလုံးအေးအတူ၊ပူအမျှရှိနေပေးမယ်ဆိုရင် ကျား၊ကျားခြင်း မ၊မခြင်းလဲ ချစ်ခင်စုံမက်လို့ရတယ်လို့ယူဆထားပါတယ်။"
ကောင်းဆက်က Shane တမျိုးမြင်မည်စိုး၍ အသည်းအသန်ရှင်းပြနေရှာပြီး Shane အပျော်လွန်နေတာတော့ သိမည်မဟုတ်။ မိမိရဲ့စိတ်ကိုမိမိပြန်လည်ဆန်းစစ်မရသေးသော်လည်း ကောင်းဆက်အပေါ်မှာ စိတ်ရှိနေတာတော့ဝန်ခံရပေမည်။
"ဟိုတခါလာတုန်းက Devin ကသာ နိုရာနဲ့မိတ်ဆက်သွားပေမယ့် ကျန်သူတွေမပါလို့ ထပ်မိတ်ဆက်ပေးမယ်နော်။ Devin? သူက ကောင်းဆက်ဂျေဒင်တဲ့ အမေရိကန်-မြန်မာကပြားလေး company မှာတော့ Testing Room မှာအလုပ်လုပ်တယ်။ ကောင်းဆက်ဂျေဒင်? သူက ကိုယ့်သူငယ်ချင်း Devin Jacob တဲ့။ ဆရာဝန်ပါ"
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် Mr Devin Jacob။"
"တွေ့ရတာဝမ်းသာတယ်နော် ကောင်းဆက်။ နေထိုင်မကောင်းဖြစ်ရင်လာခဲ့ပါ။ အလကားကုပေးမယ်.."
"Devin! ဘာတွေပြောနေတာလဲ"
"အယူမသီးစမ်းပါနဲ့ Shane ။ ငါပြောတိုင်းဖြစ်ရင် ငါ့ဆေးရုံမှာလူတွေပြည့်နေမှာပဲ"
"အဲ့ဒီတော့မင်းပြောချင်တာ လူတွေကိုနေမကောင်းဖြစ်ပါစေလို့ မင်းအမြဲဆုတောင်းနေတယ်ပေါ့။ ပြောမရဘူး ငါပါ ပါရင်ပါမှာ"
တိတ်ဆိတ်နေခဲ့သည့် ကားလေးထဲမှာ ခဏတာတော့ ရယ်သံတွေနဲ့ဆူညံနေခဲ့ပြီး သိပ်မကြာခင်မှာပဲ ဦးတည်ခဲ့ရာနေရာသို့ရောက်လာခဲ့သည်။
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
တစ်သက်နဲ့တစ်ကိုယ် ဒီလိုပွဲမျိုးတက်တာ ပထမဆုံးအကြိမ်မို့ မြင်မြင်သမျှက ငေးစရာတွေချည်းပင်။ သူဌေးနဲ့သူ့သူငယ်ချင်းနောက် ကောင်းဆက်တို့လိုက်ဝင်လာရာက အထဲရောက်တော့ပို၍ပင် ရှိန်သွားရသည်။ မီးဆိုင်းတွေ၊မီးအလှတွေဖြင့် တန်ဆာဆင်ထားပြီး စားပွဲဝိုင်းတွေအပြင် ပရိုဂျက်တာကလဲ ခန်းလုံးပြည့်ရှိနေပြီး Stage စင်လေးတခုလဲ ပြုလုပ်ထားသည်။ ခန်းမရဲ့ဘယ်ဘက်ထောင့်မှာ ဘူဖေးလ် စားနိုင်ရန်ခင်းကျင်းထားပြီး တူညီဝတ်စုံဖြင့် ဗန်းလေးတွေမြှောက်ကိုင်ကာ ဟိုဟိုဒီဒီ သွားလာနေသည့် Waiter, Waitress လေးများကလဲ အများအပြား။
"ကောင်းဆက်နဲ့နိုရာ? ဟိုဘက်ထောင့်မှာ ဘူဖေးလ်ခင်းထားတယ်။ ကြိုက်နှစ်သက်ရာထည့်ယူပြီး No (2) VIP ဝိုင်းမှာသွားထိုင်စားလို့ရတယ်နော်။"
"ဟုတ်ကဲ့...."
"ဘူဖေးလ်မှမဟုတ်ဘူး သောက်ချင်ရင်လဲသောက်လို့ရတယ်။ သူတို့ဆီကယူလိုက်ရုံပဲနော်။ ကိုယ်စကားခဏသွားပြောလိုက်ဦးမယ်။ ပြီးမှလာခဲ့မယ်။"
ပြောပြောဆိုဆို Mr Shane က သူ့သူငယ်ချင်းနဲ့အတူ အခြားသောလုပ်ငန်းရှင်းများရပ်နေရာနေရာဆီ ထွက်သွားသည်။ ဖန်ခွက်လေးထဲမှာ ရောင်စုံအရည်များထဲမှ တခွက်ကိုကောင်းဆက်လှမ်းဆွဲပြီးနောက်
"ဒါဘာလဲ နိုရာ"
"ငါ ဘယ်သိမလဲ"
"အရက်တွေလား"?
"အော် မသိပါဘူးဆို။ ရူးနေလို့ထပ်ခါထပ်ခါမေးနေတာလား"
ခဏမျှဟိုလျှောက်ဒီလျှောက် လျှောက်ပြီးနောက် နေရာချထားပေးရာ VIP ဝိုင်းမှာထိုင်လိုက်ပြီး အစားအသောက်တချို့စားသောက်နေစဉ် Mr Shane နှင့် သူ့သူငယ်ချင်းပါ ပြန်ရောက်လာသည်။ ပရိုဂျက်တာကနေပြနေတဲ့ universe ဂိမ်းအပါအဝင် ကျန်ဂိမ်းများရဲ့ အစအဆုံးကစားပြထားမှုတွေကို ကစားပေးသူနာမည်နဲ့တကွ ပြထားသည်။ လူတွေအများကြီးလာတဲ့ဒီပွဲမှာ ဆော့ရခက်တယ်လို့ Testing အဖွဲ့တွေကြားနာမည်ကြီးနေတဲ့ ဂိမ်းကို ပြီးအောင်ကစားပေးနိုင်သူ Testing player..
"Kaung Sett Jayden"
ဆိုတဲ့ နာမည်လေးကို တပ်ပြီး လွှင့်ထားတဲ့ဗီဒီယိုကြည့်ရတာ ကိုယ့်ဘာသာကြည်နူးနေသလိုလို။ သို့နှင့် ပွဲပြီးခါနီးပြီမို့ Mr Shane ကပြန်ရန်အချက်ပြလာပြီး ဝင်ပေါက်ဆီသို့ ပြန်လျှောက်လာစဉ်မှာပင်
"Shane!! "
ခေါ်သံနဲ့အတူ အနားကိုစွေ့ခနဲရောက်လာသူတစ်ဦး၊ ထိုသူကိုမြင်သည်နှင့် Olivier Shane မှာလဲ ပြုံးရွှင်လို့သွားသည်။ ထိုသူက Shane ပခုံးကိုပုတ်ကာ
"မင်းလဲလာတာလား။ ငါမတွေ့လိုက်ဘူး"
"အေး ငါတို့ဂိမ်းလည်းပါတယ် Launch လုပ်တဲ့အထဲ"
"အော် ဒီညီလေးလား။ ခုနက ကစားပြထားတာ.."
"ဟုတ်တယ် ကောင်းဆက်? သူက Behalf က CEO လေ"
Olivier Shane နှုတ်ဆက်ပေးလာသည့် လူက ပြုံက်ကမ်းလာတော့ ကောင်းဆက်မှာ ပြန်ပြုံးပြလိုက်ပေမယ့်ကမ်းလာသည့်လက်ကိုတော့ ဆုပ်ကိုင်ရန်တွန့်ဆုတ်နေခဲ့သည်။ သို့သော်လဲ မဖြစ်မနေမို့ ပြန်လည်ဆုပ်ကိုင်လုဆဲဆဲမှာပင် Shane က ထိုလူရဲ့လက်ကို ဖြတ်ဝင်ဆုပ်ကိုက်လိုက်ပြီးနောက်...
"လာကွာ Kelvin ဓာတ်ပုံသွားရိုက်ရအောင် မတွေ့တာကြာပြီ။ Devin လဲ လာ။ နိုရာက ငါတို့ကို ဓာတ်ပုံရိုက်ပေးပါ"
ဟုဆိုကာ ခေါ်ထုတ်သွားတာကြောင့် ကောင်းဆက်လက်ကလေထဲမှာ တန်းလန်းကြီးကျန်နေခဲ့ရသည်။ လေထဲ လက်တန်းလန်းနဲ့ကျန်ခဲ့သည့် ကောင်းဆက်ကို နိုရာက Shane တို့နောက် ပြေးလိုက်သွားချိန်မှ ပြန်ရုတ်လိုက်ရန်ပြင်လိုက်သည့် ကောင်းဆက်လက်ကို တစုံတယောက်က ဖျတ်ခနဲဆုပ်ကိုင်လာခဲ့သည်။
လန့်ဖျန့်ကာထိုသူကို လှည့်ကြည့်ပြီးနောက် ပြုံးရယ်ပြနေကာ လက်ကိုမြဲမြံစွာဆုပ်ကိုင်ထားသည့် လူတစ်ယောက်၊ အခြား Company က ဝန်ထမ်းဖြစ်ပုံရပြီး ကောင်းဆက်တို့လို Test လုပ်ပေးရတဲ့သူတွေပဲထင်သည်။ အတင်းရုန်းထွက်နေတဲ့လက်ကို ထိုကောင်လေးက မြဲမြံစွာဆုပ်ထားဆဲ
"Mr Jayden? Mr Jayden ခုန Game ကို အပြီးထိ ကစားပေးနိုင်တဲ့ တယောက်မဟုတ်လား။ ကျွန်တော်တို့အဖွဲ့ ကစားနေကြည့်တာကြာပြီ။ ဘယ်လိုမှ မဂိမ်းခဲ့ဘူး။ နောက်တော့ ကျွန်တော်တို့လည်း Company ပြောင်းခဲ့ကြတာ။ တကယ်လေးစားတယ်ဗျာ အဲ့ဒီဂိမ်းကလေ...."
အဲ့ဒီကောင်လေး ပြောနေတဲ့ စကားလုံးတွေကို ကောင်းဆက် မကြားတော့ ၊ မြင်လဲမမြင်တော့။ သူမြင်တာ ခန်းမကျယ်ကြီးထဲက လူတစ်ယောက်မှာ မီးဆိုင်းအောက်မှာ ပိနေကာ၊ မီးဆိုင်းကနေစင်ထွက်တဲ့ ဖန်စတွေကြောင့် လူတော်တော်များများလဲ တော်တော်များများလဲ သွေးသံတရဲရဲ၊ မြင်လာသည့်မြင်ကွင်းထဲမှာ လက်ဆွဲနှုတ်ဆက်နေသည့်ကောင်လေးကို မီးဆိုင်းကြီးပိလာသည့်အခိုက်အတန့် ခန္ဓာကိုယ်ထဲ ချွန်ထွက်တဲ့အရာဝထ္ထုတွေ ချက်ချင်းထိုးစိုက်ဝင်လာသလို ခံစားချက်က နာကျင်လွန်းလှသည်မို့ မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့။ ယိုင်ဆင်းလာပြီး လက်တွေ တဆတ်ဆတ်တုန်လာတဲ့ ကောင်းဆက်ကို ထိုကောင်လေးက ကြည့်နေရင်းက..
"Mr Jayden ဘာဖြစ်တာလဲ"
ထပ်တူနာကျင်ရသည့် ဝေဒနာခံစားနေရပေမယ့် မြင်ကွင်းကတော့ လက်ရှိကာလကို ပြန်ရောက်လာခဲ့သည်။ ထိုတော့မှ အရှေ့မှာရပ်နေသည့် ထိုကောင်လေး ဝတ်စားထားတဲ့ အဝတ်အစားကို ကောင်းဆက်တချက်ကြည့်ပြီးနောက် ခန်းမရဲ့ခေါင်မိုးကို မော့်ကြည့်လိုက်စဉ်မှာ လှပဝံ့ကြွားစွားဖြင့် ရှိနေတဲ့ မီးဆိုင်းကြီး...နှလုံးသွေးတွေတောင် ရပ်တန့်သွားခဲ့သလိုပင်။
*ဘုရားရေ ဒီဖြစ်ရပ်က စက္ကန့်ပိုင်းအတွင်းဖြစ်တော့မယ်...*
ကောင်းဆက်ရဲ့ထူးဆန်းနေသည့် အပြုအမူကြောင့် ထိုကောင်လေးက ဆက်မပြောတော့ပဲ လှည့်ထွက်သွားခဲ့ပြီ။ သူ လှမ်းဆွဲလိုက်ပေမယ့့်် နာလွန်းလို့ အသက်တောင် မရမကရှုနေရတာမို့ မမိလိုက်ပေ။ နေရာမှာပင် ကောင်းဆက် 1မိနစ်ခန့် အချိန်ယူလိုက်ပြီးတဲ့နောက်မှာ ဝေဒနာကသက်သာလာပြီမို့ ခပ်မြန်မြန်ပင် ခုနကကောင်လေးကိုလိုက်ရှာနေရသည်။
မီးဆိုင်းတည့်တည့်အောက်မှာ မတ်တပ်ရပ်ရင်း ဖုန်းပြောနေတဲ့ ထိုကောင်လေးက သူ့ဆီကျရောက်တော့မည့် ကံကြမ္မာဆိုးကို မသိရှာ။ တစုံတခုပြုတ်ထွက်သံကြောင့် အသံကုန် လှမ်းအော်ရင်း တဟုန်ထိုးပြေးသွားလိုက်ပေမယ့် ဝုန်းခနဲအသံကြီးနဲ့အတူ ပြုတ်ကျလာသော မီးဆိုင်းကြီးက ကောင်းဆက်ရဲ့အော်သံကြောင့် လှည့်ကြည့်လိုက်တဲ့ ထိုကောင်လေးဆီသို့။
သွားပြီ! အချိန်မမှီတော့ဘူးဟု တွေးမိလိုက်တာနဲ့အတူ ခေါင်းလေးမှလွဲပြီး လူခန္ဓာကိုယ်တခုလုံး မီးဆိုင်းအောက်ပိနေတဲ့ ခုနကကောင်လေးနဲ့မှာ ခရမ်းချဉ်သီးကိုဖိချေထားသည့်အလား သွေးများက မြင်မကောင်အောက်ပြန်ကျဲ့နေပြီး နှာခေါင်းပေါက်၊ပါးစပ်ပါမကျန် သွေးတရဟောထွက်နေတာ ဆန့်ငင်ဆန့်ငင်ဖြစ်နေရှာသည်။ ထိုအတူဖန်တွြေ့ဖင် ပြုလုပ်ထားသည်မီးဆိုင်းဖြစ်လို့ ပြုတ်ကျသည့်အရှိန်ကနေလွင့်ထွက်လာသည့် အစတွေကလဲ ဘေးဘီယာမှာရှိနေသည့် လူတွေထံသို့စိုက်ဝင်ကုန်တာကြောင့် အော်ဟစ်ငြီးတွားသံတွေက ကမ္ဘာပျက်သည့်နှယ်။
ငါလူတယောက်ကို အချိန်မှီ မကယ်တင်နိုင်ပြန်ဘူး ဟူသောအသိဖြင့် ကောင်းဆက်ရဲ့မျက်လုံးထဲ မျက်ရည်စတွေ တွဲခိုလာခဲ့သည်။ အဲ့ဒီကောင်လေးကို နောက်ဆုံးအနေနဲ့ လုပ်ပေးနိုင်တာက နာကျင်မှုသက်သာစွာဖြင့် ထွက်ခွာသွားစေဖို့ပင်။ ထို့ကြောင့် ညင်သာစွာထွက်ခွာနိုင်ရန် သူရဲ့နာကျင်မှုဝေဒနာတွေကို လွဲှယူပေးမည်ဟု ဆုံးဖြတ်ကာ ခြေလှမ်းထပ်လှမ်းဖို့ ကြံရွယ်လိုက်သည့်ခဏ၊
မီးဆိုင်းကို ချိတ်တွယ်ထားသည့်ဂျိတ်ကြီးကပါ မီးဆိုင်းပေါ်ပြုတ်ကျလာကာ ကောင်းဆက်ဆီကို ဖန်စအချွန်အရှည်တခုက စင်ထွက်ပြီးပြေးဝင်လာသည့်ခဏ၊ ထိုခဏမှာ ကောင်းဆက်တစ်ယောက် သူ့ကံကြမ္မာကို စတင်သတိထားမိတော့သည်။ သူများကံကြမ္မာကို မြင်နိုင်တဲ့သူက သူ့ရဲ့သေခြင်းကံကြမ္မာကိုကျတော့ မမြင်နိုင်ခဲ့ဘူး။ ဒီနေ့က ငါသေရမယ့်နေ့လားဟုတွေးရင်း ရှောင်ချိန်မမှီလိုက်တာကြောင့် မျက်လုံးတွေသာ စုံမှိတ်လိုက်တော့သည်။
5300 words