Unicode
Taehyungအမြန်ပင်ရေချိုးပြင်ဆင် ပြီးအနွေးထည်ထူထူဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။
အိမ်အကူတွေ ခေါ်မထားတဲ့မေမေကထမင်းစားခန်းထဲမှာ စားသောက်ဖို့ကိုတစ်ယောက်တည်းပြင်ဆင်နေ၏။
ဖေဖေကလည်း မနက်တည်းကခရီးထွက်သွားသည်ကြောင့် ရှိမနေ၍တော်တော့သည်။
ဖေဖေသာရှိနေလျှင် ညဖက်အပြင်ထွက်ဖို့ကအဆင်ပြေမှာမဟုတ်။
သူ့ကိုတစ်ခြားအရာများတွင်အလိုလိုက်အကြိုက်ဆောင်ပေးသောဖေဖေက ကားမောင်းခြင်းနှင့် ညဖက်အပြင်သွားခြင်းကိုတော့ခွင့်မပြုထားပါ။
ဖေဖေမရှိသည်က အခုချိန်သူ့အတွက်မဟာအခွင့်အရေးတစ်ခုအလားပင်။
"မေမေ"
သူမေမေ့ကို ခေါ်လိုက်တော့ ဟင်းအိုးတည်လက်စမေမေက သူ့ဖက်လှည့်ကြည့်လာသည်။ အပြင်သွားဖို့အကျီထူထူဝတ်လို့ပြင်ဆင်ထားတဲ့ သူပုံစံကိုကြည့်ပြီးမေမေက မျက်မှောင်ကြူတ်၏။
"အပြင်သွားမလို့လားသားငယ်... မှောင်နေပြီကိုဘယ်ကိုသွားမှာလဲ။ သားဖေဖေကညဖက်အပြင်မထွက်ရဘူးမှာထားတယ်မလား...
ဖေဖေမရှိဘူးဆိုပြီး အပြင်ထွက်ဖို့ကြံနေတာပေါ့လေ ဒီကလေးကတော့"
ထိုအခါ သူမေမေ့ကိုမျက်နှာချိုသွေးလို့ သွားလေးဖြဲပြလိုက်ရသည်။
သို့ပေမဲ့ ခေါင်းတွေကတရိတ်တရိတ်တက်လို့ မူးဝေနေခဲ့ပြီး ကိုယ်တွေလည်းရေချိုးလိုက်ပြီးတည်းက ပူရှိန်နေခဲ့တာမျက်ခမ်းတွေကပါပူစပ်စပ်။
အဖျားတွေတက်နေတာဖြစ်မည်။
အခုချိန်နီမြန်းနေမဲ့မျက်နှာကို မေမေသတိမထားမိအောင် အတင်းပြုံးနေရ၏။
"မေမေကလည်း တစ်ခါပဲလေနော်...
သူငယ်ချင်းမွေးနေ့ဆိုတော့ ကျွန်တော်တို့မသွားရင်မကောင်းဘူးလေ...
အခုသွားမှာကလည်းဂျွန်တို့ မင်းနီတို့နဲ့ပါပဲ။
ဖေဖေလည်းမရှိတော့ မေမေပဲခွင့်ပေးလိုက်ပါလားဟင်... ကျွန်တော်တို့ကသိပ်မကြပါဘူး မျက်နှာပြရုံ ခဏလေးပါပဲ..."
"သားjiminတို့နှင့်သွားမှာဆို ဘာလို့လာမ ခေါ်ကြတုန်းသားငယ်...
သားjiminကလာခေါ်နေကျမလား...
မေမေ့ကိုလိမ်နေတာများလား"
မိဘတွေကိုတစ်ခါမှမလိမ်ဖူးတာကြောင့် taehyungမှာနူတ်ခမ်းတွေခြောက်သွေ့လာပြီး ခြောက်နေတဲ့နူတ်ခမ်းလေးလျှာဖျားလေးဖြင့် မသိမသာသပ်လိုက်ကာ မျက်ဆံလေးများကို စိတ်လူပ်ရှားစွာဟိုဟိုဒီဒီရွေ့လျားအောင်လုပ်လိုက်မိသည်။
taehyungမှာအလိမ်မပေါ်ဖို့ အားတင်လိုက်ရင်း အကြောင်းပြချက်တွေပေးပြီးရှေ့နောက်ညီရဲ့လားတောင်မသိတော့ပဲ ပြောမိပြောရာပြောနေမိတော့သည်။
"မဟုတ်ပါဘူးမေမေရဲ့...
minieကသူ့မေမေခိုင်းထားတာရှိလို့ နောက်ကျမှပွဲကိုလိုက်ခဲ့မှာတဲ့။
အခုကဂျွန်နဲ့သွားမှာမေမေ... ဂျွန်ကကျွန်တော့်ကိုလက်ဆောင်ပစ္စည်းဝယ်တဲ့ဆိုင်မှာ စောင့်နေမှာ... ကျွန်တော်ဒီကနေtaxiငှားပြီးသွားလိုက်မယ် ဂျွန်ရှိတဲ့ဆိုင်နှင့်အိမ်နဲ့ကနီးနီလေးပါပဲ "
သွားချင်စိတ်ပြင်းပြနေသော သားဖြစ်သူကိုစိုးရိမ်းမျက်ဝန်းများဖြင့်ကြည့်ပြီး Mr's Kimကသက်ပြင်းချသည်။
သူမသားဟာ ကလေးငယ်လေးမဟုတ်တော့တာကြောင့် တစ်ခါတစ်လေတော့လည်းသူငယ်ချင်းတွေနဲ့ညဖက်အပြင်ထွက်ချင်ရှာမှာပါလို့တွေးမိပြီး ခွင့်ပြုဖို့သာဆုံးဖြတ်လိုက်၏။
"သားဒီလောက်တောင်သွားချင်နေရင်
လည်းသွားပေါ့ကွယ်....
သားjiminတို့လည်းပါမှာဆိုတော့
မေမေမတားတော့ပါဘူး။ သားကအအေးမခံနိုင်တာသိတယ်မလား။
အရမ်းညဥ့်မနက်စေနဲ့... ကဲသွားတော့...
သားjungkookအကြာကြီးစောင့်ရလိမ့်မယ်"
မေမေခွင့်ပြုမူကြောင့် သူ့မှာလေပူတစ်ချက်ကိုမသိမသာမူတ်ထုတ်ရင်း မေမေ့ကိုနူတ်ဆက်ကာ အမြန်ပင်ထွက်လာခဲ့လိုက်သည်။
သူနောက်ကျနေပြီမဟုတ်ပါလား။
taxiငှားပြီးကလပ်ဆီမသွားခင် ဂျွန်မှာထားသည့်birhday cakeအတွက်အနီးဆုံးcakeဆိုင်ကိုသာ ကားမောင်းတဲ့လူကြီးကို အရင်ဆုံးမောင်းခိုင်းရ၏။
cakeဆိုင်ရောက်တော့အချိန်က ခုနှစ်နာရီခွဲနေပြီ။ ဆိုင်မပိတ်ခင်လုလု အချိန်မှီရောက်လာ၍တော်သေး၏။
လှတယ်ထင်သည့်cakeတစ်ခုကိုအမြန်ရွေးလိုက်ကာ ငွေရှင်းလိုက်ပြီးသေချာထုတ်ပိုးပေးလိုက်သောပါဆယ်ဗူးဆွဲရင်း ဆိုင်ထဲမှထွက်လာခဲ့လျှင် ဖုန်းထဲမှmsgဝင်သံကြောင့် အကျီအိပ်ထဲမှဖုန်းကိုထုပ်ယူရန်လုပ်ရသည်။
အနွေးထည်ထူထူဝတ်ထားသည့်အပြင်အလျင်လိုနေသည်ကြောင့် ဖုန်းကိုအပြင်ထုပ်ရန်ခက်ခဲနေပြီး ဖုန်းကိုအာရုံစိုက်နေတုန်း ရှေ့မှလူတစ်ယောက်ကို သူဝင်တိုက်လိုက်မိသည်။
"အာ sorryပါဗျ...
ကျွန်တော်အလျင်လိုနေလို့ပါ... တစ်ကယ်တောင်းပန်ပါတယ် "
taehyungချက်ချင်းတောင်းပန်လိုက်ပေမဲ့ ဝင်တိုက်ခံလိုက်ရတဲ့ ထိုလူကတော့အောက်ကျသွားတဲ့ သူ့ဖုန်းကိုကောက်ယူလိုက်ပြီးမှ taehyungကိုကြည့်လာသည်။
ထိုလူက သူနဲ့အသက်ရွယ်တူလား သူ့ထက်ငယ်မည်လားtaehyungမသိ။
သေချာသိတာက သူ့ထက်တော့မကြီးနိုင်။
ထိုတစ်ယောက်၏ မျက်လုံး၊မျက်ခုံး၊
နှာတံ၊နူတ်ခမ်း အကုန်လုံးကအပြစ်ပြော
စရာမရှိပဲ ကြည့်ကောင်းသည့်ကောင်လေးတစ်ယောက်ပင်။
taehyungဝင်တိုက်လိုက်မိသည်ကိုလည်းအပြစ်တင်ဟန်မရှိပဲ သူ့ကိုကြည့်လာသည့်မျက်ဝန်းများကနားလည်ခြင်းများဖြင့်သာ။
သို့ပေမဲ့ ဖုန်းပြုတ်ကျသွားသည်ကြောင့် taehyungမှာထိုတစ်ယောက်ကိုပိုပြီးပင်အားနာသွားရသည်။
"ဖုန်းက ကွဲသွားတာလား...
အားနာလိုက်တာဗျာ...တောင်းပန်ပါတယ်ကျွန်တော်ပြန်လျော်ပေးပါ့မယ်"
"ရပါတယ်အကို... ကျွန်တော်လည်းသတိမထားလိုက်မိလို့အခုလိုတွေဖြစ်သွားရတာပါ။
ကျွန်တော်လည်းတောင်းပန်ပါတယ်...
ဖုန်းကလည်း အပေါ်မှန်ရှသွားရုံမို့ လျော်စရာမလိုပါဘူးဗျ"
"ဖြစ်ပါ့မလား... အားနာစရာကြီး..."
"ရပါတယ်အကိုရယ်... ဟဲဟဲ ကျွန်တော်နားလည်ပါတယ်"
"ဟမ်"
သူ့ကို အကိုဆိုပြီးဖော်ရွေစွာပြောနေသောကောင်လေးက ရယ်ကျဲကျဲပြောလာလျှင်taehyungမှာကြောင်သွားရသည်။
ထိုကောင်လေးဘာတွေနားလည်နေလဲဆိုတာသူမသိ။ မတော်တဆဖြစ်တာကိုနားလည်တယ်လို့ပြောတာလား...
ဒါပေမဲ့ အဲဒါကရယ်စရာမှမကောင်းတာကိုလေ... ဘာလို့လဲ....
သူတွေးနေတာကို သိလို့ထင်၏။
ထိုကောင်လေးက သူ့စကားကိုပြန်ရှင်းလာသည်။
"ဒီလိုပါဗျ... ကျွန်တော့်မှာလည်းနောက်ကျရင်စိတ်ဆိုးတတ်တဲ့ကောင်မလေးရှိတယ်လေ။ အကိုလည်း အခုအကို့ကောင်မလေးစိတ်ဆိုးမှာစိုးရိမ်နေတာမလား။ ဘဝတူတွေမို့
ကျွန်တော်နားလည်ပါတယ်ဗျာ... ကောင်မလေးစိတ်ဆိုးနေလိမ့်မယ်မြန်မြန်သွားတော့အကို..."
သူထင်သလိုပြောပြီး ထိုကောင်လေးထွက်သွားခဲ့လျှင် taehyungလည်း
အမြန်ပင်စောင့်ခိုင်းထားသော taxi ပေါ်ပြေးတက်ရသည်။ ဖုန်းထဲဝင်လာသော msgကဂျွန့်ဆီမှဖြစ်ပြီးအမြန်လာခဲ့ဖို့နဲ့ အခန်းနံပါတ်ကိုပို့ပေးထားခြင်းပင်။
"ဦးလေး------ကလပ်သို့မြန်မြန်လေး
မောင်းပေးပါ... ကျွန်တော်အလျင်လိုနေလို့ပါ"
အခုနကကောင်လေးရဲ့ စကားတွေကိုသူပြန်တွေးနေမိပါ၏။
ထိုကောင်လေးမှာ သူ့ကောင်မလေးမို့
ချစ်ရသူစိတ်ဆိုးမှာကြောက်တာက သဘာဝကျပေမဲ့ ဂျွန်နဲ့ချစ်တွေမဟုတ်ကြတဲ့ သူမှာကောသဘာဝကျလေရဲ့လား။
သေချာမသိပေမဲ့ သူဟာလည်းဂျွန်စိတ်ဆိုးမှာ မလိုမကျဖြစ်မှာကြောက်မိပါသည်။
ချစ်သူတွေမဟုတ်ကြပေမဲ့ တစ်ဖက်သတ်ရူးသွပ်နေမိတဲ့သူအတွက်တော့
ဂျွန်ကသာအရာရာ။
သူ့အချစ်တွေကမျော်လင့်ချက်တွေမပါတဲ့အချစ်ဆို မုသားဆိုရာကျလိမ့်မည်။
သူဟာလည်း လူတွေထဲကလူတစ်ယောက်မို့ ချစ်ရသူရဲ့အချစ်ကိုခံယူချင်တဲ့အရောင်နုနုအတ္တလေးတော့ရှိပါ၏။
အရောင်ရင့်ရင့် အတ္တတွေမဟုတ်ခဲ့သည့်အတွက် သူ့အချစ်တွေရဲ့အသားပေး
ဦးတည်ရာက ပေးဆပ်ခြင်းဟူသည့်
ခေါင်းစဥ်အောင်သို့သာရောက်မှန်းမသိရောက်နေခဲ့သည် ။
မျော်လင့်ချက်ရောင်ခြည်တစ်စွန်းတစ်စနှင့်အတူ အရောင်နုနုအတ္တတွေပျော်ဝင်သည့်ချစ်တွေနဲ့သူဟာ ဂျွန်ပြုတစ်မျှနုဖို့၊ ဂျွန်လက်ညိုးစေညွန်ရာဖြစ်ရစေဖို့ အသက်နဲ့ခန္ဓာမြဲနေရွေ့
လုပ်ပေးနေမိမှာ နှလုံးသားရင်း၍ဆိုသောသစ္စာစကားသာ။
ဂျွန်ဆိုသည့် လူသားကိုသူသိပ်ကိုချစ်မြတ်နိုးပါသည်။
ထိုအချိန်လက်ထဲမှာကိုင်ထားသောဖုန်းမှSilent Modeကြောင့်တုန်ခါလာသည်။ Call Nameကminieမို့ လန့်သွားမိတာအမှန်ပင်။ ဘာပဲဖြစ်ဖြစ်သူလိမ်လိုက်ဖို့သာတွေးလိုက်သည်။
ဖုန်းကိုင်လိုက်တဲ့ချက်ချင်း သူဖြေသံကိုပင်မစောင့်ပဲ ခပ်မြန်မြန်ထွက်လာတဲ့minieအသံ။
"ထယ်..မင်းအခုဘယ်မှာလဲ"
"အာ ငါအိမ်မှာပဲminie.... ငါနေမကောင်းလို့အိပ်နေတာလေ"
"ကျစ်... ထယ်"
Jiminရဲ့အသက်ရူသံပြင်းပြင်းကိုသူဖုန်းထဲမှပင်ကြားနေရ၏။
jiminစိတ်တိုနေတာများလား။
စကားသံခဏရပ်သွားခဲ့ပြီး အသက်ရူသံတွေကိုသာကြားနေရသည်က စိတ်ကိုမနည်းလျော့ချနေတာလားဟုပင်ထင်ရသည်။
"လိမ်နေတာ"
"ဟမ်..."
"မင်းဘယ်မှာလဲထယ်... ငါအခုမင်းအိမ်မှာနော် ငါ့ကိုမလိမ်နဲ့....
ဘယ်မှာလဲမြန်မြန်ပြောစမ်းပါထယ်ရာ...
အိမ်မှာလိမ်ပြီးညဖက်အပြင်ထွက်ရလောက်အထိ...ဘယ်တွေသွားစရာရှိနေတာလဲကျစ်..."
"ဟို minie ငါ..."
"ထယ်... ငါတစ်ကယ်မင်းကိုစိတ်တိုမိတော့မှာနော်"
Jiminကသူ့အပေါ်အသံမမာ စဖူးမာနေတာကြောင့်jiminရဲ့ ဒေါသကိုtaehyungခန့်မှန်းမိသည်။
မထူးတော့ပြီးပြီမို့ အမှန်တိုင်းဖွင့်ပြောမိ၏။
ကလပ်ရှိရာဆီလာဖို့နဲ့ အခန်းနံပါတက်ကိုပါ တစ်ခါတည်းပြောလိုက်ရသည်။
ပါဆယ်ဗူးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း သူနှင့်စိမ်းသက်လွန်းသည့်ကလပ်ဆီရောက်လာခဲ့ပြီး ဂျွန်ပြောထားတဲ့အခန်းကိုရှာဝင်လာခဲ့လိုက်သည်။
မြင်လိုက်ရတဲ့အခန်းအကျယ်အဝန်းက ထင်ထားတာထက်ပိုကျယ်နေ၏။
အခန်းထဲတွင် dancing floorကသီးသန့်ရှိနေခဲ့ပြီး လူကငါးဆယ်ကျော်ခြောက်ဆယ်လောက်ပင်ရှိလိမ့်မည်။
လူတစ်ချို့က ကခုန်နေခဲ့ကာ တစ်ချို့ကအရက်တွေဝိုင်တွေသောက်ရင်းရှိနေခဲ့သည့် ဤနေရာကဂျွန်ပြောသည့်မွေးနေ့ပါတီလား။
မျက်စိရူပ်ဖွယ်ကောင်းစွာ ဝတ်ဆင်ထားသောလူတွေကြားတိုးဝင်ရင်း မီးရောင်စုံတွေနဲ့မြူးကြွကြွDJအသံတွေအကြား မူးနောက်နေသည့်ခေါင်းမှာ တစ်ချက်တစ်ချက်မျက်လုံးများပင်ပြာဝေလာသည်အထိ။
သူရှာနေသောဂျွန်ကို ထိုအခန်းလေးထဲမှာပင်ရှာရခက်နေသည်။ လူတွေရဲ့ ထူးဆန်းတဲ့အကြည့်စူးစူးတွေကိုလည်းခံနေရပြီး ကြက်သီးတွေပင်ထလာရသည်။
ဟိုဖက်တိုးရှာ ဒီဖက်တိုးရှာနှင့်နောက်ဆုံးမှာတော့ သူ့ရဲ့နှလုံးသားသခင်ကို တွေ့လေပြီ။
မိန်းကလေးတစ်ယောက်အား ဖက်ကာစီးကရက်ကို ခပ်မိုက်မိုက်ပုံစံဖြင့် သောက်၍ထိုင်နေသောဂျွန်။
ကြည့်ရင်းအမြင်ဝါးလာရင်း ခန္ဒာအနည်းငယ်ယိုင်သွားခဲ့ပေမဲ့ အချိန်မှီထိန်းလိုက်ကာ ဂျွန့်အနားလျှောက်သွားလိုက်သည်။
"ဂျွန်..."
သူခေါ်လိုက်တော့မှ ဂျွန်ကသူ့ဖက်လှည့်ကြည့်လာပြီး ကောင်မလေးပုခုံးပေါ်မှလက်ကိုဖယ်ချလိုက်သည်။ နောက်ပြီးသူသိပ်သဘောကျရဲ့ နူတ်ခမ်းပါးလေးမှအပြုံးဖြင့်သူ့ကို ထပ်မံပြုစားပါ၏။
သို့ပေမဲ့ သူရင်တွေနာကျင်ပြီးခေါင်းတွေကသေလောက်အောင်အထိ မူးနေခဲ့ပြီ။
"ရောက်လာပြီလား... ထိုင်လေယောင်း"
"ဟင့်အင်း.... ငါမထိုင်တော့ဘူးဂျွန်။
ဒီမှာမင်းမှာထားတာ"
"ဘာလို့လဲ ရောက်နေပြီကို...
တစ်ခါတည်းပါတီမှာဝင်ပျော်သွားပါလားယောင်းရာ... မင်းကအနေအေးလိုက်တာ"
ဂျွန်ပြောနေတုန်း အနားကကောင်မလေးက ဂျွန့်ရင်ခွင်ထဲတိုးဝင်လို့ ရင်ဖတ်တစ်လျှောက်အနမ်းဖွဖွပေးနေခဲ့လျှင် မမြင်နိုင်စွာခေါင်းငုံ့လိုက်မိပြန်သည်။
သူပြောလိုက်မိတဲ့စကားဟာ တုန်တုန်ရီရီ။
သခင်ရှေ့ရောက်တိုင်းသူဟာ ရူံးနိမ့်ရစမြဲ။
"ငါ...ငါသွားတော့မယ်ဂျွန်... နောက်ကျနေရင်မေမေစိတ်ပူနေလိမ့်မယ်"
"ဒါဆိုလည်းမင်းသဘောပဲလေ...
အခုလိုလာပို့ပေးတဲ့အတွက်ကိုတော့တစ်ကယ်ကျေးဇူးတင်ပါတယ်ယောင်း"
"ရပါတယ်ဂျွန်... ငါသွားပြီ"
Taehyungအမြန်ပင် ဂျွန့်အနားကထွက်လာမိလျှင် အခန်းတံခါးဖွင့်ခါနီးသူ့လက်ကောက်ဝကို တစ်စုံတစ်ယောက်လှမ်းဆွဲမူကြောင့်သူကဒယိုင်းဒယိုင်ဖြစ်သွားရသည်။
လူကလမ်းမလျှောက်ချင်လောက်အောင် ခေါင်းတွေတစ်ဆစ့်ဆစ်ဖြင့် လမ်းလျှောက်နေရသည်မှာပင် အနိုင်နိုင်။
"ဘာလဲဟ မူးနေတာအလှလေး"
ရီဝေသောမျက်လုံးတွေက တဏှာရာဂစိတ်တို့ဖုံးလွှမ်းနေခဲ့ပြီး လှောင်နေသလို
နူတ်ခမ်းများကခပ်ပြုံးပြုံးဖြင့်
သူ့ကိုလှမ်းဆွဲလိုက်သော တစ်စုံတစ်ယောက်သောသူ။
ထိုလူကိုင်ထားသောလက်ကိုရုန်းမိပါသော်လည်း ထင်သလောက်မပါသောအားကြောင့်လွတ်မြောက်ခြင်းမရှိ။
သူ့တင်ပါးပေါ်ကိုမထိတထိ ရောက်လာတဲ့လက်တစ်ဖက်ကြောင့် လူကနေရာမှာပင်သေဆုံးသွားချင်သည်။
"Jungkookနဲ့ကအသိတွေလားအလှလေး... ဒါမှမဟုတ်သူ့ရဲ့ရည်းစားဟောင်းလား...ဟမ်"
"ငါ့...ကိုလွှတ်..."
သူတစ်ကယ် ထိုလူ သူ့အသားချင်ထိနေတာကိုရွံ့လွန်းနေပြီ။
သူ အားကိုးတစ်ကြီးကြည့်လိုက်မိသည်က မြတ်နိုးရတဲ့ဂျွန်ရှိရာဆီသာ။
ဂျွန်နှင့်သူ့အကြား မမြင်ရအောင်ခြားနေခဲ့သည်က ကနေကြသောလူများဖြစ်ပြီး တစ်ချက်တစ်ချက်မြင်လိုက်ရသည့်ဂျွန်ဟာ စကားပြောကာရယ်မောနေခဲ့ကာ သူ့ဖက်လှည့်ကြည့်ခြင်းအလျင်းမရှိ။
ငါတစ်ကယ်ပြိုလဲတော့မလိုပဲ ဂျွန်...
ငါအခုဘာမှခုခံနိုင်စွမ်းမရှိတော့ဘူး....တစ်ချက်လောက်ပဲဖြစ်ဖြစ် ငါ့ကိုလှည့်ကြည့်ပါအုံးလားဂျွန်ရယ်....
ငါအသားကို သူများထိတွေ့နေတာငါတစ်ကယ်မကြိုက်လို့ပါ....
ရင်တွေလည်း နာလှပါပြီသခင်ရယ်....
ဒီချိန်ဆုတစ်ခုတောင်းခွင့်ရင် ငါသေဆုံးခွင့်ဆုတောင်းကိုတောင်းတမိပါတယ်...
ဒီအခြေအနေကလွတ်မြောက်ချင်ပါပြီ...
"Jungkookဂရုမစိုက်တော့ပေမဲ့ ကိုယ်ကဂရုစိုက်မှာမို့ကိုယ့်နောက်လိုက်ခဲ့ပါလားအလှလေး... အဟက်...
ကိုယ်ကjungkookထက်ပိုကောင်းအောင်လုပ်ပေးနိုင်မှာပါ... ဟမ် ဘယ်လိုလဲ"
"ဒီစောက်ခွေးတတောင်းစား!!!!"
taehyungကိုရွံစရာကောင်းအောင်ထိပါး နေတဲ့နှာဘူးကောင်ကို Jimin အပြေးဆောင့်ကန်ပစ်လိုက်သည်။ ထိုကောင်မှာရုတ်တရက်မို့ ဘာမှခုခံချိန်ပင်မရလိုက်။
ထိုအခါမှအခန်းထဲရုတ်ရုတ်သဲသဲဖြစ်သွားခဲ့ပြီး လူတွေဝိုင်းအုံသွားခဲ့သည်။
လဲကျသွားသောထိုတစ်ယောက်ကို ခွကာ jiminစိတ်လွတ်စွာ အားပြင်းပြင်းဖြင့်ထိုးကြိတ်နေခဲ့သည်။ ဒေါသတွေကြောင့်သူစိတ်များကိုမထိန်းချုပ်နိုင်တော့။
သူအခန်းထဲရောက်ရောက်ချင်း ဦးနှောင်သွေးကြိုးတွေပြတ်ထွက်မတတ် ဒေါသတွေဆောင့်ထွက်သွားရသည့် မြင်ကွင်းက
စီးကြိုနေခဲ့သည်မဟုတ်ပါလား။
"သေလိုက်ခွေးကောင် သေလိုက်စမ်း...
မင်းကိုငရဲအရောက် ငါပို့ပေးမယ်
စောက်ဆင့်မရှိတဲ့ကောင်!!!"
ဟုန်းဒိုင်းဖြစ်သွားတဲ့အခြေအနေနဲ့အတူ taehyungဟာ ကြမ်းခင်းပေါ်ပြိုလဲကျသွားခဲ့သည်။
သူ့နားထဲနောက်ဆုံးကြားလိုက်ရတဲ့အသံနှင့် ခပ်ဝါးဝါးမြင်လိုက်တဲ့ပုံရိတ်ရဲ့ပိုင်ရှင်ဟာ သူတောင်းတနေတဲ့သူမဟုတ်ခဲ့။
ထိုအသံရဲ့ပိုင်ရှင်ဟာ သူ့ကိုအမြဲကာကွယ်နွေးထွေးစေတတ်သော တစ်ယောက်သောသူရဲ့အသံ။
ငါတောင်းပန်ပါတယ်Minie....
"ဘယ်ဘဝက ဝဋ်ကြွေးတွေများလဲ
ကံကြမ္မာရယ်...
နှလုံးသားတစ်ခုလုံးမွမွကြေနေခဲ့ပေမဲ့
ထိုတစ်စုံတစ်ယောက်ကို
အသက်တစ်မျှချစ်နေမိတာ ဘာလိုဝဋ်ကြွေးတွေကြောင့်ပါလဲ..... ဝဋ်ကြွေးတွေလည်းကြေချင်ပါပြီကံဇတ်ဆရာရယ်...."
Purple Dream
Updated 08.01.2021
Sakawar
updateတွေမမှန်နိုင်လို့တစ်ကယ်အားနာရပါတယ်... နောက်တစ်ပိုင်းကလုံးဝမထင်ထားတဲ့ကိစ္စလေးဖြစ်သွားနိုင်တာမို့ မျော်နေပေးကြပါအုံးနော်။
Zawgyi
"မေမေ"
ဖေဖေမရှိဘူးဆိုပြီး အပြင်ထွက်ဖို့ကြံနေတာပေါ့လေ ဒီကေလးကေတာ့"
ဖေဖေလည်းမရှိတော့ မေမေပဲခွင့်ပေးလိုက်ပါလားဟင်... ကျွန်တော်တို့ကသိပ်မကြပါဘူး မျက်နှာပြရုံ ခဏေလးပါပဲ..."
မိဘတွေကိုတစ်ခါမှမလိမ်ဖူးတာကြောင့် taehyungမှာနူတ်ခမ်းတွေခြောက်သွေ့လာပြီး ခြောက်နေတဲ့နူတ်ခမ်းလေးလျှာဖျားလေးဖြင့် မသိမသာသပ္လိုက္ကာ မျက်ဆံလေးများကို စိတ်လူပ်ရှားစွာဟိုဟိုဒီဒီရွေ့လျားအောင်လုပ်လိုက်မိသည်။
"မဟုတ်ပါဘူးမေမေရဲ့...
လည်းသွားပေါ့ကွယ်....
"အာ sorryပါဗ်...
ထိုတစ်ယောက်၏ မ်က္လုံး၊မ်က္ခုံး၊
စရာမရွိပဲ ကြည့်ကောင်းသည့်ကောင်လေးတစ်ယောက်ပင်။
"ဖုန်းက ကြဲသြားတာလား...
အားနာလိုက္တာဗ်ာ...တောင်းပန်ပါတယ်ကျွန်တော်ပြန်လျော်ပေးပါ့မယ်"
"ဟမ်"
ဂျွန်ကသာအရာရာ။
"ထယ်..မင်းအခုဘယ်မှာလဲ"
"ကျစ်... ထယ်"
"လိမ်နေတာ"
"ဟမ်..."
"ဟို minie ငါ..."
ဟိုဖက္တိုးရွာ ဒီဖက်တိုးရှာနှင့်နောက်ဆုံးမှာတော့ သူ့ရဲ့နှလုံးသားသခင်ကို တွေ့လေပြီ။
မိန်းကလေးတစ်ယောက်အား ဖက္ကာစီးကရက္ကို ခပ်မိုက်မိုက်ပုံစံဖြင့် သောက်၍ထိုင်နေသောဂျွန်။
"ဂျွန်..."
ဒီမှာမင်းမှာထားတာ"
"ဘာလဲဟ မူးနေတာအလှလေး"
"Jungkookနဲ့ကအသိတွေလားအလှလေး... ဒါမှသူ့ရဲ့မဟုတ်ရည်းစားဟောင်းလား...ဟမ်"
"ငါ့...ကိုလွှတ်..."
သူအားကိုတစ်ကြီးကြည့်လိုက်မိသည်က မြတ်နိုးရတဲ့ဂျွန်ရှိရာဆီသာ။
ဂျွန်နှင့်သူကြား မမြင်ရအောင်ခြားနေခဲ့သည်က ကနေကြသောလူများဖြစ်ပြီး တစ်ချက်တစ်ချက်မြင်လိုက်ရသည့်ဂျွန်ဟာ စကားပြောကာရယ်မောနေခဲ့ကာ သူ့ဖက်လှည့်ကြည့်ခြင်းအလျင်းမရှိ။
ငါအခုဘာမှခုခံနိုင်စွမ်းမရှိတော့ဘူး....တစ်ချက်လောက်ပဲဖြစ်ဖြစ် ငါ့ကိုလှည့်ကြည့်ပါလားဂျွန်ရယ်....
ကိုယ္ကjungkookထက်ပိုကောင်းအောင်လုပ်ပေးနိုင်မှာပါ... ဟမ် ဘယ္လိုလဲ"
"ဘယ္ဘဝက ဝဋ်ကြွေးတွေများလဲ
ကံကြမ္မာရယ်...
Purple Dream
Updated 08.01.2021
Sakawar
u