စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချေ...

By Ichika2104

601K 70.9K 1.2K

သူများလှောင်ရယ်ခံရလောက်အောင် ၀ပြီး ရုပ်ဆိုးတဲ့ ကောင်မလေးတစ်ယောက် သူမရဲ့ စေ့စပ်ထားတဲ့ သူနဲ့ စေ့စပ်ပွဲပြတ်ပြီး... More

Intro
တန်ပြန်တိုက်စစ်
ချွတ်စွပ်တူသော ကလေး
ကလေးတွေရဲ့ အဖေ
စုံစမ်းမှု၏ရလဒ်
Monster နာမည်ရဲ့ နောက်ဆုံးစာလုံးက Hunt
no update 😁😁
ဒုတိယအကြိမ်
ကျွန်တော့မာမီလား။
မေမေကဟိုမှာ
ငါက သူ့ကို ဘယ်လိုမြူဆွယ်လို့လဲ။
ဒီညနေ ၈နာရီမှာ တွေ့ကြမယ်
သူမစကားများပျောက်ရှ
ငါက တစ်ယောက်ထဲ အဖွဲ့လိုက်မဟုတ်ဘူး
Cherryက သူ့အဖေကို ရှာနေတယ်
No update
ကိုယ့်ကိုယ်ကိုအထင်ကြီးခြင်းသည်လဲ ရောဂါတစ်မျိုးဖြစ်သည့်အတွက် ကုသရန်လိုအပ်ပေသည်
မောင်နှမ၂ယောက် တွေ့ဆုံခြင်း
ဘာလို့ ငါနဲ့တူနေရတာလဲ
ဘယ်လိုတောင် သူမ အမေကို စော်ကားတာလဲ အကို့ကိုပါ ခုလိုရိုက်နေတာလား
ကျူရှင်ဆရာရဲ့ သင်ခန်းစာ
အကိုက ငါနဲ့ အရမ်းတူတယ်
Dateလုပ်ကြစို့ Mommy,Daddy!!
ခွဲစိတ်ခြင်း!!
Anti!!
အံ့အားသင့်ခြင်း
တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း
For paid group
အစပျိုးတဲ့သူ
ဆဲလ်တစ်ခုပဲရှိတဲ့ သက်ရှိ
မင်းသမီးငယ်လေးPete
မင်းရဲ့သား ဘယ်မှာလဲဆိုတာ ငါသိတယ်
ပထမဆုံး အကူအညီ
သူအသက်ရှင်တယ်
Anti
သူမရဲ့ ကိုယ်ရေးအချက်ကို မြင်သာအောင်ပြခြင်း
အခု သူသိသွားပြီ
ဆင်းရဲတဲ့ဆွေမျိုးတွေလား
နယူးယော့ခ်မှ Andersonမိသားစုများ
Pete၂ယောက်တောင်လား။
ငါတို့ကို ရှာတွေ့သွားပြီ
အခန်းအတူတူမျှဝေခြင်း
သူ့စကားနဲ့သူ ပိတ်မိ
သူတို့လာတာ အရမ်းနောက်ကျတယ်
မာမီ အဘွားကို ကယ်ပေးပါ
ရှင့်ရဲ့ သားဘယ်မှာလဲ
သူ့သား အကြောင်းကို စုံစမ်းပေး
သူမကို ပြောခွင့်မပေးဘူး
Noraရဲ့ သား
Noraအမေရဲ့ လျှို့ဝှက်ချက်
အခု ဘယ်သူ့ကို နှိမ့်ချတဲ့ အကြည့်နဲ့ လာကြည့်တာလဲ
၀န်ခံချက်
တောင်းပန်ပါတယ် မေမေ!!
သူက တစ်ကယ်ပဲ ငါ့ရဲ့ ဟာလား
အိပ်ယာထဲမှာ အနိုင်ယူခြင်း
ဆေးလုံးများ
Mr Hunt ထပ်ပြီး ဘ၀င်မြင့်ခြင်း
ရှင့်သားကလဲ ကျွန်မရဲ့ သားပါပဲ
spoil 😁😁
၇ရက်အကြာ
သူမ ပြောစရာ မရှိလောက်အောင်
Justin မင်းမှာ တကယ်တော့ သမီးလေးတစ်ယောက် ရှိတယ်
Noraဆီကိုသာ သွားရင် မင်းမှာ သားတစ်ယောက် သမီးတစ်ယောက် ရှိလာနိုင်တယ်
ကျွန်မ သမီးက သူ့အဖေနဲ့တူတယ်
သူမရဲ့ သမီးအကြောင်း စုံစမ်းမေးမြန်ခြင်း
၄င်းက အမှန်တကယ် Carefree Pillsပဲ
Carefree Pill က Andersons နှင့်သက်ဆိုင်တယ်။
မင်းလိုချင်တာ မှန်သမျှ ငါပေးမယ်
တစ်ယောက်ယောက်က ငါ့သမီးအကြောင်းကို စုံစမ်းနေတယ်
ကုသ၍ မရသော ရောဂါ
တိုက်ရိုက် ဆက်ခံသူ
အဘိုး၊ ဉာဏ်စမ်းတချို့ကို ဘာကြောင့် မပြောတာလဲ။
ဖေဖေ လာပြီ
ကျွန်မတို့ နေရာတစ်ခုရှိနေပြီ။
Andersonမိသားစုရဲ့ လျှို့ဝှက်ထားသော သူဌေး
အင်တာဗျူး ကင်းလွတ်ခွင့်
Hello, Miss Smith
အရင်က သူမ ဘယ်လို ကိုယ်၀န်ရခဲ့တာလဲ။
ပျင်းရိသော ကြောင်လေး
ပရော်ဖက်ရှင်နယ် တစ်ဦး
Cameraမဖွင့်ရဲဘူးလို့ ဘယ်သူပြောလဲ
သူမ ကင်မရာဖွင့်လိုက်ပြီ
Cherryကို အနည်းငယ်ရင်းနှီးနေပုံပဲ
Tanya Turner
💔💔💔
ရှင့်ရဲ့ စျေးနှုန်းကို ပြောပါ၊ Mr Hunt
Rachel Wood၊ နင့်ရဲ့ အရှက်မရှိမျက်နှာနဲ့ ဝေးဝေးသွား
ကပွဲမှာ သူမတို့ စကားများခြင်း ( ၁ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၂ )
ကပွဲမှာ သူမတို့ စကားများခြင်း ( ၃ )
🥰🥰🥰
ကျွန်တော့သားကို ဘာလို့ အရမ်းစိတ်၀င်စားနေရတာလဲ။
နင်က ဆိုးတဲ့ မိန်းကလေး တစ်ယောက်။
လူတိုင်းတွင် အလွန်တက်ကြွသော စိတ်ကူးစိတ်သန်းရှိကြတယ်
ငါတို့က တစ်ချိန်တုန်းက တစ်လှေထဲစီးလာခဲ့ကြတဲ့သူတွေလေ။
တစ်ထပ်ထဲ တူတဲ့ ကလေး။
သူမသည် မစ္စစ်Huntဖြစ်ရန် အရည်အချင်းပြည့်မီပါသလား။
ဘေးကလူ
တိုက်ရိုက်ထုတ်လွှင့်မှုမှ ဓာတ်ပုံ
Wet Dream
နင် ဘယ်လိုလုပ် ယောက်ျားလေး ဖြစ်သွားတာလဲ။
တိုက်ရိုက်ထုတ်လွှင့်မှု မျက်နှာပြင်။
Sweetcherryရဲ့ ပုတ်ခတ်ပြောဆိုမှုကြောင့် တိုးလာသောလူများ။
Nora Smithက ငွေရှာပေးတဲ့သူ
အမြတ်များ
မစ္စတာ Hunt ဒီနေ့ ရူးသွားတာလား။
မွေးနေ့လက်ဆောင်
မင်းရဲ့ အသက် အန္တရာယ် ရှိလာလိမ့်မယ်...
အဖေ့အတွက် မွေးနေ့လက်ဆောင်
အပိုင်း ( ၁၀၆ )- Sweetcherry က ရေပန်းစားနေသည်~
အပိုင်း ( ၁၀၇ ) - ချယ်ရီသေးသေးလေးက အခု နာမည်ကြီးနေပြီ။
အပိုင်း ( ၁၀၄ )- အဖေ့မွေးနေ့ပွဲကို ကျင်းပနဲ့တော့
အပိုင်း ( ၁၀၅ )-အဖေ၊ တကယ်တော့ မင်းမှာ သမီးတစ်ယောက်ရှိသေးတယ်။
အပိုင်း ( ၁၀၈ ) - ဖေဖေ၊ အိပ်ပျော်နေပြီလား။
အန်ကယ်က ဖေဖေ မဖြစ်ချင်ဘူးလား။
အဖေနှင့်သမီး အချင်းချင်း အသိအမှတ်ပြုခြင်းကို မတားမြစ်သင့်ပါ။
တိုက်ရိုက်လွှင့်တဲ့သူက Peteတဲ့လား။
ဒါက တကယ်ကို Peteပဲ
Sponsor Daddyဆိုတာ ကိရိယာတစ်ခုလား။
သူ့မှာ သမီးတစ်ယောက် တကယ်ရှိတယ်!!
Cherry မင်းမျက်နှာကို ထုတ်ဖော်ပြသလိုက်မိပြီ။
ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်ခြင်း
Bossy CEO၊ Yo~
သူ့တွင် ကလေးရှိလျှင်
ငါ့အဖေက Justin Hunt။
ခင်ဗျားကျတော့ ကောင်းကင်ကို သွားပြီး မေးကြည့်ရုံတင်
😁😁😁
အပိုင်း ( ၁၂၁ )- နူးညံ့ပြီး ချစ်စရာကောင်း‌သောသမီး။
အပိုင်း ( ၁၂၂ ) - သူက အရင်ထဲက အရာအားလုံးကို မြင်တွေ့ခဲ့ရပြီးပြီ
အပိုင်း ( ၁၂၃ ) - ကြင်နာတတ်တဲ့ အဖေ နဲ့ နာခံမှုရှိတဲ့ သမီး
အပိုင်း (၁၂၄) - Carefree Pillsရဲ့ ပိုင်ဆိုင်မှုအခွင့်အရေးများ
အပိုင်း ( ၁၂၅ ) - Lowesမိသားစု ဒေဝါလီခံရလုနီးပါးဖြစ်ခြင်း
အပိုင်း ( ၁၂၆ ) - Mrs.Levin ကို သူ့စကားကြောင့် သူပြန်အရှက်ရခြင်း
အပိုင်း ( ၁၂၇ ) - သူမကို လက်ထပ်ဖို့လား။
အပိုင်း ( ၁၂၈ ) - အမေက ခွေးပေါက်လေးတွေကို ကြိုက်တယ်~
အပိုင်း ( ၁၂၉ ) - နောက်ကွယ်က အမှန်တရား
အပိုင်း ( ၁၃၀ )
အပိုင်း ( ၁၃၁ )- မေမေနှင့်သမီး ၂ယောက်သား တွေ့ဆုံခြင်း
အပိုင်း ( ၁၃၂ ) - အမေ၊ သမီးကို ထားမသွားပါနဲ့...
အပိုင်း ( ၁၃၃ ) - သူတို့က တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် တူတယ်။
အပိုင်း ( ၁၃၄ ) - သူ့သား ~
အပိုင်း ( ၁၃၅ ) - သူတို့က လက်ထပ်ပြီးသွားကြပြီလား
အပိုင်း ( ၁၃၆ ) - Justinရဲ့ ရှေ့တိုးလာသော ခြေလှမ်းများ
အပိုင်း ( ၁၃၇ ) - အဖေနှင့်သမီး အကြွေးတောင်းနေ။
အပိုင်း ( ၁၃၈) - အကူအညီပေးဖို့ လာပြီ~
အပိုင်း ( ၁၃၉ ) - Hillary သူ့သေတွင်း သူတူးခြင်း။
အပိုင်း ( ၁၄၀ )- အဓိပ္ပါယ်မရှိ စွန့်လွတ်ခြင်း
အပိုင်း ( ၁၄၁ ) - ချယ်ရီ ဆေးရုံတက်နေရတယ်~
အပိုင်း ( ၁၄၂ ) - Joel Smith အသဲကွဲနေတယ်။
အပိုင်း ( ၁၄၃ ) - Mr. Hunt နဲ့ မစ္စ Smith ရဲ့ဆက်ဆံရေးကဘာလဲ။
အပိုင်း ( ၁၄၄ ) - Nora သည် နားလည်မှုလွဲမှားနေတာကို အမုန်းဆုံး။
အပိုင်း ( ၁၄၅ ) - မွေးစားအမေ... Tanya???
အပိုင်း ( ၁၄၆ ) - သေးငယ်သောကမ္ဘာလေးတစ်ခု
အပိုင်း ( ၁၄၇ ) - သူတို့က တကယ် အဖေနှင့်သမီး တော်တာလား။
အပိုင်း ( ၁၄၈ ) - ဟုတ်တယ်၊ ငါ နင့်ကို အနိုင်ကျင့်တယ်။ အဲ့တော့ ဘာဖြစ်လဲ?
အပိုင်း ( ၁၄၉ ) - လူတွေ့စစ်ဆေးခြင်း သတိပေးချက်
အပိုင်း ( ၁၅၀ ) - အတွေ့များနေသော ကားအမျိုးအစား
အပိုင်း ( ၁၅၁ ) - ဝင်ခွင့်ရလဒ်များ ထွက်ပြီ။
အပိုင်း ( ၁၅၂ ) - အကျော်ကြားဆုံးလမ်းညွှန်ဆရာ။
အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ
အပိုင်း ( ၁၅၄ )- ရောင်းပါ။
အပိုင်း ( ၁၅၅ ) - သူသည် သူ့သမီး၏ကျွန်ဖြစ်တယ်
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၆ )
အပိုင်း ( ၁၅၇ )
အပိုင်း ( ၁၅၈ )
အပိုင်း ( ၁၅၉ )
အပိုင်း ( ၁၆၀ )
အပိုင်း ( ၁၆၁ )
အပိုင်း ( ၁၆၂ )
အပိုင်း ( ၁၆၃ )
အပိုင်း ( ၁၆၄ )
အပိုင်း ( ၁၆၅ . ၁၆၆ )
အပိုင်း ( ၁၆၇ )
အပိုင်း ( ၁၆၈ )
အပိုင်း ( ၁၆၉ )
အပိုင်း ( ၁၇၀ )
အပိုင်း ( ၁၇၁ )
အပိုင်း ( ၁၇၂ )
အပိုင်း ( ၁၇၃ )
အပိုင်း ( ၁၇၄ )
အပိုင်း ( ၁၇၅ )
အပိုင်း ( ၁၇၆ )
အပိုင်း ( ၁၇၇ )
အပိုင်း ( ၁၇၈ )
အပိုင်း ( ၁၇၉ )
အပိုင်း ( ၁၈၀ )

Noraက Peteရဲ့အမေ?

4.1K 529 15
By Ichika2104

Zawgyi 

အျပင္ဘက္ စႀကႍမွာ ဆူညံသံမ်ိဳးစုံနဲ႔ စည္ကားေနတယ္။သို႔ေသာ္ ေလွကားထစ္ရွိ သုံးေယာက္လုံးကေတာ့  တိတ္ဆိတ္ေနၾကသည္။

ေနာက္ဆုံးတြင္၊ မိနစ္ဝက္ျပည့္ၿပီးေနာက္၊ Chester သည္ သရဲတေစၦျမင္သြားသကဲ့သို႔ Cherryကို လက္ညႇိဳးထိုးျပကာ "မ..မင္း... မင္း..."

Pete က သူ႔ႏႈတ္ခမ္းေတြကို သူ႔ရဲ႕ လက္ေသးေသးေလးေတြနဲ႔ ပိတ္လိုက္ၿပီး သက္ျပင္းခ်လိုက္သည္။  "အန္ကယ္က ကြၽန္ေတာ္တို႔ကို ေတြ႕သြားမွေတာ့ ကြၽန္ေတာ္လဲ ဒါကို လွ်ိဳ႕ဝွက္မထားေတာ့ပါဘူး "

သူက “တကယ္ေတာ့ ကြၽန္ေတာ့မွာ စူပါပါဝါရွိတယ္—ကိုယ္ပြားေတြလဲ ဖန္တီးႏိုင္တယ္။  မယုံရင္ မ်က္စိမွိတ္ထားၾကည့္ပါလား။  ကြၽန္ေတာ့ ကိုယ္ပြားကို ျပန္သိမ္းလိုက္မယ္ေလ။"

Chester စိတ္ရႈပ္သြားသည္။ သူ႔ႏႈတ္ခမ္းေထာင့္မ်ား တုန္ယင္လာေတာ့သည္။  "ငါက အဲ့ေလာက္တုံးတယ္လို႔ မင္းတကယ္ထင္ေနတာလား Pete  ငါယုံမွာမဟုတ္ဘူး!"

Cherryသည္ သူမ၏ ပါးစပ္တစ္ဝိုက္တြင္ လက္ေလးနဲ႔ အုပ္ကာ သူ႔အစ္ကိုဆီသို႔  ကိုင္းၫြတ္လာသည္။  သူမသည္ တိုးတိုးေလး ေျပာခ်င္ေနပုံရေသာ္လည္း သူမေမးသည့္ အရာတိုင္း သူမ၏အသံက တိုးေနပုံမေပၚေပ။
" အစ္ကို အန္ကယ္က ဦးေႏွာက္ေတာ့ နည္းနည္းရွိပုံပဲ"

Pete လည္း အံ့ၾသသြားသည္။  “အင္း ျဖစ္ႏိုင္တယ္ ဒါေပမဲ့ ငါက သူ႔ကို  ဆဲလ္တစ္ခုတည္းရွိသက္ရွိတာလို႔ ငါက ထင္ေနတာ" ( ေျပာခ်င္တာ ဦးေႏွာက္ရွိေပမဲ့ အေတြးေခၚ သိပ္မရွိဘူး ေျပာခ်င္တာ)

Chester သည္  သူ႔တူနဲ႔ တူမ စကားၾကားေတာ့ သူ႔မွာ ဘာမွမေျပာႏိုင္ေလာက္ေအာင္  သူ အရွက္ရသြားတယ္!

ဒါေပမယ့္ အဲဒီေနာက္မွာေတာ့ သူက “မင္းက စူပါပါဝါေတြ အမ်ားႀကီးရွိေနရင္  မင္း ကိုယ္တိုင္ကိုယ္ပြားဖန္တီးႏိုင္တယ္ဆိုရင္  မင္းလိုပုံစံကို မိန္းကေလးဗားရွင္းကို ဖန္ဆင္းႏိုင္လို႔လား။ အဲ့ေတာ့   မင္းက ကိုယ္ခြဲႏိုင္တဲ့ လူသားလား?"

Spider-Man ဝတ္စုံဝတ္ထားသည့္ ထိုကေလးသည္ သူ႔တူႏွင့္ တူေသာ္လည္း သူမေလး သည္ Nora Smith ၏သမီးျဖစ္သည္။

Cherryနဲ႔ Pete သူ႔ဦးေလးေၾကာင့္  ေခါင္းရႈပ္သြားသည္။

ေမွ်ာ္လင့္ထားသည့္အတိုင္း၊ ဆဲလ္တစ္ခုတည္းရွိ သက္ရွိမ်ားသည္ အမွန္တကယ္ ကြဲျပားစြာ ေတြးေတာတတ္ပါေပသည္။

ခ်စ္စဖြယ္ေလးႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။ Cherryက ေခါင္းညိတ္ၿပီး “ငါတို႔ ဘာလုပ္ၾကမလဲ Pete။  ငါတို႔ သူ႔ကို ႏႈတ္ပိတ္လိုက္ရမလား"

Pete တုံ႔ဆိုင္းသြားသည္။  “သူက ငါတို႔ဦးေလး။  ငါတို႔ အဲဒီလိုမလုပ္သင့္ဘူး။”

“အိုး။”  Cherryအနည္းငယ္ စိတ္ပ်က္သြားသည္။

Chester၏ ႏႈတ္ခမ္းေထာင့္မ်ား တုန္ခါသြားျပန္သည္။  သူက "Justin က သားတစ္ေယာက္အျပင္ သူ႔မွာ သမီးတစ္ေယာက္ရွိေနတယ္!!"

ထိုစကားကို ေျပာၿပီးေနာက္ ေျပးထြက္ဖို႔ လုပ္ေတာ့သည္။

Pete က "အန္ကယ္ Chester!"

သို႔ေသာ္လည္း Chester က မရပ္တန္႔ခဲ့ေပ။
Cherry အထိတ္တလန႔္ နဲ႔   သူမလက္ကို တင္ပါးေပၚတင္ကာ "မလႈပ္နဲ႔၊  Chesty!"

ဂိမ္းကစားသည့္အခါတိုင္း ၫႊန္ၾကားခ်က္မ်ားကို နာခံတတ္ေသာ Chester ၏ဗီဇအရ ခ်က္ခ်င္းပင္ ေအးခဲသြားကာ ေျပးေနသည့္ အေနအထားတြင္ပင္ ရွိေနခဲ့ၿပီး ခ်က္ခ်င္း ရပ္သြားေတာ့သည္။

"ဒီကိုျပန္လာ!"

Chesterသည္ နာခံမႈျဖင့္ ေလွကားထစ္သို႔ ျပန္သြားခဲ့သည္။  သူသည္ ဆိုးေသာ ေခြးကေလးတစ္ေကာင္လို ထိုင္ခ်လိုက္ၿပီး "ဒါဆို မင္းက ငါ့ရဲ႕ ေခါင္းေဆာင္ေပါ့!"

Cherryက သူ႔ပါးကို ကိုင္လိုက္ၿပီး ေခါင္းကို ငုံ႔လိုက္သည္။

  "ဟုတ္တယ္၊ မွန္တယ္!  ငါက Cherryပဲ!”

… သိသာထင္ရွားသည့္အတိုင္း၊ သူ၏ေခါင္းေဆာင္သည္ ငါးႏွစ္အ႐ြယ္သာ ရွိေသးသည္သာမက၊ သူမသည္ ကေလးမေလးလည္း ျဖစ္ေနခဲ့သည္။ Chester သည္ လုံး၀ကို အလွည့္စား ခံစားခဲ့ရသည္။

Pete က "ဒီေန႔ဘာျဖစ္ခဲ့တာလဲဆိုတာ ေဖေဖ့ကို မေျပာရဘူး အန္ကယ္ Chester!"

Chester အံ့ဩသြားသည္။  "အဲဒါက ဘာျဖစ္လို႔?"

Pete သည္ ခဏမွ် တိတ္ဆိတ္သြားသည္။  ထို႔ေနာက္ သူက “စဥ္းစားၾကည့္ေလ  ေဖေဖက Cherry ရဲ႕အေမက ကြၽန္ေတာ့ကိုေမြးတဲ့သူတစ္ေယာက္မွန္း သိရင္ သူဘာလုပ္မယ္ ထင္လဲ။”

Chester က သူ႔ဦးေႏွာက္ဆဲလ္ေတြ အလုပ္မလုပ္သလို ခံစားရတယ္။  သူက “သူ႔အေမ?  မင္းကိုေမြးတဲ့သူ… Sh*t!  မင္း ဆိုလိုတာက Nora Smith က မင္းရဲ႕ ယုတ္မာတဲ့ မိခင္အရင္းဆိုတာေပါ့ ”

“…”

ေနာက္ဆုံးေတာ့ ကေလးႏွစ္ေယာက္က သူ႔ကို အမွန္အတိုင္း မေျပာေစခ်င္ခဲ့ရတဲ့ အေၾကာင္းကို Chester သေဘာေပါက္သြားေတာ့သည္။

လြန္ခဲ့တဲ့ ၅ ႏွစ္က Justin သည္ ႐ုတ္တရက္ ကေလးတစ္ေယာက္ကို ျပန္ေခၚလာၿပီး သူ႔သားျဖစ္ေၾကာင္း ေျပာခဲ့ပါသည္။  ကေလးအေမဘယ္သူလဲလို႔ လူတိုင္းေမးတဲ့အခါ ေဒါသအမ်က္ထြက္ၿပီး အိမ္မွာရွိတဲ့လူတိုင္းကို ကေလးအေမရဲ႕ အေၾကာင္း မေျပာေအာင္ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားပါသည္။

ထိုအခ်ိန္တြင္၊ သူတို႔ထဲမွ အနည္းငယ္သည္ Pete ကိုေမြးဖြားခဲ့ေသာ အမ်ိဳးသမီးက ဘာလုပ္ခဲ့သည္ကို လွ်ိဳ႕ဝွက္စြာ ေတြးေတာေနမိၾကသည္။  Justin သည္ ထိုအမ်ိဳးသမီးကို အပိုင္းပိုင္းခြဲထုတ္ပစ္ခ်င္ပုံရသည္...

Cherry က ခ်စ္စရာေကာင္းစြာေျပာသည္။

“Cherry ေဖေဖနဲ႔ အစ္ကို လိုခ်င္တယ္၊ ဒါေပမယ့္ ေမေမ့ကိုလည္း လိုခ်င္တယ္။  အဲ့ဒါေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ အသိအမွတ္မျပဳခင္ ေဖေဖနဲ႔ ေမေမတို႔ႏွစ္ေယာက္ကို ခ်စ္ေစခ်င္တယ္။  ဒီလိုနည္းနဲ႔ ငါတို႔မိသားစုေလးေယာက္ အတူတူေနႏိုင္မွာ။ အဲဒါေၾကာင့္ ဒါကို လွ်ိဳ႕ဝွက္ထားေပးလို႔ရမလား"

Chester ေခါင္းယမ္းလိုက္သည္။  "မဟုတ္ဘူး၊ ဒါကို Justinကို  လွ်ိဳ႕ဝွက္ထားလို႔မရဘူး"

Cherryသည္ ခ်က္ခ်င္းပင္ ဘီလူးမတစ္ေကာင္အျဖစ္သို႔ ေျပာင္းလဲသြားေတာ့သည္။

"မင္း Daddy ကိုေျပာျပရင္ မင္းကို ငါတို႔ ဂိမ္းေဆာ့တဲ့အခါ ငါ မေခၚေတာ့ဘူး!"

Chester သည္ စကားမေျပာႏိုင္ေတာ့ေပ။  အဲဒါက  သူ႔အတြက္ အေတာ္ေလး ျပင္းထန္တဲ့ ၿခိမ္းေျခာက္မႈတစ္ခုပဲျဖစ္သည္။

အဲဒီအခ်ိန္ VVIP အခန္းထဲတြင္။

အျပင္က ျပန္လာသူ သူတို႔သုံးဦးသည္ ထိုေနရာတြင္ ၿငိမ္သက္စြာ ထိုင္ေနၾကသည္။  Melissa က သူမရွင္းျပသည္ႏွင့္ အနည္းငယ္ရွက္သြားပုံရသည္- “အဲဒါက ဘာမွ မဆိုလိုပါဘူး Justin။ ခုနက အေျခအေနက ဒီလို ေျပာလိုက္ဖို႔  အေျခအေနေတြ ေရာက္ေနလို႔ပါ။   ေက်းဇူးျပဳၿပီး အထင္မလြဲပါနဲ႔။”

Hunts မ်ားသည္ Andersons ႏွင့္ မိသားစုဝင္မ်ားျဖစ္ၾကေသာ္လည္း Justin ၏ဝိေသသလကၡဏာမွာ Hunts ၏ေခါင္းေဆာင္မွ်သာမဟုတ္ေပ။

ထို႔အျပင္ သူသည္ အမ်ိဳးသမီးမ်ားႏွင့္ ပတ္သက္ျခင္းကို အမုန္းဆုံးျဖစ္သည္။  Melissa က သူ႔ကို အခုနက ေျပာခဲ့တာကို အထင္မလြဲေစခ်င္ဘူး။

Justin က Nora ကို စိုက္ၾကည့္ေနတယ္။

ဖန္ခြက္ထဲကေရကဲ့သို႔  တည္ၿငိမ္ေနေသာ မိန္းမသည္ သူမရဲ႕ မ်က္လုံးေတြကေတာ့ အနည္းငယ္ မႈန္ကုပ္ေနသည္။  သူမ၏ မိန္းေမာေတြေဝေနေသာ အမူအရာႏွင့္ သူမ ပတ္၀န္းက်င္ရွိ ေအးခဲေနေသာ အေရာင္အဝါသည္ တျခားသူေတြကို သူမနဲ႔ အေဝးမွာေနေစခ်င္လိုျခင္းျဖစ္သည္ ။

သူက သူမကို ၾကည့္ၿပီး ခုနက အျဖစ္အပ်က္ကို စိတ္မဆိုး႐ုံမက သူ႔မ်က္လုံးေထာင့္မွာ အၿပဳံးတစ္ခုေတာင္ ရွိေနေသးသည္။  “အဆင္ေျပပါတယ္။”

Melissa ႏွင့္ Justin တို႔သည္ ယဥ္ေက်းစြာ စကားေျပာဆိုၾကသည္။  သဘက္ခါ Nora က New York ကို သူနဲ႔အတူသြားမယ္ဆိုတာကို သူမသိတဲ့အခါ Melissa က ၿပဳံးၿပီး "Nora မင္းဦးေလးနဲ႔ ငါနယူးေယာက္မွာ မင္း ငါတို႔နဲ႔ အတူေနဖို႔ ဆႏၵရွိတယ္" လို႔ေျပာသည္။

သူမဆက္ၿပီး ေျပာလာရင္း မ်က္လုံးမ်ား နီရဲလာေတာ့သည္။  “မင္းအေမ ေပ်ာက္သြားၿပီးကတည္းက မင္းအဖြားက အရမ္းငိုေနခဲ့တာ။  ဒီတစ္ႏွစ္လုံးလဲ မင္းအေမအေၾကာင္းပဲ ျပန္ျပန္ေတြးၿပီး ေျပာေနတာ။  မင္းကိုေတြ႕ရင္ သူမအရမ္းေပ်ာ္ေနမွာ ေသခ်ာတယ္။"

Noraသည္ ကမ္းလွမ္းမႈကို ျငင္းဆိုရန္ မူလက ရည္႐ြယ္ထားသည္။  သူမသည္ အ႐ြယ္ေရာက္ေနၿပီျဖစ္သည္။  သူမ သူတို႔ႏွင့္အတူေနရန္မလိုအပ္ပါ။  ဒါေပမယ့္ သူမက အေဒၚျဖစ္သူရဲ႕ စကားကိုၾကားေတာ့ ျပန္မျငင္းေတာ့ဘဲ “ေကာင္းပါၿပီ” လို႔ ေျပာလိုက္သည္။

ထို႔ေနာက္ အစားအေသာက္မ်ားကို  သုံးေယာက္သား  စကားေလးေျပာရင္း စတင္ စားၾကသည္။

Justin က သူ႔ေရွ႕က အမ်ိဳးသမီးကို ၾကည့္ေနသည္ ။  သူမစားတဲ့ပုံစံက အရမ္းစိတ္ဝင္စားဖို႔ေကာင္းမွန္း သူသေဘာေပါက္သြားသည္။  သူမ ပါးစပ္ထဲကို အသားႀကီးႀကီးထည့္ကာ ဝါးရတာႀကိဳက္ေပမယ့္ သူမရဲ႕ ေပါ့ေပါ့ပါးပါး လႈပ္ရွားမႈေတြက ႐ိုင္းစိုင္းပုံလဲ မေပၚေပ။

Justin နဲ႔ ေတြ႕ဖူးတဲ့ အမ်ိဳးသမီး အမ်ားစုဟာ ျဖည္းညႇင္းစြာ ဝါးၾကေပမယ့္ ပန္းကန္ထဲမွ အသားကင္ကို အနည္းငယ္ကိုက္႐ုံနဲ႔ ၿပီးသြားတတ္ၾကသည္။

Noraသည္ Cherryနဲ႔ အခ်ိန္ျဖဳန္းတာကလြဲလို႔ တျခားသူေတြနဲ႔ အခ်ိန္မျဖဳန္းတတ္ဘူးလားဆိုတာ သူဘယ္လိုသိႏိုင္မလဲ။

Nora သည္ သူမ၏ စားေနသည့္ ဇြန္းနဲ႔ ခရင္းေတြကို  ခ်လိုက္ေသာအခါတြင္ Melissa သည္ အသားကို  ကိုက္ေနတုန္း ျဖစ္သည္။ 

"အန္တီMelissa  သမီး ခဏေနစရာရွိလို႔ အရင္သြားလို႔ရမလား။"

Melissa သည္ အံၾသသြားသည္။ Noraသည္ ထိုသို႔ေျပာၿပီးေနာက္ သီးသန႔္ခန္းမွ ထြက္လာခဲ့သည္။  Cherry ျပန္ေရာက္ေနၿပီလို႔ ေျပာထားတဲ့ မစၥစ္လူးဝစ္ရဲ႕ မက္ေဆ့ခ္်ကို သူမျမင္တဲ့အခါ သူမအေပၚထပ္တက္ဖို႔ စိတ္မ၀င္စားေတာ့ပါ။  သူမသည္ တကၠစီတစ္စီးကို လွမ္းေခၚၿပီး အျပင္ျပန္ထြက္ခဲ့သည္။

အစားအေသာက္ကို စားေနရင္းတစ္ဝက္တစ္ပ်က္ ထြက္သြားဖို႔ မသင့္ေတာ္ဘူးဆိုတာ သူမ သိေပမယ့္၊ သူမမွာ လုပ္စရာ တစ္ခုခုေတာ့ ရွိေနၿပီေလ။  လြန္ခဲ့ေသာႏွစ္ရက္က Idealian Pharmaceuticals ၏ အမႈေဆာင္ဒါ႐ိုက္တာ Wayne Myers ႏွင့္ခ်ိန္းဆိုထားၿပီးျဖစ္သည္။  အဲဒီတုန္းက သူ႔အေမက သူ႔ဆီကို ကုမၸဏီ အပ္ႏွင္းခဲ့ၿပီး အခုဆို အႏွစ္ 20 ေက်ာ္ စီမံခန႔္ခြဲခဲ့ရသည္။

Nora ေကာ္ဖီဆိုင္ကို ေရာက္တဲ့အခါ Wayne က အဲဒီေနရာမွာ ရွိေနပါၿပီ။ သူ စိတ္လႈပ္ရွားစြာ မတ္တပ္ထရပ္လိုက္ၿပီး “ခင္ဗ်ားတို႔ ဒီကို ျပန္ေရာက္ၿပီေပါ့ Nora။  မင္း အခု အသက္ 24 ႏွစ္ရွိၿပီမလား။  မင္းအေမ မင္းကို အခုသာ ေတြ႕ႏိုင္ရင္ သူ အရမ္းေပ်ာ္ေနမွာ ေသခ်ာတယ္"

Wayne သည္ ကုမၸဏီကို စိတ္ႏွလုံးအရင္းခံကာ စီမံခန႔္ခြဲခဲ့သည္။  ႏွစ္ေပါင္းမ်ားစြာၾကာလာေသာ္လည္း သူ႔တြင္မျဖစ္သင့္ေသာ အေတြးမ်ား မရွိခဲ့ေပ။

Nora အနည္းငယ္ ေခါင္းညိတ္လိုက္သည္။  ထို႔ေနာက္ သူမသည္ ထိုင္ခုံမွာ ၀င္ထိုင္လိုက္ကာ “Wayne ဒီေန႔ ရွင့္ကို ကြၽန္မ ေမးခ်င္တာက ကုမၸဏီကလြဲလို႔ ကြၽန္မ အေမက ကြၽန္မကို တစ္ခုခုမ်ား ထားခဲ့ေသးလား။  ဒါမွမဟုတ္ ကုမၸဏီမွာပဲ တစ္ခုခု ထားခဲ့တာလား။”

သူမ က အဲဒါကို ၾကည့္ၿပီးသြားၿပီျဖစ္သည္။
Idealian Pharmaceuticals သည္ တစ္ႏွစ္ဝင္ေငြ $5,000,000 ရွိေသာ ကုမၸဏီငယ္တစ္ခုသာျဖစ္သည္။  ႏွစ္ေတြၾကာလာတာနဲ႔အမွ် သူတို႔သည္ ကုမၸဏီလိပ္စာကို အႀကိမ္အနည္းငယ္ေျပာင္းၿပီးေတာင္ ေျပာင္းေ႐ႊ႕ခဲ့ၾကေသးသည္။

Grays ႏွင့္ Smiths တို႔သည္ ထိုကဲ့သို႔ေသာ ကုမၸဏီငယ္ေလးတြင္ အဘယ္ေၾကာင့္ ဤမွ်ေလာက္ ခလိုခ်င္ေနသည္ကို သူမ နားမလည္ခဲ့ပါ။

Wayne က ေလးနက္စြာ ေခါင္းညိတ္ၿပီး "ဟုတ္တယ္၊ သူ မင္းအတြက္ ထားခဲ့တယ္!"

Nora သူ႔ကို ေမာ့ၾကည့္လိုက္သည္။  "အေမက ကြၽန္မအတြက္ ဘာထပ္ထားခဲ့တာလဲ"

ဒါဆို ကုမၸဏီမွာ တစ္ခုခုကို ဖုံးကြယ္ထားခဲ့တာလား။ 

Unicode

အပြင်ဘက် စင်္ကြံမှာ ဆူညံသံမျိုးစုံနဲ့ စည်ကားနေတယ်။သို့သော် လှေကားထစ်ရှိ သုံးယောက်လုံးကတော့  တိတ်ဆိတ်နေကြသည်။

နောက်ဆုံးတွင်၊ မိနစ်ဝက်ပြည့်ပြီးနောက်၊ Chester သည် သရဲတစ္ဆေမြင်သွားသကဲ့သို့ Cherryကို လက်ညှိုးထိုးပြကာ "မ..မင်း... မင်း..."

Pete က သူ့နှုတ်ခမ်းတွေကို သူ့ရဲ့ လက်သေးသေးလေးတွေနဲ့ ပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။  "အန်ကယ်က ကျွန်တော်တို့ကို တွေ့သွားမှတော့ ကျွန်တော်လဲ ဒါကို လျှို့ဝှက်မထားတော့ပါဘူး "

သူက “တကယ်တော့ ကျွန်တော့မှာ စူပါပါဝါရှိတယ်—ကိုယ်ပွားတွေလဲ ဖန်တီးနိုင်တယ်။  မယုံရင် မျက်စိမှိတ်ထားကြည့်ပါလား။  ကျွန်တော့ ကိုယ်ပွားကို ပြန်သိမ်းလိုက်မယ်လေ။"

Chester စိတ်ရှုပ်သွားသည်။ သူ့နှုတ်ခမ်းထောင့်များ တုန်ယင်လာတော့သည်။  "ငါက အဲ့လောက်တုံးတယ်လို့ မင်းတကယ်ထင်နေတာလား Pete  ငါယုံမှာမဟုတ်ဘူး!"

Cherryသည် သူမ၏ ပါးစပ်တစ်ဝိုက်တွင် လက်လေးနဲ့ အုပ်ကာ သူ့အစ်ကိုဆီသို့  ကိုင်းညွတ်လာသည်။  သူမသည် တိုးတိုးလေး ပြောချင်နေပုံရသော်လည်း သူမမေးသည့် အရာတိုင်း သူမ၏အသံက တိုးနေပုံမပေါ်ပေ။
" အစ်ကို အန်ကယ်က ဦးနှောက်တော့ နည်းနည်းရှိပုံပဲ"

Pete လည်း အံ့သြသွားသည်။  “အင်း ဖြစ်နိုင်တယ် ဒါပေမဲ့ ငါက သူ့ကို  ဆဲလ်တစ်ခုတည်းရှိသက်ရှိတာလို့ ငါက ထင်နေတာ" ( ပြောချင်တာ ဦးနှောက်ရှိပေမဲ့ အတွေးခေါ် သိပ်မရှိဘူး ပြောချင်တာ)

Chester သည်  သူ့တူနဲ့ တူမ စကားကြားတော့ သူ့မှာ ဘာမှမပြောနိုင်လောက်အောင်  သူ အရှက်ရသွားတယ်!

ဒါပေမယ့် အဲဒီနောက်မှာတော့ သူက “မင်းက စူပါပါဝါတွေ အများကြီးရှိနေရင်  မင်း ကိုယ်တိုင်ကိုယ်ပွားဖန်တီးနိုင်တယ်ဆိုရင်  မင်းလိုပုံစံကို မိန်းကလေးဗားရှင်းကို ဖန်ဆင်းနိုင်လို့လား။ အဲ့တော့   မင်းက ကိုယ်ခွဲနိုင်တဲ့ လူသားလား?"

Spider-Man ဝတ်စုံဝတ်ထားသည့် ထိုကလေးသည် သူ့တူနှင့် တူသော်လည်း သူမလေး သည် Nora Smith ၏သမီးဖြစ်သည်။

Cherryနဲ့ Pete သူ့ဦးလေးကြောင့်  ခေါင်းရှုပ်သွားသည်။

မျှော်လင့်ထားသည့်အတိုင်း၊ ဆဲလ်တစ်ခုတည်းရှိ သက်ရှိများသည် အမှန်တကယ် ကွဲပြားစွာ တွေးတောတတ်ပါပေသည်။

ချစ်စဖွယ်လေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ Cherryက ခေါင်းညိတ်ပြီး “ငါတို့ ဘာလုပ်ကြမလဲ Pete။  ငါတို့ သူ့ကို နှုတ်ပိတ်လိုက်ရမလား"

Pete တုံ့ဆိုင်းသွားသည်။  “သူက ငါတို့ဦးလေး။  ငါတို့ အဲဒီလိုမလုပ်သင့်ဘူး။”

“အိုး။”  Cherryအနည်းငယ် စိတ်ပျက်သွားသည်။

Chester၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားပြန်သည်။  သူက "Justin က သားတစ်ယောက်အပြင် သူ့မှာ သမီးတစ်ယောက်ရှိနေတယ်!!"

ထိုစကားကို ပြောပြီးနောက် ပြေးထွက်ဖို့ လုပ်တော့သည်။

Pete က "အန်ကယ် Chester!"

သို့သော်လည်း Chester က မရပ်တန့်ခဲ့ပေ။
Cherry အထိတ်တလန့် နဲ့   သူမလက်ကို တင်ပါးပေါ်တင်ကာ "မလှုပ်နဲ့၊  Chesty!"

ဂိမ်းကစားသည့်အခါတိုင်း ညွှန်ကြားချက်များကို နာခံတတ်သော Chester ၏ဗီဇအရ ချက်ချင်းပင် အေးခဲသွားကာ ပြေးနေသည့် အနေအထားတွင်ပင် ရှိနေခဲ့ပြီး ချက်ချင်း ရပ်သွားတော့သည်။

"ဒီကိုပြန်လာ!"

Chesterသည် နာခံမှုဖြင့် လှေကားထစ်သို့ ပြန်သွားခဲ့သည်။  သူသည် ဆိုးသော ခွေးကလေးတစ်ကောင်လို ထိုင်ချလိုက်ပြီး "ဒါဆို မင်းက ငါ့ရဲ့ ခေါင်းဆောင်ပေါ့!"

Cherryက သူ့ပါးကို ကိုင်လိုက်ပြီး ခေါင်းကို ငုံ့လိုက်သည်။

  "ဟုတ်တယ်၊ မှန်တယ်!  ငါက Cherryပဲ!”

… သိသာထင်ရှားသည့်အတိုင်း၊ သူ၏ခေါင်းဆောင်သည် ငါးနှစ်အရွယ်သာ ရှိသေးသည်သာမက၊ သူမသည် ကလေးမလေးလည်း ဖြစ်နေခဲ့သည်။ Chester သည် လုံး၀ကို အလှည့်စား ခံစားခဲ့ရသည်။

Pete က "ဒီနေ့ဘာဖြစ်ခဲ့တာလဲဆိုတာ ဖေဖေ့ကို မပြောရဘူး အန်ကယ် Chester!"

Chester အံ့ဩသွားသည်။  "အဲဒါက ဘာဖြစ်လို့?"

Pete သည် ခဏမျှ တိတ်ဆိတ်သွားသည်။  ထို့နောက် သူက “စဉ်းစားကြည့်လေ  ဖေဖေက Cherry ရဲ့အမေက ကျွန်တော့ကိုမွေးတဲ့သူတစ်ယောက်မှန်း သိရင် သူဘာလုပ်မယ် ထင်လဲ။”

Chester က သူ့ဦးနှောက်ဆဲလ်တွေ အလုပ်မလုပ်သလို ခံစားရတယ်။  သူက “သူ့အမေ?  မင်းကိုမွေးတဲ့သူ… Sh*t!  မင်း ဆိုလိုတာက Nora Smith က မင်းရဲ့ ယုတ်မာတဲ့ မိခင်အရင်းဆိုတာပေါ့ ”

“…”

နောက်ဆုံးတော့ ကလေးနှစ်ယောက်က သူ့ကို အမှန်အတိုင်း မပြောစေချင်ခဲ့ရတဲ့ အကြောင်းကို Chester သဘောပေါက်သွားတော့သည်။

လွန်ခဲ့တဲ့ ၅ နှစ်က Justin သည် ရုတ်တရက် ကလေးတစ်ယောက်ကို ပြန်ခေါ်လာပြီး သူ့သားဖြစ်ကြောင်း ပြောခဲ့ပါသည်။  ကလေးအမေဘယ်သူလဲလို့ လူတိုင်းမေးတဲ့အခါ ဒေါသအမျက်ထွက်ပြီး အိမ်မှာရှိတဲ့လူတိုင်းကို ကလေးအမေရဲ့ အကြောင်း မပြောအောင် တင်းတင်းကြပ်ကြပ်တားမြစ်ထားပါသည်။

ထိုအချိန်တွင်၊ သူတို့ထဲမှ အနည်းငယ်သည် Pete ကိုမွေးဖွားခဲ့သော အမျိုးသမီးက ဘာလုပ်ခဲ့သည်ကို လျှို့ဝှက်စွာ တွေးတောနေမိကြသည်။  Justin သည် ထိုအမျိုးသမီးကို အပိုင်းပိုင်းခွဲထုတ်ပစ်ချင်ပုံရသည်...

Cherry က ချစ်စရာကောင်းစွာပြောသည်။

“Cherry ဖေဖေနဲ့ အစ်ကို လိုချင်တယ်၊ ဒါပေမယ့် မေမေ့ကိုလည်း လိုချင်တယ်။  အဲ့ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်မပြုခင် ဖေဖေနဲ့ မေမေတို့နှစ်ယောက်ကို ချစ်စေချင်တယ်။  ဒီလိုနည်းနဲ့ ငါတို့မိသားစုလေးယောက် အတူတူနေနိုင်မှာ။ အဲဒါကြောင့် ဒါကို လျှို့ဝှက်ထားပေးလို့ရမလား"

Chester ခေါင်းယမ်းလိုက်သည်။  "မဟုတ်ဘူး၊ ဒါကို Justinကို  လျှို့ဝှက်ထားလို့မရဘူး"

Cherryသည် ချက်ချင်းပင် ဘီလူးမတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

"မင်း Daddy ကိုပြောပြရင် မင်းကို ငါတို့ ဂိမ်းဆော့တဲ့အခါ ငါ မခေါ်တော့ဘူး!"

Chester သည် စကားမပြောနိုင်တော့ပေ။  အဲဒါက  သူ့အတွက် အတော်လေး ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတစ်ခုပဲဖြစ်သည်။

အဲဒီအချိန် VVIP အခန်းထဲတွင်။

အပြင်က ပြန်လာသူ သူတို့သုံးဦးသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေကြသည်။  Melissa က သူမရှင်းပြသည်နှင့် အနည်းငယ်ရှက်သွားပုံရသည်- “အဲဒါက ဘာမှ မဆိုလိုပါဘူး Justin။ ခုနက အခြေအနေက ဒီလို ပြောလိုက်ဖို့  အခြေအနေတွေ ရောက်နေလို့ပါ။   ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့။”

Hunts များသည် Andersons နှင့် မိသားစုဝင်များဖြစ်ကြသော်လည်း Justin ၏ဝိသေသလက္ခဏာမှာ Hunts ၏ခေါင်းဆောင်မျှသာမဟုတ်ပေ။

ထို့အပြင် သူသည် အမျိုးသမီးများနှင့် ပတ်သက်ခြင်းကို အမုန်းဆုံးဖြစ်သည်။  Melissa က သူ့ကို အခုနက ပြောခဲ့တာကို အထင်မလွဲစေချင်ဘူး။

Justin က Nora ကို စိုက်ကြည့်နေတယ်။

ဖန်ခွက်ထဲကရေကဲ့သို့  တည်ငြိမ်နေသော မိန်းမသည် သူမရဲ့ မျက်လုံးတွေကတော့ အနည်းငယ် မှုန်ကုပ်နေသည်။  သူမ၏ မိန်းမောတွေဝေနေသော အမူအရာနှင့် သူမ ပတ်၀န်းကျင်ရှိ အေးခဲနေသော အရောင်အဝါသည် တခြားသူတွေကို သူမနဲ့ အဝေးမှာနေစေချင်လိုခြင်းဖြစ်သည် ။

သူက သူမကို ကြည့်ပြီး ခုနက အဖြစ်အပျက်ကို စိတ်မဆိုးရုံမက သူ့မျက်လုံးထောင့်မှာ အပြုံးတစ်ခုတောင် ရှိနေသေးသည်။  “အဆင်ပြေပါတယ်။”

Melissa နှင့် Justin တို့သည် ယဉ်ကျေးစွာ စကားပြောဆိုကြသည်။  သဘက်ခါ Nora က New York ကို သူနဲ့အတူသွားမယ်ဆိုတာကို သူမသိတဲ့အခါ Melissa က ပြုံးပြီး "Nora မင်းဦးလေးနဲ့ ငါနယူးယောက်မှာ မင်း ငါတို့နဲ့ အတူနေဖို့ ဆန္ဒရှိတယ်" လို့ပြောသည်။

သူမဆက်ပြီး ပြောလာရင်း မျက်လုံးများ နီရဲလာတော့သည်။  “မင်းအမေ ပျောက်သွားပြီးကတည်းက မင်းအဖွားက အရမ်းငိုနေခဲ့တာ။  ဒီတစ်နှစ်လုံးလဲ မင်းအမေအကြောင်းပဲ ပြန်ပြန်တွေးပြီး ပြောနေတာ။  မင်းကိုတွေ့ရင် သူမအရမ်းပျော်နေမှာ သေချာတယ်။"

Noraသည် ကမ်းလှမ်းမှုကို ငြင်းဆိုရန် မူလက ရည်ရွယ်ထားသည်။  သူမသည် အရွယ်ရောက်နေပြီဖြစ်သည်။  သူမ သူတို့နှင့်အတူနေရန်မလိုအပ်ပါ။  ဒါပေမယ့် သူမက အဒေါ်ဖြစ်သူရဲ့ စကားကိုကြားတော့ ပြန်မငြင်းတော့ဘဲ “ကောင်းပါပြီ” လို့ ပြောလိုက်သည်။

ထို့နောက် အစားအသောက်များကို  သုံးယောက်သား  စကားလေးပြောရင်း စတင် စားကြသည်။

Justin က သူ့ရှေ့က အမျိုးသမီးကို ကြည့်နေသည် ။  သူမစားတဲ့ပုံစံက အရမ်းစိတ်ဝင်စားဖို့ကောင်းမှန်း သူသဘောပေါက်သွားသည်။  သူမ ပါးစပ်ထဲကို အသားကြီးကြီးထည့်ကာ ဝါးရတာကြိုက်ပေမယ့် သူမရဲ့ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုတွေက ရိုင်းစိုင်းပုံလဲ မပေါ်ပေ။

Justin နဲ့ တွေ့ဖူးတဲ့ အမျိုးသမီး အများစုဟာ ဖြည်းညှင်းစွာ ဝါးကြပေမယ့် ပန်းကန်ထဲမှ အသားကင်ကို အနည်းငယ်ကိုက်ရုံနဲ့ ပြီးသွားတတ်ကြသည်။

Noraသည် Cherryနဲ့ အချိန်ဖြုန်းတာကလွဲလို့ တခြားသူတွေနဲ့ အချိန်မဖြုန်းတတ်ဘူးလားဆိုတာ သူဘယ်လိုသိနိုင်မလဲ။

Nora သည် သူမ၏ စားနေသည့် ဇွန်းနဲ့ ခရင်းတွေကို  ချလိုက်သောအခါတွင် Melissa သည် အသားကို  ကိုက်နေတုန်း ဖြစ်သည်။ 

"အန်တီMelissa  သမီး ခဏနေစရာရှိလို့ အရင်သွားလို့ရမလား။"

Melissa သည် အံသြသွားသည်။ Noraသည် ထိုသို့ပြောပြီးနောက် သီးသန့်ခန်းမှ ထွက်လာခဲ့သည်။  Cherry ပြန်ရောက်နေပြီလို့ ပြောထားတဲ့ မစ္စစ်လူးဝစ်ရဲ့ မက်ဆေ့ခ်ျကို သူမမြင်တဲ့အခါ သူမအပေါ်ထပ်တက်ဖို့ စိတ်မ၀င်စားတော့ပါ။  သူမသည် တက္ကစီတစ်စီးကို လှမ်းခေါ်ပြီး အပြင်ပြန်ထွက်ခဲ့သည်။

အစားအသောက်ကို စားနေရင်းတစ်ဝက်တစ်ပျက် ထွက်သွားဖို့ မသင့်တော်ဘူးဆိုတာ သူမ သိပေမယ့်၊ သူမမှာ လုပ်စရာ တစ်ခုခုတော့ ရှိနေပြီလေ။  လွန်ခဲ့သောနှစ်ရက်က Idealian Pharmaceuticals ၏ အမှုဆောင်ဒါရိုက်တာ Wayne Myers နှင့်ချိန်းဆိုထားပြီးဖြစ်သည်။  အဲဒီတုန်းက သူ့အမေက သူ့ဆီကို ကုမ္ပဏီ အပ်နှင်းခဲ့ပြီး အခုဆို အနှစ် 20 ကျော် စီမံခန့်ခွဲခဲ့ရသည်။

Nora ကော်ဖီဆိုင်ကို ရောက်တဲ့အခါ Wayne က အဲဒီနေရာမှာ ရှိနေပါပြီ။ သူ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ပြီး “ခင်ဗျားတို့ ဒီကို ပြန်ရောက်ပြီပေါ့ Nora။  မင်း အခု အသက် 24 နှစ်ရှိပြီမလား။  မင်းအမေ မင်းကို အခုသာ တွေ့နိုင်ရင် သူ အရမ်းပျော်နေမှာ သေချာတယ်"

Wayne သည် ကုမ္ပဏီကို စိတ်နှလုံးအရင်းခံကာ စီမံခန့်ခွဲခဲ့သည်။  နှစ်ပေါင်းများစွာကြာလာသော်လည်း သူ့တွင်မဖြစ်သင့်သော အတွေးများ မရှိခဲ့ပေ။

Nora အနည်းငယ် ခေါင်းညိတ်လိုက်သည်။  ထို့နောက် သူမသည် ထိုင်ခုံမှာ ၀င်ထိုင်လိုက်ကာ “Wayne ဒီနေ့ ရှင့်ကို ကျွန်မ မေးချင်တာက ကုမ္ပဏီကလွဲလို့ ကျွန်မ အမေက ကျွန်မကို တစ်ခုခုများ ထားခဲ့သေးလား။  ဒါမှမဟုတ် ကုမ္ပဏီမှာပဲ တစ်ခုခု ထားခဲ့တာလား။”

သူမ က အဲဒါကို ကြည့်ပြီးသွားပြီဖြစ်သည်။
Idealian Pharmaceuticals သည် တစ်နှစ်ဝင်ငွေ $5,000,000 ရှိသော ကုမ္ပဏီငယ်တစ်ခုသာဖြစ်သည်။  နှစ်တွေကြာလာတာနဲ့အမျှ သူတို့သည် ကုမ္ပဏီလိပ်စာကို အကြိမ်အနည်းငယ်ပြောင်းပြီးတောင် ပြောင်းရွှေ့ခဲ့ကြသေးသည်။

Grays နှင့် Smiths တို့သည် ထိုကဲ့သို့သော ကုမ္ပဏီငယ်လေးတွင် အဘယ်ကြောင့် ဤမျှလောက် ခလိုချင်နေသည်ကို သူမ နားမလည်ခဲ့ပါ။

Wayne က လေးနက်စွာ ခေါင်းညိတ်ပြီး "ဟုတ်တယ်၊ သူ မင်းအတွက် ထားခဲ့တယ်!"

Nora သူ့ကို မော့ကြည့်လိုက်သည်။  "အမေက ကျွန်မအတွက် ဘာထပ်ထားခဲ့တာလဲ"

ဒါဆို ကုမ္ပဏီမှာ တစ်ခုခုကို ဖုံးကွယ်ထားခဲ့တာလား။ 

Continue Reading

You'll Also Like

988K 23.8K 43
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
1.1M 69.8K 34
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
865K 21.7K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...