မင်းတစ်ယောက်သာ

By That640019452

195 14 1

" မင်းဆိုတဲ့ကဗျာ မင်းဆိုတဲ့အရာရာ မင်းကိုချစ်အဆုံးပါလို့ပြောရင်မင်းယုံပါ့မလားမာနခဲလေး " More

မင်းတစ်ယောက်သာ အပိုင်း_၁

195 14 1
By That640019452


1991
ပေကျင်းမြို့ဟာတရုတ်ပြည်မြို့ဖြစ်လေသည်။ထိုခေတ်၁၉၉၁အရဆိုရင်သူတို့ရဲ့ရိုးရာဓလေ့အရမီးပုံပျံလွှတ်ပွဲဟူ၍ဖြစ်သည်။ထိုစဉ်ဖြူဖြူအုအုကလေးလေးနှစ်ယောက်။အလယ်မှာမီးပုံပျံတူတူကိုင်ထားကြသည်။

" ကောကော "

ကလေးရဲ့နှုတ်ခမ်းကထွက်လာတဲ့အသံလေးကြောင့် ပြန်ပြောလိုက်လေ၏။

" ဗျာ ပြောပါဗျာ "

" ဟီးဟီး ကိုကိုဝမ်ဘယ်နေ့အိမ်လာမှာလဲ "

" ဟို ကျန့်ကျန့်ရယ် ကိုယ်ကလေအသက်ပြည့်ပြီဆိုတော့ ကောကောဖေဖေကအရာရှိအလုပ်ထဲသွင်းတော့မယ် "

" အဲ့ဒါဘာကိုပြောတာလဲဗျ "

ပေါက်စနအရွယ်အသာရည်ဖြူဖြူအုအု၊နှုတ်ခမ်းအောက်ကမှည့်နက်လေးနဲ့ကလေးကမေးလာတော့ဝမ်ရိပေါ်မှာဘယ်လိုဖြေရမှန်းမသိ။သူတို့နှစ်ယောက်ကခင်လာတာ၁၁နှစ်ရှိခဲ့တော့လည်းမတည့်အတူလို့ပေါ့။

" ကိုယ် အရာရှိလုပ်ရတော့မှာဗျ "

" ဟင် ဒါဆို ဘာလိုကြီးလဲ "

ဝမ်ရိပေါ်တစ်ယောက်လေးနက်စွာပြုံးလိုက်ကာကလေးနဖူးအားအသားလေးတောက်လိုက်လေတော့နှာရှုတ်သွားတဲ့ကလေးလေးရှောင်းကျန့်ကပြောလာ၏။

" အ့ ကိုကိုဝမ်ကအမြဲတမ်းနဖူးကိုပဲတောက်နေတာ "

" ပိန်းလို့လေ၊ငပိန်းလေးရဲ့ ကိုယ်အခုကိုယ့်ပါးပါးခေါ်နေပြီ ကိုယ်ပြန်ရတော့မယ် "

ဝမ်ရိပေါ်က သူလည်းပင်မှာချိတ်ဆွဲထားတဲ့ဆွဲကြိုးလေးဖြုတ်၍ရှောင်းကျန့်လေးအာဆွဲပေးလိုက်စေတယ်။ဒီဆွဲကြိုးကသူရဲ့မားမားမဆုံးခင်တုန်းကပေးသွားတဲ့ဆွဲကြိုးလေးတစ်စုံရယ်၊လက်စွပ်ရယ်ပဲရှိတာမို့အမြတ်တနိုးသိမ်းထားရတယ်။ဒီကလေးကကိုယ့်ဘဝမှာအရေးပါတဲ့သူမို့အမှတ်တရဖြစ်ပေးခဲ့ခြင်းဖြစ်သည်။

" ကိုကိုပြန်လာမှာလာဟင် "

" လာမှာပေါ့ ဒါဆိုကိုယ်သွားတော့မယ် ဒီဆွဲကြိုးလေးကိုဘယ်တော့မှမချွတ်နဲ့နော် "

" အွန်း အွန်း "

သူကိုကျောခိုင်းကာပြေးထွက်သွားတဲ့ကောကောဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်လေးမှာဝမ်းတွေနည်း၊မျက်နှာလေးကလည်းညိုးငယ်နေတယ်။
______________________

1997ခုနစ်

" သခင်လေးရော ဟမ် "

သခင်ကြီးရှောင်းလျှိုကြောင့်အစေခံတွေမှာဘယ်လိုပြောရမှန်းမသိပေ။မပြောရဲပဲသာခေါင်းငုပ်ထားနေမိတော့သည်။

" ပါးပါး "

ဟော ပြောရင်းဆိုရင်းပေါ်တော်မူရှောင်းကျန့်ရောက်ချလာပါပြီ။ကြီးလာတာနဲ့အမျှဆိုးချင်တိုင်းဆိုးနေတာ။မပြောချင်တော့ဘူး။ကလေးလည်းမဟုတ်တော့ဘူး၊အမြဲတမ်းလျှောက်ဖြုန်းနေတာ၊မိကွဲဖကွဲမို့အလိုလိုက်ထားရခြင်းပင်။ဇနီးဖြစ်သူကတော့အခြားမြို့ရွာမှာနေသော်လည်းရှောင်းကျန့်နဲ့အဆက်သွယ်ရသည်။ရှောင်းကျန့်ဆိုတာဖြူဖြူအုအုအသာရည်ဖွေးဝင်တောက်ပနေ၍မျက်နှာလေးကညိုယူထားသလိုသိပ်ဖမ်စားလွန်းသည်အထိလှရက်နိုင်သူ။ပန်းရောင်အလိုလိုသန်းနေတဲ့နှုတ်ခမ်းအောက်ကမှည့်နက်လေးနဲ့ရှောင်းကျန့်ဆိုတဲ့ကောင်လေးဟာတရုတ်ပြည်ပေကျင်းမြို့ရဲ့အာဏာအရှိဆုံးမြို့စားမင်းရဲ့တစ်ဉီးတည်းသောသားလေးပင်။ဘယ်သူမှရှောင်းကျန့်ကိုမထိရဲ။မာနလျှမ်းလျှမ်းတောက်ကြီးလွန်းလို့အဆင့်တန်းလည်းခွဲခြားတဲ့အပြင်မြို့အုပ်မင်းရှောင်းကျန့်ကိုကြည့်မရပေမယ့်မြို့အုပ်မင်းသားဖြစ်တာမို့ပြည်သူတွေကကောင်းကောင်းရိုသေလေစားဆက်ဆံကြရတာပေါ့။

အပေါ်တက်သွားကာမှန်ကြည့်ပြီးထိုင်လိုက်သည်။မှန်မှာမြင်နေရတဲ့သူလည်ပင်းမှာဆွဲထားတဲ့ဆွဲကြိုးလေးကိုင်ရင်းတွေးတောမိသည်။ဒီဆွဲကြိုးကကောကောဆိုသူပေးခဲ့တာမို့အတွေးတန်းရောက်နေရဲ့။သို့သော်ကိုယ်ကကြီးလာပြီဆိုတော့သူကိုမမှတ်မိတော့ဘူး၊အဲ့တုန်းကကလေးပေါက်စနလေးပဲရှိသေးလို့လေ။ပြတင်းပေါက်ဖွင့်ကာကောင်းကင်ပေါ်မှာတည်ရှိနေသောလမင်းလေးအားငေးကြည့်နေတယ်။ဒီတစ်ရက်တော့လည်းလမင်းကြီးကြည့်ရင်းတစ်ညတာအချိန်တွေကုန်သွားပါလေသတဲ့။
_________________

ရှန်းဟိုင်မြို့လယ်ခေါင်မှာနှင်းဖွေးဖွေးလေးတွေကျနေတယ်။ရှန်းဟိုင်စစ်အုပ်ချုပ်ရေးရုံးဆိုတဲ့ရုံးတစ်ရုံးပေါ့အုပ်ချုပ်သူကတော့ဗိုလ်ချုပ်လျှိရိမင်ပင်ဖြစ်ပေမယ့်သူထက်ရာထူးငယ်တဲ့ဗိုလ်ချုပ်ဝမ်ရိပေါ်အားစေလွှတ်စေခိုင်းတော့ချက်ချင်းရောက်ချလာသူ။

" အမိန့်ရှိပါ "

နှာတံဖြောင့်ဆင်းဆင်းတောင့်တင်းလှတဲ့ခန္ဓာကိုယ်၊ဘေးတိုက်ကြည့်ရင်တောင်ခန့်ညားချောမောနေတာတောင်မပျောက်သွားတဲ့မြို့ရဲ့အုပ်ချူပ်တဲ့ဗိုလ်ချုပ်ထက်ရာထူးငယ်တဲ့ဗိုလ်ချုပ်ဝမ်ရိပေါ်။ရာထူးငယ်ပေမယ့်ဗိုလ်ချုပ်ဝမ်ရဲ့အာဏာဟာကြီးမာလှလေတယ်။ပြည်သူပြည်သားတွေကလည်းဗိုလ်ချုပ်လျှိရိမင်ထက်တောင်ကြောက်ရမယ့်သူလို့တင်စားရသလိုတရားမျှတမှုကိုဆုံးဖြတ်ပေးနိုင်တဲ့အပြင်၊အဆင့်တန်းခွဲမခြားဘဲလေးလေးစားစားဆက်ဆံသောကြောင့်ပြည်သူတွေရဲ့အချစ်ခံရသူပေါ့ပြောရပေမယ်။

" မင်းမနက်ဖြန်ပေကျင်းကိုသွားရမယ်၊အဲ့မှာပဲမင်းအုပ်ချုပ်ထား မင်းရားထူးတိုးသွားတာမို့ မင်းကပေကျင်းမြို့ရဲ့စစ်ရုံးမှာဗိုလ်ချုပ်ကြီးဖြစ်သွားပြီပဲ "

" ဟုတ်ကဲ့ဗျ "

တကယ်တမ်းကျရင်ဝမ်ရိပေါ်လိုလူကရာထူးကြီးသွားလည်းအရင်အတိုင်းပါပဲ။သူဒါတွေတပ်အပ်မလိုချင်ခဲ့ဘူး။ဆရာဝန်ဖြစ်ချင်ခဲ့တာ၊ခက်သွားတာကအဖေကဗိုလ်ချုပ်ကြီးဆိုတော့သူ့မှာလုပ်ဆောင်ဖို့ဆိုတာမလွှဲသာရှိတော့တယ်။

" သွားတော့ "

မနက်ရောက်တော့ ဗိုလ်ချုပ်ဝမ်ဟာရထားဘူးတာမှာထိုင်ပြီးပေကျင်းကိုသွားမယ်ရထားအားစောင့်နေပါရဲ့။လူချမ်းသားဆိုပေမယ့်ကားတွေဘာတွေနဲ့မသွားချင်၊ရထားနဲ့သွားရတာကိုပဲသဘောကျပါတယ်။ဒါကရိုးရှင်းတယ်လေ။သဘာဝအလှကိုလည်းကြည့်ပြီးခံစားလို့ရတယ်လေ။ရထားရောက်တော့သူတက်ကာရထားပြတင်းပေါက်ဘေးမှာထိုင်နေလိုက်တော့တယ်။သူအိတ်ထဲကမှတ်စုစာအုပ်လေးတစ်အုပ်ထုတ်လိုက်ပြီးသဘာဝအလှတွေအားခံစားမိ၍ချရေးတယ်။ဒါကသူပျင်းနေရင်လုပ်နေကျအရာတစ်ခု။ပေကျင်းဆိုတာလည်းတစ်စုံတစ်ယောက်ရှိတဲ့အရာ။ငယ်ငယ်တုန်းကမွေးရပ်မြေအားပြန်အခြေချရတာပေါ့။ပေကျင်းရောက်တော့ခြေလှမ်းစလှမ်းချင်းမိပင်ကလေးတွေဆော့ကစားကြနေတာကိုမြင်တော့သူပြုံးမိပါရဲ့။ထိုစဉ်အကျော်ရောင်းတဲ့ဉီးလေးကြီးရောက်လာပြီးပြောလာတယ်။

" ဒီကလူကလေးက "

" ကျွန်တော်ကရှန်းဟိုင်ကလာတဲ့ဗိုလ်ချုပ်ဝမ်ရိပေါ်ပါ။အထက်ကြောင့်ကျွန်တော်ဒီမှာတာဝန်ထမ်းဆောင်ရမှာပါ၊ဗိုလ်ချုပ်ဝမ်လို့ခေါ်ရင်ရပါတယ်။ "

" အော် "

" ပေကျင်းရဲ့မြို့အုပ်ချုပ်တဲ့မင်းရဲ့အိမ်ကိုသိလားမသိဘူးခင်ဗျ၊သိရင်လမ်းညွှန်ပါအုံး "

" အော် ဆက်လျှောက်သွားလိုက်၊ဘယ်ဘက်ကိုချိုးအဲ့မှာလမ်းကြားလေးရှိတယ်၊အဲ့ကြားထဲမှာအိမ်လေးတွေရှိတယ်။အိမ်ငယ်လေးတွေပေါ့၊အဲ့အိမ်ရဲ့အလှမ်းအကွာလောက်အလယ်မှာခြံဝန်းစိမ်းကျယ်ကြီးခတ်ထားတဲ့အိမ်ကြီးတွေ့ရင် ဖောင်အပြာလေးဘေးမှာ မြို့အုပ်မင်းရှောင်းလျှိုဆိုပီး ရေးထားတာအဲ့ဒါပဲ "

" အော် ဟုတ်ကဲ့ဗျ ကျေးဇူးပါ တကယ်တော့ဒါကလည်းကျွန်တော်ရဲ့မွေးရပ်မြေပါ ကျွန်တော်လည်းကြီးတော့သိပ်မမှတ်မိတော့ဘူး "

" အော် အေးရပါတယ် "

ထိုဉီးလေးပြောသလိုပင်သွားတော့မြို့အုပ်မင်းအိမ်ကိုရောက်လာခဲ့တော့တယ်။ခေါင်းလောင်းဆွဲပါဟူသောစာကြောင့်ခေါင်းလောင်းဆွဲတော့မရောက်လာ။

" လူရှိလားဗျ "

ဟုမေးသောလည်းဘာအကြောင်းမျှဖြေသံမကြား။ထိုအချိန်မှာပင်အနွေးထည်းပါးပါးလေးဝတ်ဆင်ထား၍ဒူးဘောင်ဘီတိုတိုလေးဝတ်ထားပြီး၊အကျီအဝါလေးနဲ့ပိန်ပိန်ပါးပါးသေးသေးသွယ်သွယ်ကောင်လေးတစ်ယောက်ရောက်လာတယ်။မျက်နှာလေးကကြည့်ကောင်း၍ပါးနှစ်ဖက်ဘက်ပန်းရောင်မသိမသာသွားနေသလို၊နှုတ်ခမ်းကလည်းပန်းရောင်သန်းနေတဲ့အပြင်ထိုနှုတ်ခမ်းအောက်ကမှည့်နက်နဲ့ကောင်လေးဟာရောက်ရှိလာခဲ့တယ်။မျက်နှာလေးကမှုန်ကုပ်နေတာပဲ၊လက်ကလေးကလည်းပိုက်ထား၊ကြည့်ရတာမာနခဲလေးပဲ။

" ကိုယ် ကိုယ်မေးချင်လို့ "

ရှောင်းကျန့်က ထိုလူကိုမှုန်ကုပ်စွာကြည့်ပြီးမေးဟုသဘောဖြင့်ဟန်ပြတော့ထိုလူကမေးလာလိုက်တယ်။

" ဒီအိမ်ကမြို့အုပ်မင်းအိမ်လား "

" ရေးထားတဲ့စာမမြင်တာလား ဒါမှမဟုတ် မဖက်တက်တာလား "

" ကိုယ်မြင်ပါတယ်၊မသေချာမှာဆိုးလို့မေးလိုက်ရုံပဲ "

" ဒါဆိုဘာလို့မေးနေသေးလဲ "

" ကိုယ်ကဗိုလ်ချုပ်ဝမ်ရိပေါ်ပါ ရှန်းဟိုင်ကနေတာဝန်ထမ်းဆောင်ရင်းပေကျင်းမှာတာဝန်ကျသွားတာပါ "

" အဲ့တော့ "

" မင်းအဖေနဲ့တွေ့လို့ရမလား "

" မရှိဘူး အပြင်သွားတယ် "

" ကိုယ်အထဲဝင်ပြီးစောင့်ရင်ရမလား "

" မရဘူး ပါးလာမှဝင် "

" ရှောင်းကျန့်ရေ ရော့မင်းအတွက် "

နောက်ကနေအသံကြားရာကြောင့်ဝမ်ရိပေါ်လှည့်ကြည့်လိုက်တယ်။ခပ်ချောချောကောင်ငယ်လေးရဲ့လက်ထဲမှာနှင်းဆီပန်းအစည်းလိုက်နဲအရုပ်ကလေးကိုင်ထားတယ်။ရှောင်းကျန့်ဆိုသူကိုကြည့်လိုက်တော့မှုန်ကုပ်နေတဲ့မျက်နှာလေးကကလေးတစ်ယောက်လိုရွှင်လန်းလာကာသူနဲ့အတူတူအထဲဝင်သွားသည်။သူ့ကျတော့အထဲပေးဝင်တယ်၊ငါကျတော့?

" အား ကျေးဇူးပါ ကျောက်ယွီ "

" မနက်ဖြန်မင်းမွေးနေ့အတွက်အကြိုပေးတာ "

" ကျေးဇူး မမေ့ဘူး ဟီးဟီး "

ပြုံးပျော်ရွှင်ကာပန်းစည်းလေကိုင်ပြီးနှစ်ယောက်အတူတူကျီစားနေသလားထင်ရတော့သည်အထိအထဲဝင်သွားကြတယ်။ဗိုလ်ချုပ်ဝမ်ကိုကျရော?လက်မှာပက်ထားတဲ့နာရီလက်တံကလည်နေတယ်။သိပ်မကြာသေးခင်မှာပဲကားတစ်စီးကနေဆင်းလာ၍လူကြီးတစ်ယောက်ရောက်လာလေတယ်။

" လူကလေးက "

" ဗိုလ်ချုပ်ဝမ်ရိပေါ်ပါ ပေကျင်းမှာတာဝန်ကျလို့ ထမ်းဆောင်ရမှာပါ မြို့အုပ်မင်းနဲ့တွေ့ချင်လို့ "

အယ်ခက်ပြီ၊ရှောင်းလျှိုနဲ့ထိပ်တိုက်ပဲတွေ့ဆုံနေတာကို။

" ကျွန်တော်ပါ ကျွန်တော်ကမြို့ဝန်ကြီးလည်းဟုတ်တယ်လို့ပြောရမယ်ပေါ့ "

" အော် တွေ့ရတာဝမ်းသားပါတယ်ဗျ "

" ကျွန်တော်ရောပါပဲ "

" ဟုတ်ကဲ့ဗျ "

" စောင့်နေရတာကြာသွားလား "

ကြာတယ်လို့ပြောချင်ပေမယ့်ကိုယ်ကဘာပြဿနာမှမဖြစ်ချင်တာမို့ခေါင်းခါပြလိုက်တော့ရှောင်းလျှိုသိပ်မယုံချင်၊အိမ်မှာဆိုလို့အစေခံတွေနဲ့သူသားပဲရှိတာသူ့သားကအဆိုးလေး။သူ့သားကတစ်ခွန်းဆိုတစ်ခွန်း။

" ကဲ အထဲဝင်ပါဗျ "

" ဟုတ်ကဲ့ဗျ "

" လူကလေးကားပေါ်တက်ပါလား "

" ရပါတယ် အထဲဝင်ရုံပဲကို "

" အော်ဟုတ်ကဲ့ "

အထဲရောက်တော့ကျယ်ဝန်းလွန်းပြီးထိန်းလင်းနေသောမီးရောင်တွေနဲ့ပန်းအိုးတွေကလည်းသူနေရာနဲ့သူသေသေသက်သက်လှပခန့်ထယ်စွာရှိကြတယ်။လှေကားအထပ်တွေကလည်းအကွေ့ကောက်လိုပဲ။သူဒီအိမ်တော်ကိုရောက်ဖူးသလိုပဲခံစားနေရတယ်။ငယ်ဘဝတုန်းကရောက်ဖူးတယ်လို့ခံစားနေသလိုပင်။ဧည့်ခန်းမှာထိုင်၍ရှောင်းလျှိုဟာအစေခံမလေးကိုကော်ဖီပူပူလေးဖျော်ခိုင်းထားလိုက်တယ်။

ဗိုလ်ချုပ်ကတော့ကျယ်ဝန်းလှတဲ့နေရာရဲ့ရှုထောင့်တွေအားအကဲခတ်ရင်းကော်ဖီခွက်လာချသွားတယ်။

" သောက်ပါအုံး ဗိုလ်ချုပ်ဝမ် "

" ဟုတ်ကဲ့ "

အလိုက်သိစွာတစ်ငုံသောက်လိုက်ပြီးစားပွဲပေါ်ပြန်ချလိုက်တယ်။ထို့နောက်သူစကားပြောလိုက်တော့တယ်။

" ကျွန်တော်ကပေကျင်းမှာတာဝန်သွားကျတာပါ၊စစ်ရုံးကိုနောက်နှစ်ပက်လောက်ကျရင်ကျွန်တော်ကိုလိုက်ပို့ပေးဖို့တောင်းဆိုချင်ရုံပါပဲ "

" အော် ဉီးလေးကြားတယ်၊ဟိုတစ်နေ့ကရပ်ကွက်ထဲမှာဗိုလ်ချုပ်အသစ်ရောက်တော့မယ်ဆိုအဲ့ဒါလူကလေးလား "

" ဟုတ်ပါတယ်ဗျ "

" ဟိုအရင်ကဗိုလ်ကြီးကတော့သက်တမ်းပြည့်သွားလို့ပင်စင်ကိုအစောပက်ကမှယူသွားတာ "

" အော် ဟုတ်ကဲ့ဗျ "

" သူကရှန်းဟိုင်ပြန်ပြီ၊အဲ့ဒါသူ့ဇာတိတဲ့ ရပ်ကွက်ထဲကဟာတွေကပြောကြတာပဲ "

" အော်၊ပေကျင်းကလည်းကျွန်တော်ရဲ့မွေးရပ်ဇာတိပါပဲ "

" အယ် ကံကောင်းတာပေါ့ ဗိုလ်ချုပ်ဝမ်ရယ် "

" ကျွန်တော်အတွကမတည်ခိုခန်းလေးလိုက်ပြပါလား ဒီတစ်ပက်တိတိတည်ခိုခန်းမှာအနားယူမို့ပါ "

" အမလေးမပူနဲ့၊ဉီးလေးတို့အိမ်မှာနေအကျယ်ကြီးပဲဗိုလ်ချုပ်ဝမ်ရယ်ကြွားတာတော့မဟုတ်ဘူး "

" ဟုတ်ကဲ့ဗျ "

စကားပြောနေမှာပဲလှေကားကနေအစောနကကောင်လေးနှစ်ယောက်ဆင်းလာတာကိုဝမ်ရိပေါ်မြင်လိုက်တယ်။မှည့်နက်နဲ့မာနခဲကောင်လေးကတော့ကောင်လေးတစ်ယောက်ကိုအပြင်ဘက်မှာစကားပြောနေရာကနေပြန်လာခဲ့တယ်။ရှောင်လျှိုကသူ့သားရှောင်းကျန့်ကအပေါ်တက်ခါနီးမလှမ်းသေးတဲ့ခြေလှမ်းတွေအားမလှမ်းဖို့ပြောလေတယ်။

" သားကျန့် လာအုံး "

" အားရား ဘာလဲ ပါးပါးရာ "

ရှောင်းကျန့်တစ်ယောက်စိတ်ပျက်စွာနဲ့ဗိုလ်ကြီးဆိုသူနဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်တယ်။ဝမ်ရိပေါ်ကတော့ဒီကလေးအားအကဲခတ်မိတယ်။ခြေချိတ်ထိုင်ပြီးလက်ကပိုက်ထားရင်းမျက်နှာကလည်းဟိုဘက်လွှဲ၍မှုန်ကုပ်နေတော့တာပဲ။တကယ်မာနခဲလေးပဲ။

" သူ့ကရှောင်းကျန့်တဲ့ "

" ရှောင်းကျန့် "

ထိုနာမည်ကြောင့်ငယ်ငယ်ကဆုံတွေခဲ့တဲ့ကောင်ငယ်လေးအားသတိရစေတယ်။သူကများဒီကလေးဖြစ်လောက်မလားဆိုတဲ့အတွေးဝင်သွားပေမယ့်ပြန်ရုတ်သိမ်းခါနီးရှောင်းကျန့်ရဲ့လည်းပင်းမှာဆွဲထားသောဆွဲကြိုးရုတ်တရက်မြင်တော့သေချာသွားပြီ။ဆွဲကြိုးပုံလေးကပုလဲလုံးသေးသေးလေးလေးတစ်ခုပါဝင်ထားတယ်။ဒီကလေးက တကယ်ပဲသူငယ်ဘဝကဆုံတွေ့စေခဲ့တဲ့ကလေးပဲဖြစ်နေလေရဲ့။

" ကိုယ့်ကိုမှတ်မိလား "

" ဗိုလ်ချုပ်ကြီး ဒါကမရီရဘူးသိလား "

" ကိုယ့်ကိုဘယ်မှတ်မိပါ့မလဲ၊ ငယ်ငယ်က ကိုကိုလို့ခေါ်၊ခေါ်နေတဲ့ ဗိုလ်ချုပ်ဝမ်ရိပေါ်ကြီးလေ "

ရှောင်းကျန့် စိတ်တွေလှုပ်ရှားလာတယ်။ဒီလူတော့။

" ဟာသလာမပြောနဲ့ "

" မပြောဘူးလေ၊ကိုယ်မင်းကိုပေးထားတဲ့ဆွဲကြိုးလေးကအခုထိမင်းဆွဲထားနေတုန်းပဲလေ "

ရှောင်လျှိုကသူတို့နှစ်ယောက်ကြားကအဖြစ်ပျက်တွေနားမလည်နိုင်တော့ဘူး၊ဘာတွေလဲငယ်ငယ်တည်းကသိခဲ့ကြတာလား။

" ဘာ ဘာတွေလဲ အန်ကယ်တော့နားမလည်ဘူး "

" ဉီးလေးကရှောင်လျှိုမလား၊ကျွန်တော်ကငယ်ငယ်ကဉီးလေးတို့ရဲ့ဘေးအိမ်ကဗိုလ်ချုပ်ရဲ့သားလေ၊အဲ့မှာပါးကတာဝန်ကျလို့ခဏလာရွှေ့နေတာလေ "

ဒါဆိုဒီကောင်လေးကသူတို့ဘေးအိမ်ကဗိုလ်ချုပ်ဝမ်ရီကျိုရဲ့သားပေါ့။သူအမေကဝမ်စု၊အထည်ဆိုင်မှာစက်ချုပ်ရင်းကြိုက်ခဲ့ကြလို့ကိုယ်တောင်မင်္ဂလာပွဲစီစဉ်ပေးရတာပေါ့။

" အော် သိပြီ ငါ့သားကဝမ်ရိပေါ်မလား "

" ဟုတ်ကဲ့ခင်ဗျ "

" သားတို့သတင်းမကြားရတော့ဘူး၊သားသားတို့ရှန်းဟိုင်ကိုထွက်သွားပြီတည်းက "

" ဟုတ်ပါတယ်ဗျ၊ဒါပေမယ့်အမေကပေကျင်းသူဆိုတော့အဖေကရှန်းဟိုင်းသား၊ရှန်းဟိုင်မှာတာဝန်ပြန်ကျတော့ကျွန်တော်ကအမေနဲ့နေခဲ့တာလေ၊အဲ့မှာပဲ ဉီးလေးရဲ့သားဆိုးလေးနဲ့ရင်နှီးတွေ့ဆုံခဲ့တာပေါ့ "

မျက်လုံးတွေကရှောင်းကျန့်ဆီရောက်လာတော့ချက်ချင်းအကြည့်လွှဲပစ်လိုက်တော့တယ်။တကယ်ပဲငယ်ငယ်ကကိုကိုပေါ့။သူမသိချင်ယောင်ဆောင်မှ၊ခပ်ပြက်ပြက်သလိုနေရမှာ။

" ပါး သားစျေးထဲသွားလိုက်အုံးမယ် "

" ကျွန်တော်ပါဝယ်စရာရှိလို့လိုက်သွားလိုက်ပါအုံးမယ်။ "

" အော်အေး "

စျေးထဲရောက်တော့လူတွေကသိပ်တော့မရှုပ်၊အမှိုက်တွေကလည်းမရှိသက်သက်ရပ်ရပ်လေးပါ၊ကြည့်ရတာမြို့ကစည်းကမ်းရှိလို့နေမှာပေါ့။

ရှောင်းကျန့်ကတော့ ဒီလူသူ့နောက်လိုက်နေတာသူအနေရခက်လာတယ်။အား တကယ်ပဲ၊နောက်ပြန်လှည့်ကာအော်ပြောပစ်တော့သည်။

" ဘာဖြစ်ချင်နေတာလဲ ဘာလဲကျွန်တော်နောက်ကိုလိုက်နေတာလဲ "

စျေးထဲကဆူညံ့သံတွေကတိတ်ဆိတ်သွားပြီ။မြို့ဝန်မင်းသားရှောင်းကျန့်လက်ချက်လို့ပဲပြောရမလား။လူတွေဝိုင်းကြည့်နေတာကိုလည်းဝမ်ရိပေါ်သိတယ်။သူလက်အားဆွဲပြီးလူရှင်းတဲ့တစ်နေရာအားခေါ်စေခဲ့တယ်။

" လွှတ် လွှတ် "

" ပြောစမ်းပါအုံး ဘာလို့ဆိုးလာရတာလဲ ဟမ် "

" ကိုယ်ဘာသာဆိုးချင်ဆိုးမှာပေါ့ ခင်ဗျားအလုပ်
လား။ "

ဝမ်ရိပေါ်ကနှုတ်ခမ်းတွေတွန့်နေအောင်ပြုံးကာလက်ပိုက်လိုက်၍ပြန်ပြောလိုက်တယ်။

" ကိုယ်အလုပ်ပေါ့၊ကိုကိုကလေးကဆိုးနေလို့ကိုကိုမှာထိမ်းသိမ်းဖို့ဆိုတာတာဝန်ရှိတယ်မလား "

ရှောင်းကျန့်က နောက်ပြန်လှည့်သွားကာဆူပုတ်စွာရပ်နေတော့ ဗိုလ်ချုပ်ဝမ်ပြုံးမိတယ်။ကလေးစိတ်တစ်ဝက်မပျောက်သွားတဲ့သူလေးရဲ့ နား နားကပ်လိုက်၍ပြောလိုက်တယ်။

" ကိုယ့်ကိုဘာလို့စိမ်းကားနေတာလဲ "

ရှောင်းကျန့်ကတော့ ခေါင်းခါ၍လက်ပိုက်ပြီးထွက်သွားတော့၊ဗိုလ််ချုပ်ဝမ်ဟာခေါင်းခါရင်းထပ်ပြုံးပြန်တယ်။ကလေးစိတ်တော့မပြောင်းလဲသွားဘူး၊ပြောင်းလဲသွားတာဆိုလို့မာနခဲလေးဖြစ်သွားတာ။



End......။

Continue Reading

You'll Also Like

185K 8.5K 30
Desperate for money to pay off your debts, you sign up for a program that allows you to sell your blood to vampires. At first, everything is fine, an...
481K 7.3K 82
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
257K 8.9K 104
She was a capitol elite. He was the youngest victor in history. Their friendship was frowned upon, but their love was forbidden. Extended Summary Ins...
387K 18.6K 80
Kang y/n was always been the black sheep of the family. Overshadow by her extremely talented, gorgeous sister Roseanne . Who has the world revolve a...