Unicode
အချိန်အခါမဟုတ် ရွာတဲ့မိုးက မထင်မှတ်ထားလောက်အောင်ကို သည်းထန်လွန်းတယ်။ မိုးတင်မကဘဲ လေပါ ပါလာတဲ့အခါ အေးစက်မှုက တဟုန်ထိုး ဝင်ရောက်လာခဲ့တယ်။ လျှပ်စီးကြောင်းတွေ တဖြတ်ဖြတ်နဲ့ မိုးအမှောင်ကျနေသော ကောင်းကင်ယံက လင်းထင်းလျှက် ရှိသည်။
တစ်ချက်တစ်ချက် ခြိမ်းလိုက်သော မိုးခြိမ်းသံကြောင့် စောင်ကိုကိုင်ထားတဲ့ လက်လေးက ခဏတိုင်း တုန်တုန်ယင်ယင်ဖြစ်ကာ စောင်ကို ကျစ်ကျစ်ပါအောင် စွဲထားလျှက်..။
*တော်ပါတော့....မရွာပါနဲ့တော့...*
သူဘယ်လောက်ပဲ တောင်းဆိုပါစေ ရပ်ပေးမယ့်ပုံ မပေါ်သော မိုးကတော့ သူ့ရဲ့တောင်းဆိုမှုတွေကို လျစ်လျူရှုကာ ပိုတောင်မှ သည်းထန်လာခဲ့သေးသည်။
*မိုးရွာတိုင်း ဖြစ်ပေါ်လာရတဲ့ ခံစားချက်တွေကို ကြောက်လွန်းလို့ပါ*
*နာကျင်လွန်းလို့ပါဗျာ....*
တစ်ယောက်တည်း ရေရွတ်နေသော Jiminရဲ့ ပါးပေါ်မှာ မျက်ရည်တို့ တသွင်သွင် စီးကျလျှက်.....
မိုးရွာတိုင်း ဘယ်ဘက်ရင်အုံဆီက တဆစ်ဆစ်နဲ့ ဖြစ်ပေါ်လာတဲ့ နာကျင်မှုက အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ
ခုချိန်ထိ အသားမကျနိုင်သေးပေ။
အမြဲတမ်း နာကျင်ရတယ်၊ ခံစားရတယ်။
တော်သင့်ပြီလေ Jiminရယ် ဘယ်နနှစ်တောင်ရှိခဲ့ပြီလဲ...
၅နှစ်တောင် ကြာခဲ့ပြီပဲ..အတိတ်တွေထဲက ရုန်းမထွက်နိုင်သေးဘူးလား။
မှန်ကို ကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်ရင်း အပြင်သွားဖို့အတွက် ပြင်ဆင်လိုက်သည်။
ဘယ်လောက်ပဲ နာကျင်ပါစေ..
ဘယ်လောက်ပဲ ပြိုလဲပါစေ..
ဘယ်လောက်ပဲ ခံစားရပါစေ..
ဘယ်သူမှ မသိစေရဘူး။
အဓိကက တစ်ယောက်သောသူ လုံးဝ မသိစေရဘူး။
ကိုယ်လုံးပေါ်မှန်ကို တစ်ချက်ကြည့်ပြီး အပြီးသတ် ပြင်ဆင်မှုအနေနဲ့ နေကာမျက်မှန်တစ်လက်ကို တပ်ကာ အခန်းပြင်ထွက်လိုက်တာနဲ့
ခက်ထန်သော မျက်နှာကို တန်း ဆင်မြန်းလိုက်သည်။
ဒါပဲလေ Park Jiminဆိုတာ..။
သူ့ရဲ့ ကိုယ်ပိုင် အခန်းငယ်လေးထဲမှာ ဘယ်လောက်ထိ ကျရှုံးနေပါစေ..
အပြင်ထွက်လို့ အားလုံးနဲ့ ဆုံတွေ့တဲ့အခါ အရှုံးမရှိ အမြဲအနိုင်ရထားသူအသွင်ဖြင့်..
ဟန်ဆောင်ခြင်း အတတ်မှာတော့ တဖက်ကမ်းခတ် ကျွမ်းကျွမ်းကျင်ကျင် ရှိလှသည်။
♧♧♧♧♧♧♧♧♧♧♧♧
"Jimin.. ဒီနေ့ အလုပ်နားလာတာလား"
"အင်း"
လိုအပ်သည်ထက် ပိုမပြောသော စကားအသွားအလာကိုကြည့်ကာ သူနားလည်လိုက်သည်။ ညက မိုးသည်းပုံမျိုးနဲ့ Jiminရဲ့ အတိတ်တွေ အသစ်ပြန်ဖြစ်ခဲ့ပြီ ထင်ပါရဲ့။
တခြားသူတွေရှေ့မှာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းပါစေ..
သူကတော့ အားလုံးကို သိနေခဲ့သည် မဟုတ်လား။
မွေးတည်းကမဟုတ်ပေမယ့် ကလေးပေါက်စဘဝကတည်းက မခွဲအတူ ရှိလာခဲ့တော့ Jiminဘာဖြစ်နေလဲဆိုတာကို ကြည့်လိုက်ရုံနဲ့ တန်းသိနိုင်တာ Kim Taehyungအပြင် မရှိ။
ဘီယာခွက်ကို တစ်ကျိုက်တည်း မော့ချကာ ရင်ထဲက ဝေဒနာတွေအား ဖြေဖျောက်နေသော သူငယ်ချင်းဖြစ်သူကို မတားဘဲ ကြည့်နေလိုက်သည်။ တားလည်း ရမှာ မဟုတ်သလို မတားချင်တာဆိုရင်လည်း ပိုမှန်ပါလိမ့်မယ်။
ဒီလိုမျိုးက Jiminရဲ့ နာကျင်မှုတွေကို အနည်းငယ် လျော့ပါးစေနိုင်တယ်ဆိုရင် သူကျေနပ်လိုက်ရတာပေါ့။ ငယ်ငယ်တည်းက ပေါင်းလာခဲ့တဲ့ Jiminဟာ စိတ်ညစ်ရင်လည်း အရက်သောက်၊ ပျော်ရင်လည်း အရက်သောက်၊ ဘာမှမဖြစ်လည်း သောက်ချင်စိတ် ပေါ်လာပြီဆိုရင် အရက်သောက်လေ့ရှိသည်။
မူးယစ်စေသောအရာကို နှစ်သက်နေတဲ့
ကြွက်တွင်းလေးကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။
ဒီလောက်သောက်နေတာ Jiminရဲ့ အသည်းက အကောင်းတိုင်းရှိပါတော့မလား။
သူလည်း ဘာထူးလဲ။ Jiminနဲ့ အတူ သောက်ပေးပါများပြီး သူ့အသည်းလည်း ကောင်းချင်ပါတော့မလား။
အတွေးများနေတုန်း Jiminက အရက်ပြင်းပြင်း တစ်ခွက်ကို ထပ်မှာကာ အကုန်မော့ချတော့မလို လုပ်နေလို့
"Jimin..နားအုန်းလေကွာ..ဆက်တိုက်ချည်း"
"ဘာမှမဖြစ်ဘူး Taehyung...အေးဆေးပါကွာ"
ဒီသူငယ်ချင်းလေးဟာဖြင့် ခေါင်းမာလွန်း အားကြီးတယ်။ သူလည်း နိုင်အောင် မထိန်းနိုင်ဘူး။ ဘေးနားက စောင့်ကြည့်ပေးရုံသာ။
"Jiminရယ် အဲ့လောက်ထိ ချစ်ရဲ့သားနဲ့ ဘာလို့များ လိမ်နေရတာလဲ.."
"ဟက်...ဘယ်သူက ချစ်လို့လဲ ..မချစ်ဘူး..မုန်းတယ်"
လိမ်ညာနေပြန်ပြီ။ ကိုယ့်နှလုံးသားကို လိမ်ညာနေရတာ ဘယ်လောက်တောင် ကောင်းလို့ ရှေ့ဆက်နေရတာလဲ။
Jiminဆိုသည်မှာ မချစ်တာလည်း မဟုတ်ဘူး။ မာနကို ရှေ့တန်းတင်ပြီး ကိုယ့်နှလုံးသားကို ကိုယ်ကိုယ်တိုင် ဓါးနဲ့မွှန်းတဲ့ လူမျိုး။
အားလုံးကို သိနေပြီးသား Taehyungရှေ့မှာတောင် ဗြောင်လိမ်ဗြောင်စားနဲ့ ငြင်းသည်။
မချစ်ဘူး..မုန်းတယ်တဲ့။
အဲ့ဒီ မုန်းတယ်ဆိုတဲ့စကားနောက်မှာ သိပ်ချစ်ပါတယ်ဆိုတဲ့ အရာ ရှိနေသေးတယ်ဆိုတာကို Jiminအပြင်သိတာဆိုလို့ Taehyungတစ်ယောက်တည်းရယ်။
အေးလေ...တစ်ယောက်သော သူကတော့ ဘယ်သိပါ့မလဲ။
နေနိုင်လွန်းတဲ့သူ...သူနဲ့ကိုယ်ကြား ဒီလိုတွေဖြစ်ထားတာတောင် ဘာမှမဖြစ်သလို ခေါ်ပြောနေတာ မကောင်းတဲ့အကောင်။
"Jeon Jungkook မကောင်းတဲ့ကောင်ကြီး...ငါ မင်းကို မုန်းတယ်"
ပြောပြီးဆို ခုံပေါ်မှာ မှောက်သွားသော ကြွက်တွင်းလေးအား ဘာမှမပြောတော့ဘဲ စိုက်ကြည့်နေလိုက်တော့သည်။
သောက်ထားသည့် ခွက်ပေါင်းများစွာကလည်း တကယ့်အပြင်းစားတွေချည်းပဲ။
ခဏအကြာ Jiminရဲ့ ပါးပေါ်မှာ စီးဆင်းလာတဲ့ မျက်ရည်တို့ကို Taehyungလက်ဖြင့် အသာအယာ သုတ်ပေးလိုက်သည်။
"ဒီလောက်ခံစားရရင် တော်ပြီပေါ့ Jiminရယ်..
တကယ်မချစ်ဘဲ နေနိုင်တာလည်း မဟုတ်ဘဲ။
မာနကို နည်းနည်းလောက် ဖြစ်ဖြစ် လျော့လိုက်ပါတော့လား"
သူပြောလည်း ကြားမှာမဟုတ်တော့တဲ့ သူငယ်ချင်းရဲ့ ကိုယ်ငယ်လေးကို ပွေ့ကာ အိမ်ပြန်လိုက်ပို့ပေးခဲ့လိုက်သည်။
ကိုယ်ငယ်လေးကို အိပ်ယာထက် ညင်သာစွာ ချပေးလိုက်ပြီး စောင်ပါးလေးတစ်ထည် ဆွဲခြုံပေးလိုက်သည်။
ခုထိ မျက်ရည်တွေ မစဲသေးသူလေးကို ကြည့်ကာ
"Jiminရယ် မင်းနာကျင်နေရတာ ငါ
မကြည့်ချင်တော့ဘူး...
မင်းရဲ့ နာကျင်မှုတွေ ဒီလောက်နဲ့ပဲ ရပ်တန့်နိုင်ရင် ကောင်းမယ်ကွာ"
အိပ်ပျော်နေသူလေးအား တစ်ချက်ကြည့်ကာ အခန်းမီးလေးကို မှိတ်ပြီး ထွက်လာခဲ့လိုက်သည်။
ထို့နောက်တွင် သူငယ်ချင်းတွေ စုဆုံရာဖြစ်တဲ့ ဘားလေးဆီသို့ ကားလေးကို ဦးတည်လိုက်သည်။
"Taehyung...လာပြီလား..Jiminကော"
မေးလိုက်သော Hoseokကို တစ်ချက်ကြည့်ပြီး အကြည့်တွေကို Jungkookဆီ ဦးတည်လိုက်သည်။
"အိပ်နေပြီ..ပါမလာဘူး"
"အေးပါကွာ..နောက်မှ ထပ်တွေ့တာပေါ့ သူနဲ့..."
Hoseokက အေးအေးဆေးဆေးပြောနေသလို
ဘေးက Jungkookကလည်း အေးဆေးစွာနဲ့ ဘီယာသောက်မပျက်။
သူ့မှာသာ..ကြားထဲက မနေနိုင် မထိုင်နိုင် ဖြစ်နေတာ။
Jiminအတွက် မေးလာမယ့်စကားကို Jungkookဆီက မျှော်လင့်နေမိတာ။
မဖြစ်နိုင်မှန်း သိရက်နဲ့လေ...။
မင်းတို့နှစ်ယောက်ကိုတော့ နားကိုမလည်ဘူး။
ဟိုတစ်ယောက်ကလည်း သေလောက်အောင် ချစ်နေတာကို မုန်းတယ်တဲ့။
ဒီတစ်ယောက်ကလည်း ချစ်ရက်နဲ့ Jiminကလွဲပြီး တွဲလိုက်တဲ့ ရည်းစားတွေက ဟောတစ်ယောက် ဟောတစ်ယောက်။
"Taehyung..ထိုင်လေကွာ မတ်တပ်ကြီး သေနေတာလား"
Hoseokပြောမှ အတွေးထဲက ထွက်ကာ Hoseokဘေးဝင်ထိုင်ပြီး အရံသင့်ရှိနေတဲ့ ဘီယာခွက်ကို မော့လိုက်သည်။
"Hoseok..ပြန်တော့မယ်ကွာ"
"Jungkook ခဏလေး ရှိသေးတယ်လေကွာ.."
မကျေမနပ်နဲ့ ပြောလာသော Hoseokရဲ့ ပုခုံးကို ပုတ်ကာ
"ငါ့အသည်းလေးက ခေါ်နေလို့..."
"သွား..သွား...မပြောချင်ဘူး"
"Taehyung...ငါသွားပြီ"
"အေးအေး"
ထွက်သွားသော Jungkookရဲ့ ကျောပြင်ကို ကြည့်ကာ Taehyungနဲ့ Hoseok သက်ပြင်း ကိုယ်စီချလိုက်သည်။
လုပ်ချင်ရာသာ လုပ်ကြတော့။
မာနတရား ကိုယ်စီနဲ့ သူတို့ကို ကြည့်ရင်း ကိုယ်တွေက အလိုလို တရားပေါက်လာသလို ရှိသည်။
"ချီးယား..."
ခွက်ချင်းတိုက်ကာ ဒီညတော့ သူတို့နှစ်ယောက်လည်း အမူးသောက်ကြတော့မှာ အမှန်ပင်။
TBC🖤
Zawgyi
အခ်ိန္အခါမဟုတ္ ႐ြာတဲ့မိုးက မထင္မွတ္ထားေလာက္ေအာင္ကို သည္းထန္လြန္းတယ္။ မိုးတင္မကဘဲ ေလပါ ပါလာတဲ့အခါ ေအးစက္မႈက တဟုန္ထိုး ဝင္ေရာက္လာခဲ့တယ္။ လွ်ပ္စီးေၾကာင္းေတြ တျဖတ္ျဖတ္နဲ႕ မိုးအေမွာင္က်ေနေသာ ေကာင္းကင္ယံက လင္းထင္းလွ်က္ ရွိသည္။
တစ္ခ်က္တစ္ခ်က္ ၿခိမ္းလိုက္ေသာ မိုးၿခိမ္းသံေၾကာင့္ ေစာင္ကိုကိုင္ထားတဲ့ လက္ေလးက ခဏတိုင္း တုန္တုန္ယင္ယင္ျဖစ္ကာ ေစာင္ကို က်စ္က်စ္ပါေအာင္ စြဲထားလွ်က္..။
*ေတာ္ပါေတာ့....မ႐ြာပါနဲ႕ေတာ့...*
သူဘယ္ေလာက္ပဲ ေတာင္းဆိုပါေစ ရပ္ေပးမယ့္ပုံ မေပၚေသာ မိုးကေတာ့ သူ႕ရဲ႕ေတာင္းဆိုမႈေတြကို လ်စ္လ်ဴရႈကာ ပိုေတာင္မွ သည္းထန္လာခဲ့ေသးသည္။
*မိုး႐ြာတိုင္း ျဖစ္ေပၚလာရတဲ့ ခံစားခ်က္ေတြကို ေၾကာက္လြန္းလို႔ပါ*
*နာက်င္လြန္းလို႔ပါဗ်ာ....*
တစ္ေယာက္တည္း ေရ႐ြတ္ေနေသာ Jiminရဲ႕ ပါးေပၚမွာ မ်က္ရည္တို႔ တသြင္သြင္ စီးက်လွ်က္.....
မိုး႐ြာတိုင္း ဘယ္ဘက္ရင္အုံဆီက တဆစ္ဆစ္နဲ႕ ျဖစ္ေပၚလာတဲ့ နာက်င္မႈက အခ်ိန္ေတြ ဘယ္ေလာက္ပဲ ၾကာသြားပါေစ
ခုခ်ိန္ထိ အသားမက်နိဳင္ေသးေပ။
အၿမဲတမ္း နာက်င္ရတယ္၊ ခံစားရတယ္။
ေတာ္သင့္ၿပီေလ Jiminရယ္ ဘယ္နႏွစ္ေတာင္ရွိခဲ့ၿပီလဲ...
၅ႏွစ္ေတာင္ ၾကာခဲ့ၿပီပဲ..အတိတ္ေတြထဲက ႐ုန္းမထြက္နိုင္ေသးဘူးလား။
မွန္ကို ၾကည့္ကာ တစ္ကိုယ္တည္း ေရ႐ြတ္ရင္း အျပင္သြားဖို႔အတြက္ ျပင္ဆင္လိုက္သည္။
ဘယ္ေလာက္ပဲ နာက်င္ပါေစ..
ဘယ္ေလာက္ပဲ ၿပိဳလဲပါေစ..
ဘယ္ေလာက္ပဲ ခံစားရပါေစ..
ဘယ္သူမွ မသိေစရဘူး။
အဓိကက တစ္ေယာက္ေသာသူ လုံးဝ မသိေစရဘူး။
ကိုယ္လုံးေပၚမွန္ကို တစ္ခ်က္ၾကည့္ၿပီး အၿပီးသတ္ ျပင္ဆင္မႈအေနနဲ႕ ေနကာမ်က္မွန္တစ္လက္ကို တပ္ကာ အခန္းျပင္ထြက္လိုက္တာနဲ႕
ခက္ထန္ေသာ မ်က္ႏွာကို တန္း ဆင္ျမန္းလိုက္သည္။
ဒါပဲေလ Park Jiminဆိုတာ..။
သူ႕ရဲ႕ ကိုယ္ပိုင္ အခန္းငယ္ေလးထဲမွာ ဘယ္ေလာက္ထိ က်ရႈံးေနပါေစ..
အျပင္ထြက္လို႔ အားလုံးနဲ႕ ဆုံေတြ႕တဲ့အခါ အရႈံးမရွိ အၿမဲအနိုင္ရထားသူအသြင္ျဖင့္..
ဟန္ေဆာင္ျခင္း အတတ္မွာေတာ့ တဖက္ကမ္းခတ္ ကြၽမ္းကြၽမ္းက်င္က်င္ ရွိလွသည္။
♧♧♧♧♧♧♧♧♧♧♧♧
"Jimin.. ဒီေန႕ အလုပ္နားလာတာလား"
"အင္း"
လိုအပ္သည္ထက္ ပိုမေျပာေသာ စကားအသြားအလာကိုၾကည့္ကာ သူနားလည္လိုက္သည္။ ညက မိုးသည္းပုံမ်ိဳးနဲ႕ Jiminရဲ႕ အတိတ္ေတြ အသစ္ျပန္ျဖစ္ခဲ့ၿပီ ထင္ပါရဲ႕။
တျခားသူေတြေရွ႕မွာ ဘယ္ေလာက္ပဲ ဟန္ေဆာင္ေကာင္းပါေစ..
သူကေတာ့ အားလုံးကို သိေနခဲ့သည္ မဟုတ္လား။
ေမြးတည္းကမဟုတ္ေပမယ့္ ကေလးေပါက္စဘဝကတည္းက မခြဲအတူ ရွိလာခဲ့ေတာ့ Jiminဘာျဖစ္ေနလဲဆိုတာကို ၾကည့္လိုက္႐ုံနဲ႕ တန္းသိနိုင္တာ Kim Taehyungအျပင္ မရွိ။
ဘီယာခြက္ကို တစ္က်ိဳက္တည္း ေမာ့ခ်ကာ ရင္ထဲက ေဝဒနာေတြအား ေျဖေဖ်ာက္ေနေသာ သူငယ္ခ်င္းျဖစ္သူကို မတားဘဲ ၾကည့္ေနလိုက္သည္။ တားလည္း ရမွာ မဟုတ္သလို မတားခ်င္တာဆိုရင္လည္း ပိုမွန္ပါလိမ့္မယ္။
ဒီလိုမ်ိဳးက Jiminရဲ႕ နာက်င္မႈေတြကို အနည္းငယ္ ေလ်ာ့ပါးေစနိုင္တယ္ဆိုရင္ သူေက်နပ္လိုက္ရတာေပါ့။ ငယ္ငယ္တည္းက ေပါင္းလာခဲ့တဲ့ Jiminဟာ စိတ္ညစ္ရင္လည္း အရက္ေသာက္၊ ေပ်ာ္ရင္လည္း အရက္ေသာက္၊ ဘာမွမျဖစ္လည္း ေသာက္ခ်င္စိတ္ ေပၚလာၿပီဆိုရင္ အရက္ေသာက္ေလ့ရွိသည္။
မူးယစ္ေစေသာအရာကို ႏွစ္သက္ေနတဲ့
ႂကြက္တြင္းေလးကို ၾကည့္ကာ ေခါင္းခါလိုက္မိသည္။
ဒီေလာက္ေသာက္ေနတာ Jiminရဲ႕ အသည္းက အေကာင္းတိုင္းရွိပါေတာ့မလား။
သူလည္း ဘာထူးလဲ။ Jiminနဲ႕ အတူ ေသာက္ေပးပါမ်ားၿပီး သူ႕အသည္းလည္း ေကာင္းခ်င္ပါေတာ့မလား။
အေတြးမ်ားေနတုန္း Jiminက အရက္ျပင္းျပင္း တစ္ခြက္ကို ထပ္မွာကာ အကုန္ေမာ့ခ်ေတာ့မလို လုပ္ေနလို႔
"Jimin..နားအုန္းေလကြာ..ဆက္တိုက္ခ်ည္း"
"ဘာမွမျဖစ္ဘူး Taehyung...ေအးေဆးပါကြာ"
ဒီသူငယ္ခ်င္းေလးဟာျဖင့္ ေခါင္းမာလြန္း အားႀကီးတယ္။ သူလည္း နိုင္ေအာင္ မထိန္းနိုင္ဘူး။ ေဘးနားက ေစာင့္ၾကည့္ေပး႐ုံသာ။
"Jiminရယ္ အဲ့ေလာက္ထိ ခ်စ္ရဲ႕သားနဲ႕ ဘာလို႔မ်ား လိမ္ေနရတာလဲ.."
"ဟက္...ဘယ္သူက ခ်စ္လို႔လဲ ..မခ်စ္ဘူး..မုန္းတယ္"
လိမ္ညာေနျပန္ၿပီ။ ကိုယ့္ႏွလုံးသားကို လိမ္ညာေနရတာ ဘယ္ေလာက္ေတာင္ ေကာင္းလို႔ ေရွ႕ဆက္ေနရတာလဲ။
Jiminဆိုသည္မွာ မခ်စ္တာလည္း မဟုတ္ဘူး။ မာနကို ေရွ႕တန္းတင္ၿပီး ကိုယ့္ႏွလုံးသားကို ကိုယ္ကိုယ္တိုင္ ဓါးနဲ႕မႊန္းတဲ့ လူမ်ိဳး။
အားလုံးကို သိေနၿပီးသား Taehyungေရွ႕မွာေတာင္ ေျဗာင္လိမ္ေျဗာင္စားနဲ႕ ျငင္းသည္။
မခ်စ္ဘူး..မုန္းတယ္တဲ့။
အဲ့ဒီ မုန္းတယ္ဆိုတဲ့စကားေနာက္မွာ သိပ္ခ်စ္ပါတယ္ဆိုတဲ့ အရာ ရွိေနေသးတယ္ဆိုတာကို Jiminအျပင္သိတာဆိုလို႔ Taehyungတစ္ေယာက္တည္းရယ္။
ေအးေလ...တစ္ေယာက္ေသာ သူကေတာ့ ဘယ္သိပါ့မလဲ။
ေနနိုင္လြန္းတဲ့သူ...သူနဲ႕ကိုယ္ၾကား ဒီလိုေတြျဖစ္ထားတာေတာင္ ဘာမွမျဖစ္သလို ေခၚေျပာေနတာ မေကာင္းတဲ့အေကာင္။
"Jeon Jungkook မေကာင္းတဲ့ေကာင္ႀကီး...ငါ မင္းကို မုန္းတယ္"
ေျပာၿပီးဆို ခုံေပၚမွာ ေမွာက္သြားေသာ ႂကြက္တြင္းေလးအား ဘာမွမေျပာေတာ့ဘဲ စိုက္ၾကည့္ေနလိုက္ေတာ့သည္။
ေသာက္ထားသည့္ ခြက္ေပါင္းမ်ားစြာကလည္း တကယ့္အျပင္းစားေတြခ်ည္းပဲ။
ခဏအၾကာ Jiminရဲ႕ ပါးေပၚမွာ စီးဆင္းလာတဲ့ မ်က္ရည္တို႔ကို Taehyungလက္ျဖင့္ အသာအယာ သုတ္ေပးလိုက္သည္။
"ဒီေလာက္ခံစားရရင္ ေတာ္ၿပီေပါ့ Jiminရယ္..
တကယ္မခ်စ္ဘဲ ေနနိုင္တာလည္း မဟုတ္ဘဲ။
မာနကို နည္းနည္းေလာက္ ျဖစ္ျဖစ္ ေလ်ာ့လိုက္ပါေတာ့လား"
သူေျပာလည္း ၾကားမွာမဟုတ္ေတာ့တဲ့ သူငယ္ခ်င္းရဲ႕ ကိုယ္ငယ္ေလးကို ေပြ႕ကာ အိမ္ျပန္လိုက္ပို႔ေပးခဲ့လိုက္သည္။
ကိုယ္ငယ္ေလးကို အိပ္ယာထက္ ညင္သာစြာ ခ်ေပးလိုက္ၿပီး ေစာင္ပါးေလးတစ္ထည္ ဆြဲၿခဳံေပးလိုက္သည္။
ခုထိ မ်က္ရည္ေတြ မစဲေသးသူေလးကို ၾကည့္ကာ
"Jiminရယ္ မင္းနာက်င္ေနရတာ ငါ
မၾကည့္ခ်င္ေတာ့ဘူး...
မင္းရဲ႕ နာက်င္မႈေတြ ဒီေလာက္နဲ႕ပဲ ရပ္တန့္နိုင္ရင္ ေကာင္းမယ္ကြာ"
အိပ္ေပ်ာ္ေနသူေလးအား တစ္ခ်က္ၾကည့္ကာ အခန္းမီးေလးကို မွိတ္ၿပီး ထြက္လာခဲ့လိုက္သည္။
ထို႔ေနာက္တြင္ သူငယ္ခ်င္းေတြ စုဆုံရာျဖစ္တဲ့ ဘားေလးဆီသို႔ ကားေလးကို ဦးတည္လိုက္သည္။
"Taehyung...လာၿပီလား..Jiminေကာ"
ေမးလိုက္ေသာ Hoseokကို တစ္ခ်က္ၾကည့္ၿပီး အၾကည့္ေတြကို Jungkookဆီ ဦးတည္လိုက္သည္။
"အိပ္ေနၿပီ..ပါမလာဘူး"
"ေအးပါကြာ..ေနာက္မွ ထပ္ေတြ႕တာေပါ့ သူနဲ႕..."
Hoseokက ေအးေအးေဆးေဆးေျပာေနသလို
ေဘးက Jungkookကလည္း ေအးေဆးစြာနဲ႕ ဘီယာေသာက္မပ်က္။
သူ႕မွာသာ..ၾကားထဲက မေနနိုင္ မထိုင္နိုင္ ျဖစ္ေနတာ။
Jiminအတြက္ ေမးလာမယ့္စကားကို Jungkookဆီက ေမွ်ာ္လင့္ေနမိတာ။
မျဖစ္နိုင္မွန္း သိရက္နဲ႕ေလ...။
မင္းတို႔ႏွစ္ေယာက္ကိုေတာ့ နားကိုမလည္ဘူး။
ဟိုတစ္ေယာက္ကလည္း ေသေလာက္ေအာင္ ခ်စ္ေနတာကို မုန္းတယ္တဲ့။
ဒီတစ္ေယာက္ကလည္း ခ်စ္ရက္နဲ႕ Jiminကလြဲၿပီး တြဲလိုက္တဲ့ ရည္းစားေတြက ေဟာတစ္ေယာက္ ေဟာတစ္ေယာက္။
"Taehyung..ထိုင္ေလကြာ မတ္တပ္ႀကီး ေသေနတာလား"
Hoseokေျပာမွ အေတြးထဲက ထြက္ကာ Hoseokေဘးဝင္ထိုင္ၿပီး အရံသင့္ရွိေနတဲ့ ဘီယာခြက္ကို ေမာ့လိုက္သည္။
"Hoseok..ျပန္ေတာ့မယ္ကြာ"
"Jungkook ခဏေလး ရွိေသးတယ္ေလကြာ.."
မေက်မနပ္နဲ႕ ေျပာလာေသာ Hoseokရဲ႕ ပုခုံးကို ပုတ္ကာ
"ငါ့အသည္းေလးက ေခၚေနလို႔..."
"သြား..သြား...မေျပာခ်င္ဘူး"
"Taehyung...ငါသြားၿပီ"
"ေအးေအး"
ထြက္သြားေသာ Jungkookရဲ႕ ေက်ာျပင္ကို ၾကည့္ကာ Taehyungနဲ႕ Hoseok သက္ျပင္း ကိုယ္စီခ်လိဳက္သည္။
လုပ္ခ်င္ရာသာ လုပ္ၾကေတာ့။
မာနတရား ကိုယ္စီနဲ႕ သူတို႔ကို ၾကည့္ရင္း ကိုယ္ေတြက အလိုလို တရားေပါက္လာသလို ရွိသည္။
"ခ်ီးယား..."
ခြက္ခ်င္းတိုက္ကာ ဒီညေတာ့ သူတို႔ႏွစ္ေယာက္လည္း အမူးေသာက္ၾကေတာ့မွာ အမွန္ပင္။
TBC🖤