My Lifeblood(complete)

By Mhaw_Eaint_Met

401K 27K 2.2K

"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ More

My Lifeblood (Part 1)
My Lifeblood (Part 2)
My Lifeblood (Part 3)
My Lifeblood (Part 4)
My Lifeblood (Part 5)
My Lifeblood(Part 6)
My Lifeblood(Part 7)
My Lifeblood(Part 8)
My Lifeblood(Part 9)
My Lifeblood(Part 10)
My Lifeblood(Part 10 Zawgyi)
My Lifeblood(Part 11)
My Lifeblood(Part 12)
My Lifeblood(Part 13)
My Lifeblood(Part 15)
My Lifeblood(Part 16)
My Lifeblood(Part 17)
My Lifeblood(Part 18)
My Lifeblood(Part 19)
My Lifeblood(Part 20)
My Lifeblood(Final part)
My Lifeblood(Extra)
Book Accountment
Accountment
bl

My Lifeblood(Part 14)

10.6K 854 37
By Mhaw_Eaint_Met

(Unicode)

"ဖြေပါမောင်ရယ်...မောင်ပြန်လာတာလားဟင်"

အခန်းအတွင်းပေလွှာ့အသံကလွဲလို့ မည်သူ့အသံမှထွက်မလာခဲ့ချေ။တဖြည်းဖြည်းနဲ့'မောင်ပြန်လာတာလား'မေးနေတဲ့ကောင်လေးရဲ့အသံလေးသာသိမ်ဝင်သွားတယ် နိုင်းနဲ့ယွန်းမှီတို့နှစ်ယောက်လုံးငြိမ်ချက်သားကောင်းနေပုံကပေလွှာ့အနားမည်သူမှမရှိတော့တဲ့အတိုင်းသာ။

ဖုန်းscreenပေါ်မှာမျက်ရည်အရွှဲသားလေးနဲ့မေးနေတဲ့ကောင်လေးရဲ့မျက်ရည်လေးတွေကို နိုင်းသုတ်ပေးချင်သည်။ထိုကောင်လေးကိုရင်ခွင်ထဲဆွဲသွင်းပြီးနှစ်သိမ့်လိုက်ချင်လှပါသည်။သို့သော် သူကကောင်လေးရဲ့အဝေးရေခြားမြေခြားတစ်နေရာမှာ။

သူမမြင်ချင်တဲ့မျက်ရည်လေးများနေရာယူထားတဲ့ပေလွှာ့ပါးပြင်လေးကို နိုင်းငေးနေရင်းမျက်လုံးကိုစုံမှိတ်ချလိုက်ပြီးဘဲအံကိုကြိတ်လျက်နှင့်............

"မင်းသာမောင့်ကိုပြန်လာစေချင်တယ်လို့တစ်ခွန်းဘဲပြောလိုက် မင်းရှိတဲ့နေရာကိုမောင်မရောက်ရောက်အောင်ပြန်လာမှာပေလွှာ၊မောင့်အသက်နဲ့ရင်းရမယ်ဆိုရင်တောင် မင်းဆီမောင်အရောက်လာမှာ"

ထိုအခါမျက်ရည်လေးများကိုကသီကရီနဲ့သုတ်နေရှာတဲ့ကောင်လေးက သူ့ကိုကြည့်လျက်ပြုံးနေသည်မဟုတ်သော်လည်းပြုံးပြုံးလေးသာဖြစ်လို့နေသည်ကိုနိုင်းတွေ့မြင်နေရ၏။ဘယ်လောက်ဘဲမျက်ရည်များသုတ်နေပါစေ ထိုကောင်လေးရဲ့မျက်ဝန်းအိမ်အတွင်းမှာတော့မျက်ရည်များနေရာယူထားသည့်တိုင်အောင် အချိုမြိန်ဆုံးအပြုံးတွေပြုံးလိုက်ကောင်လေးပြောလာသည်က........

"ဟီး....ငါကဒီအတိုင်းဘဲမောင်ပြန်လာတယ်ထင်လို့မေးလိုက်တာပါမောင်ရယ်၊ငါလားမောင့်ကိုမျှော်မှာ...မောင်မရှိရင်ငါ့စိတ်ကြိုက်ရေချိုးလို့လည်းရတယ်...ပြီးတော့....ပြီးတော့ဘာကျန်သေးပါလိမ့်...ခစ်ခစ် ငါကမျက်လုံးမမြင်ရတာတင်မဟုတ်ဘူး ဦးနှောက်တွေပါမကောင်းတော့ဘူးထင်ပါတယ်မောင်ရယ်။ကြာရင်ငါမောင့်ကိုတောင်မေ့သွားမလားဘဲ"

ငိုသံတဲ့တဲ့ကပ်ပါလာတဲ့ပေလွှာ့စကားလေးကြောင့် နိုင်းနှုတ်ခမ်းလေးညွတ်ကိုင်းသည်အထိပြုံးလေရဲ့။နောက်ပြီး.....

"ဟွန်း......မောင့်ကိုမေ့မယ်ဆိုတဲ့မင်းကို မောင်ပြန်လာမှမောင့်နာမည်တစ်ချိန်လုံးတနေရတဲ့အထိ အမှတ်ရအောင်လုပ်ပေးမယ်"ဟုသာတစ်ဖန်ဆိုပြန်သည်။

ဖုန်းထဲကပြတ်သားစွာထွက်ပေါ်လာတဲ့နိုင်းစကားကြောင့် ပေလွှာ့မျက်နှာနဲ့နားရွက်ဖျားလေးများရဲတက်လာပြီးခေါင်းလေးပင်အောက်သို့အလိုလိုငုံ့ကျသွားမိသည်အထိသာ။

ဘေးနားကဖုန်းကိုင်ပေးလျက်စောင့်နေပေးနေရရတဲ့ယွန်းမှီ နိုင်းတို့စကားတွေကြားငိုရခက်ရယ်ရခက်နဲ့မျက်နှပူပူဖြင့်ဘဲ ပေလွှာ့လက်ထဲဖုန်းထိုးပေး၍.........

"ပေလွှာတို့လွတ်လွတ်လပ်လပ်ပြောကြပါ......မှီပြီးမှဖုန်းလာယူမယ်နော်"ဆိုကာ ဖုန်းလေးပေလွှာ့လက်ထဲရောက်သည်နှင့် သူမလဲအခန်းထဲကခပ်သုတ်သုတ်ဘဲထွက်လာခဲ့လေသည်။

ကျွီ....................

ယွန်းမှီအခန်းအပြင်ရောက်ရောက်ခြင်း တံခါးလေးကိုမှီပြီးထိုင်ချလိုက်၏။ထိုမှတဆင့် သူမအကြည့်များကဒုတိယထပ်ကစာကြည့်ခန်းဆီအရောက်သွားပြီးမှ...........

"ဘာတွေများထပ်ကြံနေတာလဲအဖိုးရယ်"ဟုသာ စိတ်ပျက်စွာဘဲရေရွတ်ရင်း သူမရဲ့ဒူးလေးအပေါ်မျက်နှာအပ်ပြီးငုံ့လို့နေလေသည်။

ယွန်းမှီထွက်သွားပြီးတဲ့နောက် ပေလွှာထိုင်မနေတော့ဘဲသူမပေးခဲ့တဲ့ဖုန်းလေးကိုလက်ကကိုင်ပြီးသာကုတင်ပေါ်မှာတစောင်းလေးလှဲနေမိသည်။သူမအခန်းထဲဝင်မလာခင်ကထဲက ပေလွှာထိုင်နေတာအတော်လေးကြာနေပြီဖြစ်သဖြင့်​ကျောများပင်ညောင်းတောင့်နေသောကြောင့်လှဲလိုက်ခြင်းသာဖြစ်၏။

"ပေလွှာ အိပ်ချင်နေပြီလား"

"ဟင့်အင်း ငါအိပ်လို့မရသေးဘူး"

"မောင်ချော့သိပ်ရမလား"

ထိုအခါ ပေလွှာသူ့မျက်နှာလေးကိုလက်မောင်းလေးဖြင့်ကာလိုက်တာကြောင့် ကုတင်ပေါ်မှာတစောင်းလေးအိပ်နေတဲ့ကောင်လေးရဲ့မျက်နှာကိုနိုင်းမမြင်ရတော့ချေ။ထို့ကြောင့်.......

"ပေလွှာ....မောင့်ကိုမျက်နှာလေးပြပါဦး"

"မောင်မမြင်ဖူးတာမှမဟုတ်တာ မပြချင်ပါဘူး"

"ပြပါကွာနော်...မောင်သီချင်းဆိုပြီးချော့သိပ်မယ်လေ"

လက်မောင်းလေးဖယ်လိုက်တဲ့ပေလွှာ့မျက်နှာလေးက သူ့စကားကိုသဘောကျနေသလိုပင်။သွားလေးများပေါ်သည်အထိပင်ပြုံးနေခဲ့ကာ ဖုန်းနားသို့မျက်နှာလေးပိုပြီးနီးကပ်လာတာကြောင့်နိုင်းကောင်လေးမျက်နှာလေးကိုအနီးကပ်တွေ့ခဲ့ရလေပြီ။

"မောင်ကအသံမှမကောင်းတာ....အသံဆိုကြီးနဲ့ငါအိပ်မရအောင်လုပ်မလို့လား"

ကြားလိုက်ရသည့်စကားကြောင့် နိုင်းသူ့နားသူပင်မယုံနိုင်။ကြည်လင်ပြီးအသံအနေအထားကောင်းမွန်တဲ့သူ့ကိုမှ ထိုသို့ပြောလေတော့နိုင်းလည်းခနဲ့တဲ့တဲ့ပြုံးပြီး.........

"နောက်မှ မောင်ချော့သိပ်မှအိပ်ပါမယ်သာမဖြစ်စေနဲ့ပေလွှာ"

"ငါတော့မထင်ပါဘူး"

နိုင်းမျက်မှောင်ပင်ကျုံ့လာပြီး.......

"မင်းမောင့်ကိုစိန်ခေါ်နေတာလား"

"အင်း...."

"မင်းဘယ်လောက်ဘဲစိန်ခေါ်ခေါ်မောင်အရှုံးပေးတယ်ပေလွှာ...ဒါကြောင့်မောင့်အသက်လေးက မောင်အသံဆိုးကြီးနဲ့ဆိုပြမဲ့သီချင်းကိုနားထောင်ပြီးအိပ်နော်"

"ဟင်း...ငါတော့အိပ်မက်ဆိုးတွေမက်တော့မှာဘဲ"

စကားပြောသံလေးများပျောက်ကွယ်သွားတဲ့ အခန်းလေးအတွင်း၌ဖုန်းထဲမှထွက်ပေါ်လာတဲ့ဂစ်တာသံလေးကတစ်ခဏအတွင်းကျယ်လောင်စွာထွက်ပေါ်လာပြီမို့ ပေလွှာ့မျက်နှာလေးမှာရွှင်လန်းလို့။သူမထင်ထားမိ၊နိုင်းလိုလူတစ်ယောက်မှာသီချင်းပင်ဆိုတက်သည့်အပြင် ဂစ်တာပါစီးချက်ညီစွာတီးတက်နေလိမ့်မည်ဟုပင်။

သိပ်မကြာလိုက် ဂစ်တာသံလေးအပြင် ထွက်ပေါ်လာသည်က.........

(🎶🎶နှင်းစက်ကလေးတွေ မြေမြင်သက်ဆင်း ဆိုင်ခြင်းမဆိုင်ခြင်းကိုယ်မသိတော့ပါ🎶ချစ်တဲ့သူကို သတိရနေတယ်....🎶နန်းမဆန်လို့ရယ် မလှမ်းချင်တာလားဟယ် သက်ထားရယ် ပြောပြစမ်းပါကွယ်🎶🎶
🎶🎶ကျေးငှက်ကလေးတွေ အတောင်ပံဖြန့်ရင်း လေထဲပျံဝဲ ကိုယ်လည်းလိုက်ပါ🎶ချစ်တဲ့သူကို လိုက်လို့ရှာနေ🎶အချစ်သာရှိရင် ဘဝဟာပြည့်စုံ သက်ထားရယ် မင်းပြောခဲ့တာဘဲ🎶မောင့်သက်ထားရေ သက်ထားကို ချစ်တဲ့ချစ်သူ တငေးငေးလို့ တရေးရေးမြင်🎶အိပ်မရတဲ့ ညထဲမှာ ဂစ်တာရယ် ကိုယ်ရယ်ပေါ့ကွယ်🎶သက်ထားကို လွမ်းဆွတ်ရင်းနဲ့ ကြေကွဲစွာတမ်းတမိတော့🎶အိပ်နေတဲ့ ငှက်ကလေးတွေတောင် တို့ကိုစိတ်ဆိုးသွားကြပြီ🎶🎶)×2

ဂစ်တာသံလေးတဖြည်းဖြည်းတိုးသွားတဲ့အဆုံး နိုင်းလက်ထဲကဂစ်တာကိုချပြီးပေလွှာ့ကိုကြည့်လိုက်တော့ ဖုန်းလေးကိုင်ထားဆဲကောင်လေးကအသက်ရှုသံပြင်းပြင်းလေးနဲ့တရေးပင်ရနေပုံပေါ်သည်။နိုင်းလည်းကုတင်ပေါ်လှဲလိုက်ပြီး မျက်နှာခြင်းဆိုင်မှာဖုန်းထဲမှပေါ်နေတဲ့ကောင်လေးမျက်နှာလေးကိုတဝကြီးငေးလို့ကြည့်နေမိသည်မှာအချိန်အတော်ကြာအောင်ပင်။နောက်မှမှေးဆင်းလာတဲ့မျက်ခွံများကိုအံမတုနိုင်တော့ဘဲ သူလဲအိပ်စက်ခြင်းများဆီကိုသာ။

"ဝှား....."

ယွန်းမှီဘယ်အချိန်က တံခါးကိုမှီပြီးအိပ်ပျော်သွားလဲမသိ၊တရေးနိုးတဲ့အချိန်ပေလွှာ့အခန်းထဲကဘာသံမှမကြားရတော့တာနဲ့ သူမလဲနေရာမှထပြီးအခန်းတံခါးအားဖြည်းဖြည်းခြင်းတွန်းဖွင့်ဝင်လာခဲ့၏။အခန်းအတွင်း မျက်နှာခြင်းဆိုင်အနေအထားနဲ့ဖုန်းလေးတွေကိုင်ပြီးအိပ်ပျော်နေကြတဲ့လူသားနှစ်ယောက်ကိုမြင်ရပြန်တော့လည်းသူမအိပ်ရေးပျက်ရသည်မှာတန်သလိုလိုပင်။ယွန်းမှီ ပေလွှာ့ကိုယ်လေးပေါ်သို့စောင်လေးခြုံပေး၍ သူမဖုန်းလေးကိုယူပြီးသာထွက်လာခဲ့သည်။

သူမအခန်းထဲကထွက်လာပြီးတဲ့နောက်ယွန်းမှီအိမ်ရဲ့ဒုတိယအထပ် စာကြည့်တိုက်ရှိရာအခန်းသို့ဆင်းလာစဥ်သူမခြေလှမ်းများက ထိုအခန်းသို့မလှမ်းချင်လောက်အောင်လေးလံလို့နေသည်။သူမထိုအခန်းသို့ရောက်ပင်မရောက်ချင်တော့ပါ၊သူမအဖိုးအကြောင်းကိုကောင်းကောင်းသိသူပီပီ လေ့းလံနေတဲ့စိတ်များကလည်းဦးသော်ကဘာပြောမယ်မှန်းမသိသေးတာတောင် ခံစားချက်ကကောင်းမနေ။အကြောင်းမယ်မယ်ရရမရှိပေမဲ့ စိတ်များအလိုလိုပူပင်ကာရင်များလေးနေလျက်ပါ....။

ပန်းခက်ပန်းနွယ်များကိုသေသပ်စွာထွင်းထုထားတဲ့စာကြည့်တိုက်ရဲ့တံခါးရှေ့၌ ယွန်းမှီအသက်ကိုဝဝရှုလိုက်ပြီးနောက် လက်ထိပ်ဖျားလေးများနီရဲနေတဲ့သူမရဲ့လက်သွယ်သွယ်လေးက တံခါးအားတီးခေါက်လိုက်ကာ........

ဒေါက်.........ဒေါက်..........

"မှီပါအဖိုး"

"ဝင်ခဲ့"

စာကြည့်ခန်းအတွင်းကပြတ်သားစွာထွက်ပေါ်လာတဲ့ဦးသော်ကအသံအဆုံး ထူထဲလှတဲ့တံခါးကြီးအားယွန်မှီတွန်းဖွင့်ရန်ပြင်လိုက်စဥ်..........

ကျွီ

ယွန်းမှီတံခါးအားဖို့လုပ်နေရာ အနည်းငယ်ဖွင့်ဟလာတဲ့တံခါးကြောင့်သူမလက်များကိုပင်ပြန်ရုတ်သိမ်းလိုက်မိ၏။အတော်အတန်ပွင့်လာတဲ့တံခါးရဲ့နောက်ကွယ်မှာ မျက်နှာသေကြီးနဲ့အခန်းထဲကထွက်ဖို့ပြင်နေတဲ့စိုင်းလူ။သူ့အား သူမကြည့်မိပေမဲ့သူကတော့သူမအားတစ်ချက်ပင်ကြည့်မသွား။သူမနဲ့ဘေးချင်းကပ်လျက်ရှောင်ပြီးသာထွက်သွား၏။အချိန်တွေကြာလာတာနဲ့အမျှ သူမစိုင်းလူကိုနားမလည်နိုင်၊ဦးသော်ကနဲ့တပူးတွဲတွဲတွေ့နေရတဲ့သူ့ကိုယွန်းမှီပိုပြီးနားလည်ရခက်လာသည့်အလားပင်။

ယွန်းမှီအတွေးတွေနဲ့လွင့်မျောနေရာ စာကြည့်ခန်းအတွင်းမှသူမအားစိုက်ကြည့်နေတဲ့ဦးသော်ကကိုမြင်မှ တွေးလက်စအတွေးများကိုရပ်တန့်ကာ ဦးသော်ကရှိရာသို့သာလျှောက်လှမ်းလာခဲ့၏။

သူမဦးသော်ကအနားရောက်ချိန်.........

"အဖိုးဘာပြောမလို့လဲ"

"ထိုင်"

"ဟုတ်"

ယွန်းမှီလွတ်နေတဲ့ခုံမှာဘဲဝင်ထိုင်လိုက်၏။ဦးသော်ကနဲ့မျက်နာခြင်းဆိုင်အနေအထားမှာ မျက်မှောင်ကျုံ့ကြီးနဲ့ဆေးလိပ်ဖွာနေတဲ့ဦးသော်ကပုံကကျောချမ်းစရာပင်၊တစ်ခုခုကိုလည်းအလေးအနက်တွေးနေသည်ပုံမို့ ယွန်းမှီစကားပင်အစမပျိုးရဲသေးပြန်။ဦးသော်ကပြောမဲ့စကားကိုဘဲ အသာလေးထိုင်ပြီးစောင့်ဆိုင်းနေမိသည်။

သိပ်မကြာခင်ဦးသော်ကသောက်လက်စဆေးလိပ်ကိုမီးသတ်လိုက်ပြီး သူနဲ့မျက်နှာခြင်းဆိုင်ထိုင်နေတဲ့ယွန်းမှီအားတစ်ချက်ကြည့်၍...........

"သမီး ဟိုကောင်လေးနဲ့အရောမဝင်ပါနဲ့မှီ"

ယွန်းမှီတုန့်ဆိုင်းမနေဘဲချက်ချင်းဆိုသလိုဘဲ..........

"ဘာလို့လဲအဖိုး"ဟုသာ ပြန်ပြီးမေးခွန်းထုတ်လိုက်မိသည်။

"ဘာလို့လဲဆိုတော့သမီးကိုလူအပြောမခံစေချင်လို့ဘဲယွန်းမှီ"

ဒုန်း..........

ယွန်းမှီဒေါသများငယ်ထိပ်တက်ဆောင့်ခံလိုက်ရသည့်အလား ခေါင်းတစ်ခုလုံးပူထူပြီးခုံကိုပင်လက်သီးဆုပ်လေးဖြင့်ထုကာမတ်တပ်ထရပ်လိုက်၏။သူမရှေ့မှာရှိသည့်လူကိုလဲ ဘယ်သူဘယ်ဝါမှန်းယွန်းမှီတွေးချိန်ပင်မရ၊သူမစိတ်တစ်ခုလုံးဒေါသများသာတလိပ်လိပ်ဖုံးလွှမ်းနေသည်မို့..........

"အဖိုးက မှီနဲ့ပေလွှာ့ကိုတစ်မျိုးမြင်နေတာလား"

ယွန်းမှီသာဒေါသတွေထွက်လာတယ်၊ဦးသော်ကကတော့တည်ငြိမ်စွာဘဲပြုံးနေလျက်.......

"အဖိုးကအဲ့လိုသဘောမျိုးပြောချင်တာမဟုတ်ပါဘူးသမီး၊သမီးအတွေးများနေပြီယွန်းမှီ"

"အဟက်....မှီကအတွေးများနေတယ်ဟုတ်လား"

ခနဲ့တဲ့အပြုံးတွေနဲ့ပြုံးပြီးမေးနေတဲ့သူမအမေးကို ဦးသော်ကခေါင်းတရမ်းရမ်းဖြင့်ဘဲ..........

"အဖိုးဆိုလိုချင်တာက....သမီးတို့ဘယ်လောက်ရိုးရိုးပတ်ဝန်းကျင်ကတစ်မျိုးထင်မှာဆိုးလို့ပါ။ပြီးတော့အဲ့ကောင်လေးကိုသမီးဂရုစိုက်ဖို့မလိုပါဘူး အိမ်အကူတွေအများကြီးရှိတာဘဲသူတို့ဂရုစိုက်လိမ့်မယ်ပေါ့"

"အို.....သူတို့ကိုမပြောနဲ့အဖိုးကိုတောင်မှီမယုံဘူး၊ထပ်တူညီတဲ့နောင်တမျိုးမှီနောက်ထပ်မရချင်ဘူးအဖိုး....အဖိုးကမှီ့အဖိုးမို့လို့မှီမဝေဖန်ချင်ပေမဲ့ အဖိုးဘယ်လိုစိတ်ဓာတ်ရှိတယ်ဆိုတာမှီကောင်းကောင်းသိတယ်"

ဒုန်း.........

"ယွန်းမှီ"

ဦးသော်ကလည်းမတ်တပ်ရပ်လျက်သားနဲ့ဖြစ်ပြီးစားပွဲကိုသူ့လက်ဖဝါးကြီးနဲ့ရိုက်ချလိုက်လေသည်။ကျယ်လောင်စွာထွက်ပေါ်လာတဲ့အသံကြီးကလဲ ဘယ်လောက်အားပါမှန်းသက်သေပြနေသည့်ပမာ အခန်းတစ်ခန်းလုံးဟိန်းခနဲထွက်လာပါသည်ကော။

"အဖိုးဘာတွေပြောပြော ကျန်တဲ့လူတွေကောဘာဘဲပြောပြော မှီကတော့ပေလွှာ့ကိုစောင့်ရှောက်ရမှာဘဲ၊မှီ့ကိုတားလို့ရမယ်မထင်နဲ့"

"တော်တော်သတ္တိတွေကောင်းနေတယ်ဆိုပါတော့"

"မှီကအဖိုးလိုဘဲသတ္တိကောင်းပါတယ်....တစ်ခုလေးဘဲ အဖိုးလိုစိတ်ဓာတ်ဘဲမဟုတ်တာ၊ပြောစရာမရှိတော့မှီ့ကိုခွင့်ပြုပါဦး"

သူ့အားကျောခိုင်းထွက်ခွာဖို့လုပ်နေတဲ့ယွန်းမှီ တံခါးနားမရောက်သေးခင်မှာဘဲ ..........

"နိုင်းနတ်ဆေးနဲ့အနေနီးတော့ နိုင်းနတ်ဆေးနဲ့တစ်ပုံထဲကိုဖြစ်လာပါကောလား"

အပြင်ကိုထွက်ဖို့တံခါးဆီလျှောက်နေတဲ့ယွန်းမှီခြေလှမ်းများရပ်တန့်သွားပြီး သူမဦးသော်ကဘက်သိုပြန်ကြည့်လိုက်ကာ........

"မှီကောအကိုနိုင်းကို ဒီလိုပုံဖြစ်အောင်အဖိုးသင်ပေးခဲ့တာအဖိုး၊တကယ်တမ်းအပြစ်တင်မယ်ဆိုရင်အဖိုးကိုယ်အဖိုးဘဲအပြစ်တင်"ဆိုကာ တံခါးဆီခပ်မြန်မြန်လျှောက်လှမ်း၍သူမအခန်းထဲကထွက်လာခဲ့သသည်။ကျန်နေခဲ့တဲ့ဦးသော်ကဘာဖြစ်ကျန်နေခဲ့မှန်းယွန်းမှီမသိ၊သူမကတော့အဖိုးဖြစ်သူကိုပြန်ခံပြောမိသည်ကော ပေလွှာ့အကြောင်းတွေပါရောယှက်ပြီးမျက်ရည်အဝဲသားပင်

~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~

ဝူး..........တီ.........တီ.........တီ........

ပေလွှာနဲ့ယွန်းမှီခြံထဲ၌ထိုင်နေတုန်း ခြံထဲသို့အရှိန်ပြင်းပြင်းမောင်းဝင်လာတဲ့အနီရောင်အမိုးဖွင့်ပြိုင်ကားလေး​ဆီသို့ ယွန်းမှီအကြည်ရောက်သွားသလို ပေလွှာလဲနားစွင့်
​ေနသည်။မနက်စောစောစီးစီး ခြံထဲသို့အသားကုန်မောင်းဝင်လာတဲ့ထိုကားကိုယွန်းမှီမမြင်ဖူး၊ဘယ်သူဘယ်ဝါမှန်းသိရအောင် စူးစမ်းရင်းဘဲကားဆီကအကြည့်မခွာ အထဲကလူမထွက်မချင်းဘဲကြည့်နေမိသည်အထိပင်။

ဘမ်း.........

ဒူးဖုံးယုံလောက်သာရှိတဲ့အနက်ရောက်ဂါဝန်ကိုသေသပ်စွာဝတ်ဆင်ထားတဲ့့ နှိုင်းဧကရီကိုမြင်မြင်ချင်း ယွန်းမှီရဲ့စူးစမ်းနေတဲ့မျက်ဝန်းလှလှလေးအလိုလိုမျက်မှောင်ကျုံ့မိသွားပြီး ပေလွှာ့ဘက်သို့သာသူမအကြည့်ပြန်လွှဲလိုက်၏။သူမအကြည့်လွှဲလိုက်တဲ့အခါ သူမနည်းတူစူးစမ်းနေတဲ့ကောင်လေးကလဲ နားစွင့်နေတုန်းမို့ယွန်းမှီသွားလေးပေါ်သည်အထိပြုံးမိကာ...........

"ဘာတွေနားထောင်ချင်နေတာလဲပေလွှာရဲ့"

"ဟို....ကားဝင်လာတယ်လေ၊ဘယ်သူလဲသိချင်လို့ပါ"

"ပေလွှာကအကိုနိုင်းထင်လို့လား"

"မထင်ပါဘူး မောင်ချက်ချင်းပြန်လာဖို့ငါမမျှော်လင့်တော့ဘူးမှီရယ်၊ငါမျှော်လင့်လိုက်တဲ့အရာတိုင်းကဖြစ်မလာတက်ဘူး"

ပေလွှာ့မျက်နှာကပြုံးယောင်မျှသမ်းခြင်းမရှိပေ၊သိသိသာသာဘဲအသံလေးသိမ်ဝင်သွားပြီး မျက်နှာလေးပျက်လို့နေသည်မို့ သူ့မျက်နှာအားဘေးနားကသူမမမြင်နိုင်ရန်ခေါင်းလေးကိုသာငုံ့ထားလေသည်။

ယွန်းမှီသူမမှာခေါင်းကိုအတင်းငုံ့ထားတဲ့ပေလွှာ့ကျောလေးကိုထိယုံမျှထိလိုက်ပြီး..........

"ပေလွှာ တစ်ခုခံစားရရင်မှီ့ကိုပြောပြနော်၊မှီကအကိုနိုင်းမဟုတ်လို့အကိုနိုင်းလို့ချစ်မပြတက်ပေမဲ့ ပေလွှာ့ကိုမှီ့အကိုအရင်းလိုမောင်အရင်းလိုတော့မှီချစ်ပါတယ်။မှီ့ကိုအမအရင်းဒါမှမဟုတ်ညီမအရင်းလိုသဘောထားပြီး အကုန်ပြောပြရမယ်သိလား"

"အင်းပါ....ဒါနဲ့မှီ"

"ဟင်..."

"နိုင်းကလေ...."

"အကိုနိုင်းကဘာဖြစ်လို့လဲပေလွှာ"

"နိုင်းကအဖိုးဆိုတဲ့လူကိုဘာလို့မုန်းနေရတာလဲဟင်"

"အကိုနိုင်းကပေလွှာ့ကိုမပြောဖူးဘူးလား"

"ဟင့်အင်း....ငါလဲမမေးရဲဘူး"

"ဟင်း....."

ယွန်းမှီသက်ပြင်းများချလျက် လှမ်းမြင်နေရတဲ့ဒေါ်မိုးနတ်ရဲ့အခန်းလေးကိုငေးမောကာ အကြောင်းစုံစပြောပြဖို့အသင့်ဖြစ်နေပါပြီ။ထိုအကြောင်းတွေကိုမမေ့နိုင်သေးတာ နိုင်းတင်မဟုတ်ဘဲသူမကိုယ်တိုင်ပါမေ့ဖျောက်မရသေးသည်မို့အဖြစ်အပျက်တိုင်းကိုတော့စိတ်ထဲစွဲနေသည်အထိမှတ်သားမိရာ အတိတ်ကရုန်းမထွက်နိုင်သေးသူများတွင်လည်းသူမအပါအဝင်ဖြစ်နေပါတကော။

လွန်ခဲ့တဲ့၁၀နှစ်ခန့်က.........

မီးရောင်ဖျော့ဖျော့လေးပျံ့လွင့်နေတဲ့အိမ်ခေါင်မိုးထပ်လေးပေါ်မှာသင်းပျံ့မွှေးကြိုင်နေတဲ့ညမွှေးပန်းအနံ့လေး၊ပြုံးပျော်ရွှင်စွာဖြင့်ရယ်မောနေကြတဲ့မိသားစုလေးရဲ့မြင်ကွင်းလေးက ညရဲ့အလှကိုအလှဆင်နေသည့်အလားရယ်မောသံလေးများပျံ့လွင့်လို့နေသည်။

"ဖေဖေ....ဖေဖေကြယ်တွေအကြောင်းသိလား"

"အနည်းအကျဥ်းပေါ့သားရယ်...ကြယ်တွေအကြောင်းကိုဖေဖေအရမ်းမသိပေမဲ့သားကိုလျှို့ဝှက်ချက်တစ်ခုတော့ပြောပြမယ်....."

"ဘာလဲဖေဖေ"

"ဒီနားတိုးခဲ့....."

သူ့အားလက်ကမ်းခေါ်နေတဲ့ဖခင်ဆီသို့ ၁၀နှစ်သားအရွယ်စူးစမ်းစိတ်အပြည့်ရှိတဲ့နိုင်းတစ်ယောက် ပက်လက်ကလေးကနေလှိမ့်ပြီးဦးနိုင်းမာန်အနားတိုးလာလေသည်။သူအနားအရောက်ချိန် ဦးနိုင်မာန်ပိုပြီးနီးနီးကပ်ကပ်ဖြစ်စေရန်ပိုတိုးလာပြီး နိုင်းရဲ့နားရွက်ကလေးကိုလက်ဖြင့်အုပ်၍တီးတီးတိုးတိုးဘဲ........

"ကြယ်လေးတွေကိုတစ်လုံးနဲ့တစ်လုံးဆက်ကြည့်ပြီး သားချစ်ရတဲ့သူရဲ့နာမည်ကိုပုံဖော်ကြည့်၊သားချစ်ရတဲ့သူရဲ့နာမည်လေးကိုပုံဖော်လို့ရရင် သူကသားကိုပြန်ချစ်လို့ဘဲ"....ဆိုလေတော့ နိုင်းခေါင်းလေးကုတ်လျက်တစ်စုံတစ်ရာအားစဥ်းစားနေသည့်သဖွယ်။နိုင်းဘဲငယ်သေးလို့နားမလည်သည်လား ဦးနိုင်းမာန်ပြောသည်ကဘဲရှုပ်ထွေးလို့လားမသိ၊စကားသာဆုံးသွားတယ်ဦးနိုင်းမာန်ပြောသမျှ နိုင်းဘာမှနားလည်လိုက်ခြင်းမသိပါ။အချိန်အတော်ကြာတဲ့အထိခေါင်းလေးကိုကုတ်ပြီးသာစဥ်းစားခန်းဝင်နေရဟန်......။

သူတို့သားအဖကို မျက်စောင်းထိုးလေးနဲ့ကြည့်နေတဲ့ဒေါ်မိုးနတ် ဦးနိုင်းမာန်အနားကပ်သွားပြီးအဖြူရှောင်စွပ်ကျယ်လေးကိုဝတ်ဆင်ထားတဲ့ဦးနိုင်းမာန်ဗိုက်ခေါက်ကြီးအားအားဖြင့်လိမ်ဆွဲလိုက်လေရာ.......

"အား....နာတယ်....အား နာတယ်မို့းရဲ့"

လိမ်ဆွဲခံထားရေတဲ့ဗိုက်ခေါက်လေး​မှာဒေါ်မိုးနတ်လက်ထဲနီရဲ့လာသည်အထိဖြစ်နေပြီး ဦးနိုင်းမာန်လည်းနာကျင်လွန်းလို့သူမလက်ကလေးကိုဆွဲပြီး တားနေခဲ့ခြင်းဖြစ်၏။

ဦးနိုင်းမာန်တားနေပေမဲ့ ဒေါ်မိုးနတ်လွှတ်မပေး၊ပိုပြီးအားထည့်၍သာလိမ်ဆွဲလိုက်၏။သူတို့သားအဖနဲ့ခပ်လှမ်းလှမ်းမှာရှိနေပေမဲ့ ဦးနိုင်းမာန်ပြောသမျှသူမပါကြားခဲ့ရသည်မို့သူမကျေနပ်မနေ။၁၀နှစ်သားအရွယ်ကလေးကိုမှအတက်ကောင်းတွေသင်ပေးနေတဲ့ဦးနိုင်းမာန်ကို အလျော့မပေးချင်သေးတဲ့ဒေါ်မိုးနတ် ပြုံးပြုံးကြီးနဲ့ဦးနိုင်းမာန်ရဲ့ဗိုက်ခေါက်အားဆွဲလျက်သားဖြင့်............

"​ရှင်းစမ်းပါဦးမောင်.....သားကိုအတက်ကောင်းတွေသင်ပေးနေတဲ့အကြောင်းလေး"

သူတိုးတိုး​ပြောတာတောင် အကြားအာရုံကောင်းလွန်းနေတဲ့သူမကိုဦးနိုင်မာန်ဘာမှမပြောဝံ့တော့။နာနေတဲ့ဗိုက်ခေါက်ကိုတောင်အရေးမစိုက်နိုင်တော့ဘဲ သူလဲပြုံးတိတိရုပ်နဲ့ဘဲ.........

"ဟဲဟဲ.....သားကိုလဲကိုယ့်လိုဘဲချစ်ဇနီးချောလေးရအောင် သိသင့်တာလေးတွေကြိုသင်ပေးထားတာပါမိုးရဲ့၊ဗဟုသုတရတာပေါ့"

"မောင်ဘဲအပြောကောင်း....၊နိုင်းနတ်ဆေး မင်းကလဲမင်းဘဲ ဘာတွေလျှောက်နားထောင်နေမှန်းမသိဘူး"

"မေမေကလဲ....သားကဖေဖေပြောပြလို့နားထောင်တဲ့ဟာကို"

"အောင်မာအောင်မာ ပြောတဲ့လူကပြော နားထောင်တဲ့လူကလဲနားထောင်နဲ့ အတော်လေးအတိုင်အပေါက်ညီနေပါကောလား"

ဒေါ်မိုးနတ်အသံမာမာဖြင့်ဆူလေတော့ နိုင်းနဲ့ဦးနိုင်းမာန်တို့တိုင်ပင်မထားဘဲပြိုင်တူခေါင်းငုံ့ကာမှိုင်ကျသွားလေရဲ့။သူတို့သူမရဲ့စကားတွေကိုပြန်လည်ချေပခြင်းလည်းမရှိသလို မှားသည်မှန်သည်လည်းတစ်ခွန်းမှမဟပါ။

စိတ်မတိုပေမဲ့ဒေါ်မိုးနတ်အနည်းငယ်လေသံမာမာဖြင်​့ပြောမိပြီး သူမရှေ့မှာငြိမ်ကျသွားတဲ့သားဖြစ်သူနဲ့ခင်ပွန်းဖြစ်သူကိုမြင်ရပြန်တော့လည်းစိတ်မကောင်းရပြန်။သူမကဘဲနောက်ဆုံးအလျော့ပေး၍ ငြိမ်သက်နေတဲ့သားအဖနှစ်ယောက်နားသို့သွားလိုက်၏။ပြီးမှ ခေါင်းလေးငုံ့နေကြတဲ့နိုင်းနဲ့ဦးနိုင်းမာန်တို့ပခုံးတဖက်တစ်ချက်စီကိုကိုင်ကာ......

"မိုးကသားလေးဒီအရွယ်နဲ့အတုယူမှားမှာဆိုးလို့ပြောလိုက်တာပါမောင်ရယ် မောင်ကအဲ့လိုကြီးနေနေတော့မိုးဘယ်စိတ်ကောင်းပါ့မလဲ။ပြီးတော့သားကောဘဲ မေမေကသားလေးကောင်းစေချင်လို့ပြောတာစိတ်မဆိုးနဲ့နော်"

ခေါင်းငုံ့နေကြတဲ့သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ကြည့်ရယ်ပြီးမျက်စလေးများပင်ပစ်ကာ ရုတ်တရက်ခေါင်းများထောင်လာပြီးလက်များကဒေါ်မိုးနတ်ရဲ့ခါးတဖက်တစ်ချက်စီရောက်သွား၍ ပြုံးရွှင်လျက်သားဖြင့်.........

"ဘယ်သူကစိတ်ဆိုးနေလို့လဲ....ဟားဟား မင်းမောင်တို့သားအဖကြားအညာမိသွားပြီမိုး"

"ခစ်ခစ်.....မေမေကသိလဲမသိဘူး"

သားအဖနှစ်ယောက်ကြားအညာမိသွားတဲ့ဒေါ်မိုးနတ်အဖြစ်က သူမကိုညာလို့ဘဲစိတ်ဆိုးလိုက်ရမလား၊ဒါမှမဟုတ် သူမခါးကိုဖက်တွယ်ပြီးရယ်ပြုံးနေရှာတဲ့ထိုသားအဖကြောင့်ပြုံးလိုက်ရမလားပင်မသဲကွဲခဲ့ပါ။သို့သော် သေချာသည်ကထိုညကသူတို့အပြုံးတွေကြာရှည်ခဲ့တဲ့နောက်ဆုံးညတစ်ညပင်။

အဲ့နေကမဲမှောင်နေတဲ့တိမ်တိုက်များ ပြာလဲ့လဲ့ကောင်းကင်တစ်ခွင်ကိုအမှောင်ဖုံးစေခဲ့တဲ့နေ့တစ်နေ့။ဦးသော်ကအိမ်ကြီးလောက်မကြီးမားပေမဲ့ မိုးပြာရောင်ဆေးခြယ်ထားတဲ့နှစ်ထပ်တိုက်လေးကအနေတော်ရှိတဲ့ခြံဝန်းထဲမှာလှပစွာနေရာယူထားခဲ့သည်။ခြံဝန်းအတွင်းမှာတော့ ဆော့ကစားနေတဲ့၈နှစ်အရွယ်ကလေးမလေးနဲ့၁၀နှစ်အရွယ်ကလေးလေးတစ်ယောက်.......။

တူ........တူ.........တူ..........

အိမ်မှာလိုအပ်တဲ့ပရိဘောဂအသုံးအဆောင်တွေကို စာရင်းလုပ်နေတဲ့ဦးနိုင်းမာန် အိမ်အောက်ထပ်ဆင်းလာခဲ့ချိန်ရုတ်တရက်ထမြည်လာတဲ့ဖုန်းRingtoneသံလေးကြောင့် သူ့ခြေလှမ်းများလှေကားပေါ်မှာပင်ရပ်တန့်သွားလေသည်။ထို့နောက်သူ့ဘောင်းဘီအိတ်ကပ်ထဲကဖုန်းလေးကိုထုတ်ကြည့်ရင်း ဦးနိုင်းမာန်မြတ်နိုးမှုအပြည့်ဖြင့်ပြုံးလေကာ..........

"ပြောပါမောင့်ဇနီးချောလေး"

တဖက်ကဦးနိုင်းမာန်ရဲ့စကားကြောင့် ဒေါ်မိုးနတ်ပါးလေးမှာရဲတက်လို့၊သူမတို့အိမ်ထောင်သက်တမ်းမှာ၁၂နှစ်ရှိသည့်တိုင် ဒေါ်မိုးနတ်သူမခင်ပွန်းရဲ့စကားတစ်ချို့ကိုရှက်နေဆဲပါ။ဦးနိုင်းမာန်ဆိုသည်မှာလဲ သဘောကောင်းတဲ့လူတစ်ဦးဖြစ်ပေမဲ့သူစိမ်းနဲ့ဆိုရုပ်တည်အပြောတည်တဲ့လူတစ်ဦးဖြစ်သော်လည်း သူချစ်ရတဲ့မိသားစုလေးအတွက်ဆိုလျှင်ဟာသလူရွှင်တော်တစ်ယောက်လိုပြတ်လုံးထုတ်နေတက်သည့်သူမျိုး။

"မိုး မောင့်ဆီကိုလာနေပြီမောင်"

"ဘာလို့လာနေမှာလဲမိုးရယ် မောင်လဲခဏနေပြန်လာတော့မှာဘဲကို"

"မောင်ကလဲမိုးတို့ရဲ့အိမ်လေးကို မိုးလဲမိုးအကြိုက်လေးတွေနဲ့အလှဆင်ချင်တာပေါ့"

"ဟဟ....မိုးကလဲကွာ မောင်ကမိုးအကြိုက်အသုံးအဆောင်နဲ့ပရိဘောဂတွေဘဲဆင်မှာပါကွာ"

"အို.....မသိဘူး မသိဘူး မိုးအိမ်အနားရောက်ခါနီးပြီ....ဒါဘဲဖုန်းချလိုက်တော့မယ်"

"မိုး....."

ဒေါ်မိုးနတ်စကားဆက်မပြောချင်တော့တဲ့အဆုံး ဖုန်းကိုသာအမြန်ချပြီး သူမတို့ရဲ့အိမ်အသစ်လေးရှိရာသို့ကားကိုအရှိန်တင်ပြီးဘဲမောင်းလာလိုက်သည်။တကယ်ဆိုသူမကိုယ်တိုင်ထိုအိမ်လေးကိုအသေးစိတ်လိုက်လံစီစဥ်ချင်တာ ဒေါ်မိုးနတ်ဆန္ဒပါ။သို့ပေမဲ့ သူမဖခင်ဦးသော်ကရဲ့အလစ်ကိုစောင့်ဆိုင်းနေရသည့်အချိန်ကများနေခဲ့တာနဲ့ သူမဘာတစ်ခုမှမစီစဥ်နိုင်ခဲ့ချေ။အကြောင်းကတော့ ထိုအိမ်လေးနဲ့ခြံဝန်းလေးရှိသည်ကိုဦးသော်ကမသိ၊သိရင်လည်းအိမ်ခွဲနေခွင့်ပြုမှာမဟုတ်တာကြောင့် တိတ်တဆိတ်ဘဲခင်ပွန်းဖြစ်သူနဲ့စီစဥ်နေရခြင်းသာဖြစ်၏။ထိုအိမ်လေးမှာနေရဖို့သူတို့မိသားစုလေးအိပ်မက်မက်ခဲ့ရသည်မှာကြာလှပါပြီ၊ဖခင်ရဲ့ထိန်းချုပ်မှုအောက်မှာမျက်နှာငယ်နေခဲ့ရတဲ့ခင်ပွန်းရဲ့အဖြစ်ကိုမကြည့်ရက်တော့တာကြောင့် နောက်ဆုံးအိမ်ခွဲနေဖို့ဆုံးဖြတ်လိုက်ရခြင်းရယ်ပါ။

ကျွီ.............ဒုန်း.........

လှေကားမှာရပ်နေလေတဲ့ဦးနိုင်းမာန် အောက်ထပ်ကတံခါးပိတ်သံ​ကြောင့်တံခါးဆီအကြည့်များရောက်မိသွား၏။သူတံခါးကိုကြည့်လိုက်ချိန်မှာတော့ တံခါးမှာပိတ်လျက်ပင်ဖြစ်နေပြီ။

"သားရေ.....နိုင်း ဖေဖေအထဲမှာရှိသေးတယ်လေကွာ"

ပြောပြောဆိုဆိုနဲ့လှေကားပေါ်ကဆင်းလာတဲ့ဦးနိုင်းမာန်ရဲ့ခြေလှမ်းများက တံခါးဆီသို့သာဦးတည်လို့နေ၏။ပြန်ပွင့်မလာတဲ့တံခါးကတော့ ဖွင့်ပေးမဲ့သူမရှိသဖြင့်တင်းနေအောင်ပိတ်နေဆဲပါ။

ဘမ်း.........ဘမ်း...........

"သား.....နိုင်းနတ်ဆေးတံခါးဖွင့်စမ်း......နိုင်းနတ်ဆေး ဖေဖေပြောတာကြားလား"

ဦးနိုင်းမာန်အသံကုန်ဟစ်ပြီး နိုင်းကိုအော်ခေါ်နေပါသော်လည်းအပြင်ကသံမှမကြားရ။တံခါးကိုအားဖြင့်ရိုက်နေတဲ့သူ့လက်များနာကျင်လောက်သည်အထိ နိုင်းစမှာမဟုတ်ဘူးဆိုသည့်အတွေးများဝင်လာခဲ့သည်နှင့်ဦးနိုင်းမာန်စိတ်များအလိုလိုပူလာသလိုပင်။
ထို့အပြင်နှာခေါင်းထဲတိုးဝင်လာသည့်မီးခိုးနံ့များကြောင့် သံတိုင်များကာရံထားတဲ့ပြတင်းပေါက်မှတစ်ဆင့်အိမ်အပြင်ကိုလှမ်းကြည့်မိလေရာအိမ်နောက်ဖေးတစ်ခုလုံးမီးများစတင်စွဲလို့နေပြီ။

"အကိုနိုင်း နောက်နေ့လဲဒီလာကစားမယ်နော်"

"အင်း.....အဖိုးကိုပြန်မပြောနဲ့နော်မှီ၊အဖိုးသိရင် ဖေဖေအဆူခံရမှာ"

"ဟုတ်"

ရေခဲမုန့်လေးတစ်ခုစီကိုကိုင်ထားကြတဲ့ကလေးလေးနှစ်ယောက် အိမ်လေးရှိရာသို့ပြန်လာချိန်မြင်လိုက်ရသည်က တဟုန်းဟုန်းတောက်လောင်နေပြီဖြစ်တဲ့အိမ်လေး။မိုးပြာရောင်အစား မဲညိုနေတဲ့နံရံများ၊အိမ်တစ်ခုလုံးကိုဝါးမျိုနေတဲ့မီးတောက်များက မြင်ရက်စရာပင်မရှိချေ။ထိုမြင်ကွင်းလိုမြင်လိုက်ရတဲ့နိုင်းမှာတော့ မျှော်လင့်ချက်များရိုက်ချိုးခံလိုက်ရသည့်အလားပြိုတော့မဲ့မိုးပမာမျက်ရည်များစီးဆင်းလျက် လက်ထဲကရေခဲမုန့်လေးပင်မြေပေါ်ပြုတ်ကျခဲ့ရသည်။

မီးများလောင်မြိုက်နေတဲ့အိမ်လေးရှိရာ ခြံအတွင်းသို့နိုင်းနဲ့ယွန်းမှီကြောက်ရကောင်းမှန်းမသိဘဲဝင်သွားလိုက်တာ မီးများတဟုန်ထိုးလောင်မြိုက်နေတဲ့အိမ်တံခါးမကြီးမှဝင်မရတဲ့အဆုံး ပြတင်းပေါက်ရှိရာသို့အပြေးအလွှားလေးသွားချိန်..........

"အား......"

ပြတင်းပေါက်မှမြင်လိုက်ရတဲ့မြင်ကွင်းကမြင်ရက်စရာပင်မရှိ။တစ်ကိုယ်လုံးမီးများစွဲနေတဲ့ဦးနိုင်းမာန်မှာ မီးတောက်များကြားအလူးအလှိမ့်ခံစားရင်းပြေးလွှားနေတဲ့မြင်ကွင်းကိုယွန်းမှီမြင်ပြီး သူမမျက်နှာလေးကိုလက်သေးသေးဖြင့်အုပ်ပြီးသာအော်ပြီးထိုင်ငိုနေခဲ့သည်။ထိုမြင်ကွင်းကိုမှင်သက်စွာမတုန်မလှုပ်ငေးနေခဲ့တဲ့နိုင်းမှာတော့ အကြည့်ပင်မခွာ၊ပါးပြင်နုနုလေးထက်မျက်ရည်များသာအတိုင်းမသိစီးဆင်းလျက်သာ......။

~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~

(Zawgyi)

"ေျဖပါေမာင္ရယ္...ေမာင္ျပန္လာတာလားဟင္"

အခန္းအတြင္းေပလႊာ့အသံကလြဲလို႔ မည္သူ႕အသံမွထြက္မလာခဲ့ေခ်။တျဖည္းျဖည္းနဲ႕'ေမာင္ျပန္လာတာလား'ေမးေနတဲ့ေကာင္ေလးရဲ႕အသံေလးသာသိမ္ဝင္သြားတယ္ နိုင္းနဲ႕ယြန္းမွီတို႔ႏွစ္ေယာက္လုံးၿငိမ္ခ်က္သားေကာင္းေနပုံကေပလႊာ့အနားမည္သူမွမရွိေတာ့တဲ့အတိုင္းသာ။

ဖုန္းscreenေပၚမွာမ်က္ရည္အ႐ႊဲသားေလးနဲ႕ေမးေနတဲ့ေကာင္ေလးရဲ႕မ်က္ရည္ေလးေတြကို နိုင္းသုတ္ေပးခ်င္သည္။ထိုေကာင္ေလးကိုရင္ခြင္ထဲဆြဲသြင္းၿပီးႏွစ္သိမ့္လိုက္ခ်င္လွပါသည္။သို႔ေသာ္ သူကေကာင္ေလးရဲ႕အေဝးေရျခားေျမျခားတစ္ေနရာမွာ။

သူမျမင္ခ်င္တဲ့မ်က္ရည္ေလးမ်ားေနရာယူထားတဲ့ေပလႊာ့ပါးျပင္ေလးကို နိုင္းေငးေနရင္းမ်က္လုံးကိုစုံမွိတ္ခ်လိဳက္ၿပီးဘဲအံကိုႀကိတ္လ်က္ႏွင့္............

"မင္းသာေမာင့္ကိုျပန္လာေစခ်င္တယ္လို႔တစ္ခြန္းဘဲေျပာလိုက္ မင္းရွိတဲ့ေနရာကိုေမာင္မေရာက္ေရာက္ေအာင္ျပန္လာမွာေပလႊာ၊ေမာင့္အသက္နဲ႕ရင္းရမယ္ဆိုရင္ေတာင္ မင္းဆီေမာင္အေရာက္လာမွာ"

ထိုအခါမ်က္ရည္ေလးမ်ားကိုကသီကရီနဲ႕သုတ္ေနရွာတဲ့ေကာင္ေလးက သူ႕ကိုၾကည့္လ်က္ၿပဳံးေနသည္မဟုတ္ေသာ္လည္းၿပဳံးၿပဳံးေလးသာျဖစ္လို႔ေနသည္ကိုနိုင္းေတြ႕ျမင္ေနရ၏။ဘယ္ေလာက္ဘဲမ်က္ရည္မ်ားသုတ္ေနပါေစ ထိုေကာင္ေလးရဲ႕မ်က္ဝန္းအိမ္အတြင္းမွာေတာ့မ်က္ရည္မ်ားေနရာယူထားသည့္တိုင္ေအာင္ အခ်ိဳၿမိန္ဆုံးအၿပဳံးေတြၿပဳံးလိုက္ေကာင္ေလးေျပာလာသည္က........

"ဟီး....ငါကဒီအတိုင္းဘဲေမာင္ျပန္လာတယ္ထင္လို႔ေမးလိုက္တာပါေမာင္ရယ္၊ငါလားေမာင့္ကိုေမွ်ာ္မွာ...ေမာင္မရွိရင္ငါ့စိတ္ႀကိဳက္ေရခ်ိဳးလို႔လည္းရတယ္...ၿပီးေတာ့....ၿပီးေတာ့ဘာက်န္ေသးပါလိမ့္...ခစ္ခစ္ ငါကမ်က္လုံးမျမင္ရတာတင္မဟုတ္ဘူး ဦးေႏွာက္ေတြပါမေကာင္းေတာ့ဘူးထင္ပါတယ္ေမာင္ရယ္။ၾကာရင္ငါေမာင့္ကိုေတာင္ေမ့သြားမလားဘဲ"

ငိုသံတဲ့တဲ့ကပ္ပါလာတဲ့ေပလႊာ့စကားေလးေၾကာင့္ နိုင္းႏႈတ္ခမ္းေလးၫြတ္ကိုင္းသည္အထိၿပဳံးေလရဲ႕။ေနာက္ၿပီး.....

"ဟြန္း......ေမာင့္ကိုေမ့မယ္ဆိုတဲ့မင္းကို ေမာင္ျပန္လာမွေမာင့္နာမည္တစ္ခ်ိန္လုံးတေနရတဲ့အထိ အမွတ္ရေအာင္လုပ္ေပးမယ္"ဟုသာတစ္ဖန္ဆိုျပန္သည္။

ဖုန္းထဲကျပတ္သားစြာထြက္ေပၚလာတဲ့နိုင္းစကားေၾကာင့္ ေပလႊာ့မ်က္ႏွာနဲ႕နား႐ြက္ဖ်ားေလးမ်ားရဲတက္လာၿပီးေခါင္းေလးပင္ေအာက္သို႔အလိုလိုငုံ႕က်သြားမိသည္အထိသာ။

ေဘးနားကဖုန္းကိုင္ေပးလ်က္ေစာင့္ေနေပးေနရရတဲ့ယြန္းမွီ နိုင္းတို႔စကားေတြၾကားငိုရခက္ရယ္ရခက္နဲ႕မ်က္ႏွပူပူျဖင့္ဘဲ ေပလႊာ့လက္ထဲဖုန္းထိုးေပး၍.........

"ေပလႊာတို႔လြတ္လြတ္လပ္လပ္ေျပာၾကပါ......မွီၿပီးမွဖုန္းလာယူမယ္ေနာ္"ဆိုကာ ဖုန္းေလးေပလႊာ့လက္ထဲေရာက္သည္ႏွင့္ သူမလဲအခန္းထဲကခပ္သုတ္သုတ္ဘဲထြက္လာခဲ့ေလသည္။

ကြၽီ....................

ယြန္းမွီအခန္းအျပင္ေရာက္ေရာက္ျခင္း တံခါးေလးကိုမွီၿပီးထိုင္ခ်လိဳက္၏။ထိုမွတဆင့္ သူမအၾကည့္မ်ားကဒုတိယထပ္ကစာၾကည့္ခန္းဆီအေရာက္သြားၿပီးမွ...........

"ဘာေတြမ်ားထပ္ႀကံေနတာလဲအဖိုးရယ္"ဟုသာ စိတ္ပ်က္စြာဘဲေရ႐ြတ္ရင္း သူမရဲ႕ဒူးေလးအေပၚမ်က္ႏွာအပ္ၿပီးငုံ႕လို႔ေနေလသည္။

ယြန္းမွီထြက္သြားၿပီးတဲ့ေနာက္ ေပလႊာထိုင္မေနေတာ့ဘဲသူမေပးခဲ့တဲ့ဖုန္းေလးကိုလက္ကကိုင္ၿပီးသာကုတင္ေပၚမွာတေစာင္းေလးလွဲေနမိသည္။သူမအခန္းထဲဝင္မလာခင္ကထဲက ေပလႊာထိုင္ေနတာအေတာ္ေလးၾကာေနၿပီျဖစ္သျဖင့္​ေက်ာမ်ားပင္ေညာင္းေတာင့္ေနေသာေၾကာင့္လွဲလိုက္ျခင္းသာျဖစ္၏။

"ေပလႊာ အိပ္ခ်င္ေနၿပီလား"

"ဟင့္အင္း ငါအိပ္လို႔မရေသးဘူး"

"ေမာင္ေခ်ာ့သိပ္ရမလား"

ထိုအခါ ေပလႊာသူ႕မ်က္ႏွာေလးကိုလက္ေမာင္းေလးျဖင့္ကာလိုက္တာေၾကာင့္ ကုတင္ေပၚမွာတေစာင္းေလးအိပ္ေနတဲ့ေကာင္ေလးရဲ႕မ်က္ႏွာကိုနိုင္းမျမင္ရေတာ့ေခ်။ထို႔ေၾကာင့္.......

"ေပလႊာ....ေမာင့္ကိုမ်က္ႏွာေလးျပပါဦး"

"ေမာင္မျမင္ဖူးတာမွမဟုတ္တာ မျပခ်င္ပါဘူး"

"ျပပါကြာေနာ္...ေမာင္သီခ်င္းဆိုၿပီးေခ်ာ့သိပ္မယ္ေလ"

လက္ေမာင္းေလးဖယ္လိုက္တဲ့ေပလႊာ့မ်က္ႏွာေလးက သူ႕စကားကိုသေဘာက်ေနသလိုပင္။သြားေလးမ်ားေပၚသည္အထိပင္ၿပဳံးေနခဲ့ကာ ဖုန္းနားသို႔မ်က္ႏွာေလးပိုၿပီးနီးကပ္လာတာေၾကာင့္နိုင္းေကာင္ေလးမ်က္ႏွာေလးကိုအနီးကပ္ေတြ႕ခဲ့ရေလၿပီ။

"ေမာင္ကအသံမွမေကာင္းတာ....အသံဆိုႀကီးနဲ႕ငါအိပ္မရေအာင္လုပ္မလို႔လား"

ၾကားလိုက္ရသည့္စကားေၾကာင့္ နိုင္းသူ႕နားသူပင္မယုံနိုင္။ၾကည္လင္ၿပီးအသံအေနအထားေကာင္းမြန္တဲ့သူ႕ကိုမွ ထိုသို႔ေျပာေလေတာ့နိုင္းလည္းခနဲ႕တဲ့တဲ့ၿပဳံးၿပီး.........

"ေနာက္မွ ေမာင္ေခ်ာ့သိပ္မွအိပ္ပါမယ္သာမျဖစ္ေစနဲ႕ေပလႊာ"

"ငါေတာ့မထင္ပါဘူး"

နိုင္းမ်က္ေမွာင္ပင္က်ဳံ႕လာၿပီး.......

"မင္းေမာင့္ကိုစိန္ေခၚေနတာလား"

"အင္း...."

"မင္းဘယ္ေလာက္ဘဲစိန္ေခၚေခၚေမာင္အရႈံးေပးတယ္ေပလႊာ...ဒါေၾကာင့္ေမာင့္အသက္ေလးက ေမာင္အသံဆိုးႀကီးနဲ႕ဆိုျပမဲ့သီခ်င္းကိုနားေထာင္ၿပီးအိပ္ေနာ္"

"ဟင္း...ငါေတာ့အိပ္မက္ဆိုးေတြမက္ေတာ့မွာဘဲ"

စကားေျပာသံေလးမ်ားေပ်ာက္ကြယ္သြားတဲ့ အခန္းေလးအတြင္း၌ဖုန္းထဲမွထြက္ေပၚလာတဲ့ဂစ္တာသံေလးကတစ္ခဏအတြင္းက်ယ္ေလာင္စြာထြက္ေပၚလာၿပီမို႔ ေပလႊာ့မ်က္ႏွာေလးမွာ႐ႊင္လန္းလို႔။သူမထင္ထားမိ၊နိုင္းလိုလူတစ္ေယာက္မွာသီခ်င္းပင္ဆိုတက္သည့္အျပင္ ဂစ္တာပါစီးခ်က္ညီစြာတီးတက္ေနလိမ့္မည္ဟုပင္။

သိပ္မၾကာလိုက္ ဂစ္တာသံေလးအျပင္ ထြက္ေပၚလာသည္က.........

(🎶🎶ႏွင္းစက္ကေလးေတြ ေျမျမင္သက္ဆင္း ဆိုင္ျခင္းမဆိုင္ျခင္းကိုယ္မသိေတာ့ပါ🎶ခ်စ္တဲ့သူကို သတိရေနတယ္....🎶နန္းမဆန္လို႔ရယ္ မလွမ္းခ်င္တာလားဟယ္ သက္ထားရယ္ ေျပာျပစမ္းပါကြယ္🎶🎶
🎶🎶ေက်းငွက္ကေလးေတြ အေတာင္ပံျဖန့္ရင္း ေလထဲပ်ံဝဲ ကိုယ္လည္းလိုက္ပါ🎶ခ်စ္တဲ့သူကို လိုက္လို႔ရွာေန🎶အခ်စ္သာရွိရင္ ဘဝဟာျပည့္စုံ သက္ထားရယ္ မင္းေျပာခဲ့တာဘဲ🎶ေမာင့္သက္ထားေရ သက္ထားကို ခ်စ္တဲ့ခ်စ္သူ တေငးေငးလို႔ တေရးေရးျမင္🎶အိပ္မရတဲ့ ညထဲမွာ ဂစ္တာရယ္ ကိုယ္ရယ္ေပါ့ကြယ္🎶သက္ထားကို လြမ္းဆြတ္ရင္းနဲ႕ ေၾကကြဲစြာတမ္းတမိေတာ့🎶အိပ္ေနတဲ့ ငွက္ကေလးေတြေတာင္ တို႔ကိုစိတ္ဆိုးသြားၾကၿပီ🎶🎶)×2

ဂစ္တာသံေလးတျဖည္းျဖည္းတိုးသြားတဲ့အဆုံး နိုင္းလက္ထဲကဂစ္တာကိုခ်ၿပီးေပလႊာ့ကိုၾကည့္လိုက္ေတာ့ ဖုန္းေလးကိုင္ထားဆဲေကာင္ေလးကအသက္ရႈသံျပင္းျပင္းေလးနဲ႕တေရးပင္ရေနပုံေပၚသည္။နိုင္းလည္းကုတင္ေပၚလွဲလိုက္ၿပီး မ်က္ႏွာျခင္းဆိုင္မွာဖုန္းထဲမွေပၚေနတဲ့ေကာင္ေလးမ်က္ႏွာေလးကိုတဝႀကီးေငးလို႔ၾကည့္ေနမိသည္မွာအခ်ိန္အေတာ္ၾကာေအာင္ပင္။ေနာက္မွေမွးဆင္းလာတဲ့မ်က္ခြံမ်ားကိုအံမတုနိုင္ေတာ့ဘဲ သူလဲအိပ္စက္ျခင္းမ်ားဆီကိုသာ။

"ဝွား....."

ယြန္းမွီဘယ္အခ်ိန္က တံခါးကိုမွီၿပီးအိပ္ေပ်ာ္သြားလဲမသိ၊တေရးနိုးတဲ့အခ်ိန္ေပလႊာ့အခန္းထဲကဘာသံမွမၾကားရေတာ့တာနဲ႕ သူမလဲေနရာမွထၿပီးအခန္းတံခါးအားျဖည္းျဖည္းျခင္းတြန္းဖြင့္ဝင္လာခဲ့၏။အခန္းအတြင္း မ်က္ႏွာျခင္းဆိုင္အေနအထားနဲ႕ဖုန္းေလးေတြကိုင္ၿပီးအိပ္ေပ်ာ္ေနၾကတဲ့လူသားႏွစ္ေယာက္ကိုျမင္ရျပန္ေတာ့လည္းသူမအိပ္ေရးပ်က္ရသည္မွာတန္သလိုလိုပင္။ယြန္းမွီ ေပလႊာ့ကိုယ္ေလးေပၚသို႔ေစာင္ေလးၿခဳံေပး၍ သူမဖုန္းေလးကိုယူၿပီးသာထြက္လာခဲ့သည္။

သူမအခန္းထဲကထြက္လာၿပီးတဲ့ေနာက္ယြန္းမွီအိမ္ရဲ႕ဒုတိယအထပ္ စာၾကည့္တိုက္ရွိရာအခန္းသို႔ဆင္းလာစဥ္သူမေျခလွမ္းမ်ားက ထိုအခန္းသို႔မလွမ္းခ်င္ေလာက္ေအာင္ေလးလံလို႔ေနသည္။သူမထိုအခန္းသို႔ေရာက္ပင္မေရာက္ခ်င္ေတာ့ပါ၊သူမအဖိုးအေၾကာင္းကိုေကာင္းေကာင္းသိသူပီပီ ေလ့းလံေနတဲ့စိတ္မ်ားကလည္းဦးေသာ္ကဘာေျပာမယ္မွန္းမသိေသးတာေတာင္ ခံစားခ်က္ကေကာင္းမေန။အေၾကာင္းမယ္မယ္ရရမရွိေပမဲ့ စိတ္မ်ားအလိုလိုပူပင္ကာရင္မ်ားေလးေနလ်က္ပါ....။

ပန္းခက္ပန္းႏြယ္မ်ားကိုေသသပ္စြာထြင္းထုထားတဲ့စာၾကည့္တိုက္ရဲ႕တံခါးေရွ႕၌ ယြန္းမွီအသက္ကိုဝဝရႈလိုက္ၿပီးေနာက္ လက္ထိပ္ဖ်ားေလးမ်ားနီရဲေနတဲ့သူမရဲ႕လက္သြယ္သြယ္ေလးက တံခါးအားတီးေခါက္လိုက္ကာ........

ေဒါက္.........ေဒါက္..........

"မွီပါအဖိုး"

"ဝင္ခဲ့"

စာၾကည့္ခန္းအတြင္းကျပတ္သားစြာထြက္ေပၚလာတဲ့ဦးေသာ္ကအသံအဆုံး ထူထဲလွတဲ့တံခါးႀကီးအားယြန္မွီတြန္းဖြင့္ရန္ျပင္လိုက္စဥ္..........

ကြၽီ

ယြန္းမွီတံခါးအားဖို႔လုပ္ေနရာ အနည္းငယ္ဖြင့္ဟလာတဲ့တံခါးေၾကာင့္သူမလက္မ်ားကိုပင္ျပန္႐ုတ္သိမ္းလိုက္မိ၏။အေတာ္အတန္ပြင့္လာတဲ့တံခါးရဲ႕ေနာက္ကြယ္မွာ မ်က္ႏွာေသႀကီးနဲ႕အခန္းထဲကထြက္ဖို႔ျပင္ေနတဲ့စိုင္းလူ။သူ႕အား သူမၾကည့္မိေပမဲ့သူကေတာ့သူမအားတစ္ခ်က္ပင္ၾကည့္မသြား။သူမနဲ႕ေဘးခ်င္းကပ္လ်က္ေရွာင္ၿပီးသာထြက္သြား၏။အခ်ိန္ေတြၾကာလာတာနဲ႕အမွ် သူမစိုင္းလူကိုနားမလည္နိုင္၊ဦးေသာ္ကနဲ႕တပူးတြဲတြဲေတြ႕ေနရတဲ့သူ႕ကိုယြန္းမွီပိုၿပီးနားလည္ရခက္လာသည့္အလားပင္။

ယြန္းမွီအေတြးေတြနဲ႕လြင့္ေမ်ာေနရာ စာၾကည့္ခန္းအတြင္းမွသူမအားစိုက္ၾကည့္ေနတဲ့ဦးေသာ္ကကိုျမင္မွ ေတြးလက္စအေတြးမ်ားကိုရပ္တန့္ကာ ဦးေသာ္ကရွိရာသို႔သာေလွ်ာက္လွမ္းလာခဲ့၏။

သူမဦးေသာ္ကအနားေရာက္ခ်ိန္.........

"အဖိုးဘာေျပာမလို႔လဲ"

"ထိုင္"

"ဟုတ္"

ယြန္းမွီလြတ္ေနတဲ့ခုံမွာဘဲဝင္ထိုင္လိုက္၏။ဦးေသာ္ကနဲ႕မ်က္နာျခင္းဆိုင္အေနအထားမွာ မ်က္ေမွာင္က်ဳံ႕ႀကီးနဲ႕ေဆးလိပ္ဖြာေနတဲ့ဦးေသာ္ကပုံကေက်ာခ်မ္းစရာပင္၊တစ္ခုခုကိုလည္းအေလးအနက္ေတြးေနသည္ပုံမို႔ ယြန္းမွီစကားပင္အစမပ်ိဳးရဲေသးျပန္။ဦးေသာ္ကေျပာမဲ့စကားကိုဘဲ အသာေလးထိုင္ၿပီးေစာင့္ဆိုင္းေနမိသည္။

သိပ္မၾကာခင္ဦးေသာ္ကေသာက္လက္စေဆးလိပ္ကိုမီးသတ္လိုက္ၿပီး သူနဲ႕မ်က္ႏွာျခင္းဆိုင္ထိုင္ေနတဲ့ယြန္းမွီအားတစ္ခ်က္ၾကည့္၍...........

"သမီး ဟိုေကာင္ေလးနဲ႕အေရာမဝင္ပါနဲ႕မွီ"

ယြန္းမွီတုန့္ဆိုင္းမေနဘဲခ်က္ခ်င္းဆိုသလိုဘဲ..........

"ဘာလို႔လဲအဖိုး"ဟုသာ ျပန္ၿပီးေမးခြန္းထုတ္လိုက္မိသည္။

"ဘာလို႔လဲဆိုေတာ့သမီးကိုလူအေျပာမခံေစခ်င္လို႔ဘဲယြန္းမွီ"

ဒုန္း..........

ယြန္းမွီေဒါသမ်ားငယ္ထိပ္တက္ေဆာင့္ခံလိုက္ရသည့္အလား ေခါင္းတစ္ခုလုံးပူထူၿပီးခုံကိုပင္လက္သီးဆုပ္ေလးျဖင့္ထုကာမတ္တပ္ထရပ္လိုက္၏။သူမေရွ႕မွာရွိသည့္လူကိုလဲ ဘယ္သူဘယ္ဝါမွန္းယြန္းမွီေတြးခ်ိန္ပင္မရ၊သူမစိတ္တစ္ခုလုံးေဒါသမ်ားသာတလိပ္လိပ္ဖုံးလႊမ္းေနသည္မို႔..........

"အဖိုးက မွီနဲ႕ေပလႊာ့ကိုတစ္မ်ိဳးျမင္ေနတာလား"

ယြန္းမွီသာေဒါသေတြထြက္လာတယ္၊ဦးေသာ္ကကေတာ့တည္ၿငိမ္စြာဘဲၿပဳံးေနလ်က္.......

"အဖိုးကအဲ့လိုသေဘာမ်ိဳးေျပာခ်င္တာမဟုတ္ပါဘူးသမီး၊သမီးအေတြးမ်ားေနၿပီယြန္းမွီ"

"အဟက္....မွီကအေတြးမ်ားေနတယ္ဟုတ္လား"

ခနဲ႕တဲ့အၿပဳံးေတြနဲ႕ၿပဳံးၿပီးေမးေနတဲ့သူမအေမးကို ဦးေသာ္ကေခါင္းတရမ္းရမ္းျဖင့္ဘဲ..........

"အဖိုးဆိုလိုခ်င္တာက....သမီးတို႔ဘယ္ေလာက္ရိုးရိုးပတ္ဝန္းက်င္ကတစ္မ်ိဳးထင္မွာဆိုးလို႔ပါ။ၿပီးေတာ့အဲ့ေကာင္ေလးကိုသမီးဂ႐ုစိုက္ဖို႔မလိုပါဘူး အိမ္အကူေတြအမ်ားႀကီးရွိတာဘဲသူတို႔ဂ႐ုစိုက္လိမ့္မယ္ေပါ့"

"အို.....သူတို႔ကိုမေျပာနဲ႕အဖိုးကိုေတာင္မွီမယုံဘူး၊ထပ္တူညီတဲ့ေနာင္တမ်ိဳးမွီေနာက္ထပ္မရခ်င္ဘူးအဖိုး....အဖိုးကမွီ့အဖိုးမို႔လို႔မွီမေဝဖန္ခ်င္ေပမဲ့ အဖိုးဘယ္လိုစိတ္ဓာတ္ရွိတယ္ဆိုတာမွီေကာင္းေကာင္းသိတယ္"

ဒုန္း.........

"ယြန္းမွီ"

ဦးေသာ္ကလည္းမတ္တပ္ရပ္လ်က္သားနဲ႕ျဖစ္ၿပီးစားပြဲကိုသူ႕လက္ဖဝါးႀကီးနဲ႕ရိုက္ခ်လိဳက္ေလသည္။က်ယ္ေလာင္စြာထြက္ေပၚလာတဲ့အသံႀကီးကလဲ ဘယ္ေလာက္အားပါမွန္းသက္ေသျပေနသည့္ပမာ အခန္းတစ္ခန္းလုံးဟိန္းခနဲထြက္လာပါသည္ေကာ။

"အဖိုးဘာေတြေျပာေျပာ က်န္တဲ့လူေတြေကာဘာဘဲေျပာေျပာ မွီကေတာ့ေပလႊာ့ကိုေစာင့္ေရွာက္ရမွာဘဲ၊မွီ့ကိုတားလို႔ရမယ္မထင္နဲ႕"

"ေတာ္ေတာ္သတၱိေတြေကာင္းေနတယ္ဆိုပါေတာ့"

"မွီကအဖိုးလိုဘဲသတၱိေကာင္းပါတယ္....တစ္ခုေလးဘဲ အဖိုးလိုစိတ္ဓာတ္ဘဲမဟုတ္တာ၊ေျပာစရာမရွိေတာ့မွီ့ကိုခြင့္ျပဳပါဦး"

သူ႕အားေက်ာခိုင္းထြက္ခြာဖို႔လုပ္ေနတဲ့ယြန္းမွီ တံခါးနားမေရာက္ေသးခင္မွာဘဲ ..........

"နိုင္းနတ္ေဆးနဲ႕အေနနီးေတာ့ နိုင္းနတ္ေဆးနဲ႕တစ္ပုံထဲကိုျဖစ္လာပါေကာလား"

အျပင္ကိုထြက္ဖို႔တံခါးဆီေလွ်ာက္ေနတဲ့ယြန္းမွီေျခလွမ္းမ်ားရပ္တန့္သြားၿပီး သူမဦးေသာ္ကဘက္သိုျပန္ၾကည့္လိုက္ကာ........

"မွီေကာအကိုနိုင္းကို ဒီလိုပုံျဖစ္ေအာင္အဖိုးသင္ေပးခဲ့တာအဖိုး၊တကယ္တမ္းအျပစ္တင္မယ္ဆိုရင္အဖိုးကိုယ္အဖိုးဘဲအျပစ္တင္"ဆိုကာ တံခါးဆီခပ္ျမန္ျမန္ေလွ်ာက္လွမ္း၍သူမအခန္းထဲကထြက္လာခဲ့သသည္။က်န္ေနခဲ့တဲ့ဦးေသာ္ကဘာျဖစ္က်န္ေနခဲ့မွန္းယြန္းမွီမသိ၊သူမကေတာ့အဖိုးျဖစ္သူကိုျပန္ခံေျပာမိသည္ေကာ ေပလႊာ့အေၾကာင္းေတြပါေရာယွက္ၿပီးမ်က္ရည္အဝဲသားပင္

~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~

ဝူး..........တီ.........တီ.........တီ........

ေပလႊာနဲ႕ယြန္းမွီၿခံထဲ၌ထိုင္ေနတုန္း ၿခံထဲသို႔အရွိန္ျပင္းျပင္းေမာင္းဝင္လာတဲ့အနီေရာင္အမိုးဖြင့္ၿပိဳင္ကားေလး​ဆီသို႔ ယြန္းမွီအၾကည္ေရာက္သြားသလို ေပလႊာလဲနားစြင့္
​ေနသည္။မနက္ေစာေစာစီးစီး ၿခံထဲသို႔အသားကုန္ေမာင္းဝင္လာတဲ့ထိုကားကိုယြန္းမွီမျမင္ဖူး၊ဘယ္သူဘယ္ဝါမွန္းသိရေအာင္ စူးစမ္းရင္းဘဲကားဆီကအၾကည့္မခြာ အထဲကလူမထြက္မခ်င္းဘဲၾကည့္ေနမိသည္အထိပင္။

ဘမ္း.........

ဒူးဖုံးယုံေလာက္သာရွိတဲ့အနက္ေရာက္ဂါဝန္ကိုေသသပ္စြာဝတ္ဆင္ထားတဲ့့ ႏွိုင္းဧကရီကိုျမင္ျမင္ခ်င္း ယြန္းမွီရဲ႕စူးစမ္းေနတဲ့မ်က္ဝန္းလွလွေလးအလိုလိုမ်က္ေမွာင္က်ဳံ႕မိသြားၿပီး ေပလႊာ့ဘက္သို႔သာသူမအၾကည့္ျပန္လႊဲလိုက္၏။သူမအၾကည့္လႊဲလိုက္တဲ့အခါ သူမနည္းတူစူးစမ္းေနတဲ့ေကာင္ေလးကလဲ နားစြင့္ေနတုန္းမို႔ယြန္းမွီသြားေလးေပၚသည္အထိၿပဳံးမိကာ...........

"ဘာေတြနားေထာင္ခ်င္ေနတာလဲေပလႊာရဲ႕"

"ဟို....ကားဝင္လာတယ္ေလ၊ဘယ္သူလဲသိခ်င္လို႔ပါ"

"ေပလႊာကအကိုနိုင္းထင္လို႔လား"

"မထင္ပါဘူး ေမာင္ခ်က္ခ်င္းျပန္လာဖို႔ငါမေမွ်ာ္လင့္ေတာ့ဘူးမွီရယ္၊ငါေမွ်ာ္လင့္လိုက္တဲ့အရာတိုင္းကျဖစ္မလာတက္ဘူး"

ေပလႊာ့မ်က္ႏွာကၿပဳံးေယာင္မွ်သမ္းျခင္းမရွိေပ၊သိသိသာသာဘဲအသံေလးသိမ္ဝင္သြားၿပီး မ်က္ႏွာေလးပ်က္လို႔ေနသည္မို႔ သူ႕မ်က္ႏွာအားေဘးနားကသူမမျမင္နိုင္ရန္ေခါင္းေလးကိုသာငုံ႕ထားေလသည္။

ယြန္းမွီသူမမွာေခါင္းကိုအတင္းငုံ႕ထားတဲ့ေပလႊာ့ေက်ာေလးကိုထိယုံမွ်ထိလိုက္ၿပီး..........

"ေပလႊာ တစ္ခုခံစားရရင္မွီ့ကိုေျပာျပေနာ္၊မွီကအကိုနိုင္းမဟုတ္လို႔အကိုနိုင္းလို႔ခ်စ္မျပတက္ေပမဲ့ ေပလႊာ့ကိုမွီ့အကိုအရင္းလိုေမာင္အရင္းလိုေတာ့မွီခ်စ္ပါတယ္။မွီ့ကိုအမအရင္းဒါမွမဟုတ္ညီမအရင္းလိုသေဘာထားၿပီး အကုန္ေျပာျပရမယ္သိလား"

"အင္းပါ....ဒါနဲ႕မွီ"

"ဟင္..."

"နိုင္းကေလ...."

"အကိုနိုင္းကဘာျဖစ္လို႔လဲေပလႊာ"

"နိုင္းကအဖိုးဆိုတဲ့လူကိုဘာလို႔မုန္းေနရတာလဲဟင္"

"အကိုနိုင္းကေပလႊာ့ကိုမေျပာဖူးဘူးလား"

"ဟင့္အင္း....ငါလဲမေမးရဲဘူး"

"ဟင္း....."

ယြန္းမွီသက္ျပင္းမ်ားခ်လ်က္ လွမ္းျမင္ေနရတဲ့ေဒၚမိုးနတ္ရဲ႕အခန္းေလးကိုေငးေမာကာ အေၾကာင္းစုံစေျပာျပဖို႔အသင့္ျဖစ္ေနပါၿပီ။ထိုအေၾကာင္းေတြကိုမေမ့နိုင္ေသးတာ နိုင္းတင္မဟုတ္ဘဲသူမကိုယ္တိုင္ပါေမ့ေဖ်ာက္မရေသးသည္မို႔အျဖစ္အပ်က္တိုင္းကိုေတာ့စိတ္ထဲစြဲေနသည္အထိမွတ္သားမိရာ အတိတ္က႐ုန္းမထြက္နိုင္ေသးသူမ်ားတြင္လည္းသူမအပါအဝင္ျဖစ္ေနပါတေကာ။

လြန္ခဲ့တဲ့၁၀ႏွစ္ခန့္က.........

မီးေရာင္ေဖ်ာ့ေဖ်ာ့ေလးပ်ံ့လြင့္ေနတဲ့အိမ္ေခါင္မိုးထပ္ေလးေပၚမွာသင္းပ်ံ့ေမႊးႀကိဳင္ေနတဲ့ညေမႊးပန္းအနံ႕ေလး၊ၿပဳံးေပ်ာ္႐ႊင္စြာျဖင့္ရယ္ေမာေနၾကတဲ့မိသားစုေလးရဲ႕ျမင္ကြင္းေလးက ညရဲ႕အလွကိုအလွဆင္ေနသည့္အလားရယ္ေမာသံေလးမ်ားပ်ံ့လြင့္လို႔ေနသည္။

"ေဖေဖ....ေဖေဖၾကယ္ေတြအေၾကာင္းသိလား"

"အနည္းအက်ဥ္းေပါ့သားရယ္...ၾကယ္ေတြအေၾကာင္းကိုေဖေဖအရမ္းမသိေပမဲ့သားကိုလွ်ို႔ဝွက္ခ်က္တစ္ခုေတာ့ေျပာျပမယ္....."

"ဘာလဲေဖေဖ"

"ဒီနားတိုးခဲ့....."

သူ႕အားလက္ကမ္းေခၚေနတဲ့ဖခင္ဆီသို႔ ၁၀ႏွစ္သားအ႐ြယ္စူးစမ္းစိတ္အျပည့္ရွိတဲ့နိုင္းတစ္ေယာက္ ပက္လက္ကေလးကေနလွိမ့္ၿပီးဦးနိုင္းမာန္အနားတိုးလာေလသည္။သူအနားအေရာက္ခ်ိန္ ဦးနိုင္မာန္ပိုၿပီးနီးနီးကပ္ကပ္ျဖစ္ေစရန္ပိုတိုးလာၿပီး နိုင္းရဲ႕နား႐ြက္ကေလးကိုလက္ျဖင့္အုပ္၍တီးတီးတိုးတိုးဘဲ........

"ၾကယ္ေလးေတြကိုတစ္လုံးနဲ႕တစ္လုံးဆက္ၾကည့္ၿပီး သားခ်စ္ရတဲ့သူရဲ႕နာမည္ကိုပုံေဖာ္ၾကည့္၊သားခ်စ္ရတဲ့သူရဲ႕နာမည္ေလးကိုပုံေဖာ္လို႔ရရင္ သူကသားကိုျပန္ခ်စ္လို႔ဘဲ"....ဆိုေလေတာ့ နိုင္းေခါင္းေလးကုတ္လ်က္တစ္စုံတစ္ရာအားစဥ္းစားေနသည့္သဖြယ္။နိုင္းဘဲငယ္ေသးလို႔နားမလည္သည္လား ဦးနိုင္းမာန္ေျပာသည္ကဘဲရႈပ္ေထြးလို႔လားမသိ၊စကားသာဆုံးသြားတယ္ဦးနိုင္းမာန္ေျပာသမွ် နိုင္းဘာမွနားလည္လိုက္ျခင္းမသိပါ။အခ်ိန္အေတာ္ၾကာတဲ့အထိေခါင္းေလးကိုကုတ္ၿပီးသာစဥ္းစားခန္းဝင္ေနရဟန္......။

သူတို႔သားအဖကို မ်က္ေစာင္းထိုးေလးနဲ႕ၾကည့္ေနတဲ့ေဒၚမိုးနတ္ ဦးနိုင္းမာန္အနားကပ္သြားၿပီးအျဖဴေရွာင္စြပ္က်ယ္ေလးကိုဝတ္ဆင္ထားတဲ့ဦးနိုင္းမာန္ဗိုက္ေခါက္ႀကီးအားအားျဖင့္လိမ္ဆြဲလိုက္ေလရာ.......

"အား....နာတယ္....အား နာတယ္မို႔းရဲ႕"

လိမ္ဆြဲခံထားေရတဲ့ဗိုက္ေခါက္ေလး​မွာေဒၚမိုးနတ္လက္ထဲနီရဲ႕လာသည္အထိျဖစ္ေနၿပီး ဦးနိုင္းမာန္လည္းနာက်င္လြန္းလို႔သူမလက္ကေလးကိုဆြဲၿပီး တားေနခဲ့ျခင္းျဖစ္၏။

ဦးနိုင္းမာန္တားေနေပမဲ့ ေဒၚမိုးနတ္လႊတ္မေပး၊ပိုၿပီးအားထည့္၍သာလိမ္ဆြဲလိုက္၏။သူတို႔သားအဖနဲ႕ခပ္လွမ္းလွမ္းမွာရွိေနေပမဲ့ ဦးနိုင္းမာန္ေျပာသမွ်သူမပါၾကားခဲ့ရသည္မို႔သူမေက်နပ္မေန။၁၀ႏွစ္သားအ႐ြယ္ကေလးကိုမွအတက္ေကာင္းေတြသင္ေပးေနတဲ့ဦးနိုင္းမာန္ကို အေလ်ာ့မေပးခ်င္ေသးတဲ့ေဒၚမိုးနတ္ ၿပဳံးၿပဳံးႀကီးနဲ႕ဦးနိုင္းမာန္ရဲ႕ဗိုက္ေခါက္အားဆြဲလ်က္သားျဖင့္............

"​ရွင္းစမ္းပါဦးေမာင္.....သားကိုအတက္ေကာင္းေတြသင္ေပးေနတဲ့အေၾကာင္းေလး"

သူတိုးတိုး​ေျပာတာေတာင္ အၾကားအာ႐ုံေကာင္းလြန္းေနတဲ့သူမကိုဦးနိုင္မာန္ဘာမွမေျပာဝံ့ေတာ့။နာေနတဲ့ဗိုက္ေခါက္ကိုေတာင္အေရးမစိုက္နိုင္ေတာ့ဘဲ သူလဲၿပဳံးတိတိ႐ုပ္နဲ႕ဘဲ.........

"ဟဲဟဲ.....သားကိုလဲကိုယ့္လိုဘဲခ်စ္ဇနီးေခ်ာေလးရေအာင္ သိသင့္တာေလးေတြႀကိဳသင္ေပးထားတာပါမိုးရဲ႕၊ဗဟုသုတရတာေပါ့"

"ေမာင္ဘဲအေျပာေကာင္း....၊နိုင္းနတ္ေဆး မင္းကလဲမင္းဘဲ ဘာေတြေလွ်ာက္နားေထာင္ေနမွန္းမသိဘူး"

"ေမေမကလဲ....သားကေဖေဖေျပာျပလို႔နားေထာင္တဲ့ဟာကို"

"ေအာင္မာေအာင္မာ ေျပာတဲ့လူကေျပာ နားေထာင္တဲ့လူကလဲနားေထာင္နဲ႕ အေတာ္ေလးအတိုင္အေပါက္ညီေနပါေကာလား"

ေဒၚမိုးနတ္အသံမာမာျဖင့္ဆူေလေတာ့ နိုင္းနဲ႕ဦးနိုင္းမာန္တို႔တိုင္ပင္မထားဘဲၿပိဳင္တူေခါင္းငုံ႕ကာမွိုင္က်သြားေလရဲ႕။သူတို႔သူမရဲ႕စကားေတြကိုျပန္လည္ေခ်ပျခင္းလည္းမရွိသလို မွားသည္မွန္သည္လည္းတစ္ခြန္းမွမဟပါ။

စိတ္မတိုေပမဲ့ေဒၚမိုးနတ္အနည္းငယ္ေလသံမာမာျဖင္​့ေျပာမိၿပီး သူမေရွ႕မွာၿငိမ္က်သြားတဲ့သားျဖစ္သူနဲ႕ခင္ပြန္းျဖစ္သူကိုျမင္ရျပန္ေတာ့လည္းစိတ္မေကာင္းရျပန္။သူမကဘဲေနာက္ဆုံးအေလ်ာ့ေပး၍ ၿငိမ္သက္ေနတဲ့သားအဖႏွစ္ေယာက္နားသို႔သြားလိုက္၏။ၿပီးမွ ေခါင္းေလးငုံ႕ေနၾကတဲ့နိုင္းနဲ႕ဦးနိုင္းမာန္တို႔ပခုံးတဖက္တစ္ခ်က္စီကိုကိုင္ကာ......

"မိုးကသားေလးဒီအ႐ြယ္နဲ႕အတုယူမွားမွာဆိုးလို႔ေျပာလိုက္တာပါေမာင္ရယ္ ေမာင္ကအဲ့လိုႀကီးေနေနေတာ့မိုးဘယ္စိတ္ေကာင္းပါ့မလဲ။ၿပီးေတာ့သားေကာဘဲ ေမေမကသားေလးေကာင္းေစခ်င္လို႔ေျပာတာစိတ္မဆိုးနဲ႕ေနာ္"

ေခါင္းငုံ႕ေနၾကတဲ့သူတို႔ႏွစ္ေယာက္ တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္ရယ္ၿပီးမ်က္စေလးမ်ားပင္ပစ္ကာ ႐ုတ္တရက္ေခါင္းမ်ားေထာင္လာၿပီးလက္မ်ားကေဒၚမိုးနတ္ရဲ႕ခါးတဖက္တစ္ခ်က္စီေရာက္သြား၍ ၿပဳံး႐ႊင္လ်က္သားျဖင့္.........

"ဘယ္သူကစိတ္ဆိုးေနလို႔လဲ....ဟားဟား မင္းေမာင္တို႔သားအဖၾကားအညာမိသြားၿပီမိုး"

"ခစ္ခစ္.....ေမေမကသိလဲမသိဘူး"

သားအဖႏွစ္ေယာက္ၾကားအညာမိသြားတဲ့ေဒၚမိုးနတ္အျဖစ္က သူမကိုညာလို႔ဘဲစိတ္ဆိုးလိုက္ရမလား၊ဒါမွမဟုတ္ သူမခါးကိုဖက္တြယ္ၿပီးရယ္ၿပဳံးေနရွာတဲ့ထိုသားအဖေၾကာင့္ၿပဳံးလိုက္ရမလားပင္မသဲကြဲခဲ့ပါ။သို႔ေသာ္ ေသခ်ာသည္ကထိုညကသူတို႔အၿပဳံးေတြၾကာရွည္ခဲ့တဲ့ေနာက္ဆုံးညတစ္ညပင္။

အဲ့ေနကမဲေမွာင္ေနတဲ့တိမ္တိုက္မ်ား ျပာလဲ့လဲ့ေကာင္းကင္တစ္ခြင္ကိုအေမွာင္ဖုံးေစခဲ့တဲ့ေန႕တစ္ေန႕။ဦးေသာ္ကအိမ္ႀကီးေလာက္မႀကီးမားေပမဲ့ မိုးျပာေရာင္ေဆးျခယ္ထားတဲ့ႏွစ္ထပ္တိုက္ေလးကအေနေတာ္ရွိတဲ့ၿခံဝန္းထဲမွာလွပစြာေနရာယူထားခဲ့သည္။ၿခံဝန္းအတြင္းမွာေတာ့ ေဆာ့ကစားေနတဲ့၈ႏွစ္အ႐ြယ္ကေလးမေလးနဲ႕၁၀ႏွစ္အ႐ြယ္ကေလးေလးတစ္ေယာက္.......။

တူ........တူ.........တူ..........

အိမ္မွာလိုအပ္တဲ့ပရိေဘာဂအသုံးအေဆာင္ေတြကို စာရင္းလုပ္ေနတဲ့ဦးနိုင္းမာန္ အိမ္ေအာက္ထပ္ဆင္းလာခဲ့ခ်ိန္႐ုတ္တရက္ထျမည္လာတဲ့ဖုန္းRingtoneသံေလးေၾကာင့္ သူ႕ေျခလွမ္းမ်ားေလွကားေပၚမွာပင္ရပ္တန့္သြားေလသည္။ထို႔ေနာက္သူ႕ေဘာင္းဘီအိတ္ကပ္ထဲကဖုန္းေလးကိုထုတ္ၾကည့္ရင္း ဦးနိုင္းမာန္ျမတ္နိုးမႈအျပည့္ျဖင့္ၿပဳံးေလကာ..........

"ေျပာပါေမာင့္ဇနီးေခ်ာေလး"

တဖက္ကဦးနိုင္းမာန္ရဲ႕စကားေၾကာင့္ ေဒၚမိုးနတ္ပါးေလးမွာရဲတက္လို႔၊သူမတို႔အိမ္ေထာင္သက္တမ္းမွာ၁၂ႏွစ္ရွိသည့္တိုင္ ေဒၚမိုးနတ္သူမခင္ပြန္းရဲ႕စကားတစ္ခ်ိဳ႕ကိုရွက္ေနဆဲပါ။ဦးနိုင္းမာန္ဆိုသည္မွာလဲ သေဘာေကာင္းတဲ့လူတစ္ဦးျဖစ္ေပမဲ့သူစိမ္းနဲ႕ဆို႐ုပ္တည္အေျပာတည္တဲ့လူတစ္ဦးျဖစ္ေသာ္လည္း သူခ်စ္ရတဲ့မိသားစုေလးအတြက္ဆိုလွ်င္ဟာသလူ႐ႊင္ေတာ္တစ္ေယာက္လိုျပတ္လုံးထုတ္ေနတက္သည့္သူမ်ိဳး။

"မိုး ေမာင့္ဆီကိုလာေနၿပီေမာင္"

"ဘာလို႔လာေနမွာလဲမိုးရယ္ ေမာင္လဲခဏေနျပန္လာေတာ့မွာဘဲကို"

"ေမာင္ကလဲမိုးတို႔ရဲ႕အိမ္ေလးကို မိုးလဲမိုးအႀကိဳက္ေလးေတြနဲ႕အလွဆင္ခ်င္တာေပါ့"

"ဟဟ....မိုးကလဲကြာ ေမာင္ကမိုးအႀကိဳက္အသုံးအေဆာင္နဲ႕ပရိေဘာဂေတြဘဲဆင္မွာပါကြာ"

"အို.....မသိဘူး မသိဘူး မိုးအိမ္အနားေရာက္ခါနီးၿပီ....ဒါဘဲဖုန္းခ်လိဳက္ေတာ့မယ္"

"မိုး....."

ေဒၚမိုးနတ္စကားဆက္မေျပာခ်င္ေတာ့တဲ့အဆုံး ဖုန္းကိုသာအျမန္ခ်ၿပီး သူမတို႔ရဲ႕အိမ္အသစ္ေလးရွိရာသို႔ကားကိုအရွိန္တင္ၿပီးဘဲေမာင္းလာလိုက္သည္။တကယ္ဆိုသူမကိုယ္တိုင္ထိုအိမ္ေလးကိုအေသးစိတ္လိုက္လံစီစဥ္ခ်င္တာ ေဒၚမိုးနတ္ဆႏၵပါ။သို႔ေပမဲ့ သူမဖခင္ဦးေသာ္ကရဲ႕အလစ္ကိုေစာင့္ဆိုင္းေနရသည့္အခ်ိန္ကမ်ားေနခဲ့တာနဲ႕ သူမဘာတစ္ခုမွမစီစဥ္နိုင္ခဲ့ေခ်။အေၾကာင္းကေတာ့ ထိုအိမ္ေလးနဲ႕ၿခံဝန္းေလးရွိသည္ကိုဦးေသာ္ကမသိ၊သိရင္လည္းအိမ္ခြဲေနခြင့္ျပဳမွာမဟုတ္တာေၾကာင့္ တိတ္တဆိတ္ဘဲခင္ပြန္းျဖစ္သူနဲ႕စီစဥ္ေနရျခင္းသာျဖစ္၏။ထိုအိမ္ေလးမွာေနရဖို႔သူတို႔မိသားစုေလးအိပ္မက္မက္ခဲ့ရသည္မွာၾကာလွပါၿပီ၊ဖခင္ရဲ႕ထိန္းခ်ဳပ္မႈေအာက္မွာမ်က္ႏွာငယ္ေနခဲ့ရတဲ့ခင္ပြန္းရဲ႕အျဖစ္ကိုမၾကည့္ရက္ေတာ့တာေၾကာင့္ ေနာက္ဆုံးအိမ္ခြဲေနဖို႔ဆုံးျဖတ္လိုက္ရျခင္းရယ္ပါ။

ကြၽီ.............ဒုန္း.........

ေလွကားမွာရပ္ေနေလတဲ့ဦးနိုင္းမာန္ ေအာက္ထပ္ကတံခါးပိတ္သံ​ေၾကာင့္တံခါးဆီအၾကည့္မ်ားေရာက္မိသြား၏။သူတံခါးကိုၾကည့္လိုက္ခ်ိန္မွာေတာ့ တံခါးမွာပိတ္လ်က္ပင္ျဖစ္ေနၿပီ။

"သားေရ.....နိုင္း ေဖေဖအထဲမွာရွိေသးတယ္ေလကြာ"

ေျပာေျပာဆိုဆိုနဲ႕ေလွကားေပၚကဆင္းလာတဲ့ဦးနိုင္းမာန္ရဲ႕ေျခလွမ္းမ်ားက တံခါးဆီသို႔သာဦးတည္လို႔ေန၏။ျပန္ပြင့္မလာတဲ့တံခါးကေတာ့ ဖြင့္ေပးမဲ့သူမရွိသျဖင့္တင္းေနေအာင္ပိတ္ေနဆဲပါ။

ဘမ္း.........ဘမ္း...........

"သား.....နိုင္းနတ္ေဆးတံခါးဖြင့္စမ္း......နိုင္းနတ္ေဆး ေဖေဖေျပာတာၾကားလား"

ဦးနိုင္းမာန္အသံကုန္ဟစ္ၿပီး နိုင္းကိုေအာ္ေခၚေနပါေသာ္လည္းအျပင္ကသံမွမၾကားရ။တံခါးကိုအားျဖင့္ရိုက္ေနတဲ့သူ႕လက္မ်ားနာက်င္ေလာက္သည္အထိ နိုင္းစမွာမဟုတ္ဘူးဆိုသည့္အေတြးမ်ားဝင္လာခဲ့သည္ႏွင့္ဦးနိုင္းမာန္စိတ္မ်ားအလိုလိုပူလာသလိုပင္။
ထို႔အျပင္ႏွာေခါင္းထဲတိုးဝင္လာသည့္မီးခိုးနံ႕မ်ားေၾကာင့္ သံတိုင္မ်ားကာရံထားတဲ့ျပတင္းေပါက္မွတစ္ဆင့္အိမ္အျပင္ကိုလွမ္းၾကည့္မိေလရာအိမ္ေနာက္ေဖးတစ္ခုလုံးမီးမ်ားစတင္စြဲလို႔ေနၿပီ။

"အကိုနိုင္း ေနာက္ေန႕လဲဒီလာကစားမယ္ေနာ္"

"အင္း.....အဖိုးကိုျပန္မေျပာနဲ႕ေနာ္မွီ၊အဖိုးသိရင္ ေဖေဖအဆူခံရမွာ"

"ဟုတ္"

ေရခဲမုန့္ေလးတစ္ခုစီကိုကိုင္ထားၾကတဲ့ကေလးေလးႏွစ္ေယာက္ အိမ္ေလးရွိရာသို႔ျပန္လာခ်ိန္ျမင္လိုက္ရသည္က တဟုန္းဟုန္းေတာက္ေလာင္ေနၿပီျဖစ္တဲ့အိမ္ေလး။မိုးျပာေရာင္အစား မဲညိုေနတဲ့နံရံမ်ား၊အိမ္တစ္ခုလုံးကိုဝါးမ်ိဳေနတဲ့မီးေတာက္မ်ားက ျမင္ရက္စရာပင္မရွိေခ်။ထိုျမင္ကြင္းလိုျမင္လိုက္ရတဲ့နိုင္းမွာေတာ့ ေမွ်ာ္လင့္ခ်က္မ်ားရိုက္ခ်ိဳးခံလိုက္ရသည့္အလားၿပိဳေတာ့မဲ့မိုးပမာမ်က္ရည္မ်ားစီးဆင္းလ်က္ လက္ထဲကေရခဲမုန့္ေလးပင္ေျမေပၚျပဳတ္က်ခဲ့ရသည္။

မီးမ်ားေလာင္ၿမိဳက္ေနတဲ့အိမ္ေလးရွိရာ ၿခံအတြင္းသို႔နိုင္းနဲ႕ယြန္းမွီေၾကာက္ရေကာင္းမွန္းမသိဘဲဝင္သြားလိုက္တာ မီးမ်ားတဟုန္ထိုးေလာင္ၿမိဳက္ေနတဲ့အိမ္တံခါးမႀကီးမွဝင္မရတဲ့အဆုံး ျပတင္းေပါက္ရွိရာသို႔အေျပးအလႊားေလးသြားခ်ိန္..........

"အား......"

ျပတင္းေပါက္မွျမင္လိုက္ရတဲ့ျမင္ကြင္းကျမင္ရက္စရာပင္မရွိ။တစ္ကိုယ္လုံးမီးမ်ားစြဲေနတဲ့ဦးနိုင္းမာန္မွာ မီးေတာက္မ်ားၾကားအလူးအလွိမ့္ခံစားရင္းေျပးလႊားေနတဲ့ျမင္ကြင္းကိုယြန္းမွီျမင္ၿပီး သူမမ်က္ႏွာေလးကိုလက္ေသးေသးျဖင့္အုပ္ၿပီးသာေအာ္ၿပီးထိုင္ငိုေနခဲ့သည္။ထိုျမင္ကြင္းကိုမွင္သက္စြာမတုန္မလႈပ္ေငးေနခဲ့တဲ့နိုင္းမွာေတာ့ အၾကည့္ပင္မခြာ၊ပါးျပင္ႏုႏုေလးထက္မ်က္ရည္မ်ားသာအတိုင္းမသိစီးဆင္းလ်က္သာ......။

~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

8.4K 288 21
ဥဩ က စာမတတ်ပါဘူး ကိုမင်းမာန်ထွဋ်ခေါင် လူ့ အသိုင်းအဝိုင်းရဲ့မျက်နှာစာ ငွေဆိုတာလဲ ဥဩမှာ မရှိနေပါဘူး.. ဥဩကို ခွင့်လွှတ်ပေးပါ..
96.6K 4.2K 33
မိုရ် ရယ် ၊ အညို ရယ်၊ ချစ်သောပင်လယ်ကြီးရယ် ၊ တော်ပြီလေ ဘဝက ဒီလောက်ဆိုရင်ကို နေပျော်စရာကောင်းနေပါပြီ ။ မိုရ္ ရယ္ ၊ အညိဳ ရယ္၊ ခ်စ္ေသာပင္လယ္ႀကီးရယ္ ၊...
5.6K 177 5
" There are no happy endings. Endings are the saddest part "~ Once focused, the arrow flies out of the bow's grasp towards its target. But, what afte...
RAGE & RESTRAINT By MΛC

Mystery / Thriller

1.6K 64 6
"thirst for blood shed and chaos is a curse. What do you plan to do to 'fix me'?!" "...do you want me to kick you in the stomach or?" ...