Unicode
မှောင်မဲတဲ့ အတိတ် (1) ~
ဒီနေ့တော့ ငါ ကျောင်းကုန်းဇီထက် ပိုပြီးဖြေရှင်းရခက်တဲ့ပြဿနာတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။
ငါးယောက်မြောက်အစ်ကို ပြန်ရောက်လာခဲ့ပြီ။
အစ်ကို(၅)က ဂရုစိုက်ခြင်းမရှိဘဲ အထိန်းအကွပ်မဲ့စွာ လျှောက်သွားတတ်တဲ့လူတစ်ယောက်ပဲ။ သူ နောက်ဆုံးပေါ်လာတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဆောင်းဦးပေါက်ပွဲတော်မှာ။ အဲ့အချိန်တုန်းက မိသားစုရှိတဲ့အိမ်ကို ပြန်ပြီး မိသားစုဝင်တွေစုဝေးပွဲကို မတက်ရောက်ချင်တဲ့ အကြောင်းပြချက်နဲ့ ကျောင်းကုန်းဇီက သူကိုယ်တိုင် သူ့ခြေထောက်ကို ရည်ရွယ်ချက်ရှိရှိ သေနတ်နဲ့ ပစ်လုနီးပါး ဖြစ်ခဲ့တယ်။
အမှန်တော့ ကျောင်းကုန်းဇီနှင့် အစ်ကို(၅)တို့မှာ လေးလေးနက်နက် ရန်ငြိုးဖွဲ့ထားခြင်းမရှိဘဲ ပြဿနာရဲ့ အဓိကအချက်က ငါနဲ့ သက်ဆိုင်နေတယ်။
တစ်ချိန်တုန်းက အစ်ကို(၅)နဲ့ ငါ့ကြားမှာ မအောင်မြင်သွားတဲ့ ခိုးပြေးဖို့ကြိုးစားမှုမျိုး ရှိခဲ့ဖူးတယ်။ ဒါမှမဟုတ် အနည်းဆုံးတော့ ကျောင်းကုန်းဇီရဲ့ မျက်လုံးတွေထဲမှာ အဲ့ဒါက ဖြစ်ပျက်ခဲ့တယ်ပေါ့။
အဲ့ဒီအချိန်တုန်းက ငါဟာ အစ်ကို(၅) ငါ့အတွက် ထားပေးခဲ့တဲ့ စာရွက်အပိုင်းအစကို တွေ့ပြီး ကတိပေးထားတဲ့အတိုင်း ရထားဘူတာကို ရောက်သွားခဲ့တယ်။ ဒါပေမယ့် အစ်ကို(၅)က ငါ့ကို ဒီလိုမေးတယ်, "ငါ ဒီမှာရှိနေတာ မင်း ဘယ်လိုသိလဲ? ဖေဖေရော သိလား?"
ငါ : "?"
"အစ်ကိုက ကျွန်တော့်ကို လာခိုင်းတာလေ"
အစ်ကို(၅)က ပြန်ဖြေတယ်, "ဟမ်? မဟုတ်ဘူး, ငါ လာခိုင်းတာက … ဘာပဲဖြစ်ဖြစ် ငါ မင်းကို လာခိုင်းတာမဟုတ်ဘူး ”
ပြီးတော့ ဒါက အဆင်မပြေတော့ဘူး။ ငါ အသက်ရှုနည်းကိုတောင် မသိတော့ဘူး။
အစ်ကို(၅)ကလည်း အသက်ရှုနည်းကို မသိပုံရပြီး အမှန်တကယ်ကို အသက်ရှုကျပ်နေသလို ဖြစ်နေခဲ့တယ်။
ဒါက ကျောင်းကုန်းဇီ လူတစ်ယောက်ကို လည်ပင်းညှစ်နေတဲ့အချိန်မှာ သူ့ရဲ့လက်ချောင်းတွေကို ငါ ဖယ်မထုတ်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ပဲ။
အဆုံးမှာတော့ အစ်ကို(၅)က အဲ့လက်တွေကို ခွာထုတ်ပစ်လိုက်ရတယ်။
အစ်ကို(၅)က ကျောင်းကုန်းဇီကို ကြေကွဲဖွယ်အမူအရာနဲ့ ကြည့်လိုက်တယ်, "ရှောင်းလောင်, ငါ ......"
အစ်ကို(၅)က ကျောင်းကုန်းဇီနဲ့ အမှန်တစ်ကယ် ခိုးပြေးချင်နေတာလို့တော့ ငါ့ကို မပြောနဲ့နော်, အဲ့လိုသာဆိုရင်တော့ ငါ့ကိုယ်ငါ သတ်သေမိလိမ့်မယ်။
ကံကောင်းထောက်မစွာနဲ့ အစ်ကို(၅)က အဲ့လို မပြောဘဲ "မင်းအမေ ဘာလိုချင်နေမှန်း မင်းမသိဘူး" လို့သာ ပြောခဲ့တယ်။
ကျောင်းကုန်းဇီက နောက်ထပ်ရိုက်ဖို့အတွက် လက်ကို ပြင်လိုက်တယ်, "အနည်းဆုံးတော့ မင်းမဟုတ်ဘူး!"
ငါ ဘာလုပ်ရမှန်းမသိဘဲ အဲ့မှာရပ်နေခဲ့ပြီး ကိုယ့်ကိုယ်ကိုသတ်သေချင်တဲ့စိတ်သာ ပိုမိုပြင်းထန်လာခဲ့တယ်။
ကောင်းပြီ။ ပြဿနာရဲ့ အဓိကအကျဆုံးအချက်ကတော့ ငါနဲ့ ဆယ့်သုံးယောက်မြောက်မဒမ်, ဒါမှမဟုတ် အများဆုံးက ဆယ့်သုံးယောက်မြောက်မဒမ်နဲ့ သက်ဆိုင်နိုင်တယ်။ ဒါပေမဲ့ အမှန်တရားကို သိပြီးတဲ့နောက် ငါ အစ်ကို(၅)ကို မြင်တိုင်း အရမ်းကို အဆင်မပြေဖြစ်သွားခဲ့တယ်။
ကျောင်းကုန်းဇီက ထူးထူးခြားခြားကို သရုပ်ဆောင်နေတယ်။ သူ မနက်အစောကြီးကတည်းက ဘာမှပြန်မပြောဘဲ အေးစက်စက်ပုံစံနဲ့ နိုးလာပြီး အေးစက်စက်ပုံစံနဲ့ သွားတိုက်တယ်။ ပြီးတော့ အေးစက်စက်ပုံစံနဲ့ ရေချိုးပြီး အေးစက်စက်ပုံစံနဲ့ သတင်းစာကို ဖတ်နေတယ်။
ငါ သူ့ကို ကြင်နာစွာနဲ့ ထောက်ပြလိုက်တယ်, "သတင်းစာက ဇောက်ထိုးဖြစ်နေတယ်"
သူက ငါ့ကို အေးစက်စွာ စိုက်ကြည့်ပြီး မေးတယ်, "ဘယ်သွားမလို့လဲ?"
ငါ ပြန်ဖြေလိုက်တယ်, "ဘယ်မှမသွားဘူး"
သူက အေးစက်စက် ပြန်ပြောတယ်, "မင်းက ဒီလောက်ကောင်းတဲ့အဝတ်အစားကို ဘယ်သူ့အတွက် ဝတ်ထားတာလဲ?"
ငါက ပြန်ဖြေလိုက်တယ်, "ငါ မင်းရဲ့အဝတ်အစားတွေ ဝတ်ထားတာလေ"
Zawgyi
ေမွာင္မဲတဲ့ အတိတ္ (1)
ဒီေန႔ေတာ့ ငါ ေက်ာင္းကုန္းဇီထက္ ပိုၿပီးေျဖ႐ွင္းရခက္တဲ့ျပႆနာတစ္ခုနဲ႔ ၾကဳံေတြ႕ခဲ့ရတယ္။
ငါးေယာက္ေျမာက္အစ္ကို ျပန္ေရာက္လာခဲ့ၿပီ။
အစ္ကို(၅)က ဂ႐ုစိုက္ျခင္းမ႐ွိဘဲ အထိန္းအကြပ္မဲ့စြာ ေလွ်ာက္သြားတတ္တဲ့လူတစ္ေယာက္ပဲ။ သူ ေနာက္ဆုံးေပၚလာတာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ေဆာင္းဦးေပါက္ပြဲေတာ္မွာ။ အဲ့အခ်ိန္တုန္းက မိသားစု႐ွိတဲ့အိမ္ကို ျပန္ၿပီး မိသားစုဝင္ေတြစုေဝးပြဲကို မတက္ေရာက္ခ်င္တဲ့ အေၾကာင္းျပခ်က္နဲ႔ ေက်ာင္းကုန္းဇီက သူကိုယ္တိုင္ သူ႕ေျခေထာက္ကို ရည္႐ြယ္ခ်က္႐ွိ႐ွိ ေသနတ္နဲ႔ ပစ္လုနီးပါး ျဖစ္ခဲ့တယ္။
အမွန္ေတာ့ ေက်ာင္းကုန္းဇီႏွင့္ အစ္ကို(၅)တို႔မွာ ေလးေလးနက္နက္ ရန္ၿငိဳးဖြဲ႕ထားျခင္းမ႐ွိဘဲ ျပႆနာရဲ႕ အဓိကအခ်က္က ငါနဲ႔ သက္ဆိုင္ေနတယ္။
တစ္ခ်ိန္တုန္းက အစ္ကို(၅)နဲ႔ ငါ့ၾကားမွာ မေအာင္ျမင္သြားတဲ့ ခိုးေျပးဖို႔ႀကိဳးစားမႈမ်ိဳး ႐ွိခဲ့ဖူးတယ္။ ဒါမွမဟုတ္ အနည္းဆုံးေတာ့ ေက်ာင္းကုန္းဇီရဲ႕ မ်က္လုံးေတြထဲမွာ အဲ့ဒါက ျဖစ္ပ်က္ခဲ့တယ္ေပါ့။
အဲ့ဒီအခ်ိန္တုန္းက ငါဟာ အစ္ကို(၅) ငါ့အတြက္ ထားေပးခဲ့တဲ့ စာ႐ြက္အပိုင္းအစကို ေတြ႕ၿပီး ကတိေပးထားတဲ့အတိုင္း ရထားဘူတာကို ေရာက္သြားခဲ့တယ္။ ဒါေပမယ့္ အစ္ကို(၅)က ငါ့ကို ဒီလိုေမးတယ္, "ငါ ဒီမွာ႐ွိေနတာ မင္း ဘယ္လိုသိလဲ? ေဖေဖေရာ သိလား?"
ငါ : "?"
"အစ္ကိုက ကြၽန္ေတာ္႕ကို လာခိုင္းတာေလ"
အစ္ကို(၅)က ျပန္ေျဖတယ္, "ဟမ္? မဟုတ္ဘူး, ငါ လာခိုင္းတာက … ဘာပဲျဖစ္ျဖစ္ ငါ မင္းကို လာခိုင္းတာမဟုတ္ဘူး ”
ၿပီးေတာ့ ဒါက အဆင္မေျပေတာ့ဘူး။ ငါ အသက္႐ႈနည္းကိုေတာင္ မသိေတာ့ဘူး။
အစ္ကို(၅)ကလည္း အသက္႐ႈနည္းကို မသိပုံရၿပီး အမွန္တကယ္ကို အသက္႐ႈက်ပ္ေနသလို ျဖစ္ေနခဲ့တယ္။
ဒါက ေက်ာင္းကုန္းဇီ လူတစ္ေယာက္ကို လည္ပင္းညႇစ္ေနတဲ့အခ်ိန္မွာ သူ႕ရဲ႕လက္ေခ်ာင္းေတြကို ငါ ဖယ္မထုတ္ႏိုင္ခဲ့တဲ့ ပထမဆုံးအႀကိမ္ပဲ။
အဆုံးမွာေတာ့ အစ္ကို(၅)က အဲ့လက္ေတြကို ခြာထုတ္ပစ္လိုက္ရတယ္။
အစ္ကို(၅)က ေက်ာင္းကုန္းဇီကို ေၾကကြဲဖြယ္အမူအရာနဲ႔ ၾကည့္လိုက္တယ္, "ေ႐ွာင္းေလာင္, ငါ ......"
အစ္ကို(၅)က ေက်ာင္းကုန္းဇီနဲ႔ အမွန္တစ္ကယ္ ခိုးေျပးခ်င္ေနတာလို႔ေတာ့ ငါ့ကို မေျပာနဲ႔ေနာ္, အဲ့လိုသာဆိုရင္ေတာ့ ငါ့ကိုယ္ငါ သတ္ေသမိလိမ့္မယ္။
ကံေကာင္းေထာက္မစြာနဲ႔ အစ္ကို(၅)က အဲ့လို မေျပာဘဲ "မင္းအေမ ဘာလိုခ်င္ေနမွန္း မင္းမသိဘူး" လို႔သာ ေျပာခဲ့တယ္။
ေက်ာင္းကုန္းဇီက ေနာက္ထပ္႐ိုက္ဖို႔အတြက္ လက္ကို ျပင္လိုက္တယ္, "အနည္းဆုံးေတာ့ မင္းမဟုတ္ဘူး!"
ငါ ဘာလုပ္ရမွန္းမသိဘဲ အဲ့မွာရပ္ေနခဲ့ၿပီး ကိုယ့္ကိုယ္ကိုသတ္ေသခ်င္တဲ့စိတ္သာ ပိုမိုျပင္းထန္လာခဲ့တယ္။
ေကာင္းၿပီ။ ျပႆနာရဲ႕ အဓိကအက်ဆုံးအခ်က္ကေတာ့ ငါနဲ႔ ဆယ့္သုံးေယာက္ေျမာက္မဒမ္, ဒါမွမဟုတ္ အမ်ားဆုံးက ဆယ့္သုံးေယာက္ေျမာက္မဒမ္နဲ႔ သက္ဆိုင္ႏိုင္တယ္။ ဒါေပမဲ့ အမွန္တရားကို သိၿပီးတဲ့ေနာက္ ငါ အစ္ကို(၅)ကို ျမင္တိုင္း အရမ္းကို အဆင္မေျပျဖစ္သြားခဲ့တယ္။
ေက်ာင္းကုန္းဇီက ထူးထူးျခားျခားကို သ႐ုပ္ေဆာင္ေနတယ္။ သူ မနက္အေစာႀကီးကတည္းက ဘာမွျပန္မေျပာဘဲ ေအးစက္စက္ပုံစံနဲ႔ ႏိုးလာၿပီး ေအးစက္စက္ပုံစံနဲ႔ သြားတိုက္တယ္။ ၿပီးေတာ့ ေအးစက္စက္ပုံစံနဲ႔ ေရခ်ိဳးၿပီး ေအးစက္စက္ပုံစံနဲ႔ သတင္းစာကို ဖတ္ေနတယ္။
ငါ သူ႕ကို ၾကင္နာစြာနဲ႔ ေထာက္ျပလိုက္တယ္, "သတင္းစာက ေဇာက္ထိုးျဖစ္ေနတယ္"
သူက ငါ့ကို ေအးစက္စြာ စိုက္ၾကည့္ၿပီး ေမးတယ္, "ဘယ္သြားမလို႔လဲ?"
ငါ ျပန္ေျဖလိုက္တယ္, "ဘယ္မွမသြားဘူး"
သူက ေအးစက္စက္ ျပန္ေျပာတယ္, "မင္းက ဒီေလာက္ေကာင္းတဲ့အဝတ္အစားကို ဘယ္သူ႕အတြက္ ဝတ္ထားတာလဲ?"
ငါက ျပန္ေျဖလိုက္တယ္, "ငါ မင္းရဲ႕အဝတ္အစားေတြ ဝတ္ထားတာေလ"