I Found My Prince Charming (S...

由 D_Yayy_Nine

132K 11.2K 2K

သားရိုင်းကောင်လို အဆိုးအတေလေးတစ်ယောက်ကို ထိန်းကျောင်းနိုင်ဖို့အတွက်ဆိုရင် ကိုယ်တိုင်ကလည်း သူ့ထက်နှစ်ဆဆိုးသွမ... 更多

Description
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37 (ပထမပိုင်း)
Part-37(ဒုတိယပိုင်း)
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45
Part-46
Part-47
Part-48
Part-49(Final)
Extra-1
Extra-2
Extra-3
Extra-4

Part-20

2K 195 31
由 D_Yayy_Nine

Unicode Version

အိပ်ရေးပျက်ရပြန်သည့် နောက်တစ်ညပင်။

ကိစ္စများက ဘာကြောင့်များ ယခုလိုရှုပ်ထွေးပွေလီလာသည်အထိ ရစ်ပတ်နှောင်တွယ်လာလေသလဲ။ ထိုကောင်စုတ်လေး သူ့ဘဝထဲကိုစရောက်လာကတည်းက တစ်စထက်တစ်စရစ်ပတ်လာခဲ့သော အရှုပ်တော်ပုံသည် နောက်ဆုံး၌ထိန်းသိမ်းထားဖို့ပင် မတတ်နိုင်လောက်အောင် ကြီးထွားလာလေပြီ။

လင်းရိပ်မာန်နှင့် ပထမဆုံးစတွေ့စဥ်ကအကြောင်းအရာများကို ရဲရင့်ပြန်တွေးမိသည်။ ထိုနေ့က ဆောင်း၏အအေးဒဏ်တို့ လောကတစ်ခွင်ကို စတင်ချဥ်းနင်းချိန်ဖြစ်ပြီး အမှောင်ထုသည်လည်း သာမန်ထက်ပို၍စောလျင်စွာကြီးစိုးချိန်ဖြစ်၏။

အအေးဒဏ်သည် ခိုက်ခိုက်တုန်အောင် ချမ်းအေးနေခြင်းမျိုးမဟုတ်သော်လည်း ခန္ဓာကိုယ်ရှိမွေးညင်းပေါက်တစ်ခုစီတိုင်းကို ထိုအအေးဓာတ်ကြောင့် ထုံကျင်သွားစေရန် လုံလောက်သောအတိုင်းအတာဖြစ်သည်။

မရှိမဖြစ်လိုအပ်နေသော တစ်ကိုယ်ရည်သုံးပစ္စည်းအချို့ကို အနီးအနားရှိဆိုင်မှဝယ်ယူပြီး၍ အိမ်ပြန်လာသောရဲရင့်လည်း ထိုအအေးဒဏ်ကိုအံတုရန် Hoodieအပါးတစ်ထည်သာ ပါရှိလေရာ သူ၏ခန္ဓာကိုယ်ထုံထိုင်းမသွားခင် အခန်းရှိရာဆီသို့ ခပ်မြန်မြန်လျှောက်လာခဲ့ရသည်။

ပုံမှန်ဆိုလျှင် ကားနှင့်အသွားအလာလုပ်တတ်သော်ငြား ဆိုင်က နီးနီးနားနားမှာသာရှိသည်မို့ ခြေလျင်ထွက်ခဲ့ခြင်းဖြစ်၏။ ဤမျှအေးစိမ့်နေလိမ့်မည်ဟု မထင်မိ၍လည်းပါသည်။

လမ်းမီးတိုင်ပင်မရှိသည့်လမ်းကြားထဲ၌ တစ်ယောက်တည်းခပ်သွက်သွက်လျှောက်နေချိန်မှာပင် မလှမ်းမကမ်းဆီမှခပ်အုပ်အုပ်အသံများ ကြားလိုက်ရသဖြင့် လှမ်းလက်စခြေလှမ်းများတန့်သွားရသည်။

လျင်လွန်းလှသောမျက်လုံးနှင့်နားနှစ်ဖက်ကြောင့် အသံလာရာလမ်းကြောင်းကို ချက်ချင်းရှာတွေ့လိုက်သည်။ လူငယ်များအုပ်စုဖွဲ့၍ရန်ဖြစ်ကြခြင်းဟူသောဖြစ်စဥ်ကို မထင်မှတ်ဘဲရှာဖွေတွေ့ရှိလိုက်ရသည်။ သူကိုယ်တိုင်ကလည်း ငယ်စဥ်က ထိုကဲ့သို့ရန်ပွဲအလီလီကျော်ဖြတ်ဖူးသည်ဖြစ်၍ ဤမြင်ကွင်းသည် အဆန်းတကြယ်တော့ဖြစ်မနေချေ။

ရဲရင့်က သူတစ်ပါး၏ကိစ္စများကို စိတ်ဝင်စားတတ်သူလည်း မဟုတ်သောကြောင့် မသိချင်ယောင်ဆောင်၍ ထွက်သွားမည့်အခိုက်မှာပင် ထိုလူအုပ်ကြားမှ မသဲမကွဲညည်းညူသံလေးကို ကြားလိုက်ရလေရာ အမှုမဲ့အမှတ်မဲ့လှည့်ကြည့်ဖြစ်လိုက်သည်။

ချင်းချင်းနီသောသွေးစက်တို့နှင့် အပြည့်ဖုံးလွှမ်းထားပါသော လက်ကောက်ဝတ်တစ်ဖက်သည် အမှောင်ထဲကတစ်ဆင့် ခပ်ဖျော့ဖျော့ဖြာကျနေသောအလင်းမှုန်မှုန်အောက်သို့ ဆန့်တန်းကာထွက်ပေါ်လာသည်။

ဖြူလျလေသော ထိုလက်ကောက်ဝတ်လေးကိုငေးကြည့်ရင်း ရဲရင့်နားလည်လိုက်သည်မှာ လူငယ်များအုပ်စုဖွဲ့၍ ရန်ဖြစ်နေကြခြင်းမဟုတ်ပါဘဲ အားနည်းသူကို အုပ်စုလိုက်အနိုင်ကျင့်နေကြခြင်းဆိုသည်ကိုပင်။ ရန်ပွဲကို သူဂရုမစိုက်သော်ငြား အနိုင်ကျင့်နေခြင်းကတော့ မတူညီသောကိစ္စရပ်တစ်ခုဖြစ်သွားလေပြီ။ သွေးထွက်သံယိုဖြစ်သည်အထိ အုပ်စုလိုက်ပေါင်း၍ အနိုင်ကျင့်နေသည်ကို ရဲရင့်အနေနှင့် လက်ပိုက်ပြီးကြည့်မနေနိုင်တော့ချေ။

ထို့ကြောင့်လည်း ထိုလူငယ်တစ်စုကို အေးအေးလူလူနားချခဲ့သေးသည်။ သူ့ကိုပင် ခနဲ့တဲ့တဲ့ပြောဆိုလာသဖြင့် မရင့်ကျက်နိုင်သေးသောလူတစ်စုကို သူ၏ခွန်အားကိုလှစ်ဟပြရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့ချေ။

လူငယ်တစ်သိုက်ကိုဆုံးမနေချိန်မှာ မှောင်ရိပ်ထဲ၌ မောဟိုက်စွာအသက်ရှူနေရင်း မြေပြင်ပေါ်တွင်လဲလျောင်းနေဆဲဖြစ်သောလူငယ်လေးက သူ၏လှုပ်ရှားမှုမှန်သမျှကို မမှိတ်မသုန်ငေးကြည့်နေခဲ့သည်ကို သူသတိထားမိသည်။

ထိုတွေ့ဆုံမှုကိုအကြောင်းပြု၍ ဤမျှရှုပ်ထွေးသောအနေအထားဆီကို ဦးတည်လာမည်မှန်းသာ ကြိုသိခဲ့လျှင်.....။

မနေ့က သူ သံစဥ်လှိုင်းနှင့်သီးသန့်တွေ့ဆုံကာ လင်းရိပ်မာန်နှင့်ပတ်သက်သည့်ကိစ္စများကို သေချာမေးမြန်းခဲ့သေးသည်။ ဖြစ်စဥ်မှာ လင်းရိပ်မာန်ပြောသည့်အတိုင်း ကွက်တိပင်။

သံစဥ်လှိုင်းကိုယ်တိုင်ဝန်ခံလိုက်သည့်အခါမှာတော့ ခံစားရသည့်ခံစားချက်က သူမတူစွာထူးကဲသည်။ ထိုကလေးမသည် ဘာကြောင့်များ မိုက်မဲနိုင်ရသလဲ။ ရဲရင့်မှာ အတော်ကြာသည်အထိ သူ(မ)ကို ဆူပူမိပါသည်။

"သူက နင့်ကိုကစားနေတာ။ အပျော်တွဲရုံသက်သက်ပဲဆိုတာသိရဲ့သားနဲ့ ဘာလို့မိုက်ချင်ရတာလဲ။ ဟမ်..!!"

"အချစ်က ဒီလိုပဲလေ။ ကိုကြီးလဲသိမှာပါ"

ထိုစကားတစ်ခွန်းတည်းနှင့် သံစဥ်လှိုင်းက သူ့ကိုအထိနာစေခဲ့သည်။ သူကိုယ်တိုင်လည်း အချစ်အတွက်နှင့်မိုက်မဲဖူးသူဖြစ်ရာ သူ့မှာ သံစဥ်လှိုင်းကိုဆုံးမရန် အရည်အချင်းရှိမရှိ သူမသိပေ။ သို့သော် လမ်းမှန်ရောက်အောင် လမ်းပြရမည့်တာဝန်တော့ရှိသည်။

"အေး။ ဟုတ်တယ်။ ငါလဲ နင့်လိုလုပ်ခဲ့ဖူးတယ်။ အနားမှာထားပြီး နွေးနွေးထွေးထွေးဆက်ဆံပေးရင် နည်းနည်းလေးများစိတ်ယိုင်လာမလားဆိုပြီး မသိစိတ်ကလောဘတက်ဖူးတယ်။ ဒါကြောင့်ပဲ နင့်အစ်ကိုကို ငါ့အနားမှာ ငါးနှစ်လောက်ဆွဲထားသလိုဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဆုံးမှာဘာဖြစ်သွားလဲဆိုတာ နင်မြင်တာပဲ။ တခြားလူတွေထက် နင်ကတောင် ပိုသိပါသေးတယ်"

ခေါင်းမာလွန်းသည့်သံစဥ်လှိုင်းသည် သူ၏စကားများကို နားမဝင်ချေ။

"သံယောဇဥ်တွေထပ်မတွယ်ခင် ဒီနေရာမှာပဲရပ်လိုက်တော့ မိသံစဥ်"

"သူရပ်ချင်လာတဲ့အချိန်ကျရင်တော့ ညီမလေးအချိန်မရွေးနောက်ဆုတ်ပေးမှာပါ"

သံစဥ်လှိုင်းသည် တစ်ရက်ရလည်းတစ်ရက် လင်းရိပ်မာန်အနားမှာ နေချင်ဟန်တူသည်။ ရဲရင့်မှာ ခေါင်းမာနေသောထိုကောင်မလေးကို မည်သို့နှယ်နားချရတော့မည်မှန်းမသိ။ သူခံစားဖူးသလို သူ(မ)ကို မခံစားစေချင်ပါ။

အမြင့်ကိုရောက်ပြီးမှ ပြုတ်ကျသည့်ခံစားချက်မျိုးသည် အနာကျင်ရဆုံးပင်။

"ဟူး..."

အရိုးကွဲဖွယ်ကောင်းအောင် အေးစိမ့်နေသောရာသီဥတုကိုပင် ဂရုမစိုက်နိုင်ဘဲ ဝရန်တာဘက်သို့ထွက်ကာ မွန်းကြပ်နေသောစိတ်အစဥ်ကို ပြေပျောက်လိုပြေပျောက်ငြား လေညင်းခံနေမိသည်။ မွန်းကြပ်စရာများပင် အေးခဲသွားလောက်သည့် ဆောင်းည၏လေထုသည် အသံမပေးပါဘဲ မွေးညင်းတစ်ပေါက်စီတိုင်းကို တိုးဝှေ့သည်။

ထပ်ဝတ်ထားသော ဆွယ်တာအပါးလေးမှာ ထိုအအေးဒဏ်ကိုအံတုရန် အင်အားနည်းလွန်းလှသည်။ ထို့ကြောင့် သူ၏တစ်ကိုယ်လုံးမှာ အေးစက်တောင့်တင်းလာသော်လည်း သူကတော့ဖြင့် ဤနေရာမှခွါရန်စိတ်ကူးမရှိသည့်အလား ငေးတိငေးမှိုင်သာရပ်နေသေးသည်။

ရုတ်ချည်းဆိုသလို ဘောင်းဘီအိတ်ကပ်ထဲမှတုန်ခါမှုတစ်ခုကို ခံစားလိုက်ရသဖြင့် အအေးဓာတ်ကြောင့် ထုံကျင်နေပြီဖြစ်သောလက်ချောင်းများကို ခက်ခက်ခဲခဲလှုပ်ရှားလိုက်ရသည်။ အိတ်ကပ်ထဲရှိဖုန်းတွင် မက်ဆေ့ချ်အသစ်တစ်စောင်ဝင်နေခြင်းပင်။

'ကြာရင် ခင်ဗျားအအေးမိတော့မှာပဲ။ အထဲကိုဝင်တော့လေ'

အထက်စီးဆန်ပြီး ပိုင်စိုးပိုင်နင်းနိုင်သည့်အငွေ့အသက်တို့သာ ထုတ်လွှတ်တတ်သော လင်းရိပ်မာန်က ယခုအခါမှာတော့ နူးညံ့ညင်သာနေသည်ဟု ရဲရင့်ခံစားလိုက်မိသည်။

မက်​ဆေ့ချ်ကိုဖတ်ပြီးပြီးချင်း အဆောက်အဦး၏အောက်ဘက်သို့ အကြည့်ရွှေ့လိုက်သည်။ မှောင်ရိပ်မကျတကျနေရာလေးမှာရပ်ထားသော အနက်ရောင် Porsche 911 Modelကားတစ်စီး၏ ခေါင်မိုးပေါ်မှာ အခန့်သားထိုင်နေရင်း စီးကရက်ရှိုက်ဖွာနေသောလင်းရိပ်မာန်ကို မသဲမကွဲမြင်လိုက်ရသည်။

အလင်းမှုန်မှုန်နှင့်မှောင်ရိပ်နှစ်ခုအကြား တည်ရှိလေသောထိုကောင်လေး၏ ဝိုးတဝါးမျက်နှာကိုငေးကြည့်ရင်း မွန်းကြပ်မှုများက ပို၍လေးလံသွားသယောင်ခံစားရပြန်သည်။ လင်းရိပ်မာန်ကတော့ လက်တစ်ဖက်ကဖုန်းကိုင်ထားပြီး နောက်ထပ်မက်ဆေ့ချ်တစ်စောင်ထပ်ရိုက်နေဟန်ပင်။

'အနွေးထည်လေးတော့ ခပ်ထူထူဝတ်မှပေါ့ဗျ'

ဖုန်းမျက်နှာပြင်ထက်မှာ ပေါ်နေသောစာကိုဖတ်ပြီး ရဲရင့်ပြန်မေးခွန်းထုတ်လိုက်ချင်သည်။ "မင်းကရော အေးရတဲ့ကြားထဲ သူများတကာအိမ်ရှေ့မှာ ဘာလာလုပ်နေတာလဲ"ဟူ၍..။ သို့သော် မမေးဖြစ်လိုက်ချေ။ မေးချင်စိတ်မရှိဟုဆိုလျှင် ပိုမှန်လိမ့်မည်။

စိတ်ပျက်လက်ပျက်နှင့် ဖုန်းကိုအိတ်ကပ်ထဲသို့ပြန်ထည့်ကာ သူ့အားတမေ့တမောငေးနေပါသောသကောင့်သားကို လျစ်လျူရှုလိုက်ပြီး အထဲသို့ဝင်လာခဲ့လိုက်တော့သည်။ စိတ်ရှုပ်နေရသည့်အချိန်မှာ စိတ်ရှုပ်စေသည့်အကြောင်းတရားကို မျက်နှာချင်းဆိုင်ဖို့လုံလောက်သောကြည်ဖြူမှုမျိုး ရဲရင့်မှာမရှိ။

အိပ်လိုက်တော့မည်ဟုစိတ်ဆုံးဖြတ်လိုက်သော်လည်း ငြိမ်ငြိမ်မနေနိုင်ဘဲ အိပ်ရာထက်မှာလူးလွန့်နေမိသည်သာ။ သူ့စိတ်ကို သူမထိန်းချုပ်နိုင်သည့်အဖြစ်မျိုးသည် ရဲရင့်ကိုဒေါသထွက်စေသည်။ ရဲရင့်သည် သူ၏စိတ်ကို သူစိမ်းတစ်ယောက်၏မောင်းနှင်မှုဖြင့် ရှေ့ဆက်နေရသည်ကို မုန်းသည်။

စိတ်ပေါက်ပေါက်နှင့် ခေါင်းအောက်ကခေါင်းအုံးကို ဒေါသတကြီးဆွဲထုတ်ကာ နံရံဘက်ကိုဆွဲလွှင့်ပစ်မိသည်။

"-ီးလိုတွေဖြစ်နေတာ..။ သူပေါ်လာကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ရက်ကိုမရှိဘူး"

အိပ်ရာပေါ်မှ ဒေါသတကြီးကုန်းရုန်းထပြီး ထောင့်နားရှိစားပွဲပေါ်မှနာရီများနှင့်ဖိုင်တွဲတချို့ကို တစ်စစီဖြစ်သွားသည်အထိ ဖျက်စီးနေမိသည်။ ရဲရင့် ယခုလိုမပေါက်ကွဲရသည်မှာ ကြာပြီ။ ရင့်ကျက်လာသည့်အသက်အရွယ်မှာ သူ၏သည်းခံနိုင်စွမ်းတို့လည်းတိုးတက်လာခဲ့သည်ဟု သူထင်ခဲ့သည်။ သို့သော်ငြား သူ၏ထိန်းချုပ်နိုင်စွမ်းများသည် လင်းရိပ်မာန်၏ထိုးစစ်ကိုတော့ မချေဖျက်နိုင်ခဲ့ပေ။

ဒေါသကြောင့် နှလုံးခုန်နှုန်းများလည်းတိုးမြင့်လျက်ရှိသလို အသက်ရှုသံကလည်း ပြင်းထန်လျက်ရှိသည်။ ဒေါသတို့လောင်မြိုက်သောခန္ဓာကိုယ်ဟာ ချွေးစေးအနည်းငယ်ဝေ့သီတော့မတတ် ပူလောင်လာရသည်။ မြူဆိုင်းသောလမ်းမထက်မှာ ရှေ့ဆက်ရမည့်လမ်းစများပျောက်ဆုံးနေရသူတစ်ယောက်လို သူကိုယ်တိုင်လည်း အနာဂတ်ပျောက်ဆုံးရလေသည်။

နာရီအပိုင်းအစများနှင့် စက္ကူအပိုင်းအစများပြန့်ကြဲနေသောကြမ်းပြင်ထက်မှာ ဖရိုဖရဲထိုင်နေရင်း ရဲရင့်တစ်ယောက်တည်း ဦးတည်ရာမဲ့သောဒေါသကြောင့် အထိန်းအကွပ်မဲ့နေလေ၏။ ရင်ဘတ်အစုံကလည်း ဖောင်းချည်ပိန်ချည်နှင့်..။ အံကိုတင်းတင်းကြိတ်ထားသဖြင့် ပြေပြစ်သောမေးရိုးတို့မှာထင်းခနဲ..။

တိတ်ဆိတ်နေသောအိပ်ခန်းထဲမှာ ဖုန်းမြည်သံတစ်ခု ကျယ်လောင်စွာမြည်ဟည်းလာချိန်မှာ ရဲရင့်၏ဒေါသများပြေပျောက်ခါစသာရှိသေးသည်။ ဖုန်းကိုယူပြီး ခေါ်ဆိုသူကိုစစ်ဆေးကြည့်သောအခါ ရှိုင်းထက်ယံဖြစ်နေသဖြင့် သူ တဒင်္ဂအသက်ရှူမှားသွားသည်။

ရှိုင်းထက်ယံက ညဥ့်နက်သန်းခေါင်ဖုန်းဆက်တတ်သူမဟုတ်သောကြောင့် ယခုလိုအရေးတကြီးဆက်လာပုံထောက်လျှင်...။

ရဲရင့်မှာ ဖြစ်နိုင်ချေများကိုတွက်ဆပြီး တုန်လှုပ်နေမိရာ ဖုန်းကိုင်ဖို့ကိုပင် တွန့်ဆုတ်မိသည်။ အကယ်၍ ထိုကိစ္စနှင့်ပတ်သက်ပြီး ရှိုင်းထက်ယံက သူ့ကိုမေးမြန်းလာခဲ့လျှင်...။

မည်မျှပင်တုန်လှုပ်နေပါစေ။ ရှိုင်းထက်ယံ၏ဖုန်းကို သူမကိုင်ဘဲလျစ်လျူရှုထားနိုင်မည်မဟုတ်။

"အင်း..ထက်ယံ။ ဒီအချိန်ကြီး ဘာအရေးကြီးလို့လဲ"

တည်ငြိမ်သယောင်ဟန်ဆောင်ရင်း ဖုန်းပြန်ဖြေသောအခါ တစ်ဖက်ကလည်း မရဲတရဲဖြစ်နေဟန်ဖြင့် မေးခွန်းထုတ်လာသည်။

"အာ.. မင်းအိပ်နေတာလား"

"မအိပ်သေးပါဘူး။ အခုမှ အလုပ်တွေလက်စသတ်ပြီးလို့"

"အင်း"

"ဘာပြောချင်လို့လဲ"

သိလိုစိတ်နှင့်မေးလိုက်မိသော်ငြား နားထောင်ရန်စိုးရွံ့မိပါသည်။

"အဲ့ဒါက..ကျစ်..ဒီလိုပြောလို့အဆင်မပြေဘူး။ ငါတို့တစ်ရက်လောက်တွေ့လို့ရတယ်မလား။ မင်းအားတဲ့ရက်တစ်ရက်ရက်ပေါ့"

"ငါတို့နှစ်ယောက်တည်းလား"

"ဟုတ်တယ်။ ငါ မင်းဆီကိုလာခဲ့မယ်လေ။ မင်း ဘယ်ရက်လောက်အားလဲ"

"ငါ..ငါက ဒီတလောတော့ အားနေတာပဲလေ"

"ဒါဆို မနက်ဖြန်ရောတွေ့ဖို့အဆင်ပြေလား။ ငါ မင်းနဲ့ဆွေးနွေးစရာရှိလို့"

ရဲရင့် ယောင်တောင်တောင်နှင့် တံတွေးပင်မြိုချမိသည်။ ဖုန်းထဲမှာပြောဖို့ပင် တွန့်ဆုတ်စေသည့်အကြောင်းအရာသည် မည်မျှလေးနက်လေမလဲ။

"အင်း..ရတယ်လေ။ ငါ မင်းဆီလာခဲ့ပါ့မယ်"

"နေပါစေ။ ငါပဲ မင်းအိမ်ကိုလာခဲ့မယ်"

ဖုန်းချပြီးနောက်မှာ ရဲရင့်ဟာ နေရာမှာတင် မလှုပ်မယှက်မှိုင်တွေနေတော့သည်။ စိတ်အာရုံတစ်ခုလုံးဗလာကျင်းနေပြီး ခံစားသိရှိမှုမှန်သမျှလည်း ဗလာနတ္ထိ။ သူ၏သိစိတ်ရော မသိစိတ်ကပါ ထုံထိုင်းသွားလေပြီ။

ရှိုင်းထက်ယံသည် သံစဥ်လှိုင်းနှင့်လင်းရိပ်မာန်၏ပတ်သက်မှုကို သိရှိသွားသည်မှာ သေချာသလောက်ပင်။ ယခုလည်း ထိုကိစ္စအတွက်နှင့် သူ့ကိုလာတွေ့လိုခြင်းဖြစ်ရမည်။ ထိုအချင်းအရာသည် သူ့အနေနှင့် တစ်စုံတစ်ခုကိုပီပီပြင်ပြင်ရွေးချယ်ဖို့ လိုလေပြီဟု သတိပေးလိုက်သည့်အလား..။

သူ ဘာကိုရွေးချယ်လေမလဲ..။ ရဲရင့်အဖို့တော့ နှစ်ခါပြန်မေးစရာမလိုသည့် မေးခွန်းသာဖြစ်၏။ သူ၏ရွေးချယ်မှုတိုင်းသည် သူချစ်ရသောလူသားများ ထိခိုက်မှုအနည်းဆုံးလမ်းသာဖြစ်ပေလိမ့်မည်။

နောက်တစ်ရက်နေ့လယ်ပိုင်းမှာ ရှိုင်းထက်ယံသည် သူ၏တိုက်ခန်းအထိ ရောက်ချလာသည်။ ဟန်မင်းစေရာကိုယ်တိုင်ကားမောင်းပြီး လာပို့ခြင်းဖြစ်သော်လည်း ရှိုင်းထက်ယံတစ်ယောက်သာ သူ့အခန်းအထိရောက်လာသည်။

"ဟန်မင်းကိုပါခေါ်လိုက်လေ။ ကားထဲမှာ စောင့်နေစရာမှမလိုတာ"

"ငါကနေခဲ့ဖို့ပြောလိုက်တာ။ ငါတို့နှစ်ယောက်တည်းပြောမှဖြစ်မှာမို့"

"အင်း"

ထို့နောက် ရှိုင်းထက်ယံက စကားပုလ္လင်ခံမနေဘဲ လိုရင်းကိုသာတည့်ပြောလေသည်။ သူသည် လင်းရိပ်မာန်နှင့်သံစဥ်လှိုင်းတို့နှစ်ယောက် ယခုရက်ပိုင်းတွဲသွားတွဲလာလုပ်နေသည်ကို မြင်ထားသည်ဟုဆိုသည်။ သူတို့ကြားရှိဆက်ဆံရေးကိုလည်း အတည်ပြုပြီးပြီဟုလည်း သိရသည်။

"မင်းရော အဲ့ဒီကိစ္စကိုသိထားလား"

ချီတုံချတုံဖြင့်သာ ရဲရင့်ခေါင်းညိတ်ပြလိုက်ရသည်။ သူ့မှာ ရှိုင်းထက်ယံကို မျက်နှာပင်မပြဝံ့ချေ။

"ဒီတော့ အဲ့ဒီကောင်လေးက Biလား"

"ဟုတ်မယ်ထင်တယ်"

ရှိုင်းထက်ယံစိုးရိမ်လျှင်လည်း စိုးရိမ်လောက်သည်။ မကြာသေးခင်ကပင် ရဲရင့်နှင့်ပတ်သက်ပြီး သူတို့နှင့်ရန်ဖြစ်သွားသူက ယခုတော့ သူ့ညီမဖြစ်သူနှင့်တွဲနေလေသည်။ ထိုအဖြစ်က သိကြားမင်းကိုယ်တိုင်ဆင်းပြီး​ပြောလျှင်ပင် အစစ်အမှန်ဟုယုံဖွယ်ရာမရှိ။

"ငါပြောတာကို စိတ်အေးအေးနဲ့နားထောင်နော်.."

ထိုသို့အစချီ၍ လင်းရိပ်မာန်၏ သံစဥ်လှိုင်းအပေါ်ထားသောသဘောထားကို မကွယ်ဝှက်တမ်းပြောပြလိုက်သည်။ ရှိုင်းထက်ယံကတော့ တစ်လျှောက်လုံးငြိမ်ငြိမ်လေးနားထောင်နေသော်လည်း သူ၏အမူအရာကတော့ဖြင့် အလွန်ပျက်ယွင်းနေလေပြီ။ ရဲရင့်မှာ အပြစ်ရှိစိတ်တို့ကြောင့် အသံများပင်တုန်ရီလုမတတ်။

"ဒီကလေးမကိုတော့ ငါသေအောင်ရိုက်ပစ်ချင်နေပြီ"

သူ၏စကားအဆုံးမှာ ရှိုင်းထက်ယံက တောက်တခေါက်ခေါက်နှင့် သံစဥ်လှိုင်းကိုကြိမ်းမောင်းလေသည်။ ရဲရင့်ကလည်း သူ့ကိုယ်သူအပြစ်ရှိသည်ဟုခံယူထားသဖြင့် ထိုစကားများသည် သူနှင့်ပါသက်ဆိုင်နေသည်ဟု ခံစားနေရသည်။

"ငါက အဲ့ဒါလေးသေချာအောင် မင်းကိုလာမေးကြည့်တာ။ သူတို့ တကယ်ပဲချစ်နေကြတယ်ဆိုရင် ငါဝင်စွက်ဖက်လိုက်လို့မဖြစ်ဘူးထင်လို့။ အခုလိုဆိုတော့လဲ ငါဝင်ပါဖို့လွယ်သွားတာပေါ့"

"မင်း ဘာလုပ်မလို့လဲ"

"ငါ သူတို့နှစ်ယောက်နဲ့တည့်ရှင်းမှာ။ အချိန်ကြာလာပြီး မျှော်လင့်ချက်တွေမကြီးလာခင် ငါ့ညီမကို အဲ့ကောင်နဲ့ဖြတ်လိုက်ဖို့ နားချရမယ်"

ရဲရင့်ခမျာ သက်ပြင်းချရလွန်း၍ အသက်ပင်တိုလောက်သည်။ ရှိုင်းထက်ယံဝင်ပါလျှင် လင်းရိပ်မာန်နှင့်ငြိကြဖို့သာရှိတော့သည်။ ထိုသို့ဖြစ်လာလျှင် ကိစ္စများသည် အကောင်းဘက်သို့ဦးတည်စရာမရှိ။

"အဲ့လိုလုပ်တာ အလကားပဲ။ ငါ့ကြောင့်ဖြစ်တဲ့ကိစ္စမို့ ငါပဲတာဝန်ယူပါ့မယ်ကွာ။ ငါ့မှာနည်းလမ်းရှိတယ်"

ထိုအခိုက်မှာ ရှိုင်းထက်ယံက သူ့ကိုဆတ်ခနဲမော့ကြည့်လာသည်။ အမူအရာကလည်း ခန့်မှန်းရခက်စွာ တည်ငြိမ်နေလေရာ ရဲရင့်မှာ အကြောင်သားငေးမောမိသွားသည်။

"ရဲရင့်.. ဒါနဲ့ပတ်သက်ပြီး မင်းကိုငါအပြစ်မတင်ဘူး။ ဒါကြောင့် ဒါကြီးကို မင်းတာဝန်ယူစရာကိစ္စလို့ မတွေးလို့ရမလား။ ငါ့ညီမကို ငါထိန်းမယ်။ ရအောင်ထိန်းမယ်"

"မဟုတ်သေးဘူး။ မင်း ငါ့ကိုအပြစ်မတင်တာ ငါသိတယ်။ ဒါပေမဲ့ ဒီကိစ္စက ငါကိုယ်တိုင်ဝင်ပါမှရမှာ။ မင်း နားလည်မှာမဟုတ်ဘူး။ ဒီကိစ္စက ဘယ်လိုတွေဖြစ်ဖြစ် အဆုံးမှာ ငါ့တာဝန်ပဲဖြစ်လာမှာ။ အခု ရှောင်လိုက်နိုင်ရင်တောင် နောက်ထပ်လာမယ့်အကျိုးဆက်တွေကို ငါပဲတာဝန်ယူရမှာပဲ။ ဒီတော့ ပိုပြီးရှုပ်ထွေးမလာခင် ငါကိုယ်တိုင်ဝင်ပါ လိုက်တာပဲကောင်းတယ်"

"မင်း ဘာလုပ်မှာလဲ"

သူ တာဝန်ယူရမည့်ကိစ္စနှင့်ပတ်သက်ပြီး ရှိုင်းထက်ယံကို သူမသိစေချင်ပေ။

"ကြီးကြီးမားမားမဟုတ်ဘူး။ ငါ ကိုင်တွယ်နိုင်တဲ့အတိုင်းအတာပဲ။ မင်းက အဲ့ဒါကိုစိတ်မပူနဲ့။ မင်းရဲ့ညီမကိုသာ ဘယ်လိုရှေ့ဆက်ခိုင်းဖို့ဆုံးဖြတ်မလဲဆိုတာ မင်းအာရုံစိုက်သင့်တာ"

"ငါ သူ့ကိုအပန်းဖြေခရီးထွက်ရင်ထွက်ခိုင်းမယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး သူ့ကိုအမျိုးမျိုးနားချလို့ရပါတယ်။ အဓိကက တွယ်ကပ်မနေသင့်တဲ့လူကို ဆွဲမထားသင့်ဘူးဆိုတာ သူသဘောပေါက်ဖို့ပဲလိုတာ"

နှစ်ယောက်သားလည်း သံစဥ်လှိုင်းအတွက် အမျိုးမျိုးတိုင်ပင်ဖြစ်ကြရင်း အချိန်တစ်နာရီက ခပ်မြန်မြန်ကုန်ဆုံးသွားသည်။ ထို့နောက်မှာတော့ ရှိုင်းထက်ယံက သူ့ကိုနှုတ်ဆက်ပြီးပြန်သွားတော့သည်။ မပြန်ခင်မှာ သူက ရဲရင့်ကိုစူးစူးစိုက်စိုက်ကြည့်၍ လင်းရိပ်မာန်နှင့်ပတ်သက်ပြီးမနိုင်ဝန်မထမ်းရန်လည်း သတိတရမှာသွားသေးသည်။

ရှိုင်းထက်ယံပြန်သွားသည်နှင့် တစ်ဖန်ပြန်တိတ်ဆိတ်သွားသောတိုက်ခန်းထဲမှာ ရဲရင့်တစ်ယောက်တည်း အတွေးများရပြန်သည်။ အချိန်အတိုင်းအတာတစ်ခုအထိသာ သူသည်းခံလိုက်ရုံနှင့် ဤကိစ္စများကို အမြစ်ဖြတ်နိုင်သည်။ တစ်သက်လုံးလည်းမဟုတ်သည့် အချိန်ခြောက်လတည်းသာ..။

နောက်ဆုံးမှာတော့ စိတ်ဆုံးဖြတ်လိုက်ဟန်ဖြင့် ဖုန်းကိုထုတ်ယူလိုက်သည်။ ထို့နောက် မှတ်သားမထားသော်လည်း မှတ်မှတ်ရရဖြစ်နေသောဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။ တစ်ဖက်ကပြန်ဖြေလာသည့် ရွှင်မြူးနေသောအသံကို မကြားရခင်အထိ သူ မိနစ်အနည်းငယ်မျှစောင့်ဆိုင်းလိုက်ရသေးသည်။

"ခင်ဗျားဘက်က ဖုန်းစဆက်တာ ခပ်ရှားရှားပဲ"

"ငါ လက်ခံတယ်"

ရဲရင့်လည်း တည်တည်ငြိမ်ငြိမ်နှင့်လေးနက်စွာ စကားဆိုလိုက်လေရာ  တစ်ဖက်က ခဏမျှတိတ်ဆိတ်သွားသည်။ စိတ်လှုပ်ရှားနေဟန်ရှိသော အသက်ရှူသံခပ်ပြင်းပြင်းတို့ကိုသာ ရဲရင့်ကြားနေရသည်။ အတန်ငယ်ကြာမှ တစ်ဖက်က အက်ရှရှအသံနှင့် ပြန်လည်မေးခွန်းထုတ်လာသည်။

"ဘာကိုလဲ"

"မင်းပဲ ခြောက်လတွဲကြည့်ဖို့ပြောတာမဟုတ်ဘူးလား။ ငါ လက်ခံတယ်။ အဲ့ဒီအစား ကိုယ့်ကတိကိုတော့တည်ရမယ်။ ခြောက်လပြည့်လို့မှ ငါ့ဘက်က မင်းကိုခံစားချက်မရှိရင် မင်း ပြဿနာမရှာဘဲ ငါ့အနားကထွက်သွားပေးရမယ်"

ဖုန်းတစ်ဖက်က ခဏမျှတုံ့ဆိုင်းနေသည်။ ဖုန်းကျသွားလေသလားဟု ရဲရင့်စစ်ဆေးတော့မည့်အချိန်မှာပင် ဝင်သက်ထွက်သက်ပင့်ရှိုက်သံများနှင့် ဝရုန်းသုန်းကား​ပြေးလွှားနေသံများကို အတိုင်းသားကြားလိုက်ရတော့သည်။

"အား.. ခင်ဗျား အဲ့လိုကိစ္စမျိုးကို ဖုန်းထဲကနေ ပြောရသလား။ ခင်ဗျား အိမ်မှာမလား။ ကျွန်တော် အခုလာနေပြီ။ ခဏပဲစောင့်"

စိတ်လှုပ်ရှားမှုနှင့် အတိုင်းအဆမဲ့ပျော်ရွှင်မှုတို့ရောပြွန်းသော စကားသံတို့သည် ရဲရင့်၏ရင်ကို ကိုင်လှုပ်ခြင်းငှါမစွမ်းနိုင်ခဲ့ချေ။ ထိုအစား သူ့ရင်ထဲမှာ ကူကယ်ရာမဲ့ခြင်းများသာ ပြည့်နှက်နေတော့သည်။

******************

A/N: ဒီနေရာမှာ ရဲရင့်စိတ်ဆိုးဒေါသထွက်ရမယ့်အစား ဘာလို့ကူကယ်ရာမဲ့သလိုခံစားရလဲဆိုရင်....???

•••••••

ZawGyi Version

အိပ္ေရးပ်က္ရျပန္သည့္ ေနာက္တစ္ညပင္။

ကိစၥမ်ားက ဘာေၾကာင့္မ်ား ယခုလို႐ႈပ္ေထြးေပြလီလာသည္အထိ ရစ္ပတ္ေႏွာင္တြယ္လာေလသလဲ။ ထိုေကာင္စုတ္ေလး သူ႕ဘဝထဲကိုစေရာက္လာကတည္းက တစ္စထက္တစ္စရစ္ပတ္လာခဲ့ေသာ အ႐ႈပ္ေတာ္ပုံသည္ ေနာက္ဆုံး၌ထိန္းသိမ္းထားဖို႔ပင္ မတတ္ႏိုင္ေလာက္ေအာင္ ႀကီးထြားလာေလၿပီ။

လင္းရိပ္မာန္ႏွင့္ ပထမဆုံးစေတြ႕စဥ္ကအေၾကာင္းအရာမ်ားကို ရဲရင့္ျပန္ေတြးမိသည္။ ထိုေန႔က ေဆာင္း၏အေအးဒဏ္တို႔ ေလာကတစ္ခြင္ကို စတင္ခ်ဥ္းနင္းခ်ိန္ျဖစ္ၿပီး အေမွာင္ထုသည္လည္း သာမန္ထက္ပို၍ေစာလ်င္စြာႀကီးစိုးခ်ိန္ျဖစ္၏။

အေအးဒဏ္သည္ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးေနျခင္းမ်ိဳးမဟုတ္ေသာ္လည္း ခႏၶာကိုယ္႐ွိေမြးညင္းေပါက္တစ္ခုစီတိုင္းကို ထိုအေအးဓာတ္ေၾကာင့္ ထုံက်င္သြားေစရန္ လုံေလာက္ေသာအတိုင္းအတာျဖစ္သည္။

မ႐ွိမျဖစ္လိုအပ္ေနေသာ တစ္ကိုယ္ရည္သုံးပစၥည္းအခ်ိဳ႕ကို အနီးအနား႐ွိဆိုင္မွဝယ္ယူၿပီး၍ အိမ္ျပန္လာေသာရဲရင့္လည္း ထိုအေအးဒဏ္ကိုအံတုရန္ Hoodieအပါးတစ္ထည္သာ ပါ႐ွိေလရာ သူ၏ခႏၶာကိုယ္ထုံထိုင္းမသြားခင္ အခန္း႐ွိရာဆီသို႔ ခပ္ျမန္ျမန္ေလွ်ာက္လာခဲ့ရသည္။

ပုံမွန္ဆိုလွ်င္ ကားႏွင့္အသြားအလာလုပ္တတ္ေသာ္ျငား ဆိုင္က နီးနီးနားနားမွာသာ႐ွိသည္မို႔ ေျခလ်င္ထြက္ခဲ့ျခင္းျဖစ္၏။ ဤမွ်ေအးစိမ့္ေနလိမ့္မည္ဟု မထင္မိ၍လည္းပါသည္။

လမ္းမီးတိုင္ပင္မ႐ွိသည့္လမ္းၾကားထဲ၌ တစ္ေယာက္တည္းခပ္သြက္သြက္ေလွ်ာက္ေနခ်ိန္မွာပင္ မလွမ္းမကမ္းဆီမွခပ္အုပ္အုပ္အသံမ်ား ၾကားလိုက္ရသျဖင့္ လွမ္းလက္စေျခလွမ္းမ်ားတန္႔သြားရသည္။

လ်င္လြန္းလွေသာမ်က္လုံးႏွင့္နားႏွစ္ဖက္ေၾကာင့္ အသံလာရာလမ္းေၾကာင္းကို ခ်က္ခ်င္း႐ွာေတြ႕လိုက္သည္။ လူငယ္မ်ားအုပ္စုဖြဲ႕၍ရန္ျဖစ္ၾကျခင္းဟူေသာျဖစ္စဥ္ကို မထင္မွတ္ဘဲ႐ွာေဖြေတြ႕႐ွိလိုက္ရသည္။ သူကိုယ္တိုင္ကလည္း ငယ္စဥ္က ထိုကဲ့သို႔ရန္ပြဲအလီလီေက်ာ္ျဖတ္ဖူးသည္ျဖစ္၍ ဤျမင္ကြင္းသည္ အဆန္းတၾကယ္ေတာ့ျဖစ္မေနေခ်။

ရဲရင့္က သူတစ္ပါး၏ကိစၥမ်ားကို စိတ္ဝင္စားတတ္သူလည္း မဟုတ္ေသာေၾကာင့္ မသိခ်င္ေယာင္ေဆာင္၍ ထြက္သြားမည့္အခိုက္မွာပင္ ထိုလူအုပ္ၾကားမွ မသဲမကြဲညည္းညဴသံေလးကို ၾကားလိုက္ရေလရာ အမႈမဲ့အမွတ္မဲ့လွည့္ၾကည့္ျဖစ္လိုက္သည္။

ခ်င္းခ်င္းနီေသာေသြးစက္တို႔ႏွင့္ အျပည့္ဖုံးလႊမ္းထားပါေသာ လက္ေကာက္ဝတ္တစ္ဖက္သည္ အေမွာင္ထဲကတစ္ဆင့္ ခပ္ေဖ်ာ့ေဖ်ာ့ျဖာက်ေနေသာအလင္းမႈန္မႈန္ေအာက္သို႔ ဆန္႔တန္းကာထြက္ေပၚလာသည္။

ျဖဴလ်ေလေသာ ထိုလက္ေကာက္ဝတ္ေလးကိုေငးၾကည့္ရင္း ရဲရင့္နားလည္လိုက္သည္မွာ လူငယ္မ်ားအုပ္စုဖြဲ႕၍ ရန္ျဖစ္ေနၾကျခင္းမဟုတ္ပါဘဲ အားနည္းသူကို အုပ္စုလိုက္အႏိုင္က်င့္ေနၾကျခင္းဆိုသည္ကိုပင္။ ရန္ပြဲကို သူဂ႐ုမစိုက္ေသာ္ျငား အႏိုင္က်င့္ေနျခင္းကေတာ့ မတူညီေသာကိစၥရပ္တစ္ခုျဖစ္သြားေလၿပီ။ ေသြးထြက္သံယိုျဖစ္သည္အထိ အုပ္စုလိုက္ေပါင္း၍ အႏိုင္က်င့္ေနသည္ကို ရဲရင့္အေနႏွင့္ လက္ပိုက္ၿပီးၾကည့္မေနႏိုင္ေတာ့ေခ်။

ထို႔ေၾကာင့္လည္း ထိုလူငယ္တစ္စုကို ေအးေအးလူလူနားခ်ခဲ့ေသးသည္။ သူ႕ကိုပင္ ခနဲ႔တဲ့တဲ့ေျပာဆိုလာသျဖင့္ မရင့္က်က္ႏိုင္ေသးေသာလူတစ္စုကို သူ၏ခြန္အားကိုလွစ္ဟျပရန္မွလြဲ၍ ေ႐ြးခ်ယ္စရာမ႐ွိခဲ့ေခ်။

လူငယ္တစ္သိုက္ကိုဆုံးမေနခ်ိန္မွာ ေမွာင္ရိပ္ထဲ၌ ေမာဟိုက္စြာအသက္႐ွဴေနရင္း ေျမျပင္ေပၚတြင္လဲေလ်ာင္းေနဆဲျဖစ္ေသာလူငယ္ေလးက သူ၏လႈပ္႐ွားမႈမွန္သမွ်ကို မမွိတ္မသုန္ေငးၾကည့္ေနခဲ့သည္ကို သူသတိထားမိသည္။

ထိုေတြ႕ဆုံမႈကိုအေၾကာင္းျပဳ၍ ဤမွ်႐ႈပ္ေထြးေသာအေနအထားဆီကို ဦးတည္လာမည္မွန္းသာ ႀကိဳသိခဲ့လွ်င္.....။

မေန႔က သူ သံစဥ္လိႈင္းႏွင့္သီးသန္႔ေတြ႕ဆုံကာ လင္းရိပ္မာန္ႏွင့္ပတ္သက္သည့္ကိစၥမ်ားကို ေသခ်ာေမးျမန္းခဲ့ေသးသည္။ ျဖစ္စဥ္မွာ လင္းရိပ္မာန္ေျပာသည့္အတိုင္း ကြက္တိပင္။

သံစဥ္လိႈင္းကိုယ္တိုင္ဝန္ခံလိုက္သည့္အခါမွာေတာ့ ခံစားရသည့္ခံစားခ်က္က သူမတူစြာထူးကဲသည္။ ထိုကေလးမသည္ ဘာေၾကာင့္မ်ား မိုက္မဲႏိုင္ရသလဲ။ ရဲရင့္မွာ အေတာ္ၾကာသည္အထိ သူ(မ)ကို ဆူပူမိပါသည္။

"သူက နင့္ကိုကစားေနတာ။ အေပ်ာ္တြဲ႐ုံသက္သက္ပဲဆိုတာသိရဲ႕သားနဲ႔ ဘာလို႔မိုက္ခ်င္ရတာလဲ။ ဟမ္..!!"

"အခ်စ္က ဒီလိုပဲေလ။ ကိုႀကီးလဲသိမွာပါ"

ထိုစကားတစ္ခြန္းတည္းႏွင့္ သံစဥ္လိႈင္းက သူ႕ကိုအထိနာေစခဲ့သည္။ သူကိုယ္တိုင္လည္း အခ်စ္အတြက္ႏွင့္မိုက္မဲဖူးသူျဖစ္ရာ သူ႕မွာ သံစဥ္လိႈင္းကိုဆုံးမရန္ အရည္အခ်င္း႐ွိမ႐ွိ သူမသိေပ။ သို႔ေသာ္ လမ္းမွန္ေရာက္ေအာင္ လမ္းျပရမည့္တာဝန္ေတာ့႐ွိသည္။

"ေအး။ ဟုတ္တယ္။ ငါလဲ နင့္လိုလုပ္ခဲ့ဖူးတယ္။ အနားမွာထားၿပီး ေႏြးေႏြးေထြးေထြးဆက္ဆံေပးရင္ နည္းနည္းေလးမ်ားစိတ္ယိုင္လာမလားဆိုၿပီး မသိစိတ္ကေလာဘတက္ဖူးတယ္။ ဒါေၾကာင့္ပဲ နင့္အစ္ကိုကို ငါ့အနားမွာ ငါးႏွစ္ေလာက္ဆြဲထားသလိုျဖစ္ခဲ့တယ္။ ဒါေပမဲ့ အဆုံးမွာဘာျဖစ္သြားလဲဆိုတာ နင္ျမင္တာပဲ။ တျခားလူေတြထက္ နင္ကေတာင္ ပိုသိပါေသးတယ္"

ေခါင္းမာလြန္းသည့္သံစဥ္လိႈင္းသည္ သူ၏စကားမ်ားကို နားမဝင္ေခ်။

"သံေယာဇဥ္ေတြထပ္မတြယ္ခင္ ဒီေနရာမွာပဲရပ္လိုက္ေတာ့ မိသံစဥ္"

"သူရပ္ခ်င္လာတဲ့အခ်ိန္က်ရင္ေတာ့ ညီမေလးအခ်ိန္မေ႐ြးေနာက္ဆုတ္ေပးမွာပါ"

သံစဥ္လိႈင္းသည္ တစ္ရက္ရလည္းတစ္ရက္ လင္းရိပ္မာန္အနားမွာ ေနခ်င္ဟန္တူသည္။ ရဲရင့္မွာ ေခါင္းမာေနေသာထိုေကာင္မေလးကို မည္သို႔ႏွယ္နားခ်ရေတာ့မည္မွန္းမသိ။ သူခံစားဖူးသလို သူ(မ)ကို မခံစားေစခ်င္ပါ။

အျမင့္ကိုေရာက္ၿပီးမွ ျပဳတ္က်သည့္ခံစားခ်က္မ်ိဳးသည္ အနာက်င္ရဆုံးပင္။

"ဟူး..."

အ႐ိုးကြဲဖြယ္ေကာင္းေအာင္ ေအးစိမ့္ေနေသာရာသီဥတုကိုပင္ ဂ႐ုမစိုက္ႏိုင္ဘဲ ဝရန္တာဘက္သို႔ထြက္ကာ မြန္းၾကပ္ေနေသာစိတ္အစဥ္ကို ေျပေပ်ာက္လိုေျပေပ်ာက္ျငား ေလညင္းခံေနမိသည္။ မြန္းၾကပ္စရာမ်ားပင္ ေအးခဲသြားေလာက္သည့္ ေဆာင္းည၏ေလထုသည္ အသံမေပးပါဘဲ ေမြးညင္းတစ္ေပါက္စီတိုင္းကို တိုးေဝွ႔သည္။

ထပ္ဝတ္ထားေသာ ဆြယ္တာအပါးေလးမွာ ထိုအေအးဒဏ္ကိုအံတုရန္ အင္အားနည္းလြန္းလွသည္။ ထို႔ေၾကာင့္ သူ၏တစ္ကိုယ္လုံးမွာ ေအးစက္ေတာင့္တင္းလာေသာ္လည္း သူကေတာ့ျဖင့္ ဤေနရာမွခြါရန္စိတ္ကူးမ႐ွိသည့္အလား ေငးတိေငးမိႈင္သာရပ္ေနေသးသည္။

႐ုတ္ခ်ည္းဆိုသလို ေဘာင္းဘီအိတ္ကပ္ထဲမွတုန္ခါမႈတစ္ခုကို ခံစားလိုက္ရသျဖင့္ အေအးဓာတ္ေၾကာင့္ ထုံက်င္ေနၿပီျဖစ္ေသာလက္ေခ်ာင္းမ်ားကို ခက္ခက္ခဲခဲလႈပ္႐ွားလိုက္ရသည္။ အိတ္ကပ္ထဲ႐ွိဖုန္းတြင္ မက္ေဆ့ခ်္အသစ္တစ္ေစာင္ဝင္ေနျခင္းပင္။

'ၾကာရင္ ခင္ဗ်ားအေအးမိေတာ့မွာပဲ။ အထဲကိုဝင္ေတာ့ေလ'

အထက္စီးဆန္ၿပီး ပိုင္စိုးပိုင္နင္းႏိုင္သည့္အေငြ႕အသက္တို႔သာ ထုတ္လႊတ္တတ္ေသာ လင္းရိပ္မာန္က ယခုအခါမွာေတာ့ ႏူးညံ့ညင္သာေနသည္ဟု ရဲရင့္ခံစားလိုက္မိသည္။

မက္​ေဆ့ခ်္ကိုဖတ္ၿပီးၿပီးခ်င္း အေဆာက္အဦး၏ေအာက္ဘက္သို႔ အၾကည့္ေ႐ႊ႕လိုက္သည္။ ေမွာင္ရိပ္မက်တက်ေနရာေလးမွာရပ္ထားေသာ အနက္ေရာင္ Porsche 911 Modelကားတစ္စီး၏ ေခါင္မိုးေပၚမွာ အခန္႔သားထိုင္ေနရင္း စီးကရက္႐ိႈက္ဖြာေနေသာလင္းရိပ္မာန္ကို မသဲမကြဲျမင္လိုက္ရသည္။

အလင္းမႈန္မႈန္ႏွင့္ေမွာင္ရိပ္ႏွစ္ခုအၾကား တည္႐ွိေလေသာထိုေကာင္ေလး၏ ဝိုးတဝါးမ်က္ႏွာကိုေငးၾကည့္ရင္း မြန္းၾကပ္မႈမ်ားက ပို၍ေလးလံသြားသေယာင္ခံစားရျပန္သည္။ လင္းရိပ္မာန္ကေတာ့ လက္တစ္ဖက္ကဖုန္းကိုင္ထားၿပီး ေနာက္ထပ္မက္ေဆ့ခ်္တစ္ေစာင္ထပ္႐ိုက္ေနဟန္ပင္။

'အေႏြးထည္ေလးေတာ့ ခပ္ထူထူဝတ္မွေပါ့ဗ်'

ဖုန္းမ်က္ႏွာျပင္ထက္မွာ ေပၚေနေသာစာကိုဖတ္ၿပီး ရဲရင့္ျပန္ေမးခြန္းထုတ္လိုက္ခ်င္သည္။ "မင္းကေရာ ေအးရတဲ့ၾကားထဲ သူမ်ားတကာအိမ္ေ႐ွ႕မွာ ဘာလာလုပ္ေနတာလဲ"ဟူ၍..။ သို႔ေသာ္ မေမးျဖစ္လိုက္ေခ်။ ေမးခ်င္စိတ္မ႐ွိဟုဆိုလွ်င္ ပိုမွန္လိမ့္မည္။

စိတ္ပ်က္လက္ပ်က္ႏွင့္ ဖုန္းကိုအိတ္ကပ္ထဲသို႔ျပန္ထည့္ကာ သူ႕အားတေမ့တေမာေငးေနပါေသာသေကာင့္သားကို လ်စ္လ်ဴ႐ႈလိုက္ၿပီး အထဲသို႔ဝင္လာခဲ့လိုက္ေတာ့သည္။ စိတ္႐ႈပ္ေနရသည့္အခ်ိန္မွာ စိတ္႐ႈပ္ေစသည့္အေၾကာင္းတရားကို မ်က္ႏွာခ်င္းဆိုင္ဖို႔လုံေလာက္ေသာၾကည္ျဖဴမႈမ်ိဳး ရဲရင့္မွာမ႐ွိ။

အိပ္လိုက္ေတာ့မည္ဟုစိတ္ဆုံးျဖတ္လိုက္ေသာ္လည္း ၿငိမ္ၿငိမ္မေနႏိုင္ဘဲ အိပ္ရာထက္မွာလူးလြန္႔ေနမိသည္သာ။ သူ႕စိတ္ကို သူမထိန္းခ်ဳပ္ႏိုင္သည့္အျဖစ္မ်ိဳးသည္ ရဲရင့္ကိုေဒါသထြက္ေစသည္။ ရဲရင့္သည္ သူ၏စိတ္ကို သူစိမ္းတစ္ေယာက္၏ေမာင္းႏွင္မႈျဖင့္ ေ႐ွ႕ဆက္ေနရသည္ကို မုန္းသည္။

စိတ္ေပါက္ေပါက္ႏွင့္ ေခါင္းေအာက္ကေခါင္းအုံးကို ေဒါသတႀကီးဆြဲထုတ္ကာ နံရံဘက္ကိုဆြဲလႊင့္ပစ္မိသည္။

"-ီးလိုေတြျဖစ္ေနတာ..။ သူေပၚလာကတည္းက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနရတဲ့ရက္ကိုမ႐ွိဘူး"

အိပ္ရာေပၚမွ ေဒါသတႀကီးကုန္း႐ုန္းထၿပီး ေထာင့္နား႐ွိစားပြဲေပၚမွနာရီမ်ားႏွင့္ဖိုင္တြဲတခ်ိဳ႕ကို တစ္စစီျဖစ္သြားသည္အထိ ဖ်က္စီးေနမိသည္။ ရဲရင့္ ယခုလိုမေပါက္ကြဲရသည္မွာ ၾကာၿပီ။ ရင့္က်က္လာသည့္အသက္အ႐ြယ္မွာ သူ၏သည္းခံႏိုင္စြမ္းတို႔လည္းတိုးတက္လာခဲ့သည္ဟု သူထင္ခဲ့သည္။ သို႔ေသာ္ျငား သူ၏ထိန္းခ်ဳပ္ႏိုင္စြမ္းမ်ားသည္ လင္းရိပ္မာန္၏ထိုးစစ္ကိုေတာ့ မေခ်ဖ်က္ႏိုင္ခဲ့ေပ။

ေဒါသေၾကာင့္ ႏွလုံးခုန္ႏႈန္းမ်ားလည္းတိုးျမင့္လ်က္႐ွိသလို အသက္႐ႈသံကလည္း ျပင္းထန္လ်က္႐ွိသည္။ ေဒါသတို႔ေလာင္ၿမိဳက္ေသာခႏၶာကိုယ္ဟာ ေခြၽးေစးအနည္းငယ္ေဝ့သီေတာ့မတတ္ ပူေလာင္လာရသည္။ ျမဴဆိုင္းေသာလမ္းမထက္မွာ ေ႐ွ႕ဆက္ရမည့္လမ္းစမ်ားေပ်ာက္ဆုံးေနရသူတစ္ေယာက္လို သူကိုယ္တိုင္လည္း အနာဂတ္ေပ်ာက္ဆုံးရေလသည္။

နာရီအပိုင္းအစမ်ားႏွင့္ စကၠဴအပိုင္းအစမ်ားျပန္႔ႀကဲေနေသာၾကမ္းျပင္ထက္မွာ ဖ႐ိုဖရဲထိုင္ေနရင္း ရဲရင့္တစ္ေယာက္တည္း ဦးတည္ရာမဲ့ေသာေဒါသေၾကာင့္ အထိန္းအကြပ္မဲ့ေနေလ၏။ ရင္ဘတ္အစုံကလည္း ေဖာင္းခ်ည္ပိန္ခ်ည္ႏွင့္..။ အံကိုတင္းတင္းႀကိတ္ထားသျဖင့္ ေျပျပစ္ေသာေမး႐ိုးတို႔မွာထင္းခနဲ..။

တိတ္ဆိတ္ေနေသာအိပ္ခန္းထဲမွာ ဖုန္းျမည္သံတစ္ခု က်ယ္ေလာင္စြာျမည္ဟည္းလာခ်ိန္မွာ ရဲရင့္၏ေဒါသမ်ားေျပေပ်ာက္ခါစသာ႐ွိေသးသည္။ ဖုန္းကိုယူၿပီး ေခၚဆိုသူကိုစစ္ေဆးၾကည့္ေသာအခါ ႐ိႈင္းထက္ယံျဖစ္ေနသျဖင့္ သူ တဒဂၤအသက္႐ွဴမွားသြားသည္။

႐ိႈင္းထက္ယံက ညဥ့္နက္သန္းေခါင္ဖုန္းဆက္တတ္သူမဟုတ္ေသာေၾကာင့္ ယခုလိုအေရးတႀကီးဆက္လာပုံေထာက္လွ်င္...။

ရဲရင့္မွာ ျဖစ္ႏိုင္ေခ်မ်ားကိုတြက္ဆၿပီး တုန္လႈပ္ေနမိရာ ဖုန္းကိုင္ဖို႔ကိုပင္ တြန္႔ဆုတ္မိသည္။ အကယ္၍ ထိုကိစၥႏွင့္ပတ္သက္ၿပီး ႐ိႈင္းထက္ယံက သူ႕ကိုေမးျမန္းလာခဲ့လွ်င္...။

မည္မွ်ပင္တုန္လႈပ္ေနပါေစ။ ႐ိႈင္းထက္ယံ၏ဖုန္းကို သူမကိုင္ဘဲလ်စ္လ်ဴ႐ႈထားႏိုင္မည္မဟုတ္။

"အင္း..ထက္ယံ။ ဒီအခ်ိန္ႀကီး ဘာအေရးႀကီးလို႔လဲ"

တည္ၿငိမ္သေယာင္ဟန္ေဆာင္ရင္း ဖုန္းျပန္ေျဖေသာအခါ တစ္ဖက္ကလည္း မရဲတရဲျဖစ္ေနဟန္ျဖင့္ ေမးခြန္းထုတ္လာသည္။

"အာ.. မင္းအိပ္ေနတာလား"

"မအိပ္ေသးပါဘူး။ အခုမွ အလုပ္ေတြလက္စသတ္ၿပီးလို႔"

"အင္း"

"ဘာေျပာခ်င္လို႔လဲ"

သိလိုစိတ္ႏွင့္ေမးလိုက္မိေသာ္ျငား နားေထာင္ရန္စိုး႐ြံ႕မိပါသည္။

"အဲ့ဒါက..က်စ္..ဒီလိုေျပာလို႔အဆင္မေျပဘူး။ ငါတို႔တစ္ရက္ေလာက္ေတြ႕လို႔ရတယ္မလား။ မင္းအားတဲ့ရက္တစ္ရက္ရက္ေပါ့"

"ငါတို႔ႏွစ္ေယာက္တည္းလား"

"ဟုတ္တယ္။ ငါ မင္းဆီကိုလာခဲ့မယ္ေလ။ မင္း ဘယ္ရက္ေလာက္အားလဲ"

"ငါ..ငါက ဒီတေလာေတာ့ အားေနတာပဲေလ"

"ဒါဆို မနက္ျဖန္ေရာေတြ႕ဖို႔အဆင္ေျပလား။ ငါ မင္းနဲ႔ေဆြးေႏြးစရာ႐ွိလို႔"

ရဲရင့္ ေယာင္ေတာင္ေတာင္ႏွင့္ တံေတြးပင္ၿမိဳခ်မိသည္။ ဖုန္းထဲမွာေျပာဖို႔ပင္ တြန္႔ဆုတ္ေစသည့္အေၾကာင္းအရာသည္ မည္မွ်ေလးနက္ေလမလဲ။

"အင္း..ရတယ္ေလ။ ငါ မင္းဆီလာခဲ့ပါ့မယ္"

"ေနပါေစ။ ငါပဲ မင္းအိမ္ကိုလာခဲ့မယ္"

ဖုန္းခ်ၿပီးေနာက္မွာ ရဲရင့္ဟာ ေနရာမွာတင္ မလႈပ္မယွက္မိႈင္ေတြေနေတာ့သည္။ စိတ္အာ႐ုံတစ္ခုလုံးဗလာက်င္းေနၿပီး ခံစားသိ႐ွိမႈမွန္သမွ်လည္း ဗလာနတၳိ။ သူ၏သိစိတ္ေရာ မသိစိတ္ကပါ ထုံထိုင္းသြားေလၿပီ။

႐ိႈင္းထက္ယံသည္ သံစဥ္လိႈင္းႏွင့္လင္းရိပ္မာန္၏ပတ္သက္မႈကို သိ႐ွိသြားသည္မွာ ေသခ်ာသေလာက္ပင္။ ယခုလည္း ထိုကိစၥအတြက္ႏွင့္ သူ႕ကိုလာေတြ႕လိုျခင္းျဖစ္ရမည္။ ထိုအခ်င္းအရာသည္ သူ႕အေနႏွင့္ တစ္စုံတစ္ခုကိုပီပီျပင္ျပင္ေ႐ြးခ်ယ္ဖို႔ လိုေလၿပီဟု သတိေပးလိုက္သည့္အလား..။

သူ ဘာကိုေ႐ြးခ်ယ္ေလမလဲ..။ ရဲရင့္အဖို႔ေတာ့ ႏွစ္ခါျပန္ေမးစရာမလိုသည့္ ေမးခြန္းသာျဖစ္၏။ သူ၏ေ႐ြးခ်ယ္မႈတိုင္းသည္ သူခ်စ္ရေသာလူသားမ်ား ထိခိုက္မႈအနည္းဆုံးလမ္းသာျဖစ္ေပလိမ့္မည္။

ေနာက္တစ္ရက္ေန႔လယ္ပိုင္းမွာ ႐ိႈင္းထက္ယံသည္ သူ၏တိုက္ခန္းအထိ ေရာက္ခ်လာသည္။ ဟန္မင္းေစရာကိုယ္တိုင္ကားေမာင္းၿပီး လာပို႔ျခင္းျဖစ္ေသာ္လည္း ႐ိႈင္းထက္ယံတစ္ေယာက္သာ သူ႕အခန္းအထိေရာက္လာသည္။

"ဟန္မင္းကိုပါေခၚလိုက္ေလ။ ကားထဲမွာ ေစာင့္ေနစရာမွမလိုတာ"

"ငါကေနခဲ့ဖို႔ေျပာလိုက္တာ။ ငါတို႔ႏွစ္ေယာက္တည္းေျပာမွျဖစ္မွာမို႔"

"အင္း"

ထို႔ေနာက္ ႐ိႈင္းထက္ယံက စကားပုလႅင္ခံမေနဘဲ လိုရင္းကိုသာတည့္ေျပာေလသည္။ သူသည္ လင္းရိပ္မာန္ႏွင့္သံစဥ္လိႈင္းတို႔ႏွစ္ေယာက္ ယခုရက္ပိုင္းတြဲသြားတြဲလာလုပ္ေနသည္ကို ျမင္ထားသည္ဟုဆိုသည္။ သူတို႔ၾကား႐ွိဆက္ဆံေရးကိုလည္း အတည္ျပဳၿပီးၿပီဟုလည္း သိရသည္။

"မင္းေရာ အဲ့ဒီကိစၥကိုသိထားလား"

ခ်ီတုံခ်တုံျဖင့္သာ ရဲရင့္ေခါင္းညိတ္ျပလိုက္ရသည္။ သူ႕မွာ ႐ိႈင္းထက္ယံကို မ်က္ႏွာပင္မျပဝံ့ေခ်။

"ဒီေတာ့ အဲ့ဒီေကာင္ေလးက Biလား"

"ဟုတ္မယ္ထင္တယ္"

႐ိႈင္းထက္ယံစိုးရိမ္လွ်င္လည္း စိုးရိမ္ေလာက္သည္။ မၾကာေသးခင္ကပင္ ရဲရင့္ႏွင့္ပတ္သက္ၿပီး သူတို႔ႏွင့္ရန္ျဖစ္သြားသူက ယခုေတာ့ သူ႕ညီမျဖစ္သူႏွင့္တြဲေနေလသည္။ ထိုအျဖစ္က သိၾကားမင္းကိုယ္တိုင္ဆင္းၿပီး​ေျပာလွ်င္ပင္ အစစ္အမွန္ဟုယုံဖြယ္ရာမ႐ွိ။

"ငါေျပာတာကို စိတ္ေအးေအးနဲ႔နားေထာင္ေနာ္.."

ထိုသို႔အစခ်ီ၍ လင္းရိပ္မာန္၏ သံစဥ္လိႈင္းအေပၚထားေသာသေဘာထားကို မကြယ္ဝွက္တမ္းေျပာျပလိုက္သည္။ ႐ိႈင္းထက္ယံကေတာ့ တစ္ေလွ်ာက္လုံးၿငိမ္ၿငိမ္ေလးနားေထာင္ေနေသာ္လည္း သူ၏အမူအရာကေတာ့ျဖင့္ အလြန္ပ်က္ယြင္းေနေလၿပီ။ ရဲရင့္မွာ အျပစ္႐ွိစိတ္တို႔ေၾကာင့္ အသံမ်ားပင္တုန္ရီလုမတတ္။

"ဒီကေလးမကိုေတာ့ ငါေသေအာင္႐ိုက္ပစ္ခ်င္ေနၿပီ"

သူ၏စကားအဆုံးမွာ ႐ိႈင္းထက္ယံက ေတာက္တေခါက္ေခါက္ႏွင့္ သံစဥ္လိႈင္းကိုႀကိမ္းေမာင္းေလသည္။ ရဲရင့္ကလည္း သူ႕ကိုယ္သူအျပစ္႐ွိသည္ဟုခံယူထားသျဖင့္ ထိုစကားမ်ားသည္ သူႏွင့္ပါသက္ဆိုင္ေနသည္ဟု ခံစားေနရသည္။

"ငါက အဲ့ဒါေလးေသခ်ာေအာင္ မင္းကိုလာေမးၾကည့္တာ။ သူတို႔ တကယ္ပဲခ်စ္ေနၾကတယ္ဆိုရင္ ငါဝင္စြက္ဖက္လိုက္လို႔မျဖစ္ဘူးထင္လို႔။ အခုလိုဆိုေတာ့လဲ ငါဝင္ပါဖို႔လြယ္သြားတာေပါ့"

"မင္း ဘာလုပ္မလို႔လဲ"

"ငါ သူတို႔ႏွစ္ေယာက္နဲ႔တည့္႐ွင္းမွာ။ အခ်ိန္ၾကာလာၿပီး ေမွ်ာ္လင့္ခ်က္ေတြမႀကီးလာခင္ ငါ့ညီမကို အဲ့ေကာင္နဲ႔ျဖတ္လိုက္ဖို႔ နားခ်ရမယ္"

ရဲရင့္ခမ်ာ သက္ျပင္းခ်ရလြန္း၍ အသက္ပင္တိုေလာက္သည္။ ႐ိႈင္းထက္ယံဝင္ပါလွ်င္ လင္းရိပ္မာန္ႏွင့္ၿငိၾကဖို႔သာ႐ွိေတာ့သည္။ ထိုသို႔ျဖစ္လာလွ်င္ ကိစၥမ်ားသည္ အေကာင္းဘက္သို႔ဦးတည္စရာမ႐ွိ။

"အဲ့လိုလုပ္တာ အလကားပဲ။ ငါ့ေၾကာင့္ျဖစ္တဲ့ကိစၥမို႔ ငါပဲတာဝန္ယူပါ့မယ္ကြာ။ ငါ့မွာနည္းလမ္း႐ွိတယ္"

ထိုအခိုက္မွာ ႐ိႈင္းထက္ယံက သူ႕ကိုဆတ္ခနဲေမာ့ၾကည့္လာသည္။ အမူအရာကလည္း ခန္႔မွန္းရခက္စြာ တည္ၿငိမ္ေနေလရာ ရဲရင့္မွာ အေၾကာင္သားေငးေမာမိသြားသည္။

"ရဲရင့္.. ဒါနဲ႔ပတ္သက္ၿပီး မင္းကိုငါအျပစ္မတင္ဘူး။ ဒါေၾကာင့္ ဒါႀကီးကို မင္းတာဝန္ယူစရာကိစၥလို႔ မေတြးလို႔ရမလား။ ငါ့ညီမကို ငါထိန္းမယ္။ ရေအာင္ထိန္းမယ္"

"မဟုတ္ေသးဘူး။ မင္း ငါ့ကိုအျပစ္မတင္တာ ငါသိတယ္။ ဒါေပမဲ့ ဒီကိစၥက ငါကိုယ္တိုင္ဝင္ပါမွရမွာ။ မင္း နားလည္မွာမဟုတ္ဘူး။ ဒီကိစၥက ဘယ္လိုေတြျဖစ္ျဖစ္ အဆုံးမွာ ငါ့တာဝန္ပဲျဖစ္လာမွာ။ အခု ေ႐ွာင္လိုက္ႏိုင္ရင္ေတာင္ ေနာက္ထပ္လာမယ့္အက်ိဳးဆက္ေတြကို ငါပဲတာဝန္ယူရမွာပဲ။ ဒီေတာ့ ပိုၿပီး႐ႈပ္ေထြးမလာခင္ ငါကိုယ္တိုင္ဝင္ပါ လိုက္တာပဲေကာင္းတယ္"

"မင္း ဘာလုပ္မွာလဲ"

သူ တာဝန္ယူရမည့္ကိစၥႏွင့္ပတ္သက္ၿပီး ႐ိႈင္းထက္ယံကို သူမသိေစခ်င္ေပ။

"ႀကီးႀကီးမားမားမဟုတ္ဘူး။ ငါ ကိုင္တြယ္ႏိုင္တဲ့အတိုင္းအတာပဲ။ မင္းက အဲ့ဒါကိုစိတ္မပူနဲ႔။ မင္းရဲ႕ညီမကိုသာ ဘယ္လိုေ႐ွ႕ဆက္ခိုင္းဖို႔ဆုံးျဖတ္မလဲဆိုတာ မင္းအာ႐ုံစိုက္သင့္တာ"

"ငါ သူ႕ကိုအပန္းေျဖခရီးထြက္ရင္ထြက္ခိုင္းမယ္။ အဲ့ဒါနဲ႔ပတ္သက္ၿပီး သူ႕ကိုအမ်ိဳးမ်ိဳးနားခ်လို႔ရပါတယ္။ အဓိကက တြယ္ကပ္မေနသင့္တဲ့လူကို ဆြဲမထားသင့္ဘူးဆိုတာ သူသေဘာေပါက္ဖို႔ပဲလိုတာ"

ႏွစ္ေယာက္သားလည္း သံစဥ္လိႈင္းအတြက္ အမ်ိဳးမ်ိဳးတိုင္ပင္ျဖစ္ၾကရင္း အခ်ိန္တစ္နာရီက ခပ္ျမန္ျမန္ကုန္ဆုံးသြားသည္။ ထို႔ေနာက္မွာေတာ့ ႐ိႈင္းထက္ယံက သူ႕ကိုႏႈတ္ဆက္ၿပီးျပန္သြားေတာ့သည္။ မျပန္ခင္မွာ သူက ရဲရင့္ကိုစူးစူးစိုက္စိုက္ၾကည့္၍ လင္းရိပ္မာန္ႏွင့္ပတ္သက္ၿပီးမႏိုင္ဝန္မထမ္းရန္လည္း သတိတရမွာသြားေသးသည္။

႐ိႈင္းထက္ယံျပန္သြားသည္ႏွင့္ တစ္ဖန္ျပန္တိတ္ဆိတ္သြားေသာတိုက္ခန္းထဲမွာ ရဲရင့္တစ္ေယာက္တည္း အေတြးမ်ားရျပန္သည္။ အခ်ိန္အတိုင္းအတာတစ္ခုအထိသာ သူသည္းခံလိုက္႐ုံႏွင့္ ဤကိစၥမ်ားကို အျမစ္ျဖတ္ႏိုင္သည္။ တစ္သက္လုံးလည္းမဟုတ္သည့္ အခ်ိန္ေျခာက္လတည္းသာ..။

ေနာက္ဆုံးမွာေတာ့ စိတ္ဆုံးျဖတ္လိုက္ဟန္ျဖင့္ ဖုန္းကိုထုတ္ယူလိုက္သည္။ ထို႔ေနာက္ မွတ္သားမထားေသာ္လည္း မွတ္မွတ္ရရျဖစ္ေနေသာဖုန္းနံပါတ္တစ္ခုကို ေခၚဆိုလိုက္သည္။ တစ္ဖက္ကျပန္ေျဖလာသည့္ ႐ႊင္ျမဴးေနေသာအသံကို မၾကားရခင္အထိ သူ မိနစ္အနည္းငယ္မွ်ေစာင့္ဆိုင္းလိုက္ရေသးသည္။

"ခင္ဗ်ားဘက္က ဖုန္းစဆက္တာ ခပ္႐ွား႐ွားပဲ"

"ငါ လက္ခံတယ္"

ရဲရင့္လည္း တည္တည္ၿငိမ္ၿငိမ္ႏွင့္ေလးနက္စြာ စကားဆိုလိုက္ေလရာ  တစ္ဖက္က ခဏမွ်တိတ္ဆိတ္သြားသည္။ စိတ္လႈပ္႐ွားေနဟန္႐ွိေသာ အသက္႐ွဴသံခပ္ျပင္းျပင္းတို႔ကိုသာ ရဲရင့္ၾကားေနရသည္။ အတန္ငယ္ၾကာမွ တစ္ဖက္က အက္႐ွ႐ွအသံႏွင့္ ျပန္လည္ေမးခြန္းထုတ္လာသည္။

"ဘာကိုလဲ"

"မင္းပဲ ေျခာက္လတြဲၾကည့္ဖို႔ေျပာတာမဟုတ္ဘူးလား။ ငါ လက္ခံတယ္။ အဲ့ဒီအစား ကိုယ့္ကတိကိုေတာ့တည္ရမယ္။ ေျခာက္လျပည့္လို႔မွ ငါ့ဘက္က မင္းကိုခံစားခ်က္မ႐ွိရင္ မင္း ျပႆနာမ႐ွာဘဲ ငါ့အနားကထြက္သြားေပးရမယ္"

ဖုန္းတစ္ဖက္က ခဏမွ်တုံ႔ဆိုင္းေနသည္။ ဖုန္းက်သြားေလသလားဟု ရဲရင့္စစ္ေဆးေတာ့မည့္အခ်ိန္မွာပင္ ဝင္သက္ထြက္သက္ပင့္႐ိႈက္သံမ်ားႏွင့္ ဝ႐ုန္းသုန္းကား​ေျပးလႊားေနသံမ်ားကို အတိုင္းသားၾကားလိုက္ရေတာ့သည္။

"အား.. ခင္ဗ်ား အဲ့လိုကိစၥမ်ိဳးကို ဖုန္းထဲကေန ေျပာရသလား။ ခင္ဗ်ား အိမ္မွာမလား။ ကြၽန္ေတာ္ အခုလာေနၿပီ။ ခဏပဲေစာင့္"

စိတ္လႈပ္႐ွားမႈႏွင့္ အတိုင္းအဆမဲ့ေပ်ာ္႐ႊင္မႈတို႔ေရာႁပြန္းေသာ စကားသံတို႔သည္ ရဲရင့္၏ရင္ကို ကိုင္လႈပ္ျခင္းငွါမစြမ္းႏိုင္ခဲ့ေခ်။ ထိုအစား သူ႕ရင္ထဲမွာ ကူကယ္ရာမဲ့ျခင္းမ်ားသာ ျပည့္ႏွက္ေနေတာ့သည္။

******************

A/N: ဒီေနရာမွာ ရဲရင့္စိတ္ဆိုးေဒါသထြက္ရမယ့္အစား ဘာလို႔ကူကယ္ရာမဲ့သလိုခံစားရလဲဆိုရင္....???

•••••••

繼續閱讀

You'll Also Like

2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
272K 27.3K 51
ရေမြေ့မိဖုရား သမိုင်းကြောင်း
153K 14.6K 49
အတွဲပေါင်းစုံRoကြမယ့်seasonပါ❤️ အချိုများများ အဆွေးအနည်းငယ်ရောကြမယ်ပေါ့😁
93.8K 10K 35
ပရလောကကိုစိတ်ဝင်စားတဲ့သန့်မင်းသွင်ဆိုတဲ့ချာတိတ်လေးကိုမိဘတေကမွှေလွန်းလို့ဦးလေးရှိတဲ့ရိုးမတောင်ခြေကိုပြည်နှင်ဒဏ်ပေးရာကနေ...တစ်ကိုယ်တော်ရွက်လွှင့်ပြီးပေ...