ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...

By mizzle69

218K 39.2K 1.1K

ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More

ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72

chapter 7

3.3K 678 1
By mizzle69

Uni

Fei Zhengရဲ့အိမ်ကနေ Nan HuaiLin ည 8နာရီ မထိုးခင်ထွက်လာခဲ့တယ်။ လရောင်နှင့် နီယွန်မီးရောင်ရဲ့အောက်မှာ မြေအောက်ရထားဘူတာရုံဆီကို လမ်းလျှောက်လာခဲ့တယ်။

Fei Zhengရဲ့အိမ်က အနောက်ဘက်ဒုတိယမြောက် မြို့ပတ်လမ်းမှာရှိပြီး Nan HuaiLin ငှားနေတဲ့အိမ်က အရှေ့ဘက် ငါးခုမြောက်မြို့ပတ်လမ်းမှာရှိတယ်။

Nan HuaiLinက တစ်လွှာမှာ ဆယ်ခန်းကျော်ပါတဲ့ ငါးထပ်အဆောက်အဦးမှာ တစ်ယောက်အခန်း တိုက်ခန်းတစ်ခု ငှားနေတယ်။ အဲ့ဒီနေရာက ဝေးလံတယ်ဆိုပေမယ့် တိုက်ခန်းကသန့်သန့်ရှင်းရှင်းသပ်သပ်ရပ်ရပ် ရှိတယ်။ စတုရန်းပေ 20လောက် ကျယ်တယ်။ မီးဖိုချောင်တစ်ခု၊ ရေချိုးခန်း၊ အဲယားကွန်းနှင့် အပူပေးစက်လည်းပါတယ်။ တစ်လငှားခက 1,800ပေးရတယ်။

သူ ပထမထပ်ကိုဖြတ်လာပြီး မန်နေဂျာဆီကို အခန်းငှားခပေးဖို့ သွားလိုက်တယ်။ ပြီးတော့ သူ့ရဲ့ပင်ပန်းနေတဲ့ခန္ဓာကိုယ်ကို လေးထပ်မြောက်အလွှာအထိ တရွတ်တိုက်ဆွဲလာခဲ့တယ်။ အခု သူ့ရဲ့အသိုက်အိမ်လေးကို ပြန်ရောက်ပြီ။

သူ အသင့်စားခေါက်ဆွဲတစ်ပန်းကန် ချက်လိုက်တယ်။ ပြီးတော့ သူ့လက်တော့ကို ဖွင့်ပြီး 'အိမ်သန့်ရှင်းရေးအလုပ်အတွက် ပါဝင်သည့်အကြောင်းအရာများနှင့် မှတ်စုများ'ဆိုတဲ့ Ruan Xin ပို့ထားတဲ့ အီးမေးကို ဖတ်ကြည့်နေရင်းပဲ ခေါက်ဆွဲစားလိုက်တယ်။

အဲ့ဒါက စာမျက်နှာငါးဆယ်ကျော်အထိရှည်တယ်။

Nan HuaiLin အချက်အလက်တစ်ခုချင်းစီကို ဖတ်ကြည့်လိုက်တယ်။ သူမနက်ဖြန် အဲ့ဒါတွေကို စာရွက်ထုတ်ဖို့ မိတ္တူကူးတဲ့ဆိုင်ကို သွားမှရမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ခေါက်ဆွဲစားပြီးတော့ ချက်ပြုတ်အိုးနှင့်ပန်းကန်တွေကို ဆေးကြောသန့်စင်လိုက်တယ်။

အလုပ်ပိုင်သွားတော့ Nan HuaiLin သူ့ဘေးနားကို တစ်ချက်လှည့်ကြည့်ပြီး Shi Yanရဲ့ ပစ္စည်းတွေကို စုလိုက်တယ်။

Shi Yanက သူ့နေရာကို ညအိပ်ဖို့တစ်ခါတစ်ရံလာတတ်တယ်။ အကြိမ်အများကြီးလာဖူးတာတော့ မဟုတ်ပေမယ့် သူပြန်သွားတော့ သူ့ပစ္စည်းတစ်ချို့က ဒီမှာ ကျန်နေခဲ့တာ။

Nan HuaiLin အရောင်တစ်ခုတည်းရှိတဲ့ အိပ်ယာခင်းကိုယူလိုက်ပြီး လေးထောင့်ပုံစံလေးခေါက်လိုက်တယ်။ အဲ့ဒီဟာလေးကို ကုတင်ပေါ်ဖြန့်လိုက်တယ်။ နောက်ပြီး အဲ့ဒါရဲ့အပေါ်မှာ Shi Yanရဲ့ ပစ္စည်းတွေကိုတင်လိုက်တယ်။ အဓိကပစ္စည်းတွေက အဝတ်အစားတွေ၊ အောက်ခံဘောင်းဘီတွေ၊ ဦးထုပ်တွေနှင့် တခြားဟာလေးတွေ။ အဲ့ဒီကုတင်ပေါ်က ပစ္စည်းတွေတစ်ခုချင်းစီကို ဓာတ်ပုံရိုက်လိုက်တယ်။ ပြီးသွားတော့ Idle Fishကိုဖွင့်ပြီး 'ငယ်ရွယ်နုပျိုတဲ့ ပေါ်ပြူလာစတား Shi Yan ရဲ့ အတွင်းခံဘောင်းဘီ' လိုမျိုး Shi Yanရဲ့နာမည်နဲ့ ခေါင်းစဥ်တပ်ပြီး အဲ့ဒီပစ္စည်းတွေအကုန်လုံးကို ရောင်းဖို့ သင့်တော်တဲ့စျေးနှုန်းနဲ့ ပို့စ် တင်ပစ်လိုက်တယ်။

အကုန်လုပ်ပြီးသွားတော့ ရေချိုးပြီး အိပ်ရာဝင်လိုက်တယ်။

သူ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပေမယ့် မြန်မြန်ဆန်ဆန်ပဲ အိပ်ပျော်သွားတယ်။

ဒီနေ့က သူ့အတွက် အရမ်းပင်ပန်းတဲ့နေ့တစ်နေ့ပဲ။

နောက်နေ့မနက်စောစော Nan HuaiLin 'အိမ်အလုပ်လုပ်ခြင်းနှင့် ကြိုတင်ကာကွယ်အပ်သောအရာများ'ဆိုတဲ့ မိတ္တူကူးထားတဲ့ စာရွက်အထပ်လိုက်ကြီးကိုယူပြီး Beijingရဲ့ တစ်ဝက်စာအကွာအဝေးလောက်ကို ဖြတ်သန်းကာ Fei Zhengရဲ့ အိမ်ကို သွားလိုက်တယ်။

Hannibalကို အစာနှင့်သောက်စရာလေးတွေကျွေးပြီး Nan HuaiLin အလုပ်လုပ်နေရင်းသီချင်းနားထောင်ဖို့ နားကြပ်လိုက်တယ်။ နောက်ပြီး မိတ္တူစာရွက်ထဲမှာ ပါတဲ့အခန်းတွေဆီ လျှောက်လာခဲ့တယ်။

အိမ်ကနည်းနည်းတော့ အရမ်းကြီးတယ်။ မနက်ခင်းတစ်ခင်းလုံးကို သန့်ရှင်းရေးလုပ်နေတာတောင်မှ အိမ်ရဲ့တစ်ဝက်ပဲပြီးလိုက်တယ်။

နေ့လည်စာကို အဆင်ပြေသလိုပဲ အပြင်မှာ ထွက်စားလိုက်ပြီး အလုပ်ဆက်လုပ်ဖို့ ပြန်လာခဲ့တယ်။

အလုပ်တွေလုပ်ပြီးတဲ့နောက် Ruan Xinက ရောက်လာတယ်။ Nan HuaiLinလုပ်ထားတဲ့ အတွင်းထဲကအလုပ်တွေရော အပြင်ဘက်ကအလုပ်တွေပါ လာစစ်တယ်။ ပြီးတော့ သူကပြောတယ်။ "အရမ်းကောင်းတာပဲ။ ငါမျှော်လင့်ထားတာထက်တောင်ကျော်နေတယ်။ ငါကတော့ ကျေနပ်တယ်။ ပြီးတော့ Mr.Feiကလည်း အမှားရှာနိုင်မယ်လို့ မထင်ပါဘူး။ ငါ နောက်တစ်ယောက်ထပ်မရှာရလောက်တော့ပါဘူးနော်"

Nan HuaiLinအရမ်းပျော်ရွှင်သွားတယ်။

သူက သူလုပ်တဲ့အလုပ်တွေအကုန်လုံးပေါ်မှာ စေတနာထားပြီးအကောင်းဆုံးလုပ်တဲ့သူ တစ်ယောက်ဖြစ်တယ်။ သူလုပ်တဲ့အလုပ်ကို အသိအမှတ်ပြုခံရတာထက် ဘယ်အရာကမှ သူ့စိတ်ကို ကျေနပ်ဝမ်းမြောက်မှု မဖြစ်စေဘူး။

"ဒါပေမယ့် မင်း ဒီအိမ်သန့်ရှင်းရေးအလုပ်ကို လုပ်ချင်တာသေချာရဲ့လား? Beijing ရုပ်ရှင်အနုပညာတက္ကသိုလ်မှာ ဘွဲ့ရတဲ့သူတစ်ယောက်က ဒီလိုအလုပ်ကိုလုပ်တာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား?"

"ကျတော် လုပ်ချင်ပါတယ်။ အကို ကျတော်ကို အလုပ်တစ်ခုပေးတဲ့အတွက် ကျတော်က ကျေးဇူးတောင်တင်ချင်နေတာ။ တခြားပိုပြီးဆိုးရွားစေတဲ့ ဘယ်အကြောင်းအရာမှ မရှိပါဘူး"

"မင်းဒီအလုပ်ကို လုပ်မယ်ဆိုရင် သရုပ်ဆောင်အလုပ်ကိုဆက်လုပ်ဖို့ဖြစ်နိုင်မှာ မဟုတ်ဘူးနော်"

Nan HuaiLin ခါးခါးသီးသီးပြုံးလိုက်တယ်။"ဘယ်လိုပဲဖြစ်ဖြစ် ကျတော်မှာ သရုပ်ဆောင်ဖို့ ဘာဇာတ်ကွက်မှ ရှိမနေပါဘူး။ ဒါက အဆင်ပြေပါတယ်"

Ruan Xinက စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားတယ်။ "လာလေ၊ ငါ မင်းကို ညစာလိုက်ကျွေးမယ်"

Nan HuaiLin သူ့လက်ကို မြန်မြန်ပဲ ဝှေ့ယမ်းပြီး ​ငြင်းလိုက်တယ်။ "တော်ပါပြီ။ ကျတော်လုပ်စရာတစ်ခု ရှိနေသေးလို့။ ကျတော် သွားရတော့မှာမို့လို့ပါ"

Ruan Xinက ထပ်ပြီး တောင်းဆိုမလာတော့ဘူး။ ပြီးတော့ ပြန်ထွက်သွားတယ်။

တကယ်တော့ Nan HuaiLin ဘယ်သွားစရာမှ မရှိပါဘူး။ သူက Ruan Xinညစာလိုက်ကျွေးမှာကို လက်မခံချင်ရုံပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အခုအခြေအနေကြောင့်ပဲ။ နောက်တစ်ခါ Ruan Xin ကိုပြန်ပြီး တစ်ခုခုလိုက်မကျွေးနိုင်မှာ စိုးတယ်။

လစာရတဲ့ အချိန်ကျရင် Ruan Xinက သူ့ကို ဒီအလုပ် လုပ်ခွင့်ပြုခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အနေနဲ့ စားကောင်းတာလေးတစ်ခုခုလိုက်ကျွေးဖို့ Nan HuaiLin တိတ်တိတ်လေးဆုံးဖြတ်လိုက်တယ်။

သူ့ဖုန်းကို ထုတ်ပြီး He DingHongဆီ ဖုန်းခေါ်လိုက်တယ်။

သကြားဖေဖေကိစ္စကို နောက်ထပ်အကြာကြီး အချိန်ရွေ့ဆိုင်းပြီး စကားပြောဖို့ မလိုပါဘူး။ အဲ့တော့ မကြာခင်ပဲ ဒီကိစ္စကိုဖြေရှင်းပြီး ကောင်းတာတွေ ဖြစ်လာတော့မှာပါ။

ဖုန်းကိုင်သွားတဲ့အချိန်မှာ Nan HuaiLin ရိုးရိုးရှင်းရှင်းပဲပြောလိုက်တယ်။ "အကို Hong၊ ခင်ဗျားမနေ့က ကျတော့်ကိုပြောလိုက်တဲ့ ဘယ်အရာမှ မလုပ်ပေးနိုင်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး အဲ့ဒီကိစ္စကို ကျတော်အတွက် ငြင်းပယ်ပေးပါ။" He DingHongကို ဘာစကားကပြောခွင့်မပေးဘဲနဲ့ သူဆက်ပြောလိုက်တယ်။ "ခင်ဗျားကလည်း ကျတော့်အတွက်ဇာတ်ကောင်တစ်နေရာစာရဖို့တောင် အကူအညီမပေးနိုင်ဘူးဆိုတော့ Ming Xiနဲ့ချုပ်ထားတဲ့ ကျတော့်ရဲ့စာချုပ်ကို ဖျက်လိုက်တော့မယ်။ ကျတော်လည်း စာချုပ်ကျိုးပျက်သွားတဲ့ ပိုက်ဆံတွေကို ဖြစ်နိုင်ရင် မကြာခင်ပဲတစ်ခါတည်း ရတော့မှာပါ။ အဲ့ဒါကြောင့်မလို့ အဲ့ဒီကိစ္စကို စိတ်ပူနေစရာမလိုပါဘူး"

He DingHongက လှောင်ရယ်သံနဲ့ပြောတယ်။

"မင်းက ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ကောင်လေးလို့ ငါထင်ထားတာ။ ဒါပေမယ့် မင်းက ငတုံးတစ်ယောက်ပဲ။ ငါမှားသွားတယ်။ မင်းကိုမင်း ဘယ်သူများထင်နေတာလဲ? ကိုယ်ကျင့်သိက္ခာကို အထူးထိန်းသိမ်းတဲ့ သူတော်စင်မိန်းကလေးများထင်နေတာလား? မင်းမှာ ကောင်းတဲ့အရာတွေရှိတယ်။ တစ်ယောက်ယောက်က မင်းကို လိုချင်နေတယ်။ အဲ့ဒါကြောင့် ဘုရားကိုတောင် မင်းကျေးဇူးတင်သင့်တယ်။ ဒါပေမယ့် မင်းကမင်းကိုယ်မင်း အရမ်းအထင်ကြီးလွန်းတယ်။ မနာခံတတ်တဲ့ ခွေးတစ်ကောင်ပဲ! ငါ မင်းကိုပြောလိုက်မယ်။ မင်းက သရုပ်ဆောင်အလုပ်ကို လုပ်နေတာနော်။ ငါမင်းကို ဘမ်း(ban)ပစ်မယ်။ငါ......"

Nan HuaiLin ဖုန်းချပစ်လိုက်တယ်။ အဲ့ဒီညစ်ညမ်းတဲ့စကားတွေကို သူနားထောင်နေစရာမလိုဘူး။

သူ သက်ပြင်းအရှည်ကြီးချလိုက်တယ်။ မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး တိုးတိုးလေးရေရွတ်လိုက်မိတယ်။ "ဘဝကြီးက တကယ်ကို ခက်ခဲကြမ်းတမ်းတာပဲ"

ဖုန်းက ရုတ်တရက်မြည်လာတယ်။

He DingHongက သူ့ကို မဆူတော့ဘဲ နားချဖို့အတွက် ထပ်ဖြစ်ဖုန်းခေါ်တာဖြစ်မယ်လို့ သူထင်လိုက်တယ်။ ဒါပေမယ့် သူငုံ့ကြည့်လိုက်တဲ့အခါ အဲ့ဒါကမရင်းနှီးတဲ့ နံပါတ်စိမ်းတစ်ခုဖြစ်နေတယ်။

"Hello?" Nan HuaiLin ​မေးလိုက်တယ်။

"ငါ အလုပ်လုပ်တဲ့နေရာမှာရှိတဲ့ Pure Kမှာ။ ငါကို လာရှာလိုက် "

"......."Nan HuaiLin စိတ်ရှုပ်သွားတယ်။ "အခု ဘယ်သူလဲဆိုတာ ကျတော်မေးလို့ရမလား?"

"Shen Chong"

"ကျတော့် ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ?"

"ငါ အဲ့ဒါကို He DingHongဆီကနေ မေးလာတာ"

"ခင်ဗျား ဘာလိုချင်လို့လဲ?"

"လာရင် သိပါလိမ့်မယ်။ ငါ မင်းကိုစောင့်နေမယ်။ အေ့"

အဲ့ဒါပြောပြီးတဲ့နောက် Shen Chongက ဖုန်းကို တောက်လျှောက်ချသွားတယ်။
Nan HuaiLin, ".....Hello?"

အချိန်ခနလောက် တုံ့ဆိုင်းပြီးတဲ့နောက်မှာ Nan HuaiLinသွားဖို့ ဆုံးဖြတ်လိုက်တယ်။ He DingHongကို သူ စိတ်မကျေမနပ်ဖြစ်စေခဲ့ပြီးပြီ။ ထပ်ပြီး Shen Chongကို စိတ်မကျေမနပ် မဖြစ်စေချင်ဘူး။

သူ မြောက်အောက်ရထားစီးပြီး Gongtiကို သွားလိုက်တယ်။ Pure Kကိုရှာကာ အထဲဝင်ပြီး Shen Chongကို ဖုန်းခေါ်လိုက်တယ်။

"ခင်ဗျား ဘယ်အခန်းထဲမှာလဲ?"

"ခနစောင့်နေ။ မင်းကိုလာခေါ်ဖို့ စားပွဲထိုးတစ်ယောက်ကို ငါပြောလိုက်မယ်"

Nan HuaiLin ခနပဲစောင့်လိုက်ရတယ်။ နောက်ဆုံးတော့ စာပွဲထိုးက သူကို အဆင့်မြင့်ဇိမ်ခံတဲ့အခန်းတစ်ခုထဲ ခေါ်သွားတယ်။ အခန်းထဲမှာ လူနှစ်ယောက်ပဲရှိတယ်။ တစ်ယောက်က Shen Chong၊ နောက်တစ်ယောက်ကိုတော့ သူ မသိဘူး။

"ဘာလို့ အဲ့နားမှာ ရပ်နေတာလဲ?" Shen Chongက ပြုံးနေပြီး သူ့ကို လက်ရမ်းပြပြီးခေါ်တယ်။ "ဒီနားလာခဲ့"

သူ လမ်းလျှောက်လာခဲ့တယ်။ Shen Chongက မက်တပ်ရပ်ပြီး သူ့နားမှာထိုင်ဖို့ဆွဲခေါ်တယ်။ အထူးရင်းနှီးကြတဲ့သူတွေလို ပခုံးကနေဖက်ပြီး သူ့ကိုခေါ်လာတယ်။ ပြီးတော့ အပြုံးတစ်ခုနဲ့ပြောတယ်။ "အကုန်လုံးကို ကျတော်မိတ်ဆက်ပေးပါရစေ။ ဒါက ကုမ္ပဏီအတူတူက ကျတော့်ရဲ့ဂျူနီယာလေး Nan HuaiLinပါ။ နောက်ပြီး ဒီဘက်ကသူက အရမ်းနာမည်ကြီးတဲ့ ဒါရိုက်တာ Luo Keပါ"

Luo Keဆိုတဲ့နာမည်ကို သူသိတယ်။ Shi Yan စပြီးကျော်ကြားလာတဲ့ ဟာသဒရမ်မာစာအုပ်ထဲက အိုင်ဒေါတစ်ယောက်ဇာတ်ကောင်က Luo Keရိုက်ခဲ့တာပဲ။ Luo Keက ဒီလောက်ထိ ငယ်ရွယ်နုပျိုမယ်လို့ သူမထင်ထားဘူး။ သူ့အသက်က သုံးဆယ်အစပိုင်းလောက်မှာပဲရှိမယ်ထင်တယ်။

Shen Chongက ဆက်ပြောတယ်။ "မကြာခင်က ဒရမ်မာဇာတ်ကားအသစ်တစ်ခုကို ရိုက်ဖို့ ဒါရိုက်တာ Luo Keက ပြင်ဆင်နေတာလေ။ ငါက ပထမနေရာက ယောက်ျားလေးဇာတ်ဆောင်လေ။ ဒါပေမယ့် တခြားဇာတ်ပို့ကာရိုက်တာနေရာတွေက အခုထက်ထိမဆုံးဖြတ်ရသေးဘူး။ ပထမဆုံးအကြိမ် ဒီအကြောင်းကို ငါကြားရတော့၊ Nanပေါက်စလေးနဲ့ လိုက်တဲ့ ဇာတ်ကောင်တစ်ခုကို ငါ ရှာပေးချင်လာလို့လေ"

Luo Keက Nan HuaiLinကို ကြည့်နေတယ်။ "တတိယနေရာက ယောက်ျားလေးဇာတ်ကောင်က သူနဲ့တော်တော်လေးလိုက်ဖက်တယ်လို့ ငါထင်တယ်။ သူ့ရဲ့အရပ်နှင့် ပုံစံက တော်တော်ကိုက်ညီမှုရှိတယ်"

Shen Chong ဘာတွေတွေးနေလဲဆိုတာ Nan HuaiLinသိတာပေါ့။

သူ အကူအညီမဲ့လာသလို ခံစားရတယ်။ သူ့လက်ကိုမြောက်ကာ Shen Chongရဲ့လက်မောင်းကို ဆွဲဖယ်လိုက်ပြီး Luo Keကို အပြုံးတစ်ပွင့်နဲ့ ပြောလိုက်တယ်။ "ဒါရိုက်တာ Luo၊ ခင်ဗျားရဲ့ ကြင်နာမှုအတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုလောလောဆယ် ကျတော့်မှာ အရမ်းအရေးကြီးတဲ့ ပုဂ္ဂိုလ်ရေးရာကိစ္စလေးတွေလုပ်ဖို့ ရှိနေသေးလို့ပါ။ ဒါကြောင့် ကျတော် ဘယ်ဇာတ်ကောင်ကိုမှ စပြီးသရုပ်ဖို့မဖြစ်နိုင်သေးဘူး ဖြစ်နေတယ်။ ကျတော် တကယ်ပဲ စိတ်မကောင်းပါဘူး"

Luo Keက Shen Chongကို အပြုံးတစ်ချက်နဲ့ကြည့်တယ်။ ဘာမှတော့မပြောဘူး။

Shen Chongက ရယ်ပြီးပြောတယ်။ "ဒါက အဆင်ပြေပါတယ်။ မင်းဒါကိုအခုအချိန်မှာ မလုပ်နိုင်သေးရင်၊ အနာဂတ်ရောက်ရင် တခြားပေါများတဲ့ အခွင့်အရေးတွေလည်း ရှိလာနိုင်ပါသေးတယ်"

Luo Keက ခေါင်းညိမ့်ပြီး သူ့ရဲ့ဝိုင်ကို ညိမ်ညိမ်လေးထိုင်သောက်နေတယ်။

Nan HuaiLin မက်တပ်ရပ်လိုက်တယ်။ "ကျတော် လုပ်စရာတွေရှိနေသေးလို့ အရင်ပြန်နှင့် ပါ့မယ်"

Shen Chongက သူ့ရဲ့လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာပြီး ဆူပူလိုတဲ့အသံနဲ့ပြောတယ်။ "မင်း ဘာလို့ အရမ်းမသိတတ်ရတာလဲ? ဒါရိုက်တာ Luoနဲ့ တစ်ခွက်လောက် မသောက်ပဲနဲ့ ထွက်သွားချင်နေတာလား?"

"ကျတော် အရက်နဲ့ဓာတ်မတည့်လို့ သောက်လို့မရလို့ပါ"

Shen Chongက သူ့ကိုဆွဲပြီးပြန်ထိုင်ခိုင်းတယ်။ "ဒီအကိုက မင်းအတွက် လိမ္မော်ရည်မမှာပေးနိုင်ဘူး ထင်လို့လား?"

'အကို?'ဒီလူက အရမ်းရယ်ရတာပဲ။

Shen Chongက လိမ္မော်ရည်ပုလင်းအကြီးကြီးကို စာပွဲထိုးကို ယူလာခိုင်းတယ်။ နောက်ပြီး သူ့ကိုပြုံးပြီး ပြောလာတယ်။ "ဒါတွေ အကုန်လုံးက မင်းအတွက်။ အကုန်လုံးသောက်လို့မပြီးမချင်း ထွက်မသွားရဘူး "

Nan HuaiLinပြုံးပြလိုက်တယ်။ ဒါပေမယ့် မရယ်ဘူး။

Shen Chongက သူ့ကိုဘေးနားထိုင်ခိုင်းပြီး Luo Keနဲ့ သောက်နေကြတယ်။ သူ အရက်မူးလာတော့ မိုက်ကိုင်ပြီးသီချင်းတစ်ပုဒ်ဆိုတယ်။ သူက သီချင်းကိုတော်တော်ကောင်းကောင်းဆိုနိုင်တယ်။

Nan HuaiLin ထွက်သွားလို့မရဘူး။ ထိုင်နေရုံပဲတက်နိုင်ပြီး ပျင်းနေပြီ။ ဒါကြောင့် သူ့ဖုန်းကို ဖွင့်ပြီးကြည့်လိုက်တယ်။

တစ်နေ့ကုန်သွားပြီဆိုတော့ မက်ဆေ့တွေဝင်လာတယ်။ ပြီးတော့ Idle Fishကလည်း နောက်ထပ်သူ့ရဲ့မက်ဆေ့တွေ ဝင်လာပြန်တယ်။

ကောင်မလေးတစ်ယောက်က သူတစ်ယောက်တည်းဆီကို စာပို့လာတယ်။ [အဲ့ဒီဘောင်းဘီက တကယ်ပဲ Shi Yanဝတ်ခဲ့တဲ့ အတွင်းခံဘောင်းဘီလား? အဲ့ဒီဟာက မူရင်းလားဟင်?]

ဒီမေးခွန်းက တကယ်တော့ သဘာဝမကျဘူးနော်။ Nan HuaiLinကတော့ သူမကို တကယ်ကြီး အမှန်အကန်ကို ပြန်ဖြေပေးလိုက်တယ်။ [အတွင်းခံဘောင်းဘီက လျှော်ပြီးသားပါ။ ခြေအိတ်ကတော့ မူရင်းပါ။ မင်းအဲ့ဒါတွေကို လိုချင်လား?]

Idle Fishက မက်ဆေ့တွေကို စာပြန်ပြီးတဲ့နောက် သူ နည်းနည်းနေမကောင်းလာသလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အစာအိမ်ထဲမှာ အစာမရှိဘဲနဲ့ အေးတဲ့ဖျော်ရည်တွေ သောက်မိလို့ ဖြစ်နိုင်တယ်။

သူရေချိုးခန်းထဲကို သွားချင်တယ်။ ဒါပေမယ့် သူလဲ မက်တပ်ရပ်လိုက်ရော Shen Chongက သူ့လက်ကောက်ဝတ်ကို ဆွဲလာတယ်။ "မင်း ဘယ်သွားဦးမလို့လဲ?"

"ရေချိုးခန်းကို"

Shen Chong က ဂရုစိုက်ပြီး မက်တပ်ထရပ်တယ်။ "ငါ မင်းနဲ့ လိုက်ခဲ့မယ်။ မင်းထွက်ပြေးရင် ဘယ်လိုလုပ်မလဲ?"

"ခင်ဗျားကြိုက်သလိုလုပ်"

Shen Chong က တကယ်ပဲမူးနေတာလား၊ အရက်မူးချင်ယောင်များဆောင်နေတာလားတော့မသိဘူး။ သူက ဟိုလျှောက်သွားဒီလျှောက်သွားလုပ်ပြီး Nan HuaiLinကို ဝင်ဝင်တိုက်တယ်။

Nan HuaiLinလဲ ရှောင်လိုက်ရော သူက နံရံကိုဝင်တိုက်သွားတယ်။ ဒါပေမယ့်သူက Nanကိုဆွဲဖို့မေ့မနေဘူး။ Nan က အရမ်းဆွဲတာလည်းခံရရော Shen Chongရဲ့လက်မောင်းတွေကြားထဲကို လဲကျသွားတယ်။ Shen Chongက လှည့်ပြီး သူ့ကို နံရံပေါ်မှာဖိထားတယ်။ ပြီးတော့ သူ့ရဲ့ခေါင်းနားလေးကို ငုံ့ပြီးတိုးလာတယ်။ "ကလေးလေး မင်း ကိုယ်နဲ့ ကစားချင်လား? မင်းက နည်းနည်းတော့ ငယ်ပေမယ့်လို့ "

Nan HuaiLinပြန်ပြီးတွန်းဖယ်လိုက်မလို့ပဲ။ ဒါပေမယ့် Shi Yanနှင့် သူ့ရဲ့နောက်မှာ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ချောမောတဲ့ကောင်လေးတစ်ယောက်က သူတို့ဆီကို လျှောက်လာတာ Nan HuaiLin ရုတ်တရက်မြင်လိုက်ရတယ်။

သူတို့နှစ်ယောက် မျက်လုံးချင်းဆုံလိုက်တဲ့အခါ Nan HuaiLinရဲ့ပါးစပ်ကနေ သေချာမစဥ်းစားလိုက်မိပဲ ထွက်သွားတယ်။ "ငါကို နမ်းပါ။ အခုလုပ်"

Shen Chongက ပြုံးလာပြီး တုံ့ဆိုင်းမနေဘဲ သူ့ရဲ့ နှုတ်ခမ်းတွေနဲ့ Nan HuaiLinကို အတင်းနမ်းတော့တယ်။ သူ့လက်ကိုမြောက်လိုက်ပြီး Shen Chongရဲ့ လည်ပင်းပေါ်ကို သူ့လိုက်မောင်းတွေနဲ့ ရစ်ပက်လိုက်တယ်။ မျက်လုံးတွေကို မှိတ်လိုက်ပြီး အရမ်းပျော်ရွှင်နေတဲ့ အမူအရာလုပ်လိုက်တယ်။

"အဲ့ဒီလူက........Shen Chongနဲ့ တူသလိုပဲနော်" ကောင်လေးက တိုးတိုးလေးရေရွတ်နေတာကို Nan HuaiLinကြားလိုက်ရတယ်။ "ဒီအနမ်းက အရမ်းရိုမန်းတစ်ဆန်တာပဲနော်။ အိုင်ဒေါဒရမ်မာတစ်ခုကိုကြည့်နေရသလိုပဲ။ အချစ်...ငါလည်း မင်းနဲ့ အဲ့လိုနမ်းချင်တယ်"

Shi Yanရဲ့အသံကိုတော့ သူမကြားရဘူး။ ခြေသံတွေကတော့ အဝေးကို ထွက်သွားကြပြီ။ Shen Chongရဲ့အနမ်းကို ရှောင်ဖယ်ဖို့ သူ့ခေါင်းကိုစောင်းလိုက်တယ်။

Shen Chongရဲ့ တစ်ကိုယ်လုံးက သူ့ပေါ်ကိုဖိထားပြီး သူ့ရဲ့လည်ပင်းထဲကို ခေါင်းကမှီထားတယ်။ ပလုံးပထွေးအသံနဲ့လည်း သူ့ရဲ့နား နားလေးကို ကပ်ပြီးပြောလာတယ်။ "မင်းရဲ့နှုတ်ခမ်းတွေက အရမ်းနုညံ့ပြီး ချိုနေတာပဲ။ ငါအခု အရမ်းမာနေပြီ။ မင်းအဲ့တာကို ခံစားရလား?"

Nan HuaiLin အခု သူလုပ်လိုက်တဲ့အရာကို အရမ်းနောင်တရသွားတယ်။ အဝါရောင်မြစ်ကြီးထဲကိုတော့ သူမခုန်ချနိုင်ဘူးနော်။

"ငါ မင်းကို လိုချင်တယ်။ ငါမင်းကို အခုလိုချင်တယ်" ပြင်းထန်တဲ့အရက်နံ့နဲ့အတူ ရိုးတိုးရွတ အသက်ရှူထုတ်လိုက်တဲ့လေတွေက သူ့ရဲ့အသားအရည်ပေါ်ကို ရောက်ရောက်လာတယ်။ "ငါနဲ့အတူ အိမ်ကိုလိုက်ခဲ့ရမယ်၊ နော်?"

"အခုဖြစ်ပျက်ခဲ့တာတွေနဲ့ပတ်သက်ပြီး ကျတော်တောင်းပန်ပါတယ်။......ကျတော် မရည်ရွယ်ခဲ့ပါဘူး" Nan HuaiLinခက်ခက်ခဲခဲပြောလိုက်တယ်။ "ခင်ဗျားအရက်မူးနေတယ်။ ခင်ဗျားကို ပြန်ပို့ပေးဖို့ ခင်ဗျားရဲ့သူငယ်ချင်းကို ကျတော်သွားခေါ်လိုက်မယ်"

"မဟုတ်ဘူး" Shen Chongက သူ့ရဲ့ခါးကို ဆွဲဖက်ပြီး သူ့ခန္ဓာကိုယ်တသ်ခုလုံးရဲ့ အလေးချိန်အကုန်လုံးကို Nan HuaiLinပေါ်တင်ထားတယ်။ "ငါ မင်းကိုပဲလိုချင်တာ။ တခြားဘယ်တစ်ယောက်ကိုမှ ......လုပ်မှာမဟုတ်ဘူး"

ဒီကလိမ်ကကျစ်ဉာဏ်ရှိတဲ့လူကို ဖြေရှင်းဖို့တော့ လွယ်မှာမဟုတ်ဘူး။ အရက်မူးပြီးကလိမ်ကကျစ်လုပ်နေတာ ပိုပြီးတော့တောင် ဖြေရှင်းဖို့ခက်သေးတယ်။

Nan HuaiLinသူ့ကို တစ်ဝက်ဖက်ထားပြီး အခန်းထဲကို ဆွဲခေါ်လာခဲ့တယ်။ အခန်းထဲမှာ Luo Ke မရှိတော့ဘူး။

စာပွဲထိုးက တံခါးခေါက်ပြီးပြောလာတယ်။ "Sir ခင်ဗျားရဲ့သူငယ်ချင်းက အရင်ဆုံးပြန်နှင့်ပါပြီတဲ့။ သူက ဘေရှင်းပြီးသွားပြီလို့လည်း ကျတော့်ကို ပြောခိုင်းလိုက်ပါတယ်"

Nan HuaiLinအကူအညီမဲ့သွားတယ်။ "ရပြီ။ ကျေးဇူးတင်ပါတယ်" စာပွဲထိုးကို ပြန်ပြောလိုက်တယ်။

ဒါကထောင်ချောက်တစ်ခုပဲ။ ဒီထဲကို ခုန်ချလိုက်ရင် သူက ရူးနေလို့ပဲဖြစ်မှာ။

Shen Chongက အရမ်းအရက်မူးနေပြီး ဆိုဖာပေါ်မှာ အိပ်ချင်မူးတူးပုံစံနဲ့ ရှိနေတယ်။

Nan HuaiLin သူ့ကို ဒီနေရာမှာ ဒီလိုကြီးမထားခဲ့နိုင်ဘူး။ သူသက်ပြင်းချလိုက်ပြီး စာပွဲထိုးကိုခေါ်ဖို့ တံခါးဆီသွားလိုက်တယ်။ "ဟယ်လို၊ ငါ့ရဲ့သူငယ်ချင်းကို ကားထဲပို့မလို့ မင်းငါ့ကိုကူညီနိုင်မလား?"

သူနှင့် စာပွဲထိုးက Shen Chongရဲ့တစ်ဖက်စီကိုဝင်လိုက်ပြီး မ,လိုက်ကြတယ်။ သူတို့တံခါးပေါက်နားလေးကို ရောက်တဲ့အခါမှာ Shen Chongရဲ့ အိတ်ကပ်ထဲက ဖုန်းမြည်လာတယ်။

"ခနလောက်စောင့်ပါဦး" Nan HuaiLinရပ်ပြီးတော့ ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ ခေါ်ဆိုသူရဲ့ IDက Fei Cheng တဲ့။

အဲ့ဒီလူက ငါမနေ့ကဆုံခဲ့တဲ့ Mr.Feiရဲ့ ညီထင်တယ်၊ ဟုတ်လောက်မလား? Nan HuaiLinသူ့ကို ကယ်ဆယ်ပေးမယ့်လူကို တွေ့လိုက်ရသလို ဖုန်းကို မြန်မြန်ပဲပြန်ဖြေလိုက်တယ်။

အရမ်းသာယာပြီး နည်းနည်းရိသဲ့သဲ့နိုင်တဲ့ စွဲဆောင်မှုရှိတဲ့အသံတစ်ခု ထွက်လာတယ်။ "ငါ ဘာကိုမှ မနှောက်ယှက်လိုက်မိဘူး ဟုတ်တယ်မလား?"

Nan HuaiLin 'ရူး...'တိတ်တိတ်နေဆိုပြီး စာပွဲထိုးကို အချက်ပြလိုက်တယ်။ "ဟယ်လို ကျတော်က Pure Kက ဝိတ်တာတစ်ယောက်ပါ။ ခင်ဗျားရဲ့ သူငယ်ချင်းက မူးပြီးမှောက်နေလို့ပါ။ ခင်ဗျား သူ့ကိုလာပြီးတော့ ခေါ်နိုင်မလား?"

"သူ တစ်ယောက်တည်းလား?"

"ဟုတ်ပါတယ်။ သူရဲ့သူငယ်ချင်းက အရင်ထွက်သွားတော့ သူတစ်ယောက်တည်းပဲ ကျန်နေခဲ့တာ"

"ငါ အဲ့ဒီနေရာကို လာခဲ့မယ်"

ဖုန်းလည်းချသွားရော Nan HuaiLin အရမ်းကို ပျော်ရွှင်နေပြီ။ သူ စာပွဲထိုးကိုပြောလိုက်တယ်။ "သူ့ကို ဆိုဖာပေါ်ပြန်ပို့ဖို့ ငါကို ကူညီပါဦး"

သူတို့နှစ်ယောက် အခုထိသတိမရသေးတဲ့ Shen Chongကို ဆိုဖာပေါ်ပြန်ရွေ့လိုက်တယ်။ သူ မက်တပ်ပြန်ရပ်ပြီး စားပွဲထိုးကို ထပ်ပြောလိုက်တယ်။ "လူတစ်ယောက် ခနနေသူ့ကို လာခေါ်လိမ့်မယ်။ ကျေးဇူးပြုပြီးသူ့ကို ခနလောက် ဂရုစိုက်ပေးလိုက်ပါဦးနော်။ ကျတော် အခုသွားရတော့မှာ မို့လို့ပါ"

စာပွဲထိုးက သဘောတူတယ်။ ဒါကြောင့် Nan HuaiLinလည်း သူ့ကို ကျေးဇူးတင်ပြီး ထွက်လာခဲ့လိုက်တယ်။

Fei Cheng ရောက်လာတော့ Nan HuaiLinက ထွက်သွားခါစပဲရှိသေးတယ်။

Shen Chongက နိုးလို့မရဘူး။ ဒါကြောင့် Fei Chengက သူ့ကိုကားထဲသွင်းပြီး အိမ်ပြန်လိုက်ပို့လိုက်တယ်။ Fei Cheng က သူ့ကို ခုတင်ပစ်တင်ဖို့ အားအများကြီးသုံးလိုက်တော့ Shen Chongက နိုးလာတယ်။ သူ့အခန်းကို လှည့်ပြီးကြည့်တယ်။

"Fei Chengလား?" Shen Chongက သူ့ရဲ့ မောပန်းနွမ်းနယ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကိုကြည့်လာတယ်။ "မင်း ဘာလို့ဒီနေရာမှာ ရောက်နေတာလဲ? သူ ဘယ်ရောက်သွားတာလဲ?"

Fei Chengက Shen Chongကွေးထားတဲ့ခါးကို ဆန့်ပေးပြီးပြောတယ်။ "သူ ထွက်ပြေးသွားတာ"

"Holy Shit!" Shen Chongက အိပ်ရာပေါ်မှာ လူသေကြီးလို လဲလျောင်းနေတယ်။ ခနနောက် ဇဝေဇဝါဖြစ်နေပြီး ပြောတယ်။ "ငါ သူ့ကို နမ်းလိုက်သလိုပဲ"

Fei Chengက ရယ်တယ်။ "မင်း အိပ်မက်မက်နေတာလား?"

Shen Chongက အတိတ်ကိုသတိရသွားသလို သူ့ နှုတ်ခမ်းထောင့်ကို လျှာနဲ့လျက်တယ်။ "ချိုနေတယ်။ အိပ်မက်မဟုတ်ဘူး"

Fei Chengက သူဘာတွေးတွေး ဂရုစိုက်မနေဘူး။ "ငါသွားပြီ"

"မင်းရဲ့ အစ်ကိုအိမ်မှာနေ နေတာလား?"

"မဟုတ်ဘူး။ ဟိုတယ်မှာနေတာ"

"အဲ့တာဆို ငါနဲ့လာနေလေ။ ဧည့်သည်အခန်းမှာ ဘယ်သူမှမရှိဘူး"

"မလုပ်ပါနဲ့။ မင်းက ကြမ်းတမ်းတော့ ငါ့ကို အနိုင်ကျင့်မှာ ကြောက်ရတယ်"

"ထွက်သွား!" Shen Chongက သူ့ကိုခေါင်းအုံးနဲ့ ပစ်ပေါက်လိုက်တယ်။

Fei Cheng ဓာတ်လှေကားထဲမှာ မက်တပ်ရပ်ပြီး သက်ပြင်းအရှည်ကြီးချလိုက်တယ်။ ပြည့်တန်ဆာနေရာမှာ သရုပ်ဆောင်တဲ့ကောင်လေးကို သူဖုန်းဆက်ပြီး ထွက်ပြေးနိုင်အောင် လုပ်ပေးလိုက်တယ်ဆိုတာသာ Shen Chongသိရင် သေလောက်အောင် ဒေါသထွက်နေမှာသေချာတယ်။

ဘာပဲဖြစ်ဖြစ် Shen Chongက သရုပ်ဆောင်ပေါက်စလေးနဲ့ မအိပ်ဖြစ်တော့ဘူး။ အဲ့ဒါက ဘာလို့ သူ့ကို အရမ်းပျော်ရွှင်စေတာလဲ?

စကားမစပ် အဲ့ဒီသရုပ်ဆောင်ပေါက်စလေးနာမည်က ဘယ်သူပါလိမ့်? Nan HuaiLinလို့ ခေါ်တာ ကြားမိသလိုပဲ။ နာမည်လေးက အရမ်းချစ်စရာကောင်းတာပဲ။

ရုတ်တရက် မြေအောက်ရထားပေါ်မှာ Nan HuaiLinက သူ့ရဲ့လက်မောင်းထဲကို လဲကျလာတဲ့ပုံရိပ်လေးကို သတိရသွားတယ်။ Fei Cheng ရုတ်တရက် သူ့ရဲ့နှုတ်ခမ်းတွေကို ကွေးပြီးပြုံးမိသွားတယ်။

သူကတော်တော်လေးကို ချစ်ဖို့ကောင်းတာပဲ။ သူ့ရဲ့ရပ်ရည်နှင့် ကိုယ်ရေးကိုယ်တာက ဘာဖြစ်ဖြစ် အရေးကြီးတာမဟုတ်ဘူး။

_________________

29. 12 .21 WED

________

Zawgyi

Fei Zhengရဲ့အိမ္ကေန Nan HuaiLin ည 8နာရီ မထိုးခင္ထြက္လာခဲ့တယ္။ လေရာင္ႏွင့္ နီယြန္မီးေရာင္ရဲ့ေအာက္မွာ ေျမေအာက္ရထားဘူတာရံုဆီကို လမ္းေလ်ွာက္လာခဲ့တယ္။

Fei Zhengရဲ့အိမ္က အေနာက္ဘက္ဒုတိယေျမာက္ ၿမိဳ႔ပတ္လမ္းမွာရိွၿပီး Nan HuaiLin ငွားေနတဲ့အိမ္က အေရ႔ွဘက္ ငါးခုေျမာက္ၿမိဳ႔ပတ္လမ္းမွာရိွတယ္။

Nan HuaiLinက တစ္လႊာမွာ ဆယ္ခန္းေက်ာ္ပါတဲ့ ငါးထပ္အေဆာက္အၪီးမွာ တစ္ေယာက္အခန္း တိုက္ခန္းတစ္ခု ငွားေနတယ္။ အဲ့ဒီေနရာက ေဝးလံတယ္ဆိုေပမယ့္ တိုက္ခန္းကသန္႔သန္႔ရွင္းရွင္းသပ္သပ္ရပ္ရပ္ ရိွတယ္။ စတုရန္းေပ 20ေလာက္ က်ယ္တယ္။ မီးဖိုေခ်ာင္တစ္ခု၊ ေရခ်ိဳးခန္း၊ အဲယားကြန္းႏွင့္ အပူေပးစက္လည္းပါတယ္။ တစ္လငွားခက 1,800ေပးရတယ္။

သူ ပထမထပ္ကိုျဖတ္လာၿပီး မန္ေနဂ်ာဆီကို အခန္းငွားခေပးဖို႔ သြားလိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ့ပင္ပန္းေနတဲ့ခႏၶာကိုယ္ကို ေလးထပ္ေျမာက္အလႊာအထိ တရြတ္တိုက္ဆြဲလာခဲ့တယ္။ အခု သူ႔ရဲ့အသိုက္အိမ္ေလးကို ျပန္ေရာက္ၿပီ။

သူ အသင့္စားေခါက္ဆြဲတစ္ပန္းကန္ ခ်က္လိုက္တယ္။ ၿပီးေတာ့ သူ႔လက္ေတာ့ကို ဖြင့္ၿပီး 'အိမ္သန္႔ရွင္းေရးအလုပ္အတြက္ ပါဝင္သည့္အေၾကာင္းအရာမ်ားႏွင့္ မွတ္စုမ်ား'ဆိုတဲ့ Ruan Xin ပို႔ထားတဲ့ အီးေမးကို ဖတ္ၾကည့္ေနရင္းပဲ ေခါက္ဆြဲစားလိုက္တယ္။

အဲ့ဒါက စာမ်က္ႏွာငါးဆယ္ေက်ာ္အထိရွည္တယ္။

Nan HuaiLin အခ်က္အလက္တစ္ခုခ်င္းစီကို ဖတ္ၾကည့္လိုက္တယ္။ သူမနက္ျဖန္ အဲ့ဒါေတြကို စာရြက္ထုတ္ဖို႔ မိတၲူကူးတဲ့ဆိုင္ကို သြားမွရမယ္လို႔ ဆံုးျဖတ္လိုက္တယ္။

ေခါက္ဆြဲစားၿပီးေတာ့ ခ်က္ျပဳတ္အိုးႏွင့္ပန္းကန္ေတြကို ေဆးေၾကာသန္႔စင္လိုက္တယ္။

အလုပ္ပိုင္သြားေတာ့ Nan HuaiLin သူ႔ေဘးနားကို တစ္ခ်က္လွည့္ၾကည့္ၿပီး Shi Yanရဲ့ ပစၥည္းေတြကို စုလိုက္တယ္။

Shi Yanက သူ႔ေနရာကို ညအိပ္ဖို႔တစ္ခါတစ္ရံလာတတ္တယ္။ အႀကိမ္အမ်ားႀကီးလာဖူးတာေတာ့ မဟုတ္ေပမယ့္ သူျပန္သြားေတာ့ သူ႔ပစၥည္းတစ္ခ်ိဳ႕က ဒီမွာ က်န္ေနခဲ့တာ။

Nan HuaiLin အေရာင္တစ္ခုတည္းရိွတဲ့ အိပ္ယာခင္းကိုယူလိုက္ၿပီး ေလးေထာင့္ပံုစံေလးေခါက္လိုက္တယ္။ အဲ့ဒီဟာေလးကို ကုတင္ေပၚျဖန္႔လိုက္တယ္။ ေနာက္ၿပီး အဲ့ဒါရဲ့အေပၚမွာ Shi Yanရဲ့ ပစၥည္းေတြကိုတင္လိုက္တယ္။ အဓိကပစၥည္းေတြက အဝတ္အစားေတြ၊ ေအာက္ခံေဘာင္းဘီေတြ၊ ၪီးထုပ္ေတြႏွင့္ တျခားဟာေလးေတြ။ အဲ့ဒီကုတင္ေပၚက ပစၥည္းေတြတစ္ခုခ်င္းစီကို ဓာတ္ပံုရိုက္လိုက္တယ္။ ၿပီးသြားေတာ့ Idle Fishကိုဖြင့္ၿပီး 'ငယ္ရြယ္ႏုပ်ိဳတဲ့ ေပၚျပဴလာစတား Shi Yan ရဲ့ အတြင္းခံေဘာင္းဘီ' လိုမ်ိဳး Shi Yanရဲ့နာမည္နဲ႔ ေခါင္းစဥ္တပ္ၿပီး အဲ့ဒီပစၥည္းေတြအကုန္လံုးကို ေရာင္းဖို႔ သင့္ေတာ္တဲ့ေစ်းႏႈန္းနဲ႔ ပို႔စ္ တင္ပစ္လိုက္တယ္။

အကုန္လုပ္ၿပီးသြားေတာ့ ေရခ်ိဳးၿပီး အိပ္ရာဝင္လိုက္တယ္။

သူ အိပ္ေပ်ာ္ႏိုင္မွာ မဟုတ္ဘူးလို႔ ထင္ေပမယ့္ ျမန္ျမန္ဆန္ဆန္ပဲ အိပ္ေပ်ာ္သြားတယ္။

ဒီေန့က သူ႔အတြက္ အရမ္းပင္ပန္းတဲ့ေန့တစ္ေန့ပဲ။

ေနာက္ေန့မနက္ေစာေစာ Nan HuaiLin 'အိမ္အလုပ္လုပ္ျခင္းႏွင့္ ႀကိဳတင္ကာကြယ္အပ္ေသာအရာမ်ား'ဆိုတဲ့ မိတၲူကူးထားတဲ့ စာရြက္အထပ္လိုက္ႀကီးကိုယူၿပီး Beijingရဲ့ တစ္ဝက္စာအကြာအေဝးေလာက္ကို ျဖတ္သန္းကာ Fei Zhengရဲ့ အိမ္ကို သြားလိုက္တယ္။

Hannibalကို အစာႏွင့္ေသာက္စရာေလးေတြေကြၽးၿပီး Nan HuaiLin အလုပ္လုပ္ေနရင္းသီခ်င္းနားေထာင္ဖို႔ နားၾကပ္လိုက္တယ္။ ေနာက္ၿပီး မိတၲူစာရြက္ထဲမွာ ပါတဲ့အခန္းေတြဆီ ေလ်ွာက္လာခဲ့တယ္။

အိမ္ကနည္းနည္းေတာ့ အရမ္းႀကီးတယ္။ မနက္ခင္းတစ္ခင္းလံုးကို သန္႔ရွင္းေရးလုပ္ေနတာေတာင္မွ အိမ္ရဲ့တစ္ဝက္ပဲၿပီးလိုက္တယ္။

ေန့လည္စာကို အဆင္ေျပသလိုပဲ အျပင္မွာ ထြက္စားလိုက္ၿပီး အလုပ္ဆက္လုပ္ဖို႔ ျပန္လာခဲ့တယ္။

အလုပ္ေတြလုပ္ၿပီးတဲ့ေနာက္ Ruan Xinက ေရာက္လာတယ္။ Nan HuaiLinလုပ္ထားတဲ့ အတြင္းထဲကအလုပ္ေတြေရာ အျပင္ဘက္ကအလုပ္ေတြပါ လာစစ္တယ္။ ၿပီးေတာ့ သူကေျပာတယ္။ "အရမ္းေကာင္းတာပဲ။ ငါေမ်ွာ္လင့္ထားတာထက္ေတာင္ေက်ာ္ေနတယ္။ ငါကေတာ့ ေက်နပ္တယ္။ ၿပီးေတာ့ Mr.Feiကလည္း အမွားရွာႏိုင္မယ္လို႔ မထင္ပါဘူး။ ငါ ေနာက္တစ္ေယာက္ထပ္မရွာရေလာက္ေတာ့ပါဘူးေနာ္"

Nan HuaiLinအရမ္းေပ်ာ္ရႊင္သြားတယ္။

သူက သူလုပ္တဲ့အလုပ္ေတြအကုန္လံုးေပၚမွာ ေစတနာထားၿပီးအေကာင္းဆံုးလုပ္တဲ့သူ တစ္ေယာက္ျဖစ္တယ္။ သူလုပ္တဲ့အလုပ္ကို အသိအမွတ္ျပဳခံရတာထက္ ဘယ္အရာကမွ သူ႔စိတ္ကို ေက်နပ္ဝမ္းေျမာက္မႈ မျဖစ္ေစဘူး။

"ဒါေပမယ့္ မင္း ဒီအိမ္သန္႔ရွင္းေရးအလုပ္ကို လုပ္ခ်င္တာေသခ်ာရဲ့လား? Beijing ရုပ္ရွင္အႏုပညာတကၠသိုလ္မွာ ဘြဲ႔ရတဲ့သူတစ္ေယာက္က ဒီလိုအလုပ္ကိုလုပ္တာ ရွက္စရာေကာင္းတယ္လို႔ မထင္ဘူးလား?"

"က်ေတာ္ လုပ္ခ်င္ပါတယ္။ အကို က်ေတာ္ကို အလုပ္တစ္ခုေပးတဲ့အတြက္ က်ေတာ္က ေက်းဇူးေတာင္တင္ခ်င္ေနတာ။ တျခားပိုၿပီးဆိုးရြားေစတဲ့ ဘယ္အေၾကာင္းအရာမွ မရိွပါဘူး"

"မင္းဒီအလုပ္ကို လုပ္မယ္ဆိုရင္ သရုပ္ေဆာင္အလုပ္ကိုဆက္လုပ္ဖို႔ျဖစ္ႏိုင္မွာ မဟုတ္ဘူးေနာ္"

Nan HuaiLin ခါးခါးသီးသီးၿပံဳးလိုက္တယ္။"ဘယ္လိုပဲျဖစ္ျဖစ္ က်ေတာ္မွာ သရုပ္ေဆာင္ဖို႔ ဘာဇာတ္ကြက္မွ ရိွမေနပါဘူး။ ဒါက အဆင္ေျပပါတယ္"

Ruan Xinက စကၠန္႔အနည္းငယ္ေလာက္တိတ္ဆိတ္သြားတယ္။ "လာေလ၊ ငါ မင္းကို ညစာလိုက္ေကြၽးမယ္"

Nan HuaiLin သူ႔လက္ကို ျမန္ျမန္ပဲ ေဝ႔ွယမ္းၿပီး ​ျငင္းလိုက္တယ္။ "ေတာ္ပါၿပီ။ က်ေတာ္လုပ္စရာတစ္ခု ရိွေနေသးလို႔။ က်ေတာ္ သြားရေတာ့မွာမို႔လို႔ပါ"

Ruan Xinက ထပ္ၿပီး ေတာင္းဆိုမလာေတာ့ဘူး။ ၿပီးေတာ့ ျပန္ထြက္သြားတယ္။

တကယ္ေတာ့ Nan HuaiLin ဘယ္သြားစရာမွ မရိွပါဘူး။ သူက Ruan Xinညစာလိုက္ေကြၽးမွာကို လက္မခံခ်င္ရံုပဲ။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့ အခုအေျခအေနေၾကာင့္ပဲ။ ေနာက္တစ္ခါ Ruan Xin ကိုျပန္ၿပီး တစ္ခုခုလိုက္မေကြၽးႏိုင္မွာ စိုးတယ္။

လစာရတဲ့ အခ်ိန္က်ရင္ Ruan Xinက သူ႔ကို ဒီအလုပ္ လုပ္ခြင့္ျပဳခဲ့တဲ့အတြက္ ေက်းဇူးတင္တဲ့အေနနဲ႔ စားေကာင္းတာေလးတစ္ခုခုလိုက္ေကြၽးဖို႔ Nan HuaiLin တိတ္တိတ္ေလးဆံုးျဖတ္လိုက္တယ္။

သူ႔ဖုန္းကို ထုတ္ၿပီး He DingHongဆီ ဖုန္းေခၚလိုက္တယ္။

သၾကားေဖေဖကိစၥကို ေနာက္ထပ္အၾကာႀကီး အခ်ိန္ေရြ့ဆိုင္းၿပီး စကားေျပာဖို႔ မလိုပါဘူး။ အဲ့ေတာ့ မၾကာခင္ပဲ ဒီကိစၥကိုေျဖရွင္းၿပီး ေကာင္းတာေတြ ျဖစ္လာေတာ့မွာပါ။

ဖုန္းကိုင္သြားတဲ့အခ်ိန္မွာ Nan HuaiLin ရိုးရိုးရွင္းရွင္းပဲေျပာလိုက္တယ္။ "အကို Hong၊ ခင္ဗ်ားမေန့က က်ေတာ့္ကိုေျပာလိုက္တဲ့ ဘယ္အရာမွ မလုပ္ေပးႏိုင္ဘူး။ ဒါေၾကာင့္ ေက်းဇူးျပဳျပီး အဲ့ဒီကိစၥကို က်ေတာ္အတြက္ ျငင္းပယ္ေပးပါ။" He DingHongကို ဘာစကားကေျပာခြင့္မေပးဘဲနဲ႔ သူဆက္ေျပာလိုက္တယ္။ "ခင္ဗ်ားကလည္း က်ေတာ့္အတြက္ဇာတ္ေကာင္တစ္ေနရာစာရဖို႔ေတာင္ အကူအညီမေပးႏိုင္ဘူးဆိုေတာ့ Ming Xiနဲ႔ခ်ဳပ္ထားတဲ့ က်ေတာ့္ရဲ့စာခ်ဳပ္ကို ဖ်က္လိုက္ေတာ့မယ္။ က်ေတာ္လည္း စာခ်ဳပ္က်ိဳးပ်က္သြားတဲ့ ပိုက္ဆံေတြကို ျဖစ္ႏိုင္ရင္ မၾကာခင္ပဲတစ္ခါတည္း ရေတာ့မွာပါ။ အဲ့ဒါေၾကာင့္မလို႔ အဲ့ဒီကိစၥကို စိတ္ပူေနစရာမလိုပါဘူး"

He DingHongက ေလွာင္ရယ္သံနဲ႔ေျပာတယ္။

"မင္းက ခ်စ္စရာေကာင္းၿပီး ဉာဏ္ေကာင္းတဲ့ေကာင္ေလးလို႔ ငါထင္ထားတာ။ ဒါေပမယ့္ မင္းက ငတံုးတစ္ေယာက္ပဲ။ ငါမွားသြားတယ္။ မင္းကိုမင္း ဘယ္သူမ်ားထင္ေနတာလဲ? ကိုယ္က်င့္သိကၡာကို အထူးထိန္းသိမ္းတဲ့ သူေတာ္စင္မိန္းကေလးမ်ားထင္ေနတာလား? မင္းမွာ ေကာင္းတဲ့အရာေတြရိွတယ္။ တစ္ေယာက္ေယာက္က မင္းကို လိုခ်င္ေနတယ္။ အဲ့ဒါေၾကာင့္ ဘုရားကိုေတာင္ မင္းေက်းဇူးတင္သင့္တယ္။ ဒါေပမယ့္ မင္းကမင္းကိုယ္မင္း အရမ္းအထင္ႀကီးလြန္းတယ္။ မနာခံတတ္တဲ့ ေခြးတစ္ေကာင္ပဲ! ငါ မင္းကိုေျပာလိုက္မယ္။ မင္းက သရုပ္ေဆာင္အလုပ္ကို လုပ္ေနတာေနာ္။ ငါမင္းကို ဘမ္း(ban)ပစ္မယ္။ငါ......"

Nan HuaiLin ဖုန္းခ်ပစ္လိုက္တယ္။ အဲ့ဒီညစ္ညမ္းတဲ့စကားေတြကို သူနားေထာင္ေနစရာမလိုဘူး။

သူ သက္ျပင္းအရွည္ႀကီးခ်လိုက္တယ္။ မည္းေမွာင္ေနတဲ့ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ၿပီး တိုးတိုးေလးေရရြတ္လိုက္မိတယ္။ "ဘဝႀကီးက တကယ္ကို ခက္ခဲၾကမ္းတမ္းတာပဲ"

ဖုန္းက ရုတ္တရက္ျမည္လာတယ္။

He DingHongက သူ႔ကို မဆူေတာ့ဘဲ နားခ်ဖို႔အတြက္ ထပ္ျဖစ္ဖုန္းေခၚတာျဖစ္မယ္လို႔ သူထင္လိုက္တယ္။ ဒါေပမယ့္ သူငံု႔ၾကည့္လိုက္တဲ့အခါ အဲ့ဒါကမရင္းႏွီးတဲ့ နံပါတ္စိမ္းတစ္ခုျဖစ္ေနတယ္။

"Hello?" Nan HuaiLin ​ေမးလိုက္တယ္။

"ငါ အလုပ္လုပ္တဲ့ေနရာမွာရိွတဲ့ Pure Kမွာ။ ငါကို လာရွာလိုက္ "

"......."Nan HuaiLin စိတ္ရႈပ္သြားတယ္။ "အခု ဘယ္သူလဲဆိုတာ က်ေတာ္ေမးလို႔ရမလား?"

"Shen Chong"

"က်ေတာ့္ ဖုန္းနံပါတ္ကို ဘယ္လိုရတာလဲ?"

"ငါ အဲ့ဒါကို He DingHongဆီကေန ေမးလာတာ"

"ခင္ဗ်ား ဘာလိုခ်င္လို႔လဲ?"

"လာရင္ သိပါလိမ့္မယ္။ ငါ မင္းကိုေစာင့္ေနမယ္။ ေအ့"

အဲ့ဒါေျပာၿပီးတဲ့ေနာက္ Shen Chongက ဖုန္းကို ေတာက္ေလ်ွာက္ခ်သြားတယ္။
Nan HuaiLin, ".....Hello?"

အခ်ိန္ခနေလာက္ တံု႔ဆိုင္းၿပီးတဲ့ေနာက္မွာ Nan HuaiLinသြားဖို႔ ဆံုးျဖတ္လိုက္တယ္။ He DingHongကို သူ စိတ္မေက်မနပ္ျဖစ္ေစခဲ့ၿပီးၿပီ။ ထပ္ၿပီး Shen Chongကို စိတ္မေက်မနပ္ မျဖစ္ေစခ်င္ဘူး။

သူ ေျမာက္ေအာက္ရထားစီးၿပီး Gongtiကို သြားလိုက္တယ္။ Pure Kကိုရွာကာ အထဲဝင္ၿပီး Shen Chongကို ဖုန္းေခၚလိုက္တယ္။

"ခင္ဗ်ား ဘယ္အခန္းထဲမွာလဲ?"

"ခနေစာင့္ေန။ မင္းကိုလာေခၚဖို႔ စားပြဲထိုးတစ္ေယာက္ကို ငါေျပာလိုက္မယ္"

Nan HuaiLin ခနပဲေစာင့္လိုက္ရတယ္။ ေနာက္ဆံုးေတာ့ စာပြဲထိုးက သူကို အဆင့္ျမင့္ဇိမ္ခံတဲ့အခန္းတစ္ခုထဲ ေခၚသြားတယ္။ အခန္းထဲမွာ လူႏွစ္ေယာက္ပဲရိွတယ္။ တစ္ေယာက္က Shen Chong၊ ေနာက္တစ္ေယာက္ကိုေတာ့ သူ မသိဘူး။

"ဘာလို႔ အဲ့နားမွာ ရပ္ေနတာလဲ?" Shen Chongက ၿပံဳးေနၿပီး သူ႔ကို လက္ရမ္းျပၿပီးေခၚတယ္။ "ဒီနားလာခဲ့"

သူ လမ္းေလ်ွာက္လာခဲ့တယ္။ Shen Chongက မက္တပ္ရပ္ၿပီး သူ႔နားမွာထိုင္ဖို႔ဆြဲေခၚတယ္။ အထူးရင္းႏွီးၾကတဲ့သူေတြလို ပခံုးကေနဖက္ၿပီး သူ႔ကိုေခၚလာတယ္။ ၿပီးေတာ့ အၿပံဳးတစ္ခုနဲ႔ေျပာတယ္။ "အကုန္လံုးကို က်ေတာ္မိတ္ဆက္ေပးပါရေစ။ ဒါက ကုမၸဏီအတူတူက က်ေတာ့္ရဲ့ဂ်ူနီယာေလး Nan HuaiLinပါ။ ေနာက္ၿပီး ဒီဘက္ကသူက အရမ္းနာမည္ႀကီးတဲ့ ဒါရိုက္တာ Luo Keပါ"

Luo Keဆိုတဲ့နာမည္ကို သူသိတယ္။ Shi Yan စၿပီးေက်ာ္ၾကားလာတဲ့ ဟာသဒရမ္မာစာအုပ္ထဲက အိုင္ေဒါတစ္ေယာက္ဇာတ္ေကာင္က Luo Keရိုက္ခဲ့တာပဲ။ Luo Keက ဒီေလာက္ထိ ငယ္ရြယ္ႏုပ်ိဳမယ္လို႔ သူမထင္ထားဘူး။ သူ႔အသက္က သံုးဆယ္အစပိုင္းေလာက္မွာပဲရိွမယ္ထင္တယ္။

Shen Chongက ဆက္ေျပာတယ္။ "မၾကာခင္က ဒရမ္မာဇာတ္ကားအသစ္တစ္ခုကို ရိုက္ဖို႔ ဒါရိုက္တာ Luo Keက ျပင္ဆင္ေနတာေလ။ ငါက ပထမေနရာက ေယာက္်ားေလးဇာတ္ေဆာင္ေလ။ ဒါေပမယ့္ တျခားဇာတ္ပို႔ကာရိုက္တာေနရာေတြက အခုထက္ထိမဆံုးျဖတ္ရေသးဘူး။ ပထမဆံုးအႀကိမ္ ဒီအေၾကာင္းကို ငါၾကားရေတာ့၊ Nanေပါက္စေလးနဲ႔ လိုက္တဲ့ ဇာတ္ေကာင္တစ္ခုကို ငါ ရွာေပးခ်င္လာလို႔ေလ"

Luo Keက Nan HuaiLinကို ၾကည့္ေနတယ္။ "တတိယေနရာက ေယာက္်ားေလးဇာတ္ေကာင္က သူနဲ႔ေတာ္ေတာ္ေလးလိုက္ဖက္တယ္လို႔ ငါထင္တယ္။ သူ႔ရဲ့အရပ္ႏွင့္ ပံုစံက ေတာ္ေတာ္ကိုက္ညီမႈရိွတယ္"

Shen Chong ဘာေတြေတြးေနလဲဆိုတာ Nan HuaiLinသိတာေပါ့။

သူ အကူအညီမဲ့လာသလို ခံစားရတယ္။ သူ႔လက္ကိုေျမာက္ကာ Shen Chongရဲ့လက္ေမာင္းကို ဆြဲဖယ္လိုက္ၿပီး Luo Keကို အၿပံဳးတစ္ပြင့္နဲ႔ ေျပာလိုက္တယ္။ "ဒါရိုက္တာ Luo၊ ခင္ဗ်ားရဲ့ ၾကင္နာမႈအတြက္ေက်းဇူးတင္ပါတယ္။ ဒါေပမယ့္ အခုေလာေလာဆယ္ က်ေတာ့္မွာ အရမ္းအေရးႀကီးတဲ့ ပုဂၢိုလ္ေရးရာကိစၥေလးေတြလုပ္ဖို႔ ရိွေနေသးလို႔ပါ။ ဒါေၾကာင့္ က်ေတာ္ ဘယ္ဇာတ္ေကာင္ကိုမွ စၿပီးသရုပ္ဖို႔မျဖစ္ႏိုင္ေသးဘူး ျဖစ္ေနတယ္။ က်ေတာ္ တကယ္ပဲ စိတ္မေကာင္းပါဘူး"

Luo Keက Shen Chongကို အၿပံဳးတစ္ခ်က္နဲ႔ၾကည့္တယ္။ ဘာမွေတာ့မေျပာဘူး။

Shen Chongက ရယ္ၿပီးေျပာတယ္။ "ဒါက အဆင္ေျပပါတယ္။ မင္းဒါကိုအခုအခ်ိန္မွာ မလုပ္ႏိုင္ေသးရင္၊ အနာဂတ္ေရာက္ရင္ တျခားေပါမ်ားတဲ့ အခြင့္အေရးေတြလည္း ရိွလာႏိုင္ပါေသးတယ္"

Luo Keက ေခါင္းညိမ့္ၿပီး သူ႔ရဲ့ဝိုင္ကို ညိမ္ညိမ္ေလးထိုင္ေသာက္ေနတယ္။

Nan HuaiLin မက္တပ္ရပ္လိုက္တယ္။ "က်ေတာ္ လုပ္စရာေတြရိွေနေသးလို႔ အရင္ျပန္ႏွင့္ ပါ့မယ္"

Shen Chongက သူ႔ရဲ့လက္ေကာက္ဝတ္ကို တင္းၾကပ္စြာ ဆုပ္ကိုင္လာၿပီး ဆူပူလိုတဲ့အသံနဲ႔ေျပာတယ္။ "မင္း ဘာလို႔ အရမ္းမသိတတ္ရတာလဲ? ဒါရိုက္တာ Luoနဲ႔ တစ္ခြက္ေလာက္ မေသာက္ပဲနဲ႔ ထြက္သြားခ်င္ေနတာလား?"

"က်ေတာ္ အရက္နဲ႔ဓာတ္မတည့္လို႔ ေသာက္လို႔မရလို႔ပါ"

Shen Chongက သူ႔ကိုဆြဲၿပီးျပန္ထိုင္ခိုင္းတယ္။ "ဒီအကိုက မင္းအတြက္ လိမၼော္ရည္မမွာေပးႏိုင္ဘူး ထင္လို႔လား?"

'အကို?'ဒီလူက အရမ္းရယ္ရတာပဲ။

Shen Chongက လိမၼော္ရည္ပုလင္းအႀကီးႀကီးကို စာပြဲထိုးကို ယူလာခိုင္းတယ္။ ေနာက္ၿပီး သူ႔ကိုၿပံဳးၿပီး ေျပာလာတယ္။ "ဒါေတြ အကုန္လံုးက မင္းအတြက္။ အကုန္လံုးေသာက္လို႔မၿပီးမခ်င္း ထြက္မသြားရဘူး "

Nan HuaiLinၿပံဳးျပလိုက္တယ္။ ဒါေပမယ့္ မရယ္ဘူး။

Shen Chongက သူ႔ကိုေဘးနားထိုင္ခိုင္းၿပီး Luo Keနဲ႔ ေသာက္ေနၾကတယ္။ သူ အရက္မူးလာေတာ့ မိုက္ကိုင္ၿပီးသီခ်င္းတစ္ပုဒ္ဆိုတယ္။ သူက သီခ်င္းကိုေတာ္ေတာ္ေကာင္းေကာင္းဆိုႏိုင္တယ္။

Nan HuaiLin ထြက္သြားလို႔မရဘူး။ ထိုင္ေနရံုပဲတက္ႏိုင္ၿပီး ပ်င္းေနၿပီ။ ဒါေၾကာင့္ သူ႔ဖုန္းကို ဖြင့္ၿပီးၾကည့္လိုက္တယ္။

တစ္ေန့ကုန္သြားၿပီဆိုေတာ့ မက္ေဆ့ေတြဝင္လာတယ္။ ၿပီးေတာ့ Idle Fishကလည္း ေနာက္ထပ္သူ႔ရဲ့မက္ေဆ့ေတြ ဝင္လာျပန္တယ္။

ေကာင္မေလးတစ္ေယာက္က သူတစ္ေယာက္တည္းဆီကို စာပို႔လာတယ္။ [အဲ့ဒီေဘာင္းဘီက တကယ္ပဲ Shi Yanဝတ္ခဲ့တဲ့ အတြင္းခံေဘာင္းဘီလား? အဲ့ဒီဟာက မူရင္းလားဟင္?]

ဒီေမးခြန္းက တကယ္ေတာ့ သဘာဝမက်ဘူးေနာ္။ Nan HuaiLinကေတာ့ သူမကို တကယ္ႀကီး အမွန္အကန္ကို ျပန္ေျဖေပးလိုက္တယ္။ [အတြင္းခံေဘာင္းဘီက ေလ်ွာ္ၿပီးသားပါ။ ေျခအိတ္ကေတာ့ မူရင္းပါ။ မင္းအဲ့ဒါေတြကို လိုခ်င္လား?]

Idle Fishက မက္ေဆ့ေတြကို စာျပန္ၿပီးတဲ့ေနာက္ သူ နည္းနည္းေနမေကာင္းလာသလို ခံစားရတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ရဲ့အစာအိမ္ထဲမွာ အစာမရိွဘဲနဲ႔ ေအးတဲ့ေဖ်ာ္ရည္ေတြ ေသာက္မိလို႔ ျဖစ္ႏိုင္တယ္။

သူေရခ်ိဳးခန္းထဲကို သြားခ်င္တယ္။ ဒါေပမယ့္ သူလဲ မက္တပ္ရပ္လိုက္ေရာ Shen Chongက သူ႔လက္ေကာက္ဝတ္ကို ဆြဲလာတယ္။ "မင္း ဘယ္သြားၪီးမလို႔လဲ?"

"ေရခ်ိဳးခန္းကို"

Shen Chong က ဂရုစိုက္ၿပီး မက္တပ္ထရပ္တယ္။ "ငါ မင္းနဲ႔ လိုက္ခဲ့မယ္။ မင္းထြက္ေျပးရင္ ဘယ္လိုလုပ္မလဲ?"

"ခင္ဗ်ားႀကိဳက္သလိုလုပ္"

Shen Chong က တကယ္ပဲမူးေနတာလား၊ အရက္မူးခ်င္ေယာင္မ်ားေဆာင္ေနတာလားေတာ့မသိဘူး။ သူက ဟိုေလ်ွာက္သြားဒီေလ်ွာက္သြားလုပ္ၿပီး Nan HuaiLinကို ဝင္ဝင္တိုက္တယ္။

Nan HuaiLinလဲ ေရွာင္လိုက္ေရာ သူက နံရံကိုဝင္တိုက္သြားတယ္။ ဒါေပမယ့္သူက Nanကိုဆြဲဖို႔ေမ့မေနဘူး။ Nan က အရမ္းဆြဲတာလည္းခံရေရာ Shen Chongရဲ့လက္ေမာင္းေတြၾကားထဲကို လဲက်သြားတယ္။ Shen Chongက လွည့္ၿပီး သူ႔ကို နံရံေပၚမွာဖိထားတယ္။ ၿပီးေတာ့ သူ႔ရဲ့ေခါင္းနားေလးကို ငံု႔ၿပီးတိုးလာတယ္။ "ကေလးေလး မင္း ကိုယ္နဲ႔ ကစားခ်င္လား? မင္းက နည္းနည္းေတာ့ ငယ္ေပမယ့္လို႔ "

Nan HuaiLinျပန္ၿပီးတြန္းဖယ္လိုက္မလို႔ပဲ။ ဒါေပမယ့္ Shi Yanႏွင့္ သူ႔ရဲ့ေနာက္မွာ အသက္ငယ္ငယ္ရြယ္ရြယ္နဲ႔ေခ်ာေမာတဲ့ေကာင္ေလးတစ္ေယာက္က သူတို႔ဆီကို ေလ်ွာက္လာတာ Nan HuaiLin ရုတ္တရက္ျမင္လိုက္ရတယ္။

သူတို႔ႏွစ္ေယာက္ မ်က္လံုးခ်င္းဆံုလိုက္တဲ့အခါ Nan HuaiLinရဲ့ပါးစပ္ကေန ေသခ်ာမစဥ္းစားလိုက္မိပဲ ထြက္သြားတယ္။ "ငါကို နမ္းပါ။ အခုလုပ္"

Shen Chongက ၿပံဳးလာၿပီး တံု႔ဆိုင္းမေနဘဲ သူ႔ရဲ့ ႏႈတ္ခမ္းေတြနဲ႔ Nan HuaiLinကို အတင္းနမ္းေတာ့တယ္။ သူ႔လက္ကိုေျမာက္လိုက္ၿပီး Shen Chongရဲ့ လည္ပင္းေပၚကို သူ႔လိုက္ေမာင္းေတြနဲ႔ ရစ္ပက္လိုက္တယ္။ မ်က္လံုးေတြကို မိွတ္လိုက္ၿပီး အရမ္းေပ်ာ္ရႊင္ေနတဲ့ အမူအရာလုပ္လိုက္တယ္။

"အဲ့ဒီလူက........Shen Chongနဲ႔ တူသလိုပဲေနာ္" ေကာင္ေလးက တိုးတိုးေလးေရရြတ္ေနတာကို Nan HuaiLinၾကားလိုက္ရတယ္။ "ဒီအနမ္းက အရမ္းရိုမန္းတစ္ဆန္တာပဲေနာ္။ အိုင္ေဒါဒရမ္မာတစ္ခုကိုၾကည့္ေနရသလိုပဲ။ အခ်စ္...ငါလည္း မင္းနဲ႔ အဲ့လိုနမ္းခ်င္တယ္"

Shi Yanရဲ့အသံကိုေတာ့ သူမၾကားရဘူး။ ေျခသံေတြကေတာ့ အေဝးကို ထြက္သြားၾကၿပီ။ Shen Chongရဲ့အနမ္းကို ေရွာင္ဖယ္ဖို႔ သူ႔ေခါင္းကိုေစာင္းလိုက္တယ္။

Shen Chongရဲ့ တစ္ကိုယ္လံုးက သူ႔ေပၚကိုဖိထားၿပီး သူ႔ရဲ့လည္ပင္းထဲကို ေခါင္းကမွီထားတယ္။ ပလံုးပေထြးအသံနဲ႔လည္း သူ႔ရဲ့နား နားေလးကို ကပ္ၿပီးေျပာလာတယ္။ "မင္းရဲ့ႏႈတ္ခမ္းေတြက အရမ္းႏုညံ့ၿပီး ခ်ိဳေနတာပဲ။ ငါအခု အရမ္းမာေနၿပီ။ မင္းအဲ့တာကို ခံစားရလား?"

Nan HuaiLin အခု သူလုပ္လိုက္တဲ့အရာကို အရမ္းေနာင္တရသြားတယ္။ အဝါေရာင္ျမစ္ႀကီးထဲကိုေတာ့ သူမခုန္ခ်ႏိုင္ဘူးေနာ္။

"ငါ မင္းကို လိုခ်င္တယ္။ ငါမင္းကို အခုလိုခ်င္တယ္" ျပင္းထန္တဲ့အရက္နံ႔နဲ႔အတူ ရိုးတိုးရြတ အသက္ရႉထုတ္လိုက္တဲ့ေလေတြက သူ႔ရဲ့အသားအရည္ေပၚကို ေရာက္ေရာက္လာတယ္။ "ငါနဲ႔အတူ အိမ္ကိုလိုက္ခဲ့ရမယ္၊ ေနာ္?"

"အခုျဖစ္ပ်က္ခဲ့တာေတြနဲ႔ပတ္သက္ၿပီး က်ေတာ္ေတာင္းပန္ပါတယ္။......က်ေတာ္ မရည္ရြယ္ခဲ့ပါဘူး" Nan HuaiLinခက္ခက္ခဲခဲေျပာလိုက္တယ္။ "ခင္ဗ်ားအရက္မူးေနတယ္။ ခင္ဗ်ားကို ျပန္ပို႔ေပးဖို႔ ခင္ဗ်ားရဲ့သူငယ္ခ်င္းကို က်ေတာ္သြားေခၚလိုက္မယ္"

"မဟုတ္ဘူး" Shen Chongက သူ႔ရဲ့ခါးကို ဆြဲဖက္ၿပီး သူ႔ခႏၶာကိုယ္တသ္ခုလံုးရဲ့ အေလးခ်ိန္အကုန္လံုးကို Nan HuaiLinေပၚတင္ထားတယ္။ "ငါ မင္းကိုပဲလိုခ်င္တာ။ တျခားဘယ္တစ္ေယာက္ကိုမွ ......လုပ္မွာမဟုတ္ဘူး"

ဒီကလိမ္ကက်စ္ဉာဏ္ရိွတဲ့လူကို ေျဖရွင္းဖို႔ေတာ့ လြယ္မွာမဟုတ္ဘူး။ အရက္မူးၿပီးကလိမ္ကက်စ္လုပ္ေနတာ ပိုၿပီးေတာ့ေတာင္ ေျဖရွင္းဖို႔ခက္ေသးတယ္။

Nan HuaiLinသူ႔ကို တစ္ဝက္ဖက္ထားၿပီး အခန္းထဲကို ဆြဲေခၚလာခဲ့တယ္။ အခန္းထဲမွာ Luo Ke မရိွေတာ့ဘူး။

စာပြဲထိုးက တံခါးေခါက္ၿပီးေျပာလာတယ္။ "Sir ခင္ဗ်ားရဲ့သူငယ္ခ်င္းက အရင္ဆံုးျပန္ႏွင့္ပါၿပီတဲ့။ သူက ေဘရွင္းၿပီးသြားၿပီလို႔လည္း က်ေတာ့္ကို ေျပာခိုင္းလိုက္ပါတယ္"

Nan HuaiLinအကူအညီမဲ့သြားတယ္။ "ရၿပီ။ ေက်းဇူးတင္ပါတယ္" စာပြဲထိုးကို ျပန္ေျပာလိုက္တယ္။

ဒါကေထာင္ေခ်ာက္တစ္ခုပဲ။ ဒီထဲကို ခုန္ခ်လိုက္ရင္ သူက ရူးေနလို႔ပဲျဖစ္မွာ။

Shen Chongက အရမ္းအရက္မူးေနၿပီး ဆိုဖာေပၚမွာ အိပ္ခ်င္မူးတူးပံုစံနဲ႔ ရိွေနတယ္။

Nan HuaiLin သူ႔ကို ဒီေနရာမွာ ဒီလိုႀကီးမထားခဲ့ႏိုင္ဘူး။ သူသက္ျပင္းခ်လိုက္ၿပီး စာပြဲထိုးကိုေခၚဖို႔ တံခါးဆီသြားလိုက္တယ္။ "ဟယ္လို၊ ငါ့ရဲ့သူငယ္ခ်င္းကို ကားထဲပို႔မလို႔ မင္းငါ့ကိုကူညီႏိုင္မလား?"

သူႏွင့္ စာပြဲထိုးက Shen Chongရဲ့တစ္ဖက္စီကိုဝင္လိုက္ၿပီး မ,လိုက္ၾကတယ္။ သူတို႔တံခါးေပါက္နားေလးကို ေရာက္တဲ့အခါမွာ Shen Chongရဲ့ အိတ္ကပ္ထဲက ဖုန္းျမည္လာတယ္။

"ခနေလာက္ေစာင့္ပါၪီး" Nan HuaiLinရပ္ၿပီးေတာ့ ဖုန္းကို ထုတ္ၾကည့္လိုက္တယ္။ ေခၚဆိုသူရဲ့ IDက Fei Cheng တဲ့။

အဲ့ဒီလူက ငါမေန့ကဆံုခဲ့တဲ့ Mr.Feiရဲ့ ညီထင္တယ္၊ ဟုတ္ေလာက္မလား? Nan HuaiLinသူ႔ကို ကယ္ဆယ္ေပးမယ့္လူကို ေတြ့လိုက္ရသလို ဖုန္းကို ျမန္ျမန္ပဲျပန္ေျဖလိုက္တယ္။

အရမ္းသာယာၿပီး နည္းနည္းရိသဲ့သဲ့ႏိုင္တဲ့ စြဲေဆာင္မႈရိွတဲ့အသံတစ္ခု ထြက္လာတယ္။ "ငါ ဘာကိုမွ မေနွာက္ယွက္လိုက္မိဘူး ဟုတ္တယ္မလား?"

Nan HuaiLin 'ရူး...'တိတ္တိတ္ေနဆိုၿပီး စာပြဲထိုးကို အခ်က္ျပလိုက္တယ္။ "ဟယ္လို က်ေတာ္က Pure Kက ဝိတ္တာတစ္ေယာက္ပါ။ ခင္ဗ်ားရဲ့ သူငယ္ခ်င္းက မူးၿပီးေမွာက္ေနလို႔ပါ။ ခင္ဗ်ား သူ႔ကိုလာၿပီးေတာ့ ေခၚႏိုင္မလား?"

"သူ တစ္ေယာက္တည္းလား?"

"ဟုတ္ပါတယ္။ သူရဲ့သူငယ္ခ်င္းက အရင္ထြက္သြားေတာ့ သူတစ္ေယာက္တည္းပဲ က်န္ေနခဲ့တာ"

"ငါ အဲ့ဒီေနရာကို လာခဲ့မယ္"

ဖုန္းလည္းခ်သြားေရာ Nan HuaiLin အရမ္းကို ေပ်ာ္ရႊင္ေနၿပီ။ သူ စာပြဲထိုးကိုေျပာလိုက္တယ္။ "သူ႔ကို ဆိုဖာေပၚျပန္ပို႔ဖို႔ ငါကို ကူညီပါၪီး"

သူတို႔ႏွစ္ေယာက္ အခုထိသတိမရေသးတဲ့ Shen Chongကို ဆိုဖာေပၚျပန္ေရြ့လိုက္တယ္။ သူ မက္တပ္ျပန္ရပ္ၿပီး စားပြဲထိုးကို ထပ္ေျပာလိုက္တယ္။ "လူတစ္ေယာက္ ခနေနသူ႔ကို လာေခၚလိမ့္မယ္။ ေက်းဇူးျပဳျပီးသူ႔ကို ခနေလာက္ ဂရုစိုက္ေပးလိုက္ပါၪီးေနာ္။ က်ေတာ္ အခုသြားရေတာ့မွာ မို႔လို႔ပါ"

စာပြဲထိုးက သေဘာတူတယ္။ ဒါေၾကာင့္ Nan HuaiLinလည္း သူ႔ကို ေက်းဇူးတင္ၿပီး ထြက္လာခဲ့လိုက္တယ္။

Fei Cheng ေရာက္လာေတာ့ Nan HuaiLinက ထြက္သြားခါစပဲရိွေသးတယ္။

Shen Chongက ႏိုးလို႔မရဘူး။ ဒါေၾကာင့္ Fei Chengက သူ႔ကိုကားထဲသြင္းၿပီး အိမ္ျပန္လိုက္ပို႔လိုက္တယ္။ Fei Cheng က သူ႔ကို ခုတင္ပစ္တင္ဖို႔ အားအမ်ားႀကီးသံုးလိုက္ေတာ့ Shen Chongက ႏိုးလာတယ္။ သူ႔အခန္းကို လွည့္ၿပီးၾကည့္တယ္။

"Fei Chengလား?" Shen Chongက သူ႔ရဲ့ ေမာပန္းႏြမ္းနယ္ေနတဲ့ မ်က္လံုးေတြနဲ႔ သူ႔ကိုၾကည့္လာတယ္။ "မင္း ဘာလို႔ဒီေနရာမွာ ေရာက္ေနတာလဲ? သူ ဘယ္ေရာက္သြားတာလဲ?"

Fei Chengက Shen Chongေကြးထားတဲ့ခါးကို ဆန္႔ေပးၿပီးေျပာတယ္။ "သူ ထြက္ေျပးသြားတာ"

"Holy Shit!" Shen Chongက အိပ္ရာေပၚမွာ လူေသႀကီးလို လဲေလ်ာင္းေနတယ္။ ခနေနာက္ ဇေဝဇဝါျဖစ္ေနၿပီး ေျပာတယ္။ "ငါ သူ႔ကို နမ္းလိုက္သလိုပဲ"

Fei Chengက ရယ္တယ္။ "မင္း အိပ္မက္မက္ေနတာလား?"

Shen Chongက အတိတ္ကိုသတိရသြားသလို သူ႔ ႏႈတ္ခမ္းေထာင့္ကို လ်ွာနဲ႔လ်က္တယ္။ "ခ်ိဳေနတယ္။ အိပ္မက္မဟုတ္ဘူး"

Fei Chengက သူဘာေတြးေတြး ဂရုစိုက္မေနဘူး။ "ငါသြားၿပီ"

"မင္းရဲ့ အစ္ကိုအိမ္မွာေန ေနတာလား?"

"မဟုတ္ဘူး။ ဟိုတယ္မွာေနတာ"

"အဲ့တာဆို ငါနဲ႔လာေနေလ။ ဧည့္သည္အခန္းမွာ ဘယ္သူမွမရိွဘူး"

"မလုပ္ပါနဲ႔။ မင္းက ၾကမ္းတမ္းေတာ့ ငါ့ကို အႏိုင္က်င့္မွာ ေၾကာက္ရတယ္"

"ထြက္သြား!" Shen Chongက သူ႔ကိုေခါင္းအံုးနဲ႔ ပစ္ေပါက္လိုက္တယ္။

Fei Cheng ဓာတ္ေလွကားထဲမွာ မက္တပ္ရပ္ၿပီး သက္ျပင္းအရွည္ႀကီးခ်လိုက္တယ္။ ျပည့္တန္ဆာေနရာမွာ သရုပ္ေဆာင္တဲ့ေကာင္ေလးကို သူဖုန္းဆက္ၿပီး ထြက္ေျပးႏိုင္ေအာင္ လုပ္ေပးလိုက္တယ္ဆိုတာသာ Shen Chongသိရင္ ေသေလာက္ေအာင္ ေဒါသထြက္ေနမွာေသခ်ာတယ္။

ဘာပဲျဖစ္ျဖစ္ Shen Chongက သရုပ္ေဆာင္ေပါက္စေလးနဲ႔ မအိပ္ျဖစ္ေတာ့ဘူး။ အဲ့ဒါက ဘာလို႔ သူ႔ကို အရမ္းေပ်ာ္ရႊင္ေစတာလဲ?

စကားမစပ္ အဲ့ဒီသရုပ္ေဆာင္ေပါက္စေလးနာမည္က ဘယ္သူပါလိမ့္? Nan HuaiLinလို႔ ေခၚတာ ၾကားမိသလိုပဲ။ နာမည္ေလးက အရမ္းခ်စ္စရာေကာင္းတာပဲ။

ရုတ္တရက္ ေျမေအာက္ရထားေပၚမွာ Nan HuaiLinက သူ႔ရဲ့လက္ေမာင္းထဲကို လဲက်လာတဲ့ပံုရိပ္ေလးကို သတိရသြားတယ္။ Fei Cheng ရုတ္တရက္ သူ႔ရဲ့ႏႈတ္ခမ္းေတြကို ေကြးၿပီးၿပံဳးမိသြားတယ္။

သူကေတာ္ေတာ္ေလးကို ခ်စ္ဖို႔ေကာင္းတာပဲ။ သူ႔ရဲ့ရပ္ရည္ႏွင့္ ကိုယ္ေရးကိုယ္တာက ဘာျဖစ္ျဖစ္ အေရးႀကီးတာမဟုတ္ဘူး။

_________________

29. 12 .21 WED

Continue Reading

You'll Also Like

168K 22.3K 41
♥Complete♥ system bl All content with (U&Z) သူစတင်ကူးပြောင်းတုန်းက ချန်လီကောက ဒါကို လက်မခံချင်ခဲ့ဘူး... ဒါပေမဲ့ သူကမ္ဘာတွေများစွာ ကူးပြောင်းပြီးနောက...
571K 56.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
181K 29.1K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
268K 17K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...