HANARY(S1+S2)

By greyvictor25

6.6M 432K 73.3K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-24(Uni/Zg)
Ep-25(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories πŸ’Œ
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ep-26(Uni/Zg)

78.4K 5.4K 749
By greyvictor25

ညနေထဲက ကျတော့်ကိုစကားမပြောပဲ အ၀တ်အစားအနည်းငယ်ကိုသာ အိတ်ထဲထည့်နေတဲ့သူကြောင့် ဘာမေးခွန်းမှမမေးပဲ ထိုင်ခုံပေါ်ကနေသာ ကြည့်နေလိုက်တယ်...ဘယ်သွားဖို့စီစဥ်နေလဲမသိပေမဲ့ ဘယ်သွားသွား အမြဲလိုက်နေမှာမို့ ကျတော့်လက်ထဲက ပြေးလွှတ်မှာမဟုတ်...

' အ၀တ်အစားတွေ ထည့်လို့ပီးပီလား '

' အွန်း '

' အဲ့တော့ ဘာတွေကြံစည်ပီး ဘယ်ကိုသွားမယ်ဆိုတာကော ပြောဖို့အစီအစဥ်ရှိလား '

စိတ်မရှည်သလိုမေးလိုက်တဲ့မေးခွန်းကြောင့် အ၀ေးတနေရာမှာ အထုတ်အပိုးပြင်နေတဲ့ကလေးငယ်က ကျတော့်ဘေးမှာလာထိုင်ကာ ရင်ခွင်ထဲ သူ့ခေါင်းလေးတိုးလာပီး လာချော့ပြန်ပါတယ်...လွန်းတာနေဆန်းက တကယ်မလွယ်တဲ့ကလေး

' ကျတော် ခင်ဗျားနဲ့သုံးရက်လောက် ခွဲရမှာ '

' သုံးရက်မပြောနဲ့ တနာရီတောင်ခွဲလို့မရဘူး ကိုယ်က အချစ်သွားရာနောက်ကို အမြဲလိုက်နေမှာ '

' ကျတော့်အလုပ်ကိစ္စကြောင့် ဆေးရုံမှာသုံးရက်လောက်သွားနေရမှာ '

' ဘာအလုပ်ကိစ္စလဲ '

' ကျတော်တို့ကျောင်းကနေ လမ်းဘေးခွေးလေးတွေကို ကာကွယ်ဆေးလိုက်ထိုးပေးဖို့စီစဥ်ထားတာလေ ဒီအချိန်က ကလေးတွေ သွေး၀မ်းလျှောတဲ့အချိန်မို့ ကာကွယ်ဆေးလိုက်ထိုးထားမှရမှာ '

' အဲ့တာ ကိုယ်ကောလိုက်လို့မရဘူးလား '

' ဘယ်လိုလိုက်လို့ရမှာတုန်း ကျတော်တို့က ဆေးရုံမှာပဲနေရမှာပါဆို '

' အာ မသိဘူးကွာ...သုံးရက်တောင်မခွဲနိုင်ဘူး တရက်ထဲနဲ့အပီးလိုက်ထိုးပေးလို့မရဘူးလား '

' ကျတော့်လူကြီးကတော့ တကယ်ခက်တာပါပဲ...တရက်ထဲနဲ့ ဘယ်လိုအပီးထိုးပေးလို့ရမှာလဲ '

' ဟာကွာ....အဲ့သုံးရက်တွင်း ကိုယ်ကဘယ်လိုနေရမှာလဲ ကိုယ်ကညတိုင်း အချစ်ကိုဖက်အိပ်မှ အိပ်ပျော်တာ '

ဒီတခါ ပြန်ချော့ရမဲ့သူကတော့ကျတော်ပဲထင်ပါတယ်...ကလေးတယောက်လို နှုတ်ခမ်းဆူပီး ကျတော့်စားပွဲပေါ်က ယုန်အရုပ်လေးကိုဆွဲယူကာ နားရွက်ဆွဲလိမ်နေတာကြောင့် သူစိတ်ကောက်နေတာအသေအချာပင်...

' ကျတော့်ကိုလွမ်းရင် ဖုန်းဆက်လို့ရတာပဲလေ '

' ဖုန်းမဆက်ချင်ဘူး အနားမှာပဲနေချင်တာ '

' သုံးရက်လေးပါပဲ ပြီးတာနဲ့ခင်ဗျားဆီကိုပြန်လာမှာ '

' အဲ့သုံးရက်အတွင်း အရက်တွေချည်းထိုင်သောက်ပစ်မှာ ကြည့်နေ '

(ကျတော့်ကိုအရွဲ့တိုက်ချင်တာနဲ့ အရက်တွေတောင်သောက်ပစ်အုံးမယ်ဆိုပဲ...ဒီလိုပုံစံနဲ့ဘယ်လိုများ ထားခဲ့ရပါ့မလဲ သူစိတ်ကောက်နေမှန်းသိစေချင်လို့ ယုန်အရုပ်လေးကို နားရွက်လိမ်ဆွဲလိုက် ခေါင်းကိုထုလိုက်လုပ်နေတာနဲ့တင် ရယ်ချင်စိတ်တွေကိုထိန်းထားရပြန်သည်)

' ကျတော့်ကို စိတ်ကောက်နေတာလား '

' ဟုတ်တယ် '

' နည်းနည်းပါးပါးလေးလဲ ဟန်ဆောင်ပါအုံးလား '

' ဟန်မဆောင်နိုင်ဘူး အချစ်က ကိုယ့်ကိုမှမချစ်တာ '

' ဟောဗျာ...ကျတော်က ဘာလို့မချစ်ရမှာတုန်း '

' .......'

တဖက်ကိုမျက်နှာလွှဲပီး ကျတော့်ကိုစိတ်ကောက်နေတဲ့ လူဆိုးကောင်ရဲ့ ပါးလေးကိုတချက်နမ်းရှုံ့လိုက်တော့ ခပ်ရေးရေးလေးပြုံးလာတယ်...ဒါပေမယ့် ကျတော့်ကိုတော့ အကြည့်ချင်းမဆုံသေးတာကြောင့် နားအနားကပ်ကာ စိတ်ကောက်ပြေစေမဲ့ စကားနဲ့ ချော့ရပြန်တယ်....

' ကျတော်က ကိုကို့(ကို) အများကြီးချစ်တာပါ '

စကားဆုံးတာနဲ့ ကျတော့်ဘက်ကိုလှည့်လာပီး သေချာစူးစိုက်ကြည့်နေတဲ့သူရဲ့ မျက်၀န်းတွေထဲမှာ မျက်ရည်လေးတွေက အရည်လဲ့လျှက်ပင်

' ဟင် ခင်ဗျားငိုနေတာလား '

' လွန်းတာနေဆန်း...မင်းကလေတကယ်မလွယ်ဘူး ကိုယ့်ကိုအနာပေးလိုက် ဆေးပေးလိုက်နဲ့ ရူးအောင်လုပ်နေတာ '

ကျတော့်ရင်ခွင်ထဲကို သူ့ခန္ဓာကိုယ်ကြီးကအတင်းတိုး၀င်လာကာ သူ့ခေါင်းပေါ်ကို ကျတော့်လက်တင်ပီး ခေါင်းပွတ်ပေးဆိုတဲ့ပုံစံမျိုးနဲ့ အမူအယာလုပ်ပြတယ်....တကယ်ပါပဲ အကြီးဖြစ်ပီး ချွဲတတ်တာလဲလွန်ပါရော...
သူ့ဆံပင်လေးတွေကို လက်နဲ့ထိုးဖွပီး ဖွဖွလေးပွတ်ပေးတော့ ကျတော့်ခါးလေးကို တင်းတင်းကျပ်ကျပ်ပိုဖက်လာပြန်တယ် ပြောမဲ့သာပြောတာ သုံးရက်အတွင်းခွဲနေရတာ ကျတော့်အတွက်လဲအဆင်မပြေပါဘူး ညတိုင်းကျတော့်ကို ရင်ခွင်ထဲထည့်ဖက်ပေးထားသူရဲ့ ကိုယ်ငွေ့လေးကိုလွမ်းနေမိမှာ...

' သုံးရက်အတွင်း ကိုယ့်အကြောင်းတွေပဲ တွေးနေရမယ်နော် '

' အင်းပါ '

' တခုခုဖြစ်ရင် ကိုယ့်ကိုချက်ချင်းဖုန်းဆက်နော် ကိုယ်ကအပြေးလေးလာခဲ့မှာ '

' သုံးရက်လေးပဲကို အကဲပိုနေပြန်ပြီ'

' ပိုမှာပဲ အကဲပိုစရာဒီတယောက်လေးပဲရှိတာ '

' ကျတော်မရှိတဲ့အချိန် ညနက်မှအိမ်ပြန်လာတာမျိုးမလုပ်နဲ့နော် အိမ်ကိုစောစောပြန် '

' မပြန်ဘူး လမ်းပေါ်မှာပဲအိပ်ပစ်မှာ '

' ခင်ဗျား ကျတော့်ကိုရစ်လို့ပီးအုံးမှာလား '

' မရစ်ရပါဘူးကွာ ကိုယ်က၀မ်းနည်းနေတာ '

' ၀မ်းနည်းနေတဲ့ပုံကြီးကလဲ '

' ခေါင်းပွတ်ပေးအုံး '

ကျတော့်လက်ကို သူ့ခေါင်းပေါ်ပြန်တင်ကာ ခေါင်းပွတ်ခိုင်းတာကြောင့် ဒီတခါတော့ သူ့ဆံပင်တွေကို ပြင်းပြင်းလေးထိုးဖွပီး ရှုပ်ပွအောင်လုပ်လိုက်တယ် ဒါပေမဲ့ကျတော့်ကိုပြုံးပြကာ ကြိုက်သလိုလုပ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျတော့်ခါးကိုအတင်းဖက်ထားပြန်တယ်...သုံးရက်လေးခွဲရမှာကို အပီအပြင်ချွဲနေတော့တာပါပဲ

' ကျတော်မနက်ကျရင် အစောကြီးထသွားရမှာ...ခင်ဗျားအိပ်တော့နော် '

' အချစ်ကကော မအိပ်ဘူးလား '

' ကျတော်ကမအိပ်သေးဘူး လုပ်စရာလေးတွေရှိ...'

' အာ့ '

စကားမဆုံးခင်မှာပဲ လွန်းခန္ဓာကိုယ်လေးကို ဟန်နရီပွေ့ချီကာ အိပ်ယာပေါ်ချပေးလိုက်သည် ပီးတာနဲ့ လွန်းကို သူ့ရင်ခွင်ကျယ်ကြီးထဲ တိုး၀င်စေကာ ခါးလေးကို တင်းကျပ်စွာဖက်ထားလိုက်သည်....

' ဘာစကားမှပြန်မပြောပဲ အိပ်တော့ '

' ကျတော်လုပ်စရာလေးတွေရှိသေးတယ် '

' မလုပ်နဲ့ အခုကအိပ်ချိန်...အိပ်ကိုအိပ်ရမယ် '

' ကျတော်မှမအိပ်ချင်သေးတာ '

' ကိုယ့်ခါးပေါ်ကို ခြေထောက်တင်လိုက် '

' ဘာလို့လဲ '

' နှိပ်ပေးမလို့လေ ခြေဖ၀ါးနှိမ့်ပေးရင် အိပ်ချင်လာတယ်မှတ်လား '

ခေါင်းငုံ့ကာ တချက်ပြုံးလိုက်ပီး သူ့ခါးပေါ်ခြေထောက်တင်ပေးလိုက်တယ် ခြေဖ၀ါးမနှိပ်ပေးခင် ပေါင်ကိုပွတ်သီးပွတ်သပ်လာလုပ်နေတာကြောင့် ဆူရပါသေးတယ်...ဒီလူက တကယ်မလွယ်တဲ့လူ

' ခင်ဗျားပြောတော့ ခြေဖ၀ါးနှိပ်ပေးမှာဆို ...အခုဘာတွေလာလုပ်နေတာလဲ '

' နှိပ်ပေးမှာပါ အသားအရည်ကောင်းမကောင်းစမ်းကြည့်တာ '

' ခင်ဗျားက အရမ်းဥာဏ်များလွန်းတယ် '

' ဥာဏ်များတဲ့လူက အချစ်လို ငတုံးလေးနဲ့မှလိုက်ဖက်တာလေ '

' အဲ့လိုအပြောတွေနဲ့ အရင်ကဘယ်နှယောက်လောက်ကိုများ သိမ်းသွင်းခဲ့ပီးပီလဲ '

' အမ် မမှတ်မိတော့ဘူး....ဆယ်ယောက်လား ဒါမှမဟုတ် အယောက်နှစ်ဆယ်လောက်များလား '

ကျတော့်ကို တမင်သပ်သပ်စိတ်တိုအောင် လာစနေတဲ့သူကို ဗိုက်ကြောနာနာလေးဆွဲပေးလိုက်တယ် မဟုတ်ရင် သူကအမြဲကျတော့်ကိုဆို စနေတာ....

' အာ့....လက်စကလဲပြင်းလိုက်တာ ဒီမှာနာသွားပီ '

' နာအောင်တမင်သပ်သပ်လုပ်တာ ခင်ဗျားကကျတော့်ကိုဆိုအမြဲစနေတာ '

' ချစ်လို့ စတာလေ ကလေးကလဲ '

' ကျတော်ကလေးမဟုတ်ဘူးလို့!!!'

' ကလေးမဟုတ်ရင် ကိုယ့်ကိိုနမ်း '

' ဘာဆိုင်လို့လဲ '

' Goodnight kissမပေးရသေးဘူးလေ အဲ့တာပေးအုံး...ပေးမှာလား မပေးဘူးလား '

' ခင်ဗျားပုံက ကျတော့်ကို ဓါးပြတိုက်နေတာနဲ့တူနေပီ '

' လွန်းတာနေဆန်း!! ကိုယ်စိတ်မရှည်တော့ဘူးနော် ကိုယ့်ကိုနမ်းမှာလား မနမ်းရင်ကိုယ်နမ်းမှာနော် "

ကျတော့်ဘက်ကို နှုတ်ခမ်းထော်ပေးပီး နမ်းခိုင်းနေတဲ့သူရဲ့နှုတ်ခမ်းကို မျက်လုံးစုံပိတ်ကာ တံဆိပ်ခတ်ပေးလိုက်တယ် အရေးကြီးတာ သူ့ပါးစပ်ပိတ်သွားပီး အိပ်သွားဖို့ပဲမှတ်လား .....လိုချင်တာရသွားတော့ မျက်နှာကပြုံးဖြီးပီး ကျတော့်ကိုဖက်ထားကာ အသံပိတ်သွားတယ် ....ဒီလိုအချိန်မှာဘယ်သူက ကလေးဖြစ်နေလဲဆိုတာတောင်မသိတော့ပါဘူး....ဒါနဲ့များ ကျတော့်ကိုကလေးတဲ့ သူကိုယ်တိုင်ကျ ကလေးဆန်နေပီးတော့....
*******

မနက်အစောကြီးထသွားရမှာမို့ အအိပ်မက်တဲ့လူကြီးကိုမနှိုးပဲ ထသွားလိိုက်မယ်လို့ ကြံစည်ထားပေမဲ့ ကျတော်အိပ်ယာနိုးလာတော့ ထိုလူက ကျတော့်ဘေးမှာရှိမနေ...အရင်က ဒီလိုအချိန်ဆို အိပ်မောကျနေသေးတဲ့လူက အခုတော့ မနက်အစောကြီးပျောက်နေတာကြောင့် အံ့သြမိပြန်တယ်

' နိုးလာပီလား အချစ်'

အခန်းအပြင်ကနေ နွားနို့ခွက်လေးကိုင်ပီး ၀င်လာတဲ့သူကြောင့် ပိုပီးအံ့သြသွားရပြန်တယ်...အိပ်ချင်မူးတူးရုပ်လေးဖြစ်နေတာကြောင့် အရင်ထဲကမှေးစင်းနေတဲ့ မျက်၀န်းတွေက ပိတ်လုနီးပါးပင်

' ခင်ဗျား အစောကြီးဘာထလုပ်နေတာလဲ '

' ကိုယ် အချစ်သောက်ဖို့ နွားနို့ပူပူလေးသွားလုပ်ပေးနေတာ ဆေးရုံမသွားခင် အားရှိသွားအောင်လို့လေ '

' အဲ့လိုနဲ့ပဲ မနက်အစောကြီးထလိုက်တယ်ပေါ့လေ '

' မထရင် အချစ်က ကိုယ့်ကိုတယောက်ထဲထားခဲ့မှာလေ '

' တော်တော်အပြောကောင်း '

' အပြောကောင်းလို့ နမ်းချင်တယ်ဆိုလဲရတယ်နော် ကိုယ်မငြင်းပါဘူး '

' အားနေ အဲ့တာပဲပြောနေလိုက် '

' ပြောမှာပဲ ချစ်တာကို '

' ကဲပါ အဲ့နွားနို့ဒီကိုပေး မဟုတ်ရင်အေးကုန်တော့မယ် '

သူယူလာပေးတဲ့ နွားနို့ကို တစက်မှမကျန်အောင် မော့ချလိုက်တယ် ဘေးကနေ ကျတော့်ကို မျက်တောင်မခပ်ပဲ ငေးကြည့်နေတဲ့သူကြောင့်လဲ ရှက်မိပြန်ပါသေးတယ်

' ကျတော်ရေသွားချိုးပီး အ၀တ်အစားလဲလိုက်အုံးမယ် ခင်ဗျားပြန်အိပ်ချင်ရင် အိပ်လေ '

' ဘယ်သူကအိပ်မယ်ပြောလို့လဲ ဆေးရုံကို ကိုယ်လိုက်ပို့အုံးမှာ '

' ဆေးရုံထိလိုက်ပို့အုံးမလိုလား '

' ဟုတ်တယ်လေ ဘာလဲအဲ့တာလဲလိုက်မပို့နဲ့ဆိုပီး ငြင်းအုံးမှာလား လိုက်မပို့ရရင် ကိုယ်ကတော့ လမ်းမပေါ်မှာတကယ် သွားအိပ်ပစ်မှာနော် ကားတွေတက်ကြိတ်ရင်လဲ ကြိတ်ပါစေ '

' တော်ပါတော့ အဲ့လောက်ဆိုသိပါပီ.....လိုက်ပို့ချင်ရင်လဲလိုက်ပို့ '

သူလိုချင်တဲ့အဖြေရသွားတော့ ကျတော့်ခါးကို အတင်းလာဖက်ပီး ရင်ခွင်ထဲခေါင်းလာထိုးပေးပြန်တယ်....ထုံးစံအတိုင်း သူ့ခေါင်းကိုပွတ်ခိုင်းမှန်း သဘောပေါက်နေပါပီ

' ခင်ဗျားက ခွေးပေါက်စလေးလား အားနေရင်အဲ့ခေါင်းပဲလာပွတ်ခိုင်းနေတယ် '

' ခွေးဆိုရင်လဲ အချစ်ရဲ့ခွေးပေါက်စလေးပဲလုပ်မယ် အချစ်က တိကုဆရာ၀န်လေး ကိုယ်ကအချစ်ရဲ့ကုသမှုတွေလိုအပ်နေတဲ့ puppyလေးပေါ့ '

' တော်တော်အပြောကောင်း '

' သဘောကျရင် နမ်းလို့ရတယ်နော် '

' တော်ပါတော့ '

*****

ဒီနေ့တော့ အကို့မျက်စိထဲသဘောကျလောက်မဲ့ ပုဆိုးလေးနဲ့ shirtလက်တို ခဲရောင်လေးကို သေသပ်စွာ၀တ်ဆင်လိုက်တယ် ခေါင်းထဲမှာလဲ ဆေးသုတ်လက်စ ကျောင်းဆောင်လေးကို ဆက်ပီးဆေးသုတ်ပေးဖို့သာ ကျတော့်ခေါင်းထဲတွေးနေမိတယ်...အခုတလော လုပ်စရာကိစ္စကလဲမရှိ Bossကလဲငြိမ်နေတာကြောင့် အကို့ဆီသွားဖို့ အခွင့်အရေးကပိုများသွားတယ် ဘာလို့ဒီလိုခံစားချက်ကြီးဖြစ်နေလဲမသိပေမဲ့ အကို့မျက်နှာလေးမြင်လိုက်ရင် ရင်ထဲအေးချမ်းမိတာတော့အမှန်ပင် ...စိတ်ညစ်တဲ့အချိန်တိုင်း clubမှာ ဆေးလိပ်သောက်နေတတ်တဲ့အကိုက ဂေဟာက ကလေးတွေရှေ့မှာတော့ အကို့ရဲ့ ဆိုးသွမ်းတဲ့ပုံလေးကို တစက်လေးတောင်မတွေ့ရ..

' တီ တီ တီ '

အတွေးလွန်နေတုန်း ရုတ်တရက်မြည်လာတဲ့ ဖုန်းသံကြောင့်နည်းနည်းတော့ ဒေါသထွက်မိသွားတယ်...ဘယ်သူကများ လာရှုပ်နေလဲဆိုပီး ဖုန်းနံပါတ်ကြည့်လိုက်တော့ ဒေါသအိုးဆရာသမားပင်...ရှေ့ရက်တွေက ဘာသတင်းမှမကြားပဲငြိမ်နေရာကနေ အခုဖုန်းဆက်လာပီဆိုတော့ ကျတော့်ကို တခုမဟုတ်တခုခိုင်းတော့မယ်ဆိုတာ သိပီးသားပင်

' Hello '

' Sam..... ငါအဆင်မပြေဘူး '

(အသံနားထောင်လိုက်ထဲကသိလိုက်ပါပီ တခြားကိစ္စကြောင့်မဟုတ်ပဲ သူ့ကလေးနဲ့ ပြဿနာတတ်လို့ ကျတော့်ကိုလာရစ်တော့မယ်ဆိုတာ)

' ဘာဖြစ်လို့လဲ Boss '

' လွန်းတာနေဆန်းသွားတဲ့ဆေးရုံလိပ်စာငါပို့ပေးမယ် အဲ့ဆေးရုံကနေ ဘယ်အချိန်ဘယ်နေရာကို ဘယ်နေ့မှာသွားမယ်ဆိုတာကို ငါ့ကိုစုံစမ်းပေး '

' ခင်ဗျာ!! အခုချက်ချင်းကြီးလား '

' ဟုတ်တယ် အခုပဲသိချင်တာအခုပဲစုံစမ်းပေး '

' ကျတော် သွားစရာလေးရှိ....'

" သွားစရာရှိတာနောက်မှသွား ငါ့ကိစ္စကအရေးကြီးနေတာမို့ အခုချက်ချင်းသွားစုံစမ်းပီး ဖုန်းပြန်ဆက် '

တချက်လွှတ်အမိန့်ကြောင့် ဘာမှမတတ်နိုင်တာတော့ငြင်းမရ...အကို့ဆီသွားချင်နေတဲ့စိတ်တွေကို ပြန်လည်ထိန်းလိုက်ပီး ၀တ်နေကျ Hoodieအပွနဲ့ ဘောင်းဘီရှည်ကိုသာအမြန်လဲ၀တ်လိုက်ပီး Bossရဲ့ အရှုပ်ထုတ်လေးကိစ္စကိုစုံစမ်းဖို့ ပြင်ဆင်လိုက်တယ်...
တခါတလေမှာ Bossကအရမ်းကလေးဆန်လွန်းတဲ့လုပ်ရပ်တွေ လုပ်တတ်မှန်းသိပေမဲ့ သူ့ကလေးကိုချစ်လို့ ဖြစ်ပေါ်လာတာကြောင့် ကိုယ့်မှာအပြစ်မတင်ရက်...လူတိုင်းက သူတို့ချစ်တဲ့သူနဲ့တွေ့ရင်တော့ ကလေးဆန်တတ်ကြတာပါပဲလေ....အခုတော့ သူများအတွဲကြား ဒုက္ခခံလိုက်အုံးပေါ့ Samရေဆိုပီးသာ ကိုယ့်ကိုကိုယ် နှစ်သိမ့်ပီး စုံထောက်လုပ်ဖို့ ခရီးအစပြုလိုက်ပါတော့တယ်.....

Grey
27.12.21

*****

ညေနထဲက က်ေတာ့္ကိုစကားမေျပာပဲ အ၀တ္အစားအနည္းငယ္ကိုသာ အိတ္ထဲထည့္ေနတဲ့သူေၾကာင့္ ဘာေမးခြန္းမွမေမးပဲ ထိုင္ခုံေပၚကေနသာ ၾကည့္ေနလိုက္တယ္...ဘယ္သြားဖို႔စီစဥ္ေနလဲမသိေပမဲ့ ဘယ္သြားသြား အၿမဲလိုက္ေနမွာမို႔ က်ေတာ့္လက္ထဲက ေျပးလႊတ္မွာမဟုတ္...

' အ၀တ္အစားေတြ ထည့္လို႔ပီးပီလား '

' အြန္း '

' အဲ့ေတာ့ ဘာေတြႀကံစည္ပီး ဘယ္ကိုသြားမယ္ဆိုတာေကာ ေျပာဖို႔အစီအစဥ္ရွိလား '

စိတ္မရွည္သလိုေမးလိုက္တဲ့ေမးခြန္းေၾကာင့္ အ၀ေးတေနရာမွာ အထုတ္အပိုးျပင္ေနတဲ့ကေလးငယ္က က်ေတာ့္ေဘးမွာလာထိုင္ကာ ရင္ခြင္ထဲ သူ႔ေခါင္းေလးတိုးလာပီး လာေခ်ာ့ျပန္ပါတယ္...လြန္းတာေနဆန္းက တကယ္မလြယ္တဲ့ကေလး

' က်ေတာ္ ခင္ဗ်ားနဲ႔သုံးရက္ေလာက္ ခြဲရမွာ '

' သုံးရက္မေျပာနဲ႔ တနာရီေတာင္ခြဲလို႔မရဘူး ကိုယ္က အခ်စ္သြားရာေနာက္ကို အၿမဲလိုက္ေနမွာ '

' က်ေတာ့္အလုပ္ကိစၥေၾကာင့္ ေဆး႐ုံမွာသုံးရက္ေလာက္သြားေနရမွာ '

' ဘာအလုပ္ကိစၥလဲ '

' က်ေတာ္တို႔ေက်ာင္းကေန လမ္းေဘးေခြးေလးေတြကို ကာကြယ္ေဆးလိုက္ထိုးေပးဖို႔စီစဥ္ထားတာေလ ဒီအခ်ိန္က ကေလးေတြ ေသြး၀မ္းေလွ်ာတဲ့အခ်ိန္မို႔ ကာကြယ္ေဆးလိုက္ထိုးထားမွရမွာ '

' အဲ့တာ ကိုယ္ေကာလိုက္လို႔မရဘူးလား '

' ဘယ္လိုလိုက္လို႔ရမွာတုန္း က်ေတာ္တို႔က ေဆး႐ုံမွာပဲေနရမွာပါဆို '

' အာ မသိဘူးကြာ...သုံးရက္ေတာင္မခြဲႏိုင္ဘူး တရက္ထဲနဲ႔အပီးလိုက္ထိုးေပးလို႔မရဘူးလား '

' က်ေတာ့္လူႀကီးကေတာ့ တကယ္ခက္တာပါပဲ...တရက္ထဲနဲ႔ ဘယ္လိုအပီးထိုးေပးလို႔ရမွာလဲ '

' ဟာကြာ....အဲ့သုံးရက္တြင္း ကိုယ္ကဘယ္လိုေနရမွာလဲ ကိုယ္ကညတိုင္း အခ်စ္ကိုဖက္အိပ္မွ အိပ္ေပ်ာ္တာ '

ဒီတခါ ျပန္ေခ်ာ့ရမဲ့သူကေတာ့က်ေတာ္ပဲထင္ပါတယ္...ကေလးတေယာက္လို ႏႈတ္ခမ္းဆူပီး က်ေတာ့္စားပြဲေပၚက ယုန္အ႐ုပ္ေလးကိုဆြဲယူကာ နား႐ြက္ဆြဲလိမ္ေနတာေၾကာင့္ သူစိတ္ေကာက္ေနတာအေသအခ်ာပင္...

' က်ေတာ့္ကိုလြမ္းရင္ ဖုန္းဆက္လို႔ရတာပဲေလ '

' ဖုန္းမဆက္ခ်င္ဘူး အနားမွာပဲေနခ်င္တာ '

' သုံးရက္ေလးပါပဲ ၿပီးတာနဲ႔ခင္ဗ်ားဆီကိုျပန္လာမွာ '

' အဲ့သုံးရက္အတြင္း အရက္ေတြခ်ည္းထိုင္ေသာက္ပစ္မွာ ၾကည့္ေန '

(က်ေတာ့္ကိုအ႐ြဲ႕တိုက္ခ်င္တာနဲ႔ အရက္ေတြေတာင္ေသာက္ပစ္အုံးမယ္ဆိုပဲ...ဒီလိုပုံစံနဲ႔ဘယ္လိုမ်ား ထားခဲ့ရပါ့မလဲ သူစိတ္ေကာက္ေနမွန္းသိေစခ်င္လို႔ ယုန္အ႐ုပ္ေလးကို နား႐ြက္လိမ္ဆြဲလိုက္ ေခါင္းကိုထုလိုက္လုပ္ေနတာနဲ႔တင္ ရယ္ခ်င္စိတ္ေတြကိုထိန္းထားရျပန္သည္)

' က်ေတာ့္ကို စိတ္ေကာက္ေနတာလား '

' ဟုတ္တယ္ '

' နည္းနည္းပါးပါးေလးလဲ ဟန္ေဆာင္ပါအုံးလား '

' ဟန္မေဆာင္ႏိုင္ဘူး အခ်စ္က ကိုယ့္ကိုမွမခ်စ္တာ '

' ေဟာဗ်ာ...က်ေတာ္က ဘာလို႔မခ်စ္ရမွာတုန္း '

' .......'

တဖက္ကိုမ်က္ႏွာလႊဲပီး က်ေတာ့္ကိုစိတ္ေကာက္ေနတဲ့ လူဆိုးေကာင္ရဲ႕ ပါးေလးကိုတခ်က္နမ္းရႈံ႕လိုက္ေတာ့ ခပ္ေရးေရးေလးၿပဳံးလာတယ္...ဒါေပမယ့္ က်ေတာ့္ကိုေတာ့ အၾကည့္ခ်င္းမဆုံေသးတာေၾကာင့္ နားအနားကပ္ကာ စိတ္ေကာက္ေျပေစမဲ့ စကားနဲ႔ ေခ်ာ့ရျပန္တယ္....

' က်ေတာ္က ကိုကို႔(ကို) အမ်ားႀကီးခ်စ္တာပါ '

စကားဆုံးတာနဲ႔ က်ေတာ့္ဘက္ကိုလွည့္လာပီး ေသခ်ာစူးစိုက္ၾကည့္ေနတဲ့သူရဲ႕ မ်က္၀န္းေတြထဲမွာ မ်က္ရည္ေလးေတြက အရည္လဲ့လွ်က္ပင္

' ဟင္ ခင္ဗ်ားငိုေနတာလား '

' လြန္းတာေနဆန္း...မင္းကေလတကယ္မလြယ္ဘူး ကိုယ့္ကိုအနာေပးလိုက္ ေဆးေပးလိုက္နဲ႔ ႐ူးေအာင္လုပ္ေနတာ '

က်ေတာ့္ရင္ခြင္ထဲကို သူ႔ခႏၶာကိုယ္ႀကီးကအတင္းတိုး၀င္လာကာ သူ႔ေခါင္းေပၚကို က်ေတာ့္လက္တင္ပီး ေခါင္းပြတ္ေပးဆိုတဲ့ပုံစံမ်ိဳးနဲ႔ အမူအယာလုပ္ျပတယ္....တကယ္ပါပဲ အႀကီးျဖစ္ပီး ခြၽဲတတ္တာလဲလြန္ပါေရာ...
သူ႔ဆံပင္ေလးေတြကို လက္နဲ႔ထိုးဖြပီး ဖြဖြေလးပြတ္ေပးေတာ့ က်ေတာ့္ခါးေလးကို တင္းတင္းက်ပ္က်ပ္ပိုဖက္လာျပန္တယ္ ေျပာမဲ့သာေျပာတာ သုံးရက္အတြင္းခြဲေနရတာ က်ေတာ့္အတြက္လဲအဆင္မေျပပါဘူး ညတိုင္းက်ေတာ့္ကို ရင္ခြင္ထဲထည့္ဖက္ေပးထားသူရဲ႕ ကိုယ္ေငြ႕ေလးကိုလြမ္းေနမိမွာ...

' သုံးရက္အတြင္း ကိုယ့္အေၾကာင္းေတြပဲ ေတြးေနရမယ္ေနာ္ '

' အင္းပါ '

' တခုခုျဖစ္ရင္ ကိုယ့္ကိုခ်က္ခ်င္းဖုန္းဆက္ေနာ္ ကိုယ္ကအေျပးေလးလာခဲ့မွာ '

' သုံးရက္ေလးပဲကို အကဲပိုေနျပန္ပီ '

' ပိုမွာပဲ အကဲပိုစရာဒီတေယာက္ေလးပဲရွိတာ '

' က်ေတာ္မရွိတဲ့အခ်ိန္ ညနက္မွအိမ္ျပန္လာတာမ်ိဳးမလုပ္နဲ႔ေနာ္ အိမ္ကိုေစာေစာျပန္ '

' မျပန္ဘူး လမ္းေပၚမွာပဲအိပ္ပစ္မွာ '

' ခင္ဗ်ား က်ေတာ့္ကိုရစ္လို႔ပီးအုံးမွာလား '

' မရစ္ရပါဘူးကြာ ကိုယ္က၀မ္းနည္းေနတာ '

' ၀မ္းနည္းေနတဲ့ပုံႀကီးကလဲ '

' ေခါင္းပြတ္ေပးအုံး '

က်ေတာ့္လက္ကို သူ႔ေခါင္းေပၚျပန္တင္ကာ ေခါင္းပြတ္ခိုင္းတာေၾကာင့္ ဒီတခါေတာ့ သူ႔ဆံပင္ေတြကို ျပင္းျပင္းေလးထိုးဖြပီး ရႈပ္ပြေအာင္လုပ္လိုက္တယ္ ဒါေပမဲ့က်ေတာ့္ကိုၿပဳံးျပကာ ႀကိဳက္သလိုလုပ္ဆိုတဲ့ပုံစံမ်ိဳးနဲ႔ က်ေတာ့္ခါးကိုအတင္းဖက္ထားျပန္တယ္...သုံးရက္ေလးခြဲရမွာကို အပီအျပင္ခြၽဲေနေတာ့တာပါပဲ

' က်ေတာ္မနက္က်ရင္ အေစာႀကီးထသြားရမွာ...ခင္ဗ်ားအိပ္ေတာ့ေနာ္ '

' အခ်စ္ကေကာ မအိပ္ဘူးလား '

' က်ေတာ္ကမအိပ္ေသးဘူး လုပ္စရာေလးေတြရွိ...'

' အာ့ '

စကားမဆုံးခင္မွာပဲ လြန္းခႏၶာကိုယ္ေလးကို ဟန္နရီေပြ႕ခ်ီကာ အိပ္ယာေပၚခ်ေပးလိုက္သည္ ပီးတာနဲ႔ လြန္းကို သူ႔ရင္ခြင္က်ယ္ႀကီးထဲ တိုး၀င္ေစကာ ခါးေလးကို တင္းက်ပ္စြာဖက္ထားလိုက္သည္....

' ဘာစကားမွျပန္မေျပာပဲ အိပ္ေတာ့ '

' က်ေတာ္လုပ္စရာေလးေတြရွိေသးတယ္ '

' မလုပ္နဲ႔ အခုကအိပ္ခ်ိန္...အိပ္ကိုအိပ္ရမယ္ '

' က်ေတာ္မွမအိပ္ခ်င္ေသးတာ '

' ကိုယ့္ခါးေပၚကို ေျခေထာက္တင္လိုက္ '

' ဘာလို႔လဲ '

' ႏွိမ့္ေပးမလို႔ေလ ေျခဖ၀ါးႏွိမ့္ေပးရင္ အိပ္ခ်င္လာတယ္မွတ္လား '

ေခါင္းငုံ႔ကာ တခ်က္ၿပဳံးလိုက္ပီး သူ႔ခါးေပၚေျခေထာက္တင္ေပးလိုက္တယ္ ေျခဖ၀ါးမႏွိမ့္ေပးခင္ ေပါင္ကိုပြတ္သီးပြတ္သပ္လာလုပ္ေနတာေၾကာင့္ ဆူရပါေသးတယ္...ဒီလူက တကယ္မလြယ္တဲ့လူ

' ခင္ဗ်ားေျပာေတာ့ ေျခဖ၀ါးႏွိမ့္ေပးမွာဆို ...အခုဘာေတြလာလုပ္ေနတာလဲ '

' ႏွိမ့္ေပးမွာပါ အသားအရည္ေကာင္းမေကာင္းစမ္းၾကည့္တာ '

' ခင္ဗ်ားက အရမ္းဥာဏ္မ်ားလြန္းတယ္ '

' ဥာဏ္မ်ားတဲ့လူက အခ်စ္လို ငတုံးေလးနဲ႔မွလိုက္ဖက္တာေလ '

' အဲ့လိုအေျပာေတြနဲ႔ အရင္ကဘယ္ႏွေယာက္ေလာက္ကိုမ်ား သိမ္းသြင္းခဲ့ပီးပီလဲ '

' အမ္ မမွတ္မိေတာ့ဘူး....ဆယ္ေယာက္လား ဒါမွမဟုတ္ အေယာက္ႏွစ္ဆယ္ေလာက္မ်ားလား '

က်ေတာ့္ကို တမင္သပ္သပ္စိတ္တိုေအာင္ လာစေနတဲ့သူကို ဗိုက္ေၾကာနာနာေလးဆြဲေပးလိုက္တယ္ မဟုတ္ရင္ သူကအၿမဲက်ေတာ့္ကိုဆို စေနတာ....

' အာ့....လက္စကလဲျပင္းလိုက္တာ ဒီမွာနာသြားပီ '

' နာေအာင္တမင္သပ္သပ္လုပ္တာ ခင္ဗ်ားကက်ေတာ့္ကိုဆိုအၿမဲစေနတာ '

' ခ်စ္လို႔ စတာေလ ကေလးကလဲ '

' က်ေတာ္ကေလးမဟုတ္ဘူးလို႔!!!'

' ကေလးမဟုတ္ရင္ ကိုယ့္ကိိုနမ္း '

' ဘာဆိုင္လို႔လဲ '

' Goodnight kissမေပးရေသးဘူးေလ အဲ့တာေပးအုံး...ေပးမွာလား မေပးဘူးလား '

' ခင္ဗ်ားပုံက က်ေတာ့္ကို ဓါးျပတိုက္ေနတာနဲ႔တူေနပီ '

' လြန္းတာေနဆန္း!! ကိုယ္စိတ္မရွည္ေတာ့ဘူးေနာ္ ကိုယ့္ကိုနမ္းမွာလား မနမ္းရင္ကိုယ္နမ္းမွာေနာ္ "

က်ေတာ့္ဘက္ကို ႏႈတ္ခမ္းေထာ္ေပးပီး နမ္းခိုင္းေနတဲ့သူရဲ႕ႏႈတ္ခမ္းကို မ်က္လုံးစုံပိတ္ကာ တံဆိပ္ခတ္ေပးလိုက္တယ္ အေရးႀကီးတာ သူ႔ပါးစပ္ပိတ္သြားပီး အိပ္သြားဖို႔ပဲမွတ္လား .....လိုခ်င္တာရသြားေတာ့ မ်က္ႏွာကၿပဳံးၿဖီးပီး က်ေတာ့္ကိုဖက္ထားကာ အသံပိတ္သြားတယ္ ....ဒီလိုအခ်ိန္မွာဘယ္သူက ကေလးျဖစ္ေနလဲဆိုတာေတာင္မသိေတာ့ပါဘူး....ဒါနဲ႔မ်ား က်ေတာ့္ကိုကေလးတဲ့ သူကိုယ္တိုင္က် ကေလးဆန္ေနပီးေတာ့....
*******

မနက္အေစာႀကီးထသြားရမွာမို႔ အအိပ္မက္တဲ့လူႀကီးကိုမႏႈိးပဲ ထသြားလိိုက္မယ္လို႔ ႀကံစည္ထားေပမဲ့ က်ေတာ္အိပ္ယာႏိုးလာေတာ့ ထိုလူက က်ေတာ့္ေဘးမွာရွိမေန...အရင္က ဒီလိုအခ်ိန္ဆို အိပ္ေမာက်ေနေသးတဲ့လူက အခုေတာ့ မနက္အေစာႀကီးေပ်ာက္ေနတာေၾကာင့္ အံ့ၾသမိျပန္တယ္

' ႏိုးလာပီလား အခ်စ္'

အခန္းအျပင္ကေန ႏြားႏို႔ခြက္ေလးကိုင္ပီး ၀င္လာတဲ့သူေၾကာင့္ ပိုပီးအံ့ၾသသြားရျပန္တယ္...အိပ္ခ်င္မူးတူး႐ုပ္ေလးျဖစ္ေနတာေၾကာင့္ အရင္ထဲကေမွးစင္းေနတဲ့ မ်က္၀န္းေတြက ပိတ္လုနီးပါးပင္

' ခင္ဗ်ား အေစာႀကီးဘာထလုပ္ေနတာလဲ '

' ကိုယ္ အခ်စ္ေသာက္ဖို႔ ႏြားႏို႔ပူပူေလးသြားလုပ္ေပးေနတာ ေဆး႐ုံမသြားခင္ အားရွိသြားေအာင္လို႔ေလ '

' အဲ့လိုနဲ႔ပဲ မနက္အေစာႀကီးထလိုက္တယ္ေပါ့ေလ '

' မထရင္ အခ်စ္က ကိုယ့္ကိုတေယာက္ထဲထားခဲ့မွာေလ '

' ေတာ္ေတာ္အေျပာေကာင္း '

' အေျပာေကာင္းလို႔ နမ္းခ်င္တယ္ဆိုလဲရတယ္ေနာ္ ကိုယ္မျငင္းပါဘူး '

' အားေန အဲ့တာပဲေျပာေနလိုက္ '

' ေျပာမွာပဲ ခ်စ္တာကို '

' ကဲပါ အဲ့ႏြားႏို႔ဒီကိုေပး မဟုတ္ရင္ေအးကုန္ေတာ့မယ္ '

သူယူလာေပးတဲ့ ႏြားႏို႔ကို တစက္မွမက်န္ေအာင္ ေမာ့ခ်လိုက္တယ္ ေဘးကေန က်ေတာ့္ကို မ်က္ေတာင္မခပ္ပဲ ေငးၾကည့္ေနတဲ့သူေၾကာင့္လဲ ရွက္မိျပန္ပါေသးတယ္

' က်ေတာ္ေရသြားခ်ိဳးပီး အ၀တ္အစားလဲလိုက္အုံးမယ္ ခင္ဗ်ားျပန္အိပ္ခ်င္ရင္ အိပ္ေလ '

' ဘယ္သူကအိပ္မယ္ေျပာလို႔လဲ ေဆး႐ုံကို ကိုယ္လိုက္ပို႔အုံးမွာ '

' ေဆး႐ုံထိလိုက္ပို႔အုံးမလိုလား '

' ဟုတ္တယ္ေလ ဘာလဲအဲ့တာလဲလိုက္မပို႔နဲ႔ဆိုပီး ျငင္းအုံးမွာလား လိုက္မပို႔ရရင္ ကိုယ္ကေတာ့ လမ္းမေပၚမွာတကယ္ သြားအိပ္ပစ္မွာေနာ္ ကားေတြတက္ႀကိတ္ရင္လဲ ႀကိတ္ပါေစ '

' ေတာ္ပါေတာ့ အဲ့ေလာက္ဆိုသိပါပီ.....လိုက္ပို႔ခ်င္ရင္လဲလိုက္ပို႔ '

သူလိုခ်င္တဲ့အေျဖရသြားေတာ့ က်ေတာ့္ခါးကို အတင္းလာဖက္ပီး ရင္ခြင္ထဲေခါင္းလာထိုးေပးျပန္တယ္....ထုံးစံအတိုင္း သူ႔ေခါင္းကိုပြတ္ခိုင္းမွန္း သေဘာေပါက္ေနပါပီ

' ခင္ဗ်ားက ေခြးေပါက္စေလးလား အားေနရင္အဲ့ေခါင္းပဲလာပြတ္ခိုင္းေနတယ္ '

' ေခြးဆိုရင္လဲ အခ်စ္ရဲ႕ေခြးေပါက္စေလးပဲလုပ္မယ္ အခ်စ္က တိကုဆရာ၀န္ေလး ကိုယ္ကအခ်စ္ရဲ႕ကုသမႈေတြလိုအပ္ေနတဲ့ puppyေလးေပါ့ '

' ေတာ္ေတာ္အေျပာေကာင္း '

' သေဘာက်ရင္ နမ္းလို႔ရတယ္ေနာ္ '

' ေတာ္ပါေတာ့ '

*****

ဒီေန႔ေတာ့ အကို႔မ်က္စိထဲသေဘာက်ေလာက္မဲ့ ပုဆိုးေလးနဲ႔ shirtလက္တို ခဲေရာင္ေလးကို ေသသပ္စြာ၀တ္ဆင္လိုက္တယ္ ေခါင္းထဲမွာလဲ ေဆးသုတ္လက္စ ေက်ာင္းေဆာင္ေလးကို ဆက္ပီးေဆးသုတ္ေပးဖို႔သာ က်ေတာ့္ေခါင္းထဲေတြးေနမိတယ္...အခုတေလာ လုပ္စရာကိစၥကလဲမရွိ Bossကလဲၿငိမ္ေနတာေၾကာင့္ အကို႔ဆီသြားဖို႔ အခြင့္အေရးကပိုမ်ားသြားတယ္ ဘာလို႔ဒီလိုခံစားခ်က္ႀကီးျဖစ္ေနလဲမသိေပမဲ့ အကို႔မ်က္ႏွာေလးျမင္လိုက္ရင္ ရင္ထဲေအးခ်မ္းမိတာေတာ့အမွန္ပင္ ...စိတ္ညစ္တဲ့အခ်ိန္တိုင္း clubမွာ ေဆးလိပ္ေသာက္ေနတတ္တဲ့အကိုက ေဂဟာက ကေလးေတြေရွ႕မွာေတာ့ အကို႔ရဲ႕ ဆိုးသြမ္းတဲ့ပုံေလးကို တစက္ေလးေတာင္မေတြ႕ရ..

' တီ တီ တီ '

အေတြးလြန္ေနတုန္း ႐ုတ္တရက္ျမည္လာတဲ့ ဖုန္းသံေၾကာင့္နည္းနည္းေတာ့ ေဒါသထြက္မိသြားတယ္...ဘယ္သူကမ်ား လာရႈပ္ေနလဲဆိုပီး ဖုန္းနံပါတ္ၾကည့္လိုက္ေတာ့ ေဒါသအိုးဆရာသမားပင္...ေရွ႕ရက္ေတြက ဘာသတင္းမွမၾကားပဲၿငိမ္ေနရာကေန အခုဖုန္းဆက္လာပီဆိုေတာ့ က်ေတာ့္ကို တခုမဟုတ္တခုခိုင္းေတာ့မယ္ဆိုတာ သိပီးသားပင္

' Hello '

' Sam..... ငါအဆင္မေျပဘူး '

(အသံနားေထာင္လိုက္ထဲကသိလိုက္ပါပီ တျခားကိစၥေၾကာင့္မဟုတ္ပဲ သူ႔ကေလးနဲ႔ ျပႆနာတတ္လို႔ က်ေတာ့္ကိုလာရစ္ေတာ့မယ္ဆိုတာ)

' ဘာျဖစ္လို႔လဲ Boss '

' လြန္းတာေနဆန္းသြားတဲ့ေဆး႐ုံလိပ္စာငါပို႔ေပးမယ္ အဲ့ေဆး႐ုံကေန ဘယ္အခ်ိန္ဘယ္ေနရာကို ဘယ္ေန႔မွာသြားမယ္ဆိုတာကို ငါ့ကိုစုံစမ္းေပး '

' ခင္ဗ်ာ!! အခုခ်က္ခ်င္းႀကီးလား '

' ဟုတ္တယ္ အခုပဲသိခ်င္တာအခုပဲစုံစမ္းေပး '

' က်ေတာ္ သြားစရာေလးရွိ....'

" သြားစရာရွိတာေနာက္မွသြား ငါ့ကိစၥကအေရးႀကီးေနတာမို႔ အခုခ်က္ခ်င္းသြားစုံစမ္းပီး ဖုန္းျပန္ဆက္ '

တခ်က္လႊတ္အမိန္႔ေၾကာင့္ ဘာမွမတတ္ႏိုင္တာေတာ့ျငင္းမရ...အကို႔ဆီသြားခ်င္ေနတဲ့စိတ္ေတြကို ျပန္လည္ထိန္းလိုက္ပီး ၀တ္ေနက် Hoodieအပြနဲ႔ ေဘာင္းဘီရွည္ကိုသာအျမန္လဲ၀တ္လိုက္ပီး Bossရဲ႕ အရႈပ္ထုတ္ေလးကိစၥကိုစုံစမ္းဖို႔ ျပင္ဆင္လိုက္တယ္...
တခါတေလမွာ Bossကအရမ္းကေလးဆန္လြန္းတဲ့လုပ္ရပ္ေတြ လုပ္တတ္မွန္းသိေပမဲ့ သူ႔ကေလးကိုခ်စ္လို႔ ျဖစ္ေပၚလာတာေၾကာင့္ ကိုယ့္မွာအျပစ္မတင္ရက္...လူတိုင္းက သူတို႔ခ်စ္တဲ့သူနဲ႔ေတြ႕ရင္ေတာ့ ကေလးဆန္တတ္ၾကတာပါပဲေလ....အခုေတာ့ သူမ်ားအတြဲၾကား ဒုကၡခံလိုက္အုံးေပါ့ Samေရဆိုပီးသာ ကိုယ့္ကိုကိုယ္ ႏွစ္သိမ့္ပီး စုံေထာက္လုပ္ဖို႔ ခရီးအစျပဳလိုက္ပါေတာ့တယ္.....

Grey
27.12.21

Continue Reading

You'll Also Like

3.9M 371K 43
α€˜α€šα€Ία€α€―α€”α€Ία€Έα€€α€™α€Ύ α€žα€­α€€α€Ήα€α€¬α€€α€»α€›α€α€šα€Ία€œα€­α€―α€· α€™α€α€½α€±α€Έα€α€²α€·α€–α€°α€Έα€˜α€°α€Έ ထင်စေ။ဒါတွေက α€„α€«α€™α€„α€Ία€Έα€€α€­α€―α€α€»α€…α€Ία€œα€­α€―α€·
3M 251K 66
ကျိန်စာတွေ α€œα€Ύα€œα€½α€”α€Ία€Έα€α€²α€·α€‘α€α€« α€‘α€›α€Ύα€―α€Άα€Έα€•α€±α€Έα€žα€°α€€ ? Start ~24.6.2021πŸ’” End~ 22.11.2021πŸ’”
3.4M 352K 37
α€α€°α€Έα€†α€Όα€α€Ήα€–α€­α€―α‚”α€™α€±α€œα€¬α€•α€«α€”α€²α‚” α€α€…α€Ήα€α€Ία€­α€”α€Ήα€™α€½α€¬α€‘α€œα€­α€―α€€α€Ήα€žα€„α€Ήα€·α€±α‚‚α€€α€Όα€€α€Ία€±α€•α€Έα€•α€«α€·α€™α€šα€Ή α€‘α€²α€‘α€α€Ία€­α€”α€Ήα€€α€Ία€›α€„α€Ήα€žα€¬ α€α€šα€―α€α€šα€”α€²α‚”α€±α€€α€¬α€€α€Ήα€šα€°α€•α€« α€±α€™α€¬α€„α€Ήα€›α€šα€Ή