မမ ( Complete )

By dateburma

52.1K 3K 114

မန္တလေးမြေပေါ် ခြေချလိုက်တာနဲ့ ငြိမ်သက်နေတဲ့ နှလုံးသားလေး တစ်ဖန်နိုးကြားလာခဲ့တယ်။ ကျွန်တော့်ရင်ကို ပြန်စမ်းလိ... More

Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 13
Part - 14
Part - 15
Part -16
Part - 17
Part - 18
မမ ( The end )

Part - 12

1.9K 127 6
By dateburma

အိပ်ယာနိုးထချိန်မှာ ကျေးငှက်သံတွေလည်း မကြားရ။ ပဲပြုတ်သည်သံတွေလည်း နားစွန်နားဖျားလေးတောင် မကြားရပါ။ လူသံတစ်ချို့နဲ့ သီချင်းသံသဲ့သဲ့ကိုတော့ ကြားနေရသည်။

မျက်ခွံကို လေးလေးလံလံဖွင့်လိုက်တော့ စူးရှနေသော နေရောင်ခြည်က ကိုယ့်အတွက်စိတ်အနှောက်အယှက် ဖြစ်စေသည်။

" ကျွတ် "

စုပ်သတ်ရင်း ဘေးကိုကြည့်လိုက်တော့ နေရောင်ထက် ပိုတောက်ပသော အလင်းတန်းလေးက ကျွန်တော့်နား အိပ်မောကျနေသည်။ အလင်းတန်းလေး ဆိုပေမယ့် မျက်စိထဲမစူးရှပဲ အေးမြကြည်လင်နေသည်။

ထိုအလင်းတန်းလေးကို ကြည့်နေရင်း ကျွန်တော်စိတ်ပါလက်ပါ ပြုံးလိုက်မိသည်။ နှဖူးထက်ဝဲကျနေသော ဆံပင်တစ်ချို့ကို ဖယ်ရှားပေးကာ ကျွန်တော့်နှာထိပ်လေးနဲ့ ကြာကြာလေး ဖိကပ်ထားလိုက်သည်။

" နိုးနေတာ ကြာပြီလား "

မျက်လုံးမဖွင့်ပဲ အိပ်ချင်မူးတူးအသံနဲ့ ကျွန်တော့်ကို မေးနေသောမမကို ခါးလေးကနေ ပွေ့ဖက်ထားပြီး အနားတိုးလိုက်ကာ

" အခုမှ နိုးတာ
အရမ်းချစ်တယ် မမ "

" အင်းအင်း "

" ကျွန်တော့်ကို ချစ်လား "

" morning ဒိတ် "

ကျွန်တော်ပွေ့ဖက်ထားသော လက်များကို ဖြည်ရင်း အခန်းထဲမှ ထွက်ခွာသွားသည်။ ကျွန်တော်သာ အခန်းထဲမှာ ငူငူငိုင်ငိုင်ကျန်ရစ်ခဲ့သည်။

ကိုယ့်အတွေးနဲ့ကိုယ် သဘောတွေ့ကာ ပြုံးမိပြီး ရေချိုးခန်းဘက် ထွက်လာခဲ့သည်။ ခြံထဲကိုလည်း မရောက်ဖြစ်တာမို့ ဒီနေ့တော့ သွားဖြစ်အောင် သွားရအုန်းမည်။

" ဒိတ် ဘာစားမလဲ ဘာမှတော့မရှိသေးဘူး "

" ကျွန်တော်ခြံထဲသွားမလို့ လမ်းမှာပဲ ဝင်စားလိုက်တော့မယ် မမရော လိုက်အုန်းမလား "

" အင်း လိုက်ခဲ့မယ် "

နှစ်ယောက်အတူတူ ခြံတံခါးများကို သေချာစွာသော့ခတ်ရင်း ဆိုင်ကယ်နှင့်ခြံဘက်သို့ ထွက်လာခဲ့သည်။

" ထမင်းဆိုင်ရှေ့ ရပ်လိုက်မယ်နော် "

" အင်း "

မမလက်ကို ဆွဲရင်း ထမင်းဆိုင်ထဲ ဝင်လာခဲ့သည်။ ဆိုင်ထဲက တစ်ယောက်ယောက် ကိုယ့်ကိုကြည့်နေရင်တောင် မကြည်ကြည့်နဲ့ ပြန်ကြည့်သည်။ ကိုယ့်စိတ်ကိုယ်မှ မလုံတာ။

မမနဲ့ကျွန်တော်စားဖို့အတွက် ထမင်း ဟင်းများမှာနေချိန် မမက သူ့ချစ်သူနဲ့ စာပို့နေသည်။

" ဒိတ်
မိုး မမကို vc ခေါ်နေတယ် "

" အင်း ကိုင်လိုက်လေ "

မမက ခေါင်းတစ်ချက် ညိတ်ပြသည်။

" Hello
ချစ် အပြင်ရောက်နေတာလား "

" ဟုတ်တယ် မိုး
ဒိတ်နဲ့အတူ ခြံထဲသွားမလို့ လမ်းမှာမနက်စာ ဝင်စားနေကြတာ "

" ဒိတ်ရော နေကောင်းလား "

မမက သူ့ဖုန်း ကျွန်တော့်ကိုပေးပြောသည်။

" hello မမမိုး နေကောင်းလား "

မမက စကားမှားမှာစိုးလို့ ထင်သည် ကျွန်တော့်ကို စိုက်ကြည့်နေ၏။

" ကောင်းတယ် ဒိတ်လေး
အဲ့မှာနေရတာ ပျော်လား "

" ဟုတ်ကဲ့ အဆင်ပြေပါတယ် "

" ဇာခြည့်ကိုလည်း သေချာကြည့်ထားပေးပါနော် မမဒီကိုရောက်နေချိန် တခြားသူ ဦးမှာစိုးလို့ "

အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင်ထားပြီး မမကို မကြည့်မိအောင်နေသည်။ မမမိုး စိုက်ကြည့်နေပုံက ငါသိပါတယ်ဆိုတဲ့ အကြည့်တွေ။ ကျွန်တော် တံတွေးကို မြိုချနေမိသည်။ အာခေါင်တွေ ခြောက်လာတာကြောင့် အနားက ရေဗူးကို လှမ်းယူကာ ဖုန်းကို မမအား ပြန်ပေးသည်။

မမလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် ပြောနေပေမယ့် အနေထိုင်ရ အထိုင်ရ ခက်နေတယ်ထင်၏။ စကားကို တိုတိုပြတ်ပြတ်ပြောကာ ဖုန်းချလိုက်သည်။

.......................................................

" ဟာ မမဇာခြည်တို့ လာတယ်ဝေ့ "

သီဟက ပျော်ရွှင်နေသော လေသံဖြင့် တစ်ဖက်သို့ လှမ်းအော်သည်။ ကျွန်တော် ဆိုင်ကယ်ရပ်လိုက်တော့ မမက တဲဆီသို့ တန်းသွားသည်။ သီဟက ကျွန်တော့်အနားလာပြီး

" ဒိတ် "

" အင်း "

" ချစ်သူတွေ ဖြစ်နေကြပြီပေါ့ "

" အင်း "

ကျွန်တော်လက်ပိုက်ပြီး သူ့ကို သေချာကြည့်နေသည်။

" မမမိုး သိရင် ဘယ်လိုနေမလဲ မသိဘူးနော် "

" ငါ့ကို ပြောဆိုမှာပေါ့ "

သီဟက ခေါင်းလေးတဆတ်ဆတ် ညိတ်နေသည်။ ပြီးတော့ အပင်တွေကြား အတူတူသွားရင်း

" မမဇာခြည် ဘယ်သူ့ကို ရွေးမလဲ မသိဘူး "

" မိုးကိုပဲ ရွေးမှာပေါ့ သူတို့က ကြိုက်တာ ကြာပြီလေ ငါဆိုတာက အရံဇာတ်ကောင်ပဲလေ "

" အချစ်က အချိန်ကာလနဲ့ မဆိုင်ဘူး ၁၀နှစ်လောက် ကြိုက်ပြီး မပေါင်းရသူလည်း ရှိသလို တစ်နှစ်လောက်ချစ်ပြီး ညားကြသူတွေလည်း ရှိတယ်လေ "

မှတ်မှတ်ရရ အဲ့အချိန် ကျွန်တော်ပြုံးနေပါသည်။ မိုးနဲ့ကျွန်တော် နှစ်ယောက်နဲ့ပင် တိုင်ပတ်နေတဲ့အထဲ နောက်တစ်ယောက်က ထပ်တိုးလာသောကြောင့် ဖြစ်သည်။

" သီဟ "

" အင်း "

" မင်းပြောချင်တာက လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်နိုင်တယ်ပေါ့ အဲ့လိုလား "

" အင်း ဟုတ်တယ် မြင်မြင်ချင်း အချစ်က ပိုလေးနက်တယ် "

" သြော် ငါမမကို ချစ်တာထက် မင်းချစ်တာက ပိုလေးနက်တယ်လို့ ပြောချင်တာလား "

သီဟ ကျွန်တော့်ကို အံ့သြပြီး ကြည့်နေသည်။

" မင်း မငြင်းဘူးလား "

" အချစ်နဲ့ပတ်သတ်ပြီး ငါမငြင်းချင်ဘူး ဒိတ်
ဒါနဲ့ မင်းဘယ်လို သိတာလဲ "

" မြွေမြွေချင်း ခြေမြင်တယ်ပဲ ထားပါ
ငါက မမအနားက အရာမှန်သမျှ သေချာဂရုစိုက်ကြည့်တယ်
လေပြေလေး မမပါးကို ထိတွေ့ရင်တောင် ငါက အူတိုနေတဲ့ ကောင်ကွ "

ကျွန်တော်တို့နှစ်ယောက် သဘောကျကာ ရယ်မောကြသည်။

" ဒါနဲ့ ငါ့မှာကောင်မလေးရှိတယ်
မင်းမမအတွက် မစိုးရိမ်နဲ့ ငါကသူ့ကို ပန်းလေးတစ်ပွင့်လိုပဲ မြတ်မြတ်နိုးနိုးနဲ့ ချစ်နေချင်တာ
မကြွေတဲ့ ပန်းလေးဖြစ်ပါစေလို့ ဆုတောင်းတာ ဆုတောင်းမပြည့်တော့လည်း
တန်ဖိုးထားသူလက်ထဲ ရောက်ပါစေလို့ ဆုတောင်းနေရတယ်
မမဇာခြည်က မင်းနဲ့ဖြစ်ဖြစ် မမမိုးနဲ့ဖြစ်ဖြစ် ဘယ်သူနဲ့ယူယူ စိတ်ချမ်းသာရမှာပါ "

" မင်းကောင်မလေးကိုပဲ အာရုံစိုက်ပါ "

" သူ့လည်း ငါချစ်ပါတယ် "

ကျွန်တော်တို့နှစ်ယောက် မြေကြီးပေါ် ထိုင်ချရင်း မြေသားများကို တုတ်ကလေးနဲ့ထိုးဆွနေသည်။

" ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကျရင် ငါတို့နှစ်ယောက်လုံးက ဥယျာဥ်မှူးတွေပါကွာ
ဟင်းးးးးးး "

" မင်းက စိတ်ဓာတ်ကျနေတာလား "

" တော်ပါပြီကွာ တခြားအကြောင်း ပြောကြရအောင် "

ထိုအချိန်တွင် သူတို့အနောက်နား ဇာခြည်ရောက်နေသည်ကို နှစ်ယောက်စလုံး သတိမထားမိပါ။

ဆက်ရန်............

        December.  20

Continue Reading

You'll Also Like

1.4K 78 22
Unicode ဟေမာ နည်းပညာကျောင်းတက်နေတဲ့ ကျောင်းသူပါ အချစ်ဆိုတာ နှင်းယုနဲ့မတွေ့ခင်ကတည်းက မသိခဲ့ဘူး ဒီလောက်ထိ ပူလောင်ရ နာကျင်ရပေမဲ့ အဲ့ခံစားချက်တွေ...
1.6K 105 21
Sequel to "The youngest Grimborn" In which Thyra continues her adventure in a world of dragons and Vikings. -~-~-~- It has been a while since I left...
14.9K 728 16
ကျွန်မဘဝကမရိုးရှင်းပေမယ့် သိပ်တော့လည်းမဆန်းကြယ်ပါဘူးလေ။
40.8M 1.1M 42
When Arianna marries billionaire Zach Price to save her family, she doesn't expect to fall in love with a man who'd always consider her a second choi...