မမ ( Complete )

By dateburma

52.1K 3K 114

မန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိ... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 14
Part - 15
Part -16
Part - 17
Part - 18
မမ ( The end )

Part - 13

1.9K 136 3
By dateburma

အိပ်ယာနိုးနိုးချင်း ဖုန်းဖွင့်လိုက်တော့ အဆက်မပြတ်ပို့ထားသော messenger မှစာများ။

" ဒိတ်
မင်းကို မမပြောစရာရှိတယ် ဇာခြည်ကိုလည်း ပြောထားတယ်
အားတဲ့ချိန် မမကို miss call ပေးပါ "

ကျွန်တော်စိတ်ထဲ နည်းနည်းစိုးရိမ်သွားသည်။ ကျွန်တော်တို့နှစ်ယောက်ကို ပြတ်ခိုင်းတာမျိုး အနေအထိုင် ဆင်ခြင်ခိုင်းတာမျိုးဆို ဒုက္ခ။

အခန်းထဲက ထွက်လာတော့ မမက ကော်ဖီသောက်ရင်း တစ်ခုခုကို တွေးနေပုံရသည်။

" မမ "

" သြော် အင်း ဒိတ် "

ကျွန်တော်ခေါ်လိုက်မှ သတိဝင်လာပုံ

" မင်းမျက်နှာသစ်ပြီးရင် အမြန်လာခဲ့အုန်း "

" ဟုတ်ကဲ့ "

မမလည်း စိုးရိမ်နေပုံရသည်။

ငါတို့နှစ်ယောက်ကို ခွဲရင် ဘယ်လိုလုပ်ရမလဲ
တစ်ခုခုရွေးဆို မမက သူ့ပဲရွေးမှာ အသေချာ
ငါ ကျန်နေခဲ့တော့မှာလား
ငါ ကျန်နေခဲ့တော့မှာလား

သန့်ရှင်းရေးကိုး ကမန်းကတန်းမြန်မြန်လုပ်ပြီး အခန်းထဲက ထွက်လာခဲ့သည်။ သိချင်စိတ်က စိုးရိမ်မှတ်ထက် ကျော်နေပြီ

မမအနား ဘေးချင်းကပ်ထိုင်ရင်း

" သူဘာပြောမလဲ မသိဘူးနော် "

" မင်းဆီလည်း စာပို့ထားတာလား ငါ့ပြပါအုန်း "

ကျွန်တော့်ဖုန်းကို ယူဖွင့်လိုက်တော့ wallpaper က မမပုံ။
မမ ကျေနပ်သလို တစ်ချက်ပြုံးရင်း

" password ကဘာလဲ "

" မမမွေးနေ့ "

" ၇ လုံးတောင် ဖြစ်နေပြီ "

" 161994 "

စာကို ကြည့်ပြီး မမက ခေါင်းကုတ်နေသည်။

" miss call ပေးလိုက်တော့မယ်နော် "

" အင်း "

Messenger မှ miss call ပေးရင်း ခဏစောင့်နေလိုက်သည်။ သူချက်ချင်း အားမယ်မထင်။ သူ့ကိုစောင့်ရင်း ကျွန်တော့်အတွက် ကော်ဖီထဖျော်ကာ မမအတွက် ဒိန်ချဥ်တစ်ဗူး ယူလာပေးခဲ့သည်။

" ဒိတ် မြန်မြန်လာ "

ကျွန်တော်တို့နှစ်ယောက်နဲ့ မမမိုး မျက်နှာချင်းဆိုင် video call ပြောနေကြသည်။

" နေကောင်းကြလား နှစ်ယောက်လုံး "

" ဟုတ်ကဲ့ "

နှစ်ယောက်အတူ ခေါင်းညိတ်ပြီး ဖြေလိုက်ကြသည်။

" မိုး မင်းတို့နှစ်ယောက်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောချင်တယ် ဒီကိစ္စကိုလည်း အဆုနဲ့ နေမင်းတို့ကို တိုင်ပင်ပြီးပြီ
သူတို့ကလည်း လက်ခံတယ် သဘောတူတယ် "

" ဘာကိုလဲ မိုး
ဘာတွေ တိုင်ပင်နေတာလဲ "

မမက သိချင်စိတ်နဲ့ စကားဖြတ်ပြောသည်။ ကျွန်တော်ကတော့ ငြိမ်သက်နေဆဲ။

" အခု မင်းတို့နှစ်ယောက် တွဲနေတာကို မိုးသိတယ်
မိုးရဲ့မိဘတွေလည်း ရိပ်မိနေပြီ "

မမမျက်နှာ နီရဲနေပြီး ခေါင်းငုံ့ထားသည်။ ကျွန်တော်က မမမိုး မမြင်အောင် ခုံအောက်ကနေ မမရဲ့လက်ကို ဆုတ်ကိုင် ဖျစ်ညှစ်ထားသည်။

" ဒီတော့ မိုးစဥ်းစားမိတာက
မိုးတို့နှစ်ယောက် ပျက်သလို ဟန်ဆောင်ထားမယ် မိုးရဲ့မိဘတွေကိုလည်း ပျက်သွားပြီလို့ ပြောလိုက်မယ်
ပြီးတော့ မိုးရဲ့သူငယ်ချင်းတစ်ယောက်ယောက်နဲ့ တွဲနေသလို ဟန်ဆောင်မယ်
ဒီတော့ ဇာခြည်နဲ့ ဒိတ်လည်း အဲ့မြို့မှာ နေရထိုင်ရ မခက်တော့ဘူးပေါ့ "

" ပြီးရင်ကော "

မမမိုး စကားရပ်သွားတာကြောင့် ကျွန်တော်မေးလိုက်ပြန်သည်။

" ပြီးတဲ့ကိစ္စက မိုး အဲ့ကိုပြန်လာမှ ဆက်ပြောကြမယ်
အရာရာတိုင်းက ဇာခြည်ရဲ့ ဆုံးဖြတ်ချက်ပါပဲ
သူရွေးချယ်မှုကို မိုးလက်ခံတယ် ဒိတ်လည်း လက်ခံမယ် ထင်ပါတယ် "

" ဟုတ်ကဲ့ လက်ခံပါတယ် "

" ဟုတ်ပြီ ဒါဆို ဒီလောက်ပဲနော် မိုးအလုပ်လေး ဆက်လုပ်စရာရှိလို့ "

" ဇာခြည့်ကို ဂရုစိုက်ပေးပါ ဒိတ် "

" စိတ်ချပါ "

ဖုန်းချသွားတော့မှ မမက မဝံ့မရဲလေး ကျွန်တော့်ကို မော့ကြည့်သည်။ ပြီးတော့ သူပြောနေကျအတိုင်း

" မမက မိုးကိုပဲ လက်ထပ်မှာနော် ဒိတ်ကို မျှော်လင့်ချက် အကြီးကြီး မထားစေချင်ဘူး "

" ဟုတ်ပါပြီဗျာ အရာရာတိုင်း မမသဘောပါ " လို့ပြောပြီး မမနှဖူးလေးကို အနမ်းဖွဖွပေးလိုက်သည်။ ထိုင်နေရာက ထပြီး မမအတွက် တစ်ခုခု ပြင်ဆင်ပေးရအုန်းမည်။ ဒီနေ့ မမကို ပိုပျော်အောင် ထားရမည်။ မမ ဝမ်းနည်းနေတယ်ဆိုတာ ကျွန်တော့်နှလုံးသားက အလိုလို သိပါသည်။

မမနဲ့အတူ စျေးထဲသို့သွားကာ မမကြိုက်တတ်သော အရာများ အဓိကဝယ်ခဲ့သည်။

" မမ ဒီနေ့ အဆုအိမ်ကို ခဏသွားအုန်းမယ် "

" အင်း "

အိမ်ပြန်ရောက်တော့ နှစ်ယောက်အတူတူ ချက်ပြုတ်စားသောက်ကြသည်။ အခုချိန်ထိ မမမျက်နှာမကြည်လင်ပါ မနက်က မမမိုး ပြောတာကို သူသံသယ ရှိနေပုံရသည်။

" ကော်ဖီသောက်အုန်းမလား "

" မသောက်တော့ဘူး အဆုအိမ်ရောက်မှပဲ သောက်တော့မယ်
သွားမယ်နော် "

" အင်း "

ဒီလိုမှန်းသိရင် အဆင့်တွေ ကျော်မတက်ခဲ့ပါဘူး။ အခုတော့ အရင်ကထက်တောင် ပိုဝေးသွားသလို ခံစား​ရတယ်။

စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေရင်း ဖုန်းယူကာ လိုင်းဖွင့်ကြည့်လိုက်သည်။

" ဒိတ် လိုင်းတက်ရင် မမဆီစာပို့ပေးပါ "

မမမိုး ပို့ထားတဲ့စာတစ်စောင်

" hello "

ခဏစောင့်နေလိုက်သည်။ ၁၀ မိနစ်လောက်ကြာတော့ ဖုန်းခေါ်သည်။

" ဟုတ်ကဲ့ မမ ပြော "

" ဇာခြည့်ကို တကယ်ချစ်တာလား "

မထင်ထားသော မေးခွန်းမို့ ကျွန်တော်ခဏ ငြိမ်သက်သွားသည်။

" ဒိတ် "

" ဟုတ်ကဲ့ "

" သူ့ကို တကယ်ချစ်တာလား "

" ချစ်တယ်ဆိုတာထက် ပိုပါတယ် "

တစ်ဖက်က ခဏငြိမ်နေသည် ပြီးမှ

" ဒီရက်ထဲ မမတို့ စကားမပြောဖြစ်ဘူး
အရင်က morning မပို့ထားရင် စိတ်ကောက်တတ်တဲ့သူမက
တစ်နေကုန် စကားမပြောဖြစ်တာတောင် ဘာမှမဖြစ်သလိုပဲ "

" အင်း "

" မမ သူ့ကိုချစ်တယ် သူပျော်တာကို မြင်ချင်တယ် သူ့ဆုံးဖြတ်ချက်တိုင်းကို မမလက်ခံတယ် "

" ဟုတ်ကဲ့ "

" မနက်က ပြောတာကလည်း တကယ့်စိတ်ရင်းပါ မမတို့ ချစ်လာတာ နှစ်အတော်ကြာပြီ
ဒိတ်တို့ ချစ်တာက ဘယ်လောက်ရှိသေးလို့လဲ
သူစိတ်ကစားတာလည်း ဖြစ်နိုင်တာပဲ ဒါမှမဟုတ် ခဏလေးအတွင်းမှာ တစ်ဘဝစာအတွက် ချစ်မိတာလည်း ဖြစ်နိုင်တယ်
အဲ့ဒါကြောင့် အဆုတို့နဲ့ တိုင်ပင်လိုက်တော့
မနက်က  မမပြောပြသလို အဖြေရတယ် "

" အင်း "

" မမ ပြန်လာတဲ့အထိ စောင့်နေပေးပါ ပြီးရင် သူ့ရွေးချယ်မှုကို နှစ်ယောက်လုံး သဘောတူကြရအောင် "

" ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ် "

ကျွန်တော်တို့နှစ်ယောက် ဟိုဟိုဒီဒီ ပြောရင်း အချိန်တော်တော်ကြာသွားသည်။ နှစ်ယောက်စလုံးကလည်း အေးအေးဆေးဆေးမို့ စကားပြောရတာကောင်းပြီး ခင်မင်ရင်းနှီးသွားသည်။

...........................................................

ညနေစောင်းတဲ့အထိ မမက ပြန်မရောက်သေးပေ။ မမကို စောင့်ရင်း သူကြိုက်တတ်တာများကို ချက်ပြုတ်ပေးနေသည်။

ညနေ ၆နာရီ

ပြန်လာဖို့ သင့်ပြီမို့ ကျွန်တော်ဖုန်းဆက်ခေါ်လိုက်သည်။

" အင်း ပြော "

" ပြန်မလာသေးဘူးလား မမ
လာကြိုရမလား "

" အခုပြန်လာမယ် အဆုလိုက်ပို့မှာ "

" ဟုတ်ကဲ့ "

အိမ်ရှေ့ဆိုင်ကယ်သံကြားတာနဲ့ ရေဗူးလေးကိုင်ပြီး မမကို ထွက်ကြိုသည်။

" ဒိတ်တို့က အလိုက်သိပ်သိတာပဲ "

မပြန်ခင် မမဆု နောက်သွားတာကြောင့် ကျွန်တော်ပြုံးပြလိုက်သေးသည်။

" မမ "

" ရေသောက်လိုက်အုန်း "

မမအနောက်က တကောက်ကောက်လိုက်ရင်း မမမျက်နှာအရိပ်အခြည်ကို ကြည့်နေသည်။

" ခဏနားပြီးရင် ရေချိုးတော့မယ် "

" ဟုတ်ကဲ့ ကျွန်တော်စားဖို့ ပြင်ဆင်ထားလိုက်မယ်နော် "

"အင်း "

ထမင်းပွဲကို ပြင်ဆင်ပေးလိုက် သီချင်းလေး ညည်းလိုက်နဲ့ ကျွန်တော့်စိတ်ထဲ ရွှင်မြူးနေသလို "

🎼🎼 သူပန်ထားတဲ့ ပန်းနီနီ နေရာခဏလဲချင်သည် ကြင်နာသူလေးလှဖို့ ကိုယ်ကြိုးစားမည် ရင်မှာ ဒီလောက်ချစ်ပါသည်............................................ တစ်နေ့နေ့တော့ ချစ်လာလိမ့်မည် 🎼🎼

မမထိုင်ဖို့အတွက် စားပွဲကို နေရာချပေးသည်။ မမအတွက် ဟင်းများကို ခူးခပ်ပေးရင်း ဘေးနား ရေခွက်လေးနဲ့ ရေကို ငှဲ့ထားပေးလိုက်သည်။

" ဒိတ် ဘာဖြစ်နေတာလဲ "

" ချစ်နေတာ "

" မမလည်း မင်းကိုချစ်တယ်
အခုလို လုပ်နေလို့ကို ပိုချစ်တာ "

ကျွန်တော့်အချစ်တွေကို စိတ်မပျက်ပဲ မမက သဘောကျနေသည်မို့ ကျွန်တော် ပျော်ရွှင်ရပါသည်။ ရှေ့လျှောက် ဒီ့ထက်မက ပိုချစ်ပါ့မယ်။ ဒီ့ထက်မက ကြင်နာပေးပါ့မယ် မမ။

ဒါတွေအတွက်လည်း မျှော်လင့်ချက်ရှိပါတယ်။ တစ်နေ့နေ့ကျရင် ကျွန်တော့်ကို ရွေးချယ်ပေးဖို့ပါ။

မရခင်ပဲ ကောင်းပြနေတာမျိုး မဟုတ်ပဲ ရဖြစ်ခဲ့ရင်လည်း မမဘဝ သာယာလှပဖို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။

လှေနံနှစ်ဖက် နင်းတဲ့အခါ ကျွန်တော့်ဘက်ကို ပိုပိုသာသာလေး နင်းပေးပါ။ ဘယ်လောက်ပဲ မပိုင်ဆိုင်ချင်ဘူး ပြောပြော ချစ်မိတော့လည်း ပိုင်ဆိုင်ချင်တာပေါ့ မမရယ်။

ဆက်ရန်..............

Continue Reading

You'll Also Like

117K 7.3K 18
ဘယ္လိုလုပ္ရမလဲ မဟုတ္ဘူး...ဘယ္လိုလုပ္သင့္လဲဟင္ ငယ္ဘယ္လိုမ်ားလုပ္သင့္လဲ... ဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... The...
5.8K 116 12
မမMaung ❤️ Girl Love
1.4K 78 22
Unicode ဟေမာ နည်းပညာကျောင်းတက်နေတဲ့ ကျောင်းသူပါ အချစ်ဆိုတာ နှင်းယုနဲ့မတွေ့ခင်ကတည်းက မသိခဲ့ဘူး ဒီလောက်ထိ ပူလောင်ရ နာကျင်ရပေမဲ့ အဲ့ခံစားချက်တွေ...
14.9K 728 16
ကျွန်မဘဝကမရိုးရှင်းပေမယ့် သိပ်တော့လည်းမဆန်းကြယ်ပါဘူးလေ။