GL အပိုင်းတိုများ

By Kuroburakku

31.8K 962 19

မိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်... More

ချစ်ခြင်းကမ္ဘာ#1
ဒါရာ၏တေး#1
ဒါရာ၏တေး#2
ဒါရာ၏တေး#3
I should love her
I'm back ...FOR YOU#1
I'm back...FOR YOU#2

ချစ်ခြင်းကမ္ဘာ#2

5.1K 158 0
By Kuroburakku

နဖူးပြင်ထက်ခံစားမိလိုက်သောနွေးထွေးမှုတစ်ခုကြောင့် လွမ်းကမ္ဘာမျက်လုံးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အမြင်အာရုံထဲဝင်လာသည်က မိမိကိုငုံ့မိုးကာပြုံးကြည့်နေသည့်အမျိုးသမီးတစ်ဦး။ မိမိ၏ချစ်သူ ​ချစ်ခြင်းအလင်္ကါမှမဟုတ်ရင်မည်သူဖြစ်နိုင်မည်တဲ့တုန်း။

''ကမ္ဘာငယ်လေး~ ထချိန်ရောက်ပြီ ''

သူမ၏စကားသံဆုံးသက်နှင့်တစ်ပြိုင်နက် မိမိလည်းလှဲနေရာမှထထိုင်ပြီးလေပြီ။ မေမေ့ကိုဖွင့်ပြောပြီးကတည်းက သူမ မိမိကိုယခုလိုမနက်တိုင်းလာခေါ်နိုးနေကျပင်။ စစခြင်းတုန်းကတော့လှုပ်နှိုးမှနိုးတတ်ပင်မယ့် အချိန်ကြာလာတော့ အကျင့်တစ်ခုဖြစ်သွားသည်ထင်..မိမိနဖူးပေါ်သူမ၏အနမ်းရောက်လာသည်နှင့်အလိုလိုမျက်လုံးဖွင့်မိလျက်သား။ လွမ်းကမ္ဘာ၏ချစ်သူက သူ့အတွက်နှိုးစက်လေးတစ်ခုဖြစ်နေပြန်သေးသည်။

''ဘာတွေတွေးနေတာတုန်း 'ကမ္ဘာ' ရဲ့ ထ ရေမိုးချိုးပြီးအဝတ်အစားလဲတော့ ကိုယ်ထမင်းစားခန်းထဲမေမေနဲ့စောင့်နေမယ်''

ခေါင်းအသာငြိမ့်ပြလိုက်တော့ မိမိခေါင်းလေးကိုပွတ်ကာအခန်းထဲမှထွက်သွားသည်။ လွမ်းကမ္ဘာတစ်ယောက်ရေမိုးချိုးပြီးအဝတ်အစားလဲကာ ထမင်းစားခန်းထဲထွက်လာတော့ မိမိကိုထိုင်စောင့်နေကြသည့်မေမေနှင့်သူမ။

''အမယ်လေး မလွမ်းကမ္ဘာရယ် ကြာနေလိုက်တာညည်းမလဲ ငါ့သမီးလေးကဗိုက်ဆာနေလောက်ပြီ''

''သမီးကအမေ့သမီးပါဆို''

ဆူအောင့်ကာဖြင့်သူမ၏အနားမှခုံပေါ်ထိုင်လိုက်ပြီးမနက်စာကိုစစားတော့သည်။ထို့နောက်ပုံမှန်​နေ့အတိုင်းမေမေ့ကိုနှုတ်ဆက်ကာကျောင်းသို့ထွက်လာခဲ့ကြသည်။ထိုနေ့က
စာမမေးသော ဒေါ်ချစ်ခြင်းအလင်္ကါကြောင့် သူမ သင်သောကျောင်းသား၊​ကျောင်းသူများအဖို့ ကျောင်းထဲတွင်အံ့သြစရာကောင်းသောသတင်းတစ်ခု​ဖြစ်သွားသည်။ အံ့သြစရာကောင်းဆို သူမက ပြောပြီးစကားကိုမမေ့တတ်၊စာမေးမည်ပြောထားလျှင်လဲ တခြားကိစ္စများရှိနေလျှင်တောင် စာကိုမေးဖြစ်အောင်မေးတတ်သည့်သူဟု တစ်ကျောင်းလုံးကသိထားသည်ကိုး။

တစ်ချို့ကျတော့ဒေါ်ချစ်ခြင်းအလင်္ကါစိတ်အခြေနေမကောင်းလို့၊တစ်ချို့ကျပြန်တော့ ဒေါ်ချစ်ခြင်းအလင်္ကါမေ့တတ်စပြုလာလို့ ..စသည်ဖြင့်ထင်ကြေးအမျိုးမျိုးပေးတတ်ကြပင်မယ့်
ထိုနေ့စာမမေးသည်က ဒေါ်ချစ်ခြင်းအလင်္ကါ၏ချစ်ရသူ လွမ်းကမ္ဘာ စာမရသောကြောင့်ဆိုတာကိုတော့ ကာယကံပိုင်ရှင်နှစ်ဦးမှလွဲ၍မည်သူမှမသိခဲ့ပေ။

ရက်များတစ်ရက်ပြီးတစ်ရက်ကူးပြောင်းသွားခဲ့သည်။ အရာရာတိုင်းဟာလည်းပုံမှန်အတိုင်းလည်ပတ်လို့နေသည်။
...........
အိမ်ထဲသို့ပြေးဝင်လာသော မိန်းကလေးတစ်ယောက်။ မျက်နှာပြင်တစ်ခုလုံးစိုးရိမ်စရာအတိနှင့် ထိုမိန်းကလေးက လွမ်းကမ္ဘာ၏အခန်းထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားလေသည်။

''ဘာဖြစ်တာလဲ !?ဘာဖြစ်လို့လဲ? ဘယ်နားကထိခိုက်မိသွားတာလဲ လာဆေးရုံသွားမယ်''

''ဟာ.. အဲ့လောက်ကြီးမဟုတ်ဘူးလေရှင်ရဲ့ ချပါအုံး လွမ်းဘာမှမဖြစ်ဘူး ဆေးရုံလဲသွားစရာမလိုပါဘူး''
ဝင်လာကတည်းကတစ်ယောက်တည်းဇွတ်ပြောကာမိမိကိုဆတ်ကနဲပွေ့ချီလိုက်သည့် ဒေါ်ချစ်ခြင်းအလင်္ကါ ကြောင့် လွမ်းကမ္ဘာတစ်ယောက်ပြာပြာသလဲတားလိုက်ရသည်။

''မဟုတ်တာ ခုဏဖုန်းပြောနေတုန်းက အား!!!အမေရေကယ်ပါအုံး သေပြီသေပြီလို့အော်နေတာလေ စကားများနေမယ့်အစားဆေးရုံပဲသွားရအော်''

''အဲ့တာက ဒဏ်ရာရလို့မှမဟုတ်တာ..''
လေသံတိုးတိုးနှင့်ပြောလိုက်သောသူမကြောင့် ချစ်ခြင်းအလင်္ကါမျက်မှောင်အနည်းငယ်ကျုံ့ကာကြည့်လိုက်သည်။

''ဒါဆိုဘာဖြစ်တာလဲ?''

''ပုရွက်ဆိတ်လေးပဲကိုက်တာ''

''ဘာ!!!!!!! ပုရွတ်ဆိတ်ကိုက်တာအဲ့လောက်အော်စရာလား ငါဘယ်လောက်တောင်စိတ်ပူခဲ့ရလဲသိလား?!''
ပြောနေရင်းပွေ့ချီထားရာမှလွတ်ချလိုက်သောသူမကြောင်း

''အမလေးတကယ်​သေပါပြီ ဖြေးဖြေးလည်းအော်ပါ ပုရွတ်ဆိတ်ကနာအောင်ကိုက်တာကိုးအော်မှာပေါ့!!"
လွမ်းကမ္ဘာမိမိတင်ကိုပွတ်ကာရှုံ့မဲ့နေသောမျက်နှာနှင့်ထရပ်လိုက်သည်။

''လွမ်းကမ္ဘာ!! မင်းငါ့ကိုအရူးလုပ်နေတာလားဟမ်!! ဘာဖြစ်လဲမေးတုန်းကပြန်ဖြေလိုက်ရင်ငါစိတ်အေးသွားမှာကြောက်လို့လား!"

ဒေါသများနှင့်မိမိကိုအော်နေသော သူမကြောင့် လွမ်းကမ္ဘာဝဲတက်လာသောမျက်ရည်များကိုထိန်း၍ခေါင်းငုံ့လိုက်မိသည်။ ပို၍ခံရခက်သည်က မိမိ၏နာမည်အပြည့်အစုံကိုခေါ်ကာ ငါဟုပင်သုံးနှုန်းလိုက်ခြင်း။

''ဟုတ်...တောင်းပန်ပါတယ်''

ခေါင်းလေးငုံ့ကာအသံတိုးလေးနှင့်တောင်းပန်စကားဆိုလာသောသူမကြောင့် ချစ်ခြင်းအလင်္ကါ၏ဒေါသစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ဆုံးသွားသည်။ ချစ်ခြင်းကမ္ဘာက ဒေါသကြီးလွန်းသည်။ သူ၏ဒေါသကို ဆုံးသွားသည့်သူ၏မိဘများနှင့် ယခုရှေ့တွင်ရှိနေသောချစ်ရသူကသာဖြေဖျောက်ပေးနိုင်ကြသည်။ ယခုတော့ မိမိ၏မြတ်နိုးရသူကို ေအာ်လိုက်မိခြင်း။

''ကိုယ်...ကိုယ်တောင်းပန်ပါတယ်''
ရင်ခွင်ထဲထွေးပိုက်ထားရန်လက်လှမ်းလိုက်တော့ သိသိသာသာနောက်သို့ဆုတ်သွားသောသူမ။

''ရပါတယ် ကျွန်မအမှားပါ''
တိမ်ကာဝင်သွားသည့်အသံလေးကြောင့် မည်မျှဝမ်းနည်းသွားမည်ကိုမျက်နှာမမြင်ရရင်တောင် ချစ်ခြင်းအလင်္ကါခံစားမိနေသည်။

''ကိုယ်တောင်းပန်ပါတယ် ကိုယ်အရမ်းစိုးရိမ်မိသွားလို့ပါ ကမ္ဘာငယ်ကိုယ့်ကိုရိုက်ချင်ရိုက် ကြိုက်သလိုအပစ်ပေးပါ ငိုတော့မငိုပါနဲ့နော်''

''ဟင့်အင်း''

ခေါင်းခါကာတစ်လုံးတည်းဆိုလာသည့်သူမကြောင်းချစ်ခြင်းအလင်္ကါသူမရှေ့ဒူးထောက်ထိုင်ချလိုက်သည်။ မိမိဘဝတွင်ဘဝမဦးဆုံး ဒူးထောက်ထိုင်ချဖူးခြင်း။

''ဘာလုပ်တာလဲထပါ ကျွန်မမငိုပါဘူး ကျွန်မမှားတာပဲလေ''

သည်ကောင်မလေးဟန်ဆောင်နေသည်မှာသိသာလွန်းသည်။ မိမိလက်ဖမိုးပေါ်ကျလာသည်မျက်ရည်တစ်စက်ကြောင်း ချစ်ခြင်းအလင်္ကါရင်ထဲမြှားအစင်းတစ်ရာစူးဝင်သွားသလိုပင်။

''မထဘူး ကိုယ်တောင်းပန်ပါတယ် ငိုတော့မငိုလိုက်ပါနဲ့နော် ကိုယ်ဒေါသမထွက်ခဲ့သင့်တာပါတစ်ကယ်ဆိုကိုယ်ကအကြောင်းရင်းသေချာမသိဘဲ စိတ်ဆိုးမိတာ အားလုံးကိုယ့်အမှားပါ''

''ဒီလိုမလုပ်ပါနဲ့ ကျေးဇူးပြုပြီးထပါ ကျွန်မငရဲကြီးနေပါ့မယ်''

''ကိုယ်မထဘူး''

နှစ်ဦးသားတိတ်ဆိတ်သွားလေသည်။ မတ်တပ်ရပ်ကာအသံတိတ်ငိုကြွေးနေသည့်မိန်းကလေးတစ်ယောက်နှင့် ဒူးထောက်ကာအံတင်းတင်းကြိတ်ထားသော အမျိုးသမီးတစ်ယောက်။

တိတ်ဆိတ်နေသောအခြေအနေကိုအသံတစ်ခုကဖြိုခွင်းသွားသည်။ထိုအသံက....

''အီးးဟီးး သူများနာမည်ကိုလဲအပြည့်အစုံတပ်ခေါ်တယ် ငါလို့လဲသုံးနှုန်းတယ် သူများအခန်းထဲဝင်လာပြီးတော့လဲသူများကိုအော်တယ်''
ထိုအသံလေးကြောင့်ဒူးထောက်နေသောအမျိုးသမီးမှာချက်ချင်းထလိုက်ပြီးထိုအသံပိုင်ရှင်ကိုရင်ခွင်ထဲဆွဲသွင်းဖက်လိုက်သည်။

''ဟုတ်ပါတယ်ကိုယ့်အမှားပါ မငိုပါနဲ့တော့နော် ကမ္ဘာငယ်လေးစိတ်တိုင်းကျအပစ်ပေးပါနော်''

''သွားပါအခုမှလာမဖက်နဲ့! သူများကိုအော်တုန်းကအော်ပြီးတော့''

''ကိုယ်တောင်းပန်ပါတယ် ကိုယ်နောက်တစ်ခါမအော်တော့ဘူးနော် ဒီတစ်ခါတကယ်နောက်ဆုံးပါ ''

''ဟင့် ဟုတ်လို့လား?''

မျည်ရည်ရွဲနေသောမျက်ဝန်းအစုံနှင့်မော့ကြည့်လာသောသူမကြောင့် ချစ်​ခြင်းအလင်္ကါတစ်​ယောက်သူမ၏နဖူးပြင်ထက်မြတ်နိုးစွာအနမ်းခြွေလိုက်မိသည်။

''အင်း ကိုယ့်အချစ်တွေနဲ့ကတိထားတယ် ဒါကြောင့်ဝမ်းမနည်းပါနဲ့တော့နော်''

''နောက်တစ်ခါဆိုကျွန်မရှင့်ကိုယုံတော့မှာမဟုတ်ဘူးနော်''

''စိတ်ချ!နောက်တစ်ခါဆိုတာမရှိစေရဘူး ''

''ပြီးရော''
လွမ်းကမ္ဘာ သူမ၏ခါးကိုတင်းကြပ်စွာဖက်ကာရင်ခွင်ထဲပိုမိုတိုးဝင်လိုက်မိသည်။

''တစ်ကယ်တော့လေ ကျွန်မတမင်သက်သက်အော်လိုက်တာ အဲ့လိုအော်မှရှင်ကရောက်လာမှာမို့လို့...''

''ကမ္ဘာငယ်ရယ် ကိုယ့်ကိုခေါ်လဲကိုယ်လာမှာပေါ့ နောက်တစ်ခါဒီလိုစိတ်ပူရအောင်မလုပ်ပါနဲ့နော်''

''ဟိုတစ်ခါချက်ချင်းမလာဘူးလေ.... ''

''အဲ့ဒီတုန်းက ကိုယ်အိမ်သာတက်နေတာလေ ကိစ္စမပြီးပဲဘယ်လိုချက်ချင်းလာမလဲ''

''ဟွန်း ရွံစရာကြီးလာပြောနေတယ်''
နှာခေါင်းရှုံ့ကာရင်ခွင်ထဲမှထွက်သွားသောကမ္ဘာငယ်လေးကြောင့်ချစ်ခြင်းအလင်္ကါပြုံးလိုက်မိသည်။

''ဒါနဲ့ ကိုယ့်ကိုလာစေချင်တာဆိုတော့ ဘာကိစ္စရှိလို့လဲဟင် လွမ်းလွန်းလို့လား?''

''ရှင့်ကြီးတော်ကိုလွမ်းလွန်းလို့... ဒီနေ့က ရှင့်အပြုံးကိုပထမဆုံးမြင်ဖူးတဲ့တစ်နှစ်ပြည့်နေ့လေ''

နှုတ်ခမ်းလေးစူကာပြောလာသော ကမ္ဘာငယ်လေးကြောင့် ချစ်ခြင်းအလင်္ကါခင်မျာ အတသက်ရှူရပ်မတတ်ဖြစ်သွားသည်။ဒီလိုနေ့မျိုးကိုတောင် ကမ္ဘာငယ်လေးကမှတ်ထားမည်ဟုမထင်မိ။

''ရော့! လက်ဆောင်''

ပြောစရာစကားပျောက်ဆုံးနေသောမိမိဆီသို့သူမကဘူးလေးတစ်ဘူးကမ်းပေးလာသည်။ယူ၍ဖွင့်ကာကြည့်လိုက်တော့

''ဟင်.. အသဲပုံတစ်ပိုင်းပုံစံချောကလက်''

''ဟုတ်တယ်.. ဒါပေမယ့်မဟုတ်ဘူး ကျွန်မပြောတာက အဲ့လိုပုံစံဖြစ်နေတာမှန်တယ် ဒါပေမယ့်စလုပ်တုန်းကအဲ့လိုပုံစံမဟုတ်ဘူး ရှင့်အတွက်အများကြီးလုပ်ထားတာ ကျွန်မမြည်းကြည့်ရင်းနဲ့ အရှိန်တက်သွားလို့ အဲ့တပိုင်းပဲကျန်တော့တာ အသစ်ပြန်လုပ်ပေးဖို့ကလဲမမှီတော့လို့''

ချစ်ခြင်းအလင်္ကါရယ်ချင်မိသွားသည်။ သို့ပင်မယ့်လည်းမရယ်ရဲ...တော်ကြာစိတ်ထပ်ကောက်နေလျှင်ခက်မည်။

''ကမ္ဘာငယ်ကိုယ်တိုင်လုပ်ထားတာလား?''

''ဟုတ်တယ်.. ဘာလဲမစားရဲလို့လားဒါဆိုပြန်ပေး ''

လွမ်းကမ္ဘာပြန်လုယူဖို့ပြင်တော့ ချောကလက်ကိုယူကာသူမ၏ပါးစပ်တွင်းဆတ်ခနဲကောက်ထည့်လိုက်၍ ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်ဝါးကာလက်မထောင်ပြလာလေသည်။

''ဒါနဲ့လေ ရှင့်ကိုတောင်းဆိုစရာရှိလို့....ရှင့်တိုက်ခန်းကိုရောင်းပြီးကျွန်မတို့နဲ့တူတူလာနေပါတော့လား...''

''ဘာလဲ ကမ္ဘာငယ်ကဆန္ဒတွေစောနေပြီလား?''

''ရှင်မဟုတ်တရုတ်ပြောဖို့တွေးမနေနဲ့ ဘွဲ့ရလို့လက်ထပ်ပြီးရင်လဲတူတူနေရမှာပဲလေ အဲ့တာကြောင့်မထူးတာနဲ့ခုပဲလာနေခိုင်းလိုက်တာ''

မျက်စောင်းထိုးကာဟောက်လိုက်တော့ ပါးစပ်ပိတ်သွားသည့်သူမကတစ်ကယ့်ကိုကလေးတစ်ယောက်ကဲ့သို့ပင်။

''နေမှာမလား မနေလဲမရဘူးလာနေရမယ်''

''ကိုယ်နေတာကဟုတ်ပါပြီ မေမေကခွင့်ပြုပါ့မလား''

''ခွင့်မပြုပဲနေစရာလားသမီးရယ် မေမေကဖြင့်လာနေစေချင်တာကြာပေါ့''

အခန်းရှေ့မှထွက်လာသောအသံဆီသို့​လွမ်းကမ္ဘာနှင့်ချစ်ခြင်းအလင်္ကါတို့နှစ်ယောက်လှည့်ကြည့်လိုက်မိတော့ ဘယ်တုန်းကရောက်နေမှန်းမသိသည့်မေမေကာ ခုံတစ်လုံးပေါ်အခန့်သားထိုင်လို့။ ဘူးတစ်ဘူးကိုလက်မှလဲကိုင်ထားပြီး ကျန်တစ်ဖက်နှင့်လဲဘာမှမရှိတော့သည်ဘူးထဲနှိုက်နေသေး။

''မေမေဘယ်တုန်းကရောက်နေတာလဲ''

''ဒူးထောက်ကတည်းကရောက်နေတာ''

''ဒါကိုများဘာလို့ဝင်မဖြန်ဖြည်ပေးတာလဲမေမေရဲ့''

''ပြီးရင်ပြန်တည့်သွားကြမှာပဲကို ဘာမှဟုတ်တာလဲမဟုတ်ပဲနဲ့ ငါဝင်ရင်ငါပဲပင်ပန်းမှာ ဒါကြောင့်ပဲထိုင်ကြည့်နေတာ''

''ဒါဆိုအကုန်မြင်လိုက်တယ်ပေါ့''

''ဒါပေါ့''

(အမယ်လေးရှက်လိုက်တာ)
စကားပြောပြီးမျက်နှာများနီမြန်းသွားကာတစ်ဖက်သို့လှည့်သွားသောကမ္ဘာငယ်လေးကိုကြည့်ကာ ချစ်ခြင်းအလင်္ကါအူယားနေလေသည်။

''အခုမှရှက်မနေပါနဲ့အေ ငါလည်းထိုင်ကြည့်နေတာ ပေါက်ပေါက်တစ်ဘူးလုံးကုန်သွားပြီ သမီးလည်းဒီမှာပဲအိပ်လိုက်တော့ ငါလည်းအိပ်တော့မယ်''

''ဟုတ်မေမေ''

ခုံကိုသိမ်းကာထသွားသည့်မေမေကမိမိကိုတစ်ချက်ပြန်ကြည့်ပြီး

''တံခါးပိတ်ပေးခဲ့မယ် ကောင်းကောင်းမွန်မွန်နားကြ''

ဟုပြောပြီးအခန်းတံခါးပိတ်ကာထွက်သွားလေသည်။

''အဲ့တာရှင့်ကြောင့်!ခုတော့မျက်နှာပူစရာတွေ''

''ကမ္ဘာငယ်ကလဲ ~~''

''ကဲပါ အိပ်တော့မယ် ငိုထားရတာကျွန်မပင်ပန်းတယ်''
ပြောနေရင်းကုတင်ပေါ်တက်လှဲလိုက်သောသူမနား ချစ်ခြင်းအလင်္ကါအသာပြုံးပြီးလိုက်ကာတက်လှဲလိုက်သည်။ အောက်ခြေမှစောင်ကိုဆွဲယူကာနှစ်ယောက်လုံးလုံအောင်သေချာခြုံပေးပြီး သူမကိုရင်ခွင်ထဲထည့်ကာဖက်လိုက်တာ မိမိကိုမော်ကြည့်လာသည့်မျက်နှာလေး။

''ချစ်တယ်.. အွတ်!"

မိမိနှုတ်ခမ်းပေါ်ကျရောက်လာသည်နွေးထွေးနူးညံ့သောအထိအတွေ့ကြောင့်မျက်လုံးများပြူးသွားရသည်။

''လွမ်းလဲ 'မ' ကိုချစ်တယ်''

မိမိရင်ခွင်ထဲတစ်ဖန်မျက်နှာပြန်ဖွက်ထားသောသူမကြောင့်မျက်နှာထက်အပြုံးထပ်ဆင်မြန်းမိပြန်သည်။

''ကောင်းသောညပါကမ္ဘာငယ်''

''ကောင်းသောညပါမ''

(ဒီညတော့အိပ်မက်တွေပိုမိုလှနေတော့မယ် ကမ္ဘာငယ်ရယ်)

#############
ချစ်ခြင်းတရားက ထပ်တူကျမှပိုမိုလှပတာမို့
ကိုယ့်ရဲ့ချစ်ခြင်းတွေကို မင်းရဲ့ချစ်ခြင်းတွေနဲ့ထပ်တူကျခွင့်ပြုခဲ့တဲ့အတွက်...
ကျေးဇူးတင်ပါတယ်ကမ္ဘာငယ်

                                       ချစ်ခြင်းအလင်္ကါ🖤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အချစ်ရှိလို့အလွမ်းဆိုတာဖြစ်ပေါ်လာတာပါ
ဒီစကားကိုပြောရမှာ မေမေ့ကိုအားနာမိပေမယ့်
'မ' ရှိနေလို့သာ လွမ်းရပ်တည်နေနိုင်တာပါ
                        
                                        လွမ်းကမ္ဘာ💙

~~~~~~~~~~~~~~~End~~~~~~~~~~~~~~~

Dec16(2021)

Continue Reading

You'll Also Like

113K 3.6K 11
taehyung get married to jungkook even after knowing that he is in love with his ex. Even after three years jungkook is not ready to moved on. " Who...
11K 593 16
It's just imaginary..... စိတ်​ကူးယဉ်​သက်​သက်​သာဖြစ်​ပါသည်​။ အ​ကြောင်းအရာ​တွေအားလုံး စိတ်​ကူးယဉ်​ပြီး​ရေးထားတာပါ ပထမဆုံးအကြိမ်​​ရေးသားခြင်းမို့ အ​ရေ...
6.6K 398 14
Rose Park Chaeyoung သည်သူမ၏ဆံုးပါးသွား‌ေသာအဖေအမွေပေးခဲ့သောမြို့ပြင်နားကအိမ်ကြီးတအိမ်ကိုပြောင်းရွှေ့ရန်ပြင်ဆင်ခဲ့သည်။Rose၏စကားတခွန်းကြောင့်Roseနောင်တရ...
21.7K 1.8K 39
Story of a family - strict father, loving mother and naughty kids.