"မိုင်"
ဟုတ်ပါတယ်။ မိုင်မှမိုင်အစစ်ပါ။ သူ့ရဲ့ကိုယ်သင်းနံ့၊ သူရဲ့မျက်လုံး၊ သူ့ရဲ့ယောက်ျားဆန်တဲ့လက်တွေ၊ သူရဲ့အသက်ရှူသံကအစကျွန်မမှတ်မိနေတုန်းပဲ။ ဒါမဲ့သူကအရင်တုန်းကထက်စာရင်အများကြီးပိုချောလာတယ်။ ဆံပင်တွေကအရင်ကလိုအတိုဆိုပေမယ့် ယောက်ျားလေးဆန်ဆန်ခန့်ညားနေတယ်။ သူ့အသားအရည်ကအရင်ကအဲ့လောက်မဖြူခဲ့ပေမယ့်အခုဆို နိုင်ငံခြားသားလို့တောင်ထင်မှတ်ရလောက်အောင်ဖြူစွတ်နေတယ်။ နားနှစ်ဖက်မှာဖန်စီနားကပ်အသေးလေးတွေလည်းတပ်ထားသေးတယ်။ သူဆိုတာသေချာနေပေမယ့် သူသာမိုင်အစစ်ဆိုရင် ဘာလို့ဒီနေရာမှာရှိနေရတာလဲ။ တကယ်ဆို မြန်မာပြည်မှာနောက်ကောင်မလေးတစ်ယောက်တောင်ရနေရမှာလေ။ ကျွန်မထင်ထားခဲ့တာတွေအကုန်မှားနေတာလား။ ဘာတွေလဲ။ကျွန်မနားမလည်တော့ဘူး။ အခုအနေအထားက ကျွန်မကုတင်ပေါ်မှာသူကကျွန်မအနောက်ကနေခါးကိုဖက်ထားလျက်သားရှိနေပြီး ကျွန်မသူ့ကိုနောက်ပြန်လှည့်ကြည့်ကာ ကြောင်ကြည့်နေခြင်းဖြစ်တယ်။ နားမလည်တဲ့မျက်လုံးတွေနဲ့ကြောင်ကြည့်မိနေတော့ သူကမထိတထိပြုံးလိုက်ပြီး
မိုင်- ဘာလို့အဲ့လောက်တောင်ကြည့်နေတာလဲ အံ့ဩလို့လား ဒါမှမဟုတ် မျက်စိမလွှဲချင်လောက်အောင်ချောနေလို့လား
မိုး- တကယ်ပဲ "မိုင်"လား
မိုင်- ဘာလဲ သရဲထင်လို့လား ဖက်ထားတာတောင်မယုံသေးဘူးလား
မိုး- ဘယ်လိုဖြစ်ပြီး နင်ကဒီကို....
မိုင်- အဲ့ဒါတွေမမေးနဲ့အုံး အခုလောလောဆယ်ငါအရမ်းပင်ပန်းနေပြီ လေယာဉ်သုံးနာရီလောက်စီးလာရတာ အရမ်းအိပ်ချင်နေပြီ ငြိမ်ငြိမ်လေးနေပေး
မိုး- ဟမ် ဘာလား နင့်ကုတင်နင်သွားအိပ်လေ ဘာလို့ဒီမှာအိပ်မှာလဲ
မိုင်- ဟာကွာ ပင်ပန်းလို့ဖက်အိပ်ချင်လို့ပါဆို
မိုး- ပေါက်ကရတွေပြောမနေဘဲငါ့ကိုလွှတ် ဖက်အိပ်ရအောင်ငါကနင့်ရည်းစားလား
မိုင်- အင်းလေ ရည်းစားပဲဟာ ဘယ်သူကလမ်းခွဲပေးမယ်ပြောလို့လဲ
မိုး- မိုင်နော် နင်ရူးချင်ယောင်ဆောင်မနေနဲ့ ငါ့ကိုလွှတ်ပါဆို ငါအော်လိုက်မှာနော်
မိုင်- အော်လိုက်လေ တခြားလူတွေရောက်လာရင်နင်နဲ့ငါရည်းစားတွေမှန်းသိသွားတာပေါ့
မိုး- ဟာ မိုင်ရာ နင်ကလေငါ့ကိုဆိုအနိုင်ကျင့်ဖို့ပဲသိတယ်
မိုင်- ဘယ်သူကအနိုင်ကျင့်နေလို့လဲ ငြိမ်ငြိမ်လေးပဲနေခိုင်းတာ ငါတကယ်အိပ်ချင်နေပြီ နင်မေးတာတွေအကုန်မနက်ဖြန်ဖြေပေးမှာမို့ အခုငါ့ကိုဒီတိုင်းလေးပေးအိပ်တော့
ကျွန်မခါးကိုပိုတိုးလို့ဖက်လိုက်ပြီး ကျွန်မလည်ပင်းနားမှာသူ့မျက်နှာအပ်ကာ အိပ်သွားလေရဲ့။
ပြောချင်ရာပြောပြီးအိပ်သွားတဲ့သူ့ကိုကြည့်ပြီး ကျွန်မဘာပြန်ပြောရမှန်းကိုမသိတော့ပါဘူး။ မတွေ့ရတာတစ်နှစ်လောက်ကြာခဲ့ပြီမို့ သူ့ရဲ့အထိအတွေ့တိုင်းကကျွန်မရင်ကိုဗြောင်းဆန်စေတယ်။ သူ့ရဲ့၀င်သက်ထွက်သက်က ကျွန်မလည်ပင်းကိုလာရိုက်ခတ်နေတော့ ပိုဆိုးတော့တာပေါ့။ ဒီညကျွန်မဘယ်လိုများအိပ်ရပါ့မလိမ့်။ မိုင်ဆိုတဲ့လူသားက ဘယ်အချိန်ပဲရောက်ရောက်ကျွန်မကိုပြုစားနိုင်တယ်ထင်ပါရဲ့။ ဒီတစ်နှစ်အတွင်းမှာဘာတွေဖြစ်ပျက်ခဲ့လို့ သူကျွန်မအနားပြန်ရောက်လာလဲတော့မသိပေမယ့် ကျွန်မဘ၀ထဲပြန်၀င်လာပေးလို့ပျော်မိတယ်။ သူခုနကပြောသွားတဲ့စကားအရဆိုရင် သူဂျပန်ကိုဒီနေ့မှရောက်လာတာပဲ။ ကျွန်မဆီလာတာမှဟုတ်ရဲ့လားလို့တော့တွေးပူမိတယ်။ မဟုတ်ဘူးဆိုရင်ကျွန်မသူ့ကိုထပ်ပြီးလက်လွှတ်လိုက်ရမှာမလား။ ဘာပဲဖြစ်ဖြစ်မနက်ဖြန်တော့သူ့ကိုသိချင်တာတွေအကုန်မေးကြည့်ရမယ်။ သူဖြေပေးမယ်လို့ပြောထားတာပဲမလား။ ကျွန်မဘာမှထပ်စဉ်းစားမနေတော့ဘဲ အိပ်လိုက်တယ်။ ခါးကိုဖက်ထားတဲ့လက်ကိုလဲမရုန်းမိခဲ့ဘူး။ သူနိုးသွားမှာစိုးလို့ပါ ဒါမှမဟုတ်လဲ ကျွန်မကိုကဒီအခြေအနေကိုသဘောကျနေလို့လဲဖြစ်ရင်ဖြစ်မှာပေါ့။
🌻🌻🌻🌻🌻🌻🌻🌻🌻
Alarmသံက မနက်ငါးနာရီမှာထမြည်တယ်။ ကျွန်မကအမြဲမနက်ဆိုငါးနာရီထရတယ်။အဲ့ဒါမှခြောက်နာရီဆိုအောက်ထပ်ဆင်း မနက်စာစားပြီးကျောင်းတန်းသွားလို့ရမှာ။ ဘယ်လောက်ပဲထနေကျဆိုပေမယ့် မနက်အစောကြီးဖြစ်တာကြောင့် ကျွန်မမျက်လုံးကိုမဖွင့်နိုင်ဘဲ ပိတ်လျက်သားနဲ့ နာရီကိုစမ်းပြီးalarmသံကိုပိတ်လိုက်ဖို့လုပ်ပေမယ့် ခန္တာကိုယ်ကလှုပ်လို့မရဘူးဖြစ်နေတယ်။ ခါးကနေဖက်ထားတဲ့လက်တစုံကတင်းကြပ်နေပြီး ခြေထောက်နဲ့ပါအခွခံထားရတာမို့ အသက်တောင်ရှူလို့မရဖြစ်နေတယ်။ ကိုယ်တော်ချောက ကျွန်မကိုသူ့ဖက်လုံးများမှတ်နေလားမသိပါဘူး။ ဒီလောက်alarmသံမြည်နေတာတောင် မနိုးဘဲဆက်အိပ်နေတော့ ကျွန်မအမြင်ကပ်ပြီး ရှိသမျှအားသုံးကာ သူ့ကိုတွန်းထုတ်လိုက်တယ်။ အဲ့တော့မှအင်းအင်းအဲအဲနဲ့ထလာပြီး
မိုင်- ဖြေးဖြေးတွန်းပါ မိုးရယ် ကုတင်ပေါ်ကလဲပြုတ်ကျသွားပါအုံးမယ်
မိုး- ဖြေးဖြေးတွန်းရင်နိုးမယ့်ပုံမပေါက်လို့လေ ဒီလောက်alarmသံဆူညံနေတာကို ဘယ်လိုများအိပ်နိုင်ရတာလဲ အံ့ဩတယ်
မိုင်- ကိုယ်ကမနေ့တုန်းကပင်ပန်းထားတာလေကွာ အိပ်ချင်တာပေါ့လို့
မိုး- အိပ်ချင်ရင်လဲကိုယ့်ဘာသာဆက်အိပ် ငါကထရတော့မှာ ဖက်ထားတာကိုလွှတ်ပေးအုံး
မိုင်- ဒီလောက်အစောကြီးဘာထလုပ်မှာလဲ မိုးရာ လာပါ ပြန်အိပ်ရအောင်
မိုး- ဟဲ့! မှိုင်းမိုင် ငါကျောင်းသွားရမှာပါဆို နောက်ကျတော့မှာပဲ ဖယ်ပါဆို မဖယ်ဘူးလား
မိုင်- ကျောင်းကဒီအချိန်သွားရတာလား အာ့ဆိုငါလဲထရတော့မှာပေါ့
မိုး- ဟမ် ဘာပြောတာလဲ နင်ကဘာလို့လိုက်ထမှာလဲ
မိုင်- ဘာလို့လဲဆိုတော့ နင်နဲ့ငါနဲ့ကကျောင်းအတူတူပဲမို့လို့ပေါ့
မိုး- ဘာဖြစ်တယ် နင်ကဒီကိုကျောင်းလာတက်တာလား
မိုင်- အင်းလေ ငါစကောလားရှစ်ရခဲ့တာ အာ့ကြောင့်ဒီကိုလာရတာပေါ့
မိုး's pov: အာ့ဆိုငါ့ကိုတွေ့ဖို့လာတာမဟုတ်ဘူးပဲ ငါကအရူးပဲ ဘာလို့မျှော်လင့်ချက်တွေထားမိနေပါလိမ့်
မိုး- ဖယ် နင့်ဘာနင်ဘယ်အချိန်သွားသွားငါနဲ့မဆိုင်ဘူး ငါနောက်ကျလို့မဖြစ်တာမို့ ရေချိုးခန်းကိုငါအရင်သုံးလိုက်မယ်
စိတ်တိုတိုနဲ့ပြောပြီးရေချိုးခန်းထဲ၀င်သွားလိုက်တယ်။ မိုင်ကတော့"ဘာဖြစ်သွားတာပါလိမ့်"ဆိုတဲ့မျက်နှာနဲ့ကြောင်ကြည့်ပြီးကျန်နေခဲ့တယ်။ ရေအမြန်ချိုးလိုက်ပြီး အကျီကိုလဲရေချိုးခန်းထဲမှာပဲ လဲလိုက်တယ်။ ကျွန်မထွက်လာတော့သူက ကမန်းကတန်းထကာရေချိုးခန်းထဲ၀င်သွားတယ်။ ကျွန်မနဲ့အတူသွားမလို့နဲ့တူပါတယ်။ ဒါမဲ့ကျွန်မကတော့အတူမသွားဖို့ဆုံးဖြတ်ထားတယ်။ အာ့ကြောင့်မိတ်ကပ်ပါးပါးကိုအမြန်လိမ်းလိုက်ပြီး သူရေချိုးခန်းထဲကမထွက်လာခင် အောက်ထပ်ကိုဆင်းသွားလိုက်တယ်။ အောက်ရောက်တော့အန်တီမယ်ရီက ပက်လက်ကုလားထိုင်ပေါ်မှာထိုင်ပြီးလက်ဖက်ရည်သောက်နေတယ်။ အန်တီမယ်ရီက အစောကြီးနိုးတတ်တဲ့လူမျိူးဖြစ်လို့ ကျွန်မကျောင်းသွားချိန်တိုင်း သူအမြဲနိုးနေတတ်တယ်။ ကျွန်မကိုမြင်တော့ အံ့ဩသွားတဲ့ပုံစံနဲ့
အန်တီမယ်ရီ- ဒီနေ့အစောကြီးပါလား ကျောင်းမှာလုပ်စရာရှိလို့လား
နာအိုမီ- ဟို ဟုတ်ကဲ့ အန်တီမယ်ရီ ဒီနေ့ကျောင်းကိုစောစောသွားရမှာမို့လို့ပါ
(အန်တီမယ်ရီနဲ့စကားပြောခန်းတွေဆို နာအိုမီဆိုတဲ့နာမည်ပဲသုံးပါမယ်နော်)
အန်တီမယ်ရီ- မနက်စာမစားဘူးလား နာအိုမီ
နာအိုမီ- ဒီနေ့မစားတော့ဘူးလားလို့ပါ လမ်းကဆိုင်တစ်ဆိုင်မှာပဲ၀င်စားသွားလိုက်ပါ့မယ်
အန်တီမယ်ရီ- ဟိုကလေးနဲ့အတူမသွားဘူးလား ကျောင်းအတူတူပဲလို့ပြောတယ်
နာအိုမီ- သူကအခုမှရေချိုးနေတုန်းမို့ပါ သူ့ဘာသာသူသွားတတ်မှာပါ ဒါဆိုသမီးသွားတော့မယ်နော်
အန်တီမယ်ရီကခေါင်းငြိမ့်ပြတော့ ကျွန်မလည်းခပ်သွက်သွက်ထွက်လာခဲ့လိုက်တယ်။ လမ်းမှာဆူရှီဆိုင်တွေ့တော့ ဆူရှီတစ်ဘူး၀င်၀ယ်လိုက်တယ်။ ပြီးတာနဲ့ကျောင်းကိုပဲတန်းတန်းမတ်မတ်လာခဲ့တယ်။ ဘာလို့များသူ့ကိုမစောင့်ဘဲတယောက်ထဲလာခဲ့တာလဲလို့မေးရင် သူနဲ့အရင်လိုရင်းရင်းနှီးနှီးနေရမယ့်အကြောင်းအရင်းမရှိလို့ပါ။ ကျွန်မလဲကျွန်မဘ၀ကိုဒီမှာဖြတ်သန်းနေသလို သူကလဲစကောလားရှစ်ရခဲ့လို့သာ ဒီနေရာကိုရောက်လာတာပဲမဟုတ်လား။ ဒါတွေအကုန်လုံးက နောက်ဆုံးတော့လဲတိုက်ဆိုင်မှုတစ်ခုသက်သက်ပါပဲ။ အဆောင်တူတာ ကျောင်းတူတာတွေအကုန်လုံးက ဒီတိုင်းရေစက်မကုန်သေးလို့ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့လဲ သူကကျွန်မအတွက်နဲ့ဒီကိုရောက်လာခဲ့တာမှမဟုတ်တာ။ ကျွန်မကသာမျှော်လင့်ချက်တွေထားနေမိတာ။ သူ့ဘက်ကတိုက်ဆိုင်မှုသက်သက်လို့ပဲတွေးချင်တွေးနေမှာ။
အတွေးတွေများနေတော့လူတစ်ယောက်လုံးကိုတောင်မမြင်တော့ဘဲ ၀င်တိုက်မိတယ်။ ကျွန်မခေါင်းကိုငုံ့ပြီးကပျာကယာတောင်းပန်မိတော့ အဲ့လူကရီတယ်။ ကျွန်မလဲကြောင်သွားပြီးမော့ကြည့်လိုက်တော့
မိုး- ဟင် ကိုဟိန်း...ကိုဟိန်းသူ ဟုတ်တယ်မလား
ဟိန်းသူ- ဘယ်ဆိုးလို့လဲ ကိုယ့်ကိုမှတ်မိသားပဲ
မိုး- နေပါအုံး ဒီမှာဘာလို့ရောက်နေတာလဲ ကိုဟိန်းက
ဟိန်းသူ- ဘာလို့ရမှာလဲ မိုးကိုလာတွေ့တာပေါ့
မိုး- ညီမကို? ဘာလို့လဲဟင်
ဟိန်းသူ- တကယ်တော့အန်တီကလွှတ်လိုက်တာပါ သူ့သမီးလေးအဆင်မှပြေရဲ့လားဆိုတာသိချင်လို့ သွားတွေ့လိုက်ပါအုံးတဲ့
မိုး- အမေကအဲ့လိုပြောတာလား အမေကတော့လုပ်ပြီ သွားတွေ့ခိုင်းရအောင်မြန်မာနဲ့ဂျပန်ကဆိုက်ကားစီးသွားလို့ရတာကျနေတာပဲ
ဟိန်းသူ- ဟားဟားဟား အဲ့လောက်ကြီးလဲစိတ်တိုမနေပါနဲ့ကွာ ကိုယ်လဲဒီမှာအလုပ်ကိစ္စလေးရှိလို့ အလည်လာရင်းနဲ့မိုးကို၀င်တွေ့လိုက်တာ အပန်းကြီးတာမှမဟုတ်တာ
မိုး- အော် ဟုတ်လား အလုပ်ကိစ္စဆိုတော့ ကိုဟိန်းကအလုပ်လုပ်နေပြီပေါ့
ဟိန်းသူ- ကိုယ်ကအခုမှနောက်ဆုံးနှစ်ပဲရှိသေးတာ အလုပ်မရသေးပါဘူးကွာ အခုကကိုယ့်အမေရဲ့အလုပ်ကိစ္စ ကိုယ့်အမေပါအခုဒီရောက်နေတာ မိုးအားရင်မေမေနဲ့တွေ့သွားလိုက်ပါလား
မိုး- ညီမဒီနေ့တော့အချိန်မရဘူး ကိုဟိန်းရဲ့ ကျောင်းပြီးရင်လဲသင်တန်းဆက်သွားရမှာမို့
ဟိန်းသူ- မနက်ဖြန်ကျောင်းပတ်ရက်ရော မအားဘူးလား ကိုယ်ကမိုးကိုမေမေနဲ့တခါလောက်တွေ့စေချင်လို့ပါ သဘက်ခါဆိုပြန်ရတော့မှာလေ
မိုး- ဟို ဟုတ် ရတယ်လေ မနက်ဖြန်ဆိုရင်တော့မနက်ပိုင်းလောက်အဆင်ပြေပါတယ်
ဟိန်းသူ- အာ့ဆိုမနက်ဖြန်ကိုယ်လာခေါ်မယ်လေ
မိုး- ရတယ် ကိုဟိန်း ညီမဘာသာလာပါ့မယ်
ဟိန်းသူ- မိုးကလမ်းကျွမ်းလို့လား တယောက်ထဲလာမယ်ပြောရအောင် လုပ်ပါ ကိုယ်အပန်းမကြီးပါဘူး လာခေါ်မယ်နော်
မိုး- အဲ ဟုတ်
ဟိန်းသူ- အခုကကျောင်းတက်ရတော့မှာမလား ကိုယ်မနှောင့်ယှက်တော့ဘူး သွားပြီနော်
မနေ့ကရော ဒီနေ့ရော ကျွန်မထပ်တွေ့မယ်မထင်ထားတဲ့သူတွေနဲ့ ပြန်ဆုံခဲ့ရတယ်။ ကိုဟိန်းနဲ့ကလဲ ရေစက်မကုန်သေးဘူးထင်ပါရဲ့။ ဟိုအရင်အချိန်တုန်းကလိုသာဆို ကိုဟိန်းနဲ့စကားပြောရင် ဟိုတယောက်စိတ်ဆိုးမှာကိုကြောက်ခဲ့ရပေမယ့် အခုတော့သူလဲကျွန်မကိုစိတ်ဆိုးတော့မှာမဟုတ်ဘူး။ သူ့စိတ်ထဲလဲဘာမှခံစားရတော့မယ်မထင်ပါဘူး။ ကျောင်းချိန်နီးပြီမို့ ကျောင်းထဲကို၀င်သွားခဲ့ပေမယ့် ကျွန်မမသိလိုက်တာက တစ်နေရာရာမှာကျွန်မကိုရပ်ကြည့်ပြီး ဒေါသထွက်နေတဲ့လူတစ်ယောက်ရှိတယ်ဆိုတာကိုပေါ့။
_____________"_____________
မအားတဲ့ကြားထဲကရေးနေရတာမို့ တိုသွားရင်ခွင့်လွှတ်ကြနော်။ အိပ်ချင်နေတာတောင် အတင်းမျက်လုံးဖြဲပြီးရေးပေးထားတာ😅😅