TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1

3.1K 644 4
By Comet222

Zawgyi


ေက်ာင္းတက္ဖို႔ ဆံုးျဖတ္ခ်က္ခ်ၿပီးတဲ့ေနာက္တြင္ ယြီဂ်င္လီတစ္ေယာက္ အျမဲစိတ္ဓာတ္ေတြ တက္ႂကြေနေတာ့တယ္။ က်န္းေမာ့႐ွန္းကိုလည္း ဒီကမာၻေပၚက ေက်ာင္းနဲ႔ပတ္သက္တဲ့ ကိစၥရပ္ေတြအေၾကာင္း စပ္စုေနရင္း မနားတမ္း အေႏွာင့္အယွက္ေပးေနလ်က္ ႐ွိတယ္။

ကမာၻေျမေခတ္တုန္းက ယြီဂ်င္လီတစ္ေယာက္ ေက်ာင္းတက္ခ်င္ခဲ့တာေၾကာင့္ အဲ့ေခတ္က ေကာလိပ္ေမဂ်ာဘာသာရပ္ အမ်ိဳးမ်ိဳးအားလံုးကို သူေလ့လာသင္ယူခဲ့တယ္။ ေမဂ်ာရပ္ေတြအားလံုးက သူ႔အတြက္ နားမလည္ႏိုင္စရာေတြ ျဖစ္ေနခဲ့ေသာ္ျငားလည္း ဒီအေၾကာင္းကို သူဘယ္သူ႔ကိုမွ သိသာျမင္သာေအာင္ မေဖာ္ထုတ္ျပခဲ့သလို ဒါေတြကို သူစိတ္ပါဝင္စားစြာ သင္ယူေလ့လာခဲ့တယ္။

ကမာၻေျမနဲ႔ အရမ္းကြဲျပားျခားနားေနတဲ့ ဒီကမာၻထဲကို ေရာက္လာၿပီးတဲ့ေနာက္မွာ ဒီကမာၻေပၚက ေက်ာင္းေတြနဲ႔ ေမဂ်ာရပ္ေတြနဲ႔ ပတ္သက္ၿပီး သူအရမ္းသိခ်င္စိတ္ျပင္းျပေနမိတယ္။

"အား႐ွန္း ပထမစစ္တပ္အကယ္ဒမီရဲ႕ ေမဂ်ာရပ္ေတြက ဘာေတြလဲ? ကြၽန္ေတာ္ဘာေမဂ်ာကို သင္ယူႏိုင္မယ္လို႔ ခင္ဗ်ားထင္လဲ?" ယြီဂ်င္လီက အျပံဳးေလးနဲ႔ ေမးလိုက္တယ္။

အရင္တုန္းကဆိုရင္ သူ႔ရဲ႕ဆရာတူအစ္ကိုႀကီးနဲ႔ သူ႔ရဲ႕ဆရာတို႔က သူေလ့လာႏိုင္မဲ့ ဘာသာရပ္အမ်ိဳးမ်ိဳးကို သူ႔အတြက္ ကူညီစီစစ္ေပးခဲ့ၾကတယ္။ ဒါေပမဲ့ ေနာက္က်ေတာ့ လူတစ္ေယာက္က အ​ေျခခံပညာသင္ၾကားေရးမ႐ွိပဲနဲ႔ သင္ယူႏိုင္တဲ့ေမဂ်ာရပ္ေတြက အနည္းငယ္သာ ႐ွိတယ္ဆိုတာကို သူတို႔ေတြ ႐ွာေတြ႔လိုက္ၾကရတယ္။ တိရစာၦန္ေဆးကုပညာရပ္က သူနဲ႔အသင့္ေတာ္ဆံုးေမဂ်ာရပ္ ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ အဆံုးသတ္မွာေတာ့ သူ႔ရဲ႕စိတ္စြမ္းအင္စြမ္းအားေတြက တိရစာၦန္ေတြကို ကုသေပးႏိုင္ၿပီးေတာ့ တိရစာၦန္ေတြက စကားမေျပာႏိုင္တာေၾကာင့္ သူတို႔ေတြက သူ႔ရဲ႕လ်ိဳ႕ဝွက္ခ်က္ကို ထုတ္ေဖာ္မေျပာၾကားႏိုင္ဘူးေလ။

သူတိရစာၦန္ေဆးကုေက်ာင္းကို သြားၿပီး ပညာသင္ယူဖို႔ကို မေျပာနဲ႔။ သူတိရစာၦန္ေဆးကု ေကာလိပ္ဝင္ခြင့္စာေမးပြဲကိုေတာင္ မေအာင္ျမင္ခဲ့တာကေတာ့ စိတ္မေကာင္းစရာပါပဲ။

ဒီကမာၻေပၚမွာလည္း 'တိရစၧာန္ဆရာဝန္' လိုမ်ိဳး အသက္ေမြးဝမ္းေက်ာင္းပညာရပ္ ႐ွိေနလား?

"အဲ့မွာ ေမဂ်ာရပ္ေတြ အမ်ိဳးမ်ိဳး႐ွိေပမဲ့ အဓိကအေရးအႀကီးဆံုး ေမဂ်ာေတြက ေလးခု႐ွိတယ္။ အဲ့ဒါေတြက ကတ္ (card) လက္မႈအတတ္ပညာ၊ မက္ကာ့ခ္အထူးျပဳ၊ အထူးစြမ္းရည္အထူးျပဳနဲ႔ မက္ကာ့ခ္တီထြင္ထုတ္လုပ္ေရး ေမဂ်ာေတြပဲ။ သာမန္လူေတြအတြက္ သင့္ေတာ္တဲ့ တျခားေမဂ်ာရပ္အခ်ိဳ႕လည္း ႐ွိပါေသးတယ္။" က်န္းေမာ့႐ွန္းက ယြီဂ်င္လီတစ္ေယာက္ သူႀကိဳက္ႏွစ္သက္တဲ့ေမဂ်ာရပ္ကို ေလ့လာသင္ယူႏိုင္ဖို႔ကို ေမွ်ာ္လင့္ေနလ်က္ သူ႔ကို အရမ္းအေသးစိတ္က်က် မိတ္ဆက္ေပးလိုက္တယ္။

အဓိကအေရးအႀကီးဆံုး ေမဂ်ာရပ္ေတြအတြက္က ေသခ်ာတဲ့ အထူးျပဳမႈတစ္ခုကို လိုအပ္တယ္။ ေက်ာင္းသားျဖစ္လာခ်င္တဲ့လူေတြက အေသးစိတ္က်တဲ့ အထူးသီးသန္႔စစ္ေဆးမႈ သတ္မွတ္ခ်က္ေတြကို ျဖတ္ေက်ာ္ရမွာ ျဖစ္ၿပီးေတာ့ တကယ္လို႔ လိုအပ္ခ်က္ေတြနဲ႔ ထပ္တူမက်ဘူးဆိုရင္ သူတို႔ေတြက အထူးသီးသန္႔အခြင့္အေရးေတြ႐ွိတဲ့ အေရးပါတဲ့မိသားစုတစ္ခုက ျဖစ္ေနခဲ့မယ္ဆိုရင္ေတာင္မွ ဝင္ခြင့္ရဖို႔ဆိုတာက မျဖစ္ႏိုင္ပါဘူး။

ျပည္ေထာင္စုထဲတြင္ ကတ္လက္မႈပညာသည္ေတြရဲ႕ အခုလက္႐ွိအေရအတြက္က အမွန္တကယ္ကို အေတာ္ေလး ႐ွားပါးေသာ္ျငားလည္း ကတ္လက္မႈအတတ္ပညာက အလြန္တန္ဖိုးအ႐ွိဆံုးေမဂ်ာအျဖစ္ သတ္မွတ္ခံထားရတာ ျဖစ္တယ္။ စြမ္းရည္အသံုးျပဳသူေတြထက္ ပိုၿပီး႐ွားပါးၿပီးေတာ့ ပိုၿပီးအဖိုးတန္တာေၾကာင့္ သူတို႔ေတြက ျပည္ေထာင္စုထဲတြင္ အေလးစားအခံရဆံုး လူအုပ္စုတစ္စုျဖစ္တယ္။ တကယ္လို႔မင္းက ဒီအသက္ေမြးဝမ္းေက်ာင္းပညာရပ္ကို သင္ယူခ်င္တယ္ဆိုရင္ ဘာပဲျဖစ္ျဖစ္ မင္းက ပထမဦးဆံုး စိတ္စြမ္းအားကို ပိုင္ဆိုင္ထားရမွာ ျဖစ္တယ္။

အထူးစြမ္းရည္အထူးျပဳေမဂ်ာက စြမ္းရည္ေတြ ႏိႈးထေနၾကတဲ့လူေတြကိုပဲ စုေဆာင္းၾကတာ ျဖစ္တယ္။ အဲ့အခ်က္ေၾကာင့္ပဲ အမွန္တကယ္မွာေတာ့ က်န္းေမာ့႐ွန္းက ဒီေမဂ်ာကေန ဘြဲ႔ရ႐ွိခဲ့တာျဖစ္တယ္။

မက္ကာ့ခ္အထူးျပဳကက်ေတာ့ သတ္မွတ္ခ်က္စည္းကမ္းေတြက ပထမႏွစ္ခုထက္ အနည္းငယ္နိမ့္က်တယ္။ လူတစ္ေယာက္က ခႏၶာကိုယ္အဆင့္ B အဆင့္ ဒါမွမဟုတ္ အဲ့အဆင့္ထက္ ျမင့္ေနသေရြ႕ သူတို႔ေတြက ဒီေမဂ်ာကို ေလွ်ာက္ထားႏိုင္ၾကတယ္။

တျခားက်န္တဲ့ေမဂ်ာေတြအတြက္ နာမည္စာရင္းသြင္းဖို႔ လိုအပ္ခ်က္ေတြက ပိုၿပီးေတာ့ သက္ေတာင့္သက္သာ႐ွိတယ္။ ပံုမွန္အားျဖင့္ဆိုရင္ မိသားစုႀကီးေတြရဲ႕ ေထာက္ခံခ်က္ေပးျခင္းကို ခံထားရတဲ့ကေလးေတြက ပထမဆံုးေမဂ်ာသံုးခုထက္ တျခားေမဂ်ာေတြကို ေရြးခ်ယ္တတ္ၾကၿပီးေတာ့ မက္ကာ့ခ္တီထြင္ထုတ္လုပ္ေရး ေမဂ်ာကိုေတာ့ ပိုၿပီးႏွစ္သက္လိုလားၾကတယ္။

"ကတ္လက္မႈပညာသည္ေတြက ဘာလုပ္ရတာလဲ?" ယြီဂ်င္လီက သိခ်င္စိတ္ျပင္းျပစြာ ေမးလိုက္တယ္။

'ကတ္လက္မႈပညာသည္' ဆိုတဲ့စကားလံုးကို သူၾကားဖူးတာက ဒါက ပထမဦးဆံုးအႀကိမ္ မဟုတ္ပါဘူး။ မူလခႏၶာကိုယ္ပိုင္႐ွင္ရဲ႕မွတ္ညဏ္ထဲမွာ က်န္းအိမ္ေတာ္ဆီ အပို႔မခံရခင္တုန္းက ယြီဂ်င္႐ွန္းသူ႔ကို ႂကြားတာကို သူတစ္ခါၾကားခဲ့ဖူးတယ္။

ယြီဂ်င္႐ွန္းက သူက ႐ွားပါးၿပီး အဆင့္အတန္းျမင့္မားတဲ့ ကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္လာေတာ့မွာမို႔လို႔ သူကဘယ္လိုလုပ္ၿပီး ကိုယ္လက္မသန္မစြမ္းျဖစ္ေနတဲ့သူကို လက္ထပ္ရမွာလဲဆိုၿပီး ေျပာခဲ့ဖူးတယ္။ သူကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္လာသေရြ႕ သူလိုခ်င္တာကို မရႏိုင္တာ ဘာတစ္ခုမွ႐ွိလာမွာ မဟုတ္ေတာ့ဘူးဆိုပဲ။

အဲ့ဒီလူက သူ 'ကတ္လက္မႈပညာသည္' တစ္ေယာက္ ျဖစ္ခ်င္တာေၾကာင့္ ဒီေရႊေရာင္ေပါင္လံုးႀကီးကို ဒီအတိုင္းလက္ေလွ်ာ့ခဲ့တယ္။

ဒီ 'ကတ္လက္မႈပညာသည္' ဆိုတဲ့ အသက္ေမြးဝမ္းေက်ာင္းပညာရပ္က ဒီကမာၻေပၚမွာ အရမ္းနာမည္ေက်ာ္ၾကားမဲ့ပံုပဲ။

'ကတ္လက္မႈပညာသည္ဆိုတာ ဘာႀကီးလဲ?' ယြီဂ်င္လီတစ္ေယာက္ ဒီစကားလံုးတစ္ခုတည္းကိုသာ ၾကားေတာ့တယ္။ ဒါေပမဲ့ သူ႔ရဲ႕စိတ္ထဲမွာကေတာ့ သက္ဆိုင္တဲ့ ဘာပံုတစ္ခုမွ ႐ွိမေနခဲ့ပါဘူး။ သူဒီစကားလံုးကို ထပ္ၾကားလိုက္ရတဲ့အခ်ိန္မွာ အဲ့ဒါကသူ႔ကို မူလခႏၶာကိုယ္ပိုင္႐ွင္ကို အျမဲလိုလိုအႏိုင္က်င့္ခဲ့ၿပီး မူလခႏၶာကိုယ္ပိုင္႐ွင္ရဲ႕စိတ္ထဲမွာ နက္႐ွိဳင္းတဲ့အရိပ္မဲႀကီးတစ္ခုကို ခ်န္ထားရစ္ခဲ့တဲ့လူတစ္ေယာက္ကို အမွတ္ရသြားေစတယ္။

ယြီဂ်င္႐ွန္းရဲ႕အသံေနအသံထားနဲ႔ ဂုဏ္ယူေနတဲ့အၾကည့္ကို ခန္႔မွန္းၾကည့္မယ္ဆိုရင္ ဒီ 'ကတ္လက္မႈပညာသည္' ဆိုတာက ျပည္ေထာင္စုအတြင္းမွာ အရမ္းနာမည္ေက်ာ္ၾကားလိမ့္မယ္ ထင္တယ္။

တကယ္လို႔သူလည္း ကတ္လက္မႈပညာသည္တစ္ေယာက္ ျဖစ္လာခဲ့မယ္ဆိုရင္ သူလူေတြရဲ႕ႏွစ္သက္မႈကို ပိုရ႐ွိၿပီး ယံုၾကည္မႈစြမ္းအားေတြကိုလည္း ပိုၿပီးစုေဆာင္းမိလာမွာလား? ယြီဂ်င္လီတစ္ေယာက္ သူ႔ရဲ႕ႏွလံုးသားထဲမွာ တိတ္တဆိတ္ ေတြးေတာေနလိုက္မိတယ္။

က်န္းေမာ့႐ွန္းတစ္ေယာက္ ယြီဂ်င္လီရဲ႕ေမးခြန္းကို ၾကားလိုက္ရတဲ့အခ်ိန္မွာ သူမတတ္ႏိုင္ပဲ မ်က္ေမွာင္ၾကဳပ္မိသြားတယ္။ သူအစကေတာ့ ကတ္လက္မႈအတတ္ပညာအေၾကာင္းကို အမ်ားႀကီးေျပာျပဖို႔ မရည္ရြယ္ထားပါဘူး။ အဆံုးမွာေတာ့ သူ႔ရဲ႕စံုစမ္းစစ္ေဆးမႈအရဆိုရင္ ေကာင္ငယ္ေလးက စိတ္စြမ္းအားမ႐ွိတဲ့ သာမန္လူသားတစ္ေယာက္ ျဖစ္တယ္။ ကတ္လက္မႈပညာသည္တစ္ေယာက္ လံုးဝျဖစ္လာမွာမဟုတ္ဘူး။

သို႔ေသာ္လည္း ေကာင္ငယ္ေလးက အရမ္းသိခ်င္စိတ္ျပင္းျပေနတာကို ျမင္လိုက္ရေတာ့ က်န္းေမာ့႐ွန္းတစ္ေယာက္ သူ႔ကို ျငင္းဆန္ႏိုင္စြမ္းမ႐ွိေတာ့ပါဘူး။ သူသူ႔ရဲ႕စမတ္နာရီကို ဖြင့္လိုက္ၿပီးေတာ့ စြမ္းအင္ကတ္တစ္ကတ္ကို ဥပမာအေနနဲ႔ျပဖို႔ သူ႐ွာလိုက္တယ္။

"ဒါက ကတ္လက္မႈပညာသည္တစ္ေယာက္ ေရးဆြဲထားတဲ့ စြမ္းအင္ကတ္ပဲ။ ဒါကို စြမ္းရည္အသံုးျပဳသူက အသက္သြင္းႏိုင္ၿပီးေတာ့ အရမ္းအားေကာင္းတဲ့ တိုက္ခိုက္ႏိုင္တဲ့စြမ္းအား ႐ွိတယ္။" က်န္းေမာ့႐ွန္းက ႐ွင္းျပလိုက္တယ္။

ယြီဂ်င္လီက မ်က္ႏွာျပင္ေပၚက စြမ္းအင္ကတ္ကို ၾကည့္လိုက္ၿပီးေတာ့ က်န္းေမာ့႐ွန္းကို သံသယေတြျပည့္ႏွက္ေနတဲ့ မ်က္လံုးတစ္စံုနဲ႔ ျပန္ၾကည့္လိုက္တယ္။

သူတစ္ခါမွ ေက်ာင္းကို မသြားခဲ့ဖူးသလို စာအုပ္တစ္အုပ္ကို မဖတ္ခဲ့ဖူးေသာ္ျငားလည္း သူ႔ကို ပံုေလးအခ်ိဳ႕နဲ႔ လြယ္လြယ္ကူကူ အ႐ူးလုပ္လို႔လည္း မရပါဘူး။ သူက ဘယ္ေလာက္တံုးအေနပါေစ ဒါက လက္နဲ႔ဆြဲထားတဲ့ ပံုတစ္ပံုေလးပဲဆိုတာကို သူျမင္ႏိုင္ေနပါေသးတယ္။

ယြီဂ်င္လီရဲ႕စြပ္စြဲရိပ္ေတြျပည့္ႏွက္ေနတဲ့ မ်က္လံုးေတြက အရမ္းအားေကာင္းလြန္းေနတာေၾကာင့္ ျဖစ္ႏိုင္တယ္။ က်န္းေမာ့႐ွန္းတစ္ေယာက္ မတတ္ႏိုင္ပဲ တခစ္ခစ္ရယ္လိုက္မိၿပီးေတာ့ ေျပာလိုက္တယ္။ "ကိုယ့္ကို ခဏေစာင့္ေနအံုး။ ကိုယ္မင္းကို တကယ့္အစစ္ကို ယူလာျပမယ္။"

႐ွားပါးတဲ့ S အဆင့္ စြမ္းရည္အသံုးျပဳသူတစ္ေယာက္အေနနဲ႔ က်န္းေမာ့႐ွန္းမွာ သဘာဝက်က်ကိုပဲ စြမ္းအင္ကတ္ေတြ ျပတ္လတ္မႈမ႐ွိတတ္ပါဘူး။ သူအံဆြဲကို ဖြင့္လိုက္ၿပီး သူအရင္တုန္းက ေလ့က်င့္တဲ့အေနနဲ႔ အသံုးျပဳခဲ့တဲ့ D အဆင့္ စြမ္းအင္ကတ္တစ္ခုကို ယူထုတ္လိုက္ၿပီးေတာ့ ယြီဂ်င္လီကို ျပလိုက္တယ္။

စြမ္းအင္ကတ္က​ ေသးငယ္ပါးလႊာတဲ့ အခ်ပ္ျပားေလး ျဖစ္ၿပီးေတာ့ ကမာၻေျမေခတ္က ဘဏ္ကတ္ေလးနဲ႔ တူညီတယ္။ မ်က္ႏွာျပင္ေပၚတြင္ အသက္ဝင္လြန္းတဲ့ ႐ုပ္ပံုရိပ္တစ္ခုကို ေရးဆြဲထားၿပီးေတာ့ စမတ္နာရီထဲက ႐ုပ္ပံုထက္ ပိုၿပီး႐ွင္းလင္းျပတ္သားတယ္။

"အဲ့ဒါက စြမ္းအင္ကတ္လား?" ယြီဂ်င္လီက စြမ္းအင္ကတ္ကို ဂ႐ုတစိုက္ ကိုင္တြယ္လိုက္ၿပီးေတာ့ အဲ့ဒါကို အျပန္ျပန္အလွန္လွန္ ၾကည့္လိုက္မိတယ္။ ဒီေသးငယ္တဲ့ကတ္ေလးက သူ႔ကို အရမ္းစိတ္ခ်မ္းေျမ႕စရာေကာင္းတဲ့ ခံစားခ်က္တစ္မ်ိဳးကို ေပးေနၿပီးေတာ့ သူမတတ္ႏိုင္ပဲ အဲ့ဒါရဲ႕စိတ္ဝိညဥ္ကို စူးစမ္း႐ွာေဖြခ်င္သြားမိတယ္။

"ဟုတ္တယ္။ စြမ္းရည္အသံုးျပဳသူေတြက သူတို႔ရဲ႕ကိုယ္ပိုင္စြမ္းရည္ေတြကေနတစ္ဆင့္ သားရဲအမ်ိဳးမ်ိဳးနဲ႔ အပင္အမ်ိဳးမ်ိဳးကို ဆင့္ေခၚဖို႔အတြက္ ဒီကတ္ေတြအထဲကို သူတို႔ရဲ႕စြမ္းအင္ေတြကို ပို႔လႊတ္ရတယ္။ မင္းရဲ႕လက္ထဲက ကတ္က သားရဲတစ္ေကာင္ပဲ။" က်န္းေမာ့႐ွန္းက ျပန္ေျဖလိုက္တယ္။















Unicode

Chapter(73):စွမ်းအင်ကတ်ကို အသက်သွင်းခြင်း-1

ကျောင်းတက်ဖို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်တွင် ယွီဂျင်လီတစ်ယောက် အမြဲစိတ်ဓာတ်တွေ တက်ကြွနေတော့တယ်။ ကျန်းမော့ရှန်းကိုလည်း ဒီကမ္ဘာပေါ်က ကျောင်းနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေအကြောင်း စပ်စုနေရင်း မနားတမ်း အနှောင့်အယှက်ပေးနေလျက် ရှိတယ်။

ကမ္ဘာမြေခေတ်တုန်းက ယွီဂျင်လီတစ်ယောက် ကျောင်းတက်ချင်ခဲ့တာကြောင့် အဲ့ခေတ်က ကောလိပ်မေဂျာဘာသာရပ် အမျိုးမျိုးအားလုံးကို သူလေ့လာသင်ယူခဲ့တယ်။ မေဂျာရပ်တွေအားလုံးက သူ့အတွက် နားမလည်နိုင်စရာတွေ ဖြစ်နေခဲ့သော်ငြားလည်း ဒီအကြောင်းကို သူဘယ်သူ့ကိုမှ သိသာမြင်သာအောင် မဖော်ထုတ်ပြခဲ့သလို ဒါတွေကို သူစိတ်ပါဝင်စားစွာ သင်ယူလေ့လာခဲ့တယ်။

ကမ္ဘာမြေနဲ့ အရမ်းကွဲပြားခြားနားနေတဲ့ ဒီကမ္ဘာထဲကို ရောက်လာပြီးတဲ့နောက်မှာ ဒီကမ္ဘာပေါ်က ကျောင်းတွေနဲ့ မေဂျာရပ်တွေနဲ့ ပတ်သက်ပြီး သူအရမ်းသိချင်စိတ်ပြင်းပြနေမိတယ်။

"အားရှန်း ပထမစစ်တပ်အကယ်ဒမီရဲ့ မေဂျာရပ်တွေက ဘာတွေလဲ? ကျွန်တော်ဘာမေဂျာကို သင်ယူနိုင်မယ်လို့ ခင်ဗျားထင်လဲ?" ယွီဂျင်လီက အပြုံးလေးနဲ့ မေးလိုက်တယ်။

အရင်တုန်းကဆိုရင် သူ့ရဲ့ဆရာတူအစ်ကိုကြီးနဲ့ သူ့ရဲ့ဆရာတို့က သူလေ့လာနိုင်မဲ့ ဘာသာရပ်အမျိုးမျိုးကို သူ့အတွက် ကူညီစီစစ်ပေးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ကျတော့ လူတစ်ယောက်က အ​ခြေခံပညာသင်ကြားရေးမရှိပဲနဲ့ သင်ယူနိုင်တဲ့မေဂျာရပ်တွေက အနည်းငယ်သာ ရှိတယ်ဆိုတာကို သူတို့တွေ ရှာတွေ့လိုက်ကြရတယ်။ တိရစာၦန်ဆေးကုပညာရပ်က သူနဲ့အသင့်တော်ဆုံးမေဂျာရပ် ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဆုံးသတ်မှာတော့ သူ့ရဲ့စိတ်စွမ်းအင်စွမ်းအားတွေက တိရစာၦန်တွေကို ကုသပေးနိုင်ပြီးတော့ တိရစာၦန်တွေက စကားမပြောနိုင်တာကြောင့် သူတို့တွေက သူ့ရဲ့လျို့ဝှက်ချက်ကို ထုတ်ဖော်မပြောကြားနိုင်ဘူးလေ။

သူတိရစာၦန်ဆေးကုကျောင်းကို သွားပြီး ပညာသင်ယူဖို့ကို မပြောနဲ့။ သူတိရစာၦန်ဆေးကု ကောလိပ်ဝင်ခွင့်စာမေးပွဲကိုတောင် မအောင်မြင်ခဲ့တာကတော့ စိတ်မကောင်းစရာပါပဲ။

ဒီကမ္ဘာပေါ်မှာလည်း 'တိရစၧာန်ဆရာဝန်' လိုမျိုး အသက်မွေးဝမ်းကျောင်းပညာရပ် ရှိနေလား?

"အဲ့မှာ မေဂျာရပ်တွေ အမျိုးမျိုးရှိပေမဲ့ အဓိကအရေးအကြီးဆုံး မေဂျာတွေက လေးခုရှိတယ်။ အဲ့ဒါတွေက ကတ် (card) လက်မှုအတတ်ပညာ၊ မက်ကာ့ခ်အထူးပြု၊ အထူးစွမ်းရည်အထူးပြုနဲ့ မက်ကာ့ခ်တီထွင်ထုတ်လုပ်ရေး မေဂျာတွေပဲ။ သာမန်လူတွေအတွက် သင့်တော်တဲ့ တခြားမေဂျာရပ်အချို့လည်း ရှိပါသေးတယ်။" ကျန်းမော့ရှန်းက ယွီဂျင်လီတစ်ယောက် သူကြိုက်နှစ်သက်တဲ့မေဂျာရပ်ကို လေ့လာသင်ယူနိုင်ဖို့ကို မျှော်လင့်နေလျက် သူ့ကို အရမ်းအသေးစိတ်ကျကျ မိတ်ဆက်ပေးလိုက်တယ်။

အဓိကအရေးအကြီးဆုံး မေဂျာရပ်တွေအတွက်က သေချာတဲ့ အထူးပြုမှုတစ်ခုကို လိုအပ်တယ်။ ကျောင်းသားဖြစ်လာချင်တဲ့လူတွေက အသေးစိတ်ကျတဲ့ အထူးသီးသန့်စစ်ဆေးမှု သတ်မှတ်ချက်တွေကို ဖြတ်ကျော်ရမှာ ဖြစ်ပြီးတော့ တကယ်လို့ လိုအပ်ချက်တွေနဲ့ ထပ်တူမကျဘူးဆိုရင် သူတို့တွေက အထူးသီးသန့်အခွင့်အရေးတွေရှိတဲ့ အရေးပါတဲ့မိသားစုတစ်ခုက ဖြစ်နေခဲ့မယ်ဆိုရင်တောင်မှ ဝင်ခွင့်ရဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

ပြည်ထောင်စုထဲတွင် ကတ်လက်မှုပညာသည်တွေရဲ့ အခုလက်ရှိအရေအတွက်က အမှန်တကယ်ကို အတော်လေး ရှားပါးသော်ငြားလည်း ကတ်လက်မှုအတတ်ပညာက အလွန်တန်ဖိုးအရှိဆုံးမေဂျာအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်တယ်။ စွမ်းရည်အသုံးပြုသူတွေထက် ပိုပြီးရှားပါးပြီးတော့ ပိုပြီးအဖိုးတန်တာကြောင့် သူတို့တွေက ပြည်ထောင်စုထဲတွင် အလေးစားအခံရဆုံး လူအုပ်စုတစ်စုဖြစ်တယ်။ တကယ်လို့မင်းက ဒီအသက်မွေးဝမ်းကျောင်းပညာရပ်ကို သင်ယူချင်တယ်ဆိုရင် ဘာပဲဖြစ်ဖြစ် မင်းက ပထမဦးဆုံး စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရမှာ ဖြစ်တယ်။

အထူးစွမ်းရည်အထူးပြုမေဂျာက စွမ်းရည်တွေ နှိုးထနေကြတဲ့လူတွေကိုပဲ စုဆောင်းကြတာ ဖြစ်တယ်။ အဲ့အချက်ကြောင့်ပဲ အမှန်တကယ်မှာတော့ ကျန်းမော့ရှန်းက ဒီမေဂျာကနေ ဘွဲ့ရရှိခဲ့တာဖြစ်တယ်။

မက်ကာ့ခ်အထူးပြုကကျတော့ သတ်မှတ်ချက်စည်းကမ်းတွေက ပထမနှစ်ခုထက် အနည်းငယ်နိမ့်ကျတယ်။ လူတစ်ယောက်က ခန္ဓာကိုယ်အဆင့် B အဆင့် ဒါမှမဟုတ် အဲ့အဆင့်ထက် မြင့်နေသရွေ့ သူတို့တွေက ဒီမေဂျာကို လျှောက်ထားနိုင်ကြတယ်။

တခြားကျန်တဲ့မေဂျာတွေအတွက် နာမည်စာရင်းသွင်းဖို့ လိုအပ်ချက်တွေက ပိုပြီးတော့ သက်တောင့်သက်သာရှိတယ်။ ပုံမှန်အားဖြင့်ဆိုရင် မိသားစုကြီးတွေရဲ့ ထောက်ခံချက်ပေးခြင်းကို ခံထားရတဲ့ကလေးတွေက ပထမဆုံးမေဂျာသုံးခုထက် တခြားမေဂျာတွေကို ရွေးချယ်တတ်ကြပြီးတော့ မက်ကာ့ခ်တီထွင်ထုတ်လုပ်ရေး မေဂျာကိုတော့ ပိုပြီးနှစ်သက်လိုလားကြတယ်။

"ကတ်လက်မှုပညာသည်တွေက ဘာလုပ်ရတာလဲ?" ယွီဂျင်လီက သိချင်စိတ်ပြင်းပြစွာ မေးလိုက်တယ်။

'ကတ်လက်မှုပညာသည်' ဆိုတဲ့စကားလုံးကို သူကြားဖူးတာက ဒါက ပထမဦးဆုံးအကြိမ် မဟုတ်ပါဘူး။ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ညဏ်ထဲမှာ ကျန်းအိမ်တော်ဆီ အပို့မခံရခင်တုန်းက ယွီဂျင်ရှန်းသူ့ကို ကြွားတာကို သူတစ်ခါကြားခဲ့ဖူးတယ်။

ယွီဂျင်ရှန်းက သူက ရှားပါးပြီး အဆင့်အတန်းမြင့်မားတဲ့ ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာတော့မှာမို့လို့ သူကဘယ်လိုလုပ်ပြီး ကိုယ်လက်မသန်မစွမ်းဖြစ်နေတဲ့သူကို လက်ထပ်ရမှာလဲဆိုပြီး ပြောခဲ့ဖူးတယ်။ သူကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာသရွေ့ သူလိုချင်တာကို မရနိုင်တာ ဘာတစ်ခုမှရှိလာမှာ မဟုတ်တော့ဘူးဆိုပဲ။

အဲ့ဒီလူက သူ 'ကတ်လက်မှုပညာသည်' တစ်ယောက် ဖြစ်ချင်တာကြောင့် ဒီရွှေရောင်ပေါင်လုံးကြီးကို ဒီအတိုင်းလက်လျှော့ခဲ့တယ်။

ဒီ 'ကတ်လက်မှုပညာသည်' ဆိုတဲ့ အသက်မွေးဝမ်းကျောင်းပညာရပ်က ဒီကမ္ဘာပေါ်မှာ အရမ်းနာမည်ကျော်ကြားမဲ့ပုံပဲ။

'ကတ်လက်မှုပညာသည်ဆိုတာ ဘာကြီးလဲ?' ယွီဂျင်လီတစ်ယောက် ဒီစကားလုံးတစ်ခုတည်းကိုသာ ကြားတော့တယ်။ ဒါပေမဲ့ သူ့ရဲ့စိတ်ထဲမှာကတော့ သက်ဆိုင်တဲ့ ဘာပုံတစ်ခုမှ ရှိမနေခဲ့ပါဘူး။ သူဒီစကားလုံးကို ထပ်ကြားလိုက်ရတဲ့အချိန်မှာ အဲ့ဒါကသူ့ကို မူလခန္ဓာကိုယ်ပိုင်ရှင်ကို အမြဲလိုလိုအနိုင်ကျင့်ခဲ့ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့စိတ်ထဲမှာ နက်ရှိုင်းတဲ့အရိပ်မဲကြီးတစ်ခုကို ချန်ထားရစ်ခဲ့တဲ့လူတစ်ယောက်ကို အမှတ်ရသွားစေတယ်။

ယွီဂျင်ရှန်းရဲ့အသံနေအသံထားနဲ့ ဂုဏ်ယူနေတဲ့အကြည့်ကို ခန့်မှန်းကြည့်မယ်ဆိုရင် ဒီ 'ကတ်လက်မှုပညာသည်' ဆိုတာက ပြည်ထောင်စုအတွင်းမှာ အရမ်းနာမည်ကျော်ကြားလိမ့်မယ် ထင်တယ်။

တကယ်လို့သူလည်း ကတ်လက်မှုပညာသည်တစ်ယောက် ဖြစ်လာခဲ့မယ်ဆိုရင် သူလူတွေရဲ့နှစ်သက်မှုကို ပိုရရှိပြီး ယုံကြည်မှုစွမ်းအားတွေကိုလည်း ပိုပြီးစုဆောင်းမိလာမှာလား? ယွီဂျင်လီတစ်ယောက် သူ့ရဲ့နှလုံးသားထဲမှာ တိတ်တဆိတ် တွေးတောနေလိုက်မိတယ်။

ကျန်းမော့ရှန်းတစ်ယောက် ယွီဂျင်လီရဲ့မေးခွန်းကို ကြားလိုက်ရတဲ့အချိန်မှာ သူမတတ်နိုင်ပဲ မျက်မှောင်ကြုပ်မိသွားတယ်။ သူအစကတော့ ကတ်လက်မှုအတတ်ပညာအကြောင်းကို အများကြီးပြောပြဖို့ မရည်ရွယ်ထားပါဘူး။ အဆုံးမှာတော့ သူ့ရဲ့စုံစမ်းစစ်ဆေးမှုအရဆိုရင် ကောင်ငယ်လေးက စိတ်စွမ်းအားမရှိတဲ့ သာမန်လူသားတစ်ယောက် ဖြစ်တယ်။ ကတ်လက်မှုပညာသည်တစ်ယောက် လုံးဝဖြစ်လာမှာမဟုတ်ဘူး။

သို့သော်လည်း ကောင်ငယ်လေးက အရမ်းသိချင်စိတ်ပြင်းပြနေတာကို မြင်လိုက်ရတော့ ကျန်းမော့ရှန်းတစ်ယောက် သူ့ကို ငြင်းဆန်နိုင်စွမ်းမရှိတော့ပါဘူး။ သူသူ့ရဲ့စမတ်နာရီကို ဖွင့်လိုက်ပြီးတော့ စွမ်းအင်ကတ်တစ်ကတ်ကို ဥပမာအနေနဲ့ပြဖို့ သူရှာလိုက်တယ်။

"ဒါက ကတ်လက်မှုပညာသည်တစ်ယောက် ရေးဆွဲထားတဲ့ စွမ်းအင်ကတ်ပဲ။ ဒါကို စွမ်းရည်အသုံးပြုသူက အသက်သွင်းနိုင်ပြီးတော့ အရမ်းအားကောင်းတဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းအား ရှိတယ်။" ကျန်းမော့ရှန်းက ရှင်းပြလိုက်တယ်။

ယွီဂျင်လီက မျက်နှာပြင်ပေါ်က စွမ်းအင်ကတ်ကို ကြည့်လိုက်ပြီးတော့ ကျန်းမော့ရှန်းကို သံသယတွေပြည့်နှက်နေတဲ့ မျက်လုံးတစ်စုံနဲ့ ပြန်ကြည့်လိုက်တယ်။

သူတစ်ခါမှ ကျောင်းကို မသွားခဲ့ဖူးသလို စာအုပ်တစ်အုပ်ကို မဖတ်ခဲ့ဖူးသော်ငြားလည်း သူ့ကို ပုံလေးအချို့နဲ့ လွယ်လွယ်ကူကူ အရူးလုပ်လို့လည်း မရပါဘူး။ သူက ဘယ်လောက်တုံးအနေပါစေ ဒါက လက်နဲ့ဆွဲထားတဲ့ ပုံတစ်ပုံလေးပဲဆိုတာကို သူမြင်နိုင်နေပါသေးတယ်။

ယွီဂျင်လီရဲ့စွပ်စွဲရိပ်တွေပြည့်နှက်နေတဲ့ မျက်လုံးတွေက အရမ်းအားကောင်းလွန်းနေတာကြောင့် ဖြစ်နိုင်တယ်။ ကျန်းမော့ရှန်းတစ်ယောက် မတတ်နိုင်ပဲ တခစ်ခစ်ရယ်လိုက်မိပြီးတော့ ပြောလိုက်တယ်။ "ကိုယ့်ကို ခဏစောင့်နေအုံး။ ကိုယ်မင်းကို တကယ့်အစစ်ကို ယူလာပြမယ်။"

ရှားပါးတဲ့ S အဆင့် စွမ်းရည်အသုံးပြုသူတစ်ယောက်အနေနဲ့ ကျန်းမော့ရှန်းမှာ သဘာဝကျကျကိုပဲ စွမ်းအင်ကတ်တွေ ပြတ်လတ်မှုမရှိတတ်ပါဘူး။ သူအံဆွဲကို ဖွင့်လိုက်ပြီး သူအရင်တုန်းက လေ့ကျင့်တဲ့အနေနဲ့ အသုံးပြုခဲ့တဲ့ D အဆင့် စွမ်းအင်ကတ်တစ်ခုကို ယူထုတ်လိုက်ပြီးတော့ ယွီဂျင်လီကို ပြလိုက်တယ်။

စွမ်းအင်ကတ်က​ သေးငယ်ပါးလွှာတဲ့ အချပ်ပြားလေး ဖြစ်ပြီးတော့ ကမ္ဘာမြေခေတ်က ဘဏ်ကတ်လေးနဲ့ တူညီတယ်။ မျက်နှာပြင်ပေါ်တွင် အသက်ဝင်လွန်းတဲ့ ရုပ်ပုံရိပ်တစ်ခုကို ရေးဆွဲထားပြီးတော့ စမတ်နာရီထဲက ရုပ်ပုံထက် ပိုပြီးရှင်းလင်းပြတ်သားတယ်။

"အဲ့ဒါက စွမ်းအင်ကတ်လား?" ယွီဂျင်လီက စွမ်းအင်ကတ်ကို ဂရုတစိုက် ကိုင်တွယ်လိုက်ပြီးတော့ အဲ့ဒါကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်မိတယ်။ ဒီသေးငယ်တဲ့ကတ်လေးက သူ့ကို အရမ်းစိတ်ချမ်းမြေ့စရာကောင်းတဲ့ ခံစားချက်တစ်မျိုးကို ပေးနေပြီးတော့ သူမတတ်နိုင်ပဲ အဲ့ဒါရဲ့စိတ်ဝိညဉ်ကို စူးစမ်းရှာဖွေချင်သွားမိတယ်။

"ဟုတ်တယ်။ စွမ်းရည်အသုံးပြုသူတွေက သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကနေတစ်ဆင့် သားရဲအမျိုးမျိုးနဲ့ အပင်အမျိုးမျိုးကို ဆင့်ခေါ်ဖို့အတွက် ဒီကတ်တွေအထဲကို သူတို့ရဲ့စွမ်းအင်တွေကို ပို့လွှတ်ရတယ်။ မင်းရဲ့လက်ထဲက ကတ်က သားရဲတစ်ကောင်ပဲ။" ကျန်းမော့ရှန်းက ပြန်ဖြေလိုက်တယ်။


Continue Reading

You'll Also Like

2M 161K 47
"ကျုပ်နာမည် တော်ဝင်ယောက်ျား၊အများစုကတော့ Royalလို့ခေါ်ကြပေမယ့် ခင်ဗျားကတော့ ယောက်ျားလို့ခေါ်ချင်ခေါ်ပေါ့" "မင်းးး" Zawgyi "က်ဳပ္နာမည္ ေတာ္ဝင္ေယာက္်ား...
187K 19.2K 115
ဘာသာပြန်သူ - စွဲညို့အသင်း
607K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...