ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...
By Juliexin__
1.9M 332K 9.6K
I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More
Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး
*91* ကလေးတွေအမေ
9.6K 1.8K 90
By Juliexin__
သူမသားရဲ့ တုံ့ပြန်မှုကိုသတိပြုမိလိုက်တဲ့အခါ ရန်ချိုးရွှမ် နှာခေါင်းရှုံ့လိုက်ကာ ဆက်ပြီး သွေးဆောင်ဖြားယောင်းနေလိုက်သည်။
"မင်းအိပ်ယာပေါ်မှာ သူ့အောက်ကနေမနေချင်ဘူးလား"
ယောက်ျားတစ်ယောက်ရဲ့အောက်မှာနေရမယ်!!..သူ့မသိစိတ်က သူ့ကို မနေဘူးလို့ပြောနေပေမဲ့..အဲ့လူက ယင်ကျင်းရဲ့လို့တွေးလိုက်မိတဲ့အခါမှာတော့ ဟင့်အင်းလို့ မပြောထွက်နိုင်ဘဲ ထိုတောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကို သူတစ်ကယ်သွားထိကိုင်ချင်နေမိသည်။
"သူ့ရဲ့ နက်မှောင်ချောမွေ့နေတဲ့ဆံနွယ်တွေကို မထိကိုင်ချင်ဘူးလား..သူ့ရဲ့တောင့်တင်းနေတဲ့ရင်အုပ်တွေ..တင်ပါးတွေကိုရော မကိုင်ချင်ဘူးလား..သူ့အငယ်လေးက မင်းနဲ့ဆက်ယှက်နေတဲ့အခါ ဖြစ်လာမဲ့သူ့အမူအယာကိုရောတွေ့ချင်လား..စိတ်ကူးကြည့်လိုက် သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ပုံရိပ် သြရှနေတဲ့အသံ..သူ့ရဲ့မောဟိုက်နေတဲ့အသံရှရှက မင်းနားထဲကို ဘယ်လိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်သွားမလဲ ပုံဖော်ကြည့်လိုက်...သူ့ရဲ့ ကြည့်ကောင်းလွန်းတဲ့ နှုတ်ခမ်းတစ်စုံက မင်းတစ်ကိုယ်လုံးကိုနမ်းရှိုက်နေမဲ့ပုံ သူ့ရဲ့ နူးညံ့ညင်သာတဲ့လက်ရှည်ရှည်သွယ်သွယ်တွေနဲ့ မင်းတစ်ကိုယ်လုံးကို ယုယုယယပွတ်သပ်နေမဲ့ပုံ..စိတ်ကူးကြည့်လိုက်စမ်းပါ..စိတ်လှုပ်ရှားစရာမကောင်းဘူးလား"
သူမစကားတွေကိုနားထောင်ရင်း ရုန်ယိ ထိုတပ်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းကို ပုံဖော်မကြည့်ဘဲမနေနိုင်တော့..။
ရန်ချိုးရွှမ် သူမရဲ့ဆုပ်ကိုင်ထားမှုကိုဖြေလျှော့ပေးလိုက်ပြီး ရုန်ယိလက်ထဲကို ကျော့ရှင်းကောင်းမွန်လှတဲ့ ဝတ်စုံတစ်စုံထည့်ပေးလိုက်သည်။
"ဒါငါပေးလိုက်တာလို့ပြောပြီး သူ့ကို အဝတ်အစားသွားလဲပေးလိုက်...သူရေချိုးပြီးမှ ဝတ်ပေးလိုက်နော်..မင်းပါ သူနဲ့ရေတူတူချိုးလိုက်ရင်တော့ ပိုကောင်းတာပေါ့"
ရုန်ယိ သူ့ကိုယ်သူ သတိပြန်ဝင်လာတဲ့အခါ သူ့ညီလေးက ထောင်မတ်နေပြီဖြစ်ကြောင်း တွေ့ရှိသွားရသည်။
သူ စိတ်ရှုပ်ထွေးသွားရ၏။ သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်းက ဒီလောက်တောင်ဘဲနိမ့်ရသလား..စကားလုံးလေးအနည်းငယ်လောက်နဲ့ သူက ဒီလိုပုံစံဖြစ်သွားခဲ့ရတယ်လို့...
ဒါမှမဟုတ် ဖြစ်နိုင်တာက....
ရုန်ယိ ရန်ချိုးရွှမ်ဘက်ကို လှည့်ကြည့်လိုက်မိသည်။
သူမက သူ့ကို ဝိညာဥ်စွမ်းအားသုံးပြီး ညှို့ယူလိုက်တာများလား...
"သူ့ကျင့်ကြံဆင့်အရဆိုရင် ငါတို့ဒီမှာပုန်းနေတာ သူသိနေလောက်ပြီ..ဒါကြောင့် ယောက်ျားတစ်ယောက်လိုမျိုး ဝင်သွားပြီး သူ့ကိုဝတ်စုံသာသွားပေးလိုက်..မင်းသာ ယောက်ျားဆိုရင်  သူ့ကို ရေသုတ်ဖို့ပုဝါတစ်ထည်ကမ်းပေးလိုက် ပြီးတော့ မင်းသိပါတယ်..အဲ့တာ...."
ရုန်ယိ အံကြိတ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။
"တစ်ကယ့်ယောက်ျားအစစ်က တစ်ခြားယောက်ျားတစ်ယောက်လှဲချတာကို ဘယ်တော့မှမခံဘူး!"
ရန်ချိုးရွှမ် နှာခေါင်းရှုံ့လိုက်၏။
"ဒါဆိုလည်း မင်းကိုယ်မင်း မိန်းမလို့သာတွေးလိုက်တော့..အိုး..ဟုတ်သား..ဒါက မင်းရဲ့ပထမဆုံးအကြိမ်ဆိုတာမေ့တော့မလို့..ဘာလုပ်ရမလဲဆိုတာ မင်းသိမှာမဟုတ်ဘူး"
ထို့နောက် သူမက စာအုပ်တစ်အုပ်ကိုထုတ်လိုက်ကာ အဓိကအချက်နေရာကိုသာ တန်းလှန်လိုက်ပြီး အဆင့်တွေကိုသေချာမှတ်ထားဖို့ ရုန်ယိကိုပြောလိုက်သည်။
"မှတ်ထားနော်..မင်းကိုယ်မင်း ထိခိုက်အောင်မလုပ်နဲ့"
ရုန်ယိမှာ ယောက်ျားနှစ်ယောက် ဆက်ယှက်နေတဲ့ပုံကိုကြည့်ပြီး သူ့မျက်လုံးထောင့်တွေ တွန့်သွားရ၏။ သူ့မှာ ဒါကိုတောင် ဆက်မကြည့်ရဲတော့ပေ။
"သိမ်းထားလိုက်"
ရန်ချိုးရွှမ်က စာအုပ်ကို သူ့လက်ထဲထည့်ပေးလာသည်။
"ဒါက တစ်နေ့တော့ မင်းအတွက်အသုံးဝင်လာလိမ့်မယ်..မှတ်ထား..ကိုယ့်ရဲ့တွဲဖက်ကို စိတ်ကျေနပ်အောင်မလုပ်ပေးနိုင်တဲ့သူက လက်တွဲဖော်ကောင်းမဟုတ်ဘူး"
ရုန်ယိ အသက်ပြင်းပြင်းရှူလိုက်ပြီး
"ကျွန်တော့်မှာ ဒီလိုကိုယ်ဝန်ကြီးနဲ့ကို ဒီလိုကိစ္စတွေလုပ်တာ သင့်တော်မယ်လို့ အမေထင်လို့လား"
"အရမ်းမကြမ်းတမ်းသရွေ့ ပုံမှန်လေးလုပ်တာဆိုရင် ကလေးအတွက်တောင် တစ်မျိုးကောင်းသေးတယ်"
ရန်ချိုးရွှမ်က ထွက်မသွားခင် ထပ်ပြောသွားသေး၏။
"ယိအာ..မင်းမှာ သူ့အတွက်ခံစားချက်တွေရှိနေတယ်ဆိုတာ အမေပြောနိုင်တယ်...ဒီလိုဆိုမှတော့ မင်းဒါကို တန်ဖိုးထားပြီး ဒီ့အတွက်ကြိုးစားသင့်တယ်..သူ့ကိုချစ်ဖို့ ကြိုးစားကြည့်ပေါ့..အကယ်၍ သူ့နှလုံးသားကိုမရနိုင်ခဲ့ရင်တောင်မှ ကြိုးစားကြည့်ခဲ့သေးတာကြောင့် ဝမ်းနည်းရုံဘဲခံစားရမှာ..ကျန်တဲ့တစ်ဘဝလုံးကို နောင်တတွေရော ဝမ်းနည်းမှုတွေရောနဲ့ပါနေထိုင်သွားရမှာတော့ မဟုတ်တော့ဘူး"
ရုန်ယိ "....."
ဘာလို့များ လူတိုင်းက သူ ယင်ကျင်းရဲ့အပေါ် ခံစားချက်တွေရှိနေတယ်လို့ဘဲ ပြောနေကြရတာလဲ....
သူ့အပြုအမူတစ်ခုခုကများ သူ ယင်ကျင်းရဲ့ကို သဘောကျနေပါတယ်လို့ သူတို့ကိုပြောနေလို့လား..
ရုန်ယိ တံခါးဝနားရောက်နေပြီဖြစ်တဲ့ ရန်ချိုးရွှမ်ကို လှမ်းမေးလိုက်သည်။
"အမေ..အမေက ဘယ်ဂိုဏ်းကလဲဆိုတာ ကျွန်တော်မေးကြည့်လို့ရလား."
"မင်းအမေငါက ဟယ့်ဟွမ်ကော*ကလူလေ"
[##
*ဟယ့်ဟွမ်ကော ဆိုတာ ချစ်ရေးချစ်ရာပြုလုပ်တဲ့စံအိမ်လို့ အဓိပ္ပာယ်ရပါတယ်]
"....."
ရုန်ယိ ပါးစပ်ထောင့်တွေ တွန့်သွားရ၏။ အခုတော့ ရန်ချိုးရွှမ် သူ့အပေါ် ညှို့ယူတဲ့နည်းတွေသုံးခဲ့တာ သူပိုသေချာသွားရလေပြီ။
ထို့နောက် သူတစ်ဖက်လှည့်ကာ တံခါးကိုတွန်းဖွင့်လိုက်ပြီး ယင်ကျင်းရဲ့ကိုပြောလိုက်သည်။
"ကလေးတွေအဖေ..ကျွန်တော့်အမေက ခင်ဗျားအတွက် ဝတ်စုံအသစ်တွေပို့ပေးခိုင်းလိုက်တယ်"
ယင်ကျင်းရဲ့က အံ့သြမသွားပေ။
"လိုက်ကာပေါ်မှာ တင်ထားခဲ့လိုက်"
အဝတ်ကို လိုက်ကာပေါ်မှာတင်ရင်း ရုန်ယိ ရေချိုးနေတဲ့ ယင်ကျင်းရဲ့ကိုလှမ်းကြည့်လိုက်ကာ နောက် သူ့ရဲ့နိုးထနေတဲ့ညီငယ်လေးကို ငုံ့ကြည့်လိုက်မိသည်။ သူ့ရဲ့ အရိုင်းဆန်နေတဲ့ခံစားချက်တွေဖြစ်နေတဲ့စိတ်ကိုဖိနှိပ်ဖို့ ရုန်ယိမှာ စိတ်နှလုံးကြည်လင်စေတဲ့ ဂါထာကိုရွတ်ဆိုလိုက်ရပြီး ယင်ကျင်းရဲ့ကို ေပြာလိုက်သည်။
"ကလေးတွေအဖေ..ကျွန်တော် ခင်ဗျားကျောကိုတိုက်ပေးရမလား"
"အင်း"
ယင်ကျင်းရဲ့က မျက်လုံးတွေမှိတ်ထားရင်း ပျင်းရိလေးတွဲ့စွာနဲ့ ပြန်ဖြေလိုက်သည်။
သူ့ရဲ့သဘောတူတဲ့အဖြေကိုကြားလိုက်တဲ့အခါ ရုန်ယိမှာ မြူးထူးသွားရသည်။
ဒါဆို သူ ယင်ကျင်းရဲ့ကို သဘောကျနေတယ်ဆိုတာအမှန်ပေါ့..ရန်ချိုးရွှမ်ပြောသလို သူ ယောက်ျားတစ်ယောက်ကို သဘောကျနေတာပေါ့...
သူ့အဝတ်အစားတွေကိုချွတ်လိုက်ပြီးတော့ သူ့ရဲ့ထွက်နေတဲ့ဗိုက်ကြီးကို ကြည့်လိုက်မိသည်။ ယင်ကျင်းရဲ့အရှေ့မှာ သူ့ဗိုက်ကြီးကို ဖော်ပြရမှာ သူတစ်ကယ် ရှက်သလိုခံစားနေရလေသည်။ ဒါကြောင့် သူ့အောက်ခံဝတ်စုံတစ်ထပ်နဲ့ဘဲ ရေထဲကိုဆင်းလိုက်တော့သည်။
ယင်ကျင်းရဲ့က ရယ်မြူးရိပ်သန်းနေတဲ့အကြည့်တွေနဲ့ သူ့ကို တစ်ချက်ကြည့်လာ၏။
ထို့နောက် ရုန်ယိ ရေချိုးတဲ့ပုဝါကိုယူကာ ယင်ကျင်းရဲ့နောက်ကိုသွားလိုက်ပြီး သူ့ကျောကိုပွတ်ပေးလိုက်သည်။
"ကလေးတွေအဖေ..ခင်ဗျား အနံ့တစ်မျိုးမရဘူးလား"
အနံ့က ဖျော့တော့လွန်းသည်။ ဖျော့တော့တာမှ သတိတောင်မထားမိလောက်နိုင်တဲ့အထိဖြစ်၏။ အနံ့ကရှိနေပေမဲ့ အနံ့ခံကြည့်ဖို့ကြိုစားလိုက်ရင်တော့ ပျောက်ကွယ်သွားတတ်လေသည်။
"ရတယ်"
ယင်ကျင်းရဲ့ပြန်ဖြေလာ၏။
ရုန်ယိ ထပ်ခါထပ်ခါ အနံ့ခံကြည့်ပေမဲ့ ဘာနံ့မှန်းမပြောနိုင်တာကြောင့် ဒါကိုထားထားလိုက်ပြီး ယင်ကျင်းရဲ့ကျောကို တိုက်ပေးဖို့သာ အာရုံစိုက်လိုက်တော့သည်။ သူ့အသားအရေက ဘယ်တုန်းကမှ နေရောင်အထိမခံဖူးတာကြောင့် ချောမွေ့ပြီးနူးညံ့နေကာ သူ့ကျောက ဆံနွယ်တွေကလည်း အနက်ရောင်ပိုးသားတွေလိုဘဲဖြစ်၏။ သူမနေနိုင်ဘဲ လက်ဆန့်ကာ ထိကိုင်ကြည့်လိုက်မိသည်။
"ကလေးတွေအဖေ ခင်ဗျားရဲ့ဆံပင်တွေက အရမ်းကောင်းတာဘဲ"
ထို့နောက် ရုန်ယိ တိုးတိုးလေးထပ်ပြောလိုက်၏။
"ခင်ဗျားရဲ့ အသားအရေရောဘဲ"
သူ့အသားအရေက မိန်းကလေးတစ်ယောက်ထက်တောင်မှ ကောင်းသေးသည်။ သူ့ကျောပေါ်က လက်ပြင်ရိုးကလည်း မိန်ကလေးတွေထက်တောင် ဆွဲဆောင်မှုရှိသေး၏။ သူ မနေနိုင်တော့ဘဲ ထိကြည့်လိုက်ချင်ပြီး အနောက်ဘက်ကနေထိကြည့်ရင် ဘယ်လိုခံစားရမလဲသိချင်လာသည်။
သူပြောတာကြားလိုက်တဲ့အခါ ယင်ကျင်းရဲ့က ခပ်လွင်လွင်လေးရယ်မောလာသည်။ သူရယ်လိုက်တဲ့အချိန်မှာ သူ့နောက်က လက်ပြင်ရိုးကလည်း လှုပ်ရှားသွားကာ ရုန်ယိကို လာပါ ထိပါ လို့ ဖိတ်ခေါ်နေသလိုဘဲ ဖြစ်လေသည်။
ရုန်ယိ တံတွေးမြိုချမိလိုက်ပြီး သူ့နောက်ကျောကို ခပ်ဖွဖွလေး ထိကြည့်လိုက်သည်။
"ကလေးတွေအဖေ..ရေတွေက အတော်လေးပူလာတယ်လို့မထင်ဘူးလား"
"ဟင့်အင်း"
"တစ်ကယ်လား!"
ရုန်ယိ သူ့နဖူးပေါ်က ချွေးတွေကိုသုတ်လိုက်ကာ
"ဒါပေမဲ့ ဘာလို့ ကျွန်တော် ပူသထက် ပူလာတယ်လို့ခံစားနေရတာလဲမသိဘူး..အောက်က မီးဖိုက လောင်နေတုန်းများလား"
ယင်ကျင်းရဲ့ သူ့ကိုဘာမှပြန်မဖြေပေမဲ့ သူ့အပြုံးကတော့ ပိုပြီးကြီးသထက်ကြီးမားလာတော့၏။
ရုန်ယိ တဖြေးဖြေးနဲ့ ပိုပိုပြီးမူမမှန်တော့သလိုခံစားလာရပြီး အထူးသဖြင့်တော့ ယင်ကျင်းရဲ့ရဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်မိတဲ့အချိန်ဘဲဖြစ်သည်။ ယင်ကျင်းရဲ့ကိုယ်က တစ်လက်မဆီတိုင်းက သူ့ကိုဆွဲဆောင်နေသလို ခံစားနေရပြီး သူ့ရဲ့ဆံပင်တစ်မျှင်စီကပင် သူ့ကို လက်ယက်ခေါ်နေသလိုပင်။
သူ့နှုတ်ခမ်းလေးကိုလျက်လိုက်ပြီး ရှေ့ကိုမှီကာခေါင်းငုံ့လိုက်ပြီး လှပလှတဲ့လက်ပြင်ရိုးကိုငုံ့နမ်းလိုက်၏။ သူထင်ထားတာထက်တောင်ခံစားလို့ကောင်းသေးတာကြောင့် သူ့လျှာလေးထုတ်ကာ လျက်လိုက်မိသည်။
ယင်ကျင်းရဲ့ရဲ့နောက်ကျောမှာ အနည်းငယ်တုန်ယင်သွားရ၏။ သူ သတိလွတ်လုနီးပါးဖြစ်နေပြီဖြစ်တဲ့ ရုန်ယိဘက်ကို အမြန်လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းတွေကွေးညွှတ်သွားသည်။
ယင်ကျင်းရဲ့ရဲ့ လှပချောမောတဲ့မျက်နှာကိုမြင်လိုက်တဲ့အခါ ရုန်ယိမှာ ချက်ချင်းသာသူ့ကိုရေထဲလှဲချလိုက်ချင်တော့သည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာဘဲ ဒီအတွေးတွေက သူ့ကိုထိတ်လန့်သွားစေလေသည်။
သူ့ခေါင်းသူ ချက်ချင်းခါရမ်းလိုက်ကာ
"သောက်ချီး!!...စိတ်ကြွဆေးပန်းအဆီတွေဘဲ!..ဒါကြောင့်မလို့ ကျွန်တော် အနံ့တွေရနေတာကို!"
"မင်း နောက်ဆုံးတော့သိသွားပြီပေါ့"
ယင်ကျင်းရဲ့ရဲ့ ကျင့်ကြံဆင့်က မြင့်လွန်းတာကြောင့် ဒီပန်းအဆီအနည်းငယ်က သူ့အပေါ်ဘာသက်ရောက်မှုမှမရှိပေ။ ရန်ချိုးရွှမ်ကလည်း သူ့လိုကျင့်ကြံဆင့်မြင့်တဲ့သူအပေါ်မှာ ဒါကိုသုံးရလောက်တဲ့အထိတော့ တုံးအမှာမဟုတ်..။
ရုန်ယိ သုန်မှုန်စွာပြောလိုက်သည်။
"ဒါဆို ခင်ဗျားဘာလို့ ကျွန်တော့်ကိုမပြောတာလဲ!!"
ယင်ကျင်းရဲ့က သူ့ကိုပြန်မေးလိုက်သည်။
"အကယ်၍ မင်းကို တစ်ခြားနေရာမှာ ဆေးခတ်ခဲ့ရင်ရော...ဘယ်သူက မင်းကိုသတိလာပေးမှာလဲ"
"......"
ရုန်ယိ ကျိန်ဆဲမိလိုက်ပြီး ရေကန်ထဲကနေ ချက်ချင်းတွားသွားကာထွက်လိုက်တော့သည်။
"မင်း ဘယ်သွားမလို့လဲ"
"ဖြေရှင်းဖို့ နေရာတစ်ခုရှာမလို့!!"
ရုန်ယိ အခန်းထဲကနေ အမြန်ပြေးထွက်သွားလိုက်သည်။ သူ့ညီလေးက လေး ငါးကြိမ်လောက် မထုတ်လွှတ်ခဲ့ရင် ပြန်ကျသွားမယ့်ပုံမပေါ်ပေ။
ယင်ကျင်းရဲ့ ရုန်ယိ နမ်းသွားတဲ့နေရာကိုထိကြည့်ပြီး   ပြုံးလိုက်မိသည်။
အခန်းပြင်ကနေ စောင့်ကြည့်နေတဲ့ ရန်ချိုးရွှမ်က ရေချိုးဆောင်ထဲကနေ ရုန်ယိတစ်ယောက် တစ်ကိုယ်လုံးစိုရွှဲကာ အောက်ပိုင်းကနိးထလျက်နဲ့ ပြေးထွက်လာတာကိုတွေ့လိုက်ရသည်။ ကြည့်ရတာတော့ သူတို့နှစ်ယောက် အောင်အောင်မြင်မြင်နဲ့ မလုပ်နိုင်ခဲ့ကြတဲ့ပုံပင်..။
"ဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..ဒါကဆေးပမာဏကြောင့်များလား"
သူမက ရုန်ယိ အပြစ်တင်မှာစိုးတာကြောင့် ဆေးကိုအများကြီးမသုံးခဲ့..ဒါကြောင့်သာ ရုန်ယိ ခေါင်းရှင်းရှင်းနဲ့ သတိပြန်ကပ်နိုင်ခဲ့တာဖြစ်၏။
"ဒါမှမဟုတ် ငါမှားသွားတာများလား..သူက ယင်ကျင်းရဲ့ကို လုံးဝသဘောမကျဘူးလား!"
ဒါပေမဲ့ နောက်ထပ်ဖြစ်နိုင်ချေတစ်ခုကတော့ ယင်ကျင်းရဲ့က သူမသားကို သဘောမကျတာကြောင့် ငြင်းပယ်လိုက်တာလည်းဖြစ်နိုင်သည်။
အဲ့အချိန်မှာ သူမနားထဲကို အသံသြသြတစ်သံ ဝင်ရောက်လာခဲ့သည်။
"အခု သူက ကိုယ်ဝန်လွယ်ထားရတာ...အဲ့ကိစ္စလုပ်ဖို့ မသင့်တော်ဘူး"
ရန်ချိုးရွှမ် အလိုအလျောက်ပြန်မေးလိုက်မိသည်။
"ဒါဆို သူကလေးမွေးပြီးသွားရင်တော့ မင်း အဲ့ကိစ္စကိုလုပ်မယ်လို့ပြောချင်တာလား"
ဒါပေမယ့် သူမ အခန်းထဲကနေ ဘာအဖြေမှပြန်မရတော့ပေ။
ရန်ချိုးရွှမ် ပါးစပ်ကိုကာလိုက်ရင်း ပြုံးစိစိဖြစ်သွား၏။ ဒါဆို ယင်ကျင်းရဲ့ကမလိုချင်တာမဟုတ်ဘူးပေါ့ သူက သူမသား မခံနိုင်မှာကိုစိုးရိမ်နေတာဘဲ..ဒါကလည်း ကျိုးကြောင်းဆီလျော်ပါတယ်လေ...သူမသားက ကျင့်ကြံသူတွေအကုန်လုံးအတွက် မီးပြင်းဖိုလိုဖြစ်တည်မှုဖြစ်တဲ့ သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုသိပ်မရှိတဲ့လူတွေဆိုရင် အလွယ်တကူ စွဲလမ်းသွားနိုင်လေသည်။
ဒါပေမဲ့ သူမသား ကလေးကိုမွေးပေးပြီးတဲ့အထိ ဘာမှမလုပ်ဘဲ ဒီအတိုင်းဘေးကနေဘဲ ရပ်ကြည့်နေရမှာတဲ့လား..သူမ အခုနက ခံစားနေရတဲ့ဟာတွေအကုန် တဖြေးဖြေးပျောက်ကွယ်သွားတော့သည်။
ထို့နောက် ယင်ကျင်းရဲ့ရဲ့အသံ နောက်တစ်ခါ ထပ်ပေါ်ထွက်လာပြန်၏။
"ခင်ဗျား ဘာမှလုပ်ဖို့ မလိုဘူး"
"......"
ရန်ချိုးရွှမ် သူမမျက်နှာကို ပြန်ကိုင်ကြည့်လိုက်မိ၏။ သူမ စိတ်ထဲမှာတွေးနေသမျှ မျက်နှာမှာရေးထားသလိုမျိုး ပေါ်နေလို့လား...
ကောင်းပြီလေ..သူက သူမအကူအညီမလိုဘူးဆိုမှတော့ ထားလိုက်ပါတော့မယ်..မဟုတ်ရင်လည်း သူမလုပ်သမျှက အကျိုးမရှိတာတွေဘဲ ဖြစ်ကုန်မှာ..။
သူ့ရဲ့ ခန္ဓာကိုယ်က ပြဿနာကိုဖြေရှင်းပြီးတဲ့အခါ ရုန်ယိ သူ့အခန်းသူပြန်သွားလိုက်၏။ ယင်ကျင်းရဲ့က ထိုင်ခုံမှာ တရားထိုင်နေတာတွေ့တဲ့အခါ သူဇဝေဇဝါဖြစ်သွားရသည်။
"အမေက ခင်ဗျားအတွက် တစ်ခြားတစ်ခန်းမပြင်ပေးဘူးလား"
ယင်ကျင်းရဲ့က မျက်လုံးဖွင့်ကာ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြန်မှိတ်လိုက်တော့သည်။
ရန်ချိုးရွှမ်က သူတို့ကို ဒီနေရာမှာတင် ဆက်ဆံစေချင်နေတဲ့ဟာ သူမက သူ့အတွက် ဘယ်လိုလုပ်ပြီး တစ်ခြားတစ်ခန်းစီစဥ်ပေးမှာလဲ...။
ရုန်ယိ သူ့အပြင်ဝတ်ရုံကိုချွတ်လိုက်ပြီး သူ့ဘေးကနေရာလွတ်ကိုပုတ်ပြရင်းမေးလိုက်သည်။
"ခင်ဗျား ဒီမှာလာလှဲပြီး အတူတူအိပ်ကြမလား"
ယင်ကျင်းရဲ့ နောက်တစ်ကြိမ် မျက်လုံးတွေ ထပ်ဖွင့်လိုက်သည်။
"မင်း သေချာလို့လား"
"ဒါပေါ့!"
ရုန်ယိ အိပ်ရာကို နောက်ထပ်ပုတ်ပြလိုက်သည်။
"ကျွန်တော်တို့နှစ်ယောက်လုံးက ယောက်ျားတွေချည်းဘဲကို..မိန်းမလိုလုပ်မနေစမ်းပါနဲ့...ခင်ဗျား ကျွန်တော်နဲ့အတူ အိပ်ချင်တာတွေ ဘာတွေမရှိဘူးလား"
ယင်ကျင်းရဲ့ သူ့ဝတ်ရုံကို ချွတ်ရင်း ပြန်ဖြေလိုက်၏။
"အင်း အိပ်ချင်ပါတယ်"
"!!!!"
သူ အိပ်ရာပေါ်တက်လာပြီဖြစ်တာတွေ့တဲ့အခါ ရုန်ယိ သူ့စိတ်ကို ချက်ချင်း ပြန်ပြောင်းလိုက်တော့သည်။
"ခင်ဗျား တရားသွားပြန်ထိုင်နေတာကောင်းမယ်ထင်တယ်!"
ယင်ကျင်းရဲ့ သူ့ကို မျက်လုံးတွေမှေးကျဥ်းကာကြည့်လိုက်ပြီး အဝတ်တွေချွတ်ကာ လှဲချလိုက်၏။
ဒါက တစ်ခြားယောက်ျားတွေနဲ့ အတူအိပ်တာ ရုန်ယိအတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ့ သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားကြတဲ့အခါတိုင်းမှာ တစ်ခါတစ်လေ အိပ်ရာမလံလောက်တာမျိုးတွေရှိခဲ့ဖူးတာကြောင့် သူတို့ အတူအိပ်ခဲ့ကြရသည်။ ဒါပေမဲ့အခုလက်ရှိ အခြေအနေနဲ့တော့ လုံးဝလုံးဝကို ကွာခြားလေသည်။ အခုတော့ သူ့မှာအိပ်မပျော်နိုင်ဘဲ သူနဲ့အနီးကပ်လည်းနေချင်သလို ခပ်ဝေးဝေးမှာလည်းနေချင်နေမိပြီး အမြှီးအမောက်မတည့်သလိုခံစားနေရ၏။ ဒါပေမဲ့လည်း သူအရမ်းပျော်နေပြီး နှလုံးကလည်း အချိန်မရွေးခုန်ထွက်သွားတော့မလိုကို အဆက်မပြတ်အမြန်ခုန်နေ၏။
ယင်ကျင်းရဲ့ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင် သူသေချာပေါက်ကို သူ့ရဲ့အခုန်မြန်နေတဲ့ နှလုံးခုန်သံကိုကြားနေရမယ်ဆိုတာ သူသိသည်။
ရုန်ယိ တစ်ဖက်ကို အမြန်လှည့်လိုက်သည်။
ယင်ကျင်းရဲ့ကလည်း သူနဲ့အတူ လိုက်လှည့်လိုက်တာကြောင့် သူ့တံတောင်က ရုန်ယိကျောနဲ့သွားထိနေလေသည်။
ရုန်ယိ ခန္ဓာကိုယ်မှာတောင့်တင်းသွားရကာ ရှေ့ကိုနည်းနည်းလေးထပ်တိုးလိုက်သည်။
ဒီတစ်ကြိမ်တော့ ယင်ကျင်းရဲ့က သူနဲ့အတူလိုက်မရွှေ့တော့ဘဲ အဲ့အစား မေးလိုက်သည်။
"ကလေးတွေအမေ...မင်းဘာလို့စကားမပြောတာလဲ"
"ဒီလောက်ညဥ့်နက်နေပြီဟာကို ခင်ဗျားက ကျွန်တော့်ကို ဘာပြောစေချင်သေးလို့လဲ!"
ထို့နောက် ရုန်ယိ တစ်ခုခုကို သတိပြုမိသွားပြီး နောက်လှည့်ကာ မေးလိုက်၏။
"ခင်ဗျား ကျွန်တော့်ကို ဘယ်လိုခေါ်လိုက်တာ!!"
**************
Zawgyi
"သိမ်းထားလိုက်"
ရုန်ယိ "....."
"မင်းအမေငါက ဟယ်ဟွမ်ကော*ကလူလေ"
[##
"....."
"အင်း"
"ရတယ်"
"ဟင့်အင်း"
"တစ်ကယ်လား!"
"......"
"မင်း ဘယ်သွားမလို့လဲ"
"......"
"မင်း သေချာလို့လား"
"ဒါပေါ့!"
"အင်း အိပ်ချင်ပါတယ်"
"!!!!"
**************
27.12.2021
Continue Reading
You'll Also Like
197K 21.6K 77
1.5K 118 5
သူမ ကမ္ဘာတစ်ခုကို ဖြတ်သန်းလာခဲ့တယ် ။ သို့ပေမယ့် အဲ့ဒီ့ကမ္ဘာဟာ ဖျက်ဆီးခံလိုက်ရတယ် ။ ယုတ်မာတဲ့ စာရေးဆရာဟာ သူမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကို စံချိန်မမှီ...
104K 12.9K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
220K 20.3K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...