Unicode Version
နေ့၊ လ၊ ရက်တို့ တစ်ရစ်ပြီးတစ်ရစ် ကုန်ဆုံးသွားပြီဖြစ်သော်လည်း တစ်ခါလေးသာ မြင်တွေ့လိုက်ရသော ထိုလူသားကို ဝမ်ရိပေါ် ဇွဲကြီးကြီးနှင့် မျှော်လင့်နေမိတယ်။ ထိုလူသားအကြောင်းကို တွေးရင်းနှင့် သူ့အချစ်တို့သည် ထိုလူသားကို မေ့သွားမည့်အစား ပို၍ပင် ခိုင်မြဲလာခဲ့ပါတော့တယ်။
"ဒီတစ်ခါ ခင်ဗျားကို ပြန်တွေ့ရင် ရအောင် အပိုင်သိမ်းပစ်လိုက်ဦးမယ် အမည်မသိ ... ခင်ဗျားရေ"
ထိုလူသားနှင့်တူသည့် လူတွေ့တိုင်းလည်း ဝမ်ရိပေါ် အသည်းအသန် ငေးကြည့်မိတယ်။ သို့သော် တစ်ခဏလေးသာ တွေ့လိုက်ရသော်လည်း အလွန်စွဲမြဲစွာ မှတ်မိသွားသောကြောင့် ထိုလူသားမဟုတ်မှန်း လှမ်းကြည့်တာနဲ့တင် သိသာတယ်။
ဒီလိုနှင့်ပင် နှစ်၊ လ၊ ရက်တို့သည် တဖြည်းဖြည်း ၅ နှစ်ဆိုသော အချိန်ကြီးကိုဖြတ်ကျော်လာခဲ့ပါတော့တယ်။ အလုပ်ဆင်းချိန်တွင် သူ့ရုံးခန်းထဲသို့ လီရှန်းဝင်လာတယ်။
"ရိပေါ် ... ကော အလုပ်ဆင်းတော့မယ်နော်"
"အင်..."
"ရိပေါ်ရော မပြန်သေးဘူးလား"
"ပြန်တော့မှာပါ"
လီရှန်းဆိုသော သူ့ PA (Personal Assistant) ကတော့ သူ့အဖေ တရုတ်ပြည်မှာ ရှိစဥ်ကတည်းက ကျွေးမွေးပြုစုထားခဲ့ခြင်းဖြစ်တယ်။ သားအမိနှစ်ယောက်တည်းသာရှိတဲ့ လီရှန်းတို့မိသားစုကို သူ့အဖေက လိုလေသေးမရှိ ထောက်ပံ့ပေးခဲ့တယ်။ လီရှန်းနဲ့ သူ ပညာသင်ကြားနေချိန်တစ်လျှောက်လုံးလည်း သူ့အဖေကပဲ အားလုံးထောက်ပံ့ပေးခဲ့သလို သူတို့တွေ ကျောင်းပြီးသွားတော့လည်း သူ့အဖေက လီရှန်းကို Company မှာပင် နေရာပေးထားခဲ့တယ်။
လီရှန်းက သူ့ထက် အသက် ၂နှစ်နီးပါးလောက်ကြီးတယ်။ ထို့ကြောင့် လီရှန်းကို သူက လီရှန်းကော ဟုသာ ခေါ်ဝေါ်ခဲ့တယ်။ သူ့အဖေက Austria သို့ ထွက်မသွားခင်အထိ လီရှန်းကို ထောက်ပံ့နေပြီး Austria ကို ထွက်သွားတော့လည်း သူ့ကို ဆက်လက်တာဝန်ယူခိုင်းခဲ့တယ်။
"လီရှန်းရဲ့ အဖေက သိပ်ကို သစ္စာရှိတဲ့ဝန်ထမ်း သားရ ... ။ ဒီတော့ သူ့ သစ္စာကို လေးစားတဲ့အနေနဲ့ သူမဆုံးခင် သူ့ မိသားစုကို ဖေဖေက တာဝန်ယူပေးမယ်လို့ ပေးထားခဲ့တဲ့ကတိကို တည်အောင် သားဆက်ပြီး ထိန်းသိမ်းပေးပါကွာ"
ဟူသော စကားကို သူ အမြဲကြားယောင်ရင်း လီရှန်း၏ လိုအပ်ချက်များအားလုံးကို သူ့အဖေကိုယ်စား သူကပဲ ဖြည့်ဆည်းပေးခဲ့တယ်။ လီရှန်းပြန်သွားသည်ကို သူ့ရုံးခန်းမှတစ်ဆင့် ငေးကြည့်နေစဥ် သူ လွန်စွာ တမ်းတနေမိသော ထိုလူသားကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။
လီရှန်းနှင့် ရယ်ရယ်မောမော ပြန်သွားသော ထိုလူသားကို ကြည့်ရင်း သူ့ရင်ခုန်သံများ အရင်ကကဲ့သို့ လတ်ဆတ်လာပြန်တယ်။ ထိုလူသားရဲ့ အချစ်ကို ရအောင် သူကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် လီရှန်းနှင့် ထိုလူသား၏ ပတ်သက်မှုကိုလည်း မေးမြန်းရန် စဥ်းစားလိုက်ပါတော့တယ်။
//////////
Company မှာ အရေးကြီး Meeting ရှိသော်လည်း ဝမ်ရိပေါ်တစ်ယောက် ထားပစ်ခဲ့ကာ လီရှန်းနှင့်အတူ ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့လိုက်၏။
"ဘာပြောစရာရှိလို့လဲ ရိပေါ်"
ဆိုင်တွင် ကော်ဖီမှာပြီးသည်နှင့် လီရှန်းက သူ့ကို နားမလည်စွာ မေးလိုက်ပါ၏။
"မနေ့က ကောကို လာကြိုသွားတာ ဘယ်သူလဲ။ ကျွန်တော် သိခွင့်ရှိလား"
မနေ့က လီရှန်းကို လာကြိုသွားသူမှာ လီရှန်း၏ ချစ်သူ ရှောင်ကျန့်ပင်ဖြစ်၏။
"အာ... သိခွင့်ရှိတာပေါ့။ အဲ့ဒါ ကောရဲ့အသိပါ"
ဘာကြောင့် သူ့ကိုသူ အသိဟုပင် ပြောလိုက်မိကြောင်း လီရှန်း သူ့ကိုယ်သူ နားမလည်နိုင်ချေ။
"အသိဆိုတာ ဘယ်လိုမျိုးလဲ။ သူငယ်ချင်းလား ဒါမှမဟုတ် အဲ့ထက်ပိုတာလား"
သေချာစွာမေးနေသော ဝမ်ရိပေါ်၏ မျက်ဝန်းတွင် မျှော်လင့်ချက်များ မာန်ပါလွန်းနေ၏။
"သူငယ်ချင်းပါ.."
"သူငယ်ချင်းပဲဆိုတာ...သေချာလား ကော ။ ဒီထက်မပိုဘူးလား။ ဒီထက်ပိုဖို့ရော ရှိလား"
"ဘာဖြစ်လို့လဲ ရိပေါ်"
"ဖြေပေးပါ။ ကျွန်တော့်အတွက် အရမ်းအရေးကြီးနေလို့ပါ"
တစ်ခြားလူအကြောင်းကို ဘယ်တုန်းကမှ စိတ်မဝင်စားသော ဝမ်ရိပေါ်က ဒီမေးခွန်းကို ဘာကြောင့်မေးတာလဲဆိုတာ လီရှန်းကောင်းစွာ ရိပ်မိပါ၏။ ဝမ်ရိပေါ်ရဲ့ အမူအရာများကို ငယ်စဥ်ကတည်းက သူ အလွတ်ရခဲ့သည်မဟုတ်လား။ ဝမ်ရိပေါ်ဟာ သူ့အတွက် အရေးမပါလျှင် လေချွန်ရန်ပင် ဝန်လေးသည့် လူဖြစ်ကြောင်း လီရှန်း ကောင်းစွာသိ၏။
"တကယ်သူငယ်ချင်းပါ ရိပေါ်ရယ်။ ကောကို ဘာဖြစ်လို့မေးတာလဲ"
"ကျွန်တော်.. ဟိုးလွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ရင်ခုန်ခဲ့ရတဲ့လူဟာ အဲ့ဒီတစ်ယောက်ပဲ ကော"
မရှက်တမ်းဝန်ခံလိုက်သည့် ဝမ်ရိပေါ်ရဲ့စကားက လီရှန်းကို ခေါင်းဖြတ်ချလိုက်သလိုပင်။ အရှင်လတ်လတ် အသည်းများကို ထုတ်ယူလိုက်သလိုပင်။
"ရိပေါ် ရင်ခုန်ရတဲ့သူက ရှောင်ကျန့်လား"
လေးလံစွာမေးလိုက်သော စကားနှင့်အတူ လီရှန်းမျက်ဝန်းတွင် မျက်ရည်စများ တွဲခိုလာခဲ့၏။
"ဟုတ်တယ် ကော။ ကျွန်တော် အရူးအမူးတွယ်တာမိခဲ့တဲ့လူက အဲ့ဒီလူပဲ။ သူ့နာမည်က ရှောင်ကျန့်တဲ့လား"
နာကျင်နေတဲ့နှလုံးသားကို အန်တုရင်း လီရှန်းခေါင်းညိတ်ကာ ဖြေလိုက်မိ၏။
"ဟုတ်တယ် ရိပေါ်။ သူ့နာမည်က ရှောင်ကျန့်။ နောက်ပြီး သူလည်း ကောလိုပဲ ရိပေါ်ထက် အသက် ၂နှစ်ကြီးတယ်"
"ဟုတ်လား... ဒါဆိုရင် ကျန့်ကောပေါ့"
လန်းဆန်းစွာ ရွတ်လိုက်သည့် ဝမ်ရိပေါ်၏ မေတ္တာမှာ ရှောင်ကျန့်အပေါ်တွင် ဘယ်လောက်လေးနက်ကြောင်း လီရှန်းကောင်းကောင်း နာလည်၏။
"ကျန့်ကောနဲ့ ကောက ... တကယ်ပဲ သူငယ်ချင်းတွေနော်"
"အင်း..."
ရှောင်ကျန့်ကို လီရှန်းတကယ်ချစ်ပါ၏။ လွန်စွာချစ်၏။ တစ်ခါမှလည်း သူ ထိုသို့မချစ်ဖူးပါ။ သို့သော် ဝမ်ရိပေါ်တို့ မိသားစုက သူ့မိသားစုအပေါ်တွင် တင်နေသည့် ကျေးဇူးတရားများကို အချစ်တစ်ခုကြောင့် သူ မျက်ကွယ်မပြုရဲပါ။ သူ့ကို ပျော့ညံ့သည်ပဲဆိုဆို ဝမ်ရိပေါ်၏ တက်ကြွလွန်းနေသော အချစ်များကိုတော့ သူ တစ်ထိုင်တည်း မသတ်ပစ်ရက်ချေ။
"ကျွန်တော့်ကို သူနဲ့နီးစပ်အောင် လုပ်ပေးပါလား ကော။ ကျွန်တော်ကျေးဇူးမမေ့ပါဘူး"
ကျေးဇူး။ လီရှန်းအတော်ကြောက်ရွံ့သည့် စကားလုံးပင်။ ထိုကျေးဇူးဆိုတာကို သိတတ်မှုကြောင့် လီရှန်းနှလုံးသားက ကြိုးစင်ကို ရဲရဲကြီး တက်ပါတော့မည်တဲ့။ သေမည်ဆိုလည်း သေပါစေတော့။ သို့သော် သူ့ကြောင့် သူ့ဖေဖေ တမလွန်တွင် မျက်နှာငယ်ရသည့် အဖြစ်မျိုး သူမလုပ်ရဲချေ။ လက်ရှိ သူ့မေမေရဲ့ ကုန်ကျသမျှ ဆေးဖိုးများကိုလည်း ဝမ်ရိပေါ်ကပဲ မညည်းမညူ ပေးနေသည်မဟုတ်လား။
ထို့ကြောင့်...
"အခုလာမယ့် Valentine day မှာ ရှောင်ကျန့်က သူ့ချစ်သူကို ကန်ပေါင်ပေါ်မှာ တွေ့ဖို့ချိန်းထားတယ်တဲ့။ အဲ့ဒါ သူ့ချစ်သူမလာခင် ရိပေါ် အရင်ရောက်အောင်သွားလိုက်ပါ။ နောက်ပြီး ကောပြောတဲ့ အဝတ်အစားတွေ ဝတ်သွားလိုက်ပါ။ ရိပေါ်အဆင်ပြေသွားလိမ့်မယ်"
"သူ့မှာ ချစ်သူရှိတယ်။ ဟုတ်လား ကော"
"ဟုတ်တယ်။ ဒါပေမဲ့ သူ့ချစ်သူက သူ့ကို ရိပေါ်လောက် ချစ်ပုံမပေါ်ပါဘူး။ သူ့ချစ်သူမှာ ထောက်ထားစရာ ကိစ္စတွေ အရမ်းများနေတယ်။ ဥပမာဆိုရင် သူ့ချစ်သူက ရှောင်ကျန့်အချစ်ထက် သူ့မိသားစုအရေးကို ပိုပြီး ဦးစားပေးတတ်တယ်လေ"
လီရှန်းက သူ့အကြောင်းကိုပင် သူပြောပြနေပါတော့၏။ သူနှင့်ရှောင်ကျန့် ချစ်နေကြကြောင်းကိုတော့ အပြီးတိုင် သူဖုံးကွယ်လိုက်ပါတော့၏။ အကယ်၍ သူနှင့်ရှောင်ကျန့်က ချစ်နေကြကြောင်း ဖွင့်ပြောလိုက်ပါက ဝမ်ရိပေါ် နောက်ဆုတ်သွားမည်မှာ သေချာလွန်းလှပါ၏။
"သူ့ချစ်သူက ဘယ်သူလဲ။ ဘယ်မှာနေတာလဲဟင် ကော"
"သူတို့ရပ်ကွက်ထဲမှာပဲ နေတာပါ"
"ချစ်သူရှိတဲ့ သူကို ကျွန်တော်ကြိုးစားတာဟာ လူ့ကျင့်ဝတ်ကို ဖောက်ဖျက်သလိုများ ဖြစ်နေမလား"
"မဖြစ်လောက်ပါဘူး။ ရိပေါ်ရဲ့ အချစ်တွေက ဖြူစင်လွန်းတယ်လေ။ ဒါကို ရှောင်ကျန့် သိကောင်းသိမှာပါ။ တကယ်လို့ ရိပေါ်ရဲ့အချစ်ကို ရှောင်ကျန့် လက်ခံလိုက်ရင်တော့ ရိပေါ်အတွက် ဘာမှစိတ်ပူစရာ မရှိတော့ဘူးပေါ့။ တကယ်လို့ ရှောင်ကျန့်က သူ့ချစ်သူကိုပဲ ရွေးမယ်ဆိုရင်တော့ ရိပေါ်နောက်ဆုတ်ရလိမ့်မယ်"
"ကျွန်တော့်အချစ်က အရမ်းစစ်မှန်တယ်ကော။ ကျွန်တော့်အချစ်တွေက သူ့ကို ကောင်းကောင်းကြီး သိမ်းသွင်းနိုင်လိမ့်လို့ ကျွန်တော်ယုံတယ်"
ပွဲမစခင်ကတည်းက သူဆက်ပြီးကရမည့် ဇာတ်ဝင်ခန်း မပါတော့မှန်း လီရှန်း နားလည်လိုက်ပါတော့၏။ ချစ်သူရည်းစားကိုယ်တိုင်က တစ်ခြားသူလက်ထဲ ကျေးဇူးဆိုသည့် စိတ္တဇနာသက်သက်ကြီးကို ထောက်ထားပြီး ရောင်းစားခံလိုက်ရသော ရှောင်ကျန့်ကို လီရှန်း လွန်စွာသနားမိသော်လည်း သူ့တွင် ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်း မရှိတော့ချေ။
🌸🌿 🌸🌿 🌸🌿 🌸🌿
Zawgyi Version
ေန႕၊ လ၊ ရက္တို႔ တစ္ရစ္ၿပီးတစ္ရစ္ ကုန္ဆုံးသြားၿပီျဖစ္ေသာ္လည္း တစ္ခါေလးသာ ျမင္ေတြ႕လိုက္ရေသာ ထိုလူသားကို ဝမ္ရိေပၚ ဇြဲႀကီးႀကီးႏွင့္ ေမွ်ာ္လင့္ေနမိတယ္။ ထိုလူသားအေၾကာင္းကို ေတြးရင္းႏွင့္ သူ႕အခ်စ္တို႔သည္ ထိုလူသားကို ေမ့သြားမည့္အစား ပို၍ပင္ ခိုင္ၿမဲလာခဲ့ပါေတာ့တယ္။
"ဒီတစ္ခါ ခင္ဗ်ားကို ျပန္ေတြ႕ရင္ ရေအာင္ အပိုင္သိမ္းပစ္လိုက္ဦးမယ္ အမည္မသိ ... ခင္ဗ်ားေရ"
ထိုလူသားႏွင့္တူသည့္ လူေတြ႕တိုင္းလည္း ဝမ္ရိေပၚ အသည္းအသန္ ေငးၾကည့္မိတယ္။ သို႔ေသာ္ တစ္ခဏေလးသာ ေတြ႕လိုက္ရေသာ္လည္း အလြန္စြဲၿမဲစြာ မွတ္မိသြားေသာေၾကာင့္ ထိုလူသားမဟုတ္မွန္း လွမ္းၾကည့္တာနဲ႕တင္ သိသာတယ္။
ဒီလိုႏွင့္ပင္ ႏွစ္၊ လ၊ ရက္တို႔သည္ တျဖည္းျဖည္း ၅ ႏွစ္ဆိုေသာ အခ်ိန္ႀကီးကိုျဖတ္ေက်ာ္လာခဲ့ပါေတာ့တယ္။ အလုပ္ဆင္းခ်ိန္တြင္ သူ႕႐ုံးခန္းထဲသို႔ လီရွန္းဝင္လာတယ္။
"ရိေပၚ ... ေကာ အလုပ္ဆင္းေတာ့မယ္ေနာ္"
"အင္..."
"ရိေပၚေရာ မျပန္ေသးဘူးလား"
"ျပန္ေတာ့မွာပါ"
လီရွန္းဆိုေသာ သူ႕ PA (Personal Assistant) ကေတာ့ သူ႕အေဖ တ႐ုတ္ျပည္မွာ ရွိစဥ္ကတည္းက ေကြၽးေမြးျပဳစုထားခဲ့ျခင္းျဖစ္တယ္။ သားအမိႏွစ္ေယာက္တည္းသာရွိတဲ့ လီရွန္းတို႔မိသားစုကို သူ႕အေဖက လိုေလေသးမရွိ ေထာက္ပံ့ေပးခဲ့တယ္။ လီရွန္းနဲ႕ သူ ပညာသင္ၾကားေနခ်ိန္တစ္ေလွ်ာက္လုံးလည္း သူ႕အေဖကပဲ အားလုံးေထာက္ပံ့ေပးခဲ့သလို သူတို႔ေတြ ေက်ာင္းၿပီးသြားေတာ့လည္း သူ႕အေဖက လီရွန္းကို Company မွာပင္ ေနရာေပးထားခဲ့တယ္။
လီရွန္းက သူ႕ထက္ အသက္ ၂ႏွစ္နီးပါးေလာက္ႀကီးတယ္။ ထို႔ေၾကာင့္ လီရွန္းကို သူက လီရွန္းေကာ ဟုသာ ေခၚေဝၚခဲ့တယ္။ သူ႕အေဖက Austria သို႔ ထြက္မသြားခင္အထိ လီရွန္းကို ေထာက္ပံ့ေနၿပီး Austria ကို ထြက္သြားေတာ့လည္း သူ႕ကို ဆက္လက္တာဝန္ယူခိုင္းခဲ့တယ္။
"လီရွန္းရဲ႕ အေဖက သိပ္ကို သစၥာရွိတဲ့ဝန္ထမ္း သားရ ... ။ ဒီေတာ့ သူ႕ သစၥာကို ေလးစားတဲ့အေနနဲ႕ သူမဆုံးခင္ သူ႕ မိသားစုကို ေဖေဖက တာဝန္ယူေပးမယ္လို႔ ေပးထားခဲ့တဲ့ကတိကို တည္ေအာင္ သားဆက္ၿပီး ထိန္းသိမ္းေပးပါကြာ"
ဟူေသာ စကားကို သူ အၿမဲၾကားေယာင္ရင္း လီရွန္း၏ လိုအပ္ခ်က္မ်ားအားလုံးကို သူ႕အေဖကိုယ္စား သူကပဲ ျဖည့္ဆည္းေပးခဲ့တယ္။ လီရွန္းျပန္သြားသည္ကို သူ႕႐ုံးခန္းမွတစ္ဆင့္ ေငးၾကည့္ေနစဥ္ သူ လြန္စြာ တမ္းတေနမိေသာ ထိုလူသားကို မထင္မွတ္ဘဲ ေတြ႕လိုက္ရတယ္။
လီရွန္းႏွင့္ ရယ္ရယ္ေမာေမာ ျပန္သြားေသာ ထိုလူသားကို ၾကည့္ရင္း သူ႕ရင္ခုန္သံမ်ား အရင္ကကဲ့သို႔ လတ္ဆတ္လာျပန္တယ္။ ထိုလူသားရဲ႕ အခ်စ္ကို ရေအာင္ သူႀကိဳးစားေတာ့မည္ဟု ဆုံးျဖတ္လိုက္ၿပီး တစ္ဆက္တည္းမွာပင္ လီရွန္းႏွင့္ ထိုလူသား၏ ပတ္သက္မႈကိုလည္း ေမးျမန္းရန္ စဥ္းစားလိုက္ပါေတာ့တယ္။
//////////
Company မွာ အေရးႀကီး Meeting ရွိေသာ္လည္း ဝမ္ရိေပၚတစ္ေယာက္ ထားပစ္ခဲ့ကာ လီရွန္းႏွင့္အတူ ဆိုင္တစ္ဆိုင္သို႔ ထြက္လာခဲ့လိုက္၏။
"ဘာေျပာစရာရွိလို႔လဲ ရိေပၚ"
ဆိုင္တြင္ ေကာ္ဖီမွာၿပီးသည္ႏွင့္ လီရွန္းက သူ႕ကို နားမလည္စြာ ေမးလိုက္ပါ၏။
"မေန႕က ေကာကို လာႀကိဳသြားတာ ဘယ္သူလဲ။ ကြၽန္ေတာ္ သိခြင့္ရွိလား"
မေန႕က လီရွန္းကို လာႀကိဳသြားသူမွာ လီရွန္း၏ ခ်စ္သူ ေရွာင္က်န့္ပင္ျဖစ္၏။
"အာ... သိခြင့္ရွိတာေပါ့။ အဲ့ဒါ ေကာရဲ႕အသိပါ"
ဘာေၾကာင့္ သူ႕ကိုသူ အသိဟုပင္ ေျပာလိုက္မိေၾကာင္း လီရွန္း သူ႕ကိုယ္သူ နားမလည္နိုင္ေခ်။
"အသိဆိုတာ ဘယ္လိုမ်ိဳးလဲ။ သူငယ္ခ်င္းလား ဒါမွမဟုတ္ အဲ့ထက္ပိုတာလား"
ေသခ်ာစြာေမးေနေသာ ဝမ္ရိေပၚ၏ မ်က္ဝန္းတြင္ ေမွ်ာ္လင့္ခ်က္မ်ား မာန္ပါလြန္းေန၏။
"သူငယ္ခ်င္းပါ.."
"သူငယ္ခ်င္းပဲဆိုတာ...ေသခ်ာလား ေကာ ။ ဒီထက္မပိုဘူးလား။ ဒီထက္ပိုဖို႔ေရာ ရွိလား"
"ဘာျဖစ္လို႔လဲ ရိေပၚ"
"ေျဖေပးပါ။ ကြၽန္ေတာ့္အတြက္ အရမ္းအေရးႀကီးေနလို႔ပါ"
တစ္ျခားလူအေၾကာင္းကို ဘယ္တုန္းကမွ စိတ္မဝင္စားေသာ ဝမ္ရိေပၚက ဒီေမးခြန္းကို ဘာေၾကာင့္ေမးတာလဲဆိုတာ လီရွန္းေကာင္းစြာ ရိပ္မိပါ၏။ ဝမ္ရိေပၚရဲ႕ အမူအရာမ်ားကို ငယ္စဥ္ကတည္းက သူ အလြတ္ရခဲ့သည္မဟုတ္လား။ ဝမ္ရိေပၚဟာ သူ႕အတြက္ အေရးမပါလွ်င္ ေလခြၽန္ရန္ပင္ ဝန္ေလးသည့္ လူျဖစ္ေၾကာင္း လီရွန္း ေကာင္းစြာသိ၏။
"တကယ္သူငယ္ခ်င္းပါ ရိေပၚရယ္။ ေကာကို ဘာျဖစ္လို႔ေမးတာလဲ"
"ကြၽန္ေတာ္.. ဟိုးလြန္ခဲ့တဲ့ ငါးႏွစ္ကတည္းက ရင္ခုန္ခဲ့ရတဲ့လူဟာ အဲ့ဒီတစ္ေယာက္ပဲ ေကာ"
မရွက္တမ္းဝန္ခံလိုက္သည့္ ဝမ္ရိေပၚရဲ႕စကားက လီရွန္းကို ေခါင္းျဖတ္ခ်လိဳက္သလိုပင္။ အရွင္လတ္လတ္ အသည္းမ်ားကို ထုတ္ယူလိုက္သလိုပင္။
"ရိေပၚ ရင္ခုန္ရတဲ့သူက ေရွာင္က်န့္လား"
ေလးလံစြာေမးလိုက္ေသာ စကားႏွင့္အတူ လီရွန္းမ်က္ဝန္းတြင္ မ်က္ရည္စမ်ား တြဲခိုလာခဲ့၏။
"ဟုတ္တယ္ ေကာ။ ကြၽန္ေတာ္ အ႐ူးအမူးတြယ္တာမိခဲ့တဲ့လူက အဲ့ဒီလူပဲ။ သူ႕နာမည္က ေရွာင္က်န့္တဲ့လား"
နာက်င္ေနတဲ့ႏွလုံးသားကို အန္တုရင္း လီရွန္းေခါင္းညိတ္ကာ ေျဖလိုက္မိ၏။
"ဟုတ္တယ္ ရိေပၚ။ သူ႕နာမည္က ေရွာင္က်န့္။ ေနာက္ၿပီး သူလည္း ေကာလိုပဲ ရိေပၚထက္ အသက္ ၂ႏွစ္ႀကီးတယ္"
"ဟုတ္လား... ဒါဆိုရင္ က်န့္ေကာေပါ့"
လန္းဆန္းစြာ ႐ြတ္လိုက္သည့္ ဝမ္ရိေပၚ၏ ေမတၱာမွာ ေရွာင္က်န့္အေပၚတြင္ ဘယ္ေလာက္ေလးနက္ေၾကာင္း လီရွန္းေကာင္းေကာင္း နာလည္၏။
"က်န့္ေကာနဲ႕ ေကာက ... တကယ္ပဲ သူငယ္ခ်င္းေတြေနာ္"
"အင္း..."
ေရွာင္က်န့္ကို လီရွန္းတကယ္ခ်စ္ပါ၏။ လြန္စြာခ်စ္၏။ တစ္ခါမွလည္း သူ ထိုသို႔မခ်စ္ဖူးပါ။ သို႔ေသာ္ ဝမ္ရိေပၚတို႔ မိသားစုက သူ႕မိသားစုအေပၚတြင္ တင္ေနသည့္ ေက်းဇူးတရားမ်ားကို အခ်စ္တစ္ခုေၾကာင့္ သူ မ်က္ကြယ္မျပဳရဲပါ။ သူ႕ကို ေပ်ာ့ညံ့သည္ပဲဆိုဆို ဝမ္ရိေပၚ၏ တက္ႂကြလြန္းေနေသာ အခ်စ္မ်ားကိုေတာ့ သူ တစ္ထိုင္တည္း မသတ္ပစ္ရက္ေခ်။
"ကြၽန္ေတာ့္ကို သူနဲ႕နီးစပ္ေအာင္ လုပ္ေပးပါလား ေကာ။ ကြၽန္ေတာ္ေက်းဇူးမေမ့ပါဘူး"
ေက်းဇူး။ လီရွန္းအေတာ္ေၾကာက္႐ြံ႕သည့္ စကားလုံးပင္။ ထိုေက်းဇူးဆိုတာကို သိတတ္မႈေၾကာင့္ လီရွန္းႏွလုံးသားက ႀကိဳးစင္ကို ရဲရဲႀကီး တက္ပါေတာ့မည္တဲ့။ ေသမည္ဆိုလည္း ေသပါေစေတာ့။ သို႔ေသာ္ သူ႕ေၾကာင့္ သူ႕ေဖေဖ တမလြန္တြင္ မ်က္ႏွာငယ္ရသည့္ အျဖစ္မ်ိဳး သူမလုပ္ရဲေခ်။ လက္ရွိ သူ႕ေမေမရဲ႕ ကုန္က်သမွ် ေဆးဖိုးမ်ားကိုလည္း ဝမ္ရိေပၚကပဲ မညည္းမၫူ ေပးေနသည္မဟုတ္လား။
ထို႔ေၾကာင့္...
"အခုလာမယ့္ Valentine day မွာ ေရွာင္က်န့္က သူ႕ခ်စ္သူကို ကန္ေပါင္ေပၚမွာ ေတြ႕ဖို႔ခ်ိန္းထားတယ္တဲ့။ အဲ့ဒါ သူ႕ခ်စ္သူမလာခင္ ရိေပၚ အရင္ေရာက္ေအာင္သြားလိုက္ပါ။ ေနာက္ၿပီး ေကာေျပာတဲ့ အဝတ္အစားေတြ ဝတ္သြားလိုက္ပါ။ ရိေပၚအဆင္ေျပသြားလိမ့္မယ္"
"သူ႕မွာ ခ်စ္သူရွိတယ္။ ဟုတ္လား ေကာ"
"ဟုတ္တယ္။ ဒါေပမဲ့ သူ႕ခ်စ္သူက သူ႕ကို ရိေပၚေလာက္ ခ်စ္ပုံမေပၚပါဘူး။ သူ႕ခ်စ္သူမွာ ေထာက္ထားစရာ ကိစၥေတြ အရမ္းမ်ားေနတယ္။ ဥပမာဆိုရင္ သူ႕ခ်စ္သူက ေရွာင္က်န့္အခ်စ္ထက္ သူ႕မိသားစုအေရးကို ပိုၿပီး ဦးစားေပးတတ္တယ္ေလ"
လီရွန္းက သူ႕အေၾကာင္းကိုပင္ သူေျပာျပေနပါေတာ့၏။ သူႏွင့္ေရွာင္က်န့္ ခ်စ္ေနၾကေၾကာင္းကိုေတာ့ အၿပီးတိုင္ သူဖုံးကြယ္လိုက္ပါေတာ့၏။ အကယ္၍ သူႏွင့္ေရွာင္က်န့္က ခ်စ္ေနၾကေၾကာင္း ဖြင့္ေျပာလိုက္ပါက ဝမ္ရိေပၚ ေနာက္ဆုတ္သြားမည္မွာ ေသခ်ာလြန္းလွပါ၏။
"သူ႕ခ်စ္သူက ဘယ္သူလဲ။ ဘယ္မွာေနတာလဲဟင္ ေကာ"
"သူတို႔ရပ္ကြက္ထဲမွာပဲ ေနတာပါ"
"ခ်စ္သူရွိတဲ့ သူကို ကြၽန္ေတာ္ႀကိဳးစားတာဟာ လူ႕က်င့္ဝတ္ကို ေဖာက္ဖ်က္သလိုမ်ား ျဖစ္ေနမလား"
"မျဖစ္ေလာက္ပါဘူး။ ရိေပၚရဲ႕ အခ်စ္ေတြက ျဖဴစင္လြန္းတယ္ေလ။ ဒါကို ေရွာင္က်န့္ သိေကာင္းသိမွာပါ။ တကယ္လို႔ ရိေပၚရဲ႕အခ်စ္ကို ေရွာင္က်န့္ လက္ခံလိုက္ရင္ေတာ့ ရိေပၚအတြက္ ဘာမွစိတ္ပူစရာ မရွိေတာ့ဘူးေပါ့။ တကယ္လို႔ ေရွာင္က်န့္က သူ႕ခ်စ္သူကိုပဲ ေ႐ြးမယ္ဆိုရင္ေတာ့ ရိေပၚေနာက္ဆုတ္ရလိမ့္မယ္"
"ကြၽန္ေတာ့္အခ်စ္က အရမ္းစစ္မွန္တယ္ေကာ။ ကြၽန္ေတာ့္အခ်စ္ေတြက သူ႕ကို ေကာင္းေကာင္းႀကီး သိမ္းသြင္းနိုင္လိမ့္လို႔ ကြၽန္ေတာ္ယုံတယ္"
ပြဲမစခင္ကတည္းက သူဆက္ၿပီးကရမည့္ ဇာတ္ဝင္ခန္း မပါေတာ့မွန္း လီရွန္း နားလည္လိုက္ပါေတာ့၏။ ခ်စ္သူရည္းစားကိုယ္တိုင္က တစ္ျခားသူလက္ထဲ ေက်းဇူးဆိုသည့္ စိတၱဇနာသက္သက္ႀကီးကို ေထာက္ထားၿပီး ေရာင္းစားခံလိုက္ရေသာ ေရွာင္က်န့္ကို လီရွန္း လြန္စြာသနားမိေသာ္လည္း သူ႕တြင္ ဒီနည္းလမ္းကလြဲၿပီး တျခားနည္းလမ္း မရွိေတာ့ေခ်။