ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ

9.3K 1.6K 20
By Juliexin__

ဒါက အရူးအမူးလည်ပတ်နေတာတွေ့တဲ့အခါ ရုန်ယိချက်ချင်းရပ်လိုက်ပြီး သစ်ပင်တစ်ပင်နောက်မှာ ဝင်ပုန်းလိုက်သည်။
'ချီးဘဲ..ငါတော့ရူးတော့မှာဘဲ..ဒီတစ်ခေါက်က မုဒိမ်းကျင့်တဲ့တစ္ဆေမတွေကိုတွေ့တုန်းကထက်တောင်မှ ပိုပြီးအမြန်လည်နေသေးတယ်ဟ..ငါ့ကိုစောင့်နေမဲ့တစ္ဆေက သူတို့ထက်တောင်ပိုပြီးကြမ်းကြုတ်ရက်စက်ဦးမယ်...ဒီတစ်ခေါက်တော့ လွတ်မြောက်လောက်တဲ့အထိ ငါ့ကံကမကောင်းတော့ဘူးထင်တယ်..'

ဒီရက်စက်ကြမ်းကြုတ်တဲ့တစ္ဆေက သူ့အနံ့နောက်နေလိုက်ပြီး သူ့ကိုသေချာပေါက်ကိုရှာတွေ့သွားလိမ့်မည်။

ရုန်ယိ အမြန်ရပ်လိုက်တော့သည်။

ထို့နောက် သူ့ညာဘက်ကနေ အသံတစ်သံထွက်ပေါ်လာသည်။
"ဆရာဦးလေး...အဲ့လူက ရုန်ယိဘဲဖြစ်ရမယ်..သူ့ကိုသွားဖမ်းကြရအောင်!"

ရုန်ယိလှည့်ကြည့်လိုက်တဲ့အခါ အဝါရောင်ဝတ်စုံတွေနဲ့ ကျင့်ကြံသူဆယ်ယောက်က တောင်ဘက်ကနေ ဓားပျံတွေနဲ့ လာနေတာတွေ့လိုက်ရသည်။ သူတို့ရဲ့အဝတ်အစားတွေကိုကြည့်ရရင်တော့ သူတို့က အစောကသူတွေနဲ့တစ်ဂိုဏ်းတည်းကဘဲဖြစ်ပေလိမ့်မည်။

သူမျက်ဆံသာလှန်လိုက်မိတော့သည်။ ထိုရက်စက်ကြမ်းကြုတ်တဲ့တစ္ဆေတွေမြိုချတာခံရမယ့်အစားတော့ သူတို့ဆီမှာအဖမ်းခံလိုက်တာကမှ ပိုကောင်းဦးမည်။ အနည်းဆုံးတော့ သူ့မှာ အခွင့်အရေးလေးအနည်းငယ်လောက်တော့ရှိနိုင်သေးသည်။

သူချက်ချင်းဘဲ သံလိုက်အိမ်မြှောင်ကိုလွှတ်ပစ်လိုက်ပြီး ထွက်ပြေးတော့မဲ့ပုံဟန်ဆောင်လိုက်သည်။

ထိုလူတွေက ဆရာဦးလေးလို့ခေါ်လိုက်တဲ့လူက ချက်ချင်းရှေ့ကိုပျံသန်းလာပြီး ရုန်ယိရှေ့မှာ ပိတ်ရပ်လိုက်သည်။
"ကောင်စုတ်လေး..ငါမင်းကိုရှာတွေ့ပြီ..ဟမ့်!!"

ထို့နောက် သူ ရုန်ယိကို တစ်ခြားဂိုဏ်းသားတွေဆီကိုတွန်းပို့လိုက်သည်။
"သူ့ကိုကြည့်ထားကြ!"

အဲ့အချိန်မှာ ဆရာဦးလေးရဲ့သံလိုက်အိမ်မြှောင်ကလည်း အရူးအမူးလည်ပတ်လာတော့သည်။

သူမျက်နှာ ချက်ချင်းပျက်သွားရ၏။
"သောက်ချီးဘဲ...ဒီနားမှာ ကြမ်းကြုတ်တဲ့တစ္ဆေရှိနေတယ်ဟ!!"

ထိုဂိုဏ်းသားတွေက သူ့ကိုမေးလာသည်။
"ဆရာဦးလေး...အဲ့တစ္ဆေနဲ့ရင်ဆိုင်နိုင်လား"

"သေချာတာပေါ့..ဒီကနေထွက်သွားကြရအောင်"
ဆရာဦးလေးက တစ်ဖက်လှည့်ကာ အဝေးကိုအမြန်ဆုံးပျံသန်းသွားပြီး တစ်ခြားသူတွေကလည်း သူ့နောက်ကနေလိုက်သွားကြတော့သည်။

သူတို့ မုဒိန်းကျင့်တဲ့တစ္ဆေမတွေထွက်လာတဲ့နေရာကိုဖြတ်သွားကြတဲ့အခါ အဲ့နေရာမှာ သူတို့ဝတ်ထားတဲ့ဝတ်စုံတွေနဲ့တစ်ပုံစံတည်းတူတဲ့ အဝတ်အပိုင်းအစတွေနဲ့ ဘေးနားမှာတော့ ပါးရိုးတွေချောင်ကျပြီး မျက်ကွင်းတွေညို  နှုတ်ခမ်းတွေခြောက်ကပ်နေကာ အလွန်အမင်းပင်ပန်းနွမ်းနယ်နေပုံပေါ်တဲ့ ကိုယ်တုံးလုံးယောက်ျားတွေလဲကျနေကြတာကိုတွေ့လိုက်ရသည်။

"ဆရာဦးလေး..အဲ့တာ ဆရာတူအစ်ကိုဘဲ!"
ဂိုဏ်းသားတစ်ယောက်က အော်ပြောလိုက်သည်။
"ဆရာဦးလေး..ကျွန်တော်တို့ သူတို့ကိုသွားကယ်ရမလား"

ဆရာဦးလေးက သူတို့ကိုငုံ့ကြည့်လိုက်ပြီး
"သူတို့ကိုယ်က မရှိမဖြစ်အဆီအနှစ်တွေကခမ်းခြောက်နေပြီ..သူတို့အသက်ရှင်နိုင်တော့မှာမဟုတ်ဘူး...သူတို့ကိုကယ်ဖို့ကြိုးစားရင် ငါတို့လည်း ဒီနေရာမှာဘဲသေဆုံးသွားရလိမ့်မယ်"

သူပြောတာကြားလိုက်ရတဲ့အခါ ဘယ်သူမှ သူတို့ကိုသွားကယ်ချင်စိတ်မရှိကြတော့ပေ။

လူတွေပျံသန်းသွားတာတွေ့တဲ့အခါ တစ္ဆေမတွေကထွက်လာကြည့်ကြပေမဲ့ နောက်တစ်ခဏမှာဘဲ သူတို့ရဲ့အမူအယာတွေချက်ချင်းပြောင်းသွားရတော့သည်။
"မီးတောက်တစ္ဆေရောက်နေတယ်...ပုန်းကြ!!..ပုန်းကြ!!"

ထိုတစ္ဆေမတွေအကုန်လုံးက မြေကြီးထဲကိုချက်ချင်းဝင်ရောက်ပျောက်ကွယ်သွားကြတော့သည်။ ထို့နောက် မီးတောက်လိုရဲရဲတောက်နေတဲ့ပုံရိပ်တစ်ခုကပျံသန်းလာနေပြီး ရုန်ယိတို့ဆီကို လေပြင်းတိုက်သလိုမျိုး ဦးတည်လာနေလေသည်။

မီးဘောလုံးကြီးက နောက်ကလိုက်ဖမ်းနေတာတွေ့တဲ့အခါ ထိုကျင့်ကြံသူတွေကအော်ဟစ်လာကြတော့သည်။
"လာနေပြီ!!...ကြမ်းကြုတ်ရက်စက်တဲ့တစ္ဆေကြီးလာနေပြီ!!"

ဆရာဦးလေးက အော်ပြောလိုက်၏။
"လူတိုင်း မင်းတို့မှော်လက်နက်တွေထုတ်လိုက်ကြ!"

"ဆရာဦးလေး..ဂိုဏ်းချုပ်ရဲ့ နိမိတ်ဖတ်တဲ့စွမ်းရည်က အရမ်းတော်တာမဟုတ်ဘူးလား..ကျွန်တော်တို့ အန္တာရယ်နဲ့တွေ့မယ်ဆိုတာ သူဘာလို့မပြောခဲ့ရတာလဲ!"

ဆရာဦးလေးကတော့ စိတ်ထဲမှာသာ အေးစက်စွာနှာခေါင်းရှုံ့လိုက်မိသည်။ ဂိုဏ်းချုပ်က ရုန်ယိကိုဘဲလိုချင်တာဖြစ်တာကြောင့် သူတို့အန္တရာယ်နဲ့ရင်ဆိုင်ရမယ်ဆိုတာ သူကြိုသိခဲ့မယ်ဆိုရင်တောင်မှ သူတို့ကိုဘယ်တော့မှပြောပြမှာမဟုတ်ချေ။ မဟုတ်ရင် ဒီကိုတစ်ယောက်မှလာကြတော့မှာမဟုတ်ပေ။
်"သူ့နိမိတ်ဖတ်စွမ်းရည်ကဘယ်လောက်ကောင်းကောင်း အသေးစိတ်အချက်အလက်တွေကိုတော့ သူနိမိတ်မဖတ်နိုင်ဘူးလေ...သူဖတ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ ငါတို့ကိုသိခွင့်ပေးမှာမဟုတ်ဘူး..ပေါက်တတ်ကရတွေတော်လောက်ပြီ..တစ္ဆေကရောက်လာပြီ..ငါတို့ တစ်စုတစ်စည်းထဲစည်းလုံးနေသရွေ့ သူ့ကိုသေချာပေါက်နှိမ်နင်းနိုင်မှာဘဲ"

သူ့စကားက ထိုဂိုဏ်းသားတွေကို ယုံကြည်ချက်မြင့်တက်လာစေသည်။

မီးတောက်တစ္ဆေ သူတို့ကိုမှီလာတဲ့အခါ သူတို့အကုန်လုံး တစ္ဆေဆီကို တဟုန်ထိုးပြေးဝင်သွားကြ၏။

ဒါပေမဲ့ ဆရာဦးလေးကတော့ ဆန့်ကျင်ဖက်အရပ်ကိုပြေးထွက်သွားသည်။ သူကရုန်ယိကို သူ့မှော်လက်နက်ပေါ်ကိုဆွဲတင်ကာ အရှိန်နှစ်ဆတင်ပြီး အဝေးကိုထွက်ပြေးသွားလိုက်သည်။ နောက်တစ်ခဏမှာဘဲ နောက်ဘက်ကနေ ထိုဂိုဏ်းသားတွေရဲ့အော်ဟစ်သံတွေကိုကြားလိုက်ရ၏။

"ဆရာဦးလေး..ခင်ဗျားက အရမ်းနှလုံးသားမဲ့တာဘဲ..ဘယ်လိုလုပ် ကျွန်တော်တို့ကိုထားသွားနိုင်ရတာလဲ!..အားး!!!"

သူတို့ကိုကယ်ဖို့ရပ်မဲ့အစား ဆရာဦးလေးက အရှိန်ကိုတင်ပြီး ပျံလိုက်သည်။

ထိုဂိုဏ်းသားတွေက တစ္ဆေရဲ့ပြိုင်ဘက်မဟုတ်တာကြောင့် ခဏလေးနဲ့ အကုန်လုံးပြာဖြစ်တဲ့အထိ လောင်ကျွမ်းခံလိုက်ရတော့သည်။

ထို့နောက် မီးတောက်တစ္ဆေက ဆရာဦးလေးနဲ့ ရုန်ယိတို့နောက်ကနေ ထပ်လိုက်ဖမ်းပြန်၏။

ဆရာဦးလေးက ရုန်ယိကို ကြိမ်းမောင်းလိုက်သည်။
"ဒါတွေအကုန်လုံးက မင်းကြောင့်ချည်းဘဲ..မဟုတ်ရင် ငါတို့ ဒီလောက်ဂိုဏ်းသားတွေအများကြီးဆုံးရှုံးရမှာမဟုတ်ဘူးကွ!!"

ရုန်ယိ သူ့ကျောကိုပုတ်ပေးပြီး လှောင်ပြောင်လိုက်သည်။
"ကျွန်တော့်ကိုလာဖမ်းဖို့ ခင်ဗျားတို့ကိုအမိန့်ပေးလိုက်တဲ့သူက ကျွန်တော်လား...ခင်ဗျားတို့သာ ကျွန်တော့်နောက်တောက်လျှောက်လိုက်မဖမ်းခဲ့ရင် သူတို့တွေသေပါ့မလား.."

ဆရာဦးလေး "....."

မကြာခင်မှာဘဲ မီးတောက်တစ္ဆေက သူတို့ကိုမှီလာပြီး သူတို့လမ်းမှာပိတ်ရပ်လာသည်။
"သန့်စင်ယင်ခန္ဓာကိုယ်...ဒါက နှစ်တစ်ထောင်မှ တစ်ခါပေါ်လာတဲ့ သန့်စင်ယင်ခန္ဓာကိုယ်ဘဲ..ဟားဟားဟား...မင်းကိုယ်မှာ အနံ့တွေဒီလောက်သိပ်သည်းနေတာမထူးဆန်းတော့ဘူး..မင်းရဲ့ခန္ဓာကိုယ်ကိုမြိုချလိုက်နိုင်တာနဲ့ ငါဒီငရဲလိုနေရာကနေထွက်သွားနိုင်တော့မှာ..ဟားဟားဟား...ကောင်းကင်ဘုံက ငါ့ကိုမျက်နှာသာပေးတာဘဲ!!..ဟိုကျင့်ကြံသူ..မင်းနောက်ကသူကို ငါ့ဆီလွှဲပေးမယ်ဆိုရင် ငါမင်းကိုဒီနေရာကနေ အကောင်းအတိုင်းထွက်သွားခွင့်ပြုမယ်!"

ဆရာဦးလေးကလည်း ထိုတစ္ဆေရဲ့ပြိုင်ဘက်မဟုတ်တာကြောင့် သူမေးလိုက်သည်။
"မင်းငါ့ကို တစ်ကယ်လွှတ်ပေးမှာလား"

"ဒါပေါ့!"

ဆရာဦးလေးက ရုန်ယိကို သူ့မှော်လက်နက်ပေါ်ကနေတွန်းလွှတ်လိုက်သည်။
"ဒီမှာ ရော့!"

ရုန်ယိမျက်နှာ ရှုံ့တွသွားသည်။ သူ ချက်ချင်းဘဲ အလင်းအင်းကွက်တွေနဲ့ ပုံရိပ်ယောင်အင်းကွက်တွေကို မီးတောက်တစ္ဆေဆီကို ပစ်လွှတ်လိုက်ပြီး သူ့ကိုယ်သူ ပျံသန်းခြင်းအင်းကွက်ကပ်လိုက်ကာ အနီးနားမှာ နေရာတစ်ခုရှာပြီး ပုန်းလိုက်၏။

"အားး...ဒါကဘာကြီးတွေလဲဟ!!"
မီးတောက်တစ္ဆေက သူ့မျက်လုံးတွေသူအုပ်ကာလိုက်သည်။ ထို့နောက် ဆရာဦးလေးက ပြန်ရောက်လာကာ ရုန်ယိကိုဖမ်းခေါ်သွားတာ သူတွေ့လိုက်ရတာကြောင့် ချက်ချင်းနောက်ကနေလိုက်ဖမ်းတော့သည်။ ဒါပေမဲ့ခဏလောက်ကြာတဲ့အခါမှာတော့ ဆရာဦးလေးနဲ့ ရုန်ယိတို့မှာ ဘယ်နေရာကိုရောက်သွားမှန်းမသိတော့ပေ။

သူလေထဲကိုအနံ့ခံကြည့်လိုက်ပြီးနောက် ဆရာဦးလေးသွားတဲ့ဘက်ကိုတွေ့ရှိသွားကာ ချက်ချင်းလိုက်ဖမ်းလေတော့သည်။

မီးတောက်တစ္ဆေက နောက်ကနေလိုက်ဖမ်းနေတာတွေ့တဲ့အခါ ဆရာဦးလေးရဲ့မျက်နှာမှာ အုံ့မှိုင်းသွားတော့သည်။
"မင်း ကိုယ့်စကားကို ဘာလို့မတည်ရတာလဲကွ!!"

မီးတောက်တစ္ဆေကလည်း ပြန်အော်ပြောလာသည်။
"စကားမတည်တာ မင်းလား.. ငါလားကွ ဟမ်!!"

ဆရာဦးလေးမှာ ဇဝေဇဝါဖြစ်သွားရ၏။
"ငါ သူ့ကိုငါနဲ့အတူမခေါ်လာဘူးလေ..ကြည့်ကြည့်ဦး..ငါ့မှော်လက်နက်ပေါ်မှာ ဘယ်သူမှမှမရှိတာ!!"

"ဒါပေမဲ့ ငါမင်းသူ့ကိုခေါ်သွားတာတွေ့လိုက်တယ်..ပြီးတော့ မင်းဆီမှာလည်း သူ့အနံ့ရနေတယ်..မင်းငါ့ကို အင်းကွက်တွေနဲ့တိုက်ခိုက်ပြီး သူ့ကိုဖွက်ထားတာမဟုတ်လား..မင်းသူ့ကိုထုတ်ပေးလိုက်တာကောင်းမယ်..မဟုတ်ရင် ငါမင်းကို ဒီနေရာမှာတင်ချက်ချင်းသတ်ပစ်မယ်!!"

မီးတောက်တစ္ဆေက သူ့နားကိုပျံသန်းလာပြီး အနံ့ခံကြည့်လိုက်သည်။
"အဲ့လူရဲ့ အနံ့ရနေတယ်"

"သောက်ချီးတဲ့မှ..!!"
ဆရာဦးလေးမှာ နောက်ဆုံးတော့ဘာတွေဖြစ်နေလဲဆိုတာ နားလည်သွားလေပြီ။ ရုန်ယိက အင်းကွက်ထဲမှာ သူ့အနံ့ကိုထည့်ပိတ်ပြီး သူ့ကျောကိုပုတ်လိုက်တဲ့အချိန်မှာ အခွင့်အရေးယူပြီး ကပ်သွားကာ မီးတောက်တစ္ဆေကို အဝေးကိုမျှားခေါ်ဖို့ သူ့ကိုအသုံးချလိုက်တာဘဲ ဖြစ်ရမည်။
"တော်တော်ဉာဏ်များတဲ့လူ!!"

မီးတောက်တစ္ဆေလည်း သူအရူးလုပ်ခံလိုက်ရတာ သိသွား၏။ သူဒေါသတွေထွက်လာကာ သူ့ကိုယ်ပေါ်က မီးတောက်တွေက ပိုပြီးတောက်လောက်လာတော့သည်။ သူလက်မြှောက်လိုက်ပြီး ဆရာဦးလေးဆီကို မီးလုံးကြီးတစ်လုံးပစ်လွှတ်လိုက်သည်။

"အား!!..."
ဆရာဦးလေးမှာ သူ့မှော်လက်နက်ပေါ်ကနေပြုတ်ကျသွားပြီး ကြီးမားလှတဲ့နာကျင်မှုကြောင့် မြေပြင်ပေါ်မှာ လူးလှိမ့်နေတော့သည်။ သူ ရေစွမ်းအင်အင်းကွက်ကိုအမြန်ထုတ်သုံးလိုက်ရသည်။

"မင်းလည်း လှည့်စားခံလိုက်ရတာကိုထောက်ပြီး ငါမင်းကိုမသတ်တော့ဘူး"
မီးတောက်တစ္ဆေက နှာခေါင်းရှုံ့ကာအေးစက်စက်ပြောပြီး အဝေးကိုပျံထွက်သွားတော့သည်။

သူထွက်သွားပြီး မကြာခင်မှာဘဲ သစ်ပင်နောက်ကနေ လူတစ်ယောက်ထွက်လာ၏။ ထိုသူကတော့ ရုန်ယိဘဲ ဖြစ်လေသည်။

သူထိုင်ချကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့ဘေးနားကိုလှမ်းပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်"

ထို့နောက် သူ့ဘေးနားမှာ အနီရောင်ပုံရိပ်တစ်ရိပ်ပေါ်လာ၏။ ထိုသူကတော့ အစောက ရုန်ယိကိုလွှတ်ပေးလိုက်တဲ့ တစ္ဆေမဘဲဖြစ်သည်။

တစ္ဆေမက အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး
"မီးတောက်တစ္ဆေက ငါ့ညီအစ်မတွေအများကြီးကို သတ်ပစ်ထားတာ...သူ့ကိုအနိုင်ယူနိုင်မဲ့အချိန်ကိုစောင့်နေပေမဲ့ သနားစရာကောင်းတာက ငါတို့ကစွမ်းအားမလုံလောက်ဘူးလေ..မင်းဒီနေရာမှာ ဆက်မနေသင့်တော့ဘူး..သူက အချိန်မရွေးပြန်ရောက်လာနိုင်တယ်"

သူမက ထွက်ပေါက်ရှိတဲ့ဘက်ကို ညွှန်ပြလိုက်သည်။
"ငါတို့က ဒီနေရာကနေထွက်သွားလို့မရဘူး..အဲ့တော့ အခုနှုတ်ဆက်ကြဖို့အချိန်ပေါ့.."

"မင်းတို့ ကျွန်တော့်ကိုအများကြီးကူညီပေးပြီးပါပြီ..ကျွန်တော် ထပ်ပြီးဒုက္ခမပေးတော့ပါဘူး...တစ်နေ့ ကျွန်တော့်စွမ်းအားကလုံလောက်အောင် ကြီးမားလာတဲ့အချိန်ကျရင် ဒီနေရာကချိတ်စည်းကိုလာဖျက်ပြီး မင်းတို့ကို ဒီနေရာကနေထွက်သွားလို့ရအောင်လုပ်ပေးပါ့မယ်"

အမှန်တော့ ရုန်ယိ အလင်းအင်းကွက်နဲ့ ပုံရိပ်ယောင်အင်းကွက်တွေကို သုံးပြီး မီးတောက်တစ္ဆေကိုလှည့်စားလိုက်တဲ့အချိန်မှာ မုဒိမ်းကျင့်တဲ့တစ္ဆေမက အခြေအနေတွေကိုစစ်ဆေးဖို့ထွက်လာတဲ့အချိန်ဖြစ်၏။ ဒါကြောင့် သူက မီးတောက်တစ္ဆေလက်ကနေ ယာယီလွတ်မြောက်နိုင်အောင်လို့ သူ့အနံ့ထည့်သွင်းထားတဲ့အင်းကွက်ကို တစ်ခြားတစ္ဆေတစ်ယောက်ကို သူ့ပုံစံဟန်ဆောင်ပြီး အဝေးကိုထွက်ပြေးပေးဖို့အကူအညီတောင်းခဲ့လိုက်တာဖြစ်သည်။

"အရမ်းခက်တယ်..ဒီချိတ်စည်းက မိစ္ဆာမျိုးနွယ်ရဲ့ဘိုးဘေးတွေလုပ်ခဲ့ကြတာ..ဒါကိုချိုးဖျက်ဖို့က မဖြစ်နိုင်ဘူး"
မုဒိမ်းကျင့်တဲ့တစ္ဆေမက ရုန်ယိ ဒါကိုချိုးဖျက်နိုင်မယ်လို့မမျှော်လင့်ထားတာကြောင့် သူမကဒီအတိုင်းဘဲ ထွက်သွားတော့သည်။

ရုန်ယိ တစ္ဆေမညွှန်ပြတဲ့ဘက်ကိုကြည့်ပြီးတွေးမိလိုက်သည်။
'အကယ်၍ ငါအခုအချိန်အပြင်သာထွက်သွားမယ်ဆိုရင်..ဟိုလူတွေက အပြင်မှာစောင့်နေတုန်းဖြစ်လောက်မယ်..ပြီးတော့ ငါ့အမြန်နှုန်းနဲ့ဆိုရင် လမ်းတစ်ဝက်လောက်မှာဘဲ မီးတောက်တစ္ဆေရဲ့ဖမ်းဆီးတာခံလိုက်ရနိုင်တယ်'

အခုတေ့ာ သူ့မှာ ရှေ့တိုးရင်ကျား နောက်ဆုတ်ရင်မြေခွေးဖြစ်နေလေပြီ။

ရုန်ယိ မျက်လုံးတွေမှေးကျဥ်းလိုက်ကာ သေချာလေးတွေးနေမိသည်။ ထို့နောက် သူသစ်ပင်တစ်ပင်က အခေါင်းပေါက်ကြီးတစ်ပေါက်ထဲဝင်ထိုင်လိုက်ကာ အပြင်မှာဖုံးကွယ်တဲ့အစီအရင်ချထားလိုက်သည်။ အသက်မသွင်းမချင်း ဘယ်သူမှ ဒီအစီအရင်ကိုသတိပြုမိမှာမဟုတ်ပေ။ ထို့နောက် သူထိုင်ချလိုက်ပြီး ကျင့်ကြံနေတော့သည်။

မီးတောက်တစ္ဆေမှာ အရှေ့ဘက်ကိုပျံသန်းသွားပြီးနောက် တစ္ဆေတစ်အုပ်က ရုန်ယိရဲ့အနံ့ထည့်ထားတဲ့အင်းကွက်ကိုကိုင်ထားတာတွေ့လိုက်ရတဲ့အခါ သူနောက်တစ်ခါ အရူးလုပ်ခံလိုက်ရပြန်ပြီမှန်းသိသွားရသည်။ ထိုအခါ သူဒေါသတွေပေါက်ကွဲသွားကာ ထိုတစ္ဆေတွေကိုလိုက်ဖမ်းပြီး နောက်ဆုံး ရုန်ယိရဲ့အနံ့တစ်မျိုးဘဲ ကျန်တော့တဲ့အထိ တစ်ကောင်ချင်းစီသတ်ပစ်လိုက်သည်။

ထို့နောက် သူထိုအနံ့နောက်ကိုလိုက်သွားတဲ့အခါ ရုန်ယိကိုဖမ်းမိခဲ့တဲ့နေရာကိုပြန်ရောက်လာ၏။ ထို့နောက် ရုန်ယိက သစ်ခေါင်းပေါက်ကြီးတစ်ခုထဲမှာတရားထိုင်နေတာကိုတွေ့လိုက်ရသည်။
"မင်းက ငါ့ကို ထပ်ခါထပ်ခါအရူးလုပ်ရဲလောက်တဲ့အထိ သတ္တိတွေရှိနေတာဘဲ!!..ပြီးတော့ ထွက်မပြေးဘဲ ဒီနေရာမှာဘဲ ပြန်ပုန်းနေတယ်...မင်းက သေရမှာကိုမကြောက်တာဘဲလား..ဘာလားဆိုတာ ငါတစ်ကယ်ကိုသိချင်တယ်!!"

ရုန်ယိက မျက်လုံးတောင်မဖွင့်ကြည့်ဘဲ ပြန်ပြောလိုက်သည်။
"သေရမှာကိုမကြောက်တဲ့သူ ဘယ်သူမှမရှိဘူး..ဒါကြောင့် ငါမသေခင်..ငါ့သားကိုနှုတ်ဆက်ဖို့နဲ့ ဒီနေရာကလေကိုရှူသွင်းခွင့်ပေးပါလား..သိပ်မကြာပါဘူး..တစ်နာရီလောက်ဆို လုံလောက်ပါတယ်"

မီးတောက်တစ္ဆေက ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှမတွေ့ပေ။
"မင်းရဲ့သား!...."

ရုန်ယိ သူ့ဗိုက်ကိုထိပြလိုက်သည်။

မီးတောက်တစ္ဆေက ရယ်မောလာပြီး
"ယောက်ျားတစ်ယောက်က ကိုယ်ဝန်လွယ်နိုင်တယ်ပေါ့..တစ်ကယ်ဘဲ မျက်စိပွင့်စေတာဘဲ..ကောင်းပြီလေ...မင်းက ငါ့ရဲ့ကျင့်ကြံမှုကိုတိုးတက်စေမှာကိုထောက်ထားပြီး..နောက်ထပ်တစ်နာရီလောက် အသက်ရှင်ခွင့်ပေးလိုက်မယ်"

သူ့မျက်လုံးထဲမှာတော့ ရုန်ယိက အရှုံးသမားတစ်ယောက်ဖြစ်နေလေပြီ..သူ့လက်လေးတစ်ချောင်းနဲ့တောင် ရုန်ယိကိုသတ်ပစ်နိုင်၏။ ဒါပေမဲ့ ရုန်ယိက သူ့လက်ထဲကနေ နှစ်ကြိမ်တောင်လွတ်မြောက်သွားတယ်ဆိုတဲ့အချက်ကိုတော့ သူလုံးဝကိုလျစ်လျူရှုထားလေသည်။

ရုန်ယိ သူ့ကိုလျစ်လျူရှုထားပြီး ဆက်ကျင့်ကြံနေလေသည်။

သူ့အသက်ရှူတဲ့ပုံစံတွေပြောင်းလဲသွားပြီး သူထုတ်လွှတ်နေတဲ့ ဝိညာဥ်ချီတွေက အရင်ကလောက်မသန့်စင်တော့တာကြောင့်  မီးတောက်တစ္ဆေက ချက်ချင်းမေးလိုက်သည်။
"မင်း ဘာတွေလုပ်နေတာလဲ"

"ငါမသေခင် နောက်ဆုံးအနေနဲ့ကျင့်ကြံနေတာလေ..မင်းငါ့ကို အမြန်ဆုံးနည်းနဲ့အဆုံးသတ်ပေးဖို့မျှော်လင့်တယ် ဒါမှမဟုတ် ငါ့ကလေးကိုတော့ချမ်းသာပေးပါ"

"မင်းက သေတော့မှာကိုတောင် တောင်းဆိုချက်တွေကများလိုက်တာ!"
မီးတောက်တစ္ဆေက နှာခေါင်းရှုံ့လိုက်ကာ
"အချိန်ပြည့်ပြီ..ပြော မင်းဘယ်လိုနည်းလမ်းနဲ့သေချင်လဲ!"

"ဘယ်လိုဘဲဖြစ်ဖြစ်"

"ဒါဆို ငါမင်းကိုတစ်လုတ်တည်းနဲ့မြိုချပစ်လိုက်မယ်"
မီးတောက်တစ္ဆေက ကိုယ်ခန္ဓာမရှိပေ။ သူက ကြီးလို့သေးလို့ရတဲ့ မီးလုံးကြီးတစ်လုံးဖြစ်သည်။ ရုန်ယိကိုမြိုချမယ်လို့ ပြောလိုက်တဲ့အချိန်မှာဘဲ သူ့ကိုယ်ကြီးက မူလကထက်ဆယ်ဆလောက်ကြီးမားသွားတော့သည်။ ထို့နောက် သူ့ပါးစပ်ကြီးကို ရုန်ယိဘက်ကိုလှည့်ပြီးဟလိုက်သည်။

ရုန်ယိ ပါးစပ်တွေတွန့်သွားရသည်။ ထို့နောက် သူလက်ဆန့်လိုက်ကာ မီးတောက်တစ္ဆေရဲ့နှုတ်ခမ်းကိုဆွဲဖမ်းလိုက်ပြီးနောက် သူအစောပိုင်းကပြုလုပ်ထားတဲ့ အစီအရင်ကိုအသက်သွင်းလိုက်တော့သည်။

မီးတောက်တစ္ဆေမှာ ချက်ချင်းဘဲသူ ရုန်ယိရဲ့လက်ဖဝါးထဲကိုစုပ်ယူခံလိုက်ရတော့မယ်လို့ခံစားလိုက်ရပြီး သူ့ရဲ့ဝိညာဥ်စွမ်းအားတွေပါ ဆက်တိုက်လျော့ကျလာနေသည်။ တိတိကျကျပြောရရင်တော့ ရုန်ယိက သူ့ဝိညာဥ်စွမ်းအားတွေနဲ့ ဝိညာဥ်ကိုစုပ်ယူနေလေသည်။

သူ့ဝိညာဥ်က သူ့ကိုယ်ကနေခွဲခွာနေတာကိုသတိပြုမိသွားတာကြောင့် သူထိတ်လန့်ကြောက်ရွံ့စွာ မေးလိုက်မိသည်။
"မင်း ဘာလုပ်နေတာလဲ!!"

ရုန်ယိ နှုတ်ခမ်းတွေကွေးညွှတ်လိုက်ကာ
"မင်းက ဘယ်လိုထင်လို့လဲ"

မီးတောက်တစ္ဆေက ရုန်ယိဆီကို မီးလုံးတစ်လုံးမှုတ်ထုတ်လိုက်သည်။ နောက်တစ်ခဏမှာဘဲ ရုန်ယိရဲ့ကျောက်စိမ်းပြားကနေ ရွှေရောင်အလင်းစက်ဝန်းထွက်လာကာ ခုခံလိုက်ပြီး ထိုမီးလုံးကို ပြန်ကန်ထုတ်လိုက်၏။

မီးတောက်တစ္ဆေက ကျောက်စိမ်းပြားရဲ့အစွမ်းကိုသိသွားတာကြောင့် အဝေးကိုလျှင်မြန်စွာထွက်ပြေးသွားတော့သည်။

ရုန်ယိ သက်ပြင်းအရှည်ကြီးချလိုက်မိပြီး တွေးလိုက်သည်။
'ကံကောင်းလို့..သူယုံသွားတာ'

မီးတောက် တစ္ဆေပြန်မလာခင် ရုန်ယိက သူ့ရဲ့ဝိညာဥ်ချီတွေကို တစ္ဆေကျင့်ကြံသူတစ်ယောက်ရဲ့ ချီတွေအဖြစ် အမြန်ပြောင်းလဲခဲ့တာဖြစ်သည်။ ဒီလိုလုပ်မှသာ သူ ဝိညာဥ်စုပ်ယူခြင်းအတတ်နဲ့ ဝိညာဥ်စွမ်းအားစုပ်ယူခြင်းအတတ်တို့ကိုသုံးလို့ရမှာဖြစ်သည်။ ဒါပေမဲ့ ဝိညာဥ်စုပ်ယူခြင်းအစီအရင်ရဲ့အကူအညီနဲ့ဆိုရင်တောင်မှ မီးတောက်တစ္ဆေရဲ့ဝိညာဥ်အနည်းငယ်လေးကိုသာစုပ်ယူနိုင်မှာဖြစ်ပြီး မီးတောက်တစ္ဆေကို သူ့ရဲ့ဝိညာဥ်စုပ်ယူခံရတော့မယ်လို့ဆိုပြီး ခြောက်လှန့်နိုင်မှာဖြစ်လေသည်။ ဒါကြောင့် အစကတည်းက မီးတောက်တစ္ဆေကသူ့ဘာသာသူကြောက်လန့်နေတာသာဖြစ်လေသည်။ ပြီးတော့လည်း ကျောက်စိမ်းပြားရဲ့အကာအကွယ်နဲ့သာဆိုရင် မီးတောက်တစ္ဆေက ရုန်ယိအပေါ်ဘာမှထပ်ပြီးကြံစည်နိုင်မှာမဟုတ်ပေ။

"ငါဒီမှာဆက်ပြီးမနေသင့်တော့ဘူး"
မီးတောက်တစ္ဆေက သူထပ်ပြီးအရူးလုပ်ခံရတာသိသွားပြီး ပြန်ရောက်လာမှာစိုးရသည်။

ဒါကြောင့် သူချက်ချင်းထပြီး တောအုပ်ထဲကနေထွက်ခွာလိုက်တော့သည်။ သူပတ်ဝန်းကျင်အခြေအနေကိုတောင် ရှင်းရှင်းလင်းလင်းမသိရသေးခင် တစ်ယောက်ယောက်က နောက်ကနေပြီး သူ့ပုခုံးကိုပုတ်လာလေသည်။

##

update လာတောင်းထားတဲ့သူလေးတွေရေ အကုန်လုံးကို တင်ပေးပြီးသွားပါပြီရှင်♥♥

update တောင်းထားတာလေးတွေမရှိသေးခင်တော့ ကိုယ်တင်နေကျရက်လေးအတိုင်းဘဲ ပြန်တင်ပေးမယ်နော်🖤🖤
ဒါကြောင့် sat sun update မရှိပါ

ကိုယ့် reader လေးတွေအားလုံး

HAPPY NEW YEAR par ✨🖤✨

နှစ်သစ်မှာတော့ ကိုယ်တို့ကြုံနေရတဲ့ ဒီကပ်ဆိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဘဲ ဆုတောင်းပေးချင်ပါတယ်ရှင်

************

Zawgyi


ဒါက အ႐ူးအမူးလည္ပတ္ေနတာေတြ႕တဲ့အခါ ႐ုန္ယိခ်က္ခ်င္းရပ္လိုက္ၿပီး သစ္ပင္တစ္ပင္ေနာက္မွာ ဝင္ပုန္းလိုက္သည္။
'ခ်ီးဘဲ..ငါေတာ့႐ူးေတာ့မွာဘဲ..ဒီတစ္ေခါက္က မုဒိမ္းက်င့္တဲ့တစ္ေဆမေတြကိုေတြ႕တုန္းကထက္ေတာင္မွ ပိုၿပီးအျမန္လည္ေနေသးတယ္ဟ..ငါ့ကိုေစာင့္ေနမဲ့တစ္ေဆက သူတို႔ထက္ေတာင္ပိုၿပီးၾကမ္းၾကဳတ္ရက္စက္ဦးမယ္...ဒီတစ္ေခါက္ေတာ့ လြတ္ေျမာက္ေလာက္တဲ့အထိ ငါ့ကံကမေကာင္းေတာ့ဘူးထင္တယ္..'

ဒီရက္စက္ၾကမ္းၾကဳတ္တဲ့တစ္ေဆက သူ႕အနံ႕ေနာက္ေနလိုက္ၿပီး သူ႕ကိုေသခ်ာေပါက္ကိုရွာေတြ႕သြားလိမ့္မည္။

႐ုန္ယိ အျမန္ရပ္လိုက္ေတာ့သည္။

ထို႔ေနာက္ သူ႕ညာဘက္ကေန အသံတစ္သံထြက္ေပၚလာသည္။
"ဆရာဦးေလး...အဲ့လူက ႐ုန္ယိဘဲျဖစ္ရမယ္..သူ႕ကိုသြားဖမ္းၾကရေအာင္!"

႐ုန္ယိလွည့္ၾကည့္လိုက္တဲ့အခါ အဝါေရာင္ဝတ္စုံေတြနဲ႕ က်င့္ႀကံသူဆယ္ေယာက္က ေတာင္ဘက္ကေန ဓားပ်ံေတြနဲ႕ လာေနတာေတြ႕လိုက္ရသည္။ သူတို႔ရဲ႕အဝတ္အစားေတြကိုၾကည့္ရရင္ေတာ့ သူတို႔က အေစာကသူေတြနဲ႕တစ္ဂိုဏ္းတည္းကဘဲျဖစ္ေပလိမ့္မည္။

သူမ်က္ဆံသာလွန္လိုက္မိေတာ့သည္။ ထိုရက္စက္ၾကမ္းၾကဳတ္တဲ့တစ္ေဆေတြၿမိဳခ်တာခံရမယ့္အစားေတာ့ သူတို႔ဆီမွာအဖမ္းခံလိုက္တာကမွ ပိုေကာင္းဦးမည္။ အနည္းဆုံးေတာ့ သူ႕မွာ အခြင့္အေရးေလးအနည္းငယ္ေလာက္ေတာ့ရွိနိုင္ေသးသည္။

သူခ်က္ခ်င္းဘဲ သံလိုက္အိမ္ျမႇောင္ကိုလႊတ္ပစ္လိုက္ၿပီး ထြက္ေျပးေတာ့မဲ့ပုံဟန္ေဆာင္လိုက္သည္။

ထိုလူေတြက ဆရာဦးေလးလို႔ေခၚလိုက္တဲ့လူက ခ်က္ခ်င္းေရွ႕ကိုပ်ံသန္းလာၿပီး ႐ုန္ယိေရွ႕မွာ ပိတ္ရပ္လိုက္သည္။
"ေကာင္စုတ္ေလး..ငါမင္းကိုရွာေတြ႕ၿပီ..ဟမ့္!!"

ထို႔ေနာက္ သူ ႐ုန္ယိကို တစ္ျခားဂိုဏ္းသားေတြဆီကိုတြန္းပို႔လိုက္သည္။
"သူ႕ကိုၾကည့္ထားၾက!"

အဲ့အခ်ိန္မွာ ဆရာဦးေလးရဲ႕သံလိုက္အိမ္ျမႇောင္ကလည္း အ႐ူးအမူးလည္ပတ္လာေတာ့သည္။

သူမ်က္ႏွာ ခ်က္ခ်င္းပ်က္သြားရ၏။
"ေသာက္ခ်ီးဘဲ...ဒီနားမွာ ၾကမ္းၾကဳတ္တဲ့တစ္ေဆရွိေနတယ္ဟ!!"

ထိုဂိုဏ္းသားေတြက သူ႕ကိုေမးလာသည္။
"ဆရာဦးေလး...အဲ့တစ္ေဆနဲ႕ရင္ဆိုင္နိုင္လား"

"ေသခ်ာတာေပါ့..ဒီကေနထြက္သြားၾကရေအာင္"
ဆရာဦးေလးက တစ္ဖက္လွည့္ကာ အေဝးကိုအျမန္ဆုံးပ်ံသန္းသြားၿပီး တစ္ျခားသူေတြကလည္း သူ႕ေနာက္ကေနလိုက္သြားၾကေတာ့သည္။

သူတို႔ မုဒိန္းက်င့္တဲ့တစ္ေဆမေတြထြက္လာတဲ့ေနရာကိုျဖတ္သြားၾကတဲ့အခါ အဲ့ေနရာမွာ သူတို႔ဝတ္ထားတဲ့ဝတ္စုံေတြနဲ႕တစ္ပုံစံတည္းတူတဲ့ အဝတ္အပိုင္းအစေတြနဲ႕ ေဘးနားမွာေတာ့ ပါးရိုးေတြေခ်ာင္က်ၿပီး မ်က္ကြင္းေတြညို ႏႈတ္ခမ္းေတြေျခာက္ကပ္ေနကာ အလြန္အမင္းပင္ပန္းႏြမ္းနယ္ေနပုံေပၚတဲ့ ကိုယ္တုံးလုံးေယာက္်ားေတြလဲက်ေနၾကတာကိုေတြ႕လိုက္ရသည္။

"ဆရာဦးေလး..အဲ့တာ ဆရာတူအစ္ကိုဘဲ!"
ဂိုဏ္းသားတစ္ေယာက္က ေအာ္ေျပာလိုက္သည္။
"ဆရာဦးေလး..ကြၽန္ေတာ္တို႔ သူတို႔ကိုသြားကယ္ရမလား"

ဆရာဦးေလးက သူတို႔ကိုငုံ႕ၾကည့္လိုက္ၿပီး
"သူတို႔ကိုယ္က မရွိမျဖစ္အဆီအႏွစ္ေတြကခမ္းေျခာက္ေနၿပီ..သူတို႔အသက္ရွင္နိုင္ေတာ့မွာမဟုတ္ဘူး...သူတို႔ကိုကယ္ဖို႔ႀကိဳးစားရင္ ငါတို႔လည္း ဒီေနရာမွာဘဲေသဆုံးသြားရလိမ့္မယ္"

သူေျပာတာၾကားလိုက္ရတဲ့အခါ ဘယ္သူမွ သူတို႔ကိုသြားကယ္ခ်င္စိတ္မရွိၾကေတာ့ေပ။

လူေတြပ်ံသန္းသြားတာေတြ႕တဲ့အခါ တစ္ေဆမေတြကထြက္လာၾကည့္ၾကေပမဲ့ ေနာက္တစ္ခဏမွာဘဲ သူတို႔ရဲ႕အမူအယာေတြခ်က္ခ်င္းေျပာင္းသြားရေတာ့သည္။
"မီးေတာက္တစ္ေဆေရာက္ေနတယ္...ပုန္းၾက!!..ပုန္းၾက!!"

ထိုတစ္ေဆမေတြအကုန္လုံးက ေျမႀကီးထဲကိုခ်က္ခ်င္းဝင္ေရာက္ေပ်ာက္ကြယ္သြားၾကေတာ့သည္။ ထို႔ေနာက္ မီးေတာက္လိုရဲရဲေတာက္ေနတဲ့ပုံရိပ္တစ္ခုကပ်ံသန္းလာေနၿပီး ႐ုန္ယိတို႔ဆီကို ေလျပင္းတိုက္သလိုမ်ိဳး ဦးတည္လာေနေလသည္။

မီးေဘာလုံးႀကီးက ေနာက္ကလိုက္ဖမ္းေနတာေတြ႕တဲ့အခါ ထိုက်င့္ႀကံသူေတြကေအာ္ဟစ္လာၾကေတာ့သည္။
"လာေနၿပီ!!...ၾကမ္းၾကဳတ္ရက္စက္တဲ့တစ္ေဆႀကီးလာေနၿပီ!!"

ဆရာဦးေလးက ေအာ္ေျပာလိုက္၏။
"လူတိုင္း မင္းတို႔ေမွာ္လက္နက္ေတြထုတ္လိုက္ၾက!"

"ဆရာဦးေလး..ဂိုဏ္းခ်ဳပ္ရဲ႕ နိမိတ္ဖတ္တဲ့စြမ္းရည္က အရမ္းေတာ္တာမဟုတ္ဘူးလား..ကြၽန္ေတာ္တို႔ အႏၱာရယ္နဲ႕ေတြ႕မယ္ဆိုတာ သူဘာလို႔မေျပာခဲ့ရတာလဲ!"

ဆရာဦးေလးကေတာ့ စိတ္ထဲမွာသာ ေအးစက္စြာႏွာေခါင္းရႈံ႕လိုက္မိသည္။ ဂိုဏ္းခ်ဳပ္က ႐ုန္ယိကိုဘဲလိုခ်င္တာျဖစ္တာေၾကာင့္ သူတို႔အႏၱရာယ္နဲ႕ရင္ဆိုင္ရမယ္ဆိုတာ သူႀကိဳသိခဲ့မယ္ဆိုရင္ေတာင္မွ သူတို႔ကိုဘယ္ေတာ့မွေျပာျပမွာမဟုတ္ေခ်။ မဟုတ္ရင္ ဒီကိုတစ္ေယာက္မွလာၾကေတာ့မွာမဟုတ္ေပ။
္"သူ႕နိမိတ္ဖတ္စြမ္းရည္ကဘယ္ေလာက္ေကာင္းေကာင္း အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ သူနိမိတ္မဖတ္နိုင္ဘူးေလ...သူဖတ္နိုင္ခဲ့တယ္ဆိုရင္ေတာင္မွ ငါတို႔ကိုသိခြင့္ေပးမွာမဟုတ္ဘူး..ေပါက္တတ္ကရေတြေတာ္ေလာက္ၿပီ..တစ္ေဆကေရာက္လာၿပီ..ငါတို႔ တစ္စုတစ္စည္းထဲစည္းလုံးေနသေ႐ြ႕ သူ႕ကိုေသခ်ာေပါက္ႏွိမ္နင္းနိုင္မွာဘဲ"

သူ႕စကားက ထိုဂိုဏ္းသားေတြကို ယုံၾကည္ခ်က္ျမင့္တက္လာေစသည္။

မီးေတာက္တစ္ေဆ သူတို႔ကိုမွီလာတဲ့အခါ သူတို႔အကုန္လုံး တစ္ေဆဆီကို တဟုန္ထိုးေျပးဝင္သြားၾက၏။

ဒါေပမဲ့ ဆရာဦးေလးကေတာ့ ဆန့္က်င္ဖက္အရပ္ကိုေျပးထြက္သြားသည္။ သူက႐ုန္ယိကို သူ႕ေမွာ္လက္နက္ေပၚကိုဆြဲတင္ကာ အရွိန္ႏွစ္ဆတင္ၿပီး အေဝးကိုထြက္ေျပးသြားလိုက္သည္။ ေနာက္တစ္ခဏမွာဘဲ ေနာက္ဘက္ကေန ထိုဂိုဏ္းသားေတြရဲ႕ေအာ္ဟစ္သံေတြကိုၾကားလိုက္ရ၏။

"ဆရာဦးေလး..ခင္ဗ်ားက အရမ္းႏွလုံးသားမဲ့တာဘဲ..ဘယ္လိုလုပ္ ကြၽန္ေတာ္တို႔ကိုထားသြားနိုင္ရတာလဲ!..အားး!!!"

သူတို႔ကိုကယ္ဖို႔ရပ္မဲ့အစား ဆရာဦးေလးက အရွိန္ကိုတင္ၿပီး ပ်ံလိုက္သည္။

ထိုဂိုဏ္းသားေတြက တစ္ေဆရဲ႕ၿပိဳင္ဘက္မဟုတ္တာေၾကာင့္ ခဏေလးနဲ႕ အကုန္လုံးျပာျဖစ္တဲ့အထိ ေလာင္ကြၽမ္းခံလိုက္ရေတာ့သည္။

ထို႔ေနာက္ မီးေတာက္တစ္ေဆက ဆရာဦးေလးနဲ႕ ႐ုန္ယိတို႔ေနာက္ကေန ထပ္လိုက္ဖမ္းျပန္၏။

ဆရာဦးေလးက ႐ုန္ယိကို ႀကိမ္းေမာင္းလိုက္သည္။
"ဒါေတြအကုန္လုံးက မင္းေၾကာင့္ခ်ည္းဘဲ..မဟုတ္ရင္ ငါတို႔ ဒီေလာက္ဂိုဏ္းသားေတြအမ်ားႀကီးဆုံးရႈံးရမွာမဟုတ္ဘူးကြ!!"

႐ုန္ယိ သူ႕ေက်ာကိုပုတ္ေပးၿပီး ေလွာင္ေျပာင္လိုက္သည္။
"ကြၽန္ေတာ့္ကိုလာဖမ္းဖို႔ ခင္ဗ်ားတို႔ကိုအမိန့္ေပးလိုက္တဲ့သူက ကြၽန္ေတာ္လား...ခင္ဗ်ားတို႔သာ ကြၽန္ေတာ့္ေနာက္ေတာက္ေလွ်ာက္လိုက္မဖမ္းခဲ့ရင္ သူတို႔ေတြေသပါ့မလား.."

ဆရာဦးေလး "....."

မၾကာခင္မွာဘဲ မီးေတာက္တစ္ေဆက သူတို႔ကိုမွီလာၿပီး သူတို႔လမ္းမွာပိတ္ရပ္လာသည္။
"သန့္စင္ယင္ခႏၶာကိုယ္...ဒါက ႏွစ္တစ္ေထာင္မွ တစ္ခါေပၚလာတဲ့ သန့္စင္ယင္ခႏၶာကိုယ္ဘဲ..ဟားဟားဟား...မင္းကိုယ္မွာ အနံ႕ေတြဒီေလာက္သိပ္သည္းေနတာမထူးဆန္းေတာ့ဘူး..မင္းရဲ႕ခႏၶာကိုယ္ကိုၿမိဳခ်လိဳက္နိုင္တာနဲ႕ ငါဒီငရဲလိုေနရာကေနထြက္သြားနိုင္ေတာ့မွာ..ဟားဟားဟား...ေကာင္းကင္ဘုံက ငါ့ကိုမ်က္ႏွာသာေပးတာဘဲ!!..ဟိုက်င့္ႀကံသူ..မင္းေနာက္ကသူကို ငါ့ဆီလႊဲေပးမယ္ဆိုရင္ ငါမင္းကိုဒီေနရာကေန အေကာင္းအတိုင္းထြက္သြားခြင့္ျပဳမယ္!"

ဆရာဦးေလးကလည္း ထိုတစ္ေဆရဲ႕ၿပိဳင္ဘက္မဟုတ္တာေၾကာင့္ သူေမးလိုက္သည္။
"မင္းငါ့ကို တစ္ကယ္လႊတ္ေပးမွာလား"

"ဒါေပါ့!"

ဆရာဦးေလးက ႐ုန္ယိကို သူ႕ေမွာ္လက္နက္ေပၚကေနတြန္းလႊတ္လိုက္သည္။
"ဒီမွာ ေရာ့!"

႐ုန္ယိမ်က္ႏွာ ရႈံ႕တြသြားသည္။ သူ ခ်က္ခ်င္းဘဲ အလင္းအင္းကြက္ေတြနဲ႕ ပုံရိပ္ေယာင္အင္းကြက္ေတြကို မီးေတာက္တစ္ေဆဆီကို ပစ္လႊတ္လိုက္ၿပီး သူ႕ကိုယ္သူ ပ်ံသန္းျခင္းအင္းကြက္ကပ္လိုက္ကာ အနီးနားမွာ ေနရာတစ္ခုရွာၿပီး ပုန္းလိုက္၏။

"အားး...ဒါကဘာႀကီးေတြလဲဟ!!"
မီးေတာက္တစ္ေဆက သူ႕မ်က္လုံးေတြသူအုပ္ကာလိုက္သည္။ ထို႔ေနာက္ ဆရာဦးေလးက ျပန္ေရာက္လာကာ ႐ုန္ယိကိုဖမ္းေခၚသြားတာ သူေတြ႕လိုက္ရတာေၾကာင့္ ခ်က္ခ်င္းေနာက္ကေနလိုက္ဖမ္းေတာ့သည္။ ဒါေပမဲ့ခဏေလာက္ၾကာတဲ့အခါမွာေတာ့ ဆရာဦးေလးနဲ႕ ႐ုန္ယိတို႔မွာ ဘယ္ေနရာကိုေရာက္သြားမွန္းမသိေတာ့ေပ။

သူေလထဲကိုအနံ႕ခံၾကည့္လိုက္ၿပီးေနာက္ ဆရာဦးေလးသြားတဲ့ဘက္ကိုေတြ႕ရွိသြားကာ ခ်က္ခ်င္းလိုက္ဖမ္းေလေတာ့သည္။

မီးေတာက္တစ္ေဆက ေနာက္ကေနလိုက္ဖမ္းေနတာေတြ႕တဲ့အခါ ဆရာဦးေလးရဲ႕မ်က္ႏွာမွာ အုံ႕မွိုင္းသြားေတာ့သည္။
"မင္း ကိုယ့္စကားကို ဘာလို႔မတည္ရတာလဲကြ!!"

မီးေတာက္တစ္ေဆကလည္း ျပန္ေအာ္ေျပာလာသည္။
"စကားမတည္တာ မင္းလား.. ငါလားကြ ဟမ္!!"

ဆရာဦးေလးမွာ ဇေဝဇဝါျဖစ္သြားရ၏။
"ငါ သူ႕ကိုငါနဲ႕အတူမေခၚလာဘူးေလ..ၾကည့္ၾကည့္ဦး..ငါ့ေမွာ္လက္နက္ေပၚမွာ ဘယ္သူမွမွမရွိတာ!!"

"ဒါေပမဲ့ ငါမင္းသူ႕ကိုေခၚသြားတာေတြ႕လိုက္တယ္..ၿပီးေတာ့ မင္းဆီမွာလည္း သူ႕အနံ႕ရေနတယ္..မင္းငါ့ကို အင္းကြက္ေတြနဲ႕တိုက္ခိုက္ၿပီး သူ႕ကိုဖြက္ထားတာမဟုတ္လား..မင္းသူ႕ကိုထုတ္ေပးလိုက္တာေကာင္းမယ္..မဟုတ္ရင္ ငါမင္းကို ဒီေနရာမွာတင္ခ်က္ခ်င္းသတ္ပစ္မယ္!!"

မီးေတာက္တစ္ေဆက သူ႕နားကိုပ်ံသန္းလာၿပီး အနံ႕ခံၾကည့္လိုက္သည္။
"အဲ့လူရဲ႕ အနံ႕ရေနတယ္"

"ေသာက္ခ်ီးတဲ့မွ..!!"
ဆရာဦးေလးမွာ ေနာက္ဆုံးေတာ့ဘာေတြျဖစ္ေနလဲဆိုတာ နားလည္သြားေလၿပီ။ ႐ုန္ယိက အင္းကြက္ထဲမွာ သူ႕အနံ႕ကိုထည့္ပိတ္ၿပီး သူ႕ေက်ာကိုပုတ္လိုက္တဲ့အခ်ိန္မွာ အခြင့္အေရးယူၿပီး ကပ္သြားကာ မီးေတာက္တစ္ေဆကို အေဝးကိုမွ်ားေခၚဖို႔ သူ႕ကိုအသုံးခ်လိဳက္တာဘဲ ျဖစ္ရမည္။
"ေတာ္ေတာ္ဉာဏ္မ်ားတဲ့လူ!!"

မီးေတာက္တစ္ေဆလည္း သူအ႐ူးလုပ္ခံလိုက္ရတာ သိသြား၏။ သူေဒါသေတြထြက္လာကာ သူ႕ကိုယ္ေပၚက မီးေတာက္ေတြက ပိုၿပီးေတာက္ေလာက္လာေတာ့သည္။ သူလက္ျမႇောက္လိုက္ၿပီး ဆရာဦးေလးဆီကို မီးလုံးႀကီးတစ္လုံးပစ္လႊတ္လိုက္သည္။

"အား!!..."
ဆရာဦးေလးမွာ သူ႕ေမွာ္လက္နက္ေပၚကေနျပဳတ္က်သြားၿပီး ႀကီးမားလွတဲ့နာက်င္မႈေၾကာင့္ ေျမျပင္ေပၚမွာ လူးလွိမ့္ေနေတာ့သည္။ သူ ေရစြမ္းအင္အင္းကြက္ကိုအျမန္ထုတ္သုံးလိုက္ရသည္။

"မင္းလည္း လွည့္စားခံလိုက္ရတာကိုေထာက္ၿပီး ငါမင္းကိုမသတ္ေတာ့ဘူး"
မီးေတာက္တစ္ေဆက ႏွာေခါင္းရႈံ႕ကာေအးစက္စက္ေျပာၿပီး အေဝးကိုပ်ံထြက္သြားေတာ့သည္။

သူထြက္သြားၿပီး မၾကာခင္မွာဘဲ သစ္ပင္ေနာက္ကေန လူတစ္ေယာက္ထြက္လာ၏။ ထိုသူကေတာ့ ႐ုန္ယိဘဲ ျဖစ္ေလသည္။

သူထိုင္ခ်ကာ အသက္ျပင္းျပင္းရႉလိုက္ၿပီး သူ႕ေဘးနားကိုလွမ္းေျပာလိုက္သည္။
"ေက်းဇူးတင္ပါတယ္"

ထို႔ေနာက္ သူ႕ေဘးနားမွာ အနီေရာင္ပုံရိပ္တစ္ရိပ္ေပၚလာ၏။ ထိုသူကေတာ့ အေစာက ႐ုန္ယိကိုလႊတ္ေပးလိုက္တဲ့ တစ္ေဆမဘဲျဖစ္သည္။

တစ္ေဆမက ေအးစက္စြာႏွာေခါင္းရႈံ႕လိုက္ၿပီး
"မီးေတာက္တစ္ေဆက ငါ့ညီအစ္မေတြအမ်ားႀကီးကို သတ္ပစ္ထားတာ...သူ႕ကိုအနိုင္ယူနိုင္မဲ့အခ်ိန္ကိုေစာင့္ေနေပမဲ့ သနားစရာေကာင္းတာက ငါတို႔ကစြမ္းအားမလုံေလာက္ဘူးေလ..မင္းဒီေနရာမွာ ဆက္မေနသင့္ေတာ့ဘူး..သူက အခ်ိန္မေ႐ြးျပန္ေရာက္လာနိုင္တယ္"

သူမက ထြက္ေပါက္ရွိတဲ့ဘက္ကို ၫႊန္ျပလိုက္သည္။
"ငါတို႔က ဒီေနရာကေနထြက္သြားလို႔မရဘူး..အဲ့ေတာ့ အခုႏႈတ္ဆက္ၾကဖို႔အခ်ိန္ေပါ့.."

"မင္းတို႔ ကြၽန္ေတာ့္ကိုအမ်ားႀကီးကူညီေပးၿပီးပါၿပီ..ကြၽန္ေတာ္ ထပ္ၿပီးဒုကၡမေပးေတာ့ပါဘူး...တစ္ေန႕ ကြၽန္ေတာ့္စြမ္းအားကလုံေလာက္ေအာင္ ႀကီးမားလာတဲ့အခ်ိန္က်ရင္ ဒီေနရာကခ်ိတ္စည္းကိုလာဖ်က္ၿပီး မင္းတို႔ကို ဒီေနရာကေနထြက္သြားလို႔ရေအာင္လုပ္ေပးပါ့မယ္"

အမွန္ေတာ့ ႐ုန္ယိ အလင္းအင္းကြက္နဲ႕ ပုံရိပ္ေယာင္အင္းကြက္ေတြကို သုံးၿပီး မီးေတာက္တစ္ေဆကိုလွည့္စားလိုက္တဲ့အခ်ိန္မွာ မုဒိမ္းက်င့္တဲ့တစ္ေဆမက အေျခအေနေတြကိုစစ္ေဆးဖို႔ထြက္လာတဲ့အခ်ိန္ျဖစ္၏။ ဒါေၾကာင့္ သူက မီးေတာက္တစ္ေဆလက္ကေန ယာယီလြတ္ေျမာက္နိုင္ေအာင္လို႔ သူ႕အနံ႕ထည့္သြင္းထားတဲ့အင္းကြက္ကို တစ္ျခားတစ္ေဆတစ္ေယာက္ကို သူ႕ပုံစံဟန္ေဆာင္ၿပီး အေဝးကိုထြက္ေျပးေပးဖို႔အကူအညီေတာင္းခဲ့လိုက္တာျဖစ္သည္။

"အရမ္းခက္တယ္..ဒီခ်ိတ္စည္းက မိစ္ဆာမ်ိဳးႏြယ္ရဲ႕ဘိုးေဘးေတြလုပ္ခဲ့ၾကတာ..ဒါကိုခ်ိဳးဖ်က္ဖို႔က မျဖစ္နိုင္ဘူး"
မုဒိမ္းက်င့္တဲ့တစ္ေဆမက ႐ုန္ယိ ဒါကိုခ်ိဳးဖ်က္နိုင္မယ္လို႔မေမွ်ာ္လင့္ထားတာေၾကာင့္ သူမကဒီအတိုင္းဘဲ ထြက္သြားေတာ့သည္။

႐ုန္ယိ တစ္ေဆမၫႊန္ျပတဲ့ဘက္ကိုၾကည့္ၿပီးေတြးမိလိုက္သည္။
'အကယ္၍ ငါအခုအခ်ိန္အျပင္သာထြက္သြားမယ္ဆိုရင္..ဟိုလူေတြက အျပင္မွာေစာင့္ေနတုန္းျဖစ္ေလာက္မယ္..ၿပီးေတာ့ ငါ့အျမန္ႏႈန္းနဲ႕ဆိုရင္ လမ္းတစ္ဝက္ေလာက္မွာဘဲ မီးေတာက္တစ္ေဆရဲ႕ဖမ္းဆီးတာခံလိုက္ရနိုင္တယ္'

အခုေတ့ာ သူ႕မွာ ေရွ႕တိုးရင္က်ား ေနာက္ဆုတ္ရင္ေျမေခြးျဖစ္ေနေလၿပီ။

႐ုန္ယိ မ်က္လုံးေတြေမွးက်ဥ္းလိုက္ကာ ေသခ်ာေလးေတြးေနမိသည္။ ထို႔ေနာက္ သူသစ္ပင္တစ္ပင္က အေခါင္းေပါက္ႀကီးတစ္ေပါက္ထဲဝင္ထိုင္လိုက္ကာ အျပင္မွာဖုံးကြယ္တဲ့အစီအရင္ခ်ထားလိုက္သည္။ အသက္မသြင္းမခ်င္း ဘယ္သူမွ ဒီအစီအရင္ကိုသတိျပဳမိမွာမဟုတ္ေပ။ ထို႔ေနာက္ သူထိုင္ခ်လိဳက္ၿပီး က်င့္ႀကံေနေတာ့သည္။

မီးေတာက္တစ္ေဆမွာ အေရွ႕ဘက္ကိုပ်ံသန္းသြားၿပီးေနာက္ တစ္ေဆတစ္အုပ္က ႐ုန္ယိရဲ႕အနံ႕ထည့္ထားတဲ့အင္းကြက္ကိုကိုင္ထားတာေတြ႕လိုက္ရတဲ့အခါ သူေနာက္တစ္ခါ အ႐ူးလုပ္ခံလိုက္ရျပန္ၿပီမွန္းသိသြားရသည္။ ထိုအခါ သူေဒါသေတြေပါက္ကြဲသြားကာ ထိုတစ္ေဆေတြကိုလိုက္ဖမ္းၿပီး ေနာက္ဆုံး ႐ုန္ယိရဲ႕အနံ႕တစ္မ်ိဳးဘဲ က်န္ေတာ့တဲ့အထိ တစ္ေကာင္ခ်င္းစီသတ္ပစ္လိုက္သည္။

ထို႔ေနာက္ သူထိုအနံ႕ေနာက္ကိုလိုက္သြားတဲ့အခါ ႐ုန္ယိကိုဖမ္းမိခဲ့တဲ့ေနရာကိုျပန္ေရာက္လာ၏။ ထို႔ေနာက္ ႐ုန္ယိက သစ္ေခါင္းေပါက္ႀကီးတစ္ခုထဲမွာတရားထိုင္ေနတာကိုေတြ႕လိုက္ရသည္။
"မင္းက ငါ့ကို ထပ္ခါထပ္ခါအ႐ူးလုပ္ရဲေလာက္တဲ့အထိ သတၱိေတြရွိေနတာဘဲ!!..ၿပီးေတာ့ ထြက္မေျပးဘဲ ဒီေနရာမွာဘဲ ျပန္ပုန္းေနတယ္...မင္းက ေသရမွာကိုမေၾကာက္တာဘဲလား..ဘာလားဆိုတာ ငါတစ္ကယ္ကိုသိခ်င္တယ္!!"

႐ုန္ယိက မ်က္လုံးေတာင္မဖြင့္ၾကည့္ဘဲ ျပန္ေျပာလိုက္သည္။
"ေသရမွာကိုမေၾကာက္တဲ့သူ ဘယ္သူမွမရွိဘူး..ဒါေၾကာင့္ ငါမေသခင္..ငါ့သားကိုႏႈတ္ဆက္ဖို႔နဲ႕ ဒီေနရာကေလကိုရႉသြင္းခြင့္ေပးပါလား..သိပ္မၾကာပါဘူး..တစ္နာရီေလာက္ဆို လုံေလာက္ပါတယ္"

မီးေတာက္တစ္ေဆက ပတ္ပတ္လည္ကိုလိုက္ၾကည့္လိုက္ေပမဲ့ ဘယ္သူ႕ကိုမွမေတြ႕ေပ။
"မင္းရဲ႕သား!...."

႐ုန္ယိ သူ႕ဗိုက္ကိုထိျပလိုက္သည္။

မီးေတာက္တစ္ေဆက ရယ္ေမာလာၿပီး
"ေယာက္်ားတစ္ေယာက္က ကိုယ္ဝန္လြယ္နိုင္တယ္ေပါ့..တစ္ကယ္ဘဲ မ်က္စိပြင့္ေစတာဘဲ..ေကာင္းၿပီေလ...မင္းက ငါ့ရဲ႕က်င့္ႀကံမႈကိုတိုးတက္ေစမွာကိုေထာက္ထားၿပီး..ေနာက္ထပ္တစ္နာရီေလာက္ အသက္ရွင္ခြင့္ေပးလိုက္မယ္"

သူ႕မ်က္လုံးထဲမွာေတာ့ ႐ုန္ယိက အရႈံးသမားတစ္ေယာက္ျဖစ္ေနေလၿပီ..သူ႕လက္ေလးတစ္ေခ်ာင္းနဲ႕ေတာင္ ႐ုန္ယိကိုသတ္ပစ္နိုင္၏။ ဒါေပမဲ့ ႐ုန္ယိက သူ႕လက္ထဲကေန ႏွစ္ႀကိမ္ေတာင္လြတ္ေျမာက္သြားတယ္ဆိုတဲ့အခ်က္ကိုေတာ့ သူလုံးဝကိုလ်စ္လ်ဴရႈထားေလသည္။

႐ုန္ယိ သူ႕ကိုလ်စ္လ်ဴရႈထားၿပီး ဆက္က်င့္ႀကံေနေလသည္။

သူ႕အသက္ရႉတဲ့ပုံစံေတြေျပာင္းလဲသြားၿပီး သူထုတ္လႊတ္ေနတဲ့ ဝိညာဥ္ခ်ီေတြက အရင္ကေလာက္မသန့္စင္ေတာ့တာေၾကာင့္ မီးေတာက္တစ္ေဆက ခ်က္ခ်င္းေမးလိုက္သည္။
"မင္း ဘာေတြလုပ္ေနတာလဲ"

"ငါမေသခင္ ေနာက္ဆုံးအေနနဲ႕က်င့္ႀကံေနတာေလ..မင္းငါ့ကို အျမန္ဆုံးနည္းနဲ႕အဆုံးသတ္ေပးဖို႔ေမွ်ာ္လင့္တယ္ ဒါမွမဟုတ္ ငါ့ကေလးကိုေတာ့ခ်မ္းသာေပးပါ"

"မင္းက ေသေတာ့မွာကိုေတာင္ ေတာင္းဆိုခ်က္ေတြကမ်ားလိုက္တာ!"
မီးေတာက္တစ္ေဆက ႏွာေခါင္းရႈံ႕လိုက္ကာ
"အခ်ိန္ျပည့္ၿပီ..ေျပာ မင္းဘယ္လိုနည္းလမ္းနဲ႕ေသခ်င္လဲ!"

"ဘယ္လိုဘဲျဖစ္ျဖစ္"

"ဒါဆို ငါမင္းကိုတစ္လုတ္တည္းနဲ႕ၿမိဳခ်ပစ္လိုက္မယ္"
မီးေတာက္တစ္ေဆက ကိုယ္ခႏၶာမရွိေပ။ သူက ႀကီးလို႔ေသးလို႔ရတဲ့ မီးလုံးႀကီးတစ္လုံးျဖစ္သည္။ ႐ုန္ယိကိုၿမိဳခ်မယ္လို႔ ေျပာလိုက္တဲ့အခ်ိန္မွာဘဲ သူ႕ကိုယ္ႀကီးက မူလကထက္ဆယ္ဆေလာက္ႀကီးမားသြားေတာ့သည္။ ထို႔ေနာက္ သူ႕ပါးစပ္ႀကီးကို ႐ုန္ယိဘက္ကိုလွည့္ၿပီးဟလိုက္သည္။

႐ုန္ယိ ပါးစပ္ေတြတြန့္သြားရသည္။ ထို႔ေနာက္ သူလက္ဆန့္လိုက္ကာ မီးေတာက္တစ္ေဆရဲ႕ႏႈတ္ခမ္းကိုဆြဲဖမ္းလိုက္ၿပီးေနာက္ သူအေစာပိုင္းကျပဳလုပ္ထားတဲ့ အစီအရင္ကိုအသက္သြင္းလိုက္ေတာ့သည္။

မီးေတာက္တစ္ေဆမွာ ခ်က္ခ်င္းဘဲသူ ႐ုန္ယိရဲ႕လက္ဖဝါးထဲကိုစုပ္ယူခံလိုက္ရေတာ့မယ္လို႔ခံစားလိုက္ရၿပီး သူ႕ရဲ႕ဝိညာဥ္စြမ္းအားေတြပါ ဆက္တိုက္ေလ်ာ့က်လာေနသည္။ တိတိက်က်ေျပာရရင္ေတာ့ ႐ုန္ယိက သူ႕ဝိညာဥ္စြမ္းအားေတြနဲ႕ ဝိညာဥ္ကိုစုပ္ယူေနေလသည္။

သူ႕ဝိညာဥ္က သူ႕ကိုယ္ကေနခြဲခြာေနတာကိုသတိျပဳမိသြားတာေၾကာင့္ သူထိတ္လန့္ေၾကာက္႐ြံ႕စြာ ေမးလိုက္မိသည္။
"မင္း ဘာလုပ္ေနတာလဲ!!"

႐ုန္ယိ ႏႈတ္ခမ္းေတြေကြးၫႊတ္လိုက္ကာ
"မင္းက ဘယ္လိုထင္လို႔လဲ"

မီးေတာက္တစ္ေဆက ႐ုန္ယိဆီကို မီးလုံးတစ္လုံးမႈတ္ထုတ္လိုက္သည္။ ေနာက္တစ္ခဏမွာဘဲ ႐ုန္ယိရဲ႕ေက်ာက္စိမ္းျပားကေန ေ႐ႊေရာင္အလင္းစက္ဝန္းထြက္လာကာ ခုခံလိုက္ၿပီး ထိုမီးလုံးကို ျပန္ကန္ထုတ္လိုက္၏။

မီးေတာက္တစ္ေဆက ေက်ာက္စိမ္းျပားရဲ႕အစြမ္းကိုသိသြားတာေၾကာင့္ အေဝးကိုလွ်င္ျမန္စြာထြက္ေျပးသြားေတာ့သည္။

႐ုန္ယိ သက္ျပင္းအရွည္ႀကီးခ်လိဳက္မိၿပီး ေတြးလိုက္သည္။
'ကံေကာင္းလို႔..သူယုံသြားတာ'

မီးေတာက္ တစ္ေဆျပန္မလာခင္ ႐ုန္ယိက သူ႕ရဲ႕ဝိညာဥ္ခ်ီေတြကို တစ္ေဆက်င့္ႀကံသူတစ္ေယာက္ရဲ႕ ခ်ီေတြအျဖစ္ အျမန္ေျပာင္းလဲခဲ့တာျဖစ္သည္။ ဒီလိုလုပ္မွသာ သူ ဝိညာဥ္စုပ္ယူျခင္းအတတ္နဲ႕ ဝိညာဥ္စြမ္းအားစုပ္ယူျခင္းအတတ္တို႔ကိုသုံးလို႔ရမွာျဖစ္သည္။ ဒါေပမဲ့ ဝိညာဥ္စုပ္ယူျခင္းအစီအရင္ရဲ႕အကူအညီနဲ႕ဆိုရင္ေတာင္မွ မီးေတာက္တစ္ေဆရဲ႕ဝိညာဥ္အနည္းငယ္ေလးကိုသာစုပ္ယူနိုင္မွာျဖစ္ၿပီး မီးေတာက္တစ္ေဆကို သူ႕ရဲ႕ဝိညာဥ္စုပ္ယူခံရေတာ့မယ္လို႔ဆိုၿပီး ေျခာက္လွန့္နိုင္မွာျဖစ္ေလသည္။ ဒါေၾကာင့္ အစကတည္းက မီးေတာက္တစ္ေဆကသူ႕ဘာသာသူေၾကာက္လန့္ေနတာသာျဖစ္ေလသည္။ ၿပီးေတာ့လည္း ေက်ာက္စိမ္းျပားရဲ႕အကာအကြယ္နဲ႕သာဆိုရင္ မီးေတာက္တစ္ေဆက ႐ုန္ယိအေပၚဘာမွထပ္ၿပီးႀကံစည္နိုင္မွာမဟုတ္ေပ။

"ငါဒီမွာဆက္ၿပီးမေနသင့္ေတာ့ဘူး"
မီးေတာက္တစ္ေဆက သူထပ္ၿပီးအ႐ူးလုပ္ခံရတာသိသြားၿပီး ျပန္ေရာက္လာမွာစိုးရသည္။

ဒါေၾကာင့္ သူခ်က္ခ်င္းထၿပီး ေတာအုပ္ထဲကေနထြက္ခြာလိုက္ေတာ့သည္။ သူပတ္ဝန္းက်င္အေျခအေနကိုေတာင္ ရွင္းရွင္းလင္းလင္းမသိရေသးခင္ တစ္ေယာက္ေယာက္က ေနာက္ကေနၿပီး သူ႕ပုခုံးကိုပုတ္လာေလသည္။

##

update လာေတာင္းထားတဲ့သူေလးေတြေရ အကုန္လုံးကို တင္ေပးၿပီးသြားပါၿပီရွင္♥♥

update ေတာင္းထားတာေလးေတြမရွိေသးခင်တော့ ကိုယ္တင္ေနက်ရက္ေလးအတိုင္းဘဲ ျပန္တင္ေပးမယ္ေနာ္🖤🖤
ဒါေၾကာင့္ sat sun update မရွိပါ

ကိုယ့္ reader ေလးေတြအားလုံး

HAPPY NEW YEAR par ✨🖤✨

ႏွစ္သစ္မွာေတာ့ ကိုယ္တို႔ႀကဳံေနရတဲ့ ဒီကပ္ဆိုးႀကီးကေနအျမန္ဆုံးလြတ္ေျမာက္ပါေစလို႔ဘဲ ဆုေတာင္းေပးခ်င္ပါတယ္ရွင္

************
31.12.2021

Continue Reading

You'll Also Like

9.1K 990 13
System: မင်းက ငါတို့systemရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ဦးတည်းသောလူတစ်ယောက်ပါ။ မင်း ငါတို့နဲ့ ချိတ်ဆက်ပေးပါလား။ စုယွီ: ငါ့မှာ ဒီလောက်...
109K 13.4K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
205K 22.6K 87
ဒီနေ့ ငါအချစ်တွေကိုလျစ်လျူရှုတယ်ပေါ့ နောက်နေ့ကျ ငါသူ့ကိုကန်ထုတ်ပစ်ဦးမယ် ဒီေန႔ ငါအခ်စ္ေတြကိုလ်စ္လ်ဴရႈတယ္ေပါ့ ေနာက္ေန႔က် ငါသူ႔ကိုကန္ထုတ္ပစ္ဦးမယ္... #...
5.1K 58 1
လှပတဲ့အရှင်မင်းမြတ်ရဲ့နှလုံးသားထဲက အချစ်က ဒီကျွန်အတွက်တော့ ဘယ်ဟုတ်နိုင်ပါ့မလဲ။ May 14 2023- လွပတဲ့အရွင္မင္းျမတ္ရဲ႕ႏွလုံးသားထဲက အခ်စ္က ဒီကြၽန္အတြက္ေတာ...