|| Unicode ||
Chapter - 6
နေ့လည်ချိန်ရောက်တော့ ကျန့်ယွင်တစ်ယောက် နိုးလာခဲ့တယ်။ ထတာနဲ့ ဗိုက်ထဲဟာလာဟောင်းလောင်း ဖြစ်နေတာခံစားမိသည်။ ဒီရောက်မလာခင်အကြောင်းတွေ ပြန်စဥ်းစားရင် စိတ်လှုပ်ရှားလာမိတယ်။ အခုရောက်နေတဲ့ အခန်းကိုကြည့်ပြီး အထင်ကြီးမိသွားသည်။
နေရာတိုင်းမှာ တန်ဖိုးကြီးအသုံးအဆောင်တွေနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ ပင်မကျန်းအိမ်တော်ကြီး ထပ်တောင်ခန်းနားသေးတယ်။ ဒါတောင်အခန်းတစ်ခုလေးသာ တစ်အိမ်လုံးဆို....
ကျန့်ယွင်လေး အိပ်ရာပေါ်ကနေ ဆင်းလိုက်သည်။ သူ့မှာရှပ်အကျီ်တစ်ထည်သာ ဝတ်ဆင်ထားတယ်။ ခြေထောက်တွေက အနည်းငယ်စပ်ဖြင်းဖြင်း ဖြစ်နေတာကိုခံစားမိတော့ ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်နဲ့ ပေါင်တစ်ဖက်မှာ ရှိတဲ့လောလောလက်လက် ဒဏ်ရာတစ်ချို့ကို ဆေးလိမ်းထားတာပဲ့။
ဒါကသူ့အဖေ တုတ်ကောက်နဲ့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေပဲ့။
" ဆေးတွေပေသွားမှာစိုးလို့ အဝတ်တစ်ထည်ပဲ ဝတ်ပေးထားတာထင်တယ် "
ကိုယ့်အတွေးနဲ့ကိုယ် အဆင်ပြေနေရင်း အိမ်အောက်ထပ်ကိုဆင်းမလို့ တံခါးအနားကိုလျှောက်သွားလိုက်တယ်။ တစ်ချိန်တည်း သူ့ခန္ဓာကိုယ်မှာ အခုထိအပူချိန်မလျော့သေးဘူးဆိုတာ သိလိုက်ရသည်။
" ငါအခုထိ ကိုယ်ပူနေတုန်းပဲ့..."
ဒိန်း...( တံခါးနဲ့ခေါင်းဆောင့်သံ)
ကျန့်ယွင်တံခါးနားအရောက် အပြင်ကနေရိဖေးကအရင် တံခါးဖွင့်လိုက်တာမို့ ကျန့်ယွင်ခမျာအနောက်လန်သွားရပြန်တယ်။ တော်သေးတာက ရိဖေးလက်မြန်လို့ပဲ့ သူကလက်တစ်ဖက်ကို ကျန့်ယွင်ခါးအောက်သွင်းပြီး လှမ်းဖက်ရင်းထိန်းပေးလိုက်တယ်။ ရိဖေးရဲ့ လောက်လက်တစ်ဖက်က စားစရာတစ်ချို့တင်ထားတဲ့ လင်ဗန်းတစ်ခုကို ကိုင်ထားသေးသည်။
" ကျန့်ယွင်...မင်းဘာလို့ဒီလောက် ကံဆိုးရတာလဲကွာ...ပြကြည့်ထိခိုက်မိသွားသေးလား "
ရိဖေးက စားစရာတွေကို အမြန်ချလိုက်ရင်း ကျန့်ယွင်ကို ခုံပေါ်ထိုင်စေရင်း တိုက်မိသွားသည့် နဖူးကိုစစ်ဆေးနေသည်။ ရိဖေးရဲ့စိတ်ထဲမှာ ဒေါက်တာချင် ပြောသွားတဲ့ ' သူက omega တစ်ယောက်ထပ်တောင် အားနည်းတဲ့သူပဲ့။ ' ဆိုတဲ့စကားကို စွဲနေတာဖြစ်သည်။
ကျန့်ယွင်က သူ့ကိုစိုးရိမ်စွာကြည့်နေတဲ့ ရိဖေးကိုမော့ကြည့်နေခဲ့သည်။
" မင်း....ငါ့ကို မုန်း...မုန်းနေခဲ့တယ်မလား "
ရိဖေးရဲ့ မျက်လုံးတွေက နဖူးကနေဖြတ်ဆင်းသွားပြီး သူ့ကိုမော့ကြည့်နေရှာတဲ့ ကျန့်ယွင်ရဲ့မျက်လုံး ပြာပြာလေးတွေနဲ့ အကြည့်ချင်းဆုံသွားသည်။
ငါတစ်ချိန်က အေးစက်စက်နဲ့ မာနကြီးတယ်ထင်ရတဲ့ ကောင်လေးက ဘာလို့ဒီလောက်တုံးအတယ်ဆိုတာ မသိခဲ့တာပါလဲ။
တောက်....
ရိဖေးက အပြုံးတစ်ချက်ပြုံးရင်း မျက်စိမှေးစင်းကြည့်ကာ တံခါးဆောင့်မိတဲ့ နဖူးပြင်ဘက်ခြမ်းမဟုတ်ပဲ တစ်ခြားဘက်ကို လက်ညိုးနဲ့လက်မသုံးပြီး တောက်လိုက်သည်။
" အ့...ရိဖေး မင်း... မင်းဘာလို့ငါ့ကို နာအောင်လုပ်ရတာလဲ "
ကိုယ့်နဖူးကိုယ် လက်လေးနဲ့ပွတ်ရင်း ဆူပုတ်စွာပြောလာတဲ့ ကျန့်ယွင်ကလူကြီးကလေး ပေါက်စလေးလာ။ ရိဖေးက မနေနိုင်စွာနဲ့ အော်ရယ်မိသွားသည်။
" ဟားဟားဟ....မင်း အရူးလေးလာကွာ တစ်ခုခုစားလိုက်အုံး "
ကျန့်ယွင်က စားစရာကိုယူလိုက်သည်။ ပူနွေးနွေးခေါက်ဆွဲမှာ အသားဖက်တွေ အများကြီးနဲ့ အစိမ်းရောင်အရွက်လေးတွေနဲ့ အရသာရှိတဲ့ခေါက်ဆွဲပြုတ်တစ်ပန်းကန်ဖြစ်သည်။ ဒါ့အပြင် ဖက်ထုတ်အလုံးသေးသေးလေးတွေကို ပေါင်းထားတဲ့ ဖက်ထုတ်လုံးလေးကတစ်ပန်းကန်။ အချဥ်လေးကတစ်ပန်းကန်ပါသည်။
ကျန့်ယွင်က သူစားဖူးတဲ့စားစရာတွေထဲ အကောင်းဆုံးလို့ထင်သည်။ အရင်ကစားရတဲ့အချိန်တွေဆို သေလောက်အောင် စိတ်ကျဥ်းကျပ်ရသည်။ အထူးသဖြစ် သူ့မိဘတွေ ဆွေးမျိုးတွေနဲ့ စားသောက်ရတဲ့အချိန်။ လုပ်ငန်းခွင်က စကားဝိုင်းတွေမှာ စားသောက်ရတဲ့အချိန်က သူ့အတွက် အဆိုးဆုံးစားသောက်ချိန်တွေပဲ့။
" ကောင်းလား "
ရိဖေးက ကျန့်ယွင်ရဲ့အတိတ်အကြောင်းတစ်ချို့ကို သိချင်နေတာမို့ မနေနိုင်စွာမေးဖို့ပြင်ဆင်တော့တယ်။ ဒါမဲ့ကျန့်ယွင်ရဲ့ ပုံစံလေးက စားသောက်ရတာကို ပျော်ရွှင်နေပုံပဲ့ အတိတ်ကသူ့ရဲ့စိတ်ဆင်းရဲ စရာတွေကိုမေးမိရင် မသင့်တော်တာမို့ ကျန့်ယွင်ရဲ့ ပုံလေးကိုငေးကြည့်နေခဲ့သည်။
သူဒီကောင်လေးကို ကျောင်းမှာအမြဲပြဿနာရှာခဲ့တယ်။ ကျန့်ယွင်စကားပြောရင် အထစ်ထစ်နဲ့ဖြစ်တတ်တဲ့ အချိန်တွေရှိသလို ဘယ်ကစပြီးပြောရမယ် တစ်ခြားတစ်ယောက်နဲ့ စကားပြောရင် ဘယ်လိုစကားဆက်ရမယ် မသိတဲ့အချိန်တွေမှာ သူနဲ့တစ်ခြားသူငယ်ချင်းတွေက လှောင်ပြောင်ခဲ့ကြသည်။
သူတို့ထပ် 2နှစ်ငယ်ပြီး အတန်းအတူတူဖြစ်တာမို့ ပိုက်ဆံနဲ့အတန်းတတ်လာတဲ့ ကျောင်းသားလို့လဲ ပြောခဲ့ကြသည်။
" ရိ...ရိဖေး ငါစားလို့တောင်ပြီးပြီ ဘာကြည့်နေတာလဲ...အမ်...ငါ့မှာပေနေလို့လား "
ရိဖေးက အတွေးတွေကို ပြန်ရုတ်သိမ်းရင်း ပြောင်သလင်းခါနေတဲ့ ပန်းကန်တွေကိုတစ်ချက် သူ့ပါးစပ်ကိုသူ လက်ခုံနဲ့ပွတ်သုတ်နေတဲ့ ကျန့်ယွင်ကိုတစ်ချက် ကြည့်လိုက်သည်။
" မပေပါဘူးကွာ... ကျန့်ယွင်... ကိုယ်မင်းကိုတစ်ခုမေးမယ် "
" အမ်...မေးလေ "
" မင်းကို ကိုယ်အမှတ်အသားပေးတာ ဘာလို့မငြင်းတာလဲ "
ကျန့်ယွင်ရဲ့ ပါးနှစ်ဖက်လုံး နီရဲလာသည်။ မျက်ဆံပြာလေးကလည်း ဟိုရွှေ့ဒီရွှေ့နဲ့ လျှောက်ကြည့်ခဲ့သည်။ ကျန့်ယွင်က ရုတ်တရက်စကားလမ်းကြောင်းလွှဲမလို့ ပြင်လိုက်တယ်။ ဒါမဲ့သူ့ရဲ့ လိမ်ညာစကားပြောစွမ်းရည်က 0% ပဲရှိတယ်။
" မင်း....မင်း....ငါမေးထားတာ အခုထိ မဖြေသေးဘူးလေ.....ငါ့ကို အရင်က....မုန်းနေခဲ့တယ်မလား "
" ဟက်...အင်း မုန်းတယ် "
ကျန့်ယွင်က ခေါင်းကိုငုံ့ပြီး ပေါင်တံသွယ်သွယ်လေး ပေါ်နေတဲ့ ကိုယ့်ပေါင်ကိုယ်စိုက်ကြည့်နေခဲ့သည်။
" ဒါဆို... အခုရော...."
" သိပ်...မဆိုးပါဘူး "
ကျန့်ယွင်က နားမလည်ခဲ့ဘူး။ ဒါမဲ့ အစကမေးခွန်းကို ရိဖေးပြန်မေးမှာ စိုးတဲ့အတွက် ကိုယ့်နဖူးကို ဟန်ပြစမ်းလိုက်ကာ
" ရိဖေး...ငါ ငါကိုယ်ပူနေတယ်ထင်တယ်။ အခုထိသက်တောင့်သက်သာ မရှိဘူး "
ရိဖေးက ကျန့်ယွင်ကိုငတုံးတစ်ယောက်လို ကြည့်လိုက်ကာ
" မင်းကအခုheat ကာလရောက်နေတာလေ... Omega တစ်ယောက်က Heat ဝင်ရင် အနည်းဆုံးတစ်ပတ် အများဆုံး ၁၀ ရက်ကျော်လောက်ကြာနိုင်တယ်။ မင်းကအခုမှတစ်ရက်ပဲရှိသေးတာ... "
ကျန့်ယွင်က အခုမှသိတဲ့ကလေးတစ်ယောက်လို ခေါင်းကိုအခါခါငြိမ့်ရင်း ဘာတွေးနေမှန်းမသိ မျက်နှာတွေနီလာပြန်တယ်။
" ဒီလိုလား...ဒါ ဒါဆို ဟိုလိုလဲ လုပ်ရအုံးမှာလား "
ရိဖေးက သူ့ရဲ့ဆိုလိုရင်းကို နားလည်သည်။ ဒါမဲ့ တိုက်ရိုက်ပြောပြလိုက်ရင် အရမ်းသဘောကောင်းနေမှာပေါ့...
" ဟိုလိုဆိုတာ ဘယ်လိုလဲ "
" ဟို...ဟိုဟာ... ကုန်းရိဖေး...သိတယ်မလား မင်းသိတယ် "
ရိဖေးက ကျန့်ယွင်အနားတိုးလာတာ နှာခေါင်းချင်းထိလုမတတ်ပင်။ ကျန့်ယွင် ကအထိတ်တစ်လန့်ဖြစ် အနောက်ကိုဆုတ်လိုက်ပေမဲ့ ခေါင်းအနောက်ကနေ လက်တစ်ဖက်က ထိန်းကိုင်လာပြီး နှုတ်ခမ်းတွေထူပူသွားခဲ့သည်။
" အွန်... "
ကျန့်ယွင်ရဲ့ ထိတ်လန့်နေတုန်း ဆွဲဆောင်မှုရှိတဲ့ ဝိုင်အနံတွေ ထွက်ပေါ်လာခဲ့သည်။
" ရိ...ရိဖေး မင်း "
ကုန်းရိဖေးက အနည်းငယ်ခွာပေးလိုက်ကာ
" ဘယ်လိုလုပ်မလဲ...မင်းရဲ့ကော်ဖီအနံမွှေးမွှေးလေးတွေက ဆွဲဆောင်နေတော့ ကိုယ်မနေနိုင်တော့ဘူး။ "
" ဘယ်မှာ ဆွဲဆောင်... "
ကျန့်ယွင်မှာ စကားပြောခွင့်လေးတောင်မရရှာဘူး။ ထိုင်နေတဲ့ ဆိုဖာပေါ်တွန်းလှဲခြင်းကို ခံလိုက်ရသည်။ တစ်ချိန်တည်း သူ့ရဲ့အကိုက်ခံထားရတဲ့ လည်ကုတ်ကယားယံလာပြန်ပြီး အမှတ်အသားပေးထားတဲ့ Alpha ဟော်မုန်းတွေကို တပ်မက်လာသည်။
" ရိဖေး...အင့်... "
သူ့မှာအဝတ်လေးတစ်ထည်နဲ့ ဖုံးထားရတာ ချက်ခြင်းအချွတ်ခံလိုက်ရပြန်သည်။ ရိဖေးက ကျန့်ယွင်ကိုယ်ပေါ်က မြင်ထားတဲ့အမာရွက်တွေကို စိုက်ကြည့်ရင်း သူ့ရဲ့မျက်ဆံတွေက အနီရောင်ပြောင်းလဲလာခဲ့သည်။
" ကျန့်ယွင့် မင်းကိုဒီလိုလုပ်ခဲ့တဲ့လူတွေ ငါအလွတ်ပေးတော့မှာမဟုတ်ဘူး။ အကယ်လို့ မင်းကဘာမှမလုပ်ပဲ ခွင့်လွှတ်ပေးမယ်ပြောလဲ ကိုယ်ခွင့်မလွှတ်ဘူး "
" ..... "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
{ A_Saung's Note }
အခုပြောမှာက ရိဖေး ပြောတဲ့ ' မင်းရဲ့ ကော်ဖီအနံမွှေးမွှေးလေးတွေက ဆွဲဆောင်နေတော့...' ဆိုတာကိုပါ။ ကျန်ယွင်က heat ဝင်နေတဲ့အချိန်ဖြစ်နေတာမို့ omega ဟော်မုန်းတွေကို လွှတ်နေခဲ့တာပါ။ သူတော်ကောင်းကြီး ရိဖေး ကတစ်ချိန်လုံးအနံရနေခဲ့တာပေါ့နော်။
15.Dec.21
Saung's
==============================================
ငါက တုံးတာမဟုတ္ပါဘူး
|| Zawgyi ||
Chapter - 6
တောက်....
" ကောင်းလား "
" အမ်...မေးလေ "
" ဟက်...အင်း မုန်းတယ် "
" ဒါဆို... အခုရော...."
" သိပ်...မဆိုးပါဘူး "
" ဟိုလိုဆိုတာ ဘယ်လိုလဲ "
" အွန်... "
" ရိ...ရိဖေး မင်း "
" ဘယ်မှာ ဆွဲဆောင်... "
" ရိဖေး...အင့်... "
" ..... "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
{ A_Saung's Note }
15.Dec.21
Saung's
===============================================