သူေျပာျပေနေသာ စကားမ်ားကို ပါပါးက အာရံုစိုက္လ်က္
နားေထာင္ေနတယ္။
ဒယ္ဒီကေတာ့ TV အၾကည့္မပ်က္။
သူေျပာသည့္စကားမ်ားဆံုးေလမွ ပါပါးက ၿပံဳးျပလာၿပီး
"အဲ့ဒီ့ေတာ့ သားဖုန္းနံပါတ္ေပးလိုက္လား။"
"ဟင့္အင္း... သားမေပးခဲ့ပါဘူး။
အတင္းႀကီးေတာင္းလို႔ ေပးရမယ္ဆိုေတာင္
သားက ဒယ္ဒီ့နံပါတ္ပဲေပးခဲ့မလို႔ပါ။"
ဟန္ဆယ္က ပါပါးခြံ႕ေကြၽးလာေသာ ကိတ္မုန္႔တစ္ဇြန္းကို
တၿမံဳ႕ၿမံဳ႕ဝါးေနလိုက္၏။
"ပါပါး သားေလးက ေခ်ာတာကိုး။
ဒါေၾကာင့္ နာမည္ႀကီး Ent ကေတာင္ ကမ္းလွမ္းတာေပါ့။"
လုဟန္က ဂုဏ္ယူစြာေျပာလာေတာ့
ဟန္ဆယ္က ဟီးကနဲရယ္ျပလိုက္တယ္။
ဒီညေန ေက်ာင္းကအျပန္ လမ္းမွာ ____ ent မွဟူေသာ
လူတခ်ိဴ႕နဲ႔ ေတြ႕ခဲ့တာျဖစ္ပါသည္။
ဒီလိုကိစၥမ်ိဳးကို ၾကားဖူးနားဝရွိေပမယ့္
ကိုယ္တိုင္ႀကံဳေတြ႕ခဲ့ရေတာ့ အေတာ္ေၾကာင္အမိေနေသး၏။
သို႔ေပမယ့္ ဟန္ဆယ္က ယဥ္ေက်းပ်ဴငွာစြာ ျငင္းပယ္ၿပီး
အျမန္ဆံုး လွစ္ထြက္နိုင္ခဲ့ပါသည္။
ဖုန္းနံပါတ္ေတာင္းေပမယ့္လည္း သူမေပးျဖစ္ခဲ့။
အခုျပန္ေျပာတာကလည္း တစ္ေန႔တာအေတြ႕အႀကံဳကို
ျပန္ေျပာတတ္သည့္ အက်င့္ေၾကာင့္သက္သက္ပါပင္။
"အဲ့ေတာ့...သားက idol မျဖစ္ခ်င္ဘူးလား။"
အတန္ၾကာတိတ္ဆိတ္ေနေသာ ဒယ္ဒီ့ဆီမွ အေမးစကားပင္။
ဟန္ဆယ္က ေခါင္းေလး သြက္သြက္ခါျပလိုက္သည္။
"ဝါသနာမပါဘူးလား?"
"ဝါသနာပါမပါေတာ့ မသိေသးပါဘူး။
ဒါေပမယ့္ သား မသြားခ်င္ဘူး။"
ဟန္ဆယ္က ဘာျဖစ္ခ်င္တယ္ ဘာလုပ္ခ်င္တယ္ဆိုတာကို
ေသခ်ာအေျဖမရွာနိုင္ေသးေပ။
ဟိုဟိုဒီဒီစိတ္ဝင္စားသည္မ်ားကိုသာ
လက္တည့္စမ္းခ်င္ေသာစိတ္သာရွိ၏။
"ဘာလို႔ မသြားခ်င္တာလဲ?
သားပံုစံနဲ႔ဆိုရင္ idol ျဖစ္နိုင္တာပဲကို..."
ဂီတနဲ႔ပတ္သက္ေသာ သင္တန္းမ်ားမတက္ဖူးသည့္တိုင္
သားရဲ႕ သီခ်င္းဆိုသံက သာယာနာေပ်ာ္ဖြယ္ေကာင္းတာ
လုဟန္အသိပင္။
ေသခ်ာေလ့က်င့္မည္ဆိုပါက ေသခ်ာေပါက္ျဖစ္နိုင္လာမည္ဟု
လုဟန္ယံုသည္။
"ဒယ္ဒီ ႀကိဳက္မွာ မဟုတ္ပါဘူး။"
ထိုအခါ ဆယ္ဟြန္းက ထပ္ၿပီး လွည့္ၾကည့္လို႔လာခဲ့သည္။
"ဒယ္ဒီ့ေၾကာင့္ မသြားခ်င္တာလား?"
ဒီလိုက်ေတာ့လည္း ဟန္ဆယ့္မွာ လက္တခါခါျငင္းရျပန္၏။
"မဟုတ္ဘူး....အဲ့လိုခ်ည္းပဲလည္း မဟုတ္ဘူး။
တကယ္က သားမလုပ္နိုင္ဘူး ထင္လို႔ပါ။
Trainee အျဖစ္မေနနိုင္ေလာက္ဘူး။
ေနာက္ၿပီး သား ဒယ္ဒီတို႔နဲ႔ ခြဲရမွာ ေၾကာက္တယ္။"
ဒါကေတာ့ ဟန္ဆယ္၏ စိတ္ရင္းအမွန္ပါပင္။
နဂိုကတည္းက ၿငီးေငြ႕လြယ္သူမလို႔
အလုပ္တစ္ခုခုကို နွစ္အၾကာႀကီး
ေဇာက္ခ်လုပ္ပစ္ဖို႔ လံုးဝမျဖစ္နိုင္ေလာက္ပါ။
ထို႔အျပင္ ဒယ္ဒီတို႔နဲ႔လည္း ခြဲမေနခ်င္။
ခႏၶာကိုယ္ ပင္ပန္းသည့္ဒဏ္ထက္ အိမ္ကိုလြမ္းသည့္ဒဏ္က
သူ႔ကို ပိုနွိပ္စက္ပါလိမ့္မည္။
"အင္း....ဒါဆိုလည္း သေဘာ။
သားစိတ္ခ်မ္းသာသလိုလုပ္နိုင္တယ္ေနာ္။ဒယ္ဒီ့ကို သိပ္မေတြးနဲ႔။"
ဒယ္ဒီက ထပ္ေျပာလာေလေတာ့ ဟန္ဆယ္က ၿပံဳးလ်က္
နာခံျပလိုက္ပါသည္။
အခုေနာက္ပိုင္း ဒယ္ဒီ အေတာ္စိတ္ေလ်ွာ႔လာတာျဖစ္သည္။
ဟန္ဆယ့္အေပၚမွာ အရင္လို သိပ္မခ်ဳပ္ခ်ယ္ေတာ့သလို
အရမ္းႀကီးလည္း Serious မျဖစ္ျပတတ္ေတာ့၊
ဟန္ဆယ့္ကိစၥတိုင္းကို သိပ္ဝင္မပါတတ္ေတာ့။
ယခင္က ဟန္ဆယ္အဝတ္အစားဝယ္လ်ွင္
ဒယ္ဒီကိုယ္တိုင္လိုက္ပို႔ကာ ေ႐ြးခ်ယ္ေပးေလ့ရွိ၏။
အခုေတာ့ မျဖစ္မေနလိုက္ပို႔ျဖစ္ရင္ေတာင္
ဒယ္ဒီက ေကာ္ဖီဆိုင္တစ္ခုခုမွာ က်န္ေနခဲ့တတ္သည္။
ေနာက္ၿပီး Ig acc မွာ တင္တဲ့ ပံုေတြကိုလည္း
like လာမေပးေတာ့။
ယခင္ကဆိုလ်ွင္ ဒယ္ဒီက ဟန္ဆယ့္ acc ကို
follow မလုပ္ထားဘဲနဲ႔ကို တမင္ရွာၾကည့္ကာ
like ေပးတတ္သည္။
စိတ္ေပ်ာ္ေနလ်ွင္ comment ဝင္ေရးေနက်ေလ။
တီေလးမီယြန္းတို႔ဘက္ ညအိပ္ညေနသြားလည္ရင္ေတာင္
ဒယ္ဒီအရင္လို ဖုန္းတဂြမ္ဂြမ္မဆက္ေတာ့။
ေနခ်င္သေလာက္ေနလို႔ရသည္အထိ မေျပာမဆိုလႊတ္ထားတာပင္
"သားဒယ္ဒီတစ္ေယာက္
ဒီတစ္ခါ ဖုန္းဆက္အလြမ္းမသယ္ေတာ့ပါလား"ဟု
ဖြားဖြားကေတာင္ ေျပာလာသည္အထိ
ဒယ္ဒီက စိမ္းကားလို႔သြားပါ၏။
ထိုအခါ အိမ္ကိုလြမ္းၿပီး မေနနိုင္လို႔ ျပန္လာရတာကလည္း
ဟန္ဆယ္သာျဖစ္သြားခဲ့ျပန္ေရာ။
ေျပာရမည္ဆိုလ်ွင္ အမ်ားႀကီးပါပင္။
ဒယ္ဒီက အမ်ားႀကီးေျပာင္းလဲသြားသည္။
ေဖက်န္းကေတာ့ မင့္ဒယ္ဒီက လိမၼာလာတာပါကြာ ဟု ဆိုကာ
နွစ္သိမ့္ေပမယ့္ ဟန္ဆယ္ကေတာ့ ထိုသို႔ မထင္ပါေခ်။
ေကာင္မေလးထားသည့္ ကိစၥနွင့္ပတ္သက္ၿပီး
ဟန္ဆယ့္ကို အခုထိ အမ်က္မေျပနိုင္ေသးဟုပင္
ထင္ေနမိသည္။
ေခၚေနေျပာေနၿမဲ သားလို႔ပဲ ခ်စ္ခင္စြာေခၚေနၿမဲေပမယ့္
တစ္ခုခုကေတာ့ လြဲမွားေနခ်ည္းသာ။
ဒယ္ဒီ့ဖုန္းရဲ႕ wallpaper ကအစ သတိျပဳမိသည့္ ဟန္ဆယ့္မွာ
အေတာ္ပင္ ေနမထိထိုင္မသာ ခံရခက္ေန၏။
ယခင္ကဆို ဒယ္ဒီ့ဖုန္းကို စိတ္လိုလက္ရ ကိုင္သံုးေနက်ေပမယ့္
အခုေတာ့ ထိုသို႔ မလုပ္ရဲပါေခ်။
ဖုန္းမ်က္နွာျပင္မွာ ဟန္ဆယ့္မ်က္နွာေလးအစား
ပန္းပြင့္ပံုတစ္ခုက အစားထိုးေရာက္လာၿပီးေနာက္ပိုင္းမွာေပါ့။
ေျပာရလ်ွင္ ဟန္ဆယ္က ဒယ္ဒီ့ကို အေတာ္ကပ္ပါသည္။
အခုအ႐ြယ္အထိ စိတ္လိုလ်ွင္ ဒယ္ဒီ့ပါးကို နမ္းတုန္း။
ဒယ္ဒီ့ကို တစ္ခါတေလ ထမင္းခြံ႕ေကြၽးခိုင္းတုန္း။
သို႔ေပမယ့္ ထိုျဖစ္ရပ္မ်ားက လြန္ခဲ့ျပီျဖစ္သည္။
တရင္းတနွီးမေနဝ႔ံေလာက္ေအာင္ပင္
ဒယ္ဒီက သူ႔ကို စိမ္းသက္ေနခဲ့ပါ၏။
အသိသာဆံုး စိမ္းကားမႈကေတာ့
အေပါင္းအသင္းမ်ားနွင့္ အလည္အပတ္သြားမည္ဆိုရင္
ဒယ္ဒီက အရင္လို ေသခ်ာမစစ္ေဆးေနေတာ့ဘဲ
ဒီတိုင္း လႊတ္ခ်လိုက္တာျဖစ္သည္။
ျပန္လာခ်ိန္မသတ္မွတ္ေပးထားေတာ့ေသာ္ျငား
ဟန္ဆယ္ကေတာ့ အခ်ိန္လင့္ေအာင္ မလည္ပတ္ျဖစ္ပါ။
ဒယ္ဒီက ယံုၾကည္မႈတစ္ခုေပးထားတယ္လို႔ ယူဆရတာေၾကာင့္
ထိုယံုၾကည္မႈကို အလြဲသံုးစားမလုပ္ရက္ေပ။
မျဖစ္မေန ေနာက္က်မည္ဆိုလ်ွင္ ဒယ္ဒီ့ကို ဖုန္းဆက္ႀကိဳေျပာၿမဲ။
"ဒယ္ဒီ...သား ညေနက် ေဘာလံုးကြင္းသြားမလို႔။"
"အင္း.... ဒဏ္ရာရဦးမယ္...ဂရုစိုက္။"
ဒါေလာက္ပဲျဖစ္သည္။
ယခင္ကလို ဘယ္သူေတြပါမွာလဲ ဘာညာ စစ္စစ္ေပါက္ေပါက္
မေမးေတာ့။
ဟန္ဆယ့္မွာ သက္ျပင္းေလးသာ ႀကိတ္ခ်ရေတာ့သည္။
ဒယ္ဒီ ထိုကဲ့သို႔ လႊတ္ထားေပးတာကိုက
စိတ္မသက္မသာျဖစ္ေစသည္။
ထိုအရာက လြတ္လပ္ေစတယ္ဆိုေပမယ့္
ဟန္ဆယ္ကေတာ့ တစ္ခုခု လိုအပ္ေနသလိုျဖင့္
စိတ္သိပ္မေပ်ာ္နိုင္ပါ။
ဒယ္ဒီနဲ႔ပတ္သက္လ်ွင္ အေသးစိတ္ေလးကအစ
လိုက္ခံစားမိေနရင္း တစ္ခါတေလ သိပ္ငိုခ်င္လွပါသည္။
ေနာက္ၿပီး ဒယ္ဒီ သူ႔ကို မခ်စ္ေတာ့ဘူးလို႔လည္း ထင္ေနမိျပန္၏။
ဒယ္ဒီလည္း ပါပါးလို ဆူစရာရွိရင္ ပြင့္ပြင့္လင္းလင္းဆူၿပီး
စိတ္ျမန္ျမန္ေျပရင္ေကာင္းမည္။
ပါပါးတစ္ဝက္ေလာက္ပဲ ဒယ္ဒီစိတ္ကို ဖြင့္ခ်ေစခ်င္လွပါ၏။
"ဒယ္ဒီ....."
ညဘက္ေရာက္ေတာ့ ဟန္ဆယ္က ဒယ္ဒီတို႔အခန္းသို႔
ဝင္သြားျဖစ္သည္။
ေသခ်ာေပါက္ ေခါင္းအံုး တစ္လံုးပိုက္လို႔ေပါ့။
"ဘာျဖစ္လို႔လဲ သား...."
ဒယ္ဒီက ညအိပ္ဝတ္စံုလဲေနတာျဖစ္သည္။
ကိုယ္ထက္မွ ၾကယ္သီးေတြကို တစ္လံုးစီတပ္ေနရင္း
လွည့္ထူးလာျခင္း။
"ဟို...သား ဒီည ဒယ္ဒီတို႔နဲ႔အိပ္ခ်င္လို႔။"
ဒယ္ဒီက စားပြဲေပၚမွ မ်က္မွန္ကို ေကာက္တပ္ရင္း
သူ႔ကို ေသခ်ာၾကည့္လာသည္မို႔
ဟန္ဆယ္က အိပ္ရာေပၚ တြားတက္လိုက္ကာ
"သား ဒီရက္ထဲ သိပ္အိပ္မေပ်ာ္လို႔ပါ။
ဒယ္ဒီတို႔နဲ႔ အိပ္မယ္ေနာ္။"
"ေနမေကာင္းလို႔လား..အိပ္မေပ်ာ္တာက?"
ေရခ်ိဳးၿပီးခါစ ေအးစက္စက္ လက္တစ္ဖက္က
ဟန္ဆယ့္နဖူးထက္ ေရာက္လာသည္။
"ေနေကာင္းပါတယ္....အိပ္မေပ်ာ္ရံုေလးပါ။"
"ဒါဆို ႀကိဳးစားၿပီး အိပ္မွေပါ့ သားရယ္။
သားအသက္လည္း မငယ္ေတာ့ဘူးေလ။
ဘယ္လိုလုပ္ ဒယ္ဒီတို႔နဲ႔ အိပ္ခ်င္တယ္ပဲ လုပ္ေနတာတုန္း?"
ဒယ္ဒီ့အသံက ရယ္ေသြးသမ္းေနေသာ္ျငား
ဟန္ဆယ့္ရင္ထဲမွာေတာ့ ေအးကနဲ စိမ့္တက္သြားရသည္။
"သား ဘာျဖစ္လို႔လဲ?"
မ်က္နွာသစ္ၿပီး ေရခ်ိဳးခန္းထဲမွ ထြက္လာေသာ လုဟန္ဆီမွ
အသံျဖစ္သည္။
"ဘာမွမျဖစ္ဘူး ပါပါး။ သား ျပန္အိပ္ေတာ့မယ္ေနာ္။"
ငိုခ်င္လာသည့္ ဟန္ဆယ့္မွာ ေခါင္းအံုးကို ပိုက္လ်က္
အိပ္ခန္းထဲမွ အျမန္ထြက္လိုက္မိသည္။
တံခါးအျပင္ေရာက္မွ ထိန္းထားသည့္ စိတ္မ်ားက
ၿပိဳလဲက်ကုန္တာ မ်က္ရည္စက္မ်ားနွင့္ အတူပင္။
ဒယ္ဒီနဲ႔သူနဲ႔ အေဝးႀကီး ေဝးေနၿပီဟု တကယ္ကိုပဲ
ခံစားေနရပါေတာ့၏။
"ခ်စ္...အိပ္ေတာ့မလား..."
"အင္း....."
လုဟန္က အိပ္ရာထက္ လွဲေလ်ာင္းေနရင္း
ေဘးေနရာကို ပုတ္ျပလ်က္ေခၚလိုက္သည္။
ဆယ္ဟြန္းကလည္း ဖုန္းနဲ႔စာအုပ္တစ္အုပ္ကို ယူကာ
လုဟန္အနားသို႔ ဝင္ေနရာယူလိုက္၏။
"သားကို ဘာလို႔ ျပန္လႊတ္လိုက္တာလဲ?"
လုဟန္၏ ေမးသံအဆံုး ဆယ္ဟြန္းက သက္ျပင္းရွိုက္လာသည္။
"ေမာင္ သားကို မခ်ဳပ္ခ်ယ္မိေအာင္ ႀကိဳးစားေနတာ။"
လုဟန္က ဆယ္ဟြန္းရင္ဘတ္ေပၚ ပါးကေလးမွီတင္၏။
"အတင္းႀကီး လုပ္ယူစရာမလိုဘူးေလ ေမာင္ရယ္။
ဒီတိုင္း သူ႔ဟာသူ သဘာဝက်က်ေလး..."
"အဟင္း....ေမာင့္အေျခအေနက အတင္းႀကီး မႀကိဳးစားရင္
ျဖစ္နိုင္မယ္မထင္ဘူး...."
"ေမာင္...."
"အင္း....."
"သားကို ဝမ္းနည္းေအာင္ မလုပ္မိေစနဲ႔ေနာ္။"
လုဟန္က သတိေပးလာတာျဖစ္၏။
ဆယ္ဟြန္းက ခဏမ်ွ ေတြေဝမိေနေသးသည္။
ထို႔ေနာက္ ဖုန္းကို ထုတ္ကာ သားရဲ႕ Ig acc ေလးသို႔
တစ္ေခါက္ဝင္ၾကည့္မိသည္။
သားက သိုသိုသိပ္သိပ္ေနတာေတာင္
ေက်ာင္းမွာ အေတာ္နာမည္ႀကီး၏။
တျခားေက်ာင္းမွ ကေလးမမ်ားကပင္ သားကို လာၾကည့္ၾကၿပီး
ပိုးပန္းျကသည္ဟုလည္း သတင္းသဲ့သဲ့ၾကားထားေသးသည္။
ထို႔ေၾကာင့္ သား ig acc မွာ
follower ကလည္း တစ္ရက္ကို ၃၀ ေလာက္တိုးေနသည္။
ဆယ္ဟြန္းက follower အသစ္မ်ား၏ acc တစ္ခုခ်င္းစီထဲကို
ဝင္ၾကည့္ ေဖြရွာမိျပန္ပါေတာ့သည္။
ဘယ္သူလဲ.. ဘယ္လိုလူမ်ိဳးလဲ စသျဖင့္ စူးစမ္းၾကည့္တာမ်ိဴးပါပင္။
ထံုးစံအတိုင္းေပါ့ေလ။
ဟန္ဆယ္မွာ ယခင္ညက
ဝမ္းနည္းသည့္ စိတ္အခံေလးမွ မေျပေသး။
ယေန႔မနက္ ဒယ္ဒီ ေျပာလာသည့္စကားေၾကာင့္ ထပ္ၿပီး
စိတ္မေကာင္းျဖစ္ရျပန္ေလသည္။
"သား အဆင္ေျပတယ္မဟုတ္လား?"
ေကာ္ဖီတစ္ခြက္ကိုင္ထားရင္း ဒယ္ဒီက မ်က္ခံုးပင့္လ်က္
ထပ္မံအတည္ျပဳလာခဲ့ျခင္း။
"ဟုတ္ကဲ့....ေျပပါတယ္ ဒယ္ဒီ..."
မေျပလို႔ေရာ ရမလား။
အလုပ္ကို အေၾကာင္းျပေနတဲ့ ဒယ္ဒီ့အေပၚ
ဟန္ဆယ္ သိတတ္ရမည္ေလ။
"တကယ္လို႔ သားအဆင္မေျပဘူးဆိုရင္
ငါပဲ အႀကိဳအပို႔လုပ္လိုက္မယ္ေလ ေမာင္...."
ပါပါးက ဝင္ေျပာလာေတာ့ ဟန္ဆယ္ အျမန္ျငင္းလိုက္သည္။
"ရတယ္ ပါပါး...သားကို ဒရိုက္ဘာပဲ ေခၚေပးပါ။"
ပါပါး ကားေမာင္းရင္ ဒယ္ဒီက ထပ္ၿပီး စိတ္ပူေနရဦးမည္။
အလုပ္ကမ်ားလွသည့္အထဲ ဒယ္ဒီ့ကို ထပ္မပင္ပန္းေစခ်င္ေတာ့။
"သား... ဟန္ေလး...."
ေက်ာင္းသြားဖို႔ ျပင္ေနသည့္ ဟန္ဆယ့္အခန္းထဲ
ပါပါးက လိုက္ဝင္လာတာပင္။
ခဏရပ္ ေတြေဝ အေတြးထူမိေနရာမွေန ဟန္ဆယ္ အျမန္
သတိျပန္ကပ္လိုက္သည္။
ထည့္လက္စ စာအုပ္ေတြကိုလည္း
ေက်ာပိုးအိတ္ထဲ ေသခ်ာဆက္ထည့္မိ၏။
"သားဒယ္ဒီကို စိတ္မဆိုးနဲ႔ေနာ္။
ဒယ္ဒီက ဒီရက္ထဲ အလုပ္သိပ္မ်ားေနတာေလ။
အိမ္အထိကို အလုပ္ကပါလာတာ။"
လုဟန္က ဟန္ေလးကိုယ္ေပၚက အက်ႌကို လက္ေလးနဲ႔
ေသခ်ာဖိသပ္ျပဳျပင္ေပးရင္း ဆိုလာခဲ့သည္။
ဟန္ေလးက ၿပံဳးလိုက္ၿပီး
"သားသိပါတယ္ ပါပါးရ။
ဒရိုက္ဘာနဲ႔သြားရလည္း သားက အဆင္ေျပတယ္ရယ္။
သားကို အႀကိဳအပို႔လုပ္တဲ့အခ်ိန္ေတြမွာ
ဒယ္ဒီ အနားယူလို႔ရသြားတာေပါ့။
သား စိတ္မဆိုးပါဘူး။"
သားစိတ္မဆိုးပါဘူး ပါပါး....စိတ္မေကာင္းျဖစ္ရံုေလးပါ။
ဒီစကားကိုေတာ့ သူ႔ရင္ထဲမွာပဲ ဝွက္သိမ္းထားလိုက္ပါသည္။
အစြမ္းကုန္ခ်စ္ခင္အလိုလိုက္ေပးခ်ိန္မွာ
မသိတတ္ဘဲ ဆိုးသြမ္းမိတဲ့သူက ဟန္ေလးကိုယ္တိုင္ရယ္ပါ။
ဒီ့အတြက္ ဒယ္ဒီ့ရဲ႕ ေျပာင္းလဲသြားမႈမ်ားအေပၚ
နည္းနည္းေလးမွေတာင္ စိတ္မကြက္ရက္ပါဘူးေလ။
ထိုေန႔မွစလို႔ ေနာက္သီတင္းတစ္ပတ္အေရာက္မွာ
ဒယ္ဒီခရီးထြက္ရေလၿပီ။
အရင္လို ဟန္ဆယ့္ဆီကုိ ဖုန္းဆက္လာဦးမလား
ေမ်ွာ္မိေသးေပမယ့္ ဒယ္ဒီက ဆက္မလာခဲ့ေခ်။
ပါပါး ဖုန္းလႊဲေပးမွပဲ သူေျပာျဖစ္သည္။
သူကိုယ္တိုင္ စေခၚဖို႔က်ေတာ့လည္း
ဒယ္ဒီ့ကို စိတ္အေနွာက္အယွက္ေပးမိမွာေၾကာက္လို႔ မေခၚျဖစ္။
ဒယ္ဒီ့ရဲ႕ ေျပာင္းလဲသြားတဲ့ အျပဳအမူတစ္ခုခ်င္းကို
ျမင္ေတြ႕ရင္ဆိုင္ရမွာ ေၾကာက္လွသည္မလို႔
အတတ္နိုင္ဆံုးေရွာင္ရွားေနမိျခင္းပါပဲေလ။
"ဟန္ေလး အဆင္ေျပရဲ႕လား...."
ဦးဦးေယာလ္က ေရာက္လာၿပီး ေမးတာမလို႔
ဟန္ေလး ေခါင္းၿငိမ့္ျပလိုက္သည္။
"ပင္ပန္းေနၿပီလား....မင္းသားႀကီးရ....."
မင္းသားႀကီးဆိုၿပီး ေခၚလာတာေၾကာင့္ ဟန္ေလးမွာ
လည္ကုပ္ကေလးကို လက္နဲ႔ပြတ္ရင္း ရွက္ေနမိေသးသည္။
"မင့္ပါပါးေရာ..."
"သား ဘာဘယ္တီးေသာက္ခ်င္တယ္ဆိုလို႔
သြားထြက္ဝယ္ေပးေနတာ။"
"အာ...ဒါမ်ား ငါ့ႀကိဳေျပာလိုက္တာ မဟုတ္ဘူး။
ဒီမွာ staff ေတြလည္းရွိတဲ့ဟာ...."
ဟန္ေလးက ဟဲကနဲ ရယ္ျပလိုက္သည္။
သူမ်ားေတြကို ေတာက္တိုမယ္ရ မခိုင္းရက္ပါဘူး။
ကိုယ္က ဦးဦးလို အလုပ္ရွင္လည္းမဟုတ္။
ဒီတိုင္း အကူအညီေတာင္းလို႔ သူတို႔အဝတ္အစားဝတ္ျပၿပီး
ဓာတ္ပံုအရိုက္ခံေနရတဲ့ ေမာ္ဒယ္ေလးပဲေလ။
ေမာ္ဒယ္ဆိုေသာ္ျငားလည္း မ်က္နွာပါတာမဟုတ္။
ကိုယ္လံုုးခ်ည္းသက္သက္ျဖင့္
ဦးဦးတို႔ရဲ႕ ေဆာင္းရာသီဝတ္စံုေၾကာ္ျငာအတြက္
ကူညီေပးရရံုသာ။
"ကူညီေပးတာ ေက်းဇူးတင္တယ္ေနာ္။
Company ကေပးမယ့္ အႏုပညာေၾကးအျပင္
ဟန္ေလး တျခား ဘာလိုေသးလဲ?
လိုခ်င္တာ တစ္ခုေျပာ...."
"ကေလးကို ထပ္မေပးပါနဲ႔ေတာ့ဗ်ာ။
အစ္ကိုတို႔ အကူအညီလိုတယ္ဆိုလို႔ ကူညီေပးရံုေလးပါ။"
အနားျပန္ေရာက္လာေသာ လုဟန္က ဝင္တားလာေတာ့
ခ်န္းေယာလ္ တိတ္လိုက္ရသည္။
တိတ္သည္ဆိုတာမွာ စကားဆက္မဆိုရံုေလးကိုပဲ ဆိုလိုတာျဖစ္၏။
က်န္တာက ကိုယ္ေတြ တူဝရီးကိစၥမလို႔
ဘယ္အခ်ိန္ဆက္ေျပာေျပာ ရသည္ေလ။
"ပါပါး...ဒီပံုေလးမဆိုးဘူးေနာ္။ အက်ႌေလးလည္း ႀကိဳက္တယ္။
သားမွန္းမသိသာဘူးမလား...."
"အင္း...ပါပါးက် ဒီပံုေလးႀကိဳက္တာ။
သားေဘာ္ဒီနဲ႔ လိုက္ဖက္ေနေရာပဲ။"
သားအဖနွစ္ေယာက္ ipad ကိုင္ကာ တြတ္ထိုးေနတာပင္။
ဟိုတစ္ေန႔က ရိုက္ကူးခဲ့ေသာ ေၾကာ္ျငာဓာတ္ပံုမ်ားကို
Chanyeol တို႔ company က
IG acc မွာတင္လိုက္ၿပီျဖစ္သည္။
မနက္တည္းကတင္လိုက္တာမလို႔ ကိုယ္စီၾကည့္ၾကၿပီးေပမယ့္
အခု ဟန္ေလးေက်ာင္းဆင္းေတာ့ အတူထပ္ၾကည့္ၿပီး
ကိုယ့္ငါးခ်ဥ္ကိုယ္ခ်ဥ္ေနမိၾကျခင္း။
နွစ္ေယာက္သား ေဝဖန္ေလကန္ေနၾကစဥ္
ၿခံထဲဝင္လာေသာ ကားတစ္စီးသံကို ၾကားလိုက္ရ၏။
သိပ္မၾကာ။
ခပ္ျမန္ျမန္လွမ္းေနေသာ ေျခတံမ်ားက
ဧည့္ခန္းထဲဆီ လႊားကနဲ လႊားကနဲ။
"ဟင္...ေမာင္ျပန္လာၿပီလား?"
"ဒယ္ဒီ?"
ေျပာထားသည့္ရက္ထက္ ေစာလ်င္စြာ ျပန္လာေသာ ဒယ္ဒီေၾကာင့္
ဟန္ေလးမွာ မဖံုးနိုင္ မဖိနိုင္ ေပ်ာ္သြားခဲ့သည္။
"အလုပ္ျမန္ျမန္ၿပီးလို႔ ျပန္လာတာ။"
ေလသံက ခပ္ျပတ္ျပတ္ျဖစ္ေနတာေၾကာင့္
ဒယ္ဒီ့လက္ထဲက luggage ကို ဆြဲယူေနေသာ ဟန္ေလးမွာ
ပါပါးဆီ အားကိုးတႀကီး လွည့္ၾကည့္လာ၏။
"ေရခ်ိဳးဦးမယ္။"
ေဟာ....
လုဟန္တို႔သားအဖမွာ အေၾကာင္သားေလး
က်န္ခဲ့ေလေတာ့သည္။
"ေမာင္....သား ပံုေတြ ျမင္ၿပီးၿပီလား။"
လုဟန္ ေသြးတိုးစမ္းကာ ေမးျကည့္လိုက္ျခင္း။
ဆယ္ဟြန္းက ထမင္းလုပ္မ်ားကို မျပတ္စားေနရင္း
"အင္း..."
ဟန္ေလးက တကုပ္ကုပ္နဲ႔ အရိပ္အကဲၾကည့္ေနသည္။
ေၾကာ္ျငာဓာတ္ပံုရိုက္သည့္ကိစၥမွာ ဆယ္ဟြန္းႀကိဳမသိရေပ။
အေရးတႀကီး ကူညီလိုက္ရသည့္ကိစၥေပမလို႔
အလုပ္ၿပီးမွသာ ေျပာျဖစ္ခဲ့သည္။
ေနာက္မွ သိရတာမလို႔ ဆယ္ဟြန္းခမ်ာ စိတ္ဆိုးခ်င္ပါ၏။။
သို႔ေပမယ့္ *သားကို idol ေတာင္ လုပ္ခိုင္းေနေတာ့
ဒီလိုအလုပ္ေလာက္ကို ေမာင္ မႀကိဳက္တာမရွိေလာက္ဘူးထင္လို႔"
ဟူ၍ လုဟန္က ႀကိဳပိတ္ထားသည့္ေနာက္
စိတ္မဆိုးျပရဲေတာ့ေခ်။
သို႔ေသာ္ စိတ္ထဲကေတာ့ ဖုေနတာအမွန္။
သားကို လုပ္ခ်င္တာလုပ္ပါလို႔ ေျပာခဲ့ဖူးေပမယ့္
တကယ္တမ္းက်ေတာ့ အေျပာႀကီးခဲ့ရံုသက္သက္ဟု
သိလာရသည္။
သားနဲ႔ပတ္သက္ေသာအရာရာကို သူ႔ေျခသူ႔လက္နဲ႔ပဲ
စီမံေပးခ်င္တာျဖစ္၏။
ယခုကိစၥမွာ လုဟန္ပါဝင္ေနသည္ဆိုတာေတာင္
ဆယ္ဟြန္းစိတ္က ေျဖသိမ့္မရေအာင္ပင္ ထိလြယ္ေနသည္။
ခ်န္းေယာလ္ကလည္း အလုပ္မွာ စီစဥ္တက်မျဖစ္ဘဲ
လႊဲမွားသြားလို႔ အကူအညီေတာင္းခဲ့တာလို႔
ေျဖရွင္းစကားဆိုေပမယ့္ မႀကိဳက္တာက မႀကိဳက္တာပင္။
သားေဘးနားမွာ ပန္းပြင့္လွလွေလးေတြ ဝန္းရံခယေနမည္ကို
ေတြးေတာင္မၾကည့္ရဲ။
ျဖစ္နိုင္လ်ွင္ ငယ္ငယ္ကလို လက္ေမာင္းေတြထဲပဲ
ေပြ႕သိမ္းထားခ်င္ေတာ့တာပင္။
ဆယ္ဟြန္းမွာ ခဏဖိနွိပ္ထားရေသာ အတၲမ်ားက
ထိုသို႔ တဟုန္ထိုး ျပန္လည္ထြက္ေပၚလာျပန္သည့္အထဲ
တျခားစိတ္ပူမိတာကလည္းရွိေသးသည္။
အဲ့ဒါကေတာ့ လိုတာထက္ပိုၿပီး
သားက ထင္ရွားေပၚလြင္သြားမွာကိုပဲ ျဖစ္၏။
သူ႔သားမွန္းသာ သိကုန္ၾကရင္
ပိုၿပီး လူစိတ္ဝင္စားစရာျဖစ္လာနိုင္သည္မဟုတ္ပါလား။
အခုဆိုရင္ၾကည့္...ဘယ္လိုပဲ ပံုေတြက မ်က္နွာမပါၾကေစဦး။
ေကာင္မေလးေတြ ေကာင္ေလးေတြက Body ကိုပဲျဖစ္ျဖစ္
ႀကိဳက္ၾကၿပီဆိုလ်ွင္ အကုန္သိရေအာင္ stalk ၾကေတာ့မွာပင္။
သား body ကလည္း ေသခ်ာေလ့က်င့္ထားသည္မလို႔
ယေန႔ေခတ္ လူငယ္မ်ားအႀကိဳက္ေလ။
သူက ဒါမ်ိဳးမျဖစ္ေစခ်င္။
သားကို ဒီအတိုင္းေလး ေအးေဆးျဖတ္သန္းေစခ်င္၏။
လူစိတ္ဝင္စားမႈေတြရၿပီး အသြားၾကပ္ အစားခက္ျဖစ္ေနမွာမ်ိဳး
မျမင္ခ်င္။
ဒါေၾကာင့္ သူေတာင္ သားကို public မွာ ထုတ္မျပဖူးခဲ့တာ။
ယခင္က က်င္လည္ခဲ့ေသာ အသိုင္းအဝိုင္းမေျပာနဲ႔။
ယခုက်င္လည္ေနေသာ စီးပြားေရးေလာကမွာေတာင္
သားတို႔သားအဖကို သိပ္ျမင္ဖူးၾကတာမဟုတ္။
ထိုသို႔စိုးရိမ္ပူပင္စိတ္မ်ားေၾကာင့္ ဆယ္ဟြန္းက
တစ္ခုခုေျပာထားမွ ဟန္႔ထားမွရမည္ဟု ဆံုးျဖတ္လိုက္သည္။
ေနရာတကာ ပါပါးခြင့္ျပဳတယ္ဆိုၿပီး အကုန္လိုက္လုပ္ေနမွာမ်ိဳးကို
ေသခ်ာႀကိဳထိန္းထားဖို႔လိုပါသည္။
"သားကို ဒယ္ဒီ တစ္ခုေတာ့ မွာခ်င္တယ္။"
သားဆီ ဟင္းခပ္ထည့္ေပးေနေသာ လုဟန္ကပါ
ျကည့္လို႔လာသည္။
"ေနာက္ဆို သားဘာလုပ္လုပ္ ဒယ္ဒီ့ကို အရင္တိုင္ပင္ေစခ်င္တယ္၊
လုပ္လိုက္ၿပီးမွ ေျပာတာမ်ိဳးက် သိပ္မဟုတ္ဘူး။"
အထိန္းအကြပ္နဲ႔ ဆံုးမရသည္။
သားကိစၥမ်ားကို မစြက္ဖက္ေတာ့ပါဘူးလို႔
လုဟန္ကိုကတိေပးထားသည္မလို႔
ထိုကတိကို ခ်ိဳးဖ်က္ရာမက်ေအာင္ မသိမသာေလးျဖင့္။
"ဟုတ္ကဲ့ ဒယ္ဒီ....သားႀကိဳေျပာပါ့မယ္။
ဒီတစ္ခါကိစၥလည္း သားေတာင္းပန္ပါတယ္ေနာ္။
ဒယ္ဒီ့ဆီခြင့္ေတာင္းဖို႔ အခ်ိန္လံုးဝမရလို႔ပါ။"
ဒယ္ဒီ့ဆီက အရင္တုန္းကလို ဂရုစိုက္မႈ ျပန္ရတာေၾကာင့္
ဟန္ေလးမွာ အသံေလးတုန္သည္အထိ ေပ်ာ္မိရေလသည္။
မေပ်ာ္နိုင္သူကေတာ့ လုဟန္ပင္။
တစ္ဖက္ကို ဆူသလိုနဲ႔ လုဟန္ကိုပါ ေရာဟန္႔သြားတာ???
နဂိုကမွ မနည္းဖိနွိပ္သည္းခံထားရေသာ စိတ္ကေလးကို
သူက လာဆြေနတာေပါ့ေလ?
"ဒယ္ဒီေျပာတာ သိလား ဟန္ေလး?
သတိထားရမယ္ေနာ္။
အဲ့ဒီ့ေလာကက လူစံုရွိတာမလို႔
ဘယ္သူ႔ကိုမဆို သားယံုလို႔မရဘူး နားလည္လား?"
ဟန္ေလးကေတာ့ ဆံုးမခံေနရသည္ကိုပင္
ၿပံဳးၿဖီးၿဖီး မ်က္နွာထားနဲ႔ ေက်နပ္စြာ ေခါင္းေတြၿငိမ့္လို႔......
"ဟုတ္ကဲ့ ဒယ္ဒီ..."
ေၾသာ္...ေၾသာ္ လုဟန္မွာ တရားေတြက်ရပါ၏။
ေနာက္ဆံုးေတာ့ သူတို႔သားအဖၾကား လုဟန္ကပဲ
ဗီလိန္ႀကီးေပါ့ေလ။
ကိုယ့္မွာေတာ့ သားကို အတင္းခ်ဳပ္ခ်ယ္ေနမွာစိတ္ပူလို႔
မလြတ္လပ္ရွာေသာ သားေလးကို သနားလို႔
ေမာင့္ကို ကတိေတြေတာင္းၿပီး ထိန္းထားရတာ။
အခုကိစၥမွာလည္း သားကို မဆူရေအာင္အထိ
စကားနဲ႔ခ်ဳပ္ေပးထားရတာ။
အခုေတာ့ သူတို႔သားအဖက အေပးအယူေတြတည့္ကုန္ကာ
ပိုေနၿမဲ က်ားေနၿမဲ။
ဟန္ေလး...ဟန္ေလး...
သူ႔ဒယ္ဒီက ဆူခ်င္ေနတာကိုေတာင္
မုန္႔ဖိုးရသလို ေပ်ာ္ျပေနသည္။
"ဒယ္ဒီ့သားဆိုတာ လူေတြသိသြားရင္
သား အဆင္မေျပျဖစ္လိမ့္မယ္။
ေနာက္ၿပီး......"
ဆယ္ဟြန္း ဆက္ေျပာဖို႔ရာ ဘယ္လို စကားသံုးရမလဲမသိ။
တကယ္က အတူတြဲရိုက္တဲ့ ေမာ္ဒယ္ကေလးမေလးနဲ႔
အေၾကာင္းကို သိခ်င္တာပင္....
ဖုန္းနံပါတ္ယူသြားလား? ဘာလားေပါ့?
ဒါေပမယ့္ ထုတ္ေမးလိုက္ဖို႔ရာက် အဆင္မေျပပါ။
တအားသိသာသြားလိမ့္မည္။
လုဟန္ကတစ္ဆင့္ အစ္ကိုရိရွင္းတို႔ပါ သိရင္
ဆယ္ဟြန္း အေလွာင္ခံရလိမ့္မည္။
မာမားပါသိရင္ ထပ္ၿပီး သူအဆူခံရလိမ့္မည္။
တစ္ဆက္တည္းမွာပင္ မေက်မနပ္ျဖစ္ရျပန္၏။
ကာယကံရွင္သားကေတာင္ သူ႔ဆႏၵကို ဦးစားေပးၿပီး
နာခံေနတာကို ေဘးကလူေတြက ဘာေတြဝင္ပူေနသလဲမသိေခ်။
"ေနာက္ၿပီး ဘာျဖစ္လဲဟင္? ဒယ္ဒီ...."
ဟန္ေလးက မ်က္လံုးေတာက္ေတာက္ကေလးနဲ႔
သူ႔ဆီမွ ဆံုးမျသဝါဒကို နာခံဖို႔ ေစာင့္ဆိုင္းေနသည္။
ဆယ္ဟြန္းမွာ ေသခ်ာေစ့ေစ့စပ္စပ္စဥ္းစားလိုက္ၿပီးမွ
"အင္း....အဲ့လို အလုပ္မွာဆိုရင္ အတူတြဲလုပ္တဲ့သူေတြ
ရွိတယ္မလား..
ဟို ေမာ္ဒယ္ေကာင္မေလးတို႔ ဘာတို႔ေလ
သူတို႔နဲ႔ေရာ တအားရင္းနီွးေအာင္ မေနနဲ႔ဦးလို႔။
လူဆိုတာက ေၾကာက္စရာေကာင္းတယ္ေလ သား။
ရုပ္ကေလးလွလည္း စိတ္ထားက ေကာင္းခ်င္မွေကာင္းတာ။"
ေကြ႕ပတ္လွည့္ပတ္ေျပာေနေပမယ့္
အဓိကကေတာ့ သူ႔သား ရည္းစားထပ္ရမွာပူေနလို႔ပဲေပါ့။
လုဟန္မွာ နည္းနည္းမ်ွပင္ ၾကည့္မရေတာ့တာေၾကာင့္...
သူတို႔သားအဖ အၾကည္လြန္ေနလ်ွင္ ဝင္ေနွာက္ယွက္ပစ္တတ္တဲ့
အက်င့္ကေလးအတိုင္း....
" သား ေသခ်ာ နားေထာင္လိုက္။
သားဒယ္ဒီက သူ႔အေတြ႕အႀကံဳေတြရင္းၿပီး ဆံုးမေနတာ။"
ၿငိမ္ေနရာက တစ္ခြန္းထေျပာလိုက္ေတာ့
ဆယ္ဟြန္းက လုဟန္အား လွည့္ၾကည့္လို႔လာၿပီ။
"သားဒယ္ဒီတုန္းကဆို ကေလးေမာ္ဒယ္လုပ္ရင္း
အတူတြဲရိုက္တဲ့ေကာင္မေလးနဲ႔ ႀကိဳက္ပါသြားတာေလ။
ေနာက္ေတာ့ ဟိုက သူ႔ကိုထားသြားလို႔ က်န္ခဲ့ရတာ။
သူအသည္းကြဲခဲ့ရတာေတြေပါ့။
အဲ့ဒါေတြေၾကာင့္ သားကို သူဆံုးမေနတာ။
နားေထာင္လိုက္ေနာ္။"
မ်က္လံုးႀကီးျပဴးၾကည့္ေနတဲ့ တစ္ေယာက္ကို
လုဟန္က မ်က္လံုးေထာင့္ကပ္ၾကည့္ရင္း
တရစပ္ေျပာေပးလိုက္သည္။
သူ႔ဇာတ္လမ္းေတြက ကုန္ကိုမကုန္နိုင္ဘူး။
ခ်န္းေယာလ္ေျပာျပတုန္းကေတာ့ သိပ္စိတ္မဆိုးမိ။
အခု သားကို သူအရမ္းတားေနမွ
အဲ့တုန္းက ဘယ္ေလာက္ေတာင္ ေၾကကြဲခဲ့ရလို႔
သားကိုပါ စိတ္ပူေနရသလဲဟု သံသယက ဝင္လာၿပီ။
"ဟို....ပါပါး ....ဒီ ဟင္း စားခ်င္လား?"
သူ႔ဒယ္ဒီကို ကိုယ္ျပႆနာရွာတာနဲ႔
သားက စကားလမ္းေၾကာင္းေရာ အာရံုပါ ကူလႊဲေပးေနက်။
"ေတာ္ၿပီ။"
လုဟန္က ထမင္းကို လက္စသပ္လိုက္ကာ ထရပ္လိုက္သည္။
"ခ်စ္??"
"ထမင္းစားၿပီးလို႔ ပန္းကန္ေဆးလိုက္ပါဦးမယ္ေနာ္။
တစ္ခုခု မလုပ္ခင္ ခြင့္ေတာင္းတာမို႔ စိတ္မဆိုးဘူးဟုတ္?"
လုဟန္႐ြဲ႕တာကို သိေတာ့ သားက ခြိကနဲ ထရယ္သည္။
"ေကာင္ေလး အပိုးက်ိဳးက်ိဳးေနစမ္း...."
လုဟန္က သားကိုပါ လွည့္မာန္လိုက္သည္။
ေနာက္ေတာ့ လုဟန္အေနာက္ သူေတာက္ေလ်ွာက္လိုက္လာတာ
အိပ္ခန္းထဲအထိပင္။
"ခ်စ္...."
လုဟန္က အိပ္ရာထက္ေဘးေစာင္းလွဲကာ
နီးစပ္ရာ စာအုပ္ကို ဆြဲယူလွန္ဖတ္လိုက္သည္။
"ေမာင့္ကို စိတ္မဆိုးပါနဲ႔ကြာ။
အဲ့ဒီ့အေၾကာင္းကို တမင္မေျပာျပတာမဟုတ္ပါဘူး။
ေမာင္ေမ့ေနလို႔ရယ္ပါ...."
အိမ္ေထာင္သက္က တအားၾကာလာေတာ့
ေမာင္တစ္ေယာက္ အရင္လို သိပ္မပိန္းေတာ့ပါ။
လုဟန္ တစ္ခြန္းေျပာတာနဲ႔ အေသအခ်ာေတြးယူတတ္ေနၿပီ။
"ေနာက္ၿပီး... ကြၽတ္...အဲ့တုန္းကလည္း တြဲလိုက္တာ ခဏေလးပါ။
ေမာင္ေမ့ေနတာပဲၾကည့္။ စိတ္ထဲကို မရွိေနဘူးေလ။
ဒါေၾကာင့္ စိတ္မေကာက္ပါနဲ႔ကြာ။"
"ခဏတြဲလည္း တြဲတာပဲေလ။
တမင္ထိမ္ခ်န္ထားတယ္ဆိုတည္းက အဲ့တုန္းကဒဏ္ရာကို
ျပန္အစမေဖာ္ခ်င္လို႔မွန္းသိတယ္။
အခုထိ လြမ္းခ်င္လြမ္းေနမွာေပါ့။"
"အာ...ဘယ္လိုလုပ္လြမ္းမွာလဲလို႔...
ကေလးသဘာဝ စိတ္အလိုလိုက္မိခဲ့ရံုေလးကို..."
လုဟန္ ထထိုင္လိုက္မိေလၿပီ။
"ေအာင္မာ..မင္းအလွည့္က် ကေလးသဘာဝဘာညာနဲ႔။
ငါ့သားေလးကိုက် မင္း စိတ္ဆိုးပစ္တယ္ေနာ္။
ေတာ္ေတာ္တရားေနတယ္ေပါ့ ဟုတ္လား...."
သားကိုပါထည့္ေတြးၿပီး လုဟန္ ရန္ရွာပစ္လိုက္သည္။
"ခ်စ္ကကြာ...
ေမာင္ သားကို ခ်စ္လြန္းလို႔ တိုရတယ္ဆိုတာ သိသားနဲ႔။"
"ဒါဆို ငါက်ေရာ?
"ဟင္....?"
"ငါကလည္း မင္းကို ခ်စ္တယ္ေလ။
အဲ့ေတာ့ မတိုသင့္ဘူးလား?"
ဆယ္ဟြန္းမွာ ေခါင္းပါ ကုပ္မိရသည္။
"ခ်စ္လို႔ တိုတာခ်င္းအတူတူ မင္းက် ရတယ္။
ငါက် မရဘူးေပါ့ ဟုတ္သလား?"
"ခ်စ္ကို မတိုရဘူးလို႔ မေျပာပါဘူး။ ေမာင္က ရွင္းျပတာပါ။
ခ်စ္စိတ္ဆိုးေနမွာစိုးလို႔ ရွင္းျပတာ။"
"အဲ့ဒါဆို ဆက္တိုလို႔ မရေတာ့ဘူးေပါ့?"
ဆယ္ဟြန္းမွာ အဘယ္သို႔ "အင္း" ဟု ေျဖထြက္မလဲေလ။
"မင္းရွင္းျပတယ္ဆိုတည္းက မတိုေစခ်င္လို႔ေပါ့။"
"အဲ့လိုမဟုတ္?"
"အဲ့ဒါဆို တိုၿပီး စိတ္ဆက္ဆိုးရမွာလား။"
ဆယ္ဟြန္း မေျဖတတ္ေတာ့ပါေခ်။
မအီမလည္မ်က္နွာေပးႀကီးျဖင့္ မ်က္ေမွာင္က်ံဳ႕ေနသည့္ေမာင့္ကို
ၾကည့္ရင္း လုဟန္ရယ္ခ်င္လာရသည္။
နဂိုကကိုမွ စိတ္ဆိုးလို႔ ျပႆနာရွာတာမဟုတ္ဘူးေလ။
ေမာင့္ကို ခ်စ္လို႔ က်ီဆယ္ခ်င္ရံုသက္သက္။
ထို႔ေနာက္ မေနနိုင္စြာ ေမာင့္ေမးဖ်ားကို
ခပ္ဖြဖြေလး ေမာ့နမ္းမိေခ်ေတာ့၏။
"ေမာင့္ကို စိတ္မေကာက္ေတာ့ဘူးလား?"
"စိတ္က ေကာက္ေသးတယ္။ နမ္းခ်င္လို႔ နမ္းတာ။"
လုဟန္အေလ်ွာ႔ေပးေတာ့ ဆယ္ဟြန္းက အတင့္ရဲစြာျဖင့္
အနားသို႔ တိုးကပ္လို႔လာသည္။
ထို႔ေနာက္ လုဟန္နဖူးမွစလို႔ မ်က္နွာတစ္ျပင္လံုးဆီ
အေႏြးဓာတ္မ်ား ျဖန္႔က်က္လာေတာ့၏။
"သားကို အရမ္းႀကီး မပစ္ထားနဲ႔ေနာ္ ေမာင္။
တခ်ိဴ႕ေနရာေလးေတြမွာပဲ လြတ္လပ္ခြင့္ေပးၿပီး
က်န္တာကိုေတာ့ ေမာင္ပဲ စီမံေပးလိုက္ပါ။
သားခမ်ာ အေတာ္စိတ္မေကာင္းျဖစ္ေနရွာတယ္။"
လုဟန္က ေလသံေအးေအးေလးနဲ႔ အႀကံျပဳလာေလ၏။
"အင္း....."
"ေမာင့္သားကေတာ့ ေမာင့္ကို တကယ္ခ်စ္တာပါပဲ။"
လုဟန္က မွတ္ခ်က္ျပဳေလ၏။
တကယ္လည္း သိပ္ခ်စ္တာပါပင္။
လုဟန္အေပၚမွာ ကေလးေလးတစ္ေယာက္လို
မွီတြယ္ကိုးစားတဲ့အျပင္ ဂရုစိုက္ျပတတ္သည့္ သားက
သူ႔ဒယ္ဒီကိုေတာ့ ေကာင္းကင္ႀကီးလိုပင္
မွတ္ယူထားတာျဖစ္ပါသည္။
သူ႔အေဖကလည္း ဘာထူးသလဲ?
အားလံုးဝိုင္းဆူၾကသည့္အျပင္ သားပါ အေနၾကပ္ေနမွန္းသိေတာ့
ခဏတျဖဳတ္လႊတ္ထားေပးၿပီး ဂရုမစိုက္ဟန္ျပ၊
အတင္းေတြ တြန္းလႊတ္ေပမယ့္ စိတ္ကလံုးဝအဆင္ေျပေနပံုမေပၚ
သားအျပင္ထြက္သြားရင္ လုဟန္လည္း မရိပ္မိေအာင္
သူ႔ဟာသူ ႀကိတ္ေမ်ွာ္ေနရသည့္အျပင္
သားကို ဒါရိုက္ဘာနဲ႔ေက်ာင္းသြားေစၿပီးမွ
စိတ္မခ်ျပန္တာလည္း သူပါပဲေလ။
သား အေမတို႔အိမ္ သြားအိပ္သည့္ေန႔မ်ားဆို
သူ႔ခမ်ာမယ္ ညဘက္အိပ္မေပ်ာ္။
ညလယ္ဆို ခိုးထၿပီး သားအခန္းေလးထဲ သြားထိုင္ေနတတ္တာ
လုဟန္မသိဘဲေနမလား။
မသိခ်င္ေယာင္ေဆာင္ၿပီး လႊတ္ထားေပးရံုသာ။
သူကိုယ္တိုင္ေရြးဝယ္လာေသာ အသံုးအေဆာင္မ်ားကိုေတာ့
လုဟန္မွတစ္ဆင့္ လုဟန္အမည္ခံကာ ေပးခိုင္းတတ္ျပန္သည္။
ဒီေန႔ဆိုလည္းၾကည့္။
သူ႔သားအေၾကာင္းသိတာနဲ႔ ခ်က္ခ်င္းကို ျပန္ခ်လာတာ။
ျဖစ္နိုင္ရင္ သားကို ပါးစပ္ထဲငံုထည့္သိမ္းဆည္းထားခ်င္သည့္
ဖခင္လိုမ်ိဳး။
ထိုသို႔ေသာ သားအဖနွစ္ေယာက္အျဖစ္ကို ျမင္ေနရေသာ
လုဟန္မွာ အသည္းေရာ အူေရာ တယားယား။
အျမင္ကပ္လို႔ ဝင္ေမႊေပးလိုက္ေတာ့လည္း
ေမာင့္မွာ ျပဴးျပာေနရတာပင္။
သားကို တအားခ်စ္လြန္းသူေပမယ့္
အိမ္ေထာင္ဘက္အေပၚမွာလည္း မလစ္ဟင္းေစရပါ။
ေမတၲာအဆက္မျပတ္စီးဆင္းေစသူ။
ေမာင့္လို ေယာက္်ားမ်ိဳးက
တကယ္ကို တစ္ေယာက္တည္းရွိတာပင္။
ၿပီးရင္ေတာ့ ဟန္ဆယ့္ဦးေလးမ်ားထံ
ဖုန္းဆက္အေၾကာင္းၾကားရေပဦးမည္။
ေနာက္မ်ားဆို ေမာင့္ကိုပဲ ဖိမဆူၾကေတာ့ဖို႔။
ဟန္ေလး ခ်ဳပ္ခ်ယ္ခံေနရသည့္ကိစၥမွာ
ဆယ္ဟြန္းအျပစ္ခ်ည္းပဲရွိတာမဟုတ္။
ဟန္ေလးကကို သူ႔ဒယ္ဒီခ်ဳပ္ခ်ယ္တာကို
သေဘာက်ေနတာျဖစ္သည့္အေၾကာင္း။
သူတို႔ခ်င္း အေပးအယူတည့္ကာ အဆင္ေျပၿပီး
ခ်စ္ခင္မျပတ္ သည္းကဲေနၾကသည့္အျဖစ္မွာ
မိမိတို႔ဝင္ပါမိလ်ွင္ မိမိတို႔၏ တာဝန္သာျဖစ္သြားနိုင္ေၾကာင္း။
ကိုယ့္တူေလး မလႈပ္သာ မျပဳသာ ခ်ဳပ္ခ်ယ္ခံေနရလည္း
ေဘးကေနသာ ၾကည့္ေနသင့္ေၾကာင္း။
သူ႔ဒယ္ဒီနဲ႔သူ ဘယ္လိုေနေန
ပစ္သာထားပစ္လိုက္ၾကပါ ဆိုသည့္အေၾကာင္းမ်ားပါပင္။
"ဟန္ေလး...သား အဆင္သင့္ျဖစ္ၿပီလား?"
"ဟုတ္...ဒယ္ဒီ။ ပါပါး သားေက်ာင္းသြားၿပီေနာ္။"
လုဟန္ ပါးျပင္ကို ေမႊးၿပီး သူ႔ဒယ္ဒီ့ဆီသြားေတာ့
ဟိုကလည္း ပခံုးဆြဲဖက္ၿပီး ေခၚသြားေတာ့၏။
ငွားထားသည့္ ဒရိုက္ဘာကို ဘယ္လိုလုပ္လိုက္တယ္ လုဟန္မသိ။
ဒီမနက္ေရာက္ေတာ့ သားကို
အရင္လို သူပဲအႀကိဳအပို႔လုပ္ေတာ့မည္ဟု
တန္းေျပာလာေတာ့တာပင္။
ဟန္ေလးကေတာာ ဘာေျပာေကာင္းမလဲ?
သူ႔ဒယ္ဒီမ်က္နွာ တစ္ကမၻာဆိုေတာ့ တၿပံဳးၿပံဳးေပါ့။
လုဟန္ကေတာ့ ေတးထားလိုက္ပါသည္။
ေနာက္တစ္ခါမ်ားက်လို႔ ဒယ္ဒီက ဘယ္ကိုမလႊတ္ဘူး၊
ဒယ္ဒီက ဘာလုပ္ဖို႔ ခြင့္မျပဳဘူး၊
ပါပါး ဝင္ကူေျပာေပးပါဘာညာဆိုရင္ေတာ့ျဖင့္
ဟန္ေလးေခါင္းကို ဂြပ္ကနဲသာပဲ ေခါက္ခ်လိုက္ေတာ့မွာပါပင္။
_________One& Only Me__________
hello SURPRISE!!!!
1M views ျပည့္တဲ့အမွတ္တရအျဖစ္ေရးလိုက္တာပါ။
2M ဆိုရင္က် ေနာက္တစ္ပိုင္း လာခ်င္လာမေပါ့🙄
ထပ္တလဲလဲဖတ္ၾကေပးလို႔ ေက်းဇူးဗ်ားးးးး
TD
25/12/2021
သူပြောပြနေသော စကားများကို ပါပါးက အာရုံစိုက်လျက်
နားထောင်နေတယ်။
ဒယ်ဒီကတော့ TV အကြည့်မပျက်။
သူပြောသည့်စကားများဆုံးလေမှ ပါပါးက ပြုံးပြလာပြီး
"အဲ့ဒီ့တော့ သားဖုန်းနံပါတ်ပေးလိုက်လား။"
"ဟင့်အင်း... သားမပေးခဲ့ပါဘူး။
အတင်းကြီးတောင်းလို့ ပေးရမယ်ဆိုတောင်
သားက ဒယ်ဒီ့နံပါတ်ပဲပေးခဲ့မလို့ပါ။"
ဟန်ဆယ်က ပါပါးခွံ့ကျွေးလာသော ကိတ်မုန့်တစ်ဇွန်းကို
တမြုံ့မြုံ့ဝါးနေလိုက်၏။
"ပါပါး သားလေးက ချောတာကိုး။
ဒါကြောင့် နာမည်ကြီး Ent ကတောင် ကမ်းလှမ်းတာပေါ့။"
လုဟန်က ဂုဏ်ယူစွာပြောလာတော့
ဟန်ဆယ်က ဟီးကနဲရယ်ပြလိုက်တယ်။
ဒီညနေ ကျောင်းကအပြန် လမ်းမှာ ____ ent မှဟူသော
လူတချိူ့နဲ့ တွေ့ခဲ့တာဖြစ်ပါသည်။
ဒီလိုကိစ္စမျိုးကို ကြားဖူးနားဝရှိပေမယ့်
ကိုယ်တိုင်ကြုံတွေ့ခဲ့ရတော့ အတော်ကြောင်အမိနေသေး၏။
သို့ပေမယ့် ဟန်ဆယ်က ယဉ်ကျေးပျူငှာစွာ ငြင်းပယ်ပြီး
အမြန်ဆုံး လှစ်ထွက်နိုင်ခဲ့ပါသည်။
ဖုန်းနံပါတ်တောင်းပေမယ့်လည်း သူမပေးဖြစ်ခဲ့။
အခုပြန်ပြောတာကလည်း တစ်နေ့တာအတွေ့အကြုံကို
ပြန်ပြောတတ်သည့် အကျင့်ကြောင့်သက်သက်ပါပင်။
"အဲ့တော့...သားက idol မဖြစ်ချင်ဘူးလား။"
အတန်ကြာတိတ်ဆိတ်နေသော ဒယ်ဒီ့ဆီမှ အမေးစကားပင်။
ဟန်ဆယ်က ခေါင်းလေး သွက်သွက်ခါပြလိုက်သည်။
"ဝါသနာမပါဘူးလား?"
"ဝါသနာပါမပါတော့ မသိသေးပါဘူး။
ဒါပေမယ့် သား မသွားချင်ဘူး။"
ဟန်ဆယ်က ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ်ဆိုတာကို
သေချာအဖြေမရှာနိုင်သေးပေ။
ဟိုဟိုဒီဒီစိတ်ဝင်စားသည်များကိုသာ
လက်တည့်စမ်းချင်သောစိတ်သာရှိ၏။
"ဘာလို့ မသွားချင်တာလဲ?
သားပုံစံနဲ့ဆိုရင် idol ဖြစ်နိုင်တာပဲကို..."
ဂီတနဲ့ပတ်သက်သော သင်တန်းများမတက်ဖူးသည့်တိုင်
သားရဲ့ သီချင်းဆိုသံက သာယာနာပျော်ဖွယ်ကောင်းတာ
လုဟန်အသိပင်။
သေချာလေ့ကျင့်မည်ဆိုပါက သေချာပေါက်ဖြစ်နိုင်လာမည်ဟု
လုဟန်ယုံသည်။
"ဒယ်ဒီ ကြိုက်မှာ မဟုတ်ပါဘူး။"
ထိုအခါ ဆယ်ဟွန်းက ထပ်ပြီး လှည့်ကြည့်လို့လာခဲ့သည်။
"ဒယ်ဒီ့ကြောင့် မသွားချင်တာလား?"
ဒီလိုကျတော့လည်း ဟန်ဆယ့်မှာ လက်တခါခါငြင်းရပြန်၏။
"မဟုတ်ဘူး....အဲ့လိုချည်းပဲလည်း မဟုတ်ဘူး။
တကယ်က သားမလုပ်နိုင်ဘူး ထင်လို့ပါ။
Trainee အဖြစ်မနေနိုင်လောက်ဘူး။
နောက်ပြီး သား ဒယ်ဒီတို့နဲ့ ခွဲရမှာ ကြောက်တယ်။"
ဒါကတော့ ဟန်ဆယ်၏ စိတ်ရင်းအမှန်ပါပင်။
နဂိုကတည်းက ငြီးငွေ့လွယ်သူမလို့
အလုပ်တစ်ခုခုကို နှစ်အကြာကြီး
ဇောက်ချလုပ်ပစ်ဖို့ လုံးဝမဖြစ်နိုင်လောက်ပါ။
ထို့အပြင် ဒယ်ဒီတို့နဲ့လည်း ခွဲမနေချင်။
ခန္ဓာကိုယ် ပင်ပန်းသည့်ဒဏ်ထက် အိမ်ကိုလွမ်းသည့်ဒဏ်က
သူ့ကို ပိုနှိပ်စက်ပါလိမ့်မည်။
"အင်း....ဒါဆိုလည်း သဘော။
သားစိတ်ချမ်းသာသလိုလုပ်နိုင်တယ်နော်။ဒယ်ဒီ့ကို သိပ်မတွေးနဲ့။"
ဒယ်ဒီက ထပ်ပြောလာလေတော့ ဟန်ဆယ်က ပြုံးလျက်
နာခံပြလိုက်ပါသည်။
အခုနောက်ပိုင်း ဒယ်ဒီ အတော်စိတ်လျှော့လာတာဖြစ်သည်။
ဟန်ဆယ့်အပေါ်မှာ အရင်လို သိပ်မချုပ်ချယ်တော့သလို
အရမ်းကြီးလည်း Serious မဖြစ်ပြတတ်တော့၊
ဟန်ဆယ့်ကိစ္စတိုင်းကို သိပ်ဝင်မပါတတ်တော့။
ယခင်က ဟန်ဆယ်အဝတ်အစားဝယ်လျှင်
ဒယ်ဒီကိုယ်တိုင်လိုက်ပို့ကာ ရွေးချယ်ပေးလေ့ရှိ၏။
အခုတော့ မဖြစ်မနေလိုက်ပို့ဖြစ်ရင်တောင်
ဒယ်ဒီက ကော်ဖီဆိုင်တစ်ခုခုမှာ ကျန်နေခဲ့တတ်သည်။
နောက်ပြီး Ig acc မှာ တင်တဲ့ ပုံတွေကိုလည်း
like လာမပေးတော့။
ယခင်ကဆိုလျှင် ဒယ်ဒီက ဟန်ဆယ့် acc ကို
follow မလုပ်ထားဘဲနဲ့ကို တမင်ရှာကြည့်ကာ
like ပေးတတ်သည်။
စိတ်ပျော်နေလျှင် comment ဝင်ရေးနေကျလေ။
တီလေးမီယွန်းတို့ဘက် ညအိပ်ညနေသွားလည်ရင်တောင်
ဒယ်ဒီအရင်လို ဖုန်းတဂွမ်ဂွမ်မဆက်တော့။
နေချင်သလောက်နေလို့ရသည်အထိ မပြောမဆိုလွှတ်ထားတာပင်
"သားဒယ်ဒီတစ်ယောက်
ဒီတစ်ခါ ဖုန်းဆက်အလွမ်းမသယ်တော့ပါလား"ဟု
ဖွားဖွားကတောင် ပြောလာသည်အထိ
ဒယ်ဒီက စိမ်းကားလို့သွားပါ၏။
ထိုအခါ အိမ်ကိုလွမ်းပြီး မနေနိုင်လို့ ပြန်လာရတာကလည်း
ဟန်ဆယ်သာဖြစ်သွားခဲ့ပြန်ရော။
ပြောရမည်ဆိုလျှင် အများကြီးပါပင်။
ဒယ်ဒီက အများကြီးပြောင်းလဲသွားသည်။
ဖေကျန်းကတော့ မင့်ဒယ်ဒီက လိမ္မာလာတာပါကွာ ဟု ဆိုကာ
နှစ်သိမ့်ပေမယ့် ဟန်ဆယ်ကတော့ ထိုသို့ မထင်ပါချေ။
ကောင်မလေးထားသည့် ကိစ္စနှင့်ပတ်သက်ပြီး
ဟန်ဆယ့်ကို အခုထိ အမျက်မပြေနိုင်သေးဟုပင်
ထင်နေမိသည်။
ခေါ်နေပြောနေမြဲ သားလို့ပဲ ချစ်ခင်စွာခေါ်နေမြဲပေမယ့်
တစ်ခုခုကတော့ လွဲမှားနေချည်းသာ။
ဒယ်ဒီ့ဖုန်းရဲ့ wallpaper ကအစ သတိပြုမိသည့် ဟန်ဆယ့်မှာ
အတော်ပင် နေမထိထိုင်မသာ ခံရခက်နေ၏။
ယခင်ကဆို ဒယ်ဒီ့ဖုန်းကို စိတ်လိုလက်ရ ကိုင်သုံးနေကျပေမယ့်
အခုတော့ ထိုသို့ မလုပ်ရဲပါချေ။
ဖုန်းမျက်နှာပြင်မှာ ဟန်ဆယ့်မျက်နှာလေးအစား
ပန်းပွင့်ပုံတစ်ခုက အစားထိုးရောက်လာပြီးနောက်ပိုင်းမှာပေါ့။
ပြောရလျှင် ဟန်ဆယ်က ဒယ်ဒီ့ကို အတော်ကပ်ပါသည်။
အခုအရွယ်အထိ စိတ်လိုလျှင် ဒယ်ဒီ့ပါးကို နမ်းတုန်း။
ဒယ်ဒီ့ကို တစ်ခါတလေ ထမင်းခွံ့ကျွေးခိုင်းတုန်း။
သို့ပေမယ့် ထိုဖြစ်ရပ်များက လွန်ခဲ့ပြီဖြစ်သည်။
တရင်းတနှီးမနေဝံ့လောက်အောင်ပင်
ဒယ်ဒီက သူ့ကို စိမ်းသက်နေခဲ့ပါ၏။
အသိသာဆုံး စိမ်းကားမှုကတော့
အပေါင်းအသင်းများနှင့် အလည်အပတ်သွားမည်ဆိုရင်
ဒယ်ဒီက အရင်လို သေချာမစစ်ဆေးနေတော့ဘဲ
ဒီတိုင်း လွှတ်ချလိုက်တာဖြစ်သည်။
ပြန်လာချိန်မသတ်မှတ်ပေးထားတော့သော်ငြား
ဟန်ဆယ်ကတော့ အချိန်လင့်အောင် မလည်ပတ်ဖြစ်ပါ။
ဒယ်ဒီက ယုံကြည်မှုတစ်ခုပေးထားတယ်လို့ ယူဆရတာကြောင့်
ထိုယုံကြည်မှုကို အလွဲသုံးစားမလုပ်ရက်ပေ။
မဖြစ်မနေ နောက်ကျမည်ဆိုလျှင် ဒယ်ဒီ့ကို ဖုန်းဆက်ကြိုပြောမြဲ။
"ဒယ်ဒီ...သား ညနေကျ ဘောလုံးကွင်းသွားမလို့။"
"အင်း.... ဒဏ်ရာရဦးမယ်...ဂရုစိုက်။"
ဒါလောက်ပဲဖြစ်သည်။
ယခင်ကလို ဘယ်သူတွေပါမှာလဲ ဘာညာ စစ်စစ်ပေါက်ပေါက်
မမေးတော့။
ဟန်ဆယ့်မှာ သက်ပြင်းလေးသာ ကြိတ်ချရတော့သည်။
ဒယ်ဒီ ထိုကဲ့သို့ လွှတ်ထားပေးတာကိုက
စိတ်မသက်မသာဖြစ်စေသည်။
ထိုအရာက လွတ်လပ်စေတယ်ဆိုပေမယ့်
ဟန်ဆယ်ကတော့ တစ်ခုခု လိုအပ်နေသလိုဖြင့်
စိတ်သိပ်မပျော်နိုင်ပါ။
ဒယ်ဒီနဲ့ပတ်သက်လျှင် အသေးစိတ်လေးကအစ
လိုက်ခံစားမိနေရင်း တစ်ခါတလေ သိပ်ငိုချင်လှပါသည်။
နောက်ပြီး ဒယ်ဒီ သူ့ကို မချစ်တော့ဘူးလို့လည်း ထင်နေမိပြန်၏။
ဒယ်ဒီလည်း ပါပါးလို ဆူစရာရှိရင် ပွင့်ပွင့်လင်းလင်းဆူပြီး
စိတ်မြန်မြန်ပြေရင်ကောင်းမည်။
ပါပါးတစ်ဝက်လောက်ပဲ ဒယ်ဒီစိတ်ကို ဖွင့်ချစေချင်လှပါ၏။
"ဒယ်ဒီ....."
ညဘက်ရောက်တော့ ဟန်ဆယ်က ဒယ်ဒီတို့အခန်းသို့
ဝင်သွားဖြစ်သည်။
သေချာပေါက် ခေါင်းအုံး တစ်လုံးပိုက်လို့ပေါ့။
"ဘာဖြစ်လို့လဲ သား...."
ဒယ်ဒီက ညအိပ်ဝတ်စုံလဲနေတာဖြစ်သည်။
ကိုယ်ထက်မှ ကြယ်သီးတွေကို တစ်လုံးစီတပ်နေရင်း
လှည့်ထူးလာခြင်း။
"ဟို...သား ဒီည ဒယ်ဒီတို့နဲ့အိပ်ချင်လို့။"
ဒယ်ဒီက စားပွဲပေါ်မှ မျက်မှန်ကို ကောက်တပ်ရင်း
သူ့ကို သေချာကြည့်လာသည်မို့
ဟန်ဆယ်က အိပ်ရာပေါ် တွားတက်လိုက်ကာ
"သား ဒီရက်ထဲ သိပ်အိပ်မပျော်လို့ပါ။
ဒယ်ဒီတို့နဲ့ အိပ်မယ်နော်။"
"နေမကောင်းလို့လား..အိပ်မပျော်တာက?"
ရေချိုးပြီးခါစ အေးစက်စက် လက်တစ်ဖက်က
ဟန်ဆယ့်နဖူးထက် ရောက်လာသည်။
"နေကောင်းပါတယ်....အိပ်မပျော်ရုံလေးပါ။"
"ဒါဆို ကြိုးစားပြီး အိပ်မှပေါ့ သားရယ်။
သားအသက်လည်း မငယ်တော့ဘူးလေ။
ဘယ်လိုလုပ် ဒယ်ဒီတို့နဲ့ အိပ်ချင်တယ်ပဲ လုပ်နေတာတုန်း?"
ဒယ်ဒီ့အသံက ရယ်သွေးသမ်းနေသော်ငြား
ဟန်ဆယ့်ရင်ထဲမှာတော့ အေးကနဲ စိမ့်တက်သွားရသည်။
"သား ဘာဖြစ်လို့လဲ?"
မျက်နှာသစ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသော လုဟန်ဆီမှ
အသံဖြစ်သည်။
"ဘာမှမဖြစ်ဘူး ပါပါး။ သား ပြန်အိပ်တော့မယ်နော်။"
ငိုချင်လာသည့် ဟန်ဆယ့်မှာ ခေါင်းအုံးကို ပိုက်လျက်
အိပ်ခန်းထဲမှ အမြန်ထွက်လိုက်မိသည်။
တံခါးအပြင်ရောက်မှ ထိန်းထားသည့် စိတ်များက
ပြိုလဲကျကုန်တာ မျက်ရည်စက်များနှင့် အတူပင်။
ဒယ်ဒီနဲ့သူနဲ့ အဝေးကြီး ဝေးနေပြီဟု တကယ်ကိုပဲ
ခံစားနေရပါတော့၏။
"ချစ်...အိပ်တော့မလား..."
"အင်း....."
လုဟန်က အိပ်ရာထက် လှဲလျောင်းနေရင်း
ဘေးနေရာကို ပုတ်ပြလျက်ခေါ်လိုက်သည်။
ဆယ်ဟွန်းကလည်း ဖုန်းနဲ့စာအုပ်တစ်အုပ်ကို ယူကာ
လုဟန်အနားသို့ ဝင်နေရာယူလိုက်၏။
"သားကို ဘာလို့ ပြန်လွှတ်လိုက်တာလဲ?"
လုဟန်၏ မေးသံအဆုံး ဆယ်ဟွန်းက သက်ပြင်းရှိုက်လာသည်။
"မောင် သားကို မချုပ်ချယ်မိအောင် ကြိုးစားနေတာ။"
လုဟန်က ဆယ်ဟွန်းရင်ဘတ်ပေါ် ပါးကလေးမှီတင်၏။
"အတင်းကြီး လုပ်ယူစရာမလိုဘူးလေ မောင်ရယ်။
ဒီတိုင်း သူ့ဟာသူ သဘာဝကျကျလေး..."
"အဟင်း....မောင့်အခြေအနေက အတင်းကြီး မကြိုးစားရင်
ဖြစ်နိုင်မယ်မထင်ဘူး...."
"မောင်...."
"အင်း....."
"သားကို ဝမ်းနည်းအောင် မလုပ်မိစေနဲ့နော်။"
လုဟန်က သတိပေးလာတာဖြစ်၏။
ဆယ်ဟွန်းက ခဏမျှ တွေဝေမိနေသေးသည်။
ထို့နောက် ဖုန်းကို ထုတ်ကာ သားရဲ့ Ig acc လေးသို့
တစ်ခေါက်ဝင်ကြည့်မိသည်။
သားက သိုသိုသိပ်သိပ်နေတာတောင်
ကျောင်းမှာ အတော်နာမည်ကြီး၏။
တခြားကျောင်းမှ ကလေးမများကပင် သားကို လာကြည့်ကြပြီး
ပိုးပန်းကြသည်ဟုလည်း သတင်းသဲ့သဲ့ကြားထားသေးသည်။
ထို့ကြောင့် သား ig acc မှာ
follower ကလည်း တစ်ရက်ကို ၃၀ လောက်တိုးနေသည်။
ဆယ်ဟွန်းက follower အသစ်များ၏ acc တစ်ခုချင်းစီထဲကို
ဝင်ကြည့် ဖွေရှာမိပြန်ပါတော့သည်။
ဘယ်သူလဲ.. ဘယ်လိုလူမျိုးလဲ စသဖြင့် စူးစမ်းကြည့်တာမျိူးပါပင်။
ထုံးစံအတိုင်းပေါ့လေ။
ဟန်ဆယ်မှာ ယခင်ညက
ဝမ်းနည်းသည့် စိတ်အခံလေးမှ မပြေသေး။
ယနေ့မနက် ဒယ်ဒီ ပြောလာသည့်စကားကြောင့် ထပ်ပြီး
စိတ်မကောင်းဖြစ်ရပြန်လေသည်။
"သား အဆင်ပြေတယ်မဟုတ်လား?"
ကော်ဖီတစ်ခွက်ကိုင်ထားရင်း ဒယ်ဒီက မျက်ခုံးပင့်လျက်
ထပ်မံအတည်ပြုလာခဲ့ခြင်း။
"ဟုတ်ကဲ့....ပြေပါတယ် ဒယ်ဒီ..."
မပြေလို့ရော ရမလား။
အလုပ်ကို အကြောင်းပြနေတဲ့ ဒယ်ဒီ့အပေါ်
ဟန်ဆယ် သိတတ်ရမည်လေ။
"တကယ်လို့ သားအဆင်မပြေဘူးဆိုရင်
ငါပဲ အကြိုအပို့လုပ်လိုက်မယ်လေ မောင်...."
ပါပါးက ဝင်ပြောလာတော့ ဟန်ဆယ် အမြန်ငြင်းလိုက်သည်။
"ရတယ် ပါပါး...သားကို ဒရိုက်ဘာပဲ ခေါ်ပေးပါ။"
ပါပါး ကားမောင်းရင် ဒယ်ဒီက ထပ်ပြီး စိတ်ပူနေရဦးမည်။
အလုပ်ကများလှသည့်အထဲ ဒယ်ဒီ့ကို ထပ်မပင်ပန်းစေချင်တော့။
"သား... ဟန်လေး...."
ကျောင်းသွားဖို့ ပြင်နေသည့် ဟန်ဆယ့်အခန်းထဲ
ပါပါးက လိုက်ဝင်လာတာပင်။
ခဏရပ် တွေဝေ အတွေးထူမိနေရာမှနေ ဟန်ဆယ် အမြန်
သတိပြန်ကပ်လိုက်သည်။
ထည့်လက်စ စာအုပ်တွေကိုလည်း
ကျောပိုးအိတ်ထဲ သေချာဆက်ထည့်မိ၏။
"သားဒယ်ဒီကို စိတ်မဆိုးနဲ့နော်။
ဒယ်ဒီက ဒီရက်ထဲ အလုပ်သိပ်များနေတာလေ။
အိမ်အထိကို အလုပ်ကပါလာတာ။"
လုဟန်က ဟန်လေးကိုယ်ပေါ်က အကျႌကို လက်လေးနဲ့
သေချာဖိသပ်ပြုပြင်ပေးရင်း ဆိုလာခဲ့သည်။
ဟန်လေးက ပြုံးလိုက်ပြီး
"သားသိပါတယ် ပါပါးရ။
ဒရိုက်ဘာနဲ့သွားရလည်း သားက အဆင်ပြေတယ်ရယ်။
သားကို အကြိုအပို့လုပ်တဲ့အချိန်တွေမှာ
ဒယ်ဒီ အနားယူလို့ရသွားတာပေါ့။
သား စိတ်မဆိုးပါဘူး။"
သားစိတ်မဆိုးပါဘူး ပါပါး....စိတ်မကောင်းဖြစ်ရုံလေးပါ။
ဒီစကားကိုတော့ သူ့ရင်ထဲမှာပဲ ဝှက်သိမ်းထားလိုက်ပါသည်။
အစွမ်းကုန်ချစ်ခင်အလိုလိုက်ပေးချိန်မှာ
မသိတတ်ဘဲ ဆိုးသွမ်းမိတဲ့သူက ဟန်လေးကိုယ်တိုင်ရယ်ပါ။
ဒီ့အတွက် ဒယ်ဒီ့ရဲ့ ပြောင်းလဲသွားမှုများအပေါ်
နည်းနည်းလေးမှတောင် စိတ်မကွက်ရက်ပါဘူးလေ။
ထိုနေ့မှစလို့ နောက်သီတင်းတစ်ပတ်အရောက်မှာ
ဒယ်ဒီခရီးထွက်ရလေပြီ။
အရင်လို ဟန်ဆယ့်ဆီကို ဖုန်းဆက်လာဦးမလား
မျှော်မိသေးပေမယ့် ဒယ်ဒီက ဆက်မလာခဲ့ချေ။
ပါပါး ဖုန်းလွှဲပေးမှပဲ သူပြောဖြစ်သည်။
သူကိုယ်တိုင် စခေါ်ဖို့ကျတော့လည်း
ဒယ်ဒီ့ကို စိတ်အနှောက်အယှက်ပေးမိမှာကြောက်လို့ မခေါ်ဖြစ်။
ဒယ်ဒီ့ရဲ့ ပြောင်းလဲသွားတဲ့ အပြုအမူတစ်ခုချင်းကို
မြင်တွေ့ရင်ဆိုင်ရမှာ ကြောက်လှသည်မလို့
အတတ်နိုင်ဆုံးရှောင်ရှားနေမိခြင်းပါပဲလေ။
"ဟန်လေး အဆင်ပြေရဲ့လား...."
ဦးဦးယောလ်က ရောက်လာပြီး မေးတာမလို့
ဟန်လေး ခေါင်းငြိမ့်ပြလိုက်သည်။
"ပင်ပန်းနေပြီလား....မင်းသားကြီးရ....."
မင်းသားကြီးဆိုပြီး ခေါ်လာတာကြောင့် ဟန်လေးမှာ
လည်ကုပ်ကလေးကို လက်နဲ့ပွတ်ရင်း ရှက်နေမိသေးသည်။
"မင့်ပါပါးရော..."
"သား ဘာဘယ်တီးသောက်ချင်တယ်ဆိုလို့
သွားထွက်ဝယ်ပေးနေတာ။"
"အာ...ဒါများ ငါ့ကြိုပြောလိုက်တာ မဟုတ်ဘူး။
ဒီမှာ staff တွေလည်းရှိတဲ့ဟာ...."
ဟန်လေးက ဟဲကနဲ ရယ်ပြလိုက်သည်။
သူများတွေကို တောက်တိုမယ်ရ မခိုင်းရက်ပါဘူး။
ကိုယ်က ဦးဦးလို အလုပ်ရှင်လည်းမဟုတ်။
ဒီတိုင်း အကူအညီတောင်းလို့ သူတို့အဝတ်အစားဝတ်ပြပြီး
ဓာတ်ပုံအရိုက်ခံနေရတဲ့ မော်ဒယ်လေးပဲလေ။
မော်ဒယ်ဆိုသော်ငြားလည်း မျက်နှာပါတာမဟုတ်။
ကိုယ်လုံးချည်းသက်သက်ဖြင့်
ဦးဦးတို့ရဲ့ ဆောင်းရာသီဝတ်စုံကြော်ငြာအတွက်
ကူညီပေးရရုံသာ။
"ကူညီပေးတာ ကျေးဇူးတင်တယ်နော်။
Company ကပေးမယ့် အနုပညာကြေးအပြင်
ဟန်လေး တခြား ဘာလိုသေးလဲ?
လိုချင်တာ တစ်ခုပြော...."
"ကလေးကို ထပ်မပေးပါနဲ့တော့ဗျာ။
အစ်ကိုတို့ အကူအညီလိုတယ်ဆိုလို့ ကူညီပေးရုံလေးပါ။"
အနားပြန်ရောက်လာသော လုဟန်က ဝင်တားလာတော့
ချန်းယောလ် တိတ်လိုက်ရသည်။
တိတ်သည်ဆိုတာမှာ စကားဆက်မဆိုရုံလေးကိုပဲ ဆိုလိုတာဖြစ်၏။
ကျန်တာက ကိုယ်တွေ တူဝရီးကိစ္စမလို့
ဘယ်အချိန်ဆက်ပြောပြော ရသည်လေ။
"ပါပါး...ဒီပုံလေးမဆိုးဘူးနော်။ အကျႌလေးလည်း ကြိုက်တယ်။
သားမှန်းမသိသာဘူးမလား...."
"အင်း...ပါပါးကျ ဒီပုံလေးကြိုက်တာ။
သားဘော်ဒီနဲ့ လိုက်ဖက်နေရောပဲ။"
သားအဖနှစ်ယောက် ipad ကိုင်ကာ တွတ်ထိုးနေတာပင်။
ဟိုတစ်နေ့က ရိုက်ကူးခဲ့သော ကြော်ငြာဓာတ်ပုံများကို
Chanyeol တို့ company က
IG acc မှာတင်လိုက်ပြီဖြစ်သည်။
မနက်တည်းကတင်လိုက်တာမလို့ ကိုယ်စီကြည့်ကြပြီးပေမယ့်
အခု ဟန်လေးကျောင်းဆင်းတော့ အတူထပ်ကြည့်ပြီး
ကိုယ့်ငါးချဉ်ကိုယ်ချဉ်နေမိကြခြင်း။
နှစ်ယောက်သား ဝေဖန်လေကန်နေကြစဉ်
ခြံထဲဝင်လာသော ကားတစ်စီးသံကို ကြားလိုက်ရ၏။
သိပ်မကြာ။
ခပ်မြန်မြန်လှမ်းနေသော ခြေတံများက
ဧည့်ခန်းထဲဆီ လွှားကနဲ လွှားကနဲ။
"ဟင်...မောင်ပြန်လာပြီလား?"
"ဒယ်ဒီ?"
ပြောထားသည့်ရက်ထက် စောလျင်စွာ ပြန်လာသော ဒယ်ဒီကြောင့်
ဟန်လေးမှာ မဖုံးနိုင် မဖိနိုင် ပျော်သွားခဲ့သည်။
"အလုပ်မြန်မြန်ပြီးလို့ ပြန်လာတာ။"
လေသံက ခပ်ပြတ်ပြတ်ဖြစ်နေတာကြောင့်
ဒယ်ဒီ့လက်ထဲက luggage ကို ဆွဲယူနေသော ဟန်လေးမှာ
ပါပါးဆီ အားကိုးတကြီး လှည့်ကြည့်လာ၏။
"ရေချိုးဦးမယ်။"
ဟော....
လုဟန်တို့သားအဖမှာ အကြောင်သားလေး
ကျန်ခဲ့လေတော့သည်။
"မောင်....သား ပုံတွေ မြင်ပြီးပြီလား။"
လုဟန် သွေးတိုးစမ်းကာ မေးကြည့်လိုက်ခြင်း။
ဆယ်ဟွန်းက ထမင်းလုပ်များကို မပြတ်စားနေရင်း
"အင်း..."
ဟန်လေးက တကုပ်ကုပ်နဲ့ အရိပ်အကဲကြည့်နေသည်။
ကြော်ငြာဓာတ်ပုံရိုက်သည့်ကိစ္စမှာ ဆယ်ဟွန်းကြိုမသိရပေ။
အရေးတကြီး ကူညီလိုက်ရသည့်ကိစ္စပေမလို့
အလုပ်ပြီးမှသာ ပြောဖြစ်ခဲ့သည်။
နောက်မှ သိရတာမလို့ ဆယ်ဟွန်းခမျာ စိတ်ဆိုးချင်ပါ၏။။
သို့ပေမယ့် *သားကို idol တောင် လုပ်ခိုင်းနေတော့
ဒီလိုအလုပ်လောက်ကို မောင် မကြိုက်တာမရှိလောက်ဘူးထင်လို့"
ဟူ၍ လုဟန်က ကြိုပိတ်ထားသည့်နောက်
စိတ်မဆိုးပြရဲတော့ချေ။
သို့သော် စိတ်ထဲကတော့ ဖုနေတာအမှန်။
သားကို လုပ်ချင်တာလုပ်ပါလို့ ပြောခဲ့ဖူးပေမယ့်
တကယ်တမ်းကျတော့ အပြောကြီးခဲ့ရုံသက်သက်ဟု
သိလာရသည်။
သားနဲ့ပတ်သက်သောအရာရာကို သူ့ခြေသူ့လက်နဲ့ပဲ
စီမံပေးချင်တာဖြစ်၏။
ယခုကိစ္စမှာ လုဟန်ပါဝင်နေသည်ဆိုတာတောင်
ဆယ်ဟွန်းစိတ်က ဖြေသိမ့်မရအောင်ပင် ထိလွယ်နေသည်။
ချန်းယောလ်ကလည်း အလုပ်မှာ စီစဉ်တကျမဖြစ်ဘဲ
လွှဲမှားသွားလို့ အကူအညီတောင်းခဲ့တာလို့
ဖြေရှင်းစကားဆိုပေမယ့် မကြိုက်တာက မကြိုက်တာပင်။
သားဘေးနားမှာ ပန်းပွင့်လှလှလေးတွေ ဝန်းရံခယနေမည်ကို
တွေးတောင်မကြည့်ရဲ။
ဖြစ်နိုင်လျှင် ငယ်ငယ်ကလို လက်မောင်းတွေထဲပဲ
ပွေ့သိမ်းထားချင်တော့တာပင်။
ဆယ်ဟွန်းမှာ ခဏဖိနှိပ်ထားရသော အတ္တများက
ထိုသို့ တဟုန်ထိုး ပြန်လည်ထွက်ပေါ်လာပြန်သည့်အထဲ
တခြားစိတ်ပူမိတာကလည်းရှိသေးသည်။
အဲ့ဒါကတော့ လိုတာထက်ပိုပြီး
သားက ထင်ရှားပေါ်လွင်သွားမှာကိုပဲ ဖြစ်၏။
သူ့သားမှန်းသာ သိကုန်ကြရင်
ပိုပြီး လူစိတ်ဝင်စားစရာဖြစ်လာနိုင်သည်မဟုတ်ပါလား။
အခုဆိုရင်ကြည့်...ဘယ်လိုပဲ ပုံတွေက မျက်နှာမပါကြစေဦး။
ကောင်မလေးတွေ ကောင်လေးတွေက Body ကိုပဲဖြစ်ဖြစ်
ကြိုက်ကြပြီဆိုလျှင် အကုန်သိရအောင် stalk ကြတော့မှာပင်။
သား body ကလည်း သေချာလေ့ကျင့်ထားသည်မလို့
ယနေ့ခေတ် လူငယ်များအကြိုက်လေ။
သူက ဒါမျိုးမဖြစ်စေချင်။
သားကို ဒီအတိုင်းလေး အေးဆေးဖြတ်သန်းစေချင်၏။
လူစိတ်ဝင်စားမှုတွေရပြီး အသွားကြပ် အစားခက်ဖြစ်နေမှာမျိုး
မမြင်ချင်။
ဒါကြောင့် သူတောင် သားကို public မှာ ထုတ်မပြဖူးခဲ့တာ။
ယခင်က ကျင်လည်ခဲ့သော အသိုင်းအဝိုင်းမပြောနဲ့။
ယခုကျင်လည်နေသော စီးပွားရေးလောကမှာတောင်
သားတို့သားအဖကို သိပ်မြင်ဖူးကြတာမဟုတ်။
ထိုသို့စိုးရိမ်ပူပင်စိတ်များကြောင့် ဆယ်ဟွန်းက
တစ်ခုခုပြောထားမှ ဟန့်ထားမှရမည်ဟု ဆုံးဖြတ်လိုက်သည်။
နေရာတကာ ပါပါးခွင့်ပြုတယ်ဆိုပြီး အကုန်လိုက်လုပ်နေမှာမျိုးကို
သေချာကြိုထိန်းထားဖို့လိုပါသည်။
"သားကို ဒယ်ဒီ တစ်ခုတော့ မှာချင်တယ်။"
သားဆီ ဟင်းခပ်ထည့်ပေးနေသော လုဟန်ကပါ
ကြည့်လို့လာသည်။
"နောက်ဆို သားဘာလုပ်လုပ် ဒယ်ဒီ့ကို အရင်တိုင်ပင်စေချင်တယ်၊
လုပ်လိုက်ပြီးမှ ပြောတာမျိုးကျ သိပ်မဟုတ်ဘူး။"
အထိန်းအကွပ်နဲ့ ဆုံးမရသည်။
သားကိစ္စများကို မစွက်ဖက်တော့ပါဘူးလို့
လုဟန်ကိုကတိပေးထားသည်မလို့
ထိုကတိကို ချိုးဖျက်ရာမကျအောင် မသိမသာလေးဖြင့်။
"ဟုတ်ကဲ့ ဒယ်ဒီ....သားကြိုပြောပါ့မယ်။
ဒီတစ်ခါကိစ္စလည်း သားတောင်းပန်ပါတယ်နော်။
ဒယ်ဒီ့ဆီခွင့်တောင်းဖို့ အချိန်လုံးဝမရလို့ပါ။"
ဒယ်ဒီ့ဆီက အရင်တုန်းကလို ဂရုစိုက်မှု ပြန်ရတာကြောင့်
ဟန်လေးမှာ အသံလေးတုန်သည်အထိ ပျော်မိရလေသည်။
မပျော်နိုင်သူကတော့ လုဟန်ပင်။
တစ်ဖက်ကို ဆူသလိုနဲ့ လုဟန်ကိုပါ ရောဟန့်သွားတာ???
နဂိုကမှ မနည်းဖိနှိပ်သည်းခံထားရသော စိတ်ကလေးကို
သူက လာဆွနေတာပေါ့လေ?
"ဒယ်ဒီပြောတာ သိလား ဟန်လေး?
သတိထားရမယ်နော်။
အဲ့ဒီ့လောကက လူစုံရှိတာမလို့
ဘယ်သူ့ကိုမဆို သားယုံလို့မရဘူး နားလည်လား?"
ဟန်လေးကတော့ ဆုံးမခံနေရသည်ကိုပင်
ပြုံးဖြီးဖြီး မျက်နှာထားနဲ့ ကျေနပ်စွာ ခေါင်းတွေငြိမ့်လို့......
"ဟုတ်ကဲ့ ဒယ်ဒီ..."
သြော်...သြော် လုဟန်မှာ တရားတွေကျရပါ၏။
နောက်ဆုံးတော့ သူတို့သားအဖကြား လုဟန်ကပဲ
ဗီလိန်ကြီးပေါ့လေ။
ကိုယ့်မှာတော့ သားကို အတင်းချုပ်ချယ်နေမှာစိတ်ပူလို့
မလွတ်လပ်ရှာသော သားလေးကို သနားလို့
မောင့်ကို ကတိတွေတောင်းပြီး ထိန်းထားရတာ။
အခုကိစ္စမှာလည်း သားကို မဆူရအောင်အထိ
စကားနဲ့ချုပ်ပေးထားရတာ။
အခုတော့ သူတို့သားအဖက အပေးအယူတွေတည့်ကုန်ကာ
ပိုနေမြဲ ကျားနေမြဲ။
ဟန်လေး...ဟန်လေး...
သူ့ဒယ်ဒီက ဆူချင်နေတာကိုတောင်
မုန့်ဖိုးရသလို ပျော်ပြနေသည်။
"ဒယ်ဒီ့သားဆိုတာ လူတွေသိသွားရင်
သား အဆင်မပြေဖြစ်လိမ့်မယ်။
နောက်ပြီး......"
ဆယ်ဟွန်း ဆက်ပြောဖို့ရာ ဘယ်လို စကားသုံးရမလဲမသိ။
တကယ်က အတူတွဲရိုက်တဲ့ မော်ဒယ်ကလေးမလေးနဲ့
အကြောင်းကို သိချင်တာပင်....
ဖုန်းနံပါတ်ယူသွားလား? ဘာလားပေါ့?
ဒါပေမယ့် ထုတ်မေးလိုက်ဖို့ရာကျ အဆင်မပြေပါ။
တအားသိသာသွားလိမ့်မည်။
လုဟန်ကတစ်ဆင့် အစ်ကိုရိရှင်းတို့ပါ သိရင်
ဆယ်ဟွန်း အလှောင်ခံရလိမ့်မည်။
မာမားပါသိရင် ထပ်ပြီး သူအဆူခံရလိမ့်မည်။
တစ်ဆက်တည်းမှာပင် မကျေမနပ်ဖြစ်ရပြန်၏။
ကာယကံရှင်သားကတောင် သူ့ဆန္ဒကို ဦးစားပေးပြီး
နာခံနေတာကို ဘေးကလူတွေက ဘာတွေဝင်ပူနေသလဲမသိချေ။
"နောက်ပြီး ဘာဖြစ်လဲဟင်? ဒယ်ဒီ...."
ဟန်လေးက မျက်လုံးတောက်တောက်ကလေးနဲ့
သူ့ဆီမှ ဆုံးမသြဝါဒကို နာခံဖို့ စောင့်ဆိုင်းနေသည်။
ဆယ်ဟွန်းမှာ သေချာစေ့စေ့စပ်စပ်စဉ်းစားလိုက်ပြီးမှ
"အင်း....အဲ့လို အလုပ်မှာဆိုရင် အတူတွဲလုပ်တဲ့သူတွေ
ရှိတယ်မလား..
ဟို မော်ဒယ်ကောင်မလေးတို့ ဘာတို့လေ
သူတို့နဲ့ရော တအားရင်းနှီးအောင် မနေနဲ့ဦးလို့။
လူဆိုတာက ကြောက်စရာကောင်းတယ်လေ သား။
ရုပ်ကလေးလှလည်း စိတ်ထားက ကောင်းချင်မှကောင်းတာ။"
ကွေ့ပတ်လှည့်ပတ်ပြောနေပေမယ့်
အဓိကကတော့ သူ့သား ရည်းစားထပ်ရမှာပူနေလို့ပဲပေါ့။
လုဟန်မှာ နည်းနည်းမျှပင် ကြည့်မရတော့တာကြောင့်...
သူတို့သားအဖ အကြည်လွန်နေလျှင် ဝင်နှောက်ယှက်ပစ်တတ်တဲ့
အကျင့်ကလေးအတိုင်း....
" သား သေချာ နားထောင်လိုက်။
သားဒယ်ဒီက သူ့အတွေ့အကြုံတွေရင်းပြီး ဆုံးမနေတာ။"
ငြိမ်နေရာက တစ်ခွန်းထပြောလိုက်တော့
ဆယ်ဟွန်းက လုဟန်အား လှည့်ကြည့်လို့လာပြီ။
"သားဒယ်ဒီတုန်းကဆို ကလေးမော်ဒယ်လုပ်ရင်း
အတူတွဲရိုက်တဲ့ကောင်မလေးနဲ့ ကြိုက်ပါသွားတာလေ။
နောက်တော့ ဟိုက သူ့ကိုထားသွားလို့ ကျန်ခဲ့ရတာ။
သူအသည်းကွဲခဲ့ရတာတွေပေါ့။
အဲ့ဒါတွေကြောင့် သားကို သူဆုံးမနေတာ။
နားထောင်လိုက်နော်။"
မျက်လုံးကြီးပြူးကြည့်နေတဲ့ တစ်ယောက်ကို
လုဟန်က မျက်လုံးထောင့်ကပ်ကြည့်ရင်း
တရစပ်ပြောပေးလိုက်သည်။
သူ့ဇာတ်လမ်းတွေက ကုန်ကိုမကုန်နိုင်ဘူး။
ချန်းယောလ်ပြောပြတုန်းကတော့ သိပ်စိတ်မဆိုးမိ။
အခု သားကို သူအရမ်းတားနေမှ
အဲ့တုန်းက ဘယ်လောက်တောင် ကြေကွဲခဲ့ရလို့
သားကိုပါ စိတ်ပူနေရသလဲဟု သံသယက ဝင်လာပြီ။
"ဟို....ပါပါး ....ဒီ ဟင်း စားချင်လား?"
သူ့ဒယ်ဒီကို ကိုယ်ပြဿနာရှာတာနဲ့
သားက စကားလမ်းကြောင်းရော အာရုံပါ ကူလွှဲပေးနေကျ။
"တော်ပြီ။"
လုဟန်က ထမင်းကို လက်စသပ်လိုက်ကာ ထရပ်လိုက်သည်။
"ချစ်??"
"ထမင်းစားပြီးလို့ ပန်းကန်ဆေးလိုက်ပါဦးမယ်နော်။
တစ်ခုခု မလုပ်ခင် ခွင့်တောင်းတာမို့ စိတ်မဆိုးဘူးဟုတ်?"
လုဟန်ရွဲ့တာကို သိတော့ သားက ခွိကနဲ ထရယ်သည်။
"ကောင်လေး အပိုးကျိုးကျိုးနေစမ်း...."
လုဟန်က သားကိုပါ လှည့်မာန်လိုက်သည်။
နောက်တော့ လုဟန်အနောက် သူတောက်လျှောက်လိုက်လာတာ
အိပ်ခန်းထဲအထိပင်။
"ချစ်...."
လုဟန်က အိပ်ရာထက်ဘေးစောင်းလှဲကာ
နီးစပ်ရာ စာအုပ်ကို ဆွဲယူလှန်ဖတ်လိုက်သည်။
"မောင့်ကို စိတ်မဆိုးပါနဲ့ကွာ။
အဲ့ဒီ့အကြောင်းကို တမင်မပြောပြတာမဟုတ်ပါဘူး။
မောင်မေ့နေလို့ရယ်ပါ...."
အိမ်ထောင်သက်က တအားကြာလာတော့
မောင်တစ်ယောက် အရင်လို သိပ်မပိန်းတော့ပါ။
လုဟန် တစ်ခွန်းပြောတာနဲ့ အသေအချာတွေးယူတတ်နေပြီ။
"နောက်ပြီး... ကျွတ်...အဲ့တုန်းကလည်း တွဲလိုက်တာ ခဏလေးပါ။
မောင်မေ့နေတာပဲကြည့်။ စိတ်ထဲကို မရှိနေဘူးလေ။
ဒါကြောင့် စိတ်မကောက်ပါနဲ့ကွာ။"
"ခဏတွဲလည်း တွဲတာပဲလေ။
တမင်ထိမ်ချန်ထားတယ်ဆိုတည်းက အဲ့တုန်းကဒဏ်ရာကို
ပြန်အစမဖော်ချင်လို့မှန်းသိတယ်။
အခုထိ လွမ်းချင်လွမ်းနေမှာပေါ့။"
"အာ...ဘယ်လိုလုပ်လွမ်းမှာလဲလို့...
ကလေးသဘာဝ စိတ်အလိုလိုက်မိခဲ့ရုံလေးကို..."
လုဟန် ထထိုင်လိုက်မိလေပြီ။
"အောင်မာ..မင်းအလှည့်ကျ ကလေးသဘာဝဘာညာနဲ့။
ငါ့သားလေးကိုကျ မင်း စိတ်ဆိုးပစ်တယ်နော်။
တော်တော်တရားနေတယ်ပေါ့ ဟုတ်လား...."
သားကိုပါထည့်တွေးပြီး လုဟန် ရန်ရှာပစ်လိုက်သည်။
"ချစ်ကကွာ...
မောင် သားကို ချစ်လွန်းလို့ တိုရတယ်ဆိုတာ သိသားနဲ့။"
"ဒါဆို ငါကျရော?
"ဟင်....?"
"ငါကလည်း မင်းကို ချစ်တယ်လေ။
အဲ့တော့ မတိုသင့်ဘူးလား?"
ဆယ်ဟွန်းမှာ ခေါင်းပါ ကုပ်မိရသည်။
"ချစ်လို့ တိုတာချင်းအတူတူ မင်းကျ ရတယ်။
ငါကျ မရဘူးပေါ့ ဟုတ်သလား?"
"ချစ်ကို မတိုရဘူးလို့ မပြောပါဘူး။ မောင်က ရှင်းပြတာပါ။
ချစ်စိတ်ဆိုးနေမှာစိုးလို့ ရှင်းပြတာ။"
"အဲ့ဒါဆို ဆက်တိုလို့ မရတော့ဘူးပေါ့?"
ဆယ်ဟွန်းမှာ အဘယ်သို့ "အင်း" ဟု ဖြေထွက်မလဲလေ။
"မင်းရှင်းပြတယ်ဆိုတည်းက မတိုစေချင်လို့ပေါ့။"
"အဲ့လိုမဟုတ်?"
"အဲ့ဒါဆို တိုပြီး စိတ်ဆက်ဆိုးရမှာလား။"
ဆယ်ဟွန်း မဖြေတတ်တော့ပါချေ။
မအီမလည်မျက်နှာပေးကြီးဖြင့် မျက်မှောင်ကျုံ့နေသည့်မောင့်ကို
ကြည့်ရင်း လုဟန်ရယ်ချင်လာရသည်။
နဂိုကကိုမှ စိတ်ဆိုးလို့ ပြဿနာရှာတာမဟုတ်ဘူးလေ။
မောင့်ကို ချစ်လို့ ကျီဆယ်ချင်ရုံသက်သက်။
ထို့နောက် မနေနိုင်စွာ မောင့်မေးဖျားကို
ခပ်ဖွဖွလေး မော့နမ်းမိချေတော့၏။
"မောင့်ကို စိတ်မကောက်တော့ဘူးလား?"
"စိတ်က ကောက်သေးတယ်။ နမ်းချင်လို့ နမ်းတာ။"
လုဟန်အလျှော့ပေးတော့ ဆယ်ဟွန်းက အတင့်ရဲစွာဖြင့်
အနားသို့ တိုးကပ်လို့လာသည်။
ထို့နောက် လုဟန်နဖူးမှစလို့ မျက်နှာတစ်ပြင်လုံးဆီ
အနွေးဓာတ်များ ဖြန့်ကျက်လာတော့၏။
"သားကို အရမ်းကြီး မပစ်ထားနဲ့နော် မောင်။
တချိူ့နေရာလေးတွေမှာပဲ လွတ်လပ်ခွင့်ပေးပြီး
ကျန်တာကိုတော့ မောင်ပဲ စီမံပေးလိုက်ပါ။
သားခမျာ အတော်စိတ်မကောင်းဖြစ်နေရှာတယ်။"
လုဟန်က လေသံအေးအေးလေးနဲ့ အကြံပြုလာလေ၏။
"အင်း....."
"မောင့်သားကတော့ မောင့်ကို တကယ်ချစ်တာပါပဲ။"
လုဟန်က မှတ်ချက်ပြုလေ၏။
တကယ်လည်း သိပ်ချစ်တာပါပင်။
လုဟန်အပေါ်မှာ ကလေးလေးတစ်ယောက်လို
မှီတွယ်ကိုးစားတဲ့အပြင် ဂရုစိုက်ပြတတ်သည့် သားက
သူ့ဒယ်ဒီကိုတော့ ကောင်းကင်ကြီးလိုပင်
မှတ်ယူထားတာဖြစ်ပါသည်။
သူ့အဖေကလည်း ဘာထူးသလဲ?
အားလုံးဝိုင်းဆူကြသည့်အပြင် သားပါ အနေကြပ်နေမှန်းသိတော့
ခဏတဖြုတ်လွှတ်ထားပေးပြီး ဂရုမစိုက်ဟန်ပြ၊
အတင်းတွေ တွန်းလွှတ်ပေမယ့် စိတ်ကလုံးဝအဆင်ပြေနေပုံမပေါ်
သားအပြင်ထွက်သွားရင် လုဟန်လည်း မရိပ်မိအောင်
သူ့ဟာသူ ကြိတ်မျှော်နေရသည့်အပြင်
သားကို ဒါရိုက်ဘာနဲ့ကျောင်းသွားစေပြီးမှ
စိတ်မချပြန်တာလည်း သူပါပဲလေ။
သား အမေတို့အိမ် သွားအိပ်သည့်နေ့များဆို
သူ့ခမျာမယ် ညဘက်အိပ်မပျော်။
ညလယ်ဆို ခိုးထပြီး သားအခန်းလေးထဲ သွားထိုင်နေတတ်တာ
လုဟန်မသိဘဲနေမလား။
မသိချင်ယောင်ဆောင်ပြီး လွှတ်ထားပေးရုံသာ။
သူကိုယ်တိုင်ရွေးဝယ်လာသော အသုံးအဆောင်များကိုတော့
လုဟန်မှတစ်ဆင့် လုဟန်အမည်ခံကာ ပေးခိုင်းတတ်ပြန်သည်။
ဒီနေ့ဆိုလည်းကြည့်။
သူ့သားအကြောင်းသိတာနဲ့ ချက်ချင်းကို ပြန်ချလာတာ။
ဖြစ်နိုင်ရင် သားကို ပါးစပ်ထဲငုံထည့်သိမ်းဆည်းထားချင်သည့်
ဖခင်လိုမျိုး။
ထိုသို့သော သားအဖနှစ်ယောက်အဖြစ်ကို မြင်နေရသော
လုဟန်မှာ အသည်းရော အူရော တယားယား။
အမြင်ကပ်လို့ ဝင်မွှေပေးလိုက်တော့လည်း
မောင့်မှာ ပြူးပြာနေရတာပင်။
သားကို တအားချစ်လွန်းသူပေမယ့်
အိမ်ထောင်ဘက်အပေါ်မှာလည်း မလစ်ဟင်းစေရပါ။
မေတ္တာအဆက်မပြတ်စီးဆင်းစေသူ။
မောင့်လို ယောက်ျားမျိုးက
တကယ်ကို တစ်ယောက်တည်းရှိတာပင်။
ပြီးရင်တော့ ဟန်ဆယ့်ဦးလေးများထံ
ဖုန်းဆက်အကြောင်းကြားရပေဦးမည်။
နောက်များဆို မောင့်ကိုပဲ ဖိမဆူကြတော့ဖို့။
ဟန်လေး ချုပ်ချယ်ခံနေရသည့်ကိစ္စမှာ
ဆယ်ဟွန်းအပြစ်ချည်းပဲရှိတာမဟုတ်။
ဟန်လေးကကို သူ့ဒယ်ဒီချုပ်ချယ်တာကို
သဘောကျနေတာဖြစ်သည့်အကြောင်း။
သူတို့ချင်း အပေးအယူတည့်ကာ အဆင်ပြေပြီး
ချစ်ခင်မပြတ် သည်းကဲနေကြသည့်အဖြစ်မှာ
မိမိတို့ဝင်ပါမိလျှင် မိမိတို့၏ တာဝန်သာဖြစ်သွားနိုင်ကြောင်း။
ကိုယ့်တူလေး မလှုပ်သာ မပြုသာ ချုပ်ချယ်ခံနေရလည်း
ဘေးကနေသာ ကြည့်နေသင့်ကြောင်း။
သူ့ဒယ်ဒီနဲ့သူ ဘယ်လိုနေနေ
ပစ်သာထားပစ်လိုက်ကြပါ ဆိုသည့်အကြောင်းများပါပင်။
"ဟန်လေး...သား အဆင်သင့်ဖြစ်ပြီလား?"
"ဟုတ်...ဒယ်ဒီ။ ပါပါး သားကျောင်းသွားပြီနော်။"
လုဟန် ပါးပြင်ကို မွှေးပြီး သူ့ဒယ်ဒီ့ဆီသွားတော့
ဟိုကလည်း ပခုံးဆွဲဖက်ပြီး ခေါ်သွားတော့၏။
ငှားထားသည့် ဒရိုက်ဘာကို ဘယ်လိုလုပ်လိုက်တယ် လုဟန်မသိ။
ဒီမနက်ရောက်တော့ သားကို
အရင်လို သူပဲအကြိုအပို့လုပ်တော့မည်ဟု
တန်းပြောလာတော့တာပင်။
ဟန်လေးကတောာ ဘာပြောကောင်းမလဲ?
သူ့ဒယ်ဒီမျက်နှာ တစ်ကမ္ဘာဆိုတော့ တပြုံးပြုံးပေါ့။
လုဟန်ကတော့ တေးထားလိုက်ပါသည်။
နောက်တစ်ခါများကျလို့ ဒယ်ဒီက ဘယ်ကိုမလွှတ်ဘူး၊
ဒယ်ဒီက ဘာလုပ်ဖို့ ခွင့်မပြုဘူး၊
ပါပါး ဝင်ကူပြောပေးပါဘာညာဆိုရင်တော့ဖြင့်
ဟန်လေးခေါင်းကို ဂွပ်ကနဲသာပဲ ခေါက်ချလိုက်တော့မှာပါပင်။
_________One& Only Me__________
hello SURPRISE!!!!
1M views ပြည့်တဲ့အမှတ်တရအဖြစ်ရေးလိုက်တာပါ။
2M ဆိုရင်ကျ နောက်တစ်ပိုင်း လာချင်လာမပေါ့🙄
ထပ်တလဲလဲဖတ်ကြပေးလို့ ကျေးဇူးဗျားးးးး
TD
25/12/2021