ပန်းနု​ရောင်​အနားသတ်​ချစ်​ခြ...

By trollz22

27.9K 1.3K 31

G x G (OC) -Drama x Romance- About - Love and Hate,Family More

1(ZC)
1(UC)
2(ZC)
2(UC)
3(ZC)
3(UC)
4(ZC)
4(UC)
5(ZC)
5(UC)
6(ZC)
6(UC)
7(ZC)
7(UC)
8(ZC)
9(ZC)
9(UC)
10(ZC)
10(UC)
11(ZC)
11(UC)
12(ZC)
12(UC)
13(ZC)
13(UC)
14(UC)
14(ZC)
15(UC)-End
15(ZC)-End

8(UC)

810 63 5
By trollz22

မင်္ဂလာလက်ထပ်ပွဲပြီးသည်နောက် ထက်ကောင်းကင်နှင့်လဲ့ယဉ်စိမ်သည် လက်ဖွဲ့အဖြစ်ရထားသည့် နေအိမ်သို့တန်းသွားပြီဖြစ်သောကြောင့် ယခုမှာမှု ပန်းသွေးရယ် အိမ်မှာလုပ်ကိုင်ပေးသူမျာနှင့်နေဝန်းသာကျန်ခဲ့လေသည်၊ မန္တလေးပုဂံဘက်သို့ မနတ်ဖြန် ဟန်းနီးမွန်ထွက်မည်ဖြစ်သော သူ့အကိုကြောင့် ဒီရက်ပိုင်းသူတစ်ယောက်ထဲအလုပ်ရှုပ်အုန်းမယ်ဖြစ်သည်။

တနေကုန် မင်္ဂလာပွဲကြောင့်အလုပ်ရှုပ်ကာ ပင်ပန်းနေပြီဖြစ်သောကြောင့် အိပ်ရောက်သည့်အခါ အဝတ်အစားလဲရေချိုးပြီးသည့်နောက် တန်းကာအိပ်ပျော်သွားပါသောပန်းသွေး၊ ပန်းသွေးအတွက်ညတိုင်းညစာအစာပြေစားရန်မုန့်တက်ပို့သည့်အခါအိပ်ပျော်နေသည့်ပန်းသွေးကြောင့် ထို့အခန်းထဲမှာ တိတ်တိတ်လေးပင်မုန့်ပန်းကန်ကိုင်ကာပြန်ထွက်လာပါသော ပန်းသွေးတို့အိမ်မှကောင်မလေးတစ်ယောက်။

"မမလေးကအိပ်ပျော်သွားပြီထင်တယ် ဒေါ်ဒေါ်ရေ"
"အကိုက်အခဲပျောက်ဆေးလေးဘာလေးသောက်ပြီးမှအိပ်တာမဟုတ်ဘူးနိုးလာရင်တော့နုံးနေတော့မှာပဲ"

ထိုစကားကို နေဝန်း ကြားဖြစ်အောင်ကြားလိုက်ပြီး မျက်ခုံးများတွန့်ချိုးပြီးနောက် ပန်းသွေးအခန်းကိုသွားရန်ခြေလှန်းပြင်ပေမဲ့ ပင်ပန်းနေသည့်အတွက်အိပ်ပါစေဟူ၍ သူ၏ခြေလှန်းများကိုသူ့အခန်းဆီသို့သာဦးတည်လိုက်တော့သည်၊ မနတ်ပန်းသွေးကိုနိုးသည့်အခါအခြေအနေကြည့်ကာနားသင့်ရင်နားခိုင်းရမည်ဟုတွေးမိလိုက်သေးသည်။

ပန်းသွေးနှင့်တစ်မိုးအောက်ထဲအတူနေရသည့်ခံစားချက်ကသူ၏စိတ်နှလုံးကိုကြည်နူးစေသည်၊ သူ၏အိပ်ယာဘေးမှာတော့ ပန်းသွေးအသုံးပြုပြီးသည့်သူ၏လက်ကောင်ပုဝါစလေးအခန့်သားနေရာယူသည်။

×

မနတ်အိပ်ယာနိုးတော့ မျက်နှာသစ်ပြီးသည့်နောက် ပန်းသွေးအခန်းသို့ဦးစွာသွားသည်၊ တံခါးခေါက်သည့်အခါအသံပြန်မပြုသဖြင့် အခန်းထဲဝင်လာမည်ဟုခွင့်ပြုတောင်းဆိုသံပြုပြီး အခန်းထဲဝင်သွားတော့ ကုတင်ပေါ်ကစောင်ထဲမှာအဲကွန်းအရှိန်ဖြင့်အိပ်မတ်ကမ္ဘာထဲရောက်နေသူကပန်းသွေးတစ်ယောက်ပါ။

ပန်းသွေး၏အိပ်ယာထဲကမျက်နှာပြောင်ရှင်းရှင်းနှင့် ညအိပ်ဝတ်စုံပန်းရောင်လေးကပန်းသွေးကိုပို၍ငယ်စေသယောင်၊ မြင်နေကျ စတိုင်ကျကျ မိန်းခလေးအသ်င်နှင့်မဟုတ်ပါပဲ သူ၏စိတ်ထဲ ခလေးဆန်လိုက်တာဟုတွေးထင်မိသည်အထိ ပန်းသွေးကသူ၏မျက်ဝန်းထဲမှာချစ်စဖွယ်။

"ပန်းသွေး...ပန်းသွေး...ထတော့လေ ၇ နာရီထိုးနေပြီ အလုပ်သွားရအုန်းမှာမဟုတ်လား"
"အင်း...ခဏလေးငါးမိနစ်လောက်အိပ်ချင်သေးတယ်"
"အခုမထရင် ကိုယ်အိပ်ယာထဲကဆွဲထူမှာနော်"

ကိုယ် ဆိုသည့်အသုံးအနှုန်းကြောင့် ချက်ချင်းဆိုသလိုမျက်ဝန်းများပွင့်လာပြီး သူ့အားငုံကြည့်နေသည့်နေဝန်းကိုမျက်တောင်များပုတ်ခတ်ကာငေးကြည့်နေမိသည်၊ သူထင်တာက လာနိုးသည့်သူက ဒေါ်ဒေါ်အထင်ဖြင့်ဆက်ပြီးမှေးဖို့ကြံရွယ်ပေမဲ့အခုတော့ထိုသို့မဟုတ်တော့ချေ၊ ချက်ချင်းဆိုသိလို စောင်ကိုရင်ဘက်ပေါ်ဆွဲတင်လိုက်ပြီး ကောက်ခါငင်ကာထထိုင်လိုက်သည်။

"နေ..နေဝန်းက ပန်းသွေးအခန်းထဲဘယ်လိုလုပ်ရောက်နေတာလဲ"
"ကိုယ်တံခါးလဲခေါက်တယ် အပြင်ကနေလဲခေါ်တယ် ပန်းသွေးမကြားဘူးထင်လို့ဝင်လာလိုက်တာ ညက ပန်းသွေးက ဆေးမသောက်ပဲအိပ်သွားတယ်ဆိုလို့စိတ်ပူပြီးလာကြည့်ဖြစ်သွားတာလဲပါတယ်"

ဘာကိုရှက်လို့ရှက်နေမိမှန်းမသိသည့်စိတ်ကြောင့် နိုးကစပန်းသွေး၏ ပါးနှစ်ဖတ်ကအသားဖြူအုအုပေါ်မှာနီမြန်းနေသယောင်။

"ဟို ပန်းသွေးလဲနိုးလာပြီပဲ မျက်နှာသစ်တော့မလို့ အခန်းထဲကထွက်ပေးပါလား"
"အာ...ဟုတ်သားပဲ ကိုယ်သွားပြီနော် အောက်မှာစောင့်နေမယ်"

အခန်းတံခါးပိတ်သွားတော့မှ သက်ပြင်းလေးခိုချမိသည်၊ အဲကွန်းဖွင့်ထားသည်တောင် ပူထူနေသည့်ခံစားချက်ကြောင့် ရေတစ်ခါထဲချိုးလိုက်လေသည်၊ ထို့နောက်တော့ သူမပြင်ဆင်နေကျပုံစံအတိုင်း မျင်နှာထက်မှာ မိတ်ကပ်ခတ်ပါးပါးနှင့် နှုတ်ခမ်းနီအရောင်ဖျော့ဖျော့ကိုဆိုးကာ လည်တိုင်အဆက်နားကိုရေမွှေးပါးပါးဆွတ်လိုက်သေးသည်။

လူငယ်ဆန်သည်လဲမဟုတ်ပေမဲ့ အထက်ဝန်ထမ်းရာထူးနှင့်အညီလိုက်ဖတ်စွာပြင်ဆင်ထားသည့် ပန်းသွေး၏အပြင်အဆင်ကသူ့အားပံ့ပိုးပေးနေသယောင်၊ လှေကားပေါ်မှနေဆင်းလာတော့ အောက်မှာစောင့်နေသည့်နေဝန်းကသူမကိုပြုံးပြသည်။

ထို့နောက် သူမတို့ မနတ်စာစားပြီးသည်နောက် အလုပ်သွားပြီးပြင်ဆင်ကျသည်၊ အဖြူရောင်အောက်ခံကိုမှ အဝါရောင်ဖျော့ဖျော့ကုတ်အကျႌထပ်ထားသည့်ပန်းသွေးက ဘယ်အဝတ်အစားနှင့်မဆို လိုက်ဖတ်နေခဲ့သည်။

"ကိုကို တို့ဒီနေ့ ဟန်းနီးမွန်းသွားမှာပဲ တစ်ခါထဲ မန္တလေးကဟိုတယ်ကိုပါစစ်ဆေးဖို့ပြောရမယ် တစ်ခါထဲပြီးသွားအောင်"

ပန်းသွေးက သူ၏ ipad နှင့်အလုပ်အချိန်ဇယားများကိုကြည့်ရှုနေပြီး သူကတော့ ပန်းသွေးပြောသည့်စကားကိုအာရုံစိုက်နားထောင်နေခဲ့သည်၊ ကိုရန်နောင်သည်လဲ အလုပ်ပြန်ဆင်းနေပြီဖြစ်သဖြင့် နေဝန်းသည် ကားမောင်းစရာမလိုတော့သည့်အတွက် ပန်းသွေးအားအာရုံစိုက်နေမှုကပို၍တိုးလာခဲ့သည်။

×

အခုရက်ပိုင်းအလုပ်တွေများနေသည်နှင့်နေ့လည်စာလွှတ်နေခဲ့ခြင်းကြောင့်ကော အစားရွေးသည့်ပန်းသွေးမှာ မျက်နှာလေးချောင်းကျသွားသယောင်၏ ထို့ပြင် ထက်ကောင်းကင်သည် မန္တလေးမှ အလုပ်မှာစစ်ဆေးမှုများကမပြီးနိုင်သေးပဲ ငွေစာရင်းကွာခြားမှုကြောင့် မန္တလေး၌သာနေကျန်ခဲ့ပြီး ကျောင်းကိစ္စများကြောင့် လဲ့ယဉ်ကပြန်လာခဲ့ရသည်။

မနတ်ထဲကခေါင်းနောက်နေသည့်အပြင် ရင်ထဲမအီမလည်ဖြစ်နေမှုကြောင့် မနတ်စာမစားနိုင်ခဲ့ပါ နွားနို့တစ်ခွက်နှင့်ခေါင်းကြည်ဆေးသာသောက်ခဲ့ပြီးအလုပ်လာပေမဲ့ ရင်ထဲပြည့်ကျပ်ကာ ပျို့တက်လာမှုကိုဘယ်အရာမှမတားဆီးနိုင်၊ နေမကောင်းလဲမဖြစ်ပါပဲ အန်ချင်နေသည့်စိတ်ကအစာမကြေလို့များလား အစားမှားလို့များလားဟုတွေးမိပေမဲ့ ဒီရက်ပိုင်းသူအစားအသောက်ပျက်နေတာသူသာသိသည်။

"ပန်းသွေးနေရတာအဆင်မပြေဘူး ဆေးခန်းသွားမလားအရင်"
"အင်း...အဆင်ပြေသလိုသာလုပ်.."

စကားတောင်မဆုံးလိုက် အန်ချလိုက်မိတော့သည် ဒါကို ကိုရန်နောင်ကကားကိုချက်ချင်းလမ်းဘေးထိုးရပ်လိုက်သည့်အခါ နေဝန်းကကားပေါ်ကဆင်းပြီး ပန်းသွေးပးအန်ရတာအဆင်ပြေစေရန်ကားတံခါးဖွင့်ကာဆင်းခိုင်းပြီး ပန်းသွေးအဆင်ပြေစေရန် ကျောကိုဖြေးဖြေးချင်းဖိချေပေးနေခဲ့သည်။

"သက်သာရဲ့လား.."

ခေါင်းသာခတ်ဖြေဖြေးငြိမ့်နေသော်လဲ မကြာပြန်အန်သောကြောင့် ပမ်းသွေးခံစားနေရသည့်အချင်းအရာကိုကြည့်ပြီး နေဝန်းရင်ထဲတစ်စို့ိစု့ဖြစ်ကာစိတ်မကောင်းဖြစ်လာရသည်၊ အစားအသောက်အချိန်မှန်စားဖို့သတိမပေးနိုင်လေချင်းဟူ၍ သူ့ကိုယ်သူသာအပြစ်တင်မိသည်၊ ပန်းသွေးနှင့်အနီးကပ်ရှိနေတာတောင် သေချာဂရုမစိုက်မိသည့်သူ့အမှားပင်။

ကိုရန်နောင်က ကားပေါ်က ပန်းသွေးအန်ထားသည်များကို ရေနှင့်ဆေးချပြီးအနံ့အရမ်းမထွက်အောင်လုပ်ကာ ပန်းသွေးသက်သာသည်ထင်ရတော့မှ ဆေးရုံကိုတန်းသွားခဲ့လေတော့သည်၊ ပန်းသွေးကိုဆေးရုံပို့ပေးသည့်နောက်တော့ ချက်ချင်းပင် ကားရေဆေးဆိုင်ကိုတန်းသွားခဲ့သည်။

မြတ်သူကို ကားပေါ်မှာကထဲကကြိုတင်ဖုန်းဆက်ထားသည့်အတွက် နီးစပ်ရာ Taxi ကားနှင့်ဆေးရုံသို့အပြေးလေးလိုက်လာခဲ့သည်၊ ထို့ပြင် လဲ့ယဉ်သည်လဲ ကျောင်းကနေခွင့်ယူကာပန်းသွေးရှိရာဆေးရုံသို့လိုက်လာခဲ့လေသည်။

"မမဖြင့်ရင်ထဲထိန့်သွားတာပဲညီမလေးရယ် အခုအူယောင်တာလေးဖြစ်တာတော်သေးတာပေါ့ ဆရာဝန်ကဘာပြောသေးလဲ"
"မမက အူယောင်တာတော်တော်ဆိုးတယ်တဲ့ ဖြစ်နိုင်ရင်နောက်ဆက်တွဲအူအတက်ပေါက်တာမဖြစ်အောင်ကြိုတင်ခွဲထားစေချင်တယ်တဲ့ အခုမခွဲရရင်လဲ ဒီအခြေအနေအတိုင်းဆို နောက်နှစ်လလောက်ကြာရင်အခုလိုပဲပြန်ဖြစ်နေအုန်းမှာတဲ့မမရဲ့"

လဲ့ယဉ်စိမ်းလိုပဲ နေဝန်းလဲ သက်ပြင်းလေးလေးပင်ပင်ကိုခတ်တိုတိုးချမိသွားသည်၊ အဖြူအစိမ်းနှင့်ကျောင်းကတန်းထွက်လာရသူဖြစ်၍ အိမ်ပြန်ကာ ပန်းသွေးအတွက်လိုအပ်သည်များကိုပြန်ယူပေးရန်အတွက်အိမ်သို့ပြန်သွားခဲ့ပြီးနောက် ပန်းသွေးဘေးနား၌တော့ မြတ်သူနှင့်နေဝန်းသာ။

"မနေဝန်း ခဏလောက်စောင့်ပေးနိုင်အုန်းမလား မြတ်သူ အလုပ်လေးတွေလက်စမသက်ခဲ့ရသေးလို့ ချက်ချင်းပြန်လာခဲ့ပါမယ်"
"ဟုတ်ကဲ့ရပါတယ် နေဝန်းစောင့်ပေးလို့က အလုပ်ကိုသာစိတ်ဖြောင့်ဖြောင့်နဲ့လုပ်ပါ"

မြတ်သူပြန်သွားသည့်နောက်တော့ အားဆေးသွင်းကာမှေးနေသည့် ပန်းသွေးအနားထိုင်ကာ ချောင်ကျသွားသည့်ပန်းသွေး၏ ဖြူဖျော့ဖျော့မျက်နှာလေးကိုထိုင်ကြည့်နေမိသည်၊ ရုတ်တရပ်ဆိုသလို သူ၏လက်တစ်ဖတ်က ပန်းသွေး၏ပါးနုနုလေးကိုထိကပ်တော့မည့်ဆဲဆဲ ချက်ချင်းဆိုသလိုလက်ကိုပြန်ရုတ်မိပြီးနောက် ပန်သွေး၏ လက်သွယ်သွယ်လေးတစ်ဖတ်ကို ဆုတ်ကိုင်ထားမိသည်။

နောက်တစ်နေ့ရောက်တော့ ခွဲခန်းတန်းဝင်ခဲ့ပြီး နေဝန်းက ထိုနေ့မရောက်မှီညကိုစောင့်ပေးနေခဲ့သေးသည်၊ ၄၅ မိနစ်လောက်ပဲကြာသည့် minor ခွဲစိတ်မှုဆိုပေမဲ့ သူ့စိတ်ကအလိုလိုနေရင်းကိုပန်းသွေးအတွက်စိတ်ပူနေမိခဲ့သည်။

"ဟင် ကို ဘယ်လိုဖြစ်တာလဲ ပြန်မလာဖြစ်သေးဘူးဆို"
"အင်း...အခြေအနေကောဘယ်လိုရှိလဲ"

ပန်းသွေးနှင့်မျက်နှာချင်းဆိုင်လျှင်မတည့်ဘူးဆိုပေမဲ့ အတွင်းစိတ်ထဲကနေ မသိမသာ စိတ်ပူဆိုးရိမ်စိတ်လေးကတော့ထက်ကောင်းကင်မှာရှိဟန်တူသည်၊ လဲ့ယဉ်ဖုန်းဆက်ပြောသည့်နောက်တော့ မအားသည့်အလုပ်တွေကြားကနေ ရန်ကုန်ကိုတကူးတကပြန်ဆင်းလာခဲ့ပေးသေးသည်။

ဒီကြားထဲ မိုးမာန်က ပန်းသွေးဆေးရုံကမဆင်းခင် ပန်းစည်းတစ်စည်းနှင့်ရောက်ချလာကာသတင်းလာမေးသည်ဟုပြောသေးသည်၊ ထက်ကောင်းကင်နှင့် ယောကျ်ားလေးနှစ်ယောက်ကြားကသွေးအေးတိုက်ပွဲကိုလဲ နေဝန်းမြင်တွေ့ခဲ့ရသေးသည်။

ဆေးရုံထိတစ်ကူးတစ်ကလာစောင့်ပေးသည့် ထက်ကောင်းကင်ကိုတွေ့တော့ပန်းသွေးမှာမျက်လုံးအပြူးသားနှင့်အံသြခဲ့ရသေးသည်။

×

#TBC

trollZ

Continue Reading

You'll Also Like

10.1M 638K 168
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
5.7K 564 14
sometimes ; love is not enough
272K 491 37
Just short stories I come up with.
1.6M 92.2K 46
|𝐑𝐨𝐬𝐞𝐬 𝐚𝐧𝐝 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 - 𝐈| She was someone who likes to be in her shell and He was someone who likes to break all the shells. "Jun...