HANARY(S1+S2)

By greyvictor25

6.6M 434K 73.9K

Hanary Victor + Loon Tar Nay San More

01
02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
Ep-19(Uni/zg)
Ep-20(Uni/Zg)
Ep-21(Uni/Zg)
Ep-22(uni/zg)
Ep-23(Uni/Zg)
Ep-25(Uni/Zg)
Ep-26(Uni/Zg)
Ep-27(Uni/Zg)
Ep-28(Uni/Zg)
Ep-29(uni/zg)
Ep-30(uni/zg)
Ep-31(Uni/Zg)
Ep-32(Uni/Zg)
Ep-33(Uni/Zg)
Ep-34( Uni/ Zg)
Ep-35(Uni/Zg)
Ep-36(Uni/Zg)
Ep-37(Uni/Zg)
memories 💌
Ep-38(Uni/Zg)
Ep-39(Uni/Zg)
Ep-40(Uni/Zg)
Ep-41(Uni/Zg)
Ep-42(Uni/Zg)
Ep-43(Uni/Zg)
Ep-44(Uni/Zg)
Ep-45(Uni/Zg)
Ep-46(Uni/Zg)
Ep-47(Uni/Zg)
Ep-48(Uni/Zg)
Ep-49(Uni/Zg)
Ep-50(Uni/Zg)
Ep-51(Uni/Zg)
Ep-52(Uni/Zg)
Ep -53 Final( Uni /Zg)
Happy Valentine's Day
Ch-1(Uni/Zg)
Ch-2(Uni/Zg)
Ch-3(Uni/Zg)
Ch-4(Uni/Zg)
Ch-5( Uni/ Zg)
Ch-6(Uni/Zg)
Ch-7(Uni/Zg)
Ch-8(Uni/Zg)
Ch-9( Uni/Zg)
Ch-10(Uni/Zg)
Ch-11(Uni/Zg)
Ch-12(Uni/Zg)
Ch-13(Uni/Zg)
Ch-14(Uni/Zg)
Ch-15(Uni/Zg)
Ch-16(Uni/Zg)
Ch-17(Uni/Zg)
Ch-18( Uni/Zg)
Ch -19( Uni/Zg)
Ch-20(Uni/Zg)
Ch-21(Uni/Zg)
Ch-22( Uni/Zg)
Ch-23(Uni/Zg)
Ch-24(Uni/Zg)
Ch-25(Uni/Zg)
Ch-26(Uni/Zg)
Ch-27(Uni/Zg)
Ch-28(Uni/Zg)
Ch-29 Final(Uni/Zg)
Extra-1
Extra-2
Extra-3
Hello
Birthday Extra
Extra (4)
Extra-5
Extra-6
Extra-7
Extra-8

Ep-24(Uni/Zg)

77.7K 5.7K 675
By greyvictor25

' မေကြီး သားသားမုန့်စားချင်တယ် '

' သားဖေကြီးကိုစောင့်လိိုက်ပါအုံး ဒီနေ့ဖေကြီးလစာထုတ်မှာလေ အဲ့တာသားအတွက် အပြန်မုန့်၀ယ်လာလိမ့်မယ်နော် '

' ဟုတ် '

' ဖေကြီးကနည်းနည်းနောက်ကျမှာဆိုတော့ သားလေးအိပ်နှင့်နော် ဖေကြီးလာရင် သားကိုလာနှိုးပေးမယ် '

' သားသားကို တင်ပါးပုတ်သိပ်အုံးလေ သားတယောက်ထဲမအိပ်ရဲဘူး '

' မေ့ချစ်ဆုံးလေးကို တင်ပါးလေးပုတ်သိပ်ပေးမှာပေါ့ သားလေးကအိပ်ရင်းနဲ့ ဖေကြီးကိုစောင့်နေနော် '

' ဟုတ်မေကြီး'

ရင်ခွင်ထဲက 7နှစ်သား ကလေးငယ်ကိုအိပ်ပျော်အောင် ချော့သိပ်နေပေမဲ့ ထိုအမျိုးသမီးရင်ထဲမှာတော့ ပူပန်မှုအပြည့်နဲ့ပင်...တစ်ခါမှအိမ်ပြန်နောက်မကျဖူးတဲ့ အမျိုးသားက ဒီနေ့မှ နောက်ကျနေတာကြောင့် စိတ်ထဲတွင်တော့လေးလံနေမိသည်။

တဖက်တွင်လည်း ဒီနေ့မှလမ်းမှာ စီးနေကျစက်ဘီးလေးက ဘီးပေါက်သွားတာကြောင့် လမ်းခရီးကြန့်ကြာသွားရပြန်သည်။လစာလေးထုတ်လာပေမဲ့ အိမ်လခနဲ့အကြွေးဆပ်စရာလေးတွေဖယ်ပီး ပိုတဲ့ပိုက်ဆံအနည်းငယ်လေးမှ သားငယ်ကြိုက်တဲ့ cheese cakeလေးကိုကိုင်ဆွဲလျှက် အိမ်အမြန်ပြန်ရောက်ရန်သာ စက်ဘီးအစုတ်လေးကို ကြိုးစား၍နင်းလာသည်...

လူချမ်းသာရပ်ကွက်ထဲနေတာမဟုတ်တာကြောင့် အကွေ့အကောက်များကာ လမ်းကျဥ်းလေးများစွာက စီးကြိုနေသည်...တကျွီကျွီမြည်နေတဲ့ စက်ဘီးလေးကို အားထည့်နင်းကာ လိုရာခရီးရောက်ဖို့သာကြိုးစားနေရသည်...စိတ်ထဲတွင်လဲ အိမ်မှာသူ့ကိုမျှော်နေလောက်မဲ့ သားငယ်နဲ့မိန်းမမျက်မှာကို မြင်ယောင်ကာ ကြည်နူးနေမိသည်

' အား!!'

မှောင်နေတဲ့ တဖက်လမ်းကြားလေးထဲက လူတယောက်ရဲ့စူးစူး၀ါး၀ါးအော်သံကိုကြားလိုက်ရတာကြောင့် လမ်းဘေးမှာစက်ဘီးလေးကိုခဏရပ်ကာ အသံလာရာနေရာကို သွားရောက်စူးစမ်းလိုက်သည်...မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဦးတာနေဆန်းတယောက် သွေးပျက်သွားတဲ့ပုံပင်...သွေးအိုင်ထဲလဲကျနေတဲ့သူကို အပေါ်စီးမှခါးထောက်ကာကြည့်နေတဲ့သူနှစ်ယောက်က တကယ်ကြောက်စရာကောင်းလှသည်...တုန်ယင်ပြီးလဲကျချင်နေတဲ့ ခြေထောက်တွေကို အရင်တည်ငြိမ်အောင်လုပ်လိုက်ပြီး ထိုနေရာမှအမြန်ထွက်ခွာခဲ့လိုက်သည် သူရှိနေမှန်းသိသွားရင် အန္တရာယ်ရှိသွားနိုင်တယ်မှတ်လား...တကျွီကျွီမြည်နေတဲ့ စက်ဘီးလေးကိုအားကုန်ထည့်နင်းကာ အိမ်အမြန်ပြန်ရောက်ဖို့သာကြိုးစားခဲ့သည်

'ကိစ္စတွေရှင်းပီးရင်ပြန်မယ် သူရ...ကားထဲမှာ သားကိုထားခဲ့တာ'

' ဟုတ်ကဲ့ သခင်ကြီး '

လမ်းမီးရောင်အောက်ရဲ့ကားပေါ်မှာတော့ သဘာ၀အတိုင်းတိုက်ခတ်လာတဲ့လေညင်းလေးကို ခံစားနေတဲ့ကလေးငယ်တယောက်က တိတ်ဆိတ်နေတဲ့ ပတ်၀န်းကျင်ကိုအကဲခတ်လျှက်ပင်...အသက်အရွယ်နဲ့မလိုက်အောင်၀တ်ပုံစားပုံနဲ့ ထွားကြိုင်းတဲ့ခန္ဓာကိုယ်က 11နှစ်အရွယ်ကလေးငယ်တယောက်ဆိုတာ ယုံနိုင်စရာအကြောင်းမရှိ

' စောင့်ရတာ ကြာသွားလို့ ပျင်းနေပီလား သား'

' နည်းနည်းပါးပါးပါ...ဒယ်ဒီ ဒီလောက်စုတ်ပြတ်နေတဲ့ ရပ်ကွက်ထဲကိုဘာလာလုပ်တာလဲ '

' ဒယ်ဒီ ကိစ္စလေးရှိလို့လာတာပါသားရဲ့ '

' အော်မေ့တော့မလို့...ခုနက ဒယ်ဒီတို့၀င်သွားတဲ့လမ်းကြားထဲကနေ လူတယောက်ပြေးထွက်လာတာ မြင်လိုက်တယ် သူ့ပုံစံကလဲထိတ်လန့်နေတဲ့ပုံပဲ '

ဟန်နရီရဲ့စကားသံကြောင့် ဦးဒေးဗစ်မျက်ခုံးတချက်ပင့်သွားသည်
သူရကိုလဲ တချက်လှည့်ကြည့်ကာ ခေါင်းညိတ်အချက်ပြလိုက်သည်

' သူထွက်သွားတာတွေ့တာ ကြာပီလား သား '

' သိပ်မကြာသေးဘူး စက်ဘီးနဲ့ဆိုတော့ ဒီကနေသိပ်၀ေး၀ေးရောက်အုံးမယ်မထင်ဘူး '

' ဒယ်ဒီကိစ္စလေးရှိလို့ သူရရဲ့ ကားနဲ့လိုက်သွားလိုက်မယ် သားက ဒါရိုက်ဘာနဲ့အိမ်ပြန်နှင့်လိုက်နော် ဒယ်ဒီလိုက်လာခဲ့မယ် '

' ဟုတ်ဒယ်ဒီ သိပ်တော့မကြာစေနဲ့နော် '

' မကြာပါဘူး သားရဲ့ ခဏပဲ '
****

' ကိုရယ်...ဘာလို့ဒီလောက်ထိကြာနေရတာလဲ ဒီမှာ ၀တီဘယ်လောက်ထိစိတ်ပူနေရလဲသိရဲ့လား '

အိမ်ကိုပြန်ရောက်လာတဲ့ ခင်ပွန်းသည်ရင်ခွင်ထဲကို ခေါင်းလေးတိုး၀င်ကာ ပါးချိုင့်လေးပေါ်အောင်ပြုံးပြနေတဲ့သူက ဦးတာနေဆန်းရဲ့ ချစ်ဇနီးလေး လွန်း၀တီခင်ပင်...

' ဟင် ကိုဘာဖြစ်နေတာလဲဟင်...တကိုယ်လုံးလဲတုန်နေတာပဲ ကိုအဆင်ပြေရဲ့လား '

' ကို...ကိုတို့ဒီရပ်ကွက်ကနေပြောင်းရအောင် ၀တီ '

' ကိုရုတ်တရက်ကြီးဘာဖြစ်နေတာလဲ ကိုအပြင်မှာဘာတွေဖြစ်လာလို့လဲဟင် '

' ကို ဒီနေ့အိမ်ပြန်လမ်းမှာ လူသေနေတာတွေ့ခဲ့တယ် '

' ဘုရားရေ....အဲ့တာတကယ်ပဲလားကို'

' ကို့ကို သူတို့မြင်သွားလားမသိဘူး၀တီ...တကယ်လို့သူတို့သာ ကို့ကိုမြင်သွားရင် ၀တီ့ကိုကော သားလေးကိုကော အန္တရာယ်ရှိနိုင်တယ် ကိုယ်တို့နောက်နေ့ကျရင် ဒီကနေပြောင်းရအောင် '

ခဏအကြာ မှောင်မဲနေတဲ့သူတို့လမ်းလေးထဲ မူမမှန်ပဲ၀င်ရောက်လာတဲ့ ကားမီးရောင်ကြောင့် ဦးတာနေဆန်းက လွန်း၀တီခင်ရဲ့လက်ကို အမြန်ဆွဲကာ အခန်းထဲအမြန်ပြေး၀င်သွားသည်....ဆင်းရဲသားရပ်ကွက်မှာမှ သူတို့နေတဲ့အိမ်လေးက တခြားအိမ်တွေနဲ့အလှမ်း၀ေးတာကြောင့် ကူညီရာမဲ့နေသည်...
နှစ်ခြိိုက်စွာအိပ်ပျော်နေတဲ့ သားငယ်ကိုပွေ့ချီကာ အ၀တ်ဗီရိုထဲအမြန်ထည့်ထားလိုက်သည်...ခန္ဓကိုယ်သေးကွေးတဲ့ကလေးငယ်ကြောင့် ဗီရိုထဲမှာ ထည့်ထားဖို့ကအလုံခြုံဆုံးပင်....

' ၀တီ ဒီကုတင်အောက်မှာပုန်းနေ သူတို့ကကိုယ့်တယောက်ပဲမြင်သွားတာ...၀တီနဲ့သားလေးကို အထိခိုက်ခံလို့မဖြစ်ဘူး '

' ကိုဘာတွေပြောနေတာလဲ သူတို့ကဘယ်သူတွေလဲ...ကို ၀တီတို့သားအမိကိုထားပီး ဘယ်မှထွက်မသွားရဘူး '

' ကို ၀တီတို့သားအမိကိုမထားသွားပါဘူး ကျေးဇူးပြုပီးဒီအောက်မှာ အသံမထွက်ပဲနေပေးပါကွာ နော် '

ကုတင်အောက်မှာ သူ့အမျိုးသမီးကိုအမြန်၀င်ပုန်းစေလိုက်ပီး
ဟန်မပျက်စွာဖြင့် ဧည့်ခန်းထဲကနေ အခြေအနေကိုစူးစမ်းလိုက်သည်.....

' ဒုန်း '

ရုတ်တရက်ပျက်စီးသွားတဲ့ တံခါးလေးနောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့လူကြောင့် ဦးတာနေဆန်းတယောက်နောက်ပြန်ပင် လဲကျသွားသည်....

' ခုနကထွက်ပြေးသွားတာ မင်းလား '

' ကျ...ကျတော်ဘာမှမမြင်ခဲ့ပါဘူးဗျာ ဘယ်သူ့ကိုမှလဲမပြောပါဘူး အသက်ချမ်းသားပေးပါ ဆရာကြီးရယ် '

' မျက်မြင်သက်သေတယောက်လုံးကို အသက်ချမ်းသာပေးဖို့ပြောနေတာလား '

' တောင်းပန်ပါတယ်....ကျတော်ဘယ့်သူ့ကိုမှပြန်မပြောပါဘူးခင်ဗျာ '

အကြင်တရားကင်းမဲ့နေတဲ့သူက နှစ်ခါပြန်မစဥ်းစားပဲ လျှင်မြန်စွာပဲ လက်အုပ်ချီ တောင်းပန်နေတဲ့လူကို ခဏလေးအတွင်းမှာပင်နှုတ်ပိတ်လိုက်သည်....

' ဟင့်အင်း ကို......'

ကုတင်အောက်ကနေပြေးထွက်လာကာ လဲကျနေတဲ့ ယောကျ်ားကိုဖက်ငိုနေတဲ့ အမျိုးသမီးကိုလဲ ယုတ်မာရိုင်းဆိုင်းသူက ရှေ့ကနည်းအတိုင်းပင်နှုတ်ပိတ်လိုက်သည်....ကြမ်းပြင်ပေါ်မှာရှိနေတဲ့ cheesecakeလေးကိုလဲ ခြေထောက်ဖြင့်နင်းချေကာ ထွက်သွားခဲ့သည်.....

ကိစ္စအစအဆုံးကို မြင်လိုက်ရသူက ဗီရိုထဲမှာပိတ်မိနေတဲ့ 7နှစ်အရွယ်ကလေးတယောက်ပင်....ကိုယ့်ရှေ့မှာ အဖေကောအမေကော အသတ်ခံလိုက်ရတဲ့မြင်ကွင်းက ထိုကလေးအတွက် ခြောက်ခြားဖွယ်ရာအိမ်မက်ဆိုးကြီးဖြစ်နေခဲ့သည် ဗီရိုထဲကနေအသံထွက်အောင် အော်ငိုချင်ပေမဲ့ သူရှိတဲ့နေရာကို နောက်ဆုံးအနေနဲ့မျက်နှာမူကာ ထွက်မလာဖို့ခေါင်းခါပြလိုက်တဲ့ လွန်း၀တီခင်ကြောင့် အံကိုကြိတ်ကာ ချုပ်တည်းထားခြင်းကြောင့် အသက်ဘေးမှလွတ်ခဲ့ခြင်းပင်....

လမ်းထိပ်မှာလက်ပိုက်စောင့်နေတဲ့ဦးဒေးဗစ်က သူ့ဆီတဖန်ပြန်ရောက်လာတဲ့ကားထဲကိုဟန်မပျက်ပြန်၀င်လိုက်သည် ကားထဲတွင်တော့ မျက်နှာတည်နဲ့ရှိနေသူက သူရဆိုတဲ့အယုတ်တမာပင်....

' ကိစ္စကိုသေချာပြေလည်အောင် ညှိခဲ့ရဲ့လား သူရ '

' ဟုတ်အဆင်ပြေအောင်ညှိခဲ့ပါတယ် သခင်ကြီး '

' သူတို့ကဘာပြန်ပြောလဲ '

' ဘယ်သူ့ကိုမှပြန်မပြောပါဘူးတဲ့ '

'သေချာနားလည်အောင်တော့ပြောပြခဲ့တယ်မှတ်လားမျက်မြင်သက်သေမှာ မိသားစုရှိလား '

' ဟုတ် သူ့မှာမိန်းမရှိပါတယ် '

' နောက်နေ့ကျ သူတို့လင်မယားလိုအပ်တာလေးတွေ ဖြည့်စည်းပေးလိုက်ပါ '

' ဟုတ်ကဲ့သခင်ကြီး '

*****

' မေကြီးရေ သားကြောက်တယ် သားကိုဗီရိုထဲကထုတ်ပေး...သားအရမ်းကြောက်တယ်!!!'

' လွန်း....သတိထားအုံးလေ '

' ဟင့်အင်း....ဖေကြီးကိုမသတ်ပါနဲ့...'

' လွန်းလွန်း!!! သတိထားအုံးလို့!!!'

ဘေးကနေ ကယောင်ချောက်ချား ယောင်နေတဲ့လွန်းကို ဟန်နရီအမြန်လှုပ်နိုးလိုက်ပီး တင်းကျပ်နေအောင်ဖက်ထားလိုက်သည်...

' ကိုယ့် အချစ်က နေ့ခင်းဘက်ကြီးကို အိမ်မက်ဆိုးတွေမက်နေတာပဲ "

' ကျတော် အရမ်းကြောက်တယ်...ကျတော်ပါတခါထဲသေသွားရမှာ '

' ရှုး.....အဓိပ္ပာယ်မရှိတာတွေမပြောနဲ့တော့နော် ကိုယ်တယောက်လုံးအနားမှာရှိတယ် '

' ကျတော်အိမ်မက်ဆိုးတွေ ထပ်မမက်ချင်တော့ဘူး '

' အင်း....ကိုယ်ကတချိန်ကျ အဲ့အိမ်မက်ဆိုးကြီးကိုရအောင်ဖျောက်ပေးမယ်နော် အခုတော့အဲ့အကြောင်းတွေပြန်မတွေးနဲ့တော့ '

' အဲ့အကြောင်းတွေပြန်မတွေးနဲ့ဆိုတော့ ဘာအကြောင်းလဲဆိုတာခင်ဗျားသိလို့လား '

ရုတ်တရက်ပြန်လည်မေးခွန်းထုတ်လာတဲ့ လွန်းကြောင့် ဟန်နရီအကျပ်ရိုက်သွားသည်။

' အာ....အဲ့တာတော့သေချာမသိပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ်ကဖျောက်ပေးမယ်ကွာ ရပီလား '

' မယုံဘူး '

' ချာတိတ်ကိုချစ်တာကတော့ ယုံ "

' ခင်ဗျားကျတော့်ကို တကယ်ချစ်တာလား '

' ဘာလဲ ကိုယ်ကတမင်သပ်သပ်ပြောနေတယ်ထင်လို့လား...အခုချိန်ထိ ကိုယ့် tattooအပြည့်ကိုမြင်ဖူးသေးတာဆိုလို့ မင်းပဲရှိသေးတာ '

ရုတ်တရက် အင်္ကျီဆွဲချွတ်လိုက်တာကြောင့် ခါးနားမှာပေါ်လာတဲ့ ထိုလူရဲ့ tattooက လွန်းရဲ့စိတ်အာရုံကို ဖမ်းစားလိုက်ပြန်သည်

' အပြည့်မြင်အောင် ဒါကောချွတ်ပြရအုံးမလား '

ဟန်နရီက သူ့ဘောင်းဘီကိုပုတ်ပြလိုက်တာကြောင့် လွန်းတယောက်မျက်နှာလေးရဲကာ တဖက်ကိုလှည့်သွားလိုက်သည်

' ခင်ဗျားက အရှက်ကိုမရှိဘူး '

' မင်းတယောက်ထဲအတွက်ပဲ အရှက်မရှိတာပါ အဟက်'

' အာ တော်ပီ...ကျတော်သွားစရာရှိတယ် ခင်ဗျားကျတော့်အခန်းထဲက ထွက်သင့်ပီထင်တယ် '

' ခုနကလို ထပ်မငိုနဲ့တော့နော် ကိုယ်မကြိုက်ဘူး '

' ဘာလို့လဲ '

' မင်းမျက်ရည်ကျတိုင်း ကိုယ့်ရင်ကိုနာကျင်စေတယ် ပီးတော့...ကိုယ့်ဆီမှာလဲ မေ့ပျောက်လို့မရတဲ့ အိမ်မက်ဆိုးကြီးရှိတယ် ဒါပေမဲ့ အချစ်ကတော့ ကိုယ့်လိုခံစားလို့မဖြစ်ဘူး ပျော်နေမှပဲရမယ် '

' ကိုယ့်ရဲ့ပျော်ရွှင်မှုက မင်းပဲမို့လို့ အချစ်ဘ၀ရဲ့ တစိတ်တဒေသလောက်သာ ကိုယ့်ကိုအရေးပေးရင် အပျော်ရွှင်ဆုံးလူသားဖြစ်သွားမယ်ထင်တယ် '

' .......'

' ကဲပါ မျက်နှာကြီးဆူပုတ်မနေနဲ့တော့ ကိိုယ်ရေသွားချိုးလိုက်အုံးမယ် ပြီးရင်သွားချင်တဲ့နေရာလိုက်ပို့ပေးမယ်နော် '

' အွန်း '

' ရွှတ် '

ပါးလေးကို သူ့နှာခေါင်းနစ်၀င်သွားတဲ့အထိ နမ်းရှုံ့ပီး အခန်းထဲကထွက်သွားဖို့ကြံနေတဲ့ လူကို မျက်တောင်မခတ်ပဲ ငေးကြည့်နေမိတယ်...ထိုလူရဲ့မျက်နှာမှာ ကျေနပ်မှုအပြုံးတွေကအပြည့်ပင် တခြားသူနဲ့ဆိုတွေ့ရခက်တဲ့ အပြုံးတွေက ကျတော့်ရှေ့မှာဆို အမြဲမြင်နေရတာကြောင့် တယောက်ထဲအပိုင်လိုချင်စိတ်တွေက ဖြစ်လာပြန်တယ်...ထိုလူကပြုံးနေရင် တကယ်ကြည့်လို့ကောင်းတာပဲ

' ခဏလေး !!'

' ဘာပြောစရာရှိလို့လဲ '

' .......'

' ဘာလို့နှုတ်ဆိတ်နေတာလဲ '

' ကျတော်...'

' ကျတော်ဘာဖြစ်လဲ ဆက်ပြောလေ...ကိုယ့်ကိုစိတ်ပူအောင်လုပ်နေတာလား '

' ကျတော် ခင်ဗျားကိုချစ်တယ် '

Grey
24.12.2021
****
Zawgyi

14yrs ago....


' သားဖေကြီးကိုစောင့်လိုက်ပါအုံး ဒီနေ့ဖေကြီးလစာထုတ်မှာလေ အဲ့တာသားအတွက် အပြန်မုန့်ဝယ်လာလိမ့်မယ်နော် '

' ဟုတ် '

' ဖေကြီးကနဲနဲနောက်ကျမှာဆိုတော့ သားလေးအိပ်နှင့်နော် ဖေကြီးလာရင် သားကိုလာနှိုးပေးမယ် '


' မေ့ချစ်ဆုံးလေးကို တင်ပါးလေးပုတ်သိပ်ပေးမှာပေါ့ သားလေးကအိပ်ရင်းနဲ့ ဖေကြီးကိုစောင်နေနော် '

' ဟုတ်မေကြီး'

ရင်ခွင်ထဲက 7နှစ်သား ကလေးငယ်ကိုအိပ်ပျော်အောင် ချော့သိပ်နေပေမဲ့ ထိုအမျိုးသမီးရင်ထဲမှာတော့ ပူပန်မှုအပြည့်နဲ့ပင်...တခါမှအိမ်ပြန်နောက်မကျဖူးတဲ့ အမျိုးသားက ဒီနေ့မှ နောက်ကျနေတာကြောင့် စိတ်ထဲတွင်လေးလံနေမိသည်....

တဖက်တွင်လဲ ဒီနေ့မှလမ်းမှာ စီးနေကျစက်ဘီးလေးက ဘီးပေါက်သွားတာကြောင့် လမ်းခရီးကြန့်ကြာသွားရပြန်သည် ....လစာလေးထုတ်လာပေမဲ့ အိမ်လခနဲ့အကြွေးဆပ်စရာလေးတွေဖယ်ပီး ပိုတဲ့ပိုက်ဆံအနည်းငယ်လေးမှ သားငယ်ကြိုက်တဲ့ cheese cakeလေးကိုကိုင်ဆွဲလျှက် အိမ်အမြန်ပြန်ရောက်ရန်သာ စက်ဘီးအစုတ်လေးကို ကြိုးစား၍နင်းလာသည်...


' အား!!'

မှောင်နေတဲ့ တဖက်လမ်းကြားလေးထဲက လူတယောက်ရဲ့စူးစူးဝါးဝါးအော်သံကိုကြားလိုက်ရတာကြောင့် လမ်းဘေးမှာစက်ဘီးလေးကိုခဏရပ်ကာ အသံလာရာနေရာကို သွားရောက်စူးစမ်းလိုက်သည်...မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဦးတာနေဆန်းတယောက် သွေးပျက်သွားတဲ့ပုံပင်...သွေးအိုင်ထဲလဲကျနေတဲ့သူကို အပေါ်စီးကခါးထောက်ကာကြည့်နေတဲ့သူနှယောက်က တကယ်ကြောက်စရာကောင်းလှသည်...တုန်ယင်ပီးလဲကျချင်နေတဲ့ ခြေထောက်တွေကို အရင်တည်ငြိမ်အောင်လုပ်လိုက်ပီး ထိုနေရာမှအမြန်ထွက်ခွာခဲ့လိုက်သည် သူ့ရှိနေမှန်းသိသွားရင် အန္တရာယ်ရှိသွားနိုင်တယ်မှတ်လား...တကျွီကျွီမြည်နေတဲ့ စက်ဘီးလေးကိုအားကုန်ထည့်နင်းကာ အိမ်အမြန်ပြန်ရောက်ဖို့သာကြိုးစားခဲ့သည်


' ဟုတ်ကဲ့ သခင်ကြီး '

လမ်းမီးရောင်ဖျော့ဖျော့လေးအောက်ရဲ့တနေရာမှာရပ်ထားတဲ့ ကားပေါ်မှာတော့ ကားပြတင်းပေါက်ဖွင့်ကာ သဘာဝအတိုင်းတိုက်ခတ်လာတဲ့လေညင်းလေးကို ခံစားနေတဲ့ကလေးငယ်တယောက်က တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကိုအကဲခတ်လျှက်ပင်...အသက်အရွယ်နဲ့မလိုက်အောင်ဝတ်ပုံစားပုံနဲ့ ထွားကြိုင်းတဲ့ခန္ဓာကိုယ်က 11နှစ်အရွယ်ကလေးငယ်တယောက်ဆိုတာ ယုံနိုင်စရာအကြောင်းမရှိ


' နဲနဲပါးပါးပါ...ဒယ်ဒီ ဒီလောက်စုတ်ပြတ်နေတဲ့ ရပ်ကွက်ထဲကိုဘာလာလုပ်တာလဲ '








' မကြာပါဘူး သားရဲ့ ခဏပဲ '
****









နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ သားငယ်ကိုပွေ့ချီကာ အ၀တ်ဗီရိုထဲအမြန်ထည့်ထားလိုက်သည်...ခန္ဓကိုယ်သေးကွေးတဲ့ကလေးငယ်ကြောင့် ဗီရိုထဲမှာ ထည့်ထားဖို့ကအလုံခြုံဆုံးပင်....





' ဒုန်း '







' ဟင့်အင်း ကို......'

ကုတင်အောက်ကနေပြေးထွက်လာကာ လဲကျနေတဲ့ ယောက်ျားကိုဖက်ငိုနေတဲ့ အမျိုးသမီးကိုလဲ ယုတ်မာရိုင်းဆိုင်းသူက ရှေ့ကနည်းအတိုင်းပင်နှုတ်ပိတ်လိုက်သည်....ကြမ်းပြင်ပေါ်မှာရှိနေတဲ့ cheesecakeလေးကိုလဲ ခြေထောက်ဖြင့်နင်းချေကာ ထွက်သွားခဲ့သည်.....

ကိစ္စအစအဆုံးကို မြင်လိုက်ရသူက ဗီရိုထဲမှာပိတ်မိနေတဲ့ 7နှစ်အရွယ်ကလေးတယောက်ပင်....ကိုယ့်ရှေ့မှာ အဖေကောအမေကော အသတ်ခံလိုက်ရတဲ့မြင်ကွင်းက ထိုကလေးအတွက် ခြောက်ခြားဖွယ်ရာအိမ်မက်ဆိုးကြီးပင် ဗီရိုထဲကနေအသံထွက်အောင် အော်ငိုချင်ပေမဲ့ သူရှိတဲ့နေရာကို နောက်ဆုံးအနေနဲ့မျက်နှာမူကာ ထွက်မလာဖို့ခေါင်းခါပြလိုက်တဲ့ လွန်းဝတီခင်ကြောင့် အံကိုကြိတ်ကာ ချုပ်တည်းထားခြင်းကြောင့် အသက်ဘေးမှလွတ်ခဲ့ခြင်းပင်....

လမ်းထိပ်မှာ လက်ပိုက်ကာ ရပ်စောင့်နေတဲ့သူ့ထံ ပြန်ရောက်လာတဲ့ကားထဲကို ဦးဒေးဗစ်အလျှင်အမြန်ပြန်ဝင်လိုက်သည် ကားထဲတွင်တော့ ဟန်မပျက်ရှိနေသူက သူရဆိုတဲ့အယုတ်တမာပင်....



' သူတို့ကဘာပြန်ပြောလဲ '





' ဟုတ်ကဲ့သခင်ကြီး '

*****


' လွန်း....သတိထားအုံးလေ '



ဘေးကနေ ကယောင်ချောက်ချား ယောင်နေတဲ့လွန်းလွန်းကို ဟန်နရီအမြန်လှုပ်နိုးလိုက်ပီး တင်းကျပ်နေအောင်ဖက်ထားလိုက်သည်...

' ကိုယ့် ချာတိတ်က နေ့ခင်းဘက်ကြီးကို အိမ်မက်ဆိုးတွေမက်နေတာပဲ "






ရုတ်တရက်ပြန်လည်မေးခွန်းထုတ်လာတဲ့ လွန်းလွန်းကြောင့် ဟန်နရီအကျပ်ရိုက်သွားသည်...


' မယုံဘူး '




ဟန်နရီရဲ့ tattooက လွန်းလွန်းရဲ့စိတ်အာရုံကို ဖမ်းစားလိုက်ပြန်သည်


ဟန်နရီက သူ့ရဲ့ဘောင်းဘီကိုပုတ်ပြလိုက်တာကြောင့် လွန်းလွန်းတယောက်မျက်နှာလေးရဲကာ တဖက်ကိုလှည့်သွားလိုက်သည်





' ဘာလို့လဲ '

' မင်းမျက်ရည်ကျတိုင်း ကိုယ့်ရင်ကိုနာကျင်စေတယ် ပီးတော့...ကိုယ့်ဆီမှာလဲ မေ့ပျောက်လို့မရတဲ့ အိမ်မက်ဆိုးကြီးရှိတယ် ဒါပေမဲ့ ချာတိတ်ကတော့ ကိုယ့်လိုခံစားလို့မဖြစ်ဘူး ပျော်နေမှပဲရမယ် '

' ကိုယ့်ရဲ့ပျော်ရွှင်မှုက မင်းပဲမို့လို့ ချာတိတ်ဘ၀ရဲ့ တစိတ်တဒေသလောက်သာ ကိုယ့်ကိုအရေးပေးရင် အပျော်ရွှင်ဆုံးလူသားဖြစ်သွားမယ်ထင်တယ် '

' .......'

' ကယ်ပါ မျက်နှာကြီးဆူပုတ်မနေနဲ့တော့ ကိုယ်ရေသွားချိုးလိုက်အုံးမယ် ပီးရင်သွားချင်တဲ့နေရာလိုက်ပို့ပေးမယ်နော် '

' အွန်း '

' ရွှတ် '

ပါးလေးကို သူ့နှာခေါင်းနစ်ဝင်သွားတဲ့အထိ နမ်းရှုပ်ပီး အခန်းထဲကထွက်သွားဖို့ကြံနေတဲ့ လူကို မျက်တောင်မခတ်ပဲ ငေးကြည့်နေမိတယ်...ထိုလူရဲ့မျက်နှာမှာ ကျေနပ်မှုအပြုံးတွေကအပြည့်ပင် တခြားသူနဲ့ဆိုတွေ့ရခက်တဲ့ အပြုံးတွေက ကိုယ်နဲ့ဆို ထိုလူရဲ့အပြုံးတွေကို အမြဲမြင်နေရတာကြောင့် တယောက်ထဲအပိုင်လိုချင်စိတ်တွေက ဖြစ်လာပြန်တယ်...ထိုလူကပြုံးနေရင် တကယ်ကြည့်လို့ကောင်းတာပဲ

' ခဏလေး !!'

' ဘာပြောစရာရှိလို့လဲ '

' .......'

' ဘာပြောစရာရှိလို့လဲလို့...ကိုယ့်ကိုမကျေနပ်တာများရှိနေလို့လားဟင် '

' ကျတော်...'



Grey🍄
24.12.2021
****

Continue Reading

You'll Also Like

395K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
176K 13.2K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.1M 45.4K 58
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
32.2K 2.5K 19
ဦးဘဝရဲ့ အချစ်​ဆုံးလူအဖြစ်​မမှတ်​မိရင်​​တောင်​ အမုန်းဆုံးသူအဖြစ်​နဲ့​တော့မှတ်​မိ​နေ​ပေးပါ 'ဦး'။