|| Unicode ||
Chapter - 5
အိုဟောင်းနေတဲ့ ကစားကွင်းလေးတစ်ခု၊ အိုဟောင်းနေတဲ့ နံရံတန်းလေးများ။ စိတ်ညစ်ချိန်တိုင်း အပြင်ခိုးထွက်ပြီး လာထိုင်ဖူးတဲ့ ခုံတန်းလေး။
" ကိုကို မီးမီးပေးတာ "
ခုံတန်းလေးမှာ ခေါင်းငိုက်စိုက်ထိုင်နေမိတုန်း လက်သေးသေးလေးတစ်ဖက် အရှေ့ကိုရောက်လာခဲ့သည်။ ထိုလက်သေးသေးလေးမှာ သကြားလုံးလေးတစ်လုံးကို ကိုင်ထားတယ်။
ကျန့်ယွင် သကြားလုံးလေးကို ယူပြီးစိုက်ကြည့်နေမိသည်။ ကလေးမလေးက သူ့ရဲ့သကြားလုံးလေးကို လက်ခံလိုက်တာမို့ ပျော်ပြီးပြေးထွက်သွားသည်။ ကျန့်ယွင်က ထိုကလေးမလေးပြေးဝင်သွားတဲ့ ကစားကွင်းဟောင်းလေးကို ပြန်ကြည့်လိုက်တယ်။
တစ်ချိန်က ပထမဆုံးအနေနဲ့ ကစားကွင်းထဲမိနစ် နည်းနည်းလေးဝင်ကစားမိလို့ အဖေနဲ့မိထွေးရဲ့ အရိုက်အနှက်ခံရဖူးတယ်။
" ငါတကယ်အသုံးမကျဘူး အာ~ ငါခေါင်းတွေမူးနေပြန်ပြီ... "
ကိုယ့်နဖူးကိုပြန်စမ်းကြည့်တော့ ကိုယ်တွေပူကျစ်နေခဲ့တယ်။
" ဘယ်...ကိုသွားရမလဲ "
ခေါင်းထဲ ရိဖေးကိုစဥ်းစားမိခဲ့တယ်။ ဒါမဲ့သူငါ့ကိုမုန်းနေတယ်။ ထို့နောက် အကိုလျှိထုံကိုစဥ်းစားမိတယ်။ ဒါမဲ့ မဖြစ်ပါဘူး။ သူ့ကြောင့် ဒေါက်တာချင်ကို ထပ်ပြီးအနှောက်ယှက်မပေးချင်တော့ဘူး။
" ကစားကွင်းလေးကို လာတာလား "
ရိဖေး အနောက်ကတိတ်တိတ်လေး လိုက်လာတော့ ကစားကွင်းလေးကခုံမှာထိုင်ရင်း ကစားနေတဲ့ ကလေးတွေကို တွေတွေလေးငေးကြည့်နေတာကို အဝေးကနေပဲ့ကြည့်နေမိတယ်။ ကျန့်ယွင်ကိုကြည့်ရင်းနဲ့ ကစားကွင်းပေါက်ဝက အစောင့်အဖိုးကြီးက ခေါင်းခါရင်းကျန့်ယွင်ကို သနားကြည့်တွေကြည့်နေတာကို မြင်လိုက်ရသည်။ ရိဖေးက ထိုအဖိုးကြီးအနားကိုသွားလိုက်တယ်။
" အဖိုး...ဟိုမှာထိုင်နေတဲ့ ကောင်လေးကိုသိလား "
အဖိုးက ရိဖေးကိုအထက်အောက်ကြည့်ရင်း
" အင်း...သိတာပေါ့ သနားစရာကောင်းတဲ့ ကလေးလေး ဟူး "
ရိဖေးက ကျန့်ယွင်အကြောင်းကို ပိုစိတ်ဝင်စားလာရသည်။
" ကျွန်တော့်ကိုပြောပြပါလား "
" နေပါအုံး ကောင်လေး မင်းကသူနဲ့သူငယ်ချင်းလား "
" အ...ဟုတ်ပါတယ် "
အဖိုးကြီးက ခေါင်းငြိမ့်သည်။
" သူငယ်ချင်းဆို ကောင်းကောင်းဂရုစိုက်ပေးလိုက်ပါကွာ။ အဖိုးဒီမှာအလုပ်လုပ်နေတာ အနှစ်၂၀ကေျာ် ၃၀ နီးပါးပါပဲ့။ အဲ့ဒီကောင်လေးကို အသက် ၅ နှစ် ၆ နှစ်အရွယ်လောက်ကတည်းကသိတာ မူလတန်းအကျီ်လေးနဲ့ ဒီခုံတန်းလေးမှာပဲ့ အမြဲတန်းလာထိုင်နေတတ်တယ်။ ဒါမဲ့ ငါးမိနစ်လောက်လေးပဲ့ ကြည့်ပြီးတာနဲ့ ပြန်သွားတတ်တယ်။ သုံးလေးရက်လောက် ဆက်တိုက်လာခဲ့တယ်။ အဖိုးကမနေနိုင်တော့ ကလေးကိုသွားမေးတာပေါ့...
ဝင်ကြေးမရှိလို့မဝင်တာလား ကောင်လေးလို့လေ ဒါမဲ့ကလေးလေးက ပြန်ပြောတယ်။ သူ့မိဘတွေကကစားရင်ရိုက်လိမ့်မယ်တဲ့ တစ်ပတ်လောက်အထိ ကြည့်ပဲကြည့်နေခဲ့တယ်။ ဒီလိုနဲ့ လအနည်းငယ်အထိ ပုံမှန်လာကြည့်တယ်။ သူ့မှာအရမ်းကစားချင်လနရှာတယ်။ တစ်နေ့မှာ ကလေးကပုံမှန်ထပ် စောပြီးရောက်လာခဲ့တယ်။ သူက ကစားကြည့်ဖို့ဆုံးဖြတ်လိုက်ပုံပဲ့ အဖိုးဆီဝင်ကြေးအနေနဲ့ ငွေပြားလေးတစ်ချို့ပေးပြီး ဝင်ကစားတယ်။ သူ့မှာတခြားကလေးတွေလို မဆော့တတ်ရှာဘူး။ အဖိုးပဲ့သင်ပေးခဲ့ရတယ်။ သူကအရမ်းပျော်ပြီးအချိန်ကိုမေ့သွားတယ်နဲ့တူတယ်။
ကစားကွင်းလေးကို ကားတွေလာရပ်ပြီး အဲ့ဒီကောင်လေးကို ခေါ်သွားတယ်။ ကလေးကအရမ်းကြောက်နေရှာတာ။ ဒီလိုနဲ့ကစားကွင်းကို မလာတော့ဘူး။ တစ်နှစ်ကြာမှပြန်ပေါ်လာတယ်။ တစ်ချို့အချိန်တွေဆို ဒီခုံလေးမှာလာထိုင်နေတတ်တယ်။ "
ရိဖေးက အဖိုးရဲ့ရှည်လျားတဲ့အတိတ်ကို နားဆင်ပြီးမသိစိတ်ထဲကနေ ကလေးလေးကျန့်ယွင်အတွက် မတရားသလိုခံစားလာရသည်။ ကလေးလေးပဲ့ကို သူလည်းဆော့ချင်မှာပေါ့။
" အဖိုး...ကျေးဇူးပါ။ "
ရိဖေးက အဖိုးကိုကျေးဇူးတင်စကားပြောပြီး ခုံလေးမှာထိုင်ရင်း မူမမှန်တော့တဲ့ လူသားလေးဆီပြေးသွားလိုက်သည်။ နီကပ်လာတာနဲ့အမျှ ကော်ဖီအနံတွေပြန့်လာတာကိုသတိထားမိလာသည်။
" ကျန့်ယွင်... မင်းကအရူးလား heat ကာလမှာတစ်ရက်ထဲနဲ့ ပြီးတယ်လို့ထင်နေတာလား "
ကျန့်ယွင်ကို အပေါ်စီးကနေပြီး ငုံကြည့်ကာပြောလိုက်သည်။ သူ့ကိုရီဝေဝေ မျက်လုံးတွေနဲ့ မော့ကြည့်လာတဲ့ ကျန့်ယွင်ကြောင့်နှလုံးခုန်သံတွေလည်း မြန်ဆန်လာရတယ်။
" မင်း...လာတယ် "
" ဒါပေါ့ ငါလာရမှာပေါ့... မင်းကိုအမှတ်အသားပေးတာ ငါလေ ထ ပြန်မယ်ဆက်နေမယ်ဆို ဒီမှာတင်နောက်ထပ်အမှတ်အသားပေးခံရမယ် "
ကျန့်ယွင်လေးအံ့ဩချိန်တောင် မရလိုက်ရဘူး။ လေပေါ်မြှောက်တက်သွားပြီး ကောက်ပွေ့ခြင်းကိုခံလိုက်ရသည်။ ကျန့်ယွင်က အောက်ကိုဆင်းမလို့ ရုန်းကန်လိုက်ပေမဲ့ " ငြိမ်ငြိမ်နေ " ဆိုတဲ့ဟောက်သံကြောင့် လှုပ်မရဲရှာတော့ဘူး။
ရင်ခွင်ထဲလိုက်လာရင်း မွှေးပျံတဲ့ဝိုင်ရနံဖြစ်တဲ့ ရိဖေးရဲ့ဟော်မုန်းအနံလေးတွေကို ရူရှိက်ရင်းလိုက်လာခဲ့သည်။
အနံလေးက အရမ်းသက်တောင့်သက်သာရှိတာပဲ့ ငါတစ်သက်လုံး ဟော်မုန်းဆိုတာဘာမှန်းသိတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ သူ့ကို့အမှတ်အသားပေးခဲ့သူကလည်း သူကျောင်းကတည်းက တိတ်တခိုးသဘောကျဖူးတဲ့ လူတစ်ယောက်တဲ့။ သူ့အပေါ်သိပ်မကောင်းပေမဲ့ ဒါနဲ့တင်လုံလောက်ပါပြီ။
" ကိုယ့်အိမ်ကိုသွားမယ်...အနည်းဆုံးတော့ ကိုယ်ကလမ်းဘေးက ကလေကချေတစ်ယောက်မဟုတ်ဘူး ဆိုတာသိအောင်ပေါ့ "
ရင်ခွင်ထဲက ကျန့်ယွင်မှာ ခေါင်းကိုဆက်ခနဲမော့ကြည့်လာသည်။
" မင်း ကြားလိုက်လား "
" ဟက်... မင်းမိဘတွေတောင် မင်းရှိတဲ့နေရာရှာနိုင်သေးတာပဲ့ ကိုယ်ကဒါကိုဘာလို့ မကြားနိုင်ရမှာလဲ.... တော်ပြီ အိပ်နေ ကိုယ့်အိမ်ရောက်ရင်နှိုးလိုက်မယ် "
ကျန့်ယွင်လေး ရိဖေးရဲ့ရင်ခွင်ထဲမှာ စိတ်ချလက်ချအိပ်ပျော်သွားခဲ့သည်။
Buzzzzz......
ရိဖေး အိမ်ကိုရောက်တုန်း ကျန့်ယွင်ဘောင်းဘီအိပ်ထဲက ဖုန်းမှာတုန်ခါလာတာမို့ ဖုန်းကိုယူထုတ်လိုက်သည်။
" အကိုလျှိထုံ....ဘယ်သူလဲ "
ဖုန်းကိုကိုင်လိုက်ပြီးနောက် အတော်လေးကို စိုးရိမ်နေတဲ့ အမျိုးသားတစ်ယောက်ရဲ့ အသံဟာ ထွက်ပေါ်လာခဲ့သည်။
[ ဖုန်းလာပြီး မိနစ်၂၀ အကြာတွင် ]
" Boss... အိမ်ရှေ့မှာ ဒေါက်တာချင် ဆိုတဲ့လူရောက်နေတယ် "
" ဝင်ခွင့်ပြုလိုက် "
မကြာပါဘူး။ ကျန့်ယွင်အိပ်ပျော်နေတဲ့ ကုတင်အနားကိုရောက်သွားသည်။ ဆေးထိုးအပ်နဲ့ ဆေးတွေပြင်ဆင်နေတာကို ရိဖေးတစ်ယောက် မျက်တောင်တစ်ချက် မခပ်ကြည့်နေခဲ့သည်။
" နေပါအုံး...အဲ့ဒါ ဘာဆေးတွေလဲ "
လျှိထုံက ဆေးထိုးအပ်ကို ကျန့်ယွင်ရဲ့လက်ဖမိုးပေါ် ထိုးသွင်းရင်း ပြောလာသည်။
" သူကငါ့ညီလေးတစ်ယောက်လိုပါပဲ့...သူ့နဲ့ပတ်သက်တာ အားလုံးငါကသာ တာဝန်ယူပေးခဲ့ရတာ... အခုဆေးက အားဆေးတစ်မျိုးပဲ့ omega တွေအတွက်သီးသန့်ပေါ့ ကဲ အခုငါမေးမယ်...မင်းကရှောင်ကျန့်ကို အမှတ်အသားပေးထားတဲ့လူပဲ့ ဘယ်အချိန်ကတည်းက ရှောင်ကျန့်နဲ့သိတာလဲ "
လျှိထုံရဲ့လေသံက ညီအရင်းတစ်ယောက်လုယူခံလိုက်ရသလို လေသံပေါက်နေခဲ့သည်။ ရိဖေးက မထီတထီဖြစ်
" ကျောင်းကတည်းက သိတာ ကျန်းကျန့်ယွင် သူကဘာလို့ အခုမှ heat ဝင်တာလဲ "
လျှိထုံ " ကောင်းပြီ မင်းကအခုသူ့ရဲ့ Alpha တစ်ယောက်ဖြစ်တယ်ဆိုတော့ ငါပြောမယ်...သူက omega တစ်ယောက်ထပ်တောင် အားနည်းတဲ့သူပဲ့။ ဘယ်အချိန်heat ဖြစ်မယ်လို့ သေချာမသိရတဲ့ Omega တစ်ယောက်။ တစ်ယောက်ထဲအထီးကျန်နေတဲ့ ကလေးတစ်ယောက် ဆိုတာပဲ့ ငါပြောပြမယ်။ ကျန်တာမင်းသူ့ကို ကိုယ်တိုင်မေးပါ နိုးလာရင် ငါ့ဆီဖုန်းဆက်ဖို့ ရှောင်ကျန့်ကိုပြောပေးပါ ဒါဆိုငါသူ့ကို မင်းဆီစိတ်ချလက်ချ ထားခဲ့မယ် မင်းလုပ်ရပ် မင်းတာဝန်ယူ "
ဒေါက်တာချင် ထွက်သွားတဲ့အထိ သူပြောသွားတဲ့ အချက်တွေကို နားမလည်နိုင်ခဲ့ဘူး။
" တကယ်ပဲ့ အရင်ကငါအထင်လွဲခဲ့တာလား "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
{ A_Saung's Note }
ကျန့်ယွင် ကလေးဘဝက ကစားကွင်းလေးအကြောင်းကို Chapter - 1 မှာပါ ပါတယ်။ အစမှာပဲ့နော်။
ဒါက နိမ့်လိုက်မြင့်လိုက်သွားမဲ့ ဇာတ်လမ်းလေးပါ။ ရိုလာကိုစတာ စီးရသလိုမူးဝေသွားလိမ့်မယ်။ အတည်မယူလိုက်ပါနဲ့ ဒီဆောင်းက စတာပါ။ ဟုတ်ကဲ့ ဖတ်ပေးတဲ့လူတစ်ယောက်ခြင်းစီကို Thank ပါ။
14.Dec.21
Saung's
========================================
မင္း...လာတယ္
|| Zawgyi ||
Chapter - 5
အိုေဟာင္းေနတဲ့ ကစားကြင္းေလးတစ္ခု၊ အိုေဟာင္းေနတဲ့ နံရံတန္းေလးမ်ား။ စိတ္ညစ္ခ်ိန္တိုင္း အျပင္ခိုးထြက္ၿပီး လာထိုင္ဖူးတဲ့ ခုံတန္းေလး။
" ကိုကို မီးမီးေပးတာ "
ခုံတန္းေလးမွာ ေခါင္းငိုက္စိုက္ထိုင္ေနမိတုန္း လက္ေသးေသးေလးတစ္ဖက္ အေရွ႕ကိုေရာက္လာခဲ့သည္။ ထိုလက္ေသးေသးေလးမွာ သၾကားလုံးေလးတစ္လုံးကို ကိုင္ထားတယ္။
က်န့္ယြင္ သၾကားလုံးေလးကို ယူၿပီးစိုက္ၾကည့္ေနမိသည္။ ကေလးမေလးက သူ႕ရဲ႕သၾကားလုံးေလးကို လက္ခံလိုက္တာမို႔ ေပ်ာ္ၿပီးေျပးထြက္သြားသည္။ က်န့္ယြင္က ထိုကေလးမေလးေျပးဝင္သြားတဲ့ ကစားကြင္းေဟာင္းေလးကို ျပန္ၾကည့္လိုက္တယ္။
တစ္ခ်ိန္က ပထမဆုံးအေနနဲ႕ ကစားကြင္းထဲမိနစ္ နည္းနည္းေလးဝင္ကစားမိလို႔ အေဖနဲ႕မိေထြးရဲ႕ အရိုက္အႏွက္ခံရဖူးတယ္။
" ငါတကယ္အသုံးမက်ဘဴး အာ~ ငါေခါင္းေတြမူးေနျပန္ၿပီ... "
ကိုယ့္နဖူးကိုျပန္စမ္းၾကည့္ေတာ့ ကိုယ္ေတြပူက်စ္ေနခဲ့တယ္။
" ဘယ္...ကိုသြားရမလဲ "
ေခါင္းထဲ ရိေဖးကိုစဥ္းစားမိခဲ့တယ္။ ဒါမဲ့သူငါ့ကိုမုန္းေနတယ္။ ထို႔ေနာက္ အကိုလွ်ိထုံကိုစဥ္းစားမိတယ္။ ဒါမဲ့ မျဖစ္ပါဘူး။ သူ႕ေၾကာင့္ ေဒါက္တာခ်င္ကို ထပ္ၿပီးအႏွောက္ယွက္မေပးခ်င္ေတာ့ဘူး။
" ကစားကြင္းေလးကို လာတာလား "
ရိေဖး အေနာက္ကတိတ္တိတ္ေလး လိုက္လာေတာ့ ကစားကြင္းေလးကခုံမွာထိုင္ရင္း ကစားေနတဲ့ ကေလးေတြကို ေတြေတြေလးေငးၾကည့္ေနတာကို အေဝးကေနပဲ့ၾကည့္ေနမိတယ္။ က်န့္ယြင္ကိုၾကည့္ရင္းနဲ႕ ကစားကြင္းေပါက္ဝက အေစာင့္အဖိုးႀကီးက ေခါင္းခါရင္းက်န့္ယြင္ကို သနားၾကည့္ေတြၾကည့္ေနတာကို ျမင္လိုက္ရသည္။ ရိေဖးက ထိုအဖိုးႀကီးအနားကိုသြားလိုက္တယ္။
" အဖိုး...ဟိုမွာထိုင္ေနတဲ့ ေကာင္ေလးကိုသိလား "
အဖိုးက ရိေဖးကိုအထက္ေအာက္ၾကည့္ရင္း
" အင္း...သိတာေပါ့ သနားစရာေကာင္းတဲ့ ကေလးေလး ဟူး "
ရိေဖးက က်န့္ယြင္အေၾကာင္းကို ပိုစိတ္ဝင္စားလာရသည္။
" ကြၽန္ေတာ့္ကိုေျပာျပပါလား "
" ေနပါအုံး ေကာင္ေလး မင္းကသူနဲ႕သူငယ္ခ်င္းလား "
" အ...ဟုတ္ပါတယ္ "
အဖိုးႀကီးက ေခါင္းၿငိမ့္သည္။
" သူငယ္ခ်င္းဆို ေကာင္းေကာင္းဂ႐ုစိုက္ေပးလိုက္ပါကြာ။ အဖိုးဒီမွာအလုပ္လုပ္ေနတာ အနှစ်၂၀ကေျာ် ၃၀ နီးပါးပါပဲ့။ အဲ့ဒီေကာင္ေလးကို အသက္ ၅ ႏွစ္ ၆ ႏွစ္အ႐ြယ္ေလာက္ကတည္းကသိတာ မူလတန္းအက်ီ္ေလးနဲ႕ ဒီခုံတန္းေလးမွာပဲ့ အၿမဲတန္းလာထိုင္ေနတတ္တယ္။ ဒါမဲ့ ငါးမိနစ္ေလာက္ေလးပဲ့ ၾကည့္ၿပီးတာနဲ႕ ျပန္သြားတတ္တယ္။ သုံးေလးရက္ေလာက္ ဆက္တိုက္လာခဲ့တယ္။ အဖိုးကမေနနိုင္ေတာ့ ကေလးကိုသြားေမးတာေပါ့...
ဝင္ေၾကးမရွိလို႔မဝင္တာလား ေကာင္ေလးလို႔ေလ ဒါမဲ့ကေလးေလးက ျပန္ေျပာတယ္။ သူ႕မိဘေတြကကစားရင္ရိုက္လိမ့္မယ္တဲ့ တစ္ပတ္ေလာက္အထိ ၾကည့္ပဲၾကည့္ေနခဲ့တယ္။ ဒီလိုနဲ႕ လအနည္းငယ္အထိ ပုံမွန္လာၾကည့္တယ္။ သူ႕မွာအရမ္းကစားခ်င္လနရွာတယ္။ တစ္ေန႕မွာ ကေလးကပုံမွန္ထပ္ ေစာၿပီးေရာက္လာခဲ့တယ္။ သူက ကစားၾကည့္ဖို႔ဆုံးျဖတ္လိုက္ပုံပဲ့ အဖိုးဆီဝင္ေၾကးအေနနဲ႕ ေငြျပားေလးတစ္ခ်ိဳ႕ေပးၿပီး ဝင္ကစားတယ္။ သူ႕မွာတျခားကေလးေတြလို မေဆာ့တတ္ရွာဘူး။ အဖိုးပဲ့သင္ေပးခဲ့ရတယ္။ သူကအရမ္းေပ်ာ္ၿပီးအခ်ိန္ကိုေမ့သြားတယ္နဲ႕တူတယ္။
ကစားကြင္းေလးကို ကားေတြလာရပ္ၿပီး အဲ့ဒီေကာင္ေလးကို ေခၚသြားတယ္။ ကေလးကအရမ္းေၾကာက္ေနရွာတာ။ ဒီလိုနဲ႕ကစားကြင္းကို မလာေတာ့ဘူး။ တစ္ႏွစ္ၾကာမွျပန္ေပၚလာတယ္။ တစ္ခ်ိဳ႕အခ်ိန္ေတြဆို ဒီခုံေလးမွာလာထိုင္ေနတတ္တယ္။ "
ရိေဖးက အဖိုးရဲ႕ရွည္လ်ားတဲ့အတိတ္ကို နားဆင္ၿပီးမသိစိတ္ထဲကေန ကေလးေလးက်န့္ယြင္အတြက္ မတရားသလိုခံစားလာရသည္။ ကေလးေလးပဲ့ကို သူလည္းေဆာ့ခ်င္မွာေပါ့။
" အဖိုး...ေက်းဇူးပါ။ "
ရိေဖးက အဖိုးကိုေက်းဇူးတင္စကားေျပာၿပီး ခုံေလးမွာထိုင္ရင္း မူမမွန္ေတာ့တဲ့ လူသားေလးဆီေျပးသြားလိုက္သည္။ နီကပ္လာတာနဲ႕အမွ် ေကာ္ဖီအနံေတြျပန့္လာတာကိုသတိထားမိလာသည္။
" က်န့္ယြင္... မင္းကအ႐ူးလား heat ကာလမွာတစ္ရက္ထဲနဲ႕ ၿပီးတယ္လို႔ထင္ေနတာလား "
က်န့္ယြင္ကို အေပၚစီးကေနၿပီး ငုံၾကည့္ကာေျပာလိုက္သည္။ သူ႕ကိုရီေဝေဝ မ်က္လုံးေတြနဲ႕ ေမာ့ၾကည့္လာတဲ့ က်န့္ယြင္ေၾကာင့္ႏွလုံးခုန္သံေတြလည္း ျမန္ဆန္လာရတယ္။
" မင္း...လာတယ္ "
" ဒါေပါ့ ငါလာရမွာေပါ့... မင္းကိုအမွတ္အသားေပးတာ ငါေလ ထ ျပန္မယ္ဆက္ေနမယ္ဆို ဒီမွာတင္ေနာက္ထပ္အမွတ္အသားေပးခံရမယ္ "
က်န့္ယြင္ေလးအံ့ဩခ်ိန္ေတာင္ မရလိုက္ရဘူး။ ေလေပၚျမႇောက္တက္သြားၿပီး ေကာက္ေပြ႕ျခင္းကိုခံလိုက္ရသည္။ က်န့္ယြင္က ေအာက္ကိုဆင္းမလို႔ ႐ုန္းကန္လိုက္ေပမဲ့ " ၿငိမ္ၿငိမ္ေန " ဆိုတဲ့ေဟာက္သံေၾကာင့္ လႈပ္မရဲရွာေတာ့ဘူး။
ရင္ခြင္ထဲလိုက္လာရင္း ေမႊးပ်ံတဲ့ဝိုင္ရနံျဖစ္တဲ့ ရိေဖးရဲ႕ေဟာ္မုန္းအနံေလးေတြကို ႐ူရွိက္ရင္းလိုက္လာခဲ့သည္။
အနံေလးက အရမ္းသက္ေတာင့္သက္သာရွိတာပဲ့ ငါတစ္သက္လုံး ေဟာ္မုန္းဆိုတာဘာမွန္းသိေတာ့မွာမဟုတ္ဘူးလို႔ ထင္ထားခဲ့တာ။ သူ႕ကို႔အမွတ္အသားေပးခဲ့သူကလည္း သူေက်ာင္းကတည္းက တိတ္တခိုးသေဘာက်ဖဴးတဲ့ လူတစ္ေယာက္တဲ့။ သူ႕အေပၚသိပ္မေကာင္းေပမဲ့ ဒါနဲ႕တင္လုံေလာက္ပါၿပီ။
" ကိုယ့္အိမ္ကိုသြားမယ္...အနည္းဆုံးေတာ့ ကိုယ္ကလမ္းေဘးက ကေလကေခ်တစ္ေယာက္မဟုတ္ဘူး ဆိုတာသိေအာင္ေပါ့ "
ရင္ခြင္ထဲက က်န့္ယြင္မွာ ေခါင္းကိုဆက္ခနဲေမာ့ၾကည့္လာသည္။
" မင္း ၾကားလိုက္လား "
" ဟက္... မင္းမိဘေတြေတာင္ မင္းရွိတဲ့ေနရာရွာနိုင္ေသးတာပဲ့ ကိုယ္ကဒါကိုဘာလို႔ မၾကားနိုင္ရမွာလဲ.... ေတာ္ၿပီ အိပ္ေန ကိုယ့္အိမ္ေရာက္ရင္ႏွိုးလိုက္မယ္ "
က်န့္ယြင္ေလး ရိေဖးရဲ႕ရင္ခြင္ထဲမွာ စိတ္ခ်လက္ခ်အိပ္ေပ်ာ္သြားခဲ့သည္။
Buzzzzz......
ရိေဖး အိမ္ကိုေရာက္တုန္း က်န့္ယြင္ေဘာင္းဘီအိပ္ထဲက ဖုန္းမွာတုန္ခါလာတာမို႔ ဖုန္းကိုယူထုတ္လိုက္သည္။
" အကိုလွ်ိထုံ....ဘယ္သူလဲ "
ဖုန္းကိုကိုင္လိုက္ၿပီးေနာက္ အေတာ္ေလးကို စိုးရိမ္ေနတဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ အသံဟာ ထြက္ေပၚလာခဲ့သည္။
[ ဖုန္းလာၿပီး မိနစ္၂၀ အၾကာတြင္ ]
" Boss... အိမ္ေရွ႕မွာ ေဒါက္တာခ်င္ ဆိုတဲ့လူေရာက္ေနတယ္ "
" ဝင္ခြင့္ျပဳလိုက္ "
မၾကာပါဘူး။ က်န့္ယြင္အိပ္ေပ်ာ္ေနတဲ့ ကုတင္အနားကိုေရာက္သြားသည္။ ေဆးထိုးအပ္နဲ႕ ေဆးေတြျပင္ဆင္ေနတာကို ရိေဖးတစ္ေယာက္ မ်က္ေတာင္တစ္ခ်က္ မခပ္ၾကည့္ေနခဲ့သည္။
" ေနပါအုံး...အဲ့ဒါ ဘာေဆးေတြလဲ "
လွ်ိထုံက ေဆးထိုးအပ္ကို က်န့္ယြင္ရဲ႕လက္ဖမိုးေပၚ ထိုးသြင္းရင္း ေျပာလာသည္။
" သူကငါ့ညီေလးတစ္ေယာက္လိုပါပဲ့...သူ႕နဲ႕ပတ္သက္တာ အားလုံးငါကသာ တာဝန္ယူေပးခဲ့ရတာ... အခုေဆးက အားေဆးတစ္မ်ိဳးပဲ့ omega ေတြအတြက္သီးသန့္ေပါ့ ကဲ အခုငါေမးမယ္...မင္းကေရွာင္က်န့္ကို အမွတ္အသားေပးထားတဲ့လူပဲ့ ဘယ္အခ်ိန္ကတည္းက ေရွာင္က်န့္နဲ႕သိတာလဲ "
လွ်ိထုံရဲ႕ေလသံက ညီအရင္းတစ္ေယာက္လုယူခံလိုက္ရသလို ေလသံေပါက္ေနခဲ့သည္။ ရိေဖးက မထီတထီျဖစ္
" ေက်ာင္းကတည္းက သိတာ က်န္းက်န့္ယြင္ သူကဘာလို႔ အခုမွ heat ဝင္တာလဲ "
လွ်ိထုံ " ေကာင္းၿပီ မင္းကအခုသူ႕ရဲ႕ Alpha တစ္ေယာက္ျဖစ္တယ္ဆိုေတာ့ ငါေျပာမယ္...သူက omega တစ္ေယာက္ထပ္ေတာင္ အားနည္းတဲ့သူပဲ့။ ဘယ္အခ်ိန္heat ျဖစ္မယ္လို႔ ေသခ်ာမသိရတဲ့ Omega တစ္ေယာက္။ တစ္ေယာက္ထဲအထီးက်န္ေနတဲ့ ကေလးတစ္ေယာက္ ဆိုတာပဲ့ ငါေျပာျပမယ္။ က်န္တာမင္းသူ႕ကို ကိုယ္တိုင္ေမးပါ နိုးလာရင္ ငါ့ဆီဖုန္းဆက္ဖို႔ ေရွာင္က်န့္ကိုေျပာေပးပါ ဒါဆိုငါသူ႕ကို မင္းဆီစိတ္ခ်လက္ခ် ထားခဲ့မယ္ မင္းလုပ္ရပ္ မင္းတာဝန္ယူ "
ေဒါက္တာခ်င္ ထြက္သြားတဲ့အထိ သူေျပာသြားတဲ့ အခ်က္ေတြကို နားမလည္နိုင္ခဲ့ဘူး။
" တကယ္ပဲ့ အရင္ကငါအထင္လြဲခဲ့တာလား "
🖤🖤🖤🖤🖤🖤🖤🖤🖤🖤
{ A_Saung's Note }
က်န့္ယြင္ ကေလးဘဝက ကစားကြင္းေလးအေၾကာင္းကို Chapter - 1 မွာပါ ပါတယ္။ အစမွာပဲ့ေနာ္။
ဒါက နိမ့္လိုက္ျမင့္လိုက္သြားမဲ့ ဇာတ္လမ္းေလးပါ။ ရိုလာကိုစတာ စီးရသလိုမူးေဝသြားလိမ့္မယ္။ အတည္မယူလိုက္ပါနဲ႕ ဒီေဆာင္းက စတာပါ။ ဟုတ္ကဲ့ ဖတ္ေပးတဲ့လူတစ္ေယာက္ျခင္းစီကို Thank ပါ။
14.Dec.21
Saung's
========================================