TYGW's Mr.Lucky (BL) [Myanmar...

By Comet222

175K 34K 546

This novel's not mine. I love to read this novel. So I translate for fun. Please support original author and... More

Chapter(61):ပိုအားျပင္းေသာ တြန္းအားေပးမႈ
Chapter(62):သံုးဖက္ျမင္ပံုရိပ္ ျမင္ကြင္းျပႆနာ
Chapter(63):စီမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-1
Chapter(63):စံမံခန္႔ခြဲေရးမွဴး ေပၚထြက္လာျခင္း-2
Chapter(64):မနာလို သဝန္တိုျဖစ္ျခင္း
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-1
Chapter(65):ျပင္းထန္ရက္စက္ေသာ ေကာလဟာလမ်ား-2
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-1
Chapter(66):က်န္းမိသားစုက လံုျခံဳသြားၿပီ။-2
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-1
Chapter(67):ခႏၶာကိုယ္ ျပန္လည္ေကာင္းမြန္လာမႈ-2
Chapter(68):သူ႔အပိုင္-1 သူ့အပိုင်-1
Chapter(68):သူ႔အပိုင္-2 သူ့အပိုင်-2
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-1
Chapter(69):အဲ့ဒါ ေကာင္းတာေပါ့!-2
Chapter(70):ငါ့သတို႔သားေလာင္း-1
Chapter(70):ငါ့သတို႔သားေလာင္း-2
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-3
Chapter(70):ဧည့္သည္မ်ားအား ဧည့္ခံျခင္း-4
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-1
Chapter(71):ေသြးေဆာင္ ဖ်ားေယာင္းႏိုင္တဲ့ ပစၥည္းအသစ္တစ္မ်ိဳး-2
Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-2
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-1
Chapter(73):စြမ္းအင္ကတ္ကို အသက္သြင္းျခင္း-2
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-1
Chapter(74):စိတ္႐ွဳပ္ေထြးေနၾကတဲ့ လူသံုးေယာက္-2
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-1
Chapter(75):စိတ္ခြန္အားကို စစ္ေဆးျခင္း-2
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-1
Chapter(76):ဆရာ ေက်းဇူးျပဳၿပီး လက္ဖက္ရည္သံုးေဆာင္ပါ။-2
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-1
Chapter(77):ကတ္လက္မႈ အတတ္ပညာ ေလ့က်င့္ခန္း-2
Chapter(78):စြမ္းအင္ မ႐ွိဘူး။-1 စွမ်းအင် မရှိဘူး။-1
Chapter(78):စြမ္းအင္ မ႐ွိဘူး။-2 စွမ်းအင် မရှိဘူး။-2
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု!-1 ပေါက်ကွဲထွက်မှု နှစ်ခု!-1
Chapter(79):ေပါက္ကြဲထြက္မႈ ႏွစ္ခု-2! ပေါက်ကွဲထွက်မှု နှစ်ခု-2!
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-1
Chapter(80):႐ုပ္ဖ်က္ထားေသာ စိတ္စြမ္းအား-2
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-1
Chapter(81):အား႐ွန္းအတြက္ အထူးသီးသန္႔-2
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-1 ဝင်ခွင့်စာမေးပွဲ(I)-1
Chapter(82):ဝင္ခြင့္စာေမးပြဲ(I)-2 ဝင်ခွင့်စာမေးပွဲ(I)-2
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-1 ဝင်ခွင့်စာမေးပွဲ(II)-1
Chapter(83):ဝင္ခြင့္စာေမးပြဲ(II)-2 ဝင်ခွင့်စာမေးပွဲ(II)-2
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-1
Chapter(84):ေနာက္ဆံုးမွာေတာ့ ဝင္ခြင့္ရခဲ့ၿပီ။-2
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-1
Chapter(85):အေစာပိုင္းကာလ ပထမဆံုး ေက်ာင္းတက္အေတြ႔အၾကံဳ-2
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-1
Chapter(86):ဆိုးရြားေသာ ပတ္ဝန္းက်င္-2
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-1
Chapter(87):ကမာၻမေၾက ရန္ဘက္ေတြ အၾကားက ျငင္းခံုမႈ-2
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-1
Chapter(88):အခန္းေဖာ္ အသစ္မ်ားနဲ႔ ေတြ႔ဆံုျခင္း-2
Chapter(89):သူငယ္ခ်င္း အသစ္မ်ားနဲ႔ မိတ္ဆက္ျခင္း
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-1
Chapter(90):တိုက္ခိုက္ေရး လမ္းၫႊန္မႈမ်ား-2
Chapter(91):ခက္ခဲေသာ ေလ့က်င့္ေရး-1

Chapter(72):သူ႔ကို ေက်ာင္းပို႔ျခင္း-1

3.4K 722 10
By Comet222

Zawgyi

ဒီသင္းရနံ႔က သဘာဝအစားအစာေတြရဲ႕အနံ႔ ျဖစ္လိမ့္မယ္ဆိုတဲ့အခ်က္ကို အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ဝင္တို႔တေတြ နားလည္ သေဘာေပါက္သြားၿပီးကတည္းက သူတို႔ေတြအားလံုး မရပ္မနား တစ္ေယာက္ၿပီးတစ္ေယာက္ မီးဖိုေခ်ာင္အတြင္းထဲကို ၾကည့္ခ်င္ေနၾကတာေၾကာင့္ သူတို႔ရဲ႕လည္ပင္းေတြကို ဆန္႔ေမွ်ာ္ၾကည့္ေနမိၾကတယ္။ တကယ္လို႔ သူတို႔ရဲ႕ေဘာ့စ္က ဒီေနရာမွာ႐ွိလို႔သာ မဟုတ္ဘူးဆိုရင္ သူတို႔အားလံုးၾကည့္ဖို႔အတြက္ မီးဖိုေခ်ာင္ထဲကို အေျပးေလးသြားမိေနၾကေလာက္ၿပီ ျဖစ္တယ္။

ဒီသင္းရနံ႔က အရမ္းကို သြားရည္က်စရာေကာင္းေနတယ္။ ဒါကတကယ္ပဲ သဘာဝအစားအစာရဲ႕အရသာမွ ဟုတ္ရဲ႕လား?

သူတို႔ေတြအရင္တုန္းက သဘာဝအစားအစာေတြကို စားခဲ့ဖူးေပမဲ့ သူတို႔ထဲကတစ္ေယာက္မွ ဒီလိုမ်ိဳးအနံ႔အရမ္းေကာင္းတဲ့ တစ္စံုတစ္ခုကို တစ္ခါမွ မျမင္ခဲ့ဖူးဘူး။ ခ်က္ျပဳတ္ေနတဲ့လူက အထူးစပယ္႐ွယ္ ျဖစ္ေနလို႔မ်ားလား? အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔က ႐ုတ္တရက္ အခုခ်ိန္မွာ မီးဖိုေခ်ာင္ထဲက စားဖိုမွဴးက သူတို႔ရဲ႕မရီးေလးျဖစ္တယ္ဆိုတာကို သတိရသြားၾကတယ္။ အဲ့ဒါဆိုရင္ . . . ဒီသင္းရနံ႔ေတြအားလံုးကို မရီးေလးက ျပဳလုပ္ေနတာေပါ့။

သူတို႔ရဲ႕မရီးေလးကေတာ့ အမွန္တကယ္ကို အရမ္းအံ့ျသဖို႔ေကာင္းတာပဲ!

ေ႐ွာင္မုလန္တစ္ေယာက္ သူတို႔ေတြရဲ႕စိတ္အားထက္သန္မႈကို သူမၾကည့္ေနရင္း မတတ္ႏိုင္ပဲ တိတ္တဆိတ္ ျပံဳးလိုက္မိတယ္။

သူမရဲ႕သားမက္ေလး ခ်က္ျပဳတ္ရာကေန ထြက္လာတဲ့သင္းရနံ႔ကို ႐ွဳမိသူတိုင္း အျမဲတမ္း အရမ္းစိတ္အားထက္သန္ေနၾကလိမ့္မွာ ျဖစ္တယ္။ သူမကိုယ္တိုင္က စိတ္အားထက္သန္မႈကို အခ်ိန္အၾကာႀကီး ထုတ္ေဖာ္ျပသခဲ့ၿပီးတဲ့ေနာက္မွာ ဒါကိုက်င့္သားရေနၿပီဆိုေပမဲ့လည္း ဒီလိုမ်ိဳးေကာင္းမြန္တဲ့ သားမက္ေလးတစ္ေယာက္ကို ရ႐ွိထားတာေၾကာင့္ သူမဂုဏ္ယူမိသလို ခံစားေနရတုန္းပဲျဖစ္တယ္။

သစ္အယ္သီးေလးက သူတို႔က်န္းမိသားစုရဲ႕ မိသားစုဝင္တစ္ေယာက္ ျဖစ္တယ္။ ၿပီးေတာ့ သူတို႔ေတြ သစ္အယ္သီးေလးခ်က္တဲ့ဟင္းပြဲေတြကို ေန႔တိုင္းစားႏိုင္တယ္။ ဝမ္းနည္းစြာနဲ႔ပဲ ဒီလူေတြကေတာ့ ဒီဟင္းပြဲေတြကိုစားဖို႔အတြက္ တစ္ႀကိမ္တစ္ခါေလးသာ ကံေကာင္းၾကတာျဖစ္တယ္။

ဆယ္မိနစ္ေလာက္ ၾကာၿပီးတဲ့ေနာက္မွာ ပထမဆံုးဟင္းပြဲကို ေနာက္ဆံုးမွာေတာ့ တည္ခင္းလိုက္ၿပီျဖစ္တယ္။ ၿပီးေတာ့ ဧည့္သည္ေတြရဲ႕မ်က္လံုးေတြကလည္း ခ်က္ခ်င္းဆိုသလို ၾကည့္ရတာ အရမ္းေကာင္းမြန္လြန္းေနတဲ့ ဟင္းပြဲေပၚမွာပဲ အာရံုစိုက္ထားလိုက္ၾကတယ္။

အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ဝင္ေတြ အားလံုးက ဗဟုသုတႂကြယ္ဝျပည့္စံုၾကတဲ့လူေတြ ျဖစ္ၾကေသာ္ျငားလည္း သူတို႔တေတြ မတတ္ႏိုင္ပဲ လက္ဖ်ားခါသြားၾကရတယ္။ ဒီလိုမ်ိဳးလွပတဲ့ဟင္းပြဲေတြကို ျမင္ဖူးတာက သူတို႔ေတြအတြက္ ပထမဦးဆံုးအႀကိမ္ ျဖစ္ၿပီးေတာ့ ဒါေတြအားလံုးကို သူတို႔မခန္႔မွန္းႏိုင္တဲ့ အမည္မသိကုန္ၾကမ္းပစၥည္းေတြနဲ႔ ခ်က္ျပဳတ္ထားတာျဖစ္တယ္။

သူတို႔ရဲ႕မရီးက ဒီလိုမ်ိဳးလက္ဖ်ားခါရတဲ့ စားဖိုမွဴးတစ္ေယာက္ ျဖစ္ေနလိမ့္မယ္လို႔ သူတို႔ေတြ မေမွ်ာ္လင့္ထားမိၾကဘူး။ သူခ်က္ျပဳတ္တဲ့ဟင္းပြဲေတြက တျခားစားဖိုမွဴးေတြ ခ်က္ျပဳတ္တာနဲ႔ အရမ္းကြဲျပားျခားနားေနတယ္။ သူေဘာ့စ္ရဲ႕ႏွလံုးသားကို ဖမ္းမိသြားႏိုင္တာက အံ့ျသစရာမ႐ွိေတာ့ပါဘူး။

ဟင္းပြဲေတြကို တည္ခင္းၿပီးတဲ့အခ်ိန္မွာ သင္းရနံ႔က ပိုမိုပ်ံ႕ႏွံ႔လာၿပီးေတာ့ အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ရဲ႕ အဖြဲ႔ဝင္ေတြခမ်ာ သူတို႔ကိုယ္သူတို႔ မထိန္းခ်ဳပ္ႏိုင္ၾကေတာ့ပါဘူး။ ခ်က္ခ်င္းဆိုသလို သူတို႔ရဲ႕မာန္မာနေတြက ႐ုတ္တရက္ ၿပိဳလဲက်သြားၿပီးေတာ့ သူတို႔ေတြအားလံုး သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္လံုး အစားမစားဖူးသလိုမ်ိဳး အစားအစာေတြကို ျဖစ္ကတက္ဆန္း ေလာဘတႀကီး စားေသာက္ေနၾကေတာ့တယ္။

တစ္နည္းအားျဖင့္ဆိုရရင္ သူတို႔ေတြ အမွန္တကယ္ကို ဒီလိုအစားအစာမ်ိဳးကို တစ္ခါမွ မစားဖူးခဲ့ၾကပါဘူး။

အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔က စိတ္ေက်နပ္မႈအျပည့္နဲ႔ စားေသာက္ေနၾကၿပီးေတာ့ သူတို႔ရဲ႕ပံုရိပ္ေတြကို ထိန္းသိမ္းထားဖို႔ အာရံုမ႐ွိၾကေတာ့ပါဘူး။ အဆံုးမွာေတာ့ ဒါက ဘယ္သူ႔ရဲ႕တူေတြက အျမန္ဆံုးေရြ႕လ်ားႏိုင္သလဲဆိုတဲ့ ဂိမ္းတစ္ခု ျဖစ္လုနီးပါးျဖစ္သြားခဲ့ၿပီးေတာ့ ေႏွးေကြးတဲ့တူေတြကေတာ့ တျခားလူေတြကို မနာလိုေနရံုမွ်သာ တတ္ႏိုင္ေတာ့တယ္။ က်န္းေမာ့႐ွန္းရဲ႕ေအးခဲေစႏိုင္တဲ့ ေအာ္ရာကေတာင္မွ အလုပ္မျဖစ္ေတာ့ပါဘူး။

ၿပီးဆံုးသြားတဲ့အခ်ိန္မွာ သူတို႔ေတြ သူတို႔ရဲ႕ဝမ္းဗိုက္ေတြ ျပည့္အက္မလာမခ်င္း စားေသာက္ပစ္လိုက္ၾကတယ္။ သူတို႔ရဲ႕ပူေဖာင္းေနတဲ့ဝမ္းဗိုက္ေတြကို ပုတ္ေနၾကရင္း သူတို႔ေတြ ဒီမွာေန႔တိုင္း စားႏိုင္ေသာက္ႏိုင္ဖို႔အတြက္ ျဖစ္ႏိုင္ေခ်႐ွိတဲ့နည္းလမ္းေတြကို တိတ္တဆိတ္ ေတြးေတာေနမိၾကတယ္။ သူတို႔ေဘာ့စ္ရဲ႕ႏွလံုးသားထဲမွာ သူတို႔ေတြအားလံုးက blacklist ထဲ ေရာက္ေနၾကၿပီဆိုတာကို နားလည္သ​ေဘာမေပါက္ၾကပဲနဲ႔ေပါ့။

"မရီး မင္းက အံ့အားသင့္စရာပဲ။ ေနာက္ဆံုးဟင္းပြဲကို ဘယ္လိုေခၚတာလဲ? အဲ့ဒါက တကယ္ကို အရမ္း အရမ္း အရသာ႐ွိတယ္။" ပိုင္ဟူက ယြီဂ်င္လီရဲ႕ေဘးနားမွာထိုင္ေနရင္း ႐ွက္ရြံ႕ေနတဲ့မ်က္ႏွာေလးနဲ႔ ေမးလိုက္တယ္။

"႐ွဥ့္မက္ဒရင္းငါးေလ တကယ္လို႔ ခင္ဗ်ားဒါကိုႀကိဳက္ရင္ ခင္ဗ်ား ေနာက္တစ္ႀကိမ္လာတဲ့အခ်ိန္က်ရင္ ကြၽန္ေတာ္ခ်က္ေပးမယ္။" ယြီဂ်င္လီက အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

"တကယ္လား?" ဒီစကားလံုးေတြကို ၾကားလိုက္ေတာ့ အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔က ခ်က္ခ်င္း အံ့အားသင့္စြာ ေမးလိုက္မိၾကတယ္။

"အဟမ္း . . . " က်န္းေမာ့႐ွန္းက ဒါက လံုေလာက္ေနၿပီ။ ၿပီးေတာ့ အားလံုးရပ္လိုက္သင့္ၿပီဆိုတဲ့ စကားကို ၫႊန္ျပေနတဲ့ သတိေပးေခ်ာင္းဆိုးသံတစ္ခ်က္ကို ေပးလိုက္တယ္။ မဟုတ္ရင္ေတာ့ သူျပန္သြားတဲ့အခ်ိန္က်ရင္ ေလ့က်င့္ေရးကို ႏွစ္ဆထက္ပိုမ်ားပစ္လိုက္မွာ ျဖစ္တယ္။

ေသခ်ာေပါက္ကိုပဲ ေနာက္တစ္စကၠန္႔ေလးအတြင္းမွာ အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ရဲ႕အဖြဲ႔ဝင္ေတြက အေတာ္ေလး စိတ္တည္ၿငိမ္သြားၾကၿပီျဖစ္တယ္။ အဆံုးသတ္မွာေတာ့ သူတို႔ေတြအားလံုးက ေဘာ့စ္ရဲ႕နည္းလမ္းေတြကို ေတြ႔ၾကံဳခဲ့ဖူးၾကၿပီးေတာ့ ေဘာ့စ္ရဲ႕သင္ခန္းစာေပးမႈေတြကို တစ္ေယာက္မွ ေနာက္ထပ္ ထပ္ၿပီး မသင္ၾကားခံခ်င္ၾကေတာ့ပါဘူး။

သို႔ေသာ္လည္း ဒီလိုမ်ိဳးအရသာ႐ွိတဲ့ အရာေတြအတြက္က ဒါေတြအားလံုးကို ေဘာ့စ္တစ္ေယာက္တည္း လက္ဝါးႀကီးအုပ္ထားတာက်ေတာ့ အရမ္းမတရားတာပဲ။

"ေနာက္က်ေနၿပီ။" က်န္းေမာ့႐ွန္းက မသိမသာ​ေပါ့ေပါ့ပါးပါးေျပာလိုက္ေပမဲ့ အဓိပၸါယ္ကေတာ့ အရမ္းသိသာပါတယ္။ အံ့ဖြယ္သားရဲေကာင္ႀကီးအဖြဲ႔ရဲ႕အဖြဲ႔ဝင္ေတြက အရမ္းစိတ္မပါ တြန္႔ဆုတ္ေနၾကေသာ္ျငားလည္း ေရြးခ်ယ္စရာမ႐ွိပဲ သူတို႔ေတြ က်န္းအိမ္ေတာ္ထဲကေန ထြက္ခြာသြားၾကရေတာ့တယ္။

"႐ွန္းအာ ဒါက သားရဲ႕ငယ္သားေတြအတြက္ တကယ္အဆင္ေျပပါ့မလား?" ေ႐ွာင္မုလန္က အကူအညီမဲ့ေနတဲ့အျပံဳးေလးနဲ႔ ေျပာလိုက္တယ္။

"အဲ့ဒီအစားၾကဴးတဲ့လူတစ္အုပ္စု တကယ္လို႔ သူတို႔ေတြကို ဒီကိုမၾကာခဏအလည္လာဖို႔ အမွန္တကယ္ ခြင့္ျပဳေပးလိုက္မယ္ဆိုရင္ သစ္အယ္သီးေလး ေျခကုန္လက္ပန္းက်ေနရလိမ့္မယ္။" က်န္းေမာ့႐ွန္းက သဘာဝက်က်ေျပာလိုက္တယ္။

သူ႔ရဲ႕လက္တြဲေဖာ္ကို မပင္ပန္းေစဖို႔အတြက္ သူသူ႔ရဲ႕ညီအစ္ကိုေတြရဲ႕ စားခ်င္စိတ္အာသီသေတြကို စြန္႔လႊတ္အနစ္နာခံပစ္လိုက္မွပဲရမယ္။

ဟမ့္ အဲ့ဒါက မမွားႏိုင္ဘူး!

ေ႐ွာင္မုလန္တစ္ေယာက္လည္း ဒါကို ၾကားလိုက္ရတဲ့အခ်ိန္မွာ အရမ္းအက်ိဳးအေၾကာင္းဆီေလ်ာ္တယ္လို႔ ခံစားလိုက္ရတယ္။ ၿပီးေတာ့ သူမကလည္း သူမရဲ႕သားမက္ေလးကို အစကတည္းကကို ခ်စ္ျမတ္ႏိုးတယ္ေလ။ လူတိုင္းအတြက္ အႀကိမ္တိုင္း စားစရာေတြအမ်ားႀကီးကို ခ်က္ျပဳတ္ေပးေနရမယ္ဆိုရင္ အဲ့ဒါက အမွန္တကယ္ကို အရမ္းပင္ပန္းေနမွာပဲ။

ေသခ်ာေပါက္ကိုပဲ အနာဂတ္က်ရင္ အိမ္ကို ဧည့္သည္အလာ နည္းသထက္နည္းေအာင္ လုပ္ရမယ္။

"အေမ ကြၽန္ေတာ္အေမနဲ႔ ေဆြးေႏြးစရာ႐ွိလို႔။" က်န္းေမာ့႐ွန္းက ေ႐ွာင္မုလန္ေဘးမွာ ဝင္ထိုင္လိုက္ၿပီးေတာ့ အေလးအနက္ထား ေျပာလိုက္တယ္။

"ဘာကိစၥမို႔လို႔လဲ?" ေ႐ွာင္မုလန္တစ္ေယာက္ သူမသားက သူမကို ဒီလိုမ်ိဳးစကားေျပာလာတာက ျမင္ရခဲတယ္။ ၿပီးေတာ့ သူမလည္း ႐ုတ္တရက္ဆိုသလို ခ်က္ခ်င္း အေလးအနက္ျဖစ္လာေတာ့တယ္။

"ကြၽန္ေတာ္သစ္အယ္သီးေလးကို ေက်ာင္းပို႔ခ်င္တယ္။" က်န္းေမာ့႐ွန္းက ေျပာလိုက္တယ္။

သစ္အယ္သီးေလးကို အသိအမွတ္ျပဳၿပီးကတည္းက သူသစ္အယ္သီးေလးရဲ႕ အတိတ္အေၾကာင္းေတြအားလံုးကို စံုစမ္းစစ္ေဆးခဲ့ၿပီးသားျဖစ္တယ္။ သူပိုၿပီးထဲထဲဝင္ဝင္ စံုစမ္းၾကည့္ေလေလ သစ္အယ္သီးေလးအတြက္ သူပိုၿပီးစိတ္ေသာကေရာက္ရေလေလ ျဖစ္ၿပီးေတာ့ ယြိမိသားစုအတြက္ သူ႔ရဲ႕ထင္ျမင္ခ်က္ေတြကလည္း ပိုၿပီးဆိုးရြားလာေလေလျဖစ္တယ္။

သူအခ်ိန္ကိုေနာက္ျပန္ဆုတ္ၿပီး ယြီမိသားစုဆီ တိုက္႐ိုက္သြားၿပီးေတာ့ သစ္အယ္သီးေလးကို သူ႔ရဲ႕က်န္းမိသားစုဆီ ဒီအတိုင္း ေခၚေဆာင္လာခဲ့ႏိုင္ဖို႔ကို ဆုေတာင္းမိတယ္။ အဲ့ဒါဆိုရင္ သစ္အယ္သီးေလးလည္း နာက်င္ခံစားရမႈေတြ ဒီေလာက္အမ်ားႀကီးကို မၾကံဳေတြ႔ရေတာ့ဘူးေပါ့။

ယြီဂ်င္လီက ယြီမိသားစုရဲ႕ တရားမဝင္သားတစ္ေယာက္ ျဖစ္ေပမဲ့လည္း ယြီမိသားစုက သူ႔ကိုဘယ္တုန္းကမွ ဂ႐ုမစိုက္ခဲ့ဖူးဘူး။ ၿပီးေတာ့ သူ႔ကိုေက်ာင္းပို႔ဖို႔ေနေနသာသာ သူ႔ရဲ႕အစားအစာနဲ႔ အဝတ္အစားေတြကိုေတာင္မွ ျဖတ္ယူထားခဲ့ေသးတယ္။

ထို႔ေၾကာင့္ အတိတ္မွာတုန္းက ယြီဂ်င္လီက ဘယ္ေက်ာင္းတစ္ခုကိုမွ မတက္ေရာက္ခဲ့ဖူး႐ွာပါဘူး။

အခုခ်ိန္မွာ သစ္အယ္သီးေလးက သူတို႔က်န္းမိသားစုရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ေနၿပီဆိုေတာ့ သူတို႔ေတြကလည္း သဘာဝက်က်ကိုပဲ သူ႔ကို ဆိုးဆိုးရြားရြား မဆက္ဆံခ်င္ပါဘူး။ အဲ့ဒါေၾကာင့္ သစ္အယ္သီးေလးက ဘာစြမ္းရည္ ဘာဗဟုသုတမွ မ႐ွိေသာ္ျငားလည္းပဲ သူတို႔က်န္းမိသားစုအဆင့္အတန္းနဲ႔ဆိုရင္ သူ႔ရဲ႕ဘဝတစ္ေလွ်ာက္လံုးမွာ သူစိုးရိမ္မႈကင္းကင္းေနႏိုင္လိမ့္မယ္။

ဒါေပမဲ့ ယြီဂ်င္လီက ၾကည့္လိုက္ရင္ ႐ိုး႐ွင္းတဲ့ပံုေပၚၿပီး ဘာလိုအင္ဆႏၵေတြမွ မ႐ွိေသာ္ျငားလည္းပဲ သူကေသခ်ာေပါက္ကို တျခားလူေတြအေပၚမွာ မွီခိုေနထိုင္တတ္တဲ့လူစားမ်ိဳး မဟုတ္ဘူးဆိုတာကို က်န္းေမာ့႐ွန္း နားလည္သေဘာေပါက္ပါတယ္။













Unicode

Chapter(72):သူ့ကို ကျောင်းပို့ခြင်း-1

ဒီသင်းရနံ့က သဘာဝအစားအစာတွေရဲ့အနံ့ ဖြစ်လိမ့်မယ်ဆိုတဲ့အချက်ကို အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ဝင်တို့တတွေ နားလည် သဘောပေါက်သွားပြီးကတည်းက သူတို့တွေအားလုံး မရပ်မနား တစ်ယောက်ပြီးတစ်ယောက် မီးဖိုချောင်အတွင်းထဲကို ကြည့်ချင်နေကြတာကြောင့် သူတို့ရဲ့လည်ပင်းတွေကို ဆန့်မျှော်ကြည့်နေမိကြတယ်။ တကယ်လို့ သူတို့ရဲ့ဘော့စ်က ဒီနေရာမှာရှိလို့သာ မဟုတ်ဘူးဆိုရင် သူတို့အားလုံးကြည့်ဖို့အတွက် မီးဖိုချောင်ထဲကို အပြေးလေးသွားမိနေကြလောက်ပြီ ဖြစ်တယ်။

ဒီသင်းရနံ့က အရမ်းကို သွားရည်ကျစရာကောင်းနေတယ်။ ဒါကတကယ်ပဲ သဘာဝအစားအစာရဲ့အရသာမှ ဟုတ်ရဲ့လား?

သူတို့တွေအရင်တုန်းက သဘာဝအစားအစာတွေကို စားခဲ့ဖူးပေမဲ့ သူတို့ထဲကတစ်ယောက်မှ ဒီလိုမျိုးအနံ့အရမ်းကောင်းတဲ့ တစ်စုံတစ်ခုကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး။ ချက်ပြုတ်နေတဲ့လူက အထူးစပယ်ရှယ် ဖြစ်နေလို့များလား? အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့က ရုတ်တရက် အခုချိန်မှာ မီးဖိုချောင်ထဲက စားဖိုမှူးက သူတို့ရဲ့မရီးလေးဖြစ်တယ်ဆိုတာကို သတိရသွားကြတယ်။ အဲ့ဒါဆိုရင် . . . ဒီသင်းရနံ့တွေအားလုံးကို မရီးလေးက ပြုလုပ်နေတာပေါ့။

သူတို့ရဲ့မရီးလေးကတော့ အမှန်တကယ်ကို အရမ်းအံ့သြဖို့ကောင်းတာပဲ!

ရှောင်မုလန်တစ်ယောက် သူတို့တွေရဲ့စိတ်အားထက်သန်မှုကို သူမကြည့်နေရင်း မတတ်နိုင်ပဲ တိတ်တဆိတ် ပြုံးလိုက်မိတယ်။

သူမရဲ့သားမက်လေး ချက်ပြုတ်ရာကနေ ထွက်လာတဲ့သင်းရနံ့ကို ရှုမိသူတိုင်း အမြဲတမ်း အရမ်းစိတ်အားထက်သန်နေကြလိမ့်မှာ ဖြစ်တယ်။ သူမကိုယ်တိုင်က စိတ်အားထက်သန်မှုကို အချိန်အကြာကြီး ထုတ်ဖော်ပြသခဲ့ပြီးတဲ့နောက်မှာ ဒါကိုကျင့်သားရနေပြီဆိုပေမဲ့လည်း ဒီလိုမျိုးကောင်းမွန်တဲ့ သားမက်လေးတစ်ယောက်ကို ရရှိထားတာကြောင့် သူမဂုဏ်ယူမိသလို ခံစားနေရတုန်းပဲဖြစ်တယ်။

သစ်အယ်သီးလေးက သူတို့ကျန်းမိသားစုရဲ့ မိသားစုဝင်တစ်ယောက် ဖြစ်တယ်။ ပြီးတော့ သူတို့တွေ သစ်အယ်သီးလေးချက်တဲ့ဟင်းပွဲတွေကို နေ့တိုင်းစားနိုင်တယ်။ ဝမ်းနည်းစွာနဲ့ပဲ ဒီလူတွေကတော့ ဒီဟင်းပွဲတွေကိုစားဖို့အတွက် တစ်ကြိမ်တစ်ခါလေးသာ ကံကောင်းကြတာဖြစ်တယ်။

ဆယ်မိနစ်လောက် ကြာပြီးတဲ့နောက်မှာ ပထမဆုံးဟင်းပွဲကို နောက်ဆုံးမှာတော့ တည်ခင်းလိုက်ပြီဖြစ်တယ်။ ပြီးတော့ ဧည့်သည်တွေရဲ့မျက်လုံးတွေကလည်း ချက်ချင်းဆိုသလို ကြည့်ရတာ အရမ်းကောင်းမွန်လွန်းနေတဲ့ ဟင်းပွဲပေါ်မှာပဲ အာရုံစိုက်ထားလိုက်ကြတယ်။

အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ဝင်တွေ အားလုံးက ဗဟုသုတကြွယ်ဝပြည့်စုံကြတဲ့လူတွေ ဖြစ်ကြသော်ငြားလည်း သူတို့တတွေ မတတ်နိုင်ပဲ လက်ဖျားခါသွားကြရတယ်။ ဒီလိုမျိုးလှပတဲ့ဟင်းပွဲတွေကို မြင်ဖူးတာက သူတို့တွေအတွက် ပထမဦးဆုံးအကြိမ် ဖြစ်ပြီးတော့ ဒါတွေအားလုံးကို သူတို့မခန့်မှန်းနိုင်တဲ့ အမည်မသိကုန်ကြမ်းပစ္စည်းတွေနဲ့ ချက်ပြုတ်ထားတာဖြစ်တယ်။

သူတို့ရဲ့မရီးက ဒီလိုမျိုးလက်ဖျားခါရတဲ့ စားဖိုမှူးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူတို့တွေ မမျှော်လင့်ထားမိကြဘူး။ သူချက်ပြုတ်တဲ့ဟင်းပွဲတွေက တခြားစားဖိုမှူးတွေ ချက်ပြုတ်တာနဲ့ အရမ်းကွဲပြားခြားနားနေတယ်။ သူဘော့စ်ရဲ့နှလုံးသားကို ဖမ်းမိသွားနိုင်တာက အံ့သြစရာမရှိတော့ပါဘူး။

ဟင်းပွဲတွေကို တည်ခင်းပြီးတဲ့အချိန်မှာ သင်းရနံ့က ပိုမိုပျံ့နှံ့လာပြီးတော့ အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့ အဖွဲ့ဝင်တွေခမျာ သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပါဘူး။ ချက်ချင်းဆိုသလို သူတို့ရဲ့မာန်မာနတွေက ရုတ်တရက် ပြိုလဲကျသွားပြီးတော့ သူတို့တွေအားလုံး သူတို့ရဲ့ဘဝတစ်လျှောက်လုံး အစားမစားဖူးသလိုမျိုး အစားအစာတွေကို ဖြစ်ကတက်ဆန်း လောဘတကြီး စားသောက်နေကြတော့တယ်။

တစ်နည်းအားဖြင့်ဆိုရရင် သူတို့တွေ အမှန်တကယ်ကို ဒီလိုအစားအစာမျိုးကို တစ်ခါမှ မစားဖူးခဲ့ကြပါဘူး။

အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့က စိတ်ကျေနပ်မှုအပြည့်နဲ့ စားသောက်နေကြပြီးတော့ သူတို့ရဲ့ပုံရိပ်တွေကို ထိန်းသိမ်းထားဖို့ အာရုံမရှိကြတော့ပါဘူး။ အဆုံးမှာတော့ ဒါက ဘယ်သူ့ရဲ့တူတွေက အမြန်ဆုံးရွေ့လျားနိုင်သလဲဆိုတဲ့ ဂိမ်းတစ်ခု ဖြစ်လုနီးပါးဖြစ်သွားခဲ့ပြီးတော့ နှေးကွေးတဲ့တူတွေကတော့ တခြားလူတွေကို မနာလိုနေရုံမျှသာ တတ်နိုင်တော့တယ်။ ကျန်းမော့ရှန်းရဲ့အေးခဲစေနိုင်တဲ့ အော်ရာကတောင်မှ အလုပ်မဖြစ်တော့ပါဘူး။

ပြီးဆုံးသွားတဲ့အချိန်မှာ သူတို့တွေ သူတို့ရဲ့ဝမ်းဗိုက်တွေ ပြည့်အက်မလာမချင်း စားသောက်ပစ်လိုက်ကြတယ်။ သူတို့ရဲ့ပူဖောင်းနေတဲ့ဝမ်းဗိုက်တွေကို ပုတ်နေကြရင်း သူတို့တွေ ဒီမှာနေ့တိုင်း စားနိုင်သောက်နိုင်ဖို့အတွက် ဖြစ်နိုင်ချေရှိတဲ့နည်းလမ်းတွေကို တိတ်တဆိတ် တွေးတောနေမိကြတယ်။ သူတို့ဘော့စ်ရဲ့နှလုံးသားထဲမှာ သူတို့တွေအားလုံးက blacklist ထဲ ရောက်နေကြပြီဆိုတာကို နားလည်သ​ဘောမပေါက်ကြပဲနဲ့ပေါ့။

"မရီး မင်းက အံ့အားသင့်စရာပဲ။ နောက်ဆုံးဟင်းပွဲကို ဘယ်လိုခေါ်တာလဲ? အဲ့ဒါက တကယ်ကို အရမ်း အရမ်း အရသာရှိတယ်။" ပိုင်ဟူက ယွီဂျင်လီရဲ့ဘေးနားမှာထိုင်နေရင်း ရှက်ရွံ့နေတဲ့မျက်နှာလေးနဲ့ မေးလိုက်တယ်။

"ရှဥ့်မက်ဒရင်းငါးလေ တကယ်လို့ ခင်ဗျားဒါကိုကြိုက်ရင် ခင်ဗျား နောက်တစ်ကြိမ်လာတဲ့အချိန်ကျရင် ကျွန်တော်ချက်ပေးမယ်။" ယွီဂျင်လီက အပြုံးလေးနဲ့ ပြောလိုက်တယ်။

"တကယ်လား?" ဒီစကားလုံးတွေကို ကြားလိုက်တော့ အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့က ချက်ချင်း အံ့အားသင့်စွာ မေးလိုက်မိကြတယ်။

"အဟမ်း . . . " ကျန်းမော့ရှန်းက ဒါက လုံလောက်နေပြီ။ ပြီးတော့ အားလုံးရပ်လိုက်သင့်ပြီဆိုတဲ့ စကားကို ညွှန်ပြနေတဲ့ သတိပေးချောင်းဆိုးသံတစ်ချက်ကို ပေးလိုက်တယ်။ မဟုတ်ရင်တော့ သူပြန်သွားတဲ့အချိန်ကျရင် လေ့ကျင့်ရေးကို နှစ်ဆထက်ပိုများပစ်လိုက်မှာ ဖြစ်တယ်။

သေချာပေါက်ကိုပဲ နောက်တစ်စက္ကန့်လေးအတွင်းမှာ အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့အဖွဲ့ဝင်တွေက အတော်လေး စိတ်တည်ငြိမ်သွားကြပြီဖြစ်တယ်။ အဆုံးသတ်မှာတော့ သူတို့တွေအားလုံးက ဘော့စ်ရဲ့နည်းလမ်းတွေကို တွေ့ကြုံခဲ့ဖူးကြပြီးတော့ ဘော့စ်ရဲ့သင်ခန်းစာပေးမှုတွေကို တစ်ယောက်မှ နောက်ထပ် ထပ်ပြီး မသင်ကြားခံချင်ကြတော့ပါဘူး။

သို့သော်လည်း ဒီလိုမျိုးအရသာရှိတဲ့ အရာတွေအတွက်က ဒါတွေအားလုံးကို ဘော့စ်တစ်ယောက်တည်း လက်ဝါးကြီးအုပ်ထားတာကျတော့ အရမ်းမတရားတာပဲ။

"နောက်ကျနေပြီ။" ကျန်းမော့ရှန်းက မသိမသာ​ပေါ့ပေါ့ပါးပါးပြောလိုက်ပေမဲ့ အဓိပ္ပါယ်ကတော့ အရမ်းသိသာပါတယ်။ အံ့ဖွယ်သားရဲကောင်ကြီးအဖွဲ့ရဲ့အဖွဲ့ဝင်တွေက အရမ်းစိတ်မပါ တွန့်ဆုတ်နေကြသော်ငြားလည်း ရွေးချယ်စရာမရှိပဲ သူတို့တွေ ကျန်းအိမ်တော်ထဲကနေ ထွက်ခွာသွားကြရတော့တယ်။

"ရှန်းအာ ဒါက သားရဲ့ငယ်သားတွေအတွက် တကယ်အဆင်ပြေပါ့မလား?" ရှောင်မုလန်က အကူအညီမဲ့နေတဲ့အပြုံးလေးနဲ့ ပြောလိုက်တယ်။

"အဲ့ဒီအစားကြူးတဲ့လူတစ်အုပ်စု တကယ်လို့ သူတို့တွေကို ဒီကိုမကြာခဏအလည်လာဖို့ အမှန်တကယ် ခွင့်ပြုပေးလိုက်မယ်ဆိုရင် သစ်အယ်သီးလေး ခြေကုန်လက်ပန်းကျနေရလိမ့်မယ်။" ကျန်းမော့ရှန်းက သဘာဝကျကျပြောလိုက်တယ်။

သူ့ရဲ့လက်တွဲဖော်ကို မပင်ပန်းစေဖို့အတွက် သူသူ့ရဲ့ညီအစ်ကိုတွေရဲ့ စားချင်စိတ်အာသီသတွေကို စွန့်လွှတ်အနစ်နာခံပစ်လိုက်မှပဲရမယ်။

ဟမ့် အဲ့ဒါက မမှားနိုင်ဘူး!

ရှောင်မုလန်တစ်ယောက်လည်း ဒါကို ကြားလိုက်ရတဲ့အချိန်မှာ အရမ်းအကျိုးအကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရတယ်။ ပြီးတော့ သူမကလည်း သူမရဲ့သားမက်လေးကို အစကတည်းကကို ချစ်မြတ်နိုးတယ်လေ။ လူတိုင်းအတွက် အကြိမ်တိုင်း စားစရာတွေအများကြီးကို ချက်ပြုတ်ပေးနေရမယ်ဆိုရင် အဲ့ဒါက အမှန်တကယ်ကို အရမ်းပင်ပန်းနေမှာပဲ။

သေချာပေါက်ကိုပဲ အနာဂတ်ကျရင် အိမ်ကို ဧည့်သည်အလာ နည်းသထက်နည်းအောင် လုပ်ရမယ်။

"အမေ ကျွန်တော်အမေနဲ့ ဆွေးနွေးစရာရှိလို့။" ကျန်းမော့ရှန်းက ရှောင်မုလန်ဘေးမှာ ဝင်ထိုင်လိုက်ပြီးတော့ အလေးအနက်ထား ပြောလိုက်တယ်။

"ဘာကိစ္စမို့လို့လဲ?" ရှောင်မုလန်တစ်ယောက် သူမသားက သူမကို ဒီလိုမျိုးစကားပြောလာတာက မြင်ရခဲတယ်။ ပြီးတော့ သူမလည်း ရုတ်တရက်ဆိုသလို ချက်ချင်း အလေးအနက်ဖြစ်လာတော့တယ်။

"ကျွန်တော်သစ်အယ်သီးလေးကို ကျောင်းပို့ချင်တယ်။" ကျန်းမော့ရှန်းက ပြောလိုက်တယ်။

သစ်အယ်သီးလေးကို အသိအမှတ်ပြုပြီးကတည်းက သူသစ်အယ်သီးလေးရဲ့ အတိတ်အကြောင်းတွေအားလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီးသားဖြစ်တယ်။ သူပိုပြီးထဲထဲဝင်ဝင် စုံစမ်းကြည့်လေလေ သစ်အယ်သီးလေးအတွက် သူပိုပြီးစိတ်သောကရောက်ရလေလေ ဖြစ်ပြီးတော့ ယွိမိသားစုအတွက် သူ့ရဲ့ထင်မြင်ချက်တွေကလည်း ပိုပြီးဆိုးရွားလာလေလေဖြစ်တယ်။

သူအချိန်ကိုနောက်ပြန်ဆုတ်ပြီး ယွီမိသားစုဆီ တိုက်ရိုက်သွားပြီးတော့ သစ်အယ်သီးလေးကို သူ့ရဲ့ကျန်းမိသားစုဆီ ဒီအတိုင်း ခေါ်ဆောင်လာခဲ့နိုင်ဖို့ကို ဆုတောင်းမိတယ်။ အဲ့ဒါဆိုရင် သစ်အယ်သီးလေးလည်း နာကျင်ခံစားရမှုတွေ ဒီလောက်အများကြီးကို မကြုံတွေ့ရတော့ဘူးပေါ့။

ယွီဂျင်လီက ယွီမိသားစုရဲ့ တရားမဝင်သားတစ်ယောက် ဖြစ်ပေမဲ့လည်း ယွီမိသားစုက သူ့ကိုဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးဘူး။ ပြီးတော့ သူ့ကိုကျောင်းပို့ဖို့နေနေသာသာ သူ့ရဲ့အစားအစာနဲ့ အဝတ်အစားတွေကိုတောင်မှ ဖြတ်ယူထားခဲ့သေးတယ်။

ထို့ကြောင့် အတိတ်မှာတုန်းက ယွီဂျင်လီက ဘယ်ကျောင်းတစ်ခုကိုမှ မတက်ရောက်ခဲ့ဖူးရှာပါဘူး။

အခုချိန်မှာ သစ်အယ်သီးလေးက သူတို့ကျန်းမိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဆိုတော့ သူတို့တွေကလည်း သဘာဝကျကျကိုပဲ သူ့ကို ဆိုးဆိုးရွားရွား မဆက်ဆံချင်ပါဘူး။ အဲ့ဒါကြောင့် သစ်အယ်သီးလေးက ဘာစွမ်းရည် ဘာဗဟုသုတမှ မရှိသော်ငြားလည်းပဲ သူတို့ကျန်းမိသားစုအဆင့်အတန်းနဲ့ဆိုရင် သူ့ရဲ့ဘဝတစ်လျှောက်လုံးမှာ သူစိုးရိမ်မှုကင်းကင်းနေနိုင်လိမ့်မယ်။

ဒါပေမဲ့ ယွီဂျင်လီက ကြည့်လိုက်ရင် ရိုးရှင်းတဲ့ပုံပေါ်ပြီး ဘာလိုအင်ဆန္ဒတွေမှ မရှိသော်ငြားလည်းပဲ သူကသေချာပေါက်ကို တခြားလူတွေအပေါ်မှာ မှီခိုနေထိုင်တတ်တဲ့လူစားမျိုး မဟုတ်ဘူးဆိုတာကို ကျန်းမော့ရှန်း နားလည်သဘောပေါက်ပါတယ်။






Continue Reading

You'll Also Like

1.3M 44.4K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1M 54.1K 46
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.