မင်းသာကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး
ဇာတ်သိမ်းပိုင်း
တေဇအောင်...ပန်ဆုငယ်ရှိရာသို့လျှောက်လာခဲ့သည်..
ပန်ဆုငယ်..မိမိရှေ့ရောက်လာတဲ့ခြေထောက်တစုံကြောင့်
ခေါင်းငုံ့နေရာမှမော့ကြည့်လိုက်သည်..
မိမိရှေ့ရပ်နေတဲ့တေဇအောင်
တောက်ပတဲ့နေရောင်ကိုကျောခိုင်းထားသော်လည်း
ဖြူဖွေးရှင်းသန့်နေတဲ့သူ့အရှိန်အ၀ါကိုနေရောင်က
မဖုံးကွယ်နိုငိ..သူ့ပုံစံက
မနက်ကသူမနဲ့ထွက်လာစဉ်က
အတိုင်း.သူသူမနောက်လိုက်လာခဲ့တာနေမှာ..ထို့အတူ
..သူ့မျက်နှာတွင်နီရဲနေကာ..
စိတ်ဆိုးနေဟန်...ပေါ်လွင်နေသည်..
ပန်ဆုငယ်တေဇအောင်ကိုကြည့်နေရာမှ
ဝမ်းနည်းစိတ်ဖြစ်ပေါ်လာရသောကြောင့်
ထိုနေရာမှထွက်ပြေးလာခဲ့သည်..
ထိုစဉ်...
"ပန်ဆုငယ်...မင်းအဲ့နေရာမှာရပ်နေစမ်း"
တေဇအောင်နှုတ်မှထွက်လာတဲ့ ဒေါသသံကြောင့်
ပန်ဆုငယ်...အံ့သြကာ..ထိုနေရာတွင်ရပ်နေမိသွားသည်
သူ..ဘယ်လိုသိသွားတာလဲ..
သူ...သူ..ငါ့ကိုမုန်းနေမှာ...ခွင့်လွှတ်ပါလို့မပြောထွက်ပါဘူး..
ချစ်ရသူရယ်...စိတ်ထဲတွင်ပြောရင်းမျက်ရည်များကျလာရ၏
သူပြောလိုက်တဲ့အတိုင်းရပ်နေတဲ့သူမကြောင့်
တေဇအောင်...အတိုင်းမသိပျော်မိသွားသည်..တဖက်တွင်
စိတ်မကောင်းလည်းဖြစ်ရ၏...
တေဇအောင်...သူ့ကိုကျောခိုင်းကာ..ခန္ဓာကိုယ်လေး.တသိမ့်သိမ့်တုန်ကာငိုနေသောသူမကို
မကြည့်ရက်တော့ဘဲ...သူမကိုပြေး၍ဖက်လိုက်သည်
နှုတ်မှလည်း...
"ကိုယ်မင်းကို..တကယ်ချစ်ခဲ့တာပါပန်ဆုငယ်
်..မင်းကမင်းမဟုတ်တဲ့ဒေစီအဖြစ်ရောက်လာ
တည်းကမင်းကိုကိုယ်ချစ်ခဲ့တာပါ...
ကိုယ်အကြိမ်ကြိမ်စမ်းစစ်ပြီးပြီကိုယ်ချစ်တာဒေစီမဟုတ်တဲ့
မင်းကို...ကိုယ့်ကိုမထားခဲ့ပါနဲ့...မင်းကို
လိုအပ်လို့ပါ...ကတိအတိုင်းထားမသွားရဘူးလေ..."
ပန်ဆုငယ်အရူးတယောက်လို...ကရားရေလွှတ်ပြောနေတဲ့
သူ့ကြောင့်ကြက်သေသေသွားပြန်သည်..
"ကို..ကိုတေဇ.
.ကျွန်မ.. .တောင်း..ပန်.."
ရှူး...
သူမနှုတ်ခမ်းကိုလက်တချောင်းနဲ့ပိတ်ကာ
ဆက်မပြောခိုင်းတဲ့သူ့ကို...မျက်လုံးအပြူးသားနဲ့ကြည့်နေမိသည်..
တေဇအောင်သူ့ကိုပြူးကြည့်နေတဲ့...သူမကို
အသဲယားလာကာ...သူမနှုတ်ခမ်းလွှာလေးကိုဖိကပ်နမ်းလို်က်ပြီး
"ကိုယ့်ကိုအဖြေပေး...ငြင်းတာမလိုချင်ဘူး.
အခုကစပြီ..၁...၂...၃.."
ပြွတ်...ဒုတိယ္မိနမ်းလိုက်ပြန်ပြီး
"ဟေ့...ဖြေလေ..စိတ်မရှည်တော့ဘူး..
နောက်တခါနမ်းလိုက်ရမလား.."
အတင်းအကျပ်ပြောလာတဲ့သူ့ကြောင့်
ပန်ဆုငယ်..ရင်မှာအဆမတန်ခုန်လာရပြီ...
ကိုယ့်ရင်ခုန်သံကိုကိုယ်တိုင်ကြားရတဲ့အတွက်
သူမကိုသူမရှက်ီမိသည်..
သို့သော် ချစ်ရသူကိုစိတ်မဆိုးစေချင်
သူမအချစ်တွေကိုဝန်ခံရမည်..
သို့သော်..အရင်ဆုံးသူမအပြစ်ကိုဝန်ခံကာ
သူပေးတဲ့အပြစ်ကိုခံယူမည်
ပန်ဆုငယ်စိတ်ဆုံးဖြတိလိုက်ပြီး..
စိတ်ကိုတင်းကာ..
"ကျမအရင်ဆုံးတောင်းပန်ပါတယ်
ကျမရှင်နဲ့မေမေကြီးတို့ကို..
လှည့်စားခဲ့မိတယ်..အဲ့အတွက်..
ခွင့်လွှတ်ပေးပါဒါမဟုတ်ရှင်ပေးတဲ့အပြစ်တွေ
ကိုခံယူပါ့မယ်...ပြီးတော့ရှင့်ကျမကိုမချစ်ပါနဲ့..
ရှင့်အချစ်ကကျွန်မနဲ့မထို်က်တန်ပါဘူး.."
"ဘယ်သူပြောလဲ..မင်းကငါနဲ့မထိုက်တန်ဘုးလို့..
တောက်..အရေးမပါတာမင်းကွာ.."
တေဇအောင်သူမကို..စိတ်တိုလာသဖြင့်
သူမခန္ဓာကိုယ်ကိုရမ်းခါလိုက်သည်..
Ring ring ring
ဖုန်းဝင်လာတဲ့အသံကြောင့်တေဇအောင်
ဘောင်းဘီ အိတ်ထဲမှဖုန်းကို...ကိုင်လိုက်၏
"......"
"ဟုတ်ကဲ့တွေ့ပါပြီ..."
"......"
"ဟုတ်ကဲ့ပေးလိုက်ပါမယ်..မင်းနဲ့ ပြောချင်လို့တဲ့.."
မိမိရှေ့ထိုးပေးလာတဲ့ဖုန်းကိုပန်ဆုငယ်
ဘုမသိဘမသိ ဖြင့်ကိုင်လိုက်ပြီး..
"ဟဲလို."
"သမီး..လေးလား...မေမေပါ..."
"မေမေ လား..မေမေကဘယ်သူလဲဟင်..."
ရင်ထဲတွင်ဝမ်းနဲလာကာ..ငိုမိသည်သို့သော်
ဝမ်းသာမိသည်..
ငိုသံဖြင့်မေးနေသည့်ပန်ဆုငယ်ကြောင့်
တေဇအောင်ထိုနေရာမှထွက်လာခဲ့သည်
သူမကို...သူအရမ်းစိတိဆိုးသည်
တဖက်တွင်ပြန်လည်တွေ့ဆုံနေတဲ့မိသားစုလေးဟာ
ပျော်ရွှင်မှုများဖြင့်
"သမီး အကြောင်းမေမေနဲ့မေမေကြီးသိရပြီ.
သမီးမမကလည်းသူ့ကိုခွင့်လွှတ်ပါတဲ့...
သမီးအတွက်မေမေတို့စိတ်မကောင်းဘူးကွယ်"
"သမီးအတွက်ဝမ်းမနဲပါနဲ့မေမေ
မမကိုလည်းသမီးကခွင့်လွှတ်ပါတယ်
သမီး ၀ဋ် ပါလိုဆပ်ရတယ်မှတ်ပါတယ်.."
"သမီးမောင်တေဇနဲ့ပြန်လာခဲ့နော်.
သမီးအကြောင်းမောင်တေဇပြောပြတ်ာကွဲ့"
"သမီးမမတို့အိမ်ထောင်ရေးမဖျက်ဆီးချင်ဘူး"
"သမီးမဖျက်ပါဘူး..သမီးမမကလည်းသဘောတုတယ်
မောင်တေဇကသမီးကိုဘဲချစ်တာတဲ့
မေမေတို့ကို ပြောပြီးပြီ..အိမ်ပြန်လာခဲ့နော်
မေမေတို့စောင့်နေမယ်"
"ဟုတ်ကဲ့ပါမေမေ"
ပန်ဆုငယ်ဖုန်းချလိုက်ပြီးသူ့ကိုကြည့်တော့
သူမကိုကျောခိုင်းထားသည်..
ပန်ဆုငယ်...ပြုံးလိုက်ကာ...
သူ့ကိုနောက်ကျောမှဖက်လိုက်ပြီး..
"ရှင့်ကိုချစ်တယ်.."
မိမိခါးကိုဖက်လာတဲ့လက်တစုံကြောင့်
ကြည်နူးမိသွားရာမှ...သူမဆီကစကားကြောင့်
တေဇအောငိ သူမဖက်သို့လှည့်လာကာ
"ပြန်ပြောပေ.း..သေချာပြော"
ကလေးဆိုးကြီးလိုလုပ်နေတဲ့သူ့ကြောင့်
ပန်ဆုငယ်ခပ်လွင့်လွင့်ရယ်လိုကိကာ
"ကျမ ပန်ဆုငယ်က ဒီကတေဇအောင်ကိုချစ်ပါတယ်တဲ့"
.
ဟား...ဟား..ဟား
"ဒီလိုဘဲဖြစ်ရမှာကို...ကိုယ်လည်းမင်းကိုချစ်တယ်
ကတိအတိုင်းယုံကြည်ရဲ့လား."
"ယုံပါတယ်..နေအုံး...နေအုံး..
ကျမကိုဘယ်ချိန်ထဲကသိတာလဲ..."
"မီးဖိုချောင် မှာလဲကတည်းကသိတာ...
ကိုယ်မင်းကိုဘာလို့ပန်းလို့ခေါ်လဲသိလား"
"သိဘူး"
တေဇအောငိ သူမကိုရင်ခွင်ထဲထည့်ကာဖက်လိုက်ပြီး
သူမမျက်နှာကိုသူ့ဆီမော့ကြည့်စေကာ
"မင်းကဒေစီစိုး မဟုတ်ဘဲဒေစီစိုးအဖြစ်ဟန်ဆောင်ထားတာရယ်
မင်းအမည်ကပန်ဆုငယ်ဖြစ်နေတာသိရတယ်
ဒီတော့မင်းကသူမဟုတ်တဲ့အတွက်သု့အမည်လည်း
ကိုယ်မခေါ်ချင်ဘူး...ပန်လို့ခေါ်ရင်လည်း...မင်းကရိပ်မိမယ်
အဲ့တာကြောင့်မင်းအမည်နဲ့တူတဲ့ပန်းလို့ခေါ်
ခဲ့တာ..ကိုယ်ကတော့ပန်းလို့ခေါ်ရတာကြိုက်တယ်"
"ဟင်...မကောင်းဘူး...သိနေတာမပြောဘဲ"
"ပြောရင်မင်းကကိုယ့်ဘေးနားကထွက်သွား
မှာလေ...မပြောနိုင်ပါဘူး"
"မောင်...ကျမဟန်ဆောင်တာသိသာလား.."
"သိသာတာပေါ့...ဟင်...ဘယ်လိုခေါ်လိုက်တယ်"
"မောင်လို့ခေါ်လိုက်တာလေ မကြိုက်ဘူးလား"
"မဟုတ်ပါဘူး ပန်းရယ်...ပန်းဆီကအဲ့လိုခေါ်တာကြားရလို့မောင်က၀မ်းသာသွားတာ နောက်တခေါက်ခေါ်ပါအုံး"
"ပိုပြီ...ကဲခေါ်ပါမယ်
မောင်ရေ.."
"ဗျာ"
"မောင်"
""ဗျာ
".မောင်"
.."မောင် မေမေ ကအိမ်ပြန်လာပါတဲ့..
ပြန်ရအောင်."
"အင်း ပြန်တာပေါ့"
ချစ်ရသူနှစ်ဦး တယောက်ကို တယောက်ချစ်မ၀စွာကြည့်ရင်း
တဖက်ကချစ်ရသူလက်ဆွဲ တဖက်ကအိတ်ကိုကိုင်ကာ
တီတီတာတာ ချစ်စကားများပြောလာခဲ့သည်
ချစ်ရသူလေးကမိမိလက်ကို အားကိုးတကြီး ဆုပ်ကိုင်
ထားသည်က ရှေ့ဆက်ရမည့်ခြေလှမ်းတိုင်းကို
ခွန်အား သစ်တွေတိုးစေ၏
"မောင် ပန်းကိုထားမသွားရဘူးနော်
မောင့်ကိုပန်းကလိုအပ်တယ်
ပန်း ဘ၀ကမောင့်ကိုအလိုအပ်ဆုံးပါ"
"မောင်လည်းပန်းကိုလိုအပိတယ်
မင်းသာ ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံးပါ..
ပန်းရယ်.."
ထို့နေ့သည်ချစ်ရသူစုံတွဲလေးအတွက်
ပတ်ဝန်းကျင်သာမက..အရာအားလုံး က
လှပနေခဲ၏့
#The end#
❤❤❤❤❤❤❤❤❤❤❤
အစကနေအဆုံးထိအားပေးခဲ့တဲ့
စာဖတ်သူများ ကျေးဇူးပါ
နှစ်သစ် သုခနဲ့ကြုံရပြီး
ဒုက္ခ နဲ့ကင်းဝေးပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
Wahtan moesat