(Completed) Reborn as a good...

由 Xiao_Yiii

1.9M 299K 9.1K

အသံုးမက်ပဲဆိုးသြမ္းသည့္ကေလးတစ္ေယာက္အေနျဖင့္ေနာက္ဆံုးတြင္ပိုင္ရိဟန္ကသူ႔မိသားစုကိုအဆံုးသတ္ေစခဲ့သည္။ ျပန္လည္ေမြး... 更多

Description
Translator's Note
Chapter《1》
Chapter《2》
Chapter《3》
Chapter《4》
Chapter《5》
Chapter《6》
Chapter《7》
Chapter《8》
Chapter《9》
Chapter《10 and 11》
Chapter《12 and 13》
Chapter《14 and 15》
Chapter《16 and 17》
Chapter《18 and 19》
Chapter《20 and 21》
Chapter《22 and 23》
Chapter《24 and 25》
Chapter《26 and 27》
Chapter《28 and 29》
Chapter《30 and 31》
Chapter《32 and 33》
Chapter《34 and 35》
Chapter《36 and 37》
Chapter《38 and 39》
Chapter《40, 41 and 42》
Chapter《43 and 44》
Chapter《45 and 46》
Chapter《47 and 48》
Chapter《49 and 50》
Chapter《51 and 52》
Chapter《53 and 54》
Chapter《55 and 56》
Chapter《57 and 58》
Chapter《59 and 60》
Chapter《61 and 62》
Chapter《63 and 64》
Chapter《65 and 66》
Chapter《67 and 68》
Chapter《69 and 70》
Chapter《71 and 72》
Chapter《73 and 74》
Chapter《75 and 76》
Chapter《77 and 78》
Chapter《79 and 80》
Chapter《81 and 82》
Chapter《83 and 84》
Chapter《85 and 86》
Chapter《87 and 88》
Chapter《89 and 90》
Chapter《91》
Chapter《92》
Chapter《93》
Chapter《94》
Chapter《95》
Chapter《96》
Chapter《97》
Chapter《98》
Chapter《99》
Chapter《100》
Chapter《101》
Chapter《102》
Chapter《104》
Chapter《105》
Chapter《106》
Chapter《107》
Chapter《108》
Chapter《109》
Chapter《110》
Chapter《111》
Chapter《112》
Chapter《113》
Chapter《114》
Chapter《115》
Chapter《116》
Chapter《117》
Chapter《118》
Chapter《119》
Chapter《120》
Chapter《121》
Chapter《122》
Chapter《123》
Chapter《124》
Chapter《125》
Chapter《126》
Chapter《127》
Chapter《128》
Chapter《129》
Chapter《130》
Chapter《131》
Chapter《132》
Chapter《133》
Chapter《134》
Chapter《135》
Chapter《136》
Chapter《137》
Chapter《138》
Chapter《139》
Chapter《140》
Chapter《141》
Chapter《142》
Chapter《143》
Chapter《144》
Chapter《145》
Chapter《146》
Chapter《147》
Chapter《148》
Chapter《149》
Not Update
Chapter《150》
Chapter《151》
Chapter《152》
Chapter《153》
Chapter《154》
Chapter《155》
Chapter《156》
Chapter《157》
Chapter《158》
Chapter《159》
Chapter《160》
Chapter《161》
Chapter《162》
Chapter《163》
Chapter《164》
Chapter《165》
Chapter《166》
Chapter《167》
Chapter《168》
Chapter《169》
Chapter《170》
Chapter《171》
Chapter《172》
Chapter《173》
Chapter《174》
Chapter《175》
Chapter《176》
Chapter《177》
Chapter《178》
Chapter《179》
Chapter《180》
Chapter《181》
Chapter《182》
Chapter《183》
Chapter《184》
Chapter《185》
Chapter《186》
Chapter《187》
Chapter《188》
Chapter《189》
Chapter《190》
Chapter《191》
Chapter《192》
Chapter《193》
Chapter《194》
Chapter《195》
Chapter《196》
Chapter《197》
Chapter《198》
Chapter《199》
Chapter《200》
Chapter《201》
Chapter《202》
Chapter《203》
Chapter《204》
Chapter《205》
Chapter《206》
Chapter《207》
Chapter《208》
Chapter《209》
Chapter《210》
Chapter《211》
Chapter《212》
Chapter《213》
Chapter《214》
Chapter《215》
Chapter《216》
Chapter《217》
Chapter《218》
Chapter《219》
Chapter《220》
Chapter《221》
For Reader

Chapter《103》

11.5K 1.7K 80
由 Xiao_Yiii

Unicode

အခန်း(၁၀၃) - Gomoku တွင်ကျွမ်းကျင်သူ

"ဖုန်းချွင်က သေသွားပြီ, တစ်ခြားလေးယောက်ကလည်း နောက်ကွယ်ကလူကို မပြောပဲ တင်းခံနေပြီး ရိဟန်နဲ့ ဖုန်းချွင်တို့ ကြားထဲက ရန်ငြိုးကြောင့်လို့ပဲ ပြောနေတာ, နောက်ကွယ်က လူက ်ဖုန်းချွင်တစ်ယောက်တည်းပဲတဲ့" ဖုရဲန်က လေးနက်စွာ ပြန်ဖြေသည်။

"ဖုန်းချွင်က ဘယ်လိုသေသွားတာလဲ?" ယန်ချုံးက မျက်မှောင်ကျုံ့ကာ မေးလေသည်။

"အခန်းထဲမှာ သူတစ်ယောက်တည်း ရှိနေတုန်း ရေဖန်ခွက်ကိုခွဲပြီး အဲ့ဒီက အချွန်နဲ့ သူ့လည်ပင်းကို ဖြတ်ချလိုက်တာ, သူနာပြုတွေက အချိန်မှီ မကယ်လိုက်နိုင်ဘူး, သူ့ကိုတွေ့တဲ့ ပထမဆုံး သူနာပြုလေး ပြောတာတော့ နေရာတိုင်းမှာ သွေးတွေပြန့်ကျဲနေတာတဲ့, အခန်းတစ်ဝက်လောက်က သွေးတွေပေကျံနေတယ်" ဖုရဲန်က ပြန်ဖြေသည်။

ဖုန်းချွင် ဘယ်လိုမျိုး သေသွားလဲဆိုတာကို ကြားလိုက်ရတုန်းကဆိုရင် သူ့တစ်ကိုယ်လုံး ကြောက်လန့်မှုကြောင့် အေးစက်သွားခဲ့ရတာ, သူ့စိတ်ထဲမှာ သူ့သားထွေးလေးလည်း ဒီနည်းလမ်းကိုသုံးပြီး သတ်သေဖို့ ကြိုးစားခဲ့တာ ဆိုတဲ့ အတွေးတစ်ခုကိုပဲ တွေးလို့ရတော့တယ်

"အဲ့ဒီနေ့ ညနေပိုင်းတုန်းက သူကြောက်လန့်တကြား ကွေးနေတဲ့ ပုံစံအရဆိုရင် သူ့ကိုယ်သူ သတ်သေမယ့် တစ်စုံတစ်ယောက်နဲ့မတူဘူးလေ"

လူကြီးမင်းယန်က သူ့မုတ်ဆိတ်မွှေးအား သပ်ရင်းဖြင့် တွေးဆဆပြောလာသည်။

"သူနဲ့ ဆက်သွယ်တဲ့ လူတိုင်းကို စုံစမ်းစစ်ဆေးပြီးပြီလား?"

"ပြီးပါပြီ" ဖုရဲန်က ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။

"ဒါပေမဲ့ ကျွန်တော်တို့ ဘာမှ ရှာမတွေ့ခဲ့ကြဘူး, အခုသူသေသွားပြီဆိုတော့ တစ်ခြားလူတွေကလည်း သူတို့ပါးစပ်ကို တင်းတင်းပိတ်ထားကြတယ်, တကယ်တော့လည်း သူတို့အားလုံးက ရာဇဝတ်သားတွေပဲလေ"

"ဒါက အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတာပဲ" လူကြီးမင်းယန်ကပြော၏။

စကားဝိုင်းက အခန်းထဲက လေထုအား လေးလံလာစေသည်။ ရိဟန်က ထိုအချင်းအရာကို သတိထားမိတာကြောင့် အပြုံးလေးနဲ့အတူ ကြားဖြတ်ပြောလိုက်သည်။

"စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ဘယ်လောက်ပဲ ရှိနေပါစေ အဲဒါကို ဖြေရှင်းလို့ရမယ့် နည်းလမ်းကတော့ အမြဲ ရှိမှာပဲလေ, ကျွန်တော်တို့တွေ ခေါင်းဆောင်ချန်းကို ယုံကြည်ရမှာပေါ့ "

"အမှန်ပဲ, အမှန်ပဲ"

လူကြီးမင်းယန်က ခပ်ဖွဖွပြောလေသည်။

"မင်းက ဒီလောက်ငယ်တာတောင် အရမ်းအေးဆေးပြီး တည်ငြိမ်တယ်, ကမ္ဘာကြီးက ဘယ်လိုအလုပ်လုပ်လဲ ဆိုတာ မင်းသေချာပေါက် သိနေတာပဲ, ဟုတ်တယ်, မင်းက ခေါင်းကောင်းကောင်းလည်း ရှိနေတယ်"

ဖုရဲန်ရဲ့ ခေါင်းနောက်ကနေ ချွေးသီးချွေးပေါက်များ စီးကျလာရသည်။ သူ့မိသားစုကို သူကောင်းကောင်း သိတယ်,အထူးသဖြင့် သူ့အငယ်ဆုံး သားလေးက ဘယ်လိုလူမျိုး ဆိုတာကိုလည်း သူသိတယ်

အေးဆေးတယ်?တည်ငြိမ်တယ်? ပရိသတ်တစ်ယောက်အနေနဲ့တောင် သူ့မျက်နှာက ရှက်ရွံ့မှုကြောင့် ရဲတက်လာသလို ခံစားရတယ်

ရိဟန်က ခပ်တိုးတိုးဖြင့် တစ်ခစ်ခစ်ရယ်လေသည်။ သူ့ပါးချိုင့်များက ခွက်ဝင်သွားပြီး တစ်လက်လက် တောက်ပနေသည်.

"ခွင့်လွှတ်ပါနော်, ပထမဆုံးလာတာ ဆိုတော့လေ ဘိုးဘိုးဘာကြိုက်လဲမသိလို့, Go game set ပဲ ဝယ်လာလိုက်ပါတယ်, သဘောကျရဲ့လား မသိဘူး?"

(T/N - အရင်တစ်ပိုင်းမှာတုန်းက E-tran က chess (စစ်တုရင်)လို့ပဲ ပြန်ထားပေမယ့် ဒီအပိုင်းမှာတော့ Go game set လို့ပြန်ထားပါတယ်။ Go game set က စစ်တုရင်တစ်မျိုးတည်း မဟုတ်ပဲ ကျားကွက်နဲ့ ကစားတဲ့ ဂိမ်းတွေအကုန်ပါတာပါ။ ပုံကို media မှာထည့်ပေးထားပါတယ်)

ယန်ချုံးကတော့ ဖြူဖျော့သွားရှာ၏။ သူ့အဖေက Go game ဆော့ရတာ အရမ်းသေဘာကျတာလေ, ဒါပေမဲ့ လူအိုကြီးက ရှုံးရင်ညစ်တတ်ပြီး နိုင်ရင်ဂုဏ်ယူဝံကြွားစွာနဲ့ တစ်ဖက်လူကို မညှာမတာ ဖိနှိပ်တတ်သူ တစ်ယောက်ဖြစ်သည်။ အကယ်၍ သူနိုင်ရင် သူ့ပြိုင်ဘက်ကို တုံးအတယ်ဆိုပြီး ဆူပူလိမ့်မယ်။ အကယ်၍ သူရှုံးရင်တော့ စိတ်တွေဆိုးကုန်ရော

နောက်ပြန်ဆုတ်တာကိုလည်း နှစ်သက်သေးတယ်, ယန်ချုံးက သူ့အဖေနဲ့အတူ စစ်တုရင်ကစားတိုင်း အရမ်းကို ခံစားရလွန်းလို့ သေပါရစေတောင် ဆုတောင်းမိတယ်....အကယ်၍သာ သူ့အဖေက ဒီစစ်တုရင်အသစ်ကို သဘောကျနှစ်ခြိုက်သွားရင် ယန်ချုံးအနေနဲ့ အခုကစပြီး အကြိမ်ပေါင်းများစွာ အဖမ်းချုပ်ခံရတော့မှာ

လူကြီးမင်းယန်ကတော့ သူ့သားရဲ့ ဝမ်းနည်းနေမှုကို သတိမမူမိပဲ ပျော်ရွှင်စွာ မှတ်ချက်ချနေသည်။

"ဘယ်လိုဖြစ်လို့ မကြိုက်ပဲနေမှာလဲ? ငါက Go ကိုအကြိုက်ဆုံးပဲ, လာပါဦး, ငါ့ကိုပြဦး"

ရိဟန်က ထလိုက်ပြီး လူကြီးမင်းယန်ရဲ့ ကော်ဖီစားပွဲပေါ်သို့ Go game set ကိုတင်ပေးလိုက်သည်။ ဘုတ်ပြားက နက်ရှိုင်းစွာ တောက်ပလှသည့် ပယင်းအစက်အပျောက်များဖြင့် နေရောင်အောက်မှာ တောက်ပလင်းလက်နေသည်။ ကျားစေ့များက ကျောက်စိမ်းဖြင့် ပြုလုပ်ထားခြင်းပင်။ သူတို့က နူးညံ့လွန်းလှပြီး ထိလိုက်တာနဲ့ အေးစိမ့်စိမ့်ဖြစ်နေသည်။ ပန်းကန်လုံးသည်လည်း တူညီသည့် သစ်သားနှင့်ယွန်းကိုအသုံးပြုကာ ပြုလုပ်ထားခြင်းဖြစ်ပြီး ဘုတ်ပြားကဲ့သို့ပင် ပယင်းရောင်များ အရိပ်ထင်နေတာကြောင့် အလွန်လိုက်ဖက်ညီလှပေသည်။ အဲ့ဒါက သူတို့ကိုပိုပြီး လက်ရာမြောက်သွားစေသည်။

အမှန်အတိုင်းပြောရရင် ဒီ Go ဂိမ်းက အများကြီးမတန်ပေမယ့် လက်ဆောင်ကိုရွေးချယ်ရာမှာ ရိဟန်က စိတ်ဘယ်လောက် ထည့်ထားလဲ ဆိုတာအား ပြသနေသည်လေ။ ယန်မိသားစုက ချမ်းသာပြီး အင်အားကြီးမားတယ်။ သူတို့မှာ ချို့တဲ့တာ ဘာများရှိမှာလဲ? လူကြီးမင်းယန်က ယခုအခါမှာ အဘိုးကြီးဖြစ်နေပြီ။ အခု သူလိုချင်သမျှက ရိုးသားမှုသာ

လူကြီးမင်းယန်က ကျားစေ့များအား ကောက်ယူလိုက်ပြီး နေရာချလိုက်သည်။ ထို့နောက်ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်၏။

"လာလေ, ငါနဲ့တစ်ပွဲလောက် လာကစား"

ယန်ချုံးရဲ့ မျက်နှာက ပင်ပန်းနွမ်းနယ်မှု အပြည့်ဖြင့် မတ်တပ်ထရပ်သောအခါ လူကြီးမင်းယန်က သူ့ကိုလှမ်းအော်သည်။

"မင်းဒီအတိုင်းနေပြီး ဖုရဲန်နဲ့ စကားပြောနေစမ်းပါ, ငါမင်းနဲ့ မကစားချင်ဘူး, မင်းက ဆော့တာဆိုးဝါးတဲ့အပြင်ကို ဂိမ်းကစားနေရင်လည်း အရမ်းရိုင်းစိုင်းတာပဲ!"

ယန်ချုံး......

တစ်ခုလောက်မေးလို့ဖြစ်မလား? အဲ့ဒါက ကိုယ့်ကိုကိုယ်ပြောနေတာ မဟုတ်ဘူးဆိုတာ သေချာပါတယ်နော်?

လူကြီးမင်းယန်က ရိဟန်ရဲ့ ပုခုံးအားပုတ်ပြီးပြောသည်။

"သွားရအောင်, လူငယ်လေးရိဟန်.... တစ်ပွဲလောက် ကစားကြမယ်"

"ဘိုးဘိုးယန်, ကျွန်တော်က ဘယ်လိုကစားရမလဲ မသိဘူး" သူက အနေခက်စွာဖြင့် တုန့်ပြန်ရင်း ဖြည်းညှင်းစွာ မတ်တပ်ထရပ်သည်။

"ရပါတယ်" လူကြီးမင်းယန်က ကြင်နာစွာပြောလေ၏
"ငါမင်းကို သင်ပေးမှာပေါ့"

"Go ကိုကြည့်ရတာ အရမ်းခက်ပုံပဲ, တစ်လှည့်တည်းနဲ့ မရမှာစိုးလို့" ရိဟန်က သူ့ခေါင်းလေးကို ကုတ်ရင်းပြောပြန်သည်။

လူကြီးမင်းယန်က ရပ်တန့်သွားပြီး ခဏလောက် စဉ်းစားလိုက်သည်။

"အမှန်ပဲ, ငါမင်းကို Go အကြောင်း လေ့လာဖို့ အရင်ခေါ်သွားမယ်, ကောင်းပြီ, ဒါဆိုမင်းဘာဂိမ်းသိလဲ?"

"Gomoku?" 

ရိဟန်က အလိုလိုမေးမိသည်။

လူကြီးမင်းယန်က သူ့ကိုနားမလည်ဟန်ဖြင့် ဗလာဖြစ်စွာ စိုက်ကြည့်နေတာကို မြင်သောအခါ သူက ရှင်းပြပေးလေသည်။

"အဲ့ဒါက ထူးထူးခြားခြားကို ရိုးရှင်းလွန်းတဲ့ ကစားနည်းပဲ, ကစားသမား နှစ်ယောက်လုံးက ကျားစေ့လေးတွေကို တစ်လှည့်စီချရမယ်, ကျားစေ့ငါးစေ့ကို ပထမဆုံး အစဉ်လိုက် ထားနိုင်တဲ့လူက အနိုင်, အလျားလိုက်ပဲဖြစ်ဖြစ်၊ ဒေါင်လိုက်ပဲဖြစ်ဖြစ် ထောင့်ဖြတ်ပဲဖြစ်ဖြစ်"

လူကြီးမင်းယန်ရဲ့ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားနေသည့် ပုံစံက သိသိသာသာ ပေါ်လွင်လာသည်

"ပြောပုံအရတော့ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းမယ့်ပုံပဲ" သူကပြောရင်းဖြင့် ရိဟန်အား ပြတင်းပေါက်နားက စားပွဲခုံဆီ ဆွဲခေါ်သွားလေ၏။

"လာ, လာ, စမ်းကြည့်ကြမယ်"

ရိဟန်က ငယ်တာကြောင့် လူကြီးမင်းယန်က ရက်ရောလှစွာဖြင့်ပင် သူ့အား အနက်ရောင်နဲ့ ကစားခွင့်ပေးလိုက်ပြီး အရင်ဆုံး စခိုင်းလိုက်သည်။ တကယ်တော့ လူကြီးမင်းယန်က ဆိုးဝါးလှတဲ့ ကစားသမားဆိုတာအား သူ့ကိုယ်သူ မသိခြင်းပင်။ သို့သော်လည် ရိဟန်က ပိုဆိုးသည်။ စစ်တုရင်လိုမျိုး ဗျူဟာမြောက်တဲ့ ဘုတ်ဂိမ်းတွေမှာ သူအနိုင်ယူဖူးတဲ့ လူတွေက သူ့မိသားစုဝင်တွေနဲ့ ကျင်းယွမ်သာရှိသည်။ အဲ့ဒါကလည်း သူတို့က သူတို့ရဲ့ ဦးနှောက်တွေကို ဖြိုခွဲပြီး သူ့ပျော်ရွှင်နိုင်စေဖို့အတွက် သူအနိုင်ရအောင် အစွမ်းကုန် ကြိုစားပေးကြတာကြောင့်သာ။

 ဆိုးဝါးလှတဲ့ ကစားသမား နှစ်ယောက်ကို တူညီတဲ့ ကစားခုံပေါ်မှာ ထားလိုက်ခြင်းသည် မမျှော်လင့်စရာ ကောင်းလှစွာပင် ပြင်းထန်လှသည့် လွန်ဆွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ လူကြီးရော လူငယ်ရောက သူတို့ရှေ့က ကျားခုံနဲ့ ကျားစေ့များကိုသာ စူးစိုက်ကြည့်နေကြသည်။ 

မသိရင်တကယ့်ကို ကျွမ်းကျင်တဲ့ ကစားသမားနှစ်ယောက်ကြားက ကစားပွဲတစ်ခုလို့တောင် ခံစားရတယ်... ရှင်းရှင်းလင်းလင်း အောင်နိုင်သွားတဲ့သူ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး, ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ မြင်ကွင်းပဲ

ယန်ချုံးနဲ့ ဖုရဲန်ကတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်လက်ပျက် အပြုံးများ ဖလှယ်မိကြ၏။ ယန်ချုံးသည် ဒီနေ့ရဲ့ ဧည့်သည့်တွေကြောင့် သူ့အဖေ ဘယ်လောက် ကြည်နူးနေလဲ ဆိုတာအား မြင်ရနိုင်သည်။

သူတို့တွေ ပိုင်မိသားစုရဲ့ ကလေးကို မကြာခဏ ဖိတ်ခေါ်သင့်လား.... လူငယ်လေးက သူ့အဖေအိုကြီးကို ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ် ဆိုတာ သေချာတယ်

Mrs ယန်နဲ့ ပိုင်မေမေကတော့ ထောင့်တစ်နေရာမှာ ချည်ကြည်ရင်းနှီးစွာဖြင့် စကားစမြည်ပြောနေကြသည်။ ယန်ချုံးနဲ့ ပိုင်ဖုရဲန်တို့က သူတို့ရဲ့ စီးပွားရေးများ အကြောင်း ဆွေးနွေးနေကြ၏။ လူအိုကြီးနဲ့ လူငယ်လေးကတော့ Go board ပေါ်ကို ကွေးညွှတ်ရင်း တောက်ပလှတဲ့ နံနက်ခင်း ရောင်ခြည်အောက်တွင် အချင်းချင်း ပြိုင်ဆိုင်နေကြသည်။ လိုက်ဖက်ညီလှတဲ့ မြင်ကွင်းတစ်ခုပဲ

အချိန်တွေက တရွေ့ရွေ့နဲ့ မွန်းတည့်ချိန် နီးလာပြီ။ ပိုင် မိသားစုတွေ ကြာကြာနေမယ်ဆိုရင် ယန်မိသားစုနဲ့ နေ့လည်စာ စားကြရလိမ့်မယ်။ ပိုင်မေမေက ဖုရဲန်အား တစ်ချက်ကြည့်လိုက်သည်။ 

သူတို့ပြန်ဖို့အချိန်တန်ပြီမဟုတ်လား?

ဖုရဲန်က ပျော်ပျော်ကြီး Gomoku ကစားနေကြတဲ့ အတွဲအား မျက်လုံးဝင့်ပြပြီး သူလည်း ပြန်ချင်နေတာပါပဲလို့ ပြောနေသလိုပင်။ 

ဒါပေမဲ့ အဲ့ဒီ ကစားသမားနှစ်ယောက် ဘယ်လိုဖြစ်နေလဲ ကြည့်ပါဦး.... အကယ်၍ သူတို့ကို သွားနှောက်ယှက်မိရင် အဲ့ဒါက ရိုင်းစိုင်းသလို ဖြစ်သွားမှာ မဟုတ်ဘူးလား?

အမေက မျက်ခုံးပြန်ပင့်ပြလေသည်။

ဒါဆိုဘယ်လိုလုပ်ကြမလဲ? အခုက ယန်မိသားစုကို ကျေးဇူးတင်စကား ပြောဖို့လာတာလေ, ကျွန်မတို့က ထမင်စားချိန် လွှတ်လိုက်ရမှာလား?

ဖုရဲန်က သူမအား ကူကယ်ရာမဲ့နေသည့် အကြည့်ဖြင့် ပြန်ကြည့်သည်။

ကိုယ်တို့ဘာလုပ်နိုင်မှာလဲ? ကိုယ်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေတာပဲ!

ပိုင်စုံတွဲရဲ့ အသံတိတ် စကားပြောဆိုမှု ပြီးဆုံးခါနီးမှာ တံခါးအရှေ့ကနေ ခြေသံတစ်ခု ထွက်ပေါ်လာသည်။

"သမီးပြန်လာပြီ ဘိုးဘိုးရေ!" မိန်းကလေးတစ်ယောက်ရဲ့ ရွှင်မြူးတတ်ကြွနေသည့် အသံတစ်ခုက လှမ်းခေါ်လာ၏။

လူကြီးမင်းယန်နဲ့ ရိဟန်တို့က Gomoku နောက်တလှည့်ကို အခုလေးတင် အပြီးသတ်လိုက်တာဖြစ်သည်။ ရိဟန်က သူ့အရှုံးကြောင့် ခေါင်းငိုက်စိုက်ကျနေပြီး လူကြီးမင်းယန်ကတော့ သူ့အနိုင်ရမှုကြောင့် ဂုဏ်ယူဝံ့ကြွားစွာ ရင်ကော့နေသည်။

"ပြန်လာပြီလား ဖေးဖေး? ဘိုးဘိုးဆီလာပါဦး!" လူကြီးမင်းယန်က ရယ်မောရင်းဖြင့် ပြောလေ၏။

ရိဟန်က လှည့်ကြည့်လိုက်သောအခါ သူတို့ဆီ လျှောက်လာနေသည့် မိန်းမငယ်လေး တစ်ယောက်ကို မြင်လိုက်ရသည်။ သူမက ဂျင်းဘောင်းဘီနှင့် T-shirt ကိုဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်များကို မြင့်မြင့်မြှောက်စီးထားသည်။ ရွှင်လန်းပြီး ချစ်ဖို့ကောင်းတဲ့ မျက်နှာ၊ ဖြူစင်ပြီး အနည်းငယ် နီမြန်းနေတဲ့ အသားအရေနဲ့ ကခုန်နေသလိုမျိုး တစ်လက်လက်တောက်ပနေသည့် မျက်လုံးဝိုင်းတစ်စုံက့ ဘယ်အချိန်မဆို ထပြီးစနောက်တော့မလိုမျိုး အလွန်ကို ရွှင်လန်းမြူးကြွနေတာကြောင့် သူမသည် လူငယ်တစ်ယောက်ရဲ့ အဓိက စံနမူနာ ဖြစ်နေပေသည်။

ယန်ဖေးက သူမရဲ့ အဘိုးဆီ သွားရင်းဖြင့် ပိုင်မေမေနဲ့ ပိုင်ဖေဖေကို နှုတ်ဆက်သွားလေသည်။ သူမကို ကြည့်ရတာ ကောင်းမွန်ပြီး ချိုမြိန်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တူသော်ငြား ရိဟန်ကို ကြည့်လိုက်တဲ့ အချိန်မှာတော့..... သူတို့ထဲမှာ အစိမ်းရောင် အလင်းတစ်ချက် တောက်ပသွားသလားလို့?

"ရိဟန်ကော?" ယန်ဖေးက အပြုံးဖြင့် နှုတ်ဆက်သည်။

အိုး,...ဒီလိုမျိုး နူးညံ့ပြီး ချိုမြိန်တဲ့ မိန်းကလေးတစ်ယောက်ဆီက 'ကော' ဆိုတဲ့ ချိုမြမြအသံက ရိဟန်ရဲ့ နှလုံးသားလေးကို အနည်းငယ် ထိတ်လန့်သွားစေသည်။ အဲ့ဒါက အရမ်းကို ချစ်ဖို့ကောင်းနေတာ။ ရိဟန်ကတော့ ခဏလောက် သူ့ဆီမှာ မာနနဲ့ တာဝန်ယူမှုကို ခံစားလိုက်ရသည်။ သူ့ကိုယ်သူ အကိုကြီးတစ်ယောက်လို ခံစားရတယ်။ နောက်ဆုံးတော့ သူ့အစ်ကိုကြီးတွေရဲ့ ခံစားချက်ကို အခုမှ သဘောပေါက်သွားရပြီ။

ဒါပေမဲ့ ဒီလှပတဲ့ မြင်ကွင်းက ပြီးပြည့်စုံမှ မရှိဘူး ဖြစ်နေတယ်။ သူ့ဆံပင်တွေကို ထောင်မတ်သွားစေတဲ့ ဒီအပြုံးနဲ့ ပတ်သတ်ပြီး တစ်ခုခုလွဲချော်နေသလိုပဲ? သူပဲမှားထင်နေမိတာလား?

နှစ်ယောက်သားက ဒီတွေ့ဆုံပွဲ မတိုင်ခင်တုန်းကတည်းက အချင်းချင်းသိကြတာဖြစ်သည်။ သူတို့က တက္ကသိုလ်တစ်ခုတည်းမှာ ပညာသင်ကြားနေကြတာဖြစ်ပြီး ရိဟန်က ယန်ဖေးထက် တစ်သုတ်စောသည်။ ထို့ကြောင့် သူတို့တစ်ယောက်နဲ့တစ်ယောက် သိတယ်ဆိုပေမယ့် စကားပြောမိတာ ရှားပါးသည်လေ။

"Ms ယန်ဖေး" ရိဟန်က ယဉ်ယဉ်ကျေးကျေး ပြန်နှုတ်ဆက်သည်။

"ဒီလိုမျိုး သူစိမ်းဆန်နေစရာ မလိုပါဘူး ရိဟန်ကောရဲ့ " ယန်ဖေးက တစ်ခစ်ခစ်ရယ်သည်။

"အကိုညီမကို ဖေးဖေးလို့ပဲခေါ်ပါ"

ရိဟန်အနေနဲ့ ရွေးချယ်စရာ မရှိစွာပင် သူမကို နောက်တစ်ဖန် နှုတ်ဆက်ရလေသည်။

"ဖေးဖေး"

ထိုအချိန်မှသာ ယန်ဖေးက ကျေနပ်သွားသည်။

လူကြီးမင်းယန်က စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် ယန်ဖေးအား အနားဆွဲခေါ်လိုက်သည်။

"ကြည့်ပါဦးဖေးဖေး" သူက ပြောရင်းဖြင့် အဆုံးသတ်သွားသည့် Go board ကိုလက်ညှိုးထိုးပြ၏။

"မင်းရဲ့ ရိဟန်ကောက Gomoku မှာ ဆရာကြီးပဲ, သူ့ကို အနိုင်ယူဖို့ အများကြီး ကြိုးစားခဲ့ရတာ!"

ယန်ချုံး၊ ခုံးဝမ်၊ပိုင်ဖုရဲန်၊ ဟွားရှောင်းရန်နှင့် ပိုင်ရိဟန် တို့အားလုံး နှဖူးပေါ်မှာ အနက်ရောင် မျဉ်းများ ပေါ်လာရပြီး နောက်တစ်ဖန် အနေခက်စွာဖြင့် တိတ်ဆိတ်သွားကြရရှာလေသည်။

ယန်ဖေးကတော့ ရှုပ်ပွနေသည့် Go board အား ငုံ့ကြည့်လိုက်ကာ သူမရဲ့ သွယ်လျလျ လက်ချောင်းများဖြင့် မေးစေ့ကို ထောက်လိုက်သည်။

"ဘိုးဘိုး" သူမကဆက်ပြောသည်။

"ဘိုးဘိုးတို့နှစ်ယောက်က အရမ်း အတွေ့အကြုံ များတာကိုး သမီးတော့ ဘာမှ နားမလည်ဘူး"

"ရပါတယ်" လူကြီးမင်းယန်က ပြန်ပြောလေသည်။

"နောက်မှ မင်းရဲ့ ရိဟန်ကောက သင်ပေးလိမ့်မယ်, ဒီဂိမ်းကို ဘယ်လိုကစားရမလဲ သိတာနဲ့ နားလည်သွားလိမ့်မယ်လေ"

Gomoku မှာ ရိဟန်ရဲ့ ပုတ်သိုးနေသည့် ကစားပုံများ အားလုံးအတွက် သူဘယ်လောက်တောင် ဆိုးဝါးတယ်ဆိုတာ သူ့ကိုယ်သူသိထားသည်။ လူကြီးမင်းယန်က ဒီလိုပြောလာတဲ့အချိန်မှာ အနေခက်မှုနဲ့ ရှက်ရွံ့မှုကြောင့် သူ့ရဲ့ ဖြူဖျော့ဖျော့ ပါးပြင်ပင် နီစေစွးစွေး ဖြစ်လာရတော့လေသည်။

သူက ယန်ဖေးအား မော့ကြည့်လိုက်သောအခါ သူမရဲ့ မျက်လုံးထဲမှာ အစိမ်းရောင်အလင်းအား ထပ်တွေ့လိုက်ရသော်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။ အဲ့ဒါကသူ့နောက်ကျောအား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားလိုက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း သူနောက်တစ်ဖန် ရှာကြည့်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ယန်ဖေးက ဘေးအိမ်က ချစ်စရာမိန်းကလေးဆိုတဲ့ သရုပ်မျိုး ပြန်ရောက်နေသည်။ သူပဲစဉ်းစားလွန်နေတာဖြစ်မလားပဲ။

"Mr ယန်" ဖုရဲန်က သူ့ကိုအပြုံးနဲ့ ပြောလာသည်။

"လူကြီးမင်းက ရိဟန်အတွက် လုပ်ပေးခဲ့တာအားလုံးကို ကျေးဇူးတင်ဖို့အတွက် စကားနဲ့ပြောလို့တောင် မလုံလောက်ပါဘူး, လူကြီးမင်းရဲ အကူအညီကြောင့် သူအဆင်ပြေသွားရတာပါ, အကယ်၍ အကူအညီ တစ်ခုခု လိုအပ်လာခဲ့လို့ရှိရင် ကျွန်တော့ကို ခေါ်လိုက်ပါ, အခုက နောက်ကျနေပြီဆိုတော့ ကျွန်တော်တို့ ပြန်သင့်နေပြီမို့လို့, နောက်တစ်နေ့မှ လာလည်ပါဦးမယ်"

"အခုလေးတင် ရောက်တာကို ပြန်တော့မလို့လား?" လူကြီးမင်းယန်က သက်ပြင်းချသည်။

"ငါကအငြိမ်းစားယူထားတဲ့ အဘိုးကြီးတစ်ယောက်ပါ, မင်းကိုဘာအတွက် လိုအပ်ရမှာလဲ? ငါက ရိဟန်နဲ့ အလှည့်နည်းနည်းလောက် ထပ်ဆော့ချင်ယုံပါပဲ!"

ပိုင်မေမေ....

ကျွန်မတို့ ဒီကိုရောက်နေတာ တစ်မနက်လုံး ဖြစ်နေပြီ, အခုမှ ရောက်တာမဟုတ်ဘူ

"Mr ယန်, လူကြီးမင်းရဲ့ အထူးတလှယ် တွေးပေးမှုကို ရရှိတာက ရိဟန်ရဲ့ ဂုဏ်ကျက်သရေပါပဲ" ဖုရဲန်က လူကြီးလူကောင်းဆန်စွာဖြင့် ပြုံးသည်။

"သူက လူကြီးမင်းအတွက် ဒုက္ခအရမ်းမများဘူးလို့ စဉ်းစားတယ်ဆိုရင် ကျွန်တော်သူ့ကို လူကြီးမင်းနဲ့ ကစားဖို့ မကြာခဏ လွှတ်ပေးပါ့မယ်"

"ကောင်းပြီလေ, သူအားတဲ့အချိန်ဆို ဒီကိုလာခိုင်းလိုက်" လူကြီးမင်းယန်က နောက်ဆုံးတော့ စိတ်လျှော့သွားသည်။

"ငါကအသက်ကြီးပြီ, သက်ဝင်လှုပ်ရှားနေတဲ့ အချိန်မျိုးကိုပဲ သဘောကျတာ"

"ရိဟန်လေး, ငါ့နေရာမှာ ကစားရတာ သဘောကျရဲ့လား? ငါ့စားဖိုမှုးက အရသာရှိတဲ့ အစားအသောက်တွေ အများကြီး ချက်တတ်တယ်"

လူကြီးမင်းယန်က ရိဟန်အား လှမ်းမေးရင်း သူ့မျက်လုံးများက အပြုံးနဲ့အတူ မှေးမှိတ်နေသည်။ သူ့ပုံစံက ရိုးသားတဲ့ ယုန်ငယ်လေးကို ဆွဲဆောင်နေတဲ့ ဝံပုလွေဆိုးကြီး တစ်ကောင်လိုပဲ

ယုန်သေးသေးလေး ပိုင်ရိဟန်က ခေါင်းတစ်ဆတ်ဆတ် ငြိမ့်ပြသောအခါမှသာ လူကြီးမင်းယန်က ချက်ချင်းသူ့ပေါင်ကို ရိုက်လိုက်ပြီး နာရီကိုလှမ်းကြည့်လေသည်။

"အာ," လူကြီးမင်းယန်က ထအော်သည်။

"ရုတ်တရက်ကြီး နေ့လည်စာ စားချိန်တောင် ရောက်သွားပါလား, မင်းတို့ မင်းတို့မိသားစုတွေ အရင်ဆုံး ဒီမှာပဲ နေ့လည်စာ စားလိုက်ကြပါလား? ယန်ချုံး မင်းကိုကြည့်စမ်း, ငါက လူအိုကြီးဖြစ်နေပြီကို မင်းကရော အဲ့ဒီလိုမို့လို့လား? မြန်မြန်သွား, ခုန်းဝမ်, မီးဖိုချောင်ကို အစားအသောက်တွေ ပိုပြီးပြင်ဆင်ခိုင်းလိုက်!"

ခုန်းဝမ်က လေးစားစွာ တုန့်ပြန်ပြီး မီးဖိုချောင်ဆီ ထွက်ခွာသွားတော့လေသည်။

ဖုရဲန်: ...

ထို့နောက် ဖုရဲန်က တစ်စုံတစ်ခု ပြောဖို့ ပြင်လိုက်တဲ့အချိန်မှာ လူကြီးမင်းယန်က ချက်ချင်းထပြောလာသည်။

"ဖုရဲန်, ထိုင်လေ, ပြီးတော့ ရှောင်းရန်လည်း ထိုင်ဦး, နေ့လည်စာ အဆင်သင့် ဖြစ်တဲ့အထိ စကားပြောကြတာပေါ့"

ပိုင်မေမေက စကားပြောဖို့ ပါးစပ်ဖွင့်လိုက်ပါသော်လည်း လူကြီးမင်းယန်က နောက်တစ်ဖန် ပြတ်ပြတ်သားသား ဖြတ်ပြောပြန်သည်။

"လာပါ, ကောင်လေး ရိဟန် ဒီကို ရောက်တာ ပထမဆုံးအကြိမ်ဆိုတော့ သူ့ကို ဗိုက်ဆာဆာနဲ့ အိမ်ပြန်မလွှတ်နိုင်ပါဘူး ဟုတ်တယ်မှတ်လား? ကလေးရဲ့ခန္တာကိုယ်က ကြီးထွားနေဆဲ အချိန်ဆိုတော့ သူဗိုက်ဆာလို့ မဖြစ်ဘူး"

ပိုင်မေမေ: ..ပြောသွားတာတွေက အရမ်းကို အဓိပ္ပါယ်ရှိနေတော့ ပြောစရာတောင် မကျန်တော့ဘူး!

ရိဟန်: .. ငါက အရွယ်ရောက်နေပါပြီနော် ဟုတ်ပြီလား? ဘယ်လိုလုပ် ကလေးဖြစ်နိုင်မှာလဲ? ငါ့မှာ ကြီးထွားနေဆဲ ခန္ဓာကိုယ် မရှိဘူး!

ယန်ဖေးနဲ့ယန်ချုံးတို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် ကြည့်မိကြပြီး ရယ်မောမိမှာအား အတတ်နိုင်ဆုံး ချိုးနှိမ်ကာ နှုတ်ခမ်းများကို တင်းတင်းစေ့ထားရသည်။

ဘိုးဘိုး/အဖေ့ရဲ့ အရှက်မဲ့မှုကတော့ ဘယ်တော့မှ မရှုံးနိမ့်ဘူးပဲ!

ကူကယ်ရာမဲ့နေတဲ့ ပိုင်မိသားစု သုံးယောက်သားက နေ့လည်စာအတွက် အတင်းအကြပ် နေလိုက်ကြရတော့သည်။ ရိဟန်က လူကြီးမင်းယန်နဲ့အတူ Gomoku အကြိမ်အနည်းငယ် ထပ်ကစားလိုက်ရသေးသည်။ တစ်ချိန်လုံးမှာ လူကြီးမင်းယန်ရဲ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေ၏။

 နေ့လည်စာ စားနေစဉ် တစ်လျှောက်လုံးမှာ ရိဟန်သည် သူ့ကို အပေါ်အောက် စစ်ဆေးသလို ကြည့်နေသည့် အကြည့်ကို ခံစားလို့ရနေသည်။ အဲ့ဒါက သူ့ကို မသက်မသာ ဖြစ်စေသော်လည်း ဘယ်သူကြည့်နေတာလဲလို့ သူမော့ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ထိုအကြည့်က ပျောက်ကွယ်သွားသည်။ အရာအားလုံးက သူစိတ်ထင်နေတာ လိုလိုပဲ

နေ့လည်စာ စားပြီးနောက်မှာလည်း ပိုင်မိသားစုက လက်ဖက်ရည်သောက်ဖို့ ဆက်နေရပြီး နောက်ဆုံးမှသာ ထွက်ခွာခွင့် ရကြရှာသည်။ သူတို့မိသားစု ယန်မိသားစုရဲ့ အိမ်တော် ဂိတ်ပေါက်မှ ထွက်ခွာတဲ့အချိန် သုံးယောက်လုံး သူတို့နှဖူးပေါ်က မရှိတဲ့ ချွေးကို တစ်ပြိုင်နက်တည်း သုတ်မိကြပြီး သက်ပြင်းရှည်ရှည် ချမိကြလေသည်။

"လူကြီးတွေက ကလေးတွေလိုပဲလို့ အမြဲတမ်း ပြောကြတာ မမှားဘူးပဲ" အမေက အပြုံးလေးနဲ့ မှတ်ချက်ချသည်။

ဖုရဲန်ကလည်း ခေါင်းညိတ်ထောက်ခံသည်။

24.12.2021

=============
Zawgyi

အခန္း(၁၀၃) - Gomoku တြင္ကြၽမ္းက်င္သူ

"ဖုန္းခ်ြင္က ေသသြားျပီ, တစ္ျခားေလးေယာက္ကလည္း ေနာက္ကြယ္ကလူကို မေျပာပဲ တင္းခံေနျပီး ရိဟန္နဲ႔ ဖုန္းခ်ြင္တို႔ ၾကားထဲက ရန္ျငိဳးေၾကာင့္လုိ႔ပဲ ေျပာေနတာ, ေနာက္ကြယ္က လူက ္ဖုန္းခ်ြင္တစ္ေယာက္တည္းပဲတဲ့" ဖုရဲန္က ေလးနက္စြာ ျပန္ေျဖသည္။

"ဖုန္းခ်ြင္က ဘယ္လိုေသသြားတာလဲ?" ယန္ခ်ံဳးက မ်က္ေမွာင္က်ံဳ႔ကာ ေမးေလသည္။

"အခန္းထဲမွာ သူတစ္ေယာက္တည္း ရွိေနတုန္း ေရဖန္ခြက္ကိုခြဲျပီး အဲ့ဒီက အခ်ြန္နဲ႔ သူ႔လည္ပင္းကို ျဖတ္ခ်လုိက္တာ, သူနာျပဳေတြက အခ်ိန္မွီ မကယ္လုိက္နုိင္ဘူး, သူ႔ကိုေတြ႔တဲ့ ပထမဆံုး သူနာျပဳေလး ေျပာတာေတာ့ ေနရာတိုင္းမွာ ေသြးေတြျပန္႔က်ဲေနတာတဲ့, အခန္းတစ္ဝက္ေလာက္က ေသြးေတြေပက်ံေနတယ္" ဖုရဲန္က ျပန္ေျဖသည္။

ဖုန္းခ်ြင္ ဘယ္လိုမ်ိဳး ေသသြားလဲဆိုတာကို ၾကားလိုက္ရတုန္းကဆိုရင္ သူ႔တစ္ကုိယ္လံုး ေၾကာက္လန္႔မွုေၾကာင့္ ေအးစက္သြားခဲ့ရတာ, သူ႔စိတ္ထဲမွာ သူ႔သားေထြးေလးလည္း ဒီနည္းလမ္းကိုသံုးျပီး သတ္ေသဖို႔ ၾကိဳးစားခဲ့တာ ဆိုတဲ့ အေတြးတစ္ခုကိုပဲ ေတြးလို႔ရေတာ့တယ္

"အဲ့ဒီေန႔ ညေနပိုင္းတုန္းက သူေၾကာက္လန္႔တၾကား ေကြးေနတဲ့ ပံုစံအရဆိုရင္ သူ႔ကိုယ္သူ သတ္ေသမယ့္ တစ္စံုတစ္ေယာက္နဲ႔မတူဘူးေလ"

လူၾကီးမင္းယန္က သူ႔မုတ္ဆိတ္ေမႊးအား သပ္ရင္းျဖင့္ ေတြးဆဆေျပာလာသည္။

"သူနဲ႔ ဆက္သြယ္တဲ့ လူတိုင္းကို စံုစမ္းစစ္ေဆးျပီးျပီလား?"

"ျပီးပါျပီ" ဖုရဲန္က ေခါင္းညိတ္ျပျပီး ျပန္ေျဖသည္။

"ဒါေပမဲ့ က်ြန္ေတာ္တို႔ ဘာမွ ရွာမေတြ႔ခဲ့ၾကဘူး, အခုသူေသသြားျပီဆုိေတာ့ တစ္ျခားလူေတြကလည္း သူတို႔ပါးစပ္ကို တင္းတင္းပိတ္ထားၾကတယ္, တကယ္ေတာ့လည္း သူတို႔အားလံုးက ရာဇဝတ္သားေတြပဲေလ"

"ဒါက အေတာ္ေလး စိတ္အေနွာင့္အယွက္ ျဖစ္ဖို႔ေကာင္းတာပဲ" လူၾကီးမင္းယန္ကေျပာ၏။

စကားဝိုင္းက အခန္းထဲက ေလထုအား ေလးလံလာေစသည္။ ရိဟန္က ထိုအခ်င္းအရာကို သတိထားမိတာေၾကာင့္ အျပံဳးေလးနဲ႔အတူ ၾကားျဖတ္ေျပာလုိက္သည္။

"စိတ္အေနွာင့္အယွက္ ျဖစ္စရာေတြ ဘယ္ေလာက္ပဲ ရွိေနပါေစ အဲဒါကို ေျဖရွင္းလုိ႔ရမယ့္ နည္းလမ္းကေတာ့ အျမဲ ရွိမွာပဲေလ, က်ြန္ေတာ္တို႔ေတြ ေခါင္းေဆာင္ခ်န္းကို ယံုၾကည္ရမွာေပါ့ "

"အမွန္ပဲ, အမွန္ပဲ"

လူၾကီးမင္းယန္က ခပ္ဖြဖြေျပာေလသည္။

"မင္းက ဒီေလာက္ငယ္တာေတာင္ အရမ္းေအးေဆးျပီး တည္ျငိမ္တယ္, ကမာၻၾကီးက ဘယ္လိုအလုပ္လုပ္လဲ ဆိုတာ မင္းေသခ်ာေပါက္ သိေနတာပဲ, ဟုတ္တယ္, မင္းက ေခါင္းေကာင္းေကာင္းလည္း ရွိေနတယ္"

ဖုရဲန္ရဲ႔ ေခါင္းေနာက္ကေန ေခၽြးသီးေခၽြးေပါက္မ်ား စီးက်လာရသည္။ သူ႔မိသားစုကို သူေကာင္းေကာင္း သိတယ္,အထူးသျဖင့္ သူ႔အငယ္ဆံုး သားေလးက ဘယ္လိုလူမ်ိဳး ဆိုတာကိုလည္း သူသိတယ္

ေအးေဆးတယ္?တည္ၿငိမ္တယ္? ပရိသတ္တစ္ေယာက္အေနနဲ႔ေတာင္ သူ႔မ်က္ႏွာက ရွက္ရြံ႔မႈေၾကာင့္ ရဲတက္လာသလို ခံစားရတယ္

ရိဟန္က ခပ္တိုးတိုးျဖင့္ တစ္ခစ္ခစ္ရယ္ေလသည္။ သူ႔ပါးခ်ိဳင့္မ်ားက ခြက္ဝင္သြားၿပီး တစ္လက္လက္ ေတာက္ပေနသည္.

"ခြင့္လႊတ္ပါေနာ္, ပထမဆံုးလာတာ ဆိုေတာ့ေလ ဘိုးဘိုးဘာႀကိဳက္လဲမသိလို႔, Go game set ပဲ ဝယ္လာလိုက္ပါတယ္, သေဘာက်ရဲ႔လား မသိဘူး?"

(T/N - အရင္တစ္ပိုင္းမွာတုန္းက E-tran က chess (စစ္တုရင္)လို႔ပဲ ျပန္ထားေပမယ့္ ဒီအပိုင္းမွာေတာ့ Go game set လို႔ျပန္ထားပါတယ္။ Go game set က စစ္တုရင္တစ္မ်ိဳးတည္း မဟုတ္ပဲ က်ားကြက္နဲ႔ ကစားတဲ့ ဂိမ္းေတြအကုန္ပါတာပါ။ ပံုကို media မွာထည့္ေပးထားပါတယ္)

ယန္ခ်ံုးကေတာ့ ျဖဴေဖ်ာ့သြားရွာ၏။ သူ႔အေဖက Go game ေဆာ့ရတာ အရမ္းေသဘာက်တာေလ, ဒါေပမဲ့ လူအိုႀကီးက ရွံဳးရင္ညစ္တတ္ၿပီး ႏိုင္ရင္ဂုဏ္ယူဝံႂကြားစြာနဲ႔ တစ္ဖက္လူကို မၫွာမတာ ဖိႏွိပ္တတ္သူ တစ္ေယာက္ျဖစ္သည္။ အကယ္၍ သူႏိုင္ရင္ သူ႔ၿပိဳင္ဘက္ကို တံုးအတယ္ဆိုၿပီး ဆူပူလိမ့္မယ္။ အကယ္၍ သူရွံုးရင္ေတာ့ စိတ္ေတြဆိုးကုန္ေရာ

ေနာက္ျပန္ဆုတ္တာကိုလည္း ႏွစ္သက္ေသးတယ္, ယန္ခ်ံုးက သူ႔အေဖနဲ႔အတူ စစ္တုရင္ကစားတိုင္း အရမ္းကို ခံစားရလြန္းလို႔ ေသပါရေစေတာင္ ဆုေတာင္းမိတယ္....အကယ္၍သာ သူ႔အေဖက ဒီစစ္တုရင္အသစ္ကို သေဘာက်ႏွစ္ၿခိဳက္သြားရင္ ယန္ခ်ံဳးအေနနဲ႔ အခုကစၿပီး အႀကိမ္ေပါင္းမ်ားစြာ အဖမ္းခ်ဳပ္ခံရေတာ့မွာ

လူႀကီးမင္းယန္ကေတာ့ သူ႔သားရဲ႔ ဝမ္းနည္းေနမႈကို သတိမမူမိပဲ ေပ်ာ္ရႊင္စြာ မွတ္ခ်က္ခ်ေနသည္။

"ဘယ္လိုျဖစ္လို႔ မႀကိဳက္ပဲေနမွာလဲ? ငါက Go ကိုအႀကိဳက္ဆံုးပဲ, လာပါဦး, ငါ့ကိုျပဦး"

ရိဟန္က ထလိုက္ၿပီး လူႀကီးမင္းယန္ရဲ႔ ေကာ္ဖီစားပြဲေပၚသို႔ Go game set ကိုတင္ေပးလိုက္သည္။ ဘုတ္ျပားက နက္႐ွိဳင္းစြာ ေတာက္ပလွသည့္ ပယင္းအစက္အေပ်ာက္မ်ားျဖင့္ ေနေရာင္ေအာက္မွာ ေတာက္ပလင္းလက္ေနသည္။ က်ားေစ့မ်ားက ေက်ာက္စိမ္းျဖင့္ ျပဳလုပ္ထားျခင္းပင္။ သူတို႔က ႏူးညံ့လြန္းလွၿပီး ထိလိုက္တာနဲ႔ ေအးစိမ့္စိမ့္ျဖစ္ေနသည္။ ပန္းကန္လံုးသည္လည္း တူညီသည့္ သစ္သားႏွင့္ယြန္းကိုအသံုးျပဳကာ ျပဳလုပ္ထားျခင္းျဖစ္ၿပီး ဘုတ္ျပားကဲ့သို႔ပင္ ပယင္းေရာင္မ်ား အရိပ္ထင္ေနတာေၾကာင့္ အလြန္လိုက္ဖက္ညီလွေပသည္။ အဲ့ဒါက သူတို႔ကိုပိုၿပီး လက္ရာေျမာက္သြားေစသည္။

အမွန္အတိုင္းေျပာရရင္ ဒီ Go ဂိမ္းက အမ်ားႀကီးမတန္ေပမယ့္ လက္ေဆာင္ကိုေ႐ြးခ်ယ္ရာမွာ ရိဟန္က စိတ္ဘယ္ေလာက္ ထည့္ထားလဲ ဆိုတာအား ျပသေနသည္ေလ။ ယန္မိသားစုက ခ်မ္းသာၿပီး အင္အားႀကီးမားတယ္။ သူတို႔မွာ ခ်ိဳ႔တဲ့တာ ဘာမ်ားရွိမွာလဲ? လူႀကီးမင္းယန္က ယခုအခါမွာ အဘိုးႀကီးျဖစ္ေနၿပီ။ အခု သူလိုခ်င္သမွ်က ႐ိုးသားမႈသာ

လူႀကီးမင္းယန္က က်ားေစ့မ်ားအား ေကာက္ယူလိုက္ၿပီး ေနရာခ်လိုက္သည္။ ထို႔ေနာက္ေပ်ာ္ေပ်ာ္ရႊင္ရႊင္ျဖင့္ ေျပာလိုက္၏။

"လာေလ, ငါနဲ႔တစ္ပြဲေလာက္ လာကစား"

ယန္ခ်ံုးရဲ႔ မ်က္ႏွာက ပင္ပန္းႏြမ္းနယ္မႈ အျပည့္ျဖင့္ မတ္တပ္ထရပ္ေသာအခါ လူႀကီးမင္းယန္က သူ႔ကိုလွမ္းေအာ္သည္။

"မင္းဒီအတိုင္းေနၿပီး ဖုရဲန္နဲ႔ စကားေျပာေနစမ္းပါ, ငါမင္းနဲ႔ မကစားခ်င္ဘူး, မင္းက ေဆာ့တာဆိုးဝါးတဲ့အျပင္ကို ဂိမ္းကစားေနရင္လည္း အရမ္း႐ိုင္းစိုင္းတာပဲ!"

ယန္ခ်ံုး......

တစ္ခုေလာက္ေမးလို႔ျဖစ္မလား? အဲ့ဒါက ကိုယ့္ကိုကိုယ္ေျပာေနတာ မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္ေနာ္?

လူႀကီးမင္းယန္က ရိဟန္ရဲ႔ ပုခံုးအားပုတ္ၿပီးေျပာသည္။

"သြားရေအာင္, လူငယ္ေလးရိဟန္.... တစ္ပြဲေလာက္ ကစားၾကမယ္"

"ဘိုးဘိုုးယန္, ကၽြန္ေတာ္က ဘယ္လိုကစားရမလဲ မသိဘူး" သူက အေနခက္စြာျဖင့္ တုန္႔ျပန္ရင္း ျဖည္းၫွင္းစြာ မတ္တပ္ထရပ္သည္။

"ရပါတယ္" လူႀကီးမင္းယန္က ၾကင္နာစြာေျပာေလ၏
"ငါမင္းကို သင္ေပးမွာေပါ့"

"Go ကိုၾကည့္ရတာ အရမ္းခက္ပံုပဲ, တစ္လွည့္တည္းနဲ႔ မရမွာစိုးလို႔" ရိဟန္က သူ႔ေခါင္းေလးကို ကုတ္ရင္းေျပာျပန္သည္။

လူႀကီးမင္းယန္က ရပ္တန္႔သြားၿပီး ခဏေလာက္ စဥ္းစားလိုက္သည္။

"အမွန္ပဲ, ငါမင္းကို Go အေၾကာင္း ေလ့လာဖို႔ အရင္ေခၚသြားမယ္, ေကာင္းၿပီ, ဒါဆိုမင္းဘာဂိမ္းသိလဲ?"

"Gomoku?" 

ရိဟန္က အလိုလိုေမးမိသည္။

လူႀကီးမင္းယန္က သူ႔ကိုနားမလည္ဟန္ျဖင့္ ဗလာျဖစ္စြာ စိုက္ၾကည့္ေနတာကို ျမင္ေသာအခါ သူက ရွင္းျပေပးေလသည္။

"အဲ့ဒါက ထူးထူးျခားျခားကို ႐ိုးရွင္းလြန္းတဲ့ ကစားနည္းပဲ, ကစားသမား ႏွစ္ေယာက္လံုးက က်ားေစ့ေလးေတြကို တစ္လွည့္စီခ်ရမယ္, က်ားေစ့ငါးေစ့ကို ပထမဆံုး အစဥ္လိုက္ ထားႏိုင္တဲ့လူက အႏိုင္, အလ်ားလိုက္ပဲျဖစ္ျဖစ္၊ ေဒါင္လိုက္ပဲျဖစ္ျဖစ္ ေထာင့္ျဖတ္ပဲျဖစ္ျဖစ္"

လူႀကီးမင္းယန္ရဲ႔ မ်က္ႏွာေပၚမွာ စိတ္လွဳပ္ရွားေနသည့္ ပံုစံက သိသိသာသာ ေပၚလြင္လာသည္

"ေျပာပံုအရေတာ့ ေတာ္ေတာ္ေလး စိတ္ဝင္စားဖို႔ ေကာင္းမယ့္ပံုပဲ" သူကေျပာရင္းျဖင့္ ရိဟန္အား ျပတင္းေပါက္နားက စားပြဲခံုဆီ ဆြဲေခၚသြားေလ၏။

"လာ, လာ, စမ္းၾကည့္ၾကမယ္"

ရိဟန္က ငယ္တာေၾကာင့္ လူႀကီးမင္းယန္က ရက္ေရာလွစြာျဖင့္ပင္ သူ႔အား အနက္ေရာင္နဲ႔ ကစားခြင့္ေပးလိုက္ၿပီး အရင္ဆံုး စခိုင္းလိုက္သည္။ တကယ္ေတာ့ လူႀကီးမင္းယန္က ဆိုးဝါးလွတဲ့ ကစားသမားဆိုတာအား သူ႔ကိုယ္သူ မသိျခင္းပင္။ သို႔ေသာ္လည္ ရိဟန္က ပိုဆိုးသည္။ စစ္တုရင္လိုမ်ိဳး ဗ်ဴဟာေျမာက္တဲ့ ဘုတ္ဂိမ္းေတြမွာ သူအႏိုင္ယူဖူးတဲ့ လူေတြက သူ႔မိသားစုဝင္ေတြနဲ႔ က်င္းယြမ္သာရွိသည္။ အဲ့ဒါကလည္း သူတို႔က သူတို႔ရဲ႔ ဦးေႏွာက္ေတြကို ၿဖိဳခြဲၿပီး သူ႔ေပ်ာ္ရႊင္ႏိုင္ေစဖို႔အတြက္ သူအႏိုင္ရေအာင္ အစြမ္းကုန္ ႀကိဳစားေပးၾကတာေၾကာင့္သာ။

 ဆိုးဝါးလွတဲ့ ကစားသမား ႏွစ္ေယာက္ကို တူညီတဲ့ ကစားခံုေပၚမွာ ထားလိုက္ျခင္းသည္ မေမွ်ာ္လင့္စရာ ေကာင္းလွစြာပင္ ျပင္းထန္လွသည့္ လြန္ဆြဲမႈတစ္ခု ျဖစ္ေပၚလာသည္။ လူႀကီးေရာ လူငယ္ေရာက သူတို႔ေရွ႕က က်ားခံုနဲ႔ က်ားေစ့မ်ားကိုသာ စူးစိုက္ၾကည့္ေနၾကသည္။ 

မသိရင္တကယ့္ကို ကၽြမ္းက်င္တဲ့ ကစားသမားႏွစ္ေယာက္ၾကားက ကစားပြဲတစ္ခုလို႔ေတာင္ ခံစားရတယ္... ရွင္းရွင္းလင္းလင္း ေအာင္ႏိုင္သြားတဲ့သူ ဘယ္ေတာ့မွ ရွိလာမွာမဟုတ္ဘူး, ဒါက တကယ့္ကို စိတ္လႈပ္ရွားစရာ ေကာင္းတဲ့ ျမင္ကြင္းပဲ

ယန္ခ်ံုးနဲ႔ ဖုရဲန္ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္ပ်က္လက္ပ်က္ အျပံဳးမ်ား ဖလွယ္မိၾက၏။ ယန္ခ်ံဳးသည္ ဒီေန႔ရဲ႔ ဧည့္သည့္ေတြေၾကာင့္ သူ႔အေဖ ဘယ္ေလာက္ ၾကည္ႏူးေနလဲ ဆိုတာအား ျမင္ရႏိုင္သည္။

သူတို႔ေတြ ပိုင္မိသားစုရဲ႔ ကေလးကို မၾကာခဏ ဖိတ္ေခၚသင့္လား.... လူငယ္ေလးက သူ႔အေဖအိုႀကီးကို ေပ်ာ္ရႊင္ေအာင္ လုပ္ေပးႏိုင္မယ္ ဆိုတာ ေသခ်ာတယ္

Mrs ယန္နဲ႔ ပိုင္ေမေမကေတာ့ ေထာင့္တစ္ေနရာမွာ ခ်ည္ၾကည္ရင္းႏွီးစြာျဖင့္ စကားစျမည္ေျပာေနၾကသည္။ ယန္ခ်ံုးနဲ႔ ပိုင္ဖုရဲန္တို႔က သူတို႔ရဲ႔ စီးပြားေရးမ်ား အေၾကာင္း ေဆြးေႏြးေနၾက၏။ လူအိုႀကီးနဲ႔ လူငယ္ေလးကေတာ့ Go board ေပၚကို ေကြးၫႊတ္ရင္း ေတာက္ပလွတဲ့ နံနက္ခင္း ေရာင္ျခည္ေအာက္တြင္ အခ်င္းခ်င္း ၿပိဳင္ဆိုင္ေနၾကသည္။ လိုက္ဖက္ညီလွတဲ့ ျမင္ကြင္းတစ္ခုပဲ

အခ်ိန္ေတြက တေ႐ြ႕ေ႐ြ႕နဲ႔ မြန္းတည့္ခ်ိန္ နီးလာၿပီ။ ပိုင္ မိသားစုေတြ ၾကာၾကာေနမယ္ဆိုရင္ ယန္မိသားစုနဲ႔ ေန႔လည္စာ စားၾကရလိမ့္မယ္။ ပိုင္ေမေမက ဖုရဲန္အား တစ္ခ်က္ၾကည့္လိုက္သည္။ 

သူတို႔ျပန္ဖို႔အခ်ိန္တန္ၿပီမဟုတ္လား?

ဖုရဲန္က ေပ်ာ္ေပ်ာ္ႀကီး Gomoku ကစားေနၾကတဲ့ အတြဲအား မ်က္လံုးဝင့္ျပၿပီး သူလည္း ျပန္ခ်င္ေနတာပါပဲလို႔ ေျပာေနသလိုပင္။ 

ဒါေပမဲ့ အဲ့ဒီ ကစားသမားႏွစ္ေယာက္ ဘယ္လိုျဖစ္ေနလဲ ၾကည့္ပါဦး.... အကယ္၍ သူတို႔ကို သြားေႏွာက္ယွက္မိရင္ အဲ့ဒါက ႐ိုင္းစိုင္းသလို ျဖစ္သြားမွာ မဟုတ္ဘူးလား?

အေမက မ်က္ခံုးျပန္ပင့္ျပေလသည္။

ဒါဆိုဘယ္လိုလုပ္ၾကမလဲ? အခုက ယန္မိသားစုကို ေက်းဇူးတင္စကား ေျပာဖို႔လာတာေလ, ကၽြန္မတို႔က ထမင္စားခ်ိန္ လႊတ္လိုက္ရမွာလား?

ဖုရဲန္က သူမအား ကူကယ္ရာမဲ့ေနသည့္ အၾကည့္ျဖင့္ ျပန္ၾကည့္သည္။

ကိုယ္တို႔ဘာလုပ္ႏိုင္မွာလဲ? ကိုယ္လည္းဘာလုပ္ရမွန္းမသိ ျဖစ္ေနတာပဲ!

ပိုင္စံုတြဲရဲ႔ အသံတိတ္ စကားေျပာဆိုမႈ ၿပီးဆံုးခါနီးမွာ တံခါးအေရွ႕ကေန ေျခသံတစ္ခု ထြက္ေပၚလာသည္။

"သမီးျပန္လာၿပီ ဘိုးဘိုးေရ!" မိန္းကေလးတစ္ေယာက္ရဲ႔ ရႊင္ျမဴးတတ္ႂကြေနသည့္ အသံတစ္ခုက လွမ္းေခၚလာ၏။

လူႀကီးမင္းယန္နဲ႔ ရိဟန္တို႔က Gomoku ေနာက္တလွည့္ကို အခုေလးတင္ အၿပီးသတ္လိုက္တာျဖစ္သည္။ ရိဟန္က သူ႔အရွံဳးေၾကာင့္ ေခါင္းငိုက္စိုက္က်ေနၿပီး လူႀကီးမင္းယန္ကေတာ့ သူ႔အႏိုင္ရမႈေၾကာင့္ ဂုဏ္ယူဝံ့ႂကြားစြာ ရင္ေကာ့ေနသည္။

"ျပန္လာျပီလား ေဖးေဖး? ဘိုးဘိုးဆီလာပါဦး!" လူၾကီးမင္းယန္က ရယ္ေမာရင္းျဖင့္ ေျပာေလ၏။

ရိဟန္က လွည့္ၾကည့္လိုက္ေသာအခါ သူတို႔ဆီ ေလွ်ာက္လာေနသည့္ မိန္းမငယ္ေလး တစ္ေယာက္ကို ျမင္လုိက္ရသည္။ သူမက ဂ်င္းေဘာင္းဘီနွင့္ T-shirt ကိုဝတ္ဆင္ထားျပီး သူမရဲ႔ ဆံပင္မ်ားကို ျမင့္ျမင့္ေျမွာက္စီးထားသည္။ ႐ႊင္လန္းၿပီး ခ်စ္ဖို႔ေကာင္းတဲ့ မ်က္ႏွာ၊ ျဖဴစင္ၿပီး အနည္းငယ္ နီျမန္းေနတဲ့ အသားအေရနဲ႔ ကခုန္ေနသလိုမ်ိဳး တစ္လက္လက္ေတာက္ပေနသည့္ မ်က္လံုးဝိုင္းတစ္စံုက ႔ ဘယ္အခ်ိန္မဆို ထၿပီးစေနာက္ေတာ့မလိုမ်ိဳး အလြန္ကို ရႊင္လန္းျမဴးၾကြေနတာေၾကာင့္ သူမသည္ လူငယ္တစ္ေယာက္ရဲ႔ အဓိက စံနမူနာ ျဖစ္ေနေပသည္။

ယန္ေဖးက သူမရဲ႔ အဘိုးဆီ သြားရင္းျဖင့္ ပိုင္ေမေမနဲ႔ ပိုင္ေဖေဖကို နွဳတ္ဆက္သြားေလသည္။ သူမကို ၾကည့္ရတာ ေကာင္းမြန္ျပီး ခ်ိဳျမိန္တဲ့ မိန္းကေလးတစ္ေယာက္နဲ႔ တူေသာ္ျငား ရိဟန္ကို ၾကည့္လုိက္တဲ့ အခ်ိန္မွာေတာ့..... သူတို႔ထဲမွာ အစိမ္းေရာင္ အလင္းတစ္ခ်က္ ေတာက္ပသြားသလားလို႔?

"ရိဟန္ေကာ?" ယန္ေဖးက အျပံဳးျဖင့္ နွုတ္ဆက္သည္။

အိုး,...ဒီလိုမ်ိဳး ႏူးည့ံျပီး ခ်ိဳျမိန္တဲ့ မိန္းကေလးတစ္ေယာက္ဆီက 'ေကာ' ဆိုတဲ့ ခ်ိဳျမျမအသံက ရိဟန္ရဲ႔ နွလံုးသားေလးကို အနည္းငယ္ ထိတ္လန္႔သြားေစသည္။ အဲ့ဒါက အရမ္းကို ခ်စ္ဖို႔ေကာင္းေနတာ။ ရိဟန္ကေတာ့ ခဏေလာက္ သူ႔ဆီမွာ မာနနဲ႔ တာဝန္ယူမွဳကို ခံစားလိုက္ရသည္။ သူ႔ကိုယ္သူ အကိုၾကီးတစ္ေယာက္လုိ ခံစားရတယ္။ ေနာက္ဆုံးေတာ့ သူ႔အစ္ကိုႀကီးေတြရဲ႕ ခံစားခ်က္ကို အခုမွ သေဘာေပါက္သြားရျပီ။

ဒါေပမဲ့ ဒီလွပတဲ့ ျမင္ကြင္းက ျပီးျပည့္စံုမွ မရွိဘူး ျဖစ္ေနတယ္။ သူ႔ဆံပင္ေတြကို ေထာင္မတ္သြားေစတဲ့ ဒီအျပံဳးနဲ႔ ပတ္သတ္ျပီး တစ္ခုခုလြဲေခ်ာ္ေနသလိုပဲ? သူပဲမွားထင္ေနမိတာလား?

နွစ္ေယာက္သားက ဒီေတြ႔ဆံုပြဲ မတိုင္ခင္တုန္းကတည္းက အခ်င္းခ်င္းသိၾကတာျဖစ္သည္။ သူတို႔က တကၠသိုလ္တစ္ခုတည္းမွာ ပညာသင္ၾကားေနၾကတာျဖစ္ျပီး ရိဟန္က ယန္ေဖးထက္ တစ္သုတ္ေစာသည္။ ထို႔ေၾကာင့္ သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ သိတယ္ဆိုေပမယ့္ စကားေျပာမိတာ ရွားပါးသည္ေလ။

"Ms ယန္ေဖး" ရိဟန္က ယဥ္ယဥ္ေက်းေက်း ျပန္နွုတ္ဆက္သည္။

"ဒီလိုမ်ိဳး သူစိမ္းဆန္ေနစရာ မလိုပါဘူး ရိဟန္ေကာရဲ႔ " ယန္ေဖးက တစ္ခစ္ခစ္ရယ္သည္။

"အကိုညီမကို ေဖးေဖးလို႔ပဲေခၚပါ"

ရိဟန္အေနနဲ႔ ေရြးခ်ယ္စရာ မရွိစြာပင္ သူမကို ေနာက္တစ္ဖန္ နွုတ္ဆက္ရေလသည္။

"ေဖးေဖး"

ထိုအခ်ိန္မွသာ ယန္ေဖးက ေက်နပ္သြားသည္။

လူၾကီးမင္းယန္က စိတ္အေျခအေန ေကာင္းမြန္စြာျဖင့္ ယန္ေဖးအား အနားဆြဲေခၚလုိက္သည္။

"ၾကည့္ပါဦးေဖးေဖး" သူက ေျပာရင္းျဖင့္ အဆံုးသတ္သြားသည့္ Go board ကိုလက္ညွိုးထိုးျပ၏။

"မင္းရဲ႔ ရိဟန္ေကာက Gomoku မွာ ဆရာၾကီးပဲ, သူ႔ကို အနိုင္ယူဖို႔ အမ်ားၾကီး ၾကိဳးစားခဲ့ရတာ!"

ယန္ခ်ံဳး၊ ခံုးဝမ္၊ပိုင္ဖုရဲန္၊ ဟြားေရွာင္းရန္နွင့္ ပိုင္ရိဟန္ တို႔အားလံုး နွဖူးေပၚမွာ အနက္ေရာင္ မ်ဥ္းမ်ား ေပၚလာရျပီး ေနာက္တစ္ဖန္ အေနခက္စြာျဖင့္ တိတ္ဆိတ္သြားၾကရရွာေလသည္။

ယန္ေဖးကေတာ့ ရွဳပ္ပြေနသည့္ Go board အား ငံု႔ၾကည့္လုိက္ကာ သူမရဲ႔ သြယ္လ်လ် လက္ေခ်ာင္းမ်ားျဖင့္ ေမးေစ့ကို ေထာက္လုိက္သည္။

"ဘိုးဘိုး" သူမကဆက္ေျပာသည္။

"ဘိုးဘိုးတို႔နွစ္ေယာက္က အရမ္း အေတြ႔အၾကံဳ မ်ားတာကိုး သမီးေတာ့ ဘာမွ နားမလည္ဘူး"

"ရပါတယ္" လူၾကီးမင္းယန္က ျပန္ေျပာေလသည္။

"ေနာက္မွ မင္းရဲ႔ ရိဟန္ေကာက သင္ေပးလိမ့္မယ္, ဒီဂိမ္းကို ဘယ္လိုကစားရမလဲ သိတာနဲ႔ နားလည္သြားလိမ့္မယ္ေလ"

Gomoku မွာ ရိဟန္ရဲ႔ ပုတ္သိုးေနသည့္ ကစားပံုမ်ား အားလံုးအတြက္ သူဘယ္ေလာက္ေတာင္ ဆိုးဝါးတယ္ဆုိတာ သူ႔ကုိယ္သူသိထားသည္။ လူၾကီးမင္းယန္က ဒီလိုေျပာလာတဲ့အခ်ိန္မွာ အေနခက္မွုနဲ႔ ရွက္ရြံ႔မွုေၾကာင့္ သူ႔ရဲ႔ ျဖဴေဖ်ာ့ေဖ်ာ့ ပါးျပင္ပင္ နီေစစြးေစြး ျဖစ္လာရေတာ့ေလသည္။

သူက ယန္ေဖးအား ေမာ့ၾကည့္လုိက္ေသာအခါ သူမရဲ႔ မ်က္လံုးထဲမွာ အစိမ္းေရာင္အလင္းအား ထပ္ေတြ႔လုိက္ရေသာ္လည္း မ်က္စိတစ္မွိတ္အတြင္း ေပ်ာက္ကြယ္သြားေလသည္။ အဲ့ဒါကသူ႔ေနာက္ေက်ာအား တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ ထားလိုက္သလို ခံစားလုိက္ရသည္။ သို႔ေသာ္လည္း သူေနာက္တစ္ဖန္ ရွာၾကည့္ဖို႔ ၾကိဳးစားတဲ့အခ်ိန္မွာေတာ့ ယန္ေဖးက ေဘးအိမ္က ခ်စ္စရာမိန္းကေလးဆိုတဲ့ သရုပ္မ်ိဳး ျပန္ေရာက္ေနသည္။ သူပဲစဥ္းစားလြန္ေနတာျဖစ္မလားပဲ။

"Mr ယန္" ဖုရဲန္က သူ႔ကိုအျပံုးနဲ႔ ေျပာလာသည္။

"လူၾကီးမင္းက ရိဟန္အတြက္ လုပ္ေပးခဲ့တာအားလံုးကို ေက်းဇူးတင္ဖို႔အတြက္ စကားနဲ႔ေျပာလို႔ေတာင္ မလံုေလာက္ပါဘူး, လူၾကီးမင္းရဲ အကူအညီေၾကာင့္ သူအဆင္ေျပသြားရတာပါ, အကယ္၍ အကူအညီ တစ္ခုခု လိုအပ္လာခဲ့လို႔ရွိရင္ က်ြန္ေတာ့ကို ေခၚလုိက္ပါ, အခုက ေနာက္က်ေနျပီဆုိေတာ့ က်ြန္ေတာ္တို႔ ျပန္သင့္ေနျပီမို႔လို႔, ေနာက္တစ္ေန႔မွ လာလည္ပါဦးမယ္"

"အခုေလးတင္ ေရာက္တာကို ျပန္ေတာ့မလို႔လား?" လူၾကီးမင္းယန္က သက္ျပင္းခ်သည္။

"ငါကအျငိမ္းစားယူထားတဲ့ အဘိုးၾကီးတစ္ေယာက္ပါ, မင္းကိုဘာအတြက္ လုိအပ္ရမွာလဲ? ငါက ရိဟန္နဲ႔ အလွည့္နည္းနည္းေလာက္ ထပ္ေဆာ့ခ်င္ယံုပါပဲ!"

ပိုင္ေမေမ....

က်ြန္မတို႔ ဒီကိုေရာက္ေနတာ တစ္မနက္လံုး ျဖစ္ေနျပီ, အခုမွ ေရာက္တာမဟုတ္ဘူး

"Mr ယန္, လူၾကီးမင္းရဲ႔ အထူးတလွယ္ ေတြးေပးမွုကို ရရွိတာက ရိဟန္ရဲ႔ ဂုဏ္က်က္သေရပါပဲ" ဖုရဲန္က လူၾကီးလူေကာင္းဆန္စြာျဖင့္ ျပံဳးသည္။

"သူက လူၾကီးမင္းအတြက္ ဒုကၡအရမ္းမမ်ားဘူးလို႔ စဥ္းစားတယ္ဆိုရင္ က်ြန္ေတာ္သူ႔ကို လူၾကီးမင္းနဲ႔ ကစားဖို႔ မၾကာခဏ လႊတ္ေပးပါ့မယ္"

"ေကာင္းျပီေလ, သူအားတဲ့အခ်ိန္ဆို ဒီကိုလာခိုင္းလုိက္" လူၾကီးမင္းယန္က ေနာက္ဆံုးေတာ့ စိတ္ေလ်ွာ့သြားသည္။

"ငါကအသက္ၾကီးျပီ, သက္ဝင္လွုပ္ရွားေနတဲ့ အခ်ိန္မ်ိဳးကိုပဲ သေဘာက်တာ"

"ရိဟန္ေလး, ငါ့ေနရာမွာ ကစားရတာ သေဘာက်ရဲ႔လား? ငါ့စားဖိုမွုးက အရသာရွိတဲ့ အစားအေသာက္ေတြ အမ်ားၾကီး ခ်က္တတ္တယ္"

လူၾကီးမင္းယန္က ရိဟန္အား လွမ္းေမးရင္း သူ႔မ်က္လံုးမ်ားက အျပံုးနဲ႔အတူ ေမွးမွိတ္ေနသည္။ သူ႔ပံုစံက ရိုးသားတဲ့ ယုန္ငယ္ေလးကို ဆြဲေဆာင္ေနတဲ့ ဝံပုေလြဆိုးၾကီး တစ္ေကာင္လိုပဲ

ယုန္ေသးေသးေလး ပိုင္ရိဟန္က ေခါင္းတစ္ဆတ္ဆတ္ ျငိမ့္ျပေသာအခါမွသာ လူၾကီးမင္းယန္က ခ်က္ခ်င္းသူ႔ေပါင္ကို ရုိက္လိုက္ျပီး နာရီကိုလွမ္းၾကည့္ေလသည္။

"အာ," လူၾကီးမင္းယန္က ထေအာ္သည္။

"ရုတ္တရက္ၾကီး ေန႔လည္စာ စားခ်ိန္ေတာင္ ေရာက္သြားပါလား, မင္းတို႔ မင္းတို႔မိသားစုေတြ အရင္ဆံုး ဒီမွာပဲ ေန႔လည္စာ စားလိုက္ၾကပါလား? ယန္ခ်ံဳး မင္းကိုၾကည့္စမ္း, ငါက လူအိုၾကီးျဖစ္ေနျပီကို မင္းကေရာ အဲ့ဒီလိုမို႔လို႔လား? ျမန္ျမန္သြား, ခုန္းဝမ္, မီးဖိုေခ်ာင္ကို အစားအေသာက္ေတြ ပိုျပီးျပင္ဆင္ခိုင္းလုိက္!"

ခုန္းဝမ္က ေလးစားစြာ တုန္႔ျပန္ျပီး မီးဖိုေခ်ာင္ဆီ ထြက္ခြာသြားေတာ့ေလသည္။

ဖုရဲန္: ...

ထို႔ေနာက္ ဖုရဲန္က တစ္စံုတစ္ခု ေျပာဖို႔ ျပင္လုိက္တဲ့အခ်ိန္မွာ လူၾကီးမင္းယန္က ခ်က္ခ်င္းထေျပာလာသည္။

"ဖုရဲန္, ထိုင္ေလ, ျပီးေတာ့ ေရွာင္းရန္လည္း ထုိင္ဦး, ေန႔လည္စာ အဆင္သင့္ ျဖစ္တဲ့အထိ စကားေျပာၾကတာေပါ့"

ပိုင္ေမေမက စကားေျပာဖို႔ ပါးစပ္ဖြင့္လုိက္ပါေသာ္လည္း လူၾကီးမင္းယန္က ေနာက္တစ္ဖန္ ျပတ္ျပတ္သားသား ျဖတ္ေျပာျပန္သည္။

"လာပါ, ေကာင္ေလး ရိဟန္ ဒီကို ေရာက္တာ ပထမဆံုးအၾကိမ္ဆိုေတာ့ သူ႔ကို ဗိုက္ဆာဆာနဲ႔ အိမ္ျပန္မလႊတ္နုိင္ပါဘူး ဟုတ္တယ္မွတ္လား? ကေလးရဲ႔ခႏာၱကိုယ္က ၾကီးထြားေနဆဲ အခ်ိန္ဆိုေတာ့ သူဗိုက္ဆာလို႔ မျဖစ္ဘူး"

ပိုင္ေမေမ: ..ေျပာသြားတာေတြက အရမ္းကို အဓိပၸါယ္ရွိေနေတာ့ ေျပာစရာေတာင္ မက်န္ေတာ့ဘူး!

ရိဟန္: .. ငါက အရြယ္ေရာက္ေနပါျပီေနာ္ ဟုတ္ျပီလား? ဘယ္လိုလုပ္ ကေလးျဖစ္နုိင္မွာလဲ? ငါ့မွာ ႀကီးထြားေနဆဲ ခႏၶာကိုယ္ မရွိဘူး!

ယန္ေဖးနဲ႔ယန္ခ်ံဳးတို႔ကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ၾကည့္မိၾကျပီး ရယ္ေမာမိမွာအား အတတ္ႏိုင္ဆုံး ခ်ိဳးႏွိမ္ကာ ႏႈတ္ခမ္းမ်ားကို တင္းတင္းေစ့ထားရသည္။

ဘိုးဘိုး/အေဖ့ရဲ႔ အရွက္မဲ့မွုကေတာ့ ဘယ္ေတာ့မွ မရွံဳးနိမ့္ဘူးပဲ!

ကူကယ္ရာမဲ့ေနတဲ့ ပိုင္မိသားစု သံုးေယာက္သားက ေန႔လည္စာအတြက္ အတင္းအၾကပ္ ေနလုိက္ၾကရေတာ့သည္။ ရိဟန္က လူၾကီးမင္းယန္နဲ႔အတူ Gomoku အၾကိမ္အနည္းငယ္ ထပ္ကစားလုိက္ရေသးသည္။ တစ္ခ်ိန္လံုးမွာ လူၾကီးမင္းယန္ရဲ႔ မ်က္နွာေပၚတြင္ အျပံုးတစ္ခု တည္ရွိေန၏။

 ေန႔လည္စာ စားေနစဥ္ တစ္ေလ်ွာက္လံုးမွာ ရိဟန္သည္ သူ႔ကုိ အေပၚေအာက္ စစ္ေဆးသလို ၾကည့္ေနသည့္ အၾကည့္ကို ခံစားလို႔ရေနသည္။ အဲ့ဒါက သူ႔ကို မသက္မသာ ျဖစ္ေစေသာ္လည္း ဘယ္သူၾကည့္ေနတာလဲလုိ႔ သူေမာ့ၾကည့္လုိက္တဲ့အခ်ိန္တုိင္းမွာ ထိုအၾကည့္က ေပ်ာက္ကြယ္သြားသည္။ အရာအားလံုးက သူစိတ္ထင္ေနတာ လိုလုိပဲ

ေန႔လည္စာ စားျပီးေနာက္မွာလည္း ပိုင္မိသားစုက လက္ဖက္ရည္ေသာက္ဖို႔ ဆက္ေနရျပီး ေနာက္ဆံုးမွသာ ထြက္ခြာခြင့္ ရၾကရွာသည္။ သူတို႔မိသားစု ယန္မိသားစုရဲ႔ အိမ္ေတာ္ ဂိတ္ေပါက္မွ ထြက္ခြာတဲ့အခ်ိန္ သံုးေယာက္လံုး သူတို႔နွဖူးေပၚက မရွိတဲ့ ေခ်ြးကို တစ္ျပိုင္နက္တည္း သုတ္မိၾကျပီး သက္ျပင္းရွည္ရွည္ ခ်မိၾကေလသည္။

"လူၾကီးေတြက ကေလးေတြလိုပဲလို႔ အျမဲတမ္း ေျပာၾကတာ မမွားဘူးပဲ" အေမက အျပံဳးေလးနဲ႔ မွတ္ခ်က္ခ်သည္။

ဖုရဲန္ကလည္း ေခါင္းညိတ္ေထာက္ခံသည္။

24.12.2021

=============

繼續閱讀

You'll Also Like

2.2M 146K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
939K 138K 115
ကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပို...
60.8K 8.2K 8
အခုတေလာ ငါ့ရဲ႕ငယ္သူငယ္ခ်င္းက အရမ္းကိုဒြိဟျဖစ္ေစတဲ့ လကၡဏာေတြျပေနတယ္။ သူ ငါ့ကိုေဂးသြားေအာင္ႀကိဳးစားေနတာလား..? အခုတလော ငါ့ရဲ့ငယ်သူငယ်ချင်းက အရမ်းကိုဒွိ...
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...