Purple Dream [Complete]

By Sakawar-Hlaing

79.3K 6.6K 1.1K

အချစ်ကိုသေချာနားမလည်ပါပဲ တစ်ဖက်သတ်အယူသီးခဲ့သည့် ကောင်လေးတစ်ယောက်၏ အချစ်ဇာတ်လမ်းသည်ကား အဆုံးသတ်၌မည်သို့ဖြစ်မည်... More

ခရမ်းရောင်အိမ်မက်
အလှဆုံးရွေးယူလာသောပန်းလေးတစ်ပွင့်
ဂျွန်နဲ့သူ့ကောင်မလေးတွေ
ခရမ်းရောင်လီလီနှင့်တူသောဂျွန်
ကျွန်တော်မမှတ်မိသောသူမ
ညစျေးအမှတ်တရ
နာကျင်မူကိုသဘောကျမိခြင်း
အနည်းငယ်သော ဂရုစိုက်မူလေး
ပြုစားနိုင်လွန်းတဲ့ဂျွန်
တစ်ရက်တာကမ်းခြေသို့
အမှတ်တရသစ်ပင်ငယ်
ရက်စက်လွန်းပါတယ်ဂျွန်....
အရောင်နုနုအတ္တဖြင့်သာ
ချစ်ခြင်းနှင့်သံယောဇဥ်အားပြိုင်ရန်
ယောင်းကငါ့အပိုင်
ခိုးယူပိုင်ဆိုင်ခြင်း
မုန်း၍မရနိုင်သောဂျွန်...
လိမ္မော်ခင်းကြီးထဲကကုကီ
စကားတစ်ခွန်းတွင်ပြိုလဲခဲ့ရခြင်း....
မြတ်နိုးရလွန်းတဲ့ထယ်....
ပထမဆုံးသောနောင်တ
ငါ့ကိုဂရုမစိုက်နဲ့ယောင်း.....
ဝဋ်ကြွေးလှလှလေး
မရည်ရွယ်ပါပဲ ရယူမိခြင်း...
အနီရောင်နွေဦးပန်းတို့ကြားဝယ်....
ထားရက်ခဲ့လေသောဂျွန်....
ပြောင်းလဲဖြစ်ပျက်သွားခဲ့သော
ချစ်ခြင်း၏အရောင်နုသောအတ္တ
ခရမ်းရောင်လီလီတို့၏အတိတ်
နှင်းမြူများကြားဝယ်...
အကြင်သူဖြင့်ပြန်လည်တွေ့ဆုံခြင်း
အကြင်သူ၏ခေါ်သံ...
အကြင်သူ၏‌တောင်းပန်စကား
ကံကြမ္မာလှည့်ကွက်...
ရှုပ်ထွေးခြင်းများကြား...
ကြေမွနေသောနှလုံးသားများ...
ခရမ်းလီလီ၏ နောင်တ...
ပြသာနာတို့ပြီးဆုံးချိန် ...
အဆုံးသတ်....
အမေး/အဖြေ

မုန်းတယ်ဂျွန် ဒါပေမဲ့..ဒီနေ့တစ်ရက်တည်း

1.7K 154 15
By Sakawar-Hlaing

Unicode

စာရေးစားပွဲပေါ်တွင်တရွေ့ရွေ့ ရွေ့လျားနေသောနာရီ၏လက်တံများက နံပါတ်တစ်ဆယ်ကိုညွှန်းပြနေခဲ့ပြီ။
စာရေးစာပွဲတွင်ရှိသော မီးအိမ်လေး၏ အလင်းရောင်သည်လည်း အနားဝန်းကျင်တစ်ဝိုက်ရှင်းလင်းကြည်တောက်လို့နေ၏။ ထိုအလင်းရောင်အောက်တွင်လည်း ရွှေ့လျားနေသောလက်ချောင်းသွယ်သွယ်လေးများက ရှိလို့နေခဲ့သည်။

သွယ်လျသောလက်ချောင်းများ၏ပိုင်ရှင်မှာtaehyungသာ။
စာကြည့်စားပွဲ ပေါ်တွင်စာရေးနေသောtaehyungမှာ ဆောင်းရာသီ၏အအေးဓာတ်ကြောင့်အနွေးထည်ဝတ်စုံအပြည့်ကိုဝတ်ဆင်ထားပြီး အနွေးထည်ထဲခန္ဒာလေးမြုပ်နေပုံက မူကြိုကလေးလေးလို။
စာရေးခြင်းအပေါ်အာရုံ စူးလိုက်နေသောtaehyungရဲ့ ကြည်လဲ့နေသည့်​မျက်လုံးလေးများကညမီးရောင်မှာတစ်လဲ့လဲ့။ မဟူရာရောင်ကောင်းကင်ပြင်မှ ငွေရောင်ကြယ်ပွင့်လေးတွေအလား။

taehyungမှာကမ်းခြေသွားတုန်းကလွတ်သွားသောစာများကိုကူးပြီးပြီ ဖြစ်သော်လည်း ကမ်းခြေသွားတဲ့နေ့အပြင်နောက်ရက်တွေမှာပါကျောင်းရောက်မလာသောjungkookအတွက် အရေးကြီးသည့်စာများကိုကူးပေးနေရခြင်းပင်။
သူတို့ကမေဂျာတူနေ၍သာတော်တော့သည်။ အချိန်ကနောက်ကျနေမှန်းသိပေမဲ့ ကူးနေသည့်စာများမှာ ပြီးခါနီးနေပေပြီမို့ taehyungမှာစာကူးနေခြင်းကိုမရပ်ရက်။

ခပ်မြန်မြန်လေးလူပ်ရှားနေသော လက်ချောင်းများက အနားမှဖုန်းသံမည်တော့မှ ရပ်တန့်သွားခဲ့သည်။

"Hello Mine"

"အင်း ထယ်... ဘာလုပ်နေတာလဲ။
စာလုပ်နေသေးတာလား"

"အာ မဟုတ်ဘူးminie...
ငါကအခုစာကူးနေတာ..."

"လွတ်သွားတဲ့စာတွေကူးနေတာလား... ဟိုတစ်နေ့တည်းက ကူးနေတာမလား...
အခုထိမပြီးသေးဘူးလားထယ်"

"ဟို... အင်းအဲဒါကလေ... မပြီးသေးဘူးminieရဲ့။
ဟိုတစ်နေ့က ပင်ပန်းပြီးအိပ်ပျော်သွားလို့မကူးလိုက်ရဘူး"

သူminieကိုမုသားပြောလိုက်မိသည်။ ဂျွန်အတွက်စာကူးပေးနေတယ်လို့သာ
minieကိုပြောလိုက်လျှင် minieကစိတ်ဆိုးပြီးဆူတော့မှာမို့။
"ကျောင်းမှန်မှန်မတက်ပဲ အလည်လိုက်နေတဲ့အဲဒီကောင်အတွက် ပင်ပန်းခံပြီးစာကူးပေးနေစရာမလိုဘူး" ဆိုပြီးဟိုတစ်ခါစာကူးပေးတည်းက minieပြောခဲ့ဖူးသည်မဟုတ်ပါလား။
Minieက ဂျွန်ကိုခင်ပေမဲ့အခုလိုနေရာမျိုးတွင်တော့ စိတ်ဆိုးတတ်သည်။
အထူးသဖြင့် သူဂျွန့်ကိုတစ်ခုခုလုပ်ပေးရတာမျိုး၊ ဂျွန်ခိုင်းတာလုပ်ပေးတာမျိုးတွေဆိုminieကလုံးဝမကြိုက်။
သူ့အတွက်ပြောသည့်minieကိုနားလည်နိုင်ပေမဲ့ ဂျွန်ကိုလည်းပစ်မထားနိုင်။
ဂျွန်ဟာ သူ့နှလုံးသားတစ်ခုလုံးကိုအပိုင်သိမ်းထားတဲ့ ဧကရာဇ်တစ်ပါးမဟုတ်ပါပေလား ။

"ဟုတ်လား... အခုကကူးစရာတွေ
အများကြီးကျန်နေသေးတာလားထယ်... "

"မကျန်တော့ပါဘူးminieရဲ့။ နည်းနည်းပဲကျန်တော့တာ"

"နောက်ကျနေပြီဆိုတော့ဒီနေ့အိပ်လိုက်ပါတော့လား။
မနက်ဖန်ကျမှ ငါကူးပေးမယ်လေ...အရမ်း
ညဉ့်နက်လာရင် အအေးမိပြီးဖျားနေအုံးမယ်... မင်းကအအေးခံနိုင်တာလည်းမဟုတ်ပဲနဲ့ထယ်ရယ်...
တော်ကြာ... နေမကောင်းဖြစ်ပြီးကျောင်းထပ်ပျက်ရလိမ့်မယ်။ 
ဒီနေ့တော့အိပ်လိုက်တော့နော်"

သူ့ကိုဆို ဂရုစိုက်လွန်းတဲ့minie၊
သေးသေးလေးတွေကအစ အရေးတစိုက်ရှိလှတဲ့minie၊ သူပြောတစ်မျှအလိုလိုက်၊ လိုက်ရောပေးတတ်တဲ့minie၊
ဘယ်သူနှင့်ယှဉ်ယှဉ် သူ့ကိုပဲအမြဲဦးစားပေးခဲ့တဲ့minie၊ တစ်ခါတစ်ခါလူကြီးလို ဆုံးမနားချတတ်​​ပြန်တဲ့minie။

Minieဟာ သူ့အတွက်တော့အကောင်းဆုံးသောလူသားငယ်သာ။
သူ့အပေါ်အကောင်းဆုံးတွေကိုသာပေးတတ်သောထိုလူသားရဲ့ခံစားချက်တွေကိုတော့ သူဟာ လျစ်လျူရှူ့မျက်ကွယ်ပြုထားခဲ့တယ်။
အတ္တကြီးစွာပေါ့။

လူတွေကကိုယ့်တိုင်ရဲ့နာကျင်မူကိုပဲသိပြီး သူများတွေရဲ့နာကျင်မူတွေကိုတော့လျစ်လျူရှူ့ပြီးဘာမှမဟုတ်သလိုပြုမူတတ်တယ်တဲ့။
အဲဒီစကားကသိပ်ကိုမှန်လွန်းပါတယ်...
သူဟာကိုယ့်ရဲ့ခံစားချက်အတွက်
minieရဲ့ခံစားချက်တွေကိုမျက်ကွယ်ပြုထားခဲ့တယ်လေ။

"ငါတောင်းပန်ပါတယ်minie..."

Taehyungရဲ့အသံဟာတိုးတိုးလေး။
ဆောင်းညမှာတိုက်ခတ်သွားတဲ့ လေတိုးသံလောက်တောင်မရှိ။
သို့ပေမဲ့taehyungရဲ့လေသံတိုးတိုးလေးကိုတစ်ဖက်ကjimin သေချာကြားရပါသည်။

"ဘာကိုလဲထယ်... ဘာကိစ္စရှိလို့ငါ့ကိုတောင်းပန်နေရတာလဲ"

"ဒီတိုင်းမင်းက ငါ့အပေါ်မှာအရမ်းကောင်းလို့"

"အရူးလေး... မင်းကအရူးလေးပဲထယ်။
ငါကောင်းပေးတာကို ကျေးဇူးတင်ရမှာမလား။ ဒါကတောင်းပန်စရာလား"

"အင်း ငါကျေးဇူးတင်တယ်ပြောတာ...
မှားပြောလိုက်တာminie"

Jiminရဲ့သက်ပြင်းချသံတိုးတိုးကိုဖုန်းထဲမှ taehyungအတိုင်းသားကြားလိုက်ရသည်။
အင်း... သူminieကိုလိမ်လို့မရဘူးပဲ။
Minieကသူ့ရဲ့စိတ်ကို သူ့ကိုယ်သူထက်တောင်ပိုပြီးသိနေတာ...
သူမေ့သွားခဲ့တယ်...

"ထယ်...မင်းလိမ်နေတာမလား"

"အင်း လိမ်ပြောမိတာ"

"လျှောက်တွေးမနေနဲ့ထယ်...
ငါကမင်းကိုငယ်ငယ်တည်းကဂရုစိုက်ပေးလာခဲ့တာ...
မင်းကငါ့ရဲ့အချစ်ဆုံးသောလူသားလေးပဲ... အင်း... အချစ်ဆုံးသောသူငယ်ချင်လေးပေါ့ထယ် ။
ဒါကြောင့်အများကြီးတွေးပြီးအားနာမနေနဲ့...မလိုအပ်တာမို့။
ရှေ့လျှောက်လည်းငါကဂရုစိုက်ပေးမှာ ငယ်ငယ်ကလိုမျိုး"

"ငါ့ကိုဂရုစိုက်ပေးရတာမပင်ပန်းဘူးလားminie"

ငါ့ကိုချစ်ရတာမပင်ပန်းဘူးလားminie လို့မေးလိုက်ချင်ပေမဲ့ တစ်ကယ်တမ်းမေးလိုက်မိသည်ကတစ်မျိုး။
အသံမှာအားနာမူ၊စိတ်မကောင်းဖြစ်မူ၊ဝမ်းနည်းမူများရောယှက်ကာ အသံကတိုးတိုးလေးဖြင့်ခပ်လေးလေး။

"အဟက် အမှန်တိုင်းပြောရရင်တော့ပင်ပန်းတာပေါ့ထယ်ရာ...
မင်းကလူကြီးဖြစ်နေပြီလေ...
ကလေးလိုရိုက်ပြီးဆုံးမလို့လည်းမရဘူး။ တစ်ခါတစ်ခါမင်းကသိပ်ဆိုးတာပဲထယ်...
ဒါပေမဲ့ ငါအဲဒီပင်ပန်းမူတွေကိုသဘောကျတယ်... ငါရဲ့အချစ်ဆုံးသူငယ်ချင်းလေးဖြစ်နေလို့ထင်တယ် ဟုတ်တယ်မလားမင်းကောထယ်လိုထင်လဲထယ်..."

"ငါမသိဘူး"

"ဟားဟား ဟုတ်ပါပြီကွာ။
ဒါနဲ့jungkookဆီကိုဖုန်းဆက်လို့ရသေးလား"

jungkookဆိုပြီးပါလာတဲ့နာမည်ကြောင့်taehyungရင်ထဲတစ်မျိုးသောခံစားချက်လေးတစ်ခုက ဖြတ်ပြေးသွားခဲ့သည်။

တစ်ကယ်က ကမ်းခြေကပြန်ရောက်တဲ့နေ့တည်းကကျောင်းရောက်မလာတဲ့jungkookကြောင့် သူတို့ဒီနေ့ထိမတွေ့ဖြစ်ကြသေး။
အရင်နှစ်ရက်အဆက်အသွယ်ရပေမဲ့ ဒီနေ့ကတစ်နေလုံးအဆက်မသွယ်မရ။
ဖုန်းဆက်တော့လည်းစက်ပိတ်ထားတယ်ဆိုပြီသာကြားနေရတော့ သူရောjiminရောဖုန်းမဆက်ဖြစ်ကြတော့။
taehyungရင်ထဲ စိုးရိမ်မူကြောင့်ပူလောင်နွမ်းလျနေတာတော့ အမှန်ပင်။

"ခဏနေဖုန်းဆက်ကြည့်လိုက်မယ်minie။
မရရင်တော့ငါတို့မနက်သူအိမ်လိုက်သွားကြမယ်လေ..."

"အင်း မနက်ဖန်ငါခေါ်မယ်။
ဒါဆို jungkookဆီဖုန်းခေါ်ပြီးရင်အိပ်တော့နော်...မနက်ဖန်နှင်းကျမယ်ဆိုပြီလည်းသတင်းမှာကြော်ညာထားသေးတာ...
အခုတောင်တော်တော်အေးနေပြီ"

"Good Night Minie"

"Good Night"

Jiminနဲ့ဖုန်းပြောပြီးသည်နှင့် taehyungတစ်နေ့လုံးအကြိမ်ပေါင်းမရေတွက်နိုင်အောင် ခေါ်ထားသောဖုန်းနံပါတ်ကိုထပ်ခေါ်လိုက်ရပြန်သည်။
ဒီတစ်ကြိမ်တွင်တော့ စက်ပိတ်ထားသည်ဟူ၍ပြောလာမလာတော့ပဲ တစ်တူတူဖြင့်ဖုန်းဝင်သွားခဲ့သည်။
ဖုန်းဝင်သွားမယ်မထင်ထားသောtaehyung ရဲ့မျက်ဝန်းလေးများမှာလက်ခနဲ့။

"ဂျွန်... "

"အင်း ယောင်း...။ ဘာဖြစ်လို့လဲ...
ဖုန်းတွေအများကြီး ခေါ်ထားကြတာပဲမင်းတို့"

"မင်းကဘာလို့ဖုန်းကိုစက်ပိုက်ထားတာလဲဂျွန်ရဲ့။ ငါနဲ့Minieဘယ်လောက်စိတ်ပူနေခဲ့ရလဲ... အခုဘယ်မှာလဲ...
ဘာမှမဖြစ်ဘူးမလား... အဆင်ပြေတယ်မလား တစ်ခုတစ်ခုဖြစ်နေတာတော့မဟုတ်ပါဘူးနော်ဂျွန်... "

Taehyungကို jiminကအသေးအမွှားလေးတွေကအစဂရုစိုက်စိတ်ပူပေးနေပေမဲ့ jiminမသိလိုက်သည်ကtaehyungဟာ တစ်ခြားသူတစ်ယောက်ကိုသည်းသည်းလူပ်စိတ်ပူပြီးဂရုစိုက်ပေးတတ်သည်ဆိုတာ။
Jiminရဲ့ကလေးတစ်ယောက်လို ဂရုစိုက်မူတွေခံနေရတဲ့taehyungဟာ
jungkookကိုသေချာဂရုစိုက်ပေးနိုင်တဲ့ယောက်ျားပျိုတစ်ယောက်သာဖြစ်သည်ဆိုတာ။

"မေးခွန်းတွေက များလိုက်တာယောင်းရာ...
ဘယ်ကစဖြေရမလဲတောင်မသိဘူး။
ငါသိပ်နေမကောင်းချင်လို့
အိမ်မှာဖုန်းစက်ပိတ်ပြီး အိပ်နေတာ "

"ဟင် နေမကောင်းဘူးလားဂျွန်...
ဘယ်လိုနေသေးလဲ... သက်သာရဲ့လား
ဆေးသောက်ထားပြီးပြီလား အိမ်မှာတစ်ယောက်ထဲလား"

မေးခွန်ပေါင်းများစွာပဲ ထပ်ပြီးမေးမိပြန်သည်။ ဂျွန်နေမကောင်းဘူးဆိုတဲ့စကားကြောင့် ခုနကမှအေးသွားရတဲ့စိတ်ကပြန်ပြီး ပူလာရပြန်သည်။
ဂျွန်ဟာ တစ်မျိုးပြီးတစ်မျိုးစိတ်ပူရအောင်လုပ်နေတော့တာပါပဲ...

"အာ ငါမေးခွန်းတွေအများကြီးမေးမိပြန်ပြီဂျွန်...ငါမင်းကိုအရမ်းစိတ်ပူသွားမိလို့"

"ငါအခုသက်သာနေပြီယောင်း... နည်းနည်းခေါင်းမူးနေသေးရုံကလွဲဘာမှမဖြစ်ဘူး ။ အိမ်မှာတော့တစ်ယောက်တည်းပဲ ဒါပေမဲ့အဆင်ပြေတယ်စိတ်မပူနဲ့"

"ဒါဆိုလည်းငါမနက်ဖန်ကျရင် မင်းဆီလာခဲ့မယ်နော်ဂျွန်... နှင်းကျမယ်ကြော်ညာထားသေးတယ် နွေးနွေးထွေးထွေးနေနော်
နေမကောင်းပဲအအေးထပ်မမိစေနဲ့ "

"အင်း"

"ဒါဆို ဖုန်းချလိုက်တော့မယ်ဂျွန်...
Good Nightနော်"

ဂျွန်ဟာgood nightလို့တောင်ပြန်မပြောပဲဖုန်းချသွားခဲ့ပြန်တယ်...
ထိုသို့အရာမျိုးနဲ့နေသားကျနေခဲ့သူဟာလည်း ထွေထွေထူးမနာကျင်မိတော့။ သူ့မွေးနေ့တုန်းကသူနဲ့အတူကမ်းခြေလိုက်ပေးပြီး အတူအမှတ်တရတွေဖန်တီးနိုင်ခဲ့တာကိုပဲ ဂျွန်ကိုကျေးဇူးတင်လှပါပြီ။

နေမကောင်းဘူးဆိုတဲ့ဂျွန်ကြောင့် တစ်ညလုံးအိပ်မရဖြစ်နေတော့မှာအသေအချာပင်။
မှောင်မဲနေတဲ့အပြင်ဘက်ကိုကြည့်ရင်း ဆုတောင်းနေမိသည်ကအမြန်မိုးလင်းလာဖို့ကိုသာဖြစ်သည်။
ဒီနေ့ညကျမှမိုးလင်းပြီး အလင်းရောင်များထွက်ပေါ်လာဖို့ ပိုပြီးအချိန်ကြနေသလိုပင်။
ဂျွန့်ကိုတွေ့ချင်စိတ်နဲ့ စိတ်ပူမူတို့ကြောင့်
ခိုက်ခိုက်တုန်တုန်ချမ်းသောဆောင်းညမှာပင် ရင်တွေတစ်လှပ်လှပ်နဲ့ ခန္ဒာကိုယ်ပူရှိုန်လို့နေခဲ့သည်။

"အမျိုးမျိုးသောခံစားချက်တွေကို
ပေးစွမ်းသောဂျွန်ဟာ သူနှလုံးသားရဲ့မြင့်မြတ်တဲ့သခင်တစ်ပါးသာ..."

Purple Dream

"Good Morningအန်တီ"

Jiminအိမ်ထဲဝင်လာတော့ အရင်ဆုံးတွေ့လိုက်ရတဲ့taehyungအမေကိုနူတ်ဆက်လိုက်၏။ jiminမှာနှင်းတွေကျနေတဲ့အချိန် အစောကြီးကားမောင်းလာခဲ့ရတာကြောင့် အသံကအနည်းငယ်တုန်ရီချင်နေသည်။
နှာခေါင်းဖျားလေးတွေနဲ့ ပါးတွေပါအနည်းငယ်ရဲတက်လို့နေ၏။

နှင်းတွေကအပြင်ပတ်ဝန်းတစ်ခုလုံးကို ဖုံးလွှမ်းနေအောင်ကြွေနေခဲ့လေပြီ။
ဒီနေ့မနက်မှာပဲ ကိုးရီယားနိုင်ငံဆိုးလ်မြို့မှာနှင်းတွေစပြီးကျနေခဲ့ပြီဖြစ်၏။
အဆောက်အအုံးတိုင်း၊ သစ်ပင်တိုင်းမှာဖွေးသန့်နေတဲ့နှင်းတွေဖုံးလွှမ်းနေသည်က သိပ်လှတဲ့မြင်ကွင်းပေမဲ့ အသားတွေတစ်ဆတ်ဆတ်တုန်အောင်လည်းချမ်းလှပါသည်။ အခုချိန်စကားပြောသည့်လူတိုင်း ပါးစပ်မှာလည်း အာအငွေ့တွေထွက်နေခဲ့လေပြီ။

မနက်စာပြင်ဆင်နေတဲ့taehyungအမေက jiminအသံကြောင့်လှည့်ကြည့်လာပြီး အံသြသလိုကြည့်လာကာစကားဆို၏။

"အယ် သားjimin...
သားထယ်ကိုလာခေါ်တာလို့တော့ မပြောနဲ့နော်"

"ဘာလို့လဲအန်တီရဲ့... ကျွန်တော်နေ့တိုင်းထယ်ကိုလာ ခေါ်နေကြပဲလေ"

"တစ်ကယ်ပဲ သားထယ်ကဖုန်းမဆက်ရသေးဘူးလား...
ဒီကလေးလောလောနဲ့ မေ့သွားပြန်ပြီနဲ့တူတယ်။ သားထယ်က မနက်ငါးနာရီတည်းကထပြီးကြက်သားစွတ်ပြုတ် လုပ်နေတာလေ။ သားjungkookနေမကောင်းဘူးလို့ပြောတယ်...စွတ်ပြုလုပ်ပြီးလောလောနဲ့ထွက်သွားတာပဲ...
အိမ်ကကားကိုတောင်စောင့်မနေပဲ taxiငှားပြီးထွက်သွားတာသားjiminရဲ့။
သူ့အဖေသာtaxiငှားပြီးထွက်သွားတာသိရင်ဆူနေတော့မှာပဲ။အန်တီကမင်းကိုတော့ ဖုန်းလှမ်းဆက်မယ်ထင်လိုက်တာ..."

"ကျွန်တော့်ကိုဖုန်းမဆက်ခဲ့ဘူးအန်တီ...
ဒီလောက်အေးနေတာကို ထယ်ကနွေးထည်ထူထူဝတ်သွားရဲ့လားမသိဘူး။ သူကအအေးလည်းမခံနိုင်ပါပဲနဲ့...
ကျွန်တော်ထယ့်ဆီလိုက်သွားလိုက်မယ်.... ကျွန်တော့်ကိုခွင့်ပြုပါအုံးအန်တီ"

"သားjimin...
ဟဲ့...ဪ...ဒီကလေးတွေနှယ် လောလောနဲ့ဒီလောက်အေးနေတာကို အအေးသက်သာအောင်ကော်ဖီနည်းနည်းပဲဖြစ်ဖြစ်သောက်မသွားဘူး"

ပြောပြီးအိမ်ထဲမှ ခပ်မြန်မြန်ပင်ပြန်ထွက်သွားသောjimin။ သူ့အိမ်မှဒီအထိကားမောင်းလာခဲ့ရလို့အေးစိမ့်နေပေမဲ့ jiminမှာထိုအအေးဒဏ်တွေကိုဂရုစိုက်မအားတော့။
ထယ်အစောကြီးtaxiငှားစီးသွားတာကိုစိတ်မချသလိုအအေးမခံနိုင်တာကိုလည်းစိတ်ပူတာကြောင့်  အေးစက်စက်ပတ်ဝန်းကျင်ထဲနောက်ထပ်တစ်ကြိမ်ကားကိုမြန်မြန်မောင်းနှင်ရပြန်သည်။
.
.
.
.
.

Taehyungမှာအနွေးထည်ထူထူဝတ်လာခဲ့ပေမဲ့ ကားပေါ်မှဆင်းတော့နှင်းများစိုသွားခဲ့တာကြောင့် လူကအရိုးထဲထိတောင်အေးစိမ့်နေပြီ။ လက်အိပ်စွတ်ထားတဲ့သူ့လက်ထဲမှာတော့ အပူခံချိုင့်လေးတစ်ခုကိုကိုင်လို့။
ထိုချိုင့်ထဲတွင်တော့သေချာပေါက် jungkook အတွက်စွတ်ပြုတ်များရှိနေခဲ့သည်။

ခြံတံခါးပွင့်နေတာကြောင့် သူဒီတိုင်းခြံထဲဝင်လာခဲ့လိုက်၏။
အခုနောက်ပိုင်းသိပ်မရောက်ဖြစ်တော့ပေမဲ့ သူဒီခြံ၊ဒီအိမ်နှင့်စိမ်းမနေပါ။
အရင်ကဆိုminieနဲ့အတူ ဒီခြံထဲလာပြီးဂျွန်ကိုကျောင်းသွားဖို့လာခေါ်နေကျမဟုတ်ပါလား။

ခြံထဲဝင်လာပြီး တစ်နေရာအရောက်မှာအပင်တွေကြားအလုပ်ရူပ်နေတဲ့ဦးလေးကြီးကို လှမ်းတွေ့လိုက်ရသည်။
ဒီဦးလေးကိုသိတာပေါ့။ ဂျွန်အိမ်ကခြံစောင့်တဲ့ဦးလေးကြီးပဲလေ။
ဒီလောက်အေးနေတာကို ဘာတွေလုပ်နေမှန်းမသိ။ နူတ်ဆက်မနေတော့ပဲ တွေ့ချင်နေသောဂျွန့်ကိုသာအမြန်တွေ့ရဖို့ အိမ်ထဲသာဝင်လာခဲ့လိုက်သည်။
အိမ်၏တံခါးမကြီးဟာလည်း ပိတ်ထားခြင်းမရှိ။ အိမ်ထဲဝင်ဖို့လှမ်းလိုက်သည့် ခြေလှမ်းများဟာ ရှေ့မှမြင်ကွင်းကြောင့်ရပ်တန့်သွားခဲ့သည်။

ဂျွန်...ဂျွန်ကကောင်မလေးတစ်ယောက်နဲ့ဧည့်ခန်းဆိုဖာရှည်ပေါ်မှာ... 
အပေါ်ပိုင်းဗလာနဲ့ဂျွန်ဟာ အဝတ်အစားအရိုဖရဲဖြစ်နေတဲ့ကောင်မလေးအပေါ်မှနေခွပြီး သူမရဲ့နူတ်ခမ်းများကို ရမ္မက်ပြင်းစွာဖြင့်မိမိမောမောနမ်းရိူက်နေခဲ့သည်။
ဂျွန့်ရဲ့လက်များဟာလည်း သူမရဲ့ခန္ဒာကိုယ်အနှံ့ကိုကျွမ်းကျင်စွာ ပွတ်သပ်လို့။
ရမ္မနွံ့ထဲပျော်ဝင်နေတဲ့ ဂျွန်နဲ့သူမဟာသူ့ကို မြင်ပုံမရ။

ချက်ချင်းဆိုသလိုလူဟာ သေမတတ်အေးစိမ့်နေတဲ့ရေခဲလွှာအောက်နစ်မြုတ်သွားသည့်ခံစားချက်နဲ့အတူ အသက်ရူမဝတော့။
ဘာမှမပြောနိုင်အောင်လည်ချောင်းထဲလည်းဆို့နစ်လာခဲ့ပြီး အမြင်တွေပါဝေဝါးလာခဲ့သည်။
သူမသိပါပဲ နောက်သို့သုံးလှမ်းလောက်ဆုပ်သွားမိတဲ့ခြေလှမ်းများ။
သွေးရောင်ပျောက်ကာဖြူဖျော့ဖျော့ဖြစ်နေသောနူတ်ခမ်းများမှာလည်း တစ်ဆတ်ဆတ်တုန်ရီနေခဲ့သည်။
အခုချိန်ဦးနှောက်ဟာလည်း သေချာအလုပ်မလုပ်နိုင်တော့။

ဘာလုပ်ရမလဲ... ဘာလုပ်ရမလဲ
ဒီအခြေအနေကနေဘယ်လိုရုန်းထွက်ရမလဲKim Taehyung...
ထွက်ပြေးရမယ်... ဟုတ်တယ်ဒီမြင်ကွင်းရဲ့ဝေးရာကိုထွက်ပြေးသွားရမယ်...
အမြန်ဆုံးထွက်သွားရမယ်...

အင်အားချည့်နဲ့နေသောခြေထောက်များကို ရှိသမျှခွန်အားအကုန်သုံး၍ taehyungထိုနေရာမှပြေးထွက်လာခဲ့သည်။
အမြင်တွေဝါးနေတဲ့အပြင် ဦးနှောက်ကပါဘာမှအလုပ်မလုပ်နိုင်တော့တာကြောင့်ခြေလှမ်းဟာဖရိုဖရဲဖြင့် ခြေဦးတည့်ရာကိုသာပြေးနေမိသည်။

"မင်းအပေါ်တစ်ခါမှမုန်းတယ်ဆိုတဲ့
စကားကိုမသုံးဖူးပေမဲ့ ဒီတစ်ခါတော့
ပြောပါရစေဂျွန်....
ငါဒီနေ့မင်းကိုသိပ်မုန်းမိတယ်...
ဒါပေမဲ့နောက်ရက်တွေကျရင် ငါ့နှလုံးသားကမင်းကိုဆက်ချစ်အုံးမှာပါပဲ"

Purple Dream

Updated 31.12.2021
Sakawar

Happy New Yearပါရှင့်။
အကြာကြီးပစ်ထားရလို့ တစ်ကယ်အားနာရပါတယ်။ နောက်ကျဒီထက်upမြန်နိုင်အောင်ကြိုးစားပါ့မယ်...

Zawgyi

စာေရးစားပြဲေပၚတြင္တေ႐ြ႕ေ႐ြ႕ ေ႐ြ႕လ်ားေနေသာနာရီ၏လက္တံမ်ားက နံပါတ္တစ္ဆယ္ကိုၫႊန္းျပေနခဲ့ၿပီ။
စာေရးစာပြဲတြင္ရွိေသာ မီးအိမ္ေလး၏ အလင္းေရာင္သည္လည္း အနားဝန္းက်င္တစ္ဝိုက္ရွင္းလင္းၾကည္ေတာက္လို႔ေန၏။ ထိုအလင္းေရာင္ေအာက္တြင္လည္း ေ႐ႊ႕လ်ားေနေသာလက္ေခ်ာင္းသြယ္သြယ္ေလးမ်ားက ရွိလို႔ေနခဲ့သည္။

သြယ္လ်ေသာလက္ေခ်ာင္းမ်ား၏ပိုင္ရွင္မွာtaehyungသာ။
စာၾကည့္စားပြဲ ေပၚတြင္စာေရးေနေသာtaehyungမြာ ေဆာင္းရာသီ၏အေအးဓာတ္ေၾကာင့္အႏြေးထည္ဝတ္စုံအျပည့္ကိုဝတ္ဆင္ထားၿပီး အႏြေးထည္ထဲခႏၵာေလးျမဳပ္ေနပုံက မူႀကိဳကေလးေလးလို။
စာေရးျခင္းအေပၚအာ႐ုံ စူးလိုက္ေနေသာtaehyungရဲ႕ ၾကည္လဲ့ေနသည့္မ်က္လုံးေလးမ်ားကညမီးေရာင္မွာတစ္လဲ့လဲ့။ မဟူရာေရာင္ေကာင္းကင္ျပင္မွ ေငြေရာင္ၾကယ္ပြင့္ေလးေတြအလား။

taehyungမွာကမ္းေျခသြားတုန္းကလြတ္သြားေသာစာမ်ားကိုကူးၿပီးၿပီ ျဖစ္ေသာ္လည္း ကမ္းေျခသြားတဲ့ေန႕အျပင္ေနာက္ရက္ေတြမွာပါေက်ာင္းေရာက္မလာေသာjungkookအတြက္ အေရးႀကီးသည့္စာမ်ားကိုကူးေပးေနရျခင္းပင္။
သူတို႔ကေမဂ်ာတူေန၍သာေတာ္ေတာ့သည္။ အခ်ိန္ကေနာက္က်ေနမွန္းသိေပမဲ့ ကူးေနသည့္စာမ်ားမွာ ၿပီးခါနီးေနေပၿပီမို႔ taehyungမွာစာကူးေနျခင္းကိုမရပ္ရက္။

ခပ္ျမန္ျမန္ေလးလူပ္ရွားေနေသာ လက္ေခ်ာင္းမ်ားက အနားမွဖုန္းသံမည္ေတာ့မွ ရပ္တန႔္သြားခဲ့သည္။

"Hello Mine"

"အင္း ထယ္... ဘာလုပ္ေနတာလဲ။
စာလုပ္ေနေသးတာလား"

"အာ မဟုတၻဴးminie...
ငါကအခုစာကူးေနတာ..."

"လြတ္သြားတဲ့စာေတြကူးေနတာလား... ဟိုတစ္ေန႕တည္းက ကူးေနတာမလား...
အခုထိမၿပီးေသးဘူးလားထယ္"

"ဟို... အင္းအဲဒါကေလ... မၿပီးေသးဘူးminieရဲ႕။
ဟိုတစ္ေန႕က ပင္ပန္းၿပီးအိပ္ေပ်ာ္သြားလို႔မကူးလိုက္ရဘူး"

သူminieကိုမုသားေျပာလိုက္မိသည္။ ဂြၽန္အတြက္စာကူးေပးေနတယ္လို႔သာ
minieကိုေျပာလိုက္လွ်င္ minieကစိတ္ဆိုးၿပီးဆူေတာ့မွာမို႔။
"ေက်ာင္းမွန္မွန္မတက္ပဲ အလည္လိုက္ေနတဲ့အဲဒီေကာင္အတြက္ ပင္ပန္းခံၿပီးစာကူးေပးေနစရာမလိုဘူး" ဆိုၿပီးဟိုတစ္ခါစာကူးေပးတည္းက minieေျပာခဲ့ဖူးသည္မဟုတ္ပါလား။
Minieက ဂြၽန္ကိုခင္ေပမဲ့အခုလိုေနရာမ်ိဳးတြင္ေတာ့ စိတ္ဆိုးတတ္သည္။
အထူးသျဖင့္ သူဂြၽန႔္ကိုတစ္ခုခုလုပ္ေပးရတာမ်ိဳး၊ ဂြၽန္ခိုင္းတာလုပ္ေပးတာမ်ိဳးေတြဆိုminieကလုံးဝမႀကိဳက္။
သူ႕အတြက္ေျပာသည့္minieကိုနားလည္နိုင္ေပမဲ့ ဂြၽန္ကိုလည္းပစ္မထားနိုင္။
ဂြၽန္ဟာ သူ႕ႏွလုံးသားတစ္ခုလုံးကိုအပိုင္သိမ္းထားတဲ့ ဧကရာဇ္တစ္ပါးမဟုတ္ပါေပလား ။

"ဟုတႅား... အခုကကူးစရာေတြ
အမ်ားႀကီးက်န္ေနေသးတာလားထယ္... "

"မက်န္ေတာ့ပါဘူးminieရဲ႕။ နည္းနည္းပဲက်န္ေတာ့တာ"

"ေနာက္က်ေနၿပီဆိုေတာ့ဒီေန႕အိပ္လိုက္ပါေတာ့လား။
မနကၹႏၠ္မြ ငါကူးေပးမယ္ေလ...အရမ္း
ညဥ့္နက္လာရင္ အေအးမိၿပီးဖ်ားေနအုံးမယ္... မင္းကအေအးခံနိုင္တာလည္းမဟုတ္ပဲနဲ႕ထယ္ရယ္...
ေတာ္ၾကာ... ေနမေကာင္းျဖစ္ၿပီးေက်ာင္းထပ္ပ်က္ရလိမ့္မယ္။
ဒီေန႕ေတာ့အိပ္လိုက္ေတာ့ေနာ္"

သူ႕ကိုဆို ဂ႐ုစိုက္လြန္းတဲ့minie၊
ေသးေသးေလးေတြကအစ အေရးတစိုက္ရွိလွတဲ့minie၊ သူေျပာတစ္မွ်အလိုလိုက္၊ လိုက္ေရာေပးတတ္တဲ့minie၊
ဘယ္သူႏွင့္ယွဥ္ယွဥ္ သူ႕ကိုပဲအၿမဲဦးစားေပးခဲ့တဲ့minie၊ တစ္ခါတစ္ခါလူႀကီးလို ဆုံးမနားခ်တတ္ျပန္တဲ့minie။

Minieဟာ သူ႕အတြက္ေတာ့အေကာင္းဆုံးေသာလူသားငယ္သာ။
သူ႕အေပၚအေကာင္းဆုံးေတြကိုသာေပးတတ္ေသာထိုလူသားရဲ႕ခံစားခ်က္ေတြကိုေတာ့ သူဟာ လ်စ္လ်ဴရႉ႕မ်က္ကြယ္ျပဳထားခဲ့တယ္။
အတၱႀကီးစြာေပါ့။

လူေတြကကိုယ့္တိုင္ရဲ႕နာက်င္မူကိုပဲသိၿပီး သူမ်ားေတြရဲ႕နာက်င္မူေတြကိုေတာ့လ်စ္လ်ဴရႉ႕ၿပီးဘာမွမဟုတ္သလိုျပဳမူတတ္တယ္တဲ့။
အဲဒီစကားကသိပ္ကိုမွန္လြန္းပါတယ္...
သူဟာကိုယ့္ရဲ႕ခံစားခ်က္အတြက္
minieရဲ႕ခံစားခ်က္ေတြကိုမ်က္ကြယ္ျပဳထားခဲ့တယ္ေလ။

"ငါေတာင္းပန္ပါတယ္minie..."

Taehyungရဲ႕အသံဟာတိုးတိုးေလး။
ေဆာင္းညမွာတိုက္ခတ္သြားတဲ့ ေလတိုးသံေလာက္ေတာင္မရွိ။
သို႔ေပမဲ့taehyungရဲ႕ေလသံတိုးတိုးေလးကိုတစ္ဖက္ကjimin ေသခ်ာၾကားရပါသည္။

"ဘာကိုလဲထယ္... ဘာကိစၥရွိလို႔ငါ့ကိုေတာင္းပန္ေနရတာလဲ"

"ဒီတိုင္းမင္းက ငါ့အေပၚမွာအရမ္းေကာင္းလို႔"

"အ႐ူးေလး... မင္းကအ႐ူးေလးပဲထယ္။
ငါေကာင္းေပးတာကို ေက်းဇူးတင္ရမွာမလား။ ဒါကေတာင္းပန္စရာလား"

"အင္း ငါေက်းဇူးတင္တယ္ေျပာတာ...
မွားေျပာလိုက္တာminie"

Jiminရဲ႕သက္ျပင္းခ်သံတိုးတိုးကိုဖုန္းထဲမွ taehyungအတိုင္းသားၾကားလိုက္ရသည္။
အင္း... သူminieကိုလိမ္လို႔မရဘူးပဲ။
Minieကသူ႕ရဲ႕စိတ္ကို သူ႕ကိုယ္သူထက္ေတာင္ပိုၿပီးသိေနတာ...
သူေမ့သြားခဲ့တယ္...

"ထယ္...မင္းလိမ္ေနတာမလား"

"အင္း လိမ္ေျပာမိတာ"

"ေလွ်ာက္ေတြးမေနနဲ႕ထယ္...
ငါကမင္းကိုငယ္ငယ္တည္းကဂ႐ုစိုက္ေပးလာခဲ့တာ...
မင္းကငါ့ရဲ႕အခ်စ္ဆုံးေသာလူသားေလးပဲ... အင္း... အခ်စ္ဆုံးေသာသူငယ္ခ်င္ေလးေပါ့ထယ္ ။
ဒါေၾကာင့္အမ်ားႀကီးေတြးၿပီးအားနာမေနနဲ႕...မလိုအပ္တာမို႔။
ေရွ႕ေလွ်ာက္လည္းငါကဂ႐ုစိုက္ေပးမွာ ငယ္ငယ္ကလိုမ်ိဳး"

"ငါ့ကိုဂ႐ုစိုက္ေပးရတာမပင္ပန္းဘူးလားminie"

ငါ့ကိုခ်စ္ရတာမပင္ပန္းဘူးလားminie လို႔ေမးလိုက္ခ်င္ေပမဲ့ တစ္ကယ္တမ္းေမးလိုက္မိသည္ကတစ္မ်ိဳး။
အသံမွာအားနာမူ၊စိတ္မေကာင္းျဖစ္မူ၊ဝမ္းနည္းမူမ်ားေရာယွက္ကာ အသံကတိုးတိုးေလးျဖင့္ခပ္ေလးေလး။

"အဟက္ အမွန္တိုင္းေျပာရရင္ေတာ့ပင္ပန္းတာေပါ့ထယ္ရာ...
မင္းကလူႀကီးျဖစ္ေနၿပီေလ...
ကေလးလိုရိုက္ၿပီးဆုံးမလို႔လည္းမရဘူး။ တစ္ခါတစ္ခါမင္းကသိပ္ဆိုးတာပဲထယ္...
ဒါေပမဲ့ ငါအဲဒီပင္ပန္းမူေတြကိုသေဘာက်တယ္... ငါရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းေလးျဖစ္ေနလို႔ထင္တယ္ ဟုတ္တယ္မလားမင္းေကာထယ္လိုထင္လဲထယ္..."

"ငါမသိဘူး"

"ဟားဟား ဟုတ္ပါၿပီကြာ။
ဒါနဲ႕jungkookဆီကိုဖုန္းဆက္လို႔ရေသးလား"

jungkookဆိုၿပီးပါလာတဲ့နာမည္ေၾကာင့္taehyungရင္ထဲတစ္မ်ိဳးေသာခံစားခ်က္ေလးတစ္ခုက ျဖတ္ေျပးသြားခဲ့သည္။

တစၠယၠ ကမ္းေျခကျပန္ေရာက္တဲ့ေန႕တည္းကေက်ာင္းေရာက္မလာတဲ့jungkookေၾကာင့္ သူတို႔ဒီေန႕ထိမေတြ႕ျဖစ္ၾကေသး။
အရင္ႏွစ္ရက္အဆက္အသြယ္ရေပမဲ့ ဒီေန႕ကတစ္ေနလုံးအဆက္မသြယ္မရ။
ဖုန္းဆက္ေတာ့လည္းစက္ပိတ္ထားတယ္ဆိုၿပီသာၾကားေနရေတာ့ သူေရာjiminေရာဖုန္းမဆက္ျဖစ္ၾကေတာ့။
taehyungရင္ထဲ စိုးရိမ္မူေၾကာင့္ပူေလာင္ႏြမ္းလ်ေနတာေတာ့ အမွန္ပင္။

"ခဏေနဖုန္းဆက္ၾကည့္လိုက္မယ္minie။
မရရင္ေတာ့ငါတို႔မနက္သူအိမ္လိုက္သြားၾကမယ္ေလ..."

"အင္း မနက္ဖန္ငါေခၚမယ္။
ဒါဆို jungkookဆီဖုန္းေခၚၿပီးရင္အိပ္ေတာ့ေနာ္...မနက္ဖန္ႏွင္းက်မယ္ဆိုၿပီလည္းသတင္းမွာေၾကာ္ညာထားေသးတာ...
အခုေတာင္ေတာ္ေတာ္ေအးေနၿပီ"

"Good Night Minie"

"Good Night"

Jiminနဲ႕ဖုန္းေျပာၿပီးသည္ႏွင့္ taehyungတစ္ေန႕လုံးအႀကိမ္ေပါင္းမေရတြက္နိုင္ေအာင္ ေခၚထားေသာဖုန္းနံပါတ္ကိုထပ္ေခၚလိုက္ရျပန္သည္။
ဒီတစ္ႀကိမ္တြင္ေတာ့ စက္ပိတ္ထားသည္ဟူ၍ေျပာလာမလာေတာ့ပဲ တစ္တူတူျဖင့္ဖုန္းဝင္သြားခဲ့သည္။
ဖုန္းဝင္သြားမယ္မထင္ထားေသာtaehyung ရဲ႕မ်က္ဝန္းေလးမ်ားမွာလက္ခနဲ႕။

"ဂြၽန္... "

"အင္း ေယာင္း...။ ဘာျဖစ္လို႔လဲ...
ဖုန္းေတြအမ်ားႀကီး ေခၚထားၾကတာပဲမင္းတို႔"

"မင္းကဘာလို႔ဖုန္းကိုစက္ပိုက္ထားတာလဲဂြၽန္ရဲ႕။ ငါနဲ႕Minieဘယ္ေလာက္စိတ္ပူေနခဲ့ရလဲ... အခုဘယ္မွာလဲ...
ဘာမြမ်ဖစၻဴးမလား... အဆင္ေျပတယ္မလား တစ္ခုတစ္ခုျဖစ္ေနတာေတာ့မဟုတ္ပါဘူးေနာ္ဂြၽန္... "

Taehyungကို jiminကအေသးအမႊားေလးေတြကအစဂ႐ုစိုက္စိတ္ပူေပးေနေပမဲ့ jiminမသိလိုက္သည္ကtaehyungဟာ တစ္ျခားသူတစ္ေယာက္ကိုသည္းသည္းလူပ္စိတ္ပူၿပီးဂ႐ုစိုက္ေပးတတ္သည္ဆိုတာ။
Jiminရဲ႕ကေလးတစ္ေယာက္လို ဂ႐ုစိုက္မူေတြခံေနရတဲ့taehyungဟာ
jungkookကိုေသခ်ာဂ႐ုစိုက္ေပးနိုင္တဲ့ေယာက္်ားပ်ိဳတစ္ေယာက္သာျဖစ္သည္ဆိုတာ။

"ေမးခြန္းေတြက မ်ားလိုက္တာေယာင္းရာ...
ဘယ္ကစေျဖရမလဲေတာင္မသိဘူး။
ငါသိပ္ေနမေကာင္းခ်င္လို႔
အိမ္မွာဖုန္းစက္ပိတ္ၿပီး အိပ္ေနတာ "

"ဟင္ ေနမေကာင္းဘူးလားဂြၽန္...
ဘယ္လိုေနေသးလဲ... သက္သာရဲ႕လား
ေဆးေသာက္ထားၿပီးၿပီလား အိမ္မွာတစ္ေယာက္ထဲလား"

ေမးခြန္ေပါင္းမ်ားစြာပဲ ထပ္ၿပီးေမးမိျပန္သည္။ ဂြၽန္ေနမေကာင္းဘူးဆိုတဲ့စကားေၾကာင့္ ခုနကမွေအးသြားရတဲ့စိတ္ကျပန္ၿပီး ပူလာရျပန္သည္။
ဂြၽန္ဟာ တစ္မ်ိဳးၿပီးတစ္မ်ိဳးစိတ္ပူရေအာင္လုပ္ေနေတာ့တာပါပဲ...

"အာ ငါေမးခြန္းေတြအမ်ားႀကီးေမးမိျပန္ၿပီဂြၽန္...ငါမင္းကိုအရမ္းစိတ္ပူသြားမိလို႔"

"ငါအခုသက္သာေနၿပီေယာင္း... နည္းနည္းေခါင္းမူးေနေသး႐ုံကလြဲဘာမွမျဖစ္ဘူး ။ အိမ္မွာေတာ့တစ္ေယာက္တည္းပဲ ဒါေပမဲ့အဆင္ေျပတယ္စိတ္မပူနဲ႕"

"ဒါဆိုလည္းငါမနက္ဖန္က်ရင္ မင္းဆီလာခဲ့မယ္ေနာ္ဂြၽန္... ႏွင္းက်မယ္ေၾကာ္ညာထားေသးတယ္ ႏြေးႏြေးေထြးေထြးေနေနာ္
ေနမေကာင္းပဲအေအးထပ္မမိေစနဲ႕ "

"အင္း"

"ဒါဆို ဖုန္းခ်လိဳက္ေတာ့မယ္ဂြၽန္...
Good Nightေနာ္"

ဂြၽန္ဟာgood nightလို႔ေတာင္ျပန္မေျပာပဲဖုန္းခ်သြားခဲ့ျပန္တယ္...
ထိုသို႔အရာမ်ိဳးနဲ႕ေနသားက်ေနခဲ့သူဟာလည္း ေထြေထြထူးမနာက်င္မိေတာ့။ သူ႕ေမြးေန႕တုန္းကသူနဲ႕အတူကမ္းေျခလိုက္ေပးၿပီး အတူအမွတ္တရေတြဖန္တီးနိုင္ခဲ့တာကိုပဲ ဂြၽန္ကိုေက်းဇူးတင္လွပါၿပီ။

ေနမေကာင္းဘူးဆိုတဲ့ဂြၽန္ေၾကာင့္ တစ္ညလုံးအိပ္မရျဖစ္ေနေတာ့မွာအေသအခ်ာပင္။
ေမွာင္မဲေနတဲ့အျပင္ဘက္ကိုၾကည့္ရင္း ဆုေတာင္းေနမိသည္ကအျမန္မိုးလင္းလာဖို႔ကိုသာျဖစ္သည္။
ဒီေန႕ညက်မွမိုးလင္းၿပီး အလင္းေရာင္မ်ားထြက္ေပၚလာဖို႔ ပိုၿပီးအခ်ိန္ၾကေနသလိုပင္။
ဂြၽန႔္ကိုေတြ႕ခ်င္စိတ္နဲ႕ စိတ္ပူမူတို႔ေၾကာင့္
ခိုက္ခိုက္တုန္တုန္ခ်မ္းေသာေဆာင္းညမွာပင္ ရင္ေတြတစ္လွပ္လွပ္နဲ႕ ခႏၵာကိုယ္ပူရွိုန္လို႔ေနခဲ့သည္။

"အမ်ိဳးမ်ိဳးေသာခံစားခ်က္ေတြကို
ေပးစြမ္းေသာဂြၽန္ဟာ သူႏွလုံးသားရဲ႕ျမင့္ျမတ္တဲ့သခင္တစ္ပါးသာ..."

                     Purple Dream

"Good Morningအႏၱီ"

Jiminအိမ္ထဲဝင္လာေတာ့ အရင္ဆုံးေတြ႕လိုက္ရတဲ့taehyungအေမကိုႏူတ္ဆက္လိုက္၏။ jiminမွာႏွင္းေတြက်ေနတဲ့အခ်ိန္ အေစာႀကီးကားေမာင္းလာခဲ့ရတာေၾကာင့္ အသံကအနည္းငယ္တုန္ရီခ်င္ေနသည္။
ႏွာေခါင္းဖ်ားေလးေတြနဲ႕ ပါးေတြပါအနည္းငယ္ရဲတက္လို႔ေန၏။

ႏွင္းေတြကအျပင္ပတ္ဝန္းတစ္ခုလုံးကို ဖုံးလႊမ္းေနေအာင္ေႂကြေနခဲ့ေလၿပီ။
ဒီေန႕မနက္မွာပဲ ကိုးရီယားနိုင္ငံဆိုးလ္ၿမိဳ႕မွာႏွင္းေတြစၿပီးက်ေနခဲ့ၿပီျဖစ္၏။
အေဆာက္အအုံးတိုင္း၊ သစ္ပင္တိုင္းမွာေဖြးသန႔္ေနတဲ့ႏွင္းေတြဖုံးလႊမ္းေနသည္က သိပ္လွတဲ့ျမင္ကြင္းေပမဲ့ အသားေတြတစ္ဆတ္ဆတ္တုန္ေအာင္လည္းခ်မ္းလွပါသည္။ အခုခ်ိန္စကားေျပာသည့္လူတိုင္း ပါးစပ္မွာလည္း အာအေငြ႕ေတြထြက္ေနခဲ့ေလၿပီ။

မနက္စာျပင္ဆင္ေနတဲ့taehyungေအမက jiminအသံေၾကာင့္လွည့္ၾကည့္လာၿပီး အံၾသသလိုၾကည့္လာကာစကားဆို၏။

"အယ္ သားjimin...
သားထယ္ကိုလာေခၚတာလို႔ေတာ့ မေျပာနဲ႕ေနာ္"

"ဘာလို႔လဲအန္တီရဲ႕... ကြၽန္ေတာ္ေန႕တိုင္းထယ္ကိုလာ ေခၚေနၾကပဲေလ"

"တစ္ကယ္ပဲ သားထယ္ကဖုန္းမဆက္ရေသးဘူးလား...
ဒီကေလးေလာေလာနဲ႕ ေမ့သြားျပန္ၿပီနဲ႕တူတယ္။ သားထယၠ မနက္ငါးနာရီတည္းကထၿပီးၾကက္သားစြတ္ျပဳတ္ လုပ္ေနတာေလ။ သားjungkookေနမေကာင္းဘူးလို႔ေျပာတယ္...စြတ္ျပဳလုပ္ၿပီးေလာေလာနဲ႕ထြက္သြားတာပဲ...
အိမ္ကကားကိုေတာင္ေစာင့္မေနပဲ taxiငွားၿပီးထြက္သြားတာသားjiminရဲ႕။
သူ႕အေဖသာtaxiငွားၿပီးထြက္သြားတာသိရင္ဆူေနေတာ့မွာပဲ။အန္တီကမင္းကိုေတာ့ ဖုန္းလွမ္းဆက္မယ္ထင္လိုက္တာ..."

"ကြၽန္ေတာ့္ကိုဖုန္းမဆက္ခဲ့ဘူးအန္တီ...
ဒီေလာက္ေအးေနတာကို ထယ္ကႏြေးထည္ထူထူဝတ္သြားရဲ႕လားမသိဘူး။ သူကအေအးလည္းမခံနိုင္ပါပဲနဲ႕...
ကြၽန္ေတာ္ထယ့္ဆီလိုက္သြားလိုက္မယ္.... ကြၽန္ေတာ့္ကိုခြင့္ျပဳပါအုံးအန္တီ"

"သားjimin...
ဟဲ့...ဪ...ဒီကေလးေတြႏွယ္ ေလာေလာနဲ႕ဒီေလာက္ေအးေနတာကို အေအးသက္သာေအာင္ေကာ္ဖီနည္းနည္းပဲျဖစ္ျဖစ္ေသာက္မသြားဘူး"

ေျပာၿပီးအိမ္ထဲမွ ခပ္ျမန္ျမန္ပင္ျပန္ထြက္သြားေသာjimin။ သူ႕အိမ္မွဒီအထိကားေမာင္းလာခဲ့ရလို႔ေအးစိမ့္ေနေပမဲ့ jiminမွာထိုအေအးဒဏ္ေတြကိုဂ႐ုစိုက္မအားေတာ့။
ထယ္အေစာႀကီးtaxiငွားစီးသြားတာကိုစိတ္မခ်သလိုအေအးမခံနိုင္တာကိုလည္းစိတ္ပူတာေၾကာင့္  ေအးစက္စက္ပတ္ဝန္းက်င္ထဲေနာက္ထပ္တစ္ႀကိမ္ကားကိုျမန္ျမန္ေမာင္းႏွင္ရျပန္သည္။
.
.
.
.
.

Taehyungမွာအႏြေးထည္ထူထူဝတ္လာခဲ့ေပမဲ့ ကားေပၚမွဆင္းေတာ့ႏွင္းမ်ားစိုသြားခဲ့တာေၾကာင့္ လူကအရိုးထဲထိေတာင္ေအးစိမ့္ေနၿပီ။ လက္အိပ္စြတ္ထားတဲ့သူ႕လက္ထဲမွာေတာ့ အပူခံခ်ိဳင့္ေလးတစ္ခုကိုကိုင္လို႔။
ထိုခ်ိဳင့္ထဲတြင္ေတာ့ေသခ်ာေပါက္ jungkook အတြက္စြတ္ျပဳတ္မ်ားရွိေနခဲ့သည္။

ၿခံတံခါးပြင့္ေနတာေၾကာင့္ သူဒီတိုင္းၿခံထဲဝင္လာခဲ့လိုက္၏။
အခုေနာက္ပိုင္းသိပ္မေရာက္ျဖစ္ေတာ့ေပမဲ့ သူဒီၿခံ၊ဒီအိမ္ႏွင့္စိမ္းမေနပါ။
အရင္ကဆိုminieနဲ႕အတူ ဒီၿခံထဲလာၿပီးဂြၽန္ကိုေက်ာင္းသြားဖို႔လာေခၚေနက်မဟုတ္ပါလား။

ၿခံထဲဝင္လာၿပီး တစ္ေနရာအေရာက္မွာအပင္ေတြၾကားအလုပ္႐ူပ္ေနတဲ့ဦးေလးႀကီးကို လွမ္းေတြ႕လိုက္ရသည္။
ဒီဦးေလးကိုသိတာေပါ့။ ဂြၽန္အိမ္ကၿခံေစာင့္တဲ့ဦးေလးႀကီးပဲေလ။
ဒီေလာက္ေအးေနတာကို ဘာေတြလုပ္ေနမွန္းမသိ။ ႏူတ္ဆက္မေနေတာ့ပဲ ေတြ႕ခ်င္ေနေသာဂြၽန႔္ကိုသာအျမန္ေတြ႕ရဖို႔ အိမ္မွာဝင္လာခဲ့လိုက္သည္။
အိမ္၏တံခါးမႀကီးဟာလည္း ပိတ္ထားျခင္းမရွိ။ အိမ္ထဲဝင္ဖို႔လွမ္းလိုက္သည့္ ေျခလွမ္းမ်ားဟာ ေရွ႕မွျမင္ကြင္းေၾကာင့္ရပ္တန႔္သြားခဲ့သည္။

ဂြၽန္...ဂြၽန္ကေကာင္မေလးတစ္ေယာက္နဲ႕ဧည့္ခန္းဆိုဖာရွည္ေပၚမွာ... 
အေပၚပိုင္းဗလာနဲ႕ဂြၽန္ဟာ အဝတ္အစားအရိုဖရဲျဖစ္ေနတဲ့ေကာင္မေလးအေပၚမွေနခြၿပီး သူမရဲ႕ႏူတ္ခမ္းမ်ားကို ရမၼက္ျပင္းစြာျဖင့္မိမိေမာေမာနမ္းရိူက္ေနခဲ့သည္။
ဂြၽန႔္ရဲ႕လက္မ်ားဟာလည္း သူမရဲ႕ခႏၵာကိုယ္အႏွံ႕ကိုကြၽမ္းက်င္စြာ ပြတ္သပ္ေနခဲ့သည္။
ရမၼႏြံ႕ထဲေပ်ာ္ဝင္ေနတဲ့ ဂြၽန္နဲ႕သူမဟာသူ႕ကို ျမင္ပုံမရ။

ခ်က္ခ်င္းဆိုသလိုလူဟာ ေသမတတ္ေအးစိမ့္ေနတဲ့ေရခဲလႊာေအာက္နစ္ျမဳတ္သြားသည့္ခံစားခ်က္နဲ႕အတူ အသက္႐ူမဝေတာ့။
ဘာမွမေျပာနိုင္ေအာင္လည္ေခ်ာင္းထဲလည္းဆိုနစ္လာခဲ့ၿပီး အျမင္ေတြပါေဝဝါးလာခဲ့သည္။
သူမသိပါပဲ ေနာက္သို႔သုံးလွမ္းေလာက္ဆုပ္သြားမိတဲ့ေျခလွမ္းမ်ား။
ေသြးေရာင္ေပ်ာက္ကာျဖဴေဖ်ာ့ေဖ်ာ့ျဖစ္ေနေသာႏူတ္ခမ္းမ်ားမွာလည္း တစ္ဆတ္ဆတ္တုန္ရီေနခဲ့သည္။
အခုခ်ိန္ဦးႏွောက္ဟာလည္း ေသခ်ာအလုပ္မလုပ္နိုင္ေတာ့။

ဘာလုပ္ရမလဲ... ဘာလုပ္ရမလဲ
ဒီအေျခအေနကေနဘယ္လို႐ုန္းထြက္ရမလဲKim Taehyung...
ထြက္ေျပးရမယ္... ဟုတ္တယ္ဒီျမင္းကြင္းရဲ႕ေဝးရာကိုထြက္ေျပးသြားရမယ္...
အျမန္ဆုံးထြက္သြားရမယ္...

အင္အားခ်ည့္နဲ႕ေနေသာေျခေထာက္မ်ားကို ရွိသမွ်ခြန္အားအကုန္သုံး၍ taehyungထိုေနရာမွေျပးထြက္လာခဲ့သည္။
အျမင္ေတြဝါးေနတဲ့အျပင္ ဦးႏွောက္ကပါဘာမွအလုပ္မလုပ္နိုင္ေတာ့တာေၾကာင့္ေျခလွမ္းဟာဖရိုဖရဲျဖင့္ ေျခဦးတည့္ရာကိုသာေျပးေနမိသည္။

"မင္းအေပၚတစ္ခါမွမုန္းတယ္ဆိုတဲ့
စကားကိုမသုံးဖူးေပမဲ့ ဒီတစ္ခါေတာ့
ေျပာပါရေစဂြၽန္....
ငါဒီေန႕မင္းကိုသိပ္မုန္းမိတယ္...
ဒါေပမဲ့ေနာက္ရက္ေတြက်ရင္ ငါ့ႏွလုံးသားကမင္းကိုဆက္ခ်စ္အုံးမွာပါပဲ"

                         Purple Dream

Updated 31.12.2021
Sakawar

Happy New Yearပါရွင့္။
အၾကာႀကီးပစ္ထားရလို႔ တစ္ကယ္အားနာရပါတယ္။ ေနာက္က်ဒီထက္upျမန္နိုင္ေအာင္ႀကိဳးစားပါ့မယ္...

Continue Reading

You'll Also Like

372K 23.5K 87
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
89.4K 1.7K 164
brawl stars x reader stories!!
21.4K 339 24
This is my first book, please be nice. THANK YOU ALL SO MUCH FOR 12K READS!! <3