ေကာင္ေလးႏွစ္ေယာက္ကို ေတြ႔ၿပီးအျပန္လမ္းတစ္ေလ်ွာက္ အေတြးေတြက Shane ရဲ့ေခါင္းထဲ ျပည့္ေနသည္။ သဘာဝလြန္စြမ္းအား႐ွိသူေတြ ကမၻာေပၚမွာ႐ွိေနတာသိေသာ္ျငား ဒီလိုေတ့ေတ့ဆိုင္ဆိုင္ ေတြ႔ရလိမ့္မယ္လို႔ မေမ်ွာ္လင့္ဖူးခဲ့။ သူမ်ားထက္သာလြန္ေနသည့္ အခ်က္႐ွိေနၿပီးထိုအခ်က္ေၾကာင့္ပင္ လူေတာထဲမတိုးရဲသည့္ ထိုသို႔ေသာလူေတြကို တတ္ႏိုင္သေလာက္ကူညီေပးႏုိင္ဖို႔ အရင္ပတည္းက စိတ္ဆံုးျဖတ္ထားၿပီးျဖစ္သည့္အျပင္ ႏွစ္ေယာက္ၾကားက ထူးျခားတဲ့တိုက္ဆိုင္မႈတစ္ခုေၾကာင့္ ေကာင္းဆက္ကိုလဲ ကုိယ္စြမ္း၊ဥာဏ္စြမ္း႐ွိသေလာက္ ကူညီပံ့ပိုးေပးရမည္။
"သူေဌး....ဖုန္းလာေနပါတယ္။"
ကိုယ့္အေတြးႏွင့္ကိုယ္မို႔ ဖုန္းျမည္ေနတာကိုေတာင္ Shane သတိမထားမိခဲ့ေပ။ ကားဆရာလွမ္းေျပာလာေတာ့မွ သတိဝင္ကာ အသာထုတ္ယူၿပီးေနာက္ ေခၚဆိုသူအမည္ကား...
'Devin Jacob..(ဒယ္ဗင္ ေဂ်ေကာ့ဖ္)"
မိမိႏွင့္ပတ္သတ္သမ်ွ အကုန္လံုးကိုခေရေစ့တြင္းက် သိ႐ွိထားသည့္ ငယ္သူငယ္ခ်င္းဟု ေခၚဆိုရမယ့္လူတစ္ေယာက္ေပမယ့္ သူက်င္လည္ရာပတ္ဝန္းက်င္က Shane လို စီးပြားေရးေလာကမဟုတ္ခဲ့သည့္ ခဲြစိတ္ဆရာဝန္တစ္ဦးျဖစ္သည္။ ေန႔လည္က Programming Manager ရဲ႕ျဖစ္ရပ္အၿပီးမွာ ေကာင္းဆက္အေၾကာင္းကိုပါ ေျပာျပထားခဲ့ေတာ့ သိခ်င္ေဇာျဖင့္ဖုန္းဆက္တာျဖစ္လိမ့္မည္။
"Hello Devin"
"Hello Devin လုပ္မေနနဲ႔။ ငါမင္းဖုန္းဆက္ေလမလား ဆက္ေလမလားနဲ႔ေစာင့္ေနတာ။ အခု အဲ့ဒီေကာင္ေလးနဲ႔စကားေျပာေနတုန္းလား? "
"မဟုတ္ဘူး ေျပာၿပီးပါၿပီ ငါမင္းကိုဖုန္းျပန္ဆက္မလို႔ပဲ၊ အေတြးမ်ားေနတာနဲ႔..."
"ဘာေတြေျပာခဲ့ၾကလဲ..."
ေကာင္းဆက္ႏွင့္စေတြ႔စဥ္ကစလို႔ သူေျပာျပခဲ့သည့္အေေၾကာင္းအရာေတြ၊ မိမိရဲ႕ေသဆံုးျခင္းျဖစ္ရပ္ကို ၾကည့္ခိုင္းျခင္းေတြ၊ ေကာင္းဆက္ရဲ႕သဘာဝလြန္စြမ္းရည္မွာ ႐ွ္ေနသည့္ကန္႔သတ္ခ်က္ေတြႏွင့္ ေနာက္ဆံုး အလုပ္အတြက္ လက္ခံေပးခဲ့သည့္ အေၾကာင္းအရာအထိအတိုခ်ံဳးေျပာျပလိုက္သည္။ ေ႐ွ႕မွာ ကားေမာင္းသူ႐ွိေနေလေတာ့ သိသာေအာင္မေျပာခ်င္၍ စကားလံုးတုိင္းက မျပည့္မစံုႏွင့္အထာပါေနေသာ္ျငား အတူတူႀကီးျပင္းခဲ့ၾကသည့္ သူငယ္ခ်င္းေတြမို႔ အလိုအေလ်ာက္နားလည္ၿပီးသားပင္ ျဖစ္သည္။
"ဒါျဖင့္ အဆံုးသတ္က အဲ့ဒီေကာင္ေလးႏွစ္ေယာက္ကို အလုပ္ခန္႔လိုက္တယ္ေပါ့"
"ေအး ဘာျဖစ္လို႔လဲ "
"ဟိုေကာင္ေလးမွာ အဲ့ဒီအစြမ္းေတြ႐ွိေနလို႔လား။ "
"မဆိုင္ပါဘူးကြာ ဒီလိုကိုမသိခင္ အင္တာဗ်ဴးမွာကတည္းက အဲ့ဒီ၂ေယာက္နဲ႔ေနာက္၁ေယာက္ ၃ေယာက္လံုးကို ငါသေဘာက်ေနခဲ့တာ "
"ေသခ်ာလား"
"႐ိုးသားစြာဝန္ခံရရင္ေတာ့ အဲ့ဒါေတြ႐ွိလို႔လဲ ပါတာေပါ့ Devin"
"ငါထင္ပါတယ္ မင္းကမင္းလိုထူးျခားသူေတြကို အရမ္းေတြ႔ခ်င္ေနခဲ့တာဆိုေတာ့ သူ႔ကိုလက္လႊတ္ခံမွာမဟုတ္ဘူးဆိုတာ ထင္ခဲ့ၿပီးသားပါ သူေရာက္လာၿပီးရင္ ငါ မင္း Company ကို လာခဲ့ပါဦးမယ္"
"ဘာလုပ္မလို႔လဲ"
"ငါ့ကံၾကမၼာကို ၾကည့္ခိုင္းခ်င္လို႔ေပါ့"
"ႏိုး Devin ငါ ခြင့္မျပဳဘူး။ ခုနေျပာခဲ့သလို သူ႔မွာလဲနာက်င္ခံစားရတယ္။ ငါလုပ္လိုက္မိတာအတြက္ေတာင္ အေတာ္ေနာင္တရေနတာမို႔ သူနဲ႔အက်ိဳးအေၾကာင္းတုိက္ဆုိင္တာမ်ိဳး မဟုတ္ပဲ တမင္လုပ္ယူမွာမ်ိဳးကို ငါလက္မခံခ်င္ဘူး။ "
"Protective Type ႀကီးပါလား Shane"
"ကုိယ္ခ်င္းစာတရားလို႔ ေခၚတယ္။ ငါ့ဝန္ထမ္းျဖစ္လာမွာဆိုေတာ့ ငါကာကြယ္ေပးတတ္ရမွာေပါ့။ သူနဲ႔မင္း ရင္းႏွီးလာလို႔ စိတ္လိုလက္ရၾကည့္ေပးခ်င္တာဆို တမ်ိဳးေပါ့ကြာ"
"ေနာက္တာပါ ငါလဲ မသိခ်င္ပါဘူး ဘယ္အခ်ိန္ေသမယ္ဆိုတာကို။ မင္းအခု အလုပ္တလုပ္ရသြားတာေပါ့ ။ သူေျပာသလို မနက္တိုင္း မင္းဝတ္ထားတဲ့အက်ီပံုစံကို ျပဖို႔"
"မျပပါဘူး ငါအဲ့ဒီေလာက္ ရင္မခုန္ဘူး။ ဘာျဖစ္လို႔လဲဆိုတာ မင္းလည္းသိပါတယ္ "
"အင္း ဒါေပမဲ့ အခ်ိန္မမွီရင္ေရာ"
"ငါ့မွာ အခ်ိန္မမွီဘူးဆိုတာမ႐ွိဘူး။ ကဲ ငါအိမ္ေရာက္ေတာ့မယ္ Devin။ ေနာက္မွဆက္ေျပာၾကတာေပါ့"
ႀကီးမားထည္ဝါလြန္းသည့္ တုိက္ႀကီးရဲ႕အေ႐ွ႕သို႔ေရာက္ၿပီး Shane ကားေပၚကဆင္းသည္ႏွင့္ ကားေမာင္းဆရာကပါ လိုက္ဆင္းလာကာ ႏႈတ္ဆက္၍ ျပန္သြားခဲ့ေလၿပီ။ ကားဆရာျခံအျပင္ေရာက္သြားသည္ႏွင့္ တံခါးမွန္သမ်ွေသခ်ာပိတ္ကာ အတြင္းပိုင္းထဲဝင္ေရာက္ခဲ့သည္။ သံုးထပ္႐ွိသည့္အေဆာက္အဦး၊ အတြင္းဘက္ဆီမွ ေၾကာင္လိမ္ေလွကားျဖင့္ဆက္ထားၿပီး ေအာက္ဆံုးထပ္မွ အေပၚထပ္ဆီေတာက္ေလ်ွာက္တက္သြားလို႔ရသည္။
ေအာက္ဆံုးထပ္မွာေတာ့ ဧည့္ခန္း၊ Dinning room၊ kitchen အျပင္ bathroom ပါ တဲြလ်က္ထားထားၿပီး ဧည့္သည္လာရင္အိပ္ႏုိင္ရန္ အခန္းေသး၂ခန္း႐ွိသည္။ ဘယ္ဧည့္သည္မလာသလို ဖိတ္လဲမဖိတ္တာေၾကာင့္ ထိုအခန္းေတြမွာ အျမဲပိတ္လ်က္သား။ တရက္ျခားတခါ အိမ္သန္႔႐ွင္းေရး၊ ျခံသန္႔႐ွင္းေရးတာဝန္တဲြယူထားၾကသည့္ အသက္ႀကီးပိုင္း လင္မယားသာ ရံဖန္ရံခါ ျပန္ဖို႔ခက္သြားသည့္အခါမ်ိဳးတြင္ အိပ္သြားၾကေလ့႐ွိသည္။
ဒုတိယထပ္ကေတာ့ ဂိမ္းႏွင့္ပတ္သတ္သည့္ အထပ္လို႔ပင္ေျပာရမလိုပင္။ ဧည့္သည္ဖိတ္ေလ့မ႐ွိေသာ္လည္း Company ဘက္မွ Launch လုပ္ခါနီး New Product ေတြအတြက္ စမ္းေဆာ့ၾကည့္ရာတြင္ ႐ုတ္တရက္ အခက္အခဲေပၚလာသည္မ်ား၊ အေသးစိတ္ခဲြျခမ္းစိတ္ျဖာရသည့္မ်ား ႐ွိသည့္အခါ တာဝန္က်ဝန္ထမ္းမ်ား လာေရာက္တုိုင္ပင္ရာေနရာျဖစ္လို႔ ဒုတိယတစ္ထပ္လံုးကို အလုပ္ခန္းသဖြယ္ သေဘာထားထားသည္။
အေပၚဆံုးထပ္ကေတာ့ မိမိႏွင့္ သန္႔႐ွင္းေရးလုပ္သည့္ အန္တီမွလဲြ၍ မည္သူမွဝင္ထြက္ခြင့္မ႐ွိသည့္ အထပ္ျဖစ္သည္။ ကုန္းျမင့္အေပၚမွာ ေဆာက္လုပ္ထားသည့္အိမ္ျဖစ္သည့္အျပင္ ၃ထပ္အျမင့္လဲျဖစ္သည္မို႔ ညပိုင္းဆို ႐ႈခင္းေကာင္းလြန္းလွသည္။ Master bedroom ၂ခန္း႐ွိၿပီး တခန္းကေတာ့ မိဘေတြေနာက္ဆံုး႐ွိခဲ့စဥ္အတုိင္း သပ္သပ္ရပ္ရပ္ထားထားၿပီး ဝင္ေရာက္႐ွင္းလင္းသည္မွအပ Shane အသံုးျပဳျခင္းမ႐ွိ။ ေနာက္တခန္းကေတာ့ Shane ရဲ႕ အခန္းပင္ျဖစ္ၿပီး ထိုအခန္းကပင္ ေပ ၆၀ ပတ္လည္မကက်ယ္ျပန္သည္။
အေသးစားဧည့္ခန္းသဖြယ္ ျပဳလုပ္ထားၿပီး မွန္ခ်ပ္ႀကီးကို မ်က္ႏွာမူထားကာ ဆုိဖာမ်ားခ်ထားသည့္ေနရာအျပင္ အရက္ဘားေသးေသးေလးတခုကိုလဲ ျပဳလုပ္ထားသည္။ အခန္းရဲ႕ေထာင့္ေလးမွာေတာ့ Gamer ေတြအသံုးျပဳေလ့႐ွိသည့္ စက္ေတြနဲ႔ အေကာင္းစား chair တခု၊ ထိုအခန္းအက်ယ္ႀကီးထဲမွာပင္ ေနာက္ထပ္အခန္းေသးႏွစ္ခန္း႐ွိၿပီး တခန္းက bathroom ျဖစ္ၿပီး၊ ေနာက္တခန္းကေတာ့ စာၾကည့္ခန္းျဖစ္သည္။
တေန႔လံုးပင္ပန္းခဲ့သမ်ွက ေရေႏြးေႏြးေလးႏွင့္ခ်ိဳးၿပီးတဲ့ေနာက္ ယူပစ္လိုက္သလို ေပ်ာက္ကြယ္သြားသည္။ ဒူးေခါင္းအထိ႐ွည္လ်ားၿပီး ေခါင္းစြပ္ပါပါသည့္ bathrobe ေႏြးေႏြးအိအိေလးကိုဝတ္ဆင္ၿပီးေနာက္ ခါးစည္းႀကိဳးခ်ည္ကာ ပုဝါေလးကေတာ့ စိုစြတ္လာသည့္ ေရႊဝါေရာင္ဆံႏြယ္ေတြေပၚ ဟိုဟိုဒီဒီေျပးလႊားေနသည္။ လက္တဖက္က ေရစိုေနသည့္ ဆံပင္ေတြကိုသုတ္ကာ အေသးစားဘားေလး႐ွိရာ လွမ္းသြားခဲ့ၿပီးေနာက္ တခြက္စပ္ယူၿပီး ဆိုဖာေတြထံျပန္ေလ်ွာက္လာခဲ့သည္။
ဆိုဖာေတြေပၚအသာထိုင္ခ်ရင္း နံေဘးမွ remote ေလးကိုႏွိပ္လိုက္ခ်ိန္မွာေတာ့ မ်က္ႏွာျခင္းဆိုင္မွ လူ႔တရပ္မကျမင့္မား႐ွည္လ်ားေသာ လိုက္ကာႀကီးကဟိုဘက္ဒီဘက္ အလိုအေလ်ာက္ခဲြသြားၿပီး ထိုအေနာက္မွ မွန္အၾကည္တခ်ပ္ေပၚထြက္လာသည္။ ထိုမွန္မွတဆင့္ လႈပ္႐ွားသြားလာဆဲ ၿမိဳ႕တြင္းမွအရာဝထၳဳေတြ၊ မီးေရာင္ေတြ၊ ကားေတြကို ေန႔စဥ္ေငးၾကည့္ေနတတ္သည့္အေလ့ကို ဘယ္တုန္းကမွၿငီးေငြ႕သည္ဟု မခံစားရ။
မနက္မိုးလင္းကေန ညေနျပန္မေရာက္ခင္အခ်ိန္ထိ Olivier Shane ဆိုတဲ့ မိမိမွာ လူေပါင္းေျမာက္မ်ားစြာကို အျပံဳးတခုဆင္ျမန္းၿပီး မျပတ္တမ္းေျပာ၍ အလုပ္မ်ားေနေသာ္လည္း ညေနျပန္ေရာက္ခ်ိန္မွာေတာ့ အိမ္အက်ယ္ႀကီးထဲ မိသားစုဝင္မ႐ွိ၊ စကားေျပာစရာလူမ႐ွိ တစ္ေယာက္တည္းသာ အထီးက်န္ရစျမဲမို႔ ထိုသို႔ေသာေငးၾကည့္ေနရျခင္းက အေကာင္းဆံုးအေဖာ္မြန္ပင္။
*ေကာင္းဆက္ေဂ်ဒင္ေရာ...ဒီအခ်ိန္ဘာလုပ္ေနမလဲ..*
ထိုအေတြးဝင္လာသည္ႏွင့္တၿပိဳင္နက္ ျပံဳးရယ္လိုက္တုိင္း ဘယ္ဘက္ႏႈတ္ခမ္းေထာင့္ေဘးက ခြက္ကေလး၊ အရည္လက္လက္ကေလးနဲ႔ စိမ္းဖန္႔ေနေသာ မ်က္လံုးတစ္စံုႏွင့္ ဆံပင္နက္နက္ေလးကိုပါ တဲြျမင္သည္။ ေလ်ွာက္လႊာအရ မိဘ႐ွိေနေသးတာမို႔ လူအရမ္းမခ်မ္းသာေသာ္ျငား မိမိလိုေတာ့ အထီးက်န္မွာမဟုတ္ေပ။
*မနက္ျဖန္ သူ အလုပ္စဆင္းေတာ့မွာပါလား...*
ဒုတိယေျမာက္အေတြးထပ္ဝင္ခ်ိန္မွာေတာ့ လက္ကအလိုအေလ်ာက္ HR Manager ထံသို႔ ဖုန္းေခၚဆိုၿပီးသားပင္။ ညအခ်ိန္ႀကီး ဘယ္တုန္းကမွ မေခၚဖူးေလေတာ့ တဖက္လူမွာလဲ လန္႔ဖ်န္႔သြားပံုရသည္။
"သူေဌး ဘာကိစၥမ်ားအေရးတႀကီး႐ွိေနလဲ မသိဘူး။"
"ေထြေထြထူးထူးေတာ့ မဟုတ္ပါဘူး မနက္ျဖန္ Testing Team အသစ္အတြက္ ဝန္ထမ္းအသစ္ႏွစ္ေယာက္ေရာက္မယ္။ နာမည္မွတ္ထားပါ ေကာင္းဆက္ေဂ်ဒင္နဲ႔ ႏိုရာမင္းေမာင္။ သူတုိ႔ကို ကြၽန္ေတာ္ကိုယ္တုိင္ ညေနကမွခန္႔လိုက္တာဆိုေတာ့ ရံုးမဆင္းခင္ သတ္မွတ္ထားတဲ့ဦးေရထက္ ၂ေယာက္ပိုသြားမွာေပါ့။ ဖုန္းဆက္ၿပီးခန္႔တဲ့အထဲက မလာျဖစ္တဲ့သူ႐ွိလား။"
"မ႐ွိပါဘူး သူေဌး။ အကုန္လံုးမနက္ျဖန္ စဆင္းမွာပါ။ ထပ္တိုး၂ေယာက္နဲ႔ဆို စုစုေပါင္း၈ေယာက္ပါ။"
"သူတုိ႔အတြက္ အခန္းျပင္ဆင္ၿပီးၿပီလား ခံုေတြေရာ"
"အသစ္ထပ္ဖဲြ႔ထားတဲ့ အခန္းသစ္မွာပါ။ လိုအပ္တဲ့အျပင္အဆင္အကုန္ အသစ္ေတြခ်ည္း ထည့္ေပးထားၿပီးပါၿပီ။ ၂ေယာက္ပိုမယ္ဆိုတာ မသိထားေတာ့ မနက္က်ရင္ ေစာေစာသြားၿပီး ၂ခံုထပ္ဆင္ထားလိုက္ပါမယ္။ "
"၂ခံုကအသစ္ေတြလား။"
"ခံုေတြကေတာ့ လြန္ခဲ့တဲ့ ၆လေလာက္တုန္းက ဝယ္ထားၿပီးျဖဳတ္သိမ္းထားတဲ့အထဲက ျပန္႐ွာဆင္ေပးလိုက္ပါ့မယ္ သူေဌး၊ "
"ကြၽန္ေတာ္ခန္႔တဲ့ ႏွစ္ေယာက္ကိုလဲ အသစ္ေတြပဲဝယ္တပ္ေပးလိုက္ပါ။ "
"ခံုေတြက လြန္ခဲ့တဲ့ ၆လကမွမို႔ိလု႔ိ အသစ္နီးနီးပါပဲ သူေဌး။"
"ကြၽန္ေတာ္အားလံုးကို တန္းတူျဖစ္ေစခ်င္တယ္။ အခုမွ ၉နာရီေတာင္မထိုးေသးဘူး ခံုအသစ္မွာဖို႔ အရမ္းခက္ခဲေနလို႔လား။ ဒါဆိုလဲ ကြၽန္ေတာ္ကုိယ္တုိင္ပဲ ထြက္ဝယ္ၿပီးပုိ႔ေပးထားလိုက္မယ္။"
"ဟာ မဟုတ္တာ။ မခက္ခဲပါဘူး ကြၽန္ေတာ္ခ်က္ခ်င္းမွာၿပီး မနက္ေစာေစာေရာက္ေအာင္ပို႔ခိုင္းလိုက္ပါ့မယ္။"
"အိုေက ၿပီးေတာ့ ျပတင္းေပါက္နဲ႔ကပ္လ်က္ေထာင့္က်တဲ့ေနရာေလ၊ အဲ့ဒီေနရာကို ေကာင္းဆက္ေဂ်ဒင္ကိုေပးလိုက္ပါ။ သူ႔ေဘးနဲ႔ကပ္လ်က္ကိုလဲ ေနာက္တစ္ေယာက္ျဖစ္တဲ့ ႏိုရာမင္းေမာင္ကိုပဲ ထိုင္ပါေစ။"
"ေကာင္းပါၿပီ သူေဌး။"
"ေက်းဇူးပါ Goodnight.."
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
စားေသာက္ဆိုင္ေလးကေန အိမ္ထိျပန္ေလ်ွာက္လာရာတစ္ေလ်ွာက္ ေျခေထာက္နဲ႔ေျမႀကီးမထိေတာ့သလိုလို ၊ အလုပ္ခန္႔အပ္ခံလိုက္ရျခင္းအေပၚ အေပ်ာ္လံုးကရင္ဝတက္ေဆာင့္ေနသည္။ လမ္းထိပ္ကေနျပန္ဝင္လာပါက ေကာင္းဆက္အိမ္ကိုအရင္ေရာက္တာျဖစ္ၿပီး ႏိုရာအိမ္ကအထဲကို ဆက္ဝင္သြားရေသးသည္။
"ေကာင္းဆက္ မနက္ေတြ႔မယ္ေနာ္ ၇နာရီ။"
"ေအး..."
မိမိလိုပင္ မိဘေတြထံသတင္းေကာင္းေျပာျပခ်င္ေနသည့္ ႏိုရာက ႏႈတ္ဆက္ၿပီးသည္ႏွင့္ တခ်ိဳးတည္းေျပးထြက္သြားသည္။ အက်ီအိပ္ကပ္ေတြထဲ လက္ထည့္ကာခႏၶာကုိယ္ဖိုင့္ဖိုင့္ေလးကို သယ္ကာေျပးသည္မို႔ လံုးလံုးလံုးလံုးျဖင့္ လမ္းလံုးျပည့္ေနသည္ကို လိုက္ၾကည့္ကာ ေကာင္းဆက္ရယ္မိေတာ့သည္။
"သား ျပန္လာၿပီလား။ သား Daddy က သားကို ထမင္းစားဖို႔ေစာင့္ေနတာ။"
"ဟုတ္ကဲ့....ကြၽန္ေတာ္စားလို႔ေတာ့ ၿပီးၿပီ ေမေမ။ ထပ္မစားႏုိင္ေတာ့ဘူး"
"ႏိုရာနဲ႔ဘာေတြစားလာတာလဲ ထမင္းစားခါနီးကို အျပင္စာေတြအရမ္းမစားပါနဲ႔ဆို..."
ေမေမ့ရဲ႕တဗ်စ္ေတာက္ေတာက္အသံၾကား အသာျပံဳးျပကာ ထမင္းဝိုင္းမွထိုင္၍ လွမ္းၾကည့္ေနသည့္ Daddy ရဲ႕ နံေဘးခံုမွာဝင္ထုိင္လိုက္သည္။ ထမင္းမစားႏုိင္ေတာ့ေသာ္လည္း ေကာ္တူေလးတစ္ေခ်ာင္းျဖင့္ ဟင္းတဖက္စားလိုက္၊ အရြက္တစ္ဖက္စားလိုက္လုပ္ေနရာက သတင္းေကာင္းစေျပာရန္ ေခ်ာင္းဟန္႔လိုက္ေတာ့သည္။
"Daddy ေမေမ ကြၽန္ေတာ္မနက္က သြားေလ်ွာက္တဲ့အလုပ္ေလ အခုကြၽန္ေတာ္နဲ႔ ႏိုရာ ႏွစ္ေယာက္လံုးကို ခန္႔လိုက္ၿပီသိလား။ လစာလဲအေတာ္ေကာင္းတယ္ အႀကိဳအပို႔လဲ႐ွိတယ္ ႏွစ္စဥ္ဆုေၾကးေတြလဲ႐ွိတယ္။ကြၽန္ေတာ့္အလုပ္က ဒီထက္လစာေတြေကာင္းလာရင္ Daddy ညဘက္ထိပစၥည္းေတြ လိုက္ပို႔စရာမလိုေတာ့ဘူးေနာ္။"
ထိုသို႔ေျပာလိုက္ရင္ မိဘေတြထံက အံ့ျသရိပ္ကေလးႏွင့္ အာေမဋိတ္တခ်ိဳ႕ကို ရလိမ့္မည္ဟု က်ိန္းေသတြက္ထားခဲ့ေသာ္လည္း ထိုအစား အခ်င္းခ်င္းျပန္ၾကည့္ေနကာ တံု႔ျပန္ျခင္းမျပဳပဲ ေနေနသည္မို႔ ေကာင္းဆက္ဘာဆက္ေျပာရမွန္းမသိေတာ့ေပ။ Daddy ကေတာ့ ဇြန္းေလးအသာခ်လိုက္ၿပီးေနာက္....
"အမွန္ေတာ့ သားအလုပ္ေလ်ွာက္တာ ခြင့္ျပဳတယ္ဆိုတာက အေတြ႔အၾကံဳရေစခ်င္လို႔ရယ္၊ ၿပီးေတာ့သားစိတ္ထဲ လုပ္ခ်င္ေနတဲ့ အရာေလးျဖစ္လို႔ရယ္။ ဒါေပမဲ့ Daddy ေရာ မင္းအေမေရာက အလုပ္မလုပ္ေစခ်င္ဘူး။ "
"အဲ့ဒီေနရာက..."
"ေသာ္တာေျပာလို႔ Daddy သိၿပီးပါၿပီ။ ဘယ္ေလာက္ပဲ သီးသန္႔ဆန္ဆန္ လုပ္ငန္းခြင္ဆိုတာ မျဖစ္မေနလိုက္ေလ်ာညီေထြေနရာတာေတြဆိုတာ႐ွိတယ္။ Daddy တို႔ကို တဖက္တလမ္းက ကူညီခ်င္ရံုအတြက္နဲ႔ဆိုရင္ေတာ့ မလုပ္ပါနဲ႔။ Daddy ႐ွာေကြၽးႏုိင္တယ္၊ မင္းအေမကလဲ ေငြစုတာ္တာမို႔ မခ်မ္းသာေပမယ့္ Daddy တို႔မဆင္းရဲဘူးေလ။"
ထိုအေျပာကို ေကာင္းဆက္လက္မခံခ်င္စိတ္က ႀကီးစိုးေနေလေတာ့ ဘာမွေတာင္ျပန္မေျဖရေသးခင္မွာပင္ ေခါင္းကအလိုအေလ်ာက္ခါယမ္းမိသြားခဲ့သည္။ အလုပ္လုပ္လိုသည့္ရည္ရြယ္ခ်က္က အေၾကာင္းအရာတခုကို တားဆီးခြင့္ရဖို႔ ၾကိဳးစားေနျခင္းျဖစ္ျခင္းေၾကာင့္ Daddy ကို ပစၥည္းပို႔အလုပ္ မလုပ္ေစခ်င္ေတာ့ေပ။
"ကြၽန္ေတာ္တို႔ ေျပာင္းလာခဲ့ၿပီးေနာက္ပိုင္း ဆုိင္ေလးဖြင့္တာေတာ္ေတာ္အဆင္ေျပခဲ့ၿပီးမွ ကြၽန္ေတာ့္ရဲ႕ထူးျခားခ်က္ေတြေၾကာင့္ ဆက္ဖြင့္လို႔မရေတာ့တဲ့ အေျခအေနျဖစ္ခဲ့ရတယ္။ အဲ့ဒါေၾကာင့္ပဲ Daddy က ပစၥည္းပို႔သီးသန္႔အလုပ္ကို ေန႔ေန႔ညညေျပာင္းလုပ္ရတာကို ကြၽန္ေတာ္မလိုခ်င္ေတာ့ဘူး။ Daddy နဲ႔ေမေမ့ကို တလွည့္ျပန္လုပ္ေကြၽးခ်င္တယ္။ လက္႐ွိလစာနဲ႔ေတာ့ မရေသးေပမယ့္ ကြၽန္ေတာ္ႀကိဳးစားမွာပါ။"
"Daddy ကလဲ ခုနေျပာသလို ေငြ႐ွာခ်င္ရံုနဲ႔ေတာ့ မလုပ္နဲ႔ တသက္လံုး သား...."
"ကြၽန္ေတာ္က အဲ့ဒီေလာက္ေတာင္ လူရာမဝင္ေတာ့ဘူးလား။ တကယ္ပဲသူမ်ားေတြေျပာသလို ေၾကာက္စရာေကင္းေနၿပီလား။ သူမ်ားေတြေျပာသလိုပဲ ကြၽန္ေတာ္သြားေလရာ၊ လုပ္ေလရာက အျမဲ သူတပါးကိုထိခိုက္ေစမွာစိုးလို႔လား.."
"ေကာင္းဆက္ Daddy ဆိုလိုခ်င္တာ အဲ့ဒီလိုမဟုတ္ဘူးေလ။"
"ကြၽန္ေတာ္ဒီအခ်ိန္ထိ လူၾကားထဲမဝင္နိုင္ခဲ့ဘူး။ ဒါေပမဲ့ မိဘေတြက ငါ့ဘက္မွာ႐ွိပါလားဆိုတဲ့အသိနဲ႔ အားတင္းထားရင္း တခ်ိန္မွာေတာ့ မိဘေတြရဲ႕အင္အားနဲ႔လူၾကားထဲျပန္ဝင္ဆန္႔မယ္လို႔ အျမဲေတြးထားခဲ့တာ။ အခုေတာ့ Daddy နဲ႔ ေမေမကကို ကြၽန္ေတာ္ကလူၾကားထဲဝင္ႏုိင္တဲ့သူ ဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူးလို႔ ခံယူထားပံုရတယ္။ "
"ေကာင္းဆက္ေဂ်ဒင္!"
မမာလြန္း မေပ်ာ့လြန္းသည့္ ခပ္ဆတ္ဆတ္ေခၚသံက Daddy ဆီကထြက္လာေတာ့ ေကာင္းဆက္ထပ္မေျပာရဲေတာ့။ အဲ့ဒီလိုမေျပာမိေစဖို႔ ႀကိဳးစားတင္းခံခဲ့ေသာ္လဲ လူသားေပမို႔ တခါတရံေတာ့ စိတ္ပ်က္အားငယ္လာတတ္စျမဲပင္။ ေမေမ့ထံက သက္ျပင္းခ်သံသဲ့သဲ့ေလးကို ၾကားရျပန္ေတာ့ ေကာင္းဆက္မေနႏိုင္ျပန္။
"ကြၽန္ေတာ္ ဒီလိုေျပာတာ အရမ္းမွားသြားမွန္းသိပါတယ္ Daddy နဲ႔ေမေမ။ "
"သားကို ေမေမတို႔ နားလည္ပါတယ္။ "
"ခုနေျပာမိလိုက္တဲ့စကားေတြထက္ ကြၽန္ေတာ္တကယ္ေျပာခ်င္တာက ကြၽန္ေတာ္လဲ အသက္၂၄ ျဖစ္လာၿပီမို႔ ဘဝေ႐ွ႕ေရးအတြက္ အရဲစြန္႔ၿပီးစေျခလွမ္းသင့္ၿပီလို႔ ယူဆထားတဲ့အတြက္ အလုပ္စလုပ္မယ္ေျပာခ်င္တာပါ။ Daddy ကြၽန္ေတာ့္ကို ေကြၽးႏုိင္တာသိပါတယ္။ ဒါေပမဲ့ တခ်ိန္မွာသားတစ္ေယာက္ရဲ႕ တာဝန္ကိုလဲ ကြၽန္ေတာ္ေၾကခ်င္ပါေသးတယ္။"
"ေမေမတို႔ကလဲ သားအလုပ္လုပ္ရင္း မလဲႊသာမေ႐ွာင္သာတာမ်ိဳးၾကံဳလာတဲ့အခါမွာ လူေတြၾကားထဲ ခံႏုိင္ရည္႐ွိပါ့မလားကို ပူပန္မိတာပါ။"
"စိတ္မပူနဲ႔ေမေမ ။ ကြၽန္ေတာ္တို႔က လူေတြနဲ႔အမ်ားႀကီး ဆက္စပ္စရာမလိုပါဘူး။ ျပီးေတာ့ သူေဌးကလည္း ကြၽန္ေတာ့္အေၾကာင္းကိုသိတယ္ ဒီေန႔အင္တာဗ်ဴးမွာ ေမးတဲ့သူရဲ႕ေသျခင္း...."
ကြၽံသြားေတာ့မည့္ စကားကိုအခ်ိန္မီျပန္ထိန္းေသာ္လည္း ကြၽံက်သြားခံၿပီမို႔ မမွီေတာ့ေပ။ မ်က္ႏွာကို လက္ဝါးျဖင့္အုပ္ကာ သက္ျပင္းအ႐ွည္ႀကီး မႈတ္ထုတ္လိုက္သည့္ Daddy နဲ႔ မ်က္လံုးအိမ္မွာ မ်က္ရည္စတို႔ စတင္ခိုတြယ္လာသည့္ ေမေမမ်က္လံုးေတြကိုသာ ေငးစိုက္ၾကည့္ေနမိေတာ့သည္။
"ထပ္ၾကံဳရျပန္ၿပီလား ေမေမ့သားေလး ခံစားရမွာေပါ့။ ဘယ္လိုေၾကာင့္ ေမေမ့သားေလးက်မွ ဒီလိုမ်ိဳးအျဖစ္ေတြ ၾကံဳေနရတာလဲ။ ေမေမနဲ႔ Daddy ဘာအမွားေတြလုပ္ခဲ့မိလို႔....."
"ေသာ္တာ မငိုပါနဲ႔။ သားစိတ္မေကာင္းျဖစ္မယ္ မိန္းမရယ္။ သား ၂ႏွစ္တုန္းက အေမရိကန္ျပန္လည္ဖို႔ ကိုယ္မလုပ္ခဲ့မိရင္ အက္စီးဒန္႔လဲၾကံဳရမွာမဟုတ္သလို သားမွာလဲ ဒါေတြျဖစ္ေပၚလာမွာမဟုတ္ဘူး"
ေမေမရဲ႕တုန္ယင္ေနသည့္အသံ၊ မိမိစိတ္မေကာင္းျဖစ္မည္စိုး၍ လွမ္းတားရင္း ကုိယ့္ကုိယ္ကိုယ္အျပစ္တင္ေနသည့္ Daddy ရဲ႕အသံၾကား စိတ္မေကာင္းျဖစ္မိျခင္းက မိဘေတြရဲ႕ဝမ္းနည္းနာက်င္မႈအတြက္သာ။ ကုိယ္တုိင္ကေတာ့ ထူးထူးေထြေထြမခံစားမိ၊ ဘယ္လိုေျပာရမလဲ လူေတြရဲ႕ေၾကာက္ရြံရြံ႐ွာမႈေတြ၊ ကူညီေပးလိုက္သည့္တိုင္ေအာင္ မေကာင္းဆိုးဝါတေကာင္လို ဆက္ဆံခံရတာမ်ိဳးေတြ၊ ငယ္ငယ္က ျမန္မာႏုိင္ငံမွာ ေနစဥ္ကာလမွာတုန္းက အိမ္အထိေတာင္ အင္းကြက္ေတြလာဆဲြတာမ်ိဳး၊ မေကာင္းဆိုးဝါးႏွင္ထုတ္တဲ့ ပရိတ္ရည္ေတြနဲ႔အပက္ခံရတာေတြ၊ ေမေမရဲ႕ ငိုတဲ့အသံေတြ၊ Daddy ရဲ႕သက္ျပင္းေမာႀကီးစတာေတြက ၾကံဳရဖန္မ်ားလြန္းလို႔ ဒီလို အျဖစ္အပ်က္ေတြက မိမိဘဝရဲ႕အစိတ္အပိုင္းေတြမ်ားလားလို္ ထင္မိေလာက္ေအာင္ မ်ားလြန္းလို႔ မခံစားတတ္ေတာ့ပဲ ထံုသြားတာပဲေျပာရမည္ထင္သည္။
"ေမေမ ဝမ္းမနည္းပါနဲ႔။ Daddy လဲ အျပစ္မတင္ပါနဲ႔။ ဒါကကြၽန္ေတာ့္ ကံၾကမၼာပါ။ ေျပာင္းလဲယူလို႔မရေတာ့ဘူးဆိုေတာ့ ကြၽန္ေတာ္တို႔၃ေယာက္ တတ္ႏိုင္သေလာက္ေပ်ာ္ေပ်ာ္ပဲေနရမွာေပါ့"
သို႔တုိင္ေအာင္ ေမေမကေတာ့ မိခင္ပီပီသားသမီးျဖစ္သူအတြက္ ငိုေနဆဲပင္။အတင္းလဲ မတားရက္ေတာ့တာေၾကာင့္ အခ်ိန္ေပးခဲ့ၿပီး ခဏအၾကာမွာေတာ့ ေမေမက မ်က္ရည္ေတြကို သုတ္ကာေခါင္းျပန္ေမာ့လာခဲ့သည္။
"မနက္ျဖန္ အလုပ္စဆင္းေတာ့မွာဆိုေတာ့ သားမွာလိုေနတာေတြ႐ွိမွာ"
"ဟုတ္တာေပါ့ ခဏေနရင္ သားရယ္၊ Daddy ရယ္ လိုအပ္တာထြက္ဝယ္ၾကမယ္။ အခ်ိန္အရမ္းေနာက္မက်ေသးပါဘူး
"ဘာေတြလိုမွာမို႔လို႔လဲ မလိုပါဘူး။ ႐ွိတာေတြပဲဝတ္မယ္ သံုးမယ္"
"မဟုတ္တာ လုပ္ငန္းခြင္ဝင္ေတာ့မွာ ၿပီးေတာ့ company အႀကီးႀကီးမွာ အလုပ္ဝင္ရမွာကို ဖိနပ္နဲ႔ အဝတ္အစားေတာ့ဝယ္ေပးရမွာေပါ့ ေသာ္တာ? မင္းပါလိုက္ခဲ့ ကုိယ္တုိ႔မိသားစုသံုးေယာက္ ညဘက္ေစ်းဝယ္ထြက္မယ္ေလ။ မိန္းမကိုလဲ စားခ်င္တာဝယ္ေကြၽးမယ္၊ လိုခ်င္တာ ဝယ္ေပးမယ္"
ေယာက္က်ားျဖစ္သူက ျပံဳး၍ေျပာလာေတာ့ မ်က္ေစာင္းေလးထိုး၍ ရယ္ေနသည့္ ေမေမ။ ထမင္းဝိုင္းေလးျမန္ျမန္အဆံုးသတ္ၿပီးေနာက္ ညဘက္ႀကီးအေျပးအလႊားေစ်းဝယ္ထြက္ၾကၿပီး ထိုအထဲ ႏိုရာတို႔မိသားစုပါ ပါသည္။အားျခင္းစီစဥ္ရသည္မို႔ ေကာင္းဆက္တို႔ မိသားစု လမ္းေပၚေရာက္တာေတာင္ ႏိုရာတို႔ေရာက္မလာေသး။
တမိနစ္ခန္႔အၾကာမွာေတာ့ ခပ္သုတ္သုတ္ေလ်ွာက္လာသည့္ ႏုိရာ့မိဘေတြႏွင့္ ခပ္လွမ္းလွမ္းမွ အက်ီစြပ္လိုက္၊ ဖိနပ္ႀကိဳးငံု႔တပ္လိုက္၊ ေစာင့္ၾကပါဦးဟု ေအာ္ဟစ္ေနသည့္ ႏိုရာေၾကာင့္ တလမ္းလံုးဆူညံေနေတာ့သည္။ ထို႔ေနာက္ေတာ့ မိသားစုႏွစ္စုရဲ႕ ညဘက္ေစ်းဝယ္ထြက္ျခင္းေလး စတင္ခဲ့ၾကေတာ့သည္။
5600 words
Unicode
ကောင်လေးနှစ်ယောက်ကို တွေ့ပြီးအပြန်လမ်းတစ်လျှောက် အတွေးတွေက Shane ရဲ့ခေါင်းထဲ ပြည့်နေသည်။ သဘာဝလွန်စွမ်းအားရှိသူတွေ ကမ္ဘာပေါ်မှာရှိနေတာသိသော်ငြား ဒီလိုတေ့တေ့ဆိုင်ဆိုင် တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ဖူးခဲ့။ သူများထက်သာလွန်နေသည့် အချက်ရှိနေပြီးထိုအချက်ကြောင့်ပင် လူတောထဲမတိုးရဲသည့် ထိုသို့သောလူတွေကို တတ်နိုင်သလောက်ကူညီပေးနိုင်ဖို့ အရင်ပတည်းက စိတ်ဆုံးဖြတ်ထားပြီးဖြစ်သည့်အပြင် နှစ်ယောက်ကြားက ထူးခြားတဲ့တိုက်ဆိုင်မှုတစ်ခုကြောင့် ကောင်းဆက်ကိုလဲ ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် ကူညီပံ့ပိုးပေးရမည်။
"သူဌေး....ဖုန်းလာနေပါတယ်။"
ကိုယ့်အတွေးနှင့်ကိုယ်မို့ ဖုန်းမြည်နေတာကိုတောင် Shane သတိမထားမိခဲ့ပေ။ ကားဆရာလှမ်းပြောလာတော့မှ သတိဝင်ကာ အသာထုတ်ယူပြီးနောက် ခေါ်ဆိုသူအမည်ကား...
'Devin Jacob..(ဒယ်ဗင် ဂျေကော့ဖ်)"
မိမိနှင့်ပတ်သတ်သမျှ အကုန်လုံးကိုခရေစေ့တွင်းကျ သိရှိထားသည့် ငယ်သူငယ်ချင်းဟု ခေါ်ဆိုရမယ့်လူတစ်ယောက်ပေမယ့် သူကျင်လည်ရာပတ်ဝန်းကျင်က Shane လို စီးပွားရေးလောကမဟုတ်ခဲ့သည့် ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သည်။ နေ့လည်က Programming Manager ရဲ့ဖြစ်ရပ်အပြီးမှာ ကောင်းဆက်အကြောင်းကိုပါ ပြောပြထားခဲ့တော့ သိချင်ဇောဖြင့်ဖုန်းဆက်တာဖြစ်လိမ့်မည်။
"Hello Devin"
"Hello Devin လုပ်မနေနဲ့။ ငါမင်းဖုန်းဆက်လေမလား ဆက်လေမလားနဲ့စောင့်နေတာ။ အခု အဲ့ဒီကောင်လေးနဲ့စကားပြောနေတုန်းလား? "
"မဟုတ်ဘူး ပြောပြီးပါပြီ ငါမင်းကိုဖုန်းပြန်ဆက်မလို့ပဲ၊ အတွေးများနေတာနဲ့..."
"ဘာတွေပြောခဲ့ကြလဲ..."
ကောင်းဆက်နှင့်စတွေ့စဉ်ကစလို့ သူပြောပြခဲ့သည့်အေကြောင်းအရာတွေ၊ မိမိရဲ့သေဆုံးခြင်းဖြစ်ရပ်ကို ကြည့်ခိုင်းခြင်းတွေ၊ ကောင်းဆက်ရဲ့သဘာဝလွန်စွမ်းရည်မှာ ရှ်နေသည့်ကန့်သတ်ချက်တွေနှင့် နောက်ဆုံး အလုပ်အတွက် လက်ခံပေးခဲ့သည့် အကြောင်းအရာအထိအတိုချုံးပြောပြလိုက်သည်။ ရှေ့မှာ ကားမောင်းသူရှိနေလေတော့ သိသာအောင်မပြောချင်၍ စကားလုံးတိုင်းက မပြည့်မစုံနှင့်အထာပါနေသော်ငြား အတူတူကြီးပြင်းခဲ့ကြသည့် သူငယ်ချင်းတွေမို့ အလိုအလျောက်နားလည်ပြီးသားပင် ဖြစ်သည်။
"ဒါဖြင့် အဆုံးသတ်က အဲ့ဒီကောင်လေးနှစ်ယောက်ကို အလုပ်ခန့်လိုက်တယ်ပေါ့"
"အေး ဘာဖြစ်လို့လဲ "
"ဟိုကောင်လေးမှာ အဲ့ဒီအစွမ်းတွေရှိနေလို့လား။ "
"မဆိုင်ပါဘူးကွာ ဒီလိုကိုမသိခင် အင်တာဗျူးမှာကတည်းက အဲ့ဒီ၂ယောက်နဲ့နောက်၁ယောက် ၃ယောက်လုံးကို ငါသဘောကျနေခဲ့တာ "
"သေချာလား"
"ရိုးသားစွာဝန်ခံရရင်တော့ အဲ့ဒါတွေရှိလို့လဲ ပါတာပေါ့ Devin"
"ငါထင်ပါတယ် မင်းကမင်းလိုထူးခြားသူတွေကို အရမ်းတွေ့ချင်နေခဲ့တာဆိုတော့ သူ့ကိုလက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ ထင်ခဲ့ပြီးသားပါ သူရောက်လာပြီးရင် ငါ မင်း Company ကို လာခဲ့ပါဦးမယ်"
"ဘာလုပ်မလို့လဲ"
"ငါ့ကံကြမ္မာကို ကြည့်ခိုင်းချင်လို့ပေါ့"
"နိုး Devin ငါ ခွင့်မပြုဘူး။ ခုနပြောခဲ့သလို သူ့မှာလဲနာကျင်ခံစားရတယ်။ ငါလုပ်လိုက်မိတာအတွက်တောင် အတော်နောင်တရနေတာမို့ သူနဲ့အကျိုးအကြောင်းတိုက်ဆိုင်တာမျိုး မဟုတ်ပဲ တမင်လုပ်ယူမှာမျိုးကို ငါလက်မခံချင်ဘူး။ "
"Protective Type ကြီးပါလား Shane"
"ကိုယ်ချင်းစာတရားလို့ ခေါ်တယ်။ ငါ့ဝန်ထမ်းဖြစ်လာမှာဆိုတော့ ငါကာကွယ်ပေးတတ်ရမှာပေါ့။ သူနဲ့မင်း ရင်းနှီးလာလို့ စိတ်လိုလက်ရကြည့်ပေးချင်တာဆို တမျိုးပေါ့ကွာ"
"နောက်တာပါ ငါလဲ မသိချင်ပါဘူး ဘယ်အချိန်သေမယ်ဆိုတာကို။ မင်းအခု အလုပ်တလုပ်ရသွားတာပေါ့ ။ သူပြောသလို မနက်တိုင်း မင်းဝတ်ထားတဲ့အကျီပုံစံကို ပြဖို့"
"မပြပါဘူး ငါအဲ့ဒီလောက် ရင်မခုန်ဘူး။ ဘာဖြစ်လို့လဲဆိုတာ မင်းလည်းသိပါတယ် "
"အင်း ဒါပေမဲ့ အချိန်မမှီရင်ရော"
"ငါ့မှာ အချိန်မမှီဘူးဆိုတာမရှိဘူး။ ကဲ ငါအိမ်ရောက်တော့မယ် Devin။ နောက်မှဆက်ပြောကြတာပေါ့"
ကြီးမားထည်ဝါလွန်းသည့် တိုက်ကြီးရဲ့အရှေ့သို့ရောက်ပြီး Shane ကားပေါ်ကဆင်းသည်နှင့် ကားမောင်းဆရာကပါ လိုက်ဆင်းလာကာ နှုတ်ဆက်၍ ပြန်သွားခဲ့လေပြီ။ ကားဆရာခြံအပြင်ရောက်သွားသည်နှင့် တံခါးမှန်သမျှသေချာပိတ်ကာ အတွင်းပိုင်းထဲဝင်ရောက်ခဲ့သည်။ သုံးထပ်ရှိသည့်အဆောက်အဦး၊ အတွင်းဘက်ဆီမှ ကြောင်လိမ်လှေကားဖြင့်ဆက်ထားပြီး အောက်ဆုံးထပ်မှ အပေါ်ထပ်ဆီတောက်လျှောက်တက်သွားလို့ရသည်။
အောက်ဆုံးထပ်မှာတော့ ဧည့်ခန်း၊ Dinning room၊ kitchen အပြင် bathroom ပါ တွဲလျက်ထားထားပြီး ဧည့်သည်လာရင်အိပ်နိုင်ရန် အခန်းသေး၂ခန်းရှိသည်။ ဘယ်ဧည့်သည်မလာသလို ဖိတ်လဲမဖိတ်တာကြောင့် ထိုအခန်းတွေမှာ အမြဲပိတ်လျက်သား။ တရက်ခြားတခါ အိမ်သန့်ရှင်းရေး၊ ခြံသန့်ရှင်းရေးတာဝန်တွဲယူထားကြသည့် အသက်ကြီးပိုင်း လင်မယားသာ ရံဖန်ရံခါ ပြန်ဖို့ခက်သွားသည့်အခါမျိုးတွင် အိပ်သွားကြလေ့ရှိသည်။
ဒုတိယထပ်ကတော့ ဂိမ်းနှင့်ပတ်သတ်သည့် အထပ်လို့ပင်ပြောရမလိုပင်။ ဧည့်သည်ဖိတ်လေ့မရှိသော်လည်း Company ဘက်မှ Launch လုပ်ခါနီး New Product တွေအတွက် စမ်းဆော့ကြည့်ရာတွင် ရုတ်တရက် အခက်အခဲပေါ်လာသည်များ၊ အသေးစိတ်ခွဲခြမ်းစိတ်ဖြာရသည့်များ ရှိသည့်အခါ တာဝန်ကျဝန်ထမ်းများ လာရောက်တိုင်ပင်ရာနေရာဖြစ်လို့ ဒုတိယတစ်ထပ်လုံးကို အလုပ်ခန်းသဖွယ် သဘောထားထားသည်။
အပေါ်ဆုံးထပ်ကတော့ မိမိနှင့် သန့်ရှင်းရေးလုပ်သည့် အန်တီမှလွဲ၍ မည်သူမှဝင်ထွက်ခွင့်မရှိသည့် အထပ်ဖြစ်သည်။ ကုန်းမြင့်အပေါ်မှာ ဆောက်လုပ်ထားသည့်အိမ်ဖြစ်သည့်အပြင် ၃ထပ်အမြင့်လဲဖြစ်သည်မို့ ညပိုင်းဆို ရှုခင်းကောင်းလွန်းလှသည်။ Master bedroom ၂ခန်းရှိပြီး တခန်းကတော့ မိဘတွေနောက်ဆုံးရှိခဲ့စဉ်အတိုင်း သပ်သပ်ရပ်ရပ်ထားထားပြီး ဝင်ရောက်ရှင်းလင်းသည်မှအပ Shane အသုံးပြုခြင်းမရှိ။ နောက်တခန်းကတော့ Shane ရဲ့ အခန်းပင်ဖြစ်ပြီး ထိုအခန်းကပင် ပေ ၆၀ ပတ်လည်မကကျယ်ပြန်သည်။
အသေးစားဧည့်ခန်းသဖွယ် ပြုလုပ်ထားပြီး မှန်ချပ်ကြီးကို မျက်နှာမူထားကာ ဆိုဖာများချထားသည့်နေရာအပြင် အရက်ဘားသေးသေးလေးတခုကိုလဲ ပြုလုပ်ထားသည်။ အခန်းရဲ့ထောင့်လေးမှာတော့ Gamer တွေအသုံးပြုလေ့ရှိသည့် စက်တွေနဲ့ အကောင်းစား chair တခု၊ ထိုအခန်းအကျယ်ကြီးထဲမှာပင် နောက်ထပ်အခန်းသေးနှစ်ခန်းရှိပြီး တခန်းက bathroom ဖြစ်ပြီး၊ နောက်တခန်းကတော့ စာကြည့်ခန်းဖြစ်သည်။
တနေ့လုံးပင်ပန်းခဲ့သမျှက ရေနွေးနွေးလေးနှင့်ချိုးပြီးတဲ့နောက် ယူပစ်လိုက်သလို ပျောက်ကွယ်သွားသည်။ ဒူးခေါင်းအထိရှည်လျားပြီး ခေါင်းစွပ်ပါပါသည့် bathrobe နွေးနွေးအိအိလေးကိုဝတ်ဆင်ပြီးနောက် ခါးစည်းကြိုးချည်ကာ ပုဝါလေးကတော့ စိုစွတ်လာသည့် ရွှေဝါရောင်ဆံနွယ်တွေပေါ် ဟိုဟိုဒီဒီပြေးလွှားနေသည်။ လက်တဖက်က ရေစိုနေသည့် ဆံပင်တွေကိုသုတ်ကာ အသေးစားဘားလေးရှိရာ လှမ်းသွားခဲ့ပြီးနောက် တခွက်စပ်ယူပြီး ဆိုဖာတွေထံပြန်လျှောက်လာခဲ့သည်။
ဆိုဖာတွေပေါ်အသာထိုင်ချရင်း နံဘေးမှ remote လေးကိုနှိပ်လိုက်ချိန်မှာတော့ မျက်နှာခြင်းဆိုင်မှ လူ့တရပ်မကမြင့်မားရှည်လျားသော လိုက်ကာကြီးကဟိုဘက်ဒီဘက် အလိုအလျောက်ခွဲသွားပြီး ထိုအနောက်မှ မှန်အကြည်တချပ်ပေါ်ထွက်လာသည်။ ထိုမှန်မှတဆင့် လှုပ်ရှားသွားလာဆဲ မြို့တွင်းမှအရာဝထ္ထုတွေ၊ မီးရောင်တွေ၊ ကားတွေကို နေ့စဉ်ငေးကြည့်နေတတ်သည့်အလေ့ကို ဘယ်တုန်းကမှငြီးငွေ့သည်ဟု မခံစားရ။
မနက်မိုးလင်းကနေ ညနေပြန်မရောက်ခင်အချိန်ထိ Olivier Shane ဆိုတဲ့ မိမိမှာ လူပေါင်းမြောက်များစွာကို အပြုံးတခုဆင်မြန်းပြီး မပြတ်တမ်းပြော၍ အလုပ်များနေသော်လည်း ညနေပြန်ရောက်ချိန်မှာတော့ အိမ်အကျယ်ကြီးထဲ မိသားစုဝင်မရှိ၊ စကားပြောစရာလူမရှိ တစ်ယောက်တည်းသာ အထီးကျန်ရစမြဲမို့ ထိုသို့သောငေးကြည့်နေရခြင်းက အကောင်းဆုံးအဖော်မွန်ပင်။
*ကောင်းဆက်ဂျေဒင်ရော...ဒီအချိန်ဘာလုပ်နေမလဲ..*
ထိုအတွေးဝင်လာသည်နှင့်တပြိုင်နက် ပြုံးရယ်လိုက်တိုင်း ဘယ်ဘက်နှုတ်ခမ်းထောင့်ဘေးက ခွက်ကလေး၊ အရည်လက်လက်ကလေးနဲ့ စိမ်းဖန့်နေသော မျက်လုံးတစ်စုံနှင့် ဆံပင်နက်နက်လေးကိုပါ တွဲမြင်သည်။ လျှောက်လွှာအရ မိဘရှိနေသေးတာမို့ လူအရမ်းမချမ်းသာသော်ငြား မိမိလိုတော့ အထီးကျန်မှာမဟုတ်ပေ။
*မနက်ဖြန် သူ အလုပ်စဆင်းတော့မှာပါလား...*
ဒုတိယမြောက်အတွေးထပ်ဝင်ချိန်မှာတော့ လက်ကအလိုအလျောက် HR Manager ထံသို့ ဖုန်းခေါ်ဆိုပြီးသားပင်။ ညအချိန်ကြီး ဘယ်တုန်းကမှ မခေါ်ဖူးလေတော့ တဖက်လူမှာလဲ လန့်ဖျန့်သွားပုံရသည်။
"သူဌေး ဘာကိစ္စများအရေးတကြီးရှိနေလဲ မသိဘူး။"
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး မနက်ဖြန် Testing Team အသစ်အတွက် ဝန်ထမ်းအသစ်နှစ်ယောက်ရောက်မယ်။ နာမည်မှတ်ထားပါ ကောင်းဆက်ဂျေဒင်နဲ့ နိုရာမင်းမောင်။ သူတို့ကို ကျွန်တော်ကိုယ်တိုင် ညနေကမှခန့်လိုက်တာဆိုတော့ ရုံးမဆင်းခင် သတ်မှတ်ထားတဲ့ဦးရေထက် ၂ယောက်ပိုသွားမှာပေါ့။ ဖုန်းဆက်ပြီးခန့်တဲ့အထဲက မလာဖြစ်တဲ့သူရှိလား။"
"မရှိပါဘူး သူဌေး။ အကုန်လုံးမနက်ဖြန် စဆင်းမှာပါ။ ထပ်တိုး၂ယောက်နဲ့ဆို စုစုပေါင်း၈ယောက်ပါ။"
"သူတို့အတွက် အခန်းပြင်ဆင်ပြီးပြီလား ခုံတွေရော"
"အသစ်ထပ်ဖွဲ့ထားတဲ့ အခန်းသစ်မှာပါ။ လိုအပ်တဲ့အပြင်အဆင်အကုန် အသစ်တွေချည်း ထည့်ပေးထားပြီးပါပြီ။ ၂ယောက်ပိုမယ်ဆိုတာ မသိထားတော့ မနက်ကျရင် စောစောသွားပြီး ၂ခုံထပ်ဆင်ထားလိုက်ပါမယ်။ "
"၂ခုံကအသစ်တွေလား။"
"ခုံတွေကတော့ လွန်ခဲ့တဲ့ ၆လလောက်တုန်းက ဝယ်ထားပြီးဖြုတ်သိမ်းထားတဲ့အထဲက ပြန်ရှာဆင်ပေးလိုက်ပါ့မယ် သူဌေး၊ "
"ကျွန်တော်ခန့်တဲ့ နှစ်ယောက်ကိုလဲ အသစ်တွေပဲဝယ်တပ်ပေးလိုက်ပါ။ "
"ခုံတွေက လွန်ခဲ့တဲ့ ၆လကမှမို့ိလု့ိ အသစ်နီးနီးပါပဲ သူဌေး။"
"ကျွန်တော်အားလုံးကို တန်းတူဖြစ်စေချင်တယ်။ အခုမှ ၉နာရီတောင်မထိုးသေးဘူး ခုံအသစ်မှာဖို့ အရမ်းခက်ခဲနေလို့လား။ ဒါဆိုလဲ ကျွန်တော်ကိုယ်တိုင်ပဲ ထွက်ဝယ်ပြီးပို့ပေးထားလိုက်မယ်။"
"ဟာ မဟုတ်တာ။ မခက်ခဲပါဘူး ကျွန်တော်ချက်ချင်းမှာပြီး မနက်စောစောရောက်အောင်ပို့ခိုင်းလိုက်ပါ့မယ်။"
"အိုကေ ပြီးတော့ ပြတင်းပေါက်နဲ့ကပ်လျက်ထောင့်ကျတဲ့နေရာလေ၊ အဲ့ဒီနေရာကို ကောင်းဆက်ဂျေဒင်ကိုပေးလိုက်ပါ။ သူ့ဘေးနဲ့ကပ်လျက်ကိုလဲ နောက်တစ်ယောက်ဖြစ်တဲ့ နိုရာမင်းမောင်ကိုပဲ ထိုင်ပါစေ။"
"ကောင်းပါပြီ သူဌေး။"
"ကျေးဇူးပါ Goodnight.."
🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
စားသောက်ဆိုင်လေးကနေ အိမ်ထိပြန်လျှောက်လာရာတစ်လျှောက် ခြေထောက်နဲ့မြေကြီးမထိတော့သလိုလို ၊ အလုပ်ခန့်အပ်ခံလိုက်ရခြင်းအပေါ် အပျော်လုံးကရင်ဝတက်ဆောင့်နေသည်။ လမ်းထိပ်ကနေပြန်ဝင်လာပါက ကောင်းဆက်အိမ်ကိုအရင်ရောက်တာဖြစ်ပြီး နိုရာအိမ်ကအထဲကို ဆက်ဝင်သွားရသေးသည်။
"ကောင်းဆက် မနက်တွေ့မယ်နော် ၇နာရီ။"
"အေး..."
မိမိလိုပင် မိဘတွေထံသတင်းကောင်းပြောပြချင်နေသည့် နိုရာက နှုတ်ဆက်ပြီးသည်နှင့် တချိုးတည်းပြေးထွက်သွားသည်။ အကျီအိပ်ကပ်တွေထဲ လက်ထည့်ကာခန္ဓာကိုယ်ဖိုင့်ဖိုင့်လေးကို သယ်ကာပြေးသည်မို့ လုံးလုံးလုံးလုံးဖြင့် လမ်းလုံးပြည့်နေသည်ကို လိုက်ကြည့်ကာ ကောင်းဆက်ရယ်မိတော့သည်။
"သား ပြန်လာပြီလား။ သား Daddy က သားကို ထမင်းစားဖို့စောင့်နေတာ။"
"ဟုတ်ကဲ့....ကျွန်တော်စားလို့တော့ ပြီးပြီ မေမေ။ ထပ်မစားနိုင်တော့ဘူး"
"နိုရာနဲ့ဘာတွေစားလာတာလဲ ထမင်းစားခါနီးကို အပြင်စာတွေအရမ်းမစားပါနဲ့ဆို..."
မေမေ့ရဲ့တဗျစ်တောက်တောက်အသံကြား အသာပြုံးပြကာ ထမင်းဝိုင်းမှထိုင်၍ လှမ်းကြည့်နေသည့် Daddy ရဲ့ နံဘေးခုံမှာဝင်ထိုင်လိုက်သည်။ ထမင်းမစားနိုင်တော့သော်လည်း ကော်တူလေးတစ်ချောင်းဖြင့် ဟင်းတဖက်စားလိုက်၊ အရွက်တစ်ဖက်စားလိုက်လုပ်နေရာက သတင်းကောင်းစပြောရန် ချောင်းဟန့်လိုက်တော့သည်။
"Daddy မေမေ ကျွန်တော်မနက်က သွားလျှောက်တဲ့အလုပ်လေ အခုကျွန်တော်နဲ့ နိုရာ နှစ်ယောက်လုံးကို ခန့်လိုက်ပြီသိလား။ လစာလဲအတော်ကောင်းတယ် အကြိုအပို့လဲရှိတယ် နှစ်စဉ်ဆုကြေးတွေလဲရှိတယ်။ကျွန်တော့်အလုပ်က ဒီထက်လစာတွေကောင်းလာရင် Daddy ညဘက်ထိပစ္စည်းတွေ လိုက်ပို့စရာမလိုတော့ဘူးနော်။"
ထိုသို့ပြောလိုက်ရင် မိဘတွေထံက အံ့သြရိပ်ကလေးနှင့် အာမေဋိတ်တချို့ကို ရလိမ့်မည်ဟု ကျိန်းသေတွက်ထားခဲ့သော်လည်း ထိုအစား အချင်းချင်းပြန်ကြည့်နေကာ တုံ့ပြန်ခြင်းမပြုပဲ နေနေသည်မို့ ကောင်းဆက်ဘာဆက်ပြောရမှန်းမသိတော့ပေ။ Daddy ကတော့ ဇွန်းလေးအသာချလိုက်ပြီးနောက်....
"အမှန်တော့ သားအလုပ်လျှောက်တာ ခွင့်ပြုတယ်ဆိုတာက အတွေ့အကြုံရစေချင်လို့ရယ်၊ ပြီးတော့သားစိတ်ထဲ လုပ်ချင်နေတဲ့ အရာလေးဖြစ်လို့ရယ်။ ဒါပေမဲ့ Daddy ရော မင်းအမေရောက အလုပ်မလုပ်စေချင်ဘူး။ "
"အဲ့ဒီနေရာက..."
"သော်တာပြောလို့ Daddy သိပြီးပါပြီ။ ဘယ်လောက်ပဲ သီးသန့်ဆန်ဆန် လုပ်ငန်းခွင်ဆိုတာ မဖြစ်မနေလိုက်လျောညီထွေနေရာတာတွေဆိုတာရှိတယ်။ Daddy တို့ကို တဖက်တလမ်းက ကူညီချင်ရုံအတွက်နဲ့ဆိုရင်တော့ မလုပ်ပါနဲ့။ Daddy ရှာကျွေးနိုင်တယ်၊ မင်းအမေကလဲ ငွေစုတာ်တာမို့ မချမ်းသာပေမယ့် Daddy တို့မဆင်းရဲဘူးလေ။"
ထိုအပြောကို ကောင်းဆက်လက်မခံချင်စိတ်က ကြီးစိုးနေလေတော့ ဘာမှတောင်ပြန်မဖြေရသေးခင်မှာပင် ခေါင်းကအလိုအလျောက်ခါယမ်းမိသွားခဲ့သည်။ အလုပ်လုပ်လိုသည့်ရည်ရွယ်ချက်က အကြောင်းအရာတခုကို တားဆီးခွင့်ရဖို့ ကြိုးစားနေခြင်းဖြစ်ခြင်းကြောင့် Daddy ကို ပစ္စည်းပို့အလုပ် မလုပ်စေချင်တော့ပေ။
"ကျွန်တော်တို့ ပြောင်းလာခဲ့ပြီးနောက်ပိုင်း ဆိုင်လေးဖွင့်တာတော်တော်အဆင်ပြေခဲ့ပြီးမှ ကျွန်တော့်ရဲ့ထူးခြားချက်တွေကြောင့် ဆက်ဖွင့်လို့မရတော့တဲ့ အခြေအနေဖြစ်ခဲ့ရတယ်။ အဲ့ဒါကြောင့်ပဲ Daddy က ပစ္စည်းပို့သီးသန့်အလုပ်ကို နေ့နေ့ညညပြောင်းလုပ်ရတာကို ကျွန်တော်မလိုချင်တော့ဘူး။ Daddy နဲ့မေမေ့ကို တလှည့်ပြန်လုပ်ကျွေးချင်တယ်။ လက်ရှိလစာနဲ့တော့ မရသေးပေမယ့် ကျွန်တော်ကြိုးစားမှာပါ။"
"Daddy ကလဲ ခုနပြောသလို ငွေရှာချင်ရုံနဲ့တော့ မလုပ်နဲ့ တသက်လုံး သား...."
"ကျွန်တော်က အဲ့ဒီလောက်တောင် လူရာမဝင်တော့ဘူးလား။ တကယ်ပဲသူများတွေပြောသလို ကြောက်စရာကေင်းနေပြီလား။ သူများတွေပြောသလိုပဲ ကျွန်တော်သွားလေရာ၊ လုပ်လေရာက အမြဲ သူတပါးကိုထိခိုက်စေမှာစိုးလို့လား.."
"ကောင်းဆက် Daddy ဆိုလိုချင်တာ အဲ့ဒီလိုမဟုတ်ဘူးလေ။"
"ကျွန်တော်ဒီအချိန်ထိ လူကြားထဲမဝင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ မိဘတွေက ငါ့ဘက်မှာရှိပါလားဆိုတဲ့အသိနဲ့ အားတင်းထားရင်း တချိန်မှာတော့ မိဘတွေရဲ့အင်အားနဲ့လူကြားထဲပြန်ဝင်ဆန့်မယ်လို့ အမြဲတွေးထားခဲ့တာ။ အခုတော့ Daddy နဲ့ မေမေကကို ကျွန်တော်ကလူကြားထဲဝင်နိုင်တဲ့သူ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးလို့ ခံယူထားပုံရတယ်။ "
"ကောင်းဆက်ဂျေဒင်!"
မမာလွန်း မပျော့လွန်းသည့် ခပ်ဆတ်ဆတ်ခေါ်သံက Daddy ဆီကထွက်လာတော့ ကောင်းဆက်ထပ်မပြောရဲတော့။ အဲ့ဒီလိုမပြောမိစေဖို့ ကြိုးစားတင်းခံခဲ့သော်လဲ လူသားပေမို့ တခါတရံတော့ စိတ်ပျက်အားငယ်လာတတ်စမြဲပင်။ မေမေ့ထံက သက်ပြင်းချသံသဲ့သဲ့လေးကို ကြားရပြန်တော့ ကောင်းဆက်မနေနိုင်ပြန်။
"ကျွန်တော် ဒီလိုပြောတာ အရမ်းမှားသွားမှန်းသိပါတယ် Daddy နဲ့မေမေ။ "
"သားကို မေမေတို့ နားလည်ပါတယ်။ "
"ခုနပြောမိလိုက်တဲ့စကားတွေထက် ကျွန်တော်တကယ်ပြောချင်တာက ကျွန်တော်လဲ အသက်၂၄ ဖြစ်လာပြီမို့ ဘဝရှေ့ရေးအတွက် အရဲစွန့်ပြီးစခြေလှမ်းသင့်ပြီလို့ ယူဆထားတဲ့အတွက် အလုပ်စလုပ်မယ်ပြောချင်တာပါ။ Daddy ကျွန်တော့်ကို ကျွေးနိုင်တာသိပါတယ်။ ဒါပေမဲ့ တချိန်မှာသားတစ်ယောက်ရဲ့ တာဝန်ကိုလဲ ကျွန်တော်ကြေချင်ပါသေးတယ်။"
"မေမေတို့ကလဲ သားအလုပ်လုပ်ရင်း မလွဲှသာမရှောင်သာတာမျိုးကြုံလာတဲ့အခါမှာ လူတွေကြားထဲ ခံနိုင်ရည်ရှိပါ့မလားကို ပူပန်မိတာပါ။"
"စိတ်မပူနဲ့မေမေ ။ ကျွန်တော်တို့က လူတွေနဲ့အများကြီး ဆက်စပ်စရာမလိုပါဘူး။ ပြီးတော့ သူဌေးကလည်း ကျွန်တော့်အကြောင်းကိုသိတယ် ဒီနေ့အင်တာဗျူးမှာ မေးတဲ့သူရဲ့သေခြင်း...."
ကျွံသွားတော့မည့် စကားကိုအချိန်မီပြန်ထိန်းသော်လည်း ကျွံကျသွားခံပြီမို့ မမှီတော့ပေ။ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်သည့် Daddy နဲ့ မျက်လုံးအိမ်မှာ မျက်ရည်စတို့ စတင်ခိုတွယ်လာသည့် မေမေမျက်လုံးတွေကိုသာ ငေးစိုက်ကြည့်နေမိတော့သည်။
"ထပ်ကြုံရပြန်ပြီလား မေမေ့သားလေး ခံစားရမှာပေါ့။ ဘယ်လိုကြောင့် မေမေ့သားလေးကျမှ ဒီလိုမျိုးအဖြစ်တွေ ကြုံနေရတာလဲ။ မေမေနဲ့ Daddy ဘာအမှားတွေလုပ်ခဲ့မိလို့....."
"သော်တာ မငိုပါနဲ့။ သားစိတ်မကောင်းဖြစ်မယ် မိန်းမရယ်။ သား ၂နှစ်တုန်းက အမေရိကန်ပြန်လည်ဖို့ ကိုယ်မလုပ်ခဲ့မိရင် အက်စီးဒန့်လဲကြုံရမှာမဟုတ်သလို သားမှာလဲ ဒါတွေဖြစ်ပေါ်လာမှာမဟုတ်ဘူး"
မေမေရဲ့တုန်ယင်နေသည့်အသံ၊ မိမိစိတ်မကောင်းဖြစ်မည်စိုး၍ လှမ်းတားရင်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေသည့် Daddy ရဲ့အသံကြား စိတ်မကောင်းဖြစ်မိခြင်းက မိဘတွေရဲ့ဝမ်းနည်းနာကျင်မှုအတွက်သာ။ ကိုယ်တိုင်ကတော့ ထူးထူးထွေထွေမခံစားမိ၊ ဘယ်လိုပြောရမလဲ လူတွေရဲ့ကြောက်ရွံရွံရှာမှုတွေ၊ ကူညီပေးလိုက်သည့်တိုင်အောင် မကောင်းဆိုးဝါတကောင်လို ဆက်ဆံခံရတာမျိုးတွေ၊ ငယ်ငယ်က မြန်မာနိုင်ငံမှာ နေစဉ်ကာလမှာတုန်းက အိမ်အထိတောင် အင်းကွက်တွေလာဆွဲတာမျိုး၊ မကောင်းဆိုးဝါးနှင်ထုတ်တဲ့ ပရိတ်ရည်တွေနဲ့အပက်ခံရတာတွေ၊ မေမေရဲ့ ငိုတဲ့အသံတွေ၊ Daddy ရဲ့သက်ပြင်းမောကြီးစတာတွေက ကြုံရဖန်များလွန်းလို့ ဒီလို အဖြစ်အပျက်တွေက မိမိဘဝရဲ့အစိတ်အပိုင်းတွေများလားလို ထင်မိလောက်အောင် များလွန်းလို့ မခံစားတတ်တော့ပဲ ထုံသွားတာပဲပြောရမည်ထင်သည်။
"မေမေ ဝမ်းမနည်းပါနဲ့။ Daddy လဲ အပြစ်မတင်ပါနဲ့။ ဒါကကျွန်တော့် ကံကြမ္မာပါ။ ပြောင်းလဲယူလို့မရတော့ဘူးဆိုတော့ ကျွန်တော်တို့၃ယောက် တတ်နိုင်သလောက်ပျော်ပျော်ပဲနေရမှာပေါ့"
သို့တိုင်အောင် မေမေကတော့ မိခင်ပီပီသားသမီးဖြစ်သူအတွက် ငိုနေဆဲပင်။အတင်းလဲ မတားရက်တော့တာကြောင့် အချိန်ပေးခဲ့ပြီး ခဏအကြာမှာတော့ မေမေက မျက်ရည်တွေကို သုတ်ကာခေါင်းပြန်မော့လာခဲ့သည်။
"မနက်ဖြန် အလုပ်စဆင်းတော့မှာဆိုတော့ သားမှာလိုနေတာတွေရှိမှာ"
"ဟုတ်တာပေါ့ ခဏနေရင် သားရယ်၊ Daddy ရယ် လိုအပ်တာထွက်ဝယ်ကြမယ်။ အချိန်အရမ်းနောက်မကျသေးပါဘူး
"ဘာတွေလိုမှာမို့လို့လဲ မလိုပါဘူး။ ရှိတာတွေပဲဝတ်မယ် သုံးမယ်"
"မဟုတ်တာ လုပ်ငန်းခွင်ဝင်တော့မှာ ပြီးတော့ company အကြီးကြီးမှာ အလုပ်ဝင်ရမှာကို ဖိနပ်နဲ့ အဝတ်အစားတော့ဝယ်ပေးရမှာပေါ့ သော်တာ? မင်းပါလိုက်ခဲ့ ကိုယ်တို့မိသားစုသုံးယောက် ညဘက်ဈေးဝယ်ထွက်မယ်လေ။ မိန်းမကိုလဲ စားချင်တာဝယ်ကျွေးမယ်၊ လိုချင်တာ ဝယ်ပေးမယ်"
ယောက်ကျားဖြစ်သူက ပြုံး၍ပြောလာတော့ မျက်စောင်းလေးထိုး၍ ရယ်နေသည့် မေမေ။ ထမင်းဝိုင်းလေးမြန်မြန်အဆုံးသတ်ပြီးနောက် ညဘက်ကြီးအပြေးအလွှားဈေးဝယ်ထွက်ကြပြီး ထိုအထဲ နိုရာတို့မိသားစုပါ ပါသည်။အားခြင်းစီစဉ်ရသည်မို့ ကောင်းဆက်တို့ မိသားစု လမ်းပေါ်ရောက်တာတောင် နိုရာတို့ရောက်မလာသေး။
တမိနစ်ခန့်အကြာမှာတော့ ခပ်သုတ်သုတ်လျှောက်လာသည့် နိုရာ့မိဘတွေနှင့် ခပ်လှမ်းလှမ်းမှ အကျီစွပ်လိုက်၊ ဖိနပ်ကြိုးငုံ့တပ်လိုက်၊ စောင့်ကြပါဦးဟု အော်ဟစ်နေသည့် နိုရာကြောင့် တလမ်းလုံးဆူညံနေတော့သည်။ ထို့နောက်တော့ မိသားစုနှစ်စုရဲ့ ညဘက်ဈေးဝယ်ထွက်ခြင်းလေး စတင်ခဲ့ကြတော့သည်။
5600 words