TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2

3.4K 700 3
By Comet222

Zawgyi


က်န္းေမာ့႐ွန္းက သစ္အယ္သီးေလးရဲ႕လ်ိဳ႕ဝွက္ခ်က္ေတြ ႐ွာေဖြေတြ႔႐ွိသြားၾကမွာကို မလိုခ်င္ေသာ္ျငားလည္းပဲ ေကာင္ငယ္ေလးက မိုက္မဲတံုးအတဲ့သူ မဟုတ္ဘူးဆိုတာကို သူသိတယ္။ ဆန္႔က်င္ဘက္အေနနဲ႔ သူကအမွန္တကယ္ေတာ့ ကိစၥအေျမာက္အျမားကို သိေပမဲ့ ၾကည့္ရတာကေတာ့ ဒီကမာၻက အမ်ားသိၾကတဲ့သာမန္အသိေတြနဲ႔ ရင္ဆိုင္လိုက္ရတဲ့အခါမွာ သူကသိသိသာသာကို အနည္းငယ္ခ်ိဳ႕တဲ့ေနပံုေပၚတယ္။

ထို႔ေၾကာင့္ က်န္းေမာ့႐ွန္းက သစ္အယ္သီးေလးကို ဒီကမာၻထဲက လူတိုင္းသိၾကတဲ့ သာမန္အသိေတြနဲ႔ အေျခခံဗဟုသုတေတြကို သင္ယူေစခ်င္တာေၾကာင့္ ေက်ာင္းပို႔ခ်င္ေနတာျဖစ္တယ္။ သစ္အယ္သီးေလးက ေက်ာင္းမွာ စာကို ထူးခြၽန္တဲ့အထိ ေကာင္းေကာင္းသင္ယူေနစရာ မလိုအပ္ပါဘူး။ သူ႔ရဲ႕မသိနားမလည္မႈကို တျခားလူေတြ႐ွာေဖြေတြ႔႐ွိႏိုင္မႈကေန ေ႐ွာင္႐ွားႏိုင္ၿပီးေတာ့ သူ႔ကိုယ္သူ ေကာင္းေကာင္းပိုကာကြယ္ႏိုင္တယ္ဆိုရင္ပဲ လံုေလာက္ေနပါၿပီ။

ဒါေပမဲ့ က်န္းေမာ့႐ွန္းက ဒီအေၾကာင္းျပခ်က္ေတြကို ဘယ္သူ႔ကိုမွ ေျပာျပမွာမဟုတ္ပါဘူး။ သူ႔မိဘေတြ ဆိုရင္ေတာင္မွေပါ့။

ေ႐ွာင္မုလန္တစ္ေယာက္ ဒီစကားေတြကို ၾကားလိုက္ရတဲ့အခ်ိန္မွာ ယြီဂ်င္လီရဲ႕အတိတ္တုန္းက ဝမ္းနည္းဖြယ္ဘဝနဲ႔ အေတြ႔အၾကံဳေတြကို သူမျပန္သတိရသြားၿပီးေတာ့ သူမအမွန္တကယ္ကို ေပါ့ဆမိသြားတယ္ဆိုတာကို နားလည္သေဘာေပါက္သြားတယ္။

ယြီဂ်င္လီက ႀကီးထြားေနဆဲျဖစ္ၿပီးေတာ့ အခုအသက္အရြယ္မွာဆိုရင္ သူေက်ာင္းကို သြားသင့္ေနၿပီျဖစ္တယ္။ သူအိမ္မွာပဲ တစ္ခ်ိန္လံုး ေျခခ်ဳပ္မိေနလို႔ မျဖစ္ဘူးေလ။ ၿပီးေတာ့ အဲ့အစား ပိုမိုေလ့လာသင္ယူဖို႔အတြက္ အျပင္ကို ထြက္သင့္ၿပီးေတာ့ သူငယ္ခ်င္းေတြကို ႐ွာေဖြသင့္တာျဖစ္တယ္။

"ေကာင္းၿပီေလ။ အေမဒီကိစၥကို မင္းအေဖနဲ႔ေဆြးေႏြးၾကည့္မယ္။ ၿပီးရင္ အေမတို႔ေတြ သစ္အယ္သီးေလးကို ပထမစစ္တပ္အကယ္ဒမီဆီ ပို႔ႏိုင္မလားဆိုတာကို ၾကည့္ၾကည့္ၾကတာေပါ့။" ေ႐ွာင္မုလန္က အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

သူတို႔က်န္းမိသားစုရဲ႕ကေလးေတြက အေကာင္းဆံုးေက်ာင္းကိုပဲ သြားသင့္တယ္။

ပထမစစ္တပ္အကယ္ဒမီက ျပည္ေထာင္စုအတြင္းမွာ အေကာင္းဆံုးတကၠသိုလ္တစ္ခု ျဖစ္တယ္။ အဲ့ေက်ာင္းမွာ တက္ေရာက္ေနၾကတဲ့ ေက်ာင္းသားတိုင္းက အေျခခံအားျဖင့္ လက္ေရြးစင္ေတြအၾကားက လက္ေရြးစင္ေတြ ျဖစ္ၾကတယ္။ ႏွစ္တိုင္းမွာ ေက်ာင္းသားသန္းေပါင္းရာနဲ႔ခ်ီ ပထမစစ္တပ္အကယ္ဒမီကို တက္ေရာက္ႏိုင္ဖို႔အတြက္ ေလွ်ာက္ထားတတ္ၾကတယ္။

ေသခ်ာေပါက္ကို ေက်ာင္းသားေတြကို ပံုမွန္အေရအတြက္အကန္႔အသတ္နဲ႔ ဝင္ခြင့္ျပဳတယ္ဆိုတဲ့အခ်က္အျပင္ ပထမစစ္တပ္အကယ္ဒမီက မိသားစုႀကီးေတြနဲ႔ စစ္တပ္ဗိုလ္ခ်ဳပ္ေတြရဲ႕မိသားစုေတြနဲ႔ အထက္တန္းလႊာ အရာ႐ွိမိသားစုေတြအတြက္ ႏွစ္တိုင္း ေက်ာင္းသားေနရာတစ္ေနရာစီကို ေထာက္ခံခ်က္ေပးတဲ့ စနစ္တစ္ခုကိုလည္း ျပဳလုပ္ထားတယ္။

ေထာက္ခံခ်က္ေပးခံရတဲ့ ေက်ာင္းသားအားလံုးက ႐ိုး႐ွင္းတဲ့စစ္ေဆးမႈတစ္ခုကို ျဖတ္ေက်ာ္ၿပီးသြားရင္ ေက်ာင္းထဲကို တိုက္႐ိုက္ဝင္ေရာက္ႏိုင္တာ ျဖစ္တယ္။

လြန္ခဲ့တဲ့ႏွစ္ေတြတုန္းကဆိုရင္ က်န္းမိသားစုက ဒီေထာက္ခံခ်က္ေပးတဲ့ေနရာကို လက္လႊတ္ထားခဲ့ေပမဲ့ ဒီႏွစ္မွာေတာ့ ဒါကို သစ္အယ္သီးေလးအတြက္ အသံုးျပဳေတာ့မွာ ျဖစ္တယ္။

အဲ့အခ်ိန္တြင္ ေ႐ွာင္မုလန္တစ္ေယာက္ ယြီဂ်င္လီက အနားကို လမ္းေလွ်ာက္လာေနတာကို ျမင္လိုက္ရတာေၾကာင့္ သူ႔ကို အျပံဳးေလးတစ္ပြင့္နဲ႔အတူ လက္ေဝွ႔ယမ္းျပလိုက္တယ္။

ယြီဂ်င္လီက က်ိဳးက်ိဳးႏြံႏြံနဲ႔ ေ႐ွာင္မုလန္ဆီကို လမ္းေလွ်ာက္သြားလိုက္ၿပီးေတာ့ သူမနံေဘးနားမွာ ထိုင္ခ်လိုက္ၿပီး နာခံမႈ႐ွိ႐ွိနဲ႔ စတင္စကားနားေထာင္ေနလိုက္တယ္။

"သစ္အယ္သီးေလး သားေက်ာင္းသြားခ်င္လား? အေမသားကို ေက်ာင္းပို႔ေပးမယ္ေလ။ ဟုတ္ၿပီလား?" ေ႐ွာင္မုလန္က အျပံဳးေလးနဲ႔ ေမးလိုက္တယ္။

ဒီကိစၥအတြက္ အျမဲတမ္း ကေလးရဲ႕ထင္ျမင္ခ်က္ကို ေမးျမန္းသင့္တယ္ေလ။

"ေက်ာင္းသြားရမယ္?" ယြီဂ်င္လီက သူ႔ေခါင္းေလးကို ေစာင္းၿပီး အခ်ိန္ခဏေလာက္ၾကာေအာင္ ေတြးေတာေနလိုက္တယ္။

'ေက်ာင္းသြားရမယ္' ဆိုတာက ဘာအဓိပၸါယ္လဲဆိုတာကို သူသိတယ္။ အဆံုးသတ္မွာေတာ့ သူကမာၻေျမေပၚမွာ ႐ွိေနတုန္းကဆိုရင္ လူသားကေလးေတြအမ်ားႀကီးက ေက်ာင္းသြားေနၾကတာကို သူျမင္ခဲ့ဖူးတယ္။ အဲ့အခ်ိန္တုန္းကဆိုရင္ သူကလူသားအသြင္ကို မေျပာင္းလဲႏိုင္ခဲ့ေသးတာေၾကာင့္ သူအဲ့ကေလးေတြကို အျမဲတမ္းမနာလိုျဖစ္ခဲ့ရတယ္။ သူအသြင္ေျပာင္းႏိုင္တဲ့အခ်ိန္က်ရင္ သူေက်ာင္းတက္မယ္လို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တယ္။

သူအသြင္ေျပာင္းႏိုင္ၿပီးတဲ့ေနာက္မွာ ေက်ာင္းသြားဖို႔အတြက္က ထင္သေလာက္ မလြယ္ကူဘူးဆိုတာကို ႐ွာေတြ႔လိုက္ရတာကေတာ့ သနားစရာပါပဲ။ သူ႔ရဲ႕႐ုပ္ရည္သြင္ျပင္ အသက္အရဆိုရင္ ေသခ်ာေပါက္ကို သူကမူလတန္း ဒါမွမဟုတ္ အလယ္တန္းေက်ာင္းကို တက္ေရာက္ဖို႔ဆိုတာက မျဖစ္ႏိုင္ေတာ့ဘူးေလ။ သို႔ေသာ္လည္း တကၠသိုလ္ကို တက္ေရာက္ႏိုင္ဖို႔ အတြက္ကက်ေတာ့ သူေကာလိပ္ဝင္ခြင့္စာေမးပြဲကို ေအာင္ျမင္မွရမွာ ျဖစ္တယ္။ တရားဝင္ပညာသင္ၾကားေရးကို တစ္ခါမွ လက္ခံမရ႐ွိခဲ့ဖူးတဲ့ တစ္စံုတစ္ေယာက္အတြက္ စာေမးပြဲရလဒ္ေတြက ဘယ္လိုမ်ိဳးထြက္လာမလဲဆိုတာကို တစ္ေယာက္က ဒီအတိုင္းခန္႔မွန္းၾကည့္လိုက္လို႔ ရေနၿပီျဖစ္တယ္။

ဒီအခ်က္ေၾကာင့္ ေကာလိပ္ဝင္ခြင့္စာေမးပြဲစစ္ေဆးမႈ က်႐ွံဳးျခင္းက ယြီဂ်င္လီအတြက္ ေပါက္ကြဲမႈအႀကီးႀကီးတစ္ခု ျဖစ္ေနတာျဖစ္တယ္။

အခုခ်ိန္တြင္ သူေက်ာင္းသြားရၿပီဆိုတာကို စဥ္းစားၾကည့္လိုက္ရင္ ယြီဂ်င္လီတစ္ေယာက္ အလိုလိုကို အရမ္းေပ်ာ္ရႊင္မိေပမဲ့လည္း သူ႔ရဲ႕အရင္အတိတ္ဘဝက ေကာလိပ္ဝင္ခြင့္ စာေမးပြဲစစ္ေဆးမႈအေၾကာင္းကို သူေတြးမိလိုက္တဲ့အခ်ိန္မွာ သူနည္းနည္းအပ်င္းထူသြားမိသလို ခံစားလိုက္ရတယ္။

အခုလက္႐ွိတြင္ သူကတကၠသိုလ္ကိုသာ တက္ေရာက္ႏိုင္တဲ့အရြယ္ကို ေရာက္ေနၿပီျဖစ္တယ္။ အဲ့ဒါက သူေကာလိပ္ဝင္ခြင့္စာေမးပြဲ စစ္ေဆးမႈကို ေနာက္တစ္ႀကိမ္ ထပ္ၾကံဳရအံုးမယ္လို႔ ဆိုလိုခ်င္တာလား?

"အေမ ကြၽန္ေတာ္ စာေကာင္းေကာင္းမသင္ခဲ့ရဘူး။ ၿပီးေတာ့ ေကာလိပ္စာေမးပြဲကိုလည္း ေအာင္ျမင္ႏိုင္မွာမဟုတ္ဘူး။" ယြီဂ်င္လီတစ္ေယာက္ မခ်င့္မရဲျဖစ္စြာ ေျပာလိုက္တယ္။

သူ႔ရဲ႕အတိတ္ဘဝမွာတုန္းကဆိုရင္ သူ႔ရဲ႕ဆရာတူအစ္ကိုႀကီးက သူ႔ကိုသင္ခန္းစာေတြကို အခ်ိန္တစ္ခုၾကာေအာင္ သင္ျပေပးခဲ့တာျဖစ္တယ္။ ကံမေကာင္းစြာနဲ႔ပဲ သူကအမွန္တကယ္ကို 'သင္ေထာက္ကူပစၥည္း' တစ္ခု မဟုတ္ခဲ့ပါဘူး။ အဲ့အခ်ိန္တုန္းကလည္း သူဒါေတြကို ဘယ္လိုလုပ္ရမလဲဆိုတာကို မသိသလို အခုခ်ိန္မွာလည္း ဒါေတြကို ဘယ္လိုလုပ္ရမလဲဆိုတာကို သူမသိေသးတုန္းပဲ ျဖစ္တယ္။

"ကိစၥမ႐ွိပါဘူး။ စာေမးပြဲက အရမ္း႐ိုး႐ွင္းပါတယ္။ သစ္အယ္သီးေလး သြားခ်င္စိတ္႐ွိေနသေရြ႕ အေမက သားေက်ာင္းသြားႏိုင္ဖို႔ နည္းလမ္းတစ္ခုကို ႐ွာေပးမယ္ေနာ္။ ဟုတ္ၿပီလား?" ပထမဦးဆံုးအႀကိမ္အေနနဲ႔ ေ႐ွာင္မုလန္တစ္ေယာက္ အထူးသီးသန္႔အခြင့္အေရးေတြကို ရတာကလည္း ေကာင္းပါတယ္လို႔ ခံစားလိုက္ရတယ္။

"တကယ္လားဟင္? အဲ့ဒါဆိုရင္ သားသြားခ်င္တယ္။ အေမ သားေက်ာင္းသြားခ်င္တယ္။ ၿပီးရင္ သားေသခ်ာေပါက္ ႀကိဳးႀကိဳးစားစားစာေလ့လာမယ္။" ယြီဂ်င္လီတစ္ေယာက္ သူ႔ရဲ႕လက္သီးေသးေသးေလးေတြကို က်စ္က်စ္ဆုပ္ထားလိုက္ၿပီးေတာ့ ခိုင္ခိုင္မာမာ ေျပာလိုက္တယ္။

သူတကယ္ ေက်ာင္းကိုသြားႏိုင္မွာလား? သူတျခားေက်ာင္းသားေတြလိုမ်ိဳး ဆရာေတြေျပာစကားကို နားေထာင္ၿပီး သူ႔ရဲ႕အတန္းေဖာ္ေတြနဲ႔ ေဆာ့ကစားႏိုင္မွာလား? သူ႔ရဲ႕အရင္ဘဝမွာတုန္းက လက္ေတြ႔အေကာင္အထည္မေဖာ္ႏိုင္ခဲ့တဲ့ အိပ္မက္တစ္ခုကို ဒီကမာၻထဲမွာ မေမွ်ာ္လင့္ပဲ ျဖည့္ဆည္းႏိုင္ခဲ့ၿပီလို႔ ေတြးေတာလိုက္မိေတာ့ ယြီဂ်င္လီတစ္ေယာက္ အေတာ္ေလး စိတ္လႈပ္႐ွားမိသြားတယ္။

"ေကာင္းပါၿပီ။ သစ္အယ္သီးေလး လုပ္ႏိုင္မယ္လို႔ အေမယံုၾကည္တယ္။ အား႐ွန္းက ပထမစစ္တပ္အကယ္ဒမီကေန ဘြဲ႔ရခဲ့တာေလ။ လာမဲ့ရက္ေတြအတြင္းမွာ ေက်ာင္းအေၾကာင္း သားသူ႔ကိုေမးလိုက္ေပါ့။ သူေျပာျပလိမ့္မယ္။" ေ႐ွာင္မုလန္က အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

က်န္းေမာ့႐ွန္းက ပထမစစ္တပ္အကယ္ဒမီကို အမွတ္အမ်ားဆံုးနဲ႔ ဝင္ေရာက္ခဲ့တာျဖစ္ၿပီးေတာ့ အဆင့္အျမင့္ဆံုးနဲ႔ ဘြဲ႔ရခဲ့တာျဖစ္တယ္။ ေက်ာင္းတက္ေနစဥ္ ကာလအတြင္းမွာေတာင္မွ သူက စစ္ေျမျပင္ေတြကို သြားၿပီးေတာ့ စစ္တပ္ေအာင္ျမင္မႈ အေျမာက္အျမားကိုလည္း ျပဳလုပ္ခဲ့တယ္။ ပထမစစ္တပ္အကယ္ဒမီရဲ႕ ေက်ာင္းသားေတြအတြက္ က်န္းေမာ့႐ွန္းက အိုင္ေဒါတစ္ေယာက္အေနနဲ႔ သတ္မွတ္လို႔ရတယ္။ ၿပီးေတာ့ ေက်ာင္းသားအမ်ားႀကီးက သူ႔ရဲ႕ဂ်ဴနီယာေလးေတြ ျဖစ္ခ်င္တာေၾကာင့္ ​ေက်ာင္းကို ဝင္ေရာက္ခြင့္ရဖို႔အတြက္ အေကာင္းဆံုးႀကိဳးစားၾကတယ္။

က်န္းေမာ့႐ွန္းရဲ႕ဒ႑ာရီက ဒီေန႔အထိတိုင္ေအာင္ ပထမစစ္တပ္အကယ္ဒမီမွာ ပ်ံ႕ႏွံ႔လ်က္႐ွိေနဆဲ ျဖစ္တယ္။

"ဟုတ္ကဲ့" ယြီဂ်င္လီတစ္ေယာက္ သိသိသာသာကိုပဲ အရမ္းစိတ္လႈပ္႐ွားေနလ်က္ ဖ်တ္လတ္တက္ႂကြစြာ သူ႔ေခါင္းကို ညိတ္လိုက္တယ္။

မေမွ်ာ္လင့္ထားစြာ သူသြားတက္ရမဲ့ေက်ာင္းက သူ႔ရဲ႕ေရႊေရာင္ေပါင္လံုးႀကီးရဲ႕မိခင္တကၠသိုလ္ ျဖစ္ေနခဲ့တာေပါ့။ ေရႊေရာင္ေပါင္လံုးႀကီးက ေက်ာင္းတုန္းက ဘယ္လိုမ်ိဳးလဲဆိုတာကို ယြီဂ်င္လီတစ္ေယာက္ သိခ်င္ေနမိတယ္။ သူေက်ာင္းကိုသြားရဖို႔ကို ေစာင့္ေမွ်ာ္ေနမိၿပီ။ သူအရမ္းစိတ္လႈပ္႐ွားေနမိၿပီ!

ဒါကိုအခုထိ အတည္မျပဳရေသးေသာ္ျငားလည္း ယြီဂ်င္လီကေတာ့ အရမ္းေပ်ာ္ရႊင္ေနမိတုန္းပဲ ျဖစ္တယ္။

ယြီဂ်င္လီတစ္ေယာက္ အရမ္းေပ်ာ္ရႊင္ေနတယ္ဆိုတာကို ျမင္လိုက္ရေတာ့ က်န္းေမာ့႐ွန္းနဲ႔ ေ႐ွာင္မုလန္တို႔ကလည္း အရမ္းေပ်ာ္ရႊင္သြားသလို ခံစားလိုက္ရတယ္။ အိမ္ရဲ႕ေလထုေလးကလည္း ေႏြးေထြးလာၿပီးေတာ့ သက္ေတာင့္သက္သာျဖစ္လာတယ္။

ယြီဂ်င္လီတစ္ေယာက္ သူတို႔ရဲ႕က်န္းမိသားစုဆီကို ေရာက္လာခဲ့ၿပီးကတည္းက သူတို႔ရဲ႕အိမ္က ပိုၿပီးပိုၿပီးေႏြးေထြးလာၿပီးေတာ့ လွပလာတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ဘဝေတြကလည္း ေခ်ာ့ေမြ႔သထက္ ေခ်ာ့ေမြ႔လာတယ္။ မေကာင္းတဲ့အရာေတြအားလံုး ေပ်ာက္ကြယ္သြားၾကတယ္။

သစ္အယ္သီးေလးက အမွန္တကယ္ကို သူတို႔ရဲ႕ကံေကာင္းေစတဲ့ နတ္ဘုရားငယ္ေလးပဲ ျဖစ္တယ္။













Unicode

Chapter(72):သူ့ကို ကျောင်းပို့ခြင်း-2

ကျန်းမော့ရှန်းက သစ်အယ်သီးလေးရဲ့လျို့ဝှက်ချက်တွေ ရှာဖွေတွေ့ရှိသွားကြမှာကို မလိုချင်သော်ငြားလည်းပဲ ကောင်ငယ်လေးက မိုက်မဲတုံးအတဲ့သူ မဟုတ်ဘူးဆိုတာကို သူသိတယ်။ ဆန့်ကျင်ဘက်အနေနဲ့ သူကအမှန်တကယ်တော့ ကိစ္စအမြောက်အမြားကို သိပေမဲ့ ကြည့်ရတာကတော့ ဒီကမ္ဘာက အများသိကြတဲ့သာမန်အသိတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာ သူကသိသိသာသာကို အနည်းငယ်ချို့တဲ့နေပုံပေါ်တယ်။

ထို့ကြောင့် ကျန်းမော့ရှန်းက သစ်အယ်သီးလေးကို ဒီကမ္ဘာထဲက လူတိုင်းသိကြတဲ့ သာမန်အသိတွေနဲ့ အခြေခံဗဟုသုတတွေကို သင်ယူစေချင်တာကြောင့် ကျောင်းပို့ချင်နေတာဖြစ်တယ်။ သစ်အယ်သီးလေးက ကျောင်းမှာ စာကို ထူးချွန်တဲ့အထိ ကောင်းကောင်းသင်ယူနေစရာ မလိုအပ်ပါဘူး။ သူ့ရဲ့မသိနားမလည်မှုကို တခြားလူတွေရှာဖွေတွေ့ရှိနိုင်မှုကနေ ရှောင်ရှားနိုင်ပြီးတော့ သူ့ကိုယ်သူ ကောင်းကောင်းပိုကာကွယ်နိုင်တယ်ဆိုရင်ပဲ လုံလောက်နေပါပြီ။

ဒါပေမဲ့ ကျန်းမော့ရှန်းက ဒီအကြောင်းပြချက်တွေကို ဘယ်သူ့ကိုမှ ပြောပြမှာမဟုတ်ပါဘူး။ သူ့မိဘတွေ ဆိုရင်တောင်မှပေါ့။

ရှောင်မုလန်တစ်ယောက် ဒီစကားတွေကို ကြားလိုက်ရတဲ့အချိန်မှာ ယွီဂျင်လီရဲ့အတိတ်တုန်းက ဝမ်းနည်းဖွယ်ဘဝနဲ့ အတွေ့အကြုံတွေကို သူမပြန်သတိရသွားပြီးတော့ သူမအမှန်တကယ်ကို ပေါ့ဆမိသွားတယ်ဆိုတာကို နားလည်သဘောပေါက်သွားတယ်။

ယွီဂျင်လီက ကြီးထွားနေဆဲဖြစ်ပြီးတော့ အခုအသက်အရွယ်မှာဆိုရင် သူကျောင်းကို သွားသင့်နေပြီဖြစ်တယ်။ သူအိမ်မှာပဲ တစ်ချိန်လုံး ခြေချုပ်မိနေလို့ မဖြစ်ဘူးလေ။ ပြီးတော့ အဲ့အစား ပိုမိုလေ့လာသင်ယူဖို့အတွက် အပြင်ကို ထွက်သင့်ပြီးတော့ သူငယ်ချင်းတွေကို ရှာဖွေသင့်တာဖြစ်တယ်။

"ကောင်းပြီလေ။ အမေဒီကိစ္စကို မင်းအဖေနဲ့ဆွေးနွေးကြည့်မယ်။ ပြီးရင် အမေတို့တွေ သစ်အယ်သီးလေးကို ပထမစစ်တပ်အကယ်ဒမီဆီ ပို့နိုင်မလားဆိုတာကို ကြည့်ကြည့်ကြတာပေါ့။" ရှောင်မုလန်က အပြုံးလေးနဲ့ ပြောလိုက်တယ်။

သူတို့ကျန်းမိသားစုရဲ့ကလေးတွေက အကောင်းဆုံးကျောင်းကိုပဲ သွားသင့်တယ်။

ပထမစစ်တပ်အကယ်ဒမီက ပြည်ထောင်စုအတွင်းမှာ အကောင်းဆုံးတက္ကသိုလ်တစ်ခု ဖြစ်တယ်။ အဲ့ကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတိုင်းက အခြေခံအားဖြင့် လက်ရွေးစင်တွေအကြားက လက်ရွေးစင်တွေ ဖြစ်ကြတယ်။ နှစ်တိုင်းမှာ ကျောင်းသားသန်းပေါင်းရာနဲ့ချီ ပထမစစ်တပ်အကယ်ဒမီကို တက်ရောက်နိုင်ဖို့အတွက် လျှောက်ထားတတ်ကြတယ်။

သေချာပေါက်ကို ကျောင်းသားတွေကို ပုံမှန်အရေအတွက်အကန့်အသတ်နဲ့ ဝင်ခွင့်ပြုတယ်ဆိုတဲ့အချက်အပြင် ပထမစစ်တပ်အကယ်ဒမီက မိသားစုကြီးတွေနဲ့ စစ်တပ်ဗိုလ်ချုပ်တွေရဲ့မိသားစုတွေနဲ့ အထက်တန်းလွှာ အရာရှိမိသားစုတွေအတွက် နှစ်တိုင်း ကျောင်းသားနေရာတစ်နေရာစီကို ထောက်ခံချက်ပေးတဲ့ စနစ်တစ်ခုကိုလည်း ပြုလုပ်ထားတယ်။

ထောက်ခံချက်ပေးခံရတဲ့ ကျောင်းသားအားလုံးက ရိုးရှင်းတဲ့စစ်ဆေးမှုတစ်ခုကို ဖြတ်ကျော်ပြီးသွားရင် ကျောင်းထဲကို တိုက်ရိုက်ဝင်ရောက်နိုင်တာ ဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်တွေတုန်းကဆိုရင် ကျန်းမိသားစုက ဒီထောက်ခံချက်ပေးတဲ့နေရာကို လက်လွှတ်ထားခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဒါကို သစ်အယ်သီးလေးအတွက် အသုံးပြုတော့မှာ ဖြစ်တယ်။

အဲ့အချိန်တွင် ရှောင်မုလန်တစ်ယောက် ယွီဂျင်လီက အနားကို လမ်းလျှောက်လာနေတာကို မြင်လိုက်ရတာကြောင့် သူ့ကို အပြုံးလေးတစ်ပွင့်နဲ့အတူ လက်ဝှေ့ယမ်းပြလိုက်တယ်။

ယွီဂျင်လီက ကျိုးကျိုးနွံနွံနဲ့ ရှောင်မုလန်ဆီကို လမ်းလျှောက်သွားလိုက်ပြီးတော့ သူမနံဘေးနားမှာ ထိုင်ချလိုက်ပြီး နာခံမှုရှိရှိနဲ့ စတင်စကားနားထောင်နေလိုက်တယ်။

"သစ်အယ်သီးလေး သားကျောင်းသွားချင်လား? အမေသားကို ကျောင်းပို့ပေးမယ်လေ။ ဟုတ်ပြီလား?" ရှောင်မုလန်က အပြုံးလေးနဲ့ မေးလိုက်တယ်။

ဒီကိစ္စအတွက် အမြဲတမ်း ကလေးရဲ့ထင်မြင်ချက်ကို မေးမြန်းသင့်တယ်လေ။

"ကျောင်းသွားရမယ်?" ယွီဂျင်လီက သူ့ခေါင်းလေးကို စောင်းပြီး အချိန်ခဏလောက်ကြာအောင် တွေးတောနေလိုက်တယ်။

'ကျောင်းသွားရမယ်' ဆိုတာက ဘာအဓိပ္ပါယ်လဲဆိုတာကို သူသိတယ်။ အဆုံးသတ်မှာတော့ သူကမ္ဘာမြေပေါ်မှာ ရှိနေတုန်းကဆိုရင် လူသားကလေးတွေအများကြီးက ကျောင်းသွားနေကြတာကို သူမြင်ခဲ့ဖူးတယ်။ အဲ့အချိန်တုန်းကဆိုရင် သူကလူသားအသွင်ကို မပြောင်းလဲနိုင်ခဲ့သေးတာကြောင့် သူအဲ့ကလေးတွေကို အမြဲတမ်းမနာလိုဖြစ်ခဲ့ရတယ်။ သူအသွင်ပြောင်းနိုင်တဲ့အချိန်ကျရင် သူကျောင်းတက်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တယ်။

သူအသွင်ပြောင်းနိုင်ပြီးတဲ့နောက်မှာ ကျောင်းသွားဖို့အတွက်က ထင်သလောက် မလွယ်ကူဘူးဆိုတာကို ရှာတွေ့လိုက်ရတာကတော့ သနားစရာပါပဲ။ သူ့ရဲ့ရုပ်ရည်သွင်ပြင် အသက်အရဆိုရင် သေချာပေါက်ကို သူကမူလတန်း ဒါမှမဟုတ် အလယ်တန်းကျောင်းကို တက်ရောက်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။ သို့သော်လည်း တက္ကသိုလ်ကို တက်ရောက်နိုင်ဖို့ အတွက်ကကျတော့ သူကောလိပ်ဝင်ခွင့်စာမေးပွဲကို အောင်မြင်မှရမှာ ဖြစ်တယ်။ တရားဝင်ပညာသင်ကြားရေးကို တစ်ခါမှ လက်ခံမရရှိခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်အတွက် စာမေးပွဲရလဒ်တွေက ဘယ်လိုမျိုးထွက်လာမလဲဆိုတာကို တစ်ယောက်က ဒီအတိုင်းခန့်မှန်းကြည့်လိုက်လို့ ရနေပြီဖြစ်တယ်။

ဒီအချက်ကြောင့် ကောလိပ်ဝင်ခွင့်စာမေးပွဲစစ်ဆေးမှု ကျရှုံးခြင်းက ယွီဂျင်လီအတွက် ပေါက်ကွဲမှုအကြီးကြီးတစ်ခု ဖြစ်နေတာဖြစ်တယ်။

အခုချိန်တွင် သူကျောင်းသွားရပြီဆိုတာကို စဉ်းစားကြည့်လိုက်ရင် ယွီဂျင်လီတစ်ယောက် အလိုလိုကို အရမ်းပျော်ရွှင်မိပေမဲ့လည်း သူ့ရဲ့အရင်အတိတ်ဘဝက ကောလိပ်ဝင်ခွင့် စာမေးပွဲစစ်ဆေးမှုအကြောင်းကို သူတွေးမိလိုက်တဲ့အချိန်မှာ သူနည်းနည်းအပျင်းထူသွားမိသလို ခံစားလိုက်ရတယ်။

အခုလက်ရှိတွင် သူကတက္ကသိုလ်ကိုသာ တက်ရောက်နိုင်တဲ့အရွယ်ကို ရောက်နေပြီဖြစ်တယ်။ အဲ့ဒါက သူကောလိပ်ဝင်ခွင့်စာမေးပွဲ စစ်ဆေးမှုကို နောက်တစ်ကြိမ် ထပ်ကြုံရအုံးမယ်လို့ ဆိုလိုချင်တာလား?

"အမေ ကျွန်တော် စာကောင်းကောင်းမသင်ခဲ့ရဘူး။ ပြီးတော့ ကောလိပ်စာမေးပွဲကိုလည်း အောင်မြင်နိုင်မှာမဟုတ်ဘူး။" ယွီဂျင်လီတစ်ယောက် မချင့်မရဲဖြစ်စွာ ပြောလိုက်တယ်။

သူ့ရဲ့အတိတ်ဘဝမှာတုန်းကဆိုရင် သူ့ရဲ့ဆရာတူအစ်ကိုကြီးက သူ့ကိုသင်ခန်းစာတွေကို အချိန်တစ်ခုကြာအောင် သင်ပြပေးခဲ့တာဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ သူကအမှန်တကယ်ကို 'သင်ထောက်ကူပစ္စည်း' တစ်ခု မဟုတ်ခဲ့ပါဘူး။ အဲ့အချိန်တုန်းကလည်း သူဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို မသိသလို အခုချိန်မှာလည်း ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုတာကို သူမသိသေးတုန်းပဲ ဖြစ်တယ်။

"ကိစ္စမရှိပါဘူး။ စာမေးပွဲက အရမ်းရိုးရှင်းပါတယ်။ သစ်အယ်သီးလေး သွားချင်စိတ်ရှိနေသရွေ့ အမေက သားကျောင်းသွားနိုင်ဖို့ နည်းလမ်းတစ်ခုကို ရှာပေးမယ်နော်။ ဟုတ်ပြီလား?" ပထမဦးဆုံးအကြိမ်အနေနဲ့ ရှောင်မုလန်တစ်ယောက် အထူးသီးသန့်အခွင့်အရေးတွေကို ရတာကလည်း ကောင်းပါတယ်လို့ ခံစားလိုက်ရတယ်။

"တကယ်လားဟင်? အဲ့ဒါဆိုရင် သားသွားချင်တယ်။ အမေ သားကျောင်းသွားချင်တယ်။ ပြီးရင် သားသေချာပေါက် ကြိုးကြိုးစားစားစာလေ့လာမယ်။" ယွီဂျင်လီတစ်ယောက် သူ့ရဲ့လက်သီးသေးသေးလေးတွေကို ကျစ်ကျစ်ဆုပ်ထားလိုက်ပြီးတော့ ခိုင်ခိုင်မာမာ ပြောလိုက်တယ်။

သူတကယ် ကျောင်းကိုသွားနိုင်မှာလား? သူတခြားကျောင်းသားတွေလိုမျိုး ဆရာတွေပြောစကားကို နားထောင်ပြီး သူ့ရဲ့အတန်းဖော်တွေနဲ့ ဆော့ကစားနိုင်မှာလား? သူ့ရဲ့အရင်ဘဝမှာတုန်းက လက်တွေ့အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အိပ်မက်တစ်ခုကို ဒီကမ္ဘာထဲမှာ မမျှော်လင့်ပဲ ဖြည့်ဆည်းနိုင်ခဲ့ပြီလို့ တွေးတောလိုက်မိတော့ ယွီဂျင်လီတစ်ယောက် အတော်လေး စိတ်လှုပ်ရှားမိသွားတယ်။

"ကောင်းပါပြီ။ သစ်အယ်သီးလေး လုပ်နိုင်မယ်လို့ အမေယုံကြည်တယ်။ အားရှန်းက ပထမစစ်တပ်အကယ်ဒမီကနေ ဘွဲ့ရခဲ့တာလေ။ လာမဲ့ရက်တွေအတွင်းမှာ ကျောင်းအကြောင်း သားသူ့ကိုမေးလိုက်ပေါ့။ သူပြောပြလိမ့်မယ်။" ရှောင်မုလန်က အပြုံးလေးနဲ့ ပြောလိုက်တယ်။

ကျန်းမော့ရှန်းက ပထမစစ်တပ်အကယ်ဒမီကို အမှတ်အများဆုံးနဲ့ ဝင်ရောက်ခဲ့တာဖြစ်ပြီးတော့ အဆင့်အမြင့်ဆုံးနဲ့ ဘွဲ့ရခဲ့တာဖြစ်တယ်။ ကျောင်းတက်နေစဉ် ကာလအတွင်းမှာတောင်မှ သူက စစ်မြေပြင်တွေကို သွားပြီးတော့ စစ်တပ်အောင်မြင်မှု အမြောက်အမြားကိုလည်း ပြုလုပ်ခဲ့တယ်။ ပထမစစ်တပ်အကယ်ဒမီရဲ့ ကျောင်းသားတွေအတွက် ကျန်းမော့ရှန်းက အိုင်ဒေါတစ်ယောက်အနေနဲ့ သတ်မှတ်လို့ရတယ်။ ပြီးတော့ ကျောင်းသားအများကြီးက သူ့ရဲ့ဂျူနီယာလေးတွေ ဖြစ်ချင်တာကြောင့် ​ကျောင်းကို ဝင်ရောက်ခွင့်ရဖို့အတွက် အကောင်းဆုံးကြိုးစားကြတယ်။

ကျန်းမော့ရှန်းရဲ့ဒဏ္႑ာရီက ဒီနေ့အထိတိုင်အောင် ပထမစစ်တပ်အကယ်ဒမီမှာ ပျံ့နှံ့လျက်ရှိနေဆဲ ဖြစ်တယ်။

"ဟုတ်ကဲ့" ယွီဂျင်လီတစ်ယောက် သိသိသာသာကိုပဲ အရမ်းစိတ်လှုပ်ရှားနေလျက် ဖျတ်လတ်တက်ကြွစွာ သူ့ခေါင်းကို ညိတ်လိုက်တယ်။

မမျှော်လင့်ထားစွာ သူသွားတက်ရမဲ့ကျောင်းက သူ့ရဲ့ရွှေရောင်ပေါင်လုံးကြီးရဲ့မိခင်တက္ကသိုလ် ဖြစ်နေခဲ့တာပေါ့။ ရွှေရောင်ပေါင်လုံးကြီးက ကျောင်းတုန်းက ဘယ်လိုမျိုးလဲဆိုတာကို ယွီဂျင်လီတစ်ယောက် သိချင်နေမိတယ်။ သူကျောင်းကိုသွားရဖို့ကို စောင့်မျှော်နေမိပြီ။ သူအရမ်းစိတ်လှုပ်ရှားနေမိပြီ!

ဒါကိုအခုထိ အတည်မပြုရသေးသော်ငြားလည်း ယွီဂျင်လီကတော့ အရမ်းပျော်ရွှင်နေမိတုန်းပဲ ဖြစ်တယ်။

ယွီဂျင်လီတစ်ယောက် အရမ်းပျော်ရွှင်နေတယ်ဆိုတာကို မြင်လိုက်ရတော့ ကျန်းမော့ရှန်းနဲ့ ရှောင်မုလန်တို့ကလည်း အရမ်းပျော်ရွှင်သွားသလို ခံစားလိုက်ရတယ်။ အိမ်ရဲ့လေထုလေးကလည်း နွေးထွေးလာပြီးတော့ သက်တောင့်သက်သာဖြစ်လာတယ်။

ယွီဂျင်လီတစ်ယောက် သူတို့ရဲ့ကျန်းမိသားစုဆီကို ရောက်လာခဲ့ပြီးကတည်းက သူတို့ရဲ့အိမ်က ပိုပြီးပိုပြီးနွေးထွေးလာပြီးတော့ လှပလာတယ်။ ပြီးတော့ သူတို့ရဲ့ဘဝတွေကလည်း ချော့မွေ့သထက် ချော့မွေ့လာတယ်။ မကောင်းတဲ့အရာတွေအားလုံး ပျောက်ကွယ်သွားကြတယ်။

သစ်အယ်သီးလေးက အမှန်တကယ်ကို သူတို့ရဲ့ကံကောင်းစေတဲ့ နတ်ဘုရားငယ်လေးပဲ ဖြစ်တယ်။









Continue Reading

You'll Also Like

374K 37K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
521K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1.5M 68.6K 37
adult story(18+) သင့်သခင်×ရုပ်သေး 9.1.2023...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...