My Lifeblood(complete)

By Mhaw_Eaint_Met

398K 26.9K 2.2K

"အချစ်ဆိုတဲ့အရာက မင်းနဲ့တွေ့မှငါ့နှလုံးသားတစ်ခုလုံးစုံလုံးကမ်းစေတာ ပေလွှာ" နိုင်းနတ်ဆေး+ခမ်းပေလွှာ More

My Lifeblood (Part 1)
My Lifeblood (Part 2)
My Lifeblood (Part 3)
My Lifeblood (Part 4)
My Lifeblood (Part 5)
My Lifeblood(Part 6)
My Lifeblood(Part 7)
My Lifeblood(Part 8)
My Lifeblood(Part 9)
My Lifeblood(Part 10)
My Lifeblood(Part 10 Zawgyi)
My Lifeblood(Part 11)
My Lifeblood(Part 12)
My Lifeblood(Part 14)
My Lifeblood(Part 15)
My Lifeblood(Part 16)
My Lifeblood(Part 17)
My Lifeblood(Part 18)
My Lifeblood(Part 19)
My Lifeblood(Part 20)
My Lifeblood(Final part)
My Lifeblood(Extra)
Book Accountment
Accountment
bl

My Lifeblood(Part 13)

10.8K 926 76
By Mhaw_Eaint_Met

(Unicode)

ကျွီ..........

ညသန်းခေါင်အချိန်ကြီးမှ ယွန်းမှီရေထဆာလာသဖြင့် အိပ်ချင်နေတ​ဲ့မျက်လုံးများကိုကြိုးစားဖွင့်လိုက်ရ၏။မသောက်မဖြစ်တော့လို့သာထပြီးသောက်ရမယ်၊မှေးစင်းနေတဲ့သူမမျက်လုံးများကတော့ထချင်ပုံမပေါ်သေး။သို့သော်လည်းသူမအာခေါင်များအတော်လေးခြောက်နေသည့်အဆုံး မထင်ချင်ထချင်နဲ့ဘဲထပြီးရေသောက်ဆင်းရန်အခန်းထဲကထွက်ခဲ့၏။လူခြေတိတ်နေတဲ့အချိန်၊တစ်နည်းအိမ်အကူများပါအိပ်နေတဲ့အချိန်တောင်ရောက်နေပြီမို့ခိုင်းစရာလူကလဲမရှိ။ဒါနဲ့ဘဲသူမဘာသာရေဆင်းသောက်ရန်ဆုံးဖြတ်လိုက်ရခြင်းဘဲဖြစ်၏။

အခန်းထဲကထွက်လာပြီးယွန်းမှီအိမ်ကြီးရဲ့အောက်သို့ဆင်းရန်ပြင်နေခဲ့ရာ လှေကားပေါ်တောင်ခြေလှမ်းများစလှမ်းလို့နေပြီးမှ ပေလွှာရှိရာအခန်းလေးသို့အကြည့်ရောက်ဖြစ်အောင်ရောက်သွားသေးသည်။။ဒီအချိန်ဆိုအားလုံးအိပ်နေလောက်မည့်အချိန်မို့ ပေလွှာလဲသူတို့နည်းတူအိပ်နေလောက်ပြီထင်ပါရဲ့။ထို့ကြောင့်သူမ''အိပ်နေလောက်ပါပြီ'ဟုရေရွတ်ပြီး အခန်းကိုအကြည့်လွှဲ၍အောက်ထပ်သို့ဆင်းလာလေသည်။

အိမ်အောက်တွင်အိမ်ကြီးရဲ့အတွင်း၌ အိမ်အကူအလုပ်သမားတွေအပါအဝင်မည်သူတစ်ဦးတစ်ယောက်မျမရှိချေ။နေ့ဘက်ဆိုအလုပ်သမားတွေရဲ့အသံတွေနဲ့အသက်ဝင်ဆူညံနေတဲ့အိမ်ကြီးက ညဘက်တိတ်ဆိတ်နေပုံကအပ်ကျရင်အောင်ကြားရမည့်ပုံမျိုး။အလုပ်သမားများလည်းဒီအချိန်ဆိုခါတိုင်းလိုအိမ်ပြန်နောက်ကျတက်တဲ့နိုင်းကိုစောင့်ဖို့လဲမလိုတော့တာကြောင့် အိပ်လို့နေလောက်မှာအသေအချာပင်။ပြောလို့သာပြောရပါတယ် ပေလွှာဤအိမ်စရောက်ကထဲက နိုင်းအိမ်ပြန်မနောက်ကျတက်တော့၊အရေးကြီးသည့်ကိစ္စများရှိရင်တောင်ဟိုအရင်ကလိုနောက်ကျအောင်အပြင်မှာနေတက်တဲ့အကျင့်များပျောက်ကွယ်ခဲ့တာတောင်အတော်ကြာခဲ့ပါပြီလေ။

ယွန်းမှီအိမ်အောက်ရောက်ရောက်ခြင်း မီးဖိုခန်းသို့သွား၍ရေခဲသေတ္တာထဲကရေဘူးလေးကိုထုတ်ယူမော့သောက်ရင်းရေခဲသေတ္တာကိုပြန်ပိတ်လိုက်၏။

ဘမ်း....

ထို့နောက် အိမ်ကြီးရဲ့အပေါ်ထပ်သို့ရေသောက်လျက်သားဖြင့်ပြန်တက်လာစဥ် သူမရဲ့အခန်းသို့မဝင်ခင်ပေလွှာ့အခန်းကိုထပ်မံကြည့်မိသွားပြန်သည်။သူမပေလွှာအိပ်နေလောက်ပြီလို့တွေးပြီး အခန်းထဲဝင်ဖို့ကြိုးစားပေမဲ့အရာမထင်၊စိတ်ထဲသေချာချင်တဲ့စိတ်တစ်ခုကြောင့်ပေလွွှာ့ကိုသွားကြည့်ဖို့ယွန်းမှီဆုံးဖြတ်လိုက်ရသည်။ထို့နောက်သူမလက်ထဲကရေဘူးလေးကိုအဖုံးပြန်ပိတ်လိုက်ပြီး ပေလွှာ့အခန်းသို့သူမလှမ်းလာမိသည်။ပေလွှာနဲ့ပတ်သက်ရင်နိုင်းသေချာမှာခဲ့တာမို့ ယွန်းမှီအမှားအယွင်းမခံနိုင်ပါ။နိုင်းမရှိတဲ့အချိန်အတွင်း သူမကိုယ်သူမထက်ပေလွှာ့ကိုပိုပြီးစောင့်ရှောက်ဖို့ဆုံးဖြတ်ထားသည်အထိပင်။

ကျွီ..............

သူမအခန်းတံခါးကိုဖြည်းဖြည်းခြင်းတွန်းကြည့်တော့ အထဲကလော့ချမထား။အလွယ်တကူဖွင့်လို့ရပေမဲ့ ပေလွှာအိပ်နေလျှင်နိုးလာမှာကြောက်သည့်စိတ်ကြောင့်တဖြည်းဖြည်းသာဖွင့်လိုက်ချိန် အခန်းတစ်ခန်းလုံးမှောင်မိုက်နေသဖြင့်

ဂျောက်........

သူမအခန်းတံခါးဘေးမှာတပ်ဆင်ထားတဲ့မီးခလုတ်လေးကိုသာ ဖွင့်လိုက်ရ၏။။ထို့နောက်ဖျက်ခနဲလင်းလာတဲ့အလင်းရောင်လေးနဲ့အတူ သူမမြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့်ယွန်းမှီရင်ထဲအောင့်ခနဲ။ကြမ်းပြင်ပေါ်မှာအခန်းနံရံထောင့်လေးကိုမှီပြီးထိုင်နေတဲ့ပေလွှာ့ကိုမြင်မြင်ချင်း သူမဘာမှမတွေးနိုင်လောက်အောင်စိုးရိမ်သွားသည်မို့ လွှတ်ခနဲဘဲ............

"ပေလွှာ"ဟုသာကျယ်လောင်စွာခေါ်မိသွား၏။

အေးစက်နေတဲ့လေညင်းရဲ့အထိအတွေ့နဲ့အတူ မှောင်မိုက်မှုများစွာဖြင့်အခန်းရဲ့ထောင့်လေးများထိုင်နေခဲ့တဲ့ပေလွှာ။မှေးစင်းနေတဲ့မျက်လုံးလေးများမှိတ်လို့မသွားအောင်ပေလွှာအားယူဖွင့်ရင်း လက်များကလဲ တုတ်ကလေးတွေကိုတစ်ချောင်းနဲ့တစ်ချောင်းညီအောင်ခန့်မှန်းပြီးချိုးလို့သာ။

ခေါ်သံကြားလို့ထင်ပါရဲ့၊တုတ်လေးချိုးနေတဲ့ပေလွှာ့လက်ကလေးတွေရပ်တန့်သွားပြီး အသံလာရာကိုအသက်မဲ့တဲ့အကြည့်လေးတွေနဲ့ပေလွှာကြည့်နေခဲ့သည်။ဘယ်သူဘယ်ဝါလဲတောင်ပေလွှာမမေးပါ။

ယွန်းမှီမှာတော့ သူမရှိရာကိုအသက်မဲ့စွာကြည့်နေတဲ့ပေလွှာ့ဆီသို့ခပ်မြန်မြန်လျှောက်လှမ်းလာပြီး ဘေးမှာကျုံ့ကျုံ့လေးထိုင်ချကာ...........

"မအိပ်သေးဘူးလားပေလွှာ နောက်ကျနေပြီ"ဟုပေလွှာ့ပခုံးလေးများကိုဆုပ်ကိုင်ပြီးပြောလိုက်၏။

ဖျောက်......ဖျောက်..........

ထိုအခါသူမအား ပေလွှာပြုံးပြယုံကလွဲလို့ဘာမှမတုန့်ပြန်မိ၊သူချိလက်စတုတ်ချောင်းလေးတွေကိုဘဲအာရုံစိုက်ချိုးနေဆဲပါ။

ပေလွှာတစ်ယောက်သူမကို​ပြုံးပြယုံကလွဲရင် ဘာမှမပြောဘဲတုတ်ချောင်းလေးတွေကိုတဖျောက်ဖျောက်နဲ့ခန့်မှန်းချိုးနေတဲ့ပုံကိုကြည့်ရသည်မှာရပ်တန့်မည့်ပုံလည်းမပေါ်သေး။ယွန်းမှီတုတ်များကိုချိုးနေတဲ့ပေလွှာ့လက်ကလေးတွေကိုကြည့်မိရာနီရဲပြီးသွေးကြေလေးများပင်ဥနေပြီမို့ သူမမနေသာတော့ပေ။ပေလွှာ့လက်ကလေးများကိုသာဆတ်ခနဲဆွဲလိုက်ပြီး.........

"ဘာတွေလုပ်နေတာလဲပေလွှာရယ်....အိပ်ပါတော့နော်။မနက်မှမီှကူလုပ်ပေးမယ်လေ"

"ငါအိပ်လို့မဖြစ်ဘူးမှီ...."

"ဟင်!....ဘာလို့လဲဟင် ပေလွှာအိပ်မပျော်လို့လား"

ထိုအခါပေလွှာခေါင်းလေးတသွင်သွင်ခါရမ်း၍ ငြင်းလေပြီး.........

"နာရီလေးက၁၂နာရီထိုးရင်နှိုးစက်ပေးမှာ......အဲ့ဒါမှမောင်ထွက်သွားတဲ့ရက်ကလေးကိုငါပထမဆုံးမှတ်နိုင်မှာ"

မျက်လုံးအိမ်အတွင်းဆို့တက်လာတဲ့မျက်ရည်များကို ယွန်းမှီထိန်းချုပ်ဖို့ပင်မေ့လျောသွားသည့်အလားသူမမျက်နှာပေါ်သို့မျက်ရည်ပူများကျဆင်းလာခဲ့၏။နောက်ပြီးပေလွှာ့လက်ကလေးကိုကိုင်ထားတဲ့သူမလက်များကလည်း ဆက်ကိုင်ထားဖိုမြမြဲတော့၊တဆတ်ဆတ်တုန်ယင်လို့နေတာကြောင့် ပေလွှာ့လက်ကိုသူမလွှတ်လိုက်ပြီးသူမပါးစပ်လေးကိုအုပ်ရင်းကာရှိုက်လို့ငို့နေဆဲ..........

"ငါအိပ်သွားရင်နှိုးစက်ကလေးရဲ့အသံကို ငါကြားနိုင်မှာမဟုတ်ဘူး။၁၂ထိုးလို့နှိုးစက်လေးပိတ်သွားမှ ငါအိပ်မှာ"ဟုဆိုလေတဲ့ပေလွှာ့စကားသံအေးအေးလေးက သူမရင်အားထိုးနှက်နေသည့်အလား နာကျင်ရ၏။

သူမရင်ဘက်တစ်ခုလုံးအောင့်သက်နာကျင်လာတဲ့ခံစားမှုကြောင့် ပါးစပ်ကလေးကိုလက်ဖြင့်အုပ်ကာငိုနေတဲ့ယွန်းမှီခမျာအသံလဲမထွက်ရဲပါ။ငိုသံကြားမှဖြင့်ပေလွှာထပ်မံစိတ်မကောင်းဖြစ်မည်ဆိုး၍ အသံမထွက်အောင်မနည်းကြိုးစားရင်းငိုနေမိ၏။ထို့နောက် သူမအကြည့်များကကုတင်ဘေးမှာတင်ထားတဲ့နာရီလေးဆီတဖြည်းဖြည်းအကြည့်ရောက်သွားသည့်အခါ တရွေ့ရွေ့လှုပ်ရှားနေတဲ့နာရီကမိနစ်လက်တံလေးညွှန်ပြနေသည့်အချိန်အရ ၁၂နာရီထိုးဖို့၁မိနစ်ပါလိုတော့သည်မို့တော်သေးသည်။မဟုတ်လျှင် ၁၂နာရီမထိုးမချင်းပေလွှာအိပ်မှာမဟုတ်။

တစ်ခဏအကြာ........

တီတီ.......တီတီ.......တီတီ..........

အဆက်မပြတ်ထပြီးမြည်လာတဲ့နှိုးစက်လေးရဲ့အသံကိုကြားတော့ ပေလွှာသူချိုးထားတဲ့တုတ်ချောင်းလေးကို ဘေးမှာအသင့်ရှိနေတဲ့ဖန်ပုလင်းအလွတ်လေးထဲသို့ထည့်လေသည်။ပေလွှာ့လုပ်ရပ်တိုင်းကို နားမလည်နိုင်တဲ့အကြည့်များဖြင့်ကြည့်နေတဲ့ယွန်းမှီမှာတော့မျက်တောင်ပင်တစ်ချက်မခတ်၊တုတ်ချောင်းလေးကိုဖန်ပုလင်းထဲစထည့်သည့်အချိန်မှအစ ဖန်ပုလင်းလေးပြန်ပိတ်သွားတဲ့အထိငေးမောလျက်ပါ။

ယွန်းမှီ ပေလွှာ့လုပ်ရပ်ကိုအစအဆုံးကြည့်မိခဲ့ပေမဲ့ အခုအချိန်ထိဘာမှနားမလည်သေး။သူမကဘဲဉာဏ်တိမ်နေသည်လား ပေလွှာကဘဲတော်လွန်းနေသည်လားတော့မပြောတက်။အစအဆုံးမြင်နေခဲ့တာတောင် ဘာကိုရည်ရွှယ်နေမှန်းနားမလည်သေးတော့.......

"ပေလွှာ ဒါတွေကဘာတွေလဲဟင်"

စူးစမ်းလာတဲ့ယွန်းမှီအမေးကိုမဖြေခင် ပေလွှာလက်ထဲဖန်ပုလင်းလေးကိုတယုတယပိုက်လျက်ပါ။ပြီးတော့ ထိုပုလင်းလေးပေါ်ခေါင်းလေးတင်ပြီးမျက်ရည်လေးများကလည်းတစ်သွင်သွင်စီးဆင်းလို့။

"ဒီနေ့ဆိုမောင်သွားတာတစ်ရက်မြောက်တဲ့နေ့....နောက်နှစ်ဆယ့်ကိုးရက်နေရင်မောင်ကငါ့ဆီပြန်လာမှာ၊ပြီးတော့......"

ပေလွှာပြောလက်စစကားကိုဆက်မပြော၊ခဏတာငြိမ်သက်သွားပြီးမှ......

"ပြက္ခဒိန်ကရက်တွေကိုငါလိုက်မှတ်ပြီးရေတွက်ရအောင်လည်းငါမှမမြင်နိုင်တာမှီရယ်....ဒီပုလင်းလေးထဲသာငါချိုးထားတဲ့တုတ်ချောင်းလေးအချောင်းသုံးဆယ်လုံးပြည့်သွားရင်ငါမောင်နဲ့တွေ့ရမှာ"

ယွန်းမှီပြောစရာစကားလည်းရှာမရတောပါ။အားပေးစကားတွေတစ်သီကြီးပြောပြီး၊ဘေးနားကပေလွှာ့ကိုဖြေသိမ့်ချင်သော်လည်း သူမကိုယ်သူမတောင်ဖြေသိမ့်နိုင်စွမ်းမရှိ။အငိုရပ်အောင်မနည်းကြိုးစားထိန်းနေသည့်ကြားက ရပ်တန့်ခြင်းမရှိတဲ့မျက်ရည်တွေကလည်းသူမစကားကိုနားမထောင်ချင်။အဆတ်မပြတ်သာစီးဆင်းနေပါသည်ကော။

"မောင်သွားတာတောင်တစ်ရက်ဘဲရှိသေးတယ်...ငါမောင့်ကိုပြန်တွေ့ချင်နေပြီ....အဟင့်.....ဟင့်။ငါ....ငါ..မောင့်အပေါ်အရမ်းလောဘကြီးမိနေပြီထင်တယ်မှီရယ်...ငါမှားများမှားနေပြီလားဟင်"

ရင်ဘက်ထဲကဖန်ပုလင်းလေးအားတင်းကြပ်စွာဆုပ်ကိုင်ငိုနေတဲ့ပေလွှာ့ကိုမြင်ပြီး သူမလဲအငိုပင်မတိတ်တော့ဘဲငိုသံပါကြီးဖြင့်ပြောမိသည်က......

"မဟုတ်ပါဘူးပေလွှာရယ်....မဟုတ်ပါဘူး.....အကိုနိုင်းနဲ့ပေလွှာတို့ကလက်ထပ်ထားကြတဲ့သူတွေဘဲလေ။တစ်ယောက်ကိုတစ်ယောက်လောဘရှိကြတာ ပေလွှာမမှားပါဘူး"

"အင့်....ဟင့်....တစ်ရက်တောင်အရမ်းကြာတာ...တစ်လဆိုမောင်ငါ့ကိုမေ့သွားမလားဘဲ"

"အရူးလေး....အကိုနိုင်းလားမေ့မှာ ...မတွေ့ရတဲ့အချိန်တွေမှာလွမ်းလွန်းလို့ပါဆိုပြီးပေလွှာ့ကိုပိုပြီးတောင်ချစ်ဦးမှာ"

"တကယ်လားဟင်"

"တကယ်ပေါ့...မှီကပေလွှာ့ကိုညာရဲပါ့မလား"

"ငါမှီ့ကိုယုံပါတယ်"

"ယုံတယ်ဆိုရင်လည်း ပေလွှာအိပ်တော့နော်၊တော်ကြာနေအကိုနိုင်းက ပေလွှာ့ကိုသေချာဂရုမစိုက်ရမလားဆိုပြီးပြန်လာကျမှီ့ကိုမျက်လုံးကြီးတွေပြူးပြီးဆူနေဦးမယ်"

"ခစ်ခစ်...အဲ့ကျငါမောင့်ကိုပြန်ဆူမှာပေါ့"

"ဟွန့်...ပေလွှာကဆိုင်ကြောင်းပိုင်ကြောင်းပြနေတာလား"

"အဲ့လိုဖြစ်သွားတာလား"

"ပေလွှာနော်...မှီတောင်အားငယ်လာပြီ....အဟင့်....ဟင့်"

"ခစ်ခစ်..."

မျက်ရည်လေးကိုသုတ်ပြီးတခစ်ခစ်ရယ်နေတဲ့ပေလွှာ့ကိုပိုပြုံးလာစေရန် ယွန်းမှီအလိုက်သင့်စနေခဲ့ရာ ပေလွှာ့မျက်နှာလေးပိုပြုံးလာတာကြောင့်သူမစနောက်ရကျိုးနပ်ပါသည်။၄င်းနည်းတူအိပ်ရေးပျက်ရကျိုးလဲနပ်၏။

~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~
ဲဘမ်း..........

ဦးမြတ်မောင်ရုံးခန်းအတွင်းဝင်လာစဥ် နိုင်းအားဖြင့်ပစ်ချလိုက်တဲ့စာရွက်စာတမ်းတွေကစားပွဲပေါ်တွေမှာကောအောက်မှာပါပြန့်ကျဲလို့နေသည်။နိုင်းကိုကြည့်တော့လည်းနဖူးကြောကြီးများထောင်ပြီးဒေါသထွက်နေသည့်ပုံရ၏။။နောက်ပြီးသူ့ကိုပါမျက်ထောက်နီကြီးနဲ့ကြည့်လာတာမို့အခြေအနေကို ဦးမြတ်မောင်ရိပ်မိစပြုလာ၏။ထိုအရာတွေအစပျိုးစေခဲ့သည့်အကြောင်းကတော့ မနက်ကထဲကနိုင်းကို ဦးမြတ်မောင်ဖုန်းပေးမကိုင်။နိုင်းအိပ်ရာကမနိုးခင်ကထဲကဖုန်းကြိုသိမ်းထားပြီး အလုပ်ထဲမှာဘဲစိတ်နှစ်လုပ်စေခဲ့တာ ညနေစောင်းတောင်ရောက်လို့နေပြီ။အမိန့်အရမို့ပါဖုန်းသိမ်းထားရသော်ငြား သူလည်းနိုင်းကိုကြည့်ပြီးစိတ်မကောင်းရပါ။တစ်နေ့လုံးအလုပ်တွေဖိလုပ်နေပေမဲ့ စိတ်မပါဘဲမှိုင်တွေနေသည့်နိုင်းကိုသနားရသည်မှာလည်းအကြိမ်ကြိမ်ပင်။

"ပြော...ဘာတွေဆက်လုပ်ရဦးမှာလဲပြော"...မာန်ပါပါနဲ့တမင်ရွဲ့ပြောနေတဲ့နိုင်းမျက်နှာက မငိုယုံတမယ်။မနက်ကထဲကဖုန်းသိမ်းခံထားရတာနဲ့ သူယွန်းမှီဆီဖုန်းမဆက်ဖြစ်ခဲ့။ညကလည်းကောင်းကောင်းအိပ်မပျော် တစ်ညလုံးပြူးကျယ်နေတဲ့မျက်လုံးကိုအပြစ်မတင်ရက်ဘဲဆေးလိပ်တစ်လိပ်ပြီးတစ်လိပ်ဖွာရင်းနဲ့အထီးကျန်စွာဘဲကုန်ဆုံးခဲ့ရသည့်သူ့အဖြစ်ရယ်ပါ။

"ဒီမှာ......နိုင်း"

သူ့အားမျက်နှာလွဲပြီးတစ်ခြားတစ်ဘက်ဆီဦးတည်ကြည့်နေတဲ့ နိုင်းကိုအသံပြုပြီးကိုယ်နဲ့မကွာအသင့်ပါလာတဲ့ဖုန်းလေးကိုဦးမြတ်မောင်ထုတ်လိုက်၏။သူ့ဘက်သို့မလှည့်ချင်လှည့်ချင်နဲ့လှည့်ကြည့်တဲ့နိုင်းမျက်နှာကတော့မှုန်ကုပ်ကုပ်နဲ့။

ဖုန်းကိုမြင်မြင်ခြင်းနိုင်းပျော်သွားတာအမှန်။သို့ပေမဲ့အမူအရာမပျက်အောင် သိသိသာသာမပြုမူရဲ။မျက်နှာပိုးတပ်ပြီး ရုပ်တည်ကြီးနဲ့သာနေမြဲနေနေခဲလျက်ပါ။

"ပေး...."

နိုင်းထိုင်နေရာမှချက်ချင်းထလာပြီး ဦးမြတ်မောင်ဆီကဖုန်းကိုသူဆတ်ခနဲဆွဲယူလိုက်လေသည်။ထို့နောက်ယွန်းမှီဆီဖုန်းဆက်ဖို့ပြင်ချိန် ဦးမြတ်မောင်သူ့အားကြည့်နေဆဲမို့.........

"ကျွန်တော်ဖုန်းပြောနေတဲ့အကြောင်းတွေကအစ.....အသေးစိတ်လိုက်ပြီးဦးသော်ကကိုသံတော်ဦးတင်ဖို့လုပ်နေတာလား ဦးမြတ်မောင်"

ဦးမြတ်မောင်ထိုသို့စိတ်မရှိပါ။ဦးသော်ကက သူ့အားနိုင်းကိုဖုန်းပေးမကိုင်ဖို့ပြောထားတာတောင် စွန့်စားပေးထားသူပီပီနိုင်းတို့ပြောမဲ့စကားတွေကိုသူပြန်ပြောဖို့အစီအစဥ်မရှိချေ။ဒါကိုနိုင်းသူ့အားအထင်လွဲနေသည့်တိုင်အောင် သူပြုံးပြုံးလေးဘဲ......

"မဟုတ်ပါဘူးနိုင်း"....လို့သာတစ်ခွန်းထဲပြောပြီး နိုင်းအခန်းထဲကပြန်ထွက်ဖို့ပြင်လိုက်သည်။

"ဦးမြတ်မောင်"

ဦးမြတ်မောင်အခန်းထဲကထွက်သွားဖို့အတွက် အခန်းတံခါးတောင်ဖွင့်လို့နေပြီးမှ နိုင်းရဲ့ခေါ်သံကြောင့်တံခါးကိုဖွင့်နေတဲ့သူ့လက်များရပ်တန့်သွား၏။ထို့နောက်နိုင်းရဲ့ဘက်သို့သူပြန်လှည့်လိုက်ပြီး......

"ပြောပါနိုင်း"

"ကျေးဇူးပါ"

ဖုန်းလေးကိုတစ်ချက်မြှောက်ပြပြီး ကျေးဇူးတင်စကားဆိုလာတဲ့နိုင်းကို သူပြန်သာပြုံးပြလိုက်တယ်၊ဘာမှတော့ထပ်မပြောပေ။ပြောစရာစကားလဲမရှိတာမို့ နိုင်းအနှောက်အယှက်မဖြစ်စေရန်ဘဲအခန်းထဲကထွက်လာခဲ့လေသည်။

တူ.......တူ.......တူ........

နိုင်း ဦးမြတ်မောင်ထွက်သွားသည်နှင့်ဆိုင်းတွခြင်းမရှိလေဘဲ ယွန်းမှီဆီချက်ချင်းဖုန်းဆက်ရင်းဘဲ အခန်းအတွင်းဟိုလျှောက်ဒီလျှောက်နဲ့ဘဲသူမဖုန်းကိုင်မဲ့အချိန်ကိုစောင့်ဆိုင်းနေရသည်။လျှောက်လမ်းနေတဲ့နိုင်းခြေလှမ်းတိုင်းကလဲနှေးသွားလိုက်မြန်သွားလိုက်နဲ့ပုံမှန်မရှိပါ၊နောက်ပြီးနိုင်းစိတ်လှုပ်ရှားနေသောကြောင့်လားပင်မသိ ယွန်းမှီဖုန်းကိုင်မဲ့အချိန်ကခါတိုင်းထက်ပိုပြီးနှေးနေသည့်အတိုင်းပင်။ကြာပြီးရင်းကြာလို့နေသည်။

တစ်ခဏမျှအကြာ.......

"ဟယ်လို"

တက်ကြွနေတဲ့အသံလေးနဲ့ သူ့အားဝမ်းသာအားရပြုံးပြနေတဲ့ယွန်းမှီမျက်နှာလေးကိုနိုင်းဖုန်းscreenမှတစ်ဆင့်မြင်တွေ့ရလေသည်။သို့သော်တဖက်ကယွန်းမှီမျက်နှာကိုဖုန်းမှတစ်ဆင့်မြင်နေရသည့်တိုင်အောင် နိုင်းမပျော်နိုင်သေး။သူယွန်းမှီကိုအကြည့်မရောက်ဘဲအနောက်ကိုသာ ပေလွှာ့ကိုမြင်ရရန်ရှာဖွေနေမိ၏။

ယွန်းမှီသူမဝမ်းသာအားရပြုပြနှုတ်ဆက်နေပေမဲ့ သူမကိုအာရုံမရောက်တဲ့နိုင်းကိုမြင်ပြီးနိုင်းအကြောင်းကိုသိသူပီပီ သက်ပြင်းခပ်ပြင်းပြင်းတစ်ချက်ချရင်းခေါင်းကိုသာတစ်သွင်သွင်ရမ်းမိသည်။နောက်မှ ဝရန်တာမှာငုတ်တုတ်လေးထိုင်နေတဲ့ပေလွှာ့ဘက်ကို နိုင်းမြင်ရစေရန်ဖုန်းကိုရွှေ့ပြလိုက်ကာ........

"ပေလွှာဝရန်တာမှာထိုင်နေတယ် အကိုနိုင်း"

ဖုန်းထဲမှတစ်ဆင့်မြင်နေရတဲ့ယွန်းမှီနဲ့ပေလွှာတို့ကတစ်နေရာစီဖြစ်လို့နေလျက်ပါ။ခြံထဲမှာရောက်နေတဲ့ယွန်းမှီပြလို့ ဝရန်တာမှာထိုင်နေတဲ့ပေလွှာ့ကိုမြင်နေရပါသော်လည်းနိုင်းစိတ်ကမတင်းတိမ်နိုင်။ပို၍နီးကပ်စွာဘဲ မြင်ချင်သေးတာကြောင့် .........

"မှီ.....ပေလွှာ့ဆီ...."

"ပေလွှာ့ဆီသွားလို့ပြောမလို့မဟုတ်လား ဟွန့်....မှီသိသားဘဲ"

နှုတ်ခမ်းလေးများတွန့်ပြီးသူ့အားမဲ့ကာရွဲ့ကာဖြင့်ပြန်ပြောနေတဲ့သူမကို နိုင်းခေါင်းသာငြိမ့်ပြလိုက်လျှင်.........

"မှီသွားပေးပါမယ်ရှင်"

"နေဦး...မှီ'

ပေလွှာ့ဆီသွားဖို့လုပ်နေတဲ့ယွန်းမှီခြေလှမ်းများ နိုင်းစကားကြောင့်ဆက်ပင်မလှမ်းမိ၊ခြေစုံရပ်လျက်သာ သူမနိုင်း​ပြောမဲ့စကားကိုဆက်ကြားဖို့ရပ်နေလေသည်။

နိုင်းလည်းသူပြောမဲ့စကားကိုနားစွင့်နေပုံပေါ်တဲ့သူမကြောင့်.........

"အကိုဖုန်းချလိုက်တော့မယ်မှီ"

ယွန်းမှီနားမလည်နိုင်ပါ။စောစောကဘဲပေလွှာနဲ့စကားပြောချင်လို့ သူမကိုပေလွှာ့ဆီသွားခိုင်းနေတဲ့နိုင်း ဘယ်လိုများဖြစ်သွားပါလိမ့်။သူမဘဲနားကြားမှားသည်လား နိုင်းဘဲဘာစိတ်ကူးပေါက်သွားသည်လားပင်မသဲကွဲတာကြောင့်.......

"ပေလွှာနဲ့စကားမပြောတော့ဘူးလားအကိုနိုင်း"

"ပြောမှာမှီ"

"ဒါနဲ့များဘာလို့...."

"ဟင်း...မှီနားမလည်ပါဘူး။အကိုဘဲသိတာမိုလို့ အကိုပြောတဲ့အတိုင်းဘဲလုပ်...အခုအကိုဖုန်းချလိုက်မယ် မှီကပေလွှာ့ဆီသွားပြီးပေလွှာ့အနားရောက်မှဖုန်းပြန်ခေါ်"

"မှီနားလည်ပြီအကိုနိုင်း ဒါဘဲနော်"

"အင်း"

တူ

ယွန်းမှီဖုန်းကိုချက်ချင်းချပြီးနောက် အိမ်ရဲ့အပေါ်ဆုံးအထပ် ပေလွှာရှိရာသို့ခက်သွက်သွက်သာလျှောက်လှမ်းလာခဲ့သည်။အပြေးလေးမတက်ယုံတမယ်လျှောက်လှမ်းလာတဲ့သူမခြေလှမ်းများက ပေါ့ပါးသွက်လက်လျက်ပေလွှာရှိရာဝရန်တာကိုဦးတည်နေခဲ့ရာ........

"မှီ"

ပေလွှာရှိတဲ့အခန်းထဲဝင်ဖို့ပြင်လိုက်ချိန်မှာဘဲ အနောက်ကခေါ်သံကြောင့်ယွန်မှီခြေလှမ်းများရပ်တန်သြားရသည်။စောစောကပြုံးနေခဲ့တဲ့သူမရဲ့အပြုံးတွေကလဲ ရင်းနှီးလှတဲ့ထိုအသံကြောင့်ပျောက်ကွယ်စပြုစွာဘဲ အသံလာရာအနောက်သို့ပြန်လှည့်ကြည့်လိုက်၏။

ယွန်းမှီအနောက်သိုပြန်လှည့်ကြည့်ချိန် ဦးသော်ကတစ်ဦးထဲကိုဘဲတွေ့ရသည်မဟုတ်၊စိုင်းလူကိုပါဦးသော်ကနဲ့ယှဥ်ရပ်နေသည်ကိုတွေလိုက်ရသည်။သူတို့မှန်းသိတာနဲ့ ဖုန်းကိုကိုင်ထားတဲ့ယွန်းမှီ သူမလက်များအနောက်သို့ဖြည်းဖြည်းချင်းပို့ပြီးသာ ပါးနပ်စွာဘဲမျက်နှာပိုးတပ်ပြီးပြန်လည်ပြုံးပြလိုက်လေကာ.......

"မှီ့ကိုခေါ်တာလားအဖိုး"

"ဟုတ်တယ်....သမီးကကောဘယ်သွားမလို့လဲ"

"ပေလွှာ့ဆီပါအဖိုး"

"ဒီကောင်လေးအတွက်နဲ့တော့အဖိုးတို့စကားစကားပြောမှဖြစ်တော့မယ်"

"နောက်မှပြောလို့မရဘူးလားဟင်"

"သမီးအဲ့ကောင်လေးဆီသွားမှာဆိုသွားပါ ပြီးရင်တော့အဖိုးဆီခဏလာခဲ့"

"ဟုတ်ကဲ့ပါအဖိုး"

ဦးသော်ကဆီကခွင့်ပြုချက်ရတာနဲ့ ယွန်းမှီအခန်းထဲကိုသာတုန့်ဆိုင်းမနေဘဲဝင်သွားလေသည်။မှောင်မိုက်မနေဘဲမီးများလင်းထိန်နေတဲ့အခန်းထဲမှာသူမရောက်သည့်အချိန် ပေလွှာဝရန်တာမှာမရှိတော့ချေ။ကုတင်လေးပေါ်မှာသာ ငုတ်တုတ်လေးထိုင်လို့နေ၏။

အခန်းတံခါးဖွင့်သံကြားကြားခြင်း ပေလွှာထိုင်နေရင်းကတံခါးဘက်သို့သာနားစွင့်နေမိသည်။ယွန်းမှီဝင်လာရင်ကိစ္စမရှိပေမဲ့ တစ်ခြားလူဝင်လာမှကိုတော့ာစိုးရိမ်သည့်စိတ်ကြောင့်အခန်းထဲဝင်လာသူရဲ့အသံအသေအချာအာရုံစိုက်ပြီး ပေလွှာနားစွင့်လျက်သားဖြင့်.............

"မှီလား......"ဟုသာ မေးမြန်းမိလေသည်။

မျက်လုံးမမြင်လို့ပေလွှာအခန်းထဲဘယ်သူဝင်လာလဲမသိရင်တောင် အသံကိုသေချာအာရုံစိုက်နိုင်သည်ကိုတော့ယွန်းမှီတစ်ကယ်အံသြရသည်။အခုလည်းသူမအခန်းတံခါးကိုကျယ်လောင်စွာတွန်းဖွင့်ခဲ့တာမဟုတ် ဖြည်းညင်းစွာဖွင့်ခဲ့တာတောင်ပေလွှာအခန်းထဲလူဝင်လာသည်မှန်းချက်ချင်းသိနေပုံက မျက်မမြင်တစ်ယောက်ဟုပင်မထင်ရပါ။ပကတိကောင်းမွန်နေတဲ့လူကောင်းတစ်ယောက်လိုပုံစံမျိုးဖြစ်ပေသည်။

အခန်းထဲ၌လူရှိနေသေးမှန်းပေလွှာအတပ်သိနေပေမဲ့ အခုအချိန်ထိပြန်မဖြေတဲ့တာကြောင့်ထပ်မံပြီးဘဲမေးမိပြန်ရာ.....

"ဘယ်သူလဲ...မှီမဟုတ်ဘူးလား

ပိုပြီးကျယ်လောင်လာတဲ့ပေလွှာ့အသံမှာ ပထမတစ်ခါနဲ့မတူ၊အနည်းငယ်တုန်ယင်လာလေသည်။တကယ်လဲပေလွှာစိုးရိမ်ပြီးအသံများတုန်ယင်နေမိတာအမှန်ပေ၊သူနဲ့မရင်းနှီးတဲ့ထိုအိမ်ကြီးမှာ နိုင်းကလဲမရှိသည့်အပြင်တစ်ဦးထဲအားကိုးဖော်ကလဲယွန်းမှီဘဲရှိသည်မို့ အခန်းထဲဝင်လာသူကယွန်းမှီမဟုတ်ဘဲတစ်ခြားလူဖြစ်မှာကိုကြောက်မိတာတော့အတိုင်းထက်အလွန်သာ.......။

ယွန်းမှီလည်းပေလွှာ့အနားသို့နီးသည်ထက်နီအောင်ကပ်သွားပြီးဘာတစ်ခွန်းမျှမပြောသေး၊သူမလက်ထဲကနိုင်းရဲ့ဖုန်းကိုသာspeakerပိတ်ပြီးခေါ်ဆိုနေမိ၏။သိပ်မကြာမီ တဖက်ကနိုင်းဖုန်းကိုင်ပြီးနိုင်းမျက်နှာပေါ်လာမှဘဲသူမspeakerပြန်ချဲ့၍ ပေလွှာ့ရှေ့တည့်တည့်ဖုန်းကိုကိုင်ရပ်လိုက်လေရာ...........

"ပေလွှာ"

ကြည်လင်ပြတ်သားစွာထွက်ပေါ်လာတဲ့နိုင်းအသံကိုကြားသည့်တစ်ပြိုင်နက်ပေလွှာ့မျက်နှာကစောစောနဲ့မတူ သိိသိသာသာဝင်းပသွားသလိုမျက်လုံးလေးများကအစတလက်လက်တောက်ပသွားသလို ယွန်းမှီပါအလိုလိုလိုက်လံပြုံးရသည်အထိအပျော်များကူးစက်နေသလိုသည့်ပမာသူတို့ကိုပြုံးသွားစေခဲ့တာ....။

"မောင်လား....မောင်ငါ့ဆီပြန်လာပြီပေါ့"

ဖုန်းမှတဆင့်ကြားနေရတဲ့နိုင်းအသံကိုကြားပြီး အခန်းထဲဝင်လာသူဟာနိုင်းထင်နေတဲ့ပေလွှာ့အသံလေးကရင်နင့်ဖွယ်၊မျှော်လင့်တကြီးနဲ့မေးနေရှာတဲ့ထိုကောင်လေးကို မဟုတ်ကြောင်းဘယ်လိုပင်အသိပေးလိုက်ရမလဲတောင်နိုင်းမသိတော့ပါ။​ဆက်ပြီးပြောစရာစကားလုံးများပင်လေထဲပျေုက်ကွယ်သွားသည့်အလား အစပင်ရှာမရတော့သည့်အတိုင်းနိုင်းဆွံ့အနေသလိုပင်ဘာမှပြောမထွက်ပေ။

"မောင်.....တစ်ခုခုပြန်ပြောဦးလေမောင်ရဲ့၊မောင်ပြန်လာတာလားလို့...."

(Zawgyi)

ကြၽီ..........

ညသန္းေခါင္အခ်ိန္ႀကီးမွ ယြန္းမွီေရထဆာလာသျဖင့္ အိပ္ခ်င္ေနတ​ဲ့မ်က္လုံးမ်ားကိုႀကိဳးစားဖြင့္လိုက္ရ၏။မေသာက္မျဖစ္ေတာ့လို႔သာထၿပီးေသာက္ရမယ္၊ေမွးစင္းေနတဲ့သူမမ်က္လုံးမ်ားကေတာ့ထခ်င္ပုံမေပၚေသး။သို႔ေသာ္လည္းသူမအာေခါင္မ်ားအေတာ္ေလးေျခာက္ေနသည့္အဆုံး မထင္ခ်င္ထခ်င္နဲ႕ဘဲထၿပီးေရေသာက္ဆင္းရန္အခန္းထဲကထြက္ခဲ့၏။လူေျခတိတ္ေနတဲ့အခ်ိန္၊တစ္နည္းအိမ္အကူမ်ားပါအိပ္ေနတဲ့အခ်ိန္ေတာင္ေရာက္ေနၿပီမို႔ခိုင္းစရာလူကလဲမရွိ။ဒါနဲ႕ဘဲသူမဘာသာေရဆင္းေသာက္ရန္ဆုံးျဖတ္လိုက္ရျခင္းဘဲျဖစ္၏။

အခန္းထဲကထြက္လာၿပီးယြန္းမွီအိမ္ႀကီးရဲ႕ေအာက္သို႔ဆင္းရန္ျပင္ေနခဲ့ရာ ေလွကားေပၚေတာင္ေျခလွမ္းမ်ားစလွမ္းလို႔ေနၿပီးမွ ေပလႊာရွိရာအခန္းေလးသို႔အၾကည့္ေရာက္ျဖစ္ေအာင္ေရာက္သြားေသးသည္။။ဒီအခ်ိန္ဆိုအားလုံးအိပ္ေနေလာက္မည့္အခ်ိန္မို႔ ေပလႊာလဲသူတို႔နည္းတူအိပ္ေနေလာက္ၿပီထင္ပါရဲ႕။ထို႔ေၾကာင့္သူမ''အိပ္ေနေလာက္ပါၿပီ'ဟုေရ႐ြတ္ၿပီး အခန္းကိုအၾကည့္လႊဲ၍ေအာက္ထပ္သို႔ဆင္းလာေလသည္။

အိမ္ေအာက္တြင္အိမ္ႀကီးရဲ႕အတြင္း၌ အိမ္အကူအလုပ္သမားေတြအပါအဝင္မည္သူတစ္ဦးတစ္ေယာက္မ်မရွိေခ်။ေန႕ဘက္ဆိုအလုပ္သမားေတြရဲ႕အသံေတြနဲ႕အသက္ဝင္ဆူညံေနတဲ့အိမ္ႀကီးက ညဘက္တိတ္ဆိတ္ေနပုံကအပ္က်ရင္ေအာင္ၾကားရမည့္ပုံမ်ိဳး။အလုပ္သမားမ်ားလည္းဒီအခ်ိန္ဆိုခါတိုင္းလိုအိမ္ျပန္ေနာက္က်တက္တဲ့နိုင္းကိုေစာင့္ဖို႔လဲမလိုေတာ့တာေၾကာင့္ အိပ္လို႔ေနေလာက္မွာအေသအခ်ာပင္။ေျပာလို႔သာေျပာရပါတယ္ ေပလႊာဤအိမ္စေရာက္ကထဲက နိုင္းအိမ္ျပန္မေနာက္က်တက္ေတာ့၊အေရးႀကီးသည့္ကိစၥမ်ားရွိရင္ေတာင္ဟိုအရင္ကလိုေနာက္က်ေအာင္အျပင္မွာေနတက္တဲ့အက်င့္မ်ားေပ်ာက္ကြယ္ခဲ့တာေတာင္အေတာ္ၾကာခဲ့ပါၿပီေလ။

ယြန္းမွီအိမ္ေအာက္ေရာက္ေရာက္ျခင္း မီးဖိုခန္းသို႔သြား၍ေရခဲေသတၱာထဲကေရဘူးေလးကိုထုတ္ယူေမာ့ေသာက္ရင္းေရခဲေသတၱာကိုျပန္ပိတ္လိုက္၏။

ဘမ္း....

ထို႔ေနာက္ အိမ္ႀကီးရဲ႕အေပၚထပ္သို႔ေရေသာက္လ်က္သားျဖင့္ျပန္တက္လာစဥ္ သူမရဲ႕အခန္းသို႔မဝင္ခင္ေပလႊာ့အခန္းကိုထပ္မံၾကည့္မိသြားျပန္သည္။သူမေပလႊာအိပ္ေနေလာက္ၿပီလို႔ေတြးၿပီး အခန္းထဲဝင္ဖို႔ႀကိဳးစားေပမဲ့အရာမထင္၊စိတ္ထဲေသခ်ာခ်င္တဲ့စိတ္တစ္ခုေၾကာင့္ေပလြႊာ့ကိုသြားၾကည့္ဖို႔ယြန္းမွီဆုံးျဖတ္လိုက္ရသည္။ထို႔ေနာက္သူမလက္ထဲကေရဘူးေလးကိုအဖုံးျပန္ပိတ္လိုက္ၿပီး ေပလႊာ့အခန္းသို႔သူမလွမ္းလာမိသည္။ေပလႊာနဲ႕ပတ္သက္ရင္နိုင္းေသခ်ာမွာခဲ့တာမို႔ ယြန္းမွီအမွားအယြင္းမခံနိုင္ပါ။နိုင္းမရွိတဲ့အခ်ိန္အတြင္း သူမကိုယ္သူမထက္ေပလႊာ့ကိုပိုၿပီးေစာင့္ေရွာက္ဖို႔ဆုံးျဖတ္ထားသည္အထိပင္။

ကြၽီ..............

သူမအခန္းတံခါးကိုျဖည္းျဖည္းျခင္းတြန္းၾကည့္ေတာ့ အထဲကေလာ့ခ်မထား။အလြယ္တကူဖြင့္လို႔ရေပမဲ့ ေပလႊာအိပ္ေနလွ်င္နိုးလာမွာေၾကာက္သည့္စိတ္ေၾကာင့္တျဖည္းျဖည္းသာဖြင့္လိုက္ခ်ိန္ အခန္းတစ္ခန္းလုံးေမွာင္မိုက္ေနသျဖင့္

ေဂ်ာက္........

သူမအခန္းတံခါးေဘးမွာတပ္ဆင္ထားတဲ့မီးခလုတ္ေလးကိုသာ ဖြင့္လိုက္ရ၏။။ထို႔ေနာက္ဖ်က္ခနဲလင္းလာတဲ့အလင္းေရာင္ေလးနဲ႕အတူ သူမျမင္လိုက္ရတဲ့ျမင္ကြင္းေလးေၾကာင့္ယြန္းမွီရင္ထဲေအာင့္ခနဲ။ၾကမ္းျပင္ေပၚမွာအခန္းနံရံေထာင့္ေလးကိုမွီၿပီးထိုင္ေနတဲ့ေပလႊာ့ကိုျမင္ျမင္ခ်င္း သူမဘာမွမေတြးနိုင္ေလာက္ေအာင္စိုးရိမ္သြားသည္မို႔ လႊတ္ခနဲဘဲ............

"ေပလႊာ"ဟုသာက်ယ္ေလာင္စြာေခၚမိသြား၏။

ေအးစက္ေနတဲ့ေလညင္းရဲ႕အထိအေတြ႕နဲ႕အတူ ေမွာင္မိုက္မႈမ်ားစြာျဖင့္အခန္းရဲ႕ေထာင့္ေလးမ်ားထိုင္ေနခဲ့တဲ့ေပလႊာ။ေမွးစင္းေနတဲ့မ်က္လုံးေလးမ်ားမွိတ္လို႔မသြားေအာင္ေပလႊာအားယူဖြင့္ရင္း လက္မ်ားကလဲ တုတ္ကေလးေတြကိုတစ္ေခ်ာင္းနဲ႕တစ္ေခ်ာင္းညီေအာင္ခန့္မွန္းၿပီးခ်ိဳးလို႔သာ။

ေခၚသံၾကားလို႔ထင္ပါရဲ႕၊တုတ္ေလးခ်ိဳးေနတဲ့ေပလႊာ့လက္ကေလးေတြရပ္တန့္သြားၿပီး အသံလာရာကိုအသက္မဲ့တဲ့အၾကည့္ေလးေတြနဲ႕ေပလႊာၾကည့္ေနခဲ့သည္။ဘယ္သူဘယ္ဝါလဲေတာင္ေပလႊာမေမးပါ။

ယြန္းမွီမွာေတာ့ သူမရွိရာကိုအသက္မဲ့စြာၾကည့္ေနတဲ့ေပလႊာ့ဆီသို႔ခပ္ျမန္ျမန္ေလွ်ာက္လွမ္းလာၿပီး ေဘးမွာက်ဳံ႕က်ဳံ႕ေလးထိုင္ခ်ကာ...........

"မအိပ္ေသးဘူးလားေပလႊာ ေနာက္က်ေနၿပီ"ဟုေပလႊာ့ပခုံးေလးမ်ားကိုဆုပ္ကိုင္ၿပီးေျပာလိုက္၏။

ေဖ်ာက္......ေဖ်ာက္..........

ထိုအခါသူမအား ေပလႊာၿပဳံးျပယုံကလြဲလို႔ဘာမွမတုန့္ျပန္မိ၊သူခ်ိလက္စတုတ္ေခ်ာင္းေလးေတြကိုဘဲအာ႐ုံစိုက္ခ်ိဳးေနဆဲပါ။

ေပလႊာတစ္ေယာက္သူမကို​ၿပဳံးျပယုံကလြဲရင္ ဘာမွမေျပာဘဲတုတ္ေခ်ာင္းေလးေတြကိုတေဖ်ာက္ေဖ်ာက္နဲ႕ခန့္မွန္းခ်ိဳးေနတဲ့ပုံကိုၾကည့္ရသည္မွာရပ္တန့္မည့္ပုံလည္းမေပၚေသး။ယြန္းမွီတုတ္မ်ားကိုခ်ိဳးေနတဲ့ေပလႊာ့လက္ကေလးေတြကိုၾကည့္မိရာနီရဲၿပီးေသြးေၾကေလးမ်ားပင္ဥေနၿပီမို႔ သူမမေနသာေတာ့ေပ။ေပလႊာ့လက္ကေလးမ်ားကိုသာဆတ္ခနဲဆြဲလိုက္ၿပီး.........

"ဘာေတြလုပ္ေနတာလဲေပလႊာရယ္....အိပ္ပါေတာ့ေနာ္။မနက္မွမီွကူလုပ္ေပးမယ္ေလ"

"ငါအိပ္လို႔မျဖစ္ဘူးမွီ...."

"ဟင္!....ဘာလို႔လဲဟင္ ေပလႊာအိပ္မေပ်ာ္လို႔လား"

ထိုအခါေပလႊာေခါင္းေလးတသြင္သြင္ခါရမ္း၍ ျငင္းေလၿပီး.........

"နာရီေလးက၁၂နာရီထိုးရင္ႏွိုးစက္ေပးမွာ......အဲ့ဒါမွေမာင္ထြက္သြားတဲ့ရက္ကေလးကိုငါပထမဆုံးမွတ္နိုင္

မ်က္လုံးအိမ္အတြင္းဆို႔တက္လာတဲ့မ်က္ရည္မ်ားကို ယြန္းမွီထိန္းခ်ဳပ္ဖို႔ပင္ေမ့ေလ်ာသြားသည့္အလားသူမမ်က္ႏွာေပၚသို႔မ်က္ရည္ပူမ်ားက်ဆင္းလာခဲ့၏။ေနာက္ၿပီးေပလႊာ့လက္ကေလးကိုကိုင္ထားတဲ့သူမလက္မ်ားကလည္း ဆက္ကိုင္ထားဖိုျမၿမဲေတာ့၊တဆတ္ဆတ္တုန္ယင္လို႔ေနတာေၾကာင့္ ေပလႊာ့လက္ကိုသူမလႊတ္လိုက္ၿပီးသူမပါးစပ္ေလးကိုအုပ္ရင္းကာရွိုက္လို႔ငို႔ေနဆဲ..........

"ငါအိပ္သြားရင္ႏွိုးစက္ကေလးရဲ႕အသံကို ငါၾကားနိုင္မွာမဟုတ္ဘူး။၁၂ထိုးလို႔ႏွိုးစက္ေလးပိတ္သြားမွ ငါအိပ္မွာ"ဟုဆိုေလတဲ့ေပလႊာ့စကားသံေအးေအးေလးက သူမရင္အားထိုးႏွက္ေနသည့္အလား နာက်င္ရ၏။

သူမရင္ဘက္တစ္ခုလုံးေအာင့္သက္နာက်င္လာတဲ့ခံစားမႈေၾကာင့္ ပါးစပ္ကေလးကိုလက္ျဖင့္အုပ္ကာငိုေနတဲ့ယြန္းမွီခမ်ာအသံလဲမထြက္ရဲပါ။ငိုသံၾကားမွျဖင့္ေပလႊာထပ္မံစိတ္မေကာင္းျဖစ္မည္ဆိုး၍ အသံမထြက္ေအာင္မနည္းႀကိဳးစားရင္းငိုေနမိ၏။ထို႔ေနာက္ သူမအၾကည့္မ်ားကကုတင္ေဘးမွာတင္ထားတဲ့နာရီေလးဆီတျဖည္းျဖည္းအၾကည့္ေရာက္သြားသည့္အခါ တေ႐ြ႕ေ႐ြ႕လႈပ္ရွားေနတဲ့နာရီကမိနစ္လက္တံေလးၫႊန္ျပေနသည့္အခ်ိန္အရ ၁၂နာရီထိုးဖို႔၁မိနစ္ပါလိုေတာ့သည္မို႔ေတာ္ေသးသည္။မဟုတ္လွ်င္ ၁၂နာရီမထိုးမခ်င္းေပလႊာအိပ္မွာမဟုတ္။

တစ္ခဏအၾကာ........

တီတီ.......တီတီ.......တီတီ..........

အဆက္မျပတ္ထၿပီးျမည္လာတဲ့ႏွိုးစက္ေလးရဲ႕အသံကိုၾကားေတာ့ ေပလႊာသူခ်ိဳးထားတဲ့တုတ္ေခ်ာင္းေလးကို ေဘးမွာအသင့္ရွိေနတဲ့ဖန္ပုလင္းအလြတ္ေလးထဲသို႔ထည့္ေလသည္။ေပလႊာ့လုပ္ရပ္တိုင္းကို နားမလည္နိုင္တဲ့အၾကည့္မ်ားျဖင့္ၾကည့္ေနတဲ့ယြန္းမွီမွာေတာ့မ်က္ေတာင္ပင္တစ္ခ်က္မခတ္၊တုတ္ေခ်ာင္းေလးကိုဖန္ပုလင္းထဲစထည့္သည့္အခ်ိန္မွအစ ဖန္ပုလင္းေလးျပန္ပိတ္သြားတဲ့အထိေငးေမာလ်က္ပါ။

ယြန္းမွီ ေပလႊာ့လုပ္ရပ္ကိုအစအဆုံးၾကည့္မိခဲ့ေပမဲ့ အခုအခ်ိန္ထိဘာမွနားမလည္ေသး။သူမကဘဲဉာဏ္တိမ္ေနသည္လား ေပလႊာကဘဲေတာ္လြန္းေနသည္လားေတာ့မေျပာတက္။အစအဆုံးျမင္ေနခဲ့တာေတာင္ ဘာကိုရည္႐ႊယ္ေနမွန္းနားမလည္ေသးေတာ့.......

"ေပလႊာ ဒါေတြကဘာေတြလဲဟင္"

စူးစမ္းလာတဲ့ယြန္းမွီအေမးကိုမေျဖခင္ ေပလႊာလက္ထဲဖန္ပုလင္းေလးကိုတယုတယပိုက္လ်က္ပါ။ၿပီးေတာ့ ထိုပုလင္းေလးေပၚေခါင္းေလးတင္ၿပီးမ်က္ရည္ေလးမ်ားကလည္းတစ္သြင္သြင္စီးဆင္းလို႔။

"ဒီေန႕ဆိုေမာင္သြားတာတစ္ရက္ေျမာက္တဲ့ေန႕....ေနာက္ႏွစ္ဆယ့္ကိုးရက္ေနရင္ေမာင္ကငါ့ဆီျပန္လာမွာ၊ၿပီးေတာ့......"

ေပလႊာေျပာလက္စစကားကိုဆက္မေျပာ၊ခဏတာၿငိမ္သက္သြားၿပီးမွ......

"ျပကၡဒိန္ကရက္ေတြကိုငါလိုက္မွတ္ၿပီးေရတြက္ရေအာင္လည္းငါမွမျမင္နိုင္တာမွီရယ္....ဒီပုလင္းေလးထဲသာငါခ်ိဳးထားတဲ့တုတ္ေခ်ာင္းေလးအေခ်ာင္းသုံးဆယ္လုံးျပည့္သြားရင္ငါေမာင္နဲ႕ေတြ႕ရမွာ"

ယြန္းမွီေျပာစရာစကားလည္းရွာမရေတာပါ။အားေပးစကားေတြတစ္သီႀကီးေျပာၿပီး၊ေဘးနားကေပလႊာ့ကိုေျဖသိမ့္ခ်င္ေသာ္လည္း သူမကိုယ္သူမေတာင္ေျဖသိမ့္နိုင္စြမ္းမရွိ။အငိုရပ္ေအာင္မနည္းႀကိဳးစားထိန္းေနသည့္ၾကားက ရပ္တန့္ျခင္းမရွိတဲ့မ်က္ရည္ေတြကလည္းသူမစကားကိုနားမေထာင္ခ်င္။အဆတ္မျပတ္သာစီးဆင္းေနပါသည္ေကာ။

"ေမာင္သြားတာေတာင္တစ္ရက္ဘဲရွိေသးတယ္...ငါေမာင့္ကိုျပန္ေတြ႕ခ်င္ေနၿပီ....အဟင့္.....ဟင့္။ငါ....ငါ..ေမာင့္အေပၚအရမ္းေလာဘႀကီးမိေနၿပီထင္တယ္မွီရယ္...ငါမွားမ်ားမွားေနၿပီလားဟင္"

ရင္ဘက္ထဲကဖန္ပုလင္းေလးအားတင္းၾကပ္စြာဆုပ္ကိုင္ငိုေနတဲ့ေပလႊာ့ကိုျမင္ၿပီး သူမလဲအငိုပင္မတိတ္ေတာ့ဘဲငိုသံပါႀကီးျဖင့္ေျပာမိသည္က......

"မဟုတ္ပါဘူးေပလႊာရယ္....မဟုတ္ပါဘူး.....အကိုနိုင္းနဲ႕ေပလႊာတို႔ကလက္ထပ္ထားၾကတဲ့သူေတြဘဲေလ။တစ္ေယာက္ကိုတစ္ေယာက္ေလာဘရွိၾကတာ ေပလႊာမမွားပါဘူး"

"အင့္....ဟင့္....တစ္ရက္ေတာင္အရမ္းၾကာတာ...တစ္လဆိုေမာင္ငါ့ကိုေမ့သြားမလားဘဲ"

"အ႐ူးေလး....အကိုနိုင္းလားေမ့မွာ ...မေတြ႕ရတဲ့အခ်ိန္ေတြမွာလြမ္းလြန္းလို႔ပါဆိုၿပီးေပလႊာ့ကိုပိုၿပီးေတာင္ခ်စ္ဦးမွာ"

"တကယ္လားဟင္"

"တကယ္ေပါ့...မွီကေပလႊာ့ကိုညာရဲပါ့မလား"

"ငါမွီ့ကိုယုံပါတယ္"

"ယုံတယ္ဆိုရင္လည္း ေပလႊာအိပ္ေတာ့ေနာ္၊ေတာ္ၾကာေနအကိုနိုင္းက ေပလႊာ့ကိုေသခ်ာဂ႐ုမစိုက္ရမလားဆိုၿပီးျပန္လာက်မွီ့ကိုမ်က္လုံးႀကီးေတြျပဴးၿပီးဆူေနဦးမယ္"

"ခစ္ခစ္...အဲ့က်ငါေမာင့္ကိုျပန္ဆူမွာေပါ့"

"ဟြန့္...ေပလႊာကဆိုင္ေၾကာင္းပိုင္ေၾကာင္းျပေနတာလား"

"အဲ့လိုျဖစ္သြားတာလား"

"ေပလႊာေနာ္...မွီေတာင္အားငယ္လာၿပီ....အဟင့္....ဟင့္"

"ခစ္ခစ္..."

မ်က္ရည္ေလးကိုသုတ္ၿပီးတခစ္ခစ္ရယ္ေနတဲ့ေပလႊာ့ကိုပိုၿပဳံးလာေစရန္ ယြန္းမွီအလိုက္သင့္စေနခဲ့ရာ ေပလႊာ့မ်က္ႏွာေလးပိုၿပဳံးလာတာေၾကာင့္သူမစေနာက္ရက်ိဳးနပ္ပါသည္။၄င္းနည္းတူအိပ္ေရးပ်က္ရက်ိဳးလဲနပ္၏။

~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~
ဲဘမ္း..........

ဦးျမတ္ေမာင္႐ုံးခန္းအတြင္းဝင္လာစဥ္ နိုင္းအားျဖင့္ပစ္ခ်လိဳက္တဲ့စာ႐ြက္စာတမ္းေတြကစားပြဲေပၚေတြမွာေကာေအာက္မွာပါျပန့္က်ဲလို႔ေနသည္။နိုင္းကိုၾကည့္ေတာ့လည္းနဖူးေၾကာႀကီးမ်ားေထာင္ၿပီးေဒါသထြက္ေနသည့္ပုံရ၏။။ေနာက္ၿပီးသူ႕ကိုပါမ်က္ေထာက္နီႀကီးနဲ႕ၾကည့္လာတာမို႔အေျခအေနကို ဦးျမတ္ေမာင္ရိပ္မိစျပဳလာ၏။ထိုအရာေတြအစပ်ိဳးေစခဲ့သည့္အေၾကာင္းကေတာ့ မနက္ကထဲကနိုင္းကို ဦးျမတ္ေမာင္ဖုန္းေပးမကိုင္။နိုင္းအိပ္ရာကမနိုးခင္ကထဲကဖုန္းႀကိဳသိမ္းထားၿပီး အလုပ္ထဲမွာဘဲစိတ္ႏွစ္လုပ္ေစခဲ့တာ ညေနေစာင္းေတာင္ေရာက္လို႔ေနၿပီ။အမိန့္အရမို႔ပါဖုန္းသိမ္းထားရေသာ္ျငား သူလည္းနိုင္းကိုၾကည့္ၿပီးစိတ္မေကာင္းရပါ။တစ္ေန႕လုံးအလုပ္ေတြဖိလုပ္ေနေပမဲ့ စိတ္မပါဘဲမွိုင္ေတြေနသည့္နိုင္းကိုသနားရသည္မွာလည္းအႀကိမ္ႀကိမ္ပင္။

"ေျပာ...ဘာေတြဆက္လုပ္ရဦးမွာလဲေျပာ"...မာန္ပါပါနဲ႕တမင္႐ြဲ႕ေျပာေနတဲ့နိုင္းမ်က္ႏွာက မငိုယုံတမယ္။မနက္ကထဲကဖုန္းသိမ္းခံထားရတာနဲ႕ သူယြန္းမွီဆီဖုန္းမဆက္ျဖစ္ခဲ့။ညကလည္းေကာင္းေကာင္းအိပ္မေပ်ာ္ တစ္ညလုံးျပဴးက်ယ္ေနတဲ့မ်က္လုံးကိုအျပစ္မတင္ရက္ဘဲေဆးလိပ္တစ္လိပ္ၿပီးတစ္လိပ္ဖြာရင္းနဲ႕အထီးက်န္စြာဘဲကုန္ဆုံးခဲ့ရသည့္သူ႕အျဖစ္ရယ္ပါ။

"ဒီမွာ......နိုင္း"

သူ႕အားမ်က္ႏွာလြဲၿပီးတစ္ျခားတစ္ဘက္ဆီဦးတည္ၾကည့္ေနတဲ့ နိုင္းကိုအသံျပဳၿပီးကိုယ္နဲ႕မကြာအသင့္ပါလာတဲ့ဖုန္းေလးကိုဦးျမတ္ေမာင္ထုတ္လိုက္၏။သူ႕ဘက္သို႔မလွည့္ခ်င္လွည့္ခ်င္နဲ႕လွည့္ၾကည့္တဲ့နိုင္းမ်က္ႏွာကေတာ့မႈန္ကုပ္ကုပ္နဲ႕။

ဖုန္းကိုျမင္ျမင္ျခင္းနိုင္းေပ်ာ္သြားတာအမွန္။သို႔ေပမဲ့အမူအရာမပ်က္ေအာင္ သိသိသာသာမျပဳမူရဲ။မ်က္ႏွာပိုးတပ္ၿပီး ႐ုပ္တည္ႀကီးနဲ႕သာေနၿမဲေနေနခဲလ်က္ပါ။

"ေပး...."

နိုင္းထိုင္ေနရာမွခ်က္ခ်င္းထလာၿပီး ဦးျမတ္ေမာင္ဆီကဖုန္းကိုသူဆတ္ခနဲဆြဲယူလိုက္ေလသည္။ထို႔ေနာက္ယြန္းမွီဆီဖုန္းဆက္ဖို႔ျပင္ခ်ိန္ ဦးျမတ္ေမာင္သူ႕အားၾကည့္ေနဆဲမို႔.........

"ကြၽန္ေတာ္ဖုန္းေျပာေနတဲ့အေၾကာင္းေတြကအစ.....အေသးစိတ္လိုက္ၿပီးဦးေသာ္ကကိုသံေတာ္ဦးတင္ဖို႔လုပ္ေနတာလား ဦးျမတ္ေမာင္"

ဦးျမတ္ေမာင္ထိုသို႔စိတ္မရွိပါ။ဦးေသာ္ကက သူ႕အားနိုင္းကိုဖုန္းေပးမကိုင္ဖို႔ေျပာထားတာေတာင္ စြန့္စားေပးထားသူပီပီနိုင္းတို႔ေျပာမဲ့စကားေတြကိုသူျပန္ေျပာဖို႔အစီအစဥ္မရွိေခ်။ဒါကိုနိုင္းသူ႕အားအထင္လြဲေနသည့္တိုင္ေအာင္ သူၿပဳံးၿပဳံးေလးဘဲ......

"မဟုတ္ပါဘူးနိုင္း"....လို႔သာတစ္ခြန္းထဲေျပာၿပီး နိုင္းအခန္းထဲကျပန္ထြက္ဖို႔ျပင္လိုက္သည္။

"ဦးျမတ္ေမာင္"

ဦးျမတ္ေမာင္အခန္းထဲကထြက္သြားဖို႔အတြက္ အခန္းတံခါးေတာင္ဖြင့္လို႔ေနၿပီးမွ နိုင္းရဲ႕ေခၚသံေၾကာင့္တံခါးကိုဖြင့္ေနတဲ့သူ႕လက္မ်ားရပ္တန့္သြား၏။ထို႔ေနာက္နိုင္းရဲ႕ဘက္သို႔သူျပန္လွည့္လိုက္ၿပီး......

"ေျပာပါနိုင္း"

"ေက်းဇူးပါ"

ဖုန္းေလးကိုတစ္ခ်က္ျမႇောက္ျပၿပီး ေက်းဇူးတင္စကားဆိုလာတဲ့နိုင္းကို သူျပန္သာၿပဳံးျပလိုက္တယ္၊ဘာမွေတာ့ထပ္မေျပာေပ။ေျပာစရာစကားလဲမရွိတာမို႔ နိုင္းအေႏွာက္အယွက္မျဖစ္ေစရန္ဘဲအခန္းထဲကထြက္လာခဲ့ေလသည္။

တူ.......တူ.......တူ........

နိုင္း ဦးျမတ္ေမာင္ထြက္သြားသည္ႏွင့္ဆိုင္းတြျခင္းမရွိေလဘဲ ယြန္းမွီဆီခ်က္ခ်င္းဖုန္းဆက္ရင္းဘဲ အခန္းအတြင္းဟိုေလွ်ာက္ဒီေလွ်ာက္နဲ႕ဘဲသူမဖုန္းကိုင္မဲ့အခ်ိန္ကိုေစာင့္ဆိုင္းေနရသည္။ေလွ်ာက္လမ္းေနတဲ့နိုင္းေျခလွမ္းတိုင္းကလဲေႏွးသြားလိုက္ျမန္သြားလိုက္နဲ႕ပုံမွန္မရွိပါ၊ေနာက္ၿပီးနိုင္းစိတ္လႈပ္ရွားေနေသာေၾကာင့္လားပင္မသိ ယြန္းမွီဖုန္းကိုင္မဲ့အခ်ိန္ကခါတိုင္းထက္ပိုၿပီးေႏွးေနသည့္အတိုင္းပင္။ၾကာၿပီးရင္းၾကာလို႔ေနသည္။

တစ္ခဏမွ်အၾကာ.......

"ဟယ္လို"

တက္ႂကြေနတဲ့အသံေလးနဲ႕ သူ႕အားဝမ္းသာအားရၿပဳံးျပေနတဲ့ယြန္းမွီမ်က္ႏွာေလးကိုနိုင္းဖုန္းscreenမွတစ္ဆင့္ျမင္ေတြ႕ရေလသည္။သို႔ေသာ္တဖက္ကယြန္းမွီမ်က္ႏွာကိုဖုန္းမွတစ္ဆင့္ျမင္ေနရသည့္တိုင္ေအာင္ နိုင္းမေပ်ာ္နိုင္ေသး။သူယြန္းမွီကိုအၾကည့္မေရာက္ဘဲအေနာက္ကိုသာ ေပလႊာ့ကိုျမင္ရရန္ရွာေဖြေနမိ၏။

ယြန္းမွီသူမဝမ္းသာအားရျပဳျပႏႈတ္ဆက္ေနေပမဲ့ သူမကိုအာ႐ုံမေရာက္တဲ့နိုင္းကိုျမင္ၿပီးနိုင္းအေၾကာင္းကိုသိသူပီပီ သက္ျပင္းခပ္ျပင္းျပင္းတစ္ခ်က္ခ်ရင္းေခါင္းကိုသာတစ္သြင္သြင္ရမ္းမိသည္။ေနာက္မွ ဝရန္တာမွာငုတ္တုတ္ေလးထိုင္ေနတဲ့ေပလႊာ့ဘက္ကို နိုင္းျမင္ရေစရန္ဖုန္းကိုေ႐ႊ႕ျပလိုက္ကာ........

"ေပလႊာဝရန္တာမွာထိုင္ေနတယ္ အကိုနိုင္း"

ဖုန္းထဲမွတစ္ဆင့္ျမင္ေနရတဲ့ယြန္းမွီနဲ႕ေပလႊာတို႔ကတစ္ေနရာစီျဖစ္လို႔ေနလ်က္ပါ။ၿခံထဲမွာေရာက္ေနတဲ့ယြန္းမွီျပလို႔ ဝရန္တာမွာထိုင္ေနတဲ့ေပလႊာ့ကိုျမင္ေနရပါေသာ္လည္းနိုင္းစိတ္ကမတင္းတိမ္နိုင္။ပို၍နီးကပ္စြာဘဲ ျမင္ခ်င္ေသးတာေၾကာင့္ .........

"မွီ.....ေပလႊာ့ဆီ...."

"ေပလႊာ့ဆီသြားလို႔ေျပာမလို႔မဟုတ္လား ဟြန့္....မွီသိသားဘဲ"

ႏႈတ္ခမ္းေလးမ်ားတြန့္ၿပီးသူ႕အားမဲ့ကာ႐ြဲ႕ကာျဖင့္ျပန္ေျပာေနတဲ့သူမကို နိုင္းေခါင္းသာၿငိမ့္ျပလိုက္လွ်င္.........

"မွီသြားေပးပါမယ္ရွင္"

"ေနဦး...မွီ'

ေပလႊာ့ဆီသြားဖို႔လုပ္ေနတဲ့ယြန္းမွီေျခလွမ္းမ်ား နိုင္းစကားေၾကာင့္ဆက္ပင္မလွမ္းမိ၊ေျခစုံရပ္လ်က္သာ သူမနိုင္း​ေျပာမဲ့စကားကိုဆက္ၾကားဖို႔ရပ္ေနေလသည္။

နိုင္းလည္းသူေျပာမဲ့စကားကိုနားစြင့္ေနပုံေပၚတဲ့သူမေၾကာင့္.........

"အကိုဖုန္းခ်လိဳက္ေတာ့မယ္မွီ"

ယြန္းမွီနားမလည္နိုင္ပါ။ေစာေစာကဘဲေပလႊာနဲ႕စကားေျပာခ်င္လို႔ သူမကိုေပလႊာ့ဆီသြားခိုင္းေနတဲ့နိုင္း ဘယ္လိုမ်ားျဖစ္သြားပါလိမ့္။သူမဘဲနားၾကားမွားသည္လား နိုင္းဘဲဘာစိတ္ကူးေပါက္သြားသည္လားပင္မသဲကြဲတာေၾကာင့္.......

"ေပလႊာနဲ႕စကားမေျပာေတာ့ဘူးလားအကိုနိုင္း"

"ေျပာမွာမွီ"

"ဒါနဲ႕မ်ားဘာလို႔...."

"ဟင္း...မွီနားမလည္ပါဘူး။အကိုဘဲသိတာမိုလို႔ အကိုေျပာတဲ့အတိုင္းဘဲလုပ္...အခုအကိုဖုန္းခ်လိဳက္မယ္ မွီကေပလႊာ့ဆီသြားၿပီးေပလႊာ့အနားေရာက္မွဖုန္းျပန္ေခၚ"

"မွီနားလည္ၿပီအကိုနိုင္း ဒါဘဲေနာ္"

"အင္း"

တူ

ယြန္းမွီဖုန္းကိုခ်က္ခ်င္းခ်ၿပီးေနာက္ အိမ္ရဲ႕အေပၚဆုံးအထပ္ ေပလႊာရွိရာသို႔ခက္သြက္သြက္သာေလွ်ာက္လွမ္းလာခဲ့သည္။အေျပးေလးမတက္ယုံတမယ္ေလွ်ာက္လွမ္းလာတဲ့သူမေျခလွမ္းမ်ားက ေပါ့ပါးသြက္လက္လ်က္ေပလႊာရွိရာဝရန္တာကိုဦးတည္ေနခဲ့ရာ........

"မွီ"

ေပလႊာရွိတဲ့အခန္းထဲဝင္ဖို႔ျပင္လိုက္ခ်ိန္မွာဘဲ အေနာက္ကေခၚသံေၾကာင့္ယြန္မွီေျခလွမ္းမ်ားရပ္တန္ၾသားရသည္။ေစာေစာကၿပဳံးေနခဲ့တဲ့သူမရဲ႕အၿပဳံးေတြကလဲ ရင္းႏွီးလွတဲ့ထိုအသံေၾကာင့္ေပ်ာက္ကြယ္စျပဳစြာဘဲ အသံလာရာအေနာက္သို႔ျပန္လွည့္ၾကည့္လိုက္၏။

ယြန္းမွီအေနာက္သိုျပန္လွည့္ၾကည့္ခ်ိန္ ဦးေသာ္ကတစ္ဦးထဲကိုဘဲေတြ႕ရသည္မဟုတ္၊စိုင္းလူကိုပါဦးေသာ္ကနဲ႕ယွဥ္ရပ္ေနသည္ကိုေတြလိုက္ရသည္။သူတို႔မွန္းသိတာနဲ႕ ဖုန္းကိုကိုင္ထားတဲ့ယြန္းမွီ သူမလက္မ်ားအေနာက္သို႔ျဖည္းျဖည္းခ်င္းပို႔ၿပီးသာ ပါးနပ္စြာဘဲမ်က္ႏွာပိုးတပ္ၿပီးျပန္လည္ၿပဳံးျပလိုက္ေလကာ.......

"မွီ့ကိုေခၚတာလားအဖိုး"

"ဟုတ္တယ္....သမီးကေကာဘယ္သြားမလို႔လဲ"

"ေပလႊာ့ဆီပါအဖိုး"

"ဒီေကာင္ေလးအတြက္နဲ႕ေတာ့အဖိုးတို႔စကားစကားေျပာမွျဖစ္ေတာ့မယ္"

"ေနာက္မွေျပာလို႔မရဘူးလားဟင္"

"သမီးအဲ့ေကာင္ေလးဆီသြားမွာဆိုသြားပါ ၿပီးရင္ေတာ့အဖိုးဆီခဏလာခဲ့"

"ဟုတ္ကဲ့ပါအဖိုး"

ဦးေသာ္ကဆီကခြင့္ျပဳခ်က္ရတာနဲ႕ ယြန္းမွီအခန္းထဲကိုသာတုန့္ဆိုင္းမေနဘဲဝင္သြားေလသည္။ေမွာင္မိုက္မေနဘဲမီးမ်ားလင္းထိန္ေနတဲ့အခန္းထဲမွာသူမေရာက္သည့္အခ်ိန္ ေပလႊာဝရန္တာမွာမရွိေတာ့ေခ်။ကုတင္ေလးေပၚမွာသာ ငုတ္တုတ္ေလးထိုင္လို႔ေန၏။

အခန္းတံခါးဖြင့္သံၾကားၾကားျခင္း ေပလႊာထိုင္ေနရင္းကတံခါးဘက္သို႔သာနားစြင့္ေနမိသည္။ယြန္းမွီဝင္လာရင္ကိစၥမရွိေပမဲ့ တစ္ျခားလူဝင္လာမွကိုေတာ့ာစိုးရိမ္သည့္စိတ္ေၾကာင့္အခန္းထဲဝင္လာသူရဲ႕အသံအေသအခ်ာအာ႐ုံစိုက္ၿပီး ေပလႊာနားစြင့္လ်က္သားျဖင့္.............

"မွီလား......"ဟုသာ ေမးျမန္းမိေလသည္။

မ်က္လုံးမျမင္လို႔ေပလႊာအခန္းထဲဘယ္သူဝင္လာလဲမသိရင္ေတာင္ အသံကိုေသခ်ာအာ႐ုံစိုက္နိုင္သည္ကိုေတာ့ယြန္းမွီတစ္ကယ္အံၾသရသည္။အခုလည္းသူမအခန္းတံခါးကိုက်ယ္ေလာင္စြာတြန္းဖြင့္ခဲ့တာမဟုတ္ ျဖည္းညင္းစြာဖြင့္ခဲ့တာေတာင္ေပလႊာအခန္းထဲလူဝင္လာသည္မွန္းခ်က္ခ်င္းသိေနပုံက မ်က္မျမင္တစ္ေယာက္ဟုပင္မထင္ရပါ။ပကတိေကာင္းမြန္ေနတဲ့လူေကာင္းတစ္ေယာက္လိုပုံစံမ်ိဳးျဖစ္ေပသည္။

အခန္းထဲ၌လူရွိေနေသးမွန္းေပလႊာအတပ္သိေနေပမဲ့ အခုအခ်ိန္ထိျပန္မေျဖတဲ့တာေၾကာင့္ထပ္မံၿပီးဘဲေမးမိျပန္ရာ.....

"ဘယ္သူလဲ...မွီမဟုတ္ဘူးလား

ပိုၿပီးက်ယ္ေလာင္လာတဲ့ေပလႊာ့အသံမွာ ပထမတစ္ခါနဲ႕မတူ၊အနည္းငယ္တုန္ယင္လာေလသည္။တကယ္လဲေပလႊာစိုးရိမ္ၿပီးအသံမ်ားတုန္ယင္ေနမိတာအမွန္ေပ၊သူနဲ႕မရင္းႏွီးတဲ့ထိုအိမ္ႀကီးမွာ နိုင္းကလဲမရွိသည့္အျပင္တစ္ဦးထဲအားကိုးေဖာ္ကလဲယြန္းမွီဘဲရွိသည္မို႔ အခန္းထဲဝင္လာသူကယြန္းမွီမဟုတ္ဘဲတစ္ျခားလူျဖစ္မွာကိုေၾကာက္မိတာေတာ့အတိုင္းထက္အလြန္သာ.......။

ယြန္းမွီလည္းေပလႊာ့အနားသို႔နီးသည္ထက္နီေအာင္ကပ္သြားၿပီးဘာတစ္ခြန္းမွ်မေျပာေသး၊သူမလက္ထဲကနိုင္းရဲ႕ဖုန္းကိုသာspeakerပိတ္ၿပီးေခၚဆိုေနမိ၏။သိပ္မၾကာမီ တဖက္ကနိုင္းဖုန္းကိုင္ၿပီးနိုင္းမ်က္ႏွာေပၚလာမွဘဲသူမspeakerျပန္ခ်ဲ့၍ ေပလႊာ့ေရွ႕တည့္တည့္ဖုန္းကိုကိုင္ရပ္လိုက္ေလရာ...........

"ေပလႊာ"

ၾကည္လင္ျပတ္သားစြာထြက္ေပၚလာတဲ့နိုင္းအသံကိုၾကားသည့္တစ္ၿပိဳင္နက္ေပလႊာ့မ်က္ႏွာကေစာေစာနဲ႕မတူ သိိသိသာသာဝင္းပသြားသလိုမ်က္လုံးေလးမ်ားကအစတလက္လက္ေတာက္ပသြားသလို ယြန္းမွီပါအလိုလိုလိုက္လံၿပဳံးရသည္အထိအေပ်ာ္မ်ားကူးစက္ေနသလိုသည့္ပမာသူတို႔ကိုၿပဳံးသြားေစခဲ့တာ....။

"ေမာင္လား....ေမာင္ငါ့ဆီျပန္လာၿပီေပါ့"

ဖုန္းမွတဆင့္ၾကားေနရတဲ့နိုင္းအသံကိုၾကားၿပီး အခန္းထဲဝင္လာသူဟာနိုင္းထင္ေနတဲ့ေပလႊာ့အသံေလးကရင္နင့္ဖြယ္၊ေမွ်ာ္လင့္တႀကီးနဲ႕ေမးေနရွာတဲ့ထိုေကာင္ေလးကို မဟုတ္ေၾကာင္းဘယ္လိုပင္အသိေပးလိုက္ရမလဲေတာင္နိုင္းမသိေတာ့ပါ။​ဆက္ၿပီးေျပာစရာစကားလုံးမ်ားပင္ေလထဲေပ်ဳက္ကြယ္သြားသည့္အလား အစပင္ရွာမရေတာ့သည့္အတိုင္းနိုင္းဆြံ႕အေနသလိုပင္ဘာမွေျပာမထြက္ေပ။

"ေမာင္.....တစ္ခုခုျပန္ေျပာဦးေလေမာင္ရဲ႕၊ေမာင္ျပန္လာတာလားလို႔...."

Continue Reading

You'll Also Like

1.6M 107K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
8.4K 288 21
ဥဩ က စာမတတ်ပါဘူး ကိုမင်းမာန်ထွဋ်ခေါင် လူ့ အသိုင်းအဝိုင်းရဲ့မျက်နှာစာ ငွေဆိုတာလဲ ဥဩမှာ မရှိနေပါဘူး.. ဥဩကို ခွင့်လွှတ်ပေးပါ..
5.5K 177 5
" There are no happy endings. Endings are the saddest part "~ Once focused, the arrow flies out of the bow's grasp towards its target. But, what afte...
1.5M 100K 70
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...