Zawgyi Version
သြမ္မုခ်င္း၏ အမိန္႔က်ေရာက္လာေသာအခါ သြမ္မုအိမ္ေတာ္မွ ျမႇားသမားမ်ားသည္ က်င္မိုအား ဝိုင္းရံလိုက္သည္။ လီယြင္ခ်င္းနွင့္ ရွန္႔ကြမ္းဝူက်ိက အၾကည့္ခ်င္းဖလွယ္လိုက္သည္။ သူတို႔က ေဘးတဖက္သို႔ ဆုတ္လိုက္သည္။ ျမႇားမ်ားက က်င္မိုအား ဝိုင္းဝန္းပစ္ခတ္ၾကေလသည္။
ဒါက ဆိုးတာပဲ... က်င္မိုက အကူအညီမဲ့စြာ ၿပံဳးလိုက္သည္။ သူက သိုင္းပညာေသခ်ာမေလ့လာခဲ့ရတာကို ေနာင္တရမိသည္။ သူ႔၏ သိုင္းပညာမွာ သိပ္မဆိုးေသာ္လည္း သူ ကြၽမ္းက်င္သည့္အရာမွာ ကုသျခင္း ျဖစ္သည္။ လူေတြမွာ အရည္အခ်င္း ရွိဖို႔ လိုအပ္သလို သူတို႔ကိုယ္သူတို႔ ကာကြယ္နိုင္စြမ္း ရွိဖို႔လည္း လိုအပ္သည္ဟု ဆရာက ေျပာခဲ့သည္။ ထိုအခ်ိန္တုန္းက ထိုစကားမ်ားကို သူ႔စိတ္ထဲ မထည့္ထားခဲ့ေပ။ ဒီေန႔ ထိုစကားမ်ားကို နားလည္လာခဲ့ၿပီး အနည္းငယ္ေနာက္က်ခဲ့သည္။
သူ႔ေရွ႕က နက္ေမွာင္ေတာက္ပတဲ့ ျမႇားမ်ားကို ၾကည့္ရင္း က်င္မိုသည္ အရိပ္ထဲမွ ဒီကစားပြဲကို ေစာင့္ၾကည့္ေနေသာ မုရံုခ်ီခ်ီအား ၾကည့္လို္က္သည္။ သူ႔နွလံုးသားက ခါးသီးၿပီး ေမွာင္မိၾက္ေနသလို ခံစားရသည္။ သူ႔ရဲ႕ဒ႑ာရီလာဂုဏ္သိကၡာမ်ားသည္ ဒီမိန္းမငယ္ေလး မုရံုခ်ီခ်ီလက္မွာ ပ်က္စီးရေတာ့မွာလား? အကူအညီေတာင္းဖို႔ သူ အခ်က္ျပသင့္သလား? ၿပီးေတာ့ လူေတြက သူတို႔သြားေတြကို ဆံုးရံႈးေစသည္အထိ ရယ္ေမာၾကမွာကို ျဖစ္ေစလိုက္ရေတာ့မွာလား?
"ခြမ္း..."
ထိုအခ်ိန္တြင္ သံမဏိထီးတလက္မွာ က်င္မိုေရွ႕၌ ပြင့္လာသည္။
"ခြမ္း ခြမ္း ခြမ္း"
ျမႇားမ်ားသည္ ေျမျပင္ေပၚတြင္ က်ေရာက္သြားသည္။ က်င္မိုက ေရာက္လာသည့္ သူမ်ားကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္။ ေပ်ာ္႐ႊင္မႈမ်ားက သူ႔နွလံုးသားထဲတြင္ ျမင့္တက္လာသည္။
"က်ိေရွာင္၊ ရူရီ... ဘယ္လိုလုပ္ မင္းတို႔နွစ္ေယာက္ ျဖစ္ေနတာလဲ?"
"ဝမ္ရယ္က ေျပာတယ္ လူႀကီးမင္းရဲ႕ဥာဏ္နဲ႔ဆို ဝမ္ေဖးကို ေသခ်ာေပါက္ နိုင္မွာမဟုတ္ဘူးတဲ့! ဒါေၾကာင့္ သူက ကြၽန္ေတာ္တို႔ကို လႊတ္ၿပီး ကူညီေစခဲ့တာ! ဝမ္ရယ္ေျပာတာ မွန္တယ္! ခင္ဗ်ား အခု ဒဏ္ရာရေနၿပီ!"
က်ိေရွာင္ မ်က္လံုးက လျခမ္းေကြးနွင့္ တူၿပီး သူ႔ပါး နွစ္ဖက္လံုးတြင္ ပါးခ်ိဳင့္ေလးတခုစီ ပါရွိသည္။ က်င္မို၏ ေသြးေရာင္နီရဲေနေသာ ဝမ္းဗိုက္ကို ၾကည့္ရင္း က်ိေရွာင္က တခစ္ခစ္ရယ္လို္က္သည္။
"သူမက ငါတို႔ရဲ႕ ဝမ္ေဖး မျဖစ္ေသးဘူးကြ"
က်င္မိုက ထိုစကားကို အံႀကိတ္ေျပာလိုက္ကာ သူ႔စိတ္ထဲတြင္ အျပင္ပန္းမွာ သာမာန္ရုပ္ရည္ပဲ ျဖစ္ၿပီး အားနည္းသည့္ ထိုမိန္းကေလးအား ေလးစားမိသည္။ သူမ၏ ဥာဏ္ပညာသည္ သူမ၏လက္နက္ျဖစ္သည္။
"ဝမ္ရယ္က သူမကို ဝမ္ေဖးလို႔ ေျပာရင္ သူမက ဝမ္ေဖးပဲ! လူႀကီးမင္း သေဘာမတူလို႔ မရဘူး"
က်ိေရွာင္နွင့္ ရူရီသည္ အမႊာေမာင္နွမ ျဖစ္သည္။ နွစ္ေယာက္သားက ရုပ္ခ်င္းဆင္သည္။ သူတို႔က ရယ္ေမာလိုက္ေသာအခါ သူတို႔မ်က္လံုးမ်ားက လျခမ္းေကြးနွင့္ တူသည္။ တခုတည္းေသာယျခားနားခ်က္မွာ ရူရီတြင္ ပါးခ်ိဳင့္ မပါျခင္းပင္။
သူတို႔က က်င္မိုကို တဖက္တခ်က္စီက ဖမ္းဆုပ္လိုက္သည္။ သံုးေယာက္သား ၿခံစည္းရိုးကို ခုန္ေက်ာ္လိုက္ကာ လူထုေရွ႕မွ ေပ်ာက္ကြယ္သြားသည္။
"ဖမ္းထား! သူတို႔ကို ျမန္ျမန္ဖမ္းထား!"
စိုးရိမ္ပူပန္မႈေၾကာင့္ သြမ္မုလဲ့သည္ ေခြၽးမ်ား သီးေနသည္။ က်င္မိုက ရွီးခ်ီမွာ ေပၚလာသည္ ဒါဆို ဖုန္းခ်န္ကေရာ? သူက ဘယ္မလဲ? သူေရာ ရွီးခ်ီကို ေရာက္ေနတာ ျဖစ္နိုင္မလား? ဒါေပမယ့္ ေလးနိုင္ငံၿပိဳင္ပြဲက လအနည္းငယ္လိုေသးတယ္မလား? ဒီနွစ္ရဲ႕ က်င္းပမယ့္ ေနရာက ေပက်ိဳးမဟုတ္ဘူးလား? ဘာေၾကာင့္ သူက ရွီးခ်ီကို ေရာက္လာရတာလဲ? လက္မွတ္ထိုးစရာ ကိစၥေတြလည္း မရွိပါဘူး။
သြမ္မုခ်င္းရဲ႕ မ်က္နွာအေရာင္ကလည္း ထူးၿပီး ေကာင္းမေနေပ။ က်င္မိုေနာက္ လူေတြ လိုက္သြားေသာအခါ သူမက မုရံုခ်ီခ်ီအား အခန္းထဲ ဝင္လာေစသည္။
"မင္း ဘာေၾကာင့္ ေစာေစာကတည္းက သူ႔ရဲ႕သရုပ္မွန္ကို မေဖာ္ထုတ္ရတာလဲ?"
သြမ္မုခ်င္းက မုရံုခ်ီခ်ီကို ထက္ရွစြာ ၾကည့္လိုက္သည္။
"မိဖုရားေခါင္မယ္မယ္ကို ေလွ်ာက္တင္ပါတယ္... ဒီငယ္သားရဲ႕ သမီး ဝင္လာကတည္းက ဒီငယ္သားရဲ႕သမီးက သူ႔ရဲ႕ အတင္းအၾကပ္ဖမ္းဆုပ္ျခင္းကို ခံလိုက္ရပါတယ္။ ဒီငယ္သားရဲ႕သမီးက သိုင္းပညာ မတတ္ကြၽမ္းပါဘူး။ ကြၽန္ေတာ္မ်ိဳးမမွာ သူ႔ကို တိုက္ခိုက္ဖို႔ နည္းလမ္း မရွိပါဘူး။ ဒါ့အျပင္ မယ္မယ္ကလည္း ဒီမွာ ရွိေနပါေတာ့ သူက မယ္မယ္ကို တခုခု မေကာင္းတာ လုပ္လိုက္မွာကိုလည္း ဒီငယ္သားရဲ႕သမီးက စိုးရိမ္ပါတယ္။ ဒါ့ေၾကာင့္ ကြၽန္ေတာ္မ်ိဳးမက ဒီအခန္းထဲမွာ သူ႔အေၾကာင္းကို မေဖာ္ထုတ္ခဲ့တာပါ"
မုရံုခ်ီခ်ီက လိမ္ညာေနသည္နွင့္ မတူေပ။ သြမ္မုခ်င္းက ေစာေစာက ျဖစ္ပ်က္ခဲ့သည့္ ျမင္ကြင္းကို ျပန္ေတြးၾကည့္မိသည္။ အမွန္တကယ္လည္း မုရံုခ်ီခ်ီ ဝင္လာကတည္းက က်င္မိုရဲ႕ ဆြဲေခၚျခင္း ခံခဲ့ရသည္။ ၎သည္ ရင္းနွီးသည့္ အျပဳအမူဟု ထင္ရေသာ္လည္း ျပန္ေတြးၾကည့္လိုက္ေသာ္ ထူးဆန္းသည္ဟု ထင္ရသည္။
"ၿပီးေတာ့ သူက က်င္မိုဆိုတာ မင္းက ဘယ္လိုလုပ္ သိလိုက္တာလဲ?"
သြမ္မုခ်င္းက ငတံုး မဟုတ္ေပ။ မုရံုခ်ီခ်ီက ထိုအေၾကာင္းကို ေက်ာ္လိုက္ေသာ္လည္း သူမစိတ္ထဲတြင္ ေမးခြန္းအမ်ားႀကီး ရွိေနဆဲပင္။
"မယ္မယ္ မသိတာ ျဖစ္နိုင္တယ္... ဝါစဥ္အရဆိုရင္ လ်န္သခင္ေလးက က်င္မိုရဲ႕ ဆရာတူညီ ျဖစ္တာကို! ဒီငယ္သားရဲ႕သမီး က်င့္ရွင္းအန္မွာ ေနတုန္းက ဒီငယ္သားရဲ႕သမီးက လ်န္သခင္ေလး အခ်ိန္တခ်ိဳ႕ ရွိခဲ့ဖူးတယ္။ သူက ဒီဆရာတူအစ္ကိုအေၾကာင္းကို ေျပာျပဖူးတယ္။ လ်န္သခင္ေလးက သန္႔စင္ျမင့္ျမတ္ေသာ သမားေတာ္ရဲ႕ တပည့္ ျဖစ္တယ္။ အဲ့ဒီအခ်ိန္တုန္းက က်င္မိုက ေဆးပညာမွာ ဆရာတဆူျဖစ္ေနတာ နွစ္ေတာ္ေတာ္ၾကာၿပီ! ဒါ့ေၾကာင့္ က်င္မိုက ဒီဆရာတူညီရဲ႕ တည္ရွိမႈကို မသိခဲ့ဘူး"
မုရံုခ်ီခ်ီ၏ ရွင္းျပခ်က္ကို နားေထာင္ၿပီးေသာအခါ သြမ္မုခ်င္းက အက်ိဳးအေၾကာင္းကို နားလည္သြားသည္။ ဒါေပမယ့္ ဒီေန႔ျဖစ္ရပ္က အလြန္အရွင္ရစရာေကာင္းလွသည္။ သူတို႔သာ က်င္မိုကို သတ္နိုင္လွ်င္ ေျပလည္သြားနိုင္ေပမယ့္ အခု က်င္မိုက လြတ္ေျမာက္သြားသည္။
သူမ ကိုယ္ဝန္မေဆာင္နိုင္ျခင္းသည္ လူေတာ္ေတာ္မ်ားမ်ား သိၿပီးေသာ ကိစၥျဖစ္ေပမယ့္ ရွင္းလင္းေသာ အေထာက္အထား မရွိ၍ မည္သူမွ သူမေရွ႕တြင္ မေျပာဝံ့ေပ။ ထိုအေၾကာင္းအရာသာ က်င္မိုဆီက ပ်ံ့နွ႔ံသြားပါက က်င္မို၏ ေဆးပညာအရည္အခ်င္းနွင့္ဆို လူတိုင္းက ေသခ်ာေပါက္ ယံုၾကည္ၾကေပမည္။ ထိုအခါက် 'ကေလးမေမြးနိုင္သူ'ဆိုေသာ ဂုဏ္ပုဒ္ကို ရင္ဆိုင္ရရံုသာမက အေနာက္နန္းေဆာင္ရွိ မိန္းမတိုင္း၏ တံေတြးခြက္တြင္ သူမ နစ္ျမဳပ္သြားနိုင္ၿပီး သူမအေပၚ ေမတၱာမရွိသည့္ လံုဇယ္ယုကို ထည့္ေျပာစရာပင္ မလိုေတာ့ေပ။
ထိုသို႔ ေတြးၿပီးေနာက္ သြမ္မုခ်င္းက မုရံုခ်ီခ်ီအား မုန္းတီးလာသည္။ သူမသာ သြမ္မုရီရီရဲ႕ လက္ေကာက္ဝတ္ကို မျဖတ္ခဲ့ပါလွ်င္ သြမ္မုခ်င္းလည္း သူမအား လ်န္သခင္ေလးကို ရွာေပးဖို႔ တြန္းအားေပးမိမည္မဟုတ္ဘဲ ေပက်ိဳးက က်င္မို၏ အျမတ္ထုတ္ျခင္းကိုလည္း ခံရလိမ့္မည္ မဟုတ္ေပ။
သြမ္မုခ်င္း၏ အမုန္းကို ခံစားမိေသာအခါ မုရံုခ်ီခ်ီက ခ်က္ခ်င္း ေသတၱာငယ္တလံုးကို ထုတ္ယူကာ လက္နွစ္ဖက္ျဖင့္ ေျမႇာက္တင္လိုက္သည္။
"အဲ့ဒါက ဘာလဲ?"
သြမ္မုခ်င္းက ထိုအရာကို မယူပါ။ သူမက မုရံုခ်ီခ်ီလက္ကို ေအးစက္စြာ ၾကည့္လိုက္သည္။ မုရံုခ်ီခ်ီလို သာမာန္ရုပ္ရည္ ရွိသည့္ မိန္းကေလးက အလြန္လွပသည့္ လက္မ်ား ရွိလိမ့္မည္ဟု သူမ မထင္ထားခဲ့ေပ။ ေက်ာက္သားကဲ့သို႔ ျဖဴေဖြးသည္။ အျပစ္အနာအဆာ မရွိေသာ ပိုးထည္လို ေခ်ာေမြ႕သည္။ သူတို႔မွာ ေကာင္းေကာင္းမြန္မြန္ ထြင္းးထုထားသလိုပင္။
"မိဖုရားေခါင္မယ္မယ္ကို ေလွ်ာက္တင္ပါတယ္! ဒါက လ်န္သခင္ေလးရဲ႕ 'ကေလးရေစနိုင္တဲ့ ေဆး'ပါ။ ကြၽန္ေတာ္မ်ိဳးမရဲ႕ ကိုယ္က ေအးတဲ့ဘက္ကို ေရာက္တာ ေဆာင္းရာသီအေအးလိုပါပဲ ဒါ့ေၾကာင့္ လ်န္သခင္ေလးက ႐ႊယ္ဖူေဆးအျပင္ ကေလးရေစနိုင္တဲ့ ေဆးကိုပါ ေပးရျခင္းပါ"
'ေဆာင္းရာသီအေအးဓာတ္'တဲ့လား? ဒါက သူမကို က်င္မို ေျပာတာနဲ႔ တူမေနဘူးလား? ေဆာင္းရာသီအေအးဓာတ္ ရွိတဲ့သူေတြက ကိုယ္ဝန္ရဖို႔ ခဲယဥ္းသည္။ သြမ္မုခ်င္း စိတ္က လႈပ္ရွားသြားသည္။ သူမက ေသတၱာကို ယူၿပီး ဖြင့္ၾကည့္လိုက္သည္။ အထဲတြင္ ေသြးလို နီရဲေနသည့္ ေဆးတလံုး ရွိေနသည္။
"အစက ဒါကို သိမ္းထားၿပီး ကြၽန္မ မဂၤလာဦးညအတြက္ အသံုးျပဳခ်င္ခဲ့ေပမယ့္ အခု...."
မုရံုခ်ီခ်ီအသံက ဆို႔နစ္သြားသည္။
"အခုေလးတင္ပဲ က်င္းဝမ္ရယ္က ကြၽန္မကို ေစ့စပ္ေၾကာင္းလမ္းျခင္း ဖ်က္သိမ္းလႊာ ေရးေပးခဲ့တယ္။ ကြၽန္မအတြက္ ဒါက အသံုးမဝင္ေတာ့လို႔ ေခ်းလာတဲ့ ပန္းကို ဘုရားလွဴသလိုပဲ ကြၽန္မက မိဖုရားေခါင္မယ္မယ္ မၾကာခင္မွာ ကေလးရပါေစလို႔ ေမွ်ာ္လင့္ရင္း မယ္မယ့္ကို ဒီေဆး ေပးလိုက္ပါေတာ့မယ္"
*** ေခ်းလာတဲ့ ပန္းကို ဘုရားလွဴ - သူတပါး၏ ပိုင္ဆိုင္မႈျဖင့္ တျခားသူတေယာက္၏ မ်က္နွာသာရေအာင္ လုပ္ျခင္း***
"က်င္းဝမ္ရယ္က ေစ့စပ္ေၾကာင္းလမ္းျခင္း ဖ်က္သိမ္းလႊာကို ေရးလိုက္တယ္ ဟုတ္လား?"
သြမ္မုခ်င္းက ဒီသတင္းကို ၾကားၿပီးၿပီျဖစ္ေသာ္လည္း သူမက အံ့ၾသသည့္အမူအယာကို ျပသနိုင္ဆဲ ျဖစ္သည္။
"သူက ဘယ္လိုလုပ္နိုင္ရတာလဲ? မင္း ပန္ကုန္းကေန သူ႔ကို ေျဖာင္းျဖေပးၿပီး ေစ့စပ္ေၾကာင္းလမ္းျခင္း ဖ်က္သိမ္းလႊာကို ျပန္ယူခိုင္းေစခ်င္လား?"
မုရံုခ်ီခ်ီက သူမေခါင္းကို ကူကယ္ရာမဲ့စြာ ခါလိုက္သည္။
"ဒီငယ္သားရဲ႕သမီးမွာ ကိုယ္ပိုင္အသိရွိပါေသးတယ္။ ဒီငယ္သားရဲ႕ သမီးက သူအတြက္ မထိုက္တန္တဲ့သူပါ။ မဂၤလာပြဲ ပ်က္စီးသြားတာက နွစ္ဘက္လံုးအတြက္ ေကာင္းပါလိမ့္မယ္။ ကြၽန္မလည္း က်င္းဝမ္ရဲ႕အနာဂတ္ကို မေနွာင့္ေနွးေစခ်င္ဘူး"
မုရံုခ်ီခ်ီ၏ ညိႈးငယ္ေနေသာ အမူအယာက သြမ္မုခ်င္း မ်က္လံုးထဲသို႔ က်ေရာက္လာသည္။ ၎က သူမ၏ မာေက်ာေသာ နွလံုးသားကို အနည္းငယ္ သနားစိတ္ဝင္လာေစသည္။
သူမလည္း မုရံုခ်ီခ်ီအေၾကာင္း တခ်ိဳ႕တေလကို ၾကားဖူးၿပီးသား ျဖစ္သလို အခုလည္း လံုဇယ္က်င့္ထ်န္းက ေစ့စပ္ေၾကာင္းလမ္းျခင္း ဖ်က္သိမ္းလႊာကို ေထာက္ထားညႇာတာမႈ မရွိပဲ ေသြးနဲ႔ပင္ ေရးသြားသည္။ လံုဇယ္က်င့္ထ်န္းသည္ မုရံုခ်ီခ်ီအား သူ႔မ်က္လံုးထဲ မထည့္တာ အလြန္သိသာေနသည္။ ေနာက္ဆံုးတြင္ သူမသည္ သနားစရာလူတေယာက္သာ ျဖစ္သည္။
ူသူမကိုယ္တိုင္ ႀကံဳေတြ႕ခဲ့ရတာကို ျပန္ေတြးမိရင္း သြမ္မုခ်င္း ေလသံက ႏူးညံ့လာသည္။
"ေကာင္းမြန္လွတဲ့ ကေလး... မင္း ဝမ္းနည္းေနစရာ မလိုပါဘူးကြယ္။ ဒီကမာၻေပၚမွာ မင္းပိုင္ဆိုင္ရမယ့္ ေယာက်္ားတေယာက္ ရွိလာအံုးမွာပါ။ ပန္ကုန္း ဒီကေလးရေစနိုင္တဲ့ ေဆးကို လက္ခံလိုက္မယ္။ အဲ့ဒါသာ တကယ္ အက်ိဳးသက္ေရာက္ခဲ့ရင္ ပန္ကုန္း မင္းကို ေက်းဇူးအမ်ားႀကီးတင္ေနမွာပါ"
ေက်းဇူးအမ်ားႀကီး တင္မယ္? သြမ္မုခ်င္းရဲ႕ စကားကို တကယ္ယံုပစ္လိုက္ရသည္အထိ မုရံုခ်ီခ်ီက မမိုက္မဲေပ။ သူမအစ္မရင္း မုရံု႐ႊယ္လ်န္သည္ သြမ္မုခ်င္းနွင့္ နန္းေတာ္ထဲတြင္ ဆိုး႐ြားေသာ ဆက္ဆံေရး ရွိသည္။ သြမ္မုခ်င္းက သူမကိုု ဒုကၡေပးဖို႔ ေရာက္မလာရင္ပဲ ေတာ္လွၿပီျဖစ္သည္။
သူမစိတ္ထဲတြင္ ဒါကို ရွင္းရွင္းလင္းလင္း သိေသာ္လည္း မုရံုခ်ီခ်ီက မလြယ္ကူသည့္ အမူအယာကို ျပသဆဲ ျဖစ္သည္။
"မိဖုရားေခါင္မယ္မယ္ဆီက ဝန္ထုပ္ကို ကူထမ္းရျခင္းက ဒီငယ္သားရဲ႕သမီး လုပ္သင့္တဲ့အရာပါ။ မယ္မယ္ ဒီလို ေျပာလိုက္တာက ဒီငယ္သားရဲ႕ သမီးကို အရွက္ရေစလိမ့္ပါမယ္။ မယ္မယ္က ကြၽန္မတို႔ ရွီးခ်ီရဲ႕ အိမ္ေရွ႕စံမင္းသားေလးကို တတ္နိုင္သေလာက္ ျမန္ျမန္ ေမြးဖြားနိုင္ပေစလို႔ ဆုေတာင္းပါတယ္"
**************************
Unicode Version
သွမ်မုချင်း၏ အမိန့်ကျရောက်လာသောအခါ သွမ်မုအိမ်တော်မှ မြှားသမားများသည် ကျင်မိုအား ဝိုင်းရံလိုက်သည်။ လီယွင်ချင်းနှင့် ရှန့်ကွမ်းဝူကျိက အကြည့်ချင်းဖလှယ်လိုက်သည်။ သူတို့က ဘေးတဖက်သို့ ဆုတ်လိုက်သည်။ မြှားများက ကျင်မိုအား ဝိုင်းဝန်းပစ်ခတ်ကြလေသည်။
ဒါက ဆိုးတာပဲ... ကျင်မိုက အကူအညီမဲ့စွာ ပြုံးလိုက်သည်။ သူက သိုင်းပညာသေချာမလေ့လာခဲ့ရတာကို နောင်တရမိသည်။ သူ့၏ သိုင်းပညာမှာ သိပ်မဆိုးသော်လည်း သူ ကျွမ်းကျင်သည့်အရာမှာ ကုသခြင်း ဖြစ်သည်။ လူတွေမှာ အရည်အချင်း ရှိဖို့ လိုအပ်သလို သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိဖို့လည်း လိုအပ်သည်ဟု ဆရာက ပြောခဲ့သည်။ ထိုအချိန်တုန်းက ထိုစကားများကို သူ့စိတ်ထဲ မထည့်ထားခဲ့ပေ။ ဒီနေ့ ထိုစကားများကို နားလည်လာခဲ့ပြီး အနည်းငယ်နောက်ကျခဲ့သည်။
သူ့ရှေ့က နက်မှောင်တောက်ပတဲ့ မြှားများကို ကြည့်ရင်း ကျင်မိုသည် အရိပ်ထဲမှ ဒီကစားပွဲကို စောင့်ကြည့်နေသော မုရုံချီချီအား ကြည့်လိုက်သည်။ သူ့နှလုံးသားက ခါးသီးပြီး မှောင်မိြက်နေသလို ခံစားရသည်။ သူ့ရဲ့ဒဏ္ဍာရီလာဂုဏ်သိက္ခာများသည် ဒီမိန်းမငယ်လေး မုရုံချီချီလက်မှာ ပျက်စီးရတော့မှာလား? အကူအညီတောင်းဖို့ သူ အချက်ပြသင့်သလား? ပြီးတော့ လူတွေက သူတို့သွားတွေကို ဆုံးရှုံးစေသည်အထိ ရယ်မောကြမှာကို ဖြစ်စေလိုက်ရတော့မှာလား?
"ခွမ်း..."
ထိုအချိန်တွင် သံမဏိထီးတလက်မှာ ကျင်မိုရှေ့၌ ပွင့်လာသည်။
"ခွမ်း ခွမ်း ခွမ်း"
မြှားများသည် မြေပြင်ပေါ်တွင် ကျရောက်သွားသည်။ ကျင်မိုက ရောက်လာသည့် သူများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပျော်ရွှင်မှုများက သူ့နှလုံးသားထဲတွင် မြင့်တက်လာသည်။
"ကျိရှောင်၊ ရူရီ... ဘယ်လိုလုပ် မင်းတို့နှစ်ယောက် ဖြစ်နေတာလဲ?"
"ဝမ်ရယ်က ပြောတယ် လူကြီးမင်းရဲ့ဉာဏ်နဲ့ဆို ဝမ်ဖေးကို သေချာပေါက် နိုင်မှာမဟုတ်ဘူးတဲ့! ဒါကြောင့် သူက ကျွန်တော်တို့ကို လွှတ်ပြီး ကူညီစေခဲ့တာ! ဝမ်ရယ်ပြောတာ မှန်တယ်! ခင်ဗျား အခု ဒဏ်ရာရနေပြီ!"
ကျိရှောင် မျက်လုံးက လခြမ်းကွေးနှင့် တူပြီး သူ့ပါး နှစ်ဖက်လုံးတွင် ပါးချိုင့်လေးတခုစီ ပါရှိသည်။ ကျင်မို၏ သွေးရောင်နီရဲနေသော ဝမ်းဗိုက်ကို ကြည့်ရင်း ကျိရှောင်က တခစ်ခစ်ရယ်လိုက်သည်။
"သူမက ငါတို့ရဲ့ ဝမ်ဖေး မဖြစ်သေးဘူးကွ"
ကျင်မိုက ထိုစကားကို အံကြိတ်ပြောလိုက်ကာ သူ့စိတ်ထဲတွင် အပြင်ပန်းမှာ သာမာန်ရုပ်ရည်ပဲ ဖြစ်ပြီး အားနည်းသည့် ထိုမိန်းကလေးအား လေးစားမိသည်။ သူမ၏ ဉာဏ်ပညာသည် သူမ၏လက်နက်ဖြစ်သည်။
"ဝမ်ရယ်က သူမကို ဝမ်ဖေးလို့ ပြောရင် သူမက ဝမ်ဖေးပဲ! လူကြီးမင်း သဘောမတူလို့ မရဘူး"
ကျိရှောင်နှင့် ရူရီသည် အမွှာမောင်နှမ ဖြစ်သည်။ နှစ်ယောက်သားက ရုပ်ချင်းဆင်သည်။ သူတို့က ရယ်မောလိုက်သောအခါ သူတို့မျက်လုံးများက လခြမ်းကွေးနှင့် တူသည်။ တခုတည်းသောယခြားနားချက်မှာ ရူရီတွင် ပါးချိုင့် မပါခြင်းပင်။
သူတို့က ကျင်မိုကို တဖက်တချက်စီက ဖမ်းဆုပ်လိုက်သည်။ သုံးယောက်သား ခြံစည်းရိုးကို ခုန်ကျော်လိုက်ကာ လူထုရှေ့မှ ပျောက်ကွယ်သွားသည်။
"ဖမ်းထား! သူတို့ကို မြန်မြန်ဖမ်းထား!"
စိုးရိမ်ပူပန်မှုကြောင့် သွမ်မုလဲ့သည် ချွေးများ သီးနေသည်။ ကျင်မိုက ရှီးချီမှာ ပေါ်လာသည် ဒါဆို ဖုန်းချန်ကရော? သူက ဘယ်မလဲ? သူရော ရှီးချီကို ရောက်နေတာ ဖြစ်နိုင်မလား? ဒါပေမယ့် လေးနိုင်ငံပြိုင်ပွဲက လအနည်းငယ်လိုသေးတယ်မလား? ဒီနှစ်ရဲ့ ကျင်းပမယ့် နေရာက ပေကျိုးမဟုတ်ဘူးလား? ဘာကြောင့် သူက ရှီးချီကို ရောက်လာရတာလဲ? လက်မှတ်ထိုးစရာ ကိစ္စတွေလည်း မရှိပါဘူး။
သွမ်မုချင်းရဲ့ မျက်နှာအရောင်ကလည်း ထူးပြီး ကောင်းမနေပေ။ ကျင်မိုနောက် လူတွေ လိုက်သွားသောအခါ သူမက မုရုံချီချီအား အခန်းထဲ ဝင်လာစေသည်။
"မင်း ဘာကြောင့် စောစောကတည်းက သူ့ရဲ့သရုပ်မှန်ကို မဖော်ထုတ်ရတာလဲ?"
သွမ်မုချင်းက မုရုံချီချီကို ထက်ရှစွာ ကြည့်လိုက်သည်။
"မိဖုရားခေါင်မယ်မယ်ကို လျှောက်တင်ပါတယ်... ဒီငယ်သားရဲ့ သမီး ဝင်လာကတည်းက ဒီငယ်သားရဲ့သမီးက သူ့ရဲ့ အတင်းအကြပ်ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပါတယ်။ ဒီငယ်သားရဲ့သမီးက သိုင်းပညာ မတတ်ကျွမ်းပါဘူး။ ကျွန်တော်မျိုးမမှာ သူ့ကို တိုက်ခိုက်ဖို့ နည်းလမ်း မရှိပါဘူး။ ဒါ့အပြင် မယ်မယ်ကလည်း ဒီမှာ ရှိနေပါတော့ သူက မယ်မယ်ကို တခုခု မကောင်းတာ လုပ်လိုက်မှာကိုလည်း ဒီငယ်သားရဲ့သမီးက စိုးရိမ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်မျိုးမက ဒီအခန်းထဲမှာ သူ့အကြောင်းကို မဖော်ထုတ်ခဲ့တာပါ"
မုရုံချီချီက လိမ်ညာနေသည်နှင့် မတူပေ။ သွမ်မုချင်းက စောစောက ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းကို ပြန်တွေးကြည့်မိသည်။ အမှန်တကယ်လည်း မုရုံချီချီ ဝင်လာကတည်းက ကျင်မိုရဲ့ ဆွဲခေါ်ခြင်း ခံခဲ့ရသည်။ ၎င်းသည် ရင်းနှီးသည့် အပြုအမူဟု ထင်ရသော်လည်း ပြန်တွေးကြည့်လိုက်သော် ထူးဆန်းသည်ဟု ထင်ရသည်။
"ပြီးတော့ သူက ကျင်မိုဆိုတာ မင်းက ဘယ်လိုလုပ် သိလိုက်တာလဲ?"
သွမ်မုချင်းက ငတုံး မဟုတ်ပေ။ မုရုံချီချီက ထိုအကြောင်းကို ကျော်လိုက်သော်လည်း သူမစိတ်ထဲတွင် မေးခွန်းအများကြီး ရှိနေဆဲပင်။
"မယ်မယ် မသိတာ ဖြစ်နိုင်တယ်... ဝါစဉ်အရဆိုရင် လျန်သခင်လေးက ကျင်မိုရဲ့ ဆရာတူညီ ဖြစ်တာကို! ဒီငယ်သားရဲ့သမီး ကျင့်ရှင်းအန်မှာ နေတုန်းက ဒီငယ်သားရဲ့သမီးက လျန်သခင်လေး အချိန်တချို့ ရှိခဲ့ဖူးတယ်။ သူက ဒီဆရာတူအစ်ကိုအကြောင်းကို ပြောပြဖူးတယ်။ လျန်သခင်လေးက သန့်စင်မြင့်မြတ်သော သမားတော်ရဲ့ တပည့် ဖြစ်တယ်။ အဲ့ဒီအချိန်တုန်းက ကျင်မိုက ဆေးပညာမှာ ဆရာတဆူဖြစ်နေတာ နှစ်တော်တော်ကြာပြီ! ဒါ့ကြောင့် ကျင်မိုက ဒီဆရာတူညီရဲ့ တည်ရှိမှုကို မသိခဲ့ဘူး"
မုရုံချီချီ၏ ရှင်းပြချက်ကို နားထောင်ပြီးသောအခါ သွမ်မုချင်းက အကျိုးအကြောင်းကို နားလည်သွားသည်။ ဒါပေမယ့် ဒီနေ့ဖြစ်ရပ်က အလွန်အရှင်ရစရာကောင်းလှသည်။ သူတို့သာ ကျင်မိုကို သတ်နိုင်လျှင် ပြေလည်သွားနိုင်ပေမယ့် အခု ကျင်မိုက လွတ်မြောက်သွားသည်။
သူမ ကိုယ်ဝန်မဆောင်နိုင်ခြင်းသည် လူတော်တော်များများ သိပြီးသော ကိစ္စဖြစ်ပေမယ့် ရှင်းလင်းသော အထောက်အထား မရှိ၍ မည်သူမှ သူမရှေ့တွင် မပြောဝံ့ပေ။ ထိုအကြောင်းအရာသာ ကျင်မိုဆီက ပျံ့နှံ့သွားပါက ကျင်မို၏ ဆေးပညာအရည်အချင်းနှင့်ဆို လူတိုင်းက သေချာပေါက် ယုံကြည်ကြပေမည်။ ထိုအခါကျ 'ကလေးမမွေးနိုင်သူ'ဆိုသော ဂုဏ်ပုဒ်ကို ရင်ဆိုင်ရရုံသာမက အနောက်နန်းဆောင်ရှိ မိန်းမတိုင်း၏ တံတွေးခွက်တွင် သူမ နစ်မြုပ်သွားနိုင်ပြီး သူမအပေါ် မေတ္တာမရှိသည့် လုံဇယ်ယုကို ထည့်ပြောစရာပင် မလိုတော့ပေ။
ထိုသို့ တွေးပြီးနောက် သွမ်မုချင်းက မုရုံချီချီအား မုန်းတီးလာသည်။ သူမသာ သွမ်မုရီရီရဲ့ လက်ကောက်ဝတ်ကို မဖြတ်ခဲ့ပါလျှင် သွမ်မုချင်းလည်း သူမအား လျန်သခင်လေးကို ရှာပေးဖို့ တွန်းအားပေးမိမည်မဟုတ်ဘဲ ပေကျိုးက ကျင်မို၏ အမြတ်ထုတ်ခြင်းကိုလည်း ခံရလိမ့်မည် မဟုတ်ပေ။
သွမ်မုချင်း၏ အမုန်းကို ခံစားမိသောအခါ မုရုံချီချီက ချက်ချင်း သေတ္တာငယ်တလုံးကို ထုတ်ယူကာ လက်နှစ်ဖက်ဖြင့် မြှောက်တင်လိုက်သည်။
"အဲ့ဒါက ဘာလဲ?"
သွမ်မုချင်းက ထိုအရာကို မယူပါ။ သူမက မုရုံချီချီလက်ကို အေးစက်စွာ ကြည့်လိုက်သည်။ မုရုံချီချီလို သာမာန်ရုပ်ရည် ရှိသည့် မိန်းကလေးက အလွန်လှပသည့် လက်များ ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ကျောက်သားကဲ့သို့ ဖြူဖွေးသည်။ အပြစ်အနာအဆာ မရှိသော ပိုးထည်လို ချောမွေ့သည်။ သူတို့မှာ ကောင်းကောင်းမွန်မွန် ထွင်းးထုထားသလိုပင်။
"မိဖုရားခေါင်မယ်မယ်ကို လျှောက်တင်ပါတယ်! ဒါက လျန်သခင်လေးရဲ့ 'ကလေးရစေနိုင်တဲ့ ဆေး'ပါ။ ကျွန်တော်မျိုးမရဲ့ ကိုယ်က အေးတဲ့ဘက်ကို ရောက်တာ ဆောင်းရာသီအအေးလိုပါပဲ ဒါ့ကြောင့် လျန်သခင်လေးက ရွှယ်ဖူဆေးအပြင် ကလေးရစေနိုင်တဲ့ ဆေးကိုပါ ပေးရခြင်းပါ"
'ဆောင်းရာသီအအေးဓာတ်'တဲ့လား? ဒါက သူမကို ကျင်မို ပြောတာနဲ့ တူမနေဘူးလား? ဆောင်းရာသီအအေးဓာတ် ရှိတဲ့သူတွေက ကိုယ်ဝန်ရဖို့ ခဲယဉ်းသည်။ သွမ်မုချင်း စိတ်က လှုပ်ရှားသွားသည်။ သူမက သေတ္တာကို ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲတွင် သွေးလို နီရဲနေသည့် ဆေးတလုံး ရှိနေသည်။
"အစက ဒါကို သိမ်းထားပြီး ကျွန်မ မင်္ဂလာဦးညအတွက် အသုံးပြုချင်ခဲ့ပေမယ့် အခု...."
မုရုံချီချီအသံက ဆို့နစ်သွားသည်။
"အခုလေးတင်ပဲ ကျင်းဝမ်ရယ်က ကျွန်မကို စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းလွှာ ရေးပေးခဲ့တယ်။ ကျွန်မအတွက် ဒါက အသုံးမဝင်တော့လို့ ချေးလာတဲ့ ပန်းကို ဘုရားလှူသလိုပဲ ကျွန်မက မိဖုရားခေါင်မယ်မယ် မကြာခင်မှာ ကလေးရပါစေလို့ မျှော်လင့်ရင်း မယ်မယ့်ကို ဒီဆေး ပေးလိုက်ပါတော့မယ်"
*** ချေးလာတဲ့ ပန်းကို ဘုရားလှူ - သူတပါး၏ ပိုင်ဆိုင်မှုဖြင့် တခြားသူတယောက်၏ မျက်နှာသာရအောင် လုပ်ခြင်း***
"ကျင်းဝမ်ရယ်က စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းလွှာကို ရေးလိုက်တယ် ဟုတ်လား?"
သွမ်မုချင်းက ဒီသတင်းကို ကြားပြီးပြီဖြစ်သော်လည်း သူမက အံ့သြသည့်အမူအယာကို ပြသနိုင်ဆဲ ဖြစ်သည်။
"သူက ဘယ်လိုလုပ်နိုင်ရတာလဲ? မင်း ပန်ကုန်းကနေ သူ့ကို ဖြောင်းဖြပေးပြီး စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းလွှာကို ပြန်ယူခိုင်းစေချင်လား?"
မုရုံချီချီက သူမခေါင်းကို ကူကယ်ရာမဲ့စွာ ခါလိုက်သည်။
"ဒီငယ်သားရဲ့သမီးမှာ ကိုယ်ပိုင်အသိရှိပါသေးတယ်။ ဒီငယ်သားရဲ့ သမီးက သူအတွက် မထိုက်တန်တဲ့သူပါ။ မင်္ဂလာပွဲ ပျက်စီးသွားတာက နှစ်ဘက်လုံးအတွက် ကောင်းပါလိမ့်မယ်။ ကျွန်မလည်း ကျင်းဝမ်ရဲ့အနာဂတ်ကို မနှောင့်နှေးစေချင်ဘူး"
မုရုံချီချီ၏ ညှိုးငယ်နေသော အမူအယာက သွမ်မုချင်း မျက်လုံးထဲသို့ ကျရောက်လာသည်။ ၎င်းက သူမ၏ မာကျောသော နှလုံးသားကို အနည်းငယ် သနားစိတ်ဝင်လာစေသည်။
သူမလည်း မုရုံချီချီအကြောင်း တချို့တလေကို ကြားဖူးပြီးသား ဖြစ်သလို အခုလည်း လုံဇယ်ကျင့်ထျန်းက စေ့စပ်ကြောင်းလမ်းခြင်း ဖျက်သိမ်းလွှာကို ထောက်ထားညှာတာမှု မရှိပဲ သွေးနဲ့ပင် ရေးသွားသည်။ လုံဇယ်ကျင့်ထျန်းသည် မုရုံချီချီအား သူ့မျက်လုံးထဲ မထည့်တာ အလွန်သိသာနေသည်။ နောက်ဆုံးတွင် သူမသည် သနားစရာလူတယောက်သာ ဖြစ်သည်။
ူသူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတာကို ပြန်တွေးမိရင်း သွမ်မုချင်း လေသံက နူးညံ့လာသည်။
"ကောင်းမွန်လှတဲ့ ကလေး... မင်း ဝမ်းနည်းနေစရာ မလိုပါဘူးကွယ်။ ဒီကမ္ဘာပေါ်မှာ မင်းပိုင်ဆိုင်ရမယ့် ယောကျ်ားတယောက် ရှိလာအုံးမှာပါ။ ပန်ကုန်း ဒီကလေးရစေနိုင်တဲ့ ဆေးကို လက်ခံလိုက်မယ်။ အဲ့ဒါသာ တကယ် အကျိုးသက်ရောက်ခဲ့ရင် ပန်ကုန်း မင်းကို ကျေးဇူးအများကြီးတင်နေမှာပါ"
ကျေးဇူးအများကြီး တင်မယ်? သွမ်မုချင်းရဲ့ စကားကို တကယ်ယုံပစ်လိုက်ရသည်အထိ မုရုံချီချီက မမိုက်မဲပေ။ သူမအစ်မရင်း မုရုံရွှယ်လျန်သည် သွမ်မုချင်းနှင့် နန်းတော်ထဲတွင် ဆိုးရွားသော ဆက်ဆံရေး ရှိသည်။ သွမ်မုချင်းက သူမကိုု ဒုက္ခပေးဖို့ ရောက်မလာရင်ပဲ တော်လှပြီဖြစ်သည်။
သူမစိတ်ထဲတွင် ဒါကို ရှင်းရှင်းလင်းလင်း သိသော်လည်း မုရုံချီချီက မလွယ်ကူသည့် အမူအယာကို ပြသဆဲ ဖြစ်သည်။
"မိဖုရားခေါင်မယ်မယ်ဆီက ဝန်ထုပ်ကို ကူထမ်းရခြင်းက ဒီငယ်သားရဲ့သမီး လုပ်သင့်တဲ့အရာပါ။ မယ်မယ် ဒီလို ပြောလိုက်တာက ဒီငယ်သားရဲ့ သမီးကို အရှက်ရစေလိမ့်ပါမယ်။ မယ်မယ်က ကျွန်မတို့ ရှီးချီရဲ့ အိမ်ရှေ့စံမင်းသားလေးကို တတ်နိုင်သလောက် မြန်မြန် မွေးဖွားနိုင်ပစေလို့ ဆုတောင်းပါတယ်"