စာသင်နေရပေမယ့် ဒီနေ့တစ်နေ့လုံးကျွန်မစိတ်ကတခြားဆီရောက်နေတယ်။ ဘာလို့ဆို ဟိုတစ်ယောက်ရဲ့အရိပ်အယောင်ကိုကျောင်းမှာမမြင်ရလို့ ဂနာမငြိမ်ဖြစ်နေတယ်ဆိုပါတော့။ သူပြောတော့ကျောင်းကအတူတူပဲဆိုပြီးတော့။ မေဂျာတောင်မမေးလိုက်ရဘူး။ စကောလားရှစ်ရခဲ့တာဆိုရင် စိုက်ပျိုးရေးမေဂျာပဲဖြစ်မှာပါ။ အဲ့မေဂျာအဆောင်အရှေ့ကိုလည်းသွားကြည့်ပြီးပြီ။ လွဲသွားတယ်ဆိုရင်တောင် တစ်နေရာရာမှာတော့အရိပ်အယောင်လေးပဲဖြစ်ဖြစ် တွေ့ရမယ်မလား။ မဟုတ်မှလွဲရော ကျောင်းကိုမလာတတ်တာတော့မဟုတ်လောက်ပါဘူးနော်။ သူ့ကိုထားခဲ့မိတာ မှားများမှားသွားပြီလား။ စိတ်လောပြီး အဆောင်ပြေးပြန်ကြည့်လိုက်ချင်ပေမယ့် သင်တန်းကပျက်လို့မဖြစ်တာကြောင့် စိတ်လျှော့လိုက်ရတယ်။ သင်တန်းပြီးပြီးချင်း ဘတ်စ်ကားတောင်မစောင့်တော့ဘဲ တက္ကစီငှားပြီးအဆောင်ကိုပြန်ခဲ့လိုက်တယ်။ အဆောင်ရှေ့မှာ ထုံးစံအတိုင်းအန်တီမယ်ရီနဲ့တွေ့တော့
အန်တီမယ်ရီ- စောလှချည်လား နာအိုမီ ခါတိုင်းဒီအချိန်ပြန်မရောက်ပါဘူး
နာအိုမီ- ဟုတ်ကဲ့ အန်တီမယ်ရီ တက္ကစီပဲငှားလာလိုက်တာ ဟိုလေ သူအခန်းထဲမှာရှိလားဟင်
အန်တီမယ်ရီ- သူ? သူကဘယ်သူလဲ
နာအိုမီ- မှိုင်းမိုင်ကိုပြောတာပါ သမီးအခန်းဖော်လေ
အန်တီမယ်ရီ? အော် သူလား အင်း သူအခန်းထဲမှာရှိတယ် ဒီနေ့ကျောင်းတောင်မတက်လာဘူးထင်တယ် ထွက်သွားပြီးမကြာဘူး ပြန်ရောက်လာတာပဲ ဘာတွေဒေါသထွက်စရာရှိလဲမသိပါဘူး ဘာမှတောင်မေးလို့မရဘူး အခန်းထဲတန်း၀င်သွားတော့တာ
သူကဒေါသထွက်လာတယ်? ကျောင်းကိုရောက်လာသေးတယ်ဆိုတော့ မဟုတ်မှလွဲရော ငါနဲ့ကိုဟိန်းနဲ့စကားပြောနေတာမြင်သွားတာများလား။ အာ့ကြောင့်ဒေါသထွက်ပြီး ပြန်သွားတာလား။ ဟုတ်ချင်မှဟုတ်မှာပါလေ တခြားအကြောင်းကြောင့်လဲဖြစ်နိုင်တာပဲ။ ပြီးတော့ငါကဘာကိုစိတ်ပူရမှာလဲ။ သူစိတ်ဆိုးဆိုးမဆိုးဆိုး ငါနဲ့မှမဆိုင်တာ။ သူတွေ့သွားတယ်ပဲထားပါတော့။ ဘာဆိုင်လို့သူကစိတ်ဆိုးရမှာလဲ။ သူ့မှာစိတ်ဆိုးခွင့်မှမရှိတော့တာ။ ကျွန်မလဲကျွန်မစကားပြောချင်တဲ့သူနဲ့ပြောမှာပေါ့။ သူ့မျက်နှာလိုက်မကြည့်နေချင်ပါဘူး။
အန်တီမယ်ရီ- သူကစိတ်ကြီးမယ့်ပုံပဲ သမီးသူနဲ့နေရတာအဆင်မပြေရင် အချိန်မရွေးလာပြောနော်
နာအိုမီ- စိတ်မပူပါနဲ့ အန်တီမယ်ရီ အဆင်ပြေမှာပါ သမီးအိမ်ထဲ၀င်တော့မယ်နော်
အန်တီမယ်ရီ့ကိုနှုတ်ဆက်ပြီး အခန်းထဲ၀င်လာတော့ သူ့ကိုမတွေ့ဘူး။ ရေချိုးခန်းထဲကအသံကြားတော့ ရေချိုးနေတယ်ထင်ပါရဲ့။ ကျွန်မလဲ အ၀တ်အစားလဲလိုက်ပြီး လက်တော့ပ်ထုတ်ကာ ကျောင်းကအိမ်စာကိုလုပ်နေလိုက်တယ်။ ခနနေတော့သူရေချိုးခန်းထဲကထွက်လာတယ်။ ကျွန်မသူ့ကိုမကြည့်ဘဲ ကိုယ်လုပ်စရာရှိတာပဲဆက်လုပ်နေလိုက်တယ်။ အချိန်တော်တော်ကြာတဲ့အထိ သူ့ဘက်ကစကားတခွန်းမှမဟလာတော့ ကျွန်မနေရခက်သွားတယ်။ သူတကယ်ပဲကျွန်မကိုစိတ်ဆိုးနေတာလား။ စိတ်ဆိုးရအောင်လဲ ကျွန်မကဘာမှလုပ်ခဲ့တာမှမဟုတ်တာ။ ဒီအတိုင်းစကားပြောနေရုံလေးကို။ ပြန်ချော့ရအောင်လဲ ကျွန်မနဲ့သူနဲ့ကရည်းစားလဲမဟုတ်ကြတော့ဘူးလေ။ ဒါပေမဲ့လည်း သူကျွန်မကိုစကားမပြောရင် ကျွန်မမနေတတ်တာ သူမသိရန်ကော။ ပြန်ချော့ချင်ပေမယ့် ဘယ်ကစချော့ရမှန်းမသိဘူးဖြစ်နေတယ်။ မနေနိုင်တော့လဲကျွန်မမာနလဲမထားနိုင်တော့ပါဘူး။
မိုး- ဒီနေ့ကျောင်းမတက်ဘူးဆို
မိုင်- အင်း
မိုး- ဘာလို့လဲ
မိုင်- ဒီလိုပါပဲ
မဖြေချင်ဖြေချင်နဲ့ ဖြေနေတဲ့သူ့ကြောင့်ကျွန်မစိတ်တိုလာတယ်။ အာ့ကြောင့်စကားဆက်မပြောတော့ဘဲ စာကိုပဲအာရုံစိုက်နေလိုက်တယ်။ ကျွန်မတို့တစ်ညလုံးစကားမပြောဖြစ်ကြဘူး။ စာလုပ်နေရင်းနဲ့ အိပ်ချင်လာတာကြောင့် နာရီကိုကြည့်လိုက်တော့ ၁၁နာရီတောင်ရှိပြီ။ ဟိုဘက်ကုတင်ကိုအကြည့်ရောက်သွားတော့ သူကအိပ်တောင်ပျော်နေပြီ။ မနေ့ညတုန်းကတော့ လူကိုအတင်းဖက်ထားပြီးတော့။ ခုတော့သူမဟုတ်တဲ့အတိုင်း အပူအပင်ကင်းကင်းနဲ့အိပ်နေလိုက်တာ။ သူတောင်နေနိုင်သေးတာ ကျွန်မကဘာလို့မနေနိုင်ရမှာလဲ။ တစ်နှစ်ကျော်လောက်သူမရှိဘဲနေလာခဲ့တာဘဲမလား။ စိတ်ပေါက်ပေါက်နဲ့ ကုတင်ပေါ်လှဲ မျက်လုံးကိုမှိတ်လိုက်ပြီး အိပ်ဖို့လုပ်လိုက်တယ်။
မိုင်- မနက်ကစကားပြောနေတာဘယ်သူလဲ
ရုတ်တရက်ကြီးမေးလာတဲ့ သူ့ကြောင့်ကျွန်မအိပ်မလို့လုပ်နေရာကနေ မျက်လုံးပြူးသွားတယ်။ သူ့ဘက်လှည့်ကြည့်လိုက်တော့ သူကမျက်လုံးမဖွင့်ဘဲမှေးနေရင်းကနေ ကျွန်မကိုမေးနေခြင်းဖြစ်တယ်။
မိုး- ဟမ် အော် စီနီယာအစ်ကိုတစ်ယောက်ပါ စကားပြောနေတာမြင်သွားတာလား
မိုင်- စီနီယာတစ်ယောက်ထက်မပိုဘူးမလား
မိုး- ဘာကိုပိုရမှာလဲ စီနီယာပါပဲဆိုတာကို
မိုင်- လန့်သွားတာပဲ
မိုး- ဟင် ဘာကိုလဲ
မိုင်- မင်းနဲ့တခုခုများပတ်သက်နေမလားလို့ထင်သွားတာ
မိုး- ပတ်သက်နေတော့ရော ဘာဖြစ်လဲ
မိုင်- ငါရူးသွားမှာပေါ့
မိုး- ဟင်
မိုင်- ရူးသွားမှာလို့
အဲ့စကားကို သူကကျွန်မကိုတည့်တည့်ကြည့်ပြီးပြောလိုက်တာမို့ ပိုပြီးရင်ခုန်ရတယ်။ သူလိမ်နေတာမဟုတ်ဘူးဆိုတာ သူ့မျက်လုံးတွေကပြောပြနေတယ်။ အကြည့်ချင်းဆုံနေရာကနေ ကျွန်မကပဲမျက်လုံးလွှဲလိုက်ပြီး
မိုး- ငါ့ကိုမမုန်းဘူးလား
မိုင်- ချစ်လွန်းလို့ခက်နေတာကို ဘယ်လိုမုန်းရမှာလဲ
မိုး- မမေ့နိုင်သေးဘူးလား တစ်နှစ်ကျော်တောင်ကြာခဲ့ပြီကို
မိုင်- မေ့စေချင်တာလား နင်က
မိုး- ဘယ်လိုပဲဖြစ်ဖြစ်မေ့ပစ်ရမှာပေါ့ ကိုယ့်ကိုအသည်းခွဲသွားတဲ့လူကို
မိုင်- အသည်းခွဲသွားတာမို့ ပိုတောင်မမေ့ပစ်ရမှာလေ
မိုး- ဟမ် ဘာလဲ နင်ကငါ့ကိုလက်စားချေချင်လို့လား
မိုင်- ဟင့်အင်း လက်စားမချေဘူး အပြစ်ပေးမှာ
မိုး- အပြစ်ပေးမှာ? ဘာအပြစ်လဲ
သူကအိပ်ယာပေါ်ကထလာပြီးတော့ ကျွန်မကုတင်ပေါ်ကိုရောက်လာတယ်။ ရုတ်တရက်ကြီးမို့ကျွန်မလန့်ပြီး ထထိုင်လိုက်မိတယ်။
မိုး- ဘာလဲ ဘာလာလုပ်တာလဲ
မိုင်- ဘာအပြစ်ပေးမှာလဲသိချင်တယ်ဆို ပြောပြမလို့လေ
မိုး- ရိုးရိုးပြောလဲရတယ်လေ ဘာလို့ဒီနားရောက်လာတာလဲ
မိုင်- ရိုးရိုးပြောလို့မရဘူးလေ ငါပေးမယ့်အပြစ်က ဒီနေ့ကစပြီးနင့်ကိုငါ့ဆီမှာပဲချုပ်ထားတော့မှာ ထားသွားဖို့လဲမကြံနဲ့ ထွက်သွားဖို့လဲမကြံနဲ့ နင်ကငါ့အပိုင်ပဲ မိုးမြတ်သခင်ရဲ့ သိရဲ့လား
ပြောပြီးတာနဲ့ သူကကျွန်မမျက်နှာအနားကပ်လာပြီး ကျွန်မနှုတ်ခမ်းတွေကိုသိမ်းပိုက်လိုက်တယ်။ ရုတ်တရက်ကြီးဆိုတော့ ကျွန်မသူ့ကိုတွန်းမိတယ်။ သူကမျက်နှာပျက်သွားပြီး
မိုင်- ငါ့ကိုမချစ်တော့ဘူးလား မိုး
မိုး- အဲ့လိုမဟုတ်ဘူး
မိုင်- အာ့ဆိုဘာဖြစ်တာလဲ
မိုး- တစ်နှစ်ကျော်တောင်ရှိပြီလေ နင်နဲ့မတွေ့ရတာ မနေ့ကမှပြန်တွေ့တာကို အခုလိုမျိူးကငါ့အတွက်အထူးအဆန်းဖြစ်နေသေးတယ်
မိုင်- ဘာတွေထူးဆန်းနေတာလဲ မိုးရယ် ငါ့ကိုမယုံလို့လား
မိုး- ပြောလို့မရဘူးလေ နင်ကငါ့ကိုလက်စားချေချင်လို့အခုလိုတွေလုပ်ပြနေတာလဲဖြစ်ရင်ဖြစ်မှာပေါ့
မိုင်- ငါကဘာလို့နင့်ကိုလက်စားချေရမှာလဲ နင်ငါ့ကိုဘာလို့ထားခဲ့လဲငါအကုန်သိပြီးပြီ
မိုး- နင်သိတယ်? ဘယ်လိုသိသွားတာလဲ
မိုင်- သိမ့်ရတီတို့ပြောပြတာ
မိုး- သိမ့်တို့ကလား? ဒီဟာမတွေကတော့ မပြောပါနဲ့လို့သေချာပြောထားတာကို
မိုင်- သူများကိုပြောမနေနဲ့ သူတို့ပြောပြလို့ငါနင့်ဆီလိုက်လာနိုင်တာ မဟုတ်ရင်ငါတို့နှစ်ယောက်ဝေးရတော့မှာ တကယ်ဆိုနင်ငါ့ကိုပြောပြခဲ့သင့်တာ ငါနင့်ကိုစောင့်နေမှာပေါ့ မိုးရယ်
မိုး- အဲ့လိုစောင့်နေမှာစိုးလို့မပြောပြခဲ့တာပေါ့ ငါကအဲ့အချိန်တုန်းကသေမလား ရှင်မလားတောင်မသေချာတာကို
မိုင်- နင်အသက်ရှင်ခဲ့တယ်လေ အဲ့ဒါဆိုငါ့ကိုပြန်ဆက်သွယ်ရမှာပေါ့
မိုး- နင်ငါ့ကိုမုန်းသွားပြီထင်တာပေါ့ နောက်တစ်ယောက်တောင်ရနေပြီလို့ထင်ခဲ့တာ ပြီးတော့ငါကမြန်မာပြည်ကိုပြန်လာလို့ရမှာလဲမဟုတ်ဘူး အမေကငါ့ကိုဒီမှာအခြေကျစေချင်တာ
မိုင်- တခါတလေတခြားအရာတွေကိုမစဉ်းစားဘဲ ငါ့ကိုပဲကြည့်နေပေးပါလား နင်ကအချစ်ကိုတခြားအရာတွေနဲ့ ရောရောပစ်လွန်းတယ်
မိုး- ဒါကတော့ငါ့အကျင့်ဖြစ်နေတာကိုး
မိုင်- အဲ့ဒါဆိုလဲအဲ့အကျင့်ကိုဖျောက်တော့ အခုချိန်မှာနင့်အနားမှာငါရှိနေပြီ ငါ့ကိုထပ်မတွန်းထုတ်ပါနဲ့တော့နော်
မိုး- နင့်ကိုထပ်တွန်းထုတ်ဖို့ ငါ့မှာအင်အားလဲမရှိတော့ပါဘူး မိုင်ရယ်
သူကျေနပ်စွာပြုံးလိုက်ပြီး ကျွန်မနှုတ်ခမ်းတွေကိုထပ်သိမ်းပိုက်လိုက်တယ်။ ဒီတခါတော့ကျွန်မတွန်းလဲမထုတ်မိဘူး။ ရုန်းလဲမရုန်းမိဘူး။ သူ့လည်ပင်းမှာလက်ကိုယှက်လိုက်ပြီး သူ့အနမ်းတွေကိုကျေနပ်စွာ ခံယူမိတယ်။ သူကတော့မစားရတာကြာတဲ့ အမဲသားကို အခုချိန်မှစားရတဲ့ပုံစံနဲ့ စိတ်လိုလက်ရနမ်းနေတယ်။ အနမ်းတွေက လည်ပင်းရောက်လာတော့ကျွန်မခေါင်းမော့ပေးမိတယ်။ သူ့အနမ်းတွေကိုကျွန်မအရမ်းလွမ်းခဲ့ရတယ်မလား။ သူ့လက်ကအငြိမ်မနေဘဲ လည်ပင်းကနေအောက်ကိုဆင်းချင်လာတာမို့ ကျွန်မသူ့လက်ကိုဖမ်းကိုင်လိုက်မိတယ်။ သူက"ဘာလို့လဲ"ဆိုတဲ့အကြည့်နဲ့ ကြည့်လာတော့
မိုး- တော်ပြီနော် မိုင် အခုမှပြန်တွေ့ရတာမို့သနားပြီး ပေးအနမ်းခံတာ အဲ့လောက်နဲ့ပဲကျေနပ်တော့
မိုင်- ဖက်အိပ်လို့တော့ရတယ်မလား
မိုး- ဘာလို့ဖက်အိပ်ဖို့ပဲတွေးနေတာလဲ
မိုင်- ငါပြောဖူးတယ်လေ နင်နဲ့အဆောင်တခုထဲမှာအခန်းဖော်ဖြစ်ချင်တယ်လို့ အဲ့ထဲကအခန်းဖော်တွေဖြစ်ရင်နေ့တိုင်းနင့်ကိုဖက်အိပ်မယ်လို့တွေးထားတာ
ကျွန်မပြုံးလိုက်တော့ သူကကျွန်မကိုဆွဲလှဲပြီးသူ့ရင်ခွင်ထဲထည့်ကာ နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့အိပ်လိုက်ကြတယ်။ ဒီညကတော့ သူ့ရင်ခွင်ထဲမှာအိပ်ရလို့ ကောင်းကောင်းအိပ်ပျော်တော့မယ်နဲ့တူပါတယ်။
______________"______________
အကျင့်ယုတ်ပြီး နှစ်ယောက်သားကိုကွဲခိုင်းလိုက်ရကောင်းမလား😅😅