ယင်ယန်က ချီလန်ရဲ့တစ်ကိုယ်လုံးကိုစစ်ဆေးကြည့်လိုက်ကာ ယင်ကျင်းရဲ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမှ သူ့ပါးစပ်ကိုဖွင့်လာသည်။
"ရင်ညွန့်ရိုးကျိုးသွားတယ်..အရွတ်တွေနဲ့သွေးကြောလေးတွေလည်းပျက်စီးသွားတဲ့အပြင် သူ့တန်ထျန်းလည်း ထိခိုက်သွားတယ်..ဒါတွေကိုပြန်လည်ကောင်းမွန်လာအောင်လို့ သခင်ချီ အချိန်အတော်ကြာအောင်အနားယူသင့်တယ် အဲ့အချိန်အတောအတွင်းမှာလည်း သူ့ဝိညာဥ်စွမ်းအားကိုသုံးလို့မရဘူး..မဟုတ်ရင် သူမိုးကြိုးစမ်းသပ်မှုဖြတ်ကျော်နိုင်မဲ့အခွင့်အရေးကိုဆုံးရှုံးသွားရလိမ့်မယ်..အကယ်၍ သူဖြတ်ကျော်ဖို့ကြိုးစားခဲ့ရင်တောင်မှ အဲ့ဖြစ်စဥ်အတွင်းမှာ သေသွားနိုင်တယ်"
"ဘာ!"
ရှင်းယွဲ့ ယင်ယန်ကိုမယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
"ဒါက..ဒါက..အဲ့လောက်တောင်ပြင်းထန်တာလား"
မဟာယာနအဆင့်ကကျင့်ကြံသူတစ်ယောက်က ချီသန့်စင်အဆင့်က ကျင့်ကြံသူတစ်ယောက်ကြောင့် အပြင်းအထန်ထိခိုက်သွားရသည်။ ဘယ်သူမှ ဒါကိုယုံကြည်နိုင်မှာမဟုတ်ပေ။ သူမတောင်မှ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာတောင် မယုံကြည်နိုင်သေးပေ။
ယင်ယန် အလေးအနက်ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်..အကယ်၍ မင်းသခင်ကိုကောင်းစေချင်ရင် သူ့ကို ဒေါသထွက်တာတွေ မှော်သိုင်းကွက်သုံးတာတွေ မလုပ်စေနဲ့"
"နင် သခင့်အတွင် အကောင်းဆုံးဆေးတွေဘဲပေးရမယ်"
ရှင်းယွဲ့က ချီလန်ကိုမြေပေါ်ဖြေးဖြေးလေးချလိုက်ပြီး ဓားကိုဆွဲကာ ရုန်ယိဘက်ကို ဒေါသတွေနဲ့ ချိန်ရွယ်လိုက်ပြီး..
"နင်...မကောင်းတဲ့ကောင်..ဘယ်လိုလုပ် သခင့်ကိုထိခိုက်အောင်လုပ်ရဲရတာလဲ..ငါနင့်ကိုသတ်ပစ်မယ်!!"
သူမရဲ့ သတ်ပစ်မယ်ဆိုတဲ့စကားကိုကြားတဲ့အခါ လူတိုင်းကရုန်ယိရှေ့ကိုရောက်လာကာ ကာပေးထားလိုက်ကြ၏။
ရုန်စု ဒေါပွကာ ပြောတော့သည်။
"မင်းသခင်က မဟာယာနအဆင့်ရောက်နေတာတောင်မှ ချီသန့်စင်အဆင့်ကသူကိုရှုံးခဲ့တာလေ..ဒါတောင် မင်းက သူ့အတွက်လက်စားချေပေးဦးမယ်ပေါ့..မင်းမရှက်ဘူးလား..ဒါ့အပြင် မင်းသခင်က သူ့ကိုအရင်သတ်ဖို့ကြိုးစားခဲ့တာ..သူသာ ဒီလိုသေစေလောက်တဲ့တိုက်ခိုက်မှုမျိုးမလုပ်ခဲ့ရင် ငါတို့သခင်လေးကလည်း သူ့ကိုထိခိုက်သွားအောင်လုပ်မှာမဟုတ်ဘူး..ငါတို့သခင်လေးက ကိုယ့်ဘာသာကာကွယ်ဖို့လုပ်ခဲ့ရုံဘဲ!..."
လူတိုင်းလည်း ဝင်ပြောလာကြသည်။
"ဟုတ်တယ်..မင်းသခင်က ငါတို့သခင်လေးကိုအရင်သတ်ဖို့ လုပ်ခဲ့တာသိသာနေတဲ့ဟာကို..သူရှုံးတာက သူ့အရည်အချင်းကမလုံလောက်လို့ဘဲ..ဒါတောင်မင်းက သူ့ကိုပြန်လက်စားချေချင်သေးတယ်လား...ငါတို့ကိုဘာများထင်နေတာလဲ..အလွယ်အနိုင်ကျင့်တဲ့ရတဲ့လူတွေလို့လား.."
"ငါတို့သခင်လေးရဲ့ ဆံပင်တစ်ချောင်းကိုတောင်ထိရဲခဲ့မယ်ဆိုရင်..မင်းသခင်လို အဲ့နေရာမှာလှဲနေရအောင်လုပ်ပေးလိုက်မယ်"
"......."
လူတိုင်းက ရုန်ယိကိုကာကွယ်ပေးနေတာတွေ့လိုက်ရတာကြောင့် ရှင်းယွဲ့ ရုန်ယိကို ပြင်းပြင်းထန်ထန်တစ်ချက်စိုက်ကြည်ကြာ ချီလန်ကိုတွဲပြီး ထွက်သွားတော့သည်။
သူတို့တွေ ထွက်သွားတာနဲ့ ပိလော့ခြံဝန်းထဲကလူတွေအကုန်လုံး ထအော်ကာအောင်ပွဲခံကြတော့သည်။
ရှင်းယွဲ့ အံကြိတ်လိုက်မိသည်။
"ဒါကိုအမြဲမှတ်ထားမယ်"
ပိလော့ခြံဝန်းထဲမှာတော့ အစေခံတွေက စိတ်လှုပ်ရှားစွာနဲ့ ရုန်ယိကိုလေပေါ်ကိုမြှောက်တင်လိုက်ကြသည်။
"သခင်လေး..အရမ်းအထင်ကြီးဖို့ကောင်းတာဘဲ...တစ်ကယ်အထင်ကြီးစရာကြီး...သခင်လေးက မဟာယာနအဆင့်ကသူကိုတောင် အနိုင်ယူနိုင်မယ်လို့ မထင်ခဲ့မိဘူး..."
လေ့စိုင့်ကလည်း ပြောလိုက်၏။
"အိုး...ဟေ့လူတွေ..ဒီခံစားချက်ကြီးကသောက်ရမ်းကောင်းတာဘဲကွ!"
အရင်တုန်းကဆိုရင် သူတို့သာ ချီလန်အနိုင်ကျင့်တာကိုခံခဲ့ကြရပြီး ဒါပထမဆုံးအကြိမ် ချီလန်တစ်ယောက် မျက်နှာဖြတ်ရိုက်ခံလိုက်ရတာဖြစ်လေသည်။
အခုတော့ သူ့တန်ထျန်းကပြင်းထန်စွာထိခိုက်သွားတာကြောင့် ပြန်ကောင်းဖို့အတွက် အချိန်အတော်ကြာယူရတော့မည်။ ဒီအချိန်အတောအတွင်းတော့ သူတို့ယင်အိမ်တော်ကြီးမှာ ငြိမ်းချမ်းနေတော့ပေမည်။
ရှန်းလွီ့က ပုချီရဲ့လက်မောင်းကိုစိတ်လှုပ်ရှားစွာနဲ့ဖမ်းဆုပ်လိုက်ပြီး
"ဆရာတူအစ်ကို..ကျုပ်တို့ရဲ့ဆရာက အရမ်းအရည်အချင်းရှိတာဘဲ..သူ့ကို အရှက်မရှိ ဆရာအတင်းတင်ခဲ့မိတာ ကျုပ်တော့အရမ်းကံကောင်းတယ်လို့ခံစားရတယ်ဗျာ.."
ပုချီလည်း ပြုံးလိုက်၏။
"ကျုပ်လည်း ဆရာသခင်ယွမ်ရိစကားကိုနားထောင်ခဲ့မိတာ ကံကောင်းတယ်လို့ခံစားရတယ်"
သူတို့နောက်မှာ ပုန်းနေကြတဲ့ ယင်ဖုန်းနဲ့ လန်လျှို့တို့မှာ အချင်းချင်းကြည့်လိုက်မိကြသည်။ အခုလေးတင် ဖြစ်ပျက်သွားတာတွေက လက်တွေ့မဆန်လိုက်တာ..ချီသန့်စင်အဆင့်ကသူက မဟာယာနအဆင့်ကသူကိုအနိုင်ယူခဲ့သည်တဲ့..။
လန်လျှို့က ယင်ဖုန်းနားကပ်ကာပြောလိုက်သည်။
"ယင်ဖုန်းရေ..ငါထင်တာတော့ ငါအခုထိနွမ်းနယ်နေသေးတုန်းဘဲကွ..ဒါကြောင့် ငါဒီ့ထက်ပိုပြီးအနားယူဖို့လိုသေးတယ်"
ယင်ဖုန်း "......"
"အားးး.."
ရုန်စု ထအော်တော့၏။
"သူ့ကိုအောက်ပြန်ချ!!..အောက်ပြန်ချ!!...သခင်လေးက ကိုယ်ဝန်ကြီးနဲ့လေ..မင်းတို့ ကလေးကိုထိခိုက်အောင်လုပ်မိတော့မှာဘဲ!"
ဒါပေမဲ့ သူတို့ကတော့ သူပြောတာမကြားသလိုလုပ်ပြီး ရုန်ယိကိုလေထဲ ဆက်မြှောက်နေကြ၏။
အခုလေးတင်နိုးလာတဲ့ ယင်ထောင်က သူတို့တွေ ရုန်ယိကို လေထဲပစ်တင်နေကြတာတွေ့ပြီး ချက်ချင်းဘဲ သူတို့ဆီကို အမြန်ပြေးလာတော့သည်။
"သားလည်းလုပ်ချင်တယ်!...သားလည်းအဲ့လိုလုပ်ချင်တယ်!..သားလည်းအဲ့လိုလုပ်ချင်တယ်!.."
"သခင်ငယ်လေးကလည်း ဒီလိုလုပ်ချင်လို့လား"
အစေခံတစ်ယောက်က သူ့ကိုချီပြီး လေထဲပစ်တင်ပေးလိုက်သည်။
"ဟား..ဟားး.ဟားး."
ယင်ထောင်က အားရပါးရကိုရယ်မောနေတော့သည်။
လူတိုင်းက အရမ်းပျော်နေကြတာကြောင့် ရုန်ယိလည်း မရယ်ဘဲမနေနိုင်တော့။ ထို့နောက် သူ တံခါးနားမှာရပ်နေတုန်းဖြစ်တဲ့ ယင်ကျင်းရဲ့ဘက်ကိုလှည့်ကြည့်လိုက်သည်။
"အခု ခင်ဗျားရဲ့ကျင့်ကြံဖော်က ဘယ်လောက်ထူးချွန်ထက်မြက်လဲ သိပြီမလား!..ခင်ဗျား ကျွန်တော့်ကိုစွန့်ပစ်ခဲ့ရင် ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်!.."
ယင်ကျင်းရဲ့က နှုတ်ခမ်းတွေသာကွေးညွှတ်လိုက်ပြီး သူ့ကိုဘာမှပြန်မပြောဘဲ ထိုနေရာမှာသာရပ်ပြီး သားအဖနှစ်ယောက် ဆော့နေကြတာကို ကြည့်နေသည်။
ရုန်ယိ တော်ပြီလို့ပြောမှ ထိုသူတွေက သူ့ကိုအောက်ချပေးကြတော့သည်။
ရုန်စုက အမြန်မေးလာတော့သည်။
"သခင်လေး..သခင်လေး..အဆင်ပြေရဲ့လားဟင်"
ရုန်ယ် လက်ခါပြလိုက်သည်။
"မစိုးရိမ်နဲ့ ကလေးဘာမှမဖြစ်ဘူး"
ဒီတော့မှ ရုန်စုမှာလည်း သက်ပြင်းချနိုင်တော့သည်။
ရုန်ယိ အစေခံတွေကိုပြောလိုက်သည်။
"မင်းတို့သွားလို့ရပြီ"
"ဟီးဟီး..ဒီရက်ပိုင်းတော့ သခင်ချီငါတို့ကို ဒုက္ခလာပေးနိုင်မှာမဟုတ်တော့ဘူး"
လူတိုင်း ပိလော့ခြံဝန်းထဲကနေ ပျော်ရွှင်စွာနဲ့ ထွက်သွားကြတော့သည်။
ရုန်ယိ ယင်ကျင်းရဲ့ကိုလှမ်းပြောလိုက်သည်။
"ကျွန်တော် အဝတ်သွားလဲပြီးရင် ခင်ဗျားနဲ့အတူ မနက်စာပြန်လာစားမယ်နော်"
ပုချီ ရှန်းလွီ့နဲ့တစ်ခြားသူတွေလည်း ရုန်ယိနဲ့အတူလိုက်သွားကြသည်။
သူတို့အခန်းထဲကိုဝင်ပြီးတာနဲ့ ရှန်းလွီ့မှာ ထပ်မစောင့်နိုင်တော့ဘဲ မေးလိုက်၏။
"ဆရာ ခုနကဘယ်လိုလုပ်လိုက်တာလဲ..ဘယ်လိုဘဲပြောပြော သူက မဟာယာနအဆင့်လေ..ဆရာ သူ့ကိုထိလိုက်အောင်လုပ်ဖို့ ဘယ်လိုလုပ်အခွင့်အရေးရသွားတာလဲ.."
ရုန်ယိ သူက သူတို့ရဲ့ဆရာတစ်ယောက်အနေနဲ့ တပည့်ကမေးလာမှတော့ သူရှင်းရှင်းလင်းလင်းဖြေပေးသင့်တယ်လို့ တွေးလိုက်သည်။ သူ သူတို့ကိုမဖုံးကွယ်ထားသင့်ပေ။
"ဒါတွေက ပုချီ ကျွန်တော့်အတွက် ရေးထွင်းပေးထားတဲ့အင်းကွက်တွေရဲ့ကျေးဇူးကြောင့်ဘဲ..အကယ်၍ သူသာ မဟာယာနအဆင့်မဟုတ်ခဲ့ဘူးဆိုရင်လည်း ကျွန်တော်ဒီနေ့လို အနိုင်ရလဒ်ရခဲ့မှာမဟုတ်ဘူး"
ပုချီကလည်း မေးလိုက်သည်။
"ဆရာ ဆရာကျွန်တော့်ကို ရေးထွင်းခိုင်းခဲ့တဲ့ အင်းကွက်တွေက တိုက်ခိုက်ရေးအင်းကွက်တွေ ဟုတ်တယ်မလား..ဒါပေမဲ့ ကျင့်ကြံသူရဲ့ ဝိညာဥ်စွမ်းအားက အားနည်းနေရင်..တိုက်ခိုက်ရေးအင်းကွက်က ဘယ်လောက်ဘဲစွမ်းအားကြီးနေပါစေ သူ့ရဲ့စွမ်းအားကုန်အသုံးမချနိုင်ဘူးလေ..ပြီးတော့လည်း ဒါက တိုက်ခိုက်ရေးအင်းကွက်နဲ့လည်းမတူဘူး..တိုက်ခိုက်ရေးအင်းကွက်က ပြိုင်ဘက်ရဲ့မှော်သိုင်းကွက်ကို ပြန်ကန်မထုတ်နိုင်ဘူးလေ"
"ဒါက တိုက်ခိုက်ရေးအင်းကွက်မဟုတ်ဘူး တန်ပြန်အင်းကွက်ဘဲ ဒါကိုသုံးပြီး ရန်သူရဲ့တိုက်ကွက်ကိုပြန်ကန်ထုတ်လို့ရတယ်..ကျွန်တော် ခင်ဗျားကိုဆွဲခိုင်းတဲ့အင်းကွက်တွေထဲမှာ တန်ပြန်အင်းကွက်တွေအပြင် တန်ပြန်ခြင်းစွမ်းအားကိုတိုးတက်စေတဲ့ အင်းကွက်တစ်မျိုးလည်းပါသေးတယ်..ဒါကြောင့် ကျွန်တော် သူ့မှော်သိုင်းကွက်ကိုပြန်ကန်ထုတ်လိုက်တဲ့အချိန်မှာ ပိုပြီးစွမ်းအားကြီးသွားရတာဘဲ..ဒါကြောင့်သာ ချီလန်က သူ့သိုင်းကွက်နဲ့သူ အပြင်းအထန်ထိခိုက်သွားရတာပေါ့"
"တန်ပြန်အင်းကွက်.."
ရှန်းလွီ့ အံ့အားသင့်သွားရ၏။
"ဒါက အရမ်းအံ့သြဖို့ကောင်းတာဘဲ..အကယ်၍ မှော်လက်နက်တွေကိုသာ ဒီအင်းကွက်နဲ့မွမ်းမံလိုက်ရင် ချီသန့်စင်အဆင့်ကသူတွေအားလုံးက မဟာယာနအဆင့်ကသူတွေကိုအနိုင်ယူနိုင်တော့မှာလား"
ရုန်ယိမှာ ဆွံ့အသွားရသည်။
"မှော်လက်နက်တွေအကုန်လုံးက ဒီအင်းကွက်သုံးလို့ရပေမယ့် တန်ပြန်အင်းကွက်ရဲ့အဆင့်နိမ့်လေ ပြန်ကန်ထွက်သွားတဲ့ ဖျက်ဆီးအားကလျော့နည်းသွားလေဘဲ..ဒါပေမယ့်လည်း အကယ်၍ အင်းကွက်ရဲ့အဆင့်ကအရမ်းမြင့်နေမယ်ဆိုရင်လည်း ဒီလိုအဆင့်နိမ့်မှော်လက်နက်တွေက ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..သူတို့ပေါ်မှာအရမ်းမြင့်တဲ့ အင်းကွက်တွေနဲ့မွမ်းမံလိုက်ရင်လည်း အဲ့မှော်လက်နက်ကလုံးဝပျက်စီးသွားလိမ့်မယ်"
မဟုတ်ရင် သူလည်း သူ့ဘာသာသူ အဆင့်ကိုးအင်းကွက်တွေနဲ့ ချပ်ဝတ်ပစ္စည်းတွေပြုလုပ်ပြီးနေလောက်လေပြီ။
"ဒါပေမဲ့ ဆရာ့ရဲ့မှော်လက်နက်ကတော့ အကောင်းအတိုင်းရှိနေသေးတယ်မလား"
ရုန်ယိ သူ့မှော်လက်နက်ကိုထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။ မကြာခင်မှာဘဲ နည်းနည်းစီ အရည်ပျော်ကျလာပြီး အရင်လို သူ့မူလပုံစံကိုပြန်ရအောင်မလုပ်နိုင်တော့ပေ။
ရှန်းလွီ့နဲ့ပုချီတို့မှာ စားပွဲပေါ်ကအကြွင်းအကျန်လေးကိုကြည့်ကာ မေးရိုးတွေပြုတ်ကျသွားကြရတော့သည်။
"ဘာ...ဘာဖြစ်သွားတာလဲ"
"ပျက်စီးသွားတာလေ..ကျွန်တော့်လက်နက်ကို ဒီအင်းကွက်နဲ့မွမ်းမံထားတာ အချိန်အတော်ကြာနေပြီလေ..တစ်ခြားသူတွေရဲ့ဟာဆိုရင် ချက်ချင်းကိုပျက်စီးသွားမှာ..ဒါကဘာလို့လဲဆိုတော့ ကျွန်တော်တို့ အင်းကွက်တွေကိုရေးထွင်းတဲ့အခါမှာ အင်းကွက်ရဲ့အဆင့်ကမြင့်လေ သုံးရတဲ့ မိုးကြိုးမီးတောက်ရဲ့မီးအရှိန်ကပြင်းလေဘဲ..ဒါကြောင့် ဒီအဆင့်နိမ့်လက်နက်တွေက မီးအရှိန်ကိုမခံနိုင်ဘဲ အရည်ပျော်သွားကြတာ"
ရုန်ယိ နှုတ်ခမ်းတွေတွန့်ကွေးလိုက်ပြီး
"ကျွန်တော်တော့ ချီလန် ဒီလောက်အစောကြီးပြဿနာလာရှာတာကံကောင်းတယ်လို့ခံစားနေရတယ်..မဟုတ်ရင် ကျွန်တော့်လက်နက်က အချိန်အကြာကြီးခံနိုင်တော့မှာမဟုတ်ဘူး"
ရှန်းလွီ့ သူ့စကားတွေကိုတစ်ခဏလောက်တွေးတောကြည့်နေပြီးမှ
"ကျွန်တော်မှတ်မိတာတော့..ဆရာ့ရဲ့မှော်လက်နက်ကိုသန့်စင်တဲ့အချိန်တုန်းက လူတစ်ယောက်ရဲ့အရိုးတွေ အရွတ်တွေကိုအမြန်ပြန်ကောင်းမွန်စေတဲ့ ပြန်လည်ကုသဆေးပင်ကိုသုံးခဲ့တယ်..သားရဲတွေရဲ့အရိုးတွေကိုလည်း အဓိကထားသုံးထားတယ်ဆိုတော့ ဆရာ့ရဲ့လက်နက်ကို ချီလန်ကဘယ်လောက်ဘဲ အပြင်းအထန်ချိုးပစ်ပါစေ..သူက အချိန်တိုအတွင်းမှာ နဂိုပုံစံရအောင် ပြန်ဆက်သွားမှာဘဲပေါ့"
ပထမတော့ သူ့ဆရာကို ဆေးပင်တွေက မှော်လက်နက်ထုလုပ်လို့မရတာကို မသိဘူးဆိုပြီး သူလှောင်ရယ်ခဲ့သည်။ ဒါပေမဲ့ အခုကြည့်ရတာတော့ ဒါတွေကို လက်နက်လုပ်တဲ့နေရာမှာ သုံးလို့ရရုံတင်မကဘဲ အရမ်းအရမ်းကိုမှအသုံးဝင်နေလေသည်။
"မှန်တယ်...ကျွန်တော်က သူ့ရဲ့ပြန်ဆက်နှုန်းကို မွမ်းမံပြီးတော့ မြှင့်ထားခဲ့သေးတယ်..ကျွန်တော့်လက်နက်က ချက်ချင်းပြန်ဆက်နိုင်တာကြောင့်ဘဲ အခုထက်ထိတောင့်ခံနိုင်ခဲ့တာပေါ့..အခုဒါက ပျက်စီးသွားပြီဆိုတော့ ကျွန်တော့်အတွက် ဒါနဲ့တစ်ပုံစံတည်းတူတဲ့အသစ်တစ်ခုကို လုပ်ပေးကြပါဦး"
ရှန်းလွီ့က မေးလိုက်သည်။
"ဆရာ ဒီဟာကိုဘဲလိုချင်သေးတာလား"
ရုန်ယိ ခဏလောက်တွေးပြီးမှ ပြန်ပြောလိုက်၏။
"အင်း..ဒါက တော်တော်လေးခံတယ်..ကျွန်တော်ဒါကို ရွှေအမြုတေအဆင့်ရောက်တဲ့အထိသုံးလို့ရတယ်"
ပုချီက သူ့ကိုမေးလိုက်သည်။
"ဆရာ ဘာလို့ လက်နက်တွေအကုန်လုံးကို တန်ပြန်အင်းကွက်သုံးဖို့ မသင့်တော်တာလဲ"
"တစ်ချို့မှော်လက်နက်တွေက ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုကို မတောင့်ခံနိုင်ဘဲ နေရာမှာတင်ကျိုးပျက်သွားတတ်ကြတယ်..ဒါဆိုရင် တန်ပြန်အင်းကွက်က တိုက်ခိုက်မှုကို ပြန်ကန်ထုတ်ပေးမယ့်အစား သူ့ကိုယ်သူသာထိခိုက်စေလိမ့်မယ်..ဒါ့အပြင် ပြိုင်ဘက်က သေနေတဲ့သူမဟုတ်တာကြောင့် သူလည်း သေချာပေါက်ကိုရှောင်တိမ်းမှာဘဲ..ဒါကြောင့် တိုက်ခိုက်မှုကို တစ်ခါတည်းပြန်ကန်ထုတ်ရုံနဲ့တော့ သူ့ကိုထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ဘူး..ကျွန်တော် ပထမအကြိမ်မှာဘဲ ချီလန်ကိုထိခိုက်အောင်လုပ်နိုင်ခဲ့တာက သူကလုံးဝကိုမပြင်ဆင်ထားခဲ့လို့ဘဲ..နောက်တစ်ကြိမ်ဆို ကျွန်တော်လည်း အဲ့လောက်ထိကံကောင်းမှာမဟုတ်တော့ဘူး"
ရှန်းလွီ့က ပြောလာသည်။
"ကြည့်ရတာ တန်ပြန်အင်းကွက်က အဲ့လောက်ထိလည်းအသုံးဝင်တဲ့ပုံမပေါ်ပါဘူး..ဒါပေမဲ့ ဆရာက ချီလန်ကို ဒီအင်းကွက်ကြောင့် အနိုင်ရခဲ့တာဆိုတော့ ကျုပ်တို့အမြင်မှာတော့ အထင်ကြီးစရာကောင်းနေတုန်းဘဲ..ဆရာသာ မဟာယာနအဆင့်ရောက်သွားရင်ဘယ်လိုဖြစ်မလဲဆိုတာ ကျုပ်တော့တွေးကြည့်လို့တောင်မရဘူး..တစ်ယောက်မှ ဆရာ့ပြိုင်ဘက်မဖြစ်နိုင်လောက်တော့မှာတော့သေချာတယ်"
"ခင်ဗျားသာ ကျွန်တော့်ကိုဆက်မြှောက်နေမယ်ဆိုရင်..ကျွန်တော်တော့ ကိုယ့်ကိုကိုယ် မိုးကြိုးစမ်းသပ်မှုခံယူပြီး မသေမျိုးနတ်ဘုရားတစ်ပါးဖြစ်နေပြီလို့တောင် ထင်မိတော့မယ်"
ရှန်းလွီ့က ရယ်မောလိုက်သည်။
ရုန်ယိ အဝတ်အစားတွေလဲပြီး အခန်းပြင်ထွက်လာလိုက်တာနဲ့ ဒီရက်ပိုင်းအိမ်တော်မှာမရှိတဲ့ ရှင်းဟယ်တစ်ယောက် ပြန်ရောက်နေတာကိုတွေ့လိုက်ရသည်။
ရှင်းဟယ်က ရုန်ယိကိုတွေ့လိုက်တာနဲ့ စိတ်လှုပ်ရှားစွာ အော်ပြောလာတော့သည်။
"သခင်လေး!...ကျွန်တော် အဲ့အကြောင်းကြားပြီးသွားပြီ..သခင်လေးကအရမ်းအထင်ကြီးစရာကောင်းတာဘဲဗျာ..သခင်ချီကိုတောင်မှ အပြင်းအထန်ထိခိုက်သွားအောင်လုပ်လိုက်နိုင်တယ်...အဲ့ကိစ္စက နောက်ဆယ်နှစ်ကျော်ကြာတာတောင် ကျွန်တော့်ကို အိပ်မက်ထဲအထိရယ်မောစေဖို့လုံလောက်တယ်"
သူပြန်ရောက်တာနဲ့ သူတို့တွေက ဒီနေ့ဖြစ်ပျက်သွားခဲ့တာတွေကိုပြောပြကြသည်။ ပြီးတော့ သူပိလော့ခြံဝန်းကိုလာတဲ့တစ်လျှောက်မှာလည်း အစေခံတွေက ထိုအကြောင်းကိုသာပြောဆိုနေကြသည်။
အခုတော့ လူတိုင်းက ရုန်ယိကို သူတို့ရဲ့ စံပြလေးစားရတဲ့သူအဖြစ်သတ်မှတ်ထားလိုက်ကြပြီဖြစ်သည်။
ရုန်ယိ သူ့ကိုမေးလိုက်သည်။
"တစ်ခြားဂိုဏ်းတွေကဘိုးဘေးတွေရဲ့အုတ်ဂူတွေအကြောင်း ဘာသဲလွန်စတွေရခဲ့သေးလဲ"
"ရှူး!!"
ရှင်းဟယ်က သူ့နောက်မှာ ရှန်းလွီ့နဲ့ တစ်ခြားသုတွေလိုက်လာတာတွေ့တာကြောင့် 'ရှူး' လို့လုပ်ပြလိုက်သည်။
"ဒီလိုကိစ္စမျိုးက..ကျွန်တော်တို့အချင်းချင်းဘဲပြောသင့်တာ"
ရုန်ယိပြုံးလိုက်သည်။
"ကောင်းပြီလေ..မင်းတို့သခင်ရဲ့အခန်းကိုသွားပြီးစကားပြောကြရအောင်"
ရုန်ယိက ရှင်းဟယ်နဲ့အတူ ယင်ကျင်းရဲ့အခန်းထဲကိုဝင်သွားတာတွေ့လိုက်တာကြောင့် ရှန်းလွီ့တို့လည်း ကိုယ့်အခန်းကိုပြန်သွားကြတော့သည်။
"နှုတ်ဆက်ပါတယ် သခင်"
ရှင်းဟယ်က အခန်းထဲကိုဝင်ပြီးတာနဲ့ ယင်ကျင်းရဲ့ကို နှုတ်ဆက်လိုက်သည်။
ယင်ကျင်းရဲ့က အခုထိ အပေါ်မြောက်သွားလိုက်ပြန်ကျလာလိုက်လုပ်ရတဲ့ အပျော်တွေထဲမှာနစ်မြုပ်နေဆဲဖြစ်တဲ့ ယင်ထောင်က သူ့ပေါ်ကို ပျော်ရွှင်စွာခုန်တက်လာတာကြောင့် ချီပြီး ဘေးကထိုင်ခုံပေါ်ကိုချပေးလိုက်သည်။
ရုန်ယိကိုမြင်တာနဲ့ ယင်ထောင်က ချက်ချင်း သူ့လက်မောင်းတွေထဲပစ်ဝင်လာတော့သည်။
"ဖေဖေ..သား အဲ့လိုလုပ်ချင်သေးတယ်"
ရုန်ယိက သူ့ကိုမေးလိုက်သည်။
"မင်း မနက်စာစားချင်လား ဖေဖေ့ကို အဲ့လိုပစ်တင်ပေးစေချင်လား..အကယ်၍ အဲ့လိုပစ်တင်ပေးရမယ်ဆိုရင် မနက်စာမစားရတော့ဘူး..ကျောင်းကို ဘာမှမစားရသေးဘဲနဲ့သွားရမှာနော်"
ဗိုက်ထဲမှာ ဗလောင်ဆူနေပြီဖြစ်တဲ့ ယင်ထောင်က နှုတ်ခမ်းလေးဆူသွားသည်။
"သား မနက်စာစားချင်တယ်"
"ဒါဆို ထိုင်တော့"
ယင်ထောင်က ငြိမ်ငြိမ်လေးထိုင်ချလိုက်သည်။
ဒီ့နောက် ယင်ကျင်းရဲ့က ရှင်းဟယ်ကိုမေးလိုက်သည်။
"ဘယ်လိုလဲ"
"ကျုံးဟိုင်နယ်မြေမှာတော့ လိုအပ်ချက်တွေနဲ့ကိုက်ညီတဲ့ ဂူသင်္ချိုင်း သုံးခုရှိပေမဲ့ အစောင့်အကြပ်အရမ်းတင်းကြပ်ပါတယ်..အဲ့နေရာတွေမှာ စက်ယန္တရားတွေ အစီအရင်တွေအများကြီးရှိတယ်လို့ ကြားခဲ့ရပါတယ်"
ရှင်းဟယ် ပင့်သက်ရှိုက်လို်က်ပြီး
"အထဲမဝင်ဘဲနဲ့ နွေဦးငရဲပန်းကို အဲ့ကနေရနိုင်ပါ့မလား ဘယ်လိုသိနိုင်မလဲ"
ထို့နောက် သူ ရုန်ယိကိုလှမ်းကြည့်လိုက်သည်။
"သခင်လေး သင်္ချိုင်းထဲမဝင်ဘဲနဲ့ နွေဦးငရဲပန်းရှိမရှိ သိနိုင်မဲ့ နည်းလမ်းမရှိဘူးလား"
ရုန်ယိ မျက်ဆံလှန်လိုက်မိသည်။
"မင်း ငါ့ကို အနန္တတန်ခိုးရှင်ကြီးများထင်နေလား"
"သခင်လေး သခင်ချီကို အနိုင်ရလိုက်တည်းက ကျွန်တော်တို့က သခင်လေးကို အနန္တတန်ခိုးရှင်လို့ သတ်မှတ်ထားလိုက်ပြီ"
"......"
ရုန်ယိ ခဏလောက်တွေးပြီးမှ ပြန်ပြောလိုက်၏။
"ဒီလိုနည်းလမ်းမျိုး ငါတစ်ကယ်မသိဘူး..ဒါပေမဲ့ ယင်ချီတွေပိုသိပ်သည်းလေ နွေဦးငရဲပန်းရှိနိုင်တဲ့ဖြစ်နိုင်ချေ ပိုများလေဘဲ"
"ဒါဆိုလည်း ယင်ချီအသိပ်သည်းဆုံးနေရာကနေစရှာကြတာပေါ့"
************
Zawgyi
ယင္ယန္က ခ်ီလန္ရဲ႕တစ္ကိုယ္လုံးကိုစစ္ေဆးၾကည့္လိုက္ကာ ယင္က်င္းရဲ႕ကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီးမွ သူ႕ပါးစပ္ကိုဖြင့္လာသည္။
"ရင္ၫြန့္ရိုးက်ိဳးသြားတယ္..အ႐ြတ္ေတြနဲ႕ေသြးေၾကာေလးေတြလည္းပ်က္စီးသြားတဲ့အျပင္ သူ႕တန္ထ်န္းလည္း ထိခိုက္သြားတယ္..ဒါေတြကိုျပန္လည္ေကာင္းမြန္လာေအာင္လို႔ သခင္ခ်ီ အခ်ိန္အေတာ္ၾကာေအာင္အနားယူသင့္တယ္ အဲ့အခ်ိန္အေတာအတြင္းမွာလည္း သူ႕ဝိညာဥ္စြမ္းအားကိုသုံးလို႔မရဘူး..မဟုတ္ရင္ သူမိုးႀကိဳးစမ္းသပ္မႈျဖတ္ေက်ာ္နိုင္မဲ့အခြင့္အေရးကိုဆုံးရႈံးသြားရလိမ့္မယ္..အကယ္၍ သူျဖတ္ေက်ာ္ဖို႔ႀကိဳးစားခဲ့ရင္ေတာင္မွ အဲ့ျဖစ္စဥ္အတြင္းမွာ ေသသြားနိုင္တယ္"
"ဘာ!"
ရွင္းယြဲ႕ ယင္ယန္ကိုမယုံၾကည္နိုင္စြာ ၾကည့္လိုက္သည္။
"ဒါက..ဒါက..အဲ့ေလာက္ေတာင္ျပင္းထန္တာလား"
မဟာယာနအဆင့္ကက်င့္ႀကံသူတစ္ေယာက္က ခ်ီသန့္စင္အဆင့္က က်င့္ႀကံသူတစ္ေယာက္ေၾကာင့္ အျပင္းအထန္ထိခိုက္သြားရသည္။ ဘယ္သူမွ ဒါကိုယုံၾကည္နိုင္မွာမဟုတ္ေပ။ သူမေတာင္မွ ကိုယ္တိုင္ျမင္ေတြ႕ခဲ့ရတာေတာင္ မယုံၾကည္နိုင္ေသးေပ။
ယင္ယန္ အေလးအနက္ေခါင္းၿငိမ့္ျပလိုက္သည္။
"ဟုတ္တယ္..အကယ္၍ မင္းသခင္ကိုေကာင္းေစခ်င္ရင္ သူ႕ကို ေဒါသထြက္တာေတြ ေမွာ္သိုင္းကြက္သုံးတာေတြ မလုပ္ေစနဲ႕"
"နင္ သခင့္အတြင္ အေကာင္းဆုံးေဆးေတြဘဲေပးရမယ္"
ရွင္းယြဲ႕က ခ်ီလန္ကိုေျမေပၚေျဖးေျဖးေလးခ်လိဳက္ၿပီး ဓားကိုဆြဲကာ ႐ုန္ယိဘက္ကို ေဒါသေတြနဲ႕ ခ်ိန္႐ြယ္လိုက္ၿပီး..
"နင္...မေကာင္းတဲ့ေကာင္..ဘယ္လိုလုပ္ သခင့္ကိုထိခိုက္ေအာင္လုပ္ရဲရတာလဲ..ငါနင့္ကိုသတ္ပစ္မယ္!!"
သူမရဲ႕ သတ္ပစ္မယ္ဆိုတဲ့စကားကိုၾကားတဲ့အခါ လူတိုင္းက႐ုန္ယိေရွ႕ကိုေရာက္လာကာ ကာေပးထားလိုက္ၾက၏။
႐ုန္စု ေဒါပြကာ ေျပာေတာ့သည္။
"မင္းသခင္က မဟာယာနအဆင့္ေရာက္ေနတာေတာင္မွ ခ်ီသန့္စင္အဆင့္ကသူကိုရႈံးခဲ့တာေလ..ဒါေတာင္ မင္းက သူ႕အတြက္လက္စားေခ်ေပးဦးမယ္ေပါ့..မင္းမရွက္ဘူးလား..ဒါ့အျပင္ မင္းသခင္က သူ႕ကိုအရင္သတ္ဖို႔ႀကိဳးစားခဲ့တာ..သူသာ ဒီလိုေသေစေလာက္တဲ့တိုက္ခိုက္မႈမ်ိဳးမလုပ္ခဲ့ရင္ ငါတို႔သခင္ေလးကလည္း သူ႕ကိုထိခိုက္သြားေအာင္လုပ္မွာမဟုတ္ဘူး..ငါတို႔သခင္ေလးက ကိုယ့္ဘာသာကာကြယ္ဖို႔လုပ္ခဲ့႐ုံဘဲ!..."
လူတိုင္းလည္း ဝင္ေျပာလာၾကသည္။
"ဟုတ္တယ္..မင္းသခင္က ငါတို႔သခင္ေလးကိုအရင္သတ္ဖို႔ လုပ္ခဲ့တာသိသာေနတဲ့ဟာကို..သူရႈံးတာက သူ႕အရည္အခ်င္းကမလုံေလာက္လို႔ဘဲ..ဒါေတာင္မင္းက သူ႕ကိုျပန္လက္စားေခ်ခ်င္ေသးတယ္လား...ငါတို႔ကိုဘာမ်ားထင္ေနတာလဲ..အလြယ္အနိုင္က်င့္တဲ့ရတဲ့လူေတြလို႔လား.."
"ငါတို႔သခင္ေလးရဲ႕ ဆံပင္တစ္ေခ်ာင္းကိုေတာင္ထိရဲခဲ့မယ္ဆိုရင္..မင္းသခင္လို အဲ့ေနရာမွာလွဲေနရေအာင္လုပ္ေပးလိုက္မယ္"
"......."
လူတိုင္းက ႐ုန္ယိကိုကာကြယ္ေပးေနတာေတြ႕လိုက္ရတာေၾကာင့္ ရွင္းယြဲ႕ ႐ုန္ယိကို ျပင္းျပင္းထန္ထန္တစ္ခ်က္စိုက္ၾကည္ၾကာ ခ်ီလန္ကိုတြဲၿပီး ထြက္သြားေတာ့သည္။
သူတို႔ေတြ ထြက္သြားတာနဲ႕ ပိေလာ့ၿခံဝန္းထဲကလူေတြအကုန္လုံး ထေအာ္ကာေအာင္ပြဲခံၾကေတာ့သည္။
ရွင္းယြဲ႕ အံႀကိတ္လိုက္မိသည္။
"ဒါကိုအၿမဲမွတ္ထားမယ္"
ပိေလာ့ၿခံဝန္းထဲမွာေတာ့ အေစခံေတြက စိတ္လႈပ္ရွားစြာနဲ႕ ႐ုန္ယိကိုေလေပၚကိုျမႇောက္တင္လိုက္ၾကသည္။
"သခင္ေလး..အရမ္းအထင္ႀကီးဖို႔ေကာင္းတာဘဲ...တစ္ကယ္အထင္ႀကီးစရာႀကီး...သခင္ေလးက မဟာယာနအဆင့္ကသူကိုေတာင္ အနိုင္ယူနိုင္မယ္လို႔ မထင္ခဲ့မိဘူး..."
ေလ့စိုင့္ကလည္း ေျပာလိုက္၏။
"အိုး...ေဟ့လူေတြ..ဒီခံစားခ်က္ႀကီးကေသာက္ရမ္းေကာင္းတာဘဲကြ!"
အရင္တုန္းကဆိုရင္ သူတို႔သာ ခ်ီလန္အနိုင္က်င့္တာကိုခံခဲ့ၾကရၿပီး ဒါပထမဆုံးအႀကိမ္ ခ်ီလန္တစ္ေယာက္ မ်က္ႏွာျဖတ္ရိုက္ခံလိုက္ရတာျဖစ္ေလသည္။
အခုေတာ့ သူ႕တန္ထ်န္းကျပင္းထန္စြာထိခိုက္သြားတာေၾကာင့္ ျပန္ေကာင္းဖို႔အတြက္ အခ်ိန္အေတာ္ၾကာယူရေတာ့မည္။ ဒီအခ်ိန္အေတာအတြင္းေတာ့ သူတို႔ယင္အိမ္ေတာ္ႀကီးမွာ ၿငိမ္းခ်မ္းေနေတာ့ေပမည္။
ရွန္းလြီ့က ပုခ်ီရဲ႕လက္ေမာင္းကိုစိတ္လႈပ္ရွားစြာနဲ႕ဖမ္းဆုပ္လိုက္ၿပီး
"ဆရာတူအစ္ကို..က်ဳပ္တို႔ရဲ႕ဆရာက အရမ္းအရည္အခ်င္းရွိတာဘဲ..သူ႕ကို အရွက္မရွိ ဆရာအတင္းတင္ခဲ့မိတာ က်ဳပ္ေတာ့အရမ္းကံေကာင္းတယ္လို႔ခံစားရတယ္ဗ်ာ.."
ပုခ်ီလည္း ၿပဳံးလိုက္၏။
"က်ဳပ္လည္း ဆရာသခင္ယြမ္ရိစကားကိုနားေထာင္ခဲ့မိတာ ကံေကာင္းတယ္လို႔ခံစားရတယ္"
သူတို႔ေနာက္မွာ ပုန္းေနၾကတဲ့ ယင္ဖုန္းနဲ႕ လန္လွ်ို႔တို႔မွာ အခ်င္းခ်င္းၾကည့္လိုက္မိၾကသည္။ အခုေလးတင္ ျဖစ္ပ်က္သြားတာေတြက လက္ေတြ႕မဆန္လိုက္တာ..ခ်ီသန့္စင္အဆင့္ကသူက မဟာယာနအဆင့္ကသူကိုအနိုင္ယူခဲ့သည္တဲ့..။
လန္လွ်ို႔က ယင္ဖုန္းနားကပ္ကာေျပာလိုက္သည္။
"ယင္ဖုန္းေရ..ငါထင္တာေတာ့ ငါအခုထိႏြမ္းနယ္ေနေသးတုန္းဘဲကြ..ဒါေၾကာင့္ ငါဒီ့ထက္ပိုၿပီးအနားယူဖို႔လိုေသးတယ္"
ယင္ဖုန္း "......"
"အားးး.."
႐ုန္စု ထေအာ္ေတာ့၏။
"သူ႕ကိုေအာက္ျပန္ခ်!!..ေအာက္ျပန္ခ်!!...သခင္ေလးက ကိုယ္ဝန္ႀကီးနဲ႕ေလ..မင္းတို႔ ကေလးကိုထိခိုက္ေအာင္လုပ္မိေတာ့မွာဘဲ!"
ဒါေပမဲ့ သူတို႔ကေတာ့ သူေျပာတာမၾကားသလိုလုပ္ၿပီး ႐ုန္ယိကိုေလထဲ ဆက္ျမႇောက္ေနၾက၏။
အခုေလးတင္နိုးလာတဲ့ ယင္ေထာင္က သူတို႔ေတြ ႐ုန္ယိကို ေလထဲပစ္တင္ေနၾကတာေတြ႕ၿပီး ခ်က္ခ်င္းဘဲ သူတို႔ဆီကို အျမန္ေျပးလာေတာ့သည္။
"သားလည္းလုပ္ခ်င္တယ္!...သားလည္းအဲ့လိုလုပ္ခ်င္တယ္!..သားလည္းအဲ့လိုလုပ္ခ်င္တယ္!.."
"သခင္ငယ္ေလးကလည္း ဒီလိုလုပ္ခ်င္လို႔လား"
အေစခံတစ္ေယာက္က သူ႕ကိုခ်ီၿပီး ေလထဲပစ္တင္ေပးလိုက္သည္။
"ဟား..ဟားး.ဟားး."
ယင္ေထာင္က အားရပါးရကိုရယ္ေမာေနေတာ့သည္။
လူတိုင္းက အရမ္းေပ်ာ္ေနၾကတာေၾကာင့္ ႐ုန္ယိလည္း မရယ္ဘဲမေနနိုင္ေတာ့။ ထို႔ေနာက္ သူ တံခါးနားမွာရပ္ေနတုန္းျဖစ္တဲ့ ယင္က်င္းရဲ႕ဘက္ကိုလွည့္ၾကည့္လိုက္သည္။
"အခု ခင္ဗ်ားရဲ႕က်င့္ႀကံေဖာ္က ဘယ္ေလာက္ထူးခြၽန္ထက္ျမက္လဲ သိၿပီမလား!..ခင္ဗ်ား ကြၽန္ေတာ့္ကိုစြန့္ပစ္ခဲ့ရင္ ခင္ဗ်ားတစ္ဘဝလုံးေနာင္တရေနလိမ့္မယ္!.."
ယင္က်င္းရဲ႕က ႏႈတ္ခမ္းေတြသာေကြးၫႊတ္လိုက္ၿပီး သူ႕ကိုဘာမွျပန္မေျပာဘဲ ထိုေနရာမွာသာရပ္ၿပီး သားအဖႏွစ္ေယာက္ ေဆာ့ေနၾကတာကို ၾကည့္ေနသည္။
႐ုန္ယိ ေတာ္ၿပီလို႔ေျပာမွ ထိုသူေတြက သူ႕ကိုေအာက္ခ်ေပးၾကေတာ့သည္။
႐ုန္စုက အျမန္ေမးလာေတာ့သည္။
"သခင္ေလး..သခင္ေလး..အဆင္ေျပရဲ႕လားဟင္"
႐ုန္ယ္ လက္ခါျပလိုက္သည္။
"မစိုးရိမ္နဲ႕ ကေလးဘာမွမျဖစ္ဘူး"
ဒီေတာ့မွ ႐ုန္စုမွာလည္း သက္ျပင္းခ်နိဳင္ေတာ့သည္။
႐ုန္ယိ အေစခံေတြကိုေျပာလိုက္သည္။
"မင္းတို႔သြားလို႔ရၿပီ"
"ဟီးဟီး..ဒီရက္ပိုင္းေတာ့ သခင္ခ်ီငါတို႔ကို ဒုကၡလာေပးနိုင္မွာမဟုတ္ေတာ့ဘူး"
လူတိုင္း ပိေလာ့ၿခံဝန္းထဲကေန ေပ်ာ္႐ႊင္စြာနဲ႕ ထြက္သြားၾကေတာ့သည္။
႐ုန္ယိ ယင္က်င္းရဲ႕ကိုလွမ္းေျပာလိုက္သည္။
"ကြၽန္ေတာ္ အဝတ္သြားလဲၿပီးရင္ ခင္ဗ်ားနဲ႕အတူ မနက္စာျပန္လာစားမယ္ေနာ္"
ပုခ်ီ ရွန္းလြီ့နဲ႕တစ္ျခားသူေတြလည္း ႐ုန္ယိနဲ႕အတူလိုက္သြားၾကသည္။
သူတို႔အခန္းထဲကိုဝင္ၿပီးတာနဲ႕ ရွန္းလြီ့မွာ ထပ္မေစာင့္နိုင္ေတာ့ဘဲ ေမးလိုက္၏။
"ဆရာ ခုနကဘယ္လိုလုပ္လိုက္တာလဲ..ဘယ္လိုဘဲေျပာေျပာ သူက မဟာယာနအဆင့္ေလ..ဆရာ သူ႕ကိုထိလိုက္ေအာင္လုပ္ဖို႔ ဘယ္လိုလုပ္အခြင့္အေရးရသြားတာလဲ.."
႐ုန္ယိ သူက သူတို႔ရဲ႕ဆရာတစ္ေယာက္အေနနဲ႕ တပည့္ကေမးလာမွေတာ့ သူရွင္းရွင္းလင္းလင္းေျဖေပးသင့္တယ္လို႔ ေတြးလိုက္သည္။ သူ သူတို႔ကိုမဖုံးကြယ္ထားသင့္ေပ။
"ဒါေတြက ပုခ်ီ ကြၽန္ေတာ့္အတြက္ ေရးထြင္းေပးထားတဲ့အင္းကြက္ေတြရဲ႕ေက်းဇူးေၾကာင့္ဘဲ..အကယ္၍ သူသာ မဟာယာနအဆင့္မဟုတ္ခဲ့ဘူးဆိုရင္လည္း ကြၽန္ေတာ္ဒီေန႕လို အနိုင္ရလဒ္ရခဲ့မွာမဟုတ္ဘူး"
ပုခ်ီကလည္း ေမးလိုက္သည္။
"ဆရာ ဆရာကြၽန္ေတာ့္ကို ေရးထြင္းခိုင္းခဲ့တဲ့ အင္းကြက္ေတြက တိုက္ခိုက္ေရးအင္းကြက္ေတြ ဟုတ္တယ္မလား..ဒါေပမဲ့ က်င့္ႀကံသူရဲ႕ ဝိညာဥ္စြမ္းအားက အားနည္းေနရင္..တိုက္ခိုက္ေရးအင္းကြက္က ဘယ္ေလာက္ဘဲစြမ္းအားႀကီးေနပါေစ သူ႕ရဲ႕စြမ္းအားကုန္အသုံးမခ်နိဳင္ဘူးေလ..ၿပီးေတာ့လည္း ဒါက တိုက္ခိုက္ေရးအင္းကြက္နဲ႕လည္းမတူဘူး..တိုက္ခိုက္ေရးအင္းကြက္က ၿပိဳင္ဘက္ရဲ႕ေမွာ္သိုင္းကြက္ကို ျပန္ကန္မထုတ္နိုင္ဘူးေလ"
"ဒါက တိုက္ခိုက္ေရးအင္းကြက္မဟုတ္ဘူး တန္ျပန္အင္းကြက္ဘဲ ဒါကိုသုံးၿပီး ရန္သူရဲ႕တိုက္ကြက္ကိုျပန္ကန္ထုတ္လို႔ရတယ္..ကြၽန္ေတာ္ ခင္ဗ်ားကိုဆြဲခိုင္းတဲ့အင္းကြက္ေတြထဲမွာ တန္ျပန္အင္းကြက္ေတြအျပင္ တန္ျပန္ျခင္းစြမ္းအားကိုတိုးတက္ေစတဲ့ အင္းကြက္တစ္မ်ိဳးလည္းပါေသးတယ္..ဒါေၾကာင့္ ကြၽန္ေတာ္ သူ႕ေမွာ္သိုင္းကြက္ကိုျပန္ကန္ထုတ္လိုက္တဲ့အခ်ိန္မွာ ပိုၿပီးစြမ္းအားႀကီးသြားရတာဘဲ..ဒါေၾကာင့္သာ ခ်ီလန္က သူ႕သိုင္းကြက္နဲ႕သူ အျပင္းအထန္ထိခိုက္သြားရတာေပါ့"
"တန္ျပန္အင္းကြက္.."
ရွန္းလြီ့ အံ့အားသင့္သြားရ၏။
"ဒါက အရမ္းအံ့ၾသဖို႔ေကာင္းတာဘဲ..အကယ္၍ ေမွာ္လက္နက္ေတြကိုသာ ဒီအင္းကြက္နဲ႕မြမ္းမံလိုက္ရင္ ခ်ီသန့္စင္အဆင့္ကသူေတြအားလုံးက မဟာယာနအဆင့္ကသူေတြကိုအနိုင္ယူနိုင္ေတာ့မွာလား"
႐ုန္ယိမွာ ဆြံ႕အသြားရသည္။
"ေမွာ္လက္နက္ေတြအကုန္လုံးက ဒီအင္းကြက္သုံးလို႔ရေပမယ့္ တန္ျပန္အင္းကြက္ရဲ႕အဆင့္နိမ့္ေလ ျပန္ကန္ထြက္သြားတဲ့ ဖ်က္ဆီးအားကေလ်ာ့နည္းသြားေလဘဲ..ဒါေပမယ့္လည္း အကယ္၍ အင္းကြက္ရဲ႕အဆင့္ကအရမ္းျမင့္ေနမယ္ဆိုရင္လည္း ဒီလိုအဆင့္နိမ့္ေမွာ္လက္နက္ေတြက ခံနိုင္ရည္ရွိမွာမဟုတ္ဘူး..သူတို႔ေပၚမွာအရမ္းျမင့္တဲ့ အင္းကြက္ေတြနဲ႕မြမ္းမံလိုက္ရင္လည္း အဲ့ေမွာ္လက္နက္ကလုံးဝပ်က္စီးသြားလိမ့္မယ္"
မဟုတ္ရင္ သူလည္း သူ႕ဘာသာသူ အဆင့္ကိုးအင္းကြက္ေတြနဲ႕ ခ်ပ္ဝတ္ပစၥည္းေတြျပဳလုပ္ၿပီးေနေလာက္ေလၿပီ။
"ဒါေပမဲ့ ဆရာ့ရဲ႕ေမွာ္လက္နက္ကေတာ့ အေကာင္းအတိုင္းရွိေနေသးတယ္မလား"
႐ုန္ယိ သူ႕ေမွာ္လက္နက္ကိုထုတ္ၿပီး စားပြဲေပၚတင္လိုက္သည္။ မၾကာခင္မွာဘဲ နည္းနည္းစီ အရည္ေပ်ာ္က်လာၿပီး အရင္လို သူ႕မူလပုံစံကိုျပန္ရေအာင္မလုပ္နိုင္ေတာ့ေပ။
ရွန္းလြီ့နဲ႕ပုခ်ီတို႔မွာ စားပြဲေပၚကအႂကြင္းအက်န္ေလးကိုၾကည့္ကာ ေမးရိုးေတြျပဳတ္က်သြားၾကရေတာ့သည္။
"ဘာ...ဘာျဖစ္သြားတာလဲ"
"ပ်က္စီးသြားတာေလ..ကြၽန္ေတာ့္လက္နက္ကို ဒီအင္းကြက္နဲ႕မြမ္းမံထားတာ အခ်ိန္အေတာ္ၾကာေနၿပီေလ..တစ္ျခားသူေတြရဲ႕ဟာဆိုရင္ ခ်က္ခ်င္းကိုပ်က္စီးသြားမွာ..ဒါကဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ အင္းကြက္ေတြကိုေရးထြင္းတဲ့အခါမွာ အင္းကြက္ရဲ႕အဆင့္ကျမင့္ေလ သုံးရတဲ့ မိုးႀကိဳးမီးေတာက္ရဲ႕မီးအရွိန္ကျပင္းေလဘဲ..ဒါေၾကာင့္ ဒီအဆင့္နိမ့္လက္နက္ေတြက မီးအရွိန္ကိုမခံနိုင္ဘဲ အရည္ေပ်ာ္သြားၾကတာ"
႐ုန္ယိ ႏႈတ္ခမ္းေတြတြန့္ေကြးလိုက္ၿပီး
"ကြၽန္ေတာ္ေတာ့ ခ်ီလန္ ဒီေလာက္အေစာႀကီးျပႆနာလာရွာတာကံေကာင္းတယ္လို႔ခံစားေနရတယ္..မဟုတ္ရင္ ကြၽန္ေတာ့္လက္နက္က အခ်ိန္အၾကာႀကီးခံနိုင္ေတာ့မွာမဟုတ္ဘူး"
ရွန္းလြီ့ သူ႕စကားေတြကိုတစ္ခဏေလာက္ေတြးေတာၾကည့္ေနၿပီးမွ
"ကြၽန္ေတာ္မွတ္မိတာေတာ့..ဆရာ့ရဲ႕ေမွာ္လက္နက္ကိုသန့္စင္တဲ့အခ်ိန္တုန္းက လူတစ္ေယာက္ရဲ႕အရိုးေတြ အ႐ြတ္ေတြကိုအျမန္ျပန္ေကာင္းမြန္ေစတဲ့ ျပန္လည္ကုသေဆးပင္ကိုသုံးခဲ့တယ္..သားရဲေတြရဲ႕အရိုးေတြကိုလည္း အဓိကထားသုံးထားတယ္ဆိုေတာ့ ဆရာ့ရဲ႕လက္နက္ကို ခ်ီလန္ကဘယ္ေလာက္ဘဲ အျပင္းအထန္ခ်ိဳးပစ္ပါေစ..သူက အခ်ိန္တိုအတြင္းမွာ နဂိုပုံစံရေအာင္ ျပန္ဆက္သြားမွာဘဲေပါ့"
ပထမေတာ့ သူ႕ဆရာကို ေဆးပင္ေတြက ေမွာ္လက္နက္ထုလုပ္လို႔မရတာကို မသိဘူးဆိုၿပီး သူေလွာင္ရယ္ခဲ့သည္။ ဒါေပမဲ့ အခုၾကည့္ရတာေတာ့ ဒါေတြကို လက္နက္လုပ္တဲ့ေနရာမွာ သုံးလို႔ရ႐ုံတင္မကဘဲ အရမ္းအရမ္းကိုမွအသုံးဝင္ေနေလသည္။
"မွန္တယ္...ကြၽန္ေတာ္က သူ႕ရဲ႕ျပန္ဆက္ႏႈန္းကို မြမ္းမံၿပီးေတာ့ ျမႇင့္ထားခဲ့ေသးတယ္..ကြၽန္ေတာ့္လက္နက္က ခ်က္ခ်င္းျပန္ဆက္နိုင္တာေၾကာင့္ဘဲ အခုထက္ထိေတာင့္ခံနိုင္ခဲ့တာေပါ့..အခုဒါက ပ်က္စီးသြားၿပီဆိုေတာ့ ကြၽန္ေတာ့္အတြက္ ဒါနဲ႕တစ္ပုံစံတည္းတူတဲ့အသစ္တစ္ခုကို လုပ္ေပးၾကပါဦး"
ရွန္းလြီ့က ေမးလိုက္သည္။
"ဆရာ ဒီဟာကိုဘဲလိုခ်င္ေသးတာလား"
႐ုန္ယိ ခဏေလာက္ေတြးၿပီးမွ ျပန္ေျပာလိုက္၏။
"အင္း..ဒါက ေတာ္ေတာ္ေလးခံတယ္..ကြၽန္ေတာ္ဒါကို ေ႐ႊအျမဳေတအဆင့္ေရာက္တဲ့အထိသုံးလို႔ရတယ္"
ပုခ်ီက သူ႕ကိုေမးလိုက္သည္။
"ဆရာ ဘာလို႔ လက္နက္ေတြအကုန္လုံးကို တန္ျပန္အင္းကြက္သုံးဖို႔ မသင့္ေတာ္တာလဲ"
"တစ္ခ်ိဳ႕ေမွာ္လက္နက္ေတြက ၿပိဳင္ဘက္ရဲ႕တိုက္ခိုက္မႈကို မေတာင့္ခံနိုင္ဘဲ ေနရာမွာတင္က်ိဳးပ်က္သြားတတ္ၾကတယ္..ဒါဆိုရင္ တန္ျပန္အင္းကြက္က တိုက္ခိုက္မႈကို ျပန္ကန္ထုတ္ေပးမယ့္အစား သူ႕ကိုယ္သူသာထိခိုက္ေစလိမ့္မယ္..ဒါ့အျပင္ ၿပိဳင္ဘက္က ေသေနတဲ့သူမဟုတ္တာေၾကာင့္ သူလည္း ေသခ်ာေပါက္ကိုေရွာင္တိမ္းမွာဘဲ..ဒါေၾကာင့္ တိုက္ခိုက္မႈကို တစ္ခါတည္းျပန္ကန္ထုတ္႐ုံနဲ႕ေတာ့ သူ႕ကိုထိခိုက္ေအာင္လုပ္နိုင္မွာမဟုတ္ဘူး..ကြၽန္ေတာ္ ပထမအႀကိမ္မွာဘဲ ခ်ီလန္ကိုထိခိုက္ေအာင္လုပ္နိုင္ခဲ့တာက သူကလုံးဝကိုမျပင္ဆင္ထားခဲ့လို႔ဘဲ..ေနာက္တစ္ႀကိမ္ဆို ကြၽန္ေတာ္လည္း အဲ့ေလာက္ထိကံေကာင္းမွာမဟုတ္ေတာ့ဘူး"
ရွန္းလြီ့က ေျပာလာသည္။
"ၾကည့္ရတာ တန္ျပန္အင္းကြက္က အဲ့ေလာက္ထိလည္းအသုံးဝင္တဲ့ပုံမေပၚပါဘူး..ဒါေပမဲ့ ဆရာက ခ်ီလန္ကို ဒီအင္းကြက္ေၾကာင့္ အနိုင္ရခဲ့တာဆိုေတာ့ က်ဳပ္တို႔အျမင္မွာေတာ့ အထင္ႀကီးစရာေကာင္းေနတုန္းဘဲ..ဆရာသာ မဟာယာနအဆင့္ေရာက္သြားရင္ဘယ္လိုျဖစ္မလဲဆိုတာ က်ဳပ္ေတာ့ေတြးၾကည့္လို႔ေတာင္မရဘူး..တစ္ေယာက္မွ ဆရာ့ၿပိဳင္ဘက္မျဖစ္နိုင္ေလာက္ေတာ့မွာေတာ့ေသခ်ာတယ္"
"ခင္ဗ်ားသာ ကြၽန္ေတာ့္ကိုဆက္ျမႇောက္ေနမယ္ဆိုရင္..ကြၽန္ေတာ္ေတာ့ ကိုယ့္ကိုကိုယ္ မိုးႀကိဳးစမ္းသပ္မႈခံယူၿပီး မေသမ်ိဳးနတ္ဘုရားတစ္ပါးျဖစ္ေနၿပီလို႔ေတာင္ ထင္မိေတာ့မယ္"
ရွန္းလြီ့က ရယ္ေမာလိုက္သည္။
႐ုန္ယိ အဝတ္အစားေတြလဲၿပီး အခန္းျပင္ထြက္လာလိုက္တာနဲ႕ ဒီရက္ပိုင္းအိမ္ေတာ္မွာမရွိတဲ့ ရွင္းဟယ္တစ္ေယာက္ ျပန္ေရာက္ေနတာကိုေတြ႕လိုက္ရသည္။
ရွင္းဟယ္က ႐ုန္ယိကိုေတြ႕လိုက္တာနဲ႕ စိတ္လႈပ္ရွားစြာ ေအာ္ေျပာလာေတာ့သည္။
"သခင္ေလး!...ကြၽန္ေတာ္ အဲ့အေၾကာင္းၾကားၿပီးသြားၿပီ..သခင္ေလးကအရမ္းအထင္ႀကီးစရာေကာင္းတာဘဲဗ်ာ..သခင္ခ်ီကိုေတာင္မွ အျပင္းအထန္ထိခိုက္သြားေအာင္လုပ္လိုက္နိုင္တယ္...အဲ့ကိစၥက ေနာက္ဆယ္ႏွစ္ေက်ာ္ၾကာတာေတာင္ ကြၽန္ေတာ့္ကို အိပ္မက္ထဲအထိရယ္ေမာေစဖို႔လုံေလာက္တယ္"
သူျပန္ေရာက္တာနဲ႕ သူတို႔ေတြက ဒီေန႕ျဖစ္ပ်က္သြားခဲ့တာေတြကိုေျပာျပၾကသည္။ ၿပီးေတာ့ သူပိေလာ့ၿခံဝန္းကိုလာတဲ့တစ္ေလွ်ာက္မွာလည္း အေစခံေတြက ထိုအေၾကာင္းကိုသာေျပာဆိုေနၾကသည္။
အခုေတာ့ လူတိုင္းက ႐ုန္ယိကို သူတို႔ရဲ႕ စံျပေလးစားရတဲ့သူအျဖစ္သတ္မွတ္ထားလိုက္ၾကၿပီျဖစ္သည္။
႐ုန္ယိ သူ႕ကိုေမးလိုက္သည္။
"တစ္ျခားဂိုဏ္းေတြကဘိုးေဘးေတြရဲ႕အုတ္ဂူေတြအေၾကာင္း ဘာသဲလြန္စေတြရခဲ့ေသးလဲ"
"ရႉး!!"
ရွင္းဟယ္က သူ႕ေနာက္မွာ ရွန္းလြီ့နဲ႕ တစ္ျခားသုေတြလိုက္လာတာေတြ႕တာေၾကာင့္ 'ရႉး' လို႔လုပ္ျပလိုက္သည္။
"ဒီလိုကိစၥမ်ိဳးက..ကြၽန္ေတာ္တို႔အခ်င္းခ်င္းဘဲေျပာသင့္တာ"
႐ုန္ယိၿပဳံးလိုက္သည္။
"ေကာင္းၿပီေလ..မင္းတို႔သခင္ရဲ႕အခန္းကိုသြားၿပီးစကားေျပာၾကရေအာင္"
႐ုန္ယိက ရွင္းဟယ္နဲ႕အတူ ယင္က်င္းရဲ႕အခန္းထဲကိုဝင္သြားတာေတြ႕လိုက္တာေၾကာင့္ ရွန္းလြီ့တို႔လည္း ကိုယ့္အခန္းကိုျပန္သြားၾကေတာ့သည္။
"ႏႈတ္ဆက္ပါတယ္ သခင္"
ရွင္းဟယ္က အခန္းထဲကိုဝင္ၿပီးတာနဲ႕ ယင္က်င္းရဲ႕ကို ႏႈတ္ဆက္လိုက္သည္။
ယင္က်င္းရဲ႕က အခုထိ အေပၚေျမာက္သြားလိုက္ျပန္က်လာလိုက္လုပ္ရတဲ့ အေပ်ာ္ေတြထဲမွာနစ္ျမဳပ္ေနဆဲျဖစ္တဲ့ ယင္ေထာင္က သူ႕ေပၚကို ေပ်ာ္႐ႊင္စြာခုန္တက္လာတာေၾကာင့္ ခ်ီၿပီး ေဘးကထိုင္ခုံေပၚကိုခ်ေပးလိုက္သည္။
႐ုန္ယိကိုျမင္တာနဲ႕ ယင္ေထာင္က ခ်က္ခ်င္း သူ႕လက္ေမာင္းေတြထဲပစ္ဝင္လာေတာ့သည္။
"ေဖေဖ..သား အဲ့လိုလုပ္ခ်င္ေသးတယ္"
႐ုန္ယိက သူ႕ကိုေမးလိုက္သည္။
"မင္း မနက္စာစားခ်င္လား ေဖေဖ့ကို အဲ့လိုပစ္တင္ေပးေစခ်င္လား..အကယ္၍ အဲ့လိုပစ္တင္ေပးရမယ္ဆိုရင္ မနက္စာမစားရေတာ့ဘူး..ေက်ာင္းကို ဘာမွမစားရေသးဘဲနဲ႕သြားရမွာေနာ္"
ဗိုက္ထဲမွာ ဗေလာင္ဆူေနၿပီျဖစ္တဲ့ ယင္ေထာင္က ႏႈတ္ခမ္းေလးဆူသြားသည္။
"သား မနက္စာစားခ်င္တယ္"
"ဒါဆို ထိုင္ေတာ့"
ယင္ေထာင္က ၿငိမ္ၿငိမ္ေလးထိုင္ခ်လိဳက္သည္။
ဒီ့ေနာက္ ယင္က်င္းရဲ႕က ရွင္းဟယ္ကိုေမးလိုက္သည္။
"ဘယ္လိုလဲ"
"က်ဳံးဟိုင္နယ္ေျမမွာေတာ့ လိုအပ္ခ်က္ေတြနဲ႕ကိုက္ညီတဲ့ ဂူသခၤ်ိဳင္း သုံးခုရွိေပမဲ့ အေစာင့္အၾကပ္အရမ္းတင္းၾကပ္ပါတယ္..အဲ့ေနရာေတြမွာ စက္ယႏၱရားေတြ အစီအရင္ေတြအမ်ားႀကီးရွိတယ္လို႔ ၾကားခဲ့ရပါတယ္"
ရွင္းဟယ္ ပင့္သက္ရွိုက္လို္က္ၿပီး
"အထဲမဝင္ဘဲနဲ႕ ႏြေဦးငရဲပန္းကို အဲ့ကေနရနိုင္ပါ့မလား ဘယ္လိုသိနိုင္မလဲ"
ထို႔ေနာက္ သူ ႐ုန္ယိကိုလွမ္းၾကည့္လိုက္သည္။
"သခင္ေလး သခၤ်ိဳင္းထဲမဝင္ဘဲနဲ႕ ႏြေဦးငရဲပန္းရွိမရွိ သိနိုင္မဲ့ နည္းလမ္းမရွိဘူးလား"
႐ုန္ယိ မ်က္ဆံလွန္လိုက္မိသည္။
"မင္း ငါ့ကို အနႏၱတန္ခိုးရွင္ႀကီးမ်ားထင္ေနလား"
"သခင္ေလး သခင္ခ်ီကို အနိုင္ရလိုက္တည္းက ကြၽန္ေတာ္တို႔က သခင္ေလးကို အနႏၱတန္ခိုးရွင္လို႔ သတ္မွတ္ထားလိုက္ၿပီ"
"......"
႐ုန္ယိ ခဏေလာက္ေတြးၿပီးမွ ျပန္ေျပာလိုက္၏။
"ဒီလိုနည္းလမ္းမ်ိဳး ငါတစ္ကယ္မသိဘူး..ဒါေပမဲ့ ယင္ခ်ီေတြပိုသိပ္သည္းေလ ႏြေဦးငရဲပန္းရွိနိုင္တဲ့ျဖစ္နိုင္ေခ် ပိုမ်ားေလဘဲ"
"ဒါဆိုလည္း ယင္ခ်ီအသိပ္သည္းဆုံးေနရာကေနစရွာၾကတာေပါ့"
************
22.12.2021