ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*74* သူတို့တွေက အရမ်းရက်စက်တယ်
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*78* ငါကမင်းရဲ့ဖေဖေ

9.9K 1.7K 64
By Juliexin__

ဆရာသခင်ကျိရှင်းမှာ ချက်ချင်းဘဲ ပါးစပ်အပြည့် ဝိညာဥ်စွမ်းအားတွေမြိုချမိလိုက်သည်။
"ဒီလောက်သိပ်သည်းတဲ့ဝိညာဥ်စွမ်းအားတွေ ဘယ်နေရာကနေရောက်လာရတာလဲ..ဒီမှာကောင်းကင်ဘုံအဆင့်ရှေးဟောင်းရတနာတစ်ခုခုများရှိနေလို့လား.."

ပုချီက ယင်ကျင်းရဲ့ အခန်းကိုလှမ်းကြည့်လိုက်သည်။
"အဲ့တာ သခင်ယင်ရဲ့အခန်းကဘဲ"

ရုတ်တရက် ရုန်ယိစိတ်ထဲတစ်ခုခုတွေးမိလိုက်တာကြောင့် သူချက်ချင်းမတ်တပ်ရပ်ပြီးပြောလိုက်သည်။
"ငါသွားကြည့်လိုက်မယ်"

တစ်ခြားသူတွေကလည်း လိုက်ပြီးကြည့်ချင်ကြပေမဲ့ အဲ့တာက ယင်ကျင်းရဲ့ရဲ့အခန်းဖြစ်နေတာကြောင့် သူတို့မှာ အပြင်ကနေစောင့်နေရုံသာတတ်နိုင်ကြသည်။

ရုန်ယိ တံခါးဝကိုရောက်တဲ့အခါမှာ အနက်ရောင်ဝတ်စုံနဲ့လူက ယင်ကျင်းရဲ့ကို ဆေးလုံးတစ်လုံးပါတဲ့​သေတ္တာလေးကို လေးစားစွာနဲ့ ကမ်းပေးနေတာကိုတွေ့လိုက်ရသည်။

"ကလေးတွေအဖေ..ကျွန်တော်ဝင်လာလို့ရမလား"

ယင်ကျင်းရဲ့က "အင်း" လို့သာပြန်ဖြေလိုက်ပြီးနောက်ဆေးလုံးကို နှာခေါင်းဝနားမှာတေ့ပြီး အနံ့ခံကြည့်လိုက်သည်။
"သိပ်သည်းလွန်းတဲ့ဝိညာဥ်ချီတွေ..အဆင့်ကိုးဆေးလုံးထက်တောင် ပိုကောင်းသေးတာဘဲ"

ယင်ယန်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ပြောလာသည်။
"ဟုတ်ပါတယ်..ကျွန်တော်လည်း အဆင့်မြင့်ဆေးပင်တွေနဲ့ အဆင့်နိမ့်ဆေးပင်တွေရောပြီး သန့်စင်ထားတဲ့ဆေးလုံးက အဆင့်၉ဆေးလုံးတွေအားလုံးထက် ပိုကောင်းနေလိမ့်မယ်လို့မမျှော်လင့်ထားခဲ့မိဘူး..ဒါက ကျွန်တော်တွေးနိုင်တာထက်တောင်ပိုကျော်လွန်နေသေးတယ်..ကျွန်တော်စမ်းကြည့်ပြီးပြီ..ဒီဆေးလုံးက ကျင့်ကြံသူတစ်ယောက်ရဲ့ အရေပြားနဲ့အသားတွေကို မာကျောကြံ့ခိုင်စေရုံသာမကဘဲ ကြွက်သားတွေနဲ့အရိုးတွေကိုပါ မာကျောစေသေးတယ်..ဒီဆေးညွှန်းကိုသာ စောစောရခဲ့မယ်ဆိုရင် ပြီးခဲ့တဲ့အခေါက်က သခင့်ရဲ့မိုးကြိုးစမ်းသပ်မှုကို ကျရှုံးခဲ့မှာမဟုတ်ဘူး"

ယင်ကျင်းရဲ့ ရုန်ယိကိုတစ်ချက်ကြည့်ပြီး ယင်ယန်ကိုမေးလိုက်သည်။
"ဘာလို့ အဆင့်၉ဆေးပင်တွေဘဲသုံးထားတဲ့ဆေးလုံးက ဆေးပင်တွေရောထားတဲ့ဆေးလုံးကိုမယှဥ်နိုင်ရတာလဲဆိုတာ မင်းသိလား"

"ဒီရက်ပိုင်း ကျွန်တော်လည်း အဲ့မေးခွန်းကိုစဥ်းစားနေတာပါ...ကျွန်တော်ရခဲ့တဲ့ဖြေရှင်းချက်ကတော့ ကျွန်တော်တို့က ဆေးပင်တွေရဲ့အစွမ်းသတ္တိကို အစွမ်းကုန်ထိအသုံးမချခဲ့လို့လို့ထင်တယ်..ပြောရရင် အတွင်းဒဏ်ရာတွေကိုကုသတဲ့ဆေးပင်တွေလိုမျိုးပေါ့..မိုးကြိုးစမ်းသပ်မှုမှာ ကျင့်ကြံသူတစ်ယောက်က ဒဏ်ရာရခဲ့တဲ့အခါမှာ သူ့မသိစိတ်အရ အဆင့်၉ဆေးပင်တွေနဲ့ သန့်စင်ဖော်စပ်ထားတဲ့ဆေးလုံးကဘဲ သူ့ဒဏ်ရာတွေကို ကုသနိုင်မှာလို့တွေးမိကြတယ်..ဒါကြောင့် အဆင့်နိမ့်ဆေးပင်တွေက အလိုအလျောက်ကိုအပယ်ခံလိုက်ရရော..တစ်ကယ်တမ်းတော့ တစ်ချို့အဆင့်မြင့်ဆေးပင်တွေနဲ့အဆင့်နိမ့်ဆေးပင်တွေကိုရောပေးတာကမှ ပိုပြီးအကျိုးသက်ရောက်မှုရှိတာပါ"

ယင်ကျင်းရဲ့ ရုန်ယိကိုမေးလိုက်သည်။
"သူပြောတာ အဓိပ္ပါယ်ရှိတယ်လို့ထင်လား"

ရုန်ယိ ခေါင်းငြိမ့်လိုက်၏။
"သူပြောတာမှန်တယ်..အဆင့်မြင့်ဆေးပင်အချင်းချင်းရောနှောတာက ဆေးလုံးရဲ့အရည်အသွေးကိုဘဲကောင်းစေတာ..ဒါပေမဲ့ ဆေးလုံးရဲ့အကျိုးသက်ရောက်မှုကိုအဆုံးစွန်ထိရရှိစေမယ်လို့တော့မသေချာဘူး..ဒါကြောင့် ကျွန်တော်တို့ အဆင့်၉ဆေးပင်တွေနဲ့ အဆင့်၉ဆေးလုံးဖော်စပ်လို့ရပေမဲ့ အဲ့ထက်တော့ဘယ်တော့မှမကျော်နိုင်ကြတာပေါ့"

ဒါက မှော်လက်နက်တွေ ကိရိယာတန်ဆာပလာတွေ သန့်စင်တဲ့နေရာမှာလည်း အတူတူဘဲဖြစ်လေသည်။

ယင်ယန်ကပြောလိုက်သည်။
"ကျွန်တော်တို့က များသောအားဖြင့်တော့ ဒီပြဿနာကိုအပေါ်ယံကဘဲ ကြည့်ရှုလိုက်ကြတာ..အကြောင်းပြချက်တစ်ခုကတော့ ကျွန်တော်တို့ဆီမှာ အဆင့်မြင့်ဆေးပင်တွေနဲ့ အဆင့်နိမ့်ဆေးပင်တွေကိုရောစပ်ပြီးသန့်စင်ရတဲ့ ဆေးညွှန်းမရှိလို့ဘဲ..ဒါကြောင့် အဆင့်မြင့်ဆေးပင်တွေကို အဆင့်နိမ့်ဆေးပင်တွေနဲ့ရောနှောလို့မရဘူးလို့ဘဲ မှတ်ယူထားလိုက်ကြတော့တာ"

"နည်းလမ်းဆိုတာ ကိုယ်တိုင်လေ့လာတာကနေရလာတာဘဲလေ..နည်းလမ်းတစ်ခုက ကျရှုံးခဲ့ရင် နောက်တစ်နည်းကိုကြိုးစားကြည့်လို့ရသေးတာဘဲ..နောက်ဆုံးမှာပိုကောင်းတဲ့နည်းလမ်းကိုရလာမှာဘဲလေ"
ရုန်ယိ ဆေးလုံးကိုထုတ်ပြီး ဝိညာဥ်ချီတွေကိုရှူသွင်းကြည့်လိုက်ကာ ပြောလိုက်သည်။
"တစ်ကယ်သိပ်သည်းလွန်းတဲ့ ဝိညာဥ်ချီတွေဘဲ..ဆရာသခင်ကျိရှင်းက ကျွန်တော်တို့ဆီမှာ ကောင်းကင်ဘုံအဆင့်ရှေးဟောင်းရတနာရှိနေတယ်လို့ထင်သွားတာ အံ့သြစရာမရှိတော့ဘူး..ဒါပေမဲ့ ပြောရရင်လည်း သူတို့မှာ တူညီတဲ့အကျိုးသက်ရောက်မှုတွေရှိတာပါဘဲလေ..အင်းးး..."

ယင်ကျင်းရဲ့က သူမျက်မှောင်တွေကြုတ်သွားတာတွေ့လိုက်ရတာကြောင့် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"

"ကျွန်တော်ထင်တာတော့....ကျွန်တော်...."

ရုန်ယိပြောလို့မပြီးသေးခင်မှာဘဲ..ယင်ယန်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ဖြတ်မေးလိုက်သည်။
"သခင်လေး..သခင်လေးမွေးတော့မှာလား"

ယင်ကျင်းရဲ့ "......"

ရုန်ယိက သူအဆင့်၂ကိုတက်တော့မယ်လို့ခံစားနေရတာကြောင့် ပျော်ရွှင်စွာပြန်ပြောလိုက်သည်။
"အင်း..ငါအဆင့်တက်တော့မယ်"

[#
ဒီနေရာမှာ ယင်ယန်က 生了shēng le လို့မေးပြီး

ရုန်ယိက 升了 shēng le လို့ပြောလိုက်တာပါ
😂😂]

ကြည့်ရတာ သူအခုလေးတင်လေထဲက ဝိညာဥ်စွမ်းအားတွေ စုပ်ယူလိုက်မိတာကြောင့်ဖြစ်မည်။

ယင်ယန် ချက်ချင်းဘဲ ခပ်သွက်သွက်ထွက်သွားတော့သည်။
"ကျွန်တော် လက်သည်တစ်ယောက်သွားခေါ်ဖို့ သွားပြောလိုက်ဦးမယ်"

ယင်ကျင်းရဲ့ "....."

သူတို့နှစ်ယောက်က မတူတဲ့အကြောင်းအရာတွေကိုပြောနေကြတာဘဲ....

ရုန်ယိ ကြောင်အသွားရသည်။
လက်သည်!...နေပါဦး..သူက ချီသန့်စင်အဆင့်၂ ကိုတက်တော့မှာလေ..အဲ့တာက လက်သည်နဲ့ဘာဆိုင်နေလို့လဲ..ယင်ယန်က သူမွေးတော့မယ်လို့ထင်သွားတာလား..

သူချက်ချင်းပြန်ပြောလိုက်ရသည်။
"ငါက ချီသန့်စင်အဆင့်၂ကို တက်တော့မှာ..ကလေးမွေးတော့မှာမဟုတ်ဘူးနော်!...ကလေးတွေအဖေ..ကျွန်တော်တရားထိုင်ဖို့ တစ်နေရာလောက်ရှာပေးပါဦး.."

ထို့နောက် သူ ယင်ကျင်းရဲ့ရဲ့အိပ်ယာပေါ်မှာ တင်ပလ္လင်ခွေကာထိုင်ချလိုက်တော့သည်။

နောက်တစ်ဆင့်ကိုတကျတဲ့ ဖြစ်စဥ်က အရေးကြီးသည်။ အကယ်၍ကျရှုံးသွားခဲ့ရင် ထိုသူက ထိုအဆင့်မှာဘဲ တစ်သက်လုံးနေသွားရပေလိမ့်မည်။

ရုန်ယိကို မနှောင့်ယှက်မိစေရန်အတွက် ယင်ကျင်းရဲ့ရော ယင်ယန်ရော နှစ်ယောက်စလုံးအခန်းထဲကနေထွက်လာလိုက်ကြသည်။

ရုန်ယိ အဆင့်တက်နေတယ်ဆိုတာသိတဲ့အခါ ပုချီတို့တွေလည်း ပိလော့ခြံဝန်းထဲကနေ ထွက်သွားလိုက်ကြတော့သည်။

ရုန်ယိက ချီသန့်စင်အဆင့်၁ကနေ အဆင့်၂ကိုတက်ရုံလေးဘဲ ဖြစ်တာကြောင့် သူ့အတွက်ကတော့အရမ်းလွယ်ကူလွန်းလှသည်။ တစ်ညတည်းနဲ့သူဖြတ်ကျော်နိုင်သွားပြီး အဆင့်၂ကိုရောက်ရှိသွားတော့၏။

အခန်းထဲက ဝိညာဥ်စွမ်းအားအတက်အကျကိုခံစားမိလိုက်တာနဲ့ ယင်ယန်နဲ့တစ်ခြားအပြင်ဘက်မှာစောင့်နေတဲ့သူတွေအကုန် အခန်းထဲပြေးဝင်လိုက်ကြပြီး ရုန်ယိ မျက်လုံးတွေဖွင့်လာတဲ့အခါမှာ ဝိုင်းဂုဏ်ပြုလိုက်ကြသည်။
"သခင်လေး..ချီသန့်စင်အဆင့်၂ကိုရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

ရုန်ယိ သူ့ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်လိုက်ရင်း ပြုံးလိုက်၏။
"အရမ်းနှေးနေသေးတယ်"

ရုန်စုက ပြောလိုက်သည်။
"သခင်လေးက အစောပိုင်းအဆင့်ကနေပြီး တစ်လတည်းနဲ့ ချီသန့်စင်အဆင့်၂ကိုရောက်သွားပြီလေ..ပါရမီရှင်တွေတောင်မှ သခင်လေးရဲ့နှုန်းကိုမမှီဘူး..ကျွန်တော့်ကိုဘဲကြည့် ကျွန်တော်ဆို နှစ်ဝက်လောက်အချိန်ယူခဲ့ရတာ"

"ဒါပေမဲ့ ငါထင်တာတော့..ငါဒီထက်ပိုမြန်ဖို့လိုသေးတယ်"
ရုန်ယိကတော့ နှစ်ဝက်အတွင်း အခြေတည်အဆင့်ရောက်သွားခဲ့ရင်ပိုကောင်းတယ်လို့ တွေးထားသည်။ ဒီလိုဆိုရင်တော့ သာမန်တရားထိုင်ကျင့်ကြံတာက လုံလောက်ဖို့အဝေးကြီးလိုသေးသည်။ သူတစ်ခြားအပြင်နည်းတွေပါလိုလိမ့်ဦးမည်။

ထိုအချိန် ယင်ကျင်းရဲ့လည်း အခန်းထဲဝင်လာပြီးပြောလိုက်သည်။
"အဆင့်အမြန်တက်တာက အခြေအနေမတည်ငြိမ်တာတွေဖြစ်စေလိမ့်မယ်..မင်းခန္ဓာကိုယ်က အပိုင်စီးတာတောင်ခံရနိုင်တယ်"

"မစိုးရိမ်ပါနဲ့..ကျွန်တော်ဘာလုပ်နေလဲ ကျွန်တော်သေချာသိပါတယ်..အိုး..ဟုတ်သားဘဲ..ဆေးလုံးက ခင်ဗျားအတွက် အလုပ်ဖြစ်ရဲ့လား"

ယင်ကျင်းရဲ့ ခေါင်းငြိမ့်ပြလိုက်သည်။
"ဆေးတစ်လုံးတည်းနဲ့ အရင်ကနဲ့မတူတော့ဘူးလို့ခံစားလာရတယ်"

"တစ်နေ့တစ်လုံးသောက်..ဒါဆို နောက်တစ်ခါ မိုးကြိုးစမ်းသပ်မှုရောက်လာတဲ့အချိန်ကျရင် ခင်ဗျားပေါ်ကိုကျရောက်တဲ့ မိုးကြိုးတွေက တော်တော်လေးအားပျော့သွားလိမ့်မယ်"

ရုန်စုက ကျီဆယ်တဲ့အသံနဲ့ပြောလိုက်သည်။
"မိုးကြိုးတွေက မရှိတော့ရင်ပိုတောင်ကောင်းသေးတာ"

ရုန်ယိ ခဏလောက်တွေးကြည့်ပြီးပြောလိုက်သည်။
"ဒါက မဖြစ်နိုင်တာတော့မဟုတ်ဘူး..ဒါပေမဲ့ ငါတို့က မိုးကြိုးတွေကို အားနည်းသွားအောင်ဘဲလုပ်လို့ရတာ.."

အခန်းထဲမှာ ရှိနေတဲ့လူတိုင်း သူ့ကိုအံ့အားသင့်စွာနဲ့ကြည့်လာကြသည်။

ယင်ကျင်းရဲ့က မေးလိုက်၏။
"မင်း မိုးကြိုးတွေရဲ့စွမ်းအားကို အားနည်းသွားအောင်လုပ်နိုင်လား"

"လူတစ်ယောက်ကအဲ့လိုလုပ်ခဲ့တာကို ကျွန်တော်စာအုပ်တစ်အုပ်ထဲမှာဖတ်ခဲ့ဖူးတာ..ဒါပေမဲ့ ကိုယ်တိုင်တော့ဘယ်တုန်းကမှမစမ်းကြည့်ခဲ့ဖူးဘူး..ဒါကတစ်ကယ်အလုပ်ဖြစ်ရဲ့လားဆိုတာကိုလည်းကျွန်တော်မသိဘူး"

တစ်ကယ်တော့ ရုန်ယိအဘိုးရဲ့အဘိုးက သူ့ရဲ့မိုးကြိုးစမ်းသပ်မှုကိုခံယူတဲ့အချိန်တုန်းက ခေတ်သစ်သိပ္ပံနည်းလမ်းအချို့နဲ့ အစီအရင်တွေကိုသုံးပြီး မိုးကြိုးရဲ့စွမ်းအားကို အားနည်းသွားအောင်ပြုလုပ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့ ဒါက သူ့အဘိုးရဲ့အဘိုးဖြစ်တာကြောင့် သူ့ရဲ့မိုးကြိုးစမ်းသပ်မှုကအရမ်းကိုအန္တရာယ်များလွန်းတာကြောင့်မလို့ သူတို့လိုကျင့်ကြံဆင့်နိမ့်သေးတဲ့ မိသားစုကအငယ်လေးတွေမှာ မြင်တွေ့ခွင့်မရခဲ့လိုက်ကြပေ။

ဗွီဒီယိုရိုက်ခဲ့ပေမယ့်လည်း မိုးကြိုးစမ်းသပ်ချက်ကျရောက်လာခဲ့တဲ့အခါမှာတော့ အကြီးအကျယ်နှောင့်ယှက်ခံလိုက်ပြီး အရှေ့ပိုင်းတွေသာရိုက်ခဲ့လိုက်နိုင်သည်။ သူတို့မှာ သူတို့အဘိုးရဲ့အဘိုးဆီကနေပြီး ဒီနည်းလမ်းကတစ်ကယ်အသုံးဝင်ပြီး မိုးကြိုးတွေကတော်တော်လေးအားနည်းသွားတယ်လို့သာကြားခဲ့ရပြီး ဒါကလည်းသူ့အဘိုးရဲ့အဘိုးဖြစ်သူအနေနဲ့သာဖြစ်လေသည်။

သူ့ရဲ့ပွင့်လင်းစွာပြောဆိုနေတဲ့ အမူအယာကိုကြည့်ပြီး သူအမှန်တွေပြောနေတယ်ဆိုတာယင်ကျင်းရဲ့ပြောနိုင်လေသည်။

"ကျွန်တော် တစ်ခြားတစ်ရက်လောက်မှစမ်းကြည့်ပေးမယ်"
ထို့နောက် သူ့အိပ်ခန်းကိုပြန်သွားပြီး အိပ်ဖို့အတွက် အဝတ်အစားတွေလဲလိုက်တော့၏။

ရုန်စုက ရုန်ယိရဲ့ဆံပင်တွေကိုဖြီးပေးနေရင်းနဲ့ ပြောလာသည်။
"သခင်လေး..သခင်လေးအဆင့်တက်နေတုန်းက ဆရာသခင်ယွမ်ရိရောက်လာသေးတယ်...သူပြောတာက သခင်လေးရဲ့မှော်လက်နက်ကို ကူညီသန့်စင်ပေးခဲ့တဲ့ ကုန်းစွန်းကျစ်ချန်က သူ့ဝိညာဥ်သွေးကြောကို သူများဖျက်ဆီးတာခံလိုက်ရတယ်တဲ့..အဲ့နောက်ပိုင်း သူပျောက်သွားတယ်တဲ့..ဘယ်သူကများ လူတစ်ယောက်ရဲ့ဝိညာဥ်သွေးကြောကိုဖျက်ဆီးပစ်ရတဲ့အထိ ရက်စက်ရတာလဲမသိဘူးနော်.."

ရုန်ယိ မျက်မှောင်ကြုတ်သွား၏။
"လူတစ်ယောက်ရဲ့ဝိညာဥ်သွေးကြောကိုဖျက်ဆီးပစ်တယ်ဆိုတာ သူ့ရဲ့ဘဝတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာဘဲ..အဲ့လူက အရမ်းရက်စက်လွန်းတယ်"

ရုန်စုကတော့ ဒါကသူများကိစ္စဖြစ်တာကြောင့် သူတို့မှာဝင်မှတ်ချက်ပေးပိုင်ခွင့်မရှိဘူးလို့ဘဲထင်သည်..ဒါကြောင့် သူခေါင်းစဥ်ပြောင်းဖို့လုပ်လိုက်သည်။
"အိုး..ဟုတ်သားဘဲ..မနေ့က ကျိုရွှီဂိုဏ်းကတပည့်တစ်ယောက်လွှတ်လိုက်တယ်...သခင်လေးက စစ်ဆေးပွဲကိုအောင်မြင်သွားပြီမလို့ ဂိုဏ်းထဲမှာပြန်လာနေသင့်ပြီးတော့ နေ့တိုင်းစာရင်းသွင်းရမယ်တဲ့..ဒါပေမဲ့ ကျွန်တော်တို့ သူ့ကိုမောင်းထုတ်ပစ်လိုက်တယ်"

ရုန်ယိ အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။
" သူတို့က ငါ့ကို ဂိုဏ်းထဲကနေမောင်းထုတ်ဖို့ကြိုးစားနေကြတာမဟုတ်ဘူးလား..ဘာလို့အခုမှ ပြန်လာစေချင်နေရတာလဲ..ငါက စစ်ဆေးပွဲကိုအောင်မြင်ခဲ့တယ်ဆိုရင်တောင်မှ ဒီဗိုက်ကြီးကသူတို့အတွက်အရှက်ရစရာဖြစ်နေတုန်းဘဲလေ...ထူးဆန်းတယ်"

ကြည့်ရတာ ဂိုဏ်းချုပ်က မွမ်းမံခြင်းအင်းကွက်တွေလုပ်တဲ့သူက သူဆိုတာသိသွားလို့များလား..ဒါကြောင့်ဆိုရင်တော့ သူဘယ်တော့မှထိုဂိုဏ်းကို ပြန်သွားမှာမဟုတ်ဘူး..

ရုန်စုက ဘီးကိုချပြီး ပြောလိုက်သည်။
"ရပြီသခင်လေး..အရင်ဆုံးမနက်စာသွားစားကြရအောင်"

သူတို့နှစ်ယောက် အခန်းထဲကနေထွက်လာတဲ့အခါ ချီလန်က အစေခံတွေသယ်ထားတဲ့ထိုင်ခုံပေါ်မှာထိုင်ရင်း ယင်ထောင်ကိုချီထားတာကိုတွေ့လိုက်ရ၏။

ရုန်ယိကိုမြင်လိုက်တာနဲ့ ယင်ထောင်က ပျော်ရွှင်စွာ အော်ခေါ်လာတော့သည်။
"ဖေဖေ..ဖေဖေ!"

သူကဆင်းဖို့ကြိုးစားလိုက်ပေမဲ့ ချီလန်က သူ့ကိုလက်မောင်းကနေ တင်းကြပ်စွာဆုတ်ကိုင်ထားလိုက်သည်။

ဝမ်ချွမ်ကလည်း သူတို့နောက်ကနေ စိုးရိမ်နေတဲ့ပုံနဲ့လိုက်လာ၏။

ရုန်စုလည်း မသိစိတ်အရ ရုန်ယိကိုသူ့နောက်မှာထားပြီး ပိတ်ရပ်လိုက်သည်။

ရုန်ယိ မျက်ခုံးတွေပင့်လိုက်မိသည်။ ချီလန်ကို ဒီရက်တွေမှာမတွေ့ရတာကြောင့် သူပြန်သွားပြီလိုထင်ခဲ့တာဖြစ်သည်။

ချီလန်က ရုန်ယိကို အပြုံးပါးပါးလေးပေးလိုက်ပြီး သူ့ဘေးကမိန်းကလေးကိုယ်ရံတော်ကို လှမ်းပြောလိုက်သည်။
"ရှင်းယွဲ့..ငါ့ဆရာတူညီလေးကို အပြင်ထွက်လာခိုင်းလိုက်"

"ဟုတ်ကဲ့"
ရှင်းယွဲ့လှည့်လိုက်တာနဲ့ ယင်ကျင်းရဲ့က အခန်းထဲကနေထွက်လာတာကိုတွေ့လိုက်ရသည်။
"သခင်..သခင်ယင် ထွက်လာပါပြီ"

ယင်ကျင်းရဲ့က ဝမ်ချွမ်ကို အကြည့်နဲ့အချက်ပြလိုက်သည်။

ဝမ်ချွမ်က သူ့နားအမြန်လျှောက်သွားပြီး တိုးတိုးလေးကပ်ပြောကာ စာတစ်စောင်ကိုထုတ်ပေးလိုက်သည်။

ယင်ကျင်းရဲ့ စာကို ဖွင့်ဖတ်ကြည့်နေရင်းနဲ့ မျက်မှောင်တွေကြုတ်လာတော့သည်။

ချီလန်က အပြုံးလေးနဲ့ပြောလာသည်။
"ကျင်းရဲ့ မင်းအမေရဲ့စာကိုဖတ်ကြည့်ပြီးရင်..ငါဒီကိုဘာလို့ရောက်နေရတာလဲ မင်းသိမှာပေါ့..အိုး..ဟုတ်သား..မင်းရဲ့ကျင့်ကြံဖော်လည်း ဘာတွေဖြစ်နေလည်းဆိုတာသိမှာမဟုတ်သေးဘူး..ရှင်းယွဲ့..သူ့ကိုပြောပြလိုက်"

ယင်ကျင်းရဲ့ မရည်ရွယ်ဘဲ သတိပေးသံနဲ့ ခေါ်လိုက်မိ၏။
"ချီလန်!."

ချီလန်ကတော့ သူ့သတိပေးသံကိုလုံးဝဂရုမစိုက်။
"ညီလေး..မင်းငါ့ကို ဘာကိစ္စခေါ်နေရတာလဲ.."

ယင်ကျင်းရဲ့ မျက်လုံးတွေမှေးကျဥ်းလိုက်သည်။
"ဒီမှာလာပြီး ပြဿနာမရှာနဲ့"

"ငါပြဿနာရှာနေတယ်လို့ ဘယ်သူပြောလဲ..ဒီတစ်ကြိမ်ထက် ဘယ်တုန်းကမှ အလေးအနက်မဖြစ်ဖူးဘူး...ရှင်းယွဲ့..သခင်လေးရုန်ကို သခင်မကြီးရဲ့စာထဲမှာ ဘာပြောထားလဲဆိုတာ ပြောပြလိုက်"

ရှင်းယွဲ့က ရုန်ယိဘက်ကိုလှည့်ပြီးပြောလိုက်သည်။
"သခင်လေးရုန်...သခင်မကြီးပြောထားတာက ရှင်ဒီကလေးကိုမွေးပေးပြီးတာနဲ့ ရှင့်ကိုလွတ်လပ်ခွင့်ပြန်ပေးမယ်တဲ့..ဒီကလေးတွေက ယင်မိသားစုနဲ့ဘဲသက်ဆိုင်ပြီး ရှင်နဲ့လုံးဝမဆိုင်တော့ဘူး..ယင်မိသားစုက ရှင်ချမ်းချမ်းသာသာနဲ့ အပူအပင်မရှိနေနိုင်ဖို့အတွက် စိတ်ဝိညာဥ်ကျောက်တုံးတွေအလုံအလောက်ပေးလိမ့်မယ်..ရှင်ဒီမှာဆက်နေဖို့လည်း ရွေးလို့ရပါတယ်..ဒါပေမဲ့ ကျွန်မသခင်က သခင်ယင်နဲ့လက်ထပ်ပြီးတဲ့အခါ ကလေးတွေက ရှင့်ကို ဖေဖေလို့ဆက်ခေါ်ရမှာမဟုတ်တော့ဘူး..သူတို့ဖေဖေက ကျွန်မသခင်ဘဲဖြစ်လိမ့်မယ်"

ရုန်ယိ တောင့်တင်းသွားရသည်။

ရုန်စုက ရုန်ယိကိုကာကွယ်ဖို့တစ်ခုခုပြောလိုတာကြောင့် ပါးစပ်ဖွင့်လိုက်ချင်ပေမဲ့လည်း သူတို့မှာ ရုန်ယိကလေးတွေကိုမွေးဖွားပေးပြီးတာနဲ့ သူ့ကိုလက်လွှတ်ပေးလိုက်တော့ဖို့ အတွေးတွေအရင်ထဲကရှိပြီးသားဆိုတာ ပြန်တွေးမိသွားတဲ့အခါ သူပြောချင်တာတွေ ပြန်မြိုချလိုက်တော့သည်။

ချီလန်က ရုန်ယိရဲ့တည်သွားတဲ့မျက်နှာအမူအယာကိုတွေ့လိုက်ရတဲ့အခါ ပိုလို့တောင်စိတ်ကျေနပ်သွားရသည်။ သူက ယင်ထောင်ရဲ့မေးစေ့လေးကိုဆွဲယူလိုက်ပြီး
"ယင်ထောင်လေး..မင်းအခုတည်းက ငါ့ကိုဖေဖေလို့ခေါ်ဖို့ စလေ့ကျင့်သင့်နေပြီ"

"ခင်ဗျားက ကျွန်တော့်ဖေဖေမဟုတ်ဘူး!...ကျွန်တော့်ကိုလွှတ်!!...ကျွန်တော့်ဖေဖေကိုဘဲလိုချင်တယ်!!"
ယင်ထောင်က ရုန်းနေပေမဲ့မရတာကြောင့် သူ့လက်လေးတွေကို ရုန်ယိဆီကိုဆန့်ထုတ်ပေးလာသည်။
"ဖေဖေ..ဖေဖေ!...သားကိုချီ!"

ချီလန်က ယင်ထောင်ရဲ့ခေါင်းလေးကို သူ့ဘက်ပြန်ဆွဲလှည့်လိုက်ပြီး ရုန်ယိကို ရန်စတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်။
"မင်းက အခုကစပြီး ငါ့ကိုဘဲဖေဖေလို့ခေါ်သင့်တာ...မှားမခေါ်နဲ့"


*************

Zawgyi



ဆရာသခင္က်ိရွင္းမွာ ခ်က္ခ်င္းဘဲ ပါးစပ္အျပည့္ ဝိညာဥ္စြမ္းအားေတြၿမိဳခ်မိလိုက္သည္။
"ဒီေလာက္သိပ္သည္းတဲ့ဝိညာဥ္စြမ္းအားေတြ ဘယ္ေနရာကေနေရာက္လာရတာလဲ..ဒီမွာေကာင္းကင္ဘုံအဆင့္ေရွးေဟာင္းရတနာတစ္ခုခုမ်ားရွိေနလို႔လား.."

ပုခ်ီက ယင္က်င္းရဲ႕ အခန္းကိုလွမ္းၾကည့္လိုက္သည္။
"အဲ့တာ သခင္ယင္ရဲ႕အခန္းကဘဲ"

႐ုတ္တရက္ ႐ုန္ယိစိတ္ထဲတစ္ခုခုေတြးမိလိုက္တာေၾကာင့္ သူခ်က္ခ်င္းမတ္တပ္ရပ္ၿပီးေျပာလိုက္သည္။
"ငါသြားၾကည့္လိုက္မယ္"

တစ္ျခားသူေတြကလည္း လိုက္ၿပီးၾကည့္ခ်င္ၾကေပမဲ့ အဲ့တာက ယင္က်င္းရဲ႕ရဲ႕အခန္းျဖစ္ေနတာေၾကာင့္ သူတို႔မွာ အျပင္ကေနေစာင့္ေန႐ုံသာတတ္နိုင္ၾကသည္။

႐ုန္ယိ တံခါးဝကိုေရာက္တဲ့အခါမွာ အနက္ေရာင္ဝတ္စုံနဲ႕လူက ယင္က်င္းရဲ႕ကို ေဆးလုံးတဈလုံးပါတဲ့သေတ္တာေလးကိုေလးစားစွာ ကမ္းေပးေနတာကိုေတြ႕လိုက္ရသည္။

"ကေလးေတြအေဖ..ကြၽန္ေတာ္ဝင္လာလို႔ရမလား"

ယင္က်င္းရဲ႕က "အင္း" လို႔သာျပန္ေျဖလိုက္ၿပီးေနာက္ေဆးလုံးကို ႏွာေခါင္းဝနားမွာေတ့ၿပီး အနံ႕ခံၾကည္လိုက္သည္။
"သိပ္သည္းလြန္းတဲ့ဝိညာဥ္ခ်ီေတြ..အဆင့္ကိုးေဆးလုံးထက္ေတာင္ ပိုေကာင္းေသးတာဘဲ"

ယင္ယန္က စိတ္လႈပ္ရွားေနတဲ့အသံနဲ႕ေျပာလာသည္။
"ဟုတ္ပါတယ္..ကြၽန္ေတာ္လည္း အဆင့္ျမင့္ေဆးပင္ေတြနဲ႕ အဆင့္နိမ့္ေဆးပင္ေတြေရာၿပီး သန့္စင္ထားတဲ့ေဆးလုံးက အဆင့္၉ေဆးလုံးေတြအားလုံးထက္ ပိုေကာင္းေနလိမ့္မယ္လို႔မေမွ်ာ္လင့္ထားခဲ့မိဘူး..ဒါက ကြၽန္ေတာ္ေတြးနိုင္တာထက္ေတာင္ပိုေက်ာ္လြန္ေနေသးတယ္..ကြၽန္ေတာ္စမ္းၾကည့္ၿပီးၿပီ..ဒီေဆးလုံးက က်င့္ႀကံသူတစ္ေယာက္ရဲ႕ အေရျပားနဲ႕အသားေတြကို မာေက်ာႀကံခိုင္ေစ႐ုံသာမကဘဲ ႂကြက္သားေတြနဲ႕အရိုးေတြကိုပါ မာေက်ာေစေသးတယ္..ဒီေဆးၫႊန္းကိုသာ ေစာေစာရခဲ့မယ္ဆိုရင္ ၿပီးခဲ့တဲ့အေခါက္က သခင့္ရဲ႕မိုးႀကိဳးစမ္းသပ္မႈကို က်ရႈံးခဲ့မွာမဟုတ္ဘူး"

ယင္က်င္းရဲ႕ ႐ုန္ယိကိုတစ္ခ်က္ၾကည့္ၿပီး ယင္ယန္ကိုေမးလိုက္သည္။
"ဘာလို႔ အဆင့္၉ေဆးပင္ေတြဘဲသုံးထားတဲ့ေဆးလုံးက ေဆးပင္ေတြေရာထားတဲ့ေဆးလုံးကိုမယွဥ္နိုင္ရတာလဲဆိုတာ မင္းသိလား"

"ဒီရက္ပိုင္း ကြၽန္ေတာ္လည္း အဲ့ေမးခြန္းကိုစဥ္းစားေနတာပါ...ကြၽန္ေတာ္ရခဲ့တဲ့ေျဖရွင္းခ်က္ကေတာ့ ကြၽန္ေတာ္တို႔က ေဆးပင္ေတြရဲ႕အစြမ္းသတၱိကို အစြမ္းကုန္ထိအသုံးမခ်ခဲ့လို႔လို႔ထင္တယ္..ေျပာရရင္ အတြင္းဒဏ္ရာေတြကိုကုသတဲ့ေဆးပင္ေတြလိုမ်ိဳးေပါ့..မိုးႀကိဳးစမ္းသပ္မႈမွာ က်င့္ႀကံသူတစ္ေယာက္က ဒဏ္ရာရခဲ့တဲ့အခါမွာ သူ႕မသိစိတ္အရ အဆင့္၉ေဆးပင္ေတြနဲ႕ သန့္စင္ေဖာ္စပ္ထားတဲ့ေဆးလုံးကဘဲ သူ႕ဒဏ္ရာေတြကို ကုသနိုင္မွာလို႔ေတြးမိၾကတယ္..ဒါေၾကာင့္ အဆင့္နိမ့္ေဆးပင္ေတြက အလိုအေလ်ာက္ကိုအပယ္ခံလိုက္ရေရာ..တစ္ကယ္တမ္းေတာ့ တစ္ခ်ိဳ႕အဆင့္ျမင့္ေဆးပင္ေတြနဲ႕အဆင့္နိမ့္ေဆးပင္ေတြကိုေရာေပးတာကမွ ပိုၿပီးအက်ိဳးသက္ေရာက္မႈရွိတာပါ"

ယင္က်င္းရဲ႕ ႐ုန္ယိကိုေမးလိုက္သည္။
"သူေျပာတာ အဓိပ္ပါယ်ရွိတယ်လိဳ႕ထင်လား"

႐ုန္ယိ ေခါင္းၿငိမ့္လိုက္၏။
"သူေျပာတာမွန္တယ္..အဆင့္ျမင့္ေဆးပင္အခ်င္းခ်င္းေရာႏွောတာက ေဆးလုံးရဲ႕အရည္အေသြးကိုဘဲေကာင္းေစတာ..ဒါေပမဲ့ ေဆးလုံးရဲ႕အက်ိဳးသက္ေရာက္မႈကိုအဆုံးစြန္ထိရရွိေစမယ္လို႔ေတာ့မေသခ်ာဘူး..ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အဆင့္၉ေဆးပင္ေတြနဲ႕ အဆင့္၉ေဆးလုံးေဖာ္စပ္လို႔ရေပမဲ့ အဲ့ထက္ေတာ့ဘယ္ေတာ့မွမေက်ာ္နိုင္ၾကတာေပါ့"

ဒါက ေမွာ္လက္နက္ေတြ ကိရိယာတန္ဆာပလာေတြ သန့္စင္တဲ့ေနရာမွာလည္း အတူတူဘဲျဖစ္ေလသည္။

ယင္ယန္ကေျပာလိုက္သည္။
"ကြၽန္ေတာ္တို႔က မ်ားေသာအားျဖင့္ေတာ့ ဒီျပႆနာကိုအေပၚယံကဘဲ ၾကည့္ရႈလိုက္ၾကတာ..အေၾကာင္းျပခ်က္တစ္ခုကေတာ့ ကြၽန္ေတာ္တို႔ဆီမွာ အဆင့္ျမင့္ေဆးပင္ေတြနဲ႕ အဆင့္နိမ့္ေဆးပင္ေတြကိုေရာစပ္ၿပီးသန့္စင္ရတဲ့ ေဆးၫႊန္းမရွိလို႔ဘဲ..ဒါေၾကာင့္ အဆင့္ျမင့္ေဆးပင္ေတြကို အဆင့္နိမ့္ေဆးပင္ေတြနဲ႕ေရာႏွောလို႔မရဘူးလို႔ဘဲ မွတ္ယူထားလိုက္ၾကေတာ့တာ"

"နည္းလမ္းဆိုတာ ကိုယ္တိုင္ေလ့လာတာကေနရလာတာဘဲေလ..နည္းလမ္းတစ္ခုက က်ရႈံးခဲ့ရင္ ေနာက္တစ္နည္းကိုႀကိဳးစားၾကည့္လို႔ရေသးတာဘဲ..ေနာက္ဆုံးမွာပိုေကာင္းတဲ့နည္းလမ္းကိုရလာမွာဘဲေလ"
႐ုန္ယိ ေဆးလုံးကိုထုတ္ၿပီး ဝိညာဥ္ခ်ီေတြကိုရႉသြင္းၾကည့္လိုက္ကာ ေျပာလိုက္သည္။
"တစ္ကယ္သိပ္သည္းလြန္းတဲ့ ဝိညာဥ္ခ်ီေတြဘဲ..ဆရာသခင္က်ိရွင္းက ကြၽန္ေတာ္တို႔ဆီမွာ ေကာင္းကင္ဘုံအဆင့္ေရွးေဟာင္းရတနာရွိေနတယ္လို႔ထင္သြားတာ အံ့ၾသစရာမရွိေတာ့ဘူး..ဒါေပမဲ့ ေျပာရရင္လည္း သူတို႔မွာ တူညီတဲ့အက်ိဳးသက္ေရာက္မႈေတြရွိတာပါဘဲေလ..အင္းးး..."

ယင္က်င္းရဲ႕က သူမ်က္ေမွာင္ေတြၾကဳတ္သြားတာေတြ႕လိုက္ရတာေၾကာင့္ ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ"

"ကြၽန္ေတာ္ထင္တာေတာ့....ကြၽန္ေတာ္...."

႐ုန္ယိေျပာလို႔မၿပီးေသးခင္မွာဘဲ..ယင္ယန္က စိတ္လႈပ္ရွားေနတဲ့အသံနဲ႕ျဖတ္ေမးလိုက္သည္။
"သခင္ေလး..သခင္ေလးေမြးေတာ့မွာလား"

ယင္က်င္းရဲ႕ "......"

႐ုန္ယိက သူအဆင့္၂ကိုတက္ေတာ့မယ္လို႔ထံစားေနရတာေၾကာင့္ ေပ်ာ္႐ႊင္စြာျပန္ေျပာလိုက္သည္။
"အင္း..ငါအဆင့္တက္ေတာ့မယ္"

[#
ဒီေနရာမွာ ယင္ယန္က 生了 shēng le လို႔ေမးၿပီး

႐ုန္ယိက 升了 shēng le လို႔ေျပာလိုက္တာပါ
😂😂]

ၾကည့္ရတာ သူအခုေလးတင္ေလထဲက ဝိညာဥ္စြမ္းအားေတြ စုပ္ယူလိုက္မိတာေၾကာင့္ျဖစ္မည္။

ယင္ယန္ ခ်က္ခ်င္းဘဲ ခပ္သြက္သြက္ထြက္သြားေတာ့သည္။
"ကြၽန္ေတာ္ လက္သည္တစ္ေယာက္သြားေခၚဖို႔ သြားေျပာလိုက္ဦးမယ္"

ယင္က်င္းရဲ႕ "....."

သူတို႔ႏွစ္ေယာက္က မတူတဲ့အေၾကာင္းအရာေတြကိုေျပာေနၾကတာဘဲ....

႐ုန္ယိ ေၾကာင္အသြားရသည္။
လက္သည္!...ေနပါဦး..သူက ခ်ီသန့္စင္အဆင့္၂ ကိုတက္ေတာ့မွာေလ..အဲ့တာက လက္သည္နဲ႕ဘာဆိုင္ေနလို႔လဲ..ယင္ယန္က သူေမြးေတာ့မယ္လို႔ထင္သြားတာလား..

သူခ်က္ခ်င္းျပန္ေျပာလိုက္ရသည္။
"ငါက ခ်ီသန့္စင္အဆင့္၂ကို တက္ေတာ့မွာ..ကေလူေမြးေတာ့မွာမဟုတ္ဘူးေနာ္!...ကေလးေတြအေဖ..ကြၽန္ေတာ္တရားထိုင္ဖို႔ တစ္ေနရာေလာက္ရွာေပးပါဦး.."

ထို႔ေနာက္ သူ ယင္က်င္းရဲ႕ရဲ႕အိပ္ယာေပၚမွာ တင္ပလႅင္ေခြကာထိုင္ခ်လိဳက္ေတာ့သည္။

ေနာက်တဈဆင့်ကိုတက်တဲ့ ျဖစ္စဥ္က အေရးႀကီးသည္။ အကယ္၍က်ရႈံးသြားခဲ့ရင္ ထိုသူက ထိုအဆင့္မွာဘဲ တစ္သက္လုံးေနသြားရေပလိမ့္မည္။

႐ုန္ယိကို မႏွောင့္ယွက္မိေစရန္အတြက္ ယင္က်င္းရဲ႕ေရာ ယင္ယန္ေရာ ႏွစ္ေယာက္စလုံးအခန္းထဲကေနထြက္လာလိုက္ၾကသည္။

႐ုန္ယိ အဆင့္တက္ေနတယ္ဆိုတာသိတဲ့အခါ ပုခ်ီတို႔ေတြလည္း ပိေလာ့ၿခံဝန္းထဲကေန ထြက္သြားလိုက္ၾကေတာ့သည္။

႐ုန္ယိက ခ်ီသန့္စင္အဆင့္၁ကေန အဆင့္၂ကိုတက္႐ုံေလးဘဲ ျဖစ္တာေၾကာင့္ သူ႕အတြက္ကေတာ့အရမ္းလြယ္ကူလြန္းလွသည္။ တစ္ညတည္းနဲ႕သူျဖတ္ေက်ာ္နိုင္သြားၿပီး အဆင့္၂ကိုေရာက္ရွိသြားေတာ့၏။

အခန္းထဲက ဝိညာဥ္စြမ္းအားအတက္အက်ကိဳခံစားမိလိုက္တာနဲ႕ ယင္ယန္နဲ႕တစ္ျခားအျပင္ဘက္မွာေစာင့္ေနတဲ့သူေတြအကုန္ အခန္းထဲေျပးဝင္လိုက္ၾကၿပီး ႐ုန္ယိ မ်က္လုံးေတြဖြင့္လာတဲ့အခါမွာ ဝိုင္းဂုဏ္ျပဳလိုက္ၾကသည္။
"သခင္ေလး..ခ်ီသန့္စင္အဆင့္၂ကိုေရာက္သြားတဲ့အတြက္ ဂုဏ္ျပဳပါတယ္"

႐ုန္ယိ သူ႕ခႏၶာကိုယ္ကိုစစ္ေဆးၾကည့္လိုက္ရင္း ၿပဳံးလိုက္၏။
"အရမ္းႏွေးေနေသးတယ္"

႐ုန္စုက ေျပာလိုက္သည္။
"သခင္ေလးက အေစာပိုင္းအဆင့္ကေနၿပီး တစ္လတည္းနဲ႕ ခ်ီသန့္စင္အဆင့္၂ကိုေရာက္သြားၿပီေလ..ပါရမီရွင္ေတြေတာင္မွ သခင္ေလးရဲ႕ႏႈန္းကိုမမွီဘူး..ကြၽန္ေတာ့္ကိုဘဲၾကည့္ ကြၽန္ေတာ္ဆို ႏွစ္ဝက္ေလာက္အခ်ိန္ယူခဲ့ရတာ"

"ဒါေပမဲ့ ငါထင္တာေတာ့..ငါဒီထက္ပိုျမန္ဖို႔လိုေသးတယ္"
႐ုန္ယိကေတာ့ ႏွစ္ဝက္အတြင္း အေျခတည္အဆင့္ေရာက္သြားခဲ့ရင္ပိုေကာင္းတယ္လို႔ ေတြးထားသည္။ ဒီလိုဆိုရင္ေတာ့ သာမန္တရားထိုင္က်င့္ႀကံတာက လုံေလာက္ဖို႔အေဝးႀကီးလိုေသးသည္။ သူတစ္ျခားအျပင္နည္းေတြပါလိုလိမ့္ဦးမည္။

ထိုအခ်ိန္ ယင္က်င္းရဲ႕လည္း အခန္းထဲဝင္လာၿပီးေျပာလိုက္သည္။
"အဆင့္အျမန္တက္တာက အေျခအေနမတည္ၿငိမ္တာေတြျဖစ္ေစလိမ့္မယ္..မင္းခႏၶာကိုယ္က အပိုင္စီးတာေတာင္ခံရနိုင္တယ္"

"မစိုးရိမ္ပါနဲ႕..ကြၽန္ေတာ္ဘာလုပ္ေနလဲ ကြၽန္ေတာ္ေသခ်ာသိပါတယ္..အိုး..ဟုတ္သားဘဲ..ေဆးလုံးက ခင္ဗ်ားအတြက္ အလုပ္ျဖစ္ရဲ႕လား"

ယင္က်င္းရဲ႕ ေခါင္းၿငိမ့္ျပလိုက္သည္။
"ေဆးတစ္လုံးတည္းနဲ႕ အရင္ကနဲ႕မတူေတာ့ဘူးလို႔ခံစားလာရတယ္"

"တစ္ေန႕တစ္လုံးေသာက္..ဒါဆို ေနာက်တဈခါ မိုးႀကိဳးစမ္းသပ္မႈေရာက္လာတဲ့အခ်ိန္က်ရင္ ခင္ဗ်ားေပၚကိုက်ေရာက္တဲ့ မိုးႀကိဳးေတြက ေတာ္ေတာ္ေလးအားေပ်ာ့သြားလိမ့္မယ္"

႐ုန္စုက က်ီဆယ္တဲ့အသံနဲ႕ေျပာလိုက္သည္။
"မိုးႀကိဳးေတြက မရွိေတာ့ရင္ပိုေတာင္ေကာင္းေသးတာ"

႐ုန္ယိ ခဏေလာက္ေတြးၾကည့္ၿပီးေျပာလိုက္သည္။
"ဒါက မျဖစ္နိုင္တာေတာ့မဟုတ္ဘူး..ဒါေပမဲ့ ငါတို႔က မိုးႀကိဳးေတြကို အားနည္းသြားေအာင္ဘဲလုပ္လို႔ရတာ.."

အခန္းထဲမွာ ရွိေနတဲ့လူတိုင္း သူ႕ကိုအံ့အားသင့္စြာနဲ႕ၾကည့္လာၾကသည္။

ယင္က်င္းရဲ႕က ေမးလိုက္၏။
"မင္း မိုးႀကိဳးေတြရဲ႕စြမ္းအားကို အားနည္းသြားေအာင္လုပ္နိုင္လား"

"လူတစ္ေယာက္ကအဲ့လိုလုပ္ခဲ့တာကို ကြၽန္ေတာ္စာအုပ္တစ္အုပ္ထဲမွာဖတ္ခဲ့ဖူးတာ..ဒါေပမဲ့ ကိုယ္တိုင္ေတာ့ဘယ္တုန္းကမွမစမ္းၾကည့္ခဲ့ဖူးဘူး..ဒါကတစ္ကယ္အလုပ္ျဖစ္ရဲ႕လားဆိုတာကိုလည္းကြၽန္ေတာ္မသိဘူး"
တစ္ကယ္ေတာ့ ႐ုန္ယိအဘိုးရဲ႕အဘိုးက သူ႕ရဲ႕မိုးႀကိဳးစမ္းသပ္မႈကိုခံယူတဲ့အခ်ိန္တုန္းက ေခတ္သစ္သိပၸံနည္းလမ္းအခ်ိဳ႕နဲ႕ အစီအရင္ေတြကိုသုံးၿပီး မိုးႀကိဳးရဲ႕စြမ္းအားကို အားနည္းသြားေအာင္ျပဳလုပ္ခဲ့တာျဖစ္သည္။ ဒါေပမဲ့ ဒါက သူ႕အဘိုးရဲ႕အဘိုးျဖစ္တာေၾကာင့္ သူ႕ရဲ႕မိုးႀကိဳးစမ္းသပ္မႈကအရမ္းကိုအႏၱာရာယ္မ်ားလြန္းတာေၾကာင့္မလို႔ သူတို႔လိုက်င့္ႀကံဆင့္နိမ့္ေသးတဲ့ မိသားစုကအငယ္ေလးေတြမွာ ျမင္ေတြ႕ခြင့္မရခဲ့လိုက္ၾကေပ။

ဗြီဒီယိုရိုက္ခဲ့ေပမယ့္လည္း မိုးႀကိဳးစမ္းသပ္ခ်က္က်ေရာက္လာခဲ့တဲ့အခါမွာေတာ့ အႀကီးအက်ယ္ႏွောင့္ယွက္ခံလိုက္ၿပီး အေရွ႕ပိုင္းေတြသာရိုက္ခဲ့လိုက္နိုင္သည္။ သူတို႔မွာ သူတို႔အဘိုးရဲ႕အဘိုးဆီကေနၿပီး ဒီနည္းလမ္းကတစ္ကယ္အသုံးဝင္ၿပီး မိုးႀကိဳးေတြကေတာ္ေတာ္ေလးအားနည္းသြားတယ္လို႔သာၾကားခဲ့ရၿပီး ဒါကလည္းသူ႕အဘိုးရဲ႕အဘိုးျဖစ္သူအေနနဲ႕သာျဖစ္ေလသည္။

သူ႕ရဲ႕ပြင့္လင္းစြာေျပာဆိုေနတဲ့ အမူအယာကိုၾကည့္ၿပီး သူအမွန္ေတြေျပာေနတယ္ဆိုတာ.ယင္က်င္းရဲ႕ေျပာနိုင္ေလသည္။

"ကြၽန္ေတာ္ တစ္ျခားတစ္ရက္ေလာက္မွစမ္းၾကည့္ေပးမယ္"
ထို႔ေနာက္ သူ႕အိပ္ခန္းကိုျပန္သြားၿပီး အိပ္ဖို႔အတြက္ အဝတ္အစားေတြလဲလိုက္ေတာ့၏။

႐ုန္စုက ႐ုန္ယိရဲ႕ဆံပင္ေတြကိုၿဖီးေပးေနရင္းနဲ႕ ေျပာလာသည္။
"သခင္ေလး..သခင္ေလးအဆင့္တက္ေနတုန္းက ဆရာသခင္ယြမ္ရိေရာက္လာေသးတယ္...သူေျပာတာက သခင္ေလးရဲ႕ေမွာ္လက္နက္ကို ကူညီသန့္စင္ေပးခဲ့တဲ့ ကုန္းစြန္းက်စ္ခ်န္က သူ႕ဝိညာဥ္ေသြးေၾကာကို သူမ်ားဖ်က္ဆီးတာခံလိုက္ရတယ္တဲ့..အဲ့ေနာက္ပိုင္း သူေပ်ာက္သြားတယ္တဲ့..ဘယ္သူကမ်ား လူတစ္ေယာက္ရဲ႕ဝိညာဥ္ေသြးေၾကာကိုဖ်က္ဆီးပစ္ရတဲ့အထိ ရက္စက္ရတာလဲမသိဘူးေနာ္.."

႐ုန္ယိ မ်က္ေမွာင္ၾကဳတ္သြား၏။
"လူတစ္ေယာက္ရဲ႕ဝိညာဥ္ေသြးေၾကာကိုဖ်က္ဆီးပစ္တယ္ဆိုတာ သူ႕ရဲ႕ဘဝတစ္ခုလုံးကိုဖ်က္ဆီးပစ္လိုက္တာဘဲ..အဲ့လူက အရမ္းရက္စက္လြန္းတယ္"

႐ုန္စုကေတာ့ ဒါကသူမ်ားကိစၥျဖစ္တာေၾကာင့္ သူတို႔မွာဝင္မွတ္ခ်က္ေပးပိုင္ခြင့္မရွိဘူးလို႔ဘဲထင္သည္..ဒါေၾကာင့္ သူေခါင္းစဥ္ေျပာင္းဖို႔လုပ္လိုက္သည္။
"အိုး..ဟုတ္သားဘဲ..မေန႕က က်ိဳ႐ႊီဂိုဏ္းကတပည့္တစ္ေယာက္လႊတ္လိုက္တယ္...သခင္ေလးက စစ္ေဆးပြဲကိုေအာင္ျမင္သြားၿပီမလို႔ ဂိုဏ္းထဲမွာျပန္လာေနသင့္ၿပီးေတာ့ ေန႕တိုင္းစာရင္းသြင္းရမယ္တဲ့..ဒါေပမဲ့ ကြၽန္ေတာ္တို႔ သူ႕ကိုေမာင္းထုတ္ပစ္လိုက္တယ္"

႐ုန္ယိ ေအးစက္စြာႏွာေခါင္းရႈံ႕လိုက္သည္။
" သူတို႔က ငါ့ကို ဂိုဏ္းထဲကေနေမာင္းထုတ္ဖို႔ႀကိဳးစားေနၾကတာမဟုတ္ဘူးလား..ဘာလို႔အခုမွ ျပန္လာေစခ်င္ေနရတာလဲ..ငါက စစ္ေဆးပြဲကိုေအာင္ျမင္ခဲ့တယ္ဆိုရင္ေတာင္မွ ဒီဗိုက္ႀကီးကသူတို႔အတြက္အရွက္ရစရာျဖစ္ေနတုန္းဘဲေလ...ထူးဆန္းတယ္"

ၾကည့္ရတာ ဂိုဏ္းခ်ဳပ္က မြမ္းမံျခင္းအင္းကြက္ေတြလုပ္တဲ့သူက သူဆိုတာသိသြားလို႔မ်ားလား..ဒါေၾကာင့္ဆိုရင္ေတာ့ သူဘယ္ေတာ့မွထိုဂိုဏ္းကို ျပန္သြားမွာမဟုတ္ဘူး..

႐ုန္စုက ဘီးကိုခ်ၿပီး ေျပာလိုက္သည္။
"ရၿပီသခင္ေလး..အရင္ဆုံးမနက္စာသြားစားၾကရေအာင္"

သူတို႔ႏွစ္ေယာက္ အခန္းထဲကေနထြက္လာတဲ့အခါ ခ်ီလန္က အေစခံေတြသယ္ထားတဲ့ထိုင္ခုံေပၚမွာထိုင္ရင္း ယင္ေထာင္ကိုခ်ီထားတာကိုေတြ႕လိုက္ရ၏။

႐ုန္ယိကိုျမင္လိုက္တာနဲ႕ ယင္ေထာင္က ေပ်ာ္႐ႊင္စြာ ေအာ္ေခၚလာေတာ့သည္။
"ေဖေဖ..ေဖေဖ!"

သူကဆင္းဖို႔ႀကိဳးစားလိုက္ေပမဲ့ ခ်ီလန္က သူ႕ကိုလက္ေမာင္းကေန တင္းၾကပ္စြာဆုတ္ကိုင္ထားလိုက္သည္။

ဝမ္ခြၽမ္ကလည္း သူတို႔ေနာက္ကေန စိုးရိမ္ေနတဲ့ပုံနဲ႕လိုက္လာ၏။

႐ုန္စုလည္း မသိစိတ္အရ ႐ုန္ယိကိုသူ႕ေနာက္မွထားၿပီး ပိတ္ရပ္လိုက္သည္။

႐ုန္ယိ မ်က္ခုံးေတြပင့္လိုက္မိသည္။ ခ်ီလန္ကို ဒီရက္ေတြမွာမေတြ႕ရတာေၾကာင့္ သူျပန္သြားၿပီလိုထင္ခဲ့တာျဖစ္သည္။

ခ်ီလန္က ႐ုန္ယိကို အၿပဳံးပါးပါးေလးေပးလိုက္ၿပီး သူ႕ေဘးကမိန္းကေလးကိုယ္ရံေတာ္ကို လွမ္းေျပာလိုက္သည္။
"ရွင္းယြဲ႕..ငါ့ဆရာတူညီေလးကို အျပင္ထြက္လာခိုင္းလိုက္"

"ဟုတ္ကဲ့"
ရွင္းယြဲ႕လွည့္လိုက္တာနဲ႕ ယင္က်င္းရဲ႕က အခန္းထဲကေနထြက္လာတာကိုေတြ႕လိုက္ရသည္။
"သခင္..သခင္ယင္ ထြက္လာပါၿပီ"

ယင္က်င္းရဲ႕က ဝမ္ခြၽမ္ကို အၾကည့္နဲ႕အခ်က္ျပလိုက္သည္။

ဝမ္ခြၽမ္က သူ႕နားအျမန္ေလွ်ာက္သြားၿပီး တိုးတိုးေလးကပ္ေျပာကာ စာတစ္ေစာင္ကိုထုတ္ေပးလိုက္သည္။

ယင္က်င္းရဲ႕ ဖြင့္ဖတ္ၾကည့္ေနရင္းနဲ႕ မ်က္ေမွာင္ေတြၾကဳတ္လာေတာ့သည္။

ခ်ီလန္က အၿပဳံးေလးနဲ႕ေျပာလာသည္။
"က်င္းရဲ႕ မင္းအေမရဲ႕စာကိုဖတ္ၾကည့္ၿပီးရင္..ငါဒီကိုဘာလို႔ေရာက္ေနရတာလဲ မင္းသိမွာေပါ့..အိုး..ဟုတ္သား..မင္းရဲ႕က်င့္ႀကံေဖာ္လည္း ဘာေတြျဖစ္ေနလည္းဆိုတာသိမွာမဟုတ္ေသးဘူး..ရွင္းယြဲ႕..သူ႕ကိုေျပာျပလိုက္"

ယင္က်င္းရဲ႕ မရည္႐ြယ္ဘဲ သတိေပးသံနဲ႕ ေခၚလိုက္မိ၏။
"ခ်ီလန္!."

ခ်ီလန္ကေတာ့ သူ႕သတိေပးသံကိုလုံးဝဂ႐ုမစိုက္။
"ညီေလး..မင္းငါ့ကို ဘာကိစၥေခၚေနရတာလဲ.."

ယင္က်င္းရဲ႕ မ်က္လုံးေတြေမွးက်ဥ္းလိုက္သည္။
"ဒီမွာလာၿပီး ျပႆနာမရွာနဲ႕"

"ငါျပႆနာရွာေနတယ္လို႔ ဘယ္သူေျပာလဲ..ဒီတစ္ႀကိမ္ထက္ ဘယ္တုန္းကမွ အေလးအနက္မျဖစ္ဖူးဘူး...ရွင္းယြဲ႕..သခင္ေလး႐ုန္ကို သခင္မႀကီးရဲ႕စာထဲမွာ ဘာေျပာထားလဲဆိုတာ ေျပာျပလိုက္"

ရွင္းယြဲ႕က ႐ုန္ယိဘက္ကိုလွည့္ၿပီးေျပာလိုက္သည္။
"သခင္ေလး႐ုန္...သခင္မႀကီးေျပာထားတာက ရွင္ဒီကေလးကိုေမြးေပးၿပီးတာနဲ႕ ရွင့္ကိုလြတ္လပ္ခြင့္ျပန္ေပးမယ္တဲ့..ဒီကေလးေတြက ယင္မိသားစုနဲ႕ဘဲသက္ဆိုင္ၿပီး ရွင္နဲ႕လုံးဝမဆိုင္ေတာ့ဘူး..ယင္မိသားစုက ရွင္ခ်မ္းခ်မ္းသာသာနဲ႕ အပူအပင္မရွိေနနိုင္ဖို႔အတြက္ စိတ္ဝိညာဥ္ေက်ာက္တုံးေတြအလုံအေလာက္ေပးလိမ့္မယ္..ရွင္ဒီမွာဆက္ေနဖို႔လည္း ေ႐ြးလို႔ရပါတယ္..ဒါေပမဲ့ ကြၽန္မသခင္က သခင္ယင္နဲ႕လက္ထပ္ၿပီးတဲ့အခါ ကေလးေတြက ရွင့္ကို ေဖေဖလို႔ဆက္ေခၚရမွာမဟုတ္ေတာ့ဘူး..သူတို႔ေဖေဖက ကြၽန္မသခင္ဘဲျဖစ္လိမ့္မယ္"

႐ုန္ယိ ေတာင့္တင္းသြားရသည္။

႐ုန္စုက ႐ုန္ယိကိုကာကြယ္ဖို႔တစ္ခုခုေျပာလိုတာေၾကာင့္ ပါးစပ္ဖြင့္လိုက္ခ်င္ေပမဲ့လည္း သူတို႔မွာ ႐ုန္ယိကေလးေတြကိုေမြးဖြားေပးၿပီးတာနဲ႕ သူ႕ကိုလက္လႊတ္ေပးလိုက္ေတာ့ဖို႔ အေတြးေတြအရင္ထဲကရွိၿပီးသားဆိုတာ ျပန္ေတြးမိသြားတဲ့အခါ သူေျပာခ်င္တာေတြ ျပန္ၿမိဳခ်လိဳက္ေတာ့သည္။

ခ်ီလန္က ႐ုန္ယိရဲ႕တည္သြားတဲ့မ်က္ႏွာအမူအယာကိုေတြႀလိဳက္ရတဲ့အခါ ပိုလို႔ေတာင္စိတ္ေက်နပ္သြားရသည္။ သူက ယင္ေထာင္ရဲ႕ေမးေစ့ေလးကိုဆြဲယူလိုက္ၿပီး
"ယင္ေထာင္ေလး..မင္းအခုတည္းက ငါ့ကိုေဖေဖလို႔ေခၚဖို႔ စေလ့က်င့္သင့္ေနၿပီ"

"ခင္ဗ်ားက ကြၽန္ေတာ့္ေဖေဖမဟုတ္ဘူး!...ကြၽန္ေတာ့္ကိုလႊတ္!!...ကြၽန္ေတာ့္ေဖေဖကိုဘဲလိုခ်င္တယ္!!"
ယင္ေထာင္က ႐ုန္းေနေပမဲ့မရတာေၾကာင့္ သူ႕လက္ေလးေတြကို ႐ုန္ယိဆီကိုဆန့္ထုတ္ေပးလာသည္။
"ေဖေဖ..ေဖေဖ!...သားကိုခ်ီ!"

ခ်ီလန္က ယင္ေထာင္ရဲ႕ေခါင္းေလးကို သူ႕ဘက္ျပန္ဆြဲလွည့္လိုက္ၿပီး ႐ုန္ယိကို ရန္စတဲ့အၾကည့္ေတြနဲ႕ၾကည့္လိုက္သည္။
"မင္းက အခုကစၿပီး ငါ့ကိုဘဲေဖေဖလို႔ေခၚသင့္တာ...မွားမေခၚနဲ႕"

**************
18.12.2021

Continue Reading

You'll Also Like

91.8K 9.9K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...
1.5K 118 5
သူမ ကမ္ဘာတစ်ခုကို ဖြတ်သန်းလာခဲ့တယ် ။ သို့ပေမယ့် အဲ့ဒီ့ကမ္ဘာဟာ ဖျက်ဆီးခံလိုက်ရတယ် ။ ယုတ်မာတဲ့ စာရေးဆရာဟာ သူမ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကို စံချိန်မမှီ...
110K 13.4K 94
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
89.7K 8K 64
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...