ရှင်းဟယ်က ပတ်ဝန်းကျင်မှာ ထောင်ချောက်တွေဘာတွေရှိနေလားသိရအောင် အရင်လိုက်ကြည့်လိုက်ပြီး လမ်းကြောင်းထဲကို မှော်လက်နက်တစ်ခုပစ်ထည့်လိုက်သည်။
မှော်လက်နက်က လမ်းကြောင်းတစ်လျှောက် အဆုံးထိပျံသန်းသွားပြီးမှ ပြန်ရောက်လာသည်။ ဘာမူမမှန်တာမှမတွေ့ရတာကြောင့် လူတိုင်းအထဲကိုလျှောက်ဝင်သွားကြတော့၏။
လမ်းကြောင်းတစ်လျှောက်က နံရံနှစ်ဖက်မှာတော့ ငရဲတမန်တွေလိုမျိုး ကြမ်းတမ်းခက်ထန်ပြီးကြောက်စရာကောင်းတဲ့ရုပ်ထုတွေရှိနေကာ အကုန်လုံးက တည်ကြည်ပြီးခက်ထန်နေကြတဲ့မျက်နှာထားတွေနဲ့ဖြစ်သည်။
ရုန်ယိ ထိုကျောက်တုံးရုပ်ထုတွေကိုထိကြည့်ချင်ပေမဲ့ ထောင်ချောက်တွေကိုသွားထိလိုက်မိမှာတော့ကြောက်လေသည်။ ဒါကြောင့် သူ့သိချင်စိတ်ကိုသာထိန်းချုပ်ပြီး သူတို့နောက်ကနေလိုက်သွားရတော့သည်။
လမ်းကြောင်းရဲ့အဆုံးမှာတော့ ကျယ်ဝန်းလှတဲ့မြေပြန့်ကြီးရှိပြီး မျက်နှာချင်းဆိုင်မှာတော့ ရှေးကျပြီး လက်ရာမြောက်လွန်းလှတဲ့ ဂိတ်ပေါက်ဝကြီးတစ်ခုရှိနေလေသည်။
"သခင် ဒီဂိတ်ဝက သင်္ချိုင်းဂူရဲ့ဝင်ပေါက်ဖြစ်မယ်"
ရှင်းဟယ်က ပြောလိုက်၏။
"သခင်လေးနဲ့ ယွီပင်းတို့ ဒီနေရာမှာ ကျွန်တော်တို့ကိုစောင့်ပြီးနေခဲ့လိုက်ပါ..နွေဦးငရဲပန်းကိုရှာတွေ့တာနဲ့ ကျွန်တော်တို့်ချက်ချင်းပြန်ထွက်လာခဲ့ပါ့မယ်"
ယွီပင်းက မူလပထမအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။ ရှင်းဟယ်အမိန့်ကိုကြားတာနဲ့ သူချက်ချင်း ရုန်ယိဘေးနားကိုသွားရပ်လိုက်သည်။
ရုန်ယိ ခေါင်းငြိမ့်လိုက်သည်။
"ဂရုစိုက်ကြဦး"
ယင်ကျင်းရဲ့ သူ့ရှေ့ကိုလျှောက်လာလိုက်သည်။ ရုန်ယိခါးက ကျောက်စိမ်းပြားကမပျက်စီးသေးတာကိုတွေ့မှ သူတစ်ဖက်လှည့်ကာ ဂိတ်ဝဆီသို့ ရှင်းဟယ်နောက်ကနေလိုက်သွားတော့သည်။
ရှင်းဟယ်က တံခါးကြီးနှစ်ခုကြားမှာ နှစ်ပေလောက်ဟနေတာကိုတွေ့လိုက်ရတာကြောင့် ပြောလိုက်မိသည်။
"တံခါးကပွင့်နေတာလား"
လူတိုင်း သတိအနေအထားဖြစ်သွားပြီး ပတ်ပတ်လည်ကိုလိုက်ကြည့်လိုက်ကြပေမဲ့ ဘာမူမမှန်တာမှမတွေ့ကြ။
ရှင်းဟယ်က
"ဒီနေ့က တစ္ဆေဂိုဏ်းရဲ့ ပူဇော်ပွဲနေ့ဘဲ..တစ်ယောက်ယောက်က ထွက်လာပြီး တံခါးပြန်ပိတ်ဖို့မေ့သွားတာလည်းဖြစ်နိုင်တာဘဲ..ဒါကြောင့်သာ တံခါးကပွင့်နေတာ"
ယင်ကျင်းရဲ့ သူ့ဝိညာဥ်စွမ်းအားကိုထုတ်လွှတ်ကာ ဘေးပတ်ဝန်းကျင်ကိုအာရုံခံကြည့်လိုက်ပြီး..ဘယ်သူမှရှိမနေတာသေချာမှ ပြောလိုက်သည်။
"အထဲကို ဝင်ကြမယ်"
"ဟုတ်ကဲ့"
သူတို့တွေ တံခါးကနေဝင်သွားကြတာတွေ့တာနဲ့ ရုန်ယိ ယွီပင်းကိုပြောလိုက်သည်။
"လျှောက်ကြည့်ရအောင်"
"ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ"
ယွီပင်းက ပြန်မေးလိုက်သည်။
"ငါ ဒီနားက နံရံတွေမှာ တစ်ခုခုများရှိနေမလားဆိုတာ ကြည့်ချင်ရုံပါ"
ရုန်ယိ မီးတိုင်တစ်တိုင်ကိုကိုင်ကာ သူ့ဘေးနားကနံရံနားကိုလျှောက်သွားလိုက်သည်။
နံရံပေါ်မှာတော့ များစွာသော ရုပ်ပုံကားချပ်တွေရှိနေ၏။ ဒီပုံတွေကနေတစ်ဆင့် ဒါတွေက တစ္ဆေဂိုဏ်းရဲ့ သမိုင်းကြောင်းကိုရေးဆွဲထားမှန်း သူခန့်မှန်းမိလိုက်သည်။
သင်္ချိုင်းထဲမှာ တစ်ကယ်ဘဲ တစ္ဆေကျင့်ကြံသူ လေလွင့်မသေမျိုးအဆင့်၃ယောက်ကို မြှုပ်နှံထား၏။ ပထမအလောင်းက ဘေးနားမှာအခေါင်းအပိုတစ်ခုနဲ့အတူမြှုပ်ခံထားရပြီး..မိန်းမတစ်ယောက်က အခေါင်းနောက်တစ်လုံးထဲကို တစ္ဆေကျင့်ကြံသူတစ်ယောက်ရဲ့ အတင်းတွန်းထည့်နေတာခံနေရလေသည်။
"အီးး..တစ်ကယ်ရက်စက်တာဘဲ..သူတို့က သူမကိုအရှင်လတ်လတ်မြှုပ်ပစ်လိုက်ကြတယ်"
ရုန်ယိ မီးတုတ်ကို ယွီပင်းမြင်ရအောင် မြှောက်ပေးလိုက်ရင်း မေးလိုက်သည်။
"ဒီမိန်းမမှာ ကိုယ်ဝန်ရှိနေတာလားဆိုတာ မင်းပြောနိုင်လား"
ရှေးခေတ်ပန်းချီအနုပညာက အခုခေတ်လောက်မကောင်းကြသေးတာကြောင့် လူပုံသဏ္ဍာန်တွေရေးဆွဲနိုင်တာကပင် အတော်ကြီးမားတဲ့အောင်မြင်မှုကြီးဖြစ်နေလေပြီ။
ယွီပင်း ဂရုတစိုက်ကြည့်ရှုလိုက်ပြီး
"ဟုတ်တယ်..သူမကြည့်ရတာ ကလေးလွယ်ထားရတဲ့ပုံဘဲ"
"ကိုယ်ဝန်နဲ့မိန်းမတစ်ယောက်ကို စျာပနအဖော်အဖြစ်မြေမြှုပ်ပစ်တာ အရမ်းရက်စက်တာဘဲ"
ရုန်ယိ မီးတုတ်ကိုကိုင်ရင်း ရှေ့ဆက်လျှောက်သွားလိုက်သည်။ တစ်ခြားပန်းချီကားတွေက တစ္ဆေဂိုဏ်းရဲ့ ယဇ်ပူဇော်ပွဲအခမ်းအနားတွေ..ယဇ်ပူဇော်ဖို့ ရည်ရွယ်ထားတဲ့ အခင်းအကျင်းတွေ အစီအရင်တွေဘဲ ဖြစ်သည်။ သူဒါတွေကို အရင်ကတစ်ခါမှမမြင်တွေ့ခဲ့ဖူးတာကြောင့် မီးတုတ်ကို ယွီပင်းဆီ အမြန်ကမ်းပေးလိုက်သည်။ ထို့နောက် စုတ်တံနဲ့စာရွက်ထုတ်ကာ ထို အခင်းအကျင်းတွေ ၊ အစီအရင်တွေ နဲ့သင်္ကေတတွေကို ကူးရေးလိုက်သည်။
ယွီပင်းက အထူးတဆန်းမေးလာသည်။
"သခင်လေး...ဘာလို့ဒါတွေကို ကူးရေးနေရတာလဲ"
ရုန်ယိ ရှင်းပြလိုက်သည်။
"ငါတို့ တစ်ခါမှမတွေ့ဖူးမမြင်ဖူးတဲ့အရာတွေကို ရေးမှတ်ထားပြီး လေ့လာဖို့ပြန်ယူသွားသင့်တယ်လေ..ဒါတွေက အနာဂတ်မှာ အသုံးဝင်ရင်ဝင်လာမှာပေါ့..အကယ်၍ တစ်နေ့နေ့မှာ တစ္ဆေဂိုဏ်းက ငါတို့ကိုတိုက်ခိုက်လာခဲ့ရင် အနည်းဆုံးတော့ ဖြေရှင်းနည်းတစ်ခုခုရှာလို့ရတယ်လေ"
ရုန်မိသားစုက သင်္ချိုင်းဂူတစ်ခုခု ဒါမှမဟုတ် လျှို့ဝှက်နယ်မြေတစ်ခုခုကို ဝင်တဲ့အချိန်တိုင်းမှာ အထဲက အရာအားလုံးကို အသေးစိတ်မှတ်တမ်းတင်ထားလေ့ရှိကြပြီး သူတို့တစ်ခုမှမမြင်တွေ့ဖူးသေးတဲ့ဟာတွေဆိုရင် အပြင်ကိုယူထုတ်လားကြပြီး အကုန်ဝိုင်းလေ့လာကြသည်။ သူတို့က အရင်းအမြစ်မသိရတဲ့ပစ္စည်းတွေကိုဘယ်လိုကိုင်တွယ်ရမလဲလေ့လာကြသလို ထိုပစ္စည်းတွေနဲ့ပေါင်းစပ်လို့ရမဲ့ ဆေးပင်တွေ ၊ ပါဝင်ပစ္စည်းတွေကို သုတေသနပြုကြသည်။ ပြီးတော့ သူတို့ကို တစ်ခြားပါဝင်ပစ္စည်းတွေနဲ့ ဘယ်လိုမျိုးပေါင်းစပ်ရင် အမြင့်ဆုံးအကျိုးသက်ရောက်မှုရရှိနိုင်မလဲဆိုတာကလဲ သူတို့မိသားစုရဲ့သုတေသနလုပ်ငန်းတွေထဲကတစ်ခုဖြစ်သည်။
ယွီပင်းကတော့ ရုန်ယိရဲ့အလေ့အကျင့်ကအရမ်းကောင်းတယ်လို့ ထင်သည်။ အကယ်၍ သူတို့အဖွဲ့ထဲကလူတွေသာဆိုရင် ထောင်ချောက်တွေနဲ့ မမြင်ရတဲ့ မှော်လက်နက်တွေကိုဘဲ အာရုံစိုက်ထားကြမှာဖြစ်၏။ နံရံပေါ်က ပန်းချီတွေကိုရှာတွေ့ဖို့တဲ့လား..မေ့ထားလိုက်ပါတော့....။
အိမ်တော်ထဲက အစေခံတွေက ရုန်ယိက စာအုပ်ပေါင်းထောင်ချီပြီး ဖတ်ခဲ့ဖူးတယ်လို့ပြောတာ သူတစ်ခါကြားခဲ့ဖူးသည်။ အဲ့ဒီအချိန်တုန်းကတော့ သူတို့တွေ လေလုံးထွားနေကြတာဘဲလို့ သူခံစားခဲ့ရသည်။ အခု ရုန်ယိက တစ်ကယ်အလေးအနက်နဲ့ မှတ်တမ်းတင်နေတာကိုကြည့်ရင်း ထိုသူ့အပေါ်ထားတဲ့ သူ့အမြင်ကို ယွီပင်းပြောင်းလဲပစ်လိုက်တော့သည်။ ဒီလိုလူမျိုးကသာ ဒီလောက်ဗဟုသုတတွေများနိုင်တယ်လို့ သူ့ဘာသာသူတွေးလိုက်မိသည်။
ယွီပင်း သူ့ဓားနဲ့အပေါ်ဘက်ကိုပျံတက်သွားကြည့်လိုက်သည်။
"သခင်လေး နံရံအပေါ်ဘက်မှာသခင်လေးမမြင်ရလောက်တဲ့ အစီအရင်တွေဘာတွေများ ရှိနေဦးမလားလို့ကျွန်တော်သွားကြည့်လိုက်ဦးမယ်"
"ဟုတ်ပြီ"
ရုန်ယိ မီးတိုင်တစ်ချောင်းယူပြီးရှေ့ကိုဆက်လျှောက်သွားကြည့်လိုက်တဲ့အခါ သင်္ချိုင်းဂူရဲ့အပေါက်ဝနားမှာ လေးနှစ်အရွယ်လောက်ရှိပြီး ညစ်ပေနေတဲ့မျက်နှာ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ စုတ်ပြတ်နေတဲ့အဝတ်လေးတွေဝတ်ဆင်ထားတဲ့ ကလေးရုပ်ထုလေးတစ်ရုပ်ကိုတွေ့လိုက်ရသည်။ သူ့ကိုအံ့သြစေဆုံးက ကျောက်ရုပ်ထုလေးက အသက်ဝင်လွန်းလှပြီး တစ်ကယ့်လူအစစ်နဲ့တူလွန်းလှတာဘဲ ဖြစ်သည်။
"ရှေးခေတ်က ပန်းပုပညာကဒီလောက်တောင်ကောင်းနေပြီလား..ငါ့မှာ လူအစစ်လို့တောင်တွေးမိတော့မလို့"
ရုန်ယိ ရှေ့တိုးသွားပြီး ရုပ်ထုကိုသေသေချာချာ စူးစမ်းကြည့်ရှုလိုက်သည်။
"ဒါက ကျောက်ရုပ်ထုလား..အလောင်းလား"
သူ သတိအနေအထားဖြစ်သွားပြီး အနားကိုအရမ်းကပ်မသွားပေ။ ရုပ်ထုနဲ့ သုံးပေအကွာမှာရပ်လိုက်ပြီး တူလေးတစ်ချောင်းထုတ်ကာ မျက်နှာလေးကိုတို့ကြည့်လိုက်သည်။ ရုပ်ထုတွေရဲ့မျက်နှာတွေလိုမာကျောမနေဘဲ ဒီရုပ်ထုက ပျော့အိအိလေးဖြစ်နေလေသည်။
"အလောင်းလား!!"
ရုတ်တရက် ကလေးရဲ့မျက်လုံးလေးတွေက နေရာရွေ့သွားသည်။
"ချီး!!"
ရုန်ယိ ထိတ်လန့်မှုကြောင့် နောက်ကိုခြေလှမ်းပြန်ဆုတ်မိသွားသည်။
"သခင်လေး..ဘာဖြစ်တာလဲ"
အသံကြားတဲ့အခါ ယွီပင်းက ရုန်ယိဘေးနားကို အမြန်ပြန်ရောက်လာသည်။
ကလေးလေးက သူတို့ကိုပြုံးပြလိုက်ကာ အက်ကွဲနေပေမဲ့ ရိုးစင်းတဲ့ရယ်သံလေးနဲ့ရယ်လိုက်သည်။
ယွီပင်းလည်း အံ့အားသင့်သွားရ၏။
"ဘယ်လိုလုပ်ဒီနေရာမှာ ကလေးတစ်ယောက်ရှိနေရတာလဲ"
သခင်က အထဲမဝင်ခင် အနီးနားမှာဘယ်သူမှမရှိဘူးဆိုတာကို စစ်ဆေးသွားခဲ့သေးတယ်မဟုတ်ဘူးလား...။
"သူက သာမန်ကလေးနဲ့မတူဘူး"
ရုန်ယိ ယွီပင်းကိုဆွဲခေါ်ကာ ကလေးနဲ့ ပေ၂၀လောက်အဝေးထိ ဆုတ်လိုက်သည်။
"ဒါဆို သူက...."
ရုန်ယိ မီးတုတ်ကအလင်းရောင်နဲ့ ကလေးမျက်နှာကို အနီးကပ်သေချာကြည့်ရှုလိုက်သည်။
"သူ့မျက်နှာက ငါတို့ထက်ဖြူဖျော့နေတယ်..အရောင်အသွေးမရှိတဲ့နှုတ်ခမ်းတွေ..မျက်ကွင်းညိုတွေနဲ့ သွားအဝါရောင်တွေ..ချွန်ထက်ပြီး မီးခိုးရောင်သန်းနေတဲ့လက်သည်းတွေ..."
ထို့နောက် သူမျက်ခုံးတွေတွန့်ကြုတ်ပြီး ရေရွတ်လိုက်သည်။
"ဒါ ဖုတ်ကောင်လား"
ရုန်ယိ အရင်ကလည်း ဖုတ်ကောင်များစွာမြင်ဖူးပေမဲ့ သူတို့ သွားစွယ်တွေကရှည်ပြီးချွန်နေကြသလို သူတို့မျက်နှာတွေကလည်း ပြာစိမ်းနေကြသည်။ လက်သည်းတွေကလည်း မည်းနက်နေတာတွေ ခရမ်းရောင်သန်းနေတာတွေဖြစ်ပြီး သူတို့ခန္ဓာကိုယ်တွေကလည်း တောင့်တင်းနေကြလေသည်။ ထိုဖုတ်ကောင်တွေက သူ့ရှေ့က ကလေးလေးနဲ့တော့တော်တော်လေးကွာခြားလေသည်။ သူမှားနေတာလည်းဖြစ်နိုင်၏။
"ဖုတ်ကောင် ကဘာလဲ"
"အသက်ပြန်ဝင်လာတဲ့ အလောင်းကိုပြောတာ"
"သခင်လေးပြောတာ အလောင်းကောင်လား"
"အင်း အဲ့လိုမျိုးဘဲ"
ရုန်ယိမှာ သူတို့က ကျင့်ကြံသူတွေဖြစ်နေတာကြောင့် အလောင်းအဆိပ်တွေကိုခံနိုင်ရည်ရှိနေတာဘဲ တော်သေးတယ်လို့တွေးလိုက်မိသည်။ ဒါပေမဲ့ ဖုတ်ကောင်တွေက သူတို့ထက်အဆင့်မြင့်နေရင်တော့ ကိစ္စတွေကလုံးဝကိုကွာခြားသွားလေပြီ။
"ဒီမှာဘယ်လိုလုပ် အလောင်းကောင်ရှိနေရတာလဲ...တစ္ဆေဂိုဏ်းက လုပ်ထားတာများလား"
အဲ့အချိန်မှာ ယင်ဖုန်းနဲ့လန်လျှို့တို့က အနားကိုပျံသန်းလာကြသည်။
"ဒီ အလောင်းကောင်ကိုကြည့်ရတာ အနှစ်တစ်ထောင်ကျော်နေပြီထင်တယ်"
"အနှစ်တစ်ထောင်!...."
ထိုစကားကို ကြားလိုက်တာနဲ့ ရုန်ယိနဲ့ ယွီပင်းတို့မှာ ချက်ချင်းဘဲ လမ်းကြောင်းအဝင်ပေါက်အထိပြန်ဆုတ်လိုက်ကြတော့သည်။
"မင်းတို့က ဘယ်လိုလုပ်သိလဲ"
"သူ့ပုံပန်းသွင်ပြင်တွေအားလုံးက လူနဲ့တူနေပြီး မင်းတို့ကိုတောင်ပြုံးပြလာသေးတယ်မလား..သူ့ကျင့်ကြံဆင့်က တော်တော်လေးမြင့်ရမယ်..ကျင့်ကြံဆင့်တော်တော်မြင့်တဲ့ အလောင်းကောင်တွေကသာ လူတွေနဲ့ဆင်တူကြတာ."
ရုန်ယိ မေးလိုက်၏။
"မင်းတို့ သူနဲ့ရင်ဆိုင်နိုင်လား"
"နှစ်တစ်ထောင်ကျင့်ကြံထားတဲ့ အလောင်းကောင်က လေဟာနယ်သန့်စင်မှုအဆင့်ကျင့်ကြံသူတွေနဲ့ညီမျှတယ်"
ပြောချင်တာကတော့ သူတို့ထိုကလေးကိုဘာမှမလုပ်နိုင်ပေ။ ရုန်ယိနဲ့ ယွီပင်းတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ပြောလိုက်ကြတော့၏။
"ပြေး!!!.."
သူ အမြန် ယွီပင်းရဲ့ဓားပေါ်တက်လိုက်ပြီးတော့ သူတို့လမ်းကြောင်းတစ်လျှောက်အမြန်ပျံထွက်သွားတော့သည်။
သူတို့ထွက်ပြေးသွားကြတာတွေ့တဲ့အခါ ဖုတ်ကောင်လေးက တခစ်ခစ်ရယ်နေရင်းနဲ့ သူတို့နောက်ကနေ ပျံလိုက်လာ၏။
ဖုတ်ကောင်လေးက သူတို့ကို ဖမ်းမိခါနီးနေတာ တွေ့လိုက်ရတာကြောင့် ရုန်ယိ သားရဲနှစ်ကောင်ကို ထိုဖုတ်ကောင်လေးကို တားထားကြဖို့ပြောလိုက်သည်။ မမျှော်လင့်ထားစွာနဲ့ သူတို့ကို ခြင်ရိုက်သလိုမျိုး ထိုကလေးက လက်ဝါးတစ်ချက်တည်းနဲ့ရိုက်ချလိုက်တော့သည်။
"အရှိန်မြှင့်တော့လေ...သူငါတို့နောက်နားကိုရောက်နေပြီဟ!!!"
ယွီပင်း အရှိန်မြှင့်အင်းကွက်တွေကိုထုတ်ပြီး ဓားပျံပေါ်ကပ်လိုက်၏။ ချက်ချင်းဘဲ သူတို့ဓားပျံရဲ့အရှိန်က အရင်ကထက်ပိုမြန်သွားတော့သည်။ ဒါပေမဲ့လည်း ထိုကလေးရဲ့အရှိန်ကလည်းပိုမြန်လာလေသည်။ သိပ်မကြာခင်မှာဘဲ သူက ရုန်ယိတို့ဘေးနားကိုရောက်လာပြီး ရုန်ယိကိုရယ်ပြလာသည်။
ယွီပင်း သူ့ဆီကိုမီးလုံးတစ်လုံးပစ်လွှတ်လိုက်တာကြောင့် ကလေးရဲ့ အဝတ်အစားတွေကလောင်ကျွမ်းသွားပေမဲ့ သူ့အရေပြားနဲ့အသားတွေကတော့ မထိမခိုက်ဘဲရှိနေတုန်းဖြစ်ပြီး သူတို့နောက်ကို ပျော်ရွှင်စွာနဲ့ လိုက်ဖမ်းနေတုန်းဘဲဖြစ်၏။
ရုန်ယိ မျက်ခုံးတွေစုကြုံ့လိုက်မိသည်။
ဘာလို့ ဒီကလေးက ဒီလောက်တောင်ရယ်မောနေရတာလဲ..
"ဝိညာဥ်မီးတောက်ကတောင် သူ့အပေါ်အသုံးမဝင်ဘူးလား"
ယွီပင်း သူ့ဓားရှည်ကိုထုတ်ပြီး ကလေးကိုလှမ်းထိုးလိုက်သည်။ ကွဲအက်သံတစ်ခုနဲ့အတူ ဓားကနှစ်ပိုင်းကျိုးသွားတော့သည်။
ရုန်ယိ ဆွံ့အသွားရသည်။
"ဖုတ်ကောင်လေးရဲ့ခန္ဓာကိုယ်က နှစ်တစ်ထောင်လိပ်ခွံလိုမျိုးမာကျောနေတာ...မင်းဓားနဲ့ထိုးလိုက်နိုင်မှသာ ထူးဆန်းနေတယ်လို့ခံစားရမှာဘဲ..သူ့ကိုရင်ဆိုင်ဖို့ တစ်ခြားနည်းလမ်းတွေမရှိတော့ဘူးလား...သူက အလောင်းကောင်ဆိုတာသိနေမှတော့ သူ့ကိုရှင်းနိုင်မဲ့ နည်းလမ်းတစ်ခုခုသုံးလိုက်ပါလား"
"သခင်လေး..ကျွန်တော်လည်း အရင်က အလောင်းကောင်သုံးကောင်ဘဲမြင်ဖူးတာ...ဒါပေမဲ့ အဲ့တုန်းကလည်း သူတို့ကိုထိန်းချုပ်ဖို့ ကျင့်ကြံသူတွေကရှိနေပြီးသားဆိုတော့..ကျွန်တော်လည်း သူနဲ့ဘယ်လိုရင်ဆိုင်ရမလဲမသိတော့ဘူး..သခင်လေး...သခင်လေးက စာအုပ်ပေါင်းထောင်ချီပြီးဖတ်ဖူးတယ်မလား..သခင်လေးမှာ သူနဲ့ရင်ဆိုင်ရမဲ့နည်းလေး တစ်ခုလောက်တော့ရှိသင့်တာပေါ့"
ယွီပင်းနဲ့ ရုန်ယိတို့မှာ တောင်အနောက်ဘက်ကို ပျံသန်းထွက်ပြေးလာကြသည်။
"ငါက အခုမှ ချီသန့်စင်အဆင့်၂ဘဲဲရှိသေးတာ..ငါ့မှာနည်းလမ်းတစ်ခုခုထွက်လာရင်တောင် ဘာမှလုပ်မရဘူးဟ..ငါဆွဲထားတဲ့ အင်းကွက်တွေကလည်း သူ့အပေါ်အလုပ်မဖြစ်လောက်ဘူး"
ရုန်ယိ အဝါရောင်အင်းစာရွက်နဲ့ ပြဒါးစုတ်တံတစ်ချောင်းကို သိုလှောင်လက်စွပ်ထဲကနေ ထုတ်ယူလိုက်ပြီး အင်းကွက်တစ်ခုရေးဆွဲလိုက်ကာ ကလေးရဲ့နဖူးပေါ်ကိုပစ်လွှတ်လိုက်သည်။
ထိုအခါ ကလေးကရပ်သွားတော့သည်။
ရုန်ယိ အံ့အားသင့်သွားရ၏။
"ဟမ်!!...အလုပ်ဖြစ်တာလား"
ထို့နောက် ကလေးက ထိုဟာကိုဆုတ်ဖြဲပစ်လိုက်ပြီး လုံးခြေကာ ပါးစပ်ထဲထည့်လိုက်တော့သည်။ ခဏလောက်ဝါးကြည့်လိုက်ပြီး အရသာမရှိတာကြောင့် သူထွေးထုတ်ပစ်လိုက်ကာ ရုန်ယိနောက်ကိုဆက်ပြေးလိုက်တော့သည်။
ရုန်ယိ မျက်လုံးထောင့်တွေတွန့်သွားရပြီး သူအမြန်ပြောလိုက်သည်။
"မင်းအသက်ရှူအောင့်လိုက် အသုံးဝင်မဝင်ကြည့်လိုက်ရအောင်!"
သူတို့နှစ်ယောက် အသက်ပြင်းပြင်းရှူလိုက်ပြီး အသက်အောင့်လိုက်ကြသည်။
ဒါပေမဲ့ ကလေးရဲ့ကျင့်ကြံဆင့်က သူတို့ထက်အရမ်းမြင့်နေတာကြောင့် သူတို့အသက်အောင့်ထားတာကလည်း အသုံးမဝင်ပေ။
ကလေးက ရုန်ယိကျောပေါ်ခုန်တက်လာပြီး သူ့လည်ဂုတ်ပေါ် မျက်နှာအပ်ကာ လေတွေရှုသွင်းလိုက်သည်။
ရုန်ယိမှာ ကလေးက သူ့လည်ပင်းကိုကိုက်ချလိုက်မှာစိုးတာကြောင့် ကလေးကိုဆွဲယူလိုက်ကာ မြေေကြီးပေါ်ပစ်ချလိုက်သည်။
"ကလေးက အသက်ရှူနေတယ်..သူက ဖုတ်ကောင်လုံးလုံးတော့မဖြစ်သေးဘူး"
"ဒါဆို သူက ဘာကြီးလဲ"
"ဖုတ်ကောင်တစ်ပိုင်းဖြစ်လိမ့်မယ်"
ရုန်ယိ သင်္ချိုင်းဂူရှေ့က ပန်းချီကားချပ်တွေအကြောင်းပြန်တွေးမိလိုက်သည်။ မိန်းမက ဗိုက်ကြီးနဲ့ဖြစ်သည်။ ဒီကလေးက ထိုမိန်းမဗိုက်ထဲက ကလေးဖြစ်လိမ့်မည်။ သူကမွေးပြီးကတည်းက အလောင်းချီတွေ ယင်ချီတွေ အမြောက်အမြားစုပ်ယူမိထားတာကြောင့် တဖြေးဖြေးနဲ့ ဖုတ်ကောင်တစ်ပိုင်းဖြစ်လာတာဖြစ်လိမ့်မည်။
မြေပြင်ပေါ်က ဖုတ်ကောင်လေးက ရုန်ယိဘေးနားကိုတစ်ဖန် ပျံသန်းလာပြန်သည်။
ရုန်ယိ သူ့ကိုအော်ပြောလိုက်၏။
"အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်ကွ!..ကောင်လေး မင်းကိုအကြွေးတင်နေတဲ့သူကိုသာ သွားရှာစမ်းပါကွာ..ငါတို့က မင်းကိုသတ်ခဲ့တဲ့သူတွေမှမဟုတ်တာ..ငါတို့နောက်ကိုဆက်မလိုက်ပါနဲ့တော့.."
သူပြောတာကြားတဲ့အခါ ဖုတ်ကောင်လေးက ချက်ချင်းရပ်လိုက်တော့သည်။
သူမလှုပ်တော့တာတွေ့တဲ့အခါ ရုန်ယိ စိတ်သက်သာရာရသွားပြီး ချက်ချင်းဘဲ ယွီပင်းကို လောဆော်လိုက်သည်။
"သွာမယ်..သွားမယ်..သွားမယ်"
ဒီစကားကိုကြားတဲ့အခါ ကလေးကထပ် လိုက်လာပြန်သည်။
"ဟမ်!...မင်းဘာလို့ ငါတို့နောက်ထပ်လိုက်နေပြန်တာလဲ..ငါပြောတာ မကြားဖူးလား..အကြွေးတိုင်းမှာ အကြွေးရှင်ရှိတယ်လို့!...မင်းကိုအကြွေးတင်နေတဲ့သူကိုသာသွားရှာပါ..ငါတို့ကိုလွှတ်ပေးပါတော့လို့!"
ချက်ချင်းဘဲ ကလေးက နောက်တစ်ကြိမ်ထပ်ရပ်သွားပြန်လေသည်။
"သခင်လေး ကြည့်ရတာ သူက သခင်လေးပြောတာကို နားထောင်တဲ့ပုံဘဲ"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
"သခင်လေး ရပ်လို့ပြောတာနဲ့ သူရပ်သွားတယ်လေ"
"ငါက သူ့ရန်သူမဟုတ်မှန်းသိလို့ ရပ်သွားတာနေမှာပေါ့ အချိန်မရှိဘူး..ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်"
မြန်မြန်သွား ဆိုတဲ့စကားစုကိုကြားလိုက်တာနဲ့ ခလုတ်နှိပ်လိုက်သလိုမျိုး ကလေးက သူတို့နောက်ကိုထပ်လိုက်လာပြန်သည်။
ရုန်ယိ နားမလည်နိုင်တော့..။
"သူဘာလို့ ထပ်လိုက်လာပြန်တာလဲဟ"
"သခင်လေး သူ့ကိုထပ်မလိုက်တာတော့ဖို့ အမိန့်ထပ်ပေးကြည့်လိုက်ပါလား"
ရုန်ယိ ကလေးကိုလှမ်းအော်ပြောလိုက်သည်။
"ရပ်တော့!!"
ကလေးက ချက်ချင်းရပ်သွားတော့သည်။
"အီး...တစ်ကယ်အလုပ်ဖြစ်တယ်ဟ..ထူးဆန်းလိုက်တာ..သူက ဘယ်လိုလုပ် ငါ့စကားကိုနားထောင်နေရတာလဲ"
ရုန်ယိ ကလေးကို ထပ်ပြောလိုက်သည်။
"ထိုင်ချလိုက်"
ကလေးက အမြန်ထိုင်ချလိုက်သည်။
"မတ်တပ်ရပ်ပြီး ပြန်ထိုင်ချလိုက်"
ကလေးက သူပြောတဲ့အတိုင်း အတိအကျလိုက်လုပ်၏။
"သူတစ်ကယ် ငါပြောတာ နားထောင်တာဘဲ"
ရုန်ယိ ဒီကလေးကိုလုံးဝကိုမသိတဲ့အပြင် ဒီကလေးရဲ့ကျင့်ကြံဆင့်ကအရမ်းမြင့်မားလွန်းလှသည်။ ဒါကြောင့် အကြောင်းတစ်ခုခုမရှိဘဲနဲ့တော့ သူ့စကားကိုနားထောင်မှာမဟုတ်ပေ။
သူ ခဏလောက်တွေးကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဘာတွေဖြစ်နေလဲ ငါသိသွားပြီ"
**************
Zawgyi
ရွင္းဟယ္က ပတ္ဝန္းက်င္မွာ ေထာင္ေခ်ာက္ေတြဘာေတြရွိေနလားသိရေအာင္ အရင္လိုက္ၾကည့္လိုက္ၿပီး လမ္းေၾကာင္းထဲကို ေမွာ္လက္နက္တစ္ခုပစ္ထည့္လိုက္သည္။
ေမွာ္လက္နက္က လမ္းေၾကာင္းတစ္ေလွ်ာက္ အဆုံးထိပ်ံသန္းသြားၿပီးမွ ျပန္ေရာက္လာသည္။ ဘာမူမမွန္တာမွမေတြ႕ရတာေၾကာင့္ လူတိုင္းအထဲကိုေလွ်ာက္ဝင္သြားၾကေတာ့၏။
လမ္းေၾကာင္းတစ္ေလွ်ာက္က နံရံႏွစ္ဖက္မွာေတာ့ ငရဲတမန္ေတြလိုမ်ိဳး ၾကမ္းတမ္းခက္ထန္ၿပီးေၾကာက္စရာေကာင္းတဲ့႐ုပ္ထုေတြရွိေနကာ အကုန္လုံးက တည္ၾကည္ၿပီးခက္ထန္ေနၾကတဲ့မ်က္ႏွာထားေတြနဲ႕ျဖစ္သည္။
႐ုန္ယိ ထိုေက်ာက္တုံး႐ုပ္ထုေတြကိုထိၾကည့္ခ်င္ေပမဲ့ ေထာင္ေခ်ာက္ေတြကိုသြားထိလိုက္မိမွာေတာ့ေၾကာက္ေလသည္။ ဒါေၾကာင့္ သူ႕သိခ်င္စိတ္ကိုသာထိန္းခ်ဳပ္ၿပီး သူတို႔ေနာက္ကေနလိုက္သြားရေတာ့သည္။
လမ္းေၾကာင္းရဲ႕အဆုံးမွာေတာ့ က်ယ္ဝန္းလွတဲ့ေျမျပန့္ႀကီးရွိၿပီး မ်က္ႏွာခ်င္းဆိုင္မွာေတာ့ ေရွးက်ၿပီး လက္ရာေျမာက္လြန္းလွတဲ့ ဂိတ္ေပါက္ဝႀကီးတစ္ခုရွိေနေလသည္။
"သခင္ ဒီဂိတ္ဝက သခၤ်ိဳင္းဂူရဲ႕ဝင္ေပါက္ျဖစ္မယ္"
ရွင္းဟယ္က ေျပာလိုက္၏။
"သခင္ေလးနဲ႕ ယြီပင္းတို႔ ဒီေနရာမွာ ကြၽန္ေတာ္တို႔ကိုေစာင့္ၿပီးေနခဲ့လိုက္ပါ..ႏြေဦးငရဲပန္းကိုရွာေတြ႕တာနဲ႕ ကြၽန္ေတာ္တို့္ခ်က္ခ်င္းျပန္ထြက္လာခဲ့ပါ့မယ္"
ယြီပင္းက မူလပထမအဆင့္ေရာက္ေနတဲ့ က်င့္ႀကံသူတစ္ေယာက္ျဖစ္ေလသည္။ ရွင္းဟယ္အမိန့္ကိုၾကားတာနဲ႕ သူခ်က္ခ်င္း ႐ုန္ယိေဘးနားကိုသြားရပ္လိုက္သည္။
႐ုန္ယိ ေခါင္းၿငိမ့္လိုက္သည္။
"ဂ႐ုစိုက္ၾကဦး"
ယင္က်င္းရဲ႕ သူ႕ေရွ႕ကိုေလွ်ာက္လာလိုက္သည္။ ႐ုန္ယိခါးက ေက်ာက္စိမ္းျပားကမပ်က္စီးေသးတာကိုေတြ႕မွ သူတစ္ဖက္လွည့္ကာ ဂိတ္ဝဆီသို႔ ရွင္းဟယ္ေနာက္ကေနလိုက္သြားေတာ့သည္။
ရွင္းဟယ္က တံခါးႀကီးႏွစ္ခုၾကားမွာ ႏွစ္ေပေလာက္ဟေနတာကိုေတြ႕လိုက္ရတာေၾကာင့္ ေျပာလိုက္မိသည္။
"တံခါးကပြင့္ေနတာလား"
လူတိုင္း သတိအေနအထားျဖစ္သြားၿပီး ပတ္ပတ္လည္ကိုလိုက္ၾကည့္လိုက္ၾကေပမဲ့ ဘာမူမမွန္တာမွမေတြ႕ၾက။
ရွင္းဟယ္က
"ဒီေန႕က တစ္ေဆဂိုဏ္းရဲ႕ ပူေဇာ္ပြဲေန႕ဘဲ..တစ္ေယာက္ေယာက္က ထြက္လာၿပီး တံခါးျပန္ပိတ္ဖို႔ေမ့သြားတာလည္းျဖစ္နိုင္တာဘဲ..ဒါေၾကာင့္သာ တံခါးကပြင့္ေနတာ"
ယင္က်င္းရဲ႕ သူ႕ဝိညာဥ္စြမ္းအားကိုထုတ္လႊတ္ကာ ေဘးပတ္ဝန္းက်င္ကိုအာ႐ုံခံၾကည့္လိုက္ၿပီး..ဘယ္သူမွရွိမေနတာေသခ်ာမွ ေျပာလိုက္သည္။
"အထဲကို ဝင္ၾကမယ္"
"ဟုတ္ကဲ့"
သူတို႔ေတြ တံခါးကေနဝင္သြားၾကတာေတြ႕တာနဲ႕ ႐ုန္ယိ ယြီပင္းကိုေျပာလိုက္သည္။
"ေလွ်ာက္ၾကည့္ရေအာင္"
"ကြၽန္ေတာ္တို႔ ဘယ္ကိုသြားၾကမွာလဲ"
ယြီပင္းက ျပန္ေမးလိုက္သည္။
"ငါ ဒီနားက နံရံေတြမွာ တစ္ခုခုမ်ားရွိေနမလားဆိုတာ ၾကည့္ခ်င္႐ုံပါ"
႐ုန္ယိ မီးတိုင္တစ္တိုင္ကိုကိုင္ကာ သူ႕ေဘးနားကနံရံနားကိုေလွ်ာက္သြားလိုက္သည္။
နံရံေပၚမွာေတာ့ မ်ားစြာေသာ ႐ုပ္ပုံကားခ်ပ္ေတြရွိေန၏။ ဒီပုံေတြကေနတစ္ဆင့္ ဒါေတြက တစ္ေဆဂိုဏ္းရဲ႕ သမိုင္းေၾကာင္းကိုေရးဆြဲထားမွန္း သူခန့္မွန္းမိလိုက္သည္။
သခၤ်ိဳင္းထဲမွာ တစ္ကယ္ဘဲ တစ္ေဆက်င့္ႀကံသူ ေလလြင့္မေသမ်ိဳးအဆင့္၃ေယာက္ကို ျမႇုပ္ႏွံထား၏။ ပထမအေလာင္းက ေဘးနားမွာအေခါင္းအပိုတစ္ခုနဲ႕အတူျမႇုပ္ခံထားရၿပီး..မိန္းမတစ္ေယာက္က အေခါင္းေနာက္တစ္လုံးထဲကို တစ္ေဆက်င့္ႀကံသူတစ္ေယာက္ရဲ႕ အတင္းတြန္းထည့္ေနတာခံေနရေလသည္။
"အီးး..တစ္ကယ္ရက္စက္တာဘဲ..သူတို႔က သူမကိုအရွင္လတ္လတ္ျမႇုပ္ပစ္လိုက္ၾကတယ္"
႐ုန္ယိ မီးတုတ္ကို ယြီပင္းျမင္ရေအာင္ ျမႇောက္ေပးလိုက္ရင္း ေမးလိုက္သည္။
"ဒီမိန္းမမွာ ကိုယ္ဝန္ရွိေနတာလားဆိုတာ မင္းေျပာနိုင္လား"
ေရွးေခတ္ပန္းခ်ီအႏုပညာက အခုေခတ္ေလာက္မေကာင္းၾကေသးတာေၾကာင့္ လူပုံသ႑ာန္ေတြေရးဆြဲနိုင္တာကပင္ အေတာ္ႀကီးမားတဲ့ေအာင္ျမင္မႈႀကီးျဖစ္ေနေလၿပီ။
ယြီပင္း ဂ႐ုတစိုက္ၾကည့္ရႈလိုက္ၿပီး
"ဟုတ္တယ္..သူမၾကည့္ရတာ ကေလးလြယ္ထားရတဲ့ပုံဘဲ"
"ကိုယ္ဝန္နဲ႕မိန္းမတစ္ေယာက္ကို စ်ာပနအေဖာ္အျဖစ္ေျမျမႇုပ္ပစ္တာ အရမ္းရက္စက္တာဘဲ"
႐ုန္ယိ မီးတုတ္ကိုကိုင္ရင္း ေရွ႕ဆက္ေလွ်ာက္သြားလိုက္သည္။ တစ္ျခားပန္းခ်ီကားေတြက တစ္ေဆဂိုဏ္းရဲ႕ ယဇ္ပူေဇာ္ပြဲအခမ္းအနားေတြ..ယဇ္ပူေဇာ္ဖို႔ ရည္႐ြယ္ထားတဲ့ အခင္းအက်င္းေတြ အစီအရင္ေတြဘဲ ျဖစ္သည္။ သူဒါေတြကို အရင္ကတစ္ခါမွမျမင္ေတြ႕ခဲ့ဖူးတာေၾကာင့္ မီးတုတ္ကို ယြီပင္းဆီ အျမန္ကမ္းေပးလိုက္သည္။ ထို႔ေနာက္ စုတ္တံနဲ႕စာ႐ြက္ထုတ္ကာ ထို အခင္းအက်င္းေတြ ၊ အစီအရင္ေတြ နဲ႕သေကၤတေတြကို ကူးေရးလိုက္သည္။
ယြီပင္းက အထူးတဆန္းေမးလာသည္။
"သခင္ေလး...ဘာလို႔ဒါေတြကို ကူးေရးေနရတာလဲ"
႐ုန္ယိ ရွင္းျပလိုက္သည္။
"ငါတို႔ တစ္ခါမွမေတြ႕ဖူးမျမင္ဖူးတဲ့အရာေတြကို ေရးမွတ္ထားၿပီး ေလ့လာဖို႔ျပန္ယူသြားသင့္တယ္ေလ..ဒါေတြက အနာဂတ္မွာ အသုံးဝင္ရင္ဝင္လာမွာေပါ့..အကယ္၍ တစ္ေန႕ေန႕မွာ တစ္ေဆဂိုဏ္းက ငါတို႔ကိုတိုက္ခိုက္လာခဲ့ရင္ အနည္းဆုံးေတာ့ ေျဖရွင္းနည္းတစ္ခုခုရွာလို႔ရတယ္ေလ"
႐ုန္မိသားစုက သခၤ်ိဳင္းဂူတစ္ခုခု ဒါမွမဟုတ္ လွ်ို႔ဝွက္နယ္ေျမတစ္ခုခုကို ဝင္တဲ့အခ်ိန္တိုင္းမွာ အထဲက အရာအားလုံးကို အေသးစိတ္မွတ္တမ္းတင္ထားေလ့ရွိၾကၿပီး သူတို႔တစ္ခုမွမျမင္ေတြ႕ဖူးေသးတဲ့ဟာေတြဆိုရင္ အျပင္ကိုယူထုတ္လားၾကၿပီး အကုန္ဝိုင္းေလ့လာၾကသည္။ သူတို႔က အရင္းအျမစ္မသိရတဲ့ပစၥည္းေတြကိုဘယ္လိုကိုင္တြယ္ရမလဲေလ့လာၾကသလို ထိုပစၥည္းေတြနဲ႕ေပါင္းစပ္လို႔ရမဲ့ ေဆးပင္ေတြ ၊ ပါဝင္ပစၥည္းေတြကို သုေတသနျပဳၾကသည္။ ၿပီးေတာ့ သူတို႔ကို တစ္ျခားပါဝင္ပစၥည္းေတြနဲ႕ ဘယ္လိုမ်ိဳးေပါင္းစပ္ရင္ အျမင့္ဆုံးအက်ိဳးသက္ေရာက္မႈရရွိနိုင္မလဲဆိုတာကလဲ သူတို႔မိသားစုရဲ႕သုေတသနလုပ္ငန္းေတြထဲကတစ္ခုျဖစ္သည္။
ယြီပင္းကေတာ့ ႐ုန္ယိရဲ႕အေလ့အက်င့္ကအရမ္းေကာင္းတယ္လို႔ ထင္သည္။ အကယ္၍ သူတို႔အဖြဲ႕ထဲကလူေတြသာဆိုရင္ ေထာင္ေခ်ာက္ေတြနဲ႕ မျမင္ရတဲ့ ေမွာ္လက္နက္ေတြကိုဘဲ အာ႐ုံစိုက္ထားၾကမွာျဖစ္၏။ နံရံေပၚက ပန္းခ်ီေတြကိုရွာေတြ႕ဖို႔တဲ့လား..ေမ့ထားလိုက္ပါေတာ့....။
အိမ္ေတာ္ထဲက အေစခံေတြက ႐ုန္ယိက စာအုပ္ေပါင္းေထာင္ခ်ီၿပီး ဖတ္ခဲ့ဖူးတယ္လို႔ေျပာတာ သူတစ္ခါၾကားခဲ့ဖူးသည္။ အဲ့ဒီအခ်ိန္တုန္းကေတာ့ သူတို႔ေတြ ေလလုံးထြားေနၾကတာဘဲလို႔ သူခံစားခဲ့ရသည္။ အခု ႐ုန္ယိက တစ္ကယ္အေလးအနက္နဲ႕ မွတ္တမ္းတင္ေနတာကိုၾကည့္ရင္း ထိုသူ႕အေပၚထားတဲ့ သူ႕အျမင္ကို ယြီပင္းေျပာင္းလဲပစ္လိုက္ေတာ့သည္။ ဒီလိုလူမ်ိဳးကသာ ဒီေလာက္ဗဟုသုတေတြမ်ားနိုင္တယ္လို႔ သူ႕ဘာသာသူေတြးလိုက္မိသည္။
ယြီပင္း သူ႕ဓားနဲ႕အေပၚဘက္ကိုပ်ံတက္သြားၾကည့္လိုက္သည္။
"သခင္ေလး နံရံအေပၚဘက္မွာသခင္ေလးမျမင္ရေလာက္တဲ့ အစီအရင္ေတြဘာေတြမ်ား ရွိေနဦးမလားလို႔ကြၽန္ေတာ္သြားၾကည့္လိုက္ဦးမယ္"
"ဟုတ္ၿပီ"
႐ုန္ယိ မီးတိုင္တစ္ေခ်ာင္းယူၿပီးေရွ႕ကိုဆက္ေလွ်ာက္သြားၾကည့္လိုက္တဲ့အခါ သခၤ်ိဳင္းဂူရဲ႕အေပါက္ဝနားမွာ ေလးႏွစ္အ႐ြယ္ေလာက္ရွိၿပီး ညစ္ေပေနတဲ့မ်က္ႏွာ ရႈပ္ပြေနတဲ့ဆံပင္ေတြနဲ႕ စုတ္ျပတ္ေနတဲ့အဝတ္ေလးေတြဝတ္ဆင္ထားတဲ့ ကေလး႐ုပ္ထုေလးတစ္႐ုပ္ကိုေတြ႕လိုက္ရသည္။ သူ႕ကိုအံ့ၾသေစဆုံးက ေက်ာက္႐ုပ္ထုေလးက အသက္ဝင္လြန္းလွၿပီး တစ္ကယ့္လူအစစ္နဲ႕တူလြန္းလွတာဘဲ ျဖစ္သည္။
"ေရွးေခတ္က ပန္းပုပညာကဒီေလာက္ေတာင္ေကာင္းေနၿပီလား..ငါ့မွာ လူအစစ္လို႔ေတာင္ေတြးမိေတာ့မလို႔"
႐ုန္ယိ ေရွ႕တိုးသြားၿပီး ႐ုပ္ထုကိုေသေသခ်ာခ်ာ စူးစမ္းၾကည့္ရႈလိုက္သည္။
"ဒါက ေက်ာက္႐ုပ္ထုလား..အေလာင္းလား"
သူ သတိအေနအထားျဖစ္သြားၿပီး အနားကိုအရမ္းကပ္မသြားေပ။ ႐ုပ္ထုနဲ႕ သုံးေပအကြာမွာရပ္လိုက္ၿပီး တူေလးတစ္ေခ်ာင္းထုတ္ကာ မ်က္ႏွာေလးကိုတို႔ၾကည့္လိုက္သည္။ ႐ုပ္ထုေတြရဲ႕မ်က္ႏွာေတြလိုမာေက်ာမေနဘဲ ဒီ႐ုပ္ထုက ေပ်ာ့အိအိေလးျဖစ္ေနေလသည္။
"အေလာင္းလား!!"
႐ုတ္တရက္ ကေလးရဲ႕မ်က္လုံးေလးေတြက ေနရာေ႐ြ႕သြားသည္။
"ခ်ီး!!"
႐ုန္ယိ ထိတ္လန့္မႈေၾကာင့္ ေနာက္ကိုေျခလွမ္းျပန္ဆုတ္မိသြားသည္။
"သခင္ေလး..ဘာျဖစ္တာလဲ"
အသံၾကားတဲ့အခါ ယြီပင္းက ႐ုန္ယိေဘးနားကို အျမန္ျပန္ေရာက္လာသည္။
ကေလးေလးက သူတို႔ကိုၿပဳံးျပလိုက္ကာ အက္ကြဲေနေပမဲ့ ရိုးစင္းတဲ့ရယ္သံေလးနဲ႕ရယ္လိုက္သည္။
ယြီပင္းလည္း အံ့အားသင့္သြားရ၏။
"ဘယ္လိုလုပ္ဒီေနရာမွာ ကေလးတစ္ေယာက္ရွိေနရတာလဲ"
သခင္က အထဲမဝင္ခင္ အနီးနားမွာဘယ္သူမွမရွိဘူးဆိုတာကို စစ္ေဆးသြားခဲ့ေသးတယ္မဟုတ္ဘူးလား...။
"သူက သာမန္ကေလးနဲ႕မတူဘူး"
႐ုန္ယိ ယြီပင္းကိုဆြဲေခၚကာ ကေလးနဲ႕ ေပ၂၀ေလာက္အေဝးထိ ဆုတ္လိုက္သည္။
"ဒါဆို သူက...."
႐ုန္ယိ မီးတုတ္ကအလင္းေရာင္နဲ႕ ကေလးမ်က္ႏွာကို အနီးကပ္ေသခ်ာၾကည့္ရႈလိုက္သည္။
"သူ႕မ်က္ႏွာက ငါတို႔ထက္ျဖဴေဖ်ာ့ေနတယ္..အေရာင္အေသြးမရွိတဲ့ႏႈတ္ခမ္းေတြ..မ်က္ကြင္းညိုေတြနဲ႕ သြားအဝါေရာင္ေတြ..ခြၽန္ထက္ၿပီး မီးခိုးေရာင္သန္းေနတဲ့လက္သည္းေတြ..."
ထို႔ေနာက္ သူမ်က္ခုံးေတြတြန့္ၾကဳတ္ၿပီး ေရ႐ြတ္လိုက္သည္။
"ဒါ ဖုတ္ေကာင္လား"
႐ုန္ယိ အရင္ကလည္း ဖုတ္ေကာင္မ်ားစြာျမင္ဖူးေပမဲ့ သူတို႔ သြားစြယ္ေတြကရွည္ၿပီးခြၽန္ေနၾကသလို သူတို႔မ်က္ႏွာေတြကလည္း ျပာစိမ္းေနၾကသည္။ လက္သည္းေတြကလည္း မည္းနက္ေနတာေတြ ခရမ္းေရာင္သန္းေနတာေတြျဖစ္ၿပီး သူတို႔ခႏၶာကိုယ္ေတြကလည္း ေတာင့္တင္းေနၾကေလသည္။ ထိုဖုတ္ေကာင္ေတြက သူ႕ေရွ႕က ကေလးေလးနဲ႕ေတာ့ေတာ္ေတာ္ေလးကြာျခားေလသည္။ သူမွားေနတာလည္းျဖစ္နိုင္၏။
"ဖုတ္ေကာင္ ကဘာလဲ"
"အသက္ျပန္ဝင္လာတဲ့ အေလာင္းကိုေျပာတာ"
"သခင္ေလးေျပာတာ အေလာင္းေကာင္လား"
"အင္း အဲ့လိုမ်ိဳးဘဲ"
႐ုန္ယိမွာ သူတို႔က က်င့္ႀကံသူေတြျဖစ္ေနတာေၾကာင့္ အေလာင္းအဆိပ္ေတြကိုခံနိုင္ရည္ရွိေနတာဘဲ ေတာ္ေသးတယ္လို႔ေတြးလိုက္မိသည္။ ဒါေပမဲ့ ဖုတ္ေကာင္ေတြက သူတို႔ထက္အဆင့္ျမင့္ေနရင္ေတာ့ ကိစၥေတြကလုံးဝကိုကြာျခားသြားေလၿပီ။
"ဒီမွာဘယ္လိုလုပ္ အေလာင္းေကာင္ရွိေနရတာလဲ...တစ္ေဆဂိုဏ္းက လုပ္ထားတာမ်ားလား"
အဲ့အခ်ိန္မွာ ယင္ဖုန္းနဲ႕လန္လွ်ို႔တို႔က အနားကိုပ်ံသန္းလာၾကသည္။
"ဒီ အေလာင္းေကာင္ကိုၾကည့္ရတာ အႏွစ္တစ္ေထာင္ေက်ာ္ေနၿပီထင္တယ္"
"အႏွစ္တစ္ေထာင္!...."
ထိုစကားကို ၾကားလိုက္တာနဲ႕ ႐ုန္ယိနဲ႕ ယြီပင္းတို႔မွာ ခ်က္ခ်င္းဘဲ လမ္းေၾကာင္းအဝင္ေပါက္အထိျပန္ဆုတ္လိုက္ၾကေတာ့သည္။
"မင္းတို႔က ဘယ္လိုလုပ္သိလဲ"
"သူ႕ပုံပန္းသြင္ျပင္ေတြအားလုံးက လူနဲ႕တူေနၿပီး မင္းတို႔ကိုေတာင္ၿပဳံးျပလာေသးတယ္မလား..သူ႕က်င့္ႀကံဆင့္က ေတာ္ေတာ္ေလးျမင့္ရမယ္..က်င့္ႀကံဆင့္ေတာ္ေတာ္ျမင့္တဲ့ အေလာင္းေကာင္ေတြကသာ လူေတြနဲ႕ဆင္တူၾကတာ."
႐ုန္ယိ ေမးလိုက္၏။
"မင္းတို႔ သူနဲ႕ရင္ဆိုင္နိုင္လား"
"ႏွစ္တစ္ေထာင္က်င့္ႀကံထားတဲ့ အေလာင္းေကာင္က ေလဟာနယ္သန့္စင္မႈအဆင့္က်င့္ႀကံသူေတြနဲ႕ညီမွ်တယ္"
ေျပာခ်င္တာကေတာ့ သူတို႔ထိုကေလးကိုဘာမွမလုပ္နိုင္ေပ။ ႐ုန္ယိနဲ႕ ယြီပင္းတို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္ၾကၿပီး ေျပာလိုက္ၾကေတာ့၏။
"ေျပး!!!.."
သူ အျမန္ ယြီပင္းရဲ႕ဓားေပၚတက္လိုက္ၿပီးေတာ့ သူတို႔လမ္းေၾကာင္းတစ္ေလွ်ာက္အျမန္ပ်ံထြက္သြားေတာ့သည္။
သူတို႔ထြက္ေျပးသြားၾကတာေတြ႕တဲ့အခါ ဖုတ္ေကာင္ေလးက တခစ္ခစ္ရယ္ေနရင္းနဲ႕ သူတို႔ေနာက္ကေန ပ်ံလိုက္လာ၏။
ဖုတ္ေကာင္ေလးက သူတို႔ကို ဖမ္းမိခါနီးေနတာ ေတြ႕လိုက္ရတာေၾကာင့္ ႐ုန္ယိ သားရဲႏွစ္ေကာင္ကို ထိုဖုတ္ေကာင္ေလးကို တားထားၾကဖို႔ေျပာလိုက္သည္။ မေမွ်ာ္လင့္ထားစြာနဲ႕ သူတို႔ကို ျခင္ရိုက္သလိုမ်ိဳး ထိုကေလးက လက္ဝါးတစ္ခ်က္တည္းနဲ႕ရိုက္ခ်လိဳက္ေတာ့သည္။
"အရွိန္ျမႇင့္ေတာ့ေလ...သူငါတို႔ေနာက္နားကိုေရာက္ေနၿပီဟ!!!"
ယြီပင္း အရွိန္ျမႇင့္အင္းကြက္ေတြကိုထုတ္ၿပီး ဓားပ်ံေပၚကပ္လိုက္၏။ ခ်က္ခ်င္းဘဲ သူတို႔ဓားပ်ံရဲ႕အရွိန္က အရင္ကထက္ပိုျမန္သြားေတာ့သည္။ ဒါေပမဲ့လည္း ထိုကေလးရဲ႕အရွိန္ကလည္းပိုျမန္လာေလသည္။ သိပ္မၾကာခင္မွာဘဲ သူက ႐ုန္ယိတို႔ေဘးနားကိုေရာက္လာၿပီး ႐ုန္ယိကိုရယ္ျပလာသည္။
ယြီပင္း သူ႕ဆီကိုမီးလုံးတစ္လုံးပစ္လႊတ္လိုက္တာေၾကာင့္ ကေလးရဲ႕ အဝတ္အစားေတြကေလာင္ကြၽမ္းသြားေပမဲ့ သူ႕အေရျပားနဲ႕အသားေတြကေတာ့ မထိမခိုက္ဘဲရွိေနတုန္းျဖစ္ၿပီး သူတို႔ေနာက္ကို ေပ်ာ္႐ႊင္စြာနဲ႕ လိုက္ဖမ္းေနတုန္းဘဲျဖစ္၏။
႐ုန္ယိ မ်က္ခုံးေတြစုႀကဳံ႕လိုက္မိသည္။
ဘာလို႔ ဒီကေလးက ဒီေလာက္ေတာင္ရယ္ေမာေနရတာလဲ..
"ဝိညာဥ္မီးေတာက္ကေတာင္ သူ႕အေပၚအသုံးမဝင္ဘူးလား"
ယြီပင္း သူ႕ဓားရွည္ကိုထုတ္ၿပီး ကေလးကိုလွမ္းထိုးလိုက္သည္။ ကြဲအက္သံတစ္ခုနဲ႕အတူ ဓားကႏွစ္ပိုင္းက်ိဳးသြားေတာ့သည္။
႐ုန္ယိ ဆြံ႕အသြားရသည္။
"ဖုတ္ေကာင္ေလးရဲ႕ခႏၶာကိုယ္က ႏွစ္တစ္ေထာင္လိပ္ခြံလိုမ်ိဳးမာေက်ာေနတာ...မင္းဓားနဲ႕ထိုးလိုက္နိုင္မွသာ ထူးဆန္းေနတယ္လို႔ခံစားရမွာဘဲ..သူ႕ကိုရင္ဆိုင္ဖို႔ တစ္ျခားနည္းလမ္းေတြမရွိေတာ့ဘူးလား...သူက အေလာင္းေကာင္ဆိုတာသိေနမွေတာ့ သူ႕ကိုရွင္းနိုင္မဲ့ နည္းလမ္းတစ္ခုခုသုံးလိုက္ပါလား"
"သခင္ေလး..ကြၽန္ေတာ္လည္း အရင္က အေလာင္းေကာင္သုံးေကာင္ဘဲျမင္ဖူးတာ...ဒါေပမဲ့ အဲ့တုန္းကလည္း သူတို႔ကိုထိန္းခ်ဳပ္ဖို႔ က်င့္ႀကံသူေတြကရွိေနၿပီးသားဆိုေတာ့..ကြၽန္ေတာ္လည္း သူနဲ႕ဘယ္လိုရင္ဆိုင္ရမလဲမသိေတာ့ဘူး..သခင္ေလး...သခင္ေလးက စာအုပ္ေပါင္းေထာင္ခ်ီၿပီးဖတ္ဖူးတယ္မလား..သခင္ေလးမွာ သူနဲ႕ရင္ဆိုင္ရမဲ့နည္းေလး တစ္ခုေလာက္ေတာ့ရွိသင့္တာေပါ့"
ယြီပင္းနဲ႕ ႐ုန္ယိတို႔မွာ ေတာင္အေနာက္ဘက္ကို ပ်ံသန္းထြက္ေျပးလာၾကသည္။
"ငါက အခုမွ ခ်ီသန့္စင္အဆင့္၂ဘဲဲရွိေသးတာ..ငါ့မွာနည္းလမ္းတစ္ခုခုထြက္လာရင္ေတာင္ ဘာမွလုပ္မရဘူးဟ..ငါဆြဲထားတဲ့ အင္းကြက္ေတြကလည္း သူ႕အေပၚအလုပ္မျဖစ္ေလာက္ဘူး"
႐ုန္ယိ အဝါေရာင္အင္းစာ႐ြက္နဲ႕ ျပဒါးစုတ္တံတစ္ေခ်ာင္းကို သိုေလွာင္လက္စြပ္ထဲကေန ထုတ္ယူလိုက္ၿပီး အင္းကြက္တစ္ခုေရးဆြဲလိုက္ကာ ကေလးရဲ႕နဖူးေပၚကိုပစ္လႊတ္လိုက္သည္။
ထိုအခါ ကေလးကရပ္သြားေတာ့သည္။
႐ုန္ယိ အံ့အားသင့္သြားရ၏။
"ဟမ္!!...အလုပ္ျဖစ္တာလား"
ထို႔ေနာက္ ကေလးက ထိုဟာကိုဆုတ္ၿဖဲပစ္လိုက္ၿပီး လုံးေျခကာ ပါးစပ္ထဲထည့္လိုက္ေတာ့သည္။ ခဏေလာက္ဝါးၾကည့္လိုက္ၿပီး အရသာမရွိတာေၾကာင့္ သူေထြးထုတ္ပစ္လိုက္ကာ ႐ုန္ယိေနာက္ကိုဆက္ေျပးလိုက္ေတာ့သည္။
႐ုန္ယိ မ်က္လုံးေထာင့္ေတြတြန့္သြားရၿပီး သူအျမန္ေျပာလိုက္သည္။
"မင္းအသက္ရႉေအာင့္လိုက္ အသုံးဝင္မဝင္ၾကည့္လိုက္ရေအာင္!"
သူတို႔ႏွစ္ေယာက္ အသက္ျပင္းျပင္းရႉလိုက္ၿပီး အသက္ေအာင့္လိုက္ၾကသည္။
ဒါေပမဲ့ ကေလးရဲ႕က်င့္ႀကံဆင့္က သူတို႔ထက္အရမ္းျမင့္ေနတာေၾကာင့္ သူတို႔အသက္ေအာင့္ထားတာကလည္း အသုံးမဝင္ေပ။
ကေလးက ႐ုန္ယိေက်ာေပၚခုန္တက္လာၿပီး သူ႕လည္ဂုတ္ေပၚ မ်က္ႏွာအပ္ကာ ေလေတြရႈသြင္းလိုက္သည္။
႐ုန္ယိမွာ ကေလးက သူ႕လည္ပင္းကိုကိုက္ခ်လိဳက္မွာစိုးတာေၾကာင့္ ကေလးကိုဆြဲယူလိုက္ကာ ေျမေႀကီးေပၚပစ္ခ်လိဳက္သည္။
"ကေလးက အသက္ရႉေနတယ္..သူက ဖုတ္ေကာင္လုံးလုံးေတာ့မျဖစ္ေသးဘူး"
"ဒါဆို သူက ဘာႀကီးလဲ"
"ဖုတ္ေကာင္တစ္ပိုင္းျဖစ္လိမ့္မယ္"
႐ုန္ယိ သခၤ်ိဳင္းဂူေရွ႕က ပန္းခ်ီကားခ်ပ္ေတြအေၾကာင္းျပန္ေတြးမိလိုက္သည္။ မိန္းမက ဗိုက္ႀကီးနဲ႕ျဖစ္သည္။ ဒီကေလးက ထိုမိန္းမဗိုက္ထဲက ကေလးျဖစ္လိမ့္မည္။ သူကေမြးၿပီးကတည္းက အေလာင္းခ်ီေတြ ယင္ခ်ီေတြ အေျမာက္အျမားစုပ္ယူမိထားတာေၾကာင့္ တေျဖးေျဖးနဲ႕ ဖုတ္ေကာင္တစ္ပိုင္းျဖစ္လာတာျဖစ္လိမ့္မည္။
ေျမျပင္ေပၚက ဖုတ္ေကာင္ေလးက ႐ုန္ယိေဘးနားကိုတစ္ဖန္ ပ်ံသန္းလာျပန္သည္။
႐ုန္ယိ သူ႕ကိုေအာ္ေျပာလိုက္၏။
"အေႂကြးတိုင္းမွာ အေႂကြးရွင္ရွိတယ္ကြ!..ေကာင္ေလး မင္းကိုအေႂကြးတင္ေနတဲ့သူကိုသာ သြားရွာစမ္းပါကြာ..ငါတို႔က မင္းကိုသတ္ခဲ့တဲ့သူေတြမွမဟုတ္တာ..ငါတို႔ေနာက္ကိုဆက္မလိုက္ပါနဲ႕ေတာ့.."
သူေျပာတာၾကားတဲ့အခါ ဖုတ္ေကာင္ေလးက ခ်က္ခ်င္းရပ္လိုက္ေတာ့သည္။
သူမလႈပ္ေတာ့တာေတြ႕တဲ့အခါ ႐ုန္ယိ စိတ္သက္သာရာရသြားၿပီး ခ်က္ခ်င္းဘဲ ယြီပင္းကို ေလာေဆာ္လိုက္သည္။
"သြာမယ္..သြားမယ္..သြားမယ္"
ဒီစကားကိုၾကားတဲ့အခါ ကေလးကထပ္ လိုက္လာျပန္သည္။
"ဟမ္!...မင္းဘာလို႔ ငါတို႔ေနာက္ထပ္လိုက္ေနျပန္တာလဲ..ငါေျပာတာ မၾကားဖူးလား..အေႂကြးတိုင္းမွာ အေႂကြးရွင္ရွိတယ္လို႔!...မင္းကိုအေႂကြးတင္ေနတဲ့သူကိုသာသြားရွာပါ..ငါတို႔ကိုလႊတ္ေပးပါေတာ့လို႔!"
ခ်က္ခ်င္းဘဲ ကေလးက ေနာက္တစ္ႀကိမ္ထပ္ရပ္သြားျပန္ေလသည္။
"သခင္ေလး ၾကည့္ရတာ သူက သခင္ေလးေျပာတာကို နားေထာင္တဲ့ပုံဘဲ"
"ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ "
"သခင္ေလး ရပ္လို႔ေျပာတာနဲ႕ သူရပ္သြားတယ္ေလ"
"ငါက သူ႕ရန္သူမဟုတ္မွန္းသိလို႔ ရပ္သြားတာေနမွာေပါ့ အခ်ိန္မရွိဘူး..ဒီေနရာကေန ျမန္ျမန္ထြက္သြားရေအာင္"
ျမန္ျမန္သြား ဆိုတဲ့စကားစုကိုၾကားလိုက္တာနဲ႕ ခလုတ္ႏွိပ္လိုက္သလိုမ်ိဳး ကေလးက သူတို႔ေနာက္ကိုထပ္လိုက္လာျပန္သည္။
႐ုန္ယိ နားမလည္နိုင္ေတာ့..။
"သူဘာလို႔ ထပ္လိုက္လာျပန္တာလဲဟ"
"သခင္ေလး သူ႕ကိုထပ္မလိုက္တာေတာ့ဖို႔ အမိန့္ထပ္ေပးၾကည့္လိုက္ပါလား"
႐ုန္ယိ ကေလးကိုလွမ္းေအာ္ေျပာလိုက္သည္။
"ရပ္ေတာ့!!"
ကေလးက ခ်က္ခ်င္းရပ္သြားေတာ့သည္။
"အီး...တစ္ကယ္အလုပ္ျဖစ္တယ္ဟ..ထူးဆန္းလိုက္တာ..သူက ဘယ္လိုလုပ္ ငါ့စကားကိုနားေထာင္ေနရတာလဲ"
႐ုန္ယိ ကေလးကို ထပ္ေျပာလိုက္သည္။
"ထိုင္ခ်လိဳက္"
ကေလးက အျမန္ထိုင္ခ်လိဳက္သည္။
"မတ္တပ္ရပ္ၿပီး ျပန္ထိုင္ခ်လိဳက္"
ကေလးက သူေျပာတဲ့အတိုင္း အတိအက်လိဳက္လုပ္၏။
"သူတစ္ကယ္ ငါေျပာတာ နားေထာင္တာဘဲ"
႐ုန္ယိ ဒီကေလးကိုလုံးဝကိုမသိတဲ့အျပင္ ဒီကေလးရဲ႕က်င့္ႀကံဆင့္ကအရမ္းျမင့္မားလြန္းလွသည္။ ဒါေၾကာင့္ အေၾကာင္းတစ္ခုခုမရွိဘဲနဲ႕ေတာ့ သူ႕စကားကိုနားေထာင္မွာမဟုတ္ေပ။
သူ ခဏေလာက္ေတြးၾကည့္ၿပီး စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။
"ဘာေတြျဖစ္ေနလဲ ငါသိသြားၿပီ"
**************
24.12.2021