မင်းသာ..
ကိုယ့်ဘ၀ရဲ့အလိုအပ်ဆုံး
အပိုင်း၉
🎶🎶🎶🎶🎶🎶🎶🎶🎶
တနေ့တာပင်ပန်းခဲ့သမျှ
မပြီးနိုင်။ညတွင်လည်းdinnerကျွေးမည်တဲ့
နေ့ခင်းကမလာနိုငိသော မိတ်ဆွေများနှင့်
တေဇအောင်၏သူငယ်ချင်းများအတွက်။
Dinnerအတွက်ပြင်ဆင်စရာရှိတာ
ပြင်ဆင်ပြီးအနားယူရန်သူမအခန်းသို့
ပြန်လာခဲ့သည်။သူမတို့၏ မင်္ဂလာဦးခန်းမကို
သူမတို့နှစ်ဖက်မိဘများလက်ဖွဲ့သော
အိမ်တွင်ပြင်ဆင်ပြီးdinnerကိုသူမ၏အိမ်တွင်
ကျင်းပခြင်းဖြစ်သည်။ထို့ကြောင့်ခဏအနားယူရန်
့ သူမအခန်းသို့သာပြန်လာခဲ့သည်။
သူမအခန်းထဲသို့အရောက်
"ဟင်.."
"ပန်း"
"ကိုတေဇ ကျွန်မအခန်းထဲဘယ်လိုရောက်.."
"ကိုယ်ပြောစရာရှိလို့
ကိုယ့်ကိုပန်းယုံကြည်ဖို့လိုတယ်နော်"
"ကျမကိုတေဇကို ယုံကြည်ပါတယ်
ပြောပါ"
"ဘာတွေဘဲဖြစ်လာ ဖြစ်လာ
ကိုယ့်အနားမှာဘဲနေပေးပါကတိပေးနိုင်
မလား ပန်းကိုယ့်ကို ယုံကြည်မှကတိ
ပေးပါ"
အနက်ရောင် ထင်းနေသော မျက်လုံး များကရွှန်း
လဲ့တောက်ပနေကာ အဓိပ္ပါယ် တမျိုးဖြစ်ပေါ်ပြီး
ယုံကြည်မှုခိုင်မာလွန်းနေသည်။သို့သော်
သူမ တေဇအောင်ကို ယုံကြည်သည်။
သူနဲ့ပတ်သက်သွားလာနေသောကာလပတ်လုံး
နှုတ်ဖြင့် ခြေလက်တို့ဖြင့်စေိာကားခြင်းမရှိခဲ့။
ဒါပေမဲ့အမှတ်တမဲ့ ရင်ခုန်စရာလေးတွေတော့
ဖြစ်ခဲ့သည်။ပြန်တွေးမိတိုင်း
သူမရဲ့ရင်ခုန်သံတွေက..ထိန်းချုပ်မရ
သူမ သူ့ကိုယ်ကျင့်တရားကိုယုံကြည်သည်။
"ကတိပေးနိုင်မလားပန်း"
"....."
"ပန်း ပန်း"
တေဇအောင် သတိပေးသံကြောင့်သူမအာရုံများ
လက်ရှိအချိန်သို့ပြန်ရောက်လာပြီး
မဆိုင်းမတွဖြေလိုက်သည်က
"ကတိပေးပါတယ်ကိုတေဇ
ကျမရှင့်ကိုယုံပါတယ်"
"တကယ်..တကယ်လားပန်း"
သူမရဲ့အဖြေကြောင့် ဖြစ်ပေါ်လာတဲ့
ပျော်ရွှင်မှုများကိုသူ့မျက်လုံးများက
မဖုံးကွယ်နိုင်။ထို့အတူအသံများကလည်း
တုန်ရီနေခဲ့သည်မှာအတိုင်းထက်လွန်
"ကိုယ်.ကိုယုံကြည်ပေးလို့ကျေးဇူးပါ
ထာဝရယုံကြည်ပေးပါနော်"
သူမရဲ့ပခုံးကိုဆုတ်ကိုင်ကာပြောလာသော
သူ့လက်များကသူမကိုခွန်အားပေးနေသလို..ထာဝရတဲ့လား..ထာဝရတဲ့လား
မဖြစ်နိုငိပါဘူးကိုတေဇရယ်.....
သို့သော်သူမ သူ့အပြောကိုခေါင်းငြိမ့်ပြကာ
သဘောတူခဲ့သည်
"ပန်း ကိုယ်လည်းအောက်ဆင်းတော့မယ်
ပြင်ဆင်ပြီးဆင်းခဲ့နော်
ဧည့်သည်တွေလာတော့မှာ"
ပြောကာအခန်းထဲမှထွက်သွားသော
သူ့ကျောပြင်ကိုကြည့်ကာ ၀မ်းနည်းမိသည်။
:-) :-) :-) :-) :-) :-) :-) :-) :-) :-) :-) :-)
Dinnerတွင်
"မောင်တေဇအောင် ဦးလေး ကိုမင်းအမျိုးသမီးနဲ့မိတ်ဆက်
ပေးပါအုံး"
"ဟုကဲ့ လာပါဦးလေးခွေးကောင်"
ပြောင်စပ်စပ်လုပ်ကာပြောနေသော
သူငယ်ချင်းဇော်ထူးကြောင့် သူလည်း
ပေါကြောင်ကြောင်လုပ်လိုက်သည်။
"ပန်းသူက ကိုယ့်သူငယ်ချင်းဇော်ထူး
သူက ရာဝဏ္ဏ သူကရဲဟုန်မာန်
ဟေ့ကောင်တွေသူကတော့
မင်းတို့သိပြီးသား ငါ့ဇနီး....."
"မဒေစီစိုး မလား ငါတို့သိပါတယ်
ကျွန်တော်တို့ကိုခင်နိုင်ပါတယ်
အကူညီလိုလည်းပြောပါ အားမနာပါနဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါရှင်"
"ငါ့ကောင်ကြီးတွေစားထားကြ
ငါတခြားသူတွေကိုသွားနှုတ်ဆက်အုံးမယ်
ပန်း သွားရအောင်"
"သွားခွင့်ပြုပါ အုံးအကိုတို့"
"ဟုတ် အားမနားပါနဲ့"
သူမလက်ကိုဆွဲကာ အတင်းထွက်သွားတဲ့သူ့နောက်
သူမအမှီလိုက်ရသည်။သူ့မျက်နှာတွင်စိတ်မကျေနပ်မှုများ
ဖြစ်ပေါ်နေသည်မှာအထင်းသား
အသားဖြူသူမို့မျက်နှာတွင်ပို၍သိသာနေသည်။
ထိုအချိန်မှစ၍ သူ သူမကိုစကားမပြော။
အခြားသူများကိုပြုံးရယ်ပြပြီး အနားတွင်မည်သူမှ
မရှိတော့ရင်သူ့မျက်နှာကပြန်၍တည်သွားသည်။
Dinnerပြီးတော့သူမကနားချင်ပြီဆိုသောကြောင့်
သူမတို့၏အိမ်အသစ်တွင်သူမကို
ပို့ထားခဲ့သည်။တေဇအောင်
သူကတော့ သူ၏ချစ်ဆုံး
သူငယ်ချင်း များနှင့်ပါသွားသည်။
ည ၁၁နာရီ
ဝူး ဂျိမ်း...
ကားတံခါးပိတ်သံကြောင့်
သူပြန်လာပြီဆိုတာသိသည်။
အိမ်အသစ်တွင်အလုပ်သမားများကို
ကြိုတင်ခန့်ထားပြီးဖြစ်သည်။ထို့ကြောင့်
သူမ သူ့ကိုခြံတံခါးဖွင့်ပေးစရာမလို
ခြံစာင့်ေ့ဦးလေးက
ဖွင့်ပေးမည်။သို့သော် အိမ်တံခါးဖွင့်ပေးရမည်မှာ
သူမရဲ့ဝတ္တရား
"ကျီ....
သူဝင်ပြီးတာနဲ့တခါးပိတ်ပြီး အပေါ်ထပ် သို့တက်
လာခဲ့သည်။သူကတော့ မျက်နှာတည်တည်ကြီးနှင့်
အပေါ်သို့တက်နှင့်လေပြီ
အခန်းထဲသို့အရောက် တံခါးနောက်မှလက်ဆွဲပြီး
တံခါးပိတ်ခြင်းခံလိုက်ရသည်။သူမရုတ်တရက်ကြောင်သွားကာ
လက်ဆွဲသူကိုကြည့်လိုက်တော့
တေဇအောင်....
သူမကမော့ပြီးအကြည့် သူကငုံ့နမ်းလိုက်သည်။
သူ၏အနမ်းများက သူမ၏မျက်နှာအနုံ့တိုက်စစ်ဆင်
ပြီးမှ သူမ၏မျက်နှာမှခွာလိုက်ကာ
"ပန်း ဒါကိုယ်မဟုတဲ့တခြားယောကျာ်းဒလ
တွေကို ပြုံးပြလို့အပြစ်ပေးခြင်းဆိုတာ သိထား
ပါ.."
သူဘာဖြစ်နေတာလဲ...ငါနဲ့ပတ်သက်ပြီး
သူကစိတ်ဆိုးနေတာလဲ..မဟုတ်မှလွဲ
သူ...ငါ့ကို..
ဟင့်အင်းမဖြစ်နိုင်ပါဘူး
သူချစ်ခဲ့ရင်တောင် ဒါကငါမှမဟုတ်တာ
ဒါကဒေစီစိုးလေ..ငါပန်ဆုငယ်မှမဟုတ်တာ
သူချစ်တာဒေစီစိုးလေ..ငါမှမဟုတ်တာ
သူ့စကားကြောင့်တိတ်ဆိတ်သွားသော
သူမကြောင့် တေဇအောင် သူမအတွက်
စိတ်ပူသွားသည်။
ငါ့စကားကသူမကိုနာကျင်စေသွားသလား....
ဝမ်းနည်းစေသွားသလား....မဖြစ်ရဘူး
သူမလိုအပ်ခဲ့တဲအရာတွေကိုငါဖြည့်ဆည်းပေးဖို့
သူမကို့ါဘ၀ထဲရအောင်သွင်းထားတာ...
မဖြစ်ရဘူး...
"ကိုယ်တောင်းပန်ပါတယ်..ပန်း
ကိုယ့်စိတ်နည်းနည်းလွတ်သွားလို့ပါ
တောင်းပန်ပါတယ်..."
သူပြောတာနားထောငိပြီး ပန်ဆုငယ်
ဘာမှပြန်မပြောဘဲ အိပ်ရာပေါ်တက်ကာ
သူမနေ့ရာတွင်လဲအိပ်နေလိုက်သည်။
ခဏအကြာ သူ့ဘက်မှလှဲလျောင်းသံကြား
လိုက်ရသည်။ထို့နောက်တွင်......
💛💛💛💛💛💛💛💛💛💛💛💛💛
ပကျှီ ပကျီ..
ငှက်အော်သံများကြောင့်
တေဇအောင် နိုးလာခဲ့သည်။သူ့လကိဖြင့်
သူမဘက်ကိုစမ်းကြည့်ရာ သူမ မရှိ။
ဟင်..စောစောစီးစီး ဘယ်ရောက်သွားတာလဲ..
အောက်ထပ်မှာနေမှာပါ...
အိပ်ရာမှထပြီးရေမိုးချိုးကာ အပြင်သို့
...ပြန်ထွက်တော့..ခုတင်ပေါ်တွင်အ၀တ်အစားများ
ဟင်ဘယ်ကဘယ်လိုရောက်နေ....
ငါမတင်ထားပါဘူး...ပန်ဆုငယ်ဘဲလုပ်ပေးထားတာနေမှာ
သူမ အရမ်းဝတ္တရားကျေပွန်ပါလား...
အ၀တ်အစားဝတ်ပြီးအောက်သို့ဆင်းလာခဲ့သည်။
"ကိုတေဇ. နိုးပြီလား..
ထမင်းစားမလား..ကော်ဖီ သောက်မလား"
"ကော်ဖီဘဲသောက်မယ်...ပန်းကော
စားပြီးပြီလား "
"မစားသေးဘူး ကိုတေဇ
ကျွန်မပြီးမှစားတော့မယ်"
"အင်း.."ကောင်းပြီလေ
ကိုယ်ခြံထဲသွားမလို့
လိုက်မလား..."
"မလိုက်တော့ဘူး..ကိုတေဇ
ကျွန်မလုပ်စရာတွေရှိသေးတယ်"
"အင်း..ညနေမေမေတို့လာမယ်တဲ့
အဲ့ဒါကြောင့်ပန်းအိမ်မှာနေလိုက်တော့"
ကော်ဖီသောက်ပြီးတေဇအောင်
မက်မန်းခြံသို့သွားလိုက်လေသညိ။
😠😠😠😠😠😠😠😠😠😠😠
"အဲ့ဒါကြောင့်..ကိုကိုနဲ့ဒေစီ
တသက်လုံးအတူနေလို့ရပြီ
အဲ့မိန်းကလေးကတုံးတာ..ဒေစီကပြန်မသွား
တော့ဘူး..ကိုကိုမရှိတဲ့အရပ်မှာမနေချင်ဘူး"
"တကယ်လားဒေစီ.ကိုနဲ့အတူနေရမယ်နော်"
"တကယ်ပေါ့..ကိုကိုရယ်"
ပြောပြပေးလို့ကျေးဇူးပါဒေစီစိုး
မင်းကအခုတော့ အခွံဖြစ်သွားပြီဆိုတော့
သေချာပြီငါမင်းကိုထားပစ်ခဲ့ရမယ်ဆိုတာ
မင်းလည်းတခြားမိန်းမတွေလိုဘဲ
အချစ်နဲ့ပတ်သက်ရငိဘာမှမသိဘူးဆိုတာ
အာ့ကြောင့် မင်းငါ့ကျော့ကွင်းထဲဝင်လာတာ
မင်းကဘယ်လောက်ဘဲပညာတတ်တိ
ဘယ်လောက်ဘဲတော်တော် တကယ်ကိုတုံး
တာပါလား.....မကြာခင်
မင်းကခြောကိကပိနေတဲ့အရာတန်ဖိုးမရှိတဲ့
ပစ္စည်းဖြစ်တော့မှာ...အခုတော့.. .
ငါ့အတွက်အသုံးဝင်ပါသေးတယ်..
ဟွန်း...အတူတူအိပ်ဖို့ပေါ့.....
မဲ့ပြုံးတချက်ကိုလှစ်ခနဲပြုံးပြီး
ချက်ချင်းမျက်နှာက ပျော်နေသူတယောက်လို
ပြုံးသွားကာ ဒေစီစိုးဘက်လှည့်လိုက်သည်
ထို့နောက်သူမ၏ခါးကိုကိုင်ကာ
အိပ်ရာပေါ်သို့လှဲချလိုက်ကာ
"ဒေစီ..ကိုယ့်ကိုချစ်လား"
"ချစ်တယ်..ချစ်လို့အရာရာပေးအပ်ထားတာကို
ကိုကလည်း..."
"အာ့ကြောင့် ကိုယ်ကလည်းချစ်နေတာပေါ့"
ပြောရင်မိုးကျော်၏ကိုယ်က သူမပေါ်အုပ်မိုးလာသည်။
ထို့နောက့်မိုးကျော်၏အနမ်းခေါ်ဆောင်မှုနောက်သို့
လိုက်သွားရင်း ထူးဆန်ူသော ကမ္ဘငယ်ဆီသို့
အရောက်သွားကြလေသည်။
စာရေးသူ_အရေးအသားနည်းနည်းရိုင်းသွားရင်
တောင်းပန်ပါတယ်..အားပေးနေတဲ့စာဖတ်သူများ
ကျေးဇူးပါနော်
✨...🙏🙏🙏