ကောင်းကင်ချစ်ကြိုး

By Heather_Bell

16.3K 1.8K 174

Chinese Theme Love Story (Own Creation) Collabration of NatpanKalay and Heather Bell More

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၄)
အပိုင်း ၅
အပိုင်း ၆

အပိုင်း (၃)

967 211 6
By Heather_Bell

ရှချန် ယှဉ်ပြိုင်မည်ကို လာရောက်ကြည့်မည်ဟု ကတိပေးထားမိ၍ လင်းဟွိုင်သည် သူ၏ ယှဉ်ပြိုင်မှု ပြီးသည့်တိုင် လက်ရုံးစွမ်းရည် ယှဉ်ပြိုင်သည့် စင်ဘက် တစ်ခေါက်လှည့်လာသည်။ ကံတရားက ရှန်ချန်နှင့် ချန်ကျီပင်းကို ယှဉ်ပြိုင်ဖက်များအဖြစ် တွဲဖက်ပေးထားသည်။ အရှုံးအနိုင်ကို သတ်မှတ်ခြင်း မဟုတ်၍သာ တော်ရော့မည်ဟု လင်းဟွိုင်တွက်ဆမိသည်။ ဓားနတ်မျိုးနွယ်စု၏ ဆက်ခံသူပီပီ ချန်ကျီပင်းသည် ခေလှသူမဟုတ်။ ငယ်စဉ်ကတည်းက ကောင်းပေ့ဆိုသော သင်ကြားရေးနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားခံရပြီး စွမ်းအားကြီး ဆေးလုံးတို့၏ အထောက်အပံ့ကိုလည်း ကောင်းကောင်းရထားသူ ဖြစ်သည်။

“နှင်းမျိုးနွယ် ဆက်ခံသူ ရှချန်နဲ့ ဓားနတ်မျိုးနွယ် ဆက်ခံသူ ချန်ကျီပင်းတို့ ယှဉ်ပြိုင်ရမှာတဲ့”

“တကယ့်ကို ပွဲကြီး ပွဲကောင်းပဲ”

ထိပ်သီး မျိုးနွယ်စုများ၏ ဆက်ခံသူ နှစ်ယောက်ဖြစ်သည့်အတွက် အများက စိတ်ဝင်စားလို့နေသည်။ တစ်ယောက်တစ်မျိုးလည်း မည်သူနိုင်မည်ကို ထင်မြင်ချက်များပေး၍ မှတ်ချက်ပြုနေကြသည်။ စိတ်ဝင်စားစရာ ပွဲစဉ်ကြောင့် ဖြစ်မည်ထင်သည်။ ယှဉ်ပြိုင်ပြီးသူများပင် နောက်ထပ်ပွဲစဉ်များအတွက် မပြင်ဆင်ဘဲ လာရောက်ကြည့်နေကြသည်။

“ရှချန် မင်းနဲ့ငါက တကယ့်ကို လိုက်ဖက်တဲ့ စုံတွဲလို့ မခံစားရဘူးလား”

ချန်ကျီပင်း၏ ရိသဲ့သဲ့စကားကို ရှချန်အနေဖြင့် ဂရုမထားဖို့ရာ စိတ်ကူးသော်လည်း စိတ်အနှောင့်အယှက်တော့ ဖြစ်မိသည်။ ဘယ်သူက လိုက်ဖက်တာတဲ့လဲ။

“အပိုတွေ မပြောနဲ့၊ ငါမင်းကိုညှာမှာမဟုတ်ဘူး”

“ကောင်းပါပြီ၊ မင်းသဘောပေါ့”

ထိုသို့ပြောလိုက်သော်လည်း ချန်ကျီပင်း၏ အမူအရာက အေးအေးဆေးဆေးပင် ရှိသေးသည်။ သူ့မျက်လုံးထဲတွင် ရှချန်ကို ပြိုင်ဖက်တစ်ယောက်အဖြစ် မမြင်သည်လား မပြောတတ်ပေ။

မည်သို့ကြောင့်ရယ်မသိ၊ လင်းဟွိုင်ကတော့ ပြာလွင်သော ကောင်းကင်ကြီးအောက်က စင်မြင့်ထက်တွင် ရပ်နေသူ မျိုးနွယ်စု ဆက်ခံသူ နှစ်ဦးကို ကြည့်ကာ စိတ်မသက်မသာဖြစ်မိသည်။ ၎င်းတို့၏ ဝတ်ရုံများသည် လေပြည်ညှင်းကြောင့် တိမ်တိုက်သဏ္ဌာန် ခပ်လွင့်လွင့် လှုပ်ခတ်နေသည်။ ၎င်းတို့သည် တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေကြသည်။

“သူတို့နှစ်ယောက်လိုက်ဖက်တယ်လို့ မခံစားရဘူးလား”

နံဘေးက ပေါ်ထွက်လာသည့် ခပ်ချိုချို အသံကြောင့် အေးအေးဆေးဆေး ရပ်နေသည့် လင်းဟွိုင်မှာ မျက်မှောင်ကြုတ်သွားသည်။ သူမကြည့်ဘဲ သိနေသည်။ မီးနတ်မျိုးနွယ်က သခင်မလေး ရှန်ရှန်ပင်။

“ဘာကိုလိုက်ဖက်ရမှာလဲ၊ သူတို့က ပြိုင်ဖက်တွေလေ မမြင်ဘူးလား”

လင်းဟွိုင်က အေးစက်စက် စကားဆိုတော့ ရှန်ရှန်က တိုးတိုးလေးရယ်သည်။

“ဘာလို့လဲမသိဘူး၊ နင့်ကိုယ်ပေါ်က ချဉ်စူးစူးအနံ့တွေ ရနေတယ်၊ ငါပြောတာလည်း သူတို့နှစ်ယောက်က ပြိုင်ဖက်အနေနဲ့ လိုက်ဖက်တယ်လို့ ပြောတာပဲလေ”

“လာမရှုပ်နဲ့”

အာရုံနောက်လာ၍ လင်းဟွိုင် ထိုသို့ပဲ တုံ့ပြန်မိသည်။

ရှန်ရှန်ကတော့ လင်းဟွိုင်၏ တုံ့ပြန်မှုကို စိတ်ရှိပုံမရ။ အနားတွင်ရပ်ကာ တစ်လျှောက်လုံး မနားတမ်း တတွတ်တွတ် ဝေဖန်နေတော့သည်။

ပြိုင်ပွဲစတင်ရန် မောင်းသံထုလိုက်ချိန်၌ ရှချန်က စင်မြင့်ထက်မှ လူအုပ်ဘက်ကို တစ်ချက်ဝေ့ကြည့်သည်။ မျက်ဝန်းဝိုင်းလေးများက တစ်စုံတစ်ယောက်၏ ပုံရိပ်ကို ဖမ်းယူဖို့ရာ ကြိုးပမ်းသည့်အလား ခပ်မြန်မြန်လေး ဝေ့ဝဲသွားသည်။ သူသည် ရှာနေသူကို တွေ့လိုက်ရသောအခါ မျက်နှာထက်၌ လှပသော အပြုံးရိပ်လေး ပေါ်လာသည်။ ထို့နောက် မသိမသာ လက်လေးကို မြှောက်၍ လင်းဟွိုင်မြင်အောင် ထောင်ပြသည်။

လင်းဟွိုင်လည်း လှပသော ပုံရိပ်လေးကို လျစ်လျူမရှုနိုင်၍ ပြန်၍ လက်ထောင်ပြမိသည်။

“အို. . . နင်တို့က အတော်ရင်းနှီးနေပြီပဲ”

ရှန်ရှန်ပြောလာသည်ကို လင်းဟွိုင်က မသိကျိုးကျွံဘဲ ပြုနေလိုက်သည်။

ပြိုင်ပွဲစတင်လေပြီ။ ထိပ်သီးမျိုးနွယ်စုမှ ဆက်ခံသူ နှစ်ဦးပီပီ အရှိန်အဝါများ တောက်ပနေပြီး ယှဉ်ပြိုင်မှုက ပြင်းထန်လှသည်။ စွမ်းအင်များကို အသုံးပြုခွင့် မရှိဘဲ လက်ရုံးရည်သက်သက်သာ ယှဉ်ပြိုင်ရခြင်းဖြစ်သောကြောင့် ကျော့ရှင်းသွယ်လျသည့် ကိုယ်ခန္ဓာပိုင်ရှင် ရှချန်အတွက် လင်းဟွိုင် စိတ်ပူမိသည်။ ချန်ကျီပင်းကတော့ တောင့်တင်းခိုင်မာမှုတွင် ဓားနတ်မျိုးနွယ်စုတွင်ပင် ရှားရှားပါးပါးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

ရှချန်အတွက်တော့ ချန်ကျီပင်း၏ ပြင်းထန်သော တိုက်ကွက်များက စိုးရိမ်စေပုံမရ။ သူက အသာအယာပင် ကိုယ်ကို ယိမ်းနွဲ့ပြီး ရှောင်တိမ်းသည်။ ဝါးပင်၏ ပျော့ပျောင်းမှုလို ညွတ်တိမ်းကာ တုံ့ပြန်လာသော တိုက်ကွက်များသည် ချန်ကျီပင်းကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်ကား အမှန်ပင်။  ထိုထက်ပို၍ ချန်ကျီပင်းကိုယ်တိုင်ကလည်း ရှချန် ပြင်းပြင်းထန်ထိခိုက်သွားမည်ကို မလိုလားသည့်အလား သူ၏ စွမ်းအင်ကို အလုံးစုံ မထုတ်ဖော်ချေ။

ရပ်ကြည့်နေသူ ဓားနတ်မျိုးနွယ်စုဝင် လင်းဟွိုင်အဖို့ ချန်ကျီပင်း၏ တိုက်ခိုက်မှုပုံစံအား အကြိမ်ကြိမ်တွေ့မြင်ဖူးသူ ပီပီ ချန်ကျီပင်း အစွမ်းကုန် တိုက်ခိုက်မနေမှန်း အကြည့်တစ်ချက်ဖြင့်ပင် သိနိုင်လေသည်။

သူ့အတွက် စိတ်ခံစားချက်ကတော့နှစ်မျိုး လွန်ဆွဲနေသည်။ တစ်ဖက်၌လည်း သူသည် ရှချန်ကို ထိခိုက်စေမည်ကို စိုးရိမ်နေသည်။ တစ်ဖက်၌လည်း ချန်ကျီပင်း ထိုသို့ တမင်တကာ အလျှော့ပေးနေသည်ကို မနှစ်မြို့လှပေ။

အမှန်တကယ်လည်း ချန်ကျီပင်း၏ အလျှော့ပေးနေမှုကို မနှစ်မြို့သူ နောက်တစ်ယောက်ရှိပါသေးသည်။

“မင်းကောင်းကောင်းတိုက်ခိုက်”

စိတ်အလိုမကျမှုကြောင့် ဖြစ်မည်ထင်သည်။ ရှချန်၏ မျက်နှာမှာ တစ်မျိုးတင်းမာနေသည်။ နှုတ်ခမ်းအစုံက ပြန်၍မဖွင့်တော့လေသယောင် စေ့ပိတ်နေပြီး မျက်ဝန်းအစုံက စူးရဲနေသည်။

“ကောင်းကောင်းတိုက်ခိုက်နေတာပဲလေ”

ချန်ကျီပင်းက တုံ့ပြန်လာသည်။ သူ့အတွက်တော့ ပြိုင်ပွဲသည် ပြိုင်ဖက်ကို သေချာပေါက်အနိုင်ယူရမည်ဟု သတ်မှတ်မထားသည့်အတွက် ရှချန်ကို အနိုင်ယူဖို့ရာ စိတ်မလောပေ။ မိမိကိုယ်ပိုင်စွမ်းရည်အပေါ် ယုံကြည်မှုအပြည့် ရှိသဖြင့် အမှတ်ပေးစည်းမျဉ်းဖြင့် ဆုံးဖြတ်လျှင် သေချာပေါက် အကဲဖြတ်ဒိုင်များက အမှတ်များများပေးမည်ဟု ယုံကြည်နေသည်။

“ကောင်းပြီ၊ ငါ့အဆိုးမဆိုနဲ့”

သို့ဆိုကာ ရှချန်က သူ၏ အပြင်းထန်ဆုံးတိုက်ကွက်ကာ ပုံဖော်၍ ချန်ကျီပင်းထံ လက်ဝါးရိုက်ချက်တစ်ချက် ပစ်သွင်းလိုက်သည်။

ချန်ကျီပင်း အလျင်အမြန် ရှောင်တိမ်းလိုက်သည်။ သို့သော် သူမထင်ထားသည်က နောက်က တစ်ဆက်တည်း ပါလာသော လက်ဝါးရိုက်ချက်ပင်။ ထိုလက်ဝါးချက်က ချန်ကျီပင်း၏ ရင်ဘတ်ပေါ် တည့်မတ်စွာ ကျလာသည်။

“အွန့်. . .”

အားပါသောကြောင့် ချန်ကျီပင်း ဟန်ချက်ပျက်သွားပြီး အနောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။

ဆိုရလျှင် ရှချန်မှာ ပိုလို့ ဒေါသထွက်သွားသည်။ လက်ဝါးချက်ခံလိုက်သည့်အခါ ချန်ကျီပင်း သူ့ထံသို့ ကြည့်လာသည့် အကြည့်သည် တမင် အလျှော့ပေးလိုက်တာ ဟု ဆိုလိုသော အကြည့်ပင်။ ထိုသည်က မာနကြီး သူ ရှချန်အဖို့ လက်ခံရခက်စေသည်။ သူသည် ပြိုင်ပွဲကို အစမှအဆုံး ထိပ်သီးမျိုးနွယ်ဟုသော နောက်ခံအင်အားကိုပင် အသုံးမပြုဘဲ အတတ်နိုင်ဆုံး ကြိုးစား၍ ယှဉ်ပြိုင်ချင်သူ ဖြစ်သည်။  ယခုတော့ ပထမဆုံး ပွဲစဉ်ဖြင့်ပင် ချန်ကျီပင်း၏ အလျှော့ပေးမှုကြောင့်  သူ၏ ကြိုးစားမှုမှာ အရာထင်သင့်သလောက် မထင်ပေ။ လူတိုင်း၏ အမြင်တွင် ရှချန်တော်သည်ထက် ချန်ကျီပင်း အလျှော့ပေးလိုက်သည်ဟုသာ မြင်ကြလိမ့်မည်။

ထိုစဉ်မှာပင် အနိုင်၊ အရှုံး မကွဲပြားသေးခင် အချိန်စေ့ပြီ ဖြစ်ကြောင်း ကြေညာမှုကြောင့် ရှချန် ရပ်တန့်လိုက်ရသည်။ စင်ပေါ်က ဆင်းလာချိန်မှာတော့ ရှချန်၏ မျက်နှာမှာ မကြည်မသာ ရှိလှသည်။

လင်းဟွိုင်က သူ့ကို အားပေးစကားပြောထားသည့် ရှချန်ကို လျစ်လျူမရှုနိုင်၍ သူဆင်းလာသည့်နားသို့ လျှောက်သွားကာ-

“မင်းတကယ်တော်တာပဲ”

ထိုသည်က လင်းဟွိုင် ရင်ထဲမှလာသော ချီးကျူးစကားပင်။ သူသည် ပွဲစဉ်တစ်လျှောက်လုံး ရှချန်ကိုပဲ ကောင်းကောင်းအာရုံစိုက်နေသူဖြစ်၍ ချန်ကျီပင်း အလျှော့ပေး၊ မပေးကို စိတ်မဝင်စား။ ရှချန်၏တိုက်ခိုက်မှုကိုပဲ သေချာအကဲခတ်ကြည့်နေသူဖြစ်၍ ထိုသည်က အံ့ဩလောက်ဖွယ် အရည်အချင်း ရှိမှန်တော့ သိသည်။

“ကျေးဇူးပါ၊ ထင်သလောက်လည်း မဟုတ်ပါဘူး”

ချွေးစေးတို့ စို့နေသော မျက်နှာ ချောချောလေးမှာ စိတ်ပျက်မှုတို့က အထင်းသား။

လင်းဟွိုင်လည်း မည်သို့ ဆက်ပြောရမည် မသိ၍ ခပ်ဆိတ်ဆိတ်ပဲ‌ နေမိသည်။ အဆုံးသတ်တော့ သူသည် မီးနတ်မျိုးနွယ်မှ မိန်းမပျိုလေး ရှန်ရှန်လို စကားများများ ပြောတတ်သူ မဟုတ်။ လူများစွာနှင့်လည်း ကောင်းကောင်း မဆက်ဆံဖူး၍ သူပြောလိုက်လျှင် အမှားပါသွားမည်ကို စိုးရိမ်နေမိသည်။

လင်းဟွိုင်၏ တိတ်ဆိတ်ပြီး တုံ့ပြန်မှု မလာသော အမူအရာကို ရှချန်က မည်သို့ ထင်သည်မသိ။ သူ့ကို အဆက်အဆံမပြုချင်ဟု အဓိပ္ပာယ်ကောက်လိုက်ကာ သူသည်လည်း ဆက်မပြောတော့။ ခပ်ယဲ့ယဲ့ပြုံးပြကာ အနားမှ ထွက်သွားသည်။

ကျောခိုင်းထွက်သွားသူ ရှချန်ကို ကြည့်ကာ လင်းဟွိုင် မည်သို့ ဖြစ်သွားသည် မသိ။ စိတ်ညည်းညူသွားသလို တစ်ခုခုကိုလည်း အလိုမကျဒေါသထွက်သလို ခံစားလိုက်ရသည်။

“သူ စိတ်ဆိုးသွားပြီလား၊ ငါက နင်တို့ ကောင်းကောင်း အဆင်ပြေနေတယ်ထင်တာ”

မည်သူအချိန်က လင်းဟွိုင် အနား ရောက်လာမှန်း မသိသော ရှန်းရှန်းပင်။

နဂိုကမှ စိတ်မကြည်နေသော လင်းဟွိုင်က မျက်မှောင်ကြုတ်ပြီး-

“မင်းအလှည့် မရောက်သေးဘူးလား၊ ဘာလို့ တစ်ချိန်လုံး သူများကိစ္စကိုပဲ စပ်စပ်စုစု လုပ်နေရတာလဲ”

“ခစ်ခစ်…ငါပျင်းလို့လေ၊ နင်သိမလားတော့ မသိဘူး၊ နင်က အေးစက်စက် ထုံပေပေနဲ့ ငါ့အတွက်တော့ စိတ်ဝင်စားစရာပဲ”

“. . . .”

လင်းဟွိုင် မည်သည့် စကားမှ ထပ်မပြောတော့။ နေရာမှပဲ ထွက်လာခဲ့သည်။

“ဝေး. . .ငါပြိုင်ရဦးမှာလေ၊ နင်အားမပေးတော့ဘူးလား”

လင်းဟွိုင်က ရှန်းရှန်းပြောသည်ကို မကြားသည့်အလား လှည့်၍ပင်မကြည့်။

“အိုက်ယိုး . . .နင်ဟာလေ လူမှုရေးကို မသိတတ်ဘူး၊ ကိုယ့်သူငယ်ချင်းကို အားပေးရမှန်း မသိဘူး”

ဗျစ်တောက်ဗျစ်တောက်ဆိုကာ ရှန်းရှန်း ကျန်နေခဲ့သည်။

ထိုနေ့က ရှန်းရှန်းယှဉ်ပြိုင်ရသည့်သူမှာ ကောင်းကင်ဘုံ တိမ်တမံ မျိုးနွယ်စု၏ ဆက်ခံသူ တစ်ဖြစ်လဲ ကျောင်းအုပ်ကြီးဖန်၏ သား ဖန်မင်းဟုန် ဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ထိပ်သီးမျိုးနွယ်စုများပီပီ စွမ်းအင်များ အသုံးမပြုရသည့်တိုင် ကောင်းကောင်းတိုက်ခိုက်နိုင်ကြသည်။ ထူးခြားချက်မှာ ရှန်းရှန်းရော၊ ဖန်မင်းဟုန်ရောက မိမိကိုယ်ပိုင် စွမ်းရည်များကို အပြည့်အဝ အသုံးချခြင်း မရှိဘဲ တစ်ချို့တစ်ဝက်ထိန်ချန်ကာ တိုက်ခိုက်ကြသည်။ အပြိုင်အဆိုင်များသော ကောင်းကင်ဘုံ သင်တန်းကျောင်းလို‌နေရာတွင် ထိုကဲ့သို့ လျှို့ဝှက်သည်မှာ ဖြစ်လေ့ဖြစ်ထရှိမြဲပင်။

ရှန်းရှန်းနှင့် ဖန်မင်းဟုန်တို့၏ ပွဲစဉ်သည်လည်း ထိုနေ့က ယှဉ်ပြိင်သည့် လင်ဟွိုင်နှင့် လေမျိုးနွယ်စု သခင်လေး၊ ရှချန်နှင့် ချန်ကျီပင်းတို့ နည်းတူ အနိုင်အရှုံး မကွဲပြားသော ပွဲစဉ်အဖြစ်သာ ပြီးဆုံးသွားသည်။

မကြာမီတွင် ဒုတိယမြောက် စမ်းသပ်ချက် ဖြစ်သည့် အနုပညာ စွမ်းရည်ကို ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ထိုကြားထဲတွင် ကောင်းကင်ဘုံလူကြီးများက ယှဉ်ပြိုင်ကြသူ အသီးသီး၏ လက်ရုံးရည်စွမ်းရည်များကို အကဲဖြတ်အမှတ်ပေးပြီး ဖြစ်သည်။

……………………………………………………………………………………………………………………………………………………………………..

Zawgyi

ရွခ်န္ ယွဥ္ၿပိဳင္မည္ကို လာေရာက္ၾကည့္မည္ဟု ကတိေပးထားမိ၍ လင္းဟြိုင္သည္ သူ၏ ယွဥ္ၿပိဳင္မႈ ၿပီးသည့္တိုင္ လက္႐ုံးစြမ္းရည္ ယွဥ္ၿပိဳင္သည့္ စင္ဘက္ တစ္ေခါက္လွည့္လာသည္။ ကံတရားက ရွန္ခ်န္ႏွင့္ ခ်န္က်ီပင္းကို ယွဥ္ၿပိဳင္ဖက္မ်ားအျဖစ္ တြဲဖက္ေပးထားသည္။ အရႈံးအနိုင္ကို သတ္မွတ္ျခင္း မဟုတ္၍သာ ေတာ္ေရာ့မည္ဟု လင္းဟြိုင္တြက္ဆမိသည္။ ဓားနတ္မ်ိဳးႏြယ္စု၏ ဆက္ခံသူပီပီ ခ်န္က်ီပင္းသည္ ေခလွသူမဟုတ္။ ငယ္စဥ္ကတည္းက ေကာင္းေပ့ဆိုေသာ သင္ၾကားေရးနည္းစနစ္မ်ားျဖင့္ ေလ့က်င့္သင္ၾကားခံရၿပီး စြမ္းအားႀကီး ေဆးလုံးတို႔၏ အေထာက္အပံ့ကိုလည္း ေကာင္းေကာင္းရထားသူ ျဖစ္သည္။

ႏွင္းမ်ိဳးႏြယ္ ဆက္ခံသူ ရွခ်န္နဲ႕ ဓားနတ္မ်ိဳးႏြယ္ ဆက္ခံသူ ခ်န္က်ီပင္းတို႔ ယွဥ္ၿပိဳင္ရမွာတဲ့

တကယ့္ကို ပြဲႀကီး ပြဲေကာင္းပဲ

ထိပ္သီး မ်ိဳးႏြယ္စုမ်ား၏ ဆက္ခံသူ ႏွစ္ေယာက္ျဖစ္သည့္အတြက္ အမ်ားက စိတ္ဝင္စားလို႔ေနသည္။ တစ္ေယာက္တစ္မ်ိဳးလည္း မည္သူနိုင္မည္ကို ထင္ျမင္ခ်က္မ်ားေပး၍ မွတ္ခ်က္ျပဳေနၾကသည္။ စိတ္ဝင္စားစရာ ပြဲစဥ္ေၾကာင့္ ျဖစ္မည္ထင္သည္။ ယွဥ္ၿပိဳင္ၿပီးသူမ်ားပင္ ေနာက္ထပ္ပြဲစဥ္မ်ားအတြက္ မျပင္ဆင္ဘဲ လာေရာက္ၾကည့္ေနၾကသည္။

ရွခ်န္ မင္းနဲ႕ငါက တကယ့္ကို လိုက္ဖက္တဲ့ စုံတြဲလို႔ မခံစားရဘူးလား

ခ်န္က်ီပင္း၏ ရိသဲ့သဲ့စကားကို ရွခ်န္အေနျဖင့္ ဂ႐ုမထားဖို႔ရာ စိတ္ကူးေသာ္လည္း စိတ္အႏွောင့္အယွက္ေတာ့ ျဖစ္မိသည္။ ဘယ္သူက လိုက္ဖက္တာတဲ့လဲ။

အပိုေတြ မေျပာနဲ႕၊ ငါမင္းကိုညွာမွာမဟုတ္ဘူး

ေကာင္းပါၿပီ၊ မင္းသေဘာေပါ့

ထိုသို႔ေျပာလိုက္ေသာ္လည္း ခ်န္က်ီပင္း၏ အမူအရာက ေအးေအးေဆးေဆးပင္ ရွိေသးသည္။ သူ႕မ်က္လုံးထဲတြင္ ရွခ်န္ကို ၿပိဳင္ဖက္တစ္ေယာက္အျဖစ္ မျမင္သည္လား မေျပာတတ္ေပ။

မည္သို႔ေၾကာင့္ရယ္မသိ၊ လင္းဟြိုင္ကေတာ့ ျပာလြင္ေသာ ေကာင္းကင္ႀကီးေအာက္က စင္ျမင့္ထက္တြင္ ရပ္ေနသူ မ်ိဳးႏြယ္စု ဆက္ခံသူ ႏွစ္ဦးကို ၾကည့္ကာ စိတ္မသက္မသာျဖစ္မိသည္။ ၎တို႔၏ ဝတ္႐ုံမ်ားသည္ ေလျပည္ညွင္းေၾကာင့္ တိမ္တိုက္သဏၭာန္ ခပ္လြင့္လြင့္ လႈပ္ခတ္ေနသည္။ ၎တို႔သည္ တစ္ေယာက္ကို တစ္ေယာက္ မ်က္ႏွာခ်င္းဆိုင္ ၾကည့္ေနၾကသည္။

သူတို႔ႏွစ္ေယာက္လိုက္ဖက္တယ္လို႔ မခံစားရဘူးလား

နံေဘးက ေပၚထြက္လာသည့္ ခပ္ခ်ိဳခ်ိဳ အသံေၾကာင့္ ေအးေအးေဆးေဆး ရပ္ေနသည့္ လင္းဟြိုင္မွာ မ်က္ေမွာင္ၾကဳတ္သြားသည္။ သူမၾကည့္ဘဲ သိေနသည္။ မီးနတ္မ်ိဳးႏြယ္က သခင္မေလး ရွန္ရွန္ပင္။

ဘာကိုလိုက္ဖက္ရမွာလဲ၊ သူတို႔က ၿပိဳင္ဖက္ေတြေလ မျမင္ဘူးလား

လင္းဟြိုင္က ေအးစက္စက္ စကားဆိုေတာ့ ရွန္ရွန္က တိုးတိုးေလးရယ္သည္။

ဘာလို႔လဲမသိဘူး၊ နင့္ကိုယ္ေပၚက ခ်ဥ္စူးစူးအနံ႕ေတြ ရေနတယ္၊ ငါေျပာတာလည္း သူတို႔ႏွစ္ေယာက္က ၿပိဳင္ဖက္အေနနဲ႕ လိုက္ဖက္တယ္လို႔ ေျပာတာပဲေလ

လာမရႈပ္နဲ႕

အာ႐ုံေနာက္လာ၍ လင္းဟြိုင္ ထိုသို႔ပဲ တုံ႕ျပန္မိသည္။

ရွန္ရွန္ကေတာ့ လင္းဟြိုင္၏ တုံ႕ျပန္မႈကို စိတ္ရွိပုံမရ။ အနားတြင္ရပ္ကာ တစ္ေလွ်ာက္လုံး မနားတမ္း တတြတ္တြတ္ ေဝဖန္ေနေတာ့သည္။

ၿပိဳင္ပြဲစတင္ရန္ ေမာင္းသံထုလိုက္ခ်ိန္၌ ရွခ်န္က စင္ျမင့္ထက္မွ လူအုပ္ဘက္ကို တစ္ခ်က္ေဝ့ၾကည့္သည္။ မ်က္ဝန္းဝိုင္းေလးမ်ားက တစ္စုံတစ္ေယာက္၏ ပုံရိပ္ကို ဖမ္းယူဖို႔ရာ ႀကိဳးပမ္းသည့္အလား ခပ္ျမန္ျမန္ေလး ေဝ့ဝဲသြားသည္။ သူသည္ ရွာေနသူကို ေတြ႕လိုက္ရေသာအခါ မ်က္ႏွာထက္၌ လွပေသာ အၿပဳံးရိပ္ေလး ေပၚလာသည္။ ထို႔ေနာက္ မသိမသာ လက္ေလးကို ျမႇောက္၍ လင္းဟြိုင္ျမင္ေအာင္ ေထာင္ျပသည္။

လင္းဟြိုင္လည္း လွပေသာ ပုံရိပ္ေလးကို လ်စ္လ်ဴမရႈနိုင္၍ ျပန္၍ လက္ေထာင္ျပမိသည္။

အို. . . နင္တို႔က အေတာ္ရင္းႏွီးေနၿပီပဲ

ရွန္ရွန္ေျပာလာသည္ကို လင္းဟြိုင္က မသိက်ိဳးကြၽံဘဲ ျပဳေနလိုက္သည္။

ၿပိဳင္ပြဲစတင္ေလၿပီ။ ထိပ္သီးမ်ိဳးႏြယ္စုမွ ဆက္ခံသူ ႏွစ္ဦးပီပီ အရွိန္အဝါမ်ား ေတာက္ပေနၿပီး ယွဥ္ၿပိဳင္မႈက ျပင္းထန္လွသည္။ စြမ္းအင္မ်ားကို အသုံးျပဳခြင့္ မရွိဘဲ လက္႐ုံးရည္သက္သက္သာ ယွဥ္ၿပိဳင္ရျခင္းျဖစ္ေသာေၾကာင့္ ေက်ာ့ရွင္းသြယ္လ်သည့္ ကိုယ္ခႏၶာပိုင္ရွင္ ရွခ်န္အတြက္ လင္းဟြိုင္ စိတ္ပူမိသည္။ ခ်န္က်ီပင္းကေတာ့ ေတာင့္တင္းခိုင္မာမႈတြင္ ဓားနတ္မ်ိဳးႏြယ္စုတြင္ပင္ ရွားရွားပါးပါးအျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္သည္။

ရွခ်န္အတြက္ေတာ့ ခ်န္က်ီပင္း၏ ျပင္းထန္ေသာ တိုက္ကြက္မ်ားက စိုးရိမ္ေစပုံမရ။ သူက အသာအယာပင္ ကိုယ္ကို ယိမ္းႏြဲ႕ၿပီး ေရွာင္တိမ္းသည္။ ဝါးပင္၏ ေပ်ာ့ေပ်ာင္းမႈလို ၫြတ္တိမ္းကာ တုံ႕ျပန္လာေသာ တိုက္ကြက္မ်ားသည္ ခ်န္က်ီပင္းကို ၿခိမ္းေျခာက္နိုင္စြမ္း ရွိသည္ကား အမွန္ပင္။ ထိုထက္ပို၍ ခ်န္က်ီပင္းကိုယ္တိုင္ကလည္း ရွခ်န္ ျပင္းျပင္းထန္ထိခိုက္သြားမည္ကို မလိုလားသည့္အလား သူ၏ စြမ္းအင္ကို အလုံးစုံ မထုတ္ေဖာ္ေခ်။

ရပ္ၾကည့္ေနသူ ဓားနတ္မ်ိဳးႏြယ္စုဝင္ လင္းဟြိုင္အဖို႔ ခ်န္က်ီပင္း၏ တိုက္ခိုက္မႈပုံစံအား အႀကိမ္ႀကိမ္ေတြ႕ျမင္ဖူးသူ ပီပီ ခ်န္က်ီပင္း အစြမ္းကုန္ တိုက္ခိုက္မေနမွန္း အၾကည့္တစ္ခ်က္ျဖင့္ပင္ သိနိုင္ေလသည္။

သူ႕အတြက္ စိတ္ခံစားခ်က္ကေတာ့ႏွစ္မ်ိဳး လြန္ဆြဲေနသည္။ တစ္ဖက္၌လည္း သူသည္ ရွခ်န္ကို ထိခိုက္ေစမည္ကို စိုးရိမ္ေနသည္။ တစ္ဖက္၌လည္း ခ်န္က်ီပင္း ထိုသို႔ တမင္တကာ အေလွ်ာ့ေပးေနသည္ကို မႏွစ္ၿမိဳ႕လွေပ။

အမွန္တကယ္လည္း ခ်န္က်ီပင္း၏ အေလွ်ာ့ေပးေနမႈကို မႏွစ္ၿမိဳ႕သူ ေနာက္တစ္ေယာက္ရွိပါေသးသည္။

မင္းေကာင္းေကာင္းတိုက္ခိုက္

စိတ္အလိုမက်မႈေၾကာင့္ ျဖစ္မည္ထင္သည္။ ရွခ်န္၏ မ်က္ႏွာမွာ တစ္မ်ိဳးတင္းမာေနသည္။ ႏႈတ္ခမ္းအစုံက ျပန္၍မဖြင့္ေတာ့ေလသေယာင္ ေစ့ပိတ္ေနၿပီး မ်က္ဝန္းအစုံက စူးရဲေနသည္။

ေကာင္းေကာင္းတိုက္ခိုက္ေနတာပဲေလ

ခ်န္က်ီပင္းက တုံ႕ျပန္လာသည္။ သူ႕အတြက္ေတာ့ ၿပိဳင္ပြဲသည္ ၿပိဳင္ဖက္ကို ေသခ်ာေပါက္အနိုင္ယူရမည္ဟု သတ္မွတ္မထားသည့္အတြက္ ရွခ်န္ကို အနိုင္ယူဖို႔ရာ စိတ္မေလာေပ။ မိမိကိုယ္ပိုင္စြမ္းရည္အေပၚ ယုံၾကည္မႈအျပည့္ ရွိသျဖင့္ အမွတ္ေပးစည္းမ်ဥ္းျဖင့္ ဆုံးျဖတ္လွ်င္ ေသခ်ာေပါက္ အကဲျဖတ္ဒိုင္မ်ားက အမွတ္မ်ားမ်ားေပးမည္ဟု ယုံၾကည္ေနသည္။

ေကာင္းၿပီ၊ ငါ့အဆိုးမဆိုနဲ႕

သို႔ဆိုကာ ရွခ်န္က သူ၏ အျပင္းထန္ဆုံးတိုက္ကြက္ကာ ပုံေဖာ္၍ ခ်န္က်ီပင္းထံ လက္ဝါးရိုက္ခ်က္တစ္ခ်က္ ပစ္သြင္းလိုက္သည္။

ခ်န္က်ီပင္း အလ်င္အျမန္ ေရွာင္တိမ္းလိုက္သည္။ သို႔ေသာ္ သူမထင္ထားသည္က ေနာက္က တစ္ဆက္တည္း ပါလာေသာ လက္ဝါးရိုက္ခ်က္ပင္။ ထိုလက္ဝါးခ်က္က ခ်န္က်ီပင္း၏ ရင္ဘတ္ေပၚ တည့္မတ္စြာ က်လာသည္။

အြန႔္. . .

အားပါေသာေၾကာင့္ ခ်န္က်ီပင္း ဟန္ခ်က္ပ်က္သြားၿပီး အေနာက္သို႔ ေျခႏွစ္လွမ္းခန႔္ ဆုတ္သြားသည္။

ဆိုရလွ်င္ ရွခ်န္မွာ ပိုလို႔ ေဒါသထြက္သြားသည္။ လက္ဝါးခ်က္ခံလိုက္သည့္အခါ ခ်န္က်ီပင္း သူ႕ထံသို႔ ၾကည့္လာသည့္ အၾကည့္သည္ တမင္ အေလွ်ာ့ေပးလိုက္တာ ဟု ဆိုလိုေသာ အၾကည့္ပင္။ ထိုသည္က မာနႀကီး သူ ရွခ်န္အဖို႔ လက္ခံရခက္ေစသည္။ သူသည္ ၿပိဳင္ပြဲကို အစမွအဆုံး ထိပ္သီးမ်ိဳးႏြယ္ဟုေသာ ေနာက္ခံအင္အားကိုပင္ အသုံးမျပဳဘဲ အတတ္နိုင္ဆုံး ႀကိဳးစား၍ ယွဥ္ၿပိဳင္ခ်င္သူ ျဖစ္သည္။ ယခုေတာ့ ပထမဆုံး ပြဲစဥ္ျဖင့္ပင္ ခ်န္က်ီပင္း၏ အေလွ်ာ့ေပးမႈေၾကာင့္ သူ၏ ႀကိဳးစားမႈမွာ အရာထင္သင့္သေလာက္ မထင္ေပ။ လူတိုင္း၏ အျမင္တြင္ ရွခ်န္ေတာ္သည္ထက္ ခ်န္က်ီပင္း အေလွ်ာ့ေပးလိုက္သည္ဟုသာ ျမင္ၾကလိမ့္မည္။

ထိုစဥ္မွာပင္ အနိုင္၊ အရႈံး မကြဲျပားေသးခင္ အခ်ိန္ေစ့ၿပီ ျဖစ္ေၾကာင္း ေၾကညာမႈေၾကာင့္ ရွခ်န္ ရပ္တန႔္လိုက္ရသည္။ စင္ေပၚက ဆင္းလာခ်ိန္မွာေတာ့ ရွခ်န္၏ မ်က္ႏွာမွာ မၾကည္မသာ ရွိလွသည္။

လင္းဟြိုင္က သူ႕ကို အားေပးစကားေျပာထားသည့္ ရွခ်န္ကို လ်စ္လ်ဴမရႈနိုင္၍ သူဆင္းလာသည့္နားသို႔ ေလွ်ာက္သြားကာ-

မင္းတကယ္ေတာ္တာပဲ

ထိုသည္က လင္းဟြိုင္ ရင္ထဲမွလာေသာ ခ်ီးက်ဴးစကားပင္။ သူသည္ ပြဲစဥ္တစ္ေလွ်ာက္လုံး ရွခ်န္ကိုပဲ ေကာင္းေကာင္းအာ႐ုံစိုက္ေနသူျဖစ္၍ ခ်န္က်ီပင္း အေလွ်ာ့ေပး၊ မေပးကို စိတ္မဝင္စား။ ရွခ်န္၏တိုက္ခိုက္မႈကိုပဲ ေသခ်ာအကဲခတ္ၾကည့္ေနသူျဖစ္၍ ထိုသည္က အံ့ဩေလာက္ဖြယ္ အရည္အခ်င္း ရွိမွန္ေတာ့ သိသည္။

ေက်းဇူးပါ၊ ထင္သေလာက္လည္း မဟုတ္ပါဘူး

ေခြၽးေစးတို႔ စို႔ေနေသာ မ်က္ႏွာ ေခ်ာေခ်ာေလးမွာ စိတ္ပ်က္မႈတို႔က အထင္းသား။

လင္းဟြိုင္လည္း မည္သို႔ ဆက္ေျပာရမည္ မသိ၍ ခပ္ဆိတ္ဆိတ္ပဲ ေနမိသည္။ အဆုံးသတ္ေတာ့ သူသည္ မီးနတ္မ်ိဳးႏြယ္မွ မိန္းမပ်ိဳေလး ရွန္ရွန္လို စကားမ်ားမ်ား ေျပာတတ္သူ မဟုတ္။ လူမ်ားစြာႏွင့္လည္း ေကာင္းေကာင္း မဆက္ဆံဖူး၍ သူေျပာလိုက္လွ်င္ အမွားပါသြားမည္ကို စိုးရိမ္ေနမိသည္။

လင္းဟြိုင္၏ တိတ္ဆိတ္ၿပီး တုံ႕ျပန္မႈ မလာေသာ အမူအရာကို ရွခ်န္က မည္သို႔ ထင္သည္မသိ။ သူ႕ကို အဆက္အဆံမျပဳခ်င္ဟု အဓိပၸာယ္ေကာက္လိုက္ကာ သူသည္လည္း ဆက္မေျပာေတာ့။ ခပ္ယဲ့ယဲ့ၿပဳံးျပကာ အနားမွ ထြက္သြားသည္။

ေက်ာခိုင္းထြက္သြားသူ ရွခ်န္ကို ၾကည့္ကာ လင္းဟြိုင္ မည္သို႔ ျဖစ္သြားသည္ မသိ။ စိတ္ညည္းၫူသြားသလို တစ္ခုခုကိုလည္း အလိုမက်ေဒါသထြက္သလို ခံစားလိုက္ရသည္။

သူ စိတ္ဆိုးသြားၿပီလား၊ ငါက နင္တို႔ ေကာင္းေကာင္း အဆင္ေျပေနတယ္ထင္တာ

မည္သူအခ်ိန္က လင္းဟြိုင္ အနား ေရာက္လာမွန္း မသိေသာ ရွန္းရွန္းပင္။

နဂိုကမွ စိတ္မၾကည္ေနေသာ လင္းဟြိုင္က မ်က္ေမွာင္ၾကဳတ္ၿပီး-

မင္းအလွည့္ မေရာက္ေသးဘူးလား၊ ဘာလို႔ တစ္ခ်ိန္လုံး သူမ်ားကိစၥကိုပဲ စပ္စပ္စုစု လုပ္ေနရတာလဲ

ခစ္ခစ္ငါပ်င္းလို႔ေလ၊ နင္သိမလားေတာ့ မသိဘူး၊ နင္က ေအးစက္စက္ ထုံေပေပနဲ႕ ငါ့အတြက္ေတာ့ စိတ္ဝင္စားစရာပဲ

. . . .

လင္းဟြိုင္ မည္သည့္ စကားမွ ထပ္မေျပာေတာ့။ ေနရာမွပဲ ထြက္လာခဲ့သည္။

ေဝး. . .ငါၿပိဳင္ရဦးမွာေလ၊ နင္အားမေပးေတာ့ဘူးလား

လင္းဟြိုင္က ရွန္းရွန္းေျပာသည္ကို မၾကားသည့္အလား လွည့္၍ပင္မၾကည့္။

အိုက္ယိုး . . .နင္ဟာေလ လူမႈေရးကို မသိတတ္ဘူး၊ ကိုယ့္သူငယ္ခ်င္းကို အားေပးရမွန္း မသိဘူး

ဗ်စ္ေတာက္ဗ်စ္ေတာက္ဆိုကာ ရွန္းရွန္း က်န္ေနခဲ့သည္။

ထိုေန႕က ရွန္းရွန္းယွဥ္ၿပိဳင္ရသည့္သူမွာ ေကာင္းကင္ဘုံ တိမ္တမံ မ်ိဳးႏြယ္စု၏ ဆက္ခံသူ တစ္ျဖစ္လဲ ေက်ာင္းအုပ္ႀကီးဖန္၏ သား ဖန္မင္းဟုန္ ျဖစ္သည္။ ေမွ်ာ္လင့္ထားသည့္အတိုင္း ထိပ္သီးမ်ိဳးႏြယ္စုမ်ားပီပီ စြမ္းအင္မ်ား အသုံးမျပဳရသည့္တိုင္ ေကာင္းေကာင္းတိုက္ခိုက္နိုင္ၾကသည္။ ထူးျခားခ်က္မွာ ရွန္းရွန္းေရာ၊ ဖန္မင္းဟုန္ေရာက မိမိကိုယ္ပိုင္ စြမ္းရည္မ်ားကို အျပည့္အဝ အသုံးခ်ျခင္း မရွိဘဲ တစ္ခ်ိဳ႕တစ္ဝက္ထိန္ခ်န္ကာ တိုက္ခိုက္ၾကသည္။ အၿပိဳင္အဆိုင္မ်ားေသာ ေကာင္းကင္ဘုံ သင္တန္းေက်ာင္းလိုေနရာတြင္ ထိုကဲ့သို႔ လွ်ို႔ဝွက္သည္မွာ ျဖစ္ေလ့ျဖစ္ထရွိၿမဲပင္။

ရွန္းရွန္းႏွင့္ ဖန္မင္းဟုန္တို႔၏ ပြဲစဥ္သည္လည္း ထိုေန႕က ယွဥ္ၿပိင္သည့္ လင္ဟြိုင္ႏွင့္ ေလမ်ိဳးႏြယ္စု သခင္ေလး၊ ရွခ်န္ႏွင့္ ခ်န္က်ီပင္းတို႔ နည္းတူ အနိုင္အရႈံး မကြဲျပားေသာ ပြဲစဥ္အျဖစ္သာ ၿပီးဆုံးသြားသည္။

မၾကာမီတြင္ ဒုတိယေျမာက္ စမ္းသပ္ခ်က္ ျဖစ္သည့္ အႏုပညာ စြမ္းရည္ကို ယွဥ္ၿပိဳင္ရေတာ့မည္ ျဖစ္သည္။ ထိုၾကားထဲတြင္ ေကာင္းကင္ဘုံလူႀကီးမ်ားက ယွဥ္ၿပိဳင္ၾကသူ အသီးသီး၏ လက္႐ုံးရည္စြမ္းရည္မ်ားကို အကဲျဖတ္အမွတ္ေပးၿပီး ျဖစ္သည္။

..............................................................................................



Continue Reading

You'll Also Like

623K 73.7K 199
ဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး...
1.5M 184K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
42.1K 2.7K 41
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.