ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေ...

By Juliexin__

1.9M 332K 9.6K

I Became A Virtuous Wife And Loving Mother In Another Cultivation World Original Title - 贤妻良母 (xiánqī-liángmǔ... More

Synopsis
*1* ဝိညာဥ်ကူးပြောင်းလာခြင်း
*2* သေချင်နေတာလား
*3* ဘုရားမလို့ ပြားနေသေးတယ်
*4* ဒါကြီးကဘီယာဗိုက်ဘဲဖြစ်မယ်
*5* ငါ့ခြေထောက်တွေဘာဖြစ်နေတာလဲ
*6* မင်းရဲ့ဆေးကမကောင်းဘူး
*7* ပါးစပ်ပိတ်ထားစမ်း
*8* ကျွန်တော့်မျက်နှာလေးပြပြီးဒါကိုဝယ်လို့ရမလား
*9* ခင်ဗျားလား
*10* ဒါကလူလတ်ပိုင်းအရွယ်မှာဖြစ်တတ်တဲ့ဗိုက်ပူတာပါ
*11* ငါမင်းကိုအထင်ကြီးသွားပြီ
*12* ပါးစပ်ကိုပိတ်ထားလိုက်စမ်း
*13* သားဗိုက်ဆာတယ်
*14* သခင်လေးရုန် ဟုတ်တယ်မလား
*15* သူကလေးကိုမဟုတ်တာတွေသင်ပေးလိုက်မိလို့လား
*16* မင်းကဘာသိလို့လဲ
*17* ငါ့ကိုတောင်းဆိုလိုက်
*18* ချယ်ရီသီးလေး
*19* ခင်ဗျားသားကကျွန်တော့်ကိုကန်နေတယ်
*20* ကလေးတွေအဖေ
*21* ခင်ဗျားတို့နှစ်ယောက်လုံးကမျက်နှာသေကြီးတွေနဲ့လေ
*22* မင်းရဲ့ဆရာတူအစ်ကိုကြီးရောက်လာပြီ
*23* သူကခင်ဗျားရဲ့ဆရာတူအစ်ကိုကြီးဘဲလေ
*24* မပြေးနဲ့စမ်း
*25* ကြည့်လို့ဝပြီလား
*26* စိတ်ဝင်စားစရာဘဲ
*27* သူအထင်လွဲသွားတာဘဲ
*28* ရယ်စရာကောင်းလိုက်တာ
*29* ကောင်လေးမင်းကအလားအလာရှိတာဘဲ
*30* ဒီကောင်လေးကတစ်ကယ်စိတ်အနှောင့်အယှက်ပေးတယ်
*31* အကောင်စုတ်
*32* ဒါကလျှို့ဝှက်ချက်
*33* ကလေးတွေအဖေကငါ့ကိုကာကွယ်ပေးလိမ့်မယ်
*34* ဖွီးးးး
*35* ဒီကလေးကိုပြန်လုပ်လို့ရလား
*36* ဘယ်လောက်ထက်ရှလိုက်တဲ့မေးခွန်းလဲ
*37* ငါရှက်လိုက်တာ
*38* မင်းသူတို့တွေရဲ့နောက်ကြောင်းတွေကိုစုံစမ်းပြီးသွားပြီမလား
*39* ဖြစ်ရမယ့်ဟာကဖြစ်လာမှာဘဲ
*40* လူတွေကပြောင်းလဲကြတယ်
*41* ဒီလိုရလဒ်က လူတိုင်းအတွက်ကောင်းပါတယ်
*42* အလိုလိုက်ခံရဖို့မွေးဖွားလာတာ
*43* တုံးအလိုက်တဲ့ကောင်လေး
*44* ကောင်းလိုက်တဲ့လှည့်ကွက်
*45* သုံးဘီး
*46* ရန်ငြိုးရန်စဖြစ်လာခြင်း
*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ
*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်
*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်
*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း
*51* ငါတို့တော့သေပြီ
*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး
*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား
*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်
*55* နှစ်ကိုယ်တူကျင့်ကြံခြင်း
*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်
*57* ကျေးဇူးတင်ပါတယ် ဆရာ
*58* မင်းကကံအရမ်းကောင်းတာဘဲ
*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား
*60* မင်းသူ့ကိုချစ်မိသွားပြီလား
*61* ယောက်ျားတစ်ယောက်ရဲ့နှုတ်ခမ်းကဒီလောက်နူးညံ့နိုင်လို့လား
*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား
*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး
*64* ဘာလို့အူတက်ပြီးမသေသွားသေးတာလဲ
*65* အရမ်းကြည်နူးစရာကောင်းတာဘဲ
*66* ကိုယ်ဝန်သွေးခုန်နှုန်း
*67* အထင်ကြီးစရာပဲ
*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ
*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ
*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး
*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ
*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ
*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး
*75* မကောင်းတာလုပ်ကြစို့
*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး
*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး
*78* ငါကမင်းရဲ့ဖေဖေ
*79* ငါဒီဘောလုံးကြီးနဲ့အတူထွက်ပြေးသွားမှာ
*80* သားပထွေးမလိုချင်ဘူး
*81* မင်းကငါ့ကိုရန်စရဲတဲ့ပထမဆုံးလူဘဲ
*82* သူတစ်ကယ်ဒီလိုစကားတွေပြောရဲတဲ့သတ္တိရှိတာဘဲ
*83* ခင်ဗျားတစ်ဘဝလုံးနောင်တရနေလိမ့်မယ်
*84* ဘောင်းဘီချွတ်ပြီးသေးပေါက်ဖို့
*85* ဖုတ်ကောင်လေး
*86* ပါးစပ်ပိတ်လိုက်တော့
*87* သူ့ကိုမေမေလို့ခေါ်လိုက်
*88* အသုံးမကျတဲ့အမှိုက်တွေ
*89* သူအခုပိုဝလာတာပါ
*90* ဒီသတင်းကရင်တုန်ပန်းတုန်ဖြစ်စရာကောင်းလိုက်တာ
*91* ကလေးတွေအမေ
*92* သိရင်ဘာလို့မေးနေသေးလဲ
*93* ဒီကိုအဆူခံဖို့သွားရမှာလား
*94* နောက်ကွယ်မှာမကောင်းတဲ့အကြံအစည်ရှိရမယ်
*95* ဖေဖေဘယ်မှာလဲ
*96* ဒီလူကအရမ်းပါးနပ်တာဘဲ
*97* မင်းဘာလို့ကိုယ့်စကားကိုမတည်တာလဲ
*98* ငါကအလှဆုံး
*99* ကလေးမွေးဖွားခြင်း
*100* ကြောက်စရာကောင်းတဲ့မြင်ကွင်း
*101* တစ်ကယ်မသိတတ်တာဘဲ
*102* ရူးချင်ယောင်ဆောင်မနေစမ်းပါနဲ့
*103* ဝိညာဥ်သွေးကြော
*104* ပြဿနာရှာခြင်း
*105* သူ့ကိုအထင်အမြင်သေးနေတဲ့အကြည့်တစ်ချက်အရင်ပေးလိုက်
*106* ဂိုဏ်းချုပ်ကို ပုချီနဲ့မှားယွင်းခြင်း
*107* အဲ့လူကကျွန်တော်ဘဲ
*108* ကောင်းတယ်
*109* နတ်ဘုရားများကိုပင့်ဖိတ်ခြင်း
*110* ဘယ်သူကဘယ်သူနဲ့အိပ်ချင်နေရတာလဲ
*111* ခင်ဗျားသဘောကျလား
*112* အကြမ်းဖက်လာရင်ပြန်အကြမ်းဖက်တဲ့နည်းလမ်း
*113* နောက်ထပ်ခွေး*တစ်ကောင်ရောက်လာပြန်ပြီ
*114* ဂုဏ်ပြုလက်ဆောင်
*115* မင်းကငါတို့ကိုသေအောင်ဖိအားပေးနေတာဘဲ
*116* ရုန်ချီနဲ့နောက်တစ်ကြိမ်ပြန်တွေ့ခြင်း
*117* သူကအစ်ကို့ရဲ့ယောက်ဖ
*118* ဒါငါမဟုတ်ဘူးလား
*119* ကလေးတွေကသူနဲ့မသက်ဆိုင်ဘူး
*120* ဆရာသခင်ကွေ့ရိ
*121* ကျွန်တော်ကကိုယ်ဝန်ရနိုင်သေးတာလား
*122* ဒါနင်ငါတို့အပေါ်တင်နေတဲ့အကြွေးဘဲ
*123* ငါမင်းကိုလက်ထပ်မယ်
*124* ယောက်ျားတစ်ယောက်ဖြစ်ရတာခက်ခဲလိုက်တာ
*125* မိုးကြိုးစမ်းသပ်မှုခံယူခြင်း
*126* ကျွန်တော်ခင်ဗျားအတွက်မီးပင်လယ်ကိုဖြတ်ပေးမယ်
*127* မသေမရှင်လောက်ဆိုရပြီ
*128* ကျွန်တော်သူ့ကိုအရမ်းသဘောကျတယ်
*129* ကျွန်တော်တို့သားကပါရမီရှင်လေးဘဲ
*130* ချီလန်ဆီအလည်သွားခြင်း
*131* ဘယ်တော့မှတစ်ခုတည်းမတွေ့ရတဲ့အသီးကဘာလဲ
*132* သူဒါကိုမှတ်ထားတယ်
*133* အချစ်ဆိုတာဘာလဲ
*133* အချစ်ဆိုတာဘာလဲ
*134* ကိုယ်ချင်းစာကြည့်
*135* ရုန်ယိနှင့်သူ့ခန္ဓာကိုယ်
*136* သူကတစ်ကယ်ရယ်ရတယ်
*137* ဖမ်းဆီးခံရခြင်း
*138* နောက်ဆုံးအသက်တစ်ရှိုက်
*139* သူ့ခန္ဓာကိုယ်ကို ဘယ်သူကမှ စိတ်မဝင်စားဘူး
*140* ငါသူ့ကိုသတ်ပစ်မယ်
*141* ကလေးသုံးယောက်ရဲ့စွန့်စားခန်းလေး
*142* ကျွန်တော်ရှက်တာပေါ့
*143* ကိုယ့်ကိုယ်ကိုဟုတ်လှပြီထင်မနေနဲ့
*144* စာတစ်စောင်ရေးသားခြင်း
*145* ကမ္ဘာကြီးကိုမီးတင်ရှို့ခြင်း
*146* ကျွန်တော်ကိုယ့်ဘာသာမထိန်းနိုင်တော့ဘဲ ခင်ဗျားကိုစားလိုက်မိမှာစိုးရတယ်
*147* ကြီးပြင်းလာချင်လား
*148* မင်းသိပါတယ်
*149* ယင်အကြီးအကဲတွေဆီကစာတစ်စောင်
*150* ခင်ဗျားကျွန်တော့်ကို ချီးကျူးနေတာလား
*151* ရုန်ယိခန္ဓာကိုယ်က ကိုယ်တိုင်ရောက်လာခြင်း
*152* ဘဝရဲ့သာယာပျော်ရွှင်မှုတွေ
*153* မင်းကတစ်ကယ်အန္တရာယ်များတာဘဲ
*154* ရှောင်ယိယိကဆိုးလိုက်တာ
*155* ငါတို့ကိုအရူးလာလုပ်နေတာလား
*156* ထောင်လွှားရန်
*157* မှန်မှန်ပြောစမ်းပါ
*158* သေစမ်း
*159* သူလျှို့ဝှက်နယ်မြေထဲမှာသေသွားရင် ပိုကောင်းတယ်
*160* အဲ့တာသူဘဲ
*161* ပုံရိပ်ယောင်
*162* ဝတ်ရုံလက်ထဲကဝှက်ဖဲ
*163* အေးတိအေးစက်လှည့်ကွက်
*164* နောက်တစ်ခုထပ်တူးရဲတူးကြည့်စမ်း
*165* ငါကိုယ်တိုင်နဲ့ကစားရတာပျင်းဖို့ကောင်းလိုက်တာ
*166* ငါတို့ယောက္ခထီးကြီးကိုသွားတွေ့ရအောင်
*167* အတွင်းစိတ်မိစ္ဆာ
*168* ချီလန်အပေါ်လှည့်စားမှု
*169* မိစ္ဆာကလေးလေး
*170* ပျော်စရာကောင်းတယ်
*171* အထဲမှာပိတ်ခံရခြင်း
*172* လျှို့ဝှက်နယ်မြေမှထွက်လာခြင်း
*173* အရမ်းကံကောင်းတာဘဲ
*174* ယင်မိသားစုထဲခြေချပြီးတာနဲ့နောက်ပြန်ဆုတ်လို့မရတော့ဘူး
*175* ယောက္ခမဆီသို့တရားဝင်သွား​ရောက်တွေ့ဆုံခြင်း
*176* ခင်ဗျားဒီညအရမ်းတက်ကြွနေတာဘဲ
*177* ပထမဆုံးအနမ်း
*178* မင်းမျက်လုံးပိတ်ရဲပိတ်ကြည့် ငါမင်းကိုသတ်ပစ်မယ်
*179* နောင်တမရှိဘဲသေနိုင်ပြီ
*180* အထောက်အထားတစ်ခု
*181* မင်းရဲ့ဆရာတူအစ်ကိုကြီးနဲ့တွေ့ဖို့ခေါ်သွားပေးမယ်
*182* သူဟန်ဆောင်နေတာ
*183* သူဟန်ဆောင်နေတာနဲ့မတူဘူး
*184* ကျွန်တော်အစ်ကို့ကိုအရမ်းသတိရတာဘဲ
*185* ပိုင်ယွမ်ချန်ကသခင်ရှန်ကျဲ့များလား
*186* အရှုပ်ထုပ်လေးလေးကောင်
*187* မင်းသဘောအတိုင်းပါဘဲ
*188* ငါကအပျက်ဖြစ်နေလို့လား
*189* ထင်ယောင်ထင်မှားကြားယောင်ခြင်း
*190* ရုန်ယိ အိမ်သာထဲမှာ ပျောက်သွားခြင်း
*191* ဘယ်ဘက်ကကြည့်ရင်ငတုံးနဲ့တူတယ်
*192* ယင်ကျင်းရဲ့ အချိန်ကိုက်ရောက်ရှိလာမှု
*193* ရုန်ယိပျောက်ဆုံးသွားမှု
*194* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၁
*195* ခေတ်သစ်ကိုပြန်ကူးပြောင်းသွားခြင်း ၂
*196* သုံးနှစ်ကြာပြီးနောက်
*197* သူပြန်လာပြီ
*198* ငဖားကောင်လေး

*74* သူတို့တွေက အရမ်းရက်စက်တယ်

9.5K 1.7K 49
By Juliexin__

ရုန်ယိ မျက်မှောင်ကြုတ်မိသွားကာ ထိုလူကို တစ်ချက်ကြည့်လိုက်သည်။

လှောင်ချိုင့်ထဲက ဆူညံသံက ကျယ်သထက်ကျယ်လာကာ တစ်ခုခုပေါက်ကွဲထွက်တော့မယ့်ပုံပင်။ ယင်ထောင် သူ့နားလေးတွေကို လက်လေးတွေနဲ့အမြန်အုပ်လိုက်ပြီး စုကုကလည်း ရှေ့တိုးကာ သူ့ကိုချီပြီး အဝေးကိုထွက်သွားလိုက်ရ၏။

ထို့နောက် လှောင်ချိုင့်က အထဲကသားရဲက အပြင်ဖက်ကို ချိုးဖျက်ထွက်ရောက်လာတော့မလိုမျိုး ပြင်းထန်စွာလှုပ်ခါလာတော့သည်။ လှောင်ချိုင့်က ဟိုဘက်သည်ဘက်ရမ်းခါနေပြီး သားရဲကိုရောင်းတဲ့လူလည်း လှောင်ချိုင့်အပေါ်မထိန်းနိုင်တော့မလိုတောင်ဖြစ်သွားရသည်။

သူချက်ချင်း လှောင်ချိုင့်ကိုမြေကြီးပေါ်ချပြီး ဖိနှိပ်လိုက်ရသည်။

ရုန်စု အေးစက်စွာမေးလိုက်သည်။
"သားရဲက ဘာဖြစ်နေတာလဲ"

ထိုလူက အနေရခက်တဲ့အပြုံးနဲ့ အသံနှိမ့်ကာပြောလာသည်။
"ဒါက သားရဲအမြုတေအဆင့် သားရဲတစ်ကောင်ပါ"

မိစ္ဆာသားရဲတွေမှာလည်း သားရဲကျင့်ကြံနည်းရှိသည်။ ကျင့်ကြံသူတွေလိုဘဲ သူတို့ကိုလည်း ဝိညာဥ်စုဆောင်းမှုအဆင့် ၊ အသိဉာဏ်ဖွ့ံဖြိုးမှုအဆင့် ၊ အရိုးသန့်စင်အဆင့် ၊ သားရဲအမြုတေအဆင့် ၊ အသွင်ပြောင်းလဲမှုအဆင့် ၊ ဝိညာဥ်သိပ်သည်းမှုအဆင့် ၊ ဝိညာဥ်လှည့်ပတ်မှုအဆင့် ၊ မဟာယနအဆင့် ၊ ကံကြမ္မာစမ်းသပ်မှုဖြတ်ကျော်ခြင်းအဆင့် ဟူ၍ အဆင့်၉ဆင့်ခွဲနိုင်သည်။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က ကျင့်ကြံသူတွေထက် ပိုပြီးခက်ခဲကြမ်းတမ်း၏။ သူတို့က နှစ်ပေါင်းငါးဆယ် တစ်ရာ ကျင့်ကြံပြီးတော့မှ အသိဉာဏ်ဖွံ့ဖြိုးမှုအဆင့်ကိုရောက်ရှိနိုင်ပြီး လူတွေလိုအသိဉာဏ်ရရှိလာတာဖြစ်ပေမဲ့ အဲ့အဆင့်မှာ သူတို့ကအားနည်းနေကြတုန်းဘဲဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းရာချီ ဒါမှမဟုတ် နှစ်တစ်ထောင်လောက်ကျင့်ကြံပြီးတော့မှသာ အသွင်ပြောင်းလဲမှုအဆင့်ကို ရောက်ရှိပြီး လူပုံစံပြောင်းလဲနိုင်တာဖြစ်လေသည်။ ဒါပေမဲ့ အဆင့်မြင့်မိစ္ဆာသားရဲတွေ ၊ နတ်ဘုရားအဆင့်မိစ္ဆာသားရဲတွေရဲ့ သွေးမျိုးဆက်ကိုဆက်ခံထားတဲ့ သားရဲတွေကတော့  အရိုးသန့်စင်အဆင့်မှာတည်းက လူပုံစံပြောင်းလဲနိုင်ကြပြီး သူတို့ရဲ့ကျင့်ကြံနှုန်းက တစ်ခြားသားရဲတွေထက် ပိုပြီးမြန်ဆန်လေသည်။

"သားရဲအမြုတေအဆင့်က မိစ္ဆာသားရဲ!!"
ရုန်စုမှာ ဒေါသတွေထွက်သွားရ၏။
"ကျုပ် ခင်ဗျားတို့ကို အရိုးသန့်စင်အဆင့်အောက်က သားရဲတွေဘဲလိုချင်တာလို့ ပြောထားတယ်မဟုတ်ဘူးလား!..ဘာလို့ ဒီတစ်ကောင်ကိုယူလာခဲ့တာလဲ..ခင်ဗျားက တစ်ကယ်စိတ်မချရတဲ့သူဘဲဗျ!.."

ထိုလူက အမြန်ရှင်းပြလာသည်။
"ကျုပ်တို့ဆီမှာ အသိဉာဏ်ဖွံ့ဖြိုးမှုအဆင့် သားရဲအသေးလေးရှိပါတယ်..ဒါပေမဲ့ ဒီကိုယူမလာခင်မှာဘဲ အရိုးသန့်စင်အဆင့်ကိုတက်ဖို့ မိုးကြိုးစမ်းသပ်မှုခံယူရပြီး ကျရှုံးလို့သေသွားရော..ဒါကြောင့် ကျုပ်တို့ဆိုင်ရှင်က ဒီသားရဲအမြုတေအဆင့်သားရဲကိုယူသွားပြီး ကံစမ်းကြည့်ဖို့ပြောလိုက်တာပါ..ခင်ဗျားတို့ သဘောမကျဘူးဆိုရင်လည်း ကျွန်တော်ပြန်ယူသွားလိုက်ပါ့မယ်..ကိုယ်ရံတော်ရုန် သခင်လေးကို တစ်ချက်လောက်ကြည့်ခိုင်းလိုက်ပါဦး အကယ်၍သူသဘောမကျဘူးဆိုရင် ကျုပ်ချက်ချင်းပြန်ယူသွားလိုက်ပါ့မယ်"

အကယ်၍ ဒီသားရဲက အရမ်းသေးလွန်းနေတာကြောင့် ဝယ်သူရှာဖို့ခက်တာကြောင့်သာမဟုတ်ရင် သူ့ဆိုင်ရှင်က သူ့ကို ဒီသားရဲကိုခေါ်လာပြီး ကံစမ်းကြည့်ဖို့ပြောမှာမဟုတ်ပေ။ ဒီသားရဲသာ အရွယ်အစားကြီးမားတဲ့ သားရဲအမြုတေအဆင့်ဆိုရင် ရောင်းတောင်ရောင်းထွက်သွားလောက်လေပြီ။

ရုန်စုက ရုန်ယိကို လှည့်ကြည့်လာ၏။

ရုန်ယိ ထိုလူ့ကိုပြောလိုက်သည်။
"သားရဲအမြုတေအဆင့်က သားရဲတွေကဘစကားပြောနိုင်တယ်မလား မဆိုးဘူးဘဲ..ခင်ဗျားအဲ့တာကို ကျောက်ခုံပေါ်တင်လိုက်ပြီး ကျွန်တော့်ကိုပြကြည့်ပါ"

"ကောင်းပါပြီ"
ထိုလူက လှောင်ချိုင့်ကို ကျောက်ခုံပေါ်တင်လိုက်ပြီး အဝတ်မည်းစကိုလှပ်လိုက်ပြီးနောက် လှောင်ချိုင့်က အပေါ်အောက်ခုန်နေသောကြောင့် အပေါ်ကနေပြီးဖိချလိုက်ရသည်။

လှောင်ချိုင့်ထဲက အရာင်တစ်ရောင်စီနဲ့ အရိပ်နှစ်ခုက တစ်ကောင်နဲ့တစ်ကောင် လျှင်မြန်စွာနဲ့ တိုက်ခိုက်နေကြတာကြောင့် သူတို့အကုန်လုံး ပျံသန်းနေတဲ့အရိပ်တွေကိုဘဲ မြင်တွေ့နိုင်ကြလေသည်။

ရုန်ယိ မေးလိုက်၏။
"သားရဲက တစ်ကောင်ထက်ပိုတဲ့ပုံဘဲ"

"ဟုတ်ပါတယ်..တစ်ကောင်က လေရိုင်းခြင်ပါ နောက်တစ်ကောင်က အရိုးမာရှိခိုးကောင်ပါ...လေရိုင်းခြင်က ကြည့်လိုက်ရင် သာမန်လို့ထင်ရပေမဲ့ သူကအဲ့လောက်အားမနည်းပါဘူး..သူက အဆိပ်ရှိတဲ့အရာအများစုကိုခံနိုင်ရည်ရှိပြီး ရန်သူရဲ့သွေးကိုလည်း စက္ကန့်ပိုင်းအတွင်းစုပ်ယူပစ်နိုင်ပါတယ်..သူ့ စူးနဲ့ထိုးမိသွားတဲ့သူက အနာတွေပြည်တွေတည်လာမယ်..တစ်ကိုယ်လုံးယားတယ်..ပြီးရင် တစ်ကိုယ်လုံးတစ်ဖြေးဖြေးနဲ့ ပုပ်ဆွေးလာနိုင်ပါတယ်..ပြီးတော့ သူက တစ်ခြားတစ်နေရာကနေ အဆိပ်တွေ ရောဂါတွေကိုလည်း သယ်ဆောင်လာပြီး ကူးစက်စေနိုင်ပါတယ်..သူက လေလိုမျိုး အမြန်လည်းပျံသန်းနိုင်ပါတာကြောင့် သူ့ကိုဖမ်းဖို့ဆိုတာကလည်း အရမ်းခက်ခဲပါတယ်..ပြီးတော့လည်း သူ့အတောင်ပံတွေကိုသုံးပြီး ရန်သူကိုသေစေနိုင်တဲ့အထိ တိုက်ခိုက်နိုင်ပါသေးတယ်"

သူပြောပြတာတွေနားထောင်ပြီးနောက်မှာတော့ ရုန်ယိ ချက်ချင်းကို စိတ်ဝင်စားသွားရသည်။
"ကျွန်တော် ဒီတစ်ကောင်ကိုသဘောကျတယ်"

အခုချိန်ထိ သားရဲတွေအများကြီးကြည့်ပြီးခဲ့ပေမယ့် ဒီတစ်ကောင်က စိတ်ကျေနပ်စရာအကောင်းဆုံးဖြစ်သည်။ သူကြိုက်တယ်ဆိုတာ ကြားတာနဲ့ ရောင်းတဲ့သူရဲ့ မျက်လုံးတွေချက်ချင်းကိုတောက်ပသွားပြီး ဒါက နှစ်ကောင်လုံးကိုရောင်းနိုင်မဲ့အခွင့်အရေးကောင်းဘဲလို့ တွေးလိုက်မိပြီး ချက်ချင်းဘဲ နောက်တစ်ကောင်ကို မိတ်ဆက်ပေးလိုက်၏။ 
"နောက်တစ်ကောင်ကတော့ ပုရွက်ဆိတ်လိုမျိုးသေးငယ်တဲ့ အရိုးမာရှိခိုးကောင်ပါ..သူက အမြန်ပျံသန်းနိုင်ပြီး အီးပေါက်ထုတ်နိုင်ပါတယ်...သူ့ခြေထောက်တွေက အရမ်းထက်ရှပြီး လူတစ်ယောက်ရဲ့အရိုးတွေကိုတောင်ဖြတ်တောက်နိုင်ပါတယ်..သူက ပင့်ကူတွေလိုမျိုး အမျှင်တွေနဲ့ တိုက်စားနိုင်တဲ့အရည်တွေကိုလည်း ထုတ်နိုင်ပါသေးတယ်..တိုက်စားနိုင်တဲ့အရည်တွေက သူ့အဆင့်ထက်နိမ့်တဲ့ မှော်လက်နက်တွေကိုပျက်စီးစေပြီး သုံးစားမရတော့အောင်လုပ်ပစ်နိုင်ပါတယ်..အရာဝတ္တုတွေကိုအေးခဲစေနိုင်မယ့် ရေခဲမြူတွေကိုလည်း ထုတ်လွှတ်နိုင်တယ်..နှစ်ကောင်စလုံးက အရမ်းသေးငယ်ပေမဲ့လည်း ဖျက်စီးနိုင်စွမ်းအရမ်းကြီးမားပြီးတော့..အသွင်ပြောင်းလဲမှုအဆင့်ကိုရောက်ဖို့ အရမ်းနီးကပ်နေပါပြီ...အဲ့အဆင့်ရောက်သွားရင် သူတို့ကအရမ်းစွမ်းအားကြီးလာကြတော့မှာပါ..နှစ်ကောင်စလုံးကိုကျွန်တော်စျေးလျှော့ပေးမှာပါ ပြီးတော့လည်း သူတို့ကသခင်လေးအတွက်လည်း အရမ်းအသုံးဝင်ကြမှာပါ.."

"အသွင်ပြောင်းလဲမှုအဆင့်!"
ရုန်စု မျက်မှောင်ကြုတ်သွား၏။ သားရဲအမြုတေအဆင့်က သားရဲဆိုတာက ရွှေအမြုတေအဆင့် ဒါမှမဟုတ် မူလပထမအဆင့်ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်နဲ့ ညီမျှတယ်ဆိုတာ လူတိုင်းသိသည်။ ဒါကြောင့် အခုမှ ချီသန့်စင်အဆင့်သာ ရှိသေးတဲ့ ရုန်ယိက သူတို့ကိုထိန်းချုပ်နိုင်ပါ့မလားဆိုတာတော့ သူတစ်ကယ်သေချာမသိပေ။

ရုန်ယိက ပြောလိုက်သည်။
"သူတို့က ဘယ်လိုပုံစံလဲဆိုတာ ကျွန်တော်တွေ့ချင်တယ်..သူတို့ရဲ့ပုံစံကိုသဘောကျရင် နှစ်ကောင်စလုံးကို ကျွန်တော်ဝယ်မယ်"

"အာ..."
ထိုရောင်းတဲ့လူမှာ အခက်တွေ့သွားရသည်။
"သခင်လေး..ကျွန်တော်က အခုမှ ချီသန့်စင်အဆင့်ဘဲရှိသေးတာပါ..ကျွန်တော်သူတို့တိုက်ခိုက်နေတာရပ်အောင် မလုပ်ပေးနိုင်ပါဘူး"

ဒါကြောင့် ရုန်ယိ အပြုံးလေးနဲ့ ယင်ကျင်းရဲ့ဘက်ကို လှည့်ကြည့်လာ၏။
"ကလေးတွေအဖေ..ခင်ဗျားရဲ့ဝိညာဥ်စွမ်းအားကိုသုံးပြီး သူတို့ကိုဖိနှိပ်ပေးပါလား"

ယင်ကျင်းရဲ့ သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး လှောင်ချိုင့်ပေါ်ကို သူ့ဝိညာဥ်စွမ်းအားပို့လိုက်သည်။ နောက်တစ်ခဏမှာဘဲ လှောင်ချိုင့်ကတိတ်ဆိတ်သွားတော့သည်။ သားရဲနှစ်ကောင်မှာ သူတို့အပေါ်ကနေ ကျင်းတစ်ထောင်လောက်နဲ့ဖိခံထားရသလိုမျိုး ခြေထောက်တွေတုန်ရီနေကာ လှောင်ချိုင့်ထဲမှာလဲနေကြ၏။
[1 jin = 0.5kg]

ထိုလူက အရောင်စုံတလက်လက်တောက်ပနေတဲ့ တစ်ကောင်ကို ညွှန်ပြလိုက်သည်။
"ဒါက လေရိုင်းခြင်ပါ..ဟို အဖြူအပြာ အစင်းကြားတွေနဲ့ဟာက အရိုးမာရှိခိုးကောင်ပါ"

"ဝိုး...သူတို့ကအရမ်းလှတာဘဲ!"
ယင်ထောင်က စိတ်လှုပ်ရှားနေတဲ့အသံနဲ့ပြောလာသည်။

ရုန်ယိလည်း သူတို့ကိုအရမ်းသဘောကျသွားသည်။
"ကျွန်တော် သူတို့ကိုလိုချင်တယ်"

ရုန်စုက
"သခင်လေး..သူတို့က သားရဲအမြုတေအဆင့်နော်..သခင်လေး သိရဲ့လား"

သခင်လေးက သူတို့ကို မထိန်းချုပ်နိုင်ဘဲ ပြန်အသတ်ခံလိုက်ရမှာကို သူစိုးရိမ်နေတာဖြစ်သည်။ အနည်းဆုံးတော့ သူက သခင့်လောက်စွမ်းအားကြီးတာ ဒါမှမဟုတ် သူတို့နဲ့ပေါင်းစည်းနိုင်ဖို့လောက်ထိစွမ်းအားကြီးနေမှသာ သူတို့က ပြန်မခုခံနိုင်တော့မှာဖြစ်လေသည်။

ရုန်ယိ ပြုံးပြလိုက်သည်။
"မစိုးရိမ်ပါနဲ့...သူတို့ကို နာခံလာအောင်ဘယ်လိုလုပ်ရမလဲ ငါသိပါတယ်"

ရုန်စု "....."

"သားလည်းသဘောကျတယ်!..ဖေဖေ..သားလည်းလိုချင်တယ်!"
ယင်ထောင်က စုကုကိုယ်ပေါ်ကနေလျှောဆင်းပြီး ရုန်စုလက်မောင်းတွေထဲကို ပြေးဝင်လာသည်။
"ဖေဖေ..သားလည်းလိုချင်တယ်!"

ရုန်ယိ သူ့ခေါင်းလေးကိုပွတ်ပေးလိုက်သည်။
"သားနည်းနည်းကြီးလာရင်...သားအတွက်လည်း သားရဲတစ်ကောင်ဝယ်ပေးမယ်..ရုန်စု..ငါသူတို့ကိုလိုချင်တယ်..ငွေပေးလိုက်တော့"

တစ်ခြား သားရဲလာရောင်းတဲ့သူနှစ်ယောက်ကလည်း ပြောလာသည်။
"သခင်လေး..ကျွန်တော်တို့ဟာတွေကိုမကြည့်ရသေးဘူးလေ...သူတို့ကို သခင်လေးနဲ့ သခင်ငယ်လေးတို့ ကြိုက်ရင်လည်းကြိုက်နိုင်တယ်လေ"

ရုန်ယိ အဝတ်စတွေကိုသွားလှပ်ကြည့်လိုက်သည်။ နှစ်ကောင်လုံးက အသိဉာဏ်ဖွံ့ဖြိုးမှုအဆင့်ရောက်နေတဲ့ မြွေသားရဲတွေဘဲ ဖြစ်ပြီး အရမ်းတော့ချစ်စရာမကောင်းပေ။
"ငါ လေရိုင်းခြင်နဲ့ အရိုးမာရှိခိုးကောင်ကိုဘဲလိုချင်တယ်"

ရုန်စုက အရိုးမာရှိခိုးကောင်ရောင်းတဲ့လူကို ပြောလိုက်သည်။
"ဒီနှစ်ကောင်က ဘယ်လောက်ကျလဲ"

"အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး နှစ်ထောင်ပါ"

သူတို့ရဲ့သေးငယ်လွန်းလှတဲ့အရွယ်အစားကြောင့် ဘယ်သူကမှ သူတို့ကိုမဝယ်ချင်ကြတာမဟုတ်ရင် သူတို့ကအနည်းဆုံးတော့ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံး တစ်သောင်းလောက်တန်လေသည်။

ရုန်စုခေါင်းငြိမ့်ပြလိုက်သည်။
"လေရိုင်းခြင်နဲ့ အရိုးမာရှိခိုးကောင်ကိုယူမယ်..ကျန်တဲ့လူတွေ အိမ်တော်ထိန်းဆီသွားပြီး စိတ်ဝိညာဥ်ကျောက်တုံးတွေ ထုတ်ယူပြီး ပြန်နိုင်ပါပြီ"

ယင်ကျင်းရဲ့က သူ့ရဲ့ဝိညာဥ်စွမ်းအားကို ပြန်ရုတ်သိမ်းလိုက်ပြီး ရုန်ယိကိုမေးလိုက်သည်။
"မင်းသူတို့ကို ဘာဆက်လုပ်မှာလဲ"

ရုန်ယိက ရုန်စုကိုလှမ်းပြောလိုက်သည်။
"အားစု..ပုချီနဲ့ ရှန်းလွီ့တို့ကို ငါ့ဆီခေါ်ခဲ့ပေး"

"ဟုတ်ကဲ့"

လေရိုင်းခြင်က အားယူကာထလိုက်ပြီး ပြောဆိုလာသည်။
"မင်းတို့ကြောင်သူတော်ကြွက်သူခိုးလူသားတွေ...မိစ္ဆာတွေ သားရဲတွေကိုတော့ရှင်းလင်းသတ်ဖြတ်နေကြပြီး မင်းတို့ရန်သူတွေနဲ့ရင်ဆိုင်ဖို့အတွက် ငါတို့ကိုအစေခံလုပ်ခိုင်းချင်နေသေးတယ်..ငါ မင်းတို့ဆီမှာ ဘယ်တော့မှ အညံ့မခံဘူးကွ!!"

အရိုးမာရှိခိုးကောင်ကလည်း ထောက်ခံပြောဆိုလာသည်။
"ဟုတ်တယ်..ငါတို့ထက်အားနည်းတဲ့ မင်းတို့လူသားတွေဆီမှာ ဘယ်တော့မှ လက်အောက်ခံမလုပ်ဘူးကွ!!"

"ဝိုး!..ဝိုး!...ဝိုး!..ဖေဖေ..သူတို့က စကားတွေပြောနေတယ်"
ယင်ထောင်က ထိုသားရဲနှစ်ကောင်ကို အနီးကပ်ကြည့်ရင်း အော်ပြောလာသည်။

ရုန်ယိက ပြောလိုက်၏။
"သူတို့ အသွင်ပြောင်းလဲမှုအဆင့်ကိုရောက်သွားတဲ့အခါကျရင် လူပုံစံတောင်ပြောင်းနိုင်ဦးမှာ"

"သူတို့က သားနဲ့ကစားပေးကြမှာလား"

လေရိုင်းခြင်က ဒေါသမိုးမွှန်ကာအော်ပြောလာသည်။
"ငါက မင်းကိုသတ်ပေးမှာကွ!!!"

အရိုးမာရှိခိုးကောင်ကလည်း
"သောက်ကလေးစုတ်..မင်းက ငါတို့ကို ကစားစရာများထင်နေလားကွ!!!"

"ဖေဖေ..သူတို့က အရမ်းရိုင်းတာဘဲ"
ယင်ထောင်က ယင်ကျင်းရဲ့ဘက်ကိုလှည့်လိုက်သည်။
"အဖေ...သူတို့ကို အဖေ့ရဲ့ဝိညာဥ်စွမ်းအားနဲ့ ဖိနှိပ်ပေးပါ"

လေရိုင်းခြင်နဲ့ အရိုးမာရှိခိုးကောင် "......"

နောက်ခံကောင်းကောင်းရှိတဲ့ ကလေးတွေက အရမ်းပြဿနာရှာကြတာဘဲ...

ယင်ကျင်းရဲ့ "......"

ဒီကလေးက သူ့ကို သားရဲထိန်းများမှတ်နေတာလား..

ရုန်ယိလည်း အနည်းငယ်ရှက်သွားရသည်။
ဒီကလေးက အတုခိုးမြန်လိုက်တာ..

ထို့နောက် သူ လှောင်ချိုင့်ကို စားပွဲပေါ်တင်ကာ သူပါထိုင်ချလိုက်ပြီးမှ မေးလိုက်သည်။
"မင်းတို့နာမည်က ဘာလဲ"

လေရိုင်းခြင်က ဒေါသတွေနဲ့ပြောလာသည်။
"ဖွီ...မင်းက ငါတို့နာမည်ကိုသိဖို့ မတန်ဘူး"

ထိုမိစ္ဆာသားရဲတွေရဲ့ စကားလုံးတိုင်းက ရုန်ယိအပေါ်စက်ဆုပ်ရွံရှာမှု အထင်အမြင်သေးမှုနွေပြည့်နေတာကိုကြည့်ပြီး ရုန်ယိမှာ သူတို့ကိုထိန်းချုပ်နိုင်မဲ့နည်းလမ်း တစ်ကယ်ရှိမယ်လို့ စုကု လုံးဝမယုံတော့ပေ။

ရုန်ယိ သူတို့ကိုလုံးဝလျစ်လျူရှုထားလိုက်ပြီး သူ့မေးစေ့လေးသူထိရင်း ပြောလိုက်သည်။
"မင်းတို့မှာ နာမည်မရှိဘူးဆိုမှတော့ ငါမင်းတို့ကိုနာမည်ပေးရမှာပေါ့.."

ယင်ကျင်းရဲ့ မနေနိုင်ဘဲ သူ့ဆီတစ်ချက်လှမ်းကြည့်လိုက်သည်။
တစ်မူထူးခြားတဲ့နာမည်တွေများလား...

ရုန်ယိ လေရိုင်းခြင်ကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။
"မင်းကိုအခုကစပြီး ဇာမဏီလို့ခေါ်မယ်..အရိုးမာရှိခိုးကောင်ကိုတော့ နဂါးလို့ခေါ်မယ်"

သူ့စကားကိုကြားလိုက်တာနဲ့ သားရဲနှစ်ကောင်လုံးမှာ ဒေါသလည်းထွက်သလို စိုးလည်းစိုးရိမ်သွားကြရသည်။
"မင်း ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့သားရဲတွေရဲ့နာမည်ကို ငါတို့ကိုပေးရတာလဲ...မရဘူး..လုံးဝကိုမရဘူး!..မင်း သူတို့ကိုမလေးမစားလုပ်လို့မရဘူး..ဟေ့လူသား..မင်း ငါတို့ကိုဒီလိုခေါ်လို့မရဘူးကွ!!"

အဲ့လိုဆိုရင်...နဂါးနဲ့ဇာမဏီတွေရဲ့ သွေးမျိုးဆက်ကိုဆက်ခံထားတဲ့ သားရဲမျိုးနွယ်တွေက သူတို့ကိုအမဲလိုက်သလိုလိုက်သတ်ဖြတ်ပြီး သူတို့မျိုးနွယ်စုကလည်း စွန့်ပစ်လိုက်လိမ့်မယ်..ဒါ့အပြင် တစ်ခြားမျိုးနွယ်စုတွေရဲ့ လှောင်ပြောင်ရယ်မောတာကိုပါခံကြရလိမ့်မယ်...။

ယင်ထောင်ကတော့ တစ်ခစ်ခစ်နဲ့ကို ရယ်မောလာ၏။
"ဇာမဏီ..နဂါး..သားကြိုက်တယ်"

လေရိုင်းခြင်က စိုးရိမ်စွာပြောလာသည်။
"ငတုံးကောင်လေး..ငါ့ကို ဇာမဏီလို့မခေါ်နဲ့ကွ!..ငါ့ကို ယင်ဖုန်းလို့ခေါ်"

အရိုးမာရှိခိုးကောင်ကလည်းဝင်ပြောလာသည်။
"ပြီးတော့ ငါ့ကိုလည်းနဂါးလို့မခေါ်နဲ့..လန်လျှို့လို့ခေါ်"

ရုန်ယိက ပြုံးကာပြန်ပြောလိုက်သည်။
"ဘာလို့ စောစောမပြောရတာလဲ..မင်းတို့နှစ်ယောက်အတွက် သင့်တော်တဲ့နာမည်စဥ်းစားရတာ ငါ့ဦးနှောက်လေး ကွဲထွက်တော့မလိုဘဲဆိုတာ သိရဲ့လား"

ယင်ဖုန်းနဲ့ လန်လျှို့ "......."

စုကု မပြုံးဘဲ မနေနိုင်တော့..။
ကြည့်ရတာ သခင်လေးကသူတို့နဲ့ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို တစ်ကယ်သိတဲ့ပုံဘဲ..။

"ဆရာ..ကျွန်တော်တို့ကိုရှာနေတာလား"
ပုချီနဲ့ ရှန်းလွီ့က နံရံကို တိုက်ရိုက်ခုန်ကျော်ပြီး ဝင်ရောက်လာကြ၏။

ရုန်ယိ ပုချီကိုလှမ်းမေးလိုက်သည်။
"ခင်ဗျား..အင်းကွက်ရေးတာလေ့ကျင့်တာက အခြေအနေဘယ်လိုလဲ "

"ဆယ်ခုမှာ သုံးခု ကျရှုံးတယ်...ကျွန်တော်ဆက်လေ့ကျင့်ဖို့ လိုသေးတယ်"

"တော်တော်လေးကောင်းနေပါပြီ.."
ရုန်ယိ ရှန်းလွီ့ကိုလှည့်မေးလိုက်၏။
"ခင်ဗျား သားရဲအမြုတေအဆင့်က သားရဲတွေအတွက် မှော်လက်နက်တွေ ကိရိယာတွေ သန့်စင်ပေးနိုင်လား"

သူ့အရည်အချင်းက နောက်ဆုံးမှာတော့ အသုံးဝင်လာပြီဆိုတာသိလိုက်ရတာကြောင့် ရှန်းလွီ့မှာ မျက်လုံးတွေတောက်ပလာပြီး စိတ်လှုပ်ရှားစွာ ပြန်ဖြေလာသည်။
"ဒါပေါ့..ဒါက ကျုပ်ကျွမ်းကျင်တဲ့အပိုင်းဘဲလေ..ဘယ် သားရဲတွေအတွက် ကျုပ်ကို အဲ့ပစ္စည်းတွေ သန့်စင်ပေးစေချင်တာလဲ"

ရုန်ယိက လှောင်ချိုင့်ထဲက သားရဲနှစ်ကောင်ကို ညွှန်ပြလိုက်သည်။

ရှန်းလွီ့ မျက်မှောင်ကြုတ်သွား၏။
"သေးသေးလေးတွေလား.."

ယင်ဖုန်းနဲ့လန်လျှို့ "......"

လူသားတွေက သူတို့အတွက် မှော်လက်နက်တွေ ကိရိယာတွေ သန့်စင်ထုလုပ်ပေးနိုင်တာလားးးး

"ခင်ဗျားလုပ်နိုင်လား"

"ဒါပေါ့"

ရုန်ယိ ယင်ဖုန်းနဲ့လန်လျှို့ တို့ကို တစ်ခါပြီးတစ်ခါပြန်ကြည့်လိုက်သည်။
"ဒီအသေးလေးနှစ်ကောင်က ထိခိုက်လွယ်တယ်...ခင်ဗျား သူတို့ကို အဆင့်၁ အဆင့်၂ အဆင့်၃ အဆင့်၄က အမာကျောဆုံးပါဝင်ပစ္စည်းတွေနဲ့ သန့်စင်ပေးဖို့တော့လိုတယ်..."

သူ့အတွက်ကတော့ သားရဲအမြုတေအဆင့်ကသားရဲဆိုတာ အရမ်းအားနည်းလွန်းသေးသည်။ ဒါကြောင့် သူတို့ရဲ့စွမ်းရည်တွေတိုးတက်လာဖို့ သူတို့အားနည်းချက်တွေကိုဖုံးကွယ်နိုင်ဖို့အတွက် မှော်လက်နက်တွေ ကိရိယာတန်ဆာပလာတွေ လိုအပ်လေသည်။

ဒီနည်းလမ်းက သူအရင်ကပြုလုပ်နေကျနည်းလမ်းနဲ့မတူဘူးဆိုတာသိတာကြောင့် ရှန်းလွီ့ချက်ချင်းဘဲ စာရွက်နဲ့ စုတ်တံကိုထုတ်ယူကာ လိုက်ရေးမှတ်ထားလိုက်၏။

လန်လျှို့က လှောင်ရယ်လာသည်။
"မင်းတို့လူသားတွေက အရမ်းကပ်စေးနဲကြတာဘဲ..ငါတို့အတွက်မှော်လက်နက်လုပ်ပေးဖို့ကို အဆင့်၁ ပါဝင်ပစ္စည်းတွေကိုဘဲ သုံးတယ်တဲ့လား..အဲ့တာတွေက ငါတို့အခုဝတ်ဆင်ထားတဲ့ဟာတွေနဲ့တောင် မယှဥ်နိုင်ဘူး"

ယင်ဖုန်းကလည်း ပြောလာသည်။
"မင်းတို့လူသားတွေ ငါ့အတွက်သန့်စင်ပေးထားတဲ့ဘယ်ဟာကိုမှ ငါဝတ်ဆင်မှာမဟုတ်ဘူး!"

ရုန်ယိက သူတို့ကိုတစ်ချက်သာလှမ်းကြည့်လိုက်ပြီး ရှန်းလွီ့ကို ပါဝင်ပစ္စည်းတွေရဲ့နာမည်တွေပြောလိုက်သည်။ သူတို့တွေကိုခဏလောက်ကြည့်ရှုပြီးနောက် ရုန်ယိ ပုံတစ်ချို့ဆွဲပြီး ရှန်းလွီ့ကိုပေးလိုက်သည်။

ရှန်းလွီ့ ပုံတွေကိုကြည့်ပြီးနောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကျုပ်အခုသွားလုပ်လိုက်တော့မယ်"

ရုန်ယိက သူ့ကိုပြောလိုက်၏။
"ပါဝင်ပစ္စည်းတွေအတွက်ကုန်ကျစရိတ်ကိုတော့ ကျွန်တော့်သင်ကြားစရိတ်အဖြစ်ယူလိုက်တော့မယ်"

"ကျေးဇူးတင်ပါတယ်..ဆရာ"

ပါဝင်ပစ္စည်းတွေအားလုံးပေါင်းရင်တောင် အများဆုံးမှ အဆင့်မြင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာလောက်သာကျသင့်မှာဖြစ်သည်။ ဆရာ့ရဲ့ ထုလုပ်နည်းလမ်းညွှန်တစ်ခုကို နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးဆိုတာနဲ့ ယှဥ်ရင်တော့ ဒါကလုံးဝကို စျေးသက်သာလွန်းတာဘဲ ဖြစ်လေသည်။

##
ဒီနေ့တင်ပေးတာ နောက်ကျသွားတယ်ရှင်
ဒါလေးလည်း update လာတောင်းထားတာပါဘဲနော်
ကိုယ်လည်း သိပ်မအားလို့ ရတဲ့အချိန်လေးပြန်ပေးလိုက်ရလို့ပါ
မနက်ဖြန်မှ နောက်တစ်ပိုင်းထပ်ဖတ်ကြပါရှင့်♥
Goodnightပါ 🖤🖤

************

Zawgyi

႐ုန္ယိ မ်က္ေမွာင္ၾကဳတ္မိသြားကာ ထိုလူကို တစ္ခ်က္ၾကည့္လိုက္သည္။

ေလွာင္ခ်ိဳင့္ထဲက ဆူညံသံက က်ယ္သထက္က်ယ္လာကာ တစ္ခုခုေပါက္ကြဲထြက္ေတာ့မယ့္ပုံပင္။ ယင္ေထာင္ သူ႕နားေလးေတြကို လက္ေလးေတြနဲ႕အျမန္အုပ္လိုက္ၿပီး စုကုကလည္း ေရွ႕တိုးကာ သူ႕ကိုခ်ီၿပီး အေဝးကိုထြက္သြားလိုက္ရ၏။

ထို႔ေနာက္ ေလွာင္ခ်ိဳင့္က အထဲကသားရဲက အျပင္ဖက္ကို ခ်ိဳးဖ်က္ထြက္ေရာက္လာေတာ့မလိုမ်ိဳး ျပင္းထန္စြာလႈပ္ခါလာေတာ့သည္။ ေလွာင္ခ်ိဳင့္က ဟိုဘက္သည္ဘက္ရမ္းခါေနၿပီး သားရဲကိုေရာင္းတဲ့လူလည္း ေလွာင္ခ်ိဳင့္အေပၚမထိန္းနိုင္ေတာ့မလိုေတာင္ျဖစ္သြားရသည္။

သူခ်က္ခ်င္း ေလွာင္ခ်ိဳင့္ကိုေျမႀကီးေပၚခ်ၿပီး ဖိႏွိပ္လိုက္ရသည္။

႐ုန္စု ေအးစက္စြာေမးလိုက္သည္။
"သားရဲက ဘာျဖစ္ေနတာလဲ"

ထိုလူက အေနရခက္တဲ့အၿပဳံးနဲ႕ အသံႏွိမ့္ကာေျပာလာသည္။
"ဒါက သားရဲအျမဳေတအဆင့္ သားရဲတစ္ေကာင္ပါ"

မိစ္ဆာသားရဲေတြမွာလည္း သားရဲက်င့္ႀကံနည္းရွိသည္။ က်င့္ႀကံသူေတြလိုဘဲ သူတို႔ကိုလည္း ဝိညာဥ္စုေဆာင္းမႈအဆင့္ ၊ အသိဉာဏ္ဖြ႕ံၿဖိဳးမႈအဆင့္ ၊ အရိုးသန့္စင္အဆင့္ ၊ သားရဲအျမဳေတအဆင့္ ၊ အသြင္ေျပာင္းလဲမႈအဆင့္ ၊ ဝိညာဥ္သိပ္သည္းမႈအဆင့္ ၊ ဝိညာဥ္လွည့္ပတ္မႈအဆင့္ ၊ မဟာယနအဆင့္ ၊ ကံၾကမၼာစမ္းသပ္မႈျဖတ္ေက်ာ္ျခင္းအဆင့္ ဟူ၍ အဆင့္၉ဆင့္ခြဲနိုင္သည္။ ဒါေပမဲ့ သူတို႔ရဲ႕ က်င့္ႀကံျခင္းလမ္းစဥ္က က်င့္ႀကံသူေတြထက္ ပိုၿပီးခက္ခဲၾကမ္းတမ္း၏။ သူတို႔က ႏွစ္ေပါင္းငါးဆယ္ တစ္ရာ က်င့္ႀကံၿပီးေတာ့မွ အသိဉာဏ္ဖြံ႕ၿဖိဳးမႈအဆင့္ကိုေရာက္ရွိနိုင္ၿပီး လူေတြလိုအသိဉာဏ္ရရွိလာတာျဖစ္ေပမဲ့ အဲ့အဆင့္မွာ သူတို႔ကအားနည္းေနၾကတုန္းဘဲျဖစ္ၿပီး ေနာက္ထပ္ႏွစ္ေပါင္းရာခ်ီ ဒါမွမဟုတ္ ႏွစ္တစ္ေထာင္ေလာက္က်င့္ႀကံၿပီးေတာ့မွသာ အသြင္ေျပာင္းလဲမႈအဆင့္ကို ေရာက္ရွိၿပီး လူပုံစံေျပာင္းလဲနိုင္တာျဖစ္ေလသည္။ ဒါေပမဲ့ အဆင့္ျမင့္မိစ္ဆာသားရဲေတြ ၊ နတ္ဘုရားအဆင့္မိစ္ဆာသားရဲေတြရဲ႕ ေသြးမ်ိဳးဆက္ကိုဆက္ခံထားတဲ့ သားရဲေတြကေတာ့  အရိုးသန့္စင္အဆင့္မွာတည္းက လူပုံစံေျပာင္းလဲနိုင္ၾကၿပီး သူတို႔ရဲ႕က်င့္ႀကံႏႈန္းက တစ္ျခားသားရဲေတြထက္ ပိုၿပီးျမန္ဆန္ေလသည္။

"သားရဲအျမဳေတအဆင့္က မိစ္ဆာသားရဲ!!"
႐ုန္စုမွာ ေဒါသေတြထြက္သြားရ၏။
"က်ဳပ္ ခင္ဗ်ားတို႔ကို အရိုးသန့္စင္အဆင့္ေအာက္က သားရဲေတြဘဲလိုခ်င္တာလို႔ ေျပာထားတယ္မဟုတ္ဘူးလား!..ဘာလို႔ ဒီတစ္ေကာင္ကိုယူလာခဲ့တာလဲ..ခင္ဗ်ားက တစ္ကယ္စိတ္မခ်ရတဲ့သူဘဲဗ်!.."

ထိုလူက အျမန္ရွင္းျပလာသည္။
"က်ဳပ္တို႔ဆီမွာ အသိဉာဏ္ဖြံ႕ၿဖိဳးမႈအဆင့္ သားရဲအေသးေလးရွိပါတယ္..ဒါေပမဲ့ ဒီကိုယူမလာခင္မွာဘဲ အရိုးသန့္စင္အဆင့္ကိုတက္ဖို႔ မိုးႀကိဳးစမ္းသပ္မႈခံယူရၿပီး က်ရႈံးလို႔ေသသြားေရာ..ဒါေၾကာင့္ က်ဳပ္တို႔ဆိုင္ရွင္က ဒီသားရဲအျမဳေတအဆင့္သားရဲကိုယူသြားၿပီး ကံစမ္းၾကည့္ဖို႔ေျပာလိုက္တာပါ..ခင္ဗ်ားတို႔ သေဘာမက်ဘဴးဆိုရင္လည္း ကြၽန္ေတာ္ျပန္ယူသြားလိုက္ပါ့မယ္..ကိုယ္ရံေတာ္႐ုန္ သခင္ေလးကို တစ္ခ်က္ေလာက္ၾကည့္ခိုင္းလိုက္ပါဦး အကယ္၍သူသေဘာမက်ဘဴးဆိုရင္ က်ဳပ္ခ်က္ခ်င္းျပန္ယူသြားလိုက္ပါ့မယ္"

အကယ္၍ ဒီသားရဲက အရမ္းေသးလြန္းေနတာေၾကာင့္ ဝယ္သူရွာဖို႔ခက္တာေၾကာင့္သာမဟုတ္ရင္ သူ႕ဆိုင္ရွင္က သူ႕ကို ဒီသားရဲကိုေခၚလာၿပီး ကံစမ္းၾကည့္ဖို႔ေျပာမွာမဟုတ္ေပ။ ဒီသားရဲသာ အ႐ြယ္အစားႀကီးမားတဲ့ သားရဲအျမဳေတအဆင့္ဆိုရင္ ေရာင္းေတာင္ေရာင္းထြက္သြားေလာက္ေလၿပီ။

႐ုန္စုက ႐ုန္ယိကို လွည့္ၾကည့္လာ၏။

႐ုန္ယိ ထိုလူ႕ကိုေျပာလိုက္သည္။
"သားရဲအျမဳေတအဆင့္က သားရဲေတြကဘစကားေျပာနိုင္တယ္မလား မဆိုးဘူးဘဲ..ခင္ဗ်ားအဲ့တာကို ေက်ာက္ခုံေပၚတင္လိုက္ၿပီး ကြၽန္ေတာ့္ကိုျပၾကည့္ပါ"

"ေကာင္းပါၿပီ"
ထိုလူက ေလွာင္ခ်ိဳင့္ကို ေက်ာက္ခုံေပၚတင္လိုက္ၿပီး အဝတ္မည္းစကိုလွပ္လိုက္ၿပီးေနာက္ ေလွာင္ခ်ိဳင့္က အေပၚေအာက္ခုန္ေနေသာေၾကာင့္ အေပၚကေနၿပီးဖိခ်လိဳက္ရသည္။

ေလွာင္ခ်ိဳင့္ထဲက အရာင္တစ္ေရာင္စီနဲ႕ အရိပ္ႏွစ္ခုက တစ္ေကာင္နဲ႕တစ္ေကာင္ လွ်င္ျမန္စြာနဲ႕ တိုက္ခိုက္ေနၾကတာေၾကာင့္ သူတို႔အကုန္လုံး ပ်ံသန္းေနတဲ့အရိပ္ေတြကိုဘဲ ျမင္ေတြ႕နိုင္ၾကေလသည္။

႐ုန္ယိ ေမးလိုက္၏။
"သားရဲက တစ္ေကာင္ထက္ပိုတဲ့ပုံဘဲ"

"ဟုတ္ပါတယ္..တစ္ေကာင္က ေလရိုင္းျခင္ပါ ေနာက္တစ္ေကာင္က အရိုးမာရွိခိုးေကာင္ပါ...ေလရိုင္းျခင္က ၾကည့္လိုက္ရင္ သာမန္လို႔ထင္ရေပမဲ့ သူကအဲ့ေလာက္အားမနည္းပါဘူး..သူက အဆိပ္ရွိတဲ့အရာအမ်ားစုကိုခံနိုင္ရည္ရွိၿပီး ရန္သူရဲ႕ေသြးကိုလည္း စကၠန႔္ပိုင္းအတြင္းစုပ္ယူပစ္နိုင္ပါတယ္..သူ႕ စူးနဲ႕ထိုးမိသြားတဲ့သူက အနာေတြျပည္ေတြတည္လာမယ္..တစ္ကိုယ္လုံးယားတယ္..ၿပီးရင္ တစ္ကိုယ္လုံးတစ္ေျဖးေျဖးနဲ႕ ပုပ္ေဆြးလာနိုင္ပါတယ္..ၿပီးေတာ့ သူက တစ္ျခားတစ္ေနရာကေန အဆိပ္ေတြ ေရာဂါေတြကိုလည္း သယ္ေဆာင္လာၿပီး ကူးစက္ေစနိုင္ပါတယ္..သူက ေလလိုမ်ိဳး အျမန္လည္းပ်ံသန္းနိုင္ပါတာေၾကာင့္ သူ႕ကိုဖမ္းဖို႔ဆိုတာကလည္း အရမ္းခက္ခဲပါတယ္..ၿပီးေတာ့လည္း သူ႕အေတာင္ပံေတြကိုသုံးၿပီး ရန္သူကိုေသေစနိုင္တဲ့အထိ တိုက္ခိုက္နိုင္ပါေသးတယ္"

သူေျပာျပတာေတြနားေထာင္ၿပီးေနာက္မွာေတာ့ ႐ုန္ယိ ခ်က္ခ်င္းကို စိတ္ဝင္စားသြားရသည္။
"ကြၽန္ေတာ္ ဒီတစ္ေကာင္ကိုသေဘာက်တယ္"

အခုခ်ိန္ထိ သားရဲေတြအမ်ားႀကီးၾကည့္ၿပီးခဲ့ေပမယ့္ ဒီတစ္ေကာင္က စိတ္ေက်နပ္စရာအေကာင္းဆုံးျဖစ္သည္။ သူႀကိဳက္တယ္ဆိုတာ ၾကားတာနဲ႕ ေရာင္းတဲ့သူရဲ႕ မ်က္လုံးေတြခ်က္ခ်င္းကိုေတာက္ပသြားၿပီး ဒါက ႏွစ္ေကာင္လုံးကိုေရာင္းနိုင္မဲ့အခြင့္အေရးေကာင္းဘဲလို႔ ေတြးလိုက္မိၿပီး ခ်က္ခ်င္းဘဲ ေနာက္တစ္ေကာင္ကို မိတ္ဆက္ေပးလိုက္၏။ 
"ေနာက္တစ္ေကာင္ကေတာ့ ပု႐ြက္ဆိတ္လိုမ်ိဳးေသးငယ္တဲ့ အရိုးမာရွိခိုးေကာင္ပါ..သူက အျမန္ပ်ံသန္းနိုင္ၿပီး အီးေပါက္ထုတ္နိုင္ပါတယ္...သူ႕ေျခေထာက္ေတြက အရမ္းထက္ရွၿပီး လူတစ္ေယာက္ရဲ႕အရိုးေတြကိုေတာင္ျဖတ္ေတာက္နိုင္ပါတယ္..သူက ပင့္ကူေတြလိုမ်ိဳး အမွ်င္ေတြနဲ႕ တိုက္စားနိုင္တဲ့အရည္ေတြကိုလည္း ထုတ္နိုင္ပါေသးတယ္..တိုက္စားနိုင္တဲ့အရည္ေတြက သူ႕အဆင့္ထက္နိမ့္တဲ့ ေမွာ္လက္နက္ေတြကိုပ်က္စီးေစၿပီး သုံးစားမရေတာ့ေအာင္လုပ္ပစ္နိုင္ပါတယ္..အရာဝတၱဳေတြကိုေအးခဲေစနိုင္မယ့္ ေရခဲျမဴေတြကိုလည္း ထုတ္လႊတ္နိုင္တယ္..ႏွစ္ေကာင္စလုံးက အရမ္းေသးငယ္ေပမဲ့လည္း ဖ်က္စီးနိုင္စြမ္းအရမ္းႀကီးမားၿပီးေတာ့..အသြင္ေျပာင္းလဲမႈအဆင့္ကိုေရာက္ဖို႔ အရမ္းနီးကပ္ေနပါၿပီ...အဲ့အဆင့္ေရာက္သြားရင္ သူတို႔ကအရမ္းစြမ္းအားႀကီးလာၾကေတာ့မွာပါ..ႏွစ္ေကာင္စလုံးကိုကြၽန္ေတာ္ေစ်းေလွ်ာ့ေပးမွာပါ ၿပီးေတာ့လည္း သူတို႔ကသခင္ေလးအတြက္လည္း အရမ္းအသုံးဝင္ၾကမွာပါ.."

"အသြင္ေျပာင္းလဲမႈအဆင့္!"
႐ုန္စု မ်က္ေမွာင္ၾကဳတ္သြား၏။ သားရဲအျမဳေတအဆင့္က သားရဲဆိုတာက ေ႐ႊအျမဳေတအဆင့္ ဒါမွမဟုတ္ မူလပထမအဆင့္ေရာက္ေနတဲ့ က်င့္ႀကံသူတစ္ေယာက္နဲ႕ ညီမွ်တယ္ဆိုတာ လူတိုင္းသိသည္။ ဒါေၾကာင့္ အခုမွ ခ်ီသန့္စင္အဆင့္သာ ရွိေသးတဲ့ ႐ုန္ယိက သူတို႔ကိုထိန္းခ်ဳပ္နိုင္ပါ့မလားဆိုတာေတာ့ သူတစ္ကယ္ေသခ်ာမသိေပ။

႐ုန္ယိက ေျပာလိုက္သည္။
"သူတို႔က ဘယ္လိုပုံစံလဲဆိုတာ ကြၽန္ေတာ္ေတြ႕ခ်င္တယ္..သူတို႔ရဲ႕ပုံစံကိုသေဘာက်ရင္ ႏွစ္ေကာင္စလုံးကို ကြၽန္ေတာ္ဝယ္မယ္"

"အာ..."
ထိုေရာင္းတဲ့လူမွာ အခက္ေတြ႕သြားရသည္။
"သခင္ေလး..ကြၽန္ေတာ္က အခုမွ ခ်ီသန့္စင္အဆင့္ဘဲရွိေသးတာပါ..ကြၽန္ေတာ္သူတို႔တိုက္ခိုက္ေနတာရပ္ေအာင္ မလုပ္ေပးနိုင္ပါဘူး"

ဒါေၾကာင့္ ႐ုန္ယိ အၿပဳံးေလးနဲ႕ ယင္က်င္းရဲ႕ဘက္ကို လွည့္ၾကည့္လာ၏။
"ကေလးေတြအေဖ..ခင္ဗ်ားရဲ႕ဝိညာဥ္စြမ္းအားကိုသုံးၿပီး သူတို႔ကိုဖိႏွိပ္ေပးပါလား"

ယင္က်င္းရဲ႕ သူ႕ကိုတစ္ခ်က္ၾကည့္လိုက္ၿပီး ေလွာင္ခ်ိဳင့္ေပၚကို သူ႕ဝိညာဥ္စြမ္းအားပို႔လိုက္သည္။ ေနာက္တစ္ခဏမွာဘဲ ေလွာင္ခ်ိဳင့္ကတိတ္ဆိတ္သြားေတာ့သည္။ သားရဲႏွစ္ေကာင္မွာ သူတို႔အေပၚကေန က်င္းတစ္ေထာင္ေလာက္နဲ႕ဖိခံထားရသလိုမ်ိဳး ေျခေထာက္ေတြတုန္ရီေနကာ ေလွာင္ခ်ိဳင့္ထဲမွာလဲေနၾက၏။
[1 jin = 0.5kg]

ထိုလူက အေရာင္စုံတလက္လက္ေတာက္ပေနတဲ့ တစ္ေကာင္ကို ၫႊန္ျပလိုက္သည္။
"ဒါက ေလရိုင္းျခင္ပါ..ဟို အျဖဴအျပာ အစင္းၾကားေတြနဲ႕ဟာက အရိုးမာရွိခိုးေကာင္ပါ"

"ဝိုး...သူတို႔ကအရမ္းလွတာဘဲ!"
ယင္ေထာင္က စိတ္လႈပ္ရွားေနတဲ့အသံနဲ႕ေျပာလာသည္။

႐ုန္ယိလည္း သူတို႔ကိုအရမ္းသေဘာက်သြားသည္။
"ကြၽန္ေတာ္ သူတို႔ကိုလိုခ်င္တယ္"

႐ုန္စုက
"သခင္ေလး..သူတို႔က သားရဲအျမဳေတအဆင့္ေနာ္..သခင္ေလး သိရဲ႕လား"

သခင္ေလးက သူတို႔ကို မထိန္းခ်ဳပ္နိုင္ဘဲ ျပန္အသတ္ခံလိုက္ရမွာကို သူစိုးရိမ္ေနတာျဖစ္သည္။ အနည္းဆုံးေတာ့ သူက သခင့္ေလာက္စြမ္းအားႀကီးတာ ဒါမွမဟုတ္ သူတို႔နဲ႕ေပါင္းစည္းနိုင္ဖို႔ေလာက္ထိစြမ္းအားႀကီးေနမွသာ သူတို႔က ျပန္မခုခံနိုင္ေတာ့မွာျဖစ္ေလသည္။

႐ုန္ယိ ၿပဳံးျပလိုက္သည္။
"မစိုးရိမ္ပါနဲ႕...သူတို႔ကို နာခံလာေအာင္ဘယ္လိုလုပ္ရမလဲ ငါသိပါတယ္"

႐ုန္စု "....."

"သားလည္းသေဘာက်တယ္!..ေဖေဖ..သားလည္းလိုခ်င္တယ္!"
ယင္ေထာင္က စုကုကိုယ္ေပၚကေနေလွ်ာဆင္းၿပီး ႐ုန္စုလက္ေမာင္းေတြထဲကို ေျပးဝင္လာသည္။
"ေဖေဖ..သားလည္းလိုခ်င္တယ္!"

႐ုန္ယိ သူ႕ေခါင္းေလးကိုပြတ္ေပးလိုက္သည္။
"သားနည္းနည္းႀကီးလာရင္...သားအတြက္လည္း သားရဲတစ္ေကာင္ဝယ္ေပးမယ္..႐ုန္စု..ငါသူတို႔ကိုလိုခ်င္တယ္..ေငြေပးလိုက္ေတာ့"

တစ္ျခား သားရဲလာေရာင္းတဲ့သူႏွစ္ေယာက္ကလည္း ေျပာလာသည္။
"သခင္ေလး..ကြၽန္ေတာ္တို႔ဟာေတြကိုမၾကည့္ရေသးဘူးေလ...သူတို႔ကို သခင္ေလးနဲ႕ သခင္ငယ္ေလးတို႔ ႀကိဳက္ရင္လည္းႀကိဳက္နိုင္တယ္ေလ"

႐ုန္ယိ အဝတ္စေတြကိုသြားလွပ္ၾကည့္လိုက္သည္။ ႏွစ္ေကာင္လုံးက အသိဉာဏ္ဖြံ႕ၿဖိဳးမႈအဆင့္ေရာက္ေနတဲ့ ေႁမြသားရဲေတြဘဲ ျဖစ္ၿပီး အရမ္းေတာ့ခ်စ္စရာမေကာင္းေပ။
"ငါ ေလရိုင္းျခင္နဲ႕ အရိုးမာရွိခိုးေကာင္ကိုဘဲလိုခ်င္တယ္"

႐ုန္စုက အရိုးမာရွိခိုးေကာင္ေရာင္းတဲ့လူကို ေျပာလိုက္သည္။
"ဒီႏွစ္ေကာင္က ဘယ္ေလာက္က်လဲ"

"အဆင့္ျမင့္စိတ္ဝိညာဥ္ေက်ာက္တုံး ႏွစ္ေထာင္ပါ"

သူတို႔ရဲ႕ေသးငယ္လြန္းလွတဲ့အ႐ြယ္အစားေၾကာင့္ ဘယ္သူကမွ သူတို႔ကိုမဝယ္ခ်င္ၾကတာမဟုတ္ရင္ သူတို႔ကအနည္းဆုံးေတာ့ အဆင့္ျမင့္စိတ္ဝိညာဥ္ေက်ာက္တုံး တစ္ေသာင္းေလာက္တန္ေလသည္။

႐ုန္စုေခါင္းၿငိမ့္ျပလိုက္သည္။
"ေလရိုင္းျခင္နဲ႕ အရိုးမာရွိခိုးေကာင္ကိုယူမယ္..က်န္တဲ့လူေတြ အိမ္ေတာ္ထိန္းဆီသြားၿပီး စိတ္ဝိညာဥ္ေက်ာက္တုံးေတြ ထုတ္ယူၿပီး ျပန္နိုင္ပါၿပီ"

ယင္က်င္းရဲ႕က သူ႕ရဲ႕ဝိညာဥ္စြမ္းအားကို ျပန္႐ုတ္သိမ္းလိုက္ၿပီး ႐ုန္ယိကိုေမးလိုက္သည္။
"မင္းသူတို႔ကို ဘာဆက္လုပ္မွာလဲ"

႐ုန္ယိက ႐ုန္စုကိုလွမ္းေျပာလိုက္သည္။
"အားစု..ပုခ်ီနဲ႕ ရွန္းလြီ့တို႔ကို ငါ့ဆီေခၚခဲ့ေပး"

"ဟုတ္ကဲ့"

ေလရိုင္းျခင္က အားယူကာထလိုက္ၿပီး ေျပာဆိုလာသည္။
"မင္းတို႔ေၾကာင္သူေတာ္ႂကြက္သူခိုးလူသားေတြ...မိစ္ဆာေတြ သားရဲေတြကိုေတာ့ရွင္းလင္းသတ္ျဖတ္ေနၾကၿပီး မင္းတို႔ရန္သူေတြနဲ႕ရင္ဆိုင္ဖို႔အတြက္ ငါတို႔ကိုအေစခံလုပ္ခိုင္းခ်င္ေနေသးတယ္..ငါ မင္းတို႔ဆီမွာ ဘယ္ေတာ့မွ အညံ့မခံဘူးကြ!!"

အရိုးမာရွိခိုးေကာင္ကလည္း ေထာက္ခံေျပာဆိုလာသည္။
"ဟုတ္တယ္..ငါတို႔ထက္အားနည္းတဲ့ မင္းတို႔လူသားေတြဆီမွာ ဘယ္ေတာ့မွ လက္ေအာက္ခံမလုပ္ဘူးကြ!!"

"ဝိုး!..ဝိုး!...ဝိုး!..ေဖေဖ..သူတို႔က စကားေတြေျပာေနတယ္"
ယင္ေထာင္က ထိုသားရဲႏွစ္ေကာင္ကို အနီးကပ္ၾကည့္ရင္း ေအာ္ေျပာလာသည္။

႐ုန္ယိက ေျပာလိုက္၏။
"သူတို႔ အသြင္ေျပာင္းလဲမႈအဆင့္ကိုေရာက္သြားတဲ့အခါက်ရင္ လူပုံစံေတာင္ေျပာင္းနိုင္ဦးမွာ"

"သူတို႔က သားနဲ႕ကစားေပးၾကမွာလား"

ေလရိုင္းျခင္က ေဒါသမိုးမႊန္ကာေအာ္ေျပာလာသည္။
"ငါက မင္းကိုသတ္ေပးမွာကြ!!!"

အရိုးမာရွိခိုးေကာင္ကလည္း
"ေသာက္ကေလးစုတ္..မင္းက ငါတို႔ကို ကစားစရာမ်ားထင္ေနလားကြ!!!"

"ေဖေဖ..သူတို႔က အရမ္းရိုင္းတာဘဲ"
ယင္ေထာင္က ယင္က်င္းရဲ႕ဘက္ကိုလွည့္လိုက္သည္။
"အေဖ...သူတို႔ကို အေဖ့ရဲ႕ဝိညာဥ္စြမ္းအားနဲ႕ ဖိႏွိပ္ေပးပါ"

ေလရိုင္းျခင္နဲ႕ အရိုးမာရွိခိုးေကာင္ "......"

ေနာက္ခံေကာင္းေကာင္းရွိတဲ့ ကေလးေတြက အရမ္းျပႆနာရွာၾကတာဘဲ...

ယင္က်င္းရဲ႕ "......"

ဒီကေလးက သူ႕ကို သားရဲထိန္းမ်ားမွတ္ေနတာလား..

႐ုန္ယိလည္း အနည္းငယ္ရွက္သြားရသည္။
ဒီကေလးက အတုခိုးျမန္လိုက္တာ..

ထို႔ေနာက္ သူ ေလွာင္ခ်ိဳင့္ကို စားပြဲေပၚတင္ကာ သူပါထိုင္ခ်လိဳက္ၿပီးမွ ေမးလိုက္သည္။
"မင္းတို႔နာမည္က ဘာလဲ"

ေလရိုင္းျခင္က ေဒါသေတြနဲ႕ေျပာလာသည္။
"ဖြီ...မင္းက ငါတို႔နာမည္ကိုသိဖို႔ မတန္ဘူး"

ထိုမိစ္ဆာသားရဲေတြရဲ႕ စကားလုံးတိုင္းက ႐ုန္ယိအေပၚစက္ဆုပ္႐ြံရွာမႈ အထင္အျမင္ေသးမႈႏြေျပည့္ေနတာကိုၾကည့္ၿပီး ႐ုန္ယိမွာ သူတို႔ကိုထိန္းခ်ဳပ္နိုင္မဲ့နည္းလမ္း တစ္ကယ္ရွိမယ္လို႔ စုကု လုံးဝမယုံေတာ့ေပ။

႐ုန္ယိ သူတို႔ကိုလုံးဝလ်စ္လ်ဴရႈထားလိုက္ၿပီး သူ႕ေမးေစ့ေလးသူထိရင္း ေျပာလိုက္သည္။
"မင္းတို႔မွာ နာမည္မရွိဘူးဆိုမွေတာ့ ငါမင္းတို႔ကိုနာမည္ေပးရမွာေပါ့.."

ယင္က်င္းရဲ႕ မေနနိုင္ဘဲ သူ႕ဆီတစ္ခ်က္လွမ္းၾကည့္လိုက္သည္။
တစ္မူထူးျခားတဲ့နာမည္ေတြမ်ားလား...

႐ုန္ယိ ေလရိုင္းျခင္ကို လက္ညွိုးထိုးျပၿပီးေျပာလိုက္သည္။
"မင္းကိုအခုကစၿပီး ဇာမဏီလို႔ေခၚမယ္..အရိုးမာရွိခိုးေကာင္ကိုေတာ့ နဂါးလို႔ေခၚမယ္"

သူ႕စကားကိုၾကားလိုက္တာနဲ႕ သားရဲႏွစ္ေကာင္လုံးမွာ ေဒါသလည္းထြက္သလို စိုးလည္းစိုးရိမ္သြားၾကရသည္။
"မင္း ဘယ္လိုလုပ္ၿပီး ျမင့္ျမတ္တဲ့သားရဲေတြရဲ႕နာမည္ကို ငါတို႔ကိုေပးရတာလဲ...မရဘူး..လုံးဝကိုမရဘူး!..မင္း သူတို႔ကိုမေလးမစားလုပ္လို႔မရဘူး..ေဟ့လူသား..မင္း ငါတို႔ကိုဒီလိုေခၚလို႔မရဘူးကြ!!"

အဲ့လိုဆိုရင္...နဂါးနဲ့ဇာမဏီ​ေတြရဲ႕ ေသြးမ်ိဳးဆက္ကိုဆက္ခံထားတဲ့ သားရဲမ်ိဳးႏြယ္ေတြက သူတို႔ကိုအမဲလိုက္သလိုလိုက္သတ္ျဖတ္ၿပီး သူတို႔မ်ိဳးႏြယ္စုကလည္း စြန့္ပစ္လိုက္လိမ့္မယ္..ဒါ့အျပင္ တစ္ျခားမ်ိဳးႏြယ္စုေတြရဲ႕ ေလွာင္ေျပာင္ရယ္ေမာတာကိုပါခံၾကရလိမ့္မယ္...။

ယင္ေထာင္ကေတာ့ တစ္ခစ္ခစ္နဲ႕ကို ရယ္ေမာလာ၏။
"ဇာမဏီ..နဂါး..သားႀကိဳက္တယ္"

ေလရိုင္းျခင္က စိုးရိမ္စြာေျပာလာသည္။
"ငတုံးေကာင္ေလး..ငါ့ကိုဇာမဏီလို႔မေခၚနဲ႕ကြ!..ငါ့ကို ယင္ဖုန္းလို႔ေခၚ"

အရိုးမာရွိခိုးေကာင္ကလည္းဝင္ေျပာလာသည္။
"ၿပီးေတာ့ ငါ့ကိုလည္းနဂါးလို႔မေခၚနဲ႕..လန္လွ်ို႔လို႔ေခၚ"

႐ုန္ယိက ၿပဳံးကာျပန္ေျပာလိုက္သည္။
"ဘာလို႔ ေစာေစာမေျပာရတာလဲ..မင္းတို႔ႏွစ္ေယာက္အတြက္ သင့္ေတာ္တဲ့နာမည္စဥ္းစားရတာ ငါ့ဦးႏွောက္ေလး ကြဲထြက္ေတာ့မလိုဘဲဆိုတာ သိရဲ႕လား"

ယင္ဖုန္းနဲ႕ လန္လွ်ို႔ "......."

စုကု မၿပဳံးဘဲ မေနနိုင္ေတာ့..။
ၾကည့္ရတာ သခင္ေလးကသူတို႔နဲ႕ ဘယ္လိုရင္ဆိုင္ရမယ္ဆိုတာကို တစ္ကယ္သိတဲ့ပုံဘဲ..။

"ဆရာ..ကြၽန္ေတာ္တို႔ကိုရွာေနတာလား"
ပုခ်ီနဲ႕ ရွန္းလြီ့က နံရံကို တိုက္ရိုက္ခုန္ေက်ာ္ၿပီး ဝင္ေရာက္လာၾက၏။

႐ုန္ယိ ပုခ်ီကိုလွမ္းေမးလိုက္သည္။
"ခင္ဗ်ား..အင္းကြက္ေရးတာေလ့က်င့္တာက အေျခအေနဘယ္လိုလဲ "

"ဆယ္ခုမွာ သုံးခု က်ရႈံးတယ္...ကြၽန္ေတာ္ဆက္ေလ့က်င့္ဖို႔ လိုေသးတယ္"

"ေတာ္ေတာ္ေလးေကာင္းေနပါၿပီ.."
႐ုန္ယိ ရွန္းလြီ့ကိုလွည့္ေမးလိုက္၏။
"ခင္ဗ်ား သားရဲအျမဳေတအဆင့္က သားရဲေတြအတြက္ ေမွာ္လက္နက္ေတြ ကိရိယာေတြ သန့္စင္ေပးနိုင္လား"

သူ႕အရည္အခ်င္းက ေနာက္ဆုံးမွာေတာ့ အသုံးဝင္လာၿပီဆိုတာသိလိုက္ရတာေၾကာင့္ ရွန္းလြီ့မွာ မ်က္လုံးေတြေတာက္ပလာၿပီး စိတ္လႈပ္ရွားစြာ ျပန္ေျဖလာသည္။
"ဒါေပါ့..ဒါက က်ဳပ္ကြၽမ္းက်င္တဲ့အပိုင္းဘဲေလ..ဘယ္ သားရဲေတြအတြက္ က်ဳပ္ကို အဲ့ပစၥည္းေတြ သန့္စင္ေပးေစခ်င္တာလဲ"

႐ုန္ယိက ေလွာင္ခ်ိဳင့္ထဲက သားရဲႏွစ္ေကာင္ကို ၫႊန္ျပလိုက္သည္။

ရွန္းလြီ့ မ်က္ေမွာင္ၾကဳတ္သြား၏။
"ေသးေသးေလးေတြလား.."

ယင္ဖုန္းနဲ႕လန္လွ်ို႔ "......"

လူသားေတြက သူတို႔အတြက္ ေမွာ္လက္နက္ေတြ ကိရိယာေတြ သန့္စင္ထုလုပ္ေပးနိုင္တာလားးးး

"ခင္ဗ်ားလုပ္နိုင္လား"

"ဒါေပါ့"

႐ုန္ယိ ယင္ဖုန္းနဲ႕လန္လွ်ို႔ တို႔ကို တစ္ခါၿပီးတစ္ခါျပန္ၾကည့္လိုက္သည္။
"ဒီအေသးေလးႏွစ္ေကာင္က ထိခိုက္လြယ္တယ္...ခင္ဗ်ား သူတို႔ကို အဆင့္၁ အဆင့္၂ အဆင့္၃ အဆင့္၄က အမာေက်ာဆုံးပါဝင္ပစၥည္းေတြနဲ႕ သန့္စင္ေပးဖို႔ေတာ့လိုတယ္..."

သူ႕အတြက္ကေတာ့ သားရဲအျမဳေတအဆင့္ကသားရဲဆိုတာ အရမ္းအားနည္းလြန္းေသးသည္။ ဒါေၾကာင့္ သူတို႔ရဲ႕စြမ္းရည္ေတြတိုးတက္လာဖို႔ သူတို႔အားနည္းခ်က္ေတြကိုဖုံးကြယ္နိုင္ဖို႔အတြက္ ေမွာ္လက္နက္ေတြ ကိရိယာတန္ဆာပလာေတြ လိုအပ္ေလသည္။

ဒီနည္းလမ္းက သူအရင္ကျပဳလုပ္ေနက်နည္းလမ္းနဲ႕မတူဘူးဆိုတာသိတာေၾကာင့္ ရွန္းလြီ့ခ်က္ခ်င္းဘဲ စာ႐ြက္နဲ႕ စုတ္တံကိုထုတ္ယူကာ လိုက္ေရးမွတ္ထားလိုက္၏။

လန္လွ်ို႔က ေလွာင္ရယ္လာသည္။
"မင္းတို႔လူသားေတြက အရမ္းကပ္ေစးနဲၾကတာဘဲ..ငါတို႔အတြက္ေမွာ္လက္နက္လုပ္ေပးဖို႔ကို အဆင့္၁ ပါဝင္ပစၥည္းေတြကိုဘဲ သုံးတယ္တဲ့လား..အဲ့တာေတြက ငါတို႔အခုဝတ္ဆင္ထားတဲ့ဟာေတြနဲ႕ေတာင္ မယွဥ္နိုင္ဘူး"

ယင္ဖုန္းကလည္း ေျပာလာသည္။
"မင္းတို႔လူသားေတြ ငါ့အတြက္သန့္စင္ေပးထားတဲ့ဘယ္ဟာကိုမွ ငါဝတ္ဆင္မွာမဟုတ္ဘူး!"

႐ုန္ယိက သူတို႔ကိုတစ္ခ်က္သာလွမ္းၾကည့္လိုက္ၿပီး ရွန္းလြီ့ကို ပါဝင္ပစၥည္းေတြရဲ႕နာမည္ေတြေျပာလိုက္သည္။ သူတို႔ေတြကိုခဏေလာက္ၾကည့္ရႈၿပီးေနာက္ ႐ုန္ယိ ပုံတစ္ခ်ိဳ႕ဆြဲၿပီး ရွန္းလြီ့ကိုေပးလိုက္သည္။

ရွန္းလြီ့ ပုံေတြကိုၾကည့္ၿပီးေနာက္ စိတ္လႈပ္ရွားစြာ ေျပာလိုက္သည္။
"က်ဳပ္အခုသြားလုပ္လိုက္ေတာ့မယ္"

႐ုန္ယိက သူ႕ကိုေျပာလိုက္၏။
"ပါဝင္ပစၥည္းေတြအတြက္ကုန္က်စရိတ္ကိုေတာ့ ကြၽန္ေတာ့္သင္ၾကားစရိတ္အျဖစ္ယူလိုက္ေတာ့မယ္"

"ေက်းဇူးတင္ပါတယ္..ဆရာ"

ပါဝင္ပစၥည္းေတြအားလုံးေပါင္းရင္ေတာင္ အမ်ားဆုံးမွ အဆင့္ျမင့္စိတ္ဝိညာဥ္ေက်ာက္တုံးတစ္ရာေလာက္သာက်သင့္မွာျဖစ္သည္။ ဆရာ့ရဲ႕ ထုလုပ္နည္းလမ္းၫႊန္တစ္ခုကို နတ္ဘုရားအဆင့္စိတ္ဝိညာဥ္ေက်ာက္တုံးတစ္တုံးဆိုတာနဲ႕ ယွဥ္ရင္ေတာ့ ဒါကလုံးဝကို ေစ်းသက္သာလြန္းတာဘဲ ျဖစ္ေလသည္။

##
ဒီေန႕တင္ေပးတာ ေနာက္က်သြားတယ္ရွင္
ဒါေလးလည္း update လာေတာင္းထားတာပါဘဲေနာ္
ကိုယ္လည္း သိပ္မအားလို႔ ရတဲ့အခ်ိန္ေလးျပန္ေပးလိုက္ရလို႔ပါ♥
မနက္ျဖန္မွ ေနာက္တစ္ပိုင္းထပ္ဖတ္ၾကပါရွင့္
Goodnightပါ 🖤🖤

************
15.12.2021

Continue Reading

You'll Also Like

9K 990 13
System: မင်းက ငါတို့systemရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် တစ်ဦးတည်းသောလူတစ်ယောက်ပါ။ မင်း ငါတို့နဲ့ ချိတ်ဆက်ပေးပါလား။ စုယွီ: ငါ့မှာ ဒီလောက်...
1.5M 185K 123
အေဒီ ၇၉ ခုနှစ် .. ပုံပေမြို့.. ရောမအင်ပါယာ ဒဏ္ဏာရီမဟုတ်တဲ့ ရာဇဝင်ထဲက အဖြစ်အပျက်လေးတစ်ခုလား ဒါမှမဟုတ်.. ရာဇဝင်တွင်မကျန်ခဲ့တဲ့ ဒဏ္ဏာရီဇာတ်လမ်းလေးပဲလာ...
104K 12.9K 91
Title - After Transmigrated into a Book, I've Gained an Entire Family of Cannon Fodder Description ...
220K 20.3K 90
Translation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛 BL love novel (We have PaidGP) 💛💙💜💚❤...