My Lifeblood(complete)

By Mhaw_Eaint_Met

398K 26.9K 2.2K

"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ More

My Lifeblood (Part 1)
My Lifeblood (Part 2)
My Lifeblood (Part 3)
My Lifeblood (Part 4)
My Lifeblood (Part 5)
My Lifeblood(Part 6)
My Lifeblood(Part 7)
My Lifeblood(Part 8)
My Lifeblood(Part 9)
My Lifeblood(Part 10)
My Lifeblood(Part 10 Zawgyi)
My Lifeblood(Part 11)
My Lifeblood(Part 12)
My Lifeblood(Part 13)
My Lifeblood(Part 14)
My Lifeblood(Part 15)
My Lifeblood(Part 17)
My Lifeblood(Part 18)
My Lifeblood(Part 19)
My Lifeblood(Part 20)
My Lifeblood(Final part)
My Lifeblood(Extra)
Book Accountment
Accountment
bl

My Lifeblood(Part 16)

11.2K 914 111
By Mhaw_Eaint_Met

(Unicode)

ကျယ်လောင်စွာထွက်ပေါ်လာတဲ့သေနတ်သံရဲ့အဆုံးမှာ စိုထိုင်းနေတဲ့မြေပြင်ထက်ဝယ်ကျည်ပေါက်တစ်ပေါက်သာထင်ကျန်ခဲ့လေသည်။ခေါင်းငိုက်စိုက်ကျနေတဲ့ကောင်လေးကိုမပစ်ဘဲ စိုထိုင်းနေတဲ့မြေပြင်အားပစ်လိုက်တဲ့စိုင်းလူ ဂိုဒေါင်ထဲဦးသော်ကပြန်ဝင်လာမလာကြည့်၍ကျည်ပေါက်ဖြစ်နေတဲ့မြေပြင်အား ခြေဖြင့်သာအလျင်အမြန်ပွတ်တိုက်လိုက်ရသည်။​မတော်လို့ဦးသော်ကပြန်ဝင်လာမှဖြင့် ကောင်လေးရဲ့ကိုယ်မှာရှိနေရမဲ့ကျည်တစ်ချောင်းက မြေပြင်ပေါ်ရှိနေသည်ကိုသိသွားလျှင်သူပါအဆစ်ဒုက္ခရောက်နေဦးမည်။

စိုင်းလူသူရှေ့မှာ ခေါင်းလေးငိုက်စိုက်ကျပြီးမလှုပ်မယှက်နဲ့ငြိမ်သက်နေတဲ့ပေလွှာ့ကိုကြည့်ပြီးစိတ်မကောင်းရတာအမှန်။မှေးစင်းနေတဲ့မျက်လွှာလေးရဲ့အလှကလှတလောက် ထိုမျက်လွှာလေးရဲ့အောက်မှာသွေးများတစ်ပေါက်ပေါက်ကျနေတဲ့ဒဏ်ရာကြီးကအကျည်းတန်မှုဘက်သို့သွားစေခဲ့သည့်ပမာ ပါးတစ်ဖက်ပျက်ပြားစေခဲ့ရသည့်ကောင်လေးရဲ့လက်ကလေးများကိုကြိုးဖြည်ပေးရင်းဖြင့်...........

"ဒီမိသားစုထဲမင်းပြန်မလာချင်ပါနဲ့ နောက်တစ်ကြိမ်ဆိုရင်ငါလဲဘာမှမတက်နိုင်တော့ဘူး".....သတိပေးစကားများဆိုနေခဲ့ပေမဲ့ ကောင်လေးကတော့သူ့စကားတွေကိုမကြားနိုင်။ငြိမ်သက်မြဲငြိမ်သက်လျက်ပါ။

ကျွီး...........

ပေလွှာရုန်းထားလို့ထင်ပါရဲ့ ကြိုးများကိုဖြည်ပြီးချိန်စိုင်းလူနီရဲနေတဲ့လက်ကလေးများကိုတွေ့လိုက်ရသည်။သို့ပေမဲ့သူလဲဘာမှမတက်နိုင် ထိုကောင်လေးအားအသင့်ပါလာတဲ့လူတစ်ယောက်ဝင်စာအနက်ရောင်အိတ်ထဲသာကောက်ပွေ့ပြီးထည့်လိုက်ရသည်။များမကြာမှီ စိုင်းလူသူကိုယ်တိုင်ဘဲထိုအိတ်ကိုထမ်းပြီး ဂိုဒေါင်ထဲကထွက်လာလိုက်၏။

စိုင်းလူထမ်းလာသော လူထည့်ထားသည့်အနက်ရောင်အိတ်ကို ဦးသော်ကကားထဲမှခပ်ပြုံးပြုံးပြုံးပြီးသာကြည့်နေမိသည်။သူ့ဘဝ၌အရှုံးရယ်မရှိ လိုချင်တာနဲ့ဖြစ်ချင်တာကိုမရရအောင်လုပ်ဆောင်တက်သလို သူ့အတွက်ဆူးငုတ်ဖြစ်လာသူမှန်သမျှကိုလည်း နည်းမျိုးစုံသုံးပြီးဖယ်ရှားတက်သူပီပီအခုလည်းအောင်နိုင်ပီပီ အပြုံးများဆင်မြန်းပြီးသာကြည့်နေခြင်းဖြစ်၏။သူဖယ်ရှားလိုက်တဲ့ဆူးငြောင့်ခလုတ်ထဲမှာတော့ ပေလွှာလည်းအပါအဝင်။

ဘမ်း...........

ထမ်းလာသောအိတ်ကိုကားနောက်ဖုံးထဲထည့်ပြီးနောက် စိုင်းလူကားထဲဝင်လာပြီး.........

"ကျွန်တော်ဒီအလောင်းကိုသွားဖျောက်ဦးမယ်....မိုးကလည်းမကြာခင်လင်းတော့မှာဆိုတော့ ဦးသော်ကအိမ်ကိုကားငှားပြီးဘဲပြန်ရမယ်ထင်တယ်"

"ရတယ် ငါကဘာနဲ့ဘဲပြန်ရပြန်ရဖြစ်တယ်....မင်းသာဒီအလောင်းကိုသေချာလက်စဖျောက်ခဲ့"

"စိတ်ချပါ"

စိုင်းလူနဲ့သဘောတူညီမှုရပြီးသည်နှင့် ဦးသော်ကကားပေါ်ကသာဆင်းပေးလိုက်သည်။သူ့အနေဖြင့်စိုင်းလူနဲ့အတူတကွလိုက်လံကာ အလောင်းဖျောက်သည်ကအစအသေးစိတ်လုပ်နေလို့မဖြစ်ချေ။မည်သူမျှသတိမထားမိခင်အိမ်ပြန်ဖို့အရေးကြီးနေသည်မို့ သူဆင်းပေးသည်နှင့်မောင်းထွက်သွားတဲ့ကားလေးကိုမျက်စိတစ်ဆုံးငေးမောရင်းသာကျန်နေခဲ့လေသည်။

တစ်ဖက်၌လည်း ဦးသော်ကတို့ဆီကသတင်းကိုစောင့်ဆိုင်းနေရတဲ့နှိုင်းဧကရီမှာကောင်းကောင်းအိပ်မပျော်။ဧည့်ခန်းထဲမှာဘဲတစ်ညလုံးဟိုလျှောက်နဲ့ ပူပန်နေခဲ့ရသည်။

"နှိုင်း"

သတိုးခေါင်အိပ်ရာကနိုးသည့်အချိန် နာရီကိုကြည့်တော့မနက်၄နာရီပင်ခွဲလို့နေပြီ။ဧည့်ခန်းအတွင်းမှာ ဖုန်းတစ်လုံးကိုင်ပြီးဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ သူ့ညီမကတော့အိပ်ထားပုံမရသေး၊မကြည်လင်တဲ့မျက်နှာထားနဲ့တစ်ခြားကိုအာရုံရောက်နေတဲ့နှိုင်းဧကရီ သူ့အားမြင်ပုံမရသေးတာကြောင့်ခေါ်လိုက်ခြင်းဘဲဖြစ်လေရာ..........

"နိုးပြီလားကိုကြီး"....ကလွဲလို့သူမဘာမှဆက်မပြော။နေမြဲပုံစံအတိုင်းဘဲနေနေလေသည်။

သတိုးခေါင်လည်း သူ့ကိုအာရုံမရောက်တဲ့သူမကိုဘာမှဆက်မပြောချင်တဲ့အဆုံး ဆိုဖာပေါ်မှာသာထိုင်ပြီးခန္ဓာကိုယ်အားတစောင်းအနေအထားဖြင့် ခေါင်းကိုလက်ထောက်ပြီးသာ သူမကိုကြည့်နေလိုက်ရသည်။

"You and I don't say goodbye.All we need is........."

သီချင်းသံမြူးမြူးလေး ဧည့်ခန်းအတွင်းထွက်ပေါ်လာစဥ် သတိုးခေါင်ကောနှိုင်းဧကရီပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သီချင်းသံလေးအားဆက်လက်ထွက်ပေါ်ခွင့်မပြုတော့ဘဲ နှိုင်းဧကရီဖုန်းသာကိုင်လိုက်ပြီး ဘယ်သူဘယ်ဝါမှန်းသိတာနဲ့...........

"ဘာထူးလဲ"ဟူ၍ပင် ချက်ချင်းမေးမိသည်။

"အကုန်အဆင်ပြေပါတယ် ချောချောမွေ့မွေ့ပြီးသွားပြီမိုလို့ စိတ်ချနေပါ"

ဖုန်းထဲကစိုင်းလူရဲ့ပြောစကားအရ သူမမျက်နှာကလိုချင်တာရသွားသဖြင့်သူမကျေနပ်စွာပြုံးနိုင်ခဲ့ပြီ။တစ်ညလုံးမအိပ်နိုင်ဘဲ စောင့်ဆိုင်းခဲ့ရကျိုးနပ်သည့်အလားကြားရသည့်သတင်းက သူမလိုချင်တဲ့သတင်းသာဖြစ်သည်မို့သာ။

ခပ်ညစ်ညစ်အပြုံးတွေနဲ့ပြုံးနေခဲ့တဲ့နှိုင်းဧကရီ သေချာချင်သေးသည်မို့...........

"အလောင်းကိုကော သေချာဖျောက်ခဲ့လား"

"ဟုတ်ကဲ့"

"ကောင်းပြီစိုင်းလူ....ရှင့်တာဝန်လဲပြီးပြီဆိုတော့အိမ်ဘဲပြန်ခဲ့တော့ အဲ့အိမ်ကြီးမှာဆက်နေစရာမလိုတော့ဘူး"

"ဟုတ်ကဲ့ပါ မမလေး"

ဖုန်းချသွားပြီးနောက် အောင်နိုင်သူအပြုံးတွေနဲ့ပြုံးနေတဲ့သူမ ကျေနပ်စွာဘဲသတိုးခေါင်ဘက်သို့လှည့်၍..............

"အမှိုက်တစ်မှိုက်တော့ရှင်းသွားပြီကိုကြီး၊နှိုင်းအရမ်းပျော်တာဘဲ"

"ညီမလေး​ပျော်ရင်ပြီးတာပါဘဲ.....တစ်ညလုံးလဲမအိပ်ရသေးဘူးမှတ်လား သွားအိပ်တော့လေ"

"ဟင့်အင်း.....နှိုင်းပျော်လွန်းလို့မအိပ်ချင်တော့ဘူး".....ရုတ်တရက်မျက်လုံးလေးများဝင်းလက်သွားတဲ့သူမ........

"သိပြီ နှိုင်းတို့ဂုဏ်ပြုပွဲလေးလုပ်ကြမလား"

"ညီမလေးသဘောလေ ကိုကြီးကတော့ကိုကြီးညီမလေးပျော်ရင်အဆင်ပြေတယ်"

"ဒါဆိုနှိုင်းစီစဥ်လိုက်တော့မယ်နော်"

"အင်း"

သူခွင့်ပြုတာနဲ့ ဂုဏ်ပြုပွဲစီစဥ်ဖို့လုပ်ရမဲ့အစီအစဥ်တွေကိုလက်ချိုးရေတွက်ရင်း ပီတိဖြာနေတဲ့ညီမဖြစ်သူရဲ့လုပ်ရပ်တွေ​ကိုသတိုးခေါင်မအံသြတော့ပါ။လိုချင်တာကိုရအောင်ယူတက်တဲ့မိန်းကလေးဖြစ်သလို သူမမပိုင်ဆိုင်ရရင်ဖျက်ဆီးတက်တာသူမအကျင့်မို့ ထိုအပြုအမူတွေကသတိုးခေါင်အတွက်ရိုးအီလို့တောင်နေလေပြီ။

~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~
"မုန့်ဖက်ထုပ်ပူပူလေးရမယ်.....မုန့်ဖက်ထုပ်ပူပူလေးရမယ်ဗျို့"

မနက်ခင်းရောင်ခြည်ထွက်မလာသေးခင် ခြင်းတောင်းလေးအားလက်ကဆွဲပြီး မုန့်လိုက်ရောင်းနေတဲ့ကလေးတစ်ယောက်ရဲ့အသံကတော့ ပတ်ဝန်းကျင်တစ်ခွင်ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။အနှစ်ပါတဲ့ခြင်းတောင်းလေးကိုဆွဲပြီး လမ်းတစ်လျှောက်အော်ပြီးလျှောက်လှမ်းလာရာ တစ်နေရာတွင်.........

"အင့်......ဟင့်.......ဟင်း.....ဟင်း"....တစ်ချက်တစ်ချက်တိုးလျစွာထွက်ပေါ်လာတဲ့ညီးညူသံလေးကြောင့် ထိုကလေးငယ်ရဲ့ခြေလှမ်းများရပ်တန့်သွားရသည်။

"ဟင့် .......ဟင်း"

သေချာနားထောင်လေလေပိုသိသာလေလေနဲ့ ထွက်ပေါ်နေဆဲညီးသံလေးကြောင့်သူလဲကြောက်စိတ်ဝင်မိတာတော့အမှန်။သူလဲညီးသံလာရာဘက်သို့ မကြည့်မိဖို့ဆုံးဖြတ်ကာ မျက်စိစုံမှိတ်ပြီးကြော​က်ကြောက်နဲ့ဖြည်းဖြည်းခြင်းလျှောက်လှမ်းနေသည့်တိုင်အောင် မထိန်းချုပ်နိုင်တဲ့သိချင်စိတ်ကြောင့်အသံလာရာသို့ ချာခနဲလှည့်ပြီးမှိတ်ထားတဲ့မျက်လုံးများကိုပြူးနေအောင်ဖွင့်ပြီး ထအော်သည်က........

"အား.......သရဲပူပူလေး....သရဲပူပူလေး"...ဟုသာ။

စိတ်ထဲစွဲနေသည့်မုန့်ရောင်းနေကျအော်မြဲအော်နေတက်တဲ့စကားလေးနဲ့ သစ်ပင်တစ်ပင်၌မှီထားတဲ့တစ်ကိုယ်လုံးသွေးများပေနေတဲ့လူတစ်ယောက်ကိုမြင်ပြီး လန့်ဖျက်ကာထအော်ခြင်းရယ်ပါ။ကြောက်​နေရှာတဲ့သူ့ခမျာ ပါးမှသွေးများထွက်ကာတစ်ကိုယ်လုံးသွေးများပေကျံနေတဲ့လူကိုမြင်ပြီး ထွက်ပြေးဖို့အသိဝင်သော်လည်း ခြေလှမ်းတွေကလှမ်းလို့မရတော့။ကြက်သီးမွှေးညှင်းများထလျက်သာ သူ့ရှေ့ကလူကိုကြည့်ပြီးတုန်ယင်လို့နေကာ........

"ဘယ်သူလဲ.....လူ.....လူ....လူလား"

ပေလွှာ့နားထဲထစ်ထစ်ငေါ့ငေါ့နဲ့ကြားနေရတဲ့အသံလေးကြောင့် သူကိုယ်တိုင်ပင်ဘာဖြစ်နေမှန်းနားမလည်နိုင်တော့ပါ။သူဘဲသေပြီလား၊ဒါမှမဟုတ် သေခါနီးလူတစ်ယောက်ရဲ့ထင်ယောင်ထင်မှားစိတ်များလားပင်မသိတော့ချေ။သေချာသည်က ​တဆစ်ဆစ်ထိုးကိုက်နေတ​ဲ့ပါးပြင်ကဒဏ်ရာနဲ့ နာကျင်နေသည့်ဝမ်းဗိုက်ကဒဏ်ရာအပြင် ခြောက်သွေ့နေတဲ့အာခေါင်များအရ စိတ်ရဲ့ဆန္ဒအတိုင်းပေလွှာ အားယူပြောမိသည်က.............

"အင့်....ဟင်း.....ရေ....ရေပေးပါ"

ညီးသံလေးနဲ့အတူထွက်ပေါ်လာတဲ့စကားလေးကြောင့် သစ်ပင်လေးအားမှီပြီးလဲနေတဲ့လူအနားသို့ သူကြောက်စိတ်ကိုထိန်းချုပ်ပြီးသာ တစ်လှမ်းခြင်းလျှောက်လှမ်းရင်း ခြင်းတောင်းထဲမှာအသင့်ပါလာတဲ့ရေဘူးလေးကိုထုတ်ပြီး သွေးများပေကျံနေတဲ့ပေလွှာ့လက်ထံထည့်ပေးလေသည်။

တုန်ယင်နေတဲ့လက်ကလေးတွေနဲ့ လက်ထဲရောက်ရှိလာတဲ့ရေဘူးကိုပေလွှာကြိုးစားဖွင့်တာတောင် သူ့လက်များကမဖွင့်နိုင်။တစ်ကိုယ်လုံးနာကျင်နေတ​ဲ့နာကျင်မှုများမှာ သူ့လက်ကလေးများနာနေသည်ကြောင့်လား အားပင်မရှိတော့သည်ကြောင့်လားပင်မသဲကွဲ။စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အဆုံး လက်ထဲကရေဘူးကိုသာပေလွှာလွှတ်ချလိုက်ပြီး မျက်ရည်များပင်ကျနေမိ​တော့သည်။

အခြေအနေကိုသဘောပေါက်ဟန်ရှိတဲ့ကလေးငယ်က ပေလွှာလွှတ်ချလိုက်တဲ့ရေဘူးလေးကိုအသာအယာ​ကောက်ယူလိုက်ပြီး...........

"ကျွန်တော်ဖွင့်ပေးရမလား"

မျက်လုံးလေးကိုစုံမှိတ်ထားတဲ့ပေလွှာ ခေါင်းလေးငြိမ့်ပြယုံကလွဲလို့ဘာမှမလုပ်နိုင်။ခဏအကြာ သူ့နှုတ်ခမ်းအနားကပ်လာတဲ့ရေဘူးလေးကို အလိုက်သင့်သောက်ရင်းရင်ထဲမချိစွာဘဲမျက်ရည်များတသွသွင်သွင်စီးကျလျက်ပါ။

"အင်း.....အဟင့်......ဟင့်.....ဟင့်"

ရေတိုက်နေရတဲ့ကလေးငယ်ခမျာ ရေသောက်နေရင်းရှိုက်ကြီးတငင်ထငိုနေရှာတဲ့ပေလွှာ့ကိုကြည့်ပြီးနားမလည်နိုင်ရှာ။ရေသောက်နေတာကိုရပ်လိုက်ပြီး အတိုင်းအဆမရှိစီးဆင်းနေတဲ့မျက်ရည်တွေနဲ့ သွေးများပေကျံနေတဲ့ပေလွှာကိုယ်လေးကိုကြည့်ပြီး သနားသာနေမိတော့၏။ငယ်ရွယ်သေးတဲ့သူ့အနေဖြင့်တက်နိုင်တလောက်ကူညီဖို့ဆုံးဖြတ်လိုက်ပြီး ကလေးပီပီအားကိုးတစ်ကိုးကြီးအကူအညီတောင်းရန်ဆုံးဖြတ်လိုက်သည်က အနီးနားတစ်ဝိုက်မှာဖြတ်မောင်းနေတဲ့ကားများကိုသာ..........

"ဒီမှာလူတစ်ယောက်ဒဏ်ရာရနေလို့ဗျ......"ဆိုတဲ့စကားလေးကိုအော်နေရင်း လက်ကလေးကိုဝှေ့ရမ်းရင်းအကူအညီတောင်းမိနေသော်လည်း.......

ဝူး...........

မောင်းထွက်သွားတဲ့ကားများကရပ်မပေး။တစ်စီးပြီးတစ်စီးမောင်းထွက်သွားတာကြောင့် ကလေးငယ်လဲစိတ်ဓာတ်ကျစပြုလာကာ ပေလွှာ့ဘက်သို့လှည့်ကြည့်လိုက် ကားကိုတားလိုက်နဲ့သူ့မျက်ဝန်းလေးတွေထဲမှာတောင် မျက်ရည်လေးများဝဲစပြုလာသည့်သဖွယ်။

"ကူညီကြပါဦးဗျာ......ကူညီကြပါဦး....အဟင့်၊ဒီမှာလူတစ်ယောက်ဒဏ်ရာရနေလို့ပါဗျာ......အဟင့်.....တောင်းပန်ပါတယ်.....တောင်းပန်ပါတယ်ကူညီကြပါဗျာ"

နောက်ဆုံးသူဘယ်လောက်ဘဲတားနေပါစေ ရပ်တန့်ပေးခြင်းမရှိတဲ့ကားများကြောင့် ဝမ်းနည်းတစ်ပန်းဘဲထိုင်ငိုမိတော့သည်။

ထိုအချိန်...........

ဝူး...........ကျွီး..............

သူ့ရှေ့တည့်တည့်အရှိန်နဲ့ထိုးရပ်လာတဲ့ ကားလေးတစ်စီးကြောင့်ခေါင်းလေးငုံ့ကာထိုင်ငိုနေတဲ့ကလေးငယ် မျက်ရည်အဝဲသားလေးဖြင့်ခေါင်းလေးသာမော့ကြည့်လေသည်။ချို့တဲ့ပြီးငယ်ရွယ်တဲ့သူ့အတွေးထဲမှာ ကားအကောင်းစားကြီးကလွဲလို့ဘာမှမသိပေမဲ့ ကားထဲကဆင်းလာတဲ့လူရဲ့အကြည့်တွေနဲ့အပြုံးတွေကိုမြင်ပြီး အားကိုးတစ်ကြီးနဲ့ထရပ်လိုက်ချိန်...........

"ဘာလို့ငိုနေတာလဲချာတိတ်"ဆိုလေတဲ့ ထိုလူ။မျက်ဝန်းနက်နက်တွေနဲ့ ပါးချိုင့်လေးတွေခွက်ဝင်တဲ့အထိပြုံးနေတဲ့ထိုလူရဲ့အပြုံးတွေက အသက်ဝင်သလိုရှည်လျားတဲ့လက်တံခြေတံများကို ပိုင်ဆိုင်ထားတဲ့ထိုလူရဲ့လက်များက ကလေးငယ်ရဲ့ဆံပင်များကိုဖွရင်းပြုံးကာမေးလာသောအခါ.........

"ဟိုမှာလူတစ်ယောက်ဒဏ်ရာရနေလို့ဗျ.....ကျွန်တော်အကူအညီတောင်းတာဘယ်သူမှလဲမကူညီကြဘူး.....အဟင့်......ဟင့်"......ကလေးငယ်က ပေလွှာ့ကိုလက်ညိုးလေးထိုးပြရင်းငိုသာငိုနေရှာသည်မို့ ထိုလူရဲ့အကြည့်တွေကပေလွှာ့ဆီအကြည့်ရောက်သွားလေသည်။ပြီးမှ သူ့ရှေ့ကကလေးငယ်အားပြုံးပြုံးလေးဖြင့်ထပြောသည်က.......

"ဘယ်သူမှမကူကူညီညီ အကိုကူညီမှာပေါ့"တဲ့။

နှစ်ယောက်သား ပေလွှာ့အနားလာပြီး ပေလွှာ့မျက်နှာကဒဏ်ရာလေးကို ထိုလူမထိတထိလေးကိုင်တွယ်ကာငေးမောနေခဲ့၏။နောက်မှ ကလေးငယ်ဘက်တစ်ချက်ပြုံးပြပြီး ပေလွှာ့ကိုယ်လေးအားဆွေ့ခနဲ့ပွေ့ချီလိုက်ကာ ကလေးငယ်နဲ့အတူကားဆီသို့လျှောက်လှမ်းသွားလေသည်။

ဝိုးတိုးဝါးတားအသံများနဲ့အတူ သူ့အားပွေ့ချီလိုက်တာကလွဲလို့ကျန်တာတွေပေလွှာဘာမှမသိတော့လောက်အောင်မြိန်းမောသွားလေပြီ။ဟုတ်သည်......သူပင်ပန်းနေပြီ။
~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~
"အဖိုး"

မနက်စောစောထမင်းစားခန်းထဲ၌ တစ်စုံတစ်ရာကိုအလိုမကျတဲ့မျက်နှာနဲ့အတူ စူးစူးဝါးဝါးထအော်လိုက်တဲ့ယွန်းမှီအသံက အခန်းတွင်းပျံ့နှံ့သွား၏။ဤအနေမျိုးရောက်လာမယ်ဆိုတာ ဦးသော်ကခန့်မှန်းပြီးသားပါ။ပေလွှာပျောက်ရင် တုန်ပြန်လာမဲ့ယွန်းမှီရဲ့ဒေါသတွေကိုသူလဲရင်ဆိုင်ဖို့အသင့်ဘဲ။ဒါကြောင့် သူ့နာမည်ခေါ်လျက်ထွက်ပေါ်လာတဲ့သူမရဲ့အော်သံကြားတာတောင် တည်ငြိမ်စွာပင်။ကော်ဖီအသောက်မပျက် မုန့်စားမပျက်ပေ။

"အဖိုး....ပေလွှာဘယ်မှာလဲ"

ယွန်းမှီ ပေလွှာ့အခန်းနဲ့တစ်အိမ်လုံးအနှံ့လိုက်ရှာတာတောင်မတွေ့ရပေ။အိမ်အကူများကိုမေးတော့လည်း မည်သူ့မေးမေးမမြင်ဘူးမသိဘူးကလွဲလို့ ဘာမှမသိရသဖြင့်သူမရင်များအတော်လေးပူလောင်လှပြီ။တစ်ခုထဲသောစိုးရိမ်စိတ်နဲ့ဖြစ်နိုင်ခြေအများဆုံးကလဲ ဦးသော်ကကိုဘဲဦးတည်နေသည်မို့မေးလိုက်ခြင်းသာဖြစ်၏။

သောက်လက်စကော်ဖီခွက်ကိုချပြီး သူမအားစေ့စေ့ကြည့်၍ဦးသော်ကပြန်ဖြေသည်က..........

"အဖိုးက အဲ့ကောင်လေးကိုသမီးလိုအရေးစိုက်ပြီး အရိပ်တကြည့်ကြည့်ကြည့်နေမယ်ထင်လို့လား၊သူပျောက်တာအဖိုးနဲ့ဘာဆိုင်လို့လဲ"

"ပေလွှာ့ကိုမှီ့ထက်အဖိုးကပိုပြီးအရေးစိုက်တယ်ဆိုတာ ဝန်ခံလိုက်စမ်းပါအဖိုး၊တစ်ခြားလူတွေကို....အဖိုးညာရင်ညာလို့ရမယ်.....မှီ့ကိုညာလို့ရမယ်မထင်နဲ့"

ဒေါသဖြင့်ပြောနေတဲ့ယွန်းမှီအသံက အခန်းတွင်းဟိန်းလို့နေကာသူမမျက်နှာကလဲမာန်အပြည့်ဖြင့်သာ။

"မှီ့ကိုအမှန်အတိုင်းပြောပါအဖိုး ပေလွှာဘယ်မှာလဲ....ပေလွှာဘယ်မှာလဲ"

အော်ဟစ်ငိုယိုကာမေးနေတဲ့သူမရဲ့အမေးမှာ ဦးသော်ကပြန်ဖြေခြင်းမရှိသည့်အပြင်မျက်နှာသိသိသာသာပျက်လို့နေ၏။ဤအခြေအနေကိုရင်ဆိုင်ဖြေရှင်းနိုင်မယ်လို့သူတွေးထားသော်လည်း တကယ်တမ်းသူမရဲ့ဒေါသနဲ့ပြောနေတဲ့အပြောတွေအပြင်မျက်ရည်များပါမြင်ရတော့ သူဘာမှပြောမထွက်တော့။လိမ်ပြောဖို့ပင်မရဲတောပါ။ခေါင်းကိုငိုက်စိုက်ချပြီးကော်ဖီကိုဘဲဆက်သောက်နေလေသည်။

"ဟင့် ....ပေလွှာဘယ်မှာလဲအဖိုးရယ်....မှီ့ကိုပြောပြပါ။အကိုနိုင်းပြန်လာလို့ ပေလွှာ့ကိုမတွေ့ရင်မှီ့ကိုအကိုနိုင်းစိတ်နာသွားမှာ......အဖိုး ပေလွှာ့ကိုဘယ်မှာဝှက်ထားတာလဲဟင်"

"အို......မသိပါဘူးဆိုဘာလို့မေးနေရတာလဲ ညီမလေးရယ်"

ထွက်ပေါ်လာသည့်အသံက ဦးသော်ကရဲ့ဖြေသံတော့မဟုတ်ခဲ့။ထမင်းစားခန်းအတွင်း သူမအားလှောင်ပြုပြုံးပြီးဝင်လာတဲ့နှိုင်းဧကရီနဲ့ သတိုးခေါင်အပြင် ရင်းနှှီးလှတဲ့မျက်နှာထားနဲ့ယောကျာ်းတစ်ယောက်သာ။

"ရှင်တို့......ရှင်တို့ မဟုတ်မှ......"

"အဲ့လိုမျက်လုံးကြီးတွေနဲ့မကြည့်ပါနဲ့ညီမလေးရယ် မမကဒီအတိုင်းဖြေလိုက်ယုံပါ"

"ရှင့်ပါးစပ်ကိုပိတ်ထား"

"ဟွန်း သဘောဘဲလေ"

"ဟိုလူ....ရှင် ရှင်ဟိုတစ်ယောက်မဟုတ်လား"

စိုင်းလူကိုလက်ညိုးထိုးပြီး မေးနေတဲ့ယွန်းမှီရဲ့မျက်နှာဝယ်အမုန်းတရားများထင်ဟပ်ပေါ်လွင်နေခဲ့သည်။အရင်ကမျက်မှန်ထူထူကြီးနဲ့ ပုဆိုးခပ်တိုတိုဝတ်တက်တဲ့သူ့ကို နှိုင်းဧကရီတို့မောင်နှမအနားမှာတစ်ခြားပုံစံတစ်မျိုးနဲ့တွေ့လိုက်ရချိန် သူမခေါင်းထဲအတွေးပေါင်းများပြည့်နှက်ကာ ရင်ဘက်တစ်ခုလုံးလဲစုတ်ပြတ်နေသည့်ပမာနာကျင်လို့နေသည်။

စိုင်းလူမှာတော့ သူ့အားမုန်းတီးမှုများဖြင့်ကြည့်နေတဲ့သူမရဲ့အကြည့်တွေမှာရှောင်ဖယ်ကာ သူ့စိတ်သူမလုံ၍မျက်နှာဘဲလွှဲလို့နေခဲ့သည်။သူမ သူ့အားလက်ညိုးထိုးပြီးမေးချိန် ပေလွှာ့အားဓားဖြင့်ထိုးခဲ့စဥ်ကမြင်ကွင်ကလဲ မျက်လုံးထဲရိပ်ခနဲ။

နှိုင်းဧကရီ သူမနဲ့မျက်နှာခြင်းမှာငိုနေတဲ့ယွန်းမှီအား လှောင်ပြုံးပြုံး၍အကြည့်လွှဲကာ စားပွဲမှာထိုင်နေတဲ့ဦးသော်ကအားဖိတ်စာတစ်စောင်ကမ်းပေးကာ.......

"ဒီဂုဏ်ပြုပွဲက အဖိုးနဲ့လဲဆိုင်လို့မဖြစ်မနေတက်ရောက်ပါနော် နှိုင်းတို့မျှော်နေမယ်"

"မင်း...."

သူမကမ်းပေးလာတဲ့ဖိတ်စာကိုမြင်ပြီး ဦးသော်ကအံသြမဆုံးတော့ပါ။သူဖိတ်စာကိုပင်ယူလိုက်ဖို့မရဲဘဲ မျက်နှာလေးကိုအုပ်ပြီးမျက်လုံးလေးပေါ်ယုံဖြင့် သူတို့အားကြည့်ရင်းအသံတိတ်ငိုနေတဲ့ယွန်းမှီအကြည့်တွေကကြောက်မက်ဖွယ်ရာ။သူ့အားဘယ်လောက်ဒေါသထွက်ထွက် ထိုအကြည့်မျိုးတွေနဲ့မကြည့်ဖူးတဲ့သူမရဲ့အကြည့်တွေက မုန်းတီးမှုရွံရှာမှုတို့ပြည့်နှက်နေတာကြောင့် ဦးသော်ကပင်မျက်ရည်များဝဲတက်လို့သာ......။

"အဖိုးကိုမှီအရမ်းမုန်းတာဘဲ.....အဟင့်....ဟင့် မှီ...ပေလွှာ့ကိုသွားရှာမယ်ဆိုကာ"....ငိုပြီးပြေးထွက်သွားတဲ့ယွန်းမှီ ခြေဗလာဖြင့်အိမ်ထဲကပြေးထွက်လို့သွားလေသည်။

"သမီး....နေဦး"

ဂျီ.......ဒုန်း.......

ဦးသော်က သူ့အားကမ်းပေးနေတဲ့ဖိတ်စာလေးအားကိုပုတ်ထုတ်ပြီး ယွန်းမှီနောက်သာအပြေးလိုက်သွားလေသည်။သူအပြင်ကိုရောက်ချိန် အဖြူရောင်ဂါဝန်လေးနဲ့ခြေဗလာဖြင့်ပြေးထွက်သွားတဲ့သူမလေးက ခြံရဲ့အပြင်ကိုတောင်ရောက်လို့နေပြီ။

ကံမကောင်းတာတစ်ခုက..........

ကျွီး...........ဒုန်း..........

သူမဆီတည့်တည့်ဝင်လာတဲ့ အရှိန်ဖြင့်မောင်းလာတဲ့မောင်းလာတဲ့ကားတစ်စီးကိုမြင်တွေ့လိုက်ရချိန် ယွန်းမှီရှောင်ချိန်ပင်မရလိုက်။အရုပ်လေးတစ်ရုပ်အားလေထဲမြှောက်ပစ်လိုက်သည့်အတိုင်း တခဏမျှလေထဲမြှောက်တက်သွားပြီး..........

"အာ့....."....ကားလမ်းထက်ပြန်ကျချိန် သူမရဲ့ခေါင်းမှတသွင်သွင်စီးဆင်းလာတဲ့သွေးများကရပ်တန့်ခြင်းမရှိတော့။သွေးများသူမခန္ဓာကိုယ်တစ်ဝိုက်ချောင်းစီးလို့သာ.......။

"သမီး......"

သွေးအိုင်ထဲ၌လဲနေတဲ့အဖြူရောင်ဂါဝန်လေးကိုဝတ်ဆင်ထားတဲ့မြေးဖြစ်သူကိုမြင်တွေ့လိုက်ရာ ဦးသော်ကကမ္ဘာပျက်မတက်ပင်။ခြေဗလာလေးနဲ့ဖြူဖွေးနေတဲ့ခြေထောက်လေးတွေနဲ့သူမရဲ့ဖြူဉနေတဲ့ခန္ဓာကိုယ်လေးကိုသွေးအိုင်ထဲ၌မြင်ရသည့်မြင်ကွင်းက ရင်နင့်ဖွယ်။ဦးသော်က အလျင်စလိုပြေးပြီးသာလဲလျောင်းနေတဲ့သူမရဲ့အနားပစ်ထိုင်ချပြီး သွေးများထွက်နေဆဲသူမကိုယ်လေးအားပွေ့ချီလိုက်လေ၏။ပြုံးပြုံးလေးနဲ့ မျက်ရည်လေးများရွှဲနေတဲ့သူမရဲ့အကြည့်တွေက သူ့အားခြောက်လှန့်နေသည့်သဖွယ်။

"မှီ....သမီးလေး"

အသက်လုပြီးအသက်ရှုနေရတဲ့သူမ ဦးသော်ကရဲ့လက်တွေအားဆုပ်ကိုင်ပြီးတိုးလျတဲ့လေသံတစ်ချို့နဲ့အတူ.........

"မှီ.......မှီလေ....မှီအဖိုးကိုပြန်.....ပြန်ပြောလို့....အား.....ငရဲ ...ငရဲကြီးတာထင်....ထင်ပါတယ်အဖိုးရယ်"

"မဟုတ်ဘူး....မဟုတ်ဘူး ဒီအဖိုးမကောင်းတာပါကွယ်။စကားတွေမပြောနဲ့နော် အဖိုးတို့ဆေးရုံသွားကြမယ်"

ဦးသော်ကထဖို့ပြင်လိုက်ပေမဲ့ သူမရဲ့သွေးများပေနေတဲ့လက်တွေကဦးသော်ကရဲ့အင်္ကျီဖြူဖြူလေးကိုဆွဲထားလျက်........

"မ....မသွားပါနဲ့...အဖိုးရယ်။မှီ့ကို....မှီ့ကိုဖက်ထားပါလားဟင်....မှီ....မှီလေ နောက်ဆုံးအနေနဲ့....အဖိုးဆီက.....အား....နွေးထွေးမှုလေးကို....ခံစား ခံစားချင်လို့ပါ"

"သမီးရယ် ဒီအဖိုးကြီးကိုခွင့်မလွတ်ပါနဲ့....အဟင့်....ဟင့်။အဖိုး သမီးနဲ့နိုင်းကိုအရမ်းချစ်တာပါကွာ သမီးတို့ကောင်းဖို့အဖိုးကြိုးစားနေခဲ့တာ"

သူမအားတင်းကြပ်စွာထွေးပိုက်ထားတဲ့ဦးသော်ကရဲ့ရင်ခွင်က နွေးထွေးမှုအပြည့်ပါ။နောက်ဆုံးတော့သူမလဲနွေးထွေးတဲ့ရင်ခွင်မှာ ခိုလံှုခွင့်ရခဲ့ပြီ။အမုန်းတရားတွေမရှိ ပကာသနတွေကိုအလေးမထားတဲ့အဖိုးတစ်ယောက်ရဲ့ရင်ခွင်မှာပေါ့။

"အဖိုး"

"ပြော.....ပြောလေသမီး"

"အ....အကို...အား.....အကိုနိုင်းကို ပျော်ရွှင်ခွင့်ပေးလိုက်ပါအဖိုးရယ်။အကို....အကို...အား.....အကိုနိုင်းနဲ့ပေလွှာကို မ....မ....မနှောက်ယှက်ပါနဲ့နော်။မှီ....မှီ့ကို က....ကတိပေးပါလားဟင်"

ဦးသော်ကပြန်ဖြေဖို့ပင်ပြောစရာစကားမရှိတော့ပါ။သူကိုယ်တိုင်ဘဲပေလွှာ့မျက်နှာအား ဓားဖြင့်ထိုးစိုက်၍ရက်ရက်စက်စက်သတ်ခိုင်းခဲ့လေရာ သေသွားတဲ့လူတစ်ယောက်နဲ့နိုင်းကိုမနှောက်ယှက်ဖို့ သူအဘယ်သို့ကတိပေးလိုက်ရမလဲပင်မသိတော့။သူ့ရင်ခွင်ထဲမှာသွေးများအလိမ်းလိမ်းထွက်နေတဲ့ သူမလေးကိုကြည့်ပြီး နောင်တတရားတို့နဲ့အတူရင်နင့်စွာ......။

"က....ကတိပေးပါအဖိုးရယ်....မှီ.....မှီအကိုနိုင်းကို အရမ်းပျော်စေ....ပျော်စေချင်တာ"

"အဖိုးကတိပေးပါတယ်ကွယ်"

"ဟင်း.....မှီလေ မိဆုံဖဆုံနဲ့....အရမ်း အရမ်းနေချင်တာဘဲအဖိုးရယ်။နောင်ဘဝများရှိရင်လေ မှီ့ကို...မှီ့ကိုထားမခဲ့တဲ့ဖေဖေရယ် မေမေရယ်....အား....အဖိုးတွေအဖွားတွေနဲ့အ....အရမ်း....အရမ်းနေချင်တာဘဲ"

"သမီးရယ်"

သူမဘဝတစ်လျှောက်လုံးနဲ့ နောက်ဆုံးအချိန်မျှော်လင့်ဆုံးက နွေးထွေးပြည့်စုံတဲ့မိသားစုတစ်ခု။ဒီဘဝမှာ သူမရခဲ့ခြင်းမရှိတဲ့မိသားစုတစ်ခုဘဲဖြစ်သည်။ပြာလဲ့နေတဲ့ကောင်းကင်ကြီးကိုငေးကြည့်ရင်းပြုံးနေတဲ့သူမရဲ့ မျက်ဝန်းလေးတွေကမှိတ်သွားသည်လည်းမရှိခဲ့။နောက်ဆုံးတော့ပြုံးပြုံးလေးနဲ့ဘဲ သူမဒီဘဝကြီးကလွတ်မြောက်သွားခဲ့ပြီ။ငြိမ်သက်သွားတဲ့ကိုယ်လေးရဲ့နှလုံးခုန်သံလေးကအစ ထာဝရရပ်တန့်သွားလေ၏။

~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~

(Zawgyi)

က်ယ္ေလာင္စြာထြက္ေပၚလာတဲ့ေသနတ္သံရဲ႕အဆုံးမွာ စိုထိုင္းေနတဲ့ေျမျပင္ထက္ဝယ္က်ည္ေပါက္တစ္ေပါက္သာထင္က်န္ခဲ့ေလသည္။ေခါင္းငိုက္စိုက္က်ေနတဲ့ေကာင္ေလးကိုမပစ္ဘဲ စိုထိုင္းေနတဲ့ေျမျပင္အားပစ္လိုက္တဲ့စိုင္းလူ ဂိုေဒါင္ထဲဦးေသာ္ကျပန္ဝင္လာမလာၾကည့္၍က်ည္ေပါက္ျဖစ္ေနတဲ့ေျမျပင္အား ေျချဖင့္သာအလ်င္အျမန္ပြတ္တိုက္လိုက္ရသည္။​မေတာ္လို႔ဦးေသာ္ကျပန္ဝင္လာမွျဖင့္ ေကာင္ေလးရဲ႕ကိုယ္မွာရွိေနရမဲ့က်ည္တစ္ေခ်ာင္းက ေျမျပင္ေပၚရွိေနသည္ကိုသိသြားလွ်င္သူပါအဆစ္ဒုကၡေရာက္ေနဦးမည္။

စိုင္းလူသူေရွ႕မွာ ေခါင္းေလးငိုက္စိုက္က်ၿပီးမလႈပ္မယွက္နဲ႕ၿငိမ္သက္ေနတဲ့ေပလႊာ့ကိုၾကည့္ၿပီးစိတ္မေကာင္းရတာအမွန္။ေမွးစင္းေနတဲ့မ်က္လႊာေလးရဲ႕အလွကလွတေလာက္ ထိုမ်က္လႊာေလးရဲ႕ေအာက္မွာေသြးမ်ားတစ္ေပါက္ေပါက္က်ေနတဲ့ဒဏ္ရာႀကီးကအက်ည္းတန္မႈဘက္သို႔သြားေစခဲ့သည့္ပမာ ပါးတစ္ဖက္ပ်က္ျပားေစခဲ့ရသည့္ေကာင္ေလးရဲ႕လက္ကေလးမ်ားကိုႀကိဳးျဖည္ေပးရင္းျဖင့္...........

"ဒီမိသားစုထဲမင္းျပန္မလာခ်င္ပါနဲ႕ ေနာက္တစ္ႀကိမ္ဆိုရင္ငါလဲဘာမွမတက္နိုင္ေတာ့ဘူး".....သတိေပးစကားမ်ားဆိုေနခဲ့ေပမဲ့ ေကာင္ေလးကေတာ့သူ႕စကားေတြကိုမၾကားနိုင္။ၿငိမ္သက္ၿမဲၿငိမ္သက္လ်က္ပါ။

ကြၽီး...........

ေပလႊာ႐ုန္းထားလို႔ထင္ပါရဲ႕ ႀကိဳးမ်ားကိုျဖည္ၿပီးခ်ိန္စိုင္းလူနီရဲေနတဲ့လက္ကေလးမ်ားကိုေတြ႕လိုက္ရသည္။သို႔ေပမဲ့သူလဲဘာမွမတက္နိုင္ ထိုေကာင္ေလးအားအသင့္ပါလာတဲ့လူတစ္ေယာက္ဝင္စာအနက္ေရာင္အိတ္ထဲသာေကာက္ေပြ႕ၿပီးထည့္လိုက္ရသည္။မ်ားမၾကာမွီ စိုင္းလူသူကိုယ္တိုင္ဘဲထိုအိတ္ကိုထမ္းၿပီး ဂိုေဒါင္ထဲကထြက္လာလိုက္၏။

စိုင္းလူထမ္းလာေသာ လူထည့္ထားသည့္အနက္ေရာင္အိတ္ကို ဦးေသာ္ကကားထဲမွခပ္ၿပဳံးၿပဳံးၿပဳံးၿပီးသာၾကည့္ေနမိသည္။သူ႕ဘဝ၌အရႈံးရယ္မရွိ လိုခ်င္တာနဲ႕ျဖစ္ခ်င္တာကိုမရရေအာင္လုပ္ေဆာင္တက္သလို သူ႕အတြက္ဆူးငုတ္ျဖစ္လာသူမွန္သမွ်ကိုလည္း နည္းမ်ိဳးစုံသုံးၿပီးဖယ္ရွားတက္သူပီပီအခုလည္းေအာင္နိုင္ပီပီ အၿပဳံးမ်ားဆင္ျမန္းၿပီးသာၾကည့္ေနျခင္းျဖစ္၏။သူဖယ္ရွားလိုက္တဲ့ဆူးေျငာင့္ခလုတ္ထဲမွာေတာ့ ေပလႊာလည္းအပါအဝင္။

ဘမ္း...........

ထမ္းလာေသာအိတ္ကိုကားေနာက္ဖုံးထဲထည့္ၿပီးေနာက္ စိုင္းလူကားထဲဝင္လာၿပီး.........

"ကြၽန္ေတာ္ဒီအေလာင္းကိုသြားေဖ်ာက္ဦးမယ္....မိုးကလည္းမၾကာခင္လင္းေတာ့မွာဆိုေတာ့ ဦးေသာ္ကအိမ္ကိုကားငွားၿပီးဘဲျပန္ရမယ္ထင္တယ္"

"ရတယ္ ငါကဘာနဲ႕ဘဲျပန္ရျပန္ရျဖစ္တယ္....မင္းသာဒီအေလာင္းကိုေသခ်ာလက္စေဖ်ာက္ခဲ့"

"စိတ္ခ်ပါ"

စိုင္းလူနဲ႕သေဘာတူညီမႈရၿပီးသည္ႏွင့္ ဦးေသာ္ကကားေပၚကသာဆင္းေပးလိုက္သည္။သူ႕အေနျဖင့္စိုင္းလူနဲ႕အတူတကြလိုက္လံကာ အေလာင္းေဖ်ာက္သည္ကအစအေသးစိတ္လုပ္ေနလို႔မျဖစ္ေခ်။မည္သူမွ်သတိမထားမိခင္အိမ္ျပန္ဖို႔အေရးႀကီးေနသည္မို႔ သူဆင္းေပးသည္ႏွင့္ေမာင္းထြက္သြားတဲ့ကားေလးကိုမ်က္စိတစ္ဆုံးေငးေမာရင္းသာက်န္ေနခဲ့ေလသည္။

တစ္ဖက္၌လည္း ဦးေသာ္ကတို႔ဆီကသတင္းကိုေစာင့္ဆိုင္းေနရတဲ့ႏွိုင္းဧကရီမွာေကာင္းေကာင္းအိပ္မေပ်ာ္။ဧည့္ခန္းထဲမွာဘဲတစ္ညလုံးဟိုေလွ်ာက္နဲ႕ ပူပန္ေနခဲ့ရသည္။

"ႏွိုင္း"

သတိုးေခါင္အိပ္ရာကနိုးသည့္အခ်ိန္ နာရီကိုၾကည့္ေတာ့မနက္၄နာရီပင္ခြဲလို႔ေနၿပီ။ဧည့္ခန္းအတြင္းမွာ ဖုန္းတစ္လုံးကိုင္ၿပီးဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနတဲ့ သူ႕ညီမကေတာ့အိပ္ထားပုံမရေသး၊မၾကည္လင္တဲ့မ်က္ႏွာထားနဲ႕တစ္ျခားကိုအာ႐ုံေရာက္ေနတဲ့ႏွိုင္းဧကရီ သူ႕အားျမင္ပုံမရေသးတာေၾကာင့္ေခၚလိုက္ျခင္းဘဲျဖစ္ေလရာ..........

"နိုးၿပီလားကိုႀကီး"....ကလြဲလို႔သူမဘာမွဆက္မေျပာ။ေနၿမဲပုံစံအတိုင္းဘဲေနေနေလသည္။

သတိုးေခါင္လည္း သူ႕ကိုအာ႐ုံမေရာက္တဲ့သူမကိုဘာမွဆက္မေျပာခ်င္တဲ့အဆုံး ဆိုဖာေပၚမွာသာထိုင္ၿပီးခႏၶာကိုယ္အားတေစာင္းအေနအထားျဖင့္ ေခါင္းကိုလက္ေထာက္ၿပီးသာ သူမကိုၾကည့္ေနလိုက္ရသည္။

"You and I don't say goodbye.All we need is........."

သီခ်င္းသံျမဴးျမဴးေလး ဧည့္ခန္းအတြင္းထြက္ေပၚလာစဥ္ သတိုးေခါင္ေကာႏွိုင္းဧကရီပါ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း သီခ်င္းသံေလးအားဆက္လက္ထြက္ေပၚခြင့္မျပဳေတာ့ဘဲ ႏွိုင္းဧကရီဖုန္းသာကိုင္လိုက္ၿပီး ဘယ္သူဘယ္ဝါမွန္းသိတာနဲ႕...........

"ဘာထူးလဲ"ဟူ၍ပင္ ခ်က္ခ်င္းေမးမိသည္။

"အကုန္အဆင္ေျပပါတယ္ ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးသြားၿပီမိုလို႔ စိတ္ခ်ေနပါ"

ဖုန္းထဲကစိုင္းလူရဲ႕ေျပာစကားအရ သူမမ်က္ႏွာကလိုခ်င္တာရသြားသျဖင့္သူမေက်နပ္စြာၿပဳံးနိုင္ခဲ့ၿပီ။တစ္ညလုံးမအိပ္နိုင္ဘဲ ေစာင့္ဆိုင္းခဲ့ရက်ိဳးနပ္သည့္အလားၾကားရသည့္သတင္းက သူမလိုခ်င္တဲ့သတင္းသာျဖစ္သည္မို႔သာ။

ခပ္ညစ္ညစ္အၿပဳံးေတြနဲ႕ၿပဳံးေနခဲ့တဲ့ႏွိုင္းဧကရီ ေသခ်ာခ်င္ေသးသည္မို႔...........

"အေလာင္းကိုေကာ ေသခ်ာေဖ်ာက္ခဲ့လား"

"ဟုတ္ကဲ့"

"ေကာင္းၿပီစိုင္းလူ....ရွင့္တာဝန္လဲၿပီးၿပီဆိုေတာ့အိမ္ဘဲျပန္ခဲ့ေတာ့ အဲ့အိမ္ႀကီးမွာဆက္ေနစရာမလိုေတာ့ဘူး"

"ဟုတ္ကဲ့ပါ မမေလး"

ဖုန္းခ်သြားၿပီးေနာက္ ေအာင္နိုင္သူအၿပဳံးေတြနဲ႕ၿပဳံးေနတဲ့သူမ ေက်နပ္စြာဘဲသတိုးေခါင္ဘက္သို႔လွည့္၍..............

"အမွိုက္တစ္မွိုက္ေတာ့ရွင္းသြားၿပီကိုႀကီး၊ႏွိုင္းအရမ္းေပ်ာ္တာဘဲ"

"ညီမေလး​ေပ်ာ္ရင္ၿပီးတာပါဘဲ.....တစ္ညလုံးလဲမအိပ္ရေသးဘူးမွတ္လား သြားအိပ္ေတာ့ေလ"

"ဟင့္အင္း.....ႏွိုင္းေပ်ာ္လြန္းလို႔မအိပ္ခ်င္ေတာ့ဘူး".....႐ုတ္တရက္မ်က္လုံးေလးမ်ားဝင္းလက္သြားတဲ့သူမ........

"သိၿပီ ႏွိုင္းတို႔ဂုဏ္ျပဳပြဲေလးလုပ္ၾကမလား"

"ညီမေလးသေဘာေလ ကိုႀကီးကေတာ့ကိုႀကီးညီမေလးေပ်ာ္ရင္အဆင္ေျပတယ္"

"ဒါဆိုႏွိုင္းစီစဥ္လိုက္ေတာ့မယ္ေနာ္"

"အင္း"

သူခြင့္ျပဳတာနဲ႕ ဂုဏ္ျပဳပြဲစီစဥ္ဖို႔လုပ္ရမဲ့အစီအစဥ္ေတြကိုလက္ခ်ိဳးေရတြက္ရင္း ပီတိျဖာေနတဲ့ညီမျဖစ္သူရဲ႕လုပ္ရပ္ေတြ​ကိုသတိုးေခါင္မအံၾသေတာ့ပါ။လိုခ်င္တာကိုရေအာင္ယူတက္တဲ့မိန္းကေလးျဖစ္သလို သူမမပိုင္ဆိုင္ရရင္ဖ်က္ဆီးတက္တာသူမအက်င့္မို႔ ထိုအျပဳအမူေတြကသတိုးေခါင္အတြက္ရိုးအီလို႔ေတာင္ေနေလၿပီ။

~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~
"မုန့္ဖက္ထုပ္ပူပူေလးရမယ္.....မုန့္ဖက္ထုပ္ပူပူေလးရမယ္ဗ်ိဳ႕"

မနက္ခင္းေရာင္ျခည္ထြက္မလာေသးခင္ ျခင္းေတာင္းေလးအားလက္ကဆြဲၿပီး မုန့္လိုက္ေရာင္းေနတဲ့ကေလးတစ္ေယာက္ရဲ႕အသံကေတာ့ ပတ္ဝန္းက်င္တစ္ခြင္က်ယ္ေလာင္စြာထြက္ေပၚလာခဲ့သည္။အႏွစ္ပါတဲ့ျခင္းေတာင္းေလးကိုဆြဲၿပီး လမ္းတစ္ေလွ်ာက္ေအာ္ၿပီးေလွ်ာက္လွမ္းလာရာ တစ္ေနရာတြင္.........

"အင့္......ဟင့္.......ဟင္း.....ဟင္း"....တစ္ခ်က္တစ္ခ်က္တိုးလ်စြာထြက္ေပၚလာတဲ့ညီးၫူသံေလးေၾကာင့္ ထိုကေလးငယ္ရဲ႕ေျခလွမ္းမ်ားရပ္တန့္သြားရသည္။

"ဟင့္ .......ဟင္း"

ေသခ်ာနားေထာင္ေလေလပိုသိသာေလေလနဲ႕ ထြက္ေပၚေနဆဲညီးသံေလးေၾကာင့္သူလဲေၾကာက္စိတ္ဝင္မိတာေတာ့အမွန္။သူလဲညီးသံလာရာဘက္သို႔ မၾကည့္မိဖို႔ဆုံးျဖတ္ကာ မ်က္စိစုံမွိတ္ၿပီးေၾကာ​က္ေၾကာက္နဲ႕ျဖည္းျဖည္းျခင္းေလွ်ာက္လွမ္းေနသည့္တိုင္ေအာင္ မထိန္းခ်ဳပ္နိုင္တဲ့သိခ်င္စိတ္ေၾကာင့္အသံလာရာသို႔ ခ်ာခနဲလွည့္ၿပီးမွိတ္ထားတဲ့မ်က္လုံးမ်ားကိုျပဴးေနေအာင္ဖြင့္ၿပီး ထေအာ္သည္က........

"အား.......သရဲပူပူေလး....သရဲပူပူေလး"...ဟုသာ။

စိတ္ထဲစြဲေနသည့္မုန့္ေရာင္းေနက်ေအာ္ၿမဲေအာ္ေနတက္တဲ့စကားေလးနဲ႕ သစ္ပင္တစ္ပင္၌မွီထားတဲ့တစ္ကိုယ္လုံးေသြးမ်ားေပေနတဲ့လူတစ္ေယာက္ကိုျမင္ၿပီး လန့္ဖ်က္ကာထေအာ္ျခင္းရယ္ပါ။ေၾကာက္​ေနရွာတဲ့သူ႕ခမ်ာ ပါးမွေသြးမ်ားထြက္ကာတစ္ကိုယ္လုံးေသြးမ်ားေပက်ံေနတဲ့လူကိုျမင္ၿပီး ထြက္ေျပးဖို႔အသိဝင္ေသာ္လည္း ေျခလွမ္းေတြကလွမ္းလို႔မရေတာ့။ၾကက္သီးေမႊးညွင္းမ်ားထလ်က္သာ သူ႕ေရွ႕ကလူကိုၾကည့္ၿပီးတုန္ယင္လို႔ေနကာ........

"ဘယ္သူလဲ.....လူ.....လူ....လူလား"

ေပလႊာ့နားထဲထစ္ထစ္ေငါ့ေငါ့နဲ႕ၾကားေနရတဲ့အသံေလးေၾကာင့္ သူကိုယ္တိုင္ပင္ဘာျဖစ္ေနမွန္းနားမလည္နိုင္ေတာ့ပါ။သူဘဲေသၿပီလား၊ဒါမွမဟုတ္ ေသခါနီးလူတစ္ေယာက္ရဲ႕ထင္ေယာင္ထင္မွားစိတ္မ်ားလားပင္မသိေတာ့ေခ်။ေသခ်ာသည္က ​တဆစ္ဆစ္ထိုးကိုက္ေနတ​ဲ့ပါးျပင္ကဒဏ္ရာနဲ႕ နာက်င္ေနသည့္ဝမ္းဗိုက္ကဒဏ္ရာအျပင္ ေျခာက္ေသြ႕ေနတဲ့အာေခါင္မ်ားအရ စိတ္ရဲ႕ဆႏၵအတိုင္းေပလႊာ အားယူေျပာမိသည္က.............

"အင့္....ဟင္း.....ေရ....ေရေပးပါ"

ညီးသံေလးနဲ႕အတူထြက္ေပၚလာတဲ့စကားေလးေၾကာင့္ သစ္ပင္ေလးအားမွီၿပီးလဲေနတဲ့လူအနားသို႔ သူေၾကာက္စိတ္ကိုထိန္းခ်ဳပ္ၿပီးသာ တစ္လွမ္းျခင္းေလွ်ာက္လွမ္းရင္း ျခင္းေတာင္းထဲမွာအသင့္ပါလာတဲ့ေရဘူးေလးကိုထုတ္ၿပီး ေသြးမ်ားေပက်ံေနတဲ့ေပလႊာ့လက္ထံထည့္ေပးေလသည္။

တုန္ယင္ေနတဲ့လက္ကေလးေတြနဲ႕ လက္ထဲေရာက္ရွိလာတဲ့ေရဘူးကိုေပလႊာႀကိဳးစားဖြင့္တာေတာင္ သူ႕လက္မ်ားကမဖြင့္နိုင္။တစ္ကိုယ္လုံးနာက်င္ေနတ​ဲ့နာက်င္မႈမ်ားမွာ သူ႕လက္ကေလးမ်ားနာေနသည္ေၾကာင့္လား အားပင္မရွိေတာ့သည္ေၾကာင့္လားပင္မသဲကြဲ။စိတ္သြားတိုင္းကိုယ္မပါနိုင္တဲ့အဆုံး လက္ထဲကေရဘူးကိုသာေပလႊာလႊတ္ခ်လိဳက္ၿပီး မ်က္ရည္မ်ားပင္က်ေနမိ​ေတာ့သည္။

အေျခအေနကိုသေဘာေပါက္ဟန္ရွိတဲ့ကေလးငယ္က ေပလႊာလႊတ္ခ်လိဳက္တဲ့ေရဘူးေလးကိုအသာအယာ​ေကာက္ယူလိုက္ၿပီး...........

"ကြၽန္ေတာ္ဖြင့္ေပးရမလား"

မ်က္လုံးေလးကိုစုံမွိတ္ထားတဲ့ေပလႊာ ေခါင္းေလးၿငိမ့္ျပယုံကလြဲလို႔ဘာမွမလုပ္နိုင္။ခဏအၾကာ သူ႕ႏႈတ္ခမ္းအနားကပ္လာတဲ့ေရဘူးေလးကို အလိုက္သင့္ေသာက္ရင္းရင္ထဲမခ်ိစြာဘဲမ်က္ရည္မ်ားတသြသြင္သြင္စီးက်လ်က္ပါ။

"အင္း.....အဟင့္......ဟင့္.....ဟင့္"

ေရတိုက္ေနရတဲ့ကေလးငယ္ခမ်ာ ေရေသာက္ေနရင္းရွိုက္ႀကီးတငင္ထငိုေနရွာတဲ့ေပလႊာ့ကိုၾကည့္ၿပီးနားမလည္နိုင္ရွာ။ေရေသာက္ေနတာကိုရပ္လိုက္ၿပီး အတိုင္းအဆမရွိစီးဆင္းေနတဲ့မ်က္ရည္ေတြနဲ႕ ေသြးမ်ားေပက်ံေနတဲ့ေပလႊာကိုယ္ေလးကိုၾကည့္ၿပီး သနားသာေနမိေတာ့၏။ငယ္႐ြယ္ေသးတဲ့သူ႕အေနျဖင့္တက္နိုင္တေလာက္ကူညီဖို႔ဆုံးျဖတ္လိုက္ၿပီး ကေလးပီပီအားကိုးတစ္ကိုးႀကီးအကူအညီေတာင္းရန္ဆုံးျဖတ္လိုက္သည္က အနီးနားတစ္ဝိုက္မွာျဖတ္ေမာင္းေနတဲ့ကားမ်ားကိုသာ..........

"ဒီမွာလူတစ္ေယာက္ဒဏ္ရာရေနလို႔ဗ်......"ဆိုတဲ့စကားေလးကိုေအာ္ေနရင္း လက္ကေလးကိုေဝွ႕ရမ္းရင္းအကူအညီေတာင္းမိေနေသာ္လည္း.......

ဝူး...........

ေမာင္းထြက္သြားတဲ့ကားမ်ားကရပ္မေပး။တစ္စီးၿပီးတစ္စီးေမာင္းထြက္သြားတာေၾကာင့္ ကေလးငယ္လဲစိတ္ဓာတ္က်စျပဳလာကာ ေပလႊာ့ဘက္သို႔လွည့္ၾကည့္လိုက္ ကားကိုတားလိုက္နဲ႕သူ႕မ်က္ဝန္းေလးေတြထဲမွာေတာင္ မ်က္ရည္ေလးမ်ားဝဲစျပဳလာသည့္သဖြယ္။

"ကူညီၾကပါဦးဗ်ာ......ကူညီၾကပါဦး....အဟင့္၊ဒီမွာလူတစ္ေယာက္ဒဏ္ရာရေနလို႔ပါဗ်ာ......အဟင့္.....ေတာင္းပန္ပါတယ္.....ေတာင္းပန္ပါတယ္ကူညီၾကပါဗ်ာ"

ေနာက္ဆုံးသူဘယ္ေလာက္ဘဲတားေနပါေစ ရပ္တန့္ေပးျခင္းမရွိတဲ့ကားမ်ားေၾကာင့္ ဝမ္းနည္းတစ္ပန္းဘဲထိုင္ငိုမိေတာ့သည္။

ထိုအခ်ိန္...........

ဝူး...........ကြၽီး..............

သူ႕ေရွ႕တည့္တည့္အရွိန္နဲ႕ထိုးရပ္လာတဲ့ ကားေလးတစ္စီးေၾကာင့္ေခါင္းေလးငုံ႕ကာထိုင္ငိုေနတဲ့ကေလးငယ္ မ်က္ရည္အဝဲသားေလးျဖင့္ေခါင္းေလးသာေမာ့ၾကည့္ေလသည္။ခ်ိဳ႕တဲ့ၿပီးငယ္႐ြယ္တဲ့သူ႕အေတြးထဲမွာ ကားအေကာင္းစားႀကီးကလြဲလို႔ဘာမွမသိေပမဲ့ ကားထဲကဆင္းလာတဲ့လူရဲ႕အၾကည့္ေတြနဲ႕အၿပဳံးေတြကိုျမင္ၿပီး အားကိုးတစ္ႀကီးနဲ႕ထရပ္လိုက္ခ်ိန္...........

"ဘာလို႔ငိုေနတာလဲခ်ာတိတ္"ဆိုေလတဲ့ ထိုလူ။မ်က္ဝန္းနက္နက္ေတြနဲ႕ ပါးခ်ိဳင့္ေလးေတြခြက္ဝင္တဲ့အထိၿပဳံးေနတဲ့ထိုလူရဲ႕အၿပဳံးေတြက အသက္ဝင္သလိုရွည္လ်ားတဲ့လက္တံေျခတံမ်ားကို ပိုင္ဆိုင္ထားတဲ့ထိုလူရဲ႕လက္မ်ားက ကေလးငယ္ရဲ႕ဆံပင္မ်ားကိုဖြရင္းၿပဳံးကာေမးလာေသာအခါ.........

"ဟိုမွာလူတစ္ေယာက္ဒဏ္ရာရေနလို႔ဗ်.....ကြၽန္ေတာ္အကူအညီေတာင္းတာဘယ္သူမွလဲမကူညီၾကဘူး.....အဟင့္......ဟင့္"......ကေလးငယ္က ေပလႊာ့ကိုလက္ညိုးေလးထိုးျပရင္းငိုသာငိုေနရွာသည္မို႔ ထိုလူရဲ႕အၾကည့္ေတြကေပလႊာ့ဆီအၾကည့္ေရာက္သြားေလသည္။ၿပီးမွ သူ႕ေရွ႕ကကေလးငယ္အားၿပဳံးၿပဳံးေလးျဖင့္ထေျပာသည္က.......

"ဘယ္သူမွမကူကူညီညီ အကိုကူညီမွာေပါ့"တဲ့။

ႏွစ္ေယာက္သား ေပလႊာ့အနားလာၿပီး ေပလႊာ့မ်က္ႏွာကဒဏ္ရာေလးကို ထိုလူမထိတထိေလးကိုင္တြယ္ကာေငးေမာေနခဲ့၏။ေနာက္မွ ကေလးငယ္ဘက္တစ္ခ်က္ၿပဳံးျပၿပီး ေပလႊာ့ကိုယ္ေလးအားေဆြ႕ခနဲ႕ေပြ႕ခ်ီလိုက္ကာ ကေလးငယ္နဲ႕အတူကားဆီသို႔ေလွ်ာက္လွမ္းသြားေလသည္။

ဝိုးတိုးဝါးတားအသံမ်ားနဲ႕အတူ သူ႕အားေပြ႕ခ်ီလိုက္တာကလြဲလို႔က်န္တာေတြေပလႊာဘာမွမသိေတာ့ေလာက္ေအာင္ၿမိန္းေမာသြားေလၿပီ။ဟုတ္သည္......သူပင္ပန္းေနၿပီ။
~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~
"အဖိုး"

မနက္ေစာေစာထမင္းစားခန္းထဲ၌ တစ္စုံတစ္ရာကိုအလိုမက်တဲ့မ်က္ႏွာနဲ႕အတူ စူးစူးဝါးဝါးထေအာ္လိုက္တဲ့ယြန္းမွီအသံက အခန္းတြင္းပ်ံ့ႏွံ႕သြား၏။ဤအေနမ်ိဳးေရာက္လာမယ္ဆိုတာ ဦးေသာ္ကခန့္မွန္းၿပီးသားပါ။ေပလႊာေပ်ာက္ရင္ တုန္ျပန္လာမဲ့ယြန္းမွီရဲ႕ေဒါသေတြကိုသူလဲရင္ဆိုင္ဖို႔အသင့္ဘဲ။ဒါေၾကာင့္ သူ႕နာမည္ေခၚလ်က္ထြက္ေပၚလာတဲ့သူမရဲ႕ေအာ္သံၾကားတာေတာင္ တည္ၿငိမ္စြာပင္။ေကာ္ဖီအေသာက္မပ်က္ မုန့္စားမပ်က္ေပ။

"အဖိုး....ေပလႊာဘယ္မွာလဲ"

ယြန္းမွီ ေပလႊာ့အခန္းနဲ႕တစ္အိမ္လုံးအႏွံ႕လိုက္ရွာတာေတာင္မေတြ႕ရေပ။အိမ္အကူမ်ားကိုေမးေတာ့လည္း မည္သူ႕ေမးေမးမျမင္ဘူးမသိဘူးကလြဲလို႔ ဘာမွမသိရသျဖင့္သူမရင္မ်ားအေတာ္ေလးပူေလာင္လွၿပီ။တစ္ခုထဲေသာစိုးရိမ္စိတ္နဲ႕ျဖစ္နိုင္ေျခအမ်ားဆုံးကလဲ ဦးေသာ္ကကိုဘဲဦးတည္ေနသည္မို႔ေမးလိုက္ျခင္းသာျဖစ္၏။

ေသာက္လက္စေကာ္ဖီခြက္ကိုခ်ၿပီး သူမအားေစ့ေစ့ၾကည့္၍ဦးေသာ္ကျပန္ေျဖသည္က..........

"အဖိုးက အဲ့ေကာင္ေလးကိုသမီးလိုအေရးစိုက္ၿပီး အရိပ္တၾကည့္ၾကည့္ၾကည့္ေနမယ္ထင္လို႔လား၊သူေပ်ာက္တာအဖိုးနဲ႕ဘာဆိုင္လို႔လဲ"

"ေပလႊာ့ကိုမွီ့ထက္အဖိုးကပိုၿပီးအေရးစိုက္တယ္ဆိုတာ ဝန္ခံလိုက္စမ္းပါအဖိုး၊တစ္ျခားလူေတြကို....အဖိုးညာရင္ညာလို႔ရမယ္.....မွီ့ကိုညာလို႔ရမယ္မထင္နဲ႕"

ေဒါသျဖင့္ေျပာေနတဲ့ယြန္းမွီအသံက အခန္းတြင္းဟိန္းလို႔ေနကာသူမမ်က္ႏွာကလဲမာန္အျပည့္ျဖင့္သာ။

"မွီ့ကိုအမွန္အတိုင္းေျပာပါအဖိုး ေပလႊာဘယ္မွာလဲ....ေပလႊာဘယ္မွာလဲ"

ေအာ္ဟစ္ငိုယိုကာေမးေနတဲ့သူမရဲ႕အေမးမွာ ဦးေသာ္ကျပန္ေျဖျခင္းမရွိသည့္အျပင္မ်က္ႏွာသိသိသာသာပ်က္လို႔ေန၏။ဤအေျခအေနကိုရင္ဆိုင္ေျဖရွင္းနိုင္မယ္လို႔သူေတြးထားေသာ္လည္း တကယ္တမ္းသူမရဲ႕ေဒါသနဲ႕ေျပာေနတဲ့အေျပာေတြအျပင္မ်က္ရည္မ်ားပါျမင္ရေတာ့ သူဘာမွေျပာမထြက္ေတာ့။လိမ္ေျပာဖို႔ပင္မရဲေတာပါ။ေခါင္းကိုငိုက္စိုက္ခ်ၿပီးေကာ္ဖီကိုဘဲဆက္ေသာက္ေနေလသည္။

"ဟင့္ ....ေပလႊာဘယ္မွာလဲအဖိုးရယ္....မွီ့ကိုေျပာျပပါ။အကိုနိုင္းျပန္လာလို႔ ေပလႊာ့ကိုမေတြ႕ရင္မွီ့ကိုအကိုနိုင္းစိတ္နာသြားမွာ......အဖိုး ေပလႊာ့ကိုဘယ္မွာဝွက္ထားတာလဲဟင္"

"အို......မသိပါဘူးဆိုဘာလို႔ေမးေနရတာလဲ ညီမေလးရယ္"

ထြက္ေပၚလာသည့္အသံက ဦးေသာ္ကရဲ႕ေျဖသံေတာ့မဟုတ္ခဲ့။ထမင္းစားခန္းအတြင္း သူမအားေလွာင္ျပဳၿပဳံးၿပီးဝင္လာတဲ့ႏွိုင္းဧကရီနဲ႕ သတိုးေခါင္အျပင္ ရင္းႏွွီးလွတဲ့မ်က္ႏွာထားနဲ႕ေယာက်ာ္းတစ္ေယာက္သာ။

"ရွင္တို႔......ရွင္တို႔ မဟုတ္မွ......"

"အဲ့လိုမ်က္လုံးႀကီးေတြနဲ႕မၾကည့္ပါနဲ႕ညီမေလးရယ္ မမကဒီအတိုင္းေျဖလိုက္ယုံပါ"

"ရွင့္ပါးစပ္ကိုပိတ္ထား"

"ဟြန္း သေဘာဘဲေလ"

"ဟိုလူ....ရွင္ ရွင္ဟိုတစ္ေယာက္မဟုတ္လား"

စိုင္းလူကိုလက္ညိုးထိုးၿပီး ေမးေနတဲ့ယြန္းမွီရဲ႕မ်က္ႏွာဝယ္အမုန္းတရားမ်ားထင္ဟပ္ေပၚလြင္ေနခဲ့သည္။အရင္ကမ်က္မွန္ထူထူႀကီးနဲ႕ ပုဆိုးခပ္တိုတိုဝတ္တက္တဲ့သူ႕ကို ႏွိုင္းဧကရီတို႔ေမာင္ႏွမအနားမွာတစ္ျခားပုံစံတစ္မ်ိဳးနဲ႕ေတြ႕လိုက္ရခ်ိန္ သူမေခါင္းထဲအေတြးေပါင္းမ်ားျပည့္ႏွက္ကာ ရင္ဘက္တစ္ခုလုံးလဲစုတ္ျပတ္ေနသည့္ပမာနာက်င္လို႔ေနသည္။

စိုင္းလူမွာေတာ့ သူ႕အားမုန္းတီးမႈမ်ားျဖင့္ၾကည့္ေနတဲ့သူမရဲ႕အၾကည့္ေတြမွာေရွာင္ဖယ္ကာ သူ႕စိတ္သူမလုံ၍မ်က္ႏွာဘဲလႊဲလို႔ေနခဲ့သည္။သူမ သူ႕အားလက္ညိုးထိုးၿပီးေမးခ်ိန္ ေပလႊာ့အားဓားျဖင့္ထိုးခဲ့စဥ္ကျမင္ကြင္ကလဲ မ်က္လုံးထဲရိပ္ခနဲ။

ႏွိုင္းဧကရီ သူမနဲ႕မ်က္ႏွာျခင္းမွာငိုေနတဲ့ယြန္းမွီအား ေလွာင္ၿပဳံးၿပဳံး၍အၾကည့္လႊဲကာ စားပြဲမွာထိုင္ေနတဲ့ဦးေသာ္ကအားဖိတ္စာတစ္ေစာင္ကမ္းေပးကာ.......

"ဒီဂုဏ္ျပဳပြဲက အဖိုးနဲ႕လဲဆိုင္လို႔မျဖစ္မေနတက္ေရာက္ပါေနာ္ ႏွိုင္းတို႔ေမွ်ာ္ေနမယ္"

"မင္း...."

သူမကမ္းေပးလာတဲ့ဖိတ္စာကိုျမင္ၿပီး ဦးေသာ္ကအံၾသမဆုံးေတာ့ပါ။သူဖိတ္စာကိုပင္ယူလိုက္ဖို႔မရဲဘဲ မ်က္ႏွာေလးကိုအုပ္ၿပီးမ်က္လုံးေလးေပၚယုံျဖင့္ သူတို႔အားၾကည့္ရင္းအသံတိတ္ငိုေနတဲ့ယြန္းမွီအၾကည့္ေတြကေၾကာက္မက္ဖြယ္ရာ။သူ႕အားဘယ္ေလာက္ေဒါသထြက္ထြက္ ထိုအၾကည့္မ်ိဳးေတြနဲ႕မၾကည့္ဖူးတဲ့သူမရဲ႕အၾကည့္ေတြက မုန္းတီးမႈ႐ြံရွာမႈတို႔ျပည့္ႏွက္ေနတာေၾကာင့္ ဦးေသာ္ကပင္မ်က္ရည္မ်ားဝဲတက္လို႔သာ......။

"အဖိုးကိုမွီအရမ္းမုန္းတာဘဲ.....အဟင့္....ဟင့္ မွီ...ေပလႊာ့ကိုသြားရွာမယ္ဆိုကာ"....ငိုၿပီးေျပးထြက္သြားတဲ့ယြန္းမွီ ေျခဗလာျဖင့္အိမ္ထဲကေျပးထြက္လို႔သြားေလသည္။

"သမီး....ေနဦး"

ဂ်ီ.......ဒုန္း.......

ဦးေသာ္က သူ႕အားကမ္းေပးေနတဲ့ဖိတ္စာေလးအားကိုပုတ္ထုတ္ၿပီး ယြန္းမွီေနာက္သာအေျပးလိုက္သြားေလသည္။သူအျပင္ကိုေရာက္ခ်ိန္ အျဖဴေရာင္ဂါဝန္ေလးနဲ႕ေျခဗလာျဖင့္ေျပးထြက္သြားတဲ့သူမေလးက ၿခံရဲ႕အျပင္ကိုေတာင္ေရာက္လို႔ေနၿပီ။

ကံမေကာင္းတာတစ္ခုက..........

ကြၽီး...........ဒုန္း..........

သူမဆီတည့္တည့္ဝင္လာတဲ့ အရွိန္ျဖင့္ေမာင္းလာတဲ့ေမာင္းလာတဲ့ကားတစ္စီးကိုျမင္ေတြ႕လိုက္ရခ်ိန္ ယြန္းမွီေရွာင္ခ်ိန္ပင္မရလိုက္။အ႐ုပ္ေလးတစ္႐ုပ္အားေလထဲျမႇောက္ပစ္လိုက္သည့္အတိုင္း တခဏမွ်ေလထဲျမႇောက္တက္သြားၿပီး..........

"အာ့....."....ကားလမ္းထက္ျပန္က်ခ်ိန္ သူမရဲ႕ေခါင္းမွတသြင္သြင္စီးဆင္းလာတဲ့ေသြးမ်ားကရပ္တန့္ျခင္းမရွိေတာ့။ေသြးမ်ားသူမခႏၶာကိုယ္တစ္ဝိုက္ေခ်ာင္းစီးလို႔သာ.......။

"သမီး......"

ေသြးအိုင္ထဲ၌လဲေနတဲ့အျဖဴေရာင္ဂါဝန္ေလးကိုဝတ္ဆင္ထားတဲ့ေျမးျဖစ္သူကိုျမင္ေတြ႕လိုက္ရာ ဦးေသာ္ကကမာၻပ်က္မတက္ပင္။ေျခဗလာေလးနဲ႕ျဖဴေဖြးေနတဲ့ေျခေထာက္ေလးေတြနဲ႕သူမရဲ႕ျဖဴဉေနတဲ့ခႏၶာကိုယ္ေလးကိုေသြးအိုင္ထဲ၌ျမင္ရသည့္ျမင္ကြင္းက ရင္နင့္ဖြယ္။ဦးေသာ္က အလ်င္စလိုေျပးၿပီးသာလဲေလ်ာင္းေနတဲ့သူမရဲ႕အနားပစ္ထိုင္ခ်ၿပီး ေသြးမ်ားထြက္ေနဆဲသူမကိုယ္ေလးအားေပြ႕ခ်ီလိုက္ေလ၏။ၿပဳံးၿပဳံးေလးနဲ႕ မ်က္ရည္ေလးမ်ား႐ႊဲေနတဲ့သူမရဲ႕အၾကည့္ေတြက သူ႕အားေျခာက္လွန့္ေနသည့္သဖြယ္။

"မွီ....သမီးေလး"

အသက္လုၿပီးအသက္ရႈေနရတဲ့သူမ ဦးေသာ္ကရဲ႕လက္ေတြအားဆုပ္ကိုင္ၿပီးတိုးလ်တဲ့ေလသံတစ္ခ်ိဳ႕နဲ႕အတူ.........

"မွီ.......မွီေလ....မွီအဖိုးကိုျပန္.....ျပန္ေျပာလို႔....အား.....ငရဲ ...ငရဲႀကီးတာထင္....ထင္ပါတယ္အဖိုးရယ္"

"မဟုတ္ဘူး....မဟုတ္ဘူး ဒီအဖိုးမေကာင္းတာပါကြယ္။စကားေတြမေျပာနဲ႕ေနာ္ အဖိုးတို႔ေဆး႐ုံသြားၾကမယ္"

ဦးေသာ္ကထဖို႔ျပင္လိုက္ေပမဲ့ သူမရဲ႕ေသြးမ်ားေပေနတဲ့လက္ေတြကဦးေသာ္ကရဲ႕အကၤ်ီျဖဴျဖဴေလးကိုဆြဲထားလ်က္........

"မ....မသြားပါနဲ႕...အဖိုးရယ္။မွီ့ကို....မွီ့ကိုဖက္ထားပါလားဟင္....မွီ....မွီေလ ေနာက္ဆုံးအေနနဲ႕....အဖိုးဆီက.....အား....ေႏြးေထြးမႈေလးကို....ခံစား ခံစားခ်င္လို႔ပါ"

"သမီးရယ္ ဒီအဖိုးႀကီးကိုခြင့္မလြတ္ပါနဲ႕....အဟင့္....ဟင့္။အဖိုး သမီးနဲ႕နိုင္းကိုအရမ္းခ်စ္တာပါကြာ သမီးတို႔ေကာင္းဖို႔အဖိုးႀကိဳးစားေနခဲ့တာ"

သူမအားတင္းၾကပ္စြာေထြးပိုက္ထားတဲ့ဦးေသာ္ကရဲ႕ရင္ခြင္က ေႏြးေထြးမႈအျပည့္ပါ။ေနာက္ဆုံးေတာ့သူမလဲေႏြးေထြးတဲ့ရင္ခြင္မွာ ခိုလံႈခြင့္ရခဲ့ၿပီ။အမုန္းတရားေတြမရွိ ပကာသနေတြကိုအေလးမထားတဲ့အဖိုးတစ္ေယာက္ရဲ႕ရင္ခြင္မွာေပါ့။

"အဖိုး"

"ေျပာ.....ေျပာေလသမီး"

"အ....အကို...အား.....အကိုနိုင္းကို ေပ်ာ္႐ႊင္ခြင့္ေပးလိုက္ပါအဖိုးရယ္။အကို....အကို...အား.....အကိုနိုင္းနဲ႕ေပလႊာကို မ....မ....မေႏွာက္ယွက္ပါနဲ႕ေနာ္။မွီ....မွီ့ကို က....ကတိေပးပါလားဟင္"

ဦးေသာ္ကျပန္ေျဖဖို႔ပင္ေျပာစရာစကားမရွိေတာ့ပါ။သူကိုယ္တိုင္ဘဲေပလႊာ့မ်က္ႏွာအား ဓားျဖင့္ထိုးစိုက္၍ရက္ရက္စက္စက္သတ္ခိုင္းခဲ့ေလရာ ေသသြားတဲ့လူတစ္ေယာက္နဲ႕နိုင္းကိုမေႏွာက္ယွက္ဖို႔ သူအဘယ္သို႔ကတိေပးလိုက္ရမလဲပင္မသိေတာ့။သူ႕ရင္ခြင္ထဲမွာေသြးမ်ားအလိမ္းလိမ္းထြက္ေနတဲ့ သူမေလးကိုၾကည့္ၿပီး ေနာင္တတရားတို႔နဲ႕အတူရင္နင့္စြာ......။

"က....ကတိေပးပါအဖိုးရယ္....မွီ.....မွီအကိုနိုင္းကို အရမ္းေပ်ာ္ေစ....ေပ်ာ္ေစခ်င္တာ"

"အဖိုးကတိေပးပါတယ္ကြယ္"

"ဟင္း.....မွီေလ မိဆုံဖဆုံနဲ႕....အရမ္း အရမ္းေနခ်င္တာဘဲအဖိုးရယ္။ေနာင္ဘဝမ်ားရွိရင္ေလ မွီ့ကို...မွီ့ကိုထားမခဲ့တဲ့ေဖေဖရယ္ ေမေမရယ္....အား....အဖိုးေတြအဖြားေတြနဲ႕အ....အရမ္း....အရမ္းေနခ်င္တာဘဲ"

"သမီးရယ္"

သူမဘဝတစ္ေလွ်ာက္လုံးနဲ႕ ေနာက္ဆုံးအခ်ိန္ေမွ်ာ္လင့္ဆုံးက ေႏြးေထြးျပည့္စုံတဲ့မိသားစုတစ္ခု။ဒီဘဝမွာ သူမရခဲ့ျခင္းမရွိတဲ့မိသားစုတစ္ခုဘဲျဖစ္သည္။ျပာလဲ့ေနတဲ့ေကာင္းကင္ႀကီးကိုေငးၾကည့္ရင္းၿပဳံးေနတဲ့သူမရဲ႕ မ်က္ဝန္းေလးေတြကမွိတ္သြားသည္လည္းမရွိခဲ့။ေနာက္ဆုံးေတာ့ၿပဳံးၿပဳံးေလးနဲ႕ဘဲ သူမဒီဘဝႀကီးကလြတ္ေျမာက္သြားခဲ့ၿပီ။ၿငိမ္သက္သြားတဲ့ကိုယ္ေလးရဲ႕ႏွလုံးခုန္သံေလးကအစ ထာဝရရပ္တန့္သြားေလ၏။

~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

96K 4.2K 33
မိုရ် ရယ် ၊ အညို ရယ်၊ ချစ်သောပင်လယ်ကြီးရယ် ၊ တော်ပြီလေ ဘဝက ဒီလောက်ဆိုရင်ကို နေပျော်စရာကောင်းနေပါပြီ ။ မိုရ္ ရယ္ ၊ အညိဳ ရယ္၊ ခ်စ္ေသာပင္လယ္ႀကီးရယ္ ၊...
5.5K 177 5
" There are no happy endings. Endings are the saddest part "~ Once focused, the arrow flies out of the bow's grasp towards its target. But, what afte...
8.4K 288 21
ဥဩ က စာမတတ်ပါဘူး ကိုမင်းမာန်ထွဋ်ခေါင် လူ့ အသိုင်းအဝိုင်းရဲ့မျက်နှာစာ ငွေဆိုတာလဲ ဥဩမှာ မရှိနေပါဘူး.. ဥဩကို ခွင့်လွှတ်ပေးပါ..
1.5M 100K 70
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...