Annoying Zhao Gongzi (Myanmar...

By Eri1485EXOL

83.4K 11.4K 214

This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupda... More

Description
Just Notes
Chapter - 1 (Part 1)
Chapter - 1 (Part 2)
Chapter - 2 (Part 1)
Chapter - 2 (Part 2)
Chapter - 3 (Part 1)
Chapter - 3 (Part 2)
Chapter - 4 (Part 1)
Chapter - 4 (Part 2)
Chapter - 4 (Part 3)
Chapter - 4 (Part 4)
Chapter - 5 (Part 1)
Chapter - 5 (Part 2)
Chapter - 6 (Part 1)
Chapter - 6 (Part 2)
Chapter - 6 (Part 3)
Chapter - 6 (Part 4)
Chapter - 7 (Part 1)
Chapter - 7 (Part 2)
Chapter - 7 (Part 4)
Chapter - 8 (Part 1)
Chapter - 8 (Part 2)
Chapter - 9 (Part 1)
Chapter - 9 (Part 2)
Chapter - 9 (Part 3)
Chapter - 10 (Part 1)
Chapter - 10 (Part 2)
Chapter - 10 (Part 3)
Chapter - 10 (Part 4)
Chapter - 11 (Part 1)
Chapter - 11 (Part 2)
Chapter - 11 (Part 3)
Chapter - 12 (Part 1)
Chapter - 12 (Part 2)
Chapter - 12 (Part 3)
Chapter - 13 (Part 1)
Chapter - 13 (Part 2)
Chapter - 13 (Part 3)
Chapter - 14 (Part 1)
Chapter - 14 (Part 2)
Chapter - 14 (Part 3)
Chapter - 14 (Part 4)
Chapter - 15 (Part 1)
Chapter - 15 (Part 2)
Chapter - 15 (Part 3)
Chapter - 15 (Part 4)
Chapter - 16 (Part 1)
Chapter - 16 (Part 2)
Chapter - 17 (Part 1)
Chapter - 17 (Part 2)
Chapter - 17 (Part 3)
Chapter - 17 (Part 4)
Chapter - 18 (Part 1)
Chapter - 18 (Part 2)
Chapter - 19 (Part 1)
Chapter - 19 (Part 2)
Chapter - 20 (Part 1)
Chapter - 20 (Part 2)
Chapter - 20 (Part 3)
Chapter - 21 (Part 1)
Chapter - 21 (Part 2)
Chapter - 21 (Part 3)
Chapter - 22 (Part 1)
Chapter - 22 (Part 2)
Chapter - 23 (Part 1)
Chapter - 23 (Part 2)
Chapter - 24 (Part 1)
Chapter - 24 (Part 2)
Chapter - 25 (Part 1)
Chapter - 25 (Part 2)
Chapter - 26 (Final)

Chapter - 7 (Part 3)

849 151 4
By Eri1485EXOL

Unicode

တစ်စုံတစ်ယောက်နဲ့ ငါ ခိုးပြေးသွားမယ်ဆိုရင် မင်း ဟမ်းကို ပြုတ်မလား, မပြုတ်ဘူးလားဆိုတာကို ငါက ဂရုစိုက်ရမှာလား? ဟမ်းကို ငါနဲ့အတူ ခေါ်သွားလိုက်မယ်​လေ။ ဒါမှမဟုတ် ဟမ်းနဲ့အတူ မင်း ငါ့ကို ကမ္ဘာတစ်ဝှမ်းမှာ လိုက်ရှာဖမ်း​နေတာကို ငါက စောင့်နေရမှာလား? ဟမ်းက သစ္စာဖောက်တစ်​ကောင်ပဲ။ ငါ သူ့ကို ပြုစုပျိုးထောင်ခဲ့ပေမယ့် သူက ​ကျောင်းကုန်းဇီနဲ့ ပိုရင်းနှီးတယ်။

ငါ သူနဲ့ ကျိုးကြောင်းဆင်ခြင်ဖို့အတွက် ​လေး​လေးနက်နက် စိတ်အားထက်သန်စွာ ကြိုးစားလိုက်တယ်, "မင်းစိုးရိမ်သင့်တာက ဆယ့်သုံး​ယောက်မြောက်မဒမ်​နော်"

​​ကျောင်းကုန်းဇီရဲ့မျက်နှာက ​ဒေါသထွက်ပြီး​တော့ မည်းမှောင်သွားပြန်တယ်, "သူ(မ)လုပ်​နေတာ​တွေကို ငါ မထိန်းနိုင်ဘူး"

မှန်တယ်, မှန်တယ်, မှန်တယ်, မင်းက ငါလုပ်တာ​တွေကိုပဲ ထိန်းချုပ်နိုင်တာ။ ငါလည်း အခု ဆဲချင်လာပြီ။

​ကျောင်းကုန်းဇီက စိတ်ရှုပ်ဖို့​ကောင်းရုံသာမကပဲ, ငါ့လိုမျိုး စိတ်ကောင်းရှိတဲ့သူကို ဆဲဆိုလာ​​စေတဲ့အထိ တွန်းအား​ပေးနိူင်တယ်။

ငါ ထပ်မံကြိုးစားပြီး​တော့ သူ့ကို စည်းရုံးလိုက်တယ်, "ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကဟာပါ, အစ်ကို(၅)က ငယ်ငယ်ရွယ်ရွယ်နဲ့ ကြမ်းတမ်းတယ်ဆို​ပေမယ့် ကံကောင်းစွာနဲ့ ကြီးကြီးမားမား အမှားအယွင်းတွေ​တော့ မလုပ်ခဲ့ဘူး​လေ, ​ခြောက်​ယောက်မြောက်မိန်းက​လေးကတော့ သူ(အစ်ကို - ၅) ခရီးသွား​နေတုန်း လက်တွဲဖော်ကို ရှာတွေ့ပြီလို့ ပြောတယ်"

(​​T/N - ဆယ့်သုံး​ယောက်​မြောက်မဒမ်က ​ကျောင်းကုန်းဇီရဲ့အ​မေပါ, ခြောက်ယောက်​မြောက်မိန်းက​လေးက​တော့ ကျောင်းကုန်းဇီရဲ့ အစ်မ​တွေထဲက တစ်​​​ယောက်ဖြစ်ပြီး သခင်ကြီး​ကျောင်းစီရဲ့ ​ခြောက်​ယောက်​မြောက်သမီး​​ပေါ့, အစ်ကို(၅) ဆိုတာကလည်း သခင်ကြီး​ကျောင်းစီရဲ့ ငါး​ယောက်​မြောက်သားပါ​နော်, ​ကျောင်းကုန်းဇီရဲ့အစ်ကိုတစ်​ယောက်​လည်းဖြစ်သလို ရိရှင်ရဲ့ crush တစ်​ယောက်​​လည်းဖြစ်ပါတယ်, ရိရှင်ကလည်း crush ​တွေ အများသား​​နော်, အိုင့်လိုပဲ🤣)

"မင်းက ​ကျောင်းလုနဲ့ ဘယ်တုန်းက စကားပြောလိုက်တာလဲ?" ​ကျောင်းကုန်းဇီက စိတ်မချမ်းသာစွာနဲ့ ငါ့ကို အနှောင့်အယှက်ပေးလာတယ်, "ကျောင်းလုနဲ့စကားမ​ပြောဖို့ ငါ​ပြောခဲ့တယ်မလား?!"

မင်းကို ဘယ်သူက အာရုံစိုက်မှာလဲ? မင်းက မင်းရဲ့ ဘယ်အစ်ကို,အစ်မ​တွေကို အာဃာတစိတ်မထားတာလဲဟင်?

​ကျောင်းကုန်းဇီက မျက်ခုံးပင့်လိုက်တယ်, "ကောင်းပြီ, ​ကျောင်းလုကို မေ့လိုက်​တော့, အဲ့ဒါကို နောက်မှ ဖြေရှင်းကြမယ်, မင်းက ​ကျောင်းဝု(အစ်ကို - ၅)ရဲ့ ကိစ္စတွေကို ဘာလို့ အာရုံစိုက်နေတာလဲ?"

"ခြောက်​ယောက်မြောက်မိန်းက​လေးက အမှတ်မထင်ပဲ အဲ့ဒါကို ပြောပြသွားတာ"

​ကျောင်းကုန်းဇီက တွန့်ဆုတ်စွာနဲ့ပဲ ငါ့ရဲ့ရှင်းပြချက်ကို လက်ခံခဲ့တယ်။

သိပ်မကြာခင်မှာပဲ သခင်ကြီး​ကျောင်းစီက ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်လာတယ်, "ရိရှင်, ​ရှောင်း​လောင် ဘာလုပ်နေလဲ?"

"သူ နေသိပ်မကောင်းလို့ အိပ်နေတယ်"

အဲ့အတွက် ​ကျောင်းကုန်းဇီက ငါ့ကို ကိုက်လိုက်တယ်။

သခင်ကြီး​ကျောင်းစီက ​​ပြောတယ်, "လူတိုင်း အိမ်မှာ ရှိနေတာ ရှားတယ်, အဲ့ဒါကြောင့် သူ့ကို ညစာစားဖို့ ခေါ်ခဲ့လိုက်"

ငါ့မှာလည်း အစွမ်းအစမရှိသလို အခြားသူရဲ့အမိုးအောက်မှာ နေရတဲ့အခါ ခေါင်းကိုပဲ ငုံ့​ထားရတယ်​လေ။ ငါက ​ကျောင်းမိသားစုက မွေးစားထားတဲ့ မိဘမဲ့တစ်​ယောက်သာဖြစ်ပြီး အမိန့်​တွေကိုပဲ နားထောင်ရတယ်။

​ကျောင်းကုန်းဇီက ငါ့ကို ကျိန်ဆဲတယ်, "အ​ရေးမပါတာ​တွေ!"

"အဝတ်အစားလဲပြီး ပြန်သွားလိုက်, ဒီနေ့က သခင်ကြီးမွေးနေ့​လေ"

ကျောင်းကုန်းဇီက လုံးဝကို မသွားချင်ဘူး, "ပြီးခဲ့တဲ့ အပတ်က သူ မွေးနေ့ပါတီလုပ်​ထားပြီးသား​လေ, ဘာပဲဖြစ်ဖြစ် ငါတို့မှာ သော့တွေမရှိဘူး, အပြင်ကို ထွက်လို့မရဘူး"

"ဟောင်တာ့ကို ဖုန်းခေါ်လိုက်"

​ကျောင်းကုန်းဇီက ဖုန်းမခေါ်ချင်တဲ့အတွက် ငါ ​ခေါ်​ပေးလိုက်တယ်။ ​ဟောင်တာ့က ဒီကို ငါးမိနစ်အတွင်း ရောက်မယ်လို့ ပြောတယ်။ ငါက သူ့ကို ငါးနာရီအတွင်း ရောက်သရွေ့ အလျင်စလိုလုပ်စရာမလိုဘူးလို့ ပြောလိုက်တယ်။

​ငါ ကျောင်းကုန်းဇီကို အိမ်ကနေ ထွက်သွားဖို့ စည်းရုံးရန်အတွက် တစ်နာရီလောက် အချိန်ပေးခဲ့ရတယ်။ ကျန်တဲ့အချိန်တွေကိုတော့ ​ကျောင်းကုန်းဇီကို ပိုကောင်းတဲ့အ၀တ်အစားတွေဝတ်ဖို့ စည်းရုံးရန်အတွက် အသုံးပြုခဲ့ရတယ်။

​ကျောင်းကုန်းဇီက အရမ်းဒေါသကြီး​နေတယ်, "ငါက ​ကျောင်းဝုထက် ပိုချောအောင်လုပ်ဖို့ လိုအပ်လို့လား"

"မလိုပါဘူး, အဝတ်အစား​တွေမပါရင်​တောင်မှ မင်းက သူ့ထက် ပိုကြည့်​ကောင်းတယ်"

​ကျောင်းကုန်းဇီက အေးစက်စွာပြောတယ်, "မင်းက သူ အဝတ်မပါဘဲ ဘယ်လိုပုံစံရှိသလဲဆိုတာကို သိတဲ့ပုံပဲ"

ငါ ​ကျောင်းကုန်းဇီကို အေးစက်စွာ စိုက်ကြည့်လိုက်တယ်။

​ကျောင်းကုန်းဇီက ခေါင်းကို လှည့်သွားတယ်။

ငါ အေးစက်စွာနဲ့ ပြောလိုက်တယ်, "အဲ့ဒါကို ထပ်ပြောလိုက်"

​ကျောင်းကုန်းဇီရဲ့ မျက်လုံး​တွေက ဟမ်းကို သင်ခန်းစာ​ပေး​နေတဲ့အချိန်မှာ လေဆာရောင်ခြည်​တွေ လောင်ကျွမ်း​နေတယ်, "မင်း ​လောင်ဇီရဲ့အဝတ်အစားတွေကို ကိုက်နေပြန်ပြီ, ​လောင်ဇီ မင်းကို ဟင်းချက်ပစ်​တော့မယ်!"

ငါက အေးစက်စွာပြောတယ်, "ငါ ကိုင်ထားတဲ့အဝတ်အစား​တွေကို ဝတ်"

​ကျောင်းကုန်းဇီက အဝတ်အစား​တွေကို စတင်လဲလိုက်တယ်။

အစီအစဥ်က ထင်ထားတာထက် ပိုပြီးချော​မွေ့သွားတယ်။

ငါက ​ပြောလိုက်တယ်, "မင်း အဝတ်အစားလဲ​နေတဲ့အချိန် ငါ့ကို မကြည့်နဲ့"

​ကျောင်းကုန်းဇီက သူ့ရဲ့အဝတ်အစား​တွေကို စနစ်တကျ​ လဲလိုက်ပါတယ်။



Zawgyi





ကျောင်းကုန်းဇီက စိတ်ရှုပ်ဖို့​ကောင်းရုံသာမကပဲ, ငါ့လိုမျိုး စိတ်ကောင်းရှိတဲ့သူကို ဆဲဆိုလာ​​စေတဲ့အထိ တွန်းအား​ပေးနိုင်တယ်။
































Continue Reading

You'll Also Like

56.9K 8.7K 31
• Original Title - 为什么这种A也能有O • Author - 图南鲸 • English Title - Why Is It Possible For This Type Of A To Also Have An O? • Genres - Comedy, Drama, Fan...
107K 12.2K 35
ခိုးခိုးပြီး ချစ်... တိတ်တိတ်ကလေး ပျော်
76.6K 12.9K 29
This is not my own story. It is my translation work. All Credits to original author. Associated name- 反派天生嗜甜 Type-Web novel Author-封玖 Status in C...